Win Hotpot

Win Hotpot

Offering the best and authentic Halal Hotpot, Mala Xiang Guo and BBQ In Town.

We provide our customer the best value and quality with a mixture of natural herb and spices!

Photos from Win Hotpot's post 01/03/2024

စမ်းချောင်းမြို့နယ်မြေနီကုန်း rooftop ပေါ်မှာဖွင့်ထားတဲ့
Win hotpotမှာ BBQအကင်ဗန်းကြီးရပါပြီ 🏬
အကင်တွေစားနေရတာရိုးနေသူများအတွက်
မာလာနံလေးသင်းသင်းလေးနဲ့🍡🍢🍣🍱🍝

ထန်ရည်လေးတစ်ငုံသောက် အကင်စုံလေးစားနဲ
လေပြေညှင်းလေးနဲ့အတူ
အပေါ်ဆုံးထပ် အလှအပလေးခံစားရင်း

သူငယ်ချင်း မိသားစုတွေနဲ့ အေးဆေးထိုင်ပြီးလည်း စကားပြောချင်တယ်
စားပြီးရင်းစားခြင်လျှာကျွမ်းပြန်စေမယ့်အရသာနဲ့
စားသောက်ခြင်တယ်ဆိုရင်

Win Hotpot ရဲ့ customer တွေအားလုံးကိုလာရောက်အားပေးဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင့်
အပေါ်ဆုံးအထပ်ကနေ နေရာကောင်းကောင်း ဗျူးကောင်းကောင်း လေတစ်ဟူးဟူးလေးနဲ့ ထိုင်ပြီးရင်မထခြင်လောက်အောင်အေးချမ်းသာယာချက်

Event ပွဲတွေလုပ်မယ်ဆိုရင်အရန်းကောင်းနဲ့နေရာလေးပါရှင့်. 10ယောက်နဲ့အထက်ဆိုရင်တော့Booking လေးလုပ်ပြီးလာရောက်အားပေးလို့ရပါတယ်ရှင့်.

💙 အချိန်အကန့်အသတ်မရှိ နံနက်၉:၃၀မှည၉နာရီ💙

❤️ဟော့ပေါ့ မူကထ🥘🫕🥘🫕15000🍛🍲

🧡မာလာရှမ်းကော မာလာမောက်ချိုက်🧡

💜 တစ်set ၁၅၀၀၀တန်၁၅၀၀၀ တန် တန်မှတန်💜

🧡တစ်ယောက်စားလို့မနိူင်အကူတစ်ယောက်ပါခေါ်🧡

🎉 မွေနေ့ Dinner ဧည်ခံပွဲ win Hotpot မှာ 🎉

🎭အကောင်းဆုံးစာဖိုးမူးတွေရဲ့အကောင်းဆုံးလက်ရာ

🥓🍤🥩🫕🍲ဟင်လျာအစုံ လည်းရမယ်

💛100% Halal စစ်စစ်ဖြစ်လို့ လူတိုင်းလာစားလို့ရတယ်

❤အမှတ်၂၅၈ဗာဂရာလမ်းမြေနီကုန်း

💚 09777626765 💚

29/02/2024

ချဉ်ပေါင်ရွက်တွေကိုငါးခြောက်ရိုး၊ငရုတ်သီးစပ်စပ်နဲ့အညာဆန်ဆန်ချက်တဲ့ချဉ်ပေါင်စပ်ချဉ်ချက်လေးအကြောင်း။
ကျွန်တော်က အာဗြဲခြောက်(ငါးဖောင်ရိုးခြောက်)လေးသုံးပြီးချက်ထားပါတယ်။

ဒီဟင်းလေးရဲ့အတွဲအဖက်ကတော့ ပဲရေပွ
ကြော်ပေါ့။ ဟင်းရည်တောင်မလိုပဲ ရေနွေးလေးနဲ့မျှောချလို့ရအောင်ကိုပြည့်စုံတဲ့ဟင်း။
ချက်ကြည့်ရအောင်...။

သရိုးသရီချက်တဲ့ ချဉ်ပေါင်ချဉ်စပ် အညာချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ချဉ်ပေါင်ရွက်အစည်းသေး..........၃စည်း
ငါးဖောင်ရိုးခြောက်(အာဗြဲ)........၁၀ကောင်
ကြက်သွန်နီ...........................၁လုံး
ကြက်သွန်ဖြူ........................... ၅တက်
ခရမ်းချဉ်သီးမှည့်မှည့်................၃လုံး
ငရုတ်ခြောက်တောင့်.................၅တောင့်
ငရုတ်သီးစိမ်း...........................၇တောင့်
ရုံးပတီသီး................................၃တောင့်

ချဉ်ပေါင်ရွက်တွေကို ရိုးတံမပါစေပဲအရွက်လေးတွေချည်းခြွေပြီးရေဆေး၊စစ်ထားပါ။

မိမိသုံးလိုတဲ့ငါးခြောက်ကိုအတုံးငယ်လေးတွေတုံးပြီးရေနွေးနွေးလေးဖြင့်စိမ်ထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးခြောက်တောင့်တို့ကိုရောပြီးထောင်းပါ။

ခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းကိုသီးသန့်စီ
ခပ်ကြမ်းကြမ်းလှီးပါ။

ထောင်းထားသောကြက်သွန်အရော ၊ ခရမ်းချဉ်သီးတွေကိုနနွင်းမှုန့်လေးအနည်းငယ်ဖြင့်အုပ်ချက် ချက်ပါ။

အနှစ်ကျပြီးဆီပြန်လာလျှင်ရေစိမ်ထားတဲ့ငါးခြောက်ကိုရေစစ်ပြီးထည့်ပါ။ ခပ်ကြမ်းကြမ်းလှီးထားတဲ့ငရုတ်သီးစိမ်းတွေလဲထည့်ကာ ငါးငံပြာရည်၊အရသာမှုန့်ဖြည့်စွက်ပါ။

ငရုတ်သီးစိမ်းနံ့ပျောက်စေရန်ခေတ္တအဖုံးအုပ်ထားပေးပါ။

(၃)မိနစ်ခန့်ကြာလျှင်အဖုံးလှပ်ပြီးချဉ်ပေါင်တွေထည့်မွှေပါ။ရေအနည်းဖြည့်စွက်ပြီးအဖုံးပြန်ဖုံးထားပါ။

ချဉ်ပေါင်ရွက်တွေအိပြီးပျော်သွားပြီဆိုမှ ပါးပါးလှီးထားတဲ့ ရုံးပတီသီး လေးတွေထည့်မွှေပါ။

ချို ၊ ချဉ် ၊ ငံ ၊ စပ်အရသာနှင့်အတူ တစ်မယ်
တည်းနှင့်ထမင်းပြီးစေမယ့်ပွဲသိမ်းဟင်းလေးပေါ့။

29/02/2024

အရမ်းကောင်းတဲ့ငါးသံပုရာပေါင်း

29/02/2024

မာလာရှမ်းကော win မှာစားမယ်

29/02/2024

စားခြင်တာအစုံစားလို့ရပြီ

29/02/2024

ဟော့ပေါ့ဆိုwin မှwinဘဲ

29/02/2024

စားလို့ကောင်းတန်မှတန်

Photos from Win Hotpot's post 28/02/2024

Hotpot မူကထ မာလာရှမ်းကော မာလာမောက်ချိူက်

28/02/2024

တန်တန်တန်Win hotpot မှာစားရတန်ချက်

28/02/2024

အားလုံးကြိုက်ကြတဲ့ ပြည်ပလာတာ (၁၀ယောက်စာ) ပြုလုပ်နည်း

ပလာတာ - ၁၅ချပ်
ကြက်သား - ၅၀ကျပ်သား
အာလူး - ၃၅ကျပ်သား
ကုလားပဲ - ၂၀ကျပ်သား
ငရုတ်ပွခြောက် - ၆တောင့်
ကြက်သွန်နီ - ၄လုံး
ချင်း - လက်တစ်ဆစ်
ကရဝေးရွက် - ၂ခု
ပဲနံ့သာစေ့ -လက်ဖက်ရည်ဇွန်း ၂ဇွန်း
မဆလာ - အနည်းငယ်
ဆီ - စားပွဲတင်ဇွန်း၁၀ဇွန်း
ဂေါ်ဖီထုပ် - တစ်စိတ်(ခြစ်ထားပါ)
ကြက်သွန်နီ - ၅လုံး(ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း- အနည်းငယ်
သံပုရာသီး- ၅လုံး
ပူစီနံ - ၂စည်း

~ကုလားပဲများကို (၃)နာရီခန့် ရေစိမ်ြပီး နူးအောင်ပြုတ်ထားပါ။ ပဲနူးလျှင် အအေးခံ၍
ကြိတ်စက် (Blender) ထဲသို့ ထည့်ကြိတ်ကာ အိုးအကြီး တစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။

~ကြက်သားများကို အရွယ်တော်အတုံးများ တုံး၍ ရေဆေးပီးအရသာမှုန့် နနွင်းမှုန့် ဆား မဆလာတို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲတွင် (၂)နာရီခန့်နှပ်ထားပါ။

~ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ပြီး ကြက်သွန်နီ၊ ချင်းတို့နှင့် ရောကာညက်အောင် ထောင်းထားပါ ။

~အာလူးများကို အခွံခွာ၍ လေးစိတ်စိတ်ကာ ရေစင်အောင်ဆေးပါ။ ထို့နောက်အရသာမှုန့် ဆားတို့ဖြင့်နယ်ကာ ဆီပူပူတွင်(၃)မိနစ်ခန့် ဟိုဘက်ဒီဘက်လှန်ကာကြော်ပီးဆယ်ထားပါ။

~ထိုဆီထဲသို့ကရဝေးရွက်နှင့်ပဲနံ့သာစေ့ တို့ကို ထည့်မွှေပီး အနံ့မွှေးလာလျှင်ထောင်းထားသောအနှစ်များကိုထည့်၍ဆီသတ်ပါ။

~အနှစ်များမွှေး၍ကြွပ်လာလျှင်ကြက်သားများထည့်လုံးပါ။အသားများကျစ်လာလျှင်အာလူးထည့်မွှေပီးရေနွေးကိုနည်းနည်းချင်းစီထည့်၍ချက်ပေးပါ။

~ကြက်သားနှင့်အာလူးများနူးလာလျှင်ကုလားပဲအနှစ်အိုးထဲသို့ထည့်မွှေပေးပါ။

~ထို့နောက်ရေနွေးကိုမပျစ်မကျဲရောပေး ၍အရသာမြည်းကာစိတ်ကြိုက်ဖြစ်လျှင်
မီးပိတ် ပေးလို့ရပါပြီ ။

~စားခါနီးလျှင်ပန်းကန်တစ်ခုထဲသို့ပလာတာများမွှထည့်ပေးပီးအပေါ်မှကြက်သားအာလူးပဲရည်ဆမ်း ဂေါ်ဖီ ကြက်သွန်နီ ငရုတ်သီးစိမ်း ပူစီနံနှင့်သံပုရာရည်ထည့်ကာရောမွှေသုံးဆောင်နိုင်ပါပြီ။

မူရင်းရေးသားသူ (လေးစားစွာဖြင့် ခရက်ဒစ်)

28/02/2024

ဒီ Content လေးက AI နဲ့ရေးပြီး Google Translate နဲ့ ဘာသာပြန်ထားတဲ့ Content လေးပါ ... 😋 (တချို့ထောက်နေတဲ့ စကားလုံးလေးတွေပဲ ပြင်ထားပါတယ်) AI ပြောပြသော ဟော့ပေါ့နဲ့လိုက်တဲ့ အချဉ်ရည်တစ်ခွက် ဘယ်လိုစပ်မလဲဆိုတဲ့ အကြောင်းပေါ့ ... 💁‍♀️

အော် စကားမစပ် ပုံကလည်း AI နဲ့ထုတ်ပြီး စာထိုးပေးထားတာနော် 😛

❤️ Spicy Mala Sauce (မာလာအစပ်ဆော့) ❤️

ပါဝင်ပစ္စည်းများ

ပဲငံပြာရည် ၃ ဇွန်း
နှမ်းဆီ ၂ ဇွန်း
ငရုတ်ဆီ (သို့) ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း (နှစ်သက်ရာ အစပ်အတွက် အရသာညှိ)
စီချွမ်ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း (ကင်ပြီး ထောင်းထားပါ)
ကြက်သွန်ဖြူ ၂ မွှာ နုတ်နုတ်စင်းထားပါ
ဂျင်း ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရွေးချယ်နိုင်သည်)

ညွှန်ကြားချက်များ

ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်ဆီ သို့မဟုတ် ငပိ၊ စီချွမ်ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်းပါးပါးလှီး၊ ကြက်သွန်မြိတ်နှင့် သကြား (အသုံးပြုလျှင်) ရောမွှေပါ။ ငရုတ်သီးဆီ အနည်းအများထည့် သို့မဟုတ် စိတ်ကြိုက်ထည့်ခြင်းဖြင့် အစပ်အဆင့်ကို ချိန်ညှိပါ။

အရသာများ ရောနှောသွားစေရန် ဆော့ကို မစားမီ 15-30 မိနစ်ခန့် ထားပေးပါ။

❤️ Peanut Sesame Sauce (မြေပဲနှမ်းဆော့စ်) ❤️

ပါဝင်ပစ္စည်းများ

ပဲငံပြာရည် ၃ ဇွန်း
နှမ်းဆီ ၂ ဇွန်း
မြေပဲထောပတ် 2 ဇွန်း
ဆန်ရှာလကာရည် ၁ ဇွန်း
ကြက်သွန်ဖြူ ၁ မွှာကို ပါးပါးလှီးထားပါ
ကြက်သွန်နီ ၁ ဇွန်းကို ပါးပါးလှီးထားပါ
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ (သမအောင် ချိန်ညှိရန်)

ညွှန်ကြားချက်များ

ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ နှမ်းဆီ၊ မြေပဲထောပတ်၊ ဆန်ရှာလကာရည်၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် သကြား (သုံးလျှင်) ရောမွှေပါ။
လိုချင်သော သမအောင် ဖြည်းဖြည်းချင်း ရေထည့်ကာ ချောမွေ့သည်အထိ ကောင်းစွာ မွှေပေးပါ။ မြည်းကြည့်ပြီး ဟင်းခတ်မှုန့်အနည်းအများကို ချိန်ညှိလို့ရပါတယ်။

❤️ ပင်လယ်စာဆော့ Seafood Dipping Sauce ❤️

ပါဝင်ပစ္စည်းများ

ပဲငံပြာရည် ၃ ဇွန်း
ဆန်ရှာလကာရည် ၂ ဇွန်း
နှမ်းဆီ ၁ ဇွန်း
သကြား သို့မဟုတ် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ ၁ မွှာကို ပါးပါးလှီးထားပါ
ဂျင်း ထမင်းစားဇွန်း ၁ ဇွန်း
နံနံပင်အနည်းငယ်ကို ပါးပါးလှီးထားပါ
ငရုတ်သီးအစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ ၁ လုံးကို ပါးပါးလှီးထားပါ

ညွှန်ကြားချက်များ

ဇလုံတစ်ခုထဲတွင် ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ နှမ်းဆီ၊ သကြား (သို့) ပျားရည်၊ ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ ဂျင်းနုတ်နုတ်စင်း၊ ငရုတ်သီးများ ရောမွှေပါ။

သကြားပျော်သွားသည်အထိ ပါဝင်ပစ္စည်းများအားလုံးကို သေချာရောမွှေပါ။ ဆော့ကို မြည်းကြည့်ပြီး အရသာကို စိတ်ကြိုက်ပြင်ဆင်ပါ။ အပေါ့အငန်အတွက် ပဲငံပြာရည်၊ အချိုအတွက် သကြားပိုထည့်နိုင်သည် သို့မဟုတ် အပူအတွက် ငရုတ်သီးအမှုန့်များ များများထည့်နိုင်သည်။ လတ်လတ်ဆတ်ဆတ်နှင့် အရသာရှိစေရန်အတွက် ပါးပါးလှီးထားသော ကြက်သွန်နီစိမ်းဖြင့် အလှဆင်ပါ။

အသုံးဝင်တယ်ဆို React & Share လေး လုပ်သွားပါဦးနော် (ဒါကတော့ မင်မင်ထပ်ဖြည့်)

#အားလုံးကြိုက်တဲ့မာလာ #မာလာဆိုချွမ်းဝေဝမ်

27/02/2024
Photos from Win Hotpot's post 27/02/2024
27/02/2024

မထူးဆန်းပေမယ့် နည်းလေးတော့ မျှပါရစေ
~~~~~~~~~~~~~~~~~~~~~~~~
ကြောင်လျှာသီးကြော်
••••••••••••••••••
••••••••••••••••••
အရင်ဆုံးကြောင်လျှာသီးကို မီးအုံးပါ……
တအားမကျက်စေရပါ…အနည်းငယ် စိမ်းရုံသာ ပြပါ…
ပါးပါးလှီး ဆားနယ်ထားပါ…

ကြက်သွန်နီ ပါးပါးလှီးထား…ငြုပ်ပွ မညက်တညက်ထေါင်း…
ပုဇွန်ခြောက်ရောထောင်း… မြေပဲဆန်လေးပါ ထည့်ထေါင်းပါ…

စိမ်းစားငါးပိ ရေပျစ်ပျစ်ဖျော်ထားပါ…

အသီးများကို အရေညှစ်ပါ…အခါးကြိုက်ရင် တခါ…မကြိုက်ရင် ၂ခါ ၃ခါ ညှစ်ထုတ်ပါ…ရေဆေးပြီး ရေကုန်အောင်ညှစ်ထားပါ

ဆီအိုးတည်…ကြောင်လျှာကြော်ရင် ဆီသုံးရပါတယ်…ဆီနည်းရင် စားမကောင်းပါ…

ကြက်သွန်ဆီသတ်…အစိမ်းနံ့ပျောက်ရင် ပုစွန်ငြုပ်ထေါင်းထည့်

မီးမပြင်းစေပါနဲ့… စိတ်ရှည်ခြင်းဟာ ဟင်းကောင်းတခွက်အတွက် အရေးကြီးဆုံးပါ……
အနံ့မွှေးလာရင် အသီးထည့်ပါ ငါးပိဖျော်ထည့်ပါ……

အရသာအတွက် ဆား ဟင်းခတ်မှုန့် ထည့်ပါ…

သတိပြုရန်မှာ…ငံပြာရည် မထည့်ပါနဲ့……
ကြောင်လျှာ ကြက်ဟင်းခါး စတဲ့ အခါးဓါတ်ပါတဲ့အသီးအပွင့်တွေချက်ရင် ငံပြာရည်ကြောင့် ပိုခါးတတ်ပါတယ်…………

နူးရန်အတွက် ရေအနည်းငယ်ထည့်ပါ…
အဖုံးအုပ်ထား…ဆီပြန် လို့ အရသာလည်း စိတ်ကြိုက်ဖြစ်ရင်……အရသာရှိရှိ ဟင်းတခွက် ရပါပြီ……

ခံတွင်းမြိန်စေမှာ အသေအချာပါ
မူရင်းရေးသားသူအားလေးစားစွာဖြင့် Creditပေးပါတယ်
/Photo

26/02/2024

"ဘူးသီးကြော်မုန့်နှစ်စပ်နည်း
🍐🍐🍐🍐🍐🍐🍐🍐🍐
ဘူးသီးကြော်ကြွပ်ကြွပ်ရွှရွှလေးဆိုအရမ်းကြိုက်
ဘူးသီးနုနုပေါ်တဲ့အချိန် အိမ်မှာ စားဆီသန့်သန့်လေးနဲ့
ကြော်စားရအောင် home made လက်ရာကောင်းကောင်းလေးပါနော်
ဆိုင်ကြော်အတိုင်းအချိန်ကြာကြာကြွပ်တဲ့နည်း"လေးမို
ကြော်စားချင်တဲ့အချိန် ကြော်စားရအောင် အချိုးအစားပါဝင်ပစွည်း လုပ်နည်းလေး💝 Share သိမ်းထာလို့ရပါတယ်
🍐🍐🍐🍐🍐🍐
သူ့အချိုးလေးက
1.ဆန်စိမ်းမှုန့် -240 g
2.ကောက်ညှင်းမှုန့်-120 g
3.ပဲစိမ်းမှုန့် -1 tbsp မောက် မောက်(20 g)
4.Baking soda. -1/2 tbsp
5.Baking Pd. -1/4 tbsp
6.ကြက်ဥ -တစ်လုံး
အားလုံးသမအောင်မွှေပြီးဘူးထဲထည့်သိမ်းထား။

*အကြော်ကြော်ရန်-အကြော်မှုန့်ကိုရေခဲရေနဲ့ဆတူနီးပါးရောဖျော်ပါ။ရေခဲရေကိုနဲနဲစီအရင်ရောပါ။လိုမှထပ်ထည့်ပါ။မုန့်နှစ်အပျစ်အကျဲကနို့ဆီလိုပျစ်တဲ့အနေဆိုရပါပြီ။မုန့်နှစ်ကိုအနည်းဆုံးနာရီဝက်နှပ်ထားပြီးမှကြော်ခါနီး ဆား1/4tsp,ဆီ1 tbsp(ဆီထည့်ခြင်းအားဖြင့်မုန့်သားကိုပိုမိုကြွပ်ရွစေပါတယ်)ဂျင်းကြက်သွန်ဖြူထောင်းထည့်လိုလျှင်ထည့်မထည့်လည်းရပါတယ်၊အရောင်တင်မှုန့်1/4 tsp(အရောင်တင်မှုန့်)
အားလုံးသမအောင်မွှေပါ။

ဒီအချိုးကအကြော်မှုန့်160 g(တစ်ဆယ်သား)အတွက်ပါ။
*ရေးကြီးတာကကြော်မယ့်ဘူးသီးကိုအလုံးလိုက်ရေဆေးအစိပ်မထူမပါးအခွံပါလှီးထားပြီးအတတ်နိုင်ဆုံးရေခြောက်အောင်သုတ်ထားပါ။

*ခြောက်နေတဲ့ဘူးသီးစိပ်များကိုကြော်ခါနီးအကြော်မှုန့်နဲ့အနည်းငယ်လူးထားပါ။(ပုံပါအတိုင်း)အဲ့လိုလူးထားခြင်းအားဖြင့်မုန့်နှစ်နဲ့အသီးကွာသွားခြင်းမရှိပါ။
*ကြော်တော့မယ်ဆိုဆီအိုးပူအောင်တည်ဘူးသီးချောင်းများကိုတစ်ချောင်းစီမုန့်နှစ်ရည်လူးပြီးဆီပူထဲထည့်ကြော်ပါ။ကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်ပါ။ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ကြော်ပေးပါ။

**ဘူးသီးကြော်ရန်အဓိကအရေးကြီးတဲ့အချက်များ**
1.ကြော်မယ့်ဘူးသီးကရေလုံးဝမပါစေရ။
2.မုန့်နှစ်ကိုနို့ဆီလိုပျစ်နေအောင်ရေခဲရေနဲ့ဖျော်ရမည်။
3.မုန့်သားပိုမိုကြွပ်ရွစေရန်မုန့်နှစ်ထဲဆီတစ်ဇွန်းထည့်ဖျော်ပါ။
4.ခြောက်သွေ့နေတဲ့ဘူးသီးချောင်းများကိုကြော်ခါနီးအကြော်မှုန့်နဲ့လူးထားပါ။
5.ကြော်ခါနီးမှမုန့်နှစ်ထဲတစ်ချောင်းချင်းစီလူးကြော်ပါ။



ဒီလိုစားချင်စဖွယ်ဟင်းချက်နည်းလေးတွေကိုအများကြီးတင်ပေးထားလို့ ဒီPost(Page)လေးကို like & share လေလုပ်ထားဖို့တော့ လိုမယ်နော် အမျိုးတို့ရေ 😍😍😍
ပိစိမ စားသောက်ကုန် လက်လီလက်ကား
https://www.facebook.com/profile.php?id=61552586606285

25/02/2024

ကျန်းမာရေနဲ့ညီညွှတ်ပြီးအရသာလဲရှိအိမ်တွင်းဒိန်ချဉ်ပြုလုပ်နည်း

ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ်။

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။

ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ်။ အချိုးအဆကတော့ နွားနို့ ၁ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီိဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ ရပါတယ်။

ဒိန်ချဉ်နဲ့ စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ်။ အိုးမကပ်ရုံသာ ရေထည့်ပါနော်။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော်။

24/02/2024

ကြက်သား ကာလသဟင်း
----------------------------------------
ပွဲတော်ရက်များမှာ ကာလသား(လူငယ်) များစုပြီ အပျော်အဖြစ် ရွာထဲက ကြက်များကို ခိုးယူကာ ဗူးသီးရော ချက်ပြုတ်တဲ့ ဓလေ့ရှိတာမို့ ကြက်သား ကာလသဟင်းဟု အမည်တွင်ခြင်း ဖြစ်ပါတယ်။ ကာလသားတွေ ချက်စားတဲ့ ကြက်သား ကာလသားဟင်း ဘယ်လောက် စားကောင်းလည်း ဆိုတာသိဖို့ ကိုယ်တိုင် ချက်ကြည့်ရအောင်…
----------------------------------------
ပါဝင်ပစ္စည်းများ

ကြက်သား – ၄၅၀ ဂရမ် (အတုံးသေးများ တုံးပါ)(ကြက်ပေါင်၊ တောင်ပံ၊ ကြက်ခြေထောက် မိမိကြိုက်နှစ်ရာ ထည့်ချက်နိုင်သည်)
ဗူးသီး – တဝက် (အခွံနွှာပြီ တကိုက်စာ အရွယ်လေးများ တုံးပါ)
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – လက်တဆစ် (မညက်တညက်ထောင်းပြီ အရည်ညှစ်ပါ)
စပါးလင် – ၁ခု (မညက်တညက် ထောင်းကာ ချည်ပါ)
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
----------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ဆီသပ်ပေးပါ။

၂။ ပြီနောက် ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ စပါးလင် ထည့်ပြီ မိနစ်ဝက်ခန့် မွှေပေးပါ။

၃။ ပြီမှ ကြက်သား၊ ဆား ထည့်က၂မိနစ်ခန့် လုံးချက်ပေးပါ။

၄။ ရေ(၂ခွက်) ထည့်ပေးပြီ ကြက်သားကို ဆူအောင် မီးအသင့်တင့်ဖြင့် ၁၀မိနစ်ခန့် တည်ထားပါ။

၅။ ထို့နောက် ဗူးသီး၊ ငါးငံပြာရည်၊ ရေ(၂ခွက်) ရောပြီ နောက်ထပ်၅မိနစ်ခန့် ဆူအောင် တည်ပါ။

၆။ ဗူးသီး အနည်းငယ် နွမ်းသွားလျှင် အရသာအပေါ့အငံ့မြည်းပြီ မီးပိတ်လိုက်ပါ။

ရ။ အရသာကောင်းမွန်တဲ့ ကြက်သား ကာလသားဟင်းကို အရသာရှိစွာ ထမင်းဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ.

24/02/2024

လယ်သမားဟင်းရည်(ရှမ်းဟင်း)

♥️ရှူးရှဲအရသာရှမ်းလယ်သမားဟင်းရည်ကိုမျှဝေပေးလိုက်ပါတယ်ရှင့်♥️

✔ပါ၀င်ပစ္စည်း
(ကြက်သား)
ပုဇွန်ခြောက်
ဖရုံသီးအနု
ဂေါ်ရခါးသီး
ဂေါ်ရခါးရွက်
ခရမ်းကြွပ်သီး
ကြွက်နားရွက်မှို
အပ်မှို
ပဲသီး
ပြောင်းဖူး
ပင်စိမ်းရွက်
နံနံပင်
ငရုတ်သီးစိမ်း
စပါးလင်
ချင်း
ကြက်သွန်ဖြူ
ပဲပုပ်မှုန့်
ဆား
အသားမှုန့်

✔ချက်ပြုတ်နည်း

၁။ရေနွေးပွက်ပွက်ဆူလာရင်ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ၊ချင်း၊စ
ပါးလင်တို့ကိုဓားပြားရိုက်ပြီးထည့်လိုက်ပါ။
၂။နုပ်နုပ်စဉ်းထားတဲ့ကြက်သားကိုလုံးပြီးထည့်လိုက်ပါ။
၃။၅မိနစ်လောက်အုပ်ထားပြီးပါကပြင်ဆင်ထားတဲ့အသီးအနှံ၊ဆား၊အသားမှုန့်၊ပဲပုပ်မှုန့်တို့ကိုထည့်ပြီး၄မိနစ်လောက်ထပ်အုပ်ထားလိုက်ပါ။ ၄။အသီးအနှံနူးလာရင်သန့်စင်ထားတဲ့ဂေါ်ရခါးရွက်၊ပင်စိမ်းရွက်၊နံနံပင်တို့ကိုထည့်ပြီးအသင့်သုံးဆောင်နိုင်ပါပြီးရှင့်။

မူရင်းပို့စိပိုင်ရှင်

24/02/2024

အရသာအရှိဆုံး အသားတင်းတင်း ငါးသလောက်ပေါင်းနည်း

ငါးသလောက်က်ို အတုံးတုံး ရေဆေးပြီး
( ဆား, နနွင်း, အချိုမှုန့်, ရှောက်ရည်ညှစ်ထည့် )
အားလုံးရောနယ်၍ နာရီဝက်, တစ်နာရီခန့်နှပ်ထားပါ။
👉 အတုံးသေးတုံးပြီး ရှောက်ရည်နှင့်နယ်လျှင် အသားပိုတင်းသည်။

ဆီပူထဲကို အစိမ်းမှုန့် ထည့်ပီး
ကြက်သွန်နီကွင်းထည့် ဆီသတ်ပါ။ ( ပျော့အိလျှင် )

ခရမ်းချဉ်သီးကွင်းလေးများထည့်ပါ။
( ရေထည့်၍ အဖုံးအုပ်ထားပါ။ ) ပျော့အိလာလျှင်

ငါးသလောက်ထည့်၍ ရေထည့်ထားပါ။
မနူးမချင်းရေထည့်ထည့်ပေးပါ။

အရိုးနူး မနူးသိစေရန် ခေါင်းမှ အရိုးကိုယူကိုက်ကြည့်ပါ။
ပါးသား မေးရိုးသားနူးလျှင် အရိုးနူးပါပြီ။

ချို ချဉ် ငံ အရသာမြည်းပါ။

မချခင် ၁၅ မိနစ်ခန့်အလို ကြက်သွန်ဖြူခွဲခြမ်းလေးထည့်လိုက်ပါ။

ဆီပျံလျှင် အိုးဖုံးလေးအုပ်ထားလိုက်ပါ။
_____________________________________________________

နည်းမျိုးစုံနဲ့ ငါးသလောက်ပေါင်းဖူးပါတယ်ရှင်။
ဒါပေမယ့် ဒီနည်းလေးက စားအကောင်းဆုံးပါပဲ။
ကျွန်မကတော့ အိုးမကပ်ဒယ်အိုးနဲ့ ပေါင်းပါတယ်။
အလွန်အရသာရှိသော ငါးသလောက်ပေါင်းပါ။
ငါးသလောက်အရသာပျက်၍ စပါးလင်မထည့်ပါ။
ကြက်သွန်နီအရသာလေးနှင့် ချိုချိုလေး စားကာင်းပါသည်။
ရှောက်ရည်ပါသည့်အတွက် အကြောတက်သက်သာစေပါသည်။

မူရင်းပို့စ်ပိုင်ရှင်

23/02/2024

ပုဇွန်တုံယမ်းချဉ်စပ်
🍜🍜🍜🍜🍜🍜

(1) ကြက်သား သို့မဟုတ် ကြက်ရိုး သကြားအနည်းငယ်ထည့်ပြီးအချိန်ကြာကြာလေးပြုတ်ထားပေးပါ။ ( အရည်ရလျှင် ကြက်သားများအားဆယ်ယူပြီး အသားနွှင်ထားပေးပါရန် )
(2) ပုဇွန်ကိုရေဆေး အခွံ့ချွတ်ထားပါ။
(3) မုန်လာဥနီ ပန်းဂေါ်ဖီ မုန်ညှင်းရွက် ပဲပြားတို့ကိုလှီးထားပါ။
(4) ကြွက်နားရွက်မှို နဲ့ ကြက်တောင်ပံတု ကိုရေစိမ်ထားပေးပါ။
(5) ငုံးဥပြုတ်ထားပါ။
(6) ကြက်သွန်အဖြူ အနီ စပါးလင်တို့ကိုထောင်းထားပါ။
(7) ငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲထားပေးပါ။

ချက်နည်း
🎀🎀🎀

(1) ဆီထည့်ပြီး ဆီဆူလာရင် ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် နဲ့ ငရုတ်သီးစိမ်းတို့ကို ဆီသတ်ပေးပါ။ အဲ့ထဲသို့ ရှောက်ရွက်ကို ခပ်ကြီးကြီးလှီးပြီး ထည့်ပေးပါ။

(2) ၃မိနစ်လောက်ကြာတဲ့အခါ လှီးထားတဲ့ အသီးအရွက်တွေ ထည့်ပြီး အဖုံးအုပ်ထားပါ။

(3) နွမ်းလောက်တဲ့အခါ နွှင်ထားသောကြက်သားနှင့်ကြက်ပြုတ်ရည်ထည့်ပြီး အုပ်ထားလိုက်ပါ။ ထို့နောက်မှ အုန်းနို့ရည်ထည့်ပါ။

(4) ဆူလာတဲ့အခါ ကြွက်နားရွက်မှို ကြက်တောင်ပံတု ပဲပြား ပုဇွန် နဲ့ ငုံးဥများထည့်ပါ။ ပြီးနောက် တုံယမ်းခဲ ( များလျှင် ၆ခဲ နည်းလျှင် ၄ခဲ ) ထည့်ပြီး ဆားအချိုမှုန့် တို့ဖြင့် စိတ်ကြိုက်အရသာပြုပြင်ပါ။

(5) နောက်ဆုံးမှာ ရှောက်ရွက်များကို အပေါ်မှ အုပ်ခါ သံပုရာရည်ညှစ်ပြီးသုံးဆောင်နိုင်ပါသည်။ ( ရှောက်ရွက် ကိုမလှီးဘဲ အုပ်ပါရန် )

ပုဇွန်တုံယမ်းချဉ်စပ်
🍜🍜🍜🍜🍜🍜

(1) ကြက်သား သို့မဟုတ် ကြက်ရိုး သကြားအနည်းငယ်ထည့်ပြီးအချိန်ကြာကြာလေးပြုတ်ထားပေးပါ။ ( အရည်ရလျှင် ကြက်သားများအားဆယ်ယူပြီး အသားနွှင်ထားပေးပါရန် )
(2) ပုဇွန်ကိုရေဆေး အခွံ့ချွတ်ထားပါ။
(3) မုန်လာဥနီ ပန်းဂေါ်ဖီ မုန်ညှင်းရွက် ပဲပြားတို့ကိုလှီးထားပါ။
(4) ကြွက်နားရွက်မှို နဲ့ ကြက်တောင်ပံတု ကိုရေစိမ်ထားပေးပါ။
(5) ငုံးဥပြုတ်ထားပါ။
(6) ကြက်သွန်အဖြူ အနီ စပါးလင်တို့ကိုထောင်းထားပါ။
(7) ငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲထားပေးပါ။

ချက်နည်း
🎀🎀🎀

(1) ဆီထည့်ပြီး ဆီဆူလာရင် ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် နဲ့ ငရုတ်သီးစိမ်းတို့ကို ဆီသတ်ပေးပါ။ အဲ့ထဲသို့ ရှောက်ရွက်ကို ခပ်ကြီးကြီးလှီးပြီး ထည့်ပေးပါ။

(2) ၃မိနစ်လောက်ကြာတဲ့အခါ လှီးထားတဲ့ အသီးအရွက်တွေ ထည့်ပြီး အဖုံးအုပ်ထားပါ။

(3) နွမ်းလောက်တဲ့အခါ နွှင်ထားသောကြက်သားနှင့်ကြက်ပြုတ်ရည်ထည့်ပြီး အုပ်ထားလိုက်ပါ။ ထို့နောက်မှ အုန်းနို့ရည်ထည့်ပါ။

(4) ဆူလာတဲ့အခါ ကြွက်နားရွက်မှို ကြက်တောင်ပံတု ပဲပြား ပုဇွန် နဲ့ ငုံးဥများထည့်ပါ။ ပြီးနောက် တုံယမ်းခဲ ( များလျှင် ၆ခဲ နည်းလျှင် ၄ခဲ ) ထည့်ပြီး ဆားအချိုမှုန့် တို့ဖြင့် စိတ်ကြိုက်အရသာပြုပြင်ပါ။

(5) နောက်ဆုံးမှာ ရှောက်ရွက်များကို အပေါ်မှ အုပ်ခါ သံပုရာရည်ညှစ်ပြီးသုံးဆောင်နိုင်ပါသည်။ ( ရှောက်ရွက် ကိုမလှီးဘဲ အုပ်ပါရန် )
Crd

23/02/2024

ကြက်အသဲဆီပြန်

ကြက်အသဲများကိုဆားဆနွင်းငံပြာရည်နယ်ပြီး ရေအနည်းငယ်ဖြင့်ဆူအောင်တည်ထားပေးပါ။ ဆီသက်ရန် ကြက်သွန်ဖြူနီဂျင်းငရုတ်စိမ်းမှုန့်ဖြင့်အနံ့မွှေးလာသည်အထိဆီသက်ပါ။ ရပြီဆို ကြက်အသဲထည့် ခုနကပြုတ်ထားတဲ့အရည်ထည့် ငရုတ်သီးတွေညှပ်ထည့် ကြက်သားမှုန့် မဆလာ ထည့်ပါ ဆူရင်ပင်စိမ်းအုပ်ပါ။ စားလို့ရပါပြီ

ကြက်အသဲဆီပြန်

ကြက်အသဲများကိုဆားဆနွင်းငံပြာရည်နယ်ပြီး ရေအနည်းငယ်ဖြင့်ဆူအောင်တည်ထားပေးပါ။ ဆီသက်ရန် ကြက်သွန်ဖြူနီဂျင်းငရုတ်စိမ်းမှုန့်ဖြင့်အနံ့မွှေးလာသည်အထိဆီသက်ပါ။ ရပြီဆို ကြက်အသဲထည့် ခုနကပြုတ်ထားတဲ့အရည်ထည့် ငရုတ်သီးတွေညှပ်ထည့် ကြက်သားမှုန့် မဆလာ ထည့်ပါ ဆူရင်ပင်စိမ်းအုပ်ပါ။ စားလို့ရပါပြီ။

23/02/2024

အုန်းထမင်းချက်နည်း 🥥🥥
ပါဝင်ပစ္စည်းများ
🔸🔸🔸🔸🔸
▪️ဖျာပုံပေါ်ဆန်း နို့ဆီဘူး - ၂ ဘူး
▪️အုန်းနို့ - ၁ ဘူး (၂၅၀ ml)
▪️သကြား ဇွန်း - ၂ ဇွန်း
▪️ဆား လက်ဖက်စားဇွန်း - ၁ ဇွန်း
▪️ဆီ ဇွန်း - ၁ ဇွန်း
▪️ကြက်သွန်နီ - ၄ လုံး စိတ်ထည့်
ချက်ပြုတ်နည်း
🔸🔸🔸🔸🔸
၁။ ဆန်ကို ရေ ၃-၄ ကြိမ် ဆေးပြီး ပါဝင်ပစ္စည်း အားလုံး ရောထည့်ပြီး မွှေပေးပါ။
၂။ ဆန်ကို မျက်နှာပြင်ညှိပြီး ရေကို ဆန်မျက်နှာပြင်အပေါ် လက်တစ်ဆစ်ရောက်အောင် ထပ်ဖြည့်ပေးပါ။ ပြီးရင် ထမင်းပေါင်းအိုးလေးနဲ့ ချက်ပေးလို့ရပါပြီ။
၃။ စဆူလာလို့ အငွေ့ ထွက်ပေါက်လေးကနေ အငွေ့လေးတွေ ထွက်လာရင် ပထမအကြိမ် ခဏလေး မွှေပေးပါ။
၄။ ဆက်ချက်ပြီးနောက် ၅ မိနစ် လောက်နေရင် ဒုတိယအကြိမ် မွှေပေးပါ။
၅။ မျက်နှာပြင်ညှိပေးရင်း ကြက်သွန်နီဖတ်လေးတွေ ဆန်အောက်ဖက် ထိုးထည့် ထားပေးလိုက်ပါ။
ပိုနူး ပိုအရသာ ဝင်အောင်လို့ပါ။
၆။ အစအဆုံး ချက်ချိန် ၁၅ မိနစ် လောက်မှာတင်ဘဲ ခလုပ်တက်ပါပြီ။ ထမင်း သေသေချာချာ နပ်အောင် မီးခလုတ် မပိတ်သေးဘဲ Warm အတိုင်းလေးကို ဆယ်မိနစ်လောက် ထားလိုက်ပါ။
၇။ အရသာရှိပြီး လွယ်ကူမြန်ဆန်တဲ့ အုန်းထမင်းလေး ရပါပြီ။ ကိုယ်သုံးတဲ့ဆန်ရဲ့ဆန်သား အပျော့အမာလိုက်ပြီးတော့ ရေကို လိုတိုးပိုလျှော့ ထည့်ပေးနိုင်ပါတယ်
၈။ အုန်းထမင်းကို တွဲဖက်စားလို့ဟင်းလေးတွေပါ။
- ကြက်သား (သို့) ကြက်အသည်းအမြစ်ဟင်း၊
- ပုဇွန်ခြောက်ဘာလချောင်၊
- ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ သံပုရာသီး အချဉ်လေး (သို့)
- သရက်ချဉ်သုပ်လေးရယ်၊
- နှစ်သက်ရာ ဟင်းချို တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်လို့ရပါပီ။

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Win Hotpot

Telephone

Website

Address


No 258 Bagayar Road Myaynigone, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00