A Touch of Beauty

A Touch of Beauty

Korean Cosmetics Wholesale and Retail

Photos from 𝙺𝚊𝚜𝚙𝚎𝚛’𝚜 𝙱𝚎𝚊𝚞𝚝𝚢 𝙴𝚡𝚙𝚎𝚛𝚒𝚎𝚗𝚌𝚎𝚜's post 21/01/2024

100ml နဲ့ 500ml instock နော်

Photos from A Touch of Beauty's post 18/01/2024

အသစ်လေး နည်းနည်းဝင်

Photos from Beauty's Zone's post 18/01/2024

ထပ်ရောက်ဖို့ရှိသေးတယ်နော်

Photos from Grace's Glow up Guide's post 18/01/2024

Instock ရသေးတယ်နော်

Photos from A Touch of Beauty's post 16/01/2024

ရတနာလေးတွေနော် ❤️

Photos from A Touch of Beauty's post 15/01/2024

ပစ္စည်းလေးတွေက ပုံမှန်ထက်ကြာပြီး ရောက်တော့လည်း နည်းနည်းစီခွဲရောက်နေလို့ပါရှင်...

Photos from Trust With Jez's post 11/01/2024

ပစ္စည်းလေးပြတ်နေတာကြာပြီမို့ အားနာပါတယ်ရှင်... Official ကနေ ပေးတာနဲ့ Pre-order များကို ဦးစားပေးခွဲပေးပါ့မယ်နော်❤️🥲

Photos from Skin Adorer By Noh Noh's post 11/01/2024

🥰

Photos from A Touch of Beauty's post 11/01/2024

LancĂ´me Toner
Made in France
125ml 💗 60,000 (USA Import)
Exp 2026


All Skin Types ရတယ်နော်... Sensitive Skin များအတွက်ပါ safe ဖြစ်ပါတယ် 😍
Oily skin သမားတွေသုံးမယ်ဆိုရင်တော့​Powder​ pact လေးနဲ​ပုပ်ပေးရင်​ သိပ်သိပ်လေးဖြစ်ပါတယ်...

💗Serum Texture လေးနဲ့ alcohol -free toner လေးပါ... ရေဓါတ်ဖြည့်ပေးတာ အရမ်းကောင်း💦

Key Ingredients တွေကတော့
💦ရေဓါတ်ထိန်းသိမ်းပေးတာ ထိရောက်ပြီး အသားအရေတင်းရင်း ဝင်းမွတ်စေတဲ့ Hyaluronic Acid အဓိကပါဝင်ပါတယ်

💗Acacia Honey ကတော့ moisture ပြည့်ပြည့်ဝဝ ဖြည့်ပေးတယ်... Anti-oxidant ကြွယ်ဝတဲ့အတွက် ဆဲလ်တွေကို ကျန်းမာစေလို့ အရွယ်တင်နုပျိုစေပါတယ်... Soothing effect လည်းပါလို့ ဝက်ခြံပေါက်၊ အသားနီရဲ၊ sensitive skin တွေပါ အဆင်ပြေကြတာပါရှင်☑️

🌰Sweet Almond Oil ကတော့ moisture ဖြည့်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ရေဓါတ်အားနည်းပြီး မွဲခြောက်ခြောက်အသားအရေတွေကိုပါ အချိန်တိုအတွင်း စိုပြေစေပါတယ်💗

💗ပုံမှန်တိုနာတွေထက် နည်းနည်း ပိုပျစ်ပေမယ့် စိမ့်ဝင်ပြန့်နှံ့လွယ်ပြီး ရလာဒ်ပြတာလည်း မြန်ပါတယ်✅

နှင်းဆီရနှံ့ ခပ်သင်းသင်းလေးနဲ့ မို့ လိမ်းနေရင်း လန်းဆန်းကြည်လင်နေရောပဲ😍

စိုပြေနူးညံ့ ဝင်းမွတ်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်💗

07/01/2024

Instock နော်

🤗 ကုန်သွားလဲ Review ရေးလို့ရတယ်မို့လား?

[HONEST REVIEW] DERMAFACTORY Niacinamide 20% Serum

သားဖြိုး 2023 မှာ သုံးခဲ့တဲ့ Serum တွေထဲမှာ သူ့ကို အကြိုက်ဆုံးလို့ပြောလို့ရပါတယ်။ ဒါကြောင့်လည်း My Favorite of 2023 ရဲ့ Serum List မှာ သူ့တစ်မျိုးတည်းဖြစ်နေတာပေါ့။

သုံးခဲ့ဖူး သမျှ Niacinamide Serum တွေထဲမှာ Lightweight အဖြစ်ဆုံးနဲ့ အထိရောက်ဆုံးလို့တောင်ပြောလို့ရတယ်။

Niacinamide 20% က သားဖြိုး သုံးဖူး သမျှ Niacinamide Serum ထဲမှာ Concentration အများဆုံးလို့ပြောလို့ရတယ်။

အသားအရေကို Brightening Result ကို အချိန်တိုတိုနဲ့ရစေတယ်။ At least within 2Weeks လောက်ပဲ။

အသားအရောင်မညီတဲ့သူတွေဆိုသုံးကြည့်ပါ။

သူ့ထဲမှာ ရေအစား Damask Rose Water 64.5% ကိုသုံးပေးထားတဲ့အတွက် Rose Water နဲ့ ဓာတ်မတည့်တဲ့သူတွေတော့ သုံးလို့ အဆင်မပြေဘူး။
Hyaluronic Acid နဲ့ Glycerin တို့လည်း ပါဝင်တဲ့အတွက် HA Serum ထပ်သုံးစရာမလိုဘူး။

သူ့ Texture က တော်တော်ကြဲတယ်။ အသားထဲ စိမ့်ဝင်တာမြန်ပြီး လိမ်းပြီး စိုစို ပြောင်ပြောင်ကြီး ဖြစ်မနေပဲ သိပ်သိပ်လေးဖြစ်သွားတာကိုတွေ့ရတယ်။

Oily Skin သမားတွေ ကြိုက်မယ့် Finish မျိုးပေါ့။

အမဲစက် အမာရွတ်အတွက်လည်း သိသိသာသာသက်သာတာကို သုံးခဲ့တဲ့ တလျှောက်တွေ့ခဲ့ရတယ်။

သူ့သုံးလို့ဆိုပြီး ဝက်ခြံတွေ ကန်ထွက်တာ ဘာညာလုံးဝ မရှိဘူး။ သားဖြိုးအသားအရေက Niacinamide နဲ့ ရင်းနှီးပြီးသားမို့လားတော့ မသိဘူး။

ခုမှ Niacinamide ကိုစသုံးတဲ့သူတွေကိုတော့ DERMAFACTORY ရဲ့ Niacinamide 11% Essence လေးကနေ စသုံးပြီးမှ Serum ကို ကူးပေါ့။

စျေးနှုန်းအနေနဲ့ သားဖြိုးဝယ်တုန်းက 17,500Ks ပဲပေးရတာမို့ Budget အနေနဲ့ Saved ဖြစ်တဲ့ထဲမှာပါတယ်။

✅ Suitable for Normal to Oily Skin & Acne Prone Skin

အမဲစက် အမာရွတ်ကင်းစင်ပြီး ကျန်းမာ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တဲ့သူတိုင်း သုံးသင့်တဲ့ Serum ဖြစ်ပါတယ်။

သားဖြိုးကတော့ 2024 မှာလည်း သူ့ကို ဆက်သုံးမှာမို့ ခုသုံးနေတဲ့ ပုလင်းက ကုန်နေပြီမို့ Derma Factory Myanmar မှာ နောက်တစ်ပုလင်း သွားမှာလိုက်ဦးမယ်။

သားဖြိုးရဲ့ Review လေးကို အစ-အဆုံးဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျ။

နောက် Blog တွေမှာပြန်တွေ့မယ်နော်။

07/01/2024

ချင့်ချိန်နိုင်ဖို့ပါရှင်

🤰🤰 ကိုယ်ဝန်ဆောင်ချိန် ရှောင်ရမည့် Skincare များ 🤱🤱

ယမုံ့ဆီမှာ အမေးများတဲ့ မေးခွန်းတွေထဲက တခုပါ .. ကိုယ်ဝန်ဆောင်ချိန် Skincare တွေ လိမ်းလို့ရလား .. ကိုယ်ဝန်ကို ထိခိုက်နိုင်လားဆိုပြီး မေးကြပါတယ်.. တချို့လည်း ဘာမှမလိမ်းပဲ Skincare တွေသုံးတာ ရပ်ထားကြတော့ ကိုယ်ဝန်ဆောင်ချိန်တလျှောက် အမဲစက်နဲ့တင်းတိပ်ထွက်တာတွေ မျက်ကွင်းညိုတာ အစုံပဲ ဖြစ်ကြပါတယ်.. မွေးပြီးမှ ပြန်ပြီးပြုပြင်ထိန်းသိမ်းရတာ ပိုခက်တာရယ် ကလေးတဖက်နဲ့ဆိုတော့ Skincare မလုပ်နိုင်လေ ပိုဆိုးလေပါပဲ..

ဒါကြောင့် ဒီနေ့ ကိုယ်ဝန်ဆောင်ချိန်မှာ skincare လုပ်လို့ရလားရယ် ဘယ်လို Ingredients တွေကို ရှောင်ရမလဲဆိုတာ ပြောပြမယ်နော်..

💁🏻‍♀️ ကိုယ်ဝန်ဆောင်ချိန်မှာ Skincare လုပ်သင့်လား?

လုပ်သင့်ပါတယ် ... ပုံမှန်အတိုင်း

1. မိတ်ကပ်ဖျက်တာ..
2. Cleansing လုပ်တာ..
3. Exfoliating (scrub သို့ peeling) လုပ်တာ
4. Toner သုံးတာ
5. Moisturizer လိမ်းတာ
6. အပြင်သွားရင် Sunscreen သုံးတာ စတာတွေ လုပ်လို့ရပါတယ် ..

🙅🏻‍♀️ ဒါပေမဲ့ ရှောင်ရမဲ့ Ingredients တွေက ..

1. Retinol - အဓိကအရေးကြီးဆုံးက Retinol ကို ရှောင်ရပါမယ်.. Retinol က များသောအားဖြင့် antiaging skincare တွေမှာ ပါတတ်ပါတယ်.. လိမ်းလိုက်တဲ့ Retinol က အရေပြားကနေစိမ့်ဝင်ပြီး ကိုယ်ဝန်ဆီ ဘယ်လောက်ထိရောက်သလဲဆိုတာ research မရှိပေမဲ့ သောက်ဆေးကတော့ ကိုယ်ဝန်ထိခိုက်စေတာ သေချာတာမို့ ဝက်ခြံကုနေတဲ့သူရှိရင်လည်း သက်ဆိုင်ရာ အရေပြားဆရာဝန်ကို ကိုယ်ဝန်ရှိကြောင်း သို့ ကိုယ်ဝန်ဆောင်ဖို့ Plan ရှိကြောင်း ကြိုတင်အသိပေးဖို့ လိုပါတယ်..

2. Hydroquinone - Hydroquinone က များသောအားဖြင့် Dark spot corrector တွေမှာ ပါတတ်တာမို့ တင်းတိပ် မှဲ့ခြောက်ပျောက်စေတဲ့ product တွေကို မသုံးတာ အကောင်းဆုံးပါ..

3. Benzoyl Peroxide - ဝက်ခြံအတွက်လိမ်းတဲ့ benzoyl peroxide ကတော့ ပါဝင်မှု ပမာဏ 5% အောက်နည်းရင် ရပါတယ် .. (ဒါပေမဲ့ သက်ဆိုင်ရာ အရေပြားဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှ သုံးတာပိုကောင်းပါတယ်)

4. Salicylic acid (BHA) - Salicylic acid (BHA) ကတော့ တော်တော်များများသုံးနေကြတဲ့ exfoliants ပါပဲ.. Scrub သို့ Peeling တွေထဲမှာ ပါသလို Toner , leave on exfoliants တွေမှာ ပါပါတယ်.. ပုံမှန် Skincare တွေမှာပါတဲ့ BHA 2% နဲ့ 2% အောက်ကတော့ ကိုယ်ဝန်ဆောင်ချိန်သုံးလို့ရပါတယ်.. ဒါပေမဲ့ Professional procedure တွေဖြစ်တဲ့ chemical peeling လိုမျိုး acid % များတာမျိုး လုပ်လို့မရပါဘူး..

4. Phthalates, Toluene, Formaldehyde - လက်သည်းဆိုးဆေးနဲ့ ရေမွှေးတချို့မှာ ပါတတ်တာမို့ Phthalates, Toluene , Formaldehyde free စတဲ့ product မျိုးကို ရွေးသုံးနိုင်ပါတယ်..

5. Ammonia - ဆံပင်ဆိုးဆေး အများစုမှာ ပါတတ်တာမို့ မဆိုးတာအကောင်းဆုံးပါ.. ဒါပေမဲ့ မဖြစ်မနေ ဆံပင်ဆိုးတော့မယ်ဆိုရင် Ammonia free ဆိုတာလေး ပါတာမျိုး ရွေးချယ်ဆိုးသင့်ပါတယ်..

ကဲ ခုလောက်ဆို Skincare တွေထဲမှာ ရှောင်ရမဲ့ ပါဝင်ပစ္စည်းတွေအကြောင်း သိပြီဆိုရင် ကိုယ်ဝန်ဆောင်ချိန် ထွက်တတ်တဲ့ အမဲစက် မှဲ့ခြောက် တင်းတိပ်တွေ ဗိုက်ကြောပြတ်တာ စတဲ့ ပြဿနာတွေကို ဘယ်လိုလုပ်သင့်လဲ ?

🤰 မှဲ့ခြောက်တင်းတိပ် နဲ့ အရေးအကြောင်းအတွက်

1. ပုံမှန် exfoliate လုပ်ပေးလို့ပါတယ်.. BHA or AHA % နည်းတဲ့ scrub or peeling စတာ သုံးလို့ရပါတယ်.. Exfoliate လုပ်ခြင်းက အသားရေကို ကြည်စေတယ်..

2. Skin brightening ဖြစ်စေတဲ့ Vitamin C product နဲ့ အရေးအကြောင်းလျော့စေတဲ့ Niacinamide (vitamin B3) , Vitamin E နဲ့ Peptites စတာတွေပါတဲ့ product တွေ သုံးလို့ရပါတယ်..

3. အပြင်ထွက်တဲ့အခါ SPF 30 ပါတဲ့ sunscreen သုံးပေးနိုင်ပါတယ်.. ဒါမှမဟုတ် Zinc oxide သို့ Titanium dioxide စတဲ့ Physical sunscreen တွေ သုံးနိုင်ပါတယ်..

ကိုယ်ဝန်ဆောင်ချိန်မှာ မှဲ့ခြောက်နဲ့ တင်းတိပ်ထွက်တာ အဖြစ်ဆုံးမို့ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါပဲ ...

🤰 ဗိုက်ကြောပြတ်တာအတွက် ....

1. ဗိုက်ကြောပြတ်တာကတော့ ကိုယ်ဝန်ဆောင်တိုင်းမှာ အဖြစ်ဆုံး ရာခိုင်နှုန်းအများဆုံး ဖြစ်မှာပါ.. ဘယ်လို Skincare product ကမှ လုံးဝ ပြန်မကောင်းစေနိုင်ပါဘူး.. ဒါကြောင့် တတ်နိုင်သမျှ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သံလွင်ဆီလို အဆီမျိုး သို့ Cocoa butter လို cream မျိုး အမြဲ လိမ်းပေးသင့်ပါတယ်..

⁉️ ဒါဆို ကိုယ်ဝန်ဆောင်ချိန်မှာ Skincare သုံးလို့ ရလား မရလားဆိုတာကို ပြန်အနှစ်ချုပ်ရရင် .....

သုံးလို့ရပါတယ်... ကိုယ်ဝန်ဆောင်ချိန်မှာ တင်းတိပ်နဲ့ အမဲစက်တွေထွက်တာ အရေးကြောင်းတွေပိုများလာတတ်တဲ့အတွက် ကြိုတင်ကာကွယ်ဖို့ skincare ပုံမှန်လုပ်သွားသင့်ပါတယ်.. ကိုယ်ဝန်ဆောင်ချိန်ရော မွေးပြီးတဲ့အခါမှာလည်း ပုံမှန်လိမ်းလို့ရပါတယ် .. အပေါ်မှာ ပါတဲ့ ရှောင်ရမဲ့ ပါဝင်ပစ္စည်းလေးတွေကလွဲရင်ပေါ့နော် ..

ခုလောက်ဆို ကိုယ်ဝန်ဆောင်အတွက် Skincare ဗဟုသုတလေးတွေသိရပြီဆိုရင် မကြာခင် မိခင်ဖြစ်တော့မဲ့ မိခင်လောင်းတွေ တသားမွေးပြီး တသွေးလှပါစေလို့ ဆုတောင်းလိုက်ပါတယ်နော် .. 😍😍😍

စိတ်ရှည်လက်ရှည် စာဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.. ☺️☺️☺️

Skincare By May
2018 Oct 14

Photos from A Touch of Beauty's post 06/01/2024

ရှားပါးလေးတွေ ရောက်...
Carenel က Pre-order တွေအတွက်ပဲ ရပါဦးမယ်ရှင်...

05/01/2024

Carenel Niacinamide နဲ့ Peeling နှစ်မျိုးလုံး မနက်ဖြန် ရောက်ပြီရှင့်....
လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက Pre-order confirmed ဖြစ်ထားသူများပဲ အရင်ရပါဦးမယ်ရှင်... ဘယ်လောက်ကြာကြာစောင့်ဆိုင်းပေးလို့လည်း အထူးအထူး ကျေးဇူးတင်ပါတယ်ရှင်❤️

ဒီရက်ပိုင်း order တင်ထားသူများအလှည့်မရောက်သေးဘူးနော်...

Photos from A Touch of Beauty's post 03/01/2024

Hatomugi The Body Soap (ရေချိုးဆပ်ပြာ)
800ml 🌾 21,000

ရေချိုးဆပ်ပြာ ဘူးအကိတ်ကြီးမို့ တစ်မိသားစုလုံး အဝသုံးလို့ရတယ်နော်(12 နှစ်အောက် ကလေးကိုတော့ ပေးသုံးလို့မရသေးပါ)

အာဟာရတန်ဖိုးမြင့်မားတဲ့ မုယောစပါးအနှစ် နဲ့
သဘာဝအစိုဓါတ်ဖြည့်ပေးနိုင်တဲ့ Shea Fat, Hyaluronic Acid တို့ပါဝင်လို့ ရေချိုးပြီးလည်း အသားလေး စိုအိပြီးကျန်ခဲ့တာပါ💦

🫧 အမြှုပ်ထွက်အားလည်းကောင်းလို့ လူကြိုက်များပါတယ်....
🧽 Sponge သို့ သပွတ်အူနဲ့ ဆိုရင်တော့ အမြှုပ်ထွက်အား ပိုကောင်းနိုင်ပါတယ်✔️

ရေချိုးပြီး အသားလေး ချောအိစိုဝင်းပြီးကျန်ခဲ့ချင်ရင် တစ်ဘူးလောက်တော့ မဖြစ်မနေဆောင်ထားနော်💙

Photos from 𝙺𝚊𝚜𝚙𝚎𝚛’𝚜 𝙱𝚎𝚊𝚞𝚝𝚢 𝙴𝚡𝚙𝚎𝚛𝚒𝚎𝚗𝚌𝚎𝚜's post 02/01/2024

ဒီအတွဲလေး လမကုန်ခင် ထပ်ရောက်ဖို့ရှိပါတယ်ရှင်....

Photos from A Touch of Beauty's post 01/01/2024

Bring Green နဲ့ Derma Factory ရောက်ပြီနော်...
စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပေးလို့လည်း ကျေးဇူး တင်ပါတယ်ရှင်🥰...

Photos from Kiss the Skin's post 01/01/2024

ဒါလေးရောက်ပြီနော်...

Photos from A Touch of Beauty's post 01/01/2024

နှစ်သစ်ရဲ့ ကံထူးရှင်လေးပါရှင်...
Cb မှာ လိပ်စာ
ဖုန်းနံပါတ်လေး တွေ လာပေး ပါနော်❤️

31/12/2023

Happy New Year 2024
I'm from ရဲ့ အသစ်ထွက်ထားတဲ့ ရှယ်ကြည် glow စေတဲ့ Beet Ampoule လေး လက်ဆောင်ယူနော်....

Photos from A Touch of Beauty's post 28/12/2023

တချို့item လေးတွေက နည်းနေပါပြီနော်... ကုန်သွားတာလေးတွေလည်းရှိပါတယ်ရှင်...

26/12/2023

ဖြူ အရမ်းကိတ်နေလားဟင်...😆😂

credit to owner

Photos from A Touch of Beauty's post 26/12/2023

Giveaway winner လေးပါရှင်...လိပ်စာ
ဖုန်းနံပါတ်လေးလည်းပေးထားပါနော်

Photos from A Touch of Beauty's post 25/12/2023

Etude House ရဲ့နောက်ဆုံးထွက်ထားတဲ့ Dewy Tint လေး Xmas လက်ဆောင်ယူပါရှင်... ကြိုက်တဲ့အရောင်ရွေးနော်...

Photos from A Touch of Beauty's post 25/12/2023

ပိတ်ရက်လည်း မနားရပါဘူးလို့... ပြတ်နေတာတွေပဲ ဝင်တာဆိုတော့
မော ... ပျော်ကြီးပါ🙃

Photos from A Touch of Beauty's post 25/12/2023

Happy Christmas & A Happy New Year အတွက် ရှယ် Promotion လေးလာပြီနော်❤️

25.12.23 မှ 1.1.24 အထိ 🔔

25/12/2023

Merry Xmas to you all🎄❤️
ဒီနေ့ တနင်္လာနေ့မို့ ဆိုင်ပိတ်ပါတယ်ရှင့်...
Pick up လည်း မရဘူးနော်

Photos from A Touch of Beauty's post 24/12/2023

ဒီနေ့ ရောက်ထားတာလေးပါရှင်...
Lancome Toner 125ml 52,500

Clinique DD gel 50ml 27,000/125ml 64,000

Photos from A Touch of Beauty's post 23/12/2023

Etude House ရဲ့ အသစ်စက်စက် ထွက်တဲ့ Fruity Dewy Tint လေးတွေ ၃ ရောင်စုံ ရောက်ပြီနော်...

တဖြုတ်ဖြုတ် ကြွေနေရပါပြီလို့😭♥️
1pc 24,000

23/12/2023

ကိုယ်တိုင်လည်း ဝက်ခြံထွက် ပြီး အဆီပြန်တတ်သူမို့ Cica သုံးနေတာ အရမ်းကြိုက်ပါတယ်...
oily skin အတွက်ထုတ်ထားတဲ့ cleanser အများစုက မျက်နှာ သစ်ပြီး တင်းကြပ်သလိုလေးဖြစ်တတ်ပေမယ့် သူ့ကျလံုးဝ အိအိစိုစိုလေးကျန်ခဲ့တာ😍

Yoon Skin အကြောင်းလေး ပြောရအောင်။ Shall we?

မြန်မာ ကိုရီးယား ကပြားလေးလို့ နာမည်တပ်ထားတဲ့ Yoon Skin ရဲ့ Facial Foam တွေအကြောင်းက တော်တော်များများလည်း ရေးနေကြလို့ အားလုံးဖတ်ပြီး ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဒီ Brand လေးက ဘယ်လိုဆင်းသက်လာတာလဲရယ်၊ ဘာရည်ရွယ်ချက်တွေနဲ့ တို့တွေအားလုံးရှေ့ကို ရောက်လာတာလဲဆိုတာလေး Moon နဲ့အတူတူ တီးခေါက်ကြည့်ရအောင်နော်။

ဒါနဲ့ ပုံထဲက Yoon Skin Cica Facial Foam လေးပါ။ ဒါဟာလေးအကြောင်းကို Yoon Skin ဆိုတာ ဘာလဲ မပြောခင် သူ့ကောင်းကြောင်းတွေဖြစ်တဲ့ ဝက်ခြံ၊ အဆီပြန်သမားတွေအတွက် အဆင်ပြေတာ၊ မျက်နှာသစ်ဆေးဆိုပေမယ့် Soothing Calming ကောင်းတာ၊ Hydration ကောင်းပြီး Gentle ဖြစ်လို့ အသားခြောက်မကျန်ခဲ့ဘူးဆိုတာက တော်တော်များများရေးပြီးသားမို့ ဖတ်ဖူးသလောက် ရှိမယ်လို့ ယုံကြည်ပါတယ်။ (တကယ်လည်း ကောင်းပါတယ်။) ဒါပေမယ့် Brand ရဲ့ Purposes က ရှည်ပြီး Review က ပြီးမှ လာမှာဖြစ်လို့ စာဖတ်သူတွေ ပျင်းနေမှာစိုးလို့ Moon က အရင် Intro ဝင်ထားတာပါ။ တစ်ခုရှိတာ Moon အနေနဲ့က မျက်နှာသစ်ဆေး Review ဆိုတာထက် Feeling လေးတစ်ခုကို ပြန်ရတာမို့ အဲဒီဟာက ပိုပါမယ်။ ဒါက နိဒါန်းအနေနဲ့ အရင်ကြိုပြောထားတာပါ။

Yoon Skin ဆိုတာ မြန်မာလိုဆို ယွန်းထည်က ယွန်းကို ယူထားတယ်လို့ ထင်ရပေမယ့် တကယ်တော့ Korean Hangul စကားလုံးဖြစ်တဲ့ 윤(Yun) က Yoon ကို ယူထားတာပါ။ Yun အဓိပ္ပါယ်ကတော့ တောက်ပသော၊ ပြောင်လက်တောက်ပတာ၊ ရွှန်းစိုတောက်ပတာ လို့ အဓိပ္ပါယ် ရပါတယ်တဲ့။ ဆိုတော့ တောက်ပပြောင်လက်တဲ့ အသားအရေလေးလို့ ခေါ်ရမှာပေါ့ကွယ်။

Korean စက်ရုံမှာ ထုတ်ထားတယ်ဆိုပေမယ့်လည်း မြန်မာအသားအရေနဲ့ ကိုက်ညီမှုရှိအောင် ဖော်မြူလာတွေ အများကြီးနဲ့ သေချာရွေးချယ်ပြီးမှ ထုတ်လုပ်ထားတာပါ။ ဒါကလည်း Moon က Founder အစ်မနဲ့ စကားပြောကြည့်လို့ သိရတာပေါ့နော်။ ဘယ်စက်ရုံမှာ ထုတ်တာလဲကအစ Moon ကို ပြောပြတာဖြစ်လို့ Moon အနေနဲ့ ဒီဟာက Quality အားဖြင့်တော့ တော်တော်လေးကောင်းတယ်လို့ ခေါ်ရမှာပေါ့နော်။ Moon အနေနဲ့ ပြောပြရမယ်ဆို မြန်မာပြည်မှာ နာမည်ရနေတဲ့ K-Beauty Brands တွေ ထုတ်တဲ့ စက်ရုံလို့ပဲ ပြောရမှာပေါ့။ (အဲစက်ရုံကလေ Sunscreen ဆို နာမည်ကြီးတယ်။ ဒီကတော်တော်များများလည်း အဲကထုတ်တဲ့ Sunscreen ကို သုံးဖူးပြီးသားဖြစ်မှာပါ ဒီလောက်ပဲ ပြောပြမယ်နော် ဟီး)

ဆိုတော့ စျေးနှုန်းအားဖြင့်လည်း Fair ဖြစ်တယ်။ ပါဝင်မှုလည်း များတယ်။ အကောင်းဆုံးအချက်က မြန်မာအသားအရေနဲ့ အတော်လေးအဆင်ပြေအောင် ထုတ်ပေး​ ရွေးပေးထားတာဖြစ်လို့ Yoon Skin မျက်နှာသစ်ဆေးတွေက ဗူးကြီးကြီးနဲ့ ကောင်းကောင်းသုံးလို့ရတာမျိုးကို ရွေးသင့်ပါတယ်လို့။ နောက်လည်း တခြား Products တွေလည်း လာဦးမှာ။ အဲခါကျ Moon သုံးဖြစ်ရင် ထပ်ရေးပေးပါမယ်လို့။

Anyway Moon မျက်နှာသစ်ဆေးအကြောင်း ပြောမယ်။ Moon အခုသုံးနေတာကတော့ Cica Facial Foam ပါ။ ဝက်ခြံနဲ့ အဆီပြန်တဲ့သူတွေအတွက် ထုတ်ထားတာဖြစ်ပြီး Cica အဓိက ပါဝင်ပါမယ်။ Ingredients အနေနဲ့ဆို Cica, Green Biome Complex, ကြာပန်း၊ Heartleaf နဲ့ Lactobacillus တို့ ပါဝင်ပါတယ်။ တစ်ခုရှိတာ Lactobacillus ပါလို့ Fungal Acnes ရှိတဲ့သူဆို နည်းနည်းတော့ သတိထားပေါ့နော်။ Moon ကတော့ Probiotics တွေ Skincare ထဲ ပါတာ Barrier ထိထားတဲ့သူတွေအတွက်တော့ အဆင်ပြေလို့ ကြိုက်ပေမယ့် သတိထားချင် ထားရအောင်လို့ပါ။

မျက်နှာသစ်ဆေးက Thick ဖြစ်တဲ့ Cream ပုံစံလေးပါ။ အနံ့လေးနည်းနည်းပါပေမယ့် သတိထားမိလောက်အောင် မွှေးနေတာမျိုးမဟုတ်ဘူးရယ်။ ဆိုတော့ Sensitive Skin တွေ အဆင်ပြေပါ့မလား တွေးပူနေမှာစိုးလို့။ အဆင်ပြေမှာပါ။ စိတ်ချ။

မျက်နှာသစ်ရတဲ့ Experiences အကြောင်းလေး ပြောရအောင်။ အနံ့ရယ် သစ်ရတာရယ်ကလေ ဘယ်လိုပြောရမလဲ Moon တို့ ဟိုးအရင်က The Faceshop တော့ Etude တို့က မျက်နှာသစ်ဆေးလေး ပြန်သုံးနေရတဲ့ Feeling လေး။ တကယ် Nostalgia ဖြစ်စေတာ။ Moon ဒါကို သုံးတဲ့အချိန်မှာ Moon ရဲ့ အချိန်တွေကလေ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကို နောက်ပြန်ဆုတ်သွားသလိုပဲ။ တကယ် ပိုက်ဆံစု၊ ရလာပြီဆို The Faceshop, Etude House ဆိုင်တွေကိုသွားလည်။ ထားပေးထားတဲ့ tester တွေကို ဝအောင်စမ်း၊ နောက်ဆုံး မျက်နှာသစ်ဆေးတစ်ဘူးကို ဝယ်လာ၊ အိမ်ရောက်တာနဲ့ တန်းသစ်။ အဲလိုပျော်စရာအချိန်လေးတွေ။ Moon ပြောသလို အားလုံးဖြတ်သန်းဖူးမယ်လို့ ထင်တာပဲ။ (ဖြတ်သန်းဖူးရင် 25 ကျော်လို့ 28 ထဲ ဝင်တဲ့သူတွေပဲ ဖြစ်ရမယ်၊ ဒါမှမဟုတ် Moon တို့လို 30 ကျော်ခါစလေးတွေပေါ့ ဟီး)

Experiences က ပျော်စရာကောင်းသလို မျက်နှာသစ်ဆေးအနေနဲ့ဆိုရင်တော့ သုံးလို့ ကောင်းပါတယ်။ အမြုပ်က အတော်အသင့်ပဲ။ သစ်ပြီးရင် မျက်နှာ လုံးဝခြောက်မကျန်ခဲ့တာကိုတော့ အတော်သဘောကျပါတယ်။ အဲတာကပဲ အသားအရေအတွက် လိုအပ်တဲ့ Hydration ကို ဖြည့်ပေးနိုင်လို့ အဆီပြန်တာ သက်သာတာလို့ ထင်တယ်။

အဆီပြန်တာ အတော်အသင့် သက်သာတယ်။ ဝက်ခြံဆိုလည်း အဖုအသစ်ဆို လေးငါးရက်လောက်နဲ့ ချပ်သွားတာမျိုးလည်း တွေ့ရတယ်။ အဟောင်းဆို တစ်ပတ်ကျော် နှစ်ပတ်လောက်နဲ့ အရောင်ကျသွားတာ ဒါမှမဟုတ် သုံးရင်းနဲ့ ခြောက်ပြီး အဆံညှစ်လို့ လွယ်သွားတာမျိုးပေါ့။ Moon က ဘာလို့ ပြောနိုင်တာလဲဆို Moon အခုသုံးနေတဲ့ Routine မှာ ဝက်ခြံ နဲ့ အဆီဖုသက်သာအောင်ဆိုလို့ ဘာမှမပါပဲ Firming/Hydrating ကိုပဲ ပိုဦးစားပေးနေတာဖြစ်လို့ သိသာအောင် ကူညီပေးတာက အဲတာကြောင့်လို့ ပြောလို့ရတာပါ။ တခြား နည်းနည်း ရင့်နေတဲ့ ဝက်ခြံသမားတွေဆို ဒီကောင်လေးက အမြစ်ပြတ်သက်သာအောင် မကူညီနိုင်ဦးတော့ သူ့ကို ကိုယ့် Routine ထဲ ထည့်ရင် Soothing Calming ပိုင်းမှာ ပိုသိသာလာမယ်လို့ ယုံကြည်ပါတယ်။ ကိုယ်က တစ်ခါတစ်လေမှ အဖုထွက်တာ အဆီပြန်တာကို သက်သာချင်တာဆိုရင်တော့ ဒါကို သုံးပါ။ အသားခြောက်ကျန်သွားတာမျိုး မဟုတ်ပဲ Hydration ကျန်တာမျိုးဆိုတော့ အဆီပြန်တာ အထိုက်အလျောက်တော့ သက်သာမှာပါ။

ကျန်းမာတဲ့ အသားအရေအတွက် အရေးပါတဲ့ အဆင့်ကို ပြောပါဆို မျက်နှာသန့်ရှင်းဖို့က အဓိကမဟုတ်လား။ အဲခါကျ စျေးလည်းသင့်၊ Quality လည်းကောင်း အထူးသဖြင့် ကိုယ်တွေအတွက် သေချာရွေးချယ်ထားတာမျိုးကို သုံးမယ်ဆို ပိုကောင်း ပိုအဆင်ပြေမယ် မဟုတ်လားနော်။ ဆိုတော့ မျက်နှာသစ်ဆပ်ပြာ ကောင်းကောင်း ရှာနေတာမျိုးဆို Moon က Yoon Skin လေးကို ညွန်းချင်ပါတယ်။ 150ml ပါတာကို တစ်သောင်းရှစ်ထောင်ဆိုတော့ စျေးလည်းသင့် အကြာကြီး အသုံးခံမှာ အသေအချာပါပဲ။ စိတ်ဝင်စားရင် Yoon Skin မှာ မေးကြည့်လို့ရပါတယ်လို့။

PS: ဒါက Moon နဲ့ Yoon Skin တို့ရဲ့ Collaboration လေးပါ။ Collab ဆိုတာထက် Moon က Yoon Skin ရဲ့ Purposes ကို
သဘောကျလို့ လက်ခံဖြစ်တာရယ်၊ Moon ကိုယ်တိုင်သုံးကြည့်ရင်းနဲ့ အရင်က ပျော်ဖို့ကောင်းတဲ့ အချိန်တွေကို ပြန်ရောက်သွားတာကတော့ Moon ရဲ့ ကိုယ်ပိုင်အတွေးသက်သက်နဲ့ ပုံဖော်ထားတာပါလို့။

🌙

Photos from A Touch of Beauty's post 22/12/2023

အဖိုးတန်သောလေးတွေ နည်းနည်းစီ ရောက်တယ်နော်....

Videos (show all)

ဆိုင်လေးခပ်စုတ်စုတ် မသားနားပေမယ့်ဖျော်ဖြေရေးတွေဘာတွေ 😁 တခါတရံ ကံကောင်းရင် အခမဲ့ ကြည့်ရှုအားပေးနိုင်ပါတယ်ရှင့်....ဘာတွေဆိ...
JM , Some By Mi & About Tone
Outstanding Morning 🌅
Amazing Weekend with new arrivals 🛬
😅😅😅ဆွဲကြိုးမှ မဟုတ်ဘူး၊ cosmetics လည်း အဲ့လို့ ခိုးခံရတာရှိဖူးတယ်🤧...တကယ်မင်မင်တို့ location အဟောင်းမှာတုန်းက (အရင် Page...

Telephone

Website

Address


No 8, Pon Nya Ou Tana Street, Tamwe
Yangon
11211

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00