Students Without Frontiers-SWF

A dream space for Myanmar students where they can get FREEDOM.

17/07/2023

“နယ်စည်းမခြားကျောင်းသားများ(SWF) မှစေတနာ့ဝန်ထမ်း(volunteer)ခေါ်ယူခြင်း”

ပိုမိုကောင်းမွန်သော အစီအစဉ်များ လုပ်ဆောင်နိုင်ရန်အတွက်
ပထမဆုံးအကြိမ် volunteer ခေါ်ယူခြင်းကို စတင်လိုက်ပြီဖြစ်ပါသည်။​

Volunteer သက်တမ်းမှာ ကန့်သတ်ထားခြင်းမရှိသော်လည်း
အနည်းဆုံး ၃လ တိတိ ကူညီသူများကိုသာ ခေါ်ယူလိုပါသည်။

ခေါ်ယူနေသော တာဝန်များမှာ -
1. Project Management Volunteer 2 posts
2.Communication Volunteer 2 posts
3.Content Writer 2 posts
4.Canva Designer 1 post တို့ဖြစ်ပါသည်။​

ထပ်မံသိရှိလိုသည်များ ၊ လျှောက်ထားလိုသည်များရှိပါက
telegram - swfrontiers သို့ လျှောက်ထားလိုသည့်ရာထူးနှင့် ကိုယ်ရေးအချက်အလက် (CV) အားပေးပို့လျှောက်ထားနိုင်ပါသည်။
နောက်ဆုံးလျှောက်ထားရမည့် ရက်မှာ ၂၇.၆.၂၀၂၃ မြန်မာစံတော်ချိန်
ည ၁၂ နာရီ ဖြစ်ပါသည်။

website- swfrontiers.org

13/07/2023

swfrontiers.org
SWF ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာအသစ်ကို ပြောင်းလဲလိုက်ပြီဖြစ်ပါသည်။
အသစ်အသစ်သော ပရောဂျက်များနှင့် အစီအစဉ်များစွာကို
အထက်ပါ ဝက်ဘ်ဆိုဒ်တွင် ပြောင်းလဲအသုံးပြုမည်ဖြစ်ပါသည်။

Partner Organizations များအားလည်းဖိတ်ခေါ်အပ်ပါသည်။

Telegram channel
https://t.me/swfrontierspublic

.org

10/07/2023

အခမဲ့FREEဆိုတာမျိုးတွေက ငွေမကုန်ပေမယ့် အချိန်ကုန်တာကိုတော့
သတိပြုသင့်ပါတယ်။​နေ့ခေတ်အချိန်တွေမှာ အခမဲ့သင်တန်းတို့
အခမဲ့ ဘာဘာညာညာတို့ အင်မတန် ပေါနေတဲ့ကာလဖြစ်ပါတယ်။​
လူတွေကလည်း အခမဲ့ဆိုတာနဲ့တင်ကို လက်ခံလိုက်ကြတာများပါတယ်။​
အခမဲ့ဆိုတာတွေက ငွေကြေးတစ်စုံတစ်ရာ ပေးရတာမျိုးမရှိလှပေမယ့်
ဘဝအတွက် အဖိုးတန်တဲ့ အချိန်တွေ ကုန်ဆုံးသွားစေနိုင်တာကိုတော့
သတိပြုဖို့လိုအပ်ပါတယ်။​

ရွေးချယ်စရာတွေ များပြားနေတဲ့ကာလကြီးမှာ “တော်ပြီ” “NO” ဆိုပြီးငြင်းရဲတဲ့ သတ္တိလေးတစ်ခု ရှိဖို့လိုအပ်ပါတယ်။​အထူးသဖြင့် အခမဲ့တွေများနေတဲ့ခေတ်ကြီးမှာပေါ့ ။

Telegram channel
https://t.me/swfrontierspublic

23/06/2023

ခေတ်အခြေအနေအရ လူငယ်တွေမှာ ပျော်စရာတွေရှားပါးလာပြီး တာဝန်ယူမှုတွေ များပြားလာခဲ့အခါ ထရော်မာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။

အိပ်မက်ထဲမှာ အတိတ်ကဖြစ်ရပ်တစ်ခုဆီပြန်ရောက်သွားပြီး
ပြဿနာတွေတက် ဇောချွေးတွေ ထွက်တာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။
အဲ့ဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တုန်းက တော်တော်ကြီးဝန်ပိခဲ့တာကြောင့် မသိစိတ်ထဲမှာ စိတ်ဒဏ်ရာ ထရော်မာ တစ်ခုအနေနဲ့ ထင်ကျန်ရစ်နေခဲ့လို့ပဲဖြစ်ပါတယ်။​

လူတော်တော်များများ ကြုံရတဲ့ ထရော်မာ အိပ်မက်ကတော့ ၁၀ တန်း ပြန်ဖြေရတာမျိုးတို့ အလုပ်ထုတ်ခံရတာမျိုးတို့ အစရှိသဖြင့်ဖြစ်ပါတယ်။​

ထရော်မာဆိုတိုင်း ကြီးကြီးကျယ်ကျယ် စိတ်ဒဏ်ရာရနေရတာမျိုးမဟုတ်ဘဲ မသိစိတ်ထဲမှာ ကိန်းအောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။​

တကယ်လို့ သင့်အနေနဲ့ အဲ့ဒီလို ထရော်မာ အိပ်မက်ဆိုးတွေ မက်တာကစလို့
လက်ရှိမှာ တစ်ခုခုကိုလုပ်မယ်ကြံလိုက်တိုင်း ပုံမှန်ထက် ပိုကြောက်တာမျိုးတွေ အစရှိတဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုရင် စိတ်အေးချမ်းအောင် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်းနဲ့ လိုအပ်ပါက စိတ်ပညာရှင်တွေနဲ့ ပြတာမျိုးတွေထိ လုပ်ဆောင်သင့်ပါတယ်။​

20/06/2023

''What should we do before we have no experience?''

💎 ကြိုးစား​နေသည့်အချိန်တိုင်း အချည်းအနှီးဖြစ်သည်ဟူ၍မရှိ, မိမိခြေလှမ်းတွေကိုရှေ့ဆက်လှမ်းနိုင်ဖို့အတွက်ပဲ effort ဆိုတဲ့ *အား* အမြဲထည့်ထားပါ 💎

ကနေ့ ဆွေးနွေးပြောပြပေးသွားမယ့်အကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အရာဖြစ်တဲ့ အတွေ့အကြုံသက်တမ်းရှိမှအလုပ်ခေါ်တာမျိုးဖြစ်ပါတယ်...
ကဲအဓိကပြောမယ့်အရာက အတွေ့အကြုံနည်းနေသေးတဲ့လူငယ်လေးတွေအတွက်ဘယ်လိုတွေလုပ်သင့်လဲဆိုတာပြောပြပေးသွားမယ်နော်
(ဖတ်ရန်ကြာချိန် ၂မိနစ်ခန့်)

▫တက်သစ်စလူငယ်လေးတွေအနေနဲ့ အလုပ်လျှောက်တဲ့အခါ အတွေ့အကြုံ ဘယ်နှနှစ်နှင့်အထက်ဆိုတာတွေက အရမ်းကို impression down တယ်ပေါ့ကွယ်... အခုမှအလုပ်စလျှောက်ဖူးတဲ့ ခလေးတွေအနေနဲ့ဆို သူတို့ requirements တွေအကုန်ပြည့်စုံပြီးမှ experience ဘယ်နှနှစ်ဆိုတော့ ဟော.. ဘယ်လိုဆက်လုပ်ကြမလဲ?????

▫အဓိကနေရာလာပါပြီ....
ဒါဆို အကြံပေးချက် ပထမဆုံးအနေနဲ့ကတော့
''Volunteer'' ဝင်လုပ်စေချင်ပါတယ်... ကိုယ်ကျွမ်းကျင်ရာ တစ်ခုတော့သိထား တတ်ထားလိမ့်မယ်လို့ထင်ပါတယ်... ဒါကြောင့် ဒီလို position လေးတွေမှာဝင်လုပ်ရင်း teamwork အနေနဲ့ကော ကိုယ့်အပိုင်းမှာပါ ကျွမ်းကျင်ပြောဆိုတတ်လာပြီး အဆင်ပြေလာပါလိမ့်မယ်

▫Second Tipအ​နေနဲ့က အမြဲ အရွေ့ရှိနေပါ.. ရပ်တန့်မပစ်ပါနဲ့... ကိုယ့်ကိုယ်ကိုယုံကြည်မှုထားပါ..
ဓားတွေဟာအမြဲသွေးရင် ထက်လာသလိုပါပဲ.. ကိုယ်တွေလည်း မိမိကျွမ်းကျင်ရာကို ဒီ့ထက်ပိုကျွမ်းကျင်အောင် လိုအပ်နေတဲ့အရာတွေလည်းပြင်ဆင်ရပါမယ်...

▫Research အမြဲလုပ်ပါ... Research လုပ်ပြီး သိလာသမျှတွေကို လက်တွေ့အသုံးချအကောင်အထည်ဖော်ပြီးလုပ်ကိုင်ပါ...

▫အလုပ်တစ်ခုမှာ ကံ ဉာဏ် ဝီရိယကောအပြင် ကိုယ့်ကိုယ်ကိုအမြဲ ယုံကြည်ချက်ထားပါ... ရိုးသားကြိုးစားပြီး သင်ပြမှုကို နာခံလေးစားတတ်ဖို့လည်းလိုအပ်ပါတယ်...

အခုပြောပြပေးသွားတဲ့အရာတွေကတော့ အတွေ့အကြုံမရှိသေးလို့အလုပ်မရရင် စိတ်ဓာတ်မကျဘဲ မိမိဘက်ကလုပ်နိုင်တဲ့အရာလေးတွေ ကြိုတင်ပြင်ဆင်သင့်တယ်အရာတွေကိုဖော်ပြပေးလိုက်ပါတယ်...🤗

အားလုံးပဲ ဇွဲမလျှော့ဘဲ အတူဆက်ကြိုးစားကြပါစို့💪

telegram channel
https://t.me/swfrontierspublic

15/06/2023

စိတ်ညစ်နေတဲ့ အချိန်တွေဆိုရင် ငယ်ငယ်တုန်းက အကြောင်းလေးတွေ ပြန်တွေးမိတယ်။ စိတ်ညစ်လည်းပြေသလို ပျော်လည်းပျော်ရပါတယ်။​

ကျွန်တော်တို့ ငယ်ငယ်တုန်းက ငယ်ဘဝကို ကြုံတွေ့ရတုန်းကတော့ ပျော်စရာ ကောင်းခဲ့ချင်မှကောင်းခဲ့ပါလိမ့်မယ်။​ရေခဲမုန့်စားချင်တာ အိမ်က ဝယ်မကျွေးလို့ စိတ်ညစ်ခဲ့တာတွေ၊ အဆင့်ကျလို့ အမေဆူမှာကြောက်ခဲ့ရတာတွေ၊ ကျောင်းမသွား ချင်ဘဲ သွားခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။​

ဒါပေမယ့် အဲ့ဒါတွေကို ပြန်တွေးကြည့်လိုက်တော့ ပျော်စရာကောင်းသွားပြန်ရော ။ ဘာလို့ ဆိုအဲ့တုန်းက ဒုက္ခလို့ သတ်မှတ်ထားတဲ့ အရာတွေက ဒီနေ့အချိန်မှာတော့ ဒုက္ခအဆင့် မဟုတ်တော့လို့ ဖြစ်ပါတယ်။​ ထို့အတူဘဲ ဒီနေ့ အတွက် ဒုက္ခ တွေကလည်းနောင်လာမယ့် ၁၀နှစ်အတွက်တော့ ဟားတိုက်ရယ်ရမယ့် ဒုက္ခအဆင့်ပဲ​ရှိပါတယ်။​

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ… ကျွန်တော်ကတော့ စိတ်ညစ်တဲ့အချိန်တွေဆိုရင် ငယ်ငယ်တုန်းက အမှတ်တရတွေ ပြန်ပြန်တွေး ပြန်ပြန်လွမ်းရင်း ဘဝကို နေပျော်သလို နေထိုင်ပါတယ်။​ခင်ဗျားတို့လည်း ခဏပဲ နေရမယ့်ဘဝမှာ ပျော်ဖို့လည်း မမေ့ကြနဲ့ပေါ့ဗျာ….

13/06/2023

How to get a good night's sleep on hot nights?

***အရွယ်သုံးပါးလုံးအတွက်သိသင့်တာမလို့
ဖတ်ရန်ကြာချိန် ၂မိနစ်ခန့်
(ပူပူလောင်နေတဲ့ညကြီးတစ်ညကို အိပ်ပျော်အောင်ဖြတ်သန်းဖို့Tipsလေးတွေပြောပြမယ်)

နေ့စဥ်တစ်နေ့တာ လည်ပတ်နေကျ လုပ်ငန်းဆောင်တာများပြီးလျှင် အားလုံးအတွက် အနားယူရတဲ့အချိန်က ''ညအိပ်ချိန်လေး'' မဟုတ်လား.....
လူတစ်ယောက်ဟာ အိပ်ချိန်အနည်းဆုံး (7)နာရီရှိသင့်ပါတယ်... ဒါမှသာ အိပ်ရေးဝပြီး တစ်နေကုန်လန်းဆန်းတက်ကြွစွာလုပ်နိုင်မှာဖြစ်ပါတယ်...

ကဲ..အဓိကလာပါပြီ... အခု မြန်မာနိုင်ငံရဲ့ နွေရာသီပူပြင်းလှတဲ့အရှိန်ဟာ ညထိပါကူးစက်လာပါတယ်... အထူးသဖြင့် လူငယ်တွေဟာ နောက်ကျမှအိပ်ခြင်းကအလေ့အထတစ်ခုလို ဖြစ်နေပါတယ်...
လျှပ်စစ်မီးမလာလျှင် AC ဖွင့်မရ ပန်ကာဖွင့်မရနဲ့အခုလိုကိစ္စလေးတွေနဲ့ ကြုံတွေ့နေရတယ်
မလား!!!

💎 အခုတော့ နည်းပညာဆိုင်ရာတွေတိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ လျှပ်စစ်မီးမပါဘဲ ဖွင့်ရတဲ့ miniလေအေးပေးစက်လေးတွေ ပေါ်လာပါပြီနော်...
ဒါလေးနဲ့ဖွင့်ပြီးအိပ်ရလို့ရှိရင်လည်း လေအေး လေးတဖြူးဖြူးနဲ့မလို့ အပူဒဏ်တော့ အနည်းငယ်သက်သာစေမှာပါ...
ဒါဆိုအိပ်စက်အနားယူလို့ရပြီပေါ့

💎 နောက်တစ်ခု လေအေးပေးစက်တွေနဲ့လည်း
မတည့်သူဆို ဒါလူကြီးမိဘတွေအတွက်လည်း ကျန်းမာရေးနဲ့ညီညွတ်စေမယ့်နည်းလေးပါ...
ချည်စောင် သို့မဟုတ် အထည်စပါးပါးလေးတွေကို ပြတင်းပေါက်မှာ ရေစွတ်ပြီး တပ်ထားရင်လည်း ထိုအအေးစလေးကိုဖြတ်ပြီးတိုက်လာတဲ့လေလေးဟာ သဘာဝလေအေးပေးစက်လိုပါပဲ... အလွန်ကိုကျန်းမာရေးနဲ့ညီညွတ်ပါတယ်နော်...

💎 နောက်ထပ်ကတော့ အိပ်မပျော်သေးခင် ခန္ဓာကိုယ်ကို စိတ်ထဲကနေ​လျှော့ချထားပြီးတော့ ဝင်လေထွက်လေလေးမှတ်ပြီး အိပ်စက်ကြည့်ပါ... တစ်ခဏအတွင်း အိပ်ပျော်စေပြီး နိုးထလာရင်လည်းစိတ်ကြည်လင်စေမှာပါ...

💎 အခု ထပ်ပြီး လူငယ်တွေကြားထဲ trending ဖြစ်လာတာကတော့ YOUTUBEမှာ အလွယ်တကူရိုက်ရှာနိုင်ပါတယ်... ''Sleeping music for deep sleeping'' ဆိုပြီးရိုက်ရှာလိုက်ရုံနဲ့ videos တွေ ကျလာပါလိမ့်မယ်.. အဲ့တာလေးတွေဖွင့်ပြီးနားထောင်ရင်း အိပ်စက်အနားယူနိုင်ပါတယ်...

အခုဖော်ပြပေးခဲ့တဲ့အချက်လေးတွေကို လုပ်ကြည့်မယ်ဆိုရင် လူကြီးမင်းတို့ အိပ်စက်အနားယူနိုင်မှာအမှန်ပါပဲ...
ဘဝအမောတွေပြေပျောက်ကြပါစေ.....💖

Telegram
https://t.me/swfrontierspublic

08/06/2023

“ဟဲ့..ညည်းလစာဘယ်လောက်ရပြီလဲ?” ဆိုတဲ့စကားက ပတ်ဝန်းကျင်မှာ မေးလေ့ရှိတယ်ဆိုပေမယ့် တကယ်တမ်းကတော့ မမေးသင့်ပါဘူး။
လစာပမာဏကို ပြောပြလိုက်တာက လစာတစ်ခုတည်းကိုပဲ သိတာမဟုတ်ဘဲနဲ့ လူနေမှုနဲ့ ကိုယ့်အရည်အချင်းကိုပါ တစ်ဖက်လူက ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။​
လစာတစ်သိန်းခွဲရနေတဲ့သူကို တစ်သိန်းခွဲတန် တစ်သိန်းခွဲတန် လူနေမှုစရိုက်စသဖြင့် သတ်မှတ်ကြပါတယ်။​(မဟုတ်ဘူးလို့ ငြင်းကြနိုင်ပေမယ့် စိတ်ထဲကတော့ အော်တိုသတ်မှတ်ပြီးသားပါ။)

ကိုယ်က မဖြေချင်ပေမယ့် မေးတဲ့သူကို အားနာလို့ ဖြေလိုက်ရတာမျိုးတွေရှိတယ်
ဆိုပေမယ့် ပြတ်သားရမယ့်နေရာမှာ ပြတ်သားဖို့ လိုသလို အားမနာသင့်တဲ့ နေရာမှာ အားမနာဖို့လည်းလိုအပ်ပါတယ်။​တကယ်လို့ မပြောချင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းရမှာအားနာတယ်ဆိုရင်လည်း “သုံးနိုင်စွဲနိုင်ရုံ လောက်ငှရုံပါပဲ”ဆိုပြီး ကြည့်ကောင်းမယ့် အဖြေမျိုးလေးပဲ ပြန်ပေးသင့်ပါတယ်။​

08/06/2023

အချိန်လည်းအများကြီးမပေးချင်ဘူး။ English စာလည်းတတ်ချင်တယ်။
စာဖတ်ရတာလည်းကြိုက်တယ်။​ကုန်သွားတဲ့အချိန်တွေထက် အများကြီးတန်တဲ့ အရာတွေကို ရချင်တယ်ဆိုတဲ့ သူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ APP တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။​မြန်မာပြည်မှာ သိပ်လည်းခေတ်မစားသေးတာကြောင့် မိတ်ဆက်ပေးချင်ပါတယ်။

Blinkist လို့ခေါ်တဲ့ စာအုပ်အနှစ်ချုပ်တွေ ရှိတဲ့ app ဖြစ်ပါတယ်။​အဲ့ဒီမှာဆိုရင် ဝတ္ထုမဟုတ်တဲ့ စာအုပ်ပေါင်း ၁၅၀၀၀ ကျော်ရှိပါတယ်။ စာတစ်အုပ်ချင်းစီကို ၁၅မိနစ်စာလောက်ပဲရှိတဲ့ မှတ်စုလေးတွေနဲ့ပြန်ပြီး အနှစ်ချုပ်ပေးထားတာဖြစ်ပါတယ်။
ဒါ့အပြင် စာမဖတ်ချင်တဲ့သူတွေအတွက်လည်း အသံဖိုင်နဲ့လည်း နားထောင်လို့ရပါသေးတယ်။ နားလည်အောင်ပြောရမယ်ဆိုရင် မြန်မာပြည်က shwenote လိုမျိုးapp မျိုးပါပဲ။​ဒါပေမယ့် blinkist က နိုင်ငံတကာ က အသုံးပြုတဲ့ app ဖြစ်ပါတယ်။

Blinkist ကိုဖတ်မယ်ဆိုရင် အခမဲ့မရပေမယ့် အစမ်းကာလ ၇ရက်ရမှာဖြစ်ပါတယ်။ ၇ရက်အတွင်း ကြိုက်နှစ်သက်တယ် premium ဝယ်မယ်ဆိုရင်တော့ မြန်မာပြည်က agent တွေဆီမှာဝယ်ယူနိုင်ပါတယ်။​

အရမ်းကောင်းမွန်တဲ့ app ဖြစ်တာကြောင့် အကျယ်တဝင့် မဖော်ပြတော့ပါဘူး။
ဒီလောက်ဆိုရင် Blinkist app ကိုဘာကြောင့် အသုံးပြုသင့်သလဲ​ဆိုတာကို သိရှိပြီးဖြစ်မှာပါ။

Telegram channel link
https://t.me/swfrontierspublic

01/05/2023

Relationshipလေး Healthyဖြစ်အောင် ထိန်းသိမ်းတဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်( 3 )ချက်ကို ပြောပြပေးသွားမှာပါ 💕

ခေါင်းစဥ်ကိုကြည့်ပြီး Single Readerလေးတွေက
"ဟာ ဒါတော့ တို့နဲ့မဆိုင်ပါဘူး"ဆိုပြီး ကျော်ပစ်လိုက်ဖို့ မစဥ်းစားလိုက်ပါနဲ့ဦး..

အခုလောလောဆယ်မှာ ကိုယ်က တစ်ယောက်တည်းသမားဖြစ်နေရင်တောင်
ဒါတွေက တစ်ချိန်ချိန်မှာ ကိုယ့်အတွက် လိုအပ်လာနိုင်တဲ့အပြင်...

✅ ခုပြောပြသွားမယ့် အချက်လေးတွေက သမီးရည်းစားဆက်ဆံရေးကြားမှမဟုတ်ဘဲ မိဘနဲ့သားသမီးကြားပဲဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်းကြားပဲဖြစ်ဖြစ် ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့အရာတွေဖြစ်လို့ သိထားရင် ကိုယ့်အတွက် အများကြီးအကျိုးရှိစေမှာ အမှန်ပါပဲ

ပထမဆုံးအချက်ကတော့...

( 1 ) ပွင့်လင်းတဲ့ဆက်ဆံရေး

ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို နှစ်ဦးနှစ်ဖက်ကြား ပွင့်ပွင့်လင်းလင်းရှိဖို့က တကယ့်ကို အရေးကြီးပါတယ်

အထူးသဖြင့် သူ့ရဲ့ မရည်ရွယ်တဲ့ တချို့သောလုပ်ရပ်တွေကြောင့် ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာကို ကိုယ်ပြောပြမှ တစ်ဖက်လူကသိနိုင်မှာဖြစ်တဲ့အတွက် မသိရကောင်းလားဆိုပြီး တစ်ယောက်တည်း ကြိတ်ဒေါသတွေထွက်နေတာမျိုးထက် ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်ကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်းဖော်ပြပြီး အတူတကွညှိနှိုင်းတာမျိုးလုပ်သင့်ပါတယ်... 🌱

( 2 ) ပြဿနာတွေကို သေချာဖြေရှင်း

အက်ရာလေးတွေများလာတဲ့အခါ အက်ကြောင်းကြီးဖြစ်လာတတ်သလို ဆက်ဆံရေးတစ်ခုမှာလည်း ဘာမှမဟုတ်ပါဘူးလို့ထင်ရတဲ့အသေးအမွှားလေးတွေစုလာတဲ့အခါ ပြဿနာအကြီးကြီးဖြစ်လာတတ်ပါတယ်

အမှိုက်ကစပြသာဒ်မီးလောင်ဆိုသလို "အသေးအမွှားပါကွာ"ဆိုပြီး သေချာမဖြေရှင်းဘဲ ပစ်ထားခဲ့တဲ့ ပြဿနာလေးတွေက တစ်ချိန်မှာ ကိုယ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြတ်တောက်စေနိုင်တဲ့အထိ အန္တရာယ်ကြီးတာမို့ သေချာဖြေရှင်းဖို့လိုပါတယ်

📌 ဖြေရှင်းတဲ့နေရာမှာလည်း လောလောဆယ် ပြေလည်ရင်ပြီးရောဆိုပြီး ရေတိုနည်းလမ်းတွေသုံးတာထက် ဘာကြောင့်ဒီလိုဖြစ်ရတယ်၊ နောက်ခါဒီလိုမဖြစ်အောင် ဘယ်လိုတွေဆင်ခြင်မယ်ဆိုပြီး အလေးအနက်တွေးတော ဖြေရှင်းတာက ရေရှည်လက်တွဲဖို့စဥ်းစားထားတဲ့ဆက်ဆံရေးတွေအတွက် ပိုပြီးအဆင်ပြေစေမှာအမှန်ပါပဲ

( 3 ) နှစ်ဦးနှစ်ဖက်ကြား လေးစားမှုထား

ဘယ်ဆက်ဆံရေးမျိုးမှာမဆို ရင်းနှီးလာတဲ့အချိန်တွေကြာလာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှုလျော့နည်းလာတတ်တဲ့အချက်ကိုလည်း မေ့မထားဘဲ သတိထားဖို့လိုပါတယ်

အပြန်အလှန်လေးစားမှုမရှိတဲ့ဆက်ဆံရေးမျိုးက ကြာလာတဲ့အခါ ပြဿနာတွေကိုသာ တိုးပွားစေနိုင်တဲ့အတွက် နှစ်ယောက်သား ဘယ်လောက်ပဲရင်းနှီးသည်ဖြစ်စေ၊ တစ်ဖက်လူအပေါ် လေးစားမှုထားပေးဖို့ မမေ့ပါနဲ့ 💐

အချိန်တွေအကြာကြီးတည်ဆောက်လာခဲ့ရတဲ့ ဆက်ဆံရေးတစ်ခုက ပြိုလဲသွားရင် အရမ်းနှမြောဖို့ကောင်းပါတယ် ဒါကြောင့် အခုပြောထားတဲ့အချက်လေးတွေကို လိုက်နာရင်း ကိုယ့်ရဲ့ Relationshipလေးကို Healthyဖြစ်နေအောင် အတူတူ ထိန်းသိမ်းလိုက်ပါနော် ❤️

Telegram channel
https://t.me/swfrontierspublic

24/04/2023

မေးခွန်းတစ်ခုလောက်မေးချင်ပါတယ်။
​ရိုးရိုးသားသား ရဲရဲဝံ့ဝံ့ဖြေစေချင်ပါတယ်။စာကြည့်တိုက်နဲ့ ဆံပင်ညှပ်ဆိုင် ဘယ်ကိုရောက်ဖူးတဲ့အကြိမ်ရေ ပိုများပါသလဲ ။ ဒါမှမဟုတ် စာအုပ်ဆိုင်နဲ့ စားသောက်ဆိုင် ဘယ်ကိုသွားတဲ့
အကြိမ်ရေပိုများပါသလဲ ။

ကျွန်တော်တို့ အားလုံးက ကျောင်းတက်-ဘွဲ့ရ-အလုပ်လုပ် ဆိုတဲ့ သမားရိုးကျ
ပညာရေးစနစ်ကြီးကိုပဲ အထင်ကြီးနေကြတာပါ။ ပညာတတ်တစ်ယောက်လို့ပြောလိုက်တိုင်း တက္ကသိုလ်တစ်ခုခုက ဘွဲ့တစ်ခုခုရထားတဲ့သူတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။​

တကယ်တော့ ပညာသင်တယ်ဆိုတာက
ဘယ်နေရာမှာ သင်သင် ဘယ်လိုသင်သင် သင်နေဖို့က အဓိကဖြစ်ပါတယ်။​
အမှန်တကယ် တတ်မြောက်ဖို့က အရေးကြီးပါတယ်။

ကျောင်းမသွားဘဲ ပညာတတ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဖြစ်နိုင်တဲ့အရာတစ်ခုပါ။
သမိုင်းမှာလည်း ကိုယ့်ဘာသာသင်ယူရင်း အထွတ်အထိပ်ရောက်သွားတဲ့သူတွေ အများကြီးရှိတာ အသိလည်းဖြစ်မှာပါ ။ အဓိကကတော့ သင်ယူချင်စိတ်ပြင်းပြနေဖို့ပဲ လိုအပ်တာပါ။

ဒီနေ့ခေတ်လိုကာလမျိုးမှာ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်တဲ့သူတွေ၊
အွန်လိုင်းက သင်ယူဖို့ကြလည်း ခက်ခဲနေတဲ့သူတွေအနေနဲ့ စိတ်ပျက်အားလျှော့နေမယ့်အစား အိမ်မှာနေရင်း ပညာသင်ယူနိုင်မယ့် နည်းလမ်းတချို့ကို အကျဉ်းချုပ်လေးဖောက်သည်ချချင်ပါတယ်။​

၁။တကယ် ပညာတတ်ချင်ရင် အချိန်တွေအများကြီးပေးဖို့ထက် တစိုက်မတ်မတ် ဖြေးဖြေးချင်းလုပ်သွားဖို့ပဲလိုပါတယ်။ လေ့လာမှုတွေက အရ ပညာရပ်တစ်ခုကို တစ်ရက် ၁၈ မိနစ်အချိန်ပေး လေ့လာတဲ့သူဟာ တစ်နှစ်ပြည့်တဲ့အခါမှာ သူဟာ အဲ့ဒီပညာရပ်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ၉၀% သောသူတွေထက် ပိုမိုကျွမ်းကျင်သွားပါပြီတဲ့ ။

၂။ စာအုပ်ကြီးနဲ့ လေ့လာမှ ပညာမဟုတ်ပါဘူး။ အိမ်ရဲ့ စီးပွါးရေးကို လေ့လာခြင်းကလည်းပညာတစ်ရပ်ပါပဲ။ တစ်ခုခုကိုတစိုက်မတ်မတ် စိတ်ဝင်တစား လေ့လာခြင်းကို ပညာလို့ခေါ်ဆိုတာမို့ စာအုပ်ကြီးနဲ့ သင်ယူနေတာကိုပဲ ပညာလို့မမှတ်ယူစေချင်ပါ။

၃။ စာများများဖတ်ပါ။ နယ်ပယ် တစ်ခုမှာ ထူးချွန်ချင်လို့ပဲဖြစ်ဖြစ်၊ အသိပညာရချင်လို့ပဲဖြစ်ဖြစ် မဖြစ်မနေစာဖတ်ဖို့လိုအပ်ပါတယ်။​၁၀တန်းမှာ ဘာသာစုံနဲ့ အောင်တဲ့လူထက် စာအုပ် ၁၀၀ ဖတ်ထားတဲ့သူက ပိုအသုံးကျနိုင်ပါတယ်။

၄။ကိုယ်ချစ်မြတ်နိုးတာကို မလေ့လာပါနဲ့ ။ ကိုယ်လေ့လာတဲ့အရာပေါ်မှာ ချစ်မြတ်နိုးပါ။ (ဒီအကြောင်းကို နောက်ခါမှ သီးသန့် စာတစ်ပုဒ်ထပ်ရေးပေးပါ့မယ်။​)

သင်ယူချင်စိတ်ပြင်းပြဖို့ပဲလိုအပ်တာပါ။ မပြည့်စုံမှုတွေ ဘယ်လောက်ရှိနေရှိနေ သင်ယူချင်စိတ်ပြင်းပြနေသူတွေရှိနေသ၍ ထူးချွန်သူတွေ ပေါ်ပေါက်နေမြဲဖြစ်မှာပါ။

Telegram channel
https://t.me/swfrontierspublic

21/04/2023

ဘဝမှာ ဘာလို့ အခုထိမအောင်မြင်သေးတာလဲ❓

လူတိုင်းကတော့ ဘဝမှာ အောင်မြင်ချင်ကြသူတွေချည်းပါပဲ အရှုံးသမားတစ်ယောက်အနေနဲ့ ဘဝကို ဇာတ်သိမ်းသွားချင်တဲ့သူရယ်လို့ မရှိပါဘူး

ဒါပေမယ့် အောင်မြင်သူက လူနည်းစုပဲရှိပြီး
အများစုကဘာလို့ မအောင်မြင်ကြသေးတာလဲ
သင်ရော ဘာလို့အခုထိမအောင်မြင်သေးတာလဲ?

ဒီနေ့မှာတော့ ကိုယ့်ဘဝရဲ့ အောင်မြင်မှုကို ကြီးကြီးမားမား အနှောင့်အယှက်ပေးနိုင်တဲ့ လူအများစုလုပ်မိနေကျ အမှားတချို့ကို ပြောပြပေးသွားမှာဖြစ်လို့ ပိုစ့်လေးကိုအဆုံးထိဖတ်ရင်း သင်ကိုယ်တိုင်ရော ဒီလိုအမှားတွေကို လုပ်မိနေပြီလား ဆန်းစစ်ကြည့်ပါနော်

(1) အချိန်ရဲ့တန်ဖိုးကို နားမလည်တာ
တစ်နေ့မှာ လူတိုင်းရတဲ့နှစ်ဆယ့်လေးနာရီချင်းတူတူ
အောင်မြင်သူတွေကသာ အချိန်ရဲ့တန်ဖိုးကို သေချာနားလည်ပြီး သူတို့ရဲ့အချိန်တွေကို အကျိုးရှိအောင်ဘယ်လိုအသုံးချရမလဲသိကြပါတယ်
လောကကြီးကတော့ မျက်နှာမလိုက်ပဲ လူတိုင်းအတွက် တစ်နေ့၂၄နာရီ လက်ဆောင်ပေးထားတာပါပဲ
ဒါပေမယ့် ဒီလက်ဆောင်ရဲ့တန်ဖိုးကို နားလည်ပြီး အကျိုးရှိအောင် အသုံးချနိုင်သူတွေကသာ ဘဝမှာ အောင်မြင်တဲ့သူတွေ ဖြစ်လာမှာပါ

(2) ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို အထင်သေးတာ

ကိုယ့်ကိုယ်ကိုယ်အထင်သေးတာဟာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို ကန့်သတ်လိုက်တာနဲ့ အတူတူပါပဲ
ကျွန်တော်တို့ရဲ့ စိတ်စွမ်းအားဟာ အရမ်းတန်ခိုးကြီးပါတယ်ကိုယ့်ကိုယ်ကိုယ်မယုံကြည်ဘဲ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကို အထင်သေးနေသရွေ့တော့
သင်ဟာ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ဦးမှာ မဟုတ်ပါဘူး

(3) ဆင်ခြေပေးတတ်တာ
ဘဝမှာ မအောင်မြင်တဲ့လူအများစုရဲ့ 80%လောက်ဟာ ဆင်ခြေပေးတတ်ကြသူတွေဖြစ်ပါတယ်
လုပ်စရာရှိတာတွေကို မလုပ်ပဲ ဟိုဟိုဒီဒီအကြောင်းပြပြီး ဆင်ခြေပေးနေခြင်းက သင့်ဘဝကျရှုံးခြင်းရဲ့ လမ်းစပါပဲ
သင်ရော ဆင်ခြေပေးတတ်တဲ့လူတစ်ယောက် ဖြစ်နေပြီလား?

(4) ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်မရှိတာ
​​ဘဝမှာ ရည်မှန်းချက်မရှိတဲ့သူတွေက ရောက်တတ်ရာရာ မြောနေတဲ့လှေတစ်စင်းလို ဦးတည်ချက်မဲ့ပြီး ပင်လယ်ထဲ တဝဲလည်လည်ဖြစ်နေမှာပါ ဒါကြောင့် ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် သိထားသင့်တဲ့အရေးအကြီးဆုံးအချက်က ကိုယ်ဘာဖြစ်ချင်မှန်းသေချာသိအောင်လုပ်ပြီး ဦးတည်ရာရည်မှန်းချက်တစ်ခုကို သေသေချာချာချမှတ်ဖို့ပါပဲ

(5) စိတ်မရှည်တတ်တာ
အောင်မြင်မှုဆိုတာမျိုးက အချိန်တစ်ခုပေးပြီးတည်ဆောက်ရတဲ့ အရာတစ်ခုဖြစ်ပါတယ်
လောကကြီးမှာဘယ်အရာမှအလွယ်တကူရတာမျိုးမရှိလို့ ခုရေတွင်းတူး ခုပဲရေကြည်သောက်ချင်လို့ မရပါဘူး
အထူးသဖြင့် ကိုယ်က ရေရှည်ခိုင်မြဲတဲ့ အောင်မြင်မှုတစ်ခုကို ရယူချင်တယ်ဆိုရင် စိတ်ရှည်သည်းခံလမ်းကြောင်းမှန်ဆိုသလို စိတ်ရှည်လက်ရှည်နဲ့အသေအချာ ပုံဖော်တည်ဆောက်ယူရမှာပဲဖြစ်ပါတယ်

(6) စိတ်ကူးယဥ်လွန်းတာ
ဘဝမှာ မအောင်မြင်သေးတဲ့သူတွေဟာ
တစ်နေ့နေ့မှာ တစ်ခုခုဖြစ်လာမယ်ထင်ပြီး ဘာမှမလုပ်ဘဲ ထိုင်စောင့်ပြီး စိတ်ကူးအယဥ်လွန်နေသူတွေဖြစ်ကြပါတယ် ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝကြီးက စိတ်ကူးထဲက နတ်သမီးပုံပြင်လိုမဟုတ်တဲ့အတွက် ကြိုးစားအကောင်အထည်ဖော်နေတာမျိုးမရှိပဲ စိတ်ကူးယဥ်ရုံယဥ်နေလို့ကတော့ အောင်မြင်မှုပန်းတိုင်နဲ့ ဝေးသထက်ဝေးဖို့ပဲရှိတာ အသေအချာပါပဲ

အားလုံးပဲ ဒီလောက်ဆိုရင် ဘဝမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ဘာတွေကိုဆောင်သင့်တယ် ဘာတွေကိုတော့ရှောင်သင့်တယ်ဆိုတာကို သိတန်သလောက် သိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ် နောက်တစ်ခေါက်မှာမှ နောက်ထပ်အကြောင်းအရာအသစ်တွေနဲ့ ပြန်တွေ့ကြပါမယ် တာ့တာ ❤️

18/04/2023

ကိုယ့်ဦးနှောက်လေး မထိခိုက်အောင် ဒါတွေကိုရှောင်🩺

❗️နေ့စဥ်ဘဝမှာ ကိုယ်တို့တွေ သတိတောင်မထားမိလိုက်ပဲ ပြုလုပ်မိတတ်တဲ့ အပြုအမူ၊ အလေ့အကျင့်တွေထဲက တစ်ချို့တလေက ဦးနှောက်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အထိ ဆိုးကျိုးတွေရှိနေတတ်ပါတယ်

ဒါကြောင့် ဒီနေ့မှာတော့
ဘယ်အချက်တွေကများ ဦးနှောက်ကို ထိခိုက်စေသလဲ..?
ကိုယ်ကရော ဒီထဲက ဘယ်အချက်တွေကို လုပ်နေမိပြီလဲ ဆိုတာကို SWFနဲ့အတူတူ အဖြေရှာကြည့်လိုက်ကြရအောင်နော်... 🌱

( ၁ ) အိပ်ချိန်အလုံအလောက်မရှိတာ

မနက်ခင်းပိုင်းမှာ အိပ်ရေးမဝပဲနိုးလာလို့ တစ်နေကုန် ခေါင်းမကြည်တော့ပဲ အလိုလိုနေရင်း ပင်ပန်းနုံးချိပြီး စိတ်ညစ်စိတ်ရှုပ်နေတာမျိုး ကြုံဖူးကြတယ်မလား...?
အိပ်ရေးမဝတာက တစ်နေ့တာလုပ်ငန်းဆောင်တာတွေကိုထိခိုက်စေနိုင်တဲ့အပြင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကိုပါ လျော့ကျစေနိုင်တဲ့အတွက် တစ်နေ့လုံး လန်းဆန်းတက်ကြွပြီး ဦးနှောက်ကပါ အားအင်တွေပြည့်နေစေဖို့ဆိုရင် အိပ်ရေးဝအောင် အိပ်ချိန်ပုံမှန်အိပ်ပေးဖို့က အဓိကအရေးကြီးပါတယ် 🍃

( ၂ ) ကိုယ်လက်လှုပ်ရှားမှုမရှိတာ

တစ်နေကုန်အထိုင်များပြီး ကိုယ်လက်လက်ရှားမှုမရှိတာက ကိုယ်တို့ရဲ့ခန္ဓာကိုယ်ကို ထိုင်းမှိုင်းလေးလံစေရုံသာမက ဦးနှောက်ဖွံ့ဖြိုးတက်ကြွမှုကိုပါ နှောင့်နှေးလေးဖင့်စေပါတယ်...တကယ်လို့ ကိုယ်ကလေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိဘူး၊ မဖြစ်မနေအထိုင်များတဲ့အလုပ်လည်းလုပ်နေရတယ်ဆိုရင်တော့ ဆယ့်ငါးမိနစ်၊နာရီဝက်လောက်တစ်ခါ အညောင်းပြေအညာပြေ ခြေဆန့်လက်ဆန့် လှုပ်လှုပ်ရှားရှားလုပ်ပေးဖို့ မမေ့ပါနဲ့နော် 🏃‍♀️

( ၃ ) စိတ်ဖိစီးမှုများလွန်းတာ

အတွေးတွေများ၊ အတွေးတွေလွန်ပြီး စိတ်ဖိစီးမှုများလွန်းရင်လည်း ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး.... ဒါကြောင့် မလိုအပ်ပဲ အတွေးမများဖို့၊ မလိုတဲ့အပူတွေမယူမိစေဖို့ဆိုရင် နေ့စဥ်ပုံမှန်တရားထိုင်ပေးတဲ့ အလေ့အကျင့်လေး လုပ်ပေးတာက ဦးနှောက်အတွက်အကျိုးပြုရုံသာမက စိတ်ရောကိုယ်ပါ ကြည်လင်ငြိမ်းချမ်းစေမှာပါ 🌿

( ၄ ) တစ်ယောက်တည်း တသီးတခြားအနေများလွန်းတာ

🚩 ပတ်ဝန်းကျင်နဲ့ အဆက်အဆံလုံးဝမရှိပဲ လိုအပ်တာထက်ပိုပြီး တစ်ယောက်တည်း သီးခြားအနေများတာကလည်း စိတ်ဓာတ်ကျမှု (Depression) ဖြစ်ပေါ်စေဖို့ ရာခိုင်နှုန်းပိုများတဲ့အပြင် ဦးနှောက်ကျန်းမာရေးကို နှောင့်နှေးထိခိုက်စေနိုင်ပါတယ်... ဒါကြောင့် အနည်းဆုံး တစ်ပတ်တစ်ခါလောက်တော့ ချစ်ရသူတွေနဲ့ တွေ့ပေးတာ၊ ဖုန်းဆက်တာ၊ စာပို့တာမျိုးနဲ့ ပုံမှန်အဆက်အသွယ်လုပ်ပေးသင့်ပါတယ်

( ၅ ) ဦးနှောက်ကို အသုံးမပြုပဲပစ်ထားတာ

အချိန်အကြာကြီး ပစ်ထားခံရတာကို ဘယ်သူမှ သဘောမကျကြပါဘူး....
အဲ့ထဲမှာ ကိုယ်တို့ရဲ့ဦးနှောက်လည်း အပါအဝင်ပဲမို့ သူ့ကိုအကြာကြီးပစ်ထားတဲ့အခါ စိတ်ကောက်ပြီး အရင်လိုသိပ်အလုပ်မလုပ်ပေးတော့ပါဘူး
ဒါကြောင့် ဦးနှောက်လေးစိတ်မကောက်စေဖို့ သူ့အတွက် အသစ်အဆန်းတစ်ခုခုကိုအမြဲလေ့လာသင်ယူတာမျိုး လုပ်ပေးသင့်ပါတယ်❗️အခုအချိန်မှာ ကိုယ့်ဦးနှောက်လေးစိတ်ကောက်နေပြီလို့ ခံစားနေရရင်လည်း အချိန်မလွန်ခင် သူ့ကိုဒီ့ထက်ပိုပစ်မထားနဲ့တော့နော်❗️

ဒါဆို... ဒီနေ့မှာတော့ ဦးနှောက်ကိုထိခိုက်စေတဲ့ အလေ့အကျင့်တစ်ချို့နဲ့ ဖြေရှင်းရမယ့်နည်းလမ်းလေးတွေကိုပါ ပြောပြပေးသွားတာမို့ SWFerလေးတို့အတွက် တစ်ခုခုအကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် နောက်ထပ်နောက်ထပ်လည်း ဒီလိုစိတ်ဝင်စားစရာ၊ ဗဟုသုတဖြစ်စရာ အကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Pageကို Like & Followလုပ်ပြီး အမြဲစောင့်ကြည့်နေပေးဖို့ မမေ့ပါနဲ့ဦး... အားလုံးပဲ တာ့တာ ❤

Telegram channel
https://t.me/swfrontierspublic




05/04/2023

❗️ဝင်ငွေနည်းလို့ ငွေစုဖို့မဖြစ်နိုင်တော့ဘူးလား?❗️

အခုလို အစစအရာရာကြပ်တည်းနေတဲ့ခေတ်ကြီးမှာ
ငွေပုံမှန်စုဖြစ်ဖို့ ခက်ခဲလာပါတယ်
အထူးသဖြင့် လစဥ်ဝင်ငွေကလည်းနည်းတဲ့အခါ
ငွေစုဖို့မဖြစ်နိုင်တော့ဘူးလို့ထင်တတ်ကြပါတယ်

ဒီလိုအခြေအနေမျိုးမှာ အများကြီးစုဖြစ်ဖို့ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် ငွေစုဖို့လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူး.... ဒါကြောင့် ကိုယ်က ဝင်ငွေနည်းပေမယ့် ပုံမှန်ငွေစုဖြစ်ချင်တယ်ဆိုရင် ခုပြောပြမယ့်နည်းလမ်းတွေကို သုံးကြည့်ပါ​နော်

(1) အသုံးစရိတ်ချွေတာပါ
ဒါကတော့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ငွေစုမိချင်တယ်ဆိုရင် အသုံးစရိတ်ကို တတ်နိုင်သလောက် လျှော့ချချွေတာရမှာပါ အစားအသောက်ကအစ အသုံးအဆောင်အဆုံး ဘယ်နေရာပဲဖြစ်ဖြစ် ငွေကို စိစစ်ပြီးသုံးတာက ငွေစုဖြစ်ဖို့အတွက် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်စေမှာပါ

(2)ငွေစုတတ်တဲ့အလေ့အကျင့်ရအောင်လုပ်ပါ
ငွေပိုငွေလျှံရှိမှ ပိုက်ဆံစစုမယ်လို့တွေးနေရင် တော်ရုံမစုဖြစ်တော့ပါဘူး ကိုယ်က ငွေစုတဲ့အကျင့်လုပ်ချင်တယ်ဆိုရင် တစ်နေ့နည်းနည်းစီ ကိုယ့်ဝင်ငွေထဲက တတ်နိုင်သလောက် ဖဲ့စုသွားဖို့ အကြံပေးချင်ပါတယ် အကောင်းဆုံးကတော့ တစ်နေ့ကို ပုံမှန်ဘယ်လောက်စုမယ်သတ်မှတ်ပြီး ကိုယ်သတ်မှတ်ထားတဲ့ပမာဏအတိုင်း နေ့တိုင်းမဖြစ်မနေစုဖို့ပါပဲ

(3)Discountချတိုင်း လိုက်မဝယ်ပါနဲ့
စျေးတန်တဲ့အရာတိုင်းက ကိုယ့်အတွက်မဖြစ်မနေလိုအပ်နေတဲ့အရာတွေမဟုတ်ပါဘူး အထူးသဖြင့် မိန်းကလေးအများစုက နေရာတော်တော်များများမှာ ချွေတာစိစစ်တတ်ကြပေမယ့် Discountချလို့ စျေးတန်နေပြီဟေ့ဆိုတာနဲ့ ကိုယ့်အတွက် လိုအပ်မလိုအပ်မစဥ်းစားမိတော့ပဲ
တစ်ခါတည်း တန်းပြီးဝယ်ချလိုက်မိတတ်ကြပါတယ်
ဒါကြောင့် ကိုယ်က တော်ရုံကိုယ့်စိတ်ကိုယ်မနိုင်ဘူးဆိုရင် တစ်နှစ်မှာတစ်ခါပဲဒီစျေးနဲ့ရမှာဘာညာတွေ့တာနဲ့ ဝေးဝေးကသာပြေးဖို့စဥ်းစားထားပါနော်

(4)ကျန်းမာရေးကအရေးကြီးပါတယ်
ငွေစုမိဖို့ဆိုရင် အပိုဝင်ငွေမကုန်ဖို့ အရေးကြီးတာ လူတိုင်းအသိပါပဲ အထူးသဖြင့် ကိုယ်ကကျန်းမာရေးမကောင်းဘူးဆိုရင် ကိုယ်ရှာသမျှ ဆရာဝန်တွေဆီပဲရောက်လို့ ပလိုင်းပေါက်နဲ့ဖားကောက်ဖြစ်နေမှာပါ ဒီတော့ အဲ့လိုမဖြစ်ရလေအောင် အခုကတည်းက တတ်နိုင်သလောက် ကျန်းမာရေးလိုက်စားတတ်တဲ့အလေ့အကျင့်လုပ်ပါ

(5)တစ်နေ့တာအသုံးစရိတ်စာရင်းမှတ်ပါ
နေ့စဥ်အသုံးစရိတ်စာရင်းမှတ်တာက ဝင်ငွေနဲ့ထွက်ငွေမျှမမျှပြန်ကြည့်လို့ရတဲ့အပြင် မလိုတဲ့နေရာမှာ ငွေမသုံးမိဖို့ သတိရှိစေမှာဖြစ်တဲ့အတွက် ငွေပိုပြီးစုမိစေပါတယ် ဒါ့အပြင် စာရင်းပြန်ကြည့်တဲ့အခါ ဘယ်နေရာတွေမှာ လျှော့သုံးလို့ရတယ်ဆိုတာတွေကိုပါ စီမံလို့ရတဲ့အတွက် ဒီနေ့ကစလို့ နေ့စဥ်အသုံးစရိတ်မှတ်ဖို့ ကြိုးစားကြည့်ပါ

ဒီလောက်ဆိုရင် ငွေစုဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ
သိသွားလောက်ကြပြီလို့ ယုံကြည်ပါတယ် အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ နောက်တစ်ခေါက်မှ နောက်ထပ်အကြောင်းအရာအသစ်တွေနဲ့ ပြန်တွေ့ကြရအောင်ပါ
အားလုံးပဲတာ့တာ ❤️

Telegram channel
https://t.me/swfrontierspublic

Photos from BEAM Education Foundation's post 05/04/2023

You all are invited to apply for this camp!

စင်္ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်က ကျောင်းသားကျောင်းသူများနဲ့အတူပူပေါင်းပြီး ကျွန်တော်တို့အနေနဲ့ ငွေကြေးစီမံခန့်ခွဲမှု၊ အင်္ဂလိပ်စာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှု စတဲ့ ခေါင်းစဉ်တွေပါဝင်တဲ့ ၃ ရက်တာ Worskhop တွေကို စီစဉ်ထားရှိပါတယ်။ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ စင်္ကာပူ ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံချိတ်ဆက်နိုင်ခြင်း၊ အကြောင်းအရာမျိုးစုံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ရရှိနိုင်ခြင်း စတဲ့ အခွင့်အရေးတွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

ချင်းမိုင်မှာ လူကိုယ်တိုင် တက်ရောက်ရမယ့် Workshop လည်းဖြစ်ပါတယ်။ နေ့လယ်စာ၊ ညစာနဲ့ ဘာသာပြန် ပံ့ပို့နိုင်ဖို့ စီစဉ်ထားပြီး နေထိုင်ရေးနဲ့ ခရီးသွားလာရေးအတွက် ပံ့ပိုးပေးနိုင်ခြင်းတော့ မရှိပါဘူး။ ယခု Worskop မှာ အပတ်စဉ် (၃) ခုရှိမှာဖြစ်ပြီး မိမိအနေနဲ့ အဆင်ပြေမယ့် အပတ်စဉ်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ Workshop တစ်ခုချင်းစီမှာ ပါဝင်မယ့်အကြောင်းအရာတွေကတော့ အတူတူပဲဖြစ်ပါတယ်။

Worskop ကိုတက်ရောက်ဖို့ ယခုပေးထားတဲ့ လင့်ခ် ကနေတစ်ဆင့် ( tinyurl.com/beamxsmu ) ဧပြီ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်။

04/04/2023

Hello 🙋 Learners လေးတို့ရေ
ဒီနေ့မှာတော့ " Time management " နဲ့ပတ်သတ်ပီး sharing လေးလုပ်ပေးချင်ပါတယ် ။ 💁

လူတစ်ယောက်ချင်းစီမှာ 1 ရက်ကို 1440 မိနစ်ပေါင်း ညီညီမျှမျှ ပိုင်ဆိုင်ကြပါတယ် ။ ပိုင်ဆိုင်တာခြင်းတူပေမယ့် အသုံးပြုပုံချင်းမတူကြပါဘူး။ အသုံးပြုတာခြင်းမတူတဲ့အတွက် လူတွေ ‌တစ်ယောက်နဲ့ တစ်ယောက် ကွာခြားသွားပါတယ် ။

24 hr မှာ တစ်ချို့လူတွေ တန်ဖိုးရှိတဲ့ အလုပ်လုပ်နေပီး တန်ဖိုးရှိရှိဖြတ်သန်းနေချိန်မှာ တစ်ချို့တွေက 24 hr ကို ပုံမှန်အတိုင်းဖြတ်သန်းပီး ဖြုန်းနေကြပါတယ် ။

ဒါကြောင့် အချိန်မဖြုန်းပဲ ကိုယ့်ရဲ့ 24 hr ကို Time management လုပ်ခြင်းဖြင့် အကျိုးရှိရှိအသုံးချပါ ။

🕒 Time Management ဆိုတာ ဘာ လဲ ???
🕒 Time Management ဆိုတာ
" ကိုယ်ကိုယ်တိုင် စီမံခန့်ခွဲခြင်း " ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မင်မင်က Time Management Tips လေးတွေကိုပြောပြပေးသွားပါမယ် ။ 😘

🕛 Time Management Tips တွေကတော့

🏆 Set Goals

Goal တစ်ခုရှိတာနဲ့ သင်လိုချင်တာကို ရဖို့အတွက် စတင်လုပ်ဆောင်ဖို့ကို သင်ပုံဖော်နေပါပီ ။ သင့်စိတ်ထဲမှာ final result ရဖို့အတွက် မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ စိတ် ဖြစ်နေပါလိမ့်မယ် ။

🔰 အာရုံမြဲပါစေ

အလုပ်လုပ်တာဖြစ်ဖြစ် ၊ စာလုပ်တာဖြစ်ဖြစ် ဘယ်အချိန် ၊ ဘယ်အပုဒ် ပီးရမယ်ဆိုတာ ပြဠာန်းထားပါ။
ကိုယ်သတ်မှတ်ထားတဲ့ target, time limit ပြည့်ရင် ကိုယ့်ကိုကိုယ် ဆုချပါ။ အလုပ်ပီးသွားရင် ဘယ်ဆိုင်သွားပီး မုန့်သွားစားမယ်ဆိုတာမျိုးပေါ့။
လုပ်နေဆဲမှာ အခြားအကြောင်းအရာကို ဘယ်တော့မှ ကြားဖြတ်မလုပိမိပါစေနဲ့။ ပြီးအောင်လုပ်ပါ။

🕛 ကိုယ်တနေ့တာကို ပြန်လည်ဆန်းစစ်ကြည့်ပါ။

စာရွက်တစ်ရွက်ဖြစ်ဖြစ် ၊ note တစ်အုပ်မှာဖြစ်ဖြစ် ကိုယ့်ရဲ့ daily plan ချရေးပါ။ ပထမ ၊ ဒုတိယ.... ဦးစားပေးဆိုပီး ချရေးထားပါ။ အရေးကြီးတာကနေစလုပ်ပါ။

✔️ Clean your study surrounding

ကိုယ့် လုပ်မယ့် အရာကို focus ထားနိုင်အောင် စားပွဲ ၊ အခန်း ကို ရှင်းရှင်းလင်းလင်းထားပါ ။ရှင်းရှင်းလင်းလင်းထားခြင်းက အလုပ်ကို ပိုပီး အာရုံ စူးစိုက်နိုင်ပါတယ် ။
- စားပွဲခုံပေါ် ကိုယ်လုပ်မယ့်အလုပ်နဲ့ မသက်ဆိုင်တဲ့ ပစ္စည်းမှန်သမျှ အကုန်ရှင်းထားပါ။
- အမြဲသုံးရတဲ့ ပစ္စည်းကို လက်လှမ်းမှီရာမှာထားပါ။ ပစ္စည်းထယူမိရင် အချိန်ကုန်လို့ပါ။

📝 Create Schedule

အချိန်ဇယား‌ဆွဲပါ ။ သင့်ပန်းတိုင်ကို သေချာကြည့်ပီး သင်ရေရှည် လုပ်နိုင်မယ့်အလုပ်နဲ့ ရေတိုလုပ်နိုင်မယ့်အလုပ်ကို ချင့်ချိန်ထည့်သွင်းပါ ။
ကိစ္စတစ်ခုပီးတိုင်း ☑️ အမှန်ခြစ်လေးခြစ်ပေးပါ ။ အဲ့လိုလုပ်ခြင်းက ကိုယ်တစ်နေ့တာမှာ ဘာတွေပီးသွားလဲ သိရပီး နောက်ရက်လုပ်ဖို့ motivation ရစေပါတယ် ။

💢 ကြိုလုပ်ထားပါ။

ကျောင်းက အိမ်စာ ၊ သင်တန်းက ကျက်စာတွေ ပါလာရင် deadline နီးမှ ကပ်မလုပ်ပါနဲ့ ။ ကြိုလုပ်ထားပါ။ အနီးကပ်မှ ထလုပ်တာက အလောတကြီးနဲ့မလို့ အမှားပါလာနိုင်ပါတယ်။
ကြိုလုပ်ထားသူက deadline ကပ်ခါနီး လုပ်ပီးသားစာကို အမှားအမှန်ပြန်စစ်နိုင်တယ်။
စာမေးပွဲဖြေရင်လည်း အမှတ်ကောင်းကောင်းရနိုင်ပါတယ်။

🔰 Overcome Procrastination

အချိန်ဆွဲခြင်းကို ကျော်လွှားပါ ။ သတ်မှတ်ချိန် တစ်ခုပီးပါက break time သတ်မှတ်ထားပါ ။ ထိုအချိန်မှာ နားချလိုက်တာပါ ။

🎯 Focus

ကိုယ်လုပ်တဲ့ အလုပ်ကို ထိရောက်အောင်လုပ်ပါ ။ အာရုံမပျံ့မိအောင် အထူးဂရုစိုက်ပါ ။ ဖြစ်မြောက်အောင်လုပ်ပါ ။

🤗 အခုပြောပြတဲ့အချက်တွေအတိုင်း အချိန်စီမံခန့်ခွဲနိုင်ပီး 24hr ကို အကျိုးရှိရှိ အသုံးချပါလို့ ပြောချင်ပါတယ်ဗျ။ 🤗

နောက်လည်း အကျိုးရှိတဲ့စာလေးတွေမျှဝေပေးသွားမှာမလို့ Student Without Frontiers ကို Like and share လေးလုပ်ပေးပီး စောင့်ကြည့်ပေးပါအုံး ခင်‌ဗျ ။ ❤️🙆

Telegram channel
https://t.me/swfrontierspublic

03/04/2023

💌 How to improve self-esteem 💌

ဒီနေ့မှာတော့ SWFကနေ ကိုယ့်ရဲ့self-esteemကို မြှင့်တင်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ့် အချက်(၁၀)ချက်ကို မျှဝေပေးချင်ပါတယ်

ဒါတွေကိုမပြောခင် အရင်ဆုံး self-esteemကဘာလဲဆိုတာကို အရင်ပြောပြချင်ပါတယ်

self-esteemဆိုတာက ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်နဲ့ ကိုယ့်ကိုယ်ကိုယ်အပေါ်ထားတဲ့ တန်ဖိုးထားလေးစားမှုကိုပြောတာဖြစ်ပါတယ် 🍃
self-esteem နည်းတဲ့သူတစ်ယောက်ဟာ အမြဲတမ်း မဝံ့မရဲဖြစ်နေတတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်နေတတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလေးစားမှုလည်း ပျောက်ဆုံးနေတတ်ပါတယ်

🌷 အဲ့အတွက် self-esteemနည်းတဲ့သူတွေမဖြစ်ကြစေဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင် တည်ဆောက်တဲ့အခါ အသုံးဝင်တဲ့အချက်လေးတွေကို ပြောပြပေးသွားပါ့မယ်

ကဲ ဒါဆိုရင် စလိုက်ကြရအောင်!

ပထမအချက်အနေနဲ့
( 1 ) အတွေးတွေကိုအမြဲတမ်းသတိထားပါ 💭
အတွေးတွေဟာ ကိုယ့်တစ်နေ့တာအပြုအမူတွေ၊ ရွေးချယ်ဆုံးဖြတ်ချက်တွေ၊ ကိုယ့်ခံစားချက်တွေအားလုံးကို လွှမ်းမိုးမှုရှိတာမို့လို့ ကိုယ်ဘာတွေတွေးနေမိသလဲဆိုတာတွေကို အမြဲတမ်းသတိထားမိနေဖို့လိုအပ်ပါတယ်
ဒီနေရာမှာ Factတစ်ခုပြောပြရရင် လူတစ်ယောက်ဟာ တစ်နေ့မှာ အတွေးပေါင်း ခုနှစ်သောင်းလောက်ထိ တွေးလေ့ရှိကြပါတယ်တဲ့ အများကြီးပဲနော် ဟုတ်တယ်ဟုတ်? အဲ့တော့ တစ်နေ့တစ်နေ့ တွေးနေမိတဲ့ ကိုယ့်ရဲ့တစ်နေ့စာ အတွေးပေါင်းခုနစ်သောင်းကျော်ကို မကောင်းတဲ့အတွေးတွေ၊ ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်တဲ့အတွေးတွေ ဖြစ်မနေအောင် အမြဲတမ်းသတိထားသင့်ပါတယ်

( 2 ) ကိုယ့်ကိုယ်ကိုယ်ကြင်နာပါ 💐
ချစ်ရတဲ့သူတွေအပေါ် ကြင်နာပေးသလိုပဲ ကိုယ့်ကိုယ်ကိုယ်ကြင်နာဖို့ကို ဘယ်တော့မှမမေ့လိုက်ပါနဲ့ ကိုယ့်အတွက် ဘယ်သူမှမရှိပေးနိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ ကြင်နာတတ်ဖို့က အရမ်းအရေးကြီးပါတယ် လူတော်တော်များများဟာ အလုပ်တွေရှုပ်ရင်း ကိုယ့်ကိုယ်ကိုယ်ချစ်ပေးဖို့၊ ဂရုစိုက်ဖို့ကိုတော့မေ့လျော့နေကြပါတယ် အဲ့အတွက်ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားသလိုခံစားရပြီး ယုံကြည်ချက်လည်းကျဆင်းလာတတ်ကြပါတယ် ဒီလိုတွေမဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ကြင်နာဖို့ကို ဘယ်တော့မှမမေ့လိုက်ပါနဲ့

( 3 ) ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံပါ 🎀
အရှိကိုအရှိအတိုင်းလက်မခံတတ်တဲ့သူတွေအနေနဲ့ ကိုယ့်ဘဝကို၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှကျေနပ်နိုင်မှာမဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ်လက်မခံနိုင်တဲ့အတွက် အမြဲတမ်းအားမလိုအားမရ မကျေမနပ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းရှိနိုင်မှာမဟုတ်ပါဘူး ဒီတော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံပြီးမှ ကိုယ့်အတွက် ပြုပြင်ပြောင်းလဲဖို့လိုအပ်တာတွေကို ကြိုးစားပြုပြင်ဖို့စဥ်းစားသင့်ပါတယ်

( 4 ) တက်တက်ကြွကြွဖြစ်အောင်နေပါ 🏸
exerciseပုံမှန်လုပ်ခြင်းဟာ ဦးနှောက်အတွင်းက dopamineလို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ဟော်မုန်းထုတ်လွှတ်မှု levelကို တိုးတက်စေတဲ့အတွက် စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ် အဲ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူဟာ မလုပ်တဲ့သူတွေထက် ကိုယ့်ကိုယ်ကိုယ်ပိုပြီး ယုံကြည်မှုရှိပါတယ်တဲ့

( 5 ) ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့မမေ့ပါနဲ့ 🎈
လူအများစုဟာ သူများတွေကိုတော့ အလွယ်တကူခွင့်လွှတ်နိုင်လိုက်လေ့ရှိပေမယ့် အမှားတစ်ခုခုလုပ်မိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်တော့ ခွင့်မလွှတ်နိုင်ဘဲ အမြဲအပြစ်တွေတင်နေလေ့ရှိပါတယ် ဒါကလည်း ကိုယ့် self-esteemကို ကျဆင်းစေတဲ့ အချက်တွေထဲကတစ်ခုပါပဲ အမှားနဲ့ကင်းတဲ့လူရယ်လို့မရှိတာမို့ အခုကစပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေတာတွေကိုရပ်လိုက်ပြီး မှားခဲ့တာတွေကနေ သင်ခန်းစာယူ၊ရှေ့ဆက်နိုင်ဖို့ကိုပဲ ပိုပြီးအာရုံစိုက်သင့်ပါတယ်

( 6 ) Supportiveဖြစ်တဲ့ ပတ်ဝန်းကျင်မှာနေပါ 🎍
ကိုယ့်ပတ်ဝန်းကျင်ကလူတွေကလည်း ကိုယ့်အပေါ်ကိုအများကြီးသက်ရောက်မှုရှိပါတယ် စိတ်ခံစားချက်တွေဟာ ကူးစက်လွယ်တာမို့ အမြဲတမ်းအဆိုးမြင်နေတတ်တဲ့သူတွေအနားမှာနေရင် ကိုယ့်ရဲ့self-esteemဟာလည်း ကျဆင်းလာနိုင်ပါတယ် အဲ့တော့ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊positive vibeပေးနိုင်တဲ့သူတွေ၊ supportiveဖြစ်တဲ့လူတွေကိုပဲ ကိုယ့်အနားမှာထားသင့်ပါတယ်

( 7 ) ကိုယ်ပြောင်းလဲနိုင်တဲ့အရာတွေပေါ်မှာပဲ ပိုပြီးအာရုံစိုက်ပါ 🍃
ဟုတ်ပါတယ် အရာရာတိုင်းမှာ ကိုယ်စိတ်တိုင်းကျဖြစ်နေဖို့ကို မျှော်လင့်နေလို့မရပါဘူး လောကကြီးမှာ ​ကိုယ်ထိန်းချုပ်ပြုပြင်လို့မရတဲ့အရာတွေလည်းအများကြီးရှိနေတာကိုလက်ခံပြီး ပြောင်းလဲလို့မရတဲ့အရာတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေမယ့်အစား ကိုယ်ပြောင်းလဲနိုင်တဲ့အရာတွေအပေါ်မှာပဲ ပိုပြီးအာရုံစိုက်တတ်ဖို့ကြိုးစားသင့်ပါတယ်

( 8 ) ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေကိုလုပ်ပါ 🎨
အစစအရာရာပင်ပန်းခက်ခဲတဲ့ လောကကြီးရဲ့တစ်နေ့တာကိုကျော်ဖြတ်ရတဲ့အခါမှာ လူတွေဟာ စိတ်ဓာတ်ကျပင်ပန်းပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းကျဆင်းလာတတ်ပါတယ် ဒီအတွက် ကိုယ့်ရဲ့တစ်နေ့တာထဲကမှ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေကိုလုပ်ဖို့ အချိန်ဖဲ့ပေးသင့်ပါတယ် အလုပ်တွေများပြီး အချိန်အများကြီးမရတဲ့သူဖြစ်နေရင်တောင် စိတ်ပြေလက်ပျောက် စာဖတ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ သီချင်းနားထောင်ဖို့၊ ချစ်ရတဲ့သူတွေနဲ့စကားစမြည်ပြောဖို့ စတဲ့ ကိုယ်သဘောကျတဲ့အရာတွေလုပ်ဖို့အတွက် သီးသန့်အချိန်လေးတစ်ခုတော့ ရှိသင့်ပါတယ်

( 9 ) ကိုယ့်ရဲ့အောင်မြင်မှုကို ဂုဏ်ယူပါ 🌟
သေးငယ်တဲ့အောင်မြင်မှုလေးပဲဖြစ်နေရင်တောင် ကိုယ်လုပ်နိုင်ခဲ့တဲ့အရာတွေအတွက် အမြဲတမ်းဂုဏ်ယူပါ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အရေးပါပြီး self-esteemကို မြှင့်တင်ပေးနိုင်တဲ့ အရေးကြီးတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်

နောက်ဆုံးအချက်အနေနဲ့ကတော့
( 10 ) ကူညီတတ်တဲ့အလေ့အကျင့်မွေးပါ 🌻
ကိုယ်က တစ်ယောက်ယောက်ရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးလိုက်လို့ သူတို့ရဲ့ပြဿနာတွေပြေလည်သွားတဲ့အခါ စိတ်ချမ်းသာသွားရတဲ့သူဟာ သူတို့ချည်းပဲမဟုတ်ပါဘူး အကူအညီပေးနိုင်လိုက်တဲ့ သင်ကိုယ်တိုင်က သူတို့ထက်ကို အများကြီးပိုပြီး ကျေနပ်ပီတိဖြစ်ရပါတယ် အဲ့အပြင် တစ်ယောက်ယောက်ကို အကူအညီပေးလိုက်ရတဲ့အခါ ဦးနှောက်ထဲက endorphinsလို့ခေါ်တဲ့ happy hormoneတစ်မျိုးကိုထုတ်လွှတ်ပေးပါတယ် ဒီဟော်မုန်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာစေပြီး self-esteemကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်တဲ့ ✨

ကဲ ဒီလောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ self-esteemမြင့်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို readerလေးတွေအနေနဲ့ သိသွားလောက်ပြီလို့ထင်ပါတယ် ဒီနေ့အတွက် မျှဝေပေးသွားတာတွေကနေ တစ်ခုခုအကျိုးရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်
နောက်တစ်ခေါက်မှာ အကြောင်းအရာအသစ်တွေနဲ့ ပြန်တွေ့ကြရအောင်ပါ အားလုံးပဲ တာ့တာ 💌

TELEGRAM CHANNEL
https://t.me/swfrontierspublic

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Other Non-Governmental Organizations (NGOs) in Yangon (show all)
Myanmar Monks Group Hacker Anonymous Myanmar Monks Group Hacker Anonymous
ငုဝါလမ်း
Yangon, M.M

White Hat We are Myanmar

ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း
Yangon

ပြည်သူများသို့ကူညီရန် ကျွန်တော်/ကျ?

Astrio Astrio
Yangon

'ASTRIO' is a tech-based community organization which intends to help Myanmar youths. It involves in

Grow Back for Posterity Grow Back for Posterity
7 Pyitawaye Street
Yangon, 11111

community-based solutions for wildlife conservation

အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း
အနော်မာလမ်း ၁၃ ရပ်ကွက် တောင်ဥက္ကလာ
Yangon, [email protected]

သင့်ကြောင့် အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်ပါစေနှင့်

The Asia Foundation Myanmar The Asia Foundation Myanmar
No. 11, Ko Min Ko Chin Yeik Thar Street, West Ngar Htet Kyi Ward, Bahan Township
Yangon

Strengthening governance, expanding economic opportunity, increasing environmental resilience, empowering women, and promoting international cooperation

Aung Zeya Youth Movement Myanmar Aung Zeya Youth Movement Myanmar
Ahlone
Yangon, 11121

လူမျိုးဘာသာမရွေး ၏ အခက်အခဲများ အားလ?

Phyusin Monmyat Welfare Association Phyusin Monmyat Welfare Association
No. 144, 1st Floor, Bo Galay Zay Street , Botahtaung Tsp
Yangon

CDM Call Centre CDM Call Centre
Yangon

CDM Call Center မှ CDM သူရဲကောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အကူအညီပေးမည်။ #CDM #CDMcallcenter #