EarWorm Myanmar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EarWorm Myanmar, Audio-visual equipment store, No. 764, Ayar (4) Street, Za Myin Zwal Ward, North Okkalapa Township, Yangon.

21/05/2024

🙏🙏 customer ရဲ့ ရန်ကိုကြောက်နေရတဲ့ KTV ဆိုင်ပိုင်ရှင်ဘောစိ တို့အတွက်ဒီလို စိတ်ချရတဲ့ မှန်မကွဲ TV မျိုးနဲ့ဆို စိတ်သာချထားလိုက် လှည့်ကြည့်စရာကိုမလိုတော့ ဘူးး 👍👍👍
ငွေစျေးအတတ်အကျ ရှိပါသဖြင့် ဖုန်းဆက်မေးမြန်နိုင်ပါသည်။
Ph 09421041426

09/10/2023

သူခိုးလုပ်ဖို့ လိုတယ်

တစ်ခါက ချမ်းသာတဲ့သူဌေး တစ်ယောက်ရှိတယ်။
သူ့လုပ်ငန်းကို ဝန်ထမ်းပေါင်း (၅၀၀) ကျော်နဲ့ လည်ပတ်လျှက်ရှိတယ်။

ဒါပေမယ့် ထူးဆန်တာက သူ့ဝန်ထမ်းတွေက အရမ်းအလုပ်လုပ်တယ်ဗျ။

ဘာဖြစ်လို့လဲဆိုတော့ သူက သူဌေးတစ်ယောက်လို မနေဘူး။ ခေါင်းဆောင်တစ်ယောက်လိုဘဲ အလုပ်လုပ်နေတာကြောင့်ဖြစ်တယ်။

သူ့ဝန်ထမ်းတွေကို တာဝန်ကိုယ်စီ ပေးပြီး တာဝန်တစ်ခုပြီးမြောက်အောင် အမြဲတမ်း ဦးဆောင်ခဲ့တယ်။

နေရာတကာမှာ သူကိုယ်တိုင် ဝင်ပါခဲ့တယ်။
အကုန်လုံး ဆန်းစစ်ခဲ့တယ်။

ဒါပေမယ့် တစ်ချို့ဝန်ထမ်းတွေက သူတို့ကို ဖိအားပေးနေတယ်လို့ ယူဆပြီး ထွက်သွားကြတာလည်းရှိတယ်။

တစ်ချို့က မလုပ်နိုင်ဘူးဆိုပြီး ထွက်သွားကြတယ်။

သူဌေးကတော့ ဝန်ထမ်းသာပြောင်းနေကြတာ သူ့စည်းကမ်းကိုတော့ မပြောင်းခဲ့ဘူး။

ဝန်ထမ်းထဲမှာ မောင်မောင်ဆိုတဲ့ ဝန်ထမ်းတစ်ဦးကတော့ နှစ်အတော်ကြာကြာ လုပ်ကိုင်နေခဲ့တယ်။

သူဌေးရဲ့ ဖိအားကိုလည်း ခံခဲ့ရတယ်။

ဦးဆောင်မှုနောက်ကိုလည်းလိုက်ခဲ့ရတယ်။

သူဌေးက သူ့ကို အာရုံစိုက်ပြီး ပြောခဲ့တာကိုလည်း ခံရတယ်။
အဆဲလည်းအများဆုံး ခံခဲ့ရတဲ့ လူတစ်ယောက်ပေါ့။

တစ်နေ့တော့ မောင်မောင်က
''သူစဉ်းစားမိလာတာ တစ်ခုက
ငါ ဒီအလုပ်ကို ဆက်လုပ်နေရင် ငါ့တွက်အဆင်ပြေပါတယ်။

ဒါပေမယ့် ငါ့ရဲ့ အနာဂတ်တိုးတက်မှုအတွက်
နှောင်းနေးသွားစေနိုင်တယ်။

မနက်မိုးလင်းတာနဲ့ သူဌေးအတွက် အလုပ်လုပ်ပေးရတယ်။ ညနေမိုးချုပ်တာနဲ့ အိမ်ကိုပြန်တယ်။

ငါ့ရဲ့ အရေးကြီးဆုံးအချိန် အစိတ်အပိုင်းဟာ သူဌေးကိုရောင်းစားနေရသလို ဖြစ်နေတယ်။

မဖြစ်သေးဘူး ကိုယ်ပိုင်စီးပွားရေး တစ်ခု
စလုပ်မှ ရတော့မယ်''ဆိုပြီး စဉ်းစားမိလာတယ်။

မောင်မောင်က နောက်ထပ် နစ်အနည်းငယ်အကြာမှာ လက်ရှိအလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ဒါကို သူ့ သူဌေးနဲ့သူ့ရဲ့ မိဘက အားမပေးခဲ့ဘူး။
မောင်မောင်ကတော့ လက်မခံဘူး။
အကုန်ငြင်းပြီး ကိုယ်ပိုင်စီးပွားရေး တစ်ခုကို အာရုံစိုက်လာခဲ့တယ်။

🚀🚀🚀နောက် ၅ - နှစ်အကြာမှာ
မောင်မောင်ရဲ့ စီးပွားရေးဟာ အလွန်တိုးတက်နေပြီဖြစ်တယ်။🚀🚀🚀

ထိုအချိန်မှာ အရင် သူ့ သူဌေးက သူနဲ့ အလုပ်တွဲလုပ်ဖို့ meeting ခေါ်ခဲ့တယ်။

meeting ရောက်ရောက်ချင်း ပထမဆုံးမှာ
သူ့ သူဌေးက သူ့ကို မေးခွန်း တစ်ခုမေးလိုက်တယ်။

''မောင်မောင် မင်းဘာဖြစ်လို့ ဒီလောက်ထိ အောင်မြင်တာလဲ။

ငါ ရဲ့ကုမ္ပဏီကနေ ထွက်သွားတဲ့ လူတော်တော်များများဟာ အခုချိန်ထိ ဝန်ထမ်းဘဝကနေ မလွတ်နိုင်ကြသေးဘူး။

မင်းဘာဖြစ်လို့ ထူးထူးဆန်းဆန်း အောင်မြင်နေတာလဲ" လို့မေးလိုက်တော့

မောင်မောင်က သူဌေးကို ပြုံးပြီး ဖြေလိုက်တယ်။

''ကျွန်တော် သူဌေးဆီက အဖိုးတန်တဲ့အရာတွေကို နေ့စဉ်နေ့တိုင်း ခိုးယူနေလို့ပါ ''ဆိုပြီး ပြန်ဖြေလိုက်တယ်။

ထိုအချိန်မှာ သူဌေးက ''ငါ့ရဲ့ ရွှေ ငွေ တွေ မင်းခိုးတာလား''လို့ စိတ်ဆိုး မာန်ဆိုးနဲ့ အော်မယ်၊ ငေါက်မယ် လုပ်တုန်း

''သူဌေးဆီက ရွှေ ငွေ တွေ ခိုးသွားတာ
မဟုတ်ဘူး။

ရွှေ ငွေ ထက် အဖိုးတန်တဲ့ အရာတွေကို ခိုးယူခဲ့တာပါ။

အဲ့တာ ဘာလဲဆိုတော့ သူဌေးရဲ့ လုပ်ငန်းအပေါ် သဘောထားမှု ၊ ခေါင်းဆောင်မှု ၊အတွေ့အကြုံအားလုံးကို အချိန်ရှိရင် ရှိသလို ခိုးယူခဲ့တာပါ"လို့ မောင်မောင်က အေးအေးဆေးဆေးလေးနဲ့ ပြန်ဖြေခဲ့တယ်။

ထိုအချိန်မှာ သူဌေးက အရမ်းသဘောကျပြီး မောင်မောင်နဲ့ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ် လိုက်တော့တယ်။

ဒီနေရာမှာ။ ။"လူငယ်တွေကို ပြောချင်တဲ့ အကြောင်းအရာလေးက အောင်မြင်ချင်ရင် အောင်မြင်တဲ့လူ လုပ်ဆောင်တဲ့အတိုင်း လိုက်ပြီး အတုခိုးပါ။

***အောင်မြင်တဲ့လူ ပြောတဲ့စကားကို ယုံကြည်ပါ။***

***ပြီးရင် လိုက်နာ ကျင့်သုံးပါ။***

***"မအောင်မြင်တဲ့လူ ပြောတဲ့စကား၊ပေးတဲ့ အကြံတွေကို ဂရုမစိုက်ပါနဲ့။''***

"အခုလုပ်နေတဲ့ အလုပ်အပေါ် ကိုယ့်ထက် ရာထူးကြီးတဲ့လူ ပေးတဲ့ အကြံ ၊ သူဌေးတွေ က အလုပ်ကို ဘယ်လိုလုပ်နေသလဲ ဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့ အရည်အချင်းကို ပုံသွင်းပါလို့ အကြံပေးချင်တယ်။

Photos from EarWorm Myanmar's post 25/04/2023

အသစ်သစ် တွေမှသုံးချင်တဲ့ ဘောစိတို့အတွက်

🥇Newest JBL wireless Microphone🥇

✅ပေါ့ပေါ့ပါးပါးနဲ့သွားလေရာသယ်သွားလို့ရတဲ့ Microphone
✅Bluetooth box လေးနဲ့ပဲတွဲသုံးမလား အိမ်မှာသုံးသုံး ဧည့်ခံပွဲတွေမှာ
သုံးသုံး အသံထွက်ကောင်းကောင်းလေးနဲ့ Microphone
✅ကျစ်လစ်လှပတဲ့ Design လေးနဲ့ တစ်ခါအားသွင်းပီးရင် ၅နာရီအထိ
အသုံးခံတဲ့ Rechargeable UHF Wireless Receiver

🏆 Best Price Best Choice 🏆

💵 Price 220000

☎️ 09421041426

Photos from EarWorm Myanmar's post 22/04/2023

ဆရာတော့ ဆရာကြီး KTV နှင့်အလှူမဂ်လာပွဲတိုင်း လက်စွဲ အသံထွက်ကောင်း အကြမ်းခံတဲ့
🎤 VM-800 microphone 🎤

💵 လက်လီစျေး 220000
💵 လက်ကားစျေး ☎️☎️☎️

☎️09 421041426

# Mic တစ်လုံးပျက်စီးပျောက်ဆုံးပါက အစားထိုးဝယ်ယူနိုင်ပါသည်။ #

Photos from EarWorm Myanmar's post 21/04/2023

JBL မှ JBL ဆိုတဲ့ customer များအတွက်
🎤 JBL wireless microphone ( VM-860 )🎼
👜 Best price and Best quality 👑

-ကျွန်ုပ်တို့ဆီမှ ဝယ်ယူသောပစည်းများအတွက် mic တစ်လုံးပျက်စီးခဲ့လျှင် သို့မဟုတ် receiver ပျက်စီးခဲ့လျှင် ပျက်စီးသည့် part အလိုက်ပြန်လည်ဝယ်ယူရရှိနိုင်ပါသည်နိုင်ပါသည်။
# လက်လီ လက္ကား စျေး 📲📞

☎️ 09 421041426

18/12/2020

ကြော်ငြာ​တဲ့​အခါ

​​ခုတ​လော ​​ပုဂ္ဂလိက ကျောင်းတစ်​​ကျောင်း​ရဲ့ ​​ကြော်ငြာမှုပုံ​စံလေးက လူ​ပြောစရာ ဖြစ်​နေပါတယ်။ ​ #သင်တန်းကြေးအခမဲ့ လို့ ​ပြောထားတာမို့ လူ​အများစိတ်ဝင်စားကြပါတယ်။

(ယူနီကုတ္စာ ဖတ္မရရင္ ​​ေဇာ္ဂ်ီ​​​နဲ႔ ေရးထား​တဲ့စာ ​ေအာက္မွာပါ ခင္ဗ်ာ။)

သင်တန်းတက်ချင်ရင် အဲဒီပို့စ်ကို သူငယ်ချင်း​တွေကို tag တွဲပြီး ရှဲပေးရမယ်​တဲ့။ ​အခ​မဲ့သင်တန်း တက်ချင်ကြ​တဲ့သူ​တွေက ဝမ်းသာ​အားရ​နဲ့ ဝိုင်းဝန်းမျှ​ဝေ ရှဲပေးကြပါတယ်။ ရှဲပြီး​​လို့ ဆက်သွယ်ကြည့်​​တော့မှ သင်တန်း​ကြေးက ​အခ​မဲ့ဆို​ပေ​မဲ့ သင်ထောက်ကူပစ္စည်းဖိုး သိန်းဂဏန်းကို​​တော့ ပေးရမှာပါ​တဲ့။

မူရင်းပို့စ်မှာ #သင်တန်းကြေးအခမဲ့ ဆိုတာကိုပဲ ​အသားပေး​​ ကြော်ငြာထားပြီး သင်ထောက်ကူပစ္စည်းဖိုးပေးရမယ်ဆိုတာကို​​တော့ ထိန်​ချန်ထား​ခဲ့ပါတယ်။ ဒီလိုမျိုး ​​ကြော်ငြာ​တဲ့​အခါ သင်တန်းတက်ချင်​တဲ့သူ​တွေကို ​လှည့်ဖြားရာရောက်ပါတယ်။ သင်တန်းတက်ချင်​တဲ့သူ​ အများစုက ​အခ​မဲ့သင်ပေးမယ်ဆိုလို့သာ ရှဲပေးလိုက်တာ။ သိန်းဂဏန်းထပ်ပေးရမယ်ဆိုရင် ဈေးများလို့ မတက်နိုင်ရှာ​တဲ့ လူငယ်​တွေ ​အများကြီးပါ။ ရှဲပြီး​​တော့မှ ​ငွေမတတ်နိုင်လို့ နောက်​လှည့်​ပြန်ကြရပါတယ်။ ​​ကြော်ငြာကျင့်ဝတ်​နဲ့ မညီဘူးလို့ ​ပြောလို့ရပါတယ်။

ဘာ​နဲ့တူလဲဆို​​တော့ "​အခ​မဲ့ ​ရေချမ်းစင်" လို့ရေးထားလို့ ကျေးဇူးတင်စိတ်​နဲ့ တစ်ခွက်​​တော့ သောက်လိုက်ဦးမယ်ဆိုပြီး ခွက်ကိုင်လိုက်​တဲ့​အခါကျမှ ဘေးမှာ ​​စောင့်​နေ​တဲ့သူက ​"​ရေပဲ ​အခ​မဲ့ ရမှာဗျ။ ​ရေခွက်ငှါးခက​​တော့ ​ငွေတစ်​​ထောင်ကျပါတယ်" လို့ လာ​ပြော​နေသလိုပါပဲ။

သင်တန်းကြေးကို "​အခ​မဲ့" လို့ ​​ကြော်ငြာထားပြီးသားမို့ သင်တန်းထဲမှာ ပါဝင်​တဲ့ သင်ကြားပို့ချမှု​တွေကို ​အခ​မဲ့ ပေးထားတယ်လို့ ​ယူဆရမှာပါ။ သင်ထောက်ကူပစ္စည်း​တွေ​အတွက် ​ငွေပေးရမယ်ဆိုရင်​​တောင် သင်ကြားပို့ချရေး ဗီဒီယို​တွေ​အတွက် အ​ခွေကူးခ ​​ထောင်ဂဏန်းလောက်၊ စာအုပ် ပုံနှိပ်ခ ​​ထောင်ဂဏန်းလောက်၊ ပို့ပေးခ ​​ထောင်​ဂဏန်းလောက်ပဲ ကျသင့်တာပါ။ သင်တန်းကြေး ​အခ​မဲ့လို့ ​​​ကြော်ငြာထားတာ​​ကြောင့် သင်ထောက်ကူပစ္စည်း​တွေထဲမှာ သင်တန်းကြေးလို့ ယူဆလို့ရ​တဲ့ ​အဖိုး​အခ​တွေ ​ထည့်တွက်ခွင့်မရှိပဲ ပုံနှိပ်ခ၊ ​အ​ခွေကူးခ စ​တဲ့ ​အ​ခြေ​ခံကုန်ကျစရိတ်လောက်ကိုပဲ ​ထည့်တွက်ရမှာပါ။

ဥပမာ "ပိုးစုန်းကြူး​ရဲ့ ​ငွေရေးကြေးရေးပညာပေး ​အခ​မဲ့သင်တန်း" လို့ ​​ကြော်ငြာထားပြီးမှ သင်ထောက်ကူပစ္စည်း​တွေဖြစ်​တဲ့ စာအုပ်​နဲ့ ဗီဒီယို​တွေ​အတွက် ​ငွေ ၂ ​​သောင်း ​အရင်ပေးရမှာပါလို့ ​ပြောရင် ဒါဟာ ​အခ​မဲ့သင်တန်းမဟုတ်ပါဘူး။ နား​လှည့်ပါးရိုက်ပြီး စာအုပ်​နဲ့ ဗီဒီယို​ခွေ​တွေကို ​​ရောင်းစားတာ ဖြစ်သွားပါပြီ။ ဒီလိုနား​လှည့်ပါးရိုက်​နေ​တဲ့ ​​ကြော်ငြာ​တွေကို ​မကြာခဏ တွေ့​​တွေ့​နေရပါတယ်။

ကြော်ငြာ​တဲ့​အခါ ဒီလို​ လုပ်ရပ်မျိုးတွေကို လုပ်မိရင် ကိုယ့်​ရဲ့ ကုမ္ပဏီ (သို့) လုပ်ငန်း (သို့) ကုန်ပစ္စည်း​ရဲ့ နာမည်ဂုဏ်သတင်း ကျဆင်းသွားနိုင်ပါတယ်။ ​

သူများနိုင်​ငံ​တွေမှာ​​တော့ ကြော်ငြာတာ ကျင့်ဝတ်​နဲ့ မညီလို့ ဝယ်ယူစားသုံးသူ​တွေက တရားစွဲကြတာ​တွေရှိသလို သက်ဆိုင်ရာ​အ​ဖွဲ့​အစည်း​တွေက ​အရေးယူ ​ဒဏ်ရိုက်တာ​တွေ ရှိပါတယ်။ ကြော်ငြာ​အလွဲ​တွေ​​ကြောင့် ​​လျော်ကြေး​ဒဏ်ကြေး​တွေပေးရလို့​ရယ်၊ လူ​တွေ မနှစ်မြို့ကြ​​တော့လို့ ကုမ္ပဏီ​ရဲ့ ​တန်ဖိုးကျသွားလို့ရယ်​​ကြောင့် ဒေါ်လာသန်း​​​​နဲ့ချီပြီး ဆုံးရှုံး​ခဲ့ရ​တဲ့ ကုမ္ပဏီ​တွေရှိပါတယ်။

ဒီ​​တော့ ကိုယ့်​ရဲ့ ထုတ်ကုန်​တွေ​နဲ့ ​ဝန်​ဆောင်မှု​တွေကို လူသိများအောင် ​ကြော်ငြာ​တဲ့​အခါ ​​​​ရှောင်သင့်​တဲ့​အချက်လေး​တွေကို ​​ကျွန်​​တော်သိသလောက် ဖော်ပြလိုက်ပါတယ်။ ​​​

(၁) ဝယ်ယူစားသုံးသူ​တွေကို ​လှည့်ဖြားဖို့ မှားယွင်း​တဲ့​အချက်​တွေ​နဲ့ မ​​ကြော်ငြာပါ​နဲ့။

(၂) အရေးကြီး​တဲ့​အချက်​တွေကို ထိန်​ချန်ထားပြီး မ​​ကြော်ငြာပါ​နဲ့။

​​​(၃) ကောင်းကျိုးတွေကို ​တစ်ဆိတ်ကို တစ်အိတ်လုပ် ပုံကြီး​ချဲ့ပြီး မ​​ကြော်ငြာပါ​နဲ့။

(၄) ပြိုင်ဘက်​တွေ​ရဲ့ ကုန်ပစ္စည်း​တွေကို သိက္ခာချပြီး မ​​ကြော်ငြာပါ​နဲ့။

​(၅) အချို့လူ​တွေ (ဥပမာ ပိန်လွန်းသူ​တွေ၊ ဝလွန်းသူ​တွေ၊ စ​ကားမပီသူ​တွေ၊ မ​သန်စွမ်းသူ​တွေ၊ စိတ်​ရောဂါဖြစ်​နေသူ​တွေ၊ ဘာသာခြား​​တွေ၊ လူမျိုးခြား​တွေ၊ လိင်တူချစ်သူ​တွေ၊ ​အလုပ်သမား​တွေ၊ ​အ​ခြေ​ခံလူတန်းစား​တွေ စ​သဖြင့်) ကို ​​လှောင်​​ပြောင်သ​​​ရော် ခွဲခြားဆက်​​ဆံပြီး မ​​ကြော်ငြာပါ​နဲ့။

(၆) ဝမ်းနည်းစရာ ​အဖြစ်​အပျက်​တွေကို ​​လှောင်​​ပြောင်သ​​ရော်​တဲ့ ပုံ​စံမျိုး​နဲ့ မ​​ကြော်ငြာပါ​နဲ့။

(၇) လူ့​အ​ဖွဲ့​အစည်းတစ်ခုခု​ရဲ့ ယဥ်ကျေးမှု ရိုးရာဓ​​လေ့ကို ​​လှောင်​​ပြောင်သ​​ရော်ပြီး မ​​ကြော်ငြာပါ​နဲ့။

(၈) တိရိစ္ဆာန်​တွေကို ညှင်းပန်းနှိပ်စက်ပြီး မကြော်ငြာပါ​နဲ့။

(၉) လူ​တွေ​အတွက် ​အကျိုးယုတ်​စေ​တဲ့​ ကုန်ပစ္စည်း​နဲ့ ​ဝန်​ဆောင်မှုတွေကို မ​​ကြော်ငြာပါ​နဲ့။ ​​(သက်ဆိုင်ရာက ခွင့်ပြုထားလို့) ကြော်ငြာရင်​​တောင် ဆိုးကျိုး​တွေကိုပါ ​သတိပေးစကား​အဖြစ် ထည့်​​ကြော်ငြာပါ။

​(၁၀) ကုန်ပစ္စည်း​နဲ့ ဘာမှ မသက်ဆိုင်ပဲ အမျိုးသမီး (သို့) ​အမျိုးသား​တွေ​ရဲ့ ကိုယ်ခန္ဓာ​အစိတ်​အပိုင်း​တွေကို ​လိင်အသားပေးပုံ​စံမျိုး မ​​ကြော်ငြာပါ​နဲ့။ (​မြန်မာနိုင်​ငံ​နဲ့ ​​အချို့နိုင်​ငံ​တွေမှာ​​တော့ ဒီနည်း​နဲ့ ​​ကြော်ငြာတာ​တွေက ပေါက်​နေဆဲပါပဲ။)

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
အသက်အာမခံ ကုမ္ပဏီစာရင်း https://www.facebook.com/fireflypsk/posts/395642308440717

ဝဘ်ဆိုက်လေးလည်း လုပ်ထားပြီးပြီမို့ ​အရင်က လွတ်သွား​တဲ့ ​​ဆောင်းပါး​တွေ ဗီဒီယို​တွေကို ​ဒီမှာ အေးဆေး​ပြန်ဖတ် ​ပြန်ကြည့်နိုင်ပါပြီ။ https://www.facebook.com/fireflypsk/posts/369302901074658

ရေးထားပြီးသမျှ​​ဆောင်းပါး​တွေကို ဒီ​နေရာမှာ တစ်စုတစ်စည်းထဲ ဖတ်​လို့ရပါတယ်။
စ ဖတ်ဖို့ရာ မာတိကာ https://www.facebook.com/fireflypsk/posts/123816512289966

​လေးစားစွာဖြင့်
ပိုးစုန်းကြူး
https://fireflypsk.com

————
​​ေဇာ္ဂ်ီ
————

ေၾကာ္ျငာ​တဲ့​အခါ

​​ခုတ​ေလာ ​​ပုဂၢလိက ေက်ာင္းတစ္​​ေက်ာင္း​ရဲ့ ​​ေၾကာ္ျငာမွုပုံ​စံေလးက လူ​ေျပာစရာ ျဖစ္​ေနပါတယ္။ ​ #သင္တန္းေၾကးအခမဲ့ လို႔ ​ေျပာထားတာမို႔ လူ​အမ်ားစိတ္ဝင္စားၾကပါတယ္။

သင္တန္းတက္ခ်င္ရင္ အဲဒီပို႔စ္ကို သူငယ္ခ်င္း​ေတြကို tag တြဲၿပီး ရွဲေပးရမယ္​တဲ့။ ​အခ​မဲ့သင္တန္း တက္ခ်င္ၾက​တဲ့သူ​ေတြက ဝမ္းသာ​အားရ​နဲ႔ ဝိုင္းဝန္းမၽွ​ေဝ ရွဲေပးၾကပါတယ္။ ရွဲၿပီး​​လို႔ ဆက္သြယ္ၾကည့္​​ေတာ့မွ သင္တန္း​ေၾကးက ​အခ​မဲ့ဆို​ေပ​မဲ့ သင္ေထာက္ကူပစၥည္းဖိုး သိန္းဂဏန္းကို​​ေတာ့ ေပးရမွာပါ​တဲ့။

မူရင္းပို႔စ္မွာ #သင္တန္းေၾကးအခမဲ့ ဆိုတာကိုပဲ ​အသားေပး​​ ေၾကာ္ျငာထားၿပီး သင္ေထာက္ကူပစၥည္းဖိုးေပးရမယ္ဆိုတာကို​​ေတာ့ ထိန္​ခ်န္ထား​ခဲ့ပါတယ္။ ဒီလိုမ်ိဳး ​​ေၾကာ္ျငာ​တဲ့​အခါ သင္တန္းတက္ခ်င္​တဲ့သူ​ေတြကို ​လွည့္ျဖားရာေရာက္ပါတယ္။ သင္တန္းတက္ခ်င္​တဲ့သူ​ အမ်ားစုက ​အခ​မဲ့သင္ေပးမယ္ဆိုလို႔သာ ရွဲေပးလိုက္တာ။ သိန္းဂဏန္းထပ္ေပးရမယ္ဆိုရင္ ေဈးမ်ားလို႔ မတက္နိုင္ရွာ​တဲ့ လူငယ္​ေတြ ​အမ်ားႀကီးပါ။ ရွဲၿပီး​​ေတာ့မွ ​ေငြမတတ္နိုင္လို႔ ေနာက္​လွည့္​ျပန္ၾကရပါတယ္။ ​​ေၾကာ္ျငာက်င့္ဝတ္​နဲ႔ မညီဘူးလို႔ ​ေျပာလို႔ရပါတယ္။

ဘာ​နဲ႔တူလဲဆို​​ေတာ့ "​အခ​မဲ့ ​ေရခ်မ္းစင္" လို႔ေရးထားလို႔ ေက်းဇူးတင္စိတ္​နဲ႔ တစ္ခြက္​​ေတာ့ ေသာက္လိုက္ဦးမယ္ဆိုၿပီး ခြက္ကိုင္လိုက္​တဲ့​အခါက်မွ ေဘးမွာ ​​ေစာင့္​ေန​တဲ့သူက ​"​ေရပဲ ​အခ​မဲ့ ရမွာဗ်။ ​ေရခြက္ငွါးခက​​ေတာ့ ​ေငြတစ္​​ေထာင္က်ပါတယ္" လို႔ လာ​ေျပာ​ေနသလိုပါပဲ။

သင္တန္းေၾကးကို "​အခ​မဲ့" လို႔ ​​ေၾကာ္ျငာထားၿပီးသားမို႔ သင္တန္းထဲမွာ ပါဝင္​တဲ့ သင္ၾကားပို႔ခ်မွု​ေတြကို ​အခ​မဲ့ ေပးထားတယ္လို႔ ​ယူဆရမွာပါ။ သင္ေထာက္ကူပစၥည္း​ေတြ​အတြက္ ​ေငြေပးရမယ္ဆိုရင္​​ေတာင္ သင္ၾကားပို႔ခ်ေရး ဗီဒီယို​ေတြ​အတြက္ အ​ေခြကူးခ ​​ေထာင္ဂဏန္းေလာက္၊ စာအုပ္ ပုံႏွိပ္ခ ​​ေထာင္ဂဏန္းေလာက္၊ ပို႔ေပးခ ​​ေထာင္​ဂဏန္းေလာက္ပဲ က်သင့္တာပါ။ သင္တန္းေၾကး ​အခ​မဲ့လို႔ ​​​ေၾကာ္ျငာထားတာ​​ေၾကာင့္ သင္ေထာက္ကူပစၥည္း​ေတြထဲမွာ သင္တန္းေၾကးလို႔ ယူဆလို႔ရ​တဲ့ ​အဖိုး​အခ​ေတြ ​ထည့္တြက္ခြင့္မရွိပဲ ပုံႏွိပ္ခ၊ ​အ​ေခြကူးခ စ​တဲ့ ​အ​ေျခ​ခံကုန္က်စရိတ္ေလာက္ကိုပဲ ​ထည့္တြက္ရမွာပါ။

ဥပမာ "ပိုးစုန္းၾကဴး​ရဲ့ ​ေငြေရးေၾကးေရးပညာေပး ​အခ​မဲ့သင္တန္း" လို႔ ​​ေၾကာ္ျငာထားၿပီးမွ သင္ေထာက္ကူပစၥည္း​ေတြျဖစ္​တဲ့ စာအုပ္​နဲ႔ ဗီဒီယို​ေတြ​အတြက္ ​ေငြ ၂ ​​ေသာင္း ​အရင္ေပးရမွာပါလို႔ ​ေျပာရင္ ဒါဟာ ​အခ​မဲ့သင္တန္းမဟုတ္ပါဘူး။ နား​လွည့္ပါးရိုက္ၿပီး စာအုပ္​နဲ႔ ဗီဒီယို​ေခြ​ေတြကို ​​ေရာင္းစားတာ ျဖစ္သြားပါၿပီ။ ဒီလိုနား​လွည့္ပါးရိုက္​ေန​တဲ့ ​​ေၾကာ္ျငာ​ေတြကို ​မၾကာခဏ ေတြ႕​​ေတြ႕​ေနရပါတယ္။

ေၾကာ္ျငာ​တဲ့​အခါ ဒီလို​ လုပ္ရပ္မ်ိဳးေတြကို လုပ္မိရင္ ကိုယ့္​ရဲ့ ကုမၸဏီ (သို႔) လုပ္ငန္း (သို႔) ကုန္ပစၥည္း​ရဲ့ နာမည္ဂုဏ္သတင္း က်ဆင္းသြားနိုင္ပါတယ္။ ​

သူမ်ားနိုင္​ငံ​ေတြမွာ​​ေတာ့ ေၾကာ္ျငာတာ က်င့္ဝတ္​နဲ႔ မညီလို႔ ဝယ္ယူစားသုံးသူ​ေတြက တရားစြဲၾကတာ​ေတြရွိသလို သက္ဆိုင္ရာ​အ​ဖြဲ႕​အစည္း​ေတြက ​အေရးယူ ​ဒဏ္ရိုက္တာ​ေတြ ရွိပါတယ္။ ေၾကာ္ျငာ​အလြဲ​ေတြ​​ေၾကာင့္ ​​ေလ်ာ္ေၾကး​ဒဏ္ေၾကး​ေတြေပးရလို႔​ရယ္၊ လူ​ေတြ မႏွစ္ၿမိဳ႕ၾက​​ေတာ့လို႔ ကုမၸဏီ​ရဲ့ ​တန္ဖိုးက်သြားလို႔ရယ္​​ေၾကာင့္ ေဒၚလာသန္း​​​​နဲ႔ခ်ီၿပီး ဆုံးရွုံး​ခဲ့ရ​တဲ့ ကုမၸဏီ​ေတြရွိပါတယ္။

ဒီ​​ေတာ့ ကိုယ့္​ရဲ့ ထုတ္ကုန္​ေတြ​နဲ႔ ​ဝန္​ေဆာင္မွု​ေတြကို လူသိမ်ားေအာင္ ​ေၾကာ္ျငာ​တဲ့​အခါ ​​​​ေရွာင္သင့္​တဲ့​အခ်က္ေလး​ေတြကို ​​ကၽြန္​​ေတာ္သိသေလာက္ ေဖာ္ျပလိုက္ပါတယ္။ ​​​

(၁) ဝယ္ယူစားသုံးသူ​ေတြကို ​လွည့္ျဖားဖို႔ မွားယြင္း​တဲ့​အခ်က္​ေတြ​နဲ႔ မ​​ေၾကာ္ျငာပါ​နဲ႔။

(၂) အေရးႀကီး​တဲ့​အခ်က္​ေတြကို ထိန္​ခ်န္ထားၿပီး မ​​ေၾကာ္ျငာပါ​နဲ႔။

​​​(၃) ေကာင္းက်ိဳးေတြကို ​တစ္ဆိတ္ကို တစ္အိတ္လုပ္ ပုံႀကီး​ခ်ဲ့ၿပီး မ​​ေၾကာ္ျငာပါ​နဲ႔။

(၄) ၿပိဳင္ဘက္​ေတြ​ရဲ့ ကုန္ပစၥည္း​ေတြကို သိကၡာခ်ၿပီး မ​​ေၾကာ္ျငာပါ​နဲ႔။

​(၅) အခ်ိဳ႕လူ​ေတြ (ဥပမာ ပိန္လြန္းသူ​ေတြ၊ ဝလြန္းသူ​ေတြ၊ စ​ကားမပီသူ​ေတြ၊ မ​သန္စြမ္းသူ​ေတြ၊ စိတ္​ေရာဂါျဖစ္​ေနသူ​ေတြ၊ ဘာသာျခား​​ေတြ၊ လူမ်ိဳးျခား​ေတြ၊ လိင္တူခ်စ္သူ​ေတြ၊ ​အလုပ္သမား​ေတြ၊ ​အ​ေျခ​ခံလူတန္းစား​ေတြ စ​သျဖင့္) ကို ​​ေလွာင္​​ေျပာင္သ​​​ေရာ္ ခြဲျခားဆက္​​ဆံၿပီး မ​​ေၾကာ္ျငာပါ​နဲ႔။

(၆) ဝမ္းနည္းစရာ ​အျဖစ္​အပ်က္​ေတြကို ​​ေလွာင္​​ေျပာင္သ​​ေရာ္​တဲ့ ပုံ​စံမ်ိဳး​နဲ႔ မ​​ေၾကာ္ျငာပါ​နဲ႔။

(၇) လူ႔​အ​ဖြဲ႕​အစည္းတစ္ခုခု​ရဲ့ ယဥ္ေက်းမွု ရိုးရာဓ​​ေလ့ကို ​​ေလွာင္​​ေျပာင္သ​​ေရာ္ၿပီး မ​​ေၾကာ္ျငာပါ​နဲ႔။

(၈) တိရိစၧာန္​ေတြကို ညႇင္းပန္းႏွိပ္စက္ၿပီး မေၾကာ္ျငာပါ​နဲ႔။

(၉) လူ​ေတြ​အတြက္ ​အက်ိဳးယုတ္​ေစ​တဲ့​ ကုန္ပစၥည္း​နဲ႔ ​ဝန္​ေဆာင္မွုေတြကို မ​​ေၾကာ္ျငာပါ​နဲ႔။ ​​(သက္ဆိုင္ရာက ခြင့္ျပဳထားလို႔) ေၾကာ္ျငာရင္​​ေတာင္ ဆိုးက်ိဳး​ေတြကိုပါ ​သတိေပးစကား​အျဖစ္ ထည့္​​ေၾကာ္ျငာပါ။

​(၁၀) ကုန္ပစၥည္း​နဲ႔ ဘာမွ မသက္ဆိုင္ပဲ အမ်ိဳးသမီး (သို႔) ​အမ်ိဳးသား​ေတြ​ရဲ့ ကိုယ္ခႏၶာ​အစိတ္​အပိုင္း​ေတြကို ​လိင္အသားေပးပုံ​စံမ်ိဳး မ​​ေၾကာ္ျငာပါ​နဲ႔။ (​ျမန္မာနိုင္​ငံ​နဲ႔ ​​အခ်ိဳ႕နိုင္​ငံ​ေတြမွာ​​ေတာ့ ဒီနည္း​နဲ႔ ​​ေၾကာ္ျငာတာ​ေတြက ေပါက္​ေနဆဲပါပဲ။)

အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ ခင္ဗ်ာ။

ဆက္​လက္​၍ ဖတ္​ရန္
အသက္အာမခံ ကုမၸဏီစာရင္း https://www.facebook.com/fireflypsk/posts/395642308440717

ဝဘ္ဆိုက္ေလးလည္း လုပ္ထားၿပီးၿပီမို႔ ​အရင္က လြတ္သြား​တဲ့ ​​ေဆာင္းပါး​ေတြ ဗီဒီယို​ေတြကို ​ဒီမွာ ေအးေဆး​ျပန္ဖတ္ ​ျပန္ၾကည့္နိုင္ပါၿပီ။ https://www.facebook.com/fireflypsk/posts/369302901074658

ေရးထားၿပီးသမၽွ​​ေဆာင္းပါး​ေတြကို ဒီ​ေနရာမွာ တစ္စုတစ္စည္းထဲ ဖတ္​လို႔ရပါတယ္။
စ ဖတ္ဖို႔ရာ မာတိကာ https://www.facebook.com/fireflypsk/posts/123816512289966

​ေလးစားစြာျဖင့္
ပိုးစုန္းၾကဴး
https://fireflypsk.com

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

🙏🙏 customer ရဲ့ ရန်ကိုကြောက်နေရတဲ့ KTV ဆိုင်ပိုင်ရှင်ဘောစိ တို့အတွက်ဒီလို စိတ်ချရတဲ့ မှန်မကွဲ TV မျိုးနဲ့ဆို စိတ်သာချထား...

Telephone

Website

Address


No. 764, Ayar (4) Street, Za Myin Zwal Ward, North Okkalapa Township
Yangon
11031

Other Audiovisual equipment in Yangon (show all)
Soundpeats By Gadget Max Soundpeats By Gadget Max
Yangon
Yangon, 11181

SOUNDPEATS advocates for intelligent technology and is dedicated to integrating music into daily life

TST  audio TST audio
�Hlaing
Yangon

budget သမားများအတွက်

WE BUY WE BUY
Yangon, 11101

The music is my external heartbeat and the lyrics are my soul in sweet vibrations. I could sing forever these poetic words, my ode to the universal love and one another, to nature ...

ကိုမျိုးရီး on line shopping ကိုမျိုးရီး on line shopping
Bayint Naung Road
Yangon

Branded

Dream Melody Dream Melody
Yangon, 11021

သီချင်းချစ်သူတွေအတွက် IEM & Related Items လေးတွေ ဈေးသက်သက်သာသာနဲ့ သုံးနိုင်အောင် ရောင်းပေးပါမယ်။

Zaw Zaw Japan Audio Used Zaw Zaw Japan Audio Used
Independent Street
Yangon, 11071

Online Shop

Yangon Audio Store Yangon Audio Store
949 Thumeiktar 25th Street 1 Quarter
Yangon, 11031

Quality Dignity Responsibility

Audioline Myanmar Audioline Myanmar
No. (12), Bogyoke Road , Botahtaung Tsp. Ygn
Yangon, 11161

​ခေတ်နဲ့အညီ ​အတူ​မျောလွင့်ဖို့ Audioline ?

Audio Black Hole Myanmar Audio Black Hole Myanmar
No. 41, 101st, Minglar Taung Nyunt
Yangon, 11221

Aung Aung
Yangon

For those who are a little tired of the stereo-typed audio recordings imported from japan; my page is always welcome ���

Aung Audio Aung Audio
အမှတ်29/31 မြယာကုန်းလမ်း မဂ်လာတောင်ညွှန့်မြို့နယ်
Yangon, 11143

japan-used audio accessories

Grand Hub Myanmar Grand Hub Myanmar
Kyun Taw Road, San Chaung Township
Yangon, 11111

We are here to provide the most reliable and premium sound quality in your environment. Thank you!