KnZo666

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KnZo666, Event Planner, Yangon.

29/02/2024

ခင်ဗျားတို့ ကျွန်တော့်လို My ဒေတာ Mb 7 သိန်းပေါက်ဖူးမှစကားဆက်ပြောမယ်ဗျာ 😎😝

13/01/2024
13/01/2024
13/01/2024

“ကျွန်တော့်မိန်းမနဲ့ လက်ထပ်ခဲ့တာ နှစ် ၃၀ ရှိပြီ၊ သူ့ရဲ့ပိုက်ဆံအိတ်ကို ဒီနေ့အထိ ကျွန်တော် သွားမဖွင့်ကြည့်ဘူး၊ အဲ့ဒါ စောင့်ထိန်းရမယ့် စည်းစနစ်နဲ့ လေးစားမှုပဲ”လို့ ပြောလိုက်တဲ့ ရှာရွတ်ခန်း
---------------------
ဘောလိဝုဒ်ရဲ့ King Khan လို့ တင်စားခံရသူ သရုပ်ဆောင်မင်းသား ရှာရွတ်ခန်းက ပြောလိုက်ပါတယ်။ သူနဲ့ သူ့ဇနီး လက်ထပ်ပေါင်းသင်းလာတာ နှစ် ၃၀ ရှိခဲ့ပြီ၊ သူဟာ သူ့ဇနီးရဲ့ပိုက်ဆံအိတ်ကို ဘယ်တုန်းကမှ သွားဖွင့်မကြည့်ခဲ့ပါဘူးတဲ့လေ။

ဘာကြောင့်လဲဆိုတော့ “ဒါဟာ လိုက်နာစောင့်ထိန်းရမယ့် လေးစားမှုနဲ့ ကျင့်ဝတ်စည်းစနစ်လို့ သူခံယူထားတဲ့အတွက်ဖြစ်တယ်”လို့ ရှာရွတ်ခန်းက ရှင်းပြပါတယ်။

သူ့ဇနီးရဲ့ပိုက်ဆံအိတ်ကို အိမ်ထောင်သက် နှစ် ၃၀ ကြာတဲ့အထိ လုံးဝကို ဖွင့်မကြည့်တဲ့အပြင် သူမွေးထားတဲ့ သူ့ရဲ့သမီးအပေါ်မှာလည်း ရှာရွတ်ခန်း လေးစားမှုနဲ့ ကျင့်ဝတ်တစ်ခု ထားရှိပါတယ်။ အဲ့ဒါကတော့ သမီးဖြစ်သူရဲ့အိပ်ခန်းထဲကို တံခါးမခေါက်ဘဲနဲ့ ဘယ်တော့မှ မဝင်ရောက်တာပါပဲ။

“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့အိမ်ထောင်သက်က နှစ်သက်တမ်း ၃၀ ရှိလာခဲ့ပြီ။ အခုအချိန်ထိ ကျွန်တော့်ဇနီးရဲ့ပိုက်ဆံအိတ်ကို ကျွန်တော် ဘယ်တော့မှ ဖွင့်ပြီး မကြည့်ခဲ့ပါဘူး။ ကျွန်တော့်သမီးရဲ့အိပ်ခန်းထဲကိုဆိုရင်လည်း ကျွန်တော် အခုထိ တံခါးကို အရင်ဆုံးခေါက်ပြီးမှပဲ ဝင်ပါတယ်။ ဒါဟာ အခြေခံထားရှိရမယ့် လေးစားမှုနဲ့ ကိုယ်ကျင့်တရားလို့ပဲ ကျွန်တော် ခံယူထားပါတယ်”ဆိုတာက ရှာရွတ်ခန်း ပြောကြားလိုက်တဲ့စကားလုံးတွေပါပဲ။

ဒီလိုခံယူချက်တွေ၊ ကိုယ်ကျင့်တရားတွေကြောင့်ပဲ ရှာရွတ်ခန်းရဲ့ပရိသတ်တွေက သူ့ကို King Khan မှ King Khan ရယ်လို့ ဂုဏ်ယူဝင့်ကြွားနေကြတာဖြစ်မယ် ထင်မိပါရဲ့။

08/01/2024

👏👏👏

Photos from စမိုင်းလ် Smile's post 06/01/2024

အားကျတယ်ဗျာ 🙉😎

10/12/2023

❤️

10/12/2023

😅

10/12/2023

ကိုယ်မကောင်းဘူးထင်လို့ မပတ်သက်တဲ့လူတွေကို
ကိုယ်ဘက်ကလည်း ခပ်ကင်းကင်းပဲနေပြလိုက်တယ် ။

ကိုယ်ကမေတ္တာတရားကြီးမားတဲ့လူတစ်ယောက်တော့ မဟုတ်ပေမဲ့ ငါဒါလုပ်လိုက်ရင် သူဘယ်လိုခံစားရမလဲဆိုတဲ့ ဖြည့်တွေးပေးတတ်တဲ့စိတ်တော့
အပြည့်အဝရှိတယ် ။

ကိုယ့်မှာမကောင်းတဲ့အချက်တွေ
အများကြီးရှိချင်ရှိမယ်
ဒါပေမယ့်
အောက်တန်းကျတဲ့ စိတ်တော့ မရှိဘူး။

ကိုယ့်အကြောင်းကိုယ်အသိဆုံးမို့ တစ်ဖက်လူဘယ်လိုထင်ထင် မြေကြီးလိုစိတ်ထားမျိုးနဲ့ပဲ ကမ္ဘာကြီးပေါ်မှာနေထိုင်ပါတယ်။

🤍🫀

#ဖားစည်ရည်ကျော်

02/12/2023

❤️

11:11 𝐏𝐌 26/11/2023

ခြေလက်အစုံနဲ့ မိန်းခလေးတွေဆီက လိုက်ချုစားတဲ့အကောင်တွေနဲ့များ ကွာဘ👀🤔

11:11 𝐏𝐌

22/11/2023

💪

🔅▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။

သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..

20/11/2023

❤️😇

အလကားလူ မဖြစ်စေနဲ့

ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်....။
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်.....။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....။

လေးစားစွာဖြင့်....ပြန်လည်မျှဝေပါသည်။

20/11/2023

❤️

ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ့်စိတ်ဓာတ် ပိုပြီး ခိုင်မာလာခဲ့တယ်။

ကိုယ့်ကို ချစ်ခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် ကိုယ်နှလုံးသား ပိုပြီး ပြည့်ဝလာခဲ့တယ်။

ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ်ဟာ အရေးပါကြောင်း ခံစားခဲ့ရလို့ပါ။

ကိုယ့်အပေါ် စိုးရိမ်ပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ ကိုယ့်အပေါ် ဂရုစိုက်ကြောင်း သိစေခဲ့လို့ပါ။

ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ဘယ်အရာမှ ထာဝရမဟုတ်ဘူးဆိုတာ သိခွင့်ရခဲ့တယ်။

ကိုယ့်အနားမှာ ခုထိ ရှိနေပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် စစ်မှန်တဲ့ မိတ်ဆွေတွေအကြောင်း နားလည်ခဲ့ရတယ်။

ကိုယ့်ဘဝထဲကို ဝင်လာခဲ့ကြတဲ့သူတွေ၊ ကူညီခဲ့ကြတဲ့သူတွေ အားလုံး အားလုံးကို တကယ် ကျေးဇူးတင်မိပါတယ်။

crd
#ပန်းပျိုးလက်.

20/11/2023

ကျွန်တော့်ရဲ့ ဟုတ်သတင်းတွေ
မဟုတ် သတင်းတွေကစ အကုန်လုံး
မင်းအပြစ်တွေပဲ ဆိုတဲ့ လူတွေကို စိတ်ရှည်ရှည်နဲ့
ပြန်မဖြေရှင်းတော့ဘူး..။

ကျွန်တော် လွတ်လွတ်လပ်လပ်ပဲပျော်ချင်တယ်...

ကျွန်တော်ပျော်ရွှင်မှုက ဘယ်သူမှ မထိခိုက်ရင်ပြီးရော

ဘာလုပ်လုပ် အပြစ်မြင်တဲ့မျက်လုံးတွေနဲ့
ကြည့်နေကြတဲ့ လူ့အသိုင်းအဝိုင်းမှာ
ကျွန်တော် ဘယ်လောက်မှန်ကြောင်း
ချ မပြတော့ဘူး...။

အခုနောက်ပိုင်းဆို
ကျွန်တော့်ကို မလိုလားတဲ့ ပတ်ဝန်းကျင်၊
လူ့ အသိုင်းအဝိုင်းတစ်ချို့ကနေ
ကျွန်တော် ရှောင်ဖြစ်လာတယ်။

ကျွန်တော် မကောင်းဘူးထင်ရင် မပတ်သတ်ပါနဲ့
ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်
မပတ်သတ်မိအောင် နေတယ်...

ကျွန်တော့်ကို သူတို့ကြိုက်သလို
ထင်ချင်သလို ထင်ကျပါစေ
ကျွန်တော် လူတွေကို ထပ်ရှင်းပြမနေတော့ဘူး 🙂

ရေသန့်ဘူးကောက် ကူလီထမ်းရတဲ့ဘ၀ကနေ သိန်းသောင်းချီချမ်းသာလာတဲ့လူ 20/11/2023

ကိုယ်လဲ ကောက်ချ ပလိုက်တော့မယ် တခုခု 👀

ရေသန့်ဘူးကောက် ကူလီထမ်းရတဲ့ဘ၀ကနေ သိန်းသောင်းချီချမ်းသာလာတဲ့လူ A man who became rich by tens of thousands from a life of working as a coolie to collect bottled […]

19/11/2023

လူအများစုက သူဌေးဖြစ်ချင်ကြတယ်။
ဒါပေမယ့် သူတို့ဘာလုပ်ရမလဲဆိုတာကိုတော့ သေချာမသိကြဘူး။ အရေးအကြီးဆုံးအချက်ကတော့ နေ့စဉ်ဘ၀ အလေ့အကျင့်တွေကို ပြောင်းလဲပစ်ဖို့ပဲပါပဲ။
သူဌေး နေသလို၊ သုံးသလို နေချင်သုံးချင်ရင် နေ့စဉ်ဘ၀ကို သူတို့ဘယ်လိုဖြတ်သန်းလဲဆိုတာကို သိရှိလိုက်နာနေထိုင်နိုင်ဖို့ လိုအပ်လိမ့်မယ်မဟုတ်လား။
ဒီလိုပြောလို့လဲ သူဌေးသုံးလျှောက်သုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ဆီက နေ့စဉ် အလေ့အကျင့်ကောင်းတွေကို အတုယူနေထိုင်ဖို့ကိုပြောချင်တာပါ။

၁။ စောစောထဖို့လိုပါတယ်။

အိပ်ယာကနေ စောစောထပါ။ နေ့စဉ်ထုတ်သတင်းစာတွေဖတ်။ အသေးအမွှားအလုပ်တွေကို ပြီးအောင်လုပ်လိုက်ပါ။ ပြီးရင် သင့်ရဲ့အရည်အချင်းတွေ တိုးတက်လာဖို့အတွက် သက်ဆိုင်ရာအကြောင်းအရာတစ်ခုကို လေ့လာချိန် မိနစ်(၃၀)ပေးပါ။ ဒါဆိုရင် တစ်နေ့တာလုံးမှာ အခြားသူတွေထက် ရှေ့ကို တစ်လှမ်းကြိုရောက်နေမှာပါ။

၂။ နားရက်မှာ အချိန်ဖြန်းတာကို မလုပ်ပါနဲ့။

သင့်ရဲ့နားရက်ကိုလည်း အကျိုးရှိရှိအသုံးချနိုင်ဖို့ လိုပါတယ်။ ဒီလို ပြောလို့ အလုပ်ချည်းပဲ လုပ်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အချိန်ဖြန်းတာ၊ စိတ်ပျော်ရွှင်စရာတွေကို လုပ်ဆောင်တာတွေကို လုပ်လို့ရပါတယ်။ ဒါပေမယ့် သင့်ရဲ့ ရည်မှန်းချက်တွေကို မမေ့ပါနဲ့။ အခြားသူတွေ အချိန်ဖြုန်းနေတဲ့အချိန်ကို အပိုဆုအချိန်အဖြစ်သဘောထားပြီး သင့်လုပ်ငန်းအကြောင်း၊ ငွေရေးကြေးရေးအခြေအနေအကြောင်း လေ့လာဖို့ အသုံးပြုပါ။

၃။ ငယ်ရွယ်စဉ်ကတည်းက ရေရှည်ကိုတွေးပြီး အစပြုပါ။

အောင်မြင်ချမ်းသာဖို့အတွက် အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး။ သင့်အနာဂတ်အတွက် ငယ်စဉ်ကတည်း စီစဉ်ထားနိုင်တာနဲ့အမျှ ပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်။ နောင်ရေးနဲ့ပတ်သက်ပြီး စဉ်းစားဖို့ ငယ်ပါသေးတယ်ဆိုတာ မရှိပါဘူး။ ဒီလိုမှ ကြိုမတွေးထားဘူးဆိုရင် သူများနောက်မှာ ကျန်နေခဲ့မှာ သေချာပါတယ်။ တကယ်လို့ ဖြစ်ချင်တဲ့ ရည်မှန်းချက်က အရမ်းဝေးကွာလွန်းနေတယ်ဆိုရင်တောင် ငယ်စဉ်ကတည်းက တတ်နိုင်သမျှ စီစဉ်ထားဖို့ လိုပါတယ်။

၄။ အွန်လိုင်းမှာ ပညာရှာပါ။

အင်တာနက်ဟာ ပညာရှာဖို့ အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ YouTube လို ဗီဒီယိုဆိုက်ဒ်တွေနဲ့ အခြား ပညာရေးအင်တာနက်စာမျက်နှာတွေမှာ စျေးကွက်ပညာတွေ၊ ငွေကြေးအကြောင်းအရာတွေ စသဖြင့် သင်ယူလေ့လာစရာတွေ အများကြီးရှိနေပါတယ်။ သင့်အနေနဲ့ အင်တာနက်ကို စာကြည့်တိုက်တစ်ခု အဖြစ် မမြင်ဘူးဆိုရင် လွဲမှားတဲ့နည်းလမ်းနဲ့သုံးနေတာပဲ ဖြစ်ပါတယ်။

၅။ ရည်မှန်းချက်တွေကို အရင်ဆုံးအာရုံစိုက်ပါ။

ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ အလုပ်နဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွ အားလုံးကို အပြည့်အ၀အာရုံစိုက်ပါ။ ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်မနေပဲ အခြားရည်မှန်းချက်တွေ အောင်မြင်ဖို့ကိုလည်း အာရုံစိုက်ပါ။

www.mmgentleman.com

Photos from My day's post 18/11/2023

❤️

Want your business to be the top-listed Event Planning Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

26 march 2023 Edm & Vina ( Private party )🎉 လာပေးကြတဲ့သူများအားလုံး ကျေးဇူး🤘😈😎
📰စာဖတ်ရတာ ကြိုက်နှစ်သက်တဲ့ ကောင်လေး😈
#Amazing Grace နဲ့တွေ့မှပဲ... 🌚    ကို့ Shoot စကေးတွေ... ထုတ်သုံး🔥😜😁တကူးတက ရိုက်ပေးတဲ့ ကိုနေ 🙏Thanks ပါဗျ    Snap Video ...
🔥😿နင်လေ မမုန်းနဲ့ 🙊#KnZo666
မမဆယ်လီတွေနဲ့ ကိုနဲ့ 😜🌚🔥#KnZo666

Category

Website

Address


Yangon

Other Event Planners in Yangon (show all)
JustParty.CS JustParty.CS
Room No 401, Building F3, Ngu War Street, ShuGinThar Housing, Tharkata Township, Yangon City
Yangon, 11231,11232

Invitation letter, Photo, video

Htet Arker Switch & Balloons Htet Arker Switch & Balloons
Zayar Myaing Street
Yangon

Decoration service for anykind of ceremony

IRIS media & marketing IRIS media & marketing
Yangon

"Shopping Mall များနှင့် Public Area များတွင် Expo & Promotion ဈေးပွဲတော်များ ပြုလုပ်ပေးလျက်ရှိပါသည်"

Miriam Floral Service Miriam Floral Service
No. 127, Bogyoke Street(Corner Of 48 Street), Botahtaung Township
Yangon

Floral Service , Wedding Floral Service

ELEVATE ELEVATE
Yangon, 110105

ELEVATE Events is your full-service affiliate providing you with everything you need from A to Z.

Sound Of Survival Sound Of Survival
Yangon

Sound Of Survival took us a wild ride beyond our imagination. The good vibrations were unmatched.

LH events LH events
Yangon

uploader Lwin Htoo

Promo Pwal Myanmar Promo Pwal Myanmar
Yangon

Promo Pwal Myanmar is another project about promoting & promotion fair by JeDerns Pwal Co., Ltd.

Little Prince Events Little Prince Events
Yangon

Balloon-arches-and-styling prop hire

Timeless - Event Planning Services Timeless - Event Planning Services
Yangon

Planning an important celebration? We have the creativity & event management skills to make your ideas come alive.You can sit back and we'll get it done. Just call us now. Let u...

Shal litt Entertainment Shal litt Entertainment
Pazundaung
Yangon, JAN12345

Event organizers

MAGIC Events Management MAGIC Events Management
Bldg 127, Rm 3, Yan Naing Lane No. 6, East Yankin Township
Yangon, 11091

One Stop Event Services Provider. LGBT Owned Business. 09798550558 [email protected]