GUIDE Building Estimation and Training Center
Building Estimation Service
Estimation Training Class
ကိုယ်တွေ ကျောင်းပြီးခါစ ပိုက်ဆံရှာဖို့တတ်ကြွ၊ ပညာရှာဖို့တတ်ကြွ၊ လုပ်ငန်းထဲလဲရောက်ရော ကိုယ့် senior တွေ သူတို့ဘာလုပ်လုပ် အားကျနေတာ၊ သူတို့လုပ်သမျှ အတုလိုက်ခိုး ငယ်ရွယ်တုန်းကတော့ မှားတယ်၊ မှန်တယ် သေချာမသိဘူး၊ senior တွေလုပ်တာတွေ အကုန်အမှန်ထင်ခဲ့တာ။ contractor တွေကို ရင့်ရင့်သီးသီးပြောရင်တောင် အားကျနေတတ်တာမျိုး၊ အခုတော့ နားလည်လာပြီ seniors တွေလုပ်သမျှ အကုန်မမှန်နိုင်ဘူး၊ သူတို့မှာလဲ အားသာချက်၊ အားနည်းချက်ရှိမှာဘဲ။ အဲ့တော့ ကိုယ်လိုချင်တဲ့ အားသာချက်ကိုယူပြီး၊ မလိုချင်တဲ့အားနည်းချက်တွေကို မယူကြပါနဲ့လို့ juniors လေးတွေကို ပြောချင်ပါတယ်။ တချို့တွေ အလုပ်လုပ်တာပြတ်သားတယ်၊ ဒါပေမယ့် တဘက်သားကို နှစ်ပြားမတန်ပြောတတ်ကြတယ်ဆိုပါစို့၊ ပြတ်သားတယ်ဆိုတာကို အတုခိုးပါ၊ တဘက်သား နစ်နာအောင် မပြောမိဖို့သတိထားပါ။ တချို့တွေ အလုပ်လုပ်တာမပြတ်သားဘူး၊ စကားကိုနားဝင်အောင် ချိုချိုအေးအေး ပြောတတ်တယ်ဆိုပါစို့၊ မပြတ်သားတတ်တဲ့ အကျင့်ကိုမယူပါနဲ့၊ ချိုချိုအေးအေး ပြောတတ်တဲ့အကျင့်ကိုယူပါ။ တချို့ အလုပ်ထဲက အင်ဂျင်နီယာပညာရပ်မှာ တော်ကြတယ်၊ သို့သော် စောင့်ထိန်းရမယ့် လူကျင့်ဝတ်တွေ မစောင့်ထိန်းနိုင်ကြဘူး၊ တချို့ အဖွဲ့အစည်းလိုက် leader ကစ Labour အထိ ပုံစံတူတာနေတတ်တာမျိုး၊ ကိုယ်က တခုခုပြောလိုက်လိုက်တာနဲ့ မဖြစ်နိုင်ဘူး၊ မလုပ်ပေးနိုင်ဘူး၊ negative ဘက်ကစပြောတယ်၊ ဟုတ်ပြီ မဖြစ်နိုင်ဘူးဆိုရင် ဘယ်လိုဖြစ်နိုင်အောင် လုပ်လို့ရမလဲ ဆွေးနွေးညှိနိူင်းရမယ်၊ အလုပ်သဘောဆိုတာ တဖွဲ့နဲ့တဖွဲ့ဆွေးနွေးညှိနိူင်းတိုင်ပင် ပြီးမှ လိုချင်တဲ့ target ကို အမှန်ဆုံးနဲ့ အမြန်ဆုံးပြီးမြှောက်အောင်လုပ်နိုင်တာ။ ပြောချင်တာက လုပ်ငန်းထဲမှာ အင်ဂျင်နီယာ ပညာရပ်တခုတည်း မဟုတ်ဘူး၊ အပြောအဆို၊ အပြုအမူ၊ အတွေးအကြံ၊ စေ့စပ်ညှိနိူင်းမူ အားသာချက်၊ အားနည်ချက်တွေ လူတိုင်းကိုယ်စီမှာ ရှိကြတယ်။ လတ်တလော အလုပ်ထဲက PM အကို တယောက်ကိုတော်တော်လေး လေးစားမိနေတယ်၊ သူ့လောက် အလုပ်များတာလဲ သူဘဲ၊ ဒါပေမယ့် သူ့ကို ကိုယ်သိချင်တဲ့ အကြောင်းမေးလိုက်တိုင်း စိတ်ရှည်ရှည်နဲ့ အကျိုးအကြောင်းဆီလျော်အောင် ဖြေပေးတတ်တယ်၊ သူ့လေသံ ကလဲ တသံတည်းဘဲ၊ သူ့ထက်ရာထူးကြီးတဲ့လူလဲ ဒီလေသံဘဲ၊ အငယ်လဲ ဒီလေသံဘဲ။ contractor ကို စကားပြောရင်လဲ ဒီလေသံဘဲ၊ contractor က မှားလုပ်မိတာမျိုးဆိုရင် လဲ မှားနေတယ်လို့ အရင်မပြောဘူး ဒါကဒီလိုဖြစ်သင့်တယ်ထင်တယ်နော် ဆိုပြီးစကားကို စပြောတာ။ တချို့အဖွဲ့အစည်းတွေမှာ PM ဆိုရင် PM ရာထူးနဲ့ လူကိုဘဲစကားအဖက်လုပ်ပြောတာ၊ ကျန်တဲ့ရာထူး နဲ့ တတ်မလာနဲ့ တချို့ဆို ပါးစပ်ကထုတ်တောင် ပြောကြတယ်၊ နင့်အဆင့်က ဘာအဆင့်လဲ တဲ့။ နင့်အဆင့်က ဘာအဆင့်လဲမေး တဲ့ သူကိုယ်တိုင်ကဘဲ ..ငါ့အဆင့်က ဒါပါဆိုပြီး ပြလိုက်တာနဲ့ အတူတူဘဲ။ အဲ့ဒီအဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်မိပြီဆိုရင် သတိသာထား၊ အဲ့ဒီအပြုအမူတွေက ကူးစက်တတ်တယ်၊ ကိုယ်မသိလိုက်တဲ့အချိန်မှာ အဲ့ဒီအကျင့်တွေ ကိုယ်ဆီရောက်နေတတ်တာမျိုး၊ ဒီအဖွဲ့အစည်းက ထွက်လာသမျှ၊ ဒီလိုလူတွေချည်းဘဲဖြစ်နေတတ်တယ်။ ကိုယ်အလုပ်လုပ်နေတဲ့ ပါတ်ဝန်းကျင်က လူတွေရဲ့ စရိုက်ကို ပြန်သုံးသပ်ပါ၊ ကိုယ်မကြိုက်တဲ့ စရိုက်မျိုးသူတို့ဆီမှာ အများကြီးတွေ့တယ်ဆိုရင် ၊ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါ၊ ငါရော အဲ့လိုစရိုက်တွေရှိနေပြီလားလို့။ အမ ကိုယ်တိုင်လဲ မကောင်းတဲ့အကျင့်တွေ ပြန်ပြင်ခဲ့ရတယ်၊ ယခုလဲ ပြုပြင်နေဆဲ၊ အတုခိုးနေဆဲပါဘဲ။ juniors တွေအနေနဲ့ ပညာရပ်ပိုင်း အရေးကြီးသလိုဘဲ လူမူ့ဆက်ဆံရေးပိုင်းကလဲ အရေးပါတယ်ဆိုတာကို သတိပြုစေချင်လို့ ဒီစာလေးရေးလိုက်ပါသည်။
Part.4, Core Wall Concrete တွက်တာကို sharing လုပ်ပေးထားတာပါ။
Part.3, column concrete တွက်တာကို sharing လုပ်ပေးထားတာပါ။
Vedio မှာ တွက်ပြထားတဲ့ Drawing ကို လိုချင်သူများရှိပါက CB ကနေ Request လုပ်လို့ရပါတယ်။
ဒီအပါတ်အတွက် အပိုင်း၂ ကို တင်ပေးလိုက်ပါတယ်...ဒီ vedio လေးတွေ ဖန်တီးရခြင်းရည်ရွယ်ချက် ကတော့ ကိုယ်သိထားတာလေးတွေကို sharing လုပ်ပေးချင်ရုံသပ်သပ်ပါဘဲ။ estimate ကိုဘယ်ကဘယ်လို စတွက်ရမလဲမသိသေးတဲ့ ညီမလေး၊မောင်လေး တယောက်တလေများ ဒီvedio တွေကြည့်မိလို့ အကျိုးရှိတယ်ဆိုရင် ဖန်တီးရကျိုးနပ်ပါပြီ။
Sharing လုပ်ပေးရမလား မေးပြီး ပျောက်သွားလို့..စိတ်မကောက်ကြပါနဲ့...ဒီနေ့တော့ ခုချိန်ထိမအိပ်သေးဘဲ ကြိုးစားထားပါတယ်...အပိုင်း တစ်အနေနဲ့ လေ့လာလို့ရပါပြီနော်..အသံကြားရတာ အဆင်ပြေ၏..မပြေ၏.. တော့ သိချင်ပါတယ်..
Sharing လုပ်ပေးမယ့် Class လေးတွေက လတ်တလော လျပ်စစ်မီးအခြေအနေအရ နှင့် အချိန်အတိအကျ ပေးရမူအတွက် အဆင်မပြေမူများ ရှိနေမည်စိုးပါသဖြင့် vedio record အဖြစ် မျှဝေသွားဖို့ ကြိုးစားနေပါတယ်။
အချိန်မရလို့၊ အချိန်မရှိ လို့ဆိုပြီး ကိုယ်ကိုယ်တိုင် က သိပ်ပြီးအားမထုတ်ဖြစ်တာကြောင့် ဒီ page လေး ငြိမ်သက်နေတာကြာပါပြီ။ ကျွန်မ မှာ ဆန္ဒတခုရှိနေတယ် ..Estimate တွက်တာနဲ့ပါတ်သတ်ပြီး အငယ်တချို့ အကူအညီတောင်းပြီး ကူကြည့်ခိုင်းတဲ့ DWg တွေရှိတယ်၊ စလုံးမှာ interview ရပြီး tutorial တွက်ခိုင်းတဲ့ structure DWg တခုရယ်၊ စလုံးမှာဘဲ အလုပ်ဝင်နေတဲ့ ညီမတယောက်က ကူကြည့်ခိုင်းတဲ့ renovation လုပ်တဲ့ DWg နှစ်ခုရှိတယ်။ အဲ့နှစ်ခုကို ဘယ်လိုတွက်လဲဆိုတာ... sharing လုပ်ပေးချင်တဲ့ဆန္ဒ...။ ကိုယ်က ဘယ်လိုဘဲ sharing လုပ်ပေးချင်ပေမယ့်လဲ...လက်ခံမယ့်သူရှိအုန်းမှကိုး..။ ဒီ drawing နှစ်ခုကို section နှစ်ခုနဲ့ sharing လုပ်ပေးမယ်ဆိုရင်...တတ်ချင်တဲ့သူများ ရှိမလား...သိချင်မိပါတယ်။ Sunday only...Zoom Class ဘဲဖြစ်ပါလိမ့်မယ်။ ပညာဒါနမို့ သင်တန်းကြေး ပေးသွင်းရန်မလိုပါ။
Guide လုပ်ပေးမယ်ဆိုပြီး ထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ဘာpost မှာ မရေးဖြစ်တာလဲကြာသွားတယ်။ အလုပ်အသစ်အပြောင်းအရွှေ့ဖြစ်သွား တော့ အချိန်မရဖြစ်သွားလို့ပါရှင့်...အားလုံးဘဲ နှစ်သစ်မှာ ကျန်းမာချမ်းသာ၍ ဘေးရန်အပေါင်းကင်းရှင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်....
QS သင်တန်းတွေ တတ်ထားပြီး တကယ်တမ်း လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ ဘယ်ကဘယ်လို စတွက်ရမှန်း မသိသူများအား အခမဲ့ Guide လုပ်ပေးပါတယ်။ အစအဆုံး details မတွက်ပြပါ။ ဘယ်လိုတွက်သင့်တယ်ဆိုတဲ့ အယူအဆဘဲ ပြောပြပေးမှာဘဲဖြစ်ပါတယ်။ အသေးစိတ်သိချင်တာရှိရင် CB မှတဆင့်မေးလို့ရပါတယ်။ ( အမှန်တကယ် လုပ်ငန်းခွင်ထဲ အဆင်မပြေသူများသာ ဆက်သွယ်ပါရန်။)
05 December 2022
GUIDE
လတ်တလော site ထဲမှာ လုပ်တဲ့ Cementitious waterproofing process ( Sto Crete 4222) အကြောင်းကို sharing လုပ်ချင်ပါတယ်။ များသောအားဖြင့် waterproofing ကိုရေနဲ့ထိစပ်နိုင်တဲ့နေရာများ၊ ရေချိုးခန်း၊ အိမ်သာ နှင့် roofing slab တွေမှာ floor ရော wall ရော နှစ်နေရာလုံး သုံးကြပါတယ်၊ wall ကတော့ အိမ်သာမှာ height 1'-0"၊ ရေချိုးခန်းဆိုရင် minimum height 3'-0"သုံးပါတယ်၊ roofing slab မှာ short wall or parapet wall တွေကို 0'-9" or 1'-0" height သုံးကြပါတယ်။ Varandah မှာတော့ floor မှာဘဲ အသုံးများကြပါတယ်။ ဒီ process ကိုပိုပြီးမြင်သာအောင် ရေချိုးခန်းအိမ်သာ မှာဆောင်ရွက်ခဲ့တဲ့ photos လေးတွေကိုပါ ပူးတွဲဖော်ပြလိုက်ပါတယ်။ Waterproofing ဆောင်ရွက်တဲ့အခါ အဆင့် 6ဆင့်ရှိပါတယ်။
1. Waterproofing မလုပ်ခင် သန့်ရှင်းရေး အရင်ဆုံး လုပ်ရပါမယ်။
2. Pipe sleeve နှင့် wall & floor ဆုံတဲ့ထောင့်နေရာတွေကို grouting ဖြည့်ပါတယ်။ Grouting ဖြည့်တဲ့အခါမှာ grout တမျိုးထဲမဟုတ်ဘဲ cement နဲ့ 1:1 ဖျော်စပ်ထားတာကို သုံးပါတယ်။ တခါတလေ floor မှာ ချိုင့်တွေဖြစ်နေတာမျိုး ရှိနေတယ်ဆိုရင် အာ့ဒီနေရာတွေကိုပါ level ညီအောင်grouting လုပ်လိုက်ပါတယ်။
3. Grouting ဖြည့်ပြီးတာနဲ့ waterproofing first coat သုတ်ပါတယ်။ Waterproofing ဖျော်စပ်ရမှာ Sto Crete 4222 အမူန့်၊ Sto Crete 4222 အရည် ကို ရေ အနည်းငယ်ထည့်ပြီး ရောစပ်ပါတယ်။
4. Waterproofing first coat သုတ်ပြီး 24 hrs ကြာပြီးတဲ့အခါ second coat ထပ်သုတ်ပါတယ်။ Second coat အတွက် ဖျော်စပ်တဲ့အခါ ရေကို မသုံးဘဲ chemical အမူန့်နဲ့ အရည် နှစ်မျိုးတည်းကိုဘဲ သုံးပါတော့တယ်။
5. Waterproofing second coat သုတ်ပြီး 24hrs ကြာတဲ့အခါ ရေစိမ့်ခြင်းရှိမရှိ သိရအောင်water test လုပ်ပါတယ်။ Water test လုပ်တယ်ဆိုတာ waterproofing second coat သုတ်ထားတဲ့အခန်းထဲကို 24hrs ရေဖြည့်ထားတာပါ။ 24 hrs ရေဖြည့်ထားတဲ့အတောအတွင်း ရေမစိမ့်ဘူးဆိုရင် Test အောင်တယ်သတ်မှတ်ပါတယ်။
6. Water test စမ်းတာ အောင်မြင်ပြီဆိုတာနဲ့ floor topping တခါတည်းလောင်းရပါတယ်။ တခါတည်းမလောင်းဘဲ ထားရင် ပျက်စီးနိုင်တဲ့အတွက် test အောင်ပြီဆိုတာနဲ့ topping ကို တခါတည်းလောင်းသင့်ပါတယ်။
ထပ်မံဖြည့်စွက်ပြောပြချင်တာက Contract department က ချုပ်ပေးလိုက်တဲ့ စာချုပ်မှာ Pipe sleeve မှာဘဲ Grouting ဖြည့်ဖို့ ပါလာပြီး၊ Wall & floor ဆုံတဲ့ ထောင့်တွေမှာ ဖြည့်ရပါမယ်ဆိုတာ မပါလာဘူး။ အာ့တော့ contractor တာက သူတို့အလုပ်မဟုတ်ပါဘူးငြင်းပါသေးတယ်။ Waterproofing process မှာ ဒီလုပ်ငန်းပါနေတဲ့အတွက် စာချုပ်မှာ မပါဘူးဆိုတောင် contractor က လုပ်ကိုလုပ်ပေးရမယ့် အချက်ဖြစ်ပါတယ်။ သို့သော် စာချုပ်ထဲမှာပါ ဒီအချက်ကလေး ထည့်ရေးခဲ့မယ်ဆိုရင် ပိုပြီးပြည့်စုံသွားပါလိမ့်မည်၊ မလိုအပ်တဲ့ အပိုစကားတွေ ပြောစရာမလိုတော့ဘူးပေါ့ရှင်။
08 November 2022
GUIDE
တလောက စာချုပ်ချူပ်တဲ့အခါ Retention ထည့်ပြီး ချုပ်သင့်တဲ့အကြောင်း ကျွန်မရေးခဲ့တယ်။ ဘာကြောင့် ရေးခဲ့လဲဆိုတော့ construction company တခုမှာ လုပ်နေတဲ့ သူငယ်ချင်းတယောက်က လုပ်ငန်းအား လုံးပြီးသွားပြီ၊ ဒီလုပ်ငန်းကို contractor ဆီက handover လဲယူပြီးပြီ၊ အာ့လို handover ယူပြီးမှ defect work တွေ ဖြစ်လာတယ်။ အာ့လိုဖြစ်လာတဲ့ defect work တွေကို contractor က handover လုပ်ပြီးပြီမို့ သူ့ကိစ္စမဟုတ်တော့ပါဘူးဆိုပြီး မပြင်ပေးပါဘူးတဲ့ အဲ့ဒါကို ဘယ်လိုလုပ်ရမလဲ ကျွန်မကို မေးလာတယ်။ စာချုပ်ထဲမှာ Retention ပါတယ်မို့လား warranty period က ဘယ်လောက်နဲ့ချုပ်ထားပြီး၊ ခုပြည့်ပြီးလား မေးတာပေါ့။ သူက ပြန်ပြောတယ် စာချုပ်ထဲမှာ Retention ဆိုပြီး ထည့်မချုပ်ထားတာတဲ့။ Construction လုပ်နေတဲ့ company တိုင်း Rentention ကိုသိတယ်လို့ဘဲ ကျွန်မထင်ခဲ့တာမို့၊ မသိဘူးဆိုတော့ ကျွန်မတော်တော်အံဩသွားတယ်။ အဲ့ဒါကြောင့်ဘဲ ဒီအကြောင်းရေးအုန်းမယ်ဆိုပြီး ရေးခဲ့တာပါ၊ သိတဲ့လူတွေအတွက်က ဘာမှ မဟုတ်ဘူးဆိုပေမယ့် မသိသေးတဲ့လူတွေဖတ်မိရင် အကျိုးရှိသွားတာပေါ့ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ကျွန်မရေးခဲ့တဲ့ post နောက် ဆုံးစာကြောင်းမှာ Retention ဆိုတာ အာမခံကြေးလို့ ဘာသာပြန်ခဲ့ပါတယ်။ ကျွန်မအတွေးက warranty period ကာလအတွင်းပျက်စီးမူမှန်သမျှကို contractor က သူရဲ့တာဝန်ပါ၊ ဒါကိုမပြင်ရင် ကျွန်တော်တို့၊ကျွန်မတို့ ကျန်တဲ့ပိုက်ဆံမယူပါဘူး အာမခံပါတယ်ဆိုပြီး တွေးပြီး Retention ကို တိုက်ရိုက်အာမခံကြေးလို့ ရေးတာပါ။ တယောက်က ကျွန်မကို comment မှာ လာရေးတယ်၊ Retention ဆိုတာ အာမခံကြေးမဟုတ်ပါဘူးဆိုပြီး ၊ အာမခံကြေးဆိုတာ performance bond ကိုပြောတယ်ပေါ့။ အာ့လိုလာရေးတော့ ကျွန်မလဲ လူတွေထဲက လူတယောက်မို့ ကိုယ်ပြောတာမှားတယ်လာပြောတော့ စိတ်တိုသွားတယ်။ရေးထားတာပြန်ဖတ်တော့လဲ မမှားပါဘူးပေါ့ ဘာကိုမှားတယ်ပြောချင်တာလဲပေါ့ ငါလဲ performance bond အကြောင်းလဲ မရေးရသေးဘူး၊ Rentention အကြောင်းဘဲ ရေးတာပါပေါ့၊ မြန်မာပြည်မှာ performance bond ထားဖို့နေနေသာသာ retention တောင် မသိလို့ သိအောင်ရေးပါတယ်ပေါ့နဲ့ စိတ်ထဲ အဲ့ comment ကိုမကျေမနပ်ဖြစ်ပြီး၊ Retention (warranty period) ဆိုတာ အာမခံကြေး ဟုတ်မဟုတ် ပြိုင်မငြင်းချင်ပါဘူးဆိုပြီး အဆုံးသတ်ခဲ့တယ်။ အာ့ချိန်ကတည်းက ကျွန်မ တွေးခဲ့တဲ့ အတွေးကိုချပြပြီး ဆွေးနွေးခဲ့ရမှာပါ၊ အာ့ကာလမှာ ကျွန်မကလဲ အလုပ်ထဲမှာရော၊ တခြားအကြောင်းအရာတွေနဲ့စိတ်ရူပ်စရာ မျိုးစုံ ကြုံပြီးအချိန်မရဖြစ်နေတာလဲပါပါတယ်။ အချိန်ရပြီး ကိုယ့်ရေးထားတာ သေချာပြန်ဖတ်တဲ့အခါ ရေးထားတာအားလုံးမှန်တယ်၊ ဒါပေမယ့် ပြည့်စုံအောင် ထပ်ပြီးဖြည့်စွက်မယ်ဆိုရင် ဖြည့်စွက်လို့ရသေးတယ်၊ မှားတာက Retention ကို မြန်မာလိုအဓိပ္ပာယ် ပြန်လိုက်မိတာဘဲဆိုတာ သိလိုက်တယ်။ တချို့ English စာလုံးတွေကို မြန်မာလို တိုက်ရိုက်ပြန်ဖို့ မလွယ်တာ၊ ဒါကြောင့် နောက်ရေးဖြစ်တိုင်း အဓိပ္ပာယ်ကောက်လွဲစေမယ့် စာလုံးတွေ မသုံးမိဖို့ သင်ခန်းစာယူပါတယ်။ Comment ရေးတဲ့သူကလဲ Rentention ဟာ အာမခံကြေးမဟုတ်ဘူးလို့ရေးမယ့်အစား၊ မြန်မာလိုတိုက်ရိုက်မပြန်သင့်ဘူးအကြံပေးရင် ချက်ချင်း လက်ခံမိမှာပါ၊ မည်သို့ပင်ဆိုစေ သူ့ရဲ့comment ကြောင့် အမှားပြင်ဆင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါသည်။ အာ့ post မှာ ရေးခဲ့တဲ့ နောက်ဆုံးစာကြောင်းကိုလဲ ပြန်ဖျက်ပါမယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်က ကျွန်မသိထားတာလေးတွေကို မသိသေးတဲ့သူတွေအတွက် ပြန်ပြီး sharing လုပ်ပေးချင်တာပါ၊ အရာအားလုံးကို ကျွန်မမသိသေးပါ၊ မတတ်သေးပါ။ ကျွန်မ ရေးတဲ့ အကြောင်းအရာတွေကိုသိပြီး၊တတ်ပြီး၊ နားလည်ပြီးတဲ့ သူတွေကများ ဖတ်မိလို့မပြည့်စုံမူရှိမယ်၊ ဖြည့်စွက်ချင်တာမျိုး ထပ်ပြီးရှိမယ်ဆိုရင် မသိသေးတဲ့သူတွေ ပိုပြီး ပြည့်စုံစွာ သိပါစေဆိုတဲ့ ဆန္ဒနဲ့ comments မှာ အားမနာတမ်းအကြံပေးပါ၊ ဆွေးနွေးပေးပါ။ ကျွန်မအနေနဲ့ အာ့လိုအကြံပေးမူမျိုးကို လိူက်လိူက်လှဲလှဲ ကြိုဆိုပါတယ်ရှင်။
05 November 2022
GUIDE
Payment terms ရဲ့ Advance/ Down Payment နဲ့ Retention အကြောင်းကို ရေးပြီးပြီဆိုတော့ လုပ်ငန်းလုပ်နေတဲ့ အချိန်မှာ ဘယ်လို claim ရမယ်ဆိုတဲ့ အကြောင်းရေးပါ့မယ် ။ Claim ရမယ့် method (3) မျိုးရှိပါတယ်။အဲ့ဒါတွေက
(1) Monthly Progress Payment
(2) Milestone Payment
(3) Lumps Sum Payment
တို့ဘဲဖြစ်ပါတယ်။
(1) Monthly Progress Payment
ဆိုတာက လစဉ် site ရဲ့ပြီးစီးမူကိုတွက်ပြီးတောင်းရခြင်းပါ။ High Rise တွေမှာတော့ ဒီ method ကိုသုံးကြပါတယ်။
(2) Milestone Payment ဆိုတာက အဆောက်အဦ ရဲ့ Foundation ပြီးရင် ရာခိုင်နူန်းဘယ် လောက် ပေးမယ်၊ 1st floor ပြီးရင် ဘယ်လောက်ရာခိုင်နူန်း၊ Roofing ပြီးရင် ဘယ်လောက်ပေးမယ်ဆိုတာမျိုး စာချုပ်ကတည်းက တိတိကျကျ ထည့်ချုပ်ထားခြင်းပါ၊ ဒီလိုဆိုရင်တော့ ရှင်းပါတယ် site မှာ Foundation ပြီးတာနဲ့ ပြောထားတဲ့ရာခိုင်နူန်းအတိုင်းတောင်းရုံပါဘဲ။ ဒီ method ကတော့ local မှာအသုံးအများဆုံးပါ။
(3) Lumps Sum Payment ဆိုတာက လုပ်ငန်းအားလုံးပြီးမှ ပုဒ်ပြတ်ပေးခြင်းကို ဆိုလိုတာပါ။ ဒီ method မျိုးကိုတော့ လုပ်ကွက်နည်းတဲ့လုပ်ငန်းတွေမှာ သုံးပါတယ်။
အခုရေးခဲ့တဲ့ အချက် (3) ချက်ထဲက ဘယ် method နဲ့ claim ရပါမယ်ဆိုတဲ့ အကြောင်းကို စာချုပ်မှာကတည်းက တခါတည်းထည့်ချုပ်ထားရတာပါ။ တချို့ company တွေကတော့ claim Format ကိုပေးတတ်ပါတယ်၊ တချို့ကတော့ ကိုယ်ပုံစံနဲ့ကိုယ် claim လို့ရပါတယ်။ အာ့တော့ Site QS က claim တင်တော့မယ်ဆိုရင် လုပ်ငန်းအပ်နှံသူဘက်က QS ကို Format ရှိလား၊ ကိုယ့်ပုံစံနဲ့ကိုယ်တင်ရမလား ဆိုတာမေးရပါတယ်။
GUIDE
10 September 2022
ဒီနေ့တော့ စာချုပ်ထဲက Payment Terms မှာ ဘာကြောင့် Retention ထည့်ဖို့လိုအပ်လဲဆိုတဲ့အကြောင်း sharing လုပ်ချင်ပါတယ်။ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်ပြီးလို့ အိမ်ရှင်ကို လွှဲပြီးတာနဲ့ ပြီးမသွားပါဘူး၊ လွှဲပြီးခါမှ မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ ပြသနာတွေကိုဖြေရှင်းပေးရပါတယ်။ ဥပမာ အမိုးကရေယိုတာ၊ ပြတင်းပေါက်ကရေစိမ့်တာ၊ နံရံကရေစိမ့်တာ၊ slab ကရေစိမ့်တာ၊ နံရံအက်ကွဲကြောင်းဖြစ်တာ၊ ဆေးကွာတာ အစရှိသဖြင့်ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင် လုပ်ရမယ်ဆိုတာကိုလဲ စာချုပ်ချုပ်ကတည်းက ထည့်ရေးခဲ့တယ်၊ ဒီလိုမျိုး ပြသာနာတွေက အလုပ်အပ်ပြီး ခြောက်လအတွင်း သို့မဟုတ် တနှစ်အတွင်းမှာ ဖြစ်လာခဲ့လျင် အလုပ်လက်ခံသူက ပြေလည်တဲ့အထိဖြေရှင်းပေးရမယ်၊ အဲ့ဒီအပေါ် တာဝန်ယူမူရှိအောင် control လုပ်ချင်တဲ့အတွက် ငွေပမာဏတခု ကို ထိန်ချန်ထားရပါတယ်။ အာ့လိုထိန်ချန်ထားတဲ့ငွေကို Retention လို့ခေါ်ပါတယ်။ Retention ကို total contract amount ရဲ့ 5%,10% အစရှိသဖြင့်ချန်တတ်ကြပါတယ်။ အလုပ်လက်ခံသူအာမခံထားတဲ့ကာလ အတွင်း ဘာပြသနာမှ မဖြစ်ခဲ့ဘူးဆိုရင် အဲ့ကာလပြီးတာနဲ့ ချန်ခဲ့တဲ့ retention ကို အလုပ်အပ်နှံသူက ပြန်ထုတ်ပေးဖို့ defect clear letter၊ ပြင်ဆင်ရမယ့် လုပ်ငန်းများမရှိတော့ပါဘူးဆိုတဲ့ စာကိုထုတ်ပေးရပါတယ်။ အာ့စာနဲ့အတူ လုပ်ငန်းလက်ခံသူက retentionကိုပြန်ထုတ်ယူလို့ရပါပြီ။ တချို့ company တွေက defect တွေကို မပြင်ချင်ကြဘူး၊ အဲ့အခါ defect ပြင်ဆင်ရမယ့် ငွေပမာဏ ဘယ်လောက်ရှိမလဲ၊ ကျမယ့်ငွေပမာဏ ကိုသူတို့ Total Retention money ထဲကအနူတ်ခံပြီး ကျန်တဲ့ ငွေကိုပြန်တောင်းကြတယ်။ တချို့ ဆိုရင် Rentention ချန်ခဲ့တဲ့ ငွေပမာဏထက် defect ပြင်ဆင်ရမယ့် ပမာဏ ကပိုများနေတာလဲ ကြုံရတတ်ပါတယ်၊ အာ့လိုမျိုးတော့ ကျွန်မမကြုံဘူးသေးတဲ့အတွက် ဘယ်လိုဖြေရှင်းရလဲ အတိအကျမသိသေးပါ။ Warranty period ကာလအတွင်း ပြသနာဖြစ်ခဲ့ရင်လဲ အလုပ်လက်ခံသူကဖြေရှင်းပေးရပါတယ်၊ အားလုံးဖြေရှင်းပြီးပြီဆိုမှ ချန်ငွေကိုထုတ်ပေးတာပါ။ Retention မချန်ခဲ့လျင် handover လုပ်ပြီးဖြစ်လာမယ့် ပြသနာတွေ အတွက်ဖြေရှင်းရခက်ပါတယ်၊ တချို့အလုပ်လက်ခံသူတွေက လုပ်ငန်းအပ်နှံပြီးရင် သူတို့ကိစ္စမဟုတ်ဘူး ဆိုပြီးတော့ပြသနာတွေကို မဖြေရှင်းပေးဘဲ ညစ်တတ်ကြပါတယ်၊ အာ့လိုညစ်တတ်တဲ့ အလုပ်လက်ခံသူတွေနဲ့တွေ့ရင် အပိုစကားတွေမပြောရအောင် Retention ဆိုတာချန်မှ ဖြစ်မယ့်အရာပါ။
3 September 2022
GUIDE
စာချုပ်မှာ ပါဝင်တဲ့ Payment Terms (ငွေပေးချေမူ) ဆိုတာကို သေသေချာချာ နားလည်စေချင်လို့ အသေးစိတ်ပြန်ရေးပါရစေ။ Payment Terms ဆိုတာ စာချုပ်ချုပ်မှ ညှိရတာမျိုး မဟုတ်ဘဲ Tender State မှာကတည်းက ညှိရတယ်ဆိုတာကိုတော့ အရှေ့မှာလဲ ကျွန်မရေးခဲ့ပြီးပါပြီ။ Payment Terms မှာမှ
1). Advance / Down Payment
2). Retention
ဒီအချက် နှစ်ချက်ကို နားလည်ရပါမယ်။
1). Advance/ Down Payment ဆိုတာ မြန်မာလိုပြောရရင် ကြိုတင်ငွေပါ။ လုပ်ငန်းမစခင် ကြိုတင်ငွေကို အလုပ်အပ်သူက အလုပ်လက်ခံတဲ့သူကို ထုတ်ပေးရတာပါ။ လုပ်ငန်းရှင်အများစုက Labor Only (လက်ခ သီးသန့်) ဆိုရင် ကြိုတင်ငွေ မပေးကြဘဲ၊ ပစ္စည်း ရော၊ လက်ခရော အပ်တဲ့ အလုပ်မျိုးကိုဘဲ ကြိုတင်ငွေပေးတတ်ကြပါတယ်။ ဒီလိုပေးတဲ့နေရာမှာလဲ တဦးနဲ့တဦး မတူကြပါဘူး၊ သဘောတူထားတဲ့ စာချုပ် ပမာဏရဲ့ 10%,20%,30% အမျိုးမျိုးပေးကြပါတယ်။ ဒီအချက်က လုပ်ငန်းအပ်နှံသူအတွက်တော့ တော်တော် ရင်းနှီးလိုက်ရတဲ့အချက်ပါ၊ လုပ်ငန်းလက်ခံသူဘက်က ဘာမှမလုပ်ပေးသေးဘဲ ကိုယ့်ဘက်က အရင်ရင်းနှီးထုတ်ပေးရတဲ့သဘောဖြစ်ပါတယ်။ ကိုယ်ကထုတ်ပေးလိုက်ပြီးမှ သူတို့ကမလုပ်တော့ဘူးဆိုရင် ကိုယ့်ရဲ့ငွေက ဆုံးရူံးမယ်၊ မဆုံးရူံးအောင် Advance Payment Guarantee ဆိုပြီး လုပ်ငန်းအပ်သူက လုပ်ငန်းလက်ခံသူ ဘက်ကို ကိုယ်ပေးထားတဲ့ အတိုင်းပြန်တောင်းပါတယ်။ APG ဆိုတာကို လက်ငန်းလက်ခံသူက သူရမယ့် ရာခိုင်နူန်းအတိုင်း ဘဏ်မှာ သွားအပ်ပြီး ၊ အပ်ထားတဲ့ သက်သေစာရွက် မူရင်းကို လက်ငန်းအပ်နှံသူကို ပေးရပါတယ်၊ အာ့တော့မှ လက်ငန်းအပ်နှံသူက ကြိုတင်ငွေကို ထုတ်ပေးတာပါ၊ ထုတ်ပေးလိုက်ပြီးမှ လုပ်ငန်းလက်ခံသူက မလုပ်တော့ဘူးဆိုရင် သူပေးထားတဲ့ APG နဲ့ ဘဏ်မှာ ပြန်ထုတ်လို့ရပါတယ်။ Advance Payment က လုပ်ငန်းအပ်နှံသူက လုပ်ငန်းလက်ခံသူကိုပေးရပြီး၊ Advance Payment Guarantee ကတော့ လုပ်ငန်းလက်ခံသူက လုပ်ငန်းအပ်နှံသူကိုပေးရတာပါ။ Local မှာတော့ Advance Payment ဘဲပေးရပြီး Advance Payment Guarantee ပေးရတယ် မရှိပါဘူး။
Retentionအကြောင်းကို နောက်မှ ဆက်ရေးပါမယ်။
27 August 2022
GUIDE
ဒီတပါတ်မှာတော့ စာချုပ်ချုပ်တဲ့အခါ မပါမဖြစ်ပါသင့်တဲ့အချက်တွေ ကိုရေးသွားပါမယ်။
၁။ Drawing
၂။ Specifications
၃။ Schedule ( မပြီးခဲ့လျင်
အပြစ်ပေးရန် အပြစ်ဒါဏ် တခါ
တည်း ဖော်ပြရန်)
၄။ Organizations Chart
၅။ တိကျတဲ့စာချုပ် အမျိုးအစား ( Lumps Sum or Remeasurement)
၆။ Payment Terms (Monthly
progress, Milestone, Lumps
Sum)
Advance/ Down Payment
(စာချုပ်ချုပ်ပြီး အလုပ်မစခင်
ပေးရန်)
Retention ( အလုပ်အားလုံးပြီး၍
အာမခံကာလ ပြီးမှ ထုတ်ပေးရန်)
7။ ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်း
များ။ ထိုလုပ်ငန်းများ၏ စံချိန်း
စံညွှန်းများနှင့် လိုက်နာရမည့်
နည်းပညာဆိုင်ရာ စည်းကမ်းချက်
များအား တိတိကျကျ ဖော်ပြချက်
များ။
၈။ လုပ်ငန်းအပ်နှံသူ၏ တာဝန်များ။
၉။လုပ်ငန်းလက်ခံသူ၏ တာဝန်
များ။
၁၀။ လုပ်ငန်းလက်ခံသူ လိုက်နာရ
မည့် စည်းကမ်းချက်များ။
၁၁။ လုပ်ငန်းခွင်အတွင်း လိုက်နာရ
မည့် Safety Rule နှင့် ပြစ်ဒါဏ်။
၁၂။ လုပ်ငန်းအပေါ် အာမခံချက်။
( လုပ်ငန်း အပ်နှံပြီး ကာလတခု
ထိ လုပ်ငန်းလက်ခံသူ၏
တာဝန်)
၁၃။ အခွန်ဆောင်ရန် ကိစ္စများ။
၁၄။ စာချုပ်ပေါ်လွှမ်းမိုးမည့် ဥပဒေ။
စာချုပ်ချုပ်ရင် မပါမဖြစ်ပါကိုပါရမယ့် အချက်တွေကို ခေါင်းစဉ်ဘဲ ရေးပေးလိုက်ပါတယ်။ စာချုပ်ဟာ သိပ်အရေးအကြီးတဲ့ အရာပါ၊ အလုပ်အပ်စဉ်မှာတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေနေကြပြီး လုပ်ငန်းခွင် ရောက်တဲ့အခါ အဆင်မပြေမူတွေတွေ့တဲ့ အခါ၊ အငြင်းပွားစရာ ကြုံတဲ့အခါတိုင်း ဒီစာချုပ်ကိုဘဲ ပြန်ပြန်ကြည့်ရတာမို့ စာချုပ်ချုပ်စဉ်မှာဘဲ နှစ်ဦးနှစ်ဘက်ရဲ့ တာဝန်တွေကို တိကျပြတ်သားစွာ ဖော်ပြဖို့လိုပါတယ်။ ဘယ်လိုဘဲ တိတိကျကျ ဖော်ပြပေမယ့် တခါတလေ ကြိုတင်မမြင်နိုင်တဲ့ ပြသနာတွေကြောင့် အငြင်းပွားရတတ်ပါတယ်။
27 August 2022
GUIDE
ပြီးခဲ့တဲ့အပါတ်က Client QS ရဲ့ တာဝန်တွေကို ရေးပြီး ဒီတပါတ်တော့ Contractor QS ရဲ့ တာဝန်တွေကိုရေးပါမယ်။ Contractor QS ရဲ့တာဝန်ကိုမရေးခင် company တွေရဲ့ ဖွဲ့စည်းပုံတွေကို အရင် ရေးချင်ပါတယ်။ Company တခုနဲ့တခု ဖွဲ့စည်း ပုံပေါ်မူတည်ပြီး လုပ်ရတဲ့ တာဝန်ကွာတတ်တယ်။ တချို့ Company တွေမှာ Tender department, RS Department(Contract), Billing Department ဆိုပြီး department တွေသီးသန့်ရှိတတ်ကြတယ်၊ တချို့ company တွေကြတော့ departmentအနေနဲ့ သီးသန့်မရှိဘူး ဘယ်QS က Tender လုပ်ရမယ်၊ ဘယ်QS က Contract လုပ်ရမယ်၊ ဘယ်QS က Site QS လုပ်ရမယ်ဆိုပြီး ခွဲထားတတ်တယ်၊ အာ့လိုမဟုတ်ဘဲ QS တယောက်တည်းကဘဲ tender, contract, billing ကို အကုန်လုပ်ရတာမျိုးလဲရှိတယ်။ အဲ့တော့ QS နဲ့ အလုပ်လျှောက်မယ်ဆိုရင် interview မှာကိုယ်ဘာတွေ လုပ်ရမလဲ ဆိုတာ တခါတည်း ရှင်းရှင်းလင်းလင်းသိအောင် မေးရမယ်။ ပြောချင်တာကတော့ QS အားလုံးဟာ အကုန်မလုပ်တတ်ပါဘူး၊ Tender Department မှာဘဲ လုပ်ဘူးတဲ့သူဆိုရင် tender ဘဲလုပ်တတ်ပြီး ကျန်တဲ့အပိုင်း ယုံကြည်ချက်မရှိပါဘူး၊ RS တို့ Billing တို့လဲ ဒီလိုဘဲ ကိုယ်လုပ်ဘူးတဲ့ အလုပ်ပေါ်မှာဘဲ ယုံကြည်ချက်ရှိပြီး ကျန်တဲ့အပိုင်း ယုံကြည်ချက်မရှိတတ်ကြဘူး၊ ယုံကြည်ချက်မရှိဘူးဆိုတာ မလုပ်နိုင်ဘူးပြောတာမဟုတ်ဘူးနော်၊ လုပ်တော့လုပ်နိုင်တယ် ကိုယ်လုပ်နေကြအလုပ်လို ဘယ်သူ့ကိုမှမေးစရာမလိုဘဲ လုပ်လို့မရတာမျိုးကို ပြောတာပါ။ ကျွန်မဆိုလျင် Building နဲ့ပါတ်သတ်ပြီးဘဲ အလုပ်လုပ်ဘူးတော့ Infrastructure နဲ့ ပါတ်သတ်တာမျိုးဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မူ့မရှိပါဘူး၊ infrastructure ကိုတွက်ရမယ်ဆိုရင် building တွက်သလိုမျိုးdrawing ကို ခဏလေးကြည့်ပြီး တွက်လို့မရနိုင် တော့ဘဲအဲ့အတွက် အများကြီးပြန်လေ့လာရပါအုန်းမယ်၊ လုပ်ဘူးတဲ့သူတွေကိုမေးမြန်းရပါအုန်းမယ်။ Tender state ကို အရင်ရေးပါ့မယ်နော်၊ Client QS က ခေါ်တဲ့ Tender ကို Contractor QS က details တွက်ပြီး တင်ပါမယ်၊ အရှေ့မှာရေးခဲ့သလို တချို့ client QS တွေက Scope of work တို့၊ quantity တို့ကိုတခါတည်းပေးတတ်ပြီး၊ တချို့က ဘာမှကိုမပေးပါဘူး၊ သူတို့က ပေးပေးမပေးပေး၊ Contractor QS က drawings ကိုသေချာဖတ်ရပါမယ်၊ သူတို့ပေးလိုက်တဲ့ SOW ထပ်ပိုတဲ့ လုပ်ကွက်တွေ drawing မှာပါနေလား ၊ Quantity တွေ တူလား ဘာတွေကွာခြားလဲ ကျွန်မတို့သိရပါမယ်။ Architectural drawing နဲ့ Structure drawing ရဲ့ကွဲလွဲမူရှိတွေ ရှိခဲ့တယ်ဆိုရင် ဘယ်ဟာကအမှန်လဲ အဲ့လို သူတို့ပေးတဲ့ အချက်တွေကနေ ကိုယ်မရှင်းလင်းတဲ့ဟာမျိုးကို Client QS ကို Tender Queries Letter နဲ့ ရှင်းလင်းစွာသိဖို့မေးရပါမယ်။ Addendum အနေနဲ့ သုံးခါလောက်ထွက်ပြီး( drawing or specifications သုံးခါ ပြောင်းတာပါ) Quantity တွက်လို့ပြီးပြီဆိုရင် rate ထည့်မယ်၊ rateထည့်မယ်ဆိုရင် သူတို့ပေးတဲ့ material specifications တွေသေချာကြည့်ရပါမယ်၊ Structure အနေနဲ့ပြောရမယ်ဆိုရင် Concrete grade ကိုသူတို့က လိုချင်တာ Grade 35 ၊ ကိုယ်ကတွက်ပေးလိုက် Grade 25 နဲ့ဆိုရင် ကိုယ်ရူံးမှာ။ တချို့ သူတို့ပေးလိုက်တဲ့ specifications က ဈေးကွက်မှာမရှိတော့တာမျိုး ဆိုရင်လဲ ကိုယ်က သူတို့လိုချင်တာနဲ့ ဆင်တဲ့ဟာကတော့ ဒီဟာရှိပါတယ်ဆိုပြီး alternative အနေနဲ့တင်ပေးရတယ်။ Qty ရော Rate ရောထည့်လို့ပြီးပြီဆိုရင် Tender တင်ပါမယ်။ တင်တဲ့အခါမှာလဲ Client QS ကတောင်းတဲ့ documents အစုံပါရပါမယ်။ တင်ပြီးလို့ Tender Interview ခေါ်တဲ့အချိန်မှာ သူတို့လိုချင်တဲ့ specifications နဲ့ ကိုက်မကိုက် material sample တောင်းတတ်ပါတယ်၊ ကိုယ် interview သွားတဲ့အချိန် မှာ sample ပစ္စည်းတွေ တခါတည်းယူသွားရပါမယ်။ သူတို့ဘက်က မေးတဲ့ Technical Queries တွေဆိုရင် Project Director, Project Manager, Project Engineer တို့နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ပြန်ဖြေရပါမယ်။ Method Statement, Organisation Chart စတာတွေကတော့ PD,PM,PE သူတို့ကဘဲ ဦးဆောင် လုပ်ပေးရတာပါ။ သိစေချင်တဲ့နောက်တခုက Tender ရဲ့သဘောတရား အရ နေမအားညမနား လုပ်ရတတ်တာပါ၊ ရက်အကန့်အသတ်နဲ့ လုပ်ရတာမို့ OT ဆင်းရဖို့သေချာပါတယ်။ Tender department ဆိုတာ OT အမြဲဆင်းရတဲ့ ဌာနတခုဘဲဖြစ်ပါတယ်လို့။ Tender department မှာ အလုပ်လုပ်တဲ့ QS တွေက လစာထပ် OT ကပိုများပါတယ်၊ မယုံဘူးဆိုရင်Tender လုပ်နေရတဲ့သူငယ်ချင်းတွေကို OT တွေအများကြီးရတာ ငါ့မုန့်ဝယ်ကျွေးပါလို့ ပြောလိုက်ပါ၊ သူတို့ရဲ့ ဒေါသတွေက ကိုယ့်အပေါ်ထပေါက်ကွဲလာပါလိမ့်မယ်😁။ ကျန်တဲ့ အပိုင်းတွေ နောက်မှ ဆက်ရေးပါအုန်းမယ်။
20 August 2022
GUIDE
အလုပ်ခေါ်တဲ့နေရာမှာ QS ဆိုပြီးခြုံငုံ ခေါ်တတ်ပေမယ့် လုပ်ငန်းသဘောအရ ကိုယ်လုပ်တဲ့ company ပေါ်မူတည်ပြီး လုပ်ရတဲ့ အလုပ်ကွာခြားပါတယ်။ ကိုယ့် company က Client လား၊ Main Contractor လား၊ Sub Contractor လား အာ့ပေါ်မူတည်ပြီး လုပ်ရတဲ့ အလုပ် မတူတတ်ပါဘူး။ တူတာ တွေကတော့ ခဏခဏ revision လုပ်ရတာပါဘဲ။ Drawing ပြောင်းလို့ဆိုပြီး ပြောင်းတဲ့နေရာကို ကိုယ်ကပြန်တွက်လို့ ပြီးပြီဆိုပြီး သက်ပြင်းချတုန်း ထပ်ပြောင်းတာမျိုး ခဏခဏ ကြုံရပါတယ်၊ အာ့လိုမျိုး ခဏခဏ ပြောင်းတွက်ရတာကတော့ QS အားလုံးတွက်ရတာပါ။ နောက်တခုက Structure, Architecture, M&E စတဲ့ drawing တွေက လွဲမှားမူတွေကို QS က အရင်ဆုံး designer သို့မဟုတ် Client QS တွေရဲ့ confirm ကိုပြန်ယူရပါတယ်၊ QS ဆိုရင် coordinator လိုမျိုး drawing ဖတ်တတ်ရပါမယ်။ ဒါကြောင့် QS တယောက်လုပ်မယ်ဆိုရင်တော့ စိတ်ရှည်ဖို့ လိုပါတယ်။ Drawing ပြောင်းတိုင်း စိတ်တိုနေရင် အလုပ်မပြီးသေးဘူး အသက်အရင်ထွက်သွားပါလိမ့်မယ် (နောက်တာ မဟုတ်ဘူး တကယ်ပြောတာပါ 😁)
1). Client QS
Client QS ကတော့ project တခုလုံးရဲ့ budget ကိုတွက်ရပါတယ်၊ drawing မှာမပါလဲ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ လိုအပ်မယ်ထင်တဲ့ ကုန်ကျစရိတ်မှန်သမျှ ထည့်တွက်ရပါမယ်။ ကုန်ကျစရိတ်ကိုကြည့်ပြီး Client ကသူ့မှာ budget ရှိတယ်ဆိုရင် စပြီး run ပါမယ်။ စ run မယ်ဆိုတာနဲ့ Tender ခေါ်ဖို့ပြင်ရပါမယ်။ Tender အတွက် Scope of Work တခုချင်းစီကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးရပါမယ်၊ တချို့ CQS တွေက quantity ကို တခါတည်းပေးကြပြီး၊ တချို့ကတော့ quantity ကိုထည့်မပေးကြပါဘူး။ Tender ခေါ်ရင် SOW နဲ့ Tender Drawing, Specifications တွေကို ကိုယ်ခေါ်မယ့် contractor တွေဆီ ပို့ပေးရပါတယ်၊ ပို့တဲ့အချိန်မှာ ဘယ်တော့ပြန်လိုချင်တယ်၊ Hard copy, soft copy ဘယ်နှစ် စောင်လိုချင်တယ်၊ ဘယ်သူ့နံမည်နဲ့ attention လုပ်ပေးပါ၊ Method Statement ၊ Company profile ၊ Reference project စတဲ့ဟာတွေ တင်ရမယ့်အကြောင်းဆိုပြီး တိတိကျကျ တခါတည်းပြောပြီး Tender Invitation လုပ်ရပါတယ်။ အာ့လို invitation လုပ်ပြီးမှ Drawing ပြောင်းတယ်ဆိုရင် Addendum အနေနဲ့ invite လုပ်ထားတဲ့ contractor တွေကို ပြန်ပို့ပေးရပါတယ်။ သတ်မှတ်တဲ့ ရက်မှာ Tender ကို လာတင်ကြတယ်၊ တင်ထားတဲ့ Contractor အားလုံးရဲ့ Documents တွေကို သက်ဆိုင်ရာလူကြီးတွေရှေ့မှာဘဲ Tender Opening လုပ်ရပါတယ်။ Tender opening လုပ်ပြီးတာနဲ့ CQS တွေက Tender comparison လုပ်ရပါတယ်။ အာ့လို လုပ်တာမှာလဲ Quantity နဲ့ Rate တင်မဟုတ်ဘဲ specifications တွေ ပါ compare လုပ်ရတာပါ။ Comparison လုပ်ပြီးတာနဲ့ Client ကို inform လုပ်ပြီး၊ Contractor တွေကို Tender Interview ဖို့အတွက် ဖိတ်ရပါတယ်၊ အာ့ဒီ interview မှာ ကိုယ်မရှင်းလင်းတဲ့ အချက်တွေ၊ ကိုယ်ပြောချင်တဲ့ သူတို့ရဲ့ လွဲနေတဲ့အရာတွေ၊ Method Statement ၊ Technical details၊ Material Sample အကုန်လုံးကို ရှင်းရှင်းလင်းလင်းသိအောင်မေးရပါတယ်။ အကုန်လုံး ရှင်းပြီဆိုရင် Payments Terms ကိုညှိကြပါတယ်၊ အဲ့အတွက် Tender Interview က တခါတည်းမပြီးပါဘူး၊ သုံးခါလောက် Tender Interview လုပ်ရတတ်ပါတယ်။ CQS က Tender State ပြီးရင် Contract အတွက် လိုအပ်တဲ့ Documents ပြင်ရပါတယ်၊ ဒီနေရာမှာ တချို့က Contract လုပ်တဲ့ department သီးသန့်ရှိတဲ့ company ဆိုရင်တော့ အာ့ department ကဘဲ စာချုပ် ထွက်လာအောင်လုပ်ကြပါတယ်။ အာ့လိုမရှိဘူးဆိုရင် CQS ကဘဲ Contract ကိုတာဝန်ယူလုပ်ပေးရပါမယ်။ နှစ်ဦးနှစ်ဘက် လက်မှတ်မထိုးခင် Draft Contract ဆိုပြီး Contractor ကို အရင် review ပြန်လုပ်ခိုင်းပါတယ်၊ စာချုပ်ပါ အချက်အလက်တွေကို သဘောတူကြတယ်ဆိုရင် လက်မှတ်ထိုးကြပြီး မူရင်း တယောက်တစုံ ယူကြပါတယ်။ Payment Terms အရ contractor က Claim တတ်လာတာတွေကို CQS က စစ်ရပြီး ငွေပေးဖို့ဆောင်ရွက်ရပါတယ်။ အခုပြောသွားတာတွေက ကျွန်မ CQS တုန်းကလုပ်ခဲ့ရတဲ့ အလုပ်တွေပြောပြတာပါ၊ ကျွန်မ မသိတဲ့ CQS တယောက်ရဲ့တာဝန်တွေ ရှိသေးတယ်ဆိုရင်လဲ၊ Comment မှာ ရေးပြီး ပြောပြပေးလို့ရပါတယ်ရှင့်။
နောက်အပါတ်တွေမှာတော့ Contractor QS ရဲ့ တာဝန်တွေကို ရေးပါအုန်းမယ်ရှင့်။ အင်ဂျင်နီယာတိုင်း နိုင်ငံအတွက်၊ လူမျိုးအတွက် အကျိုးပြုနိုင်သော အင်ဂျင်နီယာကောင်းများဖြစ်ကြပါစေ။
14 August 2022
10:40 AM
GUIDE
Junior QS နဲ့ အလုပ်ထဲ စဝင်မယ့် သူတွေအတွက် သိထားသင့်တာလေးတွေ ရေးပါ့မယ်နော်။ QS တယောက်လုပ်မယ်ဆိုရင် drawing ဖတ်တတ်ရမယ်၊ Drawing ကြည့်ဆိုရင်တော့ လူတိုင်းကြည့်တတ်တာပေါ့နော်၊ drawing ကိုနားလည်ပြီး ဖတ်တတ်ရမယ်။ Qty တွက်တတ်ရမယ် ၊ အခြေခံ ဒီနှစ်ခုကတော့ အငယ်တွေအနေနဲ့ လုပ်ကိုလုပ်တတ်ရမယ်။ ဈေးနူန်းထည့်တယ်ဆိုတာတွေကတော့ senior တွေပြောပြလိမ့်မယ်။ ကျွန်မကလုပ်ငန်းခွင်ထဲ ရောက်လာတဲ့ junior တွေကို သင်တန်းမှာ သင်သလို မသင်နိုင်ပါဘူး၊ drawing ကိုပေးလိုက်တယ်၊ ဘာတွေ တွက်ပေးပါလို့ တခါတည်းပြောပြီး တွက်ခိုင်းပါတယ်။ ဘယ်လိုတွက်ပါလို့ တခါတည်းမပြောလိုက်ပါဘူး၊ သူတို့ရဲ့ တွက်တဲ့အယူအဆကို ကျွန်မသိချင်လို့ပါ။ သူတို့တွက်လို့ပြီးမှ ကျွန်မက စစ်ပါတယ်၊ သူတို့အယူအဆ လွဲနေတဲ့ဟာကို ပြန်တည့်ပေးတယ်၊ တချို့ နှစ်ခု သုံးခု ယူဆလို့ရတာမျိုးကို ရှင်းပြတယ်။ ပြောချင်တာက လုပ်ငန်းခွင်ထဲ ရောက်ပြီဆိုရင် "က" ကနေ "အ" အထိ သင်ပေးဖို့ အချိန်မရှိဘူး ၊ အရှေ့အနောက် လွဲနေတဲ့ ဟာတွေကိုဘဲ အစဉ်လိုက်ဖြစ်အောင်ဘဲ သင်ပေးနိုင်ကြတယ်။ သင်ပေးတဲ့လူတွေနဲ့ တွေ့ရင်လဲ တကယ်ကံကောင်းတာပါ။ တချို့တွေ QS လုပ်သက် ငါးနှစ်၊ ခြောက်နှစ် ရှိနေတာတောင်၊ ကျွန်မ QS တယောက်ပါ၊ ကျွန်တော် QS တယောက်ပါလို့ ယုံကြည်မူရှိရှိမပြောရဲကြပါဘူး။ အဲဒါဘာကြောင့်လဲ ဆိုတော့ ဒီအခြေခံ နှစ်ခုကို မပိုင်ခဲ့လို့ပါ။ ကျွန်မ သင်တန်းမှာတော့ မြန်မာပြည်က drawing ကိုဘဲ သင်တာပါ၊ စလုံးက drawing နဲ့ ဘာတွေကွာခြားလဲ ရှင်းပြပါမယ်၊ တွက်ပုံတွက်နည်း အယူအဆ ရှင်းပြပါမယ်။ Calculation format ကတော့ company တခုနဲ့တခု မတူတဲ့အတွက် အပြောင်းအလဲရှိပါတယ်။ Format ကတော့ အရေးမကြီးပါဘူး၊ QS တယောက်ပါလို့ ယုံကြည်မူရှိရှိပြောနိုင်ဖို့ ကျွန်မကို ယုံကြည်စွာဆက်သွယ်လိုက်ပါ၊ ဆက်သွယ်ဖို့က QS ဖြစ်ချင်သူများရဲ့တာဝန်၊ ယုံကြည်မူရှိအောင် လုပ်ပေးဖို့က ကျွန်မတာဝန်ပါ။
Estimate တွက်မယ်ဆိုရင် Excel သုံးတတ်ရမယ်၊ Auto CAD သုံးတတ်ရမယ်၊ Words သုံးတတ်ရမယ်၊ ဒီသုံးမျိုး ရပြီဆိုရင် လုံလောက်ပါတယ်။Estimate စတွက်မယ်ဆိုရင် နံပါတ်တစ်အရေးကြီးဆုံးက drawing နဲ့ specifications ကြည့်တတ်ရပါမယ်၊ နံပါတ်နှစ်ကတော့ contract ကိုနားလည်ရပါမယ်။
ကိုယ်တွက်တင်ရမယ့် Tender က Lump Sum Contract (LSC)လား၊ Re Measurement Contract (RMC) လား ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။
Lump Sum Contract ဆိုတာကတော့ Tender Drawing နဲ့ Specifications မှာပါတဲ့အတိုင်း လုပ်ရမယ်၊ Drawing မှာပါပြီး ကိုယ်တွက်ဖို့ကျန်ခဲ့တယ်ဆိုရင်လဲ လုပ်ရမှာပါ၊ သို့သော် ငွေပြန်တောင်း၍ မရပါ။ Tender Dwg နဲ့ Construction Dwg မတူဘူး ပြောင်းလဲမူရှိတယ်ဆိုရင်တော့ Variation Order (VO) အနေနဲ့ ထပ်တောင်းလို့ရပါတယ်။ Remeasurement contract ဆိုတာကတော့ တကယ်site ထဲမှာ လုပ်တဲ့အတိုင်းအတာအတိုင်း ပြန်တွက်တောင်းရတာပါ။ LSC သာဆိုရင် quantity ရော unit rate ရောသိပ်အရေးကြီးပါတယ်၊ drawing နဲ့ specifications ကိုလဲ သေသေချာချာဖတ်ရပါတယ်၊ တခုမှ ကျန်ခဲ့လို့၊ မှားယွင်းလို့မဖြစ်ပါဘူး။ မှားသွားတယ်၊ ကျန်ခဲ့တယ်ဆိုတာနဲ့ ကိုယ့်အိတ်ထဲက အသလွတ်စိုက်လုပ်ပေးရမှာပါ။ RMC ဆိုရင် quantity ကအရေးမကြီးပါဘူး၊ unit rate ကဘဲ အရေးကြီးတာပါ။
QS နဲ့ ပထမဆုံး လုပ်ငန်းခွင်ထဲရောက်တဲ့ အတွေ့အကြုံလေးတွေပြောကြရအောင်။ ဘာတွေလုပ်ခဲ့ရလဲ comments မှာ ရေးပေးကြပါလား။ ကျွန်မလဲ ရေးမယ်။ တယောက်နဲ့တယောက် တွေ့ကြုံခဲ့ရတာတူလားသိချင်ပြီး၊ နောက်တခုက Juniors လေးတွေ အတွေ့အကြုံရအောင်ပါ။
အိမ်တလုံးဆောက်မယ်ဆို ဘာတွေလုပ်ဖို့လိုအပ်လဲ။ အရင်ဆုံး Design အပ်ရပါမယ်၊ ဒုတိယ QS အပ်ရပါမယ်။ ပြီးမှ Construction Company or Contractor အပ်ရပါမယ်။ Design မှာလဲ အကြမ်းဖျင်း Structure Design၊ Architecture Design၊ M&E Design ဆိုပြီး သုံးမျိူးရှိပါတယ်။ Structure Design က အိမ်ရဲ့ခိုင်ခံ့မူ အတွက် လုပ်ရပြီး၊ Architecture Design ကတော့ အိမ်ရဲ့လှပမူ၊ ကိုယ်လိုချင်တဲ့ အိမ်ပုံစံမျိုးကို ဖန်တီးပေးတာပါ။ Architecture Design ရမှ Structure Design ကဆွဲရတာပါ။ QS ဆိုတာကတော့ Structure နဲ့ Architecture Design ထွက်လာပြီးမှ တွက်ရတာပါ။ Structure Design ကိုနားမလည်တဲ့အခါ Foundation နက်လေ ခိုင်ခန့်မူ့ရတယ်ထင်ကြပြီး Foundation တော့ မလိုအပ်ဘဲ အနက်ကြီးတွေ လုပ်ကြ၊ အပေါ်က Column တွေ၊ Beam တွေ၊ Slab တွေကြ ထည့်မစဉ်းစားထင်သလိုလုပ်ကြတယ်။ Architecture Design ကိုမအပ်တော့ အိမ်ပုံစံ၊ အခန်းဖွဲ့စည်းမူတွေ က လှလှပပ မဖြစ်၊ အိမ်ပုံစံအချိုးမကြဘဲဖြစ်လာပါတယ်။ QS ကို မတွက်ခိုင်းတဲ့အခါ လိုအပ်တာထက်ပိုပြီး သုံးတယ်၊ မှာတယ်။ အိမ်တလုံးဆောက်မယ်ဆိုရင် ဒီအဆင့်သုံးဆင့်ကတော့ လုပ်ကို လုပ်သင့်တဲ့အရာတွေပါနော်။ကျွန်မတို့ နိုင်ငံမှာ သိန်းရာချီအကုန်ခံ အိမ်ဆောက်ကြတဲ့ လူတွေထဲမှာ Design အပ်တာ၊ QS ကိုတွက်ခိုင်းပြီးမှ အပ်တာမျိုး တော်တော်ကိုရှားပါတယ်။ လူအများစုက ဒီသုံးမျိုးလုပ်ခိုင်းရင် ပိုက်ဆံပိုကုန်တယ်ထင်ကြလို့ပါ။ သိန်းရာ ပေါင်းများစွာ အကုန်အကျခံဆောက်နိုင်မှ တော့ Design အပ်ဖို့နဲ့ QS အပ်ဖို့ကို မနှမြောကြပါနဲ့။ ဒီလိုအပ်တာလဲ အပိုကုန်တာမဟုတ်ဘဲ အာ့လိုအပ်လိုက်မှ ကိုယ့်တသက်လုံးနေမယ့် အိမ်အတွက် ကုန်ကျစရိတ် အနည်းဆုံးနဲ့ခိုင်ခန့်ပြီးအချိုးကျကျ၊ လှပတဲ့ အိမ်တလုံးကို ပိုင်ဆိုင်ရမှာဘဲ ဖြစ်ပါတယ်။
GBE&TC
24.07.2022
2 Storey RCC Building Estimation Zoom Class ကို Package နဲ့လဲ သင်ပါတယ်။
Package - 1
သင်တန်းသား ( 3 ) ယောက်
သင်တန်းကြေး (100,000.00) MMK
အချိန် - ညှိနိူင်း
Package - 2
သင်တန်းသား ( 5 ) ယောက်
သင်တန်းကြေး ( 150,000.00) MMK
အချိန် - ညှိနိူင်း
သင်တန်းတတ်ချင်ပြီး အချိန်မရဖြစ် နေတဲ့သူတွေ အတွက်ရည်ရွယ်ပါတယ်။ နောက်တစ်ချက် ကတော့ ကိုယ်သူငယ်ချင်းတွေ စုပြီး အတူတတ်တဲ့အခါ မေးခွန်းမေးရင် ရှက်စရာမလိုဘဲ ကိုယ့်အမြင်ကိုယ့်အတွေးအတိုင်း မရှက်မကြောက် မေးခွန်းမေးနိုင်ရန် အတွက်ဘဲဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများ CB မှ တဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
ကျွန်မ မပြောချင်တဲ့အကြောင်း ကျွန်မပြောရအုန်းမယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော် ဆိုတာမျိုး ကျွန်မ မလုပ်ချင်ဆုံးပါနော်။ ဒါပေမယ့် Estimate Training Class ဖွင့်မယ်ဆိုတော့၊ ကျွန်မအကြောင်းသိမှ၊ ကျွန်မအပေါ်ယုံကြည်ပြီး သင်တန်းလာစုံစမ်းတာ၊ သင်တန်းလာအပ်ချင်မှာမို့၊ ကျွန်မရဲ့ အကြောင်းကို အနည်းအကျဉ်းလေး ရေးပါရစေ။ ကျွန်မက 2007_2008 မှာ BE (Civil) နဲ့ မအူပင်နည်းပညာတက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးတဲ့နှစ် 2008 ခုနှစ်မှာဘဲ Myo Chit Group Construction မှာ Site Engineer နဲ့ အလုပ်ဝင်ခဲ့ပြီး 2009 ခုနှစ်မှာဘဲ တခြားအလုပ်ကိုပြောင်းခဲ့ပါတယ်။ Site Engineer အဖြစ် တစ်နှစ်လောက်ဘဲ အလုပ်လုပ်ခဲ့ပါတယ်။ 2009ခုနှစ်မှာ လုပ်ခဲ့တဲ့ company ကတော့ Ta Gaung Bwar Company ဘဲဖြစ်ပါတယ်၊ QS နဲ့ ကျွန်မ ပထမဆုံးလုပ်ငန်းခွင်စဝင်ရတဲ့ company ပါ။ နေပြည်တော်မှာQS နဲ့အလုပ်စဝင်ပြီး ဘာတစ်ခုမှ မတွက်တတ်ခဲ့၊ Auto CAD ကလွဲပြီး၊ တခြားဘာသင်တန်းမှ မတတ်ခဲ့ဘူး၊ အာ့မှာတွေခဲ့တဲ့ Senior အစ်မ၊ မမပြုံးက ကျွန်မကို သင်တန်းမှာ သင်သလို အစအဆုံး စိတ်ရှည်လက်ရှည်သင်ပေးခဲ့တယ်။ ကျွန်မရဲ့ ပထမဆုံးတွက်ရတဲ့ အဆောက်အဦကတော့ ၁၅ခန်းတွဲအိမ်သာတလုံးပါ၊ အာ့ တလုံးပြီးအောင်တွက်ဖို့ ကျွန်မ တော်တော်အချိန်ယူခဲ့ရတာ၊ အခုတော့ ဒါတွေက အမှတ်တရတွေဖြစ်ခဲ့ပါပြီ။ အာ့မှာတော့ အထပ်မြင့်တွေ မဟုတ်ဘဲ infrastructure နဲ့ အထပ်နိမ့်တွေ တွက်ခဲ့ရပါတယ်။ သုံးနှစ်လောက်ကြာတော့ Yangonမှာ အထပ်အမြင့်တွေ ခေါတ်စားလာပြီး၊ အထပ်အမြင့်မှာလုပ်ချင်တဲ့ပိုးက တားမရတော့ဘူး၊ အာ့လိုနဲ့ 2009 ကနေ 2012 မှာ Tagaung Bwar ကနေထွက်ပြီး MGW Company မှာ အလုပ်လုပ်ခဲ့ပါတယ်။ အာ့မှာ တာဝန်ကျတဲ့site က DIP project 34 storeyed ရှိပါတယ်။ အာ့မှာလုပ်နေတဲ့ senior အစ်ကို၊ ကိုမျိုးညိမ်းက ကျွန်မကို bored pile တွက်နည်းကို drawing သေချာဆွဲပြီး အစအဆုံးစိတ်ရှည်စွာရှင်းပြခဲ့တယ်၊ တချို့ဟာတွေ drawing မှာမပါလဲ၊ ထည့်တွက်ဖို့လိုအပ်တာမျိုးအထိ သေသေချာချာ ရှင်းပြခဲ့လို့၊ bored pile တွက်ရမယ်ဆိုပျော်တတ်ခဲ့ပြီ၊ အာ့အလုပ်မှာဘဲ ကျွန်မရဲ့ department head တွေဖြစ်တဲ့ ဒေါ်ခင်ခင်ဦး၊ ဒေါ်မြင့်မြင့်သိန်း တို့ဆီက Structure, Architecture, ID အပိုင်းအလိုက် တွက်ရတဲ့ အယူအဆလေးတွေကို သင်ခဲ့ရပါတယ်။ 2012 ကနေ 2013အထိဘဲ MGW မှာ လုပ်ခဲ့ရတယ်၊ ကျွန်မရဲ့ Head တွေပြောင်းသွားကြတဲ့ နောက်ကို ကျွန်မလဲ လိုက်သွားခဲ့တယ်၊ ရည်ရွယ်ချက်ကတော့ကျွန်မသူတို့ဆီက ပညာယူတာ မပြည့်စုံသေးဘူး၊ သူတို့ဆီက ပညာလိုချင်သေးတယ်၊ အာ့ကြောင့် အတင်းအပူကပ်ပြီး အန်တီတို့နဲ့ အတူလုပ်ပါရစေဆိုပြီး Company အသစ်ကို ရောက်သွားပြန်တယ်။ အခုထိ ကျွန်မလုပ်နေဆဲ company ဆိုရင်လဲ မမှားပါဘူး၊ Shwe Taung Group Company မှာ 2013 ကနေ ယခုထိ Senior QS နဲ့ အလုပ်လုပ်နေဆဲပါ။ ST မှာတော့ Client QS, Main Con QS, Sub Con QS မျိုးစုံ လုပ်ခဲ့ရပါတယ်၊ လုပ်ခဲ့ရတဲ့ Project တွေက Crystal Tower- 27 Storeyed Residence & Tower ( Junction Square ဘေး၊ Time City အရှေ့)၊ Zealax Hotel _ 22 Storeyed ( ကမ်းနားလမ်း)၊ Kajima Project _ Substructure Work (Yankin)၊ လုံးချင်း အဆောက်အဦများ တွက်ခဲ့ရတယ်။ ဒီ Project တွေထဲက Crystal နဲ့ Kajima က Open Cut Method မဟုတ်ဘဲ Top Down Method နဲ့ ဆောက်ရတဲ့ အဆောက်အဦတွေပါ၊ မြန်မာပြည်မှာ တော့ Top Down Method နဲ့ဆောက်တဲ့ အဆောက်အဦ လက်ချိုးရေလို့ရပါတယ်နော်။ ယခု ကျွန်မရဲ့ လုပ်သက် ၁၄နှစ် အတွင်း ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ သိသမျှ sharing လုပ်ပေး၊ သင်ပေးမှာပါ။ ယခုလက်ရှိမှာလဲ ကျွန်မအပြင်က အဆောက်အဦတွေကို တာဝန်ယူတွက်ပေးနေပါတယ်။ သင်တန်းနဲ့ပါတ်သတ်ပြီး သို့မဟုတ် အဆောက်အဦ အတွက်estimate အပ်ချင်ပါက အားမနာတမ်း Chat Box ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon, 1
The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
Pansodan Road (Middle Block)
Yangon, 11182
ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education