KRK Myanmar Company Limited
Engineering & Construction
Photos from KRK Myanmar  Company Limited's post 30/12/2023
ရာဇသူရ Mini Condo (1) ရဲ့ အလုံးစုံပြီးစီး နေမှုဖြစ်ပါတယ်။
BCC process is underway...
Thanks a lot to the customers who support us to make it happen.
Happy New Year in advance...
26/12/2023
“ဘိလပ်မြေအိတ်ပေါ်က မှတ်သားဖွယ်(၁၇)ချက်”
1. Lean Concrete လောင်းရင် 1:3:5:1။
2. Structure Concrete လောင်းရင် 1:2:4:1/2 or 1:2:4:1 လို့ ရေးထားပါတယ်။
3. အက်ကြောင်းမပေါ်အောင် ၁-ရက်ကနေ ၃-ရက်လောက် ရေဖြန်းပေးပါ။
4. ဘိလပ်မြေကို အိတ်ဖောက်ပြီးရင် တစ်ရက်ထဲနဲ့ ကုန်အောင်သုံးပါ။ မကုန်ရင် သေသေချာချာ ပိတ်ထားပါ။
5. ဘိလပ်မြေကို ဝယ်ပြီးရင် အမိုးအကာအောက်မှာထားပါ။ စွတ်စိုထိုင်းမှိုင်း ရေရှိရာနဲ့ ဝေးဝေး ထားပါ။ မြေကြီးပေါ်တင်မထားပါနဲ့။ အနည်းဆုံး Pallet ဆိုတဲ့ ခုံလေး ခုထားပါ။
6. ဘိလပ်မြေဟာ မျက်စိရဲ့ ရန်သူဖြစ်တယ်ဆိုတာကို အလေးအနက်ထားပါ။
7. ဘိလပ်မြေရည်ဖြစ်စေ၊ ကွန်ကရစ်တို့ မော်တာတို့ ဖျော်ပြီးကာစဖြစ်စေ ဘိလပ်မြေဝဲစားတတ်ပါတယ်။
8. Chromium (VI) ပါသည့်အတွက်ကြောင့် Allergic လည်း ဖြစ်တတ်ပါတယ်။
9. ဘိလပ်မြေကိုင်ရင် မျက်စိကာမျက်မှန်၊ မျက်နှာကာ မျက်နှာဖုံး၊ Waterproof အင်္ကျီ၊ လည်ရှည် ဖိနပ်၊ လက်အိတ်စတာတွေကို အသုံးပြုပါ။
10. ဘိလပ်မြေမှုန့် ဘိလပ်မြေရည် မျက်စိထဲဝင်ရင် ရေသန့်သန့်နဲ့ မြန်မြန်ဆေးပြီး ဆရာဝန်ဆီ သွားပါ။
11. ဘိလပ်မြေမှုန့်ကို အသက်ရှူတဲ့အထဲ ပါမသွားစေနဲ့။ ရှူမိရင် လေကောင်း လေသန့်ရှိတဲ့ နေရာ ကို မြန်မြန်ပြေးပါ။ လိုအပ်ရင် အသက်ရှူကိရိယာ တပ်ပေးလိုက်ပါ။ ပြီးရင် ဆရာဝန်ဆီကို ပို့ဆောင်ရပါမယ်။
12. ဘိလပ်မြေ လည်ချောင်းထဲဝင်သွားလို့ မြိုချမိရင် ရေများမျာသောက်ရပါမယ်။ အန်ထွက်အောင် လည်ချောင်းထဲ လက်ညှိုးထိုးမထည့်ပါနဲ့။ ဆရာဝန်ဆီ မြန်မြန်ခေါ်သွားရပါမယ်။
13. ဘိလပ်မြေအိတ်ကို မ ရင် ခါးကုန်းပြီး မ မ ပါနဲ့။ ဒူးညွှတ်ပြီးမှ မ ရပါမယ်။
14. ကလေးနဲ့ လက်လှမ်းမမီတဲ့နေရာမှာ ဘိလပ်မြေကို ထားရပါမယ်။ မော်တာရော ကွန်ကရစ်ရောပေါ့ဗျာ။
15. ဘိလပ်မြေအိတ်ပေါ်မှာတော့ ထုတ်လုပ်တဲ့ရက်စွဲ မပါဘူးဗျ။ ပါတာရှိရင် ပြောပြကြပါဦး။
မြန်မာပြည်မှာပါလို့ မကောင်းသေးဘူးပေါ့ဗျာ။ ယှဉ်ပြိုင်မှု အားနည်းနေသေးတာပေါ့။
16. Type of Cement ဘိလပ်မြေ ၉-မျိုး
16.1 type I. ကို ရေလုံဖို့ အမြန်မာဖို့ စတဲ့ လိုအပ်ချက်တွေ မရှိဘူးဆိုရင် သုံးပါ။
16.2 type IA. ကို လေရောကွန်ကရစ်ဖျော်ရင် သုံးပါ။
16.3 type II. ကို Sulfate ပါတဲ့မြေမှာ Foundation ချရင် သုံးပါ။
16.4 type IIA. ကို ဆာလဖိတ်နဲ့ ဆက်စပ်တဲ့နေရာမှာ လေရောကွန်ကရစ်ဖျော်ရင် သုံးပါ။
16.5 type IIMH ကို ထုကြီးထည်ကြီး ကွန်ကရစ်လောင်းတဲ့အခါနဲ့ ဆာလဖိတ်နဲ့ မကင်းတဲ့နေရာမှာ ကွန်ကရစ်လောင်းရင် အသုံးပြုပါ။
16.6 type III High Early Strength မြန်မြန်မာချင်ရင်၊ Formwork မြန်မြန်ခွာချင်ရင်၊ ကားမြန်မြန်မောင်းချင်ရင် အသုံးပြုပါ။
16.7 type IIIA လေရော၊အမြန်မာ ကွန်ကရစ် ဖျော်ရင် သုံးပါ။
16.8 type IV Low Heat Hydration အပူနည်းနည်းပဲ ထွက်ချင်ရင် သုံးပါ။
16.9 type V ဆာလဖိတ်ကို ရှောင်လို့ မလွတ်ရင် သုံးပါ။
17. က Document တွေဗျို့။ ပုံအမှတ် ၆ - မှာ စာ (၄) စောင်တွေ့လိမ့်မယ်။
A. ACI 301 ဘယ်လိုအဆောက်အဦ၊ ဘယ်လို Memberကို၊ ဘယ်လို ကွန်ကရစ်ကို အသုံးပြုရမယ် ဆိုတာကို ရေးထားပါတယ်။
B. ACI 304R ဆိုတာက ကွန်ကရစ်ကို ဖျော်စပ်မယ်ဆိုရင် ဘယ်လိုတိုင်းထွာပါ။ ဖျော်ပြီးလို့ သယ်မယ်ဆိုရင် ဘယ်လိုသယ်ပါ။ လောင်းတဲ့အခါ ဘယ်လိုလောင်းပါလို့ ရေးထားကြောင်းပါ။
C. ASTM C33 ဆိုတာက ကွန်ကရစ်ဖျော်တဲ့ ကျောက်စရစ်တွေ သဲတွေဟာ ဘယ်လိုစံချိန်စံညွှန်းရှိရမယ် ဆိုတာကို ရေးထားတာပါ။
D. ASTM C-150 ဆိုတာက Portland Cement ရဲ့ စံချိန်စံညွှန်းတွေကို ရေးထားတာပါ။ သူ့ဘိလပ်မြေအိတ်ပေါ်မှာ ဒီစာပါရင် ဒီစံချိန်စံညွှန်းနဲ့ ပြည့်စုံတယ်လို့ ဖော်ပြထားတာပါ။
22/11/2023
ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုး
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၉) မျိုး အကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။
၁။ မြေပိုင်မြေ
==========
မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း
စနစ္တက် မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယယွူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။
၂။ ဘိုးဘပိုင်မြေ
===========
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ္မခြဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးခ်" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို ဆိုလိုသည်။
၃။ ဂရန်ရှိမြေပိုင်မြေ
==============
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုလိုသည်။
၄။ လိုင်စင်မြေ
==========
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာ မြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည်။
၅။ ပါမစ်မြေ
=========
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်
စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့ "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကို ဆိုလိုသည်။
၆။ မြေငှားဂရန်မြေ
=============
မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့်
အငှားချထားသည့် မြေကိုဆိုလိုသည်။
၇။ စကွာတာမြေ
===========
စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေကို
ဆိုလိုသည်။
၈။ ကျူးလွန်ခြင်းမြေ
==============
ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။
၉။ ကျူးကျော်မြေ
=============
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရွိသူမ်ား ၀ငရွောကနွထေိုငလွှှကရွှိသော မြေကို ဆိုလိုသည်။
မြို့ကွက်မြေပုံ
==========
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ္တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။
မြို့မြေစာရင်း
==========
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။တင်ပြပြီးနောက်
ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများ ဖြစ်ပါသည်။
ယင်းသို့မြေ အမျိုးမျိုးအကြောင်း သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါသေးသည်။
၁။ အခွန်လွတ်သာသနာ့မြေ
===================
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကို ဆိုသည်။
၂။ အခွန်လွတ်သာသနာ့မြေဂရန်
======================
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူ အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) (အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)
၃။ အခွန်လွတ်ဗဒ္ဓသိမ်မြေ
==================
အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့် ရှိသည့် မြေကိုဆိုသည်။
၄။ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
=====================
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)
ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ
လျှောက်ထားခွင့်ရှိသော မြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါ၀င်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။
19/11/2023
အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက
#ဂရန်ပျောက်​ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ
_____________________
အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။
(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။
(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။
မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့
အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ
(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း
(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)
(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ
(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။
(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။
(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။
ရှင်းလင်းချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(အမည်ပေါက်သေဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမွေဆက်ခံပ်ိုင်ဆိုင်ကြောင်း မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။
ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။
စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။
ဆောင်ရွက်ပုံအဆင့်ဆင့်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။
စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။
သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။
စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။
ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။
ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။
တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း
(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။
(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။
ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရန်ုကုန်/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။
Credit​:
04/10/2023
ပါမစ်မြေအကြောင်း သိကောင်းစရာ
============
ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစုဓာတ်ပုံနှင့်တကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။
အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။
နောက်ဆုံး လက်ရောက်ရယူ ဝယ်နေသူက မြေချပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်းအဝယ်စာချုပ်မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။
စာရွက်စာတမ်းစစ်၊ အမည်ပေါက် မှန်/မမှန်၊ အရှုပ်အရှင်း ရှိ/မရှိ စစ်ဆေးလို့ ရောင်းသူဝယ်သူ နှစ်ဘက်စလုံးအဆင်ပြေရင် စရန်ငွေပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာ အရောင်းအဝယ်စာချုပ်ကြီးချုပ်ဖို့ ရက်ချိန်းကြရတယ်။
ဝယ်သူကလည်း ရှေ့နေငှားပြီး ကန့်ကွက်ရန် ရှိ၊ မရှိ သတင်းစာမှာ ကြော်ငြာရတယ် ။ ကန့်ကွက်ချက်ကင်းမှ နောက်ကျန်တဲ့ငွေကို ပေးချေရတာပါ ။ ပါမစ်မြေကွက်ရဲ့ သဘောက ပါမစ်မူရင်းနဲ့ အရောင်းအဝယ်စာချုပ်အဆက်အစပ်မူရင်းတွေနဲ့တင်ပြည့်စုံပါတယ်၊ ဂရန်လျှောက်လို့ရပါတယ်။
Crd: ဥပဒေရေးရာ
Photos from KRK Myanmar  Company Limited's post 19/09/2023
Credit: Myanmar tax knowledge sharing...
17/05/2023
အိမ်သာဆောက်တဲ့ အင်ဂျင်နီယာမို့ အထင်သေးတယ်ဆိုရင် အိမ်သာကျင်းတခု စနစ်မှန်အောင်ဆောက်ဖို့ ဘယ်လောက်ခက်လဲလေ့လာကြည့်ပြီးမှ ပြောပါ • • •
Septic Tank & Soak Pit (Septic Action)
အရင်တုန်းက အိမ်သာကျင်းဆောက်တယ်ဆိုတာ မြေတူး၊ 4ခွဲအုတ်စီပြီး အ၀င်ပိုက်၊ လေထွက်ပိုက် နဲ့ ပြည့်ရင်စုတ်ထုတ်ဖို့ 4 လက်မပိုက်အကျယ် အဖုံးတစ်ခုစာတွေထည့်ပြီးလောင်းရုံပါ။
နောက်ပိုင်းတော့ အနှစ်ကန်၊ အရည်ကန်ဆိုပြီး အလယ်မှာ အကန့်တစ်ခုကန့်ပြီး ဆောက်လာကြပေမယ့် သူ့ရဲ့အလုပ်လုပ်ပုံကို သေချာနားမလည်ကြတာကြောင့် မိလ္လာစုစည်းကန် (sewage storage tank)သက်သက်သာ ဖြစ်နေတာတွေ့ရပါတယ်။
တကယ်က septic tank မှာ Septic Action ဆိုတဲ့ သူ့ဟာသူဓါတ်ပြုစေပြီး လျှော့နည်းသွားစေနိုင်တဲ့စနစ်(ဖြစ်စဉ်)လေးရှိပါတယ်။ တနည်းအားဖြင့် လူကစွန့်ပစ်လိုက်တဲ့ မိလ္လာ(sewage) ကို bacteria ပေါက်ပွားစေပြီး ဓါတ်ပြုစေတဲ့ဖြစ်စဉ်ပါ။
အကျဉ်းအနေနဲ့ပြောရရင် မိလ္လာအ၀င်ပိုက် (inlet) က အနှစ်ကန်ထဲ၀င်မယ်။ အဲ့ဒီအနှစ်တွေကနေ Anaerobic bacteria ဆိုတဲ့ပိုးတစ်မျိုးပေါက်းပွာလာပြီး အဲ့ဒီအနှစ်တွေကို စားပြီး အနယ်ထိုင်စေမယ်။ အဲ့ဒီအနှစ်ကန်က အလယ်မှာကန့်ထားတဲ့အုတ်ရိုးအပေါက်ကို ကျော်လာတဲ့ချိန် အရည်တွေက အရည်ကန်ဘက်ကို စီး၀င်မယ်။ အဲ့ဒီအရည်ကန်မှာလည်း Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးပေါက်ပွားပြီး Anaerobic bacteria တွေရဲ့ စွန့်ပစ်ပစ္စည်းတွေကိုစားပြီး အနည်ထိုင်စေမယ်။ အဲ့ကမှတဆင့် အရည်ကန်ကနေ soak pit (ရေစုပ်ကန်) ဆီကို အရည်တွေလွှဲပြောင်းပေးပို့ပြီး မြေကြီးထဲပြန်စိမ့်၀င်စေမယ်။ ဒါက septic action ရဲ့အလုပ်လုပ်ပုံအကြမ်းဖျင်းပါ။
ဒီ Septic Action ရဖို့သတိပြုရမှာက -
(၁) Chamber (1) (အနှစ်ကန်) က လေလုံ၊ အလင်းလုံ နေရပါမယ်။ (Vent pipe) မရှိရပါဘူး။ ဒါမှ လေလုံ၊ နေလုံမှရှင်သန်နိုင်တဲ့ Anaerobic bacteria တွေပေါက်ပွားပြီး sewage (မိလ္လာ) တွေကိုစားသုံးပါမယ်။ (အဲ့မှာတစ်ခုရှိတာက အနှစ်ကန်အတွင်း အောက်ဆုံးမှာ အနှစ်လွှာ၊ အလယ်မှာ ရေဆိုးလွှာ၊ အပေါ်ဆုံးမှာ အဆီလွှာ ဆိုပြီးဖြစ်ပေါ်ပါတယ်။ အဲ့ဒီအဆီလွှာက လေနဲ့အလင်းရောင်ကို ရေထဲမ၀င်ရောက်အောင်လည်း ကာကွယ်ပေးပါတယ်။)
(၂) Chamber (2) (အရည်ကန်) မှာ လေနဲ့ အလင်း၀င်နိုင်အောင် 4" ပိုက် (swan pipe) တစ်ချောင်းထည့်ပေးရပါမယ်။ ဒါမှ လေနဲ့အလင်းရှိမှ အသက်ရှင်နိုင်တဲ့ Aerobic
Bacteria တွေရှင်နိုင်ပါမယ်။
(၃) အလယ်က အနှစ်ကန်နဲ့အလယ်ကန်ကို ကန့်ထားတဲ့အုတ်ရိုး (Baffle Wall) က အပေါ်ဆုံးထိ မစီရဘဲ အနည်းဆုံး 6" or 1 ပေလောက် ချန်ထားရပါမယ်။ ဒါမှ အနှစ်ကန်မှာ ဓါတ်ပြုမှုဖြစ်စဉ်အတွင်းထွက်လာတဲ့ gas တွေက အရည်ကန်ပေါ်မှာ ထည့်ထားတဲ့ swan neck & vent pipe မှတဆင့်ထွက်သွားနိုင်ပါမယ်။
(၄) ဓါတ်ပြုမှုဖြစ်စဉ်မြန်ဆန်လွယ်ကူအောင်လို့ အိမ်သာကနေ၀င်လာတဲ့မိလ္လာတွေကို inlet ပိုက်အဆုံးမှာ Tee ခံခြင်းအားဖြင့် မိလ္လာတွေကို အလွယ်တကူချေဖျက်စေနိုင်ပါတယ်။ အလားတူဘဲ အဲ့ဒီ Tee ကနေ အဆီလွှာ (scum layer) ရဲ့အောက် 3 လက်မမြှပ်လောက် ပိုက်သွယ်တန်းစီးဆင်းစေခြင်းဖြင့်လည်း အနှစ်ကန်အတွင်း လေ (အောက်စီဂျင်) နဲ့အလင်းရောင်၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ (septic action ရဖို့ cover slab မလောင်းခင် ရေထည့်ပြီး ရေလုံမလုံစစ်ရပါတယ်။ အားလုံးပြီးပြီဆိုတဲ့ချိန် (စသုံးတော့မယ်ဆိုတဲ့ချိန်) အရင်ဆုံး inlet ပိုက် Tee ကနေချထားတဲ့ ပိုက် level အပေါ် 3လက်မထိ ရေဖြည့်ပေးရပါတယ်။ ရေဖြည့်ထားမှ Septic action ရပါမယ်။)
(၅) Septic Action အတွက် septic ကန်က ရေလုံနေရပါမယ်။ ဒါကြောင့် အောက်ကြမ်းခင်းလောင်းရပါမယ်။ plastering လုပ်ရပါမယ်။
(၆) အနှစ်ကန်(chamber 1)ထဲမှ အနှစ်များ (sewage) အရည်ကန်ထဲသို့ရောက်မသွားစေရန် အောက်ကြမ်းခင်းကို အနှစ်ကန်ဘက်တွင်နှိမ့်ပြီး slope လေး (1:10 to 1:20) လေး လုပ်ပေးရပါမယ်။
(၇) အနှစ်ကန်ကနေ အရည်ကန်ကို Baffle wall ကနေဖြတ်စီးဆင်းရာနေရာမှာ scum layer တွေ အရည်ကန်ထဲရောက်မသွားအောင် Tee လေးခံထားပေးရပါမယ်။
(၈) အလျားနဲ့ အကျယ်အချိုးက 2:1 ထက်မနည်း၊ အလျားနဲ့အနက်အချိုးလည်း 2:1 ထက်မလျော့စေရပါ။ (ဥပမာ - အလျားက 10 ပေဆိုရင်၊ အကျယ်က 5 ပေရှိရမယ်။ အနက်လည်း အနည်းဆုံး 5 ပေရှိရမယ်။)
(၉) မြေကြီးထဲမှရေများ ကန်ထဲစိမ့်မ၀င်နိုင်အောင်၊ ဘေးမှမြေတွန်းကန်အားကြောင့် Retaining wall အနေနဲ့သော်လည်ကောင်း ကန်ကို အနည်းဆုံး 9လက်မအုတ်ရိုးအနေနဲ့ဘဲ စီသင့်ပါတယ်။
(10) manhole ဟာ လူတစ်ယောက်ကောင်းကောင်းမွန်မွန်ဆင်းနိုင်ဖို့ အနည်းဆုံး 1.5' x 1.5' ကျယ်၀န်းပြီး အနှစ်ကန်နဲ့အရည်ကန်နှစ်ကန်လုံးပေါ်မှာ ရှိရပါမယ်။
(အင်ယာပေါက်စတုန်းက ဟေ့ရောင်လာအုံးကွာ အိမ်သာဆောက်ချင်လို့ တွက်ချက်ပေးပါအုံးတွေ၊ ငါအိမ်သာဆောက်ရင် ခေါ်မယ်နော်ဆိုပြီး စနောက်ခံခဲ့ရဖူးတယ်။ ခုတော့ အိမ်သာအလုံး 500 ကျော်ကို design, inspection & supervision တကယ်လုပ်နေရပြီ။)
Special thanks to ko jet
12/04/2023
🎋ယခုမြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ်၊ ခရစ်နှစ် ၂၀၂၃-ခုနှစ် တန်ခူးလတွင်ကျရောက်မည့် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်အခါသမယတွင် ဘေးဘယာအ‌ပေါင်း ကင်း‌ဝေး ၍ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပါစေကြောင်းKRK Myanmar Co.,Ltdမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏
Photos from KRK Myanmar  Company Limited's post 10/02/2023
Photos from KRK Myanmar  Company Limited's post 10/02/2023
လက်ရှိဆောက်နေတဲ့ ရာဇသူရလမ်း(၇)ရပ်ကွက် တောင်ဥက္ကလာပမြို့နယ် 𝓜𝓲𝓷𝓲 𝓒𝓸𝓷𝓭𝓸 မှာအခန်းမရလိုက်တဲ့ ကာကာတွေအတွက် 𝕃𝕠𝕔𝕒𝕥𝕚𝕠𝕟 တူပြီး အိမ်နံပတ်ပေါင်းခြင်း (၉)ဂဏန်းဖြစ်နေတဲ့ နောက်ထပ်𝓜𝓲𝓷𝓲 𝓒𝓸𝓷𝓭𝓸တစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေ
𝕃𝕠𝕔𝕒𝕥𝕚𝕠𝕟 လေးကတော့
အမှတ် (၁၀၄၄)၊ရာဇသူရလမ်း၊ ၇ ရပ်ကွက်၊တောင်ဥက္ကလာပမြိုနယ်။
သစ္စာလမ်းမကြီးမှဝင်လျှင်(၂)မိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ရောက်နိုင်ပြီးတော့ ဂိတ်ဟောင်းဘတ်(စ်)ကားမှတ်တိုင်ကလည်း အနီးလေးနော်
ပတ်ဝန်းကျင်အနေအထားလေးက တောင်ဥက္ကလာပစေတီတော်မြတ်ကြီး၊ မြောက်ဒဂုံသို့သွားနိုင်သော ငမိုးရိပ်တံတားသစ်(သစ္စာတံတား) ၊ 𝙊𝙣𝙚 𝙎𝙩𝙤𝙥 𝙈𝙖𝙧𝙩, 𝘾𝙞𝙩𝙮-𝙎𝙥𝙤𝙧𝙩𝙨 𝘽𝙖𝙧, 𝙊𝙈𝙂 𝙍𝙖𝙠𝙝𝙞𝙣𝙚 𝙏𝙧𝙖𝙙𝙞𝙩𝙞𝙤𝙣𝙖𝙡 𝙛𝙤𝙤𝙙 𝙍𝙚𝙨𝙩𝙖𝙪𝙧𝙖𝙣𝙩 စတဲ့ အထင်ကရနေရာတွေ အပြင် ဆေးရုံ၊ကျောင်း၊ဈေး၊ ဘဏ်၊ ရုံး တွေက ဘေးပတ်လည် နီးနီးနားနားမှ ရှိနေတော့ အစစအရာရာအဆင်ပြေချောမွေ့ပါတယ် ...
🏗 ခိုင်ခံ့မှုအတွက်ကတော့ 𝐏𝐢𝐥𝐞 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ဖြစ်ပြီး အရည်အသွေးမြင့် 𝗜𝗺𝗽𝗼𝗿𝘁𝗲𝗱 𝗦𝘁𝗲𝗲𝗹 နဲ့ 𝗥𝗲𝗮𝗱𝘆 𝗠𝗶𝘅𝗲𝗱 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲တွေကို သာအသုံးပြုပေးထားပါတယ်ရှင့်…
𝗔𝗿𝗲𝗮
📦အခန်းအကျယ်အဝန်း-𝟭𝟳𝗳𝘁 * 𝟱𝟰 𝗳𝘁 =𝟵𝟭𝟴 𝘀𝗾𝗳𝘁 (𝗳𝗹𝗼𝗼𝗿 𝗵𝗲𝗶𝗴𝗵𝘁-𝟭𝟬𝗳𝘁)
ပါဝင်တဲ့𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 လေးတွေကတော့
♦️- 𝘔𝘢𝘴𝘵𝘦𝘳 𝘉𝘦𝘥𝘳𝘰𝘰𝘮 (1) ခန်း၊ 𝘚𝘪𝘯𝘨𝘭𝘦 𝘉𝘦𝘥𝘳𝘰𝘰𝘮 (1)၊🛌
♦️-ရေချိုးခန်း၊ အိမ်သာ ကြွေပြားအပြည့်၊
♦️- 𝘒𝘪𝘵𝘤𝘩𝘦𝘯 𝘤𝘰𝘶𝘯𝘵𝘦𝘳 , 𝘴𝘵𝘦𝘦𝘭 𝘣𝘢𝘴𝘪𝘯 တို့ပါဝင်သော ကြွေပြားအပြည့်ကပ်ပေးထားတဲ့ 𝘒𝘪𝘵𝘤𝘩𝘦𝘯 ၊
♦️- အရည်အသွေးကောင်းမွန်တဲ့ ကျွန်းတံခါးနဲ့𝘈𝘭𝘶𝘮𝘪𝘯𝘪𝘶𝘮 ပြတင်းပေါက်၊
♦️- အရည်အသွေးပြည့်မှီသော EI အသိအမှတ်ပြု လျှပ်စစ် ကြိုးနှင့်ပစ္စည်းများကိုအသုံးပြုပေးထားပါတယ်၊
♦️- ကိုယ်ပိုင် မီတာ (1) လုံးစီ၊
♦️-25 KVA မီးစက် (1)လုံး၊
♦️- 𝘖𝘷𝘦𝘳𝘩𝘦𝘢𝘥 𝘊𝘦𝘯𝘵𝘳𝘢𝘭 ရေပေးဝေမှု စနစ်ဖြစ်ပြီးတော့ 𝘸𝘢𝘵𝘦𝘳 𝘴𝘶𝘱𝘱𝘭𝘺 ကို (အဝီစိနဲ့ ဂျိူးဖြူရေ)တို့ကရယူထားတဲ့အတွက် (12)ရာသီ ရေပြတ်လပ်မှုဖြစ်မှာကို စိတ်ပူစရာမလိုတော့ဘူးနော်
♦️- လူ(8)ယောက်ဆံ့ ဆန်းသစ်လှပတဲ့ 𝘌𝘶𝘳𝘰𝘱𝘦 𝘚𝘵𝘺𝘭𝘦 အတွင်းခန်းနဲ့ စိတ်ချလုံခြုံရပြီး အရည်အသွေးကောင်းမွန်တဲ့ 𝘎𝘦𝘳𝘮𝘢𝘯𝘺 𝘉𝘳𝘢𝘯𝘥 ဖြစ်တဲ့ 𝘎𝘭𝘢𝘳𝘪𝘦 𝘌𝘭𝘦𝘷𝘢𝘵𝘰𝘳 (1) စင်း ပါဝင်တဲ့အပြင်
♦️- 𝘊𝘊𝘛𝘝 𝘚𝘦𝘤𝘶𝘳𝘪𝘵𝘺 𝘚𝘺𝘴𝘵𝘦𝘮တို့ ပါဝင်ပါတယ်နော်။
𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ကတော့
ကနဦး 𝘿𝙤𝙬𝙣 𝙥𝙖𝙮𝙢𝙚𝙣𝙩 သိန်း(𝟏𝟎𝟎) ကျပ်ပေးသွင်းပြီး လစဉ်အတိုးမဲ့အရစ်ကျ (𝟑𝟔)လပေးသွင်းရုံပါပဲရှင့်
ယခုရောင်းချပေးမဲ့ 𝓜𝓲𝓷𝓲 𝓒𝓸𝓷𝓭𝓸 လေးကိုတော့ 【2025】 မှာ ဝယ်ယူသူဆီကို အပြီး အပ်ပါမယ်ရှင့်
အသေးစိတ်လေးသိချင်တယ်ဆိုရင်တော့ 𝗖𝗵𝗮𝘁 𝗯𝗼𝘅💬 (𝗼𝗿) 𝗛𝗼𝘁𝗹𝗶𝗻𝗲 𝗽𝗵𝗼𝗻𝗲 ☎️ မှတစ်ဆင့် ဆက်သွယ်နိင်ပါပြီရှင့်။
📌အဆောက်အဦးတည်နေရာ- အမှတ် ၁၀၄၄၊ရာဇသူရလမ်း၊ ၇ ရပ်ကွက်၊တောင်ဥက္ကလာပမြိုနယ်။
𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞
📌 𝘼𝙙𝙙𝙧𝙚𝙨𝙨: Block (H), Room (8), 3rd Floor, Shwe Sabae Avenue, BaYintNaung Road, Kamaryut Township, Yangon
📞𝙃𝙤𝙩𝙡𝙞𝙣𝙚 : 09-5129312, 09-795995313, 09-778608811, 09-778608822
Zawgyi
𝕃𝕠𝕔𝕒𝕥𝕚𝕠𝕟 လေးကတော့
ပတ်ဝန်းကျင်အနေအထားလေးက 𝙊𝙣𝙚 𝙎𝙩𝙤𝙥 𝙈𝙖𝙧𝙩, 𝘾𝙞𝙩𝙮-𝙎𝙥𝙤𝙧𝙩𝙨 𝘽𝙖𝙧, 𝙊𝙈𝙂 𝙍𝙖𝙠𝙝𝙞𝙣𝙚 𝙏𝙧𝙖𝙙𝙞𝙩𝙞𝙤𝙣𝙖𝙡 𝙛𝙤𝙤𝙙 𝙍𝙚𝙨𝙩𝙖𝙪𝙧𝙖𝙣𝙩 စတဲ့ ဆိုင်ကြီးတွေအပြင် ဆေးရုံ၊ကျောင်း၊ဈေး၊ ဘဏ်၊ ရုံး တွေက ဘေးပတ်လည် နီးနီးနားနားမှ ရှိနေတော့ အစစအရာရာအဆင်ပြေချောမွေ့ပါတယ် ...
𝗔𝗿𝗲𝗮
📦အခန်းအကျယ်အဝန်း-𝟭𝟳𝗳𝘁 * 𝟱𝟰 𝗳𝘁 =𝟵𝟭𝟴 𝘀𝗾𝗳𝘁 (𝗳𝗹𝗼𝗼𝗿 𝗵𝗲𝗶𝗴𝗵𝘁-𝟭𝟬𝗳𝘁)
ပါဝင်တဲ့𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 လေးတွေကတော့
♦️- 𝘔𝘢𝘴𝘵𝘦𝘳 𝘉𝘦𝘥𝘳𝘰𝘰𝘮 (1) ခန်း၊ 𝘚𝘪𝘯𝘨𝘭𝘦 𝘉𝘦𝘥𝘳𝘰𝘰𝘮 (1)၊🛌
♦️-25 KVA မီးစက် (1)လုံး၊
♦️- 𝘖𝘷𝘦𝘳𝘩𝘦𝘢𝘥 𝘊𝘦𝘯𝘵𝘳𝘢𝘭 ရေပေးဝေမှု စနစ်ဖြစ်ပြီးတော့ 𝘸𝘢𝘵𝘦𝘳 𝘴𝘶𝘱𝘱𝘭𝘺 ကို (အဝီစိနဲ့ ဂျိုးဖြူရေ)တို့ကရယူထားတဲ့အတွက် (12)ရာသီ ရေပြတ်လပ်မှုဖြစ်မှာကို စိတ်ပူစရာမလိုတော့ဘူးနော်
♦️- 𝘊𝘊𝘛𝘝 𝘚𝘦𝘤𝘶𝘳𝘪𝘵𝘺 𝘚𝘺𝘴𝘵𝘦𝘮တို့ ပါဝင်ပါတယ်နော်။
𝐏𝐚𝐲𝐦𝐞𝐧𝐭 အနေနဲ့ကတော့
𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞
31/12/2022
နှစ်သစ်ဆုမွန်ကောင်း
" နှစ်ဟောင်းကုန်လို့ နှစ်သစ်အချိန်အခါသမယမှ ၂၀၂၃ တစ်နှစ်တာလုံး မိဘ ပြည်သူများ ၊မိတ်ဆွေများ၊ customer များအားလုံး စီးပွားလာဘ်လာဘများတိုးပွားခြင်း၊စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးဘယာကင်းဝေးပါစေကြောင်း KRK Myanmar Co.,Ltd မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်..."
09/10/2022
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင်
KRK MYANMAR Co.,ltd ကို ယုံကြည်စိတ်ချစွာ အားပေးကြသော Customer များနှင့် မိဘပြည်သူ ညီအစ်ကို မောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း KRK MYANMAR Co.,ltd မိသားစုမှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။
14/05/2022
ကဆုန်လပြည့်ဗုဒ္ဓနေ့🙏🙏🙏
==============================
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပ ပူဇော်လေ့ရှိကြသည်။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်ပါသည်။
🌼ကဆုန်လပြည့်နေ့၏ထူးခြားချက်များ
ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့အား လေးဆူမြောက် ဂေါတမဘုရား အမှန်ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားမှ ဗျာဒိတ်တော် ပေးသောနေ့
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့သည် ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့
မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့သည် ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တော်မူသောနေ့
မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့သည် ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့နေ့
ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း
မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊ သစ္စာလေးပါးကိုသိမြင်ရာ၊
ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော ညောင်ပင် များကို ရေစင်သွန်းဖျန်း ပူဇော်လေ့ရှိကြသည်။
အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။
ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေစင်သွန်းဖျန်းပူဇော်ခြင်းကို ညောင်ရေသွန်းပွဲတော်
ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။
ကဆုန်လသည် မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီးသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို ကုဆုန် ဟူ၍ ရေးထိုးကြသည်ကိုတွေ့ရသည်။ နောက်ပိုင်း ကု မှ က သို့ ပြောင်းလဲလာခြင်းဖြစ်မည်။
ကု၊ က=ရေ ၊ ဆုန်=သွန်းလောင်းခြင်း ဟု အဓိပ္ပါယ်ရသည့်အတွက် ကဆုန်လကို ရေသွန်းလ (ဝါ) ရေလောင်းလ လို့ ခေါ်ဆိုပါသည်။
ကဆုန်လရာသီသည် နေအပူရှိန် ပြင်းလှသည့်အတွက် မြစ်ချောင်းအင်းအိုင်ရှိရေများ ခန်းခြောက် နည်းပါးလေ့ရှိသည်။
ဂေါတမဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်၍ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြခြင်းဖြစ်သည့်အတွက် ကဆုန်လ ညောင်ရေသွန်းပွဲ ဟု ခေါ်တွင်လာခြင်းဖြစ် ပါသည်။
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗောဓိပင်သည် ဘုရားရှင်အား ကိုယ်စားပြုသည့် ပရိဘောဂစေတီတော် ဖြစ်သည့်အတွက် ဗောဓိပင်ကို ရေလောင်းပေးခြင်းသည် ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်တည်တံ့စေရန် ရည်ညွှန်းပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် သံဃာတော်များအား အရုံဆွမ်း၊နေ့ဆွမ်းကပ်လှူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ သီလခံယူခြင်း၊ ဘာဝနာတရား ပွားများခြင်းနှင့်ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ကြပြီး ကုသိုလ်ယူလေ့ရှိကြပါသည်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ များကိုလည်း တပျော်တပါး ကျင်းပလေ့ရှိကြပါသည်။
🌼ကဆုန်လပြည့်နေ့ကို ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ခြင်း
၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ်သတ်မှတ် နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခု စက်တင်ဘာလမှာ ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
၅၄ ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းသော အဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြသည်၊
ကမ္ဘာ့ကုလသမဂ္ဂသည်
ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်သည့်အပြင် ဘုရားရှင်၏ အဆုံးအမတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေ မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံးးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။
ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။
🌼အခြားနိုင်ငံများတွင်လည်း ကျင်းပကြသည်၊
ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်သည်သာမက ထိုင်းနိုင်ငံ ၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့နှင့် အခြားနိုင်ငံမြို့ကြီးများမှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်၊
Credit
26/04/2022
ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြူမိမှာပါ။ ။ သန်မာတဲ့ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ သူတွေအတွက် အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိထား ရှောင်ရှားပြီး၊ မလိုလားအပ်တဲ့ ကျန်းမာရေးအခြေအနေများမှ ကင်းဝေးပါစေလို့ KRK Myanmar Engineering & Construction မှ ဆုမွန်ကောင်းတောင်းအပ် ပါတယ်။
နွေရာသီမှာ ဆောက်လုပ်ရေးလုပ်သားများအပူဒဏ် ကာကွယ်ရန် ဘေးကင်းရေး အကြံပြုချက်များ တင်ပြပေးလိုက်ပါတယ်နော်။
1.ရေဓာတ်ဖြည့်ပါ။
ရေကို အချိန်တိုင်း အလွယ်တကူ လက်လှမ်းမီအောင် ထားပါ။ ၁၅ မိနစ်တိုင်း တစ်ခွက်သောက်သင့်ပါတယ်။ ရေငတ်တဲ့အထိ မစောင့်ပါနဲ့။ ရေဓာတ်ပြည့်ဝနေခြင်းက သင့်ကို အပူဒဏ်မှကာကွယ်ပေးမည်ဖြစ်ပြီး တစ်နေ့တာလုံးလိုအပ်သော စွမ်းအင်ကို ပေးစွမ်းနိုင်ပြီး၊ ဆိုဒါနှင့် အားဖြည့်အချိုရည်များရှောင်ရှားပြီး electrolyte အစားထိုး အဖျော်ယမကာများကို မှီဝဲပါ။ သင့်ဖျော်ရည်များသည် အခန်းအပူချိန်မဟုတ်ဘဲအမြဲအေးနေစေရန် သေချာပါစေ။
2. မှန်ကန်စွာစားပါ။
အဆီများသော၊ အစားအစာများနှင့် ဝေးဝေးရှောင်ပါ။ အငံများသော အစားအစာသည် ကိုယ်အလေးချိန်ကျစေပြီး စွမ်းအင်ကို စုပ်ယူနိုင်သောကြောင့် အပူဆုံးအချိန်များတွင် ပေါ့ပေါ့ပါးပါးစားပါ။ နေ့ခင်းဘက်မှာ နေ့လယ်စာကို ပေါ့ပေါ့ပါးပါး စားတာက ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပါလိမ့်မယ်။ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ပါ။
3.အိပ်စက်ပါ။
REM သည် ပူပြင်းသော ရာသီဥတုတွင် ရရှိရန် ပိုမိုခက်ခဲသောကြောင့် အေးမြမှောင်သော အခန်းတွင် အိပ်ပါ။ ငိုက်မျဉ်းခြင်း နှင့် မတော်တဆမှုများကို ကာကွယ်ရန် ညတိုင်း ရှစ်နာရီအပြည့်အဝအိပ်နိုင်ရန် ရည်မှန်းချက်ထားပါ။
4. အဲယားကွန်းကို ရှောင်ပါ။
အပူကို ထိန်းညှိရန် ခက်ခဲစေသောကြောင့် လေအေးပေးစက်မှ အဝင်အထွက် အကြိမ်ကြိမ် မကြိုးစားပါနှင့်။
5. ဦးခေါင်းကို ဂရုစိုက်ပါ။
ဦးခေါင်းနှင့် လည်ပင်းတစ်လျှောက်တွင် သွေးများစွာစီးဆင်းနေသောကြောင့် သဘာဝအပူထိန်းညှိစနစ်များတွင် ကြီးမားသောအခန်းကဏ္ဍမှပါဝင်ပါသည်။ ထို့အတွက်ကြောင့် ဦးခေါင်းကို နေရောင်ခြည် တိုက်ရိုက်မထိအောင် ဖုံးအုပ်ထားရန် အရေးကြီးပါသည်။ အလုပ်တွင် ဦးထုပ်အမာခံဦးထုပ်၊ဦးထုပ် လိုအပ်ပြီး နေပူထဲတွင် ဦးထုပ်ဆောင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ လည်ပင်းကို နေရောင်တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ရန် လည်ကုပ်အကာကိုလည်း ထည့်ထားလိုပေမည်။ Cooling Bandanas သည် လည်ပင်းကို ကာကွယ်ရန်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။
6. အဝတ်အစားများ
အဝတ်အစား အရောင်ဖျော့‌ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ။ အမဲရောင် နှင့် အရောင်တောက်လွန်း သော အဝတ်အစားများရှောင်ရှားပါ။
အပူဒဏ်
Heat Stroke သည် ခန္ဓာကိုယ်နှင့် အပူချိန်လွန်ကဲစွာ ထိတွေ့မိသောအခါ၊ သင့်ခန္ဓာကိုယ်၏ သဘာဝအပူချိန်ထိန်းညှိမှု ယန္တရားများ ပျက်ယွင်းသွားကာ အဖျားတက်ခြင်း သို့မဟုတ် သတိလစ်သွားသည့်အထိ ဖြစ်ပွားသည့် အခြေအနေတစ်ခုဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် အပူလေဖြတ်ခြင်းဆိုသည်မှာ သင့်ခန္ဓာကိုယ်က အပူလွန်ကဲနေပြီး ပုံမှန်ကဲ့သို့ သူ့အလိုလို အေးမြသွားခြင်းမျိုး မရှိပါ။
အပူဒဏ်ကို ခံစားနေရသောလက္ခဏာများမှာ-
၁.အပူချိန် 104 ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ထက်ပိုခြင်း။
၂.စိတ်ရှုပ်ထွေးခြင်း၊ တုန်လှုပ်ချောက်ချားခြင်း၊ လေးလံသောအပြောအဆိုနှင့် မေ့လျော့ခြင်း။
၃.ချွေးထွက်ခြင်းပုံစံများ ပြောင်းလဲခြင်း။
၄.အော့အန်ခြင်းနှင့် ပျို့အန်ခြင်း။
၅.အရေပြားနီ
၆.နှလုံးခုန်နှုန်းမြန်ခြင်း။
၇.ခေါင်းကိုက်ခြင်း။
၈. သတိလစ်ခြင်း နှင့် အပူကြောင့် ကြွက်တက်ခြင်း စသည့် ဤလက္ခဏာများပြပါက အရေးပေါ် သို့ ချက်ချင်းပြသရန်လိုအပ်ပါသည်။
Zawgyi
1.ရေဓာတ်ဖြည့်ပါ။
2. မှန်ကန်စွာစားပါ။
3.အိပ်စက်ပါ။
6. အဝတ်အစားများ
အပူဒဏ်
၎.အော့အန်ခြင်းနှင့် ပျို့အန်ခြင်း။
၅.အရေပြားနီ
၇.ခေါင်းကိုက်ခြင်း။
#အပူချိန်
#ဆောက်လုပ်ရေးလုပ်သား
#အပူဒဏ်
#အန္တာရယ်
Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.
Telephone
Website
Address
BlockH, Shwe Sabae Avenue, Bayint Naung Road, Kamaryut Township
Yangon
11041
Opening Hours
Monday 08:30 - 05:00
Tuesday 08:30 - 05:00
Wednesday 08:30 - 05:00
Thursday 08:30 - 05:00
Friday 08:30 - 05:00
Other Yangon engineering companies (show all)
Shwe Nan Daw Shwe Nan Daw
Yangon
အိမ်ဆောက်ပစ္စည်းနှင့်အိမ်အလှဆင်ပစ?
Han Sein Thant Horizontal Directional Drilling Service Han Sein Thant Horizontal Directional Drilling Service
Bld (112), Room 28/29, 3rd Floor, Above Mayangone YOMA Bank, Near 8th Mile Junction, Pyay Road, Mayangone Township
Yangon
Horizonal Directional Drilling and Pipe Laying Service
Shwe Pyae Hein Construction Shwe Pyae Hein Construction
No. 173/59, Ground Floor, Shwe Ta Sote Street, (2) Quater, Mayangone Township
Yangon, 11061
Build Your Dream With Us!
Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ
ကျန်စစ်မင်းအိမ်ယာ
Yangon
လူကြီးမင်းများစိတ်တိုင်းကျအဆောက်ဦးများကိုဆောက်လုပ်ပေးပါတယ်။
Aung Myint group steel structure Aung Myint group steel structure
Yatanartheinga Street, Dagon Seikkan Township
Yangon
H&K Engineering Co.,Ltd H&K Engineering Co.,Ltd
No. 175, Sebal Street, Bo Gyoke Aung San Main Road
Yangon, 11411
Generator Sale & Service
Mahar Shwe Aoe Gyi Company Mahar Shwe Aoe Gyi Company
No(38B), 10th Floor, Sabae Phyu Condo, Zawana, Thingangyun
Yangon, 11071
To become the leading construction firm, while delivering projects that consistently exceed international standards and provide exceptional customer satisfaction.
Artificial Intelligence - အေအိုအေအိုင် Artificial Intelligence - အေအိုအေအိုင်
No. 490, DammarYone Street , 47 Block, North Dagon
Yangon, 11051
Interested in the field (C++ Python VHDL/Verilog FPGA RaspberryPi Arduino DSP ML AI DeepLearning and Embedded Systems)
OKK OKK
Yangon
Evolve Engineering & Construction Evolve Engineering & Construction
No. 29 Gyo Phyu Street
Yangon, 11221
MA Group. Glass & Aluminum Co.,Ltd MA Group. Glass & Aluminum Co.,Ltd
North, Okkalapa (North)
Yangon, 11031
M+A Group is the partner company of Yadanabon Glass. We are leading experts in Glass & Aluminium
APMK Construction APMK Construction
No(No49), Anawmar (2) Street, (13) Ward, South Okkalapa Township
Yangon, 0011
Construction PAE (Plinth Area Estimation ) Construction. Renovation Design (Archi, Structure, M&E)