Suezi Multivitamin & Nutritional supplements

Honest & Trustworthy online shop for you.

Photos from ဘန်ကောက်သား - Bangkok Thar's post 24/03/2022
03/03/2022

#စိတ်ကျရောဂါလက္ခဏာများ

Depression ဆိုတဲ့စကားလုံးက လူတိုင်းရင်းနှီးပြီးသားပါ။ ဒါပေမဲ့ သာမန်စိတ်ကျတဲ့ အခြေအနေနဲ့ ရောဂါအဆင့်စိတ်ကျတဲ့ အခြေအနေ...ဘာတွေကွာလဲဆိုတာ သေချာသိတဲ့သူ နည်းပါလိမ့်မယ်။ ဒါကြောင့် စိတ်ကျရောဂါခံစားနေရပြီဆိုရင် ဘယ်လို လက္ခဏာတွေကြုံရလဲဆိုတာ ဗဟုသုတအနေနဲ့ဖော်ပြပေးပါမယ်။

▶ အဓိက ကွာခြားချက်က စိတ်ရောဂါဖြစ်နေပြီလို့ ပြောဖို့အတွက် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် အလုပ်၊ လူမှုရေးနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေ ထိခိုက်မှုကြုံနေရပါမယ်။

▶ စိတ်ကျနေပေမဲ့ လုပ်နိုင်ကိုင်နိုင်နေသေးတယ်၊ ထိခိုက်မှုတွေ ရှိမနေရင် သာမန်စိတ်ကျတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။

▶ ဒီအချက်ကြောင့်ပဲ ဘဝမှာအောင်မြင်တဲ့ထိ ကြိုးစားရုန်းကိုင်နိုင်နေတဲ့ စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေကို အမည်တပ်ဖို့ High Functioning Depression ဆိုတဲ့စကားလုံးပေါ်လာတဲ့ ပုံပါ။

▶စိတ်ဓါတ်ကျပြီဆိုရင် အဓိကခံစားရတတ်တာက အတိတ်နဲ့ပတ်သတ်ပြီး နောင်တရတာ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေတာ၊ အနာဂတ်နဲ့ပတ်သတ်ပြီး ​မျှော်လင့်ချက်မဲ့သလိုခံစားရတာ၊ ဘဝမှာ မနေပျော်တော့တာ၊ သတ်သေလိုစိတ်ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။

▶စိတ်ဓါတ်ကျပြီဆိုတာနဲ့ စိတ်ပိုင်းတင်မကဘဲရုပ်ပိုင်း၊ လှုမှုရေးပိုင်း၊ အလုပ်အကိုင်... အကုန်ထိခိုက်ပါတယ်။ ကြုံလာနိုင်တဲ့ လက္ခဏာတွေကို အချက်အလက်အနေနဲ့ ပြောပြရရင်....

1️⃣ #စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
▶တောက်လျောက် စိတ်ဓါတ်ကျ သို့ ဝမ်းနည်းနေခြင်း
▶ မျှော်လင့်ချက်မဲ့၊ ကူကယ်ရာမဲ့သလို ခံစားရခြင်း
▶ ကိုယ့်ကိုယ်ကို လေးစားမှုနည်းလာခြင်း/မိမိကိုယ်မိမိတန်ဖိုးထားမှု လျော့နည်းလာခြင်း
▶ မျက်ရည်လွယ်လာခြင်း
▶ အပြစ်ရှိတယ်လို့ ခံစားနေရခြင်း
▶ စိတ်တိုစိတ်ဆတ်လွယ်လာပြီး တခြားသူများကို သည်းမခံနိုင်လာခြင်း
▶ စိတ်တက်ကြွမှုကင်းမဲ့လာ​ခြင်း သို့ ကိစ္စများကို စိတ်မဝင်စားတော့ခြင်း
▶ဆုံးဖြတ်ချက်ချရန် ခက်ခဲလာခြင်း
▶ဘဝမှာ ပျော်ရွှင်စရာ ရှာမတွေ့တော့ခြင်း
▶ စိုးရိမ်ပူပန်စိတ် ဖြစ်လာခြင်း
▶ သတ်သေလိုစိတ်ပေါ်လာခြင်း သို့ မိမိကိုယ်မိမိ နာကျင်အောင်လုပ်ဖို့ အတွေးဝင်လာခြင်း

2️⃣ #ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
▶ စကားပြောပုံ (သို့) လှုပ်ရှားသွားလာပုံတွေက ပုံမှန်ထက်ပိုနှေးလာခြင်း
▶ ကိုယ်အလေးချိန် (သို့) စားချင်စိတ် ပြောင်းလဲလာခြင်း (များသောအားဖြင့် စားချင်စိတ်နည်းတာ ဝိတ်ကျလာတာ အဖြစ်များပါတယ်) တချို့တွေမှာ Depression ဝင်ရင် အစားစားချင်စိတ်မရှိတော့ဘူး။ အဲတော့ ဝိတ်ကျလာတတ်တယ်။ တချို့ကျ Depression ဝင်တာနဲ့ ပိုစားလာတတ်တယ်။ များသောအားဖြင့် စိတ်ဖိစီးစရာကြုံရင် အစားစားဖြေရှင်းတတ်တဲ့သူတွေပေါ့။ သူတို့ဆို ဝိတ်တက်လာကြတယ်။
▶ဝမ်းချုပ်ခြင်း
▶အကြောင်းရင်းရှာမရဘဲ နာကျင်ကိုက်ခဲတာဖြစ်လာခြင်း
▶ အင်အားကုန်ခမ်းခြင်း
▶လိင်စိတ်သားစိတ် လျော့ပါးလာခြင်း
▶အမျိုးသမီးများမှာ ဓမ္မတာကိစ္စ မမှန်တာဖြစ်လာခြင်း
▶ အိပ်ရေးပျက်လာခြင်း (e.g.,ညဘက် အိပ်ပျော်ဖို့ ခက်ခဲလာခြင်း၊ ပုံမှန်ထက် မနက်စောစော နိုးလာတတ်ခြင်း)

3️⃣ #လူမှုဆက်ဆံရေးပိုင်းဆိုင်ရာလက္ခဏာများ
▶အပေါင်းအသင်းမိတ်ဆွေများကို ​ရှောင်လာခြင်း၊ သာရေးနာရေးကိစ္စများတွင် မပါဝင်တော့ခြင်း
▶ ကိုယ်ဝါသနာပါတဲ့ကိစ္စနဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို လျစ်လျုရှုလာခြင်း
▶အလုပ်၊ အိမ်နဲ့ မိသားစုကိစ္စများတွင် အခက်အခဲကြုံလားခြင်း.....တို့ ဖြစ်ပါတယ်။

▶ ဒီလက္ခဏာတွေကို အနည်းနဲ့အများကြုံဖူးကြမှာပါ။ အများအားဖြင့် ရက်ပိုင်းနဲ့ ပျောက်သွားကြပါတယ်။ ပျောက်မသွားဘဲ ၂ပတ်ဆက်တိုက် ခံစားနေရပြီဆိုရင်တော့ စိတ်ကျရောဂါလို့ သတ်မှတ်လို့ရနေပါပြီ။ ကျွမ်းကျင်သူများနဲ့ Mental Health Assessment လုပ်ဖို့ လိုအပ်နေပါပြီ။

🔶 #စိတ်ကျဝေဒနာပြင်းထန်မှုအခြေအနေများ
▶ Depression က ဖြေးဖြေးချင်း ဝင်လာတတ်တာမို့ စဖြစ်ကာစမှာ သတိမပြုမိကြပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြည့်တတ်ကြပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက တခုခုတော့ဖြစ်နေပြီနော်ဆိုပြီး ပြောမှ သတိထားမိတတ်ကြပါတယ်။ တချို့ကျလဲ ရောဂါရင့်လာမှ သိကြပါတယ်။

▶ ဆေးပညာအရ စိတ်ကျရောဂါ အတိမ်အနက်ကို..

🔹အနည်းငယ်စိတ်ကျခြင်း (Mild)- နေ့စဥ်လူနေမူဘဝကို အနည်းငယ်ထိခိုက်တဲ့အဆင့်
🔹 အတော်အသင့်စိတ်ကျခြင်း (Moderate)- နေ့စဥ်လူမှုဘဝကို သိသိသာသာထိခိုက်တဲ့အဆင့်
🔹 ပြင်းထန်စွာစိတ်ကျခြင်း (Severe)- နေ့စဥ်လုပ်ငန်းဆောင်တာတွေကို လုံးဝမလုပ်နိုင်လောက်တဲ့နီးပါး ထိခိုက်တဲ့အဆင့် ဆိုပြီး ခွဲခြားထားပါတယ်။

▶ရောဂါပြင်းထန်မှုအဆင့်ပေါ်မူတည်ပြီး ကုသပုံလဲ ကွာခြားပါတယ်။

▶တချို့ပိုပြင်းထန်တဲ့ အခြေအနေမှာဆိုရင် ပြောခဲ့တဲ့ လက္ခဏာတွေအပြင် Psychotic features လို့ခေါ်တဲ့ (Hallucinations) ပတ်ဝန်းကျင်မှာ တကယ်မရှိဘဲ အသံကြားတာ၊ မြင်တာစတဲ့ အရာတွေဖြစ်လာတာ၊ Delusions (ယုံမှားစွဲခြင်း) တကယ်မဟုတ်မမှန်တဲ့အရာတွေကို အမှန်လို့ယုံလာတာတွေ ခံစားလာရတတ်ပါတယ်။

▶ အခုပြောခဲ့တာတွေကတော့ စိတ်ကျရောဂါဖြစ်နေပြီဆိုရင် ကြုံလာရမဲ့ လက္ခဏာတွေပါ။ စိတ်ဓါတ်ကျနေတယ်လို့ ခံစားနေရရင် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ပါ။ တူညီတာများနေရင်ဖြစ်ဖြစ်၊ ခံစားနေရတာ ၂ပတ်လောက်နေရင်ပဲဖြစ်ဖြစ် ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

🖋 Written by Dr. Htein Linn Aung

Source: www.nhs.uk

Photos from Dr. Phonesithulwin's post 26/12/2021
26/11/2021

#လမ်းလျှောက်ပါ

လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ
~~~~~~~~~~~~~~~~~~~~~

အသက်၅၀ကျော်လျှင် လမ်းလျှောက်ပေးကြပါ...

သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။အဖော် ပါလာပါတယ်။

အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

နှလုံးခုန်ခြင်းဟာ သူဟာသူခုန်နေတာဖြစ်ပေမဲ့
ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

လူတစ်ယောက်ဟာ တစ်နေ့ကိုနှလုံးခုန်တဲ့
အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။

အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့်
နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။
နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကိုကောင်းစွာရောက်ဖို့ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာသွေးတွေပြည့်နေဖို့လိုပါတယ်။

နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါလေရော။

အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။

သွေးလည်ပတ်မှုမကောင်းတော့ သွေးထဲကကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုကကြွက်သားတွေပဲဖြစ်ပါတယ်။

ခြေသလုံး၂ခုက ကြွက်သားတွေညှစ်ပေးမှသွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

နှလုံးအိမ်မှာ သွေးတွေပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားပါတယ်။
ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်ရေကကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့
ရေပိုက်ထဲက အနည်တွေပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။သွေးကြောကလည်း အဲဒီသဘောအတိုင်းပါပဲ။

နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံးကြွက်သားတွေညှစ်မှ ရတာပါ။

ခြေသလုံးကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှရတာပါ။အပြေးလေ့ကျင့်မှရတာပါ။

ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ
နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

ယခုအခါမှာ လူတွေဟာလမ်းတောင် မလျှောက်ကြဘဲဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ အချိန်ကုန်နေကြပါတယ်။

ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ အများကြီးပါပဲ။

ခြေသလုံး၂ခုကို လှုပ်ရှားပြီးကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

လမ်းလျှောက်တဲ့လူတွေ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။

23/11/2021

"ကျန်းမာစေကြောင်း နည်းကောင်း ၈ သွယ်"

မြန်မာနိုင်ငံမှာပဲကြည့်ကြည့် ကမ္ဘာမှာပဲကြည့်ကြည့် ဒီနေ့ခေတ်ရဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ရှေ့တန်းကို ရောက်လာတာကတော့ Non-communicable diseases (NCD) လို့ ခေါ်တဲ့ ကူးစက်မဟုတ်သော ရောဂါများပဲ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါ၊ HIV/ AIDS၊ တီဘီရောဂါတို့လို ကူးစက်တတ်တဲ့ ရောဂါမျိုးတွေကလည်း လက်ရှိအချိန်ထိ နှိပ်စက်နေဆဲ အနေအထားမှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတဲ့ ကူးစက်မဟုတ်သော ရောဂါများကပါ လူတွေရဲ့ အသက်နဲ့ ဘဝတွေကို ဖျက်ဆီးလျက်ရှိနေပါတယ်။

အရင်ကတော့ ဒီလိုသွေးတိုး ဆီးချို ဆိုတာတွေဟာ သူဌေးရောဂါ၊ သူဌေးတွေမှာမှ ဖြစ်တတ်တာ လို့ ထင်ခဲ့ကြပေမဲ့ ခုဆို ဆင်းရဲတဲ့သူတွေမှာလည်း ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဆင်းရဲတယ် ဆိုတာ ပိုက်ဆံချည်း တစ်ခုတည်းကွက် ဆင်းရဲတာ မဟုတ်ပါဘူး၊ အသိပညာလည်း ဆင်းရဲပါတယ်။ ဒီရောဂါတွေ ဘာကြောင့် ဖြစ်မှန်းမသိဘူး၊ ဆေးကုသမှု ခံယူဖို့ အရေးကြီးတယ်ဆိုတာလည်း မသိဘူး၊ ဒါတွေမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ပြုမူရမယ်ဆိုတာကိုလည်း မသိဘူး။ အဲဒီလို မသိခြင်း တွေရဲ့အလယ်မှာ နေနေကြရတဲ့အတွက် ချမ်းသာတဲ့သူတွေမှာ ဖြစ်တာထက်တောင် အခြေအနေက ပိုဆိုးဆိုးရွားရွား တွေ့ရလေ့ရှိပါတယ်။

နောက်တစ်ခါ၊ ဒီရောဂါတွေဟာ လူကြီးတွေမှာပဲ ဖြစ်တယ်၊ အသက်ကြီးမှ ရင်ဆိုင်ရမဲ့ ပြသနာတွေလို့လည်း ထင်ခဲ့ကြဖူးတယ်။ တကယ်တော့ ခုနောက်ပိုင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုး ရှိသူ၊ ဆီးချိုဖြစ်တာကို မသိလို့ ခြေထောက်သွေးကြောတွေ ပိတ်ပြီး ဖြတ်ပစ်လိုက်ရသူ၊ ကင်ဆာဖြစ်ပြီး အသက်ငယ်ငယ်နဲ့ သေဆုံးသွားသူ၊ ဒါတွေကို မကြာခဏ တွေ့ဖူးကြမှာပါ။ လူတွေရဲ့ နေထိုင်စားသောက်ပုံတွေ ပြောင်းလာတာနဲ့အမျှ လူတွေရဲ့ သက်တမ်းဟာလည်း တဖြည်းဖြည်း ပိုတိုလာတာကို တွေ့ရပါတယ်။

ဒီရောဂါတွေကို ထိန်းချုပ်တဲ့နေရာမှာလည်း လူတွေ အစားအသောက် မဆင်ခြင်လို့ ဖြစ်တာ၊ ဆေးလိပ်တွေ အရက်တွေသောက်လို့ ဖြစ်ရတာ ဆိုရုံနဲ့တင် မရပါဘူး။ အစိုးရဘက်က ထိန်းချုပ်မှုတွေ အများကြီးပဲ လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံထဲကို တင်သွင်းလာမဲ့ စားသောက်ကုန်တွေရဲ့ အာဟာရပြည့်၀မှု၊ ဓါတုပစ္စည်း ကင်းစင်မှု၊ သန့်ရှင်းမှု စတာတွေကို အနီးကပ်ထိန်းချုပ်ဖို့ လိုပါတယ်။ နောက်ပြီး ဆေးလိပ်နဲ့ အရက်ကို အခွန်အခတွေ တိုးကောက်ဖို့ ကန့်သတ်ဖို့ စတဲ့ ခိုင်မာတိကျပြီး ပြည်သူတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ ပေါ်လစီတွေ ချမှတ်ပေးဖို့ အရေးကြီးပါတယ်။

နောက်ဆုံး လူတွေ လွဲမှားနေတဲ့ အယူအဆတစ်ခုကတော့ ဒီရောဂါတွေကို ထိန်းချုပ်ဖို့ ငွေကုန်ကြေးကျ အရမ်းများမယ် ဆိုတာပါပဲ။ ဖြစ်ပြီးမှ ကုရင်သာ ငွေကုန်ကြေးကျ များနိုင်ပေမဲ့ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံတွေ အများကြီး မကုန်ဘဲ အသိပညာ ရှိရုံ၊ ကိုယ့်ရဲ့အမူအကျင့်လေး ပြောင်းရုံနဲ့တင် ကာကွယ်လို့ ရပါတယ်။

ဒီလို ရောဂါတွေ မဖြစ်ဖို့အတွက် လုပ်ဆောင်ရမဲ့ အရာတွေကတော့..

◾၁) ဆေးလိပ်နဲ့ ဝေးအောင်နေပါ။

ဆေးလိပ်မသောက်ပါနဲ့ ဆိုတာနဲ့တင် မလုံလောက်တော့ပါဘူး။ ဆေးလိပ်အငွေ့နဲ့ပါ ဝေးဝေးနေဖို့ လိုအပ်လာပါတယ်။ မီးညှိထားတဲ့ ဆေးလိပ်က ထွက်တဲ့အငွေ့၊ သူများရှူသွင်းပြီးလို့ ပြန်ထုတ်လိုက်တဲ့ အငွေ့တွေဟာ ဆေးလိပ် မသောက်တတ်သူတစ်ယောက်အတွက် အဆုတ်ကင်ဆာ ဖြစ်နိုင်​ခြေ ၂၀-၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်စေပါတယ်။ ဒါကြောင့် အစိုးရဘက်ကလည်း ဆေးလိပ်သောက်သုံးမှုကို ထိန်းချူပ်ပေးဖို့ လိုအပ်သလို၊ ဆေးလိပ်သောက်တတ်သူများအနေနဲ့လည်း လူအများ စုဝေးတဲ့နေရာ၊ အိမ်အလုံပိတ်အခန်း၊ ကလေးတွေ အမျိုးသမီးတွေအနား၊ ဒီလိုနေရာမျိုးတွေမှာ ဆေးလိပ်မသောက်ဘဲ တာ၀န်ယူတတ်တဲ့၊ နိုင်ငံကြီးသားပီသတဲ့ အပြုအမူမျိုး ပြသကြဖို့ လိုပါတယ်။

◾၂) အရက်လျှော့သောက်ဖို့

ဒီနေရာမှာလည်း လူတွေရဲ့ အမူအကျင့်ပြောင်းဖို့အပြင် အစိုးရဘက်ကလည်း ပူးပေါင်းပါ၀င်ဖို့ အရေးကြီးပါတယ်။ အရက်က သိပ်၀ယ်ရလွယ်နေရင်၊ စျေးသက်သာနေရင် အရက်သောက်မြဲ သောက်နေကြဦးမှာပါပဲ။ ဒီလိုအနေအထားတွေကို ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အရက်ကို လုံး၀မရှောင်နိုင်သေးတောင် အန္တရာယ်ဖြစ်လောက်တဲ့အထိ၊ လူကို ဒုက္ခပြန်ပေးလောက်တဲ့အထိတော့ မသောက်ကြဖို့ လိုပါတယ်။

တကယ်တော့ သွေးတိုးဖြစ်လို့ ကင်ဆာဖြစ်လို့ ပိုက်ဆံကုန်တယ် ဆိုပေမဲ့ တစ်သက်လုံး သောက်လာခဲ့တဲ့ အရက်ဖိုး ဆေးလိပ်ဖိုးတွေ ပေါင်းလိုက်ရင် ဒီထက်တောင် ပိုများချင်များနေဦးမှာပါ။ ဒါကြောင့် ဒီရောဂါတွေ ဖြစ်ရင် ပိုက်ဆံကုန်တယ် ဆိုပေမဲ့ ဒါတွေ မဖြစ်အောင် အစောကတည်းက ကာကွယ်ခဲ့မယ် ကိုယ့်အပြုအမူတွေကို ဆင်ခြင်ခဲ့မယ်ဆိုရင် ငွေကုန်ကြေးကျ မရှိတဲ့အပြင် ငွေပိုငွေလျှံတွေတောင် ထွက်လာနိုင်ပါသေးတယ်။

အရက်နဲ့ တစ်ဆက်တည်း ပြောလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားရော အမျိုးသမီးတွေပါ အတော်စားလေ့ရှိတဲ့ ကွမ်း ပါ။ ဒါကြောင့် ခုနောက်ပိုင်းမှာ ပါးစောင်ကင်ဆာ ဖြစ်နှုန်းက သိသိသာသာ တက်လာနေပါတယ်။ ဒါကိုလည်း တတ်နိုင်သမျှ ရှောင်ဖို့လိုပါတယ်။

◾၃) ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့

တစ်နေ့နည်းနည်းပဲဖြစ်စေ လုပ်ဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားလုပ်ခြင်းကြောင့် သွေးလည်ပတ်မှု ကောင်းတယ်၊ စိတ်ရွှင်လန်းတယ်၊ စား၀င်အိပ်ပျော်တယ်၊ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်၊ စသဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ အရမ်းပင်ပန်းခက်ခဲတာလည်း မဟုတ်လို့ တစ်နေ့အချိန်နည်းနည်းလောက် ကြိုးစားယူပြီး လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဖို့ လိုပါတယ်။

◾၄) အစားအသောက်ပုံစံ ပြောင်းဖို့

ကျွန်တော်တို့​မြန်မာ​တွေက ဆီစားများပါတယ်၊ လက်ဖက်ဆိုလည်း ဆီတွေ နစ်လို့၊ အသားဆိုလည်း ဆီပြန်ဟင်းမှ စားလို့မြိန်တယ်။ နောက်ပြီး အချိုမှုန့်တွေကလည်း အခုချိန်ထိ စားနေကြတုန်း။ ငါးပိရည်ဆိုတာက ထမင်းဝိုင်းတိုင်းမှာ ပါတယ်။ သွေးတိုးသမားကလည်း ငါးပိတွေ၊ ငံပြာရည်တွေ၊ ငါးခြောက်တွေ စားနေတာပဲ။ ဆီးချိုသမားကလည်း ထမင်းတော့ လျှော့မစားချင်ဘူး။ ဒါတွေ ပြင်ဖို့ လိုပါတယ်။ လုံး၀မရှောင်နိုင်တောင် တတ်နိုင်သမျှ လျှော့စားကြဖို့တော့ လိုပါတယ်။

◾၅) သင့်​တော်တဲ့ ကိုယ်အလေးချိန်မှာ ရှိ​နေဖို့

အ၀လွန်ခြင်းဟာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေအတွက် အန္တရာယ်ကြီးတဲ့ အနေအထားတစ်ခုပါ။ ဒီလို အ၀လွန်ခြင်းကို ရှောင်ရှားဖို့၊ သင့်တော်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားဖို့အတွက် နည်းလမ်းက နှစ်ခုတည်းပါ။ ကိုယ်လက်လှုပ်ရှားလုပ်ဖို့နဲ့ အစားအသောက်ပုံစံ ပြောင်းဖို့ပါ။

တကယ်တော့ ဝိတ်လည်းကျ၊ ကျန်းမာရေးလည်း မထိခိုက်အောင် စားသောက်ရမဲ့ ပုံစံကတော့ တစ်ခါတည်း အများကြီး စားတာထက် နည်းနည်း၊ နည်းနည်းနဲ့ ခဏခဏ စားပေးရမယ်၊ အဆီအဆိမ့်တွေ၊ အချိုတွေ ရှောင်ရမယ်၊ ထမင်းနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်များများ စားပေးရမယ်၊ မနက်စာနဲ့ နေ့လည်စာကို ၀၀လင်လင် စားပြီး ညစာကိုတော့ တော်တော်လေးလျှော့ပြီး စားရပါမယ်။ ဒါဆိုရင် ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် ကျန်းမာရေးကိုလည်း မထိခိုက်စေပါဘူး။

◾၆) စိတ်ဖိစီးမှုကို လျှော့ဖို့

လူမှန်ရင် ဒုက္ခဆိုတာ ရှိစမြဲမို့ ဒါတွေကို ငြင်းဆန်လို့ ရွေးချယ်လို့တော့ မရပါဘူး။ ရွေးချယ်လို့ ရတာက ဒါတွေကို ကျွန်တော်တို့ ဘယ်လိုခံယူပြီး ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါပဲ။ အခက်အခဲတစ်ခု ကိုယ့်ဆီ ရောက်လာရင် ဒုက္ခလို့မမြင်ဘဲ ကိုယ့်ကို တိုးတက်အောင် အောင်မြင်အောင် ပြုလုပ်ပေးမဲ့ အရာပါလားလို့ ခံယူပြီး အကောင်းဆုံးကြိုးစားမယ်၊ ဖြစ်လာသမျှ ရလဒ်တွေအပေါ်မှာလည်း အကောင်းမြင်စိတ်နဲ့ ကြည့်တတ် ခံယူတတ်မယ်ဆိုရင် လောကကြီးမှာ နေပျော်ပါလိမ့်မယ်။

◾၇) လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုကို မှန်မှန်လုပ်သွားဖို့်

ရောဂါဆိုတာ ဖြစ်မှ ကုတာထက် ကာကွယ်ဖို့က ပိုအရေးကြီးတယ် ဆိုတဲ့အမြင် အားလုံးမှာ ရှိထားဖို့ လိုပါတယ်။ ကာကွယ်ဖို နည်းလမ်းတွေထဲမှာ ကိုယ့်အမူအကျင့်တွေ ပြောင်းလဲဖို့ လိုသလို၊ လိုအပ်တဲ့ စစ်ဆေးမှုတွေကို မှန်မှန်လုပ်သွားဖို့လည်း အရေးကြီးပါတယ်။ ငွေကုန်ကြေးကျ များတာတွေ မဟုတ်တောင် သွေးပေါင်ပုံမှန်တိုင်းတာ၊ ဆီးချို ရှိမရှိ စစ်ဆေးတာ စတာမျိုးတွေကိုတော့ မှန်မှန်လေး လုပ်သွားဖို့ လိုအပ်ပါတယ်။

◾၈) မိသားစုထဲမှာ ဒီရောဂါတွေ ဖြစ်ဖူးသူ၊ ဒီရောဂါတွေနဲ့ သေဆုံးသူ ရှိမရှိ စုံစမ်းဖို့

ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာတို့လို ရောဂါတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အမျိုးတွေထဲမှာ ဒါတွေနဲ့ သေဆုံးသွားသူတွေ ရှိလား၊ ဖြစ်ဖူးသူတွေ ရှိလား၊ ရှိတယ်ဆို သူတို့ဖြစ်တိုင်း ကိုယ်လိုက်ဖြစ်ရမယ် မဟုတ်ပေမဲ့ ပိုပြီး ဂရုစိုက်ရပါမယ်။ အပြုအမူတွေလည်း ပြောင်းရမယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေလည်း မှန်မှန်လုပ်ဖို့ လိုပါတယ်။

အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးလို့ ပြောလို့ ရတာကတော့ ကျန်းမာရေးဟောပြောပွဲတွေ နားထောင်ရမယ်၊ စာစောင်တွေ ဖတ်ရမယ်၊ တတ်ကျွမ်းနားလည်သူတွေနဲ့ မေးမြန်းတိုင်ပင်ရပါမယ်။ ဒါမှသာ ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုတွေ ခံစားရရင်တော့ ဆေးရုံဆေးခန်း ပြကြည့်ရမယ် စသဖြင့် အသိပညာ ဗဟုသုတတွေ ရရှိလာပြီး ဒီလိုရောဂါတွေကို ကာကွယ်နိုင်ကြမှာပဲ ဖြစ်ပါတယ်။

​ဒေါက်တာ ဖြိုးသီဟ
၂၂.၁၁.၂၀၁၅

22/11/2021

ယနေ့ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းဟာ တစ်စထက်တစ်စ မြင့်တက်နေပါတယ်။ သဘာဝအသီးအနှံတွေကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်ဆိုတာကို သိပ္ပံနည်းကျ တွေ့ရှိပြီးဖြစ်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်းရှိတဲ့ အသီးအနှံတွေကို စားသုံးပေးရပါမယ်။

အဲ့ဒီအသီးအနှံတွေထဲမှ မုန်လာဥနီစားသုံးရင် ကင်ဆာရောဂါအများစုကို ကာကွယ်နိုင်စွမ်းရှိကြောင်း လေ့လာရပါတယ်။ အထူးသဖြင့် မုန်လာဥနီမှာပါဝင်တဲ့ ပေါ်လီအဆီတိုင်လင်း (Polyacetylene) ဟာ အူမကြီးကင်ဆာ ကာကွယ်ရာမှာ အလွန်အစွမ်းထက်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ (Dietary fibers) ဝမ်းမှန်စေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ အူမကြီးကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ကယ်ရိုတီနွိုက်တွေ၊ဗီတာမင်တွေနဲ့ အိုမီဂါ-၃ ဟာ ကင်ဆာကာကွယ်ရေးအတွက် အဓိက အထောက်အကူပြုပါတယ်။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ မုန်လာဥနီကို စားသုံးတဲ့အခါ ဘယ်လိုပုံစံမျိုးတွေနဲ့ စားသုံးသင့်ပါသလဲ❓❓

မုန်လာဥနီရဲ့ အပေါ်ယံအလွှာကို ဖယ်ရှားပြီး မလှီးခင် ရေဆေးပြီးမှသာ အစိမ်းအတိုင်းဖြစ်ဖြစ်၊ ကြော်လှော်ချက်ပြုတ်ပြီးဖြစ်ဖြစ် စားသုံးရပါမယ်။ ဒါ့အပြင် မုန်လာဥနီကို အပူချိန်များများနဲ့ အချိန်အကြာကြီး ချက်ပြုတ်တာကို ရှောင်ကြဉ်ရပါမယ်။ အဲ့ဒါမှ အာဟာရဓာတ်တွေပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းကောင်းတစ်ခွက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

မုန်လာဥနီကို ဖျော်ရည် ပြုလုပ်သောက်သုံးရာမှာလည်း အနေတော်လေးတွေတုံးပြီး နို့အနည်းငယ်ထည့်ပြီး သဘာဝအတိုင်း ဖျော်သောက်သင့်ပါတယ်။ သတိပြုရမယ့် အချက်အနေနဲ့ကတော့ မုန်လာဥနီဟာ မြေကြီးထဲမှာရှိတဲ့ ဓာတ်ပစ္စည်းတွေကို စုပ်ယူလေ့ရှိတာကြောင့် စိုက်ပျိုးထုတ်လုပ်ရာမှာ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေ မသုံးထားတဲ့ အော်ဂဲနစ်မုန်လာဥ အမျိုးအစားဖြစ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါ တိုက်ဖျက်တဲ့နေရာမှာ စားသုံးမယ်ဆိုရင် ဒီအချက်ဟာ အထူးအရေးပါလှပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အော်ဂဲနစ်မုန်လာဥ အမျိုးအစားကို ပြောင်းလဲစိုက်ပျိုးသင့်ပါတယ်။

ဒုတိယအချက်ကတော့ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်အေဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် အမျိုးအစား (Fat soluble vitamin) ဖြစ်တာကြောင့် စားသုံးဆီအနည်းငယ် ထည့်ပြီး ချက်ပြုတ်စားသုံးပါက အူနံရံကနေ စုပ်ယူမှု အရမ်းကောင်းမွန်စေပြီး အာနိသင် ပိုမိုထိရောက်စေပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

13/10/2021

#နားထဲကလေထွက်နေတယ်
#လေတိုက်နေသလိုလို_တခါတလေ_ရေတွေစီးနေသလိုလိုပဲ

( #နားအူတယ် )

အပြင်ကအသံမဟုတ်ပဲ ကိုယ်တစ်ယောက်ထဲ ကြားတဲ့ အသံတွေကို စုပြီး Tinnitus နားအူတယ်လို့ခေါ်ပါတယ်။
( ဘေးနားက လူတစ်ယောက်လာပြီး စကားလာပြောနေတယ် ဆိုတဲ့ auditory hallucinations ထင်ယောင်ထင်မှားဖြစ်တာတော့ မပါဘူးပေါ့)

နားအူတာ သိရဖို့ #အသံဘယ်လိုကြားရလဲ သိမှ နားလည်နိုင်ပါလိမ့်မယ်။

နားကို
- အပြင်ပိုင်း နားဝကနေ နားစည်အထိ
- အလယ်ပိုင်း
- အတွင်းပိုင်းဆိုပြီး ခွဲခြားထားပါတယ်

ကန်တော့လိုဖြစ်နေတဲ့ နားရွက်ကနေ အသံတွေစုပြီး နားစည်ဆီကို ရောက်ပါတယ်
အသံလှိုင်းတွေက နားစည်နဲ့ထိတော့ နားစည်က တုန်ခါမှုဖြစ်ပါတယ်
(ရောက်လာတဲ့ အသံမတူသလို နားစည်တုန်ခါမှုဖြစ်တာကလည်း မတူတဲ့အတွက် ကြားရတဲ့ အသံတွေကွဲပြားပါတယ်)

နားစည်ရဲ့ အတွင်းဘက်မှာတော့ ငယ်ငယ်က သင်ခဲ့ရတဲ့ တူ ပေ ထိန်းကွင်း လို့ခေါ်တဲ့ malleus incus stapes ဆိုတဲ့ အရိုးပိစိလေး (၃) ခုရှိပါတယ်
နားစည်နဲ့က "တူ" ဆိုတဲ့ malleus နဲ့ထိနေပြီး နားစည် တုန်ခါတာနဲ့ အဲ့ဒီ အရိုးလေး (၃) ခုက အစဉ်လိုက် တုန်ခါမှုဖြစ်ပြီး

Stapes ထိန်းကွင်းက ခရုပတ်ပုံရှိတဲ့ အတွင်းနားဆီကို တုန်ခါမှုတွေ လက်ဆင့်ကမ်းလိုက်ပါတယ်

ခရုပတ်ပုံရှိတဲ့ အတွင်းနားက သူ့ဆီလာတဲ့ တုန်ခါမှုအမျိုးအစားကို လိုက်ပြီး လျှပ်စစ်စွမ်းအားအဖြစ်ပြောင်းပြီး အကြားအာရုံကြောမှ တဆင့်ဦးနှောက်ဆီကို ပို့ပေးပါတယ်။

ဦးနှောက်က သူဆီလာတဲ့ လျှပ်စီးအမျိုးအစားကို လိုက်ပြီး ကြားနေကျ ဦးနှောက်မှာမှတ်ထားပြီးသားဆိုရင် ဒါတော့ စကားပြောတဲ့အသံပဲ၊ ဒါကကားသံ၊ ဒါကခွေးဟောင်သံ၊ စသဖြင့် သိလိုက်ရပါတယ်။

ဥပမာ ။ ။ ဘေးအိမ်ကရန်ဖြစ်နေတဲ့ အသံဆိုရင် ဦးနှောက်က တခြားအစိတ်အပိုင်းတွေကို လှုံ့ဆော်တဲ့ အတွက် "သွားချောင်းလိုက်ဦးမယ်" ဆိုပြီး တုန့်ပြန်ပါတယ် 😬😬😬

နောက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက အလယ်နား (Middle ear cavity) က အပိတ်ဖြစ်နေတဲ့ အတွက် သူထဲမှာရှိတဲ့ ဖိအားကို ထိန်းညှိပေးဖို့အတွက် နှာခေါင်းနဲ့ကို eustachian tube ဆိုတဲ့ ပြွန်လေးနဲ့ ဆက်ထားပေးပါတယ်။

တောင်အမြင့်ကို ကားနဲ့ အမြန်တက်သွားတာဖြစ်ဖြစ်၊ လေယာဉ်ပျံစီးရင်ဖြစ်ဖြစ်
ပြင်ပဖိအားမတူတော့တဲ့အခါ #နားမကြားရတော့ပါဘူး
အဲ့ဒီအခါမှာ "နှာခေါင်းကိုပိတ်ပြီးတံထွေမျိုချဖူးကြမှာပေါ့" အသံပြန်ကြားရတယ်လေ အဲ့ဒါ နှာခေါင်းနဲ့ နားကိုဆက်ထားတဲ့ eustachian tube ကနေတဆင့် ဖိအားညှိပေးလိုက်လို့ပါ။

________
အသံကြားရဖို့ အထက်ပါအစိတ်အပိုင်းတွေ အကုန် သေသေချာချာ အလုပ်လုပ်ဖို့လိုပါတယ်။

- နားအပြင်က နားပြည်ယိုတာဖြစ်စေ
- နားဖာချေးတွေပိတ်နေတာဖြစ်စေ
- နားစည် မကောင်းလို့ဖြစ်စေ
- တူ ပေ ထိန်းကွင်း တွေ ပြဿနာရှိလို့ဖြစ်စေ
- နှာခေါင်းနဲ့ နားကိုဆက်ထားတဲ့ eustachian tube မကောင်းလို့ဖြစ်စေ
- ခရုပတ်ပုံ အတွင်းနား မကောင်းတာဖြစ်စေ
- အကြားအာရုံကြောမကောင်း၍ဖြစ်စေ
- အထက်ပါ အင်္ဂါအစိတ်အပိုင်းများကို ထောက်ပံ့နေတဲ့ သွေးကြောတွေ မကောင်းလို့ သွေးကောင်းမရလို့ဖြစ်စေ
- သွေးပေါင်တက်နေလို့ သွေးလှည့်ပတ်မှု ပုံမှန် မဖြစ်လို့ဖြစ်စေ

အကြားအာရုံမှာ ပြဿနာရှိပါပြီ။

👉 အပြင်က အသံဝင်လာပေမယ့် အစိတ်ပိုင်းလေး တွေ အလုပ်မလုပ်တဲ့အခါ အသံမကြားရတော့ #နားလေးတယ် ဆိုပြီး ဖြစ်ရသလို
👉 အပြင်က ဘာအသံမှ မဝင်လာပေမယ့် အစိတ်ပိုင်းလေး တွေ သူ့ဟာသူ လှုပ်တဲ့အခါ #နားအူတယ် ဆိုပြီး ဖြစ်ရတာပါ။

👉👉👉

#နားထဲက_လေထွက်နေတယ် ဆိုတာလဲ နားအူတာပဲ ဖြစ်လို့ ဖြစ်နိုင်တာတွေ အများကြီးပါပဲ။

👌👌👌 သိလောက်ပြီ ထင်ပါတယ် 👌👌👌

- သွေးပေါင်ကျလို့၊ သွေးအားနည်းလို့ နားထဲက အင်္ဂါအစိတ်အပိုင်းတွေ သွေးကောင်းကောင်း မရတဲ့အခါ 👉 နားထဲကလေထွက် တဲ့အသံကြားရနိုင်ပါတယ်
- သွေးတက်လို့၊ သွေးပေါင်ချိန်မမှန် လို့ နားထဲကအင်္ဂါအစိတ်အပိုင်းတွေ သွေးလှည့်ပတ်မှု မကောင်းရင်လည်း 👉 နားထဲကလေထွက် တဲ့အသံကြားရနိုင်ပါတယ်

အဲ့တော့ နားထဲကလေထွက်တယ် ဆိုရင် အနည်းဆုံးသွေးပေါင်ချိန်ကြည့်ကြပါ။
( နားထဲက လေထွက်တယ် ဆိုပြီး ဆရာဝန်သွားပြတာ ဆရာဝန်က ဘာကိစ္စသွေးပေါင်ချိန်ရတာတုန်းဆိုတဲ့အဖြေ ရကြမယ်ထင်ပါတယ် 😀 )

- နားဖာချေးတွေအရမ်းများနေတာ၊ နားပြည်ယိုတာ နားပိုးဝင်တာရှိရင် လည်း 👉 နားထဲကလေထွက် တဲ့အသံကြားရနိုင်ပါတယ်
- နားစည်ပေါက်ဖူးတာ နားစည်ဒဏ်ရာရဖူးတာရှိရင်လည်း 👉 နားထဲကလေထွက် တဲ့အသံခဏ ခဏ ကြားရနိုင်ပါတယ် (အသံဆူတဲ့စက်ပစ္စည်းအကြီးကြီးတွေနဲ့အလုပ်လုပ်သူတွေ၊ လေယာဉ်အမှုထမ်းတွေ၊ တိုက်ပွဲဝင်နေရတဲ့စစ်မှုထမ်းတွေ ဟာ နားစည်ခဏခဏဒဏ်ရာရနေပါတယ်)
- နှာခေါင်းနဲ့ နားကိုဆက်ထားတဲ့ eustachian tube ပြဿနာရှိတဲ့ နှာစေး၊ နှာပိတ်၊ အအေးမိနေရင်လည်း 👉 နားထဲကလေထွက် တဲ့အသံကြားရနိုင်ပါတယ်

အသက်အရွယ်ကြီးရင့်လာရင် အရိုးတွေ ကျီးပေါင်း
တက်သလို
- နားထဲက အရိုးလေး (၃) ခုလည်း ကျီးပေါင်းတက်တဲ့အတွက် သုတို့လေးတွေက အသံကြားရင် တုန်ခါမှုပုံမှန်မရှိတော့တဲ့အတွက် (အသက်ကြီးလာရင် #နားလေးလာတတ်သလို၊ #နားအူတတ်ပါတယ်)

- ခရုပတ်ပုံ အတွင်းနား ပြဿနာ ရှိရင်လည်း #နားလေးလာတတ်သလို၊ #နားအူတတ်ပါတယ်

- အကြားအာရုံကြောကလည်း အာရုံကြောဖြစ်တဲ့အတွက် အာရုံကြောအားနည်းရင်လည်း #နားလေးလာတတ်သလို၊ #နားအူတတ်ပါတယ်
ဆီးချိုရောဂါဟာ အာရုံကြော အားနည်းမှုအဖြစ်တတ်ဆုံးရောဂါဖြစ်လို့ ဆီးချိုဝေဒနာရှင်တွေမှာလည်း ခဏခဏ #နားအူတတ်ပါတယ်။

အဲ့လိုပါပဲ နားအတွင်းပိုင်းက ရောဂါတွေ (Meniere's disease) မှာလည်း #နားအူတတ်ပါတယ်။

👉👉👉
ဒီလောက်ဆိုရင် (အကြမ်းဖျင်း)
- နားအူတယ်ဆိုတာဘာလဲ
- နားအူတယ်လို့ ဘာလို့ဖြစ်ရတာလဲ
- နားအူတတ်တဲ့ အကြောင်းတွေ သိပြီထင်ပါတယ်

ကျွန်တော်တို့ မြန်မာလူမျိုးက အနောက်တိုင်းဆေးပညာနဲ့ မကိုက်ပါဘူး
စာမဖတ်တဲ့လေပေါတွေ နဲ့ပဲအဆင်ပြေပါတယ်

နားထဲက လေထွက်နေတယ်၊ နားအူနေတယ် ဘာဆေးသောက်ရမလဲပဲ မေးကြပါတယ်၊ ဘာလို့ဖြစ်ရတာလဲ မသိချင်ကြပါဘူး

👉 အားနည်းနေတာ အားဆေးသောက်၊ ဓာတ်ဆားရည်သောက် ဆို 😁 ပျော်ပြီး သောက်ကြပါရော
👉 ဖြစ်နိုင်တာတွေ အများကြီးပဲ သေသေချာချာစစ်ဆေးကြည့်ဖို့ လိုတယ်ပြောရင် စာမတတ်လို့ လျှောက်ပြောနေတယ်ပဲ ထင်ကြပါတယ်။

ခြုံပြောရရင် #နားအူတာက
1. သူ့ဟာသူပျောက်သွားနိုင်တာရှိသလို
3. ရောဂါအခံကို သေသေချာချာကုမှပျောက်ကင်းနိုင်တာလည်းရှိပါတယ်
4. စိတ်မကောင်းစွာနဲ့ပြောရရင် အသက် ၆၅ နှစ်အထက်လူကြီးတွေ တိုက်ပွဲတွေမှာစစ်မှုထမ်းဖူးတဲ့ နားစည်ဒဏ်ရာထပ်ခါထပ်ခါရဖူးသူတွေက တော့ ပျောက်ကင်းဖို့ခက်ခဲပါတယ်

(Photo Credit;theconversation)
(Original Post; Jan,2021 👉 https://www.facebook.com/104993831383029/posts/177523347463410/)

ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

13/10/2021

#ကိုဗစ်ဖြစ်ပြီး_ဆံပင်တွေကျွတ်တာမှဆရာရယ်_အထွေးလိုက်_အထွေးလိုက်ပဲ
#ဒီပုံအတိုင်းသာဆိုရင်_ကတုံးဖြစ်တော့မယ်

(ဆံပင်ကျွတ်ခြင်း)

ဆံပင် (Hair) ဆိုတာ သိကြတဲ့အတိုင်း ဦးရေပြား (Scalp) ပေါ်မှာ ပေါက်တဲ့ အမွေးပါပဲ။
ကျွန်တော်တို့ငယ်ငယ်က ငြင်းကြရင် ဆံပင်ဘယ်နှစ်ချောင်းရှိလဲ ဆိုပြီး ညစ်တတ်ပါတယ်။
- ဆံပင်ရဲ့ အရောင်ပေါ်မူတည်ပြီး အချောင်းရေ ၉၀,၀၀၀ ကနေ ၁၅၀,၀၀၀ ထိရှိတတ်ပါတယ် (မယုံရင် ရေကြည့်ပေါ့ 😅)
- ရွှေရောင်ဆံပင် ပိုင်ရှင်တွေက ဆံပင်အများဆုံးဖြစ်ပါတယ်
- ဆံပင်ရှည်နှုန်းက တစ်ရက်ကို 0.5mm ဖြစ်ပြီး (တစ်လကို လက်မဝက်) လောက်ရှည်လာတတ်ပါတယ်
- ဆံပင် (Hair) ဟာ ဆံပင်မွေးညှင်းအိတ် (Hair follicle) အထဲမှ ထွက်လာတာပါ
- ဆံပင်မွေးညှင်းအိတ် (Hair follicle) ဟာ live tissue => cells အရှင်ဖြစ်ပြီး ကျွန်တော်တို့မြင်ရအောင်အပြင်ထွက်လာတဲ့ ဆံပင်မွေးက Cells အသေ (Dead tissue) ဖြစ်ပါတယ်။
ဥပမာ 👉 လက်သည်းပန်းကုန်းက cell အရှင်ဖြစ်ပြီး လက်သည်းက Dead Tissue (cell အသေ) ဖြစ်သလိုပေါ့

#ဆံပင်ကျွတ်ခြင်း (Hair Fall)

ဆံပင်ဟာ မွေးလာကတည်းကနေ တစ်လကို လက်မဝက်နှုန်းရှည်လာသလို ကျွတ်လည်းကျွတ်ပါတယ်
- ခေါင်းလျှော်ချိန်၊ ခေါင်းဖီးချိန်၊ လှုပ်ရှားသွားလာချိန်၊ ခေါင်းသပ်ချိန် တွေအပြင် ထိုင်နေရင်း၊ အိပ်နေရင်းနဲ့တောင် ကျွတ်ပါတယ်
- တစ်နေ့ကို ဆံပင် (၅၀ ကနေ ၁၀၀ ကြား) ကျွတ်ပါတယ် (ပုံမှန်ပါပဲ)
- ကျွတ်ပြီးတဲ့ ဆံပင်နေရာမှာ တစ်နေ့ကို (0.5mm) နှုန်း တနည်း တစ်လကို လက်မဝက်နှုန်းနဲ့ ဆံပင်အသစ်က ပြန်ထွက်လာပါတယ်

#ဒါကပုံမှန်ပါ

ဆံပင်ရဲ့ ကျန်းမာရေးမကောင်းတာတွေက သိကြတဲ့အတိုင်း
- ဆံပင်ကျွတ်လွယ်တယ်၊
- အဖျားနှစ်ခွဖြစ်တယ်၊
- ဆံပင်အလုံးသေးတယ်၊
- အလယ်ကနေပြတ်ထွက်တယ် စတာတွေပေါ့

ဆံပင်ကျန်းမာရေး မကောင်းစေတာက
1. အာဟာရချို့တဲ့ရင် (ကိုယ်အလေးချိန်တရားလွန်အစာမစားပဲလျှော့တယ်/ဟိုဟာရှောင်ဒီဟာရှောင်နဲ့ မစားတာတွေများရင်)
2. Vitamins တွေချို့တဲ့ရင် အထူးသဖြင့် (Biotin, Vitamin-D, Vitamin B12)
3. စိတ်ဖိစီးမှုများရင် (အလုပ်အကိုင်အဆင်မပြေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကုန်ပါ ပါတယ်) ရည်းစားနဲ့ပြတ်ပြီးအသည်းကွဲရင်လည်း ဆံပင်ပိုကျွတ်ပါတယ်
4. ခန္ဓာကိုယ်ဖိစီးမှုများရင် (နေမကောင်းဖြစ်တဲ့အခါ၊ ခွဲစိတ်မှုခံယူရတဲ့အခါ)

အဲ့ဒါတွေကြောင့် တစ်သက်မှာတစ်ခါမှ မကြုံဖူးတဲ့ ရောဂါဆိုး ကြီးဖြစ်တဲ့အခါ

စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါဖိစီးမှုများတဲ့အတွက် ကိုဗစ်ဖြစ်ပြီးတဲ့အခါ ဆံပင်တွေ #သိသိသာသာ_ကျွတ်ပါတယ်

ပုံမှန် တစ်နေ့ကို ၅၀-၁၀၀ ကျွတ်နေရာကနေ တစ်နေ့ကို #အချောင်း_၃၀၀ ထိကျွတ်တတ်တဲ့အတွက် အထွေးလိုက်ကျွတ်တယ် ဆိုတာတွေဖြစ်လာပါတယ်

#စိတ်မပူပါနဲ့ 👉 ပြန်ထွက်လာပါလိမ့်မယ်

ကိုဗစ်ဖြစ်ပြီး ၁ လ ဝန်းကျင်လောက်မှ စကျွတ်လာပြီး ၃-၄လ အတွင်းပြန်ကောင်းတတ်ပါတယ်။

(မြင်သာတဲ့ ဥပမာပြရရင် ကင်ဆာရောဂါရှင်တွေ ကင်ဆာဆေးသွင်းနေတဲ့အချိန် ဆံပင်တွေကျွတ်ပြီး ကတုံးဖြစ်သွားကြတယ် မလား
ဆေး Course ပြည့်ပြီး ဆေးသွင်းဖို့မလိုတော့ တဲ့အချိန် ဆံပင်တွေအကုန်ပြန်ပေါက်လာကြတယ်လေ) အဲ့လိုပါပဲ အချိန်တန်ရင် #ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ်

တစ်နေ့ကို အချောင်း ၃၀၀ တောင်ကျွတ်တာ ကတုံးဖြစ်သွားမှာပေါ့ လို့စိုးရိမ်နေသူများ
အချောင်း ၁၀၀,၀၀၀ ရှိရာကနေ တစ်နေ့ ၃၀၀ ဆက်တိုက် ကျွတ်ရင်တောင် 👉 ကတုံးဖြစ်ဖို့ကို (၃၃၃ ရက်) ကြာပါလိမ့်မယ်။ (တစ်နှစ်ပေါ့)
ကျွတ်တဲ့နေရာကနေ အသစ်ပြန်ထွက်တာ တစ်လကို လက်မဝက်ဆိုတော့ တစ်နှစ်ကြာရင် ၆ လက်မအရှည်ရှိတဲ့ဆံပင်ပြန်ရနေပါပြီ (ကတုံးဖြစ်မသွားပါဘူး)
___________
Post-covid မှာ ဆံပင်ကျွတ်တာ စိတ်ပူစရာမဟုတ်ကြောင်း ရှင်းပြတာပါ။
ကိုယ့်ဘက်ကလည်း ဆံပင်အကျွတ်သက်သာအောင်

1. အာဟာရပြည့်ဝစွာစားပါ
2. အသီးအနှံများများစားပါ
3. အိပ်ရေးဝ ဝ အိပ်ပါ
4. စိတ်ဖိစီးမှုလျှော့ပါ (ဆံပင်ကျွတ်တယ် ကျွတ်တယ် နဲ့ စိတ်ညစ်နေခြင်းက ဆံပင်ပိုကျွတ်စေပါတယ်)
5. Vitamin တွေမချို့တဲ့ပါစေနဲ့ (အစားအစုံစားနေတဲ့လူတစ်ယောက်ဟာ Vitamins တွေမချို့တဲ့ပါဘူး)
6. ခေါင်းဖီးတဲ့ ဘီး ကျဲကျဲသုံးပါ
7. ဓာတုပစ္စည်းများတဲ့ ခေါင်းလျှော်ရည် တွေမသုံးပါနဲ့
8. ခေါင်းလိမ်းဆီတွေ တရားလွန်သုံးခြင်း Hair conditioner တရားလွန်သုံးခြင်း ရှောင်ပါ

အထက်ပါအချက်များကို လိုက်နာရင်း စိတ်ရှည်ရှည်ထားကြပါ (၃ လ ကနေ အလွန်ဆုံး ၆ လ) အတွင်း ပုံမှန် ပြန်ဖြစ်ပါတယ်။

(Photo credit; kumparan)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr ဘုန်းစည်သူလွင်
08:15 am/13.10.2021

23/09/2021

စျေးရောင်းတာရှက်စရာမဟုတ်ပါဘူး။

Online shop ရောင်းတာရှက်စရာမဟုတ်ပါဘူး။
တချို့နိုင်ငံကြီးတွေမှာတောင် အိမ်စရိတ်၊
စားဝတ်နေရေးအတွက် အလုပ်လုပ်ရတာကြောင့်
Full time လုပ်ဖို့ မလွယ်ပါဘူး။
Dropshipping တို့ ဘာတို့ မကြားဖူးလို့လို့မြင်တယ်။

လူတိုင်းရောင်းနေရတာပါပဲ။
ဘယ်လိုရောင်းလဲတာကွာတာ။
တချို့က အချိန်ရောင်းပြီး ဝန်ထမ်းလုပ်တယ်။
တချို့က service ရောင်း freelance လုပ်တယ်။
တချို့က result ရောင်းတယ်။
တချို့က ဝန်ထမ်းတွေခန့် သင်တန်းပေးပြီး
ဝန်ထမ်းတွေရောင်းခိုင်းတယ်။
တချို့က နည်းပညာအသုံးပြု
automation နဲ့ရောင်းတယ်။

ကိုယ်က Online Shop ရောင်းသူတွေကို
ရှက်စရာလို့ မြင်နေတုန်း ဟိုက
တိုက်တွေ၊ ကားတွေနဲ့ ဖြစ်သွားပြီ။

ဘယ် profession ကမှ ရှက်စရာမဟုတ်ပါဘူး။

နောက်ဆရာဖြိုးသီဟ ရေးထားတာလေးလဲ
စဉ်းစားလို့ရအောင် comment မှာ
တင်ပေးထားပါတယ်။

Phyo Paing @ Derek

23/09/2021

🥣🧒ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ 🧒🥣

1. ဆားများသော အစားအစာများ ကျွေးခြင်းမှ ရှောင်ပါ။

ကလေးငယ်တွေ ကို ဆားများတဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆားအရမ်းများရင် သူတို့လေးတွေ ရဲ့ကျောက်ကပ်အတွက် မကောင်းပါ။ ဆားများတဲ့ အစားအစာဆိုလို့ ငါးပိတို့ ငါးခြောက်တို့ကိုပဲ ရှောင်ခိုင်းတာ မဟုတ်ပါဘူး။ အသင့်စား အစားအစာတွေ ဖြစ်တဲ့ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အသင့်စား ခေါက်ဆွဲပြုတ်၊ အသင့်စား ဆန်ပြုတ် စတာတွေ ပာာ ဆားပမာဏ အရမ်းများတဲ့ အတွက် ရှောင်ရှားသင့်တဲ့ အထဲမှာပါပါတယ်။ အသက် ၁ နှစ်မကျော်မခြင်း ဆားထပ်ထည့်ပြီး ချက်စရာမလိုပါ။

2. သကြား ရှောင်ပါ။

ကလေးငယ်ငယ်တွေ အတွက် သကြားမလိုပါ။ ငယ်ငယ်လေး တည်း က သကြားကို အစပျိုးပြီး မကျွေးသင့်ပါ။ ကြာလာတာနဲ့ အမျှ ကလေးငယ်တွေ က သကြား အရမ်းကြိုက်သွားပြီး ဖြတ်ရခက်သွားပါလိမ့်မယ်။ အထူးသဖြင့် အသင့်သောက် အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေ ရှောင်ပါ။ သဘာဝ အသီးစစ်စစ် ကို ဖျော်ရည်လေး လုပ်တိုက်ရင်လည်း သကြားထပ်မထည့်ပါနဲ့။ အကောင်းဆုံး ကတော့ ကလေး ငယ်တွေ ကို အချိုကျွေးတော့မယ် ဆိုရင် ငှက်ပျောသီး ဒါမှမဟုတ် အခြားအသီးတစ်မျိုးမျိုး ဖျော်တိုက်မယ် ဆိုရင် အမေ နို့ (သို့မဟုတ်) ပိုးသတ်ထားသော နို့ တစ်မျိုးမျိုး ထည့်ဖျော်ပေးပါ။ (မှတ်ချက်- အသက် ၆ လ မကျော် မခြင်း မိခင်နို့မှ အပ တခြား ဘာမှ မတိုက်ရပါ) အသက် ၂ နှစ် မကျော်မခြင်း သကြား ထပ်ထည့်ကျွေးစရာမလိုပါ။

3. ပျားရည် ရှောင်ပါ။

ပျားရည် က ကလေးငယ်တွေရဲ့ အူလမ်းကြောင်း ကို ဒုက္ခပေး နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျားရည်မှာ ပါလာတတ်တဲ့ ဘတ်တီးရီးယား ပိုးတွေက ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေက ကလေးငယ်တွေရဲ့ အူလမ်းကြောင်းကို ထိခိုက်ပြီး အစာအဆိပ်သင့်သလို ဖြစ်တတ်ပါတယ်။ ကလေးငယ်များ အသက် နှစ်နှစ် မကျော်မခြင်း ပျားရည်မကျွေးသင့်ပါ။ သွားပိုးစားခြင်း ကိုလည်း အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးပါတယ်။ သန့်စင်ထားတဲ့ ပျားရည်ဆို ၂ နှစ်ကျော်ရင် ကျွေးပါ။

4. အစေ့အဆန်များ ရှောင်ပါ

ကလေးငယ်တွေ ကိုကအသက်ငါးနှစ် မကျော်မခြင်း မြေပဲစေ့၊ ဖရုံစေ့၊ သီဟိုစေ့၊ ဗာဒံစေ့ စတာတွေ ကို အစေ့လိုက် မကျွေးသင့်ပါ။ အခန့် မသင့်လျှင် သီးတတ်တဲ့ အတွက်ကြောင့်ပါ။ ကျွေးချင်လျှင် သေချာ ချေ ပြီးမှ ကျွေးပါ။ ကျွေးမယ် ဆိုရင်လည်း အသက် ခြောက်လ ပြည့်ပြီးမှ တည့်မတည့် စမ်းကျွေးကြည့်ပါ။ တချို့ကလေး တွေမှာ Allergic ဖြစ်တတ်လို့ပါ။

5. ဂျယ်လီရှောင်ပါ။

ကလေးငယ်တွေ ကို အလွယ်တကူ ဂျယ်လီ ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။ ခဏခဏ သီးတတ်လို့ပါ။

6. အဆီနည်းတဲ့ အစားအစာရှောင်ပါ။

ကလေးတွေ က လူကြီး နဲ့ ပြောင်းပြန်ပါ။ သူတို့လေးတွေ က အစားစား တာ နည်းတဲ့ အတွက် နည်းနည်းနဲ့ ကယ်လိုရီ များများ ရမယ့် အဆီဓါတ် ကိုကောင်းကောင်းစားပေးဖို့လိုပါတယ်။ အဆီဓါတ်ဆိုလို့ တွေ့ကရာ အဆီ တွေဖြစ်တဲ့ ဝက်ဆီဖတ်တို့ ကြက်အရေခွံတို့ ဆီအများကြီး နှစ်ပြီးကြော်တဲ့ အစားအစာတွေ ကို မကျွေးသင့်ပါဘူး။ ကောင်းတဲ့ အဆီ တွေ ဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီ၊ ဖွဲနုဆီ၊ အစေ့အဆန်(သေချာ ချေပြီးကျွေးရန်) စတာတွေ ကို ကျွေးပေးဖို့လိုပါတယ်။ လူကြီးဆိုရင် နွားနို့ကို အဆီထုတ်ထားတဲ့၊ လျှော့ထားတဲ့ နို့ သောက်ဖို့လိုပေမယ့် နှစ်နှစ်အောက် ကလေးငယ်တွေ ကတော့ မလိုင်ပြည့် ပါတဲ့ နို့ တိုက်ပေးဖို့လိုပါတယ်။

7. ပင်လယ်စာ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။

လူကြီးတွေ စားသလို ပုဇွန်အစိမ်းသုတ်လိုမျိုး၊ ပင်လယ်စာ အစိမ်းသုတ် လိုမျိုးကျွေးလို့မရပါဘူး။ ကလေးငယ်တွေ ရဲ့ အူလမ်းကြောင်း က နုနယ်သေးတဲ့ အတွက် အသားအစိမ်း ငါးအစိမ်းတွေ မှာပါတဲ့ ဘတ်တီးရီးယားတွေ ကြောင့် အစာအဆိပ်သင့်တာ ကို ဆိုးရွားစွာ ခံစားရတတ်ပါတယ်။

8. ကြက်ဥ အစိမ်းကျွေးခြင်းမှ ရှောင်ပါ။

ကလေးငယ် တွေ အသက် ၈ လလောက် ရှိပြီ ဆိုတာ နဲ့ ကြက်ဥ စကျွေးလို့ရပါပြီ။ စကျွေးတဲ့ နေရာ မှာ တည့်မတည့် ကို အရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင် တည့်တယ် လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေ ကို ကျွေးတဲ့ နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မဟုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photo Credit

Photos from Suezi Multivitamin & Nutritional supplements's post 23/09/2021

ဈေးသည်ကြီး Suezi ရဲ့ဆေးဘီရိုလေး...

Air Cargo နဲ့ ရောက်လာလိုက်...

ရောင်းထွက်သွားလိုက်နဲ့ပေါ့...

ကျမဝိတ်အလျှော့ကောင်းလို့...

ငဗစ်ကိုအလူးအလဲတိုက်ထုတ်နေရချိန်မှာ
ကျမရဲ့ဆေးဘီရိုကိုမြင်ယောင်ပြီး...

ငါဆေးရောင်းရအုန်းမယ် ဆိုတဲ့စိတ်နဲ့

ပြန်ထလာနိုင်ခဲ့တယ်...

ဆေးတွေရောင်းနေရင်းနဲ့ပဲနေကောင်းကျန်းမာလာခဲ့တယ်...

ယုံယုံကြည်ကြည်နဲ့ ဝယ်ယူအားပေးမှု့အတွက် တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူး အထူးတင်ပါတယ်ရှင်...

အားလုံး နေကောင်း ကျန်းမာ ကြပါစေ🙏🙏🙏

Thank you 🙏🙏🙏

22/09/2021
17/09/2021

❤️Flaxseeds oil ❤️

♦️Flaxseed Oil soft capsule 1400mg

Made with Organic Flaxseed Oil

♦️Omega 3,6,9

♦️Made in USA

👉ဆေးတောင့်တတောင့်မှာ

♦️flaxseed oil 1400mg

♦️Omega 3 -700 mg

♦️Omega 6 - 154 mg

♦️Omega 9 - 169 mg အသီးသီး ပါ၀င်တယ်...

♦️Flax Seeds Oil က linum usitatissimu အပင်မှ ထုတ်ယူထားတဲ့ အဆီပါ...

♦️side effect လုံးဝမရှိဘဲ

♦️နှလုံးကျန်းမာရေးကိုအထောက်ကူပြုတယ်

♦️ကိုလက်စထော ကို ထိန်းပေးတယ်...

♦️သွေးတွင်းမကောင်းတဲ့ အဆီများကို ချေဖျက်ပေးတဲ့အတွက်

♦️အဆီပို(Cellulite)တွေကိုကျစေတယ်...

♦️ကင်ဆာရောဂါ ဖြစ်ပွားမှု့ကိုလဲ လျှော့ချပေးတယ်...

♦️အမျိုးသမီးများ ရင်သားကင်ဆာ မဖြစ်အောင်လဲ ကြိုတင်ကာကွယ်ရန် အတွက် သောက်သုံးသင့်ပါတယ်...

♦️ကိုယ်ခန္ဓာထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး...

♦️သွေးချိုသကြားဓါတ်(Blood Glucose)ကျဆင်းစေတာမို့ ဆီချို သွေးတိုးရှိတဲ့သူတွေလည်းသောက်သုံးသင့်တယ်...

♦️နို့တိုက်မိခင်အတွက်လည်းကိုယ်ရေးစစ်စေသည့်အပြင်
နို့ရည်မှတဆင့်omega 369 ကလေး စီသို့ရောက်ရှိစေတယ်...

♦️အမျိုးသားရော အမျိုးသမီးပါသောက်သုံးလို့ရပြီး...

♦️အရိုးပါးရောဂါကိုလည်းကာကွယ်နိုင်ပါတယ်နော်...

♦️အလှအပအတွက်ကြောင့်မဟုတ်ပဲ ကျန်းမာရေးအရ weight loss လုပ်ချင်သူတွေအတွက်ကတော့ အကောင်းဆုံး ပါဘဲ...

♦️ဒါကြောင့်အိုဗာဝိတ်ဖြစ်နေလို့စိတ်ညစ်နေသူတွေအတွက်Flaxseed oil သောက်သုံးပြီးဝိတ်ချနိုင်သလို...

♦️ကိုယ်ခန္ဓာအချိုးအစားပြေပြစ်သူတွေလည်းFlaxseed oil ဆေးနဲ့ကိုယ်ခန္ဓာအလှက်ုထိန်းထားကြပါစို့...

♦️တနေ့၁လုံးမှန်မှန်သောက်ခြင်းဖြင့်

❤️ထာဝရ ကျန်းမာ နုပျို ကျစ်လစ် တဲ့အလှပိုင်ရှင်တွေဖြစ်ကြပါစေ...

Instock ပါရှင့်

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11131

Other Health Food Shops in Yangon (show all)
Jolie C Coffee Jolie C Coffee
No 70, Yadanar Street, Kamayut Tsp
Yangon, 11041

ခန္ဓာကိုယ်သွယ်လျ အဆီကျကျစ်လစ်ဖို့ JolieCသောက်ကြစို့

My Noodle My Noodle
No(27), Ground Floor, Thadi Pahtan Street, Tarmwe
Yangon, 11211

My Noodle, Make Your Noodle

Youngfit Detox king Youngfit Detox king
Shwe War Tun
Yangon

ကျမ်းမာချမ်းသာ လိုရာပြည့်ပါစေ

June baby wear June baby wear
North Okkalapa
Yangon

Ready to Cook - Ready to Wear : Cooking Innovations and Fashion Creations Ready to Cook - Ready to Wear : Cooking Innovations and Fashion Creations
Yangon

အသင့်ချက်ရန်: ကြက်သွန်ဖြူ(ခွါပြီး၊ကြိတ်ပြီး)၊ ကြက်သွန်နီ(ခွါပြီး၊ကြိတ်ပြီး)၊ဂျင်း(ခွါပြီး၊ကြိတ်ပြီး)

PHYU Homemade PHYU Homemade
4 Inwa Road, 6 Ward, Southokklapa
Yangon, 11091

Monday to Friday 8:00AM to 6:00PM

ရန်ကုန် ဂျမ်းတုန်- အရည်အသွေးမြင့် တန်ဖိုးသင့်စားသောက်ကုန် ရန်ကုန် ဂျမ်းတုန်- အရည်အသွေးမြင့် တန်ဖိုးသင့်စားသောက်ကုန်
No. A1192, Khaing Shwe War Main Road, 10/South Ward, Tharkayta
Yangon, 11231

အရမ်းစုံတဲ့ ဂျမ်းတုန်မှာ စားချင်တာတွေမှာလိုက်ပါ။

Cora's Hippie Cora's Hippie
North Dagon
Yangon, 11421,11423

Cora's Hippie

Dawei Thu Dawei Thu
No. 347/ShweYinAye Market Street/HlaingTharYar
Yangon

Customer စိတ်တိုင်းကျ ဝယ်ယူရရှိနိုင်ပါပြီ

Miyako Food Myanmar Co,. Ltd. Miyako Food Myanmar Co,. Ltd.
No(A-68) First Floor, Bahosi Complex, (10) Ward, Lanmadaw Township, Yangon
Yangon

Maximizing the value of Myanmar local product. Bringing "Smile to Dining Table" to producers and con

Moe Moe
Yangon, Thingangyun
Yangon

Healthy Food traditional food services for Myanmar. Provides a full range of customer

Lin Lin online shop Lin Lin online shop
Yangon

ဒေသထွက်အစားအစာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးပါသည်