MMBaby Preschool

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MMBaby Preschool, Childcare service, 1Ward, Zingama Road, Thaketa, Yangon.

Photos from MMBaby Preschool's post 14/09/2024

🔼🚪⏺️🥚⏹️
Triangle …
Rectangle ..
Circle…
Ovel..
Square …

Photos from MMBaby Preschool's post 06/09/2024

☘️☘️အိပ်ရေး ဝဝ အိပ်ကြမယ် …

MMBaby Preschool ကလေးလေးများ❤️❤️

Photos from MMBaby Preschool's post 06/09/2024

ဂျုံနယ်တဲ့ နေ့ဆို အရမ်းပျော်သော

MMBABY ကလေးလေးတွေ …

MMBaby Preschool

Photos from Talent Fields-AT's post 30/08/2024
Photos from MMBaby Preschool's post 24/08/2024

🎊August လရဲ့ Birthday Girl 🎊

🎁သမီးလေး သွန်းရတနာအောင်🎁

🎊စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ပညာတတ်ကြီးဖြစ်ပါစေ..🎊

❤️ဆရာမတို့ MMBaby Preschool မှ

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်❤️

Photos from MMBaby Preschool's post 23/08/2024

August လရဲ့ Birthday Girl

🎊🎁သမီးလေး သွင်မီချမ်းသာ ❤️

🎊🎁စိတ်ချမ်းသာကိုယ်ကျန်းမာ၍
ပညာတတ်ကြီးဖြစ်ပါစေ🎁🎊

🎊ဆရာမတို့ MMBaby Preschoolမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🎊

Photos from MMBaby Preschool's post 23/08/2024

#မျောက်ကျောက်ရောဂါ

23/08/2024
21/08/2024

🔴 screen time ကို limit လုပ်ပေးပါ🔴

🌱မွေးကင်းစ မှနေ၍ ….

အချိန်တိုင်းက သင်ယူနေတဲ့ အရွယ်ဖြစ်လို့

📵မကြည့်သင့် ၊ မလုပ်သင့်တဲ့ အကြောင်းရာများကို ဖျက်ပေးထားပါ
🚫 ♨️🚷🚯 🚫

ကလေးတွေကို YouTube ပြချိန်မှာ သူ့အသက်အရွယ်အလိုက် သင်ယူစရာရှိတဲ့ Educational Channel လေးတွေ ရွေးချယ်ပြပေးနိုင်ဖို့ တင်ပေးလိုက်ပါတယ်နော်။

အပေါ်ဖက်က Channel တွေက ကလေးငယ်တွေအတွက်ဖြစ်ပြီး အောက်ဖက်က Channel တွေကတော့ ကလေးကြီးတွေအတွက် ဖြစ်ပါတယ်။ ဒီ Link လေးတွေကို မိဘကအရင် လေ့လာပြီး မိမိကလေးအသက်အရွယ်နဲ့အညီ သင့်တော်တဲ့ Channel တွေ၊ မိမိကလေးစိတ်ဝင်စားမယ့် အကြောင်းအရာတွေ ရွေးချယ်ပေးနိုင်ပါတယ်။

Educational Channels ဆိုပေမယ့် ကလေးအသက်အရွယ်အလိုက် Screentime အချိန် သတ်မှတ်ပြီးပြပါ။

1. Alphablocks - https://www.youtube.com/c/officialalphablocks
2. Numberblocks - https://youtube.com/c/Numberblocks
3. Blippi - Educational Videos for Kids - https://www.youtube.com/c/Blippi
4. Khan Academy Kids - https://www.youtube.com/c/KhanAcademyKids
5. Kids Learning Tube - https://www.youtube.com/c/KidsLearningTube
6. Oliver and Lucas – Educational Videos for Kids - https://www.youtube.com/c/OliverandLucas
7. PBS Kids - https://www.youtube.com/c/PBSKIDS
8. Rock 'N Learn - https://www.youtube.com/user/rocknlearn
9. Sesame Street - https://www.youtube.com/user/SesameStreet
10. Super Simple Songs - https://www.youtube.com/c/supersimplesongs
11. Daniel Tiger's Neighbourhood - https://youtube.com/c/DanielTigersNeighbourhood
12. The Learning Station - https://www.youtube.com/c/Learningstationmusic
13. Geno Kids - https://www.youtube.com/c/GenoKids
14. Math Songs by NUMBEROCK - https://www.youtube.com/c/NUMBEROCKLLC
15. Netflix Jr. - https://www.youtube.com/c/NetflixJr
16. SciShow Kids - https://www.youtube.com/c/scishowkids
17. StorylineOnline - https://www.youtube.com/c/StorylineOnlineSAF
18. Cosmic Kids Yoga - https://www.youtube.com/c/CosmicKidsYoga
19. TheDadLab - https://www.youtube.com/c/TheDadLab
20. Art for Kids Hub - https://www.youtube.com/c/ArtforKidsHub
21. Amy Poehler's Smart Girls - https://www.youtube.com/c/smartgirlsattheparty
22. BrainPOP - https://www.youtube.com/c/brainpop
23. Crash Course Kids - https://www.youtube.com/c/crashcoursekids
24. Mathantics - https://www.youtube.com/user/mathantics
25. MinutePhysics - https://www.youtube.com/user/minutephysics
26. Mr. DeMaio - https://www.youtube.com/c/MrDeMaio7
27. National Geographic Kids - https://www.youtube.com/natgeokidsplaylists
28. TED-Ed - https://www.youtube.com/teded
29. The GEOfocus Channel - https://www.youtube.com/c/GEOgraphyFocus
30. Free School - https://youtube.com/c/FreeSchool

Jessica Mozart
19 Nov 2021

⚠️ Copy ပြန်တင်ခြင်း ခွင့်မပြုပါ။
✅ လွတ်လပ်စွာ Share နိုင်ပါသည်။

Photos from MMBaby Preschool's post 17/08/2024

🟡လိမ်မာယဉ်ကျေးတဲ့ကလေးလေးတွေဖြစ်ပါစေ🟡
🌱🌱🌱💛
💛MMBaby ကလေးလေးတို့…💛

Un splendide martin-pĂŞcheur en slow motion - ZAPPING SAUVAGE 23/07/2024

Un splendide martin-pêcheur en slow motion - ZAPPING SAUVAGE Abonnez-vous ▶ http://bit.ly/ZappingSauvageDe très belles images de martin-pêcheur au sommet de son art.Extrait du documentaire "Une rivière en Irlande" réal...

18/07/2024

19.7.2024
အာဇာနည်နေ့
ကျောင်းပိတ်ပါသည်ရှင်

18/07/2024
18/07/2024

Baby
#ကော့ယင်ငှက်

18/07/2024

#အောက်ချင်းငှက်

Photos from MMBaby Preschool's post 17/07/2024

#ဝေမျှခြင်း #ရာသီဉတုခွဲခြားတတ်ခြင်း #လက်အားသန်မှု

#ခြယ်လို့ရလားသူငယ်ချင်း ဆိုတာလေးတွေ …

ဘယ်ရာသီဉတုဆိုရင်တော့ ဘယ်လို ဝတ်ရတယ်

🦟ခြင် တွေ 🪰ယင် တွေ ..

ဘယ်လို အကောင်ပေါက်တယ်ဆိုတာလေးတွေ ..

ရှင်းပြပေး တူတူ ပြောကြရင်း

ဆွေးနွေး ခဲ့ပါတယ်ရှင့်🩵🩵

Photos from MMBaby Preschool's post 06/07/2024

ကလေးလေးတို့…

ဆေးခြယ်မယ်🎨 ကော်ကပ်မယ် 🧩

06/07/2024

#ဝမ်းရောဂါ

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိသလို ဝမ်းလျှောတဲ့ လက္ခဏာပုံစံတွေ အမျိုးမျိုးရှိကြပါတယ်

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား

▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ဓာတ်ဆားထုပ် အဆင်အသင့်မရှိလျှင်အရေးပေါ်အိမ်တွင်းဓာတ်ဆားဖျော်နည်းအတိုင်း ဖျော်ပြီးတိုက်ပါ
ဒီ link မှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=125452237253085&id=100093649274709

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

▪️ဝမ်းလျှောခြင်းနဲ့ပက်သက်တဲ့အယူအဆအမှားတွေလည်း ရှောင်ကြဉ်ပါ
ဒီ link မှာ ဖတ်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=124420690689573&id=100093649274709

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅

▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶

▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်

Photos from MMBaby Preschool's post 28/06/2024

Today is Friday …🗓️

Photos from MMBaby Preschool's post 22/06/2024

က​လေး​ကျောင်းမတက်ချင်လို့ ငိုတာကို ဘာများ​ကြောက်သွားလည်းမသိဘူးလို့ စိတ်ထဲထင်​နေတဲ့မိဘများအတွက် ဆုံး​အောင်ဖတ်​စေချင်ပါတယ်။

မူကြိုထားစ ကြုံတွေ့ရတဲ့ အခြေအနေ
~~~~~
တချို့ကလေးငယ်တွေဟာ
ပထမရက်မှာ မူကြိုတက်ရမှာ အရမ်းတက်ကြွနေပြီး နောက်ရက်တွေဆို ငိုလာတာတမျိုး မတက်ချင်လို့ ဂျီကျတာတဖုံ မျိုးစုံ ဆန္ဒပြပြီး မူကြိုမသွားချင်လို့ မိဘတွေကို အမူအရာမျိုးစုံ လုပ်ပြလာတတ်ပါတယ်။

ဒီအချိန်မှာ မိဘရဲ့ ဆုံးဖြတ်မှု အရေးပါလာပါပြီ။

💬 ငိုလည်း အားတင်းပြီး
ဆက်ပို့တဲ့မိဘ

💬 ပို့သော်လည်း စိတ်မချလို့ မေမေ
ရှိနေမယ်လို့ ပြောတတ်တဲ့မိဘ

💬 ကျောင်းမှာဆရာမက ရိုက်လို့
မတက်ချင်တာလားလို့
မေးတတ်တဲ့ မိဘ

စသဖြင့် အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။

အမှန်တကယ်က ကလေးက အဖော်မရသေးတာပါ။

အခုမှ မြင်ဖူးတဲ့ သူစိမ်းဆရာမကို
ရင်းနှီးဖို့ အချိန်မလောက်သေးတာပါ။

အချိန်အလိုက် လှုပ်ရှားနေရတဲ့ မူကြိုတနေ့တာ လုပ်ငန်းစဉ်တွေကို
နေသားတကျ လိုက်လုပ်ဖို့ ခဲယဉ်းနေလို့ပါ။

နေသားတကျ ရင်းနှီးနေဖို့ မပျက်မကွက် ပို့ပေးရပါလိမ့်မယ်။

ငိုလိုက်ဆော့လိုက်အိပ်လိုက် လုပ်နေရင်းနဲ့ပဲ နေသားတကျ ဖြစ်လာပါလိမ့်မယ်။

တချို့ကလေးကျ ငါငိုပြရင် မေမေက ကျောင်းမပို့တော့ဘူး
ဒီတော့ မေမေ့ကို ကျောင်းသွားခါနီးတိုင်း ငါငိုပြမယ်
ဒါဆို ငါကျောင်းသွားစရာမလိုတော့ဘူးလို့ မှတ်ယူသွားတတ်ပါတယ်။

ထမင်းမကုန်လို့ မဆူပါနဲအုံး
ကလေးကျောင်းပျော်ဖို့ ညနေတိုင်း ကျောင်းကပြန်လာတိုင်း ချီးမွမ်းပါ
အားပေးပါ

သားသားမီးမီးတော်လိုက်တာ
ကျောင်းတက်နိုင်ပြီဆိုတာ ပြောပြပါ။

ဒီနေ့ဘယ်သူလုပ်လဲမမေးပါနဲ့
တနေ့တာ အဆင်ပြေလား
သူငယ်ချင်းနဲ့ အဆင်ပြေလား
သုငယ်ချင်းအသစ်က ဘယ်သူလဲ
သား သူငယ်ချင်းက ချစ်ဖို့ကောင်းတယ် စသဖြင့် ပြောပြပါ

ကျောင်း သူငယ်ချင်း ဆရာမကို ချစ်ခင် တတ်လာအောင် တွန်းအားပေးပါ။

ဒီအချိန်ကာလတွေဟာ မိဘတွေရောဆရာမတွေပါ အထူးသတိပြုနေရမယ့် အချိန်ပါ။
ဒီအချိန် စိတ်ပြောင်းလဲမှု ကလေးတွေရဲ့ ခံစားမှုကို အထူးသတိထားရမယ့်အချိန်ပါ။
ကျောင်းမသွားချင်လို့ ငိုပြတိုင်း မသွားနဲ့ဆိုပြီး ထားလို့မရပါဘူး
ဘာကြောင့်မလုပ်ချင်တာလဲအချက်ကိုမေးပါ။
မဖြစ်မနေလုပ်ရမယ့်အရာတွေကို အလျော့မပေးပါနဲ့။
လုပ်သင့်တဲ့အကြောင်းနဲ့ လုပ်ချင်လာအောင် ပြောပြရပါမယ်။
ကလေးက ​ကျောင်းမသွားချင်လို့ မျက်နှာမကောင်းသလို လုပ်ပြတိုင်း
ဆရာမ ရိုက်သလားမေးတတ်နေရင် ရိုက်တယ်ဆိုတဲ့ အဖြေ တန်းဖြေမှာပါ။
​ကျောင်းသွားရမယ့်အချိန်ရောက်တဲ့ကလေးကို မသွားနဲ့ မလုပ်နဲ့ဆိုပြီး ပစ်မထားပါနဲ့။
တခါတရံ အလိုလိုက်ခြင်းမှသည် အလျော့ပေးခြင်း ဖြစ်သွားတတ်မှာစိုးလို့ပါ။

ဒါ့ကြောင့်
မူကြိုထားခါစဆို ကလေးထက် မိဘတွေဟာ စိတ်ရှည်ပါ
အားတင်းထားပါ
မည်သို့ဖြစ်နေပါစေ
ကျောင်းကိုရောက်အောင်ပို့ပါ

ကလေးရှေ့မှာ ဆရာမကို ယုံကြည်လို့ သားသား မီးမီးကို ထားသည်ဖြစ်သည်ကို ပြောပြပါ
ဆရာမကိုလည်း မိမိယုံကြည်ကြောင်း ဂရုစိုက်ပေးစေလိုကြောင်းကို
ပြောပါ။
ကလေး၏ အမူအကျင့်ကို အကုန်မချွင်းမချန်ပြောပြပါ။

သို့မှသာ မိဘ ဆရာ ကလေး ဟန်ချက် ညီညီ ကလေးကောင်းကျိုး
ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။

Crd လေးစားစွာဖြင့်

Photos from MMBaby Preschool's post 21/06/2024

Today

21/06/2024

❤️❤️❤️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🎁🎁🎊🎊
Happy Happy Happy 👶🏻👶🏻👶🏻👶🏻#သာကေတမူကြို MMBaby Preschool
Happy Happy Happy 👶🏻
❤️❤️❤️
crd vedio
#သာကေတ #သာကေတမူကြို https://www.facebook.com/profile.php?id=100089700612231&mibextid=LQQJ4d
Go To Yangon Zoo
အစားအသောက်ဆို အရမ်းကိုမှ စိတ်ချရသော MMBaby Preschoolကိုကိုမမ များ❤️❤️
MMBaby Preschool ဂျူနီယာ Baby လေးများ  သီချင်း စာသား မဆိုတတ်ဘူး သို့သော် မဆို ဘူးလို့မငြင်းဘူး သူ့တီးလုံး လေးနဲ့သူ 🥰🥰🥰🥰 ...
MMBaby Preschool  Baby လေး​တွေ chinese new year သီဆို ဖျော်ဖြေမှု #新年好
MMBaby Preschool  Baby လေး​တွေ chinese new year သီဆို ဖျော်ဖြေမှု #新年好

Category

Website

Address


1Ward, Zingama Road, Thaketa
Yangon

Opening Hours

Monday 09:00 - 03:00
Tuesday 09:00 - 09:00
Wednesday 09:00 - 03:00
Thursday 09:00 - 03:00
Friday 09:00 - 03:00

Other Childcare in Yangon (show all)
Flower Garden Kids School Flower Garden Kids School
Shwe Na Thar SanPya 1 Street
Yangon

Little Caterpillar Little Caterpillar
Yangon, 11191

Preschool early learning aids

Aung Myay Aung Myay
Yangon, 1102

ကလေးနှင့်ဆယ်ကျော်သက်အရွယ်အမျိုးအစား-၁ ဆီးချိုကုသရေးစီမံချက် CDiC Myanmar ကလေးနှင့်ဆယ်ကျော်သက်အရွယ်အမျိုးအစား-၁ ဆီးချိုကုသရေးစီမံချက် CDiC Myanmar
52, Shwe War Street, Tamwe Township
Yangon, 11211

The Changing DiabetesÂŽ in Children in Myanmar (CDiC) program is an international program for children with type 1 diabetes launched by Novo Nordisk Education Foundation (NNEF) and ...

ပူတူတူးလေး - Pututuulay Preschool ပူတူတူးလေး - Pututuulay Preschool
အမှတ် 91(A)၊ နီလာလမ်း၊ 19 ရပ်ကွက်၊ ဂိတ်ဟောင်းမှတ်တိုင်အနီး၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်။
Yangon, 11431

အသက် 2 နှစ်ခွဲမှ စတင်၍ Nursery, Pre KG and KG အတန်းများ

The Light Daycare Centre for Special needs The Light Daycare Centre for Special needs
1000A, Marlar Nwe Lane 3, Bamar Aye Quarter, Daw Pon Township
Yangon, 536258

Thae Su Thae Su
No (53) Bayintnaung Street. Bamaraye Ward. Dawbon Township
Yangon

Pre School And Learning Centre

Cowdeys Baby Insein Cowdeys Baby Insein
Nanthargone
Yangon

သားသားချစ် သားသားချစ်
East Baho Street
Yangon

My Baby Lifetime. I will present my son food. Daily routine. Baby activities and short video. Sharing happy time with smile. Caring.

The Gardener Language School & Child Care Centre The Gardener Language School & Child Care Centre
No. 58A, Htun Thiri Street, North Dagon Township
Yangon

KIDS' HIVE Early Learning Center KIDS' HIVE Early Learning Center
Room 904, Building A3-1, Myanma Gonyi Housing , Upper Pansodan Street
Yangon