ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် - Shwe Htet Kaung Tea Shop

ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် - Shwe Htet Kaung Tea Shop

မိတ်ဆွေများနားခို စားသောက်ရာ ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်

30/05/2023

ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး စကားပြောဖို့ နေရာကောင်းလေးရှာနေပါသလား။❓

ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်ကို သတိရလိုက်ပါခင်ဗျာ။ 😊

ကျွန်တော်တို့ ရွှေထက်ကောင်းမှာ ဆိုရင်တော့ လူကြီးမင်းတို့ စိတ်ချမ်းချမ်းသာသာ အနားယူနိုင်ဖို့အတွက် လေကောင်းလေသန့်ရရှိတဲ့ နေရာကောင်းလေးတွေ စီစဉ်ပေးထားသလို....🍃
သဘာဝအလင်းရောင်‌ရော မီးအလင်းရောင် ကောင်းကောင်းလေးနဲ့ပါ စကားပြောလို့ကောင်းတဲ့ ပတ်ဝန်းကျင်လေးကိုလည်း ဖန်တီးပေးထားပါတယ်ခင်ဗျ။

ဆိုင်ရှေ့ ကားပါကင်ကလည်း ကျယ်တာမို့ အပေါင်းသင်း မိတ်ဆွေများနဲ့အတူ လာရောက် စားသောက်နိုင်ပါတယ်။✨

စားသောက်ဖို့ဆိုင်ဆိုတဲ့ နေရာတစ်ခုထက်ပိုတဲ့ အရသာကို ခံစားချင်တယ်ဆိုရင် ‌ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်ကိုသာလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။😊

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🕠ဆိုင်ဖွင့်ချိန် - မနက် ၅ခွဲ မှ ည ၁၀နာရီထိ

☎️ 09 773019611

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#အစားအသောက်
#မိတ်ဆွေ #အပေါင်းအသင်း

24/05/2023

မင်္ဂလာရှိတဲ့ နေသစ်လေးပါ🙏
"ရွှေထက်ကောင်း” ကာစတန်မာများခင်ဗျ။

နေ့စဉ်လှုပ်ရှားသွားလာ နေရတဲ့လူကြီးမင်းတို့ရဲ့တစ်နေ့တာကို အားအင်အပြည့်ဖြင့် စတင်ဖို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင် ကိုသာ လှမ်းခဲ့ဖို့ ကနဦးပြောကြားလိုပါတယ် ခင်ဗျ။🥰

ဆိုင်ဖွင့်ချိန်က မနက် ၅:၃၀ ဖြစ်တဲ့အတွက် မနက်စောစော လမ်းထလျှောက်တဲ့ လူကြီးမင်းများလည်းစိတ်ပူစရာမလိုပါဘူးနော် မနက်ခင်းစာဖွယ်တွေ သုံးဆောင်နိုင်ပါတယ်။✨

ကျွန်တော်တို့ ရွှေထက်ကောင်းမှာ မနက်စောပိုင်းအတွင်း စားနိုင်တဲ့
မီနူးကောင်းများစွာလည်း ရှိတဲ့အတွက် 💁🏻

🔸မနက်ပိုင်း လမ်းထလျှောက်ပြီး Breakfast ကို ကောင်းကောင်းလေးမှ စားချင်သူတွေ၊
🔸အကြောင်းအမျိုးမျိုးကြောင့် မနက်စာ မချက်နိုင်တဲ့သူ‌ ‌တွေ၊
🔸အလုပ်မသွားခင် အားအင်ဖြည့်မဲ့သူတွေနဲ့.....

ကျွန်တော်တို့ "ရွှေထက်ကောင်း”မှာမှ မနက်စာမစားရရင် မနေနိုင်တဲ့ ကာစတန်မာများ အားလုံးကိုလည်း ကျွန်တော်တို့ "ရွှေထက်ကောင်း”မှ အကောင်းဆုံးစားဖွယ်တွေ ဖော်ရွေပျူငှာတဲ့ဝန်ဆောင်မှုတွေနဲ့အတူ ကြိုဆိုနေပါတယ် ခင်ဗျ။🤗

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

☎️ 09 773019611

🕠ဆိုင်ဖွင့်ချိန် - မနက် ၅ခွဲ မှ ည ၁၀နာရီထိ

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်
#မနက်စာ

18/05/2023

အခုလို review လေးရေးပေးတဲ့ အကို့ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ။🙏

ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်မှာ အချိန်ကောင်းလေးရခဲ့တာ ကြားရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။✨

ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်မှာ ကာစတန်မာများရဲ့အတွက် အစားအသောက်များကို သန့်ရှင်း လတ်ဆတ်စွာ ချက်ပြုတ်ပြင်ဆင်ပေးပြီး မီနူးပေါင်းများစွာကိုလည်း မှာယူစားသောက်နိုင်သလို။✨

လာရောက်သူများ စိတ်ချမ်းချမ်းသာသာ စားသောက်နိုင်ရန်အတွက် ကျယ်ဝန်းတဲ့နေရာထိုင်ခင်း အပြင်အဆင်နဲ့ ဝန်ဆောင်မှုများကိုလည်း အဆင်သင့် စီစဉ်ပေးထားပါတယ်ခင်ဗျ။☺️

ကားပါကင်ဟာလည်း ကျယ်ဝန်းတဲ့ အတွက် နေရာမရမှာလည်း စိတ်ပူစရာမလိုပါဘူး‌နော်။

ဒါကြောင့် ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်ကို မရောက်ဖူးသေးတဲ့ မိတ်ဆွေများကို တစ်ခါတစ်ခေါက်တော့ ကျွန်တော်တို့ရဲ့ လက်ဖက်ရည်ဆိုင်လေးဆီ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။🤗

☎️ 09 773019611

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ


#အစားအသောက် #မီနူး

09/05/2023

နွေပူပူအချိန်အခါလေးမှာ အရိပ်ကောင်းကောင်း ခိုနားချင်တဲ့သူတွေအတွက်
ပူပြင်းတဲ့နွေရာသီမှာ နေ့ခင်းနေ့လည် ခဏတာ နားခိုဖို့ နေရာ ရှာနေပါသလား။❓

ကားဆရာများ နေ့ခင်းနေ့လည် ထမင်းစုစားဖို့ နေရာ ရှာနေပါသလား။❓

ကားပါကင်လည်း ကျယ်ပြီး လေကောင်းလေသန့်ကောင်းမွန်စွာ ရတဲ့နေရာ ရှာနေပါသလား။❓

နေ့ခင်းနေ့လည် အနားယူဖို့ ကျွန်တော်တို့ ရွှေထက်ကောင်းဆိုင်ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။☺️

ကျွန်တော်တို့ ရွှေထက်ကောင်းဆိုင်မှာဆိုရင်💁🏻

ကျယ်ဝန်းလှတဲ့ ကားပါကင်၊

လေဝင်လေထွက်ကောင်းပြီး ထိုင်လို့ကောင်းတဲ့ ဆိုင်အခင်းအကျင်း၊

အရသာကောင်းမွန်တဲ့ စားသောက်ဖွယ်ရာများ၊

ပူပြင်းတဲ့ဒဏ်ကို အံတုမယ့် လန်းဆန်းမှုအပြည့်ပေးနိုင်တဲ့ သောက်စရာ ဖျော်ရည်များလည်း မှာယူ‌သုံးဆောင်နိုင်တာကြောင့်....

နေ့ခင်းနေ့လည် အေးဆေးအနားယူရင်း စားဖွယ်ကောင်းများ စားသုံးချင်တဲ့သူတွေအတွက် ကျွန်တော်တို့ "ရွှေထက်ကောင်း”ဆိုင်ကို လာရောက်ဖို့ အကောင်းဆုံး ဖြစ်မှာ အမှန်ပါပဲခင်ဗျ။💯

☎️ 09 773019611

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်
#အရိပ် #နေရာ

03/05/2023

၂၀၂၃ မေလ ၃ ရက်၊ ကဆုန်လပြည့်နေ့၌ ကျရောက်မည့် ညောင်ရေသွန်းပွဲတော် မှစ၍ မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာချမ်းသာ ကြပါစေကြောင်း ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏

☎️ 09 773019611

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#ညောင်ရေသွန်း

01/05/2023

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့တွင် ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်ကို ဖြစ်မြောက်အောင် ✨

အားကြိုးမာန်တက် ပါ၀င်ကြိုးစားပေးခဲ့ကြသော ဝန်ထမ်းများ၊ အဘက်ဘက်မှ ကူညီပေးခဲ့ကြသူများနှင့် နယ်ပယ်စုံမှာ အလုပ်လုပ်ကိုင်နေကြသူများ အားလုံးကို ယခု post ဖြင့်ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျ။😊

☎️ 09 773019611

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

29/04/2023

ဗျို့....မိတ်ဆွေ 👋
"ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင် ဘယ်မလဲဗျ?

ကျွန်တော်လိုက်ရှာ နေတာအ‌‌တော်ကြာပြီဗျာ...😩

ဒီမယ်... ကျွန်တော်ပြောပြမယ်

"ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်က အရှေ့ဒဂုံမြိုနယ်၊ အမှတ်(၂) လမ်းမကြီးပေါ်မှာ ရှိတာဗျ။

ဆိုင်‌ရဲ့ အနီးဆုံးမှတ်တိုင်က ဦးထွန်းမြတ်မှတ်တိုင် 🎯

ဆိုင်ရဲ့ရှေ့နားလေးမှာ မဟာဗန္ဓုလအိမ်ယာ နဲ့နီးတယ်ဗျ။

ကဲဒါဆို ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် ဘယ်နားမှာရှိလဲ သိပြီထင်တယ်ဗျာ။

ဟုတ်ပြီ ကျေးဇူးဗျာ... ကျွန်တော် ဗိုက်စာနေတာကြာနေပြီ...

စားဖွယ်စုံပြီး အရသာကောင်းတဲ့ "ရွှေထက်ကောင်း”ဆီ ခုဘဲဝါးတီးဆွဲဖို့ သွားပြီဗျာ။🏃

☎️ 09 773019611

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်
#နေရာ

25/04/2023

ပူပြင်းလှတဲ့ နွေနေပူဒဏ်ကို အံတုပြီး လန်းဆန်နိုင်ဖို့....☀️

လတ်ဆတ်တဲ့ ဖျော်ရည်‌အေးလေးတွေ သောက်သုံးလိုက်တာက အကောင်းဆုံးပါ။😊

လာရောက် စားသောက်ကြတဲ့ ကာစတန်မာတိုင်း အတွက်...

ကျွန်တော်တို့ ရွှေထက်ကောင်းဆိုင်မှာဆိုရင်လည်း နွေနေပူမှာ လန်းဆန်းမှု အပြည့်ပေးစေမဲ့

🍉 ဖရဲသီး
🍓စတော်ဘယ်ရီ
🍈သခွားမွှေး
🥑ထောပတ်
🍍နာနတ်
🍊လိမ္မော်
🍋သံပုရာ

Soda ဖျော်ရည်အမျိုးမျိုး စတဲ့....

အရသာလည်းရှိ အမောလည်းပြေစေတဲ့ ဖျော်ရည်လေးတွေရတာမို့🍹

"ရွှေထက်ကောင်း”ဆီ ရောက်ရင်မှာသောက်ကြဖို့ အကြံပြုပါရစေဗျ။🤗

☎️ 09 773019611

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်
#အအေး #ဖျော်ရည်
#နွေရာသီ #အပူဒဏ်

17/04/2023

1385 ခုနှစ်တွင် ကျရောက်သော မြန်မာနှစ်ကူး အချိန်သမယမှ စ၍ နောင်နှစ်ပေါင်းများစွာတိုင် စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေးတို့ ပြည့်စုံပြီး စိတ်သွားတိုင်း၊ ကိုယ်ပါ၍ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ထပ်တူ၊ ထပ်မျှ ဖြစ်ပါစေလို့ ရွှေထက်ကောင်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျ။🙏

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

☎️ 09 773019611

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#နှစ်ဆန်းတစ်ရက်

12/04/2023

ကျွန်တော်တို့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်အား ပုံမှန်ဆိုင် ဖွင့်ချိန် မနက် ၅နာရီခွဲ မှ ည ၁၀နာရီထိ မဟုတ်ဘဲ ....

သင်္ကြန်တွင်း ဆိုင်ဖွင့်ချိန်အနေနဲ့ နေ့လည် ၁၂နာရီထိသာ ဖွင့်လှစ်မည် ဖြစ်ကြောင်း လာရောက်စားသုံးသူ ကာစတန်မာများအား အသိပေးအပ်ပါတယ်။✨

သင်္ကြန်တွင်း အစားသောက်ဟင်းပွဲ လှူဒါန်းလိုပါကလည်း အော်ဒါများလက်ခံပေး‌ပါတယ် ခင်ဗျ။😊

ဟင်းပွဲ အော်ဒါအကြောင်းကိုတော့ အောက်ကလင့်လေးထဲကနေ ဝင်ကြည့်နိုင်ပါတယ်။✨

https://www.facebook.com/101440572882764/posts/150131338013687/?mibextid=Nif5oz

ယခု သင်္ကြန်အခါသမယလေးကိုလည်း အားလုံးမိသားစုနဲ့တူတူ ဘေးမသီရန်မခဘဲ ဖြတ်သန်းနိုင်ကြပါစေ။🙏

☎️ 09 773019611

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်
#အလှူ #ကုသိုလ်

06/04/2023

သင်္ကြန်ကာလတွင်း ကုသိုလ်ယူပြီးအလှူပြုကြမဲ့ ကာစတန်မာများခင်ဗျ✨

ကျွန်တော်တို့ ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်ကနေ မှာယူစားသောက်နိုင်တဲ့

မြန်မာ၊ ရှမ်း၊ တရုတ်စတဲ့ အစားသောက်ဟင်းပွဲမျိုးစုံကို သင်္ကြန်တွင်း ဒါနကုသိုလ် ပြုလိုသူများအတွက် ဟင်းပွဲအော်ဒါများ လက်ခံပေးပါတယ်ဗျ။😊

ပွဲရေများကိုလည်း အကန့်သတ်မရှိလက်ခံပေးပြီး

ပွဲ ၅၀ နဲ့အထက် မှာယူပါက ဟင်းပွဲလက်ဆောင်များလည်း စီစဉ်ပေးပါတယ်။✅

ဒါ့အပြင် "ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်” အနီးတဝိုက်မှ မှာယူသူများအတွက်လည်း အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးပါတယ်ခင်ဗျ။🤗

ယခု ကျရောက်လာ‌တော့မဲ့ မဟာသင်္ကြန်အခါသမယမှာ သဒ္ဓါတရားထက်သန်စွာနဲ့ ကောင်းမှုကုသိုလ်တွေ
ပြုကြမဲ့ အလှူရှင်များကိုယ်စား ပိတိဖြာရင်း 🙏

ရွှေထက်ကောင်းမှ ဟင်းပွဲများမှာယူပြီး ကုသိုလ်ယူနိုင်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်ခင်ဗျ။✨

ဟင်းပွဲအော်ဒါ မှာယူလိုပါက
☎️ 09 773019611

ကို ဆက်သွယ်နိုင်ပါတယ်။

🕠ဆိုင်ဖွင့်ချိန် - မနက် ၅ခွဲ မှ ည ၁၀နာရီထိ

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်
#အလှူ #ကုသိုလ်

26/03/2023

အပျော်ပေါ့ဗျာ...😁
ကျွန်တော်တို့ ရွှေထက်ကောင်းဆိုင်ကနေ မှာသောက်လို့ရတဲ့အရာ ....

ပုံမှာပြထားတဲ့ နံပါတ် ၁,၂,၃ တပ်ထားတဲ့ ပုံလေးတွေကို ပေါင်းကြည့်ပြီး

အရသာလည်းရှိ လူကြိုက်လည်းများတဲ့ သောက်စရာတစ်ခုက ဘာလဲဆိုတာ မန့်သွားပေးကြပါဦးဗျ။✨

ချိုစိမ့်မွှေးတာဆိုတော့ ဘာလေးဖြစ်မလဲ။👀

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🕠ဆိုင်ဖွင့်ချိန် - မနက် ၅ခွဲ မှ ည ၁၀နာရီထိ

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

☎️ 09 773019611

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်
#စကားပုံweek

21/03/2023

စားဖွယ်မီနူးစုံလင်တဲ့ ကျွန်တော်တို့ရဲ့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်မှာဆိုရင်

🔸မြန်မာအစားစာ အမျိုးမျိုး
🔸ရှမ်းအစားစာ အမျိုးမျိုး
🔸တရုတ်အစားစာ အမျိုးမျိုး
🔸အိန္ဒိယအစားစာ အမျိုးမျိုးတို့အပြင်

လက်ဖက်ရည်နှင့် သောက်စရာ အပူ၊ အအေး စတဲ့ စားဖွယ်အစုံအလင်ကို

အရသာရှိစွာနဲ့ တစ်နေရာထဲမှာဘဲ စိတ်ကြိုက်မှာယူ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။✨

နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုများနဲ့အတူ လာရောက်စားသုံးသူ ကာစတန်မာများကိုလည်း....

ကျွန်တော်တို့ "ရွှေထက်ကောင်း” မိသားစုမှ အစဉ်ကြိုဆိုလျက်ရှိနေတာမို့

အရှေ့ဒဂုံမြို့၊ အမှတ်(၂) လမ်းမကြီးပေါ်မှာရှိတဲ့ "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်ဆီ လာရောက်စား‌သောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။😊

🕠ဆိုင်ဖွင့်ချိန် - မနက် ၅ခွဲ မှ ည ၁၀နာရီထိ

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

☎️ 09 773019611

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#မီနူး #အစားအသောက်

14/03/2023

ကျွန်တော်တို့ “ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်ကို လာရောက် အားပေးကြတဲ့ မိတ်ဆွေများအတွက် အသေးစိတ်ကအစ အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနေပါတယ်ဗျ။✨

ကျတော်တို့ “ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်မှာဆိုရင် မိတ်ဆွေတွေအတွက် ကားပါကင်ကိုလည်း မြင်သာတဲ့ ဆိုင်ရဲ့ရှေ့မှာပဲထားရှိပေးထားပါတယ်။ ပါကင်ကလည်း ကျယ်ဝန်းတာကြောင့် ကားပါကင်ထိုးရတာလွယ်ကူတဲ့အပြင် လာတဲ့အခါ ပါကင်မရှိမှာလည်း စိတ်မပူရပါဘူးခင်ဗျ။😊

ရပ်နီး၊ရပ်ဝေးမှ လာရောက်အားပေးကြတဲ့ မိတ်ဆွေများအားလုံးအနေနဲ့ စိတ်အေးချမ်းစွာဖြင့် ကျွန်တော်တို့ “ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်ရဲ့ အစားအသောက်များကို လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤗

🕠 ဆိုင်ဖွင့်ချိန် - မနက် ၅နာရီခွဲမှ ည ၁၀နာရီထိ

📌ဆိုင်လိပ်စာ - အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂)လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

📱ဖုန်းနံပါတ် - 09773019611

#ရွှေထက်ကောင်း #လက်ဖက်ရည်
#အရှေ့ဒဂုံ
#ကားပါကင်

08/03/2023

ရှေ့တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့
ကျွန်တော်တို့ရဲ့
"ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်သစ် ဖွင့်ပွဲကြီးဟာဆိုရင်.... အောင်မြင်စွာနဲ့ ပြီးမြောက်သွားခဲ့ပါပြီ။🎉

ဖွင့်ပွဲဆီ တက်ရောက်ပေးခဲ့ကြတဲ့ ရပ်နီး၊ရပ်ဝေး မိတ်ဆွေများနဲ့ ဧည့်ပရိတ်သတ်အပေါင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ဗျ။✨

ကျွန်တော်တို့ဆိုင်က မနက် ၅နာရီခွဲကနေ ည ၁၀နာရီထိ ဖွင့်လှစ်တာမို့ နောက်နေ့တွေမှာလည်း လာရောက် သုံး‌ဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🥰

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

☎️ 09773019611

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#ဆိုင်ဖွင့်ပွဲ

Photos from ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင် - Shwe Htet Kaung Tea Shop's post 05/03/2023

ကျွန်တော်တို့ "ရွှေထက်‌ကောင်း” ဆိုင်ဖွင့်ပွဲဆီ ဧည့်ပရိတ်သတ်များ လာရောက်သုံးဆောင်လို့ နေကြပါပြီဗျ။✨

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

☎️ 09773019611

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#ဆိုင်ဖွင့်ပွဲ

04/03/2023

သိပြီးကြပြီလား❓

နက်ဖြန် "ရွှေထက်ကောင်း” လက်ဖက်ရည်ဆိုင်သစ် ဖွင့်ပွဲကြီးမှာ

အကျွေးအမွေး အစီစဉ်အနေနဲ့ မနက် ၆နာရီမှ ၉နာရီအထိ ......

ရှယ်လက်ဖက်ရည်၊ ရှယ်မုန့်ဟင်းခါး တွေကို
ဆိုင်သစ်ဖွင့်ပွဲကြီးဆီ ကြွရောက်ပေးကြတဲ့ ရှယ်ဧည့်ပရိတ်သတ်တွေအတွက်

"အခမဲ့” ဧည့်ခံကျွေးမွေးမှာဆိုတော့

ကျွန်တော်တို့ရဲ့ "ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်သစ်” ဖွင့်ပွဲဆီ💁🏻
မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် လာရောက်သုံးဆောင်ကြဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ဗျ။📣

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

☎️ 09 773019611

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#ဆိုင်ဖွင့်ပွဲ

03/03/2023

မုန့်ဟင်းခါး လက်ဖက်ရည် "အခမဲ့” ဧည့်ခံကျွေးမွေးမယ့် အစီစဉ်များနဲ့အတူ 💥
"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်” သစ်ကြီး စတင်ဖွင့်လှစ်ပါတော့မယ်ဗျို့။📣

"ရွှေထက်ကောင်း” ဆိုင်ဖွင့်ပွဲကို လာမယ့် မတ်လ (၅) ရက်၊ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာဖြစ်ပြီး

ရပ်နီး ရပ်ဝေးမှာရှိကြတဲ့ မိတ်သဟာများနဲ့ ဧည့်ပရိတ်သတ်များ ဆိုင်ဖွင့်ပွဲဆီလာရောက် ချီးမြှင့်ကြဖို့ ဦးစွာဖိတ်ကြားလိုပါတယ်ဗျ။✉️

ဒီပွဲကိုလာကြမယ့် ဧည့်ပရိတ်သတ်များအတွက် အထူးအနေနဲ့လည်း ကျွန်တော်တို့ ရွှေထက်ကောင်း မိသားစုမှ..... 💁🏻

ဆိုင်ဖွင့်ပွဲနေ့ မနက် ၆နာရီ မှ ၉နာရီထိ လက်ဖက်ရည် နဲ့ မုန့်ဟင်းခါး တို့ကိုပါ အခမဲ့ကျွေးမွေး ဧည့်ခံသွားမှာဘဲ ဖြစ်ပါတယ်။😊

ဒါတင်ဘဲလားဆိုရင် မဟုတ်သေးပါဘူးဗျ ...

အကြောင်း‌ကြောင်းကြောင့် မုန့်ဟင်းခါး ကုန်သွားခဲ့ရင်လည်း ပေါက်စီ၊ ငါးသားလုံးကြော် စတဲ့စားဖွယ်များဖြင့် ဆက်လက်ဧည့်ခံပေးမှာမို့
အားလုံးကို ဆက်ဆက် လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။🤗

ဆိုင်တည်နေရာမှာလည်း သွားရလာရ အဆင်ပြေတဲ့ အမှတ်(၂)လမ်းမကြီးပေါ်မှာရှိပြီး ဆိုင်ရှေ့တွင်ကားပါကင် နေရာများလည်းထားရှိ‌ပေးထားပါတယ်။✅

ကျွန်တော်တို့ ဆိုင်သစ်လေးဆီ အကြောင်းတစ်ခုခုကြောင့် မတက်ရောက်နိုင်ရင်တောင်...

အောက်ကကောမန့်မှာ ဆိုင်သစ် ဆုတောင်းစကားများကိုလည်း မန့်သွားနိုင်ပါတယ်ခင်ဗျ။✨

"ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်”

🚩အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။

☎️ 09 773019611

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

#ဆိုင်ဖွင့်ပွဲ

18/02/2023

"ယနေ့အတွက် အထူးသတင်းခေါင်းစဉ်” 📰

ဗျို့ .... လက်ဖက်ရည် ကြိုက်နှစ်သက်သူ ကာစတန်မာများ

ယခုဆိုရင် ကျွန်တော်တို့ "ရွှေထက်ကောင်း” ကနေ ဒဂုံမြို့သစ် အရှေ့ပိုင်းဘက်မှာ လက်ဖက်ရည်ဆိုင်သစ်‌ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။✨

မကြာမီအချိန်မှာလည်း ဆိုင်ဖွင့်ပွဲ‌ ကျင်းပတော့မှာ ဖြစ်တာကြောင့် "ရွှေထက်ကောင်း” ကို စောင့်ကြည့်ပေးကြပါဦးဗျ။💁🏻

ရွှေထက်ကောင်း လက်ဖက်ရည်ဆိုင်သစ်
📍 အမှတ်(၁)၊ ဒဂုံအရှေ့စက်မှုဇုံ (၂) ထိပ်၊ အမှတ်(၂) လမ်းမကြီးလမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 786078701

#ရွှေထက်ကောင်း
#လက်ဖက်ရည် #အရှေ့ဒဂုံ

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. (1), No. 2 Main Road, East Dagon Township
Yangon

Other Yangon restaurants (show all)
50th Street Restaurant & Bar 50th Street Restaurant & Bar
9/13, 50th Street, Botahtaung Township
Yangon, 11162

We're proud to be named the Best Sports Bar in Yangon for 2016!

Mandalay Style Mandalay Style
No(37) Than Thu Mar Road, Thingangyun Township
Yangon

No Reservation

Garden by My Hill coffeehouse Garden by My Hill coffeehouse
275 A/4 Yankin Road, Yankin Township (Opposite Of Golden City Condo)
Yangon, 11801

Garden vibe and Modern decoration will please your heart to its content . Be mesmerized by the authentic Shan noodles and Burmese foods .

My Day Food & Drink My Day Food & Drink
South Dagon
Yangon

Keep you Active

Sarah's Kitchen Sarah's Kitchen
Yangon, 11221

သန့်ရှင်းလက်ဆက်ပြီးအရသာရှိသော Halal food ?

ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း
Yangon, 11031

ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း 09-258 989 413 09-768 212 546

SQUID BBQ SQUID BBQ
No. 60, Sayar San Road
Yangon, 11201

SPICY HOME - Mala Xiang Guo & Tasty Food SPICY HOME - Mala Xiang Guo & Tasty Food
Hlaing Station Street
Yangon

LANNA Food Castle LANNA Food Castle
ငါးမာန်အောင်ဘုရားလမ်း
Yangon

Welcome To LANNA Food Castle

Zinmar Zinmar
Yangon

မြန်မာထမင်းဟင်း အိမ်ချက်လက်ရာလေးတွေကိုရောင်းချပေးနေပါတယ်နော် �

တာမွေဒေါ်ညွန့်မုန့်ဟင်းခါး Tarmwe Daw Nyunt Mohingha တာမွေဒေါ်ညွန့်မုန့်ဟင်းခါး Tarmwe Daw Nyunt Mohingha
Yangon, 11181

Provide Myanmar traditional delicious breakfast Mohingha , Ohn Noe Kaut Swel and Nangyi Touk with the fair price.