Sein Yadanar Printing
Nearby computer & electronics services
No56/First Floor/31 Streets/Lower Block/Pabedan
Bosunpat Street
251, Corner of 46th Street , and Maha Bandoola St.
52nd Street
No. 39, 30th Street (1st flr. )
30th Street, Dalla
Anawrahta Road
Dagon 11141
We give more than prints. We give solutions
2024 အတွက် Vacation Plan မဆွဲရသေးရင် Save ထားဖို့ 😍
ကဲ... Vacation is calling 🏄🏻♀️
Budget လည်းပြင်၊ Outfit လည်းပြင်ထားကြစို့နော် 😉
𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ခေတ် တကယ်ကုန်ပြီလား 🫣🫥
“ဒီခေတ်က Social Media ခေတ်လေ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ကြီးဘာလို့ဝေတော့မလဲ QR code ဖတ်ခိုင်းလိုက်ရင် Page ကိုရောက်သွားပြီပဲ”
ဒါဆိုသေချာအောင် ခဏပြန်စဉ်းစားကြည့်ရအောင် 🧐
𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ဆိုတာကိုယ့်လုပ်ငန်းရဲ့ ဂုဏ်ဒြပ်တစ်ခုဖြစ်ပြီး လုပ်ငန်းရဲ့ Physical Evidence တစ်ခုဖြစ်ပါတယ်။ Page ပေါင်းသိန်းချီရှိနေတဲ့ Facebook မှာ Customer က ကိုယ့်လုပ်ငန်းတစ်ခုတည်းကိုကွက်ပြီးမှတ်မိဖို့ ဆိုတာတော်တော်ကြိုးစားရမဲ့ကိစ္စပါ။ Page တစ်ခုကို Like လုပ်ရုံနဲ့ Ai က လုပ်ငန်းတူ Page ပေါင်းများစွာကို ပြပေးနေပေမဲ့ လူကြီးမင်းရဲ့ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ကတော့ လူကြီးမင်းလုပ်ငန်းတစ်ခုတည်းကို ဖော်ပြပေးနေမှာပါ။ Facebook မှာပိုစ့်အသစ်တင်လေ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေ ဟိုးအောက်ရောက်သွားလေမို့ ဘယ်လိုပဲ Pin Post ထားထား Customer သိစေချင်တဲ့အကြောင်းအရာကို တိုတိုနဲ့ချက်ချင်းထိအောင်လုပ်ဖို့ မလွယ်ကူပါဘူး။
ဒါ့ကြောင့် ကုန်စည်ပြပွဲတွေ၊ Show ပွဲတွေမှာ ကိုယ့်ပစ္စည်းအကြောင်းကို ထိထိမိမိနဲ့လူသိအောင်လုပ်ဖို့၊ Customer ရဲ့အာရုံကိုချက်ချင်းဖမ်းစားဖို့အတွက် 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 သာလျှင် အဖြေဖြစ်နေတုန်းပါပဲ။
𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 တစ်ခုဖြစ်ရုံနဲ့ ဝယ်သူရဲ့အာရုံစိုက်မှုကိုရမယ်လို့တော့ မှတ်ယူလို့မရပါဘူး။ ဝယ်သူဘက်ကို စဉ်းစားပြီး
အသေအချာ ဂရုတစိုက်နဲ့ပြင်ဆင်ထားတဲ့ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ဖြစ်ဖို့တော့လိုတာပေါ့နော်။
• စာသားထိမိရှင်းလင်းရမယ်။
• စက္ကူသားကောင်းမွန်ရမယ်။
• Graphic ပုံလှပသေသပ်ရမယ်။
• ပြောချင်တဲ့အကြောင်းအရာစုံလင်ရမယ်။
ဒါဆိုရင် တခဏချင်း ဝယ်သူရင်ထဲကိုထွင်းဖောက်ရောက်ရှိဖို့ လမ်းတစ်ဝက်ရောက်ပြီလို့စိတ်ချထားလို့ရပါပြီ 😇
ဒီလို ထိမိသပ်ရပ်တဲ့ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 တွေဖန်တီးချင်တယ်ဆိုရင်တော့ လုပ်ငန်းအတွေ့အကြုံ 25 နှစ်ကျော်ရှိတဲ့ 𝑺𝒆𝒊𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑷𝒓𝒊𝒏𝒕𝒊𝒏𝒈 ကိုပဲ ယုံကြည်စိတ်ချလိုက်ပါခင်ဗျာ 🥰
ဒီဇိုင်းပိုင်း၊ စက္ကူသား၊ အချိန်မီပြီးစီးဖို့ အားလုံးတာဝန်ယူမှုရှိရှိ နဲ့ဆောင်ရွက်ပေးနေတာမို့ သိချင်တာရှိရင်ဖုန်းတစ်ချက်ဆက်လိုက်ပါခင်ဗျာ 📞
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏢𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️𝐏𝐡𝐨𝐧𝐞 - 095102750
📧𝐄𝐦𝐚𝐢𝐥- [email protected]
၂၀၂၄ နှစ်သစ်မှာ စိန်ရတနာရဲ့မိတ်ဟောင်းမိတ်သစ်များအားလုံး လုပ်ငန်းများအဆင်ပြေချောမွေ့ပြီး ဝင်ငွေတိုးသည်ထက်တိုးပါစေ🥇💵💰💎
ဆထက်ပိုး အောင်မြင်ပြည့်စုံကျန်းမာချမ်းသာပါစေကြောင်း စိန်ရတနာမိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏🏻
📖 စာအုပ်ပုံနှိပ်ရင် အမှားနည်းပြီး အချိန်ကုန်သက်သာအောင်ဘယ်လိုပြင်ဆင်မလဲ 📖
ဒီခေတ်မှာစာအုပ်တစ်အုပ်ထုတ်ဖို့အတွက် မခက်ခဲတော့ပါဘူး။ ကိုယ်တိုင်ရေးစာအုပ်ကို အုပ်ရေ ရာဂဏန်းလောက် ထုတ်ချင်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းအတွက်စာအုပ်ထုတ်ချင်တာပဲဖြစ်ဖြစ် ဒီအဆင့်လေးတွေကို သေချာနားလည်ထားပြီး ပြင်ဆင်ထားမယ်ဆိုရင် အချိန်မကြာ၊ ငွေပိုမကုန်ဘဲ သတ်မှတ်ချိန်အတိုင်း စာအုပ်ထုတ်ပြီးစေဖို့ စိန်ရတနာမိသားစုက အာမခံပါတယ်ခင်ဗျာ။
စာအုပ်မြန်မြန်ပြီးဖို့ စိတ်ဖိစီးနေမဲ့အစား ဒီအခြေခံအဆင့် (၃) ဆင့်ကို စနစ်တကျသေချာလေးပြင်ဆင်ထားဖို့ လိုအပ်ပါမယ်။
(၁) စာပြင်ခြင်း၊ ပရုဖတ်ခြင်း (𝐄𝐝𝐢𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐏𝐫𝐨𝐨𝐟𝐫𝐞𝐚𝐝𝐢𝐧𝐠)
ပထမဦးဆုံးအဆင့်ကတော့ စာပြင်ခြင်းနဲ့ ပရုဖတ်ခြင်းပါ။ ပုံနှိပ်တိုက်အများစုကတော့ သူတို့ဆီမှာပဲ တခါတည်း စာလုံးပေါင်းပြင်တာ၊ သဒ္ဒါမှားရင်ပြင်တာ လုပ်ပေးတတ်ပါတယ်။ ပုံနှိပ်တိုက်ကောင်းရင် အယ်ဒီတာက ဇာတ်လမ်းဇာတ်ကွက်လေးတွေ ပိုကောင်းအောင်ပါအကြံပေးတတ်ကြပါသေးတယ်။
အကောင်းဆုံးကတော့ အယ်ဒီတာတစ်ယောက်၊ ပရုဖတ်ပေးတဲ့သူတစ်ယောက်ထားတာကပိုကောင်းပါတယ်။ ဒီအဆင့်မှာ စာလုံးအထားအသို၊ သဒ္ဒါ၊ စာလုံးပေါင်းတွေကို အပြန်ပြန်အလှန်လှန် စစ်ဆေးပါတယ်။
(၂) ဒီဇိုင်းဆွဲခြင်း၊ နေရာချခြင်း (𝐋𝐚𝐲𝐨𝐮𝐭 𝐚𝐧𝐝 𝐃𝐞𝐬𝐢𝐠𝐧)
ဒီအဆင့်ကတော့ စိတ်ကျေနပ်စရာတွေဖြစ်တဲ့အဆင့်ပါ။ သင့်ရဲ့အိမ်မက်ထဲက စာအုပ်လေးကို ဒီဇိုင်းလေးတွေ၊ စာအုပ်အပြင်အဆင်လေးတွေနဲ့ စိတ်ကူးစပြီးအကောင်အထည်ဖော်တဲ့အဆင့်ပေါ့။ စာအုပ်ရဲ့ဆိုဒ်၊ အရောင်၊ ဖောင့်၊ ဒီဇိုင်း နဲ့ ကာဗာတွေကိုရွေးချယ်ရတော့မှာပါ။ ကိုယ့်စာအုပ်ရဲ့နောက်မှာ ကိုယ့်ရဲ့ Biography ကိုရေးမလား၊ မရေးဘူးလားဆိုတာတောင်ရွေးချယ်လို့ရပါသေးတယ်။ စာအုပ်ထုတ်တဲ့သူအတွက် စိတ်ဖိစီးမှုများသလို စိတ်ကျေနပ်စရာအကောင်းဆုံးအဆင့်ဆိုရင်မမှားပါဘူး။ စာလုံးတွေနဲ့ ဒီဇိုင်းတွေကို စိတ်ကျေနပ်မှုရပြီ အတည်ပြုပြီးပြီဆိုရင်တော့ စာအုပ်ထုတ်ဖို့အတွက် Mockup လေးထွက်လာပါပြီ။
(၃) စာအုပ်ထုတ်ခြင်၊ စာအုပ်ချုပ်ခြင်း (𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐁𝐢𝐧𝐝𝐢𝐧𝐠)
ဒီအဆင့်ဟာနောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ဒီအချိန်မှာစာအုပ်အကုန်လုံးကို တန်းမထုတ်သေးပါဘူး။ အရင်ဆုံး Sample တစ်အုပ်အရင်ထုတ်ပေးပါတယ်။ စာအုပ်မထုတ်ခင် စာကြောင်းအထားအသိုမှန်ရဲ့လား၊ စာနဲ့ပုံလိုချင်တဲ့နေရာမှာရှိရဲ့လား၊ စာအုပ်မှာ စာမျက်နှာတပ်ထားတာတွေ မှန်ရဲ့လား အစရှိသည်ဖြင့်နောက်ဆုံးအကြိမ်စစ်ဆေးရပါတယ်။
လိုချင်တဲ့အတိုင်းစိတ်တိုင်းကျပြီဆိုတော့မှ နောက်တစ်ဆင့်အနေနဲ့ ထုတ်ဝေသူနဲ့ စာရေးသူအတွက် စာအုပ်အရေအတွက်နည်းနည်းထုတ်ပေးပါတယ်။ နောက်ဆုံးအနေနဲ့ ထွက်လာတဲ့စာအုပ်ပုံစံဒီဇိုင်းကို မကြိုက်လို့ စိတ်ပြောင်းရင် ပြောင်းလို့ရအောင်လို့ပါ။ လုံးဝစိတ်တိုင်းကျပြီဆိုရင်တော့ ထုတ်လို့ရပါပြီ။ ကိုယ်တိုင်အဆင့်ဆင့်ပါဝင်ထားတဲ့ စာအုပ်လေးဟာ အခုဆိုလှပစွာနဲ့ ကိုယ့်ရှေ့ကိုရောက်လာတော့မှာပါ။
ကျတော်တို့စိန်ရတနာမှာ စာအုပ်ပုံနှိပ်ခြင်းကို စာရေးသူနဲ့ ထုတ်ဝေသူ စိတ်တိုင်းကျ လက်ခံဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။ စက္ကူသား၊ ဆေး၊ ကတ္ထူသား၊ ဒီဇိုင်း နဲ့ စာအုပ်ချုပ်တဲ့အဆင့်ထိ အဆင့်တိုင်းကို အတိအကျသေချာ ဆောင်ရွက်ပေးမှာမို့ စာအုပ်ထုတ်ဖို့စိတ်ကူး ရှိရင် ဒီပိုစ့်လေးကို Share ထားဖို့ မမေ့ပါနဲ့နော်။ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫/ 𝐏𝐡𝐨𝐧𝐞 ဒါမှမဟုတ် လူကိုယ်တိုင်လည်းလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏢𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️𝐏𝐡𝐨𝐧𝐞 - 095102750
📧𝐄𝐦𝐚𝐢𝐥- [email protected]
၂၀၂၃ ကုန်ဖို့အချိန်က တဖြည်းဖြည်းနီးကပ်လာပြီမို့ ဆုံးဖြတ်ချက်တွေအမြန်ဆုံးချပြီး အကောင်းဆုံးပြင်ဆင်ရင်း နှစ်သစ်ကိုကြိုကြမယ်။
ပြီးခဲ့တာတွေကို နှစ်ဟောင်းမှာချန်ခဲ့ပြီး ၂၀၂၄ မှာအကောင်းဆုံးရောင်းအားရဖို့ဆိုရင် Branding ပိုင်းကအဓိကပါပဲ။ အပြိုင်အဆိုင်များတဲ့ဒီခေတ်မှာ ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို Customer ကိုအမြဲမြင်သာအောင်ပြနေမှ တော်ကာကျတော့မှာပါ။
Corporate Gift ဆို အသစ်အဆန်း ဘယ်လိုပဲပေါ်ပေါ် Client အတွက် အခြေခံအကျဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တဲ့ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကိုပဲရွေးချယ်ဖို့အကြံပေးချင်ပါတယ်။
𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ထဲမှာရွေးချယ်စရာ (၃) မျိုးရှိပါတယ်။
🗓 𝑾𝒂𝒍𝒍 𝑪𝒂𝒍𝒆𝒏𝒅𝒂𝒓
🗓 𝑻𝒂𝒃𝒍𝒆 𝑪𝒂𝒍𝒆𝒏𝒅𝒂𝒓
🗓 𝑵𝒐𝒕𝒆𝒃𝒐𝒐𝒌 𝑷𝒍𝒂𝒏𝒏𝒆𝒓
တစ်ခုချင်းစီမှာဘယ်လိုအားသာချက်တွေရှိလဲ?
𝑾𝒂𝒍𝒍 𝑪𝒂𝒍𝒆𝒏𝒅𝒂𝒓 - ကိုယ့်ရဲ့အသေးစား Billboard လေးအဖြစ်ရှိနေပေးမှာပါ။ ကိုယ့်ရဲ့ Client တစ်ယောက်တင်မကဘဲ တစ်ရုံးလုံး၊ တစ်အိမ်လုံးမြင်နေရမှာမို့ ခဲတစ်လုံးထဲနဲ့ ဌက်များများထိမဲ့ ပစ်ချက်ပါပဲ။ နောက်ထပ်အားသာချက်ကတော့ ကိုယ့် Brand ကိုခပ်ကြီးကြီးပြထားပေးနိုင်လို့ မမြင်ချင်ဘူးဆိုရင်တောင် မျက်စိထဲစွဲနေစေမှာသေချာတယ်နော်။
𝑻𝒂𝒃𝒍𝒆 𝑪𝒂𝒍𝒆𝒏𝒅𝒂𝒓 - တစ်နေ့လုံးအချိန်တွေဟာ အလုပ်စားပွဲမှာအများဆုံးကုန်ဆုံးပါတယ်။ အရေးပါတဲ့အလုပ်တွေကို ဆုံးဖြတ်ချက်ချတဲ့နေရာမို့ Appointment တွေ၊ Reminder တွေကို အလေးပေးမှတ်တဲ့နေရာမှာ ကိုယ့်ရဲ့ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ရောက်နေဖို့က အသက်ပါပဲ။ ကိုယ့် Brand ကဘာလဲ၊ ဘာပစ္စည်းတွေထုတ်လဲ၊ ဘာ Service တွေပေးလဲဆိုတာ ကိုယ့်ဝန်ထမ်းတွေနီးပါး အလွတ်ရနေအောင် စွမ်းလွန်းတဲ့ 𝑻𝒂𝒃𝒍𝒆 𝑪𝒂𝒍𝒆𝒏𝒅𝒂𝒓 ပါပဲ။
𝑵𝒐𝒕𝒆𝒃𝒐𝒐𝒌 𝑷𝒍𝒂𝒏𝒏𝒆𝒓 - ဒါလေးကတော့ အရမ်း Personalized ဖြစ်လွန်းလို့ ကိုယ်နဲ့မခွာဆောင်သွားရတဲ့ အသုံးအဆောင်လေးပါ။ အလုပ်တွေများ၊ အာရုံများလာကြတဲ့ကာလမို့ Planner ကိုနောက်ပိုင်း အသုံးများလာကြပါတယ်။ Fancy ပစ္စည်းတွေအစား သူတို့အတွက်တကယ်အသုံးလိုတဲ့ Planner ကိုသာ လက်ဆောင်ပေးနိုင်ခဲ့ရင် တန်ဖိုးထားပြီး သေချာအသုံးပြုမှသေချာပါတယ်။ ဒါဆိုကိုယ့်ကိုလည်း အမြဲအမှတ် တရရှိနေပြီပေါ့။
တစ်ခုချင်းစီရဲ့ အားသာချက်တွေလည်းသိသွားပြီဆိုတော့ အသေးစိတ်ကုန်ကျစရိတ်၊ ကြာချိန်၊ ဒီဇိုင်းပိုင်း အားလုံးကိုတိတိကျကျ သိရဖို့အတွက် ကျတော်တို့စိန်ရတနာကိုအချိန်မရွေး ဖုန်းဆက်ပြီးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
လုပ်ငန်းရှင်များအားလုံး ၂၀၂၄ မှာလိုအင်ဆန္ဒအားလုံးပြီးမြောက်အောင်မြင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ စီးပွားလာဘ်လာဘများတိုးတက်ပါစေလို့ စိန်ရတနာမိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏢𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️𝐏𝐡𝐨𝐧𝐞 - 095102750
📧𝐄𝐦𝐚𝐢𝐥- [email protected]
🥇 စီးပွားရေးမှာ ပြိုင်ဖက်ထက်ခြေတစ်လှမ်းဦးဖို့ အဆင်သင့်ပဲလား 🥇
၂၀၂၄ ကိုရောက်ဖို့ ၁ လပဲလိုတော့တဲ့အချိန် နှစ်အသစ်မှာကိုယ့်နာမည်ကို ဖောက်သည်တွေနေ့တိုင်း မှတ်မိနေအောင်စီစဉ်ပြီးသွားပြီလား?
မစီစဉ်ရသေးဘူးဆိုလည်း နောက်မကျသေးပါဘူး။ ကျတော်တို့နဲ့အမြန်တိုင်ပင်ပြီး သေသပ်လှပပြီးထင်းထွက်နေတဲ့ Calendar တစ်ခုကိုဖန်တီးရင်း ဖောက်သည်တို့ရဲ့မျက်လုံးရှေ့မှာနေရာယူကြရအောင် 🎯
Calendar ဈေးကဘယ်လိုယူလဲ?
၁၀၀ ဈေး?
၁၀၀၀ ဈေး?
၂၀၀၀ ဈေး?
ဈေးသိဖို့အတွက် လိုချင်တဲ့ အရည်အတွက်နဲ့ အရည်အသွေးကို အတိအကျပြောပြီး ဖုန်းဆက်၍ သော်၎င်း၊ Messenger မှ သော်၎င်း မေးမြန်းထားနိုင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ဖြေကြားပေးဖို့က ကျတော်တို့ရဲ့တာဝန်ပါခင်ဗျာ 🫡
စိန်ရတနာကို ၁၉၉၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ခုချိန်မှာ လုပ်ငန်းရှင်ပေါင်းများစွာကို ဝန်ဆောင်မှုပေးခဲ့တာမို့ လူကြီးမင်းတို့ရဲ့လုပ်ငန်းကို အားလုံးထက်ရှေ့ပိုရောက်အောင် Calendar နဲ့ပတ်သက်ပြီး အကြံကောင်းတွေပေးနိုင်ဖို့ယုံကြည်ချက်ရှိပါတယ်။
လူကြီးမင်းတို့ရဲ့လုပ်ငန်း ၂၀၂၄နှစ်သစ်ကစပြီး တရှိန်ထိုးတိုးတက်အောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကပါဝင်ကူညီပေးဖို့ စိန်ရတနာက အသင့်စောင့်ကြိုနေပါတယ်ခင်ဗျာ 🙇🙇♂️
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏢𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️𝐏𝐡𝐨𝐧𝐞 - 095102750
📧𝐄𝐦𝐚𝐢𝐥- [email protected]
ထိမိတဲ့အသုံးဝင်မှုနဲ့ “𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 နဲ့ 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 တို့ရဲ့ အကောင်းမွန်ဆုံးပေါင်းစပ်မှု
𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကို သွားလေရာသယ်သွားလို့ရတဲ့ ဒီဇိုင်းမျိုးလိုချင်တာဆိုရင်တော့ 𝟐 𝐢𝐧 𝟏 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 လေးကအားလုံးရဲ့စိတ်ကြိုက်ဖြစ်စေမှာပါ 🤗
“စိတ်သွားတိုင်းကိုယ်ပါ” သလိုကိုယ်သွားလေရာမှာ အချိန်ဇယားတွေကို ထိထိမိမိစီမံခန့်ခွဲနိုင်ဖို့၊ အရေးကြီးအချိန်းအချက်တွေ၊ ကိစ္စတွေကိုကြိုတင်စီမံနိုင်ဖို့အတွက် အသုံးဝင်ဆုံးက 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 အပြင်ဘာရှိဦးမလဲနော် 🫡
🍀ဒါဆို ဘယ်လိုလူတွေအတွက်အသုံးဝင်မလဲ?
လုပ်ငန်းတစ်ခုကိုဦးစီးဦးဆောင်ပြုနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အချိန်ဇယားအပြည့်နဲ့ ဆရာဝန်ကြီးတွေ၊ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 အပြည့်နဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းမို့ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐆𝐢𝐟𝐭 အတွက် နံပတ် (၁) ရွေးချယ်သင့်တဲ့ပစ္စည်းပါ။
🍀 သူ့ရဲ့အားသာချက်တွေကဘာတွေလဲ?
🎯 စွယ်စုံမှတ်စု
အရေးကြီးတဲ့ချိန်းဆိုမှု၊ ပွဲတွေ ရက်တွေကို မှတ်သားထားပြီး 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ရှာဖို့၊ ဖုန်းထဲက 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ဖွင့်ဖို့တွေလုပ်စရာမလိုပဲ 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 တစ်ခုနဲ့တင် ချက်ချင်းအဆင်ပြေစေပါတယ်။ 𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 မှာ မှတ်လိုက်၊ ဖုန်းမှာမှတ်လိုက် တစ်နေရာစီဖြစ်မနေလို့ 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞𝐝 ဖြစ်ပြီး လစ်ဟာသွားတာမျိုး မရှိနိုင်တော့လို့ လက်ဆောင်ရတဲ့သူအကြိုက်တွေ့စေမှာပါ။
🎯 အချိန်စီမံခန့်ခွဲမှု
ဦးစားပေးအလုပ်တွေ အရေးကြီးရက်တွေကို ဖုန်းနဲ့တစ်ခါ alarm လုပ်နေစရာမလိုပဲ စာရွက်လေး တစ်ရွက် နှစ်ရွက်လှန်ရုံနဲ့ အဆင်ပြေစေပါတယ်။ အလုပ်တာဝန်တွေကိုတစ်စုတစ်စည်းထဲတွေ့မြင်နိုင်တာကလည်း အားသာချက်လေးတစ်ခုပါပဲ။
🎯 တိကျမှန်ကန်မှု
𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 မှာ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ပါပြီးသားဆိုတော့ Double-Booking တွေမဖြစ်အောင်လည်း ကြိုတင်ကာကွယ်နိုင်သေးတယ်။
🎯 ပိုမြင်သာခြင်း
အရောင်အသွေး၊ ဒီဇိုင်း စိတ်ကြိုက်ဖန်တီးမှုရှိရင်ရှိသလောက် ရုပ်လုံးကြွပြီး တန်ဖိုးထားချင်စရာ၊ ဂုဏ်ယူစရာမို့ သွားလေရာသယ်သွားရင်း ကိုယ့်ကုန်ပစ္စည်းကို တခြား 𝐏𝐨𝐭𝐞𝐧𝐭𝐢𝐚𝐥 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တွေပါ မြင်တွေ့မှတ်မိစေတဲ့အလားအလာအများကြီးရှိပါတယ်။
ဒီလိုအားသာချက်တွေအများကြီးနဲ့မို့ အချိန်ရှိတုန်းလေးအရွေးမမှားရအောင် စိန်ရတနာကနေ စေတနာရှေ့ထားပြီး သတင်းကောင်းပါးလိုက်ပါတယ်။ လိုတာရှိ အားမနာသာတမ်း ဖုန်းဆက်ပြီးသာ မေးပါခင်ဗျာ။ စိန်ရတနာက ဖြေဖို့အသင့်ရှိနေပါတယ်နော်။
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏢𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️𝐏𝐡𝐨𝐧𝐞 - 095102750
📧𝐄𝐦𝐚𝐢𝐥- [email protected]
နှစ်ကုန်ခါနီးမို့ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 နဲ့ ပတ်သက်တဲ့ ဈေးနှုန်းစုံစမ်းတာတွေ၊ နှိုင်းယှဉ်တာတွေလုပ်ရလို့ ကျတော်တို့ 𝐂𝐥𝐢𝐞𝐧𝐭𝐬 တွေအတွက်တော့ အလုပ်များ၊ ခေါင်းရှုပ်ရတဲ့ကာလပါပဲ။
ဒီနေ့ကျတော်တို့ 𝐂𝐥𝐢𝐞𝐧𝐭𝐬 တွေအတွက် အချိန်ကုန်သက်သာလွယ်ကူလျှင်မြန်စေမဲ့ 𝐓𝐢𝐩𝐬 (၄) ချက်ကို စိန်ရတနာက မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။
☎ ဖုန်းခေါ်ပါ
စာနဲ့မေးရတာပိုလွယ်ကူအဆင်ပြေတာကို ကျတော်တို့နားလည်ပေမဲ့ ဖုန်းဆက်ပြီးမေးတာဟာ ပိုမြန်ဆန်ပြီး ကိုယ်လိုချင်တဲ့ အဖြေကို ပိုတိတိကျကျနဲ့ မြန်မြန်ဆန်ဆန်ရနိုင်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ စာနဲ့မေးတဲ့အခါ ဖြေချိန်စောင့်ရတာ၊ ဖြေဖို့အချိန်အခက်အခဲကြောင့် အလွယ်ဖြေတာမျိုးတွေရှိနိုင်လို့ အကြောင်းအရာအတိအကျနဲ့စုံစုံလင်လင်ကို အချိန်တိုအတွင်းသိချင်ရင် ဖုန်းဆက်ပါ။ ကျတော်တို့ဆို 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာဖုန်းနံပတ်ချန်ထားပေးရင်လည်း ဖုန်းခေါ်ပြီးသိချင်တာလေးတွေ ရှင်းပြပေးပါတယ်ခင်ဗျာ။
💵 သုံးမဲ့ဘတ်ဂျက်သတ်မှတ်ပါ
လုပ်ငန်းဘတ်ဂျက်ဘယ်လောက်ရှိလဲဆိုတာ စက
တည်းကဆုံးဖြတ်ထားပြီး ပုံနှိပ်တိုက်ဘက်ကို ရှင်းရှင်းလင်းလင်းပြောထားတာကောင်းပါတယ်။ ဒါမှ ပုံနှိပ်တိုက်ကနေပြီး ကုန်ကျစရိတ်ကို တိတိကျကျ တွက်ချက်လို့ရပြီး ကိုယ့်ရဲ့ ဘတ်ဂျက်နဲ့ကိုက်တဲ့ ရွေးချယ်စရာအမျိုးအစားတွေကိုရှင်းပြနိုင်မှာပါ။ ဘတ်ဂျက်ချုံ့ရမယ်ဆိုလည်း လုပ်လို့ရမဲ့ဒီဇိုင်း၊ ပုံစံလေးတွေကို ကျတော်တို့သေချာပြောပြလို့ရပါမယ်။ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 တစ်မျက်နှာ၊ သုံးမျက်နှာ၊ ငါးမျက်နှာ အစရှိသဖြင့် ဘတ်ဂျက်နဲ့ကိုက်ညီပြီး လှပရှင်းလင်းတဲ့ ဒီဇိုင်းပုံစံမျိုးစုံကို စိန်ရတနာမှာစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်ခင်ဗျာ။
🎯 လုပ်ငန်းရဲ့ 𝐓𝐚𝐫𝐠𝐞𝐭 𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 ကိုပြောပြပါ
𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကိုသုံးမဲ့သူက ဘယ်သူလဲ? ကိုယ့်ပစ္စည်းကရောဘာလဲ? ကိုပုံနှိပ်တိုက်ကိုရှင်းပြပြီး အကြံတောင်းပါ။ များသောအားဖြင့် အဲ့ဒီလိုတိတိကျကျပြင်ဆင်လာတဲ့ လုပ်ငန်းရှင်တွေကို ကျတော်တို့စိန်ရတနာက သေချာရှင်းပြလေ့ရှိပါတယ်။ ၂၅ နှစ်တာအတွေ့အကြုံအရ လုပ်ငန်းပေါင်းများစွာကို 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပေးခဲ့တာမို့ ကျတော်တို့မှာ ပေးစရာအကြံဥာဏ်တွေ၊ အချက်လက်တွေအများကြီးရှိနေပါတယ်။ သေချာဆွေးနွေးတိုင်ပင်ဖို့ပဲ လိုပါတယ်ခင်ဗျာ။
🔍 မလိုလားအပ်တဲ့အပိုကုန်ကျစရိတ်တွေလျှော့ပါ
ကိုယ့်ရဲ့လက်ဆောင်လေးကို အကောင်းဆုံးဖြစ်စေချင်တာ သဘာဝပါပဲ။ ပိုကောင်းချင်၊ ပိုလှစေချင်တော့ ဥပမာ Lamination လောင်းချင်တယ်၊ ထူပေ့ဆိုတဲ့
ကတ္ထူသားကိုသုံးချင်တယ်ဆိုပြီး Clients တွေကတောင်းဆိုတတ်ပါတယ်။ ဒါပေမဲ့ Table Calendar ပဲဖြစ်ဖြစ် Wall Calendar ပဲဖြစ်တစ်နှစ်ပဲအသုံးပြုမှာကို သတိပြုပေးပါခင်ဗျာ။ Lamination လောင်းလိုက်ရင် Note ရေးမှတ်ဖို့ခက်တတ်ပါတယ်။ ကောင်းစေချင်လို့ ပိုသုံးလိုက်ပေမဲ့ ပိုမကောင်းသွားတာမျိုးတွေရှိတတ်တာမို့ သတိပြုစေလိုပါတယ်ခင်ဗျာ။
ဒီလိုအချက်လေးတွေကအစ Customer အတွက်အပိုကုန်ကျမှုမရှိအောင် အသေးစိတ်တိုင်ပင်ဆွေးနွေးပေးဖို့ ကျတော်တို့အမြဲရှိနေပါတယ်။ ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါ။ မေးခွန်းတိုင်းကို စိန်ရတနာကအဖြေတွေနဲ့ စောင့်ကြိုနေမှာပါခင်ဗျာ။
“𝑾𝒆 𝒈𝒊𝒗𝒆 𝒎𝒐𝒓𝒆 𝒕𝒉𝒂𝒏 𝒑𝒓𝒊𝒏𝒕𝒊𝒏𝒈.”
“𝑾𝒆 𝒈𝒊𝒗𝒆 𝒔𝒐𝒍𝒖𝒕𝒊𝒐𝒏𝒔”
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏢Address - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
📱Phone - 095102750
📨Email - [email protected]
နောက်နှစ်လဆိုရောက်လာတော့မဲ့ 𝟮𝟬𝟮𝟰 နှစ်သစ်အတွက်အားလုံးအဆင်သင့်ပဲလား။
𝟮𝟬𝟮𝟰 ဆိုအားလုံးအသစ်ပြောင်းလဲကြရမဲ့အထဲ ပြကဒိန်တွေက ကျိန်းသေပေါက်ပါတာမို့ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐆𝐢𝐟𝐭𝐬 အတွက်ဆို 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကအမြဲဦးစားပေးတစ် 𝐇𝐨𝐭 𝐈𝐭𝐞𝐦 ပါပဲ။
𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ပေးတော့မယ်ဆို ပုံနှိပ်တိုက်ကအမြဲဖြေရတဲ့မေးခွန်းလေးရှိပါတယ်။
𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ပေးရမလား 𝐖𝐚𝐥𝐥 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ရောအဆင်ပြေလား? ဆိုတဲ့မေးခွန်းပါပဲ 🧐
ဖောက်သည်တွေကို ကျတော်တို့ စိန်ရတနာရဲ့ ၂၅ နှစ်ကြာအတွေ့အကြုံနဲ့ ဒီနှစ်ခုရဲ့ကောင်းကျိုး၊ ဆိုးကျိုးလေးတွေကို အမြဲယှဉ်ပြလေ့ရှိပါတယ်။ ဒီနေ့လည်း သိသလောက်ဝေမျှပေးပါမယ်ခင်ဗျာ။
𝐖𝐚𝐥𝐥 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကတော့ -
📌အိမ်မှာပဲချိတ်ချိတ်ရုံးမှာပဲချိတ်ချိတ်အဆင်ပြေစေပါတယ်။
📌ရုံးတွင်းလူများများကိုမြင်စေနိုင်တဲ့ 𝐁𝐢𝐥𝐥𝐛𝐨𝐚𝐫𝐝 ကြော်ငြာအသေးစားလေးဆိုလည်းမမှားပါဘူး။ အမြဲလူများများနဲ့ထိတွေ့နေရ တော့ ကိုယ့်ပစ္စည်းကို တစ်ရုံးလုံးကြော်ငြာပေးပြီးသားဖြစ်သွားတာပါပဲ။ ဒါကြောင့်တစ်ချက်ခုတ်၊ အချက် သုံးဆယ်လောက်ပြတ်ချင်ရင် 𝐖𝐚𝐥𝐥 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကိုသာရဲရဲကြီးရွေးလိုက်ပါ။
📌နောက်ပြီး စနေ၊ တနင်္ဂနွေရဲ့ အစိုးရ ရုံးပိတ်ရက်တွေ၊ မြန်မာတို့ရဲ့ နေ့ထူး နေ့ရက်တွေကို အနီနဲ့ထင်းနေအောင် ပြထားပေးတဲ့အတွက် ကြိုတင်စီစဉ်ထားလို့ရတယ်။ 𝐒𝐩𝐚𝐜𝐞 များလို့ ရေးချင်တာရေးမှတ်လို့ရတယ်။
📌နံရံမှာ အမြဲချိတ်ဆွဲ ထားရလို့ ပြက္ခဒိန်ကြည့်ခါနီး လိုက်ရှာစရာမလိုတော့ဘူး။ အဓိက ကတော့ကိုယ်ပေးချင်တဲ့ 𝐌𝐞𝐬𝐬𝐚𝐠𝐞 ကိုအမြဲတစ်သတ်မှတ်ထဲမြင်နေရပြီး ခပ်ကြီးကြီးမြင်ရတာက အသက်ပါပဲ။
𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 လေးတွေကတော့ -
📌ဟိုနား ဒီနားပြောင်းရွှေ့ရ လွယ်ကူပြီး ကိုယ့်အလုပ်စားပွဲမှာ အမြဲရှိနေတာမို့ တစ်နေ့တာလုံး အမြဲမြင်နေရတာမျိုးပါ။
📌လုပ်ငန်းခွင်အတွင်း 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ယူတဲ့အခါ၊ 𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်ခဲ့အခါမှာ အများဆုံးအသုံးပြုလေ့ရှိတာက 𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 မို့ ကိုယ့်ထုတ်ကုန်က လုပ်ငန်းနဲ့ဆိုင်တဲ့ပစ္စည်းဆို ကျိန်းသေပေါက် 𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 ကိုရွေးရပါမယ်ခင်ဗျာ။
📌𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 လိုဖြစ်နေလို့ ထိတွေ့ချိန်ကြာပြီး ကိုယ့်ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭/𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေကို ရည်ရွယ်သူက တစ်နှစ်လုံးမြင်နေရလို့ ကိုယ့် 𝐁𝐫𝐚𝐧𝐝 ကိုမှတ်မိနေစေဖို့ အကောင်းဆုံးအခွင့်အရေးရှိပါတယ်။
ဒီအချက်တွေအပြင် ကိုယ့်ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭/𝐒𝐞𝐫𝐯𝐢𝐜𝐞 ကဘာလဲ၊ သူကိုယ့်ကိုဘယ်လိုအချိန်မှာသတိရစေချင်လဲ ဆိုတာကိုလည်းထည့်သွင်းစဉ်းစားဖို့မမေ့စေချင်ပါဘူး။
𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 နှစ်မျိုးရဲ့ကုန်ကျစရိတ်ကတော့ သုံးမဲ့စာရွက်အမျိုးအစား၊ အရွက်ရေ၊ ဆိုဒ်ပေါ်မူတည်ပြီးကွာခြားတတ် တာမို့ အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် 𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 ကို ဖုန်းတချက်သာ ဆက်လိုက်ပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။
နောက်ထပ်ဗဟုသုတရစရာ ပို့စ်လေးတွကိုလည်း တင်ပေးအုံးမှာ ဖြစ်လို့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ မမေ့နဲ့နော်။
"𝐖𝐞 𝐠𝐢𝐯𝐞 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐩𝐫𝐢𝐧𝐭𝐢𝐧𝐠"
"𝐖𝐞 𝐠𝐢𝐯𝐞 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬"
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏬Address - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️Phone - 095102750
📨 Email - [email protected]
ကျတော်တို့ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တွေက ကျတော်တို့ရဲ့မှတ်ကျောက်တွေပါပဲ။
မှတ်ကျောက်တင်ရင်း အသိအမှတ်ပြုခံရရင်းနဲ့ ဒီလို ၂၅ နှစ်တာခရီး၊ အချိန်အကြာကြီးကို ဖြတ်သန်းနိုင်ခဲ့တာ ကျတော်တို့ကိုယုံကြည်စိတ်ချစွာနဲ့ အပ်နှံပေးခဲ့တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တွေရဲ့ကျေးဇူးပါပဲ။
ဒါတွေကတော့ ယုံကြယ်စွာနဲ့အားပေးခဲ့ကြတဲ့ ဖောက်သည်လုပ်ငန်းတွေတချို့ရဲ့ 𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 𝐌𝐨𝐜𝐤𝐮𝐩 လေးတွေပါ။
တစ်နှစ်ပဲအားပေးပေး၊ နှစ်တိုင်းပဲအားပေးပေး အားလုံးဟာ ကျတော်လုပ်ငန်းရှေရှည်တည်မြဲနေရခြင်း ရဲ့ကျေးဇူးရှင်ပါပဲ။
ကျေးဇူးရှင်ဖောက်သည်ကြီးများအားလုံး လုပ်ငန်းတွေအဆင်ပြေချောမွေ့ပြီး အသက်ရှုတိုင်းငွေဝင်ပါစေလို့ 𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
လုပ်ငန်းမအပ်ရသေးတဲ့လုပ်ငန်းရှင်များအားလုံးကိုလည်း အခမဲ့တိုင်ပင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ လိုအပ်တဲ့ ဆိုဒ်၊ စာရွက်အမျိုးအစား၊ အရွက်ရေ၊ ဒီဇိုင်း တို့ကို တိကျစွာပေးပြီး ဈေးတွက်ပေးပါ့မယ်နော်။ မအပ်ဖြစ်လို့လည်းအားနာစရာမလိုပါဘူးခင်ဗျာ။ ကျတော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ အသင့်ပဲဖို့ ဖုန်းလေးတစ်ချက်သာဆက်လိုက်ပါခင်ဗျာ။
" 𝐖𝐞 𝐠𝐢𝐯𝐞 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐏𝐫𝐢𝐧𝐭𝐬."
"𝐖𝐞 𝐠𝐢𝐯𝐞 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬."
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
🏬Address - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️Phone - 095102750
📨 Email - [email protected]
ဒါတွေမရှိဘဲအောင်မြင်တဲ့လုပ်ငန်းတစ်ခုမဖြစ်နိုင်ပါဘူး 📣📈
ကိုယ့်လုပ်ငန်းရဲ့ပုံရိပ် သူများတွေကြားမှာ ပိုမိုထူးခြားထင်ရှားနေဖို့အတွက် အများနဲ့မတူ၊ တမူထူးခြားတဲ့ပြင်ဆင်အားထုတ်မှုတွေ လိုအပ်ပါတယ်။ ဒါတွေဟာ ကိုယ့်လုပ်ငန်းရဲ့ Branding ဆိုရင်လည်း မမှားပါဘူး။ 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 ကောင်းမွန်ဖို့အတွက် လိုအပ်ချက်တွေအများကြီးရှိပေမဲ့၊ လုပ်ငန်းတစ်ခုမှာအနည်းဆုံးအဆင့် ရှိသင့်၊ ရှိအပ်တဲ့ ပစ္စည်းလေးတွေအကြောင်းကို ဒီနေ့အတွက် Sharing လေးလုပ်ပေးပါရစေရှင်။
📌 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭𝐬
📌 𝐕𝐨𝐮𝐜𝐡𝐞𝐫
📌 𝐏𝐚𝐩𝐞𝐫 𝐛𝐚𝐠
📌 𝐏𝐚𝐩𝐞𝐫 𝐛𝐨𝐱
📌 𝐕𝐢𝐬𝐢𝐭𝐢𝐧𝐠 𝐜𝐚𝐫𝐝
📌 𝐋𝐚𝐛𝐞𝐥 𝐬𝐭𝐢𝐜𝐤𝐞𝐫𝐬
📌 𝐏𝐚𝐩𝐞𝐫 𝐋𝐚𝐛𝐞𝐥 လေးတွေကို ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်အလိုက် မဖြစ်မနေလုပ်ထားဖို့လိုအပ်ပါတယ်။
ဒီလို ပြင်ဆင်မှုတွေကို စနစ်တကျ လုပ်ထားတဲ့လုပ်ငန်းတစ်ခုဟာ ကျိန်းသေတိုးတက်အောင်မြင်မှာအသေအချာပါပဲ။ 𝑪𝒖𝒔𝒕𝒐𝒎𝒆𝒓 ကိုကိုယ့်လုပ်ငန်းအကြောင်း ကိုယ့်အစား သူတို့ကပြောပြပေးနေမှာပါ။
လုပ်ငန်းတစ်ခုတော့ စလိုက်ပါပြီတဲ့ 𝐕𝐢𝐬𝐢𝐭𝐢𝐧𝐠 𝐂𝐚𝐫𝐝 လောက်ပဲရှိပြီး 𝐕𝐨𝐮𝐜𝐡𝐞𝐫 လည်း ကိုယ့်အမည်နဲ့မရှိ၊ 𝐅𝐥𝐲𝐞𝐫 လည်း မပြင်ဆင်ထား၊ 𝐋𝐚𝐛𝐞𝐥 𝐒𝐭𝐢𝐜𝐤𝐞𝐫 ကလည်းမရှိဆိုရင် ကိုယ်လုပ်ငန်းကို မှတ်မိဖို့အခွင့်အရေးက သိပ်ကိုနည်းသွားပါပြီ။ အပြိုင်အဆိုင်များလာတဲ့ ခေတ်အခါမှာ လုပ်ငန်းချင်းတူတာတောင် ကိုယ့်ရဲ့လုပ်ငန်း 𝑩𝒓𝒂𝒏𝒅 𝑰𝒎𝒂𝒈𝒆 တက်စေဖို့ လိုအပ်တာတွေကို အခုပဲ စိန်ရတနာရဲ့ Messenger မှာ တိုင်ပင်ဆွေးနွေးနိုင်ပါပြီရှင်။
Sein Yadanar Printing
Address - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းပဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
Phone - 095102750
ထိမိသပ်ရပ်တဲ့ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 တစ်စောင်ဖြစ်ဖို့ သတိပြုရမည့် အချက် (၇) ချက်
သူများလုပ်ငန်းနည်းတူ ကိုယ့်လုပ်ငန်းအတွက်လည်း လက်ကမ်းကြော်ငြာဝေတော့မယ်ဆိုရင် အမှားအယွင်းကင်းပြီး သေသပ်လှပစွာထွက်လာမယ့် 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ကိုလုပ်ငန်းရှင်တိုင်းမျော်လင့်ကြမှာအသေအချာပါ။ ဒီလိုဖြစ်ဖို့ဆိုရင် အောက်ကအချက်တွေကိုသတိပြုဖို့ အရမ်းအရေးကြီးပါတယ်။
1. ပထမဆုံး အချက်ကတော့ လက်ကမ်းကြော်ငြာ ဘာကြောင့်ဝေမှာလဲဆိုတဲ့ ရည်ရွယ်ချက် ကိုသိဖို့လိုပါတယ်။ ဒါကိုသိပြီဆိုမှ ကြော်ငြာရေးသားသူရယ် ၊ ဒီဇိုင်းဆွဲပေးမယ့်သူရယ်က သေချာစွာပြင်ဆင်ပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ လက်ကမ်းကြော်ငြာဝေမယ့် အသက်အရွယ်ကအစ အသေးစိတ်သတ်မှတ်ထားရင် သူတို့အရွယ်ကြိုက်မယ့် ပုံ၊ စာသားကို ပြင်ဆင်လို့ရနိုင်ပါတယ်။
2. ကိုယ့်အတွက်မထုတ်ခင် ကိုယ်နဲ့လုပ်ငန်းတူတူ မတူတူ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 တွေများများ အရင်ဖတ်ပြီး စာဖတ်သူနေရာကနေ အရင်ဆုံးခံစားကြည့်ဖို့ပါ။ ဒါကြောင့် အနည်းဆုံး သူများရဲ့ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ၁၀ စောင်လောက်လေ့လာပြီးမှ ထုတ်ဝေပါ။
3. စာရေးတဲ့အခါ ဖတ်ရလွယ်ကူပြီး ရိုးရှင်းထိမိပါစေ။ အလုပ်များတဲ့သူတွေဟာ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 တစ်ခုကိုကြာကြာဖတ်ဖို့အချိန်မရနိုင်ပါဘူး။ ဒါကြောင့် လိုရင်းရောက်ပြီး စာဖတ်သူ ရင်ထဲထိအောင် စာကြောင်းတိုတွေအသုံးပြုပါ။
4. စာနဲ့လိုက်ဖက်မယ့် စာဖတ်သူ မျက်စိပသာဒ ဖြစ်စေမယ့် ပုံကောင်းလေးတွေသေချာရွေးချယ်တတ်ဖို့လိုပါတယ်။
5. ကိုယ်ငွေကုန်ခံထုတ်ထားတဲ့ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 လေး အမှိုက်တောင်းထဲမရောက်စေဖို့ အဓိကအချက်ပါပဲ ။ "ဒီ 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 လေးပါလာရင် ရမယ့်အထူးအခွင့်အရေး" စသည်ဖြင့်ရေးသင့်ပါတယ်။ Discount / လက်ဆောင် စာဖတ်သူအတွက်အကျိုးတစ်စုံတစ်ရာရှိမယ့်အရာ မဖြစ်မနေထည့်ပါ။
6. ကိုယ့်လုပ်ငန်းကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် လိပ်စာ page တွေ စုံစုံလင်လင်ထည့်ဖို့ သတိရရပါမယ်။
7. နောက်ဆုံးအချက်ကတော့ အပေါ်ကအချက်ကိုအားလုံး ပြေပြေလည်လည်နဲ့ ညှိနှိုင်းဆောင်ရွက်ပေးမဲ့ စေတနာအပြင်၊ အရည်အသွေးကောင်း စျေးနှုန်း မှန်ကန်မယ့် Printing Service ရှာဖို့ပါပဲ။
အရွေးမှားရင် ငွေကုန်၊ပင်ပန်းပြီး ကြိုးစားသမျှသဲထဲရေသွန်ဖြစ်စေတာမို့ Printing Service ကို
သေချာရွေးချယ်ဖို့အကြံပြုချင်ပါတယ်ရှင်။
Sein Yadanar Printing က ၁၉၉၉ ခုနှစ်ကစတည်ထောင်ခဲ့ပြီး ခုချိန်ထိလုပ်ငန်းရှင်ပေါင်းများစွာနဲ့ ပူးပေါင်းဆောင်ရွက်နေတာမို့ စိတ်ချစွာ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။
လုပ်ငန်းရှင်တို့ လက်ကမ်းကြော်ငြာထုတ်တဲ့အခါ အကျိုးရှိစေမှာမို့ share ခလုတ်လေး နှိပ်သွားဖို့ မမေ့နဲ့ဦးနော် ✌
𝟐𝟎𝟐𝟒 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 အပ်ရင်းလျှော့ဈေးတွေယူကြမယ် 🥰🥰🥰
နှစ်စဉ်ပေးနေကျ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 တွေစီစဉ်တဲ့အချိန်ရောက်လာပြီမို့ စဉ်းစားရခက်နေပြီလား 🤔
စက်တင်ဘာလထဲမှာအပ်တဲ့ ပထမဦးဆုံးလုပ်ငန်းရှင် (၅) ဦးကို 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝟓% လျှော့ပေးမဲ့ စိန်ရတနာရဲ့ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 အစီအစဉ်လေးကိုရော သိပြီးသွားပြီလား 🤫
𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐈𝐭𝐞𝐦𝐬 တွေကတော့
🎯𝐓𝐚𝐛𝐥𝐞 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫
🎯𝐖𝐚𝐥𝐥 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫
🎯𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤
သုံးမျိုးပါပါတယ်ရှင်။
𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ဆိုပေမဲ့ ကွာလတီပိုင်းကိုလုံးဝခိုကပ်ထားတာမရှိဘဲ အကောင်းဆုံးစာရွက်သားနဲ့ သေသပ်လှပ ခိုင်ခန့်မှုအပိုင်းကို စိတ်တိုင်းကျဆောင်ရွက်ပေးမှာပါမို့ ယုံကြည်စွာအပ်နှံနိုင်ပါတယ်နော် 🤝
အခုရေ ၁၀၀ လား၊ ၁၀၀၀ လား၊ ၁၀၀၀၀ လား။ လိုချင်တဲ့အရေအတွက်၊ ဒီဇိုင်း နဲ့ ကွာလတီကိုပြောရုံနဲ့ အတိအကျဆုံးဆောင်ရွက်ပေးမှာမို့ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လေးလက်မလွတ်ရအောင် မြန်မြန်ဆက်သွယ်လိုက်ပါတော့နော်။
ကဲ.. ပထမဦးဆုံး (၅) ယောက်ထဲမှာ ပါဖို့အတွက် ခုပဲဖုန်းဆက်ပြီး သိချင်တဲ့အချက်အလက်တွေကို မေးရင်း 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 တွေခပ်မြန်မြန်လေး ယူလိုက်ရအောင်နော် 🫡
“𝐖𝐞 𝐠𝐢𝐯𝐞 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐏𝐫𝐢𝐧𝐭𝐬.”
“𝐖𝐞 𝐠𝐢𝐯𝐞 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬.”
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠
Address - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
Phone - 095102750
Email - [email protected]
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေရဲ့ နိစ္စဒူဝအရေးကြီးကိစ္စတွေထဲ ကျနော်တို့ 𝐁𝐫𝐚𝐧𝐝ကိုမေ့သွားဖို့ဆိုတာ လွယ်လွယ်လေးပါ။
အောင်မြင်တဲ့လုပ်ငန်းတွေဟာ လွယ်လွယ်လေးအောင်မြင်လာတာမဟုတ်ပါဘူး။ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေရဲ့မေ့တတ်တဲ့သဘာဝကိုကောင်းကောင်းနားလည်ပြီး အမြဲ 𝐑𝐞𝐦𝐢𝐧𝐝 လုပ်နေတယ်။ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐛𝐮𝐝𝐠𝐞𝐭ကိုတန်ဖိုးရှိရှိအသုံးချတတ်ကြပါတယ်။ မီဒီယာတွေမှာကြော်ငြာနေမဲ့အစား 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေနေ့စဉ်သုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ ကိုယ့်လုပ်ငန်းကိုအမြဲမြင်နေစေတာကမှ တကယ့် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ပါ။
𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐆𝐢𝐟𝐭𝐬 ဆို အမြဲသရဖူဆောင်းတာကတော့ 𝑻𝒂𝒃𝒍𝒆 𝑪𝒂𝒍𝒆𝒏𝒅𝒂𝒓, 𝑾𝒂𝒍𝒍 𝑪𝒂𝒍𝒆𝒏𝒅𝒂𝒓, 𝑵𝒐𝒕𝒆𝒃𝒐𝒐𝒌 တွေပါပဲ။ ၃၆၅ ရက်လုံး Planning လုပ်တဲ့နေရာမှာအမြဲမြင်နေရတော့ ကိုယ်ကလွဲပြီး တခြားဘယ်သူ့ကိုမျက်လုံးထဲ ရောက်တော့မလဲဗျာ။ ဒါပေမဲ့ အရည်အသွေးမပြည့်မှီတဲ့လက်ဆောင်ကိုတော့ ဘယ်သူမှ သဘောမကျတာမို့ သူများနဲ့ယှဉ်ရင် ကိုယ့်လက်ဆောင်က အရည်အသွေး၊ အသားအနား အစစအရာရာသာနေဖို့ လိုပါတယ်ဗျ။
𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐆𝐢𝐟𝐭𝐬 တွေနဲ့ လုပ်ငန်းပုံရိပ်မြှင့်တင်ဖို့ဆိုရင် ကျတော်တို့ 𝑺𝒆𝒊𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑷𝒓𝒊𝒏𝒕𝒊𝒏𝒈 ကနွေးထွေးစွာကြိုဆိုပါတယ်ခင်မျာ 🫡
𝑺𝒆𝒊𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑷𝒓𝒊𝒏𝒕𝒊𝒏𝒈 က ၁၉၉၉ တကည်းကတည်ထောင်ခဲ့ပြီး ခုချိန်ထိ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐁𝐫𝐚𝐧𝐝𝐬 ပေါင်းများစွာကို ဝန်ဆောင်မှုပေးနေတဲ့ ပုံနှိပ်လုပ်ငန်းတစ်ခုမို့ အရည်အသွေးပိုင်းနဲ့ပတ်သက်ရင် စိတ်ချယုံကြည်စွာနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခဗျာ။ လုပ်ငန်းအသေးစိတ်ကို Page Messenger မှာ စိတ်ကြိုက်လာရောက်မေးမြန်းနိုင်ပါတယ်ခဗျာ 🫡
“𝑾𝒆 𝒈𝒊𝒗𝒆 𝒎𝒐𝒓𝒆 𝒕𝒉𝒂𝒏 𝑷𝒓𝒊𝒏𝒕𝒔.”
“𝑾𝒆 𝒈𝒊𝒗𝒆 𝑺𝒐𝒍𝒖𝒕𝒊𝒐𝒏𝒔.”
𝑺𝒆𝒊𝒏 𝒀𝒂𝒅𝒂𝒏𝒂𝒓 𝑷𝒓𝒊𝒏𝒕𝒊𝒏𝒈
🏢 Address - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းပဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
☎️ Phone - 095102750
📧 Email - [email protected]
Sein Yadanar Printing (ဆူးလေအနီး) တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများလိုအပ်ပါသည်။ (အင်တာဗျူးအမြန်ခေါ်ပါမည်)
Photoshop Professional – Male / Female (1) Post
• Printing Design မို့ လုပ်ငန်းပိုင်း အတွေ့အကြုံရှိကျွမ်းကျင်ပြီးစိတ်ရှည်ရပါမည်။
• Printing လုပ်ငန်းကိုအခြေခံနားလည်ထားရပါမည်။
• PS (Photoshop) AI (Illustrator) အသုံးပြုနိုင်ရမည်။
• Deadline အတွင်းပြီးစီးအောင် သပ်သပ်ရပ်ရပ်လုပ်ကိုင်နိုင်ရပါမည်။
• လစာ (၃) သိန်း
• အစမ်းခန့် ကာလ (၃) လဖြစ်ပါသည်။ အရည်အချင်းနှင့်လုပ်ရည်ကိုင်ရည်သပ်ရပ်မှုအပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။
Admin/Sale Staff – Female (1) Post
• လုပ်ငန်း၏ Operation ပိုင်းလည်ပတ်အောင် သေချာထောက်ပံ့ကူညီပေးနိုင်ရပါမည်။
• လူမှုဆက်ဆံရေးကောင်းမွန်ပြီး ရည်ရည်မွန်မွန်စကားပြောတတ်ရပါမည်။
• Customer များ၏ ဖုန်းများကိုလက်ခံဖြေကြားခြင်း၊ Follow up လုပ်ခြင်း၊ After sale service Call များခေါ်ဆိုနိုင်သောအရည်အချင်းရှိရပါမည်။
• Printing လုပ်ငန်းတွင်အတွေ့အကြုံရှိထားသူဦးစားပေးပါမည်။ (စာစီ၊ စာရိုက်လုပ်တတ်ရန်မလိုပါ)
• လစာ (၃) သိန်း
• အစမ်းခန့် ကာလ(၃)လဖြစ်ပါသည်။ အရည်အချင်းနှင့်လုပ်ရည်ကိုင်ရည်သပ်ရပ်မှုအပေါ်မူတည်၍ လစာညှိနှိုင်းနိုင်ပါသည်။
လုပ်ငန်းလိုအပ်ချက်နေရာနှစ်ခုလုံးအတွက် အတွေ့အကြုံ (၃) နှစ်နှင့်အထက်ရှိသောသူများသာ လျှောက်ထား နိုင်ပါသည်။ လျှောက်ထားလိုပါက CV ကိုမျှော်မှန်းလစာနှင့်တကွသေချာစွာဖြည့်ပြီး လူကိုယ်တိုင် သော်လည်းကောင်း Email မှသော်လည်းကောင်းလျှောက်ထားနိုင်ပါသည်။
Sein Yadanar Printing
Address - အမှတ် (၆၇)၊ ၃၁ လမ်း၊ အောက်ဘလောက်၊ ပန်းပဲတန်း၊ ရန်ကုန်တိုင်းဒေသကြီး။
Phone - 095102750
Email - [email protected]
🫶 “အသေးစားလုပ်ငန်းမှသည် အဆင့်မြင့်လုပ်ငန်းသွင်ပြင်ဆီသို့
ကိုယ့်ရဲ့လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွါးရေးလုပ်ငန်းသွင်ပြင်ဖြစ်ဖို့အတွက်
🔸𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 တွေကို ဆွဲဆောင်စေနိုင်မယ့် 𝐏𝐚𝐩𝐞𝐫 𝐁𝐚𝐠
🔸လုပ်ငန်းကြေငြာကိုဆွဲဆောင်မှုရှိရှိကြေငြာနိုင်မယ့် 𝐩𝐚𝐦𝐩𝐡𝐥𝐞𝐭𝐬
🔸𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ဆန်တဲ့ 𝐐𝐑 𝐒𝐭𝐚𝐧𝐝 တွေကိုလည်း ဖန်တီးထားဖို့အရေးကြီးပါတယ်။
ဒီအရာတွေကို အသုံးပြုခြင်းဟာ သင့်လုပ်ငန်းရဲ့တန်ဖိုးကို မြှင့်တက်စေတဲ့ “𝐁𝐫𝐚𝐧𝐝𝐢𝐧𝐠 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠“ တစ်မျိုးပါပဲ။
ကိုယ့် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐋𝐨𝐠𝐨 ပါတဲ့ ပစ္စည်းတစ်ခုကို
လက်ဆောင်ပေးတဲ့အခါမှာ ကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုရှိအောင်ဖန်တီးထားဖို့ မဖြစ်မနေ အရေးကြီးပါတယ်ခင်ဗျာ။
🟡𝐏𝐚𝐩𝐞𝐫 𝐁𝐚𝐠
🟡𝐩𝐚𝐦𝐩𝐡𝐥𝐞𝐭𝐬
🟡𝐐𝐑 𝐒𝐭𝐚𝐧𝐝 တို့ကို အပ်နှံပေးခဲ့တဲ့ 𝗨𝗻𝗶𝗽𝗮𝘆 ကို အထူးကျေးဇူးတင်ကြောင်းပြောကြားရင်း
🙏 လူကြီးမင်းရဲ့လုပ်ငန်းကို “အသေးစားလုပ်ငန်းတစ်ခုမှ အဆင်မြင့်လုပ်ငန်းသွင်ပြင်” ဖြစ်ဖို့ ကူညီပေးရန်အတွက်
“𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠” မှ အသင့်ရှိပါတယ်ခင်ဗျာ။
လူကြီးမင်းက ကုမ္ပဏီရဲ့ ပွဲတွေကို စီစဉ်ဖန်တီးပေးနေရတဲ့သူ တစ်ယောက်လား ?
(ဒါမှမဟုတ်) ပွဲပေါင်းများစွာကို ပြုလုပ်ပေးနေရတဲ့ 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞𝐫 တစ်ယောက်လား ?
ဒါဆိုရင်တော့ ဒီ 𝐩𝐨𝐬𝐭 ကလူကြီးမင်းအတွက်ပါပဲ ။👇
✨ကိုယ်ဖန်တီးတဲ့ 𝐄𝐯𝐞𝐧𝐭 တွေကို စလယ်အဆုံး အောင်မြင်စွာပြီးဆုံးဖို့အတွက် စနစ်တကျသေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
👏 ရွှေပွဲလာဧည့်ပရိသတ်တွေက ကိုယ်စီစဉ်တဲ့ ပွဲလေးကို ချီးကျူးထောပနာပြုဖို့
ကိုယ့် ကုမ္ပဏီရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭 တွေကို စနစ်တကျ ထည့်ပြီး လက်ဆောင်ပေးနိုင်မယ့်
🛍“𝐏𝐚𝐩𝐞𝐫 𝐛𝐚𝐠”
လုပ်ငန်းအမှတ်တံဆိပ်ကို အမြဲမှတ်မိနေစေမယ့်
📒“𝐅𝐢𝐥𝐞 𝐟𝐨𝐥𝐝𝐞𝐫”
မှတ်စုတွေ မှတ်တဲ့အခါတိုင်း၊ ခံစားချက်တွေ ချရေးတဲ့အခါတိုင်း သတိရစေမယ့်
📔“ 𝐍𝐨𝐭𝐞 𝐛𝐨𝐨𝐤”
မြင်လိုက်တိုင်း စွဲမက်နေစေမယ့်
🎟️ “𝗦𝘁𝗶𝗰𝗸𝗲𝗿” စတဲ့ပစ္စည်းတွေကို
အကောင်းမွန်ဆုံး 𝐐𝐮𝐚𝐥𝐢𝐭𝐲, အသင့်တင့်ဆုံးစျေးနှုန်းနဲ့
𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 မှာ အပ်နှံလို့ရပါပြီရှင်!
💢Paper bag
💢File folder
💢Note book
💢Sticker တို့ကို 𝐒𝐞𝐢𝐧 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 မှာ ယုံကြည်စွာအားပေးခဲ့သော 𝐘𝐨𝐮𝐧𝐠 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ကုမ္ပဏီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင် 💁♀️
𝗪𝗲 𝗚𝗶𝘃𝗲 𝗠𝗼𝗿𝗲 𝗧𝗵𝗮𝗻 𝗣𝗿𝗶𝗻𝘁. 𝗪𝗲 𝗚𝗶𝘃𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻𝘀
အမှတ် ၆၇၊ မြေညီထပ်၊ ၃၁လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်။
📞 𝗛𝗼𝘁𝗹𝗶𝗻𝗲: 𝟬𝟭-𝟯𝟴𝟴𝟭𝟭𝟱
📲 𝗩𝗶𝗯𝗲𝗿: 𝟬𝟵-𝟱𝟭𝟬𝟮𝟳𝟱𝟬
📧 [email protected]
🔄 ခေတ်တွေ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပေမဲ့ စာအုပ်ဖတ်ရတာကို လူတွေမစွန့်လွှတ်နိုင်သလို 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 ဝေတဲ့ 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 စတိုင်ကိုလည်း စွန့်ပစ်လို့မရသေးပါဘူး။
💬 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 ကို ဝေသာဝေနေရတာပါကွာ မထိရောက်ပါဘူး
💬 ငါနဲ့ 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 ကလည်း ကံကိုမစပ်ပါဘူး
ဒီလိုမျိုး 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 နဲ့ ပတ်သက်ရင် ကုသိုလ်ကံအကျိုးမပေးလို့ 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 ကို လုံးဝစိတ်ကုန်နေပြီဆိုရင် ထိရောက်တဲ့ 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 လက်ကမ်းစာစောင်ကို ဘယ်လိုဖန်တီးမလဲဆိုတာမသိလို့ အဲ့လိုဖြစ်နေတာပါလို့ ထောက်ပြပါရစေရှင် ‼️
ဒီတော့ ဘယ်လိုမျိုးအချက်တွေ ပါဝင်မှ အသုံးဝင်တဲ့ လက်ကမ်းစာစောင်တစ်စောင်ဖြစ်လာမှာလဲ ❓
🎯 မိတ်ဆွေရဲ့ 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 ကပေးချင်တဲ့ 𝗺𝗲𝘀𝘀𝗮𝗴𝗲 ကို အရင်စဥ်းစားရပါမယ်။
ပုံကို အဓိကထားချင်တာလား? စာကိုပဲ အသားပေးချင်တာလား? စသဖြင့် ကိုယ်သွားချင်တဲ့ 𝗙𝗿𝗮𝗺𝗲 ကို အရင်စဥ်းစားပြီးမှ ဆောင်ရွက်သင့်ပါတယ် 🧏🏻
🎯 ဒီတော့ ပုံအဓိကထားချင်တဲ့သူတွေအနေနဲ့ အထိရောက်ဆုံးပုံကို စိစစ်ပြီးရွေးချယ်သင့်သလို စာကိုအသားပေးချင်ရင်တော့ တိုတိုနဲ့လိုရင်းဖြစ်စေတဲ့ စာကို အသုံးပြုသင့်ပါတယ်။
🎯 လက်ကမ်းစာစောင်ဖြစ်တာကြောင့် စာတွေ၊ ပုံတွေအများကြီးနဲ့ ပြွတ်သိပ်နေတာမျိုးက ကြည့်ရဆိုးစေပါတယ်။ လူတွေရဲ့ 𝗔𝘁𝘁𝗲𝗻𝘁𝗶𝗼𝗻 ရရှိဖို့ ရှင်းလင်းထိမိတဲ့ လက်ကမ်းစာစောင်ဖန်တီးနိုင်ဖို့ကိုပဲ ပိုအာရုံစိုက်သင့်ပါတယ်။
🎯 လက်ကမ်းစာစောင်ဖတ်နေတဲ့ လူရဲ့အမြင်မှာ ရှုပ်ထွေးမသွားအောင် 𝗙𝗼𝗻𝘁 ကို ၂မျိုး၊ ၃မျိုးထက်ပိုသုံးတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ် ❌
📍 𝗖𝗼𝗹𝗼𝘂𝗿 က ကျွန်မတို့လူတွေရဲ့ 𝗘𝗺𝗼𝘁𝗶𝗼𝗻 နဲ့ အတွေးအမြင်တွေကို လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတာကြောင့် ကိုယ်ပေးချင်တဲ့ 𝗺𝗲𝘀𝘀𝗮𝗴𝗲 နဲ့လိုက်ဖက်တဲ့ 𝗖𝗼𝗹𝗼𝘂𝗿,𝗕𝗿𝗮𝗻𝗱 𝗖𝗼𝗹𝗼𝘂𝗿 တွေကို အသုံးပြုပြီး 𝗔𝘂𝗱𝗶𝗲𝗻𝗰𝗲 ရဲ့ အသိထဲမှာစွဲကျန်သွားအောင် ဖန်တီးရပါမယ်။
🔖 လက်ကမ်းစာစောင်ကို ဖတ်တဲ့အဆင့်ကနေ ကိုယ့် 𝗕𝗿𝗮𝗻𝗱 ကို ဝယ်ယူအသုံးချချင်တဲ့အခြေအနေတစ်ခုထိရောက်လာအောင် 𝗙𝗿𝗲𝗲 𝗧𝗿𝗶𝗮𝗹/ 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 တစ်ခုခုဖြင့် ဆွဲဆောင်သင့်ပါတယ်။
🔖 𝗟𝗮𝘀𝘁 𝗯𝘂𝘁 𝗻𝗼𝘁 𝗹𝗲𝗮𝘀𝘁 ကတော့ စာရွက်သားကောင်းကောင်းနဲ့ ဖန်တီးဖို့ပါပဲ။ 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 ဆိုတာကိုယ့် 𝗕𝗿𝗮𝗻𝗱 နဲ့ 𝗔𝘂𝗱𝗶𝗲𝗻𝗰𝗲 နဲ့ကြားက ပထမဆုံးခြေလှမ်း၊ ပထမဆုံးတွေ့ဆုံမှုဖြစ်တာကြောင့် 𝗙𝗶𝗿𝘀𝘁 𝗜𝗺𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻 ရစေမဲ့ 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 ရဲ့ စာရွက်သားက 𝗤𝘂𝗮𝗹𝗶𝘁𝘆 မြင့်နေဖို့အရေးကြီးဆုံးဖြစ်ပါတယ် ‼️
ဒီလိုမျိုး အချက်၇ချက်နဲ့ပြည့်စုံမှသာ ပြီးပြည့်စုံပြီးအသုံးဝင်တဲ့ လက်ကမ်းစာစောင်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒီလို အချက်၇ချက်နဲ့ပြည့်စုံပြီး ထိရောက် လှပတဲ့ 𝗣𝗮𝗺𝗽𝗵𝗹𝗲𝘁 တွေကိုဖန်တီးချင်ရင်တော့ 𝗦𝗲𝗶𝗻 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴 ဆီကိုသာလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင် 💁♀️
𝗪𝗲 𝗚𝗶𝘃𝗲 𝗠𝗼𝗿𝗲 𝗧𝗵𝗮𝗻 𝗣𝗿𝗶𝗻𝘁. 𝗪𝗲 𝗚𝗶𝘃𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻𝘀
အမှတ် ၆၇၊ မြေညီထပ်၊ ၃၁လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်။
📞 Hotline: 01-388115
📲 Viber: 09-5102750
📧 [email protected]
📚ကိုယ့်ဘဝအတွက် အသုံးဝင်တဲ့ စာအုပ်ကောင်းတစ်အုပ်ကို ပိုင်ဆိုင်ထားခြင်းက တစ်သက်လုံးအတွက် အကျိုးရှိစေပါတယ်တဲ့!
ဒါဆိုရင် ဒီလိုအရေးပါတဲ့ စာအုပ်တွေကို
နှစ်လရှည်များစွာ ပျက်စီးမှုမဖြစ်အောင်
𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 ပိုင်းမှာ သေချာစနစ်တကျအားစိုက်ထားဖို့လည်း လိုအပ်ပြန်ပါတယ်။
📖 လေ့လာဆည်းပူးနေတဲ့ ကျောင်းသင်ရိုးဖတ်စာအုပ်တွေ (𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐢𝐫𝐜𝐮𝐥𝐮𝐦 𝐁𝐨𝐨𝐤)
📖 သင်ယူထားသမျှကို မှတ်သားထားတဲ့ "𝐒𝐜𝐡𝐨𝐨𝐥 𝐧𝐨𝐭𝐞 𝐛𝐨𝐨𝐤"
📖 ကိုယ့်ရဲ့ 𝗖𝗼𝗺𝗽𝗮𝗻𝘆 အဆင့်အတန်းကို ပို မြင့်မားစေတဲ့ "𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐩𝐫𝐨𝐟𝐢𝐥𝐞 𝐛𝐨𝐨𝐤"
📖 𝗖𝗼𝗺𝗽𝗮𝗻𝘆 အကြောင်းကို ပြီးပြည့်စုံစွာဖော်ပြထားတဲ့ "𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐜𝐚𝐭𝐚𝐥𝐨𝐠𝐮𝐞 𝐛𝐨𝐨𝐤" တို့အပြင်
📖 ပွဲတွေမှာ ကမ်းလေ့ရှိတဲ့ "𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐧𝐨𝐭𝐞𝐛𝐨𝐨𝐤" & "𝐕𝐚𝐫𝐢𝐨𝐮𝐬 𝐫𝐞𝐩𝐨𝐫𝐭𝐬 𝐛𝐨𝐨𝐤"
အစရှိတဲ့ စာအုပ်မျိုးစုံကို
💠 တစ်သက်တာအတွက် အမြဲအသုံးဝင်နေအောင်
💠 လွယ်လင့်တကူ ပျက်စီးမှုမရှိအောင်
𝐐𝐮𝐚𝐥𝐢𝐭𝐲 ကောင်းကောင်းနဲ့ 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 ပိုင်း
အပ်နှံချင်ရင်တော့ 𝗦𝗲𝗶𝗻 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴 ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ!
𝗦𝗲𝗶𝗻 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴
အမှတ် ၆၇၊ မြေညီထပ်၊ ၃၁လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်။
📞 Hotline: 01-388115
📲 Viber: 09-5102750
📧 [email protected]
"We give more than prints. We give solutions."
အရင်းနှီးဆုံး ရင်ဖွင့်ဖော် "𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸" 📓
❤️လူရယ်လို့ဖြစ်လာရင် ပျော်စရာတွေရှိမယ်၊ ဝမ်းနည်းစရာတွေရှိမယ်၊ နေ့စဥ်တွေ့ဆုံကြုံကွဲဖြစ်ရပ်တွေရှိမယ်.......လူမှုဘဝမှာ ခံစားချက်အသုပ်စုံကို ချာလည်အောင် ခံစားနေရတတ်ပါတယ်။
❤️ပျော်စရာပဲဖြစ်စေ၊ ဝမ်းနည်စရာပဲဖြစ်စေ တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုက်ရတာက စိတ်သက်သာရာရဖို့ များစွာအကျိုးရှိစေပါတယ်။
ဒါပေမယ့်
💔ကိုယ့်အကြောင်းကို သူများကိုမသိစေချင်တာ
💔 ဘယ်သူနဲ့မှလည်းမတွေ့ချင် တစ်ယောက်တည်း ခံစားချက်တွေကို ဖွင့်ထုတ်ချင်လာပြီဆိုတာနဲ့
အလိုအပ်ဆုံးအရာလေးကတော့ 📒 "𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸" လေးပဲဖြစ်ပါတယ်။
ကိုယ်ပိုင် "𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸" လေးထဲမှာ ကိုယ်ခံစားရသမျှကို ရေးချလိုက်ခြင်းက
❣️ကိုယ့်ရဲ့ရှုပ်ထွေးနေတဲ့အတွေးကို ရှင်းလင်းသွားစေသလို
❣️ပြဿနာတွေရဲ့အဖြေကိုလည်း သိရှိလာစေတဲ့အပြင်
❣️စိတ်လက်ပေါ့ပါးသွားပြီး ရင်ထဲတင်းကျပ်နေတာတွေကို ဖြေလျှော့ပေးနိုင်ပါတယ်။
❣️ ကိုယ့်ရဲ့အချိန်ကို သေချာစီမံခန့်ခွဲနိုင်ဖို့ဆိုလည်း ကိုယ်လုပ်စရာရှိတာတွေကို
📒 "𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸" လေးမှာ ချမှတ်ထားနိုင်ပါတယ်။
လူဆိုတာ အရင်းနှီးဆုံး ရင်ဖွင့်ဖော်တစ်ယောက်တော့ အမြဲလိုအပ်တတ်ပြီး အဲ့တာက တခြားလူတစ်ယောက်ဖြစ်နေဖို့ရာတော့ အတင်းကြီးလုပ်ယူစရာမလိုပါဘူး။💕
ကိုယ်ပိုင် 📒 "𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸" လေးတစ်အုပ်ရှိရင်ကိုပဲ
✏️ပျော်စရာအမှတ်တရလေးတွေကို မှတ်ထားမလား
✏️ဝမ်းနည်းစရာအဖြစ်အပျက်တွေကို ဖွင့်ထုတ်မလား
✏️Daily Plan လေးတွေ ချရေးထားမလား
နှလုံးသားထဲက စကားသံတွေကို ရင်ဖွင့်ဖို့ အရင်းနှီးဆုံးအဖော်အဖြစ် ရှိနေပါပြီ။💕
ဒါကြောင့် 📒 𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸 လို့ပြောလိုက်တာနဲ့
လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်
ကိုယ်တိုင်ရေးဖို့ပဲဖြစ်ဖြစ်
✨ အရည်အသွေးမှာလည်း အကောင်းဆုံး ဈေးနှုန်းကလည်းသက်သာစွာ ဝယ်ယူလိုတယ်ဆိုရင်
𝟭𝟵𝟵𝟵 ခုနှစ်ကတည်းက 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴 မှာ နာမည်ကြီး "𝗦𝗲𝗶𝗻 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴" မှာ မှာယူလိုက်တော့နော် 📒
𝗦𝗲𝗶𝗻 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴
အမှတ် ၆၇၊ မြေညီထပ်၊ ၃၁လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်။
📞 Hotline: 01-388115
📲 Viber: 09-5102750
📧 [email protected]
"We give more than prints. We give solutions."
#အရင်းနှီးဆုံးရင်ဖွင့်ဖော်
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
No. 67, 31st Street, Lower Block, Pabedan
Yangon
11141
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |
အမှတ် ၃၅ ၊ မြေညီထပ် ၊ ဇေယျဝတီ (ဗဟိုလမ်း) ၊ AYA Bank ဘေးချင်းကပ် ၊ စမ်းချောင်း
Yangon, 11111
We sell DTF Printer, ink , film , powder and accessories. And also we are giving DTF-modified service.
70/A, Koh Min Koh Chin Road, Bahan
Yangon
လူကြီးမင်းတို့ စိတ်တိုင်းကျ ၀န်ဆောင်မူပေးတဲ့ Chit Sein Silk Screen Printing ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစ
Bldg 2, Room 1, Hledan Road, Kamayut Tsp
Yangon, 11041
We offer THREE KINDS of service : Good / Cheap / Fast You can pick ANY TWO Good & Cheap –> won’t be Fast Good & Fast –> won’t be Cheap Fast & Cheap –> won’t be Good
Nyaung Yan Road
Yangon, 11181
Our company prints best quality logos on all kinds of food and consumer plastic bags from the whole
No. 12, Room No. 204, Aye Yeik Mon 4th Street, Hlaing Township
Yangon, MYANMAR
Design and Printing
Yangon
KYAW အဆင့်မြင့်ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်း 09-425552353 ရန်ကုန်မြို့
No. 15 Nawaday Min Gyi Street , Zone (3) Hlaing Thar Yar Township
Yangon, 11401
ဝန်ဆောင်မှုမြန် Quality မှန်တဲ့ Hua Tian
Yangon
စတီး သစ်သား သံပြားပေါ်တွင်လေစာထွင်းခြင်း၊ Flyer, Name Card, Diary Book, Paper Bag များပုံနှိပ်ခြင်း၊
Kamarkyi Road, Thingangyun Township
Yangon, 11072
Potato Customized T-Shirt Printing Service.