Coding_ForAll

Sharing Is Caring

22/03/2024

You can start a business for $0 in 2024:

Name? Use

Presentations? Use

Email marketing? Use

Solves anything? Use

Logo? Use

Al Talking avtaar? Use

Al voice? Use

Automation? Use

Meetings? Use

Al art? Use

Automation? Use

Note talking? Use

Landing pages?

Create music? Use

Al lawyer? Use

Website? Use

Audio video edit? Use

Video editing? Use

Social media Auto? Use

App design? Use

Animations? Use

Track time? Use

SHARE THIS WITH YOUR AUDIENCE

Credit

20/03/2024

ချမ်းသာချင်ရင်
အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ...

သင်...တစ်ယောက်တည်းမချမ်းသာချင်ပါနဲ့။

မန္တလေးကနေ စပြီး အမြန်လမ်းမကြီးပေါ်တက်ပြီဆိုတာနဲ့ ဆီဆိုင်လောကကို မင်းမူနေတဲ့ဆိုင်တစ်ဆိုင်ရှိတယ် ၊

BOC ဆိုတဲ့ဆိုင် ..( တကယ်ကိုခမ်းနားတဲ့ဆိုင်ပါ )
သူနဲ့အတူ မန္တလေးကခေါက်ဆွဲဆိုင်ရယ် ၊
g & g ကိုပါခေါ်ထားတယ် ။

၂၀၁၉ ခုနှစ် ၆ လပိုင်းလောက် ပြိုင်ဘက်မရှိပဲ ..

သိပ်မကြာဘူး ၊

သူ့ရဲ့ရှေ့တည့်တည့်မှာ ဆီဆိုင်အကြီးကြီးဖွင့်ဖို့ ပြင်ဆင်နေတာ တွေ့တယ် ။

BOC ဆိုတာ ဆီအရည်အသွေးရော ၊ လီတာပြည့်တဲ့နေရာမှာရော ၊
Services ပေးတဲ့နေရာမှာပါ အရမ်းကောင်းတဲ့ဆိုင်ပါ ၊

တစ်ဆိုင်တည်းဆိုပေမယ့် ဖြစ်သလိုမလုပ်ဘူး ။
( ဒီအချက်ကိုတော့ အတော်သဘောကျတယ် )

အဲလိုဆိုင်မျိုးကို ဘယ်လိုဆိုင်ကများ လာဖိုက်မလဲဆိုပြီ စိတ်ဝင်တစားစောင့်ကြည့်ခဲ့တယ် ။

ဒိုင်းဆို ..
ရှေ့မှာ Hi way ဆိုတဲ့ ဆီဆိုင်ကြီးပေါ်လာတယ် ၊
Hi way ဆိုတာ ဆီဆိုင်လောက မှာတော့ BOC နဲ့ယှဉ်ရင် မိုးနဲ့မြေပါ ..

BOC ကို ယှဉ်ဖိုက်မယ့် HI way ဟာ သေချာပြင်ဆင်ခဲ့တယ် ။
သူတစ်ယောက်တည်းမလာဘူး ။
အဖော်တွေ ခေါ်လာတယ် ။

City Mark ကိုခေါ်လာတယ် ၊
Feel ကိုခေါ်လာတယ် ၊
SP ကိုခေါ်လာတယ် ၊
Tom Yam koong တို့လို တကယ့်ဆိုင်တွေကိုခေါ်လာတယ် ။

BOC ဟာ မထင်မှတ်ထားလောက်အောင် Customers တွေအများကြီးကိုခွဲပေးခဲ့ရတယ် ။

BOC ဟာ အတော်လေးကို ကျဲသွားတယ် ။

ခုတော့ BOC က
" မင်္ဂလာပါ " ကိုခေါ်လာတယ် ။

" မင်္ဂလာပါ " ဝင်လာတော့
Soft opening ကာလမှာတောင် BOC မှာ လူပြန်စည်လာတယ် ။

အရင်ခေတ်ကဆို BOC ဆိုတဲ့ဆိုင်းပုဒ်ကို ရှေ့ကထားမယ်ထင်တယ် ၊
( ခုတော့ မင်္ဂလာပါ ဆိုတဲ့ ဆိုင်းပုဒ်ကို ရှေ့ အတော်ကျတဲ့နေရာအထိ ထုတ်ထားတယ် )

နောက်တစ်ခုက DENKO

DENKO ရဲ့ထုံးစံအတိုင်း အချက်အခြာကျပြီး ၊ရှယ်ဆိုတဲ့ အမြန်လမ်းက စစ်ကိုင်းလမ်းခွဲ အဝိုင်းမှာ ဖွင့်လိုက်တယ် ။

DENKO ခေါ်လာတဲ့သူတွေကလည်း အမိုက်စားတွေ

ရွှေပုလ္လင် ကိုခေါ်လာတယ် ။
မြင့်မြင့်ခင် ကိုခေါ်လာတယ် ၊
အရီးတောင်း လက်ဖက် ကိုခေါ်လာတယ် ၊
ဆင်ခြောက်ကောင် ဖိနပ်လည်းပါတယ် ။
ပိုးထည်တိုက် တစ်ဆိုင်တောင်ပါသေးတယ် ။
နောက် Mini market လိုမျိုးလေးလည်းပါသေးတယ် ။

နောက်ဆုံးတော့ customer တွေကို ခွဲပြီးယူကြရတယ် ။

ဒီဘက်ခေတ်မှာ Group နဲ့သွားကြတာ အတော်လေးအရှိန်ရနေပြီထင်တယ် ၊

တစ်ယောက်တည်းချမ်းသာချင်တဲ့စိတ်ဟာ အတော်မှားတဲ့စိတ် ဖြစ်တယ်လို့ မြင်တယ် ။

ကိုယ့်ဘေးနားမှာ ရှိသမျှလူ အကုန်ချမ်းသာလေ ကောင်းလေပါ ၊

ချမ်းသာချင်ရင် အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ။

Credit

19/03/2024

" error ဆိုတာ
နောင်တစ်ချိန် ဖြစ်လာမယ့်
စိတ်ဒဏ်ရာ တစ်ခုပါ "

ပုံ / အကုတ်တော် (code)

16/03/2024

Linux အခြေခံကနေ စပြီးတော့ IBM ရဲ့ Cloud Management အထိ ချဥ်းကပ်သွားမယ့် Course လေးတစ်ခုကို စီစဥ်ထားပါတယ် ခင်ဗျာ

Linux ရဲ့ အခြေခံ commandတွေ System Administration တွေ အပြင် IBM ရဲ့ Cloud Management ကိုပါ တစ်စုတစ်စည်းထဲ လေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်

သင်တန်းကြေးကို အားလုံးအဆင်ပြေစေရန် တစ်သောင်းခွဲ ကျပ်သာ သတ်မှတ်ထားပါတယ်
Courses ကို self study လုပ်လို့ နားမလည်တာတွေ မှန်သမျှကို Page messenger မှာ အချိန်မရွေး လာရောက် မေးမြန်းနိုင်ပါတယ် 🤗🤗🤗

❄❄ AI Utilization ❄❄
ဒါ့အပြင် Programmers တွေအတွက် မသိမဖြစ် သိထားသင့်တဲ့ Chat GPT Utilization class တစ်ခုကိုပါ လက်ဆောင် အနေနဲ့ ထည့်ပေးထားပြီးတော့ Chat GPT မှာ ကိုယ်လိုချင်တဲ့ Result ရအောင် Prompt ကောင်းကောင်း ဘယ်လိုရေးသားရမယ်ဆိုတာကိုပါ အသေးစိတ် ရှင်းပြပေးထားပါတယ် ။ ဒီတစ်ချက်နဲ့တင် အရမ်းတန်နေပါပြီနော်

🎖 ဘယ်လိုသင်ကြားရမှာလဲ🙄❓

Telegram Group ကနေပြီးတော့ Video Lecture တွေကို share ပေးသွားမှာဖြစ်ပြီးတော့ ပေးရတဲ့ သင်တန်းကြေးနဲ့ ရတဲ့ပညာ မတန်ဘူးထင်ရင် ခြွင်းချက်မရှိ ငွေပြန်အမ်းပေးသွားမှာ ဖြစ်ပါတယ်

☘ စိတ်ဝင်စားတယ်ဆိုရင်တော့ cb မှာ သင်တန်းအကြောင်း အသေးစိတ်ကို စုံစမ်း မေးမြန်းနိုင်ပါတယ်💦💦

14/03/2024

touch pad လေးကိုပဲ သုံးပြီး hack သွားတာနော်. ကြောက်စရာ ကောင်းလိုက်တာဗျာ

11/03/2024

Short to the point🤣🤣

05/03/2024

ဖြုတ်ချက် 🤣🤣

02/03/2024

ထားမသွားဘူး ဆိုတာတောင် ယုံခဲ့သေးတာပဲ......
video ကြီးဖွင့်ပြီး Login လုပ်တာလဲ လက်ခုပ်တီးပေး ရမှာပေါ့🤣🤣

28/02/2024

exactly.....

26/02/2024

လမ်းပျောက်နေတဲ့လူငယ်တွေအတွက် အကြံပြုချက် (၃)ခု

ဒီအချိန်မှာ လူကြီးတွေထက်စာရင် လူငယ်တွေကို ပိုပြီးသနားမိတယ်။ ဒီဘေးဒုက္ခကြီးမှာ အားလုံးက ခံစားကြရသူတွေချည်းပေမယ့် နေရာတစ်ခုရပြီးသား၊ လမ်းကြောင်းတစ်ခုကို လျှောက်နှင့်ပြီးသား လူကြီးတွေထက်စာရင် လူငယ်တွေမှာပိုပြီးလမ်းပျောက်ကြရှာတယ်။ အသက်ကကြီးလာ၊ ကျောင်းကမပြီးသေး၊ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ပုဂ္ဂလိကကျောင်းတွေတက်ဖို့ဆိုတာကလည်း ငွေရေးကြေးရေးအရမတတ်နိုင်၊ တကယ့်ကို ခါးသီးတဲ့အတွေ့အကြုံပဲ။

ညီလေးတို့ ညီမလေးတို့ကို ၃ ခုအကြံပေးချင်တယ်။ အခုက စိတ်ညစ်စရာကြီးဆိုတာအမှန်ပဲ။ ဒါပေမယ့် ဘယ်လောက်ပြင်းထန်တဲ့မုန်တိုင်းဖြစ်ဖြစ် အမြဲတမ်းတော့မရှိနေနိုင်ဘူးဆိုတာ မှတ်ထားပါ။ အတန်းပညာရေးဟာ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ အရေးမပါတော့ဘူးဆိုတာ ကိုယ်အာမခံတယ်။ အခုချိန်မှာတော့ ဘဝပျက်မတတ်ခံစားနေရမှာပဲ၊ မျှော်လင့်ချက်မဲ့နေသလို၊ အရာအားလုံးဆုံးရှုံးသွားရသလို ခံစားနေရမှာပဲ။ ဒါပေမယ့် ဒါက အဆုံးသတ်မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်သတိပေးပါ။ လေပြေလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်လုပ်ထားပါ။ လမ်းပျောက်နေတယ်ဆိုရင် ကိုယ် (၃) ခုအကြံပေးချင်တယ်။ အသက် ၂၂ နှစ်အရွယ် ကိုယ်လမ်းပျောက်နေချိန် ဒီအချက် ၃ချက်ကိုပဲ လုပ်ပါတယ်။

၁။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်ပါ - ဘယ်ဘာသာစကားတွေ ဘယ်လိုပဲပေါ်ပြူလာဖြစ်ဖြစ် အင်္ဂလိပ်ဘာသာစကားက ကမ္ဘာတစ်ခုလုံးကို မြင်ရနိုင်တဲ့ ပြတင်းပေါက်ပါ။ အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း ကောင်းကောင်းတတ်ကျွမ်းရုံနဲ့ ဘယ်နေရာမဆိုဝင်ဆံ့လာလိမ့်မယ်။ ပညာသင်တဲ့နေရာ၊ အလုပ်လုပ်တဲ့နေရာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုက အကြီးအကျယ်ကွာခြားစေလိမ့်မယ်။ ဘာသာစကားတစ်ခုပြီးတစ်ခု လိုက်တက်နေမယ့်အစား အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်အောင်သင်ပါ။ အချိန်ပေးလေ့ကျင့်ပါ။ ဒါကိုတတ်ပြီဆိုတာနဲ့ ကြိုက်တဲ့ဘာသာရပ်ကိုလေ့လာနိုင်တယ်၊ ကြိုက်တဲ့အသိပညာဗဟုသုတ ရှာဖွေနိုင်တယ်၊ အတန်းမတက်ရသေးပေမယ့် ကိုယ့်ပညာဆက်လက်သင်ကြားဖို့အတွက် ကိုယ်တိုင်လေ့လာနိုင်တယ်၊ ကမ္ဘာအနှံ့ကလူတွေနဲ့ဆက်သွယ်ပြောဆိုနိုင်တယ်။

၂။ ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေကို လေ့လာပါ - ဘယ်အလုပ်ဖြစ်ဖြစ် ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေဟာ မပါမဖြစ်ပါ။ ပညာဆက်သင်တာ၊ လုပ်ငန်းခွင်ဝင်တာ အကုန်လုံးအတွက် အရေးပါလိမ့်မယ်။ ကွန်ပျူတာနဲ့အကျွမ်းဝင်ရှိအောင်လုပ်၊ အနိမ့်ဆုံး Microsoft office ဖြစ်တဲ့ Word, Powerpoint, Excel လောက်နဲ့ရင်းနှီးအောင်လုပ်ထား။ Cloud နည်းပညာနဲ့ သုံးတတ်အောင်လုပ်ထား။ လုံးဝအလဟဿမဖြစ်စေရဘူး။

၃။ ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကို မူတည်ပြီး Personal brand တစ်ခုတည်ဆောက်ထားပါ - ပန်းချီဆွဲတာဝါသနာပါလား၊ သီချင်းဆိုတာလား၊ တူရိယာတစ်ခုခုတီးမှုတ်တတ်လား၊ စက္ကူခေါက်တတ်လား၊ အင်္ကျီဒီဇိုင်းဆွဲရတာကြိုက်လား၊ ပညာပေးလေးတွေရိုက်ရတာကြိုက်လား၊ ပစ္စည်းအသစ်အဆန်းလေးတွေ စမ်းသပ်ကြည့်ရတာကြိုက်လား။ ကိုယ်ဝါသနာပါတာတစ်ခုခုရှိလိမ့်မယ်။ အဲဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ပိုင်ဘရန်းတစ်ခုတည်ဆောက်ထားပါ။ နေ့စဉ်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်လေးဖြစ်လာလိမ့်မယ်။ ကိုယ့်ကို စိတ်လှုပ်ရှားစေလိမ့်မယ်၊ အသုံးမကျဘူးလို့ ခံစားနေရတာတွေ သက်သာလိမ့်မယ်။ လူတစ်ယောက်က နာမည်ရှိလာရင် အသံရှိလာလိမ့်မယ်။ အသံရှိလာတဲ့သူတစ်ယောက်က ဘာလုပ်လုပ်ပိုလွယ်ကူတတ်တယ်။ ကိုယ့်တုန်းက ဘလော့တစ်ခုလုပ်တယ်။ နောက်တော့ ပေ့ခ်ျတစ်ခုထောင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေရေးတယ်၊ ကိုယ့်စိတ်ထဲပေါ်လာတာလေးတွေရေးတယ်။ အဲဒါနဲ့ အခု ဒီပေ့ခ်ျဖြစ်လာတာပဲ။ လမ်းပျောက်နေချိန် ဖန်တီးထားတာလေးတွေပေါ့။ အဲဒီနောက် အယ်ဒီတာအလုပ်ရတယ်။ ဘယ်တုန်းကမှ ငါ အယ်ဒီတာဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ရာကနေ လမ်းက ကိုယ့်အားထုတ်မှုပေါ်မူတည်ပြီး အလိုလိုပေါ်လာတာပဲ။

လူငယ်တွေခံစားနေရတာတွေကို ကိုယ်ချင်းစာတယ်။ ထပ်တူမဟုတ်တောင် ဒီခံစားချက်ကြီးနဲ့ ရင်းနှီးတယ်။ ဒါပေမယ့် ကိုယ်တို့ရပ်တန့်နေလို့တော့မရဘူး။ အားထုတ်ချင်စိတ်သာဆက်မွေးမြူထား။ လမ်းကြောင်းတွေ ပေါ်ကိုပေါ်လာလိမ့်မယ်။

Credit to Dr. Thurein Hlaing Win

18/02/2024

Concept of try.... catch 🤣🤣

17/02/2024

ပျင်းပျင်းရှိတာနဲ့ TV မှာ NGC Wild လိုင်းဖွင့်ပြီး တိရိစ္ဆာန်တွေ အမဲလိုက်တာ ကြည့်နေလိုက်တယ်။

ခြင်္သေ့တစ်ကောင်က
မြင်းကျားတစ်အုပ်ကို အမဲလိုက်နေတာ။
မြင်းကျားတွေ ပြေးတယ်။
လှည့်ပတ်ပြေးကြတယ်။ ဝရုန်းသုန်းကားပေါ့။

ဖုန်တွေတထောင်းထောင်းထအောင်
အသက်ဘေးကလွတ်ဖို့ ရှိသမျှ အားကုန်ထုတ်ပြီး ပြေးကြတာ။

ဒါပေမဲ့ သူတို့ထက်ပိုသန်မာတဲ့
ခြင်္သေ့ကြီးက နောက်ဆုံးတော့လည်း မြင်းကျား
တစ်ကောင်ကို
လွှားခနဲခုန်အုပ်ပြီး နေရာမှာတင် ကိုက်စားလိုက်တယ်။

ခြင်္သေ့က မြင်းကျားတစ်ကောင်ကိုလည်း
မိသွားရော ခုနက ပြေးလွှားနေကြတဲ့မြင်းကျားတွေ ချက်ခြင်းရပ်ပြီး အဲ့ဒီနားမှာပဲ
ပုံမှန်အတိုင်း မြက်ပြန်စားနေတော့တာပဲ။

ခုနက ပြေးလွှားနေကြတာ
သူတို့မဟုတ်တဲ့အတိုင်း။

သူတို့မျိုးနွယ်တစ်ကောင်ကို
သူတို့အနားတင် ခြင်္သေ့ကြီးက စားနေတာကို အမြီးလေးတခါခါနဲ့ အေးအေးလူလူနေနိုင်ကြတယ်။

နေနိုင်မှာပေါ့၊ တိရစ္ဆာန်ကိုး။ သူတို့လွတ်သွားဖို့ပဲ အားထုတ်တယ်လေ။

TV ကြည့်နေရင်းနဲ့ ကိုယ်တွေ လူ့ဘောင်အသိုင်းအဝိုင်းထဲမှာလည်း ဒီမြင်းကျားစရိုက်မျိုးနဲ့ လူတွေ ရှိနေပါလားလို့ အတွေးဝင်လာပြီး
မချိပြုံး ပြုံးမိတယ်။

"ဟိုကောင်တော့ ကားခနဲပဲဟေ့၊ ဟဟ ဒီကောင် ဒီလိုဖြစ်တော့မှာ ကျုပ်က ကြိုသိသားပဲ။
ထားလိုက်ဟေ့ သွားဝင်မပါနဲ့နော်၊
ကိုယ့်အပူ မပါဘူးဗျ။ ကိုယ့်ဟာကို နေတတ်သလိုလေးသာနေ"

ဒီစကားမျိုးတွေ ပတ်ဝန်းကျင်မှာ မကြာခဏကြားလာရတယ်။

ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်မိသားစုအရေးမှ မဟုတ်ရင် သူများဘေးဒုက္ခရောက်နေတာကို အေးရာအေးကြောင်း
ကြည့်နေနိုင်ကြတဲ့ လူတွေ လူတွေ။

ကြားဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။
တောထဲမှာ လူနှစ်ယောက်ကို ဆင်ရိုင်းကြီးက လိုက်တယ်ပေါ့။

လူနှစ်ယောက်က ထွက်ပြေးရတာပေါ့။
လူတစ်ယောက်က ပြောတယ်။
"ငါတို့ ဆင်ရိုင်းထက် ပိုအပြေးသန်နိုင်ပါ့မလား"

ဟိုလူက ဖြေတယ်။
"ဆင်ရိုင်းထက်တော့ မသိဘူး။ ငါ မင်းထက်တော့
ပိုအပြေးသန်တယ်"တဲ့။ သိပ်ကြောက်စရာကောင်းတဲ့ပုံပြင်ပါ။

မင်းထက်တော့ ငါ ပိုအပြေးသန်တယ်။
မင်းသေချင် သေပါစေ၊ ငါလွတ်ဖို့သာ အဓိကဆိုတဲ့ Mind set မျိုးကို (ဝမ်းနည်းဖွယ် ကောင်းတာက) လူငယ်တစ်ချို့ဆီမှာပါ အမြစ်တွယ်စပြုလာတာကို
တွေ့လာရပါတယ်။

သက်ငယ်မုဒိန်းမှုတွေ၊ လူငယ်နဲ့ မူးယစ်ဆေးဝါးပြဿနာတွေ၊ အစားအစာနဲ့ ဓာတုဆေးဝါးဆိုင်ရာရောဂါတွေ၊

ကျွန်တော်တို့နိုင်ငံထဲက ပြည်တွင်းစစ်တွေ၊
နိမ့်ကျနေဆဲ ပညာရေး ကျန်းမာရေး
စနစ်တွေ၊

ကိုယ့်ဆီ ကိုယ့်မိသားစုဆီ တိုက်ရိုက်မထိခိုက်သေးဘူးဆိုပြီး ကျွန်တော်တို့ အေးအေးလူလူလုပ်နေကြတယ်။

မနက်အိပ်ရာနိုး Breakfast စားပြီးရင်
ငါ့ဆိုင်လေး ဈေးရောင်းကောင်းဖို့၊
ငါ့ကုမ္ပဏီလေး အဆင်ပြေဖို့၊

ရုံးမှာ ငါရာထူးတက်ဖို့၊

ငါ့အလုပ်မှာ လခကောင်းကောင်းရဖို့၊ ငါ ငါ ငါ ငါအဆင်ပြေဖို့အတွက်ပဲ
ရှင်သန်နေကြသူတွေ။

သူများတွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးလို့
ခံယူထားတဲ့လူတွေ ခုနောက်ပိုင်းမှာ အရမ်းကိုများလာတယ်။

ဟိုးယခင် မဆလခေတ်က သိပ်တွင်ကျယ်တဲ့
စကားတစ်လုံးရှိခဲ့တယ်။

"ဦးရာလူ"တဲ့။
(အဲ့ဒီ စကားလုံးကို ယခုလက်ရှိ အချိန်အထိ
ကျွန်တော်မုန်းတယ်) ဦးရာလူ၊ ဦးတဲ့သူ ရမယ်၊ နောက်ကျရင် မရဘူး။

အဲ့ဒီအချိန်က အစစအရာရာ ရှားပါးတဲ့ခေတ်ဆိုတော့ လူတွေဟာ ဦးရာလူစနစ်ကြောင့် ကုန်တိုက်တွေမှာ သူများထက်ကိုယ်ဦးအောင်
တန်းစီပြီး ဈေးဝယ်ရတယ်။

နောက်ကျခဲ့ရင် မရတော့ဘူး။ သူများ
ရသွားလိမ့်မယ်။

ကိုယ်ကသူ့ထက်ဦးမှကို ရမယ်ဆိုတဲ့ အရိုးစွဲစိတ်ဓာတ်နဲ့ ကြီးပြင်း လာရလို့များ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာ

ပင်ကိုယ်က သိမ်မွေ့ပါလျက်နဲ့ ကိုယ်ချင်းစာတရားတွေ ပါးပါးလာကြပြီး ကျွန်တော်တို့
မျိုးဆက်လည်းရောက်ရော

မြင်းကျားလိုလူမျိုးတွေ
များပြားလာရသလားရယ်လို့ တခါတခါလျှောက်တွေးမိတယ်။

တိရစ္ဆာန်လိုမျိုး အရိုင်းစိတ်တွေ စိုးမိုးအား
ကောင်းလာတဲ့ခေတ်ဆိုတော့ ကားချင်းပွတ်မိရုံနဲ့လည်း သံတုတ်ကိုင်ပြီး ရိုက်ကြနှက်ကြ၊

လူချင်း စကားများရုံလောက်နဲ့လည်း သတ်ကြဖြတ်ကြနဲ့ပေါ့။

ပလက်ဖောင်း
ကျဉ်းကျဉ်းလေးထဲ လမ်းလျှောက်လာရင်း ထိပ်တိုက်တွေ့တဲ့အခါ
ရှောင်ပေးဖို့တောင် ခဲယဉ်းလာတဲ့အထိ လူတချို့ အတ္တကြီးလာကြတယ်။

ကမ္ဘာတောင် မီးမလောင်သေးပါဘဲနဲ့
မိတ်ဆွေရင်းတွေအချင်းချင်း ချနင်းဖို့ ဝန်မလေးကြတော့ဘူး။

လူနဲ့ တိရစ္ဆာန်ကြားက ခြားနားချက်တွေ တဖြည်းဖြည်းကျဉ်းမြောင်း
လာတာတွေးကြည့်ရင် သိပ်ကြောက်ဖို့ကောင်းပါတယ်။

ကိုယ့်ရင်ထဲမှာလည်း တိရစ္ဆာန်တစ်ကောင် အကောင်ပေါက်နေပြီ
လားလို့ ကိုယ့်စိတ်ကိုယ် မကြာခဏ ပြန်ဆန်းစစ်ကြည့်မိတယ်။

တိရစ္ဆာန်နဲ့လူ ခြားနားချက်ကို ဘယ်စံ၊ ဘယ်ပေတံနဲ့ ခင်ဗျားက တိုင်းမှာလဲလို့လာမေးရင် ကျွန်တော်ကတော့ ကိုယ်ချင်းစာတရား
ဆိုတဲ့ ပေတံနဲ့ပဲ တိုင်းချင်ပါတယ်။

"ကိုယ်ရဲ့ ကာယကံ ဝစီကံ မနောကံတည်းဟူသော
အကြောင်းတရားတွေဟာ သူတပါးအပေါ်မှာ ထိခိုက်နစ်နာ သွားစေနိုင်သလား"ဆိုတဲ့

ခံစားချက်နဲ့ "သူ့နေရာမှာ ကိုယ်သာဆိုရင်
ကိုယ်ဘယ်လိုခံစားရလိမ့်မလဲ"ဆိုတဲ့ စိတ်မျိုးနဲ့ပါ။

လူပီသဖို့ဆိုတာ သိပ်အများကြီး မလိုပါဘူး။
ကိုယ်ချင်းစာတတ်ဖို့လေးပါပဲ။

အဲ့စိတ်ဓါတ်လေး မရှိရင်တော့
အင်္ကျီဝတ်ထားပြီး အမြီးတနှံ့နှံ့နဲ့သွားနေတဲ့ မြင်းကျားတစ်ကောင်မျှသာ။

Credit to Original Writer

17/02/2024

We have only bugs 🤒

15/02/2024

In Myanmar 😐

11/02/2024

ရက်စက်တဲ့လမ်းများအဝေးမှာ ခေါ်သံတွေကြား..
ပြေးထွက်ခဲ့ ငြင်းမရပါလား 🎼🎼🎼

Crd

08/02/2024

Google sheet with bard AI...😳

06/02/2024

Thanks StackOverflow and Chatgpt 🤣🤣

05/02/2024

🚩ကားဝယ်စီးနိုင်မှ သူ့ဆီသွားတော့မယ်.....

ပိုက်ဆံ ဘယ်လောက်ရမှ ပျော်မယ်.....

အိမ်ကောင်းကောင်းနေနိုင်မှ ခရီးသွားတော့မယ်လို့
ကျွန်တော်တို့တွေ အဲလိုတွေးတတ်ကြတယ်နော်.....

တကယ် ပိုက်ဆံတွေရှိလာတော့ အသက်တွေကြီးလာ
ပျော်စရာလည်း သိပ်မကောင်းတော့ဘူး
အိမ်ကောင်းကောင်း ရှိလာတဲ့အခါ
နေမကောင်းလို့ ခရီးတွေမသွားနိုင်တော့ဘူး
ကားကောင်းကောင်း စီးလာနိုင်တဲ့အခါ သူမရှိတော့ဘူး..

အဲ့လိုမျိုးတွေ ဖြစ်လာတတ်ပါတယ် ။

ဒါကြောင့် ပိုက်ဆံရှိရှိ မရှိရှိ
ချမ်းသာဆင်းရဲ အရေးမကြီးဘူး ဖြစ်တည်မှုမှာ
ရှိနေတဲ့အချိန်တိုင်းက အဖိုးတန်ပါတယ်
တန်ဖိုးထားတတ်ဖို့ပါပဲ..

ဘဝကို ဘယ်လိုပဲ ဖြတ်သန်းရပါစေ
ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်သလို နေသွားပါ..

ရေစက်ကုန်သွားရင် ပြန်ဆုံဖို့ မလွယ်တော့ဘူး..

ကျနော်တို့ရဲ့ ချစ်ခြင်းက ဖြူစင်နေရမယ်

If you can love, love
don't think too much in such a short time life period
Just live the way you want and make fun

Credit to Original writer

03/02/2024

❗️မြန်မာနိုင်ငံသားများအတွက် သီးသန့် scholarship နှင့်အတူ US အသိအမှတ်ပြု ဘွဲ့တစ်ခုရနိုင်သော UOP❗️

University of the People သည် အခမဲ့ virtual universityဖြစ်ပြီး 2009 တွင် စတင်ဖွင့်လှစ်ခဲ့ပြီး များစွာသောသူများက တကယ်ကောဟုတ်ရဲ့လားဟု ထင်ခဲ့ကြသည်။ အမေရိကန်အသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖြစ်သည့်အပြင် အမြတ်အစွန်းမယူသော အခမဲ့အွန်လိုင်းတက္ကသိုလ်" အဖြစ် ကြော်ငြာထားသောကြောင့် လူတော်တော်များများမယုံခဲ့ကြပေ။

ဒါဆို "အမေရိကန်အသိအမှတ်ပြု" က ဘာကိုဆိုလိုတာလဲ?

University of the People သည် အမြတ်အစွန်းမယူဘဲ ပညာရေးကို ဆက်လက်လေ့လာလိုသူများအတွက် တရားဝင်တက္ကသိုလ်တစ်ခုဖြစ်တာမှန်ပါသလား?

အဖြေကတော့ ဟုတ်ပါတယ်။ University of the People ကို US ပညာရေးဌာနက အသိအမှတ်ပြုထားတဲ့ အဝေးသင်ပညာရေးကော်မရှင် (DEAC) က အသိအမှတ်ပြုပါတယ်။ DEAC ကို အဆင့်မြင့်ပညာရေးအသိအမှတ်ပြုကောင်စီမှလည်း အသိအမှတ်ပြုပါသည်။ ဒေသဆိုင်ရာအသိအမှတ်ပြုအေဂျင်စီတစ်ခုဖြစ်သည့် WASC Senior College and University Commission (WSCUC) မှ တက္ကသိုလ်အား အသိအမှတ်ပြုခြင်းအတွက် ကိုယ်စားလှယ်လောင်းအဖြစ်လည်း အသိအမှတ်ပြုခံရပါသည်။

University of the People သည် နိုင်ငံတကာ ကျောင်းသားများအတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်ပါသလား?

University of the People's ကျောင်းသားအဖွဲ့သည် လက်ရှိတွင် နိုင်ငံနှင့် နယ်မြေပေါင်း 200 တွင်ရှိနေသည်။ ၎င်း၏တရားဝင်ဝဘ်ဆိုဒ်တွင်ဖော်ပြထားသည့်အတိုင်း "အမေရိကန်ပညာရေးသည် အဆင့်မြင့်ပညာရေး၏စံနှုန်းအဖြစ်သတ်မှတ်ထားသောကြောင့်ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြုထားသောအမေရိကန်ဘွဲ့ကို မတူညီတဲ့ ပညာရေးစနစ်ရှိတဲ့ နိုင်ငံတွေတောင်မှ အလေးအနက်ထားကြပါသည်။"

အဆိုပါထုတ်ပြန်ချက်တွင် University of the People ဒီဂရီကို ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ လက်ခံပြီး တန်ဖိုးထားကြသည်ဟု ဆိုသည်။ ချီတုံချတုံဖြစ်သူများသည် ၎င်းတို့၏နိုင်ငံရှိ ကောလိပ်များနှင့် တက္ကသိုလ်များအားလုံးအတွက် အရည်အချင်းအခြေအနေကို စစ်ဆေးနိုင်သည်။

ထို့အပြင် University of People သည် လိုအပ်သူများအတွက် လက်လှမ်းမီနိုင်သော ပညာရေးကို ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုထဲတွင် Bill and Melinda Gates Foundation၊ Ford Foundation၊ Facebook နှင့် Twitter တို့ပါဝင်သည်။

သတိထားရမည့်အရာကတော့-

တက္ကသိုလ်သည် ကျောင်းသားများအတွက် စာရင်းသွင်းရန်နှင့် ကုန်ကျစရိတ်အများစုကို မယူသော်လည်း၊ ပေးဆောင်ရမည့် အခကြေးငွေအချို့ရှိနေသေးသည်။

University of the People သည် လျှောက်ထားသူများအား တစ်ကြိမ်သာသွင်းရမည့် ပြန်မအမ်းသော အခကြေးငွေ US$60 ကို တောင်းပါသည်။ နောက်ပြီးဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းတစ်ခုစီအတွက် assessment fees မှာ US$120 နှင့် US$240 အသီးသီးရှိပါသည်။

University of People တွင် ဘွဲ့တစ်ခုရရှိရန် စုစုပေါင်းကုန်ကျစရိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။
တွဲဖက်ဘွဲ့- US$2,460
ဘွဲ့ဒီဂရီ: US$ 4,860
MBA: US$2,940
M.Ed.: US$3,180
အရည်အသွေးပြည့်မီသော ပညာရေးအတွက် ပေးရမည့် ပမာဏတစ်ခုစီသည် အတော်နည်းသောစျေးနှုန်းဖြစ်သည်။ နောက်ပြီး စေတနာ့ဝန်ထမ်းလုပ်ပေးတဲ့ ပရော်ဖက်ဆာတွေဟာ ကမ္ဘာ့အလေးစားဆုံး တက္ကသိုလ်အချို့မှာ သင်ကြားပေးတဲ့ ဆရာများနဲ့အတူတူပါပဲ။

ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယုံကြည်စိတ်ချရမှုကို အာမခံထားပါသည်။ McGill University၊ Long Island University၊ Effat University၊ Harvard Business School Online၊ New York University၊ UC Berkeley၊ University of Edinburgh နှင့် International Baccalaureate တို့သည် ဂုဏ်ယူစရာကောင်းသော ပံ့ပိုးကူညီသူများဖြစ်သည်။ တက္ကသိုလ်သည် Microsoft၊ Hewlett-Packard နှင့် Union Square Ventures ကဲ့သို့သော ထိပ်တန်းကုမ္ပဏီများနှင့်လည်း နီးကပ်စွာ အလုပ်လုပ်ပါသည်။ ထို့ကြောင့် ကျောင်းသားများအတွက် အလုပ်သင်ဆင်းရန်နှင့် ဘွဲ့ရများအတွက် အလုပ်အကိုင်ရရှိရန် မယုံနိုင်လောက်အောင် လွယ်ကူစေသည်။

ဘွဲ့ရများ၏ 87% သည် လက်ရှိတွင် ပရော်ဖက်ရှင်နယ်အဖြစ် ထူးချွန်နေသည်မှာ အံ့ဩစရာပင်ဖြစ်သည်။ ဘွဲ့ရများကို Amazon၊ Apple၊ Dell၊ Deloitte၊ IBM၊ Microsoft၊ JP Morgan၊ UN နှင့် World Bank ကဲ့သို့သော ကုမ္ပဏီများတွင် တွေ့ရှိနိုင်သည်။

💎မြန်မာနိုင်ငံသားများအတွက်လည်း သီးသန့်ပေးထားသော Scholarship ရှိပါသည်💎

Foundation Hoffman နှင့် Frankel Family Foundation တို့မှ ပံ့ပိုးထားပြီး မြန်မာနိုင်ငံမှ ကျောင်းသားသစ်များအတွက်သာ ရရှိနိုင်ပါသည်။ associate degree programs များအတွက် ချီးမြှင့်မည်ဖြစ်ပြီး သက်တမ်းတိုးနိုင်သည့်အပြင် ဆုတစ်ခုလျှင် assessment fees ဆယ်ခုအထိ ထောက်ပံ့ပေးထားသည်။

မြန်မာနိုင်ငံမှ ကျောင်းသားများအား အသိအမှတ်ပြု ပညာရပ်ဆိုင်ရာ ဘွဲ့တစ်ခု ရရှိရန် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ထားပါသည်။ ပညာသင်ဆုနှင့်ပတ်သက်သည့်မေးခွန်းများကို [email protected] တွင် Financial Aid သို့ မေးမြန်းနိုင်ပါသည်။

Link: https://go.uopeople.edu/admission-application.html?_gl=1*11zizd5*_ga*MjA0MzYzMjY0My4xNjczNDYxNzA5

Credit to Kyaw Tun

31/01/2024

My first Program 🤣🤣🤣

Photos from Codigo's post 29/01/2024

❤jobs for Myanmar

26/01/2024

brackets တွေ ပျောက်တတ်ရင် ပေတံဆောင်ထားပါ😅

26/01/2024

Remote Job ဘယ်လိုရှာမလဲ?

ကျနော်ကို အမေးများလို့ လက်ရှိလဲ Remote Part Time လုပ်နေတာမို့လို့ သိသလောက်လေး Share ပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက် ကဆိုရင် တော်တော်လေးကို ရှာရတာ အဆင်ပြေပါတယ်။ DevOps Engineers ဆိုတဲ့ Facebook Group ကနေ ရတဲ့ Network ကနေရှာတာ တစ်ရက်ကိုတောင် သုံးခုလောက် ရပါတယ်။ Upwork ရော Freelancer.com ကလဲရပါတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားမှာတော့ နိုင်ငံတော်တော်များများ Back to Office (or) Hybrid ပြန်ဖြစ်လာကြလို့ Remote Job Market က တော်တော်လေး ကျပ်လာပါတယ်။ ကျနော်ကိုယ်တိုင်လည်း အရင်ကဆို Project 3 ခု လောက် Parallel လုပ်နေရာကနေ အခုဆို Project တစ်ခု တောင် Maintenance လေးပဲရှိပါတော့တယ်။ Remote ကရတဲ့ဝင်ငွေကလဲ တစ်လကို USDT 1200 - 1700 လောက်ကနေ ရှေ့လကဆို 120 ပဲရှိပါတော့တယ်။ ဒီလဆို လုံးဝမရှိပါ။

လက်ရှိမှာ နာမည်ကြီး Upwork ရော Freelancer မှာ​ ရော အခြေအနေ မကောင်းပါ Upwork ဆို Scammers တွေတော်တော်များသလို အခုမှ စလုပ်မဲ့သူ ဘာ Rating များများ မရှိရင် မစဥ်းစားပါနဲ့ မရပါဘူး။ Rating များတဲ့ Freelancers တွေတောင် Connects တွေများများ ဝယ်ပြီး စွတ်ပြီး vote မှ interview ရပါတယ် ဒါတောင် စျေးညှိလို့ရပြီး Interview အောင်မှ အလုပ်ရပါတယ်။ စျေးကလဲ $100 တန် အလုပ်ကို $5 နဲ့လုပ်တဲ့ Indians တွေများ​တော့ အများကြီးရဖို့ မလွယ်ပါဘူး။ တစ်ကယ် အလုပ်ခေါ်စာထက် Job Scam တာတွေ ထပ်ဆင့်ပြန်အပ်တာတွေနဲ့ Quality ကောင်းတဲ့ Job ဆိုတာ တော်တော်ရှားနေပါတယ်။

Freelancer.com ကတော့ Scammers Upwork လောက် မရှိဘူး ပြောလို့ရပေမဲ့ Job Quality တွေတော်တော် ဆိုးပါတယ်။ Project တစ်ခုလုံးလုပ်ရဖို့နေနေသာသာ ဘာမှန်းမသိတဲ့ Troubleshooting တွေ Context ရေရေ ရာရာမရှိတဲ့ Freelancer အချင်းချင်း ဂျင်းထည့်တဲ့ Job တွေများပါတယ်။ Quality Job တွေရှိပေမဲ့ Indians တွေ က Market ထဲမှာ တော်တော် နေရာယူထားတော့ သူ့တို့ထက် နည်းတဲ့ စျေးနဲ့ လုပ်နိုင်မှ ရပါလိမ့်မယ်။

Fiverr ကတော့ အခြေအနေ ကောင်းပါသေးတယ် ဒါပေမဲ့ သူက စျေးရောင်းသလို ရောင်းရတော့ DevOps/SRE ဆိုလည်း 7x Certified လောက် ဖြစ်ရင်ဖြစ်။ Web Development နဲ့ App Development ဆိုလဲ လန်ပြန်ထွက် ​​နေတဲ့ Portfolio ရှိမှ အဆင်​​​ ပြေပါတယ်။

ဒါဆို လက်ရှိမှာ ဘယ်ကရှာရမလဲ မေးရင်​တော့ ကျနော်ကတော့ Network ကောင်းအောင် လုပ်လို့ပဲ အကြံပေးချင်ပါတယ်။

Network ကောင်းအောင် လုပ်ဖို့က Skill set တွေကို LinkedIn လို နေရာမျိုးမှာ show off လုပ်ပါ။ သက်ဆိုင်ရာ Field ထဲမှာ Top ဖြစ်နေတဲ့ လူတွေကို Connect လုပ်ပါ။ Skills တွေကို Show off လုပ်တဲ့နေရာမှာလဲ PHP က ဘာဖြစ်တယ် Web Development က ဘာဖြစ်တယ် OOP က ဘာ Design Pattern က ဘာ စသဖြင့် ChatGPT (or) Google ကနေ အလွယ်တစ်ကူ ရှာလို့ရတဲ့ ညအခါ လသာသာ information တွေလောက်နဲ့ အဆင်မ​ပြေပါ။ Project တစ်ခုလုံးကို လုပ်ဘူးတဲ့ လုပ်ထားတဲ့ Digarms (or) Blueprint တွေနဲ့ Show off လုပ်နိုင်ရပါတယ်။ Project ထက် Product တွေကို သေချာ လုပ်ဖူးရင်ပိုကောင်းပါတယ်။ Sample တွေကို Comment မှာ ထည့်ပေးထားပါတယ်။ ကိုယ်တိုင်ကလဲ နယ်ပယ် တစ်ခုမှာ Hand On 4 to 5 years လောက်ရှိဖို့လဲလိုပါတယ်။ အဲ့လောက်မှ မရှိတဲ့လူကိုလဲ ဘယ်သူမှ မခန့်ပါ။

Portfolios ကောင်းကောင်းလဲရှိတယ်။ Community မှာလဲ Contribute လုပ်နိုင်တယ်။ Network လည်းရှိရင်​တော့ အလိုလို ရောက်လာပါလိမ့်မယ်။ ရှာနေစရာ​​​​ တောင် မလိုပါဘူး။ ဒါပေမဲ့ သင်တန်း ၁ နှစ်လောက် တက်ထားရုံနဲ့လည်း Entry Level မှာ မြန်မာပြည်ကနေ Remote ရှာဖို့က တော်တော်လည်း ခတ်လာတာကိုတော့ သတိပြုစေချင်ပါတယ်။

Credit to Khant Naing Set

25/01/2024

ရှာပုံတော် မင်းသားကြီးပေါ့🤣🤣

Photos from Royal Thai Embassy, Yangon's post 24/01/2024

23/01/2024

ဒီနေ့ကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ JavaScript အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ JavaScript က Web development အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက်ပြီး စွယ်စုံသုံးဘာသာစကားဖြစ်ပါတယ်။

ဒါကြောင့် JavaScript ကိုလေ့လာရန် sources များနဲ အကြံပေးချက်များကိုတင်ပေးလိုက်ပါတယ်။

🌟 JavaScript သင်ယူခြင်းအတွက် အရင်းအမြစ် ၈ ခု

၁။ Mozilla Developer Network (MDN) (https://developer.mozilla.org/en-US/docs/Web/JavaScript)

MDN သည် လမ်းညွှန်ချက်များ၊ သင်ခန်းစာများကို ဥပမာများနှင့်အတူ JavaScript ကို လေ့လာနိုင်ပါတယ်

၂။ W3Schools (https://www.w3schools.com/js/)

W3Schools ကတော့ ဥပမာများ/ ဉာဏ်စမ်းပဟေဠိများနှင့်အတူ နားလည်ရလွယ်ကူသော JavaScript သင်ခန်းစာကို သင်ပေးပါတယ်

၃။ FreeCodeCamp (https://www.freecodecamp.org/learn/javascript-algorithms-and-data-structures/)

FreeCodeCamp မှာ JavaScript နှင့် အခြားသော Web Development ဆိုင်ရာ အကြောင်းအရာများအတွင် သင်ရိုးညွှန်းတမ်းများပါရှိပါတယ်။

၄။ Codecademy (https://www.codecademy.com/learn/introduction-to-javascript) Codecademy က JavaScript သင်တန်းဟာ ဆွဲဆောင်မှုရှိသော လေ့ကျင့်ခန်းများနှင့် ဉာဏ်စမ်းပဟေဠိများမှတစ်ဆင့် အဆင့်ဆင့်ကို သင်ယူရန် ကူညီပေးပါသတယ်။

၅။ Eloquent JavaScript (https://eloquentjavascript.net/)

Eloquent JavaScript ကတော့ Marijn Haverbeke မှ အခမဲ့၊ အွန်လိုင်းစာအုပ်တစ်အုပ်ဖြစ်ပြီး JavaScript ရဲ့ အတွင်းကျကျ၊ ဥပမာများနှင့် လေ့ကျင့်ခန်းများစွာပါရှိပါတယ်

၆။ JavaScript30 (https://javascript30.com/)

JavaScript30 မှာ လက်တွေ့ JavaScript ပရောဂျက်များတည်ဆောက်ရာတွင် ကူညီဖို့ ဗီဒီယိုသင်ခန်းစာ 30 နှင့် coding challenge များရှိပါတယ်။

၇။ You Don't Know JS (https://github.com/getify/You-Dont-Know-JS)

You Don't Know JS ရဲ့ GitHub တွင် Kyle Simpson ရဲ့ JavaScript စာအုပ်ကို အခမဲ့ရနိုင်ပါတယ်။

၈။Traversy မီဒီယာ (https://www.youtube.com/user/TechGuyWeb)

Traversy Media ရဲ့ YouTube ချန်နယ်ကစတင်လေ့လာသူကနေ အဆင့်မြင့်လေ့လာသူများအထိ ကျယ်ပြန့်သော JavaScript သင်ခန်းစာများပါရှိပါတယ်။

🚀 Project Ideas အတွက် GitHub Repositories 5 ခု

၁။TodoMVC (https://github.com/tastejs/todomvc)

TodoMVC သည် JavaScript frameworks များကို အသုံးပြုထားတဲ့ မတူညီသောကိရိယာများကို ရှာဖွေလေ့လာရန်နှင့် သင်ယူရန်အတွက် ပြီးပြည့်စုံသော စုစည်းမှုတစ်ခုဖြစ်ပါတယ်။

၂။ RealWorld (https://github.com/gothinkster/realworld)

RealWorld တွင် တန်ဖိုးရှိသော ပရောဂျက်များအတွက် မတူညီသော JavaScript frameworks များနှင့် library များရှိသော full-stack app တစ်ခုဖြစ်ပါတယ်။

၃။ Awesome JavaScript (https://github.com/sorrycc/awesome-javascript)

Awesome JavaScript မှာတော့ အရင်းအမြစ်တွေ စာကြည့်တိုက်နဲ့ ကိရိယာတွေ စုစည်းထားပြီးပြည့်စုံသောကိရိယာများကို ရှာဖွေရန် ကူညီပေးပါလိမ့်မယ်

၄။ Front-end Checklist (https://github.com/thedaviddias/Front-End-Checklist)

Front-end Checklist ကတော့ HTML၊ CSS နှင့် JavaScript အတွက် အကောင်းဆုံးဖြစ်ပြီး၊ Web development အတွက် ကောင်းမွန်သောကိုးကားချက်တစ်ခုလည်းဖြစ်ပါတယ်။

၅။ JavaScript Algorithms (https://github.com/trekhleb/javascript-algorithms)

Java script ကိုကျွမ်းကျင်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကိုလိုက်နာဖို့တိုက်တွန်းပါတယ်🚨

၁။ လေ့ကျင့်ပါ

ကိုယ့် အရည်အချင်းများကို ထက်မြက်ပြီး ခိုင်မာစေရန်အတွက် ကုဒ်ရေးနည်းများနှင့် ပရောဂျက်များကို ပုံမှန်လုပ်ဆောင်ပါ။ အလေ့အကျင့်သည် ပြီးပြည့်စုံစေသည်ကို သတိရပါ။

၂။ Community နဲ့ဆက်သွယ်ပါ။

ဖိုရမ်များ၊ ဆိုရှယ်မီဒီယာနှင့် အခြားသော သင်ယူသူများ/ ဆော့ဖ်ဝဲရေးသားသူများနဲ့ချိတ်ဆက်ပါ။ ကိုယ့်အသိပညာကို လည်းမျှဝေပြီး အခြားသူများထံကလည်း သင်ယူခြင်းက ပိုမိုလွယ်ကူစေပါတယ်။

၃။ ပြဿနာများကို ပိုင်းဖြတ်ပါ

ရှုပ်ထွေးသောအလုပ်များကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါ အဲ့ဒီ့ပြဿနာတွေကို သေးငယ်ပြီး စီမံခန့်ခွဲနိုင်သော အဆင့်များအဖြစ် ခွဲလိုက်ပါ။ အဲ့လိုလုပ်ခြင်းက ကိုယိ့ရဲ့ ပြဿနတွေကို ပိုမိုနားလည်စေပြီး ထိရောက်စွာဖြေရှင်းနိုင်စေရန် ကူညီပေးမယ့်အပြင် သင်ယူမှုအတွေ့အကြုံကို ပိုမိုပျော်စရာကောင်းစေမှာပါ။

၄။ စိတ်ရှည်သည်းခံပြီး ဇွဲရှိပါ-

ကုဒ်ကိုလေ့လာခြင်းသည် အချိန်နှင့် စိတ်အားထက်သန်မှု လိုအပ်တာကြောင့် စိတ်ရှည်သည်းခံခြင်းက စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်မည်ဖြစ်ပါတယ်။

၅။ အောင်မြင်မှုတွေကို ဂုဏ်ပြုလိုက်ပါ- ကိုယ့် ရဲ့အောင်မြင်မှုတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြုဖို့ မမေ့ပါနဲ့။ အောင်ပွဲတိုင်းက ပန်းတိုင်နဲ့ နီးတဲ့ခြေတစ်လှမ်းမို့ တိုးတက်မှုအတွက် ဂုဏ်ယူပြီး စိတ်အားထက်သန်စွာနဲ့ ရှေ့ဆက်လိုက်ပါ။

Credit to Sir Kyaw Tun

21/01/2024

မဂ်လာဦးညမှာ error တက်နေသောအခါ🤧

20/01/2024

test ကို စိတ်ထဲမှတ် လက်နှစ်ချောင်းထောင် test ပြီးတော့ bug 😖🤧

19/01/2024

ပိုက်ဆံတော်တော်လေး ချမ်းသာတဲ့
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့
ကျွန်တော် မိတ်ဆွေဖြစ်ဖူးတယ်...

သူ လောကကြီးကနေ ထွက်သွားတာ
သုံး လေးနှစ်လောက်ရှိနေပြီ...

သူ့ဆီမှာ ကင်ဆာရောဂါရှိနေမှန်း သိရချိန်မှာ..

တစ်နေ့ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်...
ညနေဖက် အားရင် ရွှေတိဂုံဘုရားသွားဖူးကြ
ရအောင်တဲ့..

အဲ့ဒီညနေ ကျွန်တော်လဲ အားနေတာနဲ့...
ညနေ ခြောက်နာရီလောက် ရွှေတိဂုံဘုရား
ရောက်သွားတယ်..

ဘုရား ရင်ပြင်တော်ရဲ့ ထောင့်တစ်နေရာမှာ
ထိုင်နေရင်း..

ဆရာကျော်... ကျွန်တော့်ကို ဘယ်လိုမြင်လဲတဲ့...

ကျွန်တော်လဲ သူ နောက်နေတယ်ထင်ပြီး.. အစ်ကို
ဒီနေ့ ဝတ်ထားတာ တော်တော်လေး ကြည့်ကောင်း
ပါတယ်လို့ ပြန်ဖြေလိုက်တယ်...

သူက ထပ်ပြောတယ်... သူ အတည်ပြောနေတာ..
သူ့ကို ဘယ်လိုမြင်လဲ... စိတ်နေသဘောထား..
စသည်ဖြင့် စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောပါတဲ့..

ကျွန်တော်လဲ.. အစ်ကိုက ချမ်းသာတယ်၊ သူတပါးကို
ကူညီတယ်၊ တပည့်တွေကလဲ ချစ်တယ်၊ဘာသာရေး
လဲ ကိုင်းရှိုင်းတယ်.....

ကျွန်တော် အဖြေကို ပြုံးပြီးနားထောင်နေတယ်...

ခဏကြာတော့ ခေါင်းခါတယ်...

မဟုတ်ဖူး.. ဆရာကျော်တဲ့....
ကျွန်တော့်ဘဝမှာ အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက်..

လူနှစ်ယောက်ရဲ့ ဘဝကို ရက်ရက်စက်စက် ချနင်းခဲ့
ဖူးတယ်တဲ့..

လုပ်ဖော်ကိုင်ဖက်တွေတဲ့.... စီးပွားရေး partner
တွေပေါ့...

ကျွန်တော်ကြောင့် သူတို့တွေ ဘဝပျက်သွားတယ်၊
သူတို့ စီးပွားရေးတွေကို ကျွန်တော် သိမ်းပိုက်ခဲ့
တယ်တဲ့...

လုပ်နေတဲ့ အချိန်၊ လုပ်ပြီးတဲ့အချိန်အထိ.....
ကျွန်တော် ကိုယ် ကျွန်တော် မှန်တယ်လို့ဘဲ
ထင်နေခဲ့တာတဲ့...

အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော် မှားမှန်း
သိလာတယ်၊

နောက်ပိုင်း ညဖက်တွေ အိပ်မပျော်တော့ဖူးတဲ့...

အိပ်ဆေးတွေသောက်ပြီး ကြိုးစား အိပ်...
ခဏဘဲ အိပ်လို့ရတယ်...

ဒီလိုနဲ့ နောက်ပိုင်း ဘာသာရေးတွေ အရမ်းလုပ်
လာဖြစ်တယ်တဲ့.....

အခုလို ကင်ဆာရောဂါရှိနေမှန်း သိလိုက်ရချိန်..

ကျွန်တော့် အမှားကို ကျွန်တော် ပိုပြီး နောင်တရ
လာတယ်.... တစ်စုံတစ်ယောက်ကို ဖွင့်ပြောဖို့ ကြိုး
စားပေမယ့် ပြောမထွက်ခဲ့ဖူး....

ကျွန်တော် သိပ်မှားသွားတယ်ဗျာ...
ငွေကြေး၊ ချမ်းသာမှုဆိုတာ တကယ်တော့ ကိုယ်
သေရင် ထားခဲ့ရမယ့်အရာတွေ...

ကျွန်တော့်ကို ယုံကြည်ပြီး ကျွန်တော်နဲ့ အလုပ်တွဲ
လုပ်ခဲ့တဲ့ လူနှစ်ယောက်ကို.... ဘဝပျက်တဲ့အထိ
လုပ်ခဲ့တဲ့အမှားကြီးကို....

ကျွန်တော် သံသရာတလျောက်လုံး သယ်သွားရ
တော့မယ်တဲ့...

ကျွန်တော်လဲ အကို အဲ့ဒီမိသားစုတွေကို ရှာကြည့်
ပါလား...သူတို့ကို တစ်ခုခု ထောက်ပံ့ပေးလိုက်ပါ
လားဆိုတော့....

သူကြောင့် ဘဝပျက်သွားခဲ့ရတဲ့ လူနှစ်ယောက်ရဲ့
သားသမီးတွေကို သူ့အလုပ်မှာ ခန့်ထားတာ ကြာ
ပါပြီတဲ့.. လိုသေးမရှိလဲ ထောက်ပံ့ထားပါတယ်
တဲ့လေ...

တစ်ခုဘဲ.... သူကြောင့် သူတို့မိသားစု ဘဝပျက်သွား
ခဲ့ရတယ်ဆိုတာတော့ သူတို့တွေ မသိကြဖူးတဲ့လေ....

ကျေးဇူးတင်ပါတယ် သူဌေးလို့ တစ်ခွန်းပြောလိုက်တိုင်း..

ခင်ဗျားကြောင့် ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ရတာဆိုပြီးဘဲ ကြားနေမိတယ်တဲ့လေဗျာ....

သူ နောက်ဆုံးပြောခဲ့တာက..... မတော်လောဘ...

ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ သူတပါးမျက်ရည်
ဘယ်တော့မှ မပါစေနဲ့တဲ့လေ...

နှစ်တွေကြာညောင်းခဲ့ပြီ..

သူလဲ ဘယ်ဘုံဘဝတွေ ရောက်နေပြီလဲ မသိ...
ဒီနေ့အထိတော့ ကျွန်တော်စားတဲ့ ထမင်းလုတ်ထဲမှာ
သူတပါး မျက်ရည်မပါသေးဖူး..

ဘယ်တော့မှလဲ ပါမှာ မဟုတ်ဖူး...

လူ့ဘဝကြီးက ခဏတာပါ..
ဒီတော့ ကိုယ်စားမဲ့ ထမင်းလုတ်ထဲမှာ သူတပါးမျက်ရည်
ဘယ်တော့မှ မပါ စေနဲ့ မိတ်ဆွေ။

Credit to Sayar Kyaw

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

touch pad လေးကိုပဲ သုံးပြီး hack သွားတာနော်. ကြောက်စရာ ကောင်းလိုက်တာဗျာ
ထားမသွားဘူး ဆိုတာတောင် ယုံခဲ့သေးတာပဲ......video ကြီးဖွင့်ပြီး Login လုပ်တာလဲ လက်ခုပ်တီးပေး ရမှာပေါ့🤣🤣
In Myanmar 😐
Google sheet with bard AI...😳
Thanks StackOverflow and Chatgpt 🤣🤣
My first Program 🤣🤣🤣
test ကို စိတ်ထဲမှတ် လက်နှစ်ချောင်းထောင် test ပြီးတော့ bug 😖🤧
Programming က ခက်လား 🙄Me: : No 🤧
လွယ်တာမှတ်လို့🤣🤣
'''စျေးကွက်သေးသေးလေးမှာ လုပ်တာထက် Network ကျယ်ကျယ်ချဲ့ပြီး စျေးကွက်ကျယ်ကျယ်ကို စဥ်းစားပါ'''part 5#motivation #talkshow #...
Let's start Hacking 🤣🤣
'''အခက်အခဲက ကြုံရတတ်တယ် ကြုံရတဲ့အချိန်တိုင်း ခေါင်းအေးအေးထားပြီး လွတ်ထွက်အောင် လုပ်ရတာမျိုးတွေ ရှိပါတယ်'''part-4#uzawzaw...

Category

Website

Address

Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.