PKK Education Academy

Business Management,Hospitality Management,Culinary Arts & Pastry Management,Certificate of English,

23/01/2024

စိတ်ဝင်စားစရာကောင်းတဲ့ page ပါ

DevOps ပိုင်းကိုလေ့လာနေတဲ့ သူတွေအတွက် အထောက်အကူဖြစ်စေမဲ့ Github Source လေးတခုကို နှင့် Free Certifications ယူလို့ရမဲ့ Source လေးကိုလဲ မျှဝေပေးလိုက်ပါတယ်ရှင့်

သဘောကျနှစ်သက်တယ် ဆိုရင်တော့ Like and Share လေးလုပ်ဖို့မမေ့နဲ့ဦးနော် 🤍❣️

📌 Learning resources for DevOps

- https://github.com/milanm/DevOps-Roadmap

📌 Free Certifications

- https://github.com/cloudcommunity/Free-Certifications

🤍 နှောက်ထပ်လဲ Sharing လေး
တွေလုပ်သွားပေးဦးမှမလို Audrey ကို Like and Follow ပေးထားကြပါဦးနော် 😸

18/01/2024

Fully Scholship Program မှာပါဝင်နိုင်ဖို့ အခုပဲ Register လိုက်ကြပါစို့ 🥳

အခု Sharing လုပ်ပေးသွားမယ့် Program က Cyber Security course အပြင်အခြား Course ပေါင်းများစွာကို ထိရောက်စွာသင်ယူလိုသူတိုင်းအတွက် အထူးအခွင့်အရေးတစ်ရပ်ပဲဖြစ်ပါတယ်။

Program ကတော့ USAID ရဲ့ The Diversity and Inclusion Scholarship Program ဖြစ်ပြီး ရွေးချယ်ခံရသူ‌ေတွအနေနဲ့ Bachelor, Master, Diploma, Short Course များစွာကို Fully Scholship ဖြင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင့်

ကျောင်းရပ်နားထားတဲ့လူငယ်တွေအတွက် ကောင်းမွန်တဲ့ Program တစ်ခုဖြစ်သလို အသက် (၄၀) အထိပါ လျှောက်လွှာတင်သွင်းခွင့်ပြုထားပေးပါတယ်။
ထိုင်း၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် စတဲ့နိုင်ငံတွေကတစ်ဆင့် လျှောက်လွှာတင်သွင်းရင် ပိုမိုရွေးချယ်ခံရနိုင်ပေမယ့် အားမလျှော့ဘဲ လျှောက်ကြည့်ဖို့ အကြံပြုပါရစေရှင့် 😇

📆 Application Opens
January 15/2024 11.30 PM (Myanmar Time)

⏲️ Application Closes
February 23/2024 11.30 PM (Myanmar Time)

🌐 USAID Offical Website
https://www.usaiddisp.com/

🔗 Application Link -https://myapp.iie.org/dispscholar/

🤍 Sharing လေး‌တွေနဲ့အတူ ပြန်လာခဲ့ဦးမှာဖြစ်လို့ Audrey ရဲ့ Page လေးကို Like and Follow ပေးထားကြပါဦးနော် 😸

08/01/2024

$149 တန် Product Management Course Free ရမယ်ဆိုရင် လက်လွတ်သင့်ပါသလား 🥰😎

Pendo & mind the Product ရဲ့ Course များထဲမှ

AI for Product Management Course
Product Management Basics Certification Course

ကို အခုလောလောဆယ် Free Join လို့ရနေပါပြီးနော်

ပုံမှန်အချိန်ဆို Course တစ်ခုကို $149 ပေးရမဲ့ အခုလောလောဆယ်မှာ Free Register လုပ်လို့ရနေပြီးမို့ လက်လွှတ်မခံသင့်ပါဘူးရှင့်

AI for Product Management Course
https://www.productledcertified.com/ai-for-product-management

Product Management Basics Certification Course
https://www.productledcertified.com/product-management-basics

🤍 နှောက်ထပ်လဲ Sharing လေး
တွေလုပ်သွားပေးဦးမှမလို Audrey ကို Like and Follow ပေးထားကြပါဦးနော် 😸

01/01/2024

သာမညဆရာတော်ဘုရား
🙏🙏🙏🙏🙏
1/1/2024

Photos from PKK Myanmar Travel & Tour's post 19/10/2023

1/11/2023 မော်လမြိုင်ရုံးခွဲတွင်ရနိုင်မည့် ဝန်ဆောင်မှု့များ

📱 09977204551

17/10/2023

သင့်ရဲ့ အမေရိကန်အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို အချိန်ကျရောက်လို လာပါပြီ။
PKK Myanmar Travel တွင် DV ဖောင်များတင်လို့ရပါပြီးနော်
DV ဖောင်တင်သော customer များအတွက် သီတင်းကျွတ် promotion များရရှိနိုင်ပါပြီးရှင့်

Service Fee for

Single (1 person)
✨ 10,000 Ks

Married (2 people)
✨12,000 Ks
(အိမ်ထောင်ဖက်အနေနဲ့ တစောင် ထပ်မံလျှောက်လိုပါက မိမိတစောင် + အိမ်ထောင်ဖက်တစောင် စုစုပေါင်း နှစ်စောင် = 20,000 Ks)

Family (3 people+)
✨15,000 Ks
(အိမ်ထောင်ဖက်အနေနဲ့ တစောင် ထပ်မံလျှောက်လိုပါက မိမိတစောင် + အိမ်ထောင်ဖက်တစောင် စုစုပေါင်း နှစ်စောင် = 30,000 Ks)
DV ဖောင်များနဲ့ပတ်သတ် သောအသေးစိတ်အချက်အလက်များကို သေချာဆွေးနွေးလို့ရပါတယ်ရှင့်
PKK Myanmar Travel & Tours တွင် visia နဲ့ ပတ်သက်သော အချက်အလက်များကိုစုံစမ်းလိုရနေပါပြီးရှင့် ။
ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်များကိုလည်း ဝယ်ယူနိုင်ပါသည်။ လူကြီးမင်းတို၏ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

✅ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များ။
✅ဗီဇာလျှောက်ထားခြင်းဝန်ဆောင်မှုများ။
✅ပြည်တွင်း ပြည်ပ ဟိုတယ်ဝန်ဆောင်မှုများ။
✅ခရီးသွားကျန်းမာရေးအာမခံများ။

Hello PKK Myanmar Travel & Tours
☎️ 09441324755 ,09425276073
☎️ 09978587396 ,09795884090

PKK Myanmar Travel & Tour - sell International & domestic ticket
- travel arrangement
- event planning

03/10/2023

👍ဘန်ကောက်မှာ ၈တန်းအောင် မှ စပြီး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားလိုသော် ကျောင်းသားများအတွက်
၆လစာသင် +၆လ အလုပ်သင်(လစာရ) ပညာရေးအတွက် စိတ်ဝင်စားတယ်ဆို….
Hello
PKK
📱 095077562

03/10/2023

(၈)တန်းအောင်ရုံနဲ့ Diploma ရော၊ လုပ်ငန်းခွင်အတွေ့အကြုံရော ရရှိမယ့် Program 👨‍🎓

TGBC မှာ အနည်းဆုံး(၁၀)တန်းအောင်ထားသူတွေအတွက် High Vocational Program ၊
အနည်းဆုံး (၈)တန်းအောင်ထားသူတွေအတွက် Vocational Program တို့ကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ဒီနေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးမှာ ရပ်တန့်နေသူတွေ၊ အနည်းဆုံး(၈)တန်း(သို့)အလယ်တန်းအောင်ထားသူတွေတက်ရောက်နိုင်မယ့် Vocational Program အကြောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Program လေးကတော့ Study+Internship (3) years Program - Semester (၆) ခုဖြစ်ပြီး Student Visa ရရှိမှာဖြစ်ပါတယ်။

First year နဲ့ Second year Semester(၄)ခုမှာတော့ စာပဲသင်ကြားရမှာဖြစ်ပြီး Third year မှာတော့ လုပ်ငန်းခွင်အတွေ့အကြုံ (Internship) ဆင်းရမှာဖြစ်ပါတယ်။

(၃) နှစ်ပညာသင်ကြားပြီးတဲ့အခါမှာ အလုပ်ဆက်လုပ်ချင်တဲ့သူတွေက Third year မှာ ရရှိထားတဲ့ Internship အတွေ့အကြုံနဲ့ လုပ်ငန်းခွင်ထဲကို ဆက်လက်ဝင်နိုင်ပြီး ကျောင်းဆက်တက်ချင်တဲ့သူတွေကလည်း (3)years Diploma လက်မှတ်နဲ့ TGBC နဲ့ချိတ်ဆက်ထားတဲ့ University တွေမှာ ပထမနှစ်ကစပြီး Bachelor's Degree အထိ ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

👉TGBC က Program တွေကို Joinဖို့ ဘာတွေလိုအပ်မလဲ?
▪️(၆)လ သက်တမ်းကျန်ရှိတဲ့ Passport
▪️(၈)တန်းအောင်လက်မှတ်(မြန်မာလိုဖြစ်နေပါက English လိုပြောင်းပြီး ရှေ့နေ့ရဲ့ထောက်ခံချက်လတ်မှတ်ရယူရန်)
▪️TGBC က စစ်တဲ့ English Test ဖြေရန်(မခက်ပါ)

👉ရိုးရိုး Vocational Program အတွက် ရွေးချယ်နိုင်တဲ့ Major တွေကတော့...
📒စီးပွားရေးကိုစိတ်ဝင်စားသူတွေအတွက် Digital Business
📒ဘာသာစကားလေ့လာရတာ ကြိုက်တဲ့သူတွေအတွက် Foreign Language for Business တို့ဖြစ်ပါတယ်။

👉ကျောင်းလခကရောဘယ်လိုသွင်းရမလဲ?

💰ကျောင်းလခကုန်ကျစရိတ်ကိုလည်း Semester အလိုက် ၆ခါခွဲသွင်းနိုင်ပါတယ်။

အသက်အရွယ်ကန့်သတ်ချက်မရှိတာကြောင့်
ကိုယ့်ရဲ့ ပညာရေးလမ်းကြောင်းကို ဆက်လျှောက်ချင်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

ကျောင်းလျှောက်ထားချင်တယ်ဆိုရင်တော့
Thai Global Business Administration Technological College for Myanmar Page မှာ (သို့မဟုတ်) [email protected] သို့ မေးလ်ပို့ပြီး လျှောက်လွှာများ အခမဲ့ ထုတ်ယူနိုင်ပါသည်ရှင်...😊

ကျောင်း website လေးကတော့
https://www.tgbc.ac.th

ကျောင်းရဲ့လိပ်စာကတော့

วิทยาลัยเทคโนโลยีไทยโกลบอลบริหารธุรกิจ
02 388 1541
https://maps.app.goo.gl/5oCd9mq2H9eKfiVd9?g_st=ic

30/09/2023

Mahidol မှာ မြန်မာကျောင်းသားတွေ အတွက် scholarship တွေပေးနေပါတယ်။ Norwegian scholarship ပါ။ စိတ်ဝင်စားသူများ သက်ဆိုင်ရာ website မှာ ဆက်လက်လေ့လာပါ။

🎯 Call for applications for Myanmar students

📚 Program: Master of Primary Health Care Management (International Program)

29/09/2023
18/09/2023

အိုင်းစတိုင်းက .....
ကျောက်သင်ပုန်းမှာ အခုလိုမျိုး ရေးခဲ့တယ် ။

9x1 = 09
9x2 = 18
9x3 = 27
9x4 = 36
9x5 = 45
9x6 = 54
9x7 = 63
9x8 = 72
9x9 = 81
9x10 = 91
ဒါကို ကျောင်းသားတွေ ထရယ်ကြပါလေရော ...။
သူ့လိုလူတစ်ယောက်က င်္သချာမှာ မှားရေးမိတာကိုး ။ 9 နဲ့ 10 နဲ့မြှောက်ရင် 90 ပဲ ဖြစ်ရမယ့်နေရာမှာ အိုင်းစတိုင်းက 91 လို့ ရေးထားတယ် ။

အိုင်းစတိုင်းကလည်း ရယ်နေတဲ့ ကလေးတွေ ရပ်သွားတဲ့အထိ စောင့်လိုက်ပြီးမှ စကားဆက်ပြောတယ် ...။

စာ ၁၀ ကြောင်း ရေးထားတယ် ၊ ပထမ (၉) ကြောင်းက မှန်ပေမယ့် ဘယ်သူမှ ငါ့ကို ဂုဏ်မပြုကြဘူး ၊ ဒါပေမဲ့ အမှားတစ်ကြောင်းအတွက် ငါ့ကို လှောင်ပြောင်ကြတယ် ၊ ဒါဟာ ဘာကိုရည်ညွှန်းသလဲဆိုရင် လူတွေဟာ ကျွန်တော်တို့ရဲ့ အမှန်တရားနဲ့ အားသာချက်ကို မြင်တာထက် ၊ အားနည်းချက်နဲ့ အမှားအတွက်ကိုပဲ ရွေးမြင်တတ်ကြလို့ပါပဲ တဲ့ ...။

ဒီဖြစ်ရပ်ကနေ သင်ခန်းစာ အများကြီးပေးသွားပါတယ် ။ ကျွန်တော်တို့ လူတွေဆိုတာ အမှားမကင်းနိုင်ပါဘူး ။

တစ်ချက်အမှား အတွက်နဲ့ လူတစ်ယောက်ကို မလဲပစ်လိုက်ပါနဲ့ ။ လူတော်တော်များများက သူတို့လည်း စင်းလုံးချော မကောင်းပေမဲ့ ကျွန်တော်တို့ကို အချိန်တိုင်း ပုံသေ စင်းလုံးချော ကောင်းစေချင်ကြတယ် ။ တစ်ခုခု အမှားလုပ်လိုက်တာနဲ့ သည်းခံ ခွင့်လွှတ် ပြုပြင်ပေးမယ့်အစား ၊ အပြစ်မြင် အပြစ်တင်ပြီး ရှောင်ထွက် စွန့်ခွါခြင်းလမ်းကိုသာ အများဆုံးက ရွေးချယ်သွားကြတယ် ...။

လူ့လောကမှာ နေထိုင်တဲ့အခါ ...
သင့်ရဲ့ အားနည်းချက်တစ်ခုအတွက်ကို လူတချို့က ဝေဖန် လှောင်ပြောင်တာမျိုး ခံရရင် ဒီစာပိုဒ်လေးကို သတိရလိုက်ပါ ။

တစ်နှစ်ပြီးတစ်နှစ် ...
အသက်ကြီးလာတဲ့အခါ ရင်ဘတ်ထဲမှာ
ရင့်ကျက်သထက် ရင့်ကျက်လာဖို့ လိုပါတယ် ။

လောကကြီးအကြောင်း ...
လူတွေအကြောင်း နဲ့ ကိုယ့်အကြောင်းကို ပိုသိလေ
လူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ရလေ ဖြစ်ပါတယ် ...။

လောကကြီးမှာ
ကိုယ်ကြီးပြင်ခဲ့ရတဲ့ ပတ်ဝန်းကျင် ..
ကိုယ်ရှင်သန် ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့
ရောက်ရှိနေတဲ့ အနေအထား မတူညီတဲ့အခါ
အမြင် ၊ ခံယူချက် နဲ့ လက်ခံမှုဆိုတာ ဘယ်တော့မှ မတူညီနိုင်ပါဘူး ...။

ဒါကြောင့်
နင်မှားတယ် ... သူမှားတယ်...
သူကောင်းတယ် ငါကောင်းတယ် ...
ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ငြင်းခုံ
လေကန်နေတာထက် ကိုယ်မှန်တယ် ထင်တဲ့အရာတွေ အနောက်ကို ဆက်လိုက်ပါ ...။

လူတွေကို အတတ်နိုင်ဆုံး မေတ္တာထားပါ ။
အတတ်နိုင်ဆုံး သည်းခံ ခွင့်လွှတ်ကြည့်ပါ ။
ဘယ်သူမှားမှား အတတ်နိုင်ဆုံး ပြိုင်မငြင်းပါနဲ့ ...။
တစ်ခါတရံ ကိုယ့်ဘက်က သည်းခံလိုက်လို့ ...
ငြိမ်အေးပြေလည်သွားတဲ့ အတ္တစစ်ပွဲတွေ အများကြီး ရှိလာပါလိမ့်မယ် ။

#ရွှေမိတ်သစ်

01/08/2023

🌹🙏 ဒုတိယ ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့🙏🌹

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်

သာသနာတော်နှစ် ၂၅၆၇ ခုနှစ်

မနက်ဖန် (1.8.2023) ရက်နေ့

အင်္ဂါနေ့တွင် ကျရောက်‌သော

ဝါဆိုလပြည့် အခါသမယမှာ

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်

ဘေးအန္တရာယ်ကင်းဝေးပြီး

ကောင်းကျိုးလိုရာဆန္ဒများ

ပြည့်ဝပါစေကြောင်း

PKK Education မိသားစုမှ

ဆုတောင်းမေတ္တာ

ပို့သပါတယ်ရှင်.. 🙏🙏🙏

#ဝါဆိုလပြည့်

#ဓမ္မစင်္ကြာအခါတော်နေ့

09/06/2023

Polytechnic ကျောင်း တက်ချင်တဲ့ ကျောင်းသားလေးရယ် + မေမေရယ်+BM Active + PKK Education Academy ရယ်
ဆွေးနွေး
(9/6/2023)

Photos from PKK Education Academy 's post 02/06/2023

Thanks all participants (2/6/2023)

29/05/2023

မိမိ၏ သားသမီး များအတွက် တိကျ ခိုင်မာသေချာ သော ပညာရေး လမ်းကြောင်း တခု ကို ရှာ ဖွေ နေ ပါ သလား? 🧐

ရူပါတို့ PKK Education Academy မှာ scholarship program ဖြင့် Singapore နိုင်ငံ polytechnic မှာတက်ဖို့အတွက် လိုအပ်ချက်များကိုစုံစမ်းလို့ရနေပါပြီးရှင့်

အနာဂတ် ပညာရေး ပန်းတိုင် အသစ် အတွက် တိကျ သေချာ လမ်းကြောင်းတစ်ခုဆီကို လျှောက်လှမ်းဖို့အတွက် PKK Education Acamedy နဲ့ ဆက် သွယ် လိုက် ပါရှင့်🤗

📞 +959 978587396
📞 +959 795884090

21/05/2023

Scholar အတွက် စိတ်ဝင်စားရင်
Hello…

Photos from PKK Education Academy 's post 16/05/2023

Singapore Polytechnic အတွက် ပြင်ဆင်ကြမယ်ဆို

Windy.com 11/05/2023

လေတိုက်နှုန်းလေးတွေသိချင်ရင် ဒီ application ကို Down ထားနော်

Windy.com

Photos from PKK Education Academy 's post 10/05/2023

✅Singapore Polytechnic တွေလျှောက်မည့် ……..
မိမိ၏ သားသမီး များအတွက် တိကျ ခိုင်မာသေချာ သော ပညာရေး လမ်းကြောင်း တခု ကို ရှာ ဖွေ နေ ပါ သလား? 🧐

✅PKK Education မှာ scholarship program ဖြင့် Singapore နိုင်ငံ polytechnic မှာတက်ဖို့အတွက် လိုအပ်ချက်များကိုစုံစမ်းလို့ရနေပါပြီးရှင့်

✅အနာဂတ် ပညာရေး ပန်းတိုင် အသစ် အတွက် တိကျ သေချာ လမ်းကြောင်းတစ်ခုဆီကို လျှောက်လှမ်းဖို့အတွက် PKK Education နဲ့ ဆက် သွယ် လိုက် ပါရှင့်🤗

📞 +959 978587396
📞 +959 795884090

Photos from PKK Education Academy 's post 09/05/2023

မိမိ၏ သားသမီး များအတွက် တိကျ ခိုင်မာသေချာ သော ပညာရေး လမ်းကြောင်း တခု ကို ရှာ ဖွေ နေ ပါ သလား? 🧐

ရူပါတို့ PKK Education မှာ scholarship program ဖြင့် Singapore နိုင်ငံ polytechnic မှာတက်ဖို့အတွက် လိုအပ်ချက်များကိုစုံစမ်းလို့ရနေပါပြီးရှင့်

အနာဂတ် ပညာရေး ပန်းတိုင် အသစ် အတွက် တိကျ သေချာ လမ်းကြောင်းတစ်ခုဆီကို လျှောက်လှမ်းဖို့အတွက် PKK Education နဲ့ ဆက် သွယ် လိုက် ပါရှင့်🤗

📞 +959 978587396
📞 +959 795884090

Photos from PKK Education Academy 's post 03/04/2023

🌍 Changes Your World 🌏 Eposide (3)
ဒီနေ့မှာတော့ Three Kings or Three Sisters လို့လူသိများတဲ့ Orion Belt အကြောင်းနဲ့ Orion Belt ကိုပထဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင် Galileo Galilei အကြောင်းကိုပြောပြပေးသွားပါ့မယ်ရှင့်
✨ Galileo Galilei (1564-1642) သည် အီတလီလူမျိုး ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင် နှင့် ဒဿနပညာရှင်ဖြစ်ပြီး သိပ္ပံသမိုင်းတွင် အရေးပါဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်ဟု သိပ္ပံပညာရှင်များက သတ်မှတ်ထားခဲ့ကြပါတယ်ရှင့်
✨ Galileo သည် ရူပဗေဒ၊ နက္ခတ္တဗေဒ နှင့် သင်္ချာနယ်ပယ်များတွင် များစွာသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပြီး "ခေတ်သစ်သိပ္ပံပညာ၏ ဖခင်" အဖြစ် မကြာခဏ ရည်ညွှန်းလေ့ရှိသော ပညာရှင်တစ်ခုလည်းဖြစ်ပါတယ်ရှင့်
✨ Galileo၏ အထင်ရှားဆုံးသော အောင်မြင်မှုအချို့တွင် သိပ္ပံနည်းကျ တီထွင်မှု၊ ရွေ့လျားမှုနိယာမများနှင့် နိယာမတရားတို့၏ ဖော်စပ်မှု၊ ဂျူပီတာ၏ အကြီးဆုံးလလေးခုကို ရှာဖွေတွေ့ရှိခြင်း (ယခု Galilean လများဟု လူသိများသော) အရာတစ်ခု၊ နေအစက်အပြောက်များကို ကြည့်ရှုခြင်း၊ နှင့် နေအဖွဲ့အစည်း၏ heliocentric မော်ဒယ်၏ solar system ကို ရှာဖွေတွေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်ရှင့်
✨ Galileo Galilei သည် Orion Belt ကိုကြည့်ရှုခြင်းအပါအဝင် 16 နှင့် 17 ရာစုများအတွင်းအရေးကြီးသောရှာဖွေတွေ့ရှိမှုများစွာကိုပြုလုပ်ခဲ့သောထင်ရှားသောနက္ခတ္တဗေဒပညာရှင်ဖြစ်ပါတယ်ရှင့်
✨ Galileoသည် ၁၆၁၀ ခုနှစ်တွင် သူ၏တယ်လီစကုပ်မှတစ်ဆင့် အော်ရီယွန်ကြယ်စုကို ပထမဆုံးကြည့်ရှုလေ့လာကြည့်ရှု ခဲ့သည်။
✨ Orion Belt အတွင်းရှိကြယ်များသည် ကြယ်အများစုကဲ့သို့ ကြုံရာကျပန်း မဟုတ်ဘဲ ကောင်းကင်တစ်ခွင်တွင် ဖြောင့်တန်းစွာစီစဉ်ထားကြောင်း သူစတင် သတိပြုမိခဲ့တယ် ။
✨ Galileo၏ လေ့လာတွေ့ရှိချက်များသည် ကောင်းကင်သည် စုံလင်ပြီး မပြောင်းလဲကြောင်း ပျံ့နှံ့နေသော Aristotelian ယုံကြည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သူ၏ရှာဖွေတွေ့ရှိမှုများကို အာဏာပိုင်များက မယုံကြည်ကျသောကြောင့် ဆန့်ကျင်မှုများစွာကိုလည်း ရင်ဆိုင်ခဲ့ရပြန်ပါသည်။
✨ Three Kings or the Three Sisters ဟုလည်း လူသိများသော Orion Belt သည် ညကောင်းကင်တွင် မြင်နိုင်သော ထင်ရှားသော ကြယ်စုတစ်ခုဖြစ်တယ်ပါတယ်ရှင့်။ Orion Belt ကိုရှာဖွေရန်အချက်များကို မနက်ဖြန်တွင် ပြောပြပေးပါ့မယ်ရှင့် အားလုံးစိတ်ဝင်စားလိမ့်မယ်လိုထင်ပါတယ်

Photos from PKK Education Academy 's post 22/03/2023

📚📚Singapore မှာ ၈လ စာသင် + ၆လ အလုပ်အတွေ့အကြုံယူရင်း လစာရမယ့် အခွင့်အရေး 📚📚

တက်ရောက်နိုင်တဲ့ course တွေကတော့
1) International Hotel & Tourism Management (အလုပ်သင်ပါ)
👉🏻 Foundation course
👉🏻 Diploma
👉🏻 Advance Diploma

2) Culinary Arts and Pastry Management (အလုပ်သင်ပါ)
👉🏻 Diploma
👉🏻 Advance Diploma

📕 📕 Business Programmes 📕 📕
(အလုပ်သင်မပါ)
👉🏻 Foundation course
👉🏻 Diploma
👉🏻 Advance Diploma

🌐နိုင်ငံတကာမှ ကျောင်းသားများနှင့် အတူတူသင်ယူ
နိုင်မယ့် အခွင့်အရေး

🌐နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိနိုင်မယ့် အခွင့်အရေး

💵💵 သင်တန်းကြေးသင့်တင့်ပြီး 🇸🇬စင်္ကာပူနိုင်ငံစံနှုန်းများနှင့်အညီ သင်ယူလေ့လာနိုင်မယ့် ဒီအခွင့်အရေးတွေကို အမြန်ဆုံးဆုပ်ကိုင်နိုင်ဖို့ PKK ကိုဆက်သွယ်လိုက်ပါ။

May 2023 intake မှာ တက်ရောက်နိုင်ဖို့ ယခုစတင်လျှောက်ထားနိုင်ပါပြီ။ အသေးစိတ်သိလိုပါက

Hello PKK 📲09-9755-31471, 09-7958-84090
.com

Photos from PKK Education Academy 's post 21/03/2023

🌍 Change Your World 🌏 Eposide (1)
🔗 Scientist Women များထဲမှ TOI-700 d ကိုရှာဖွေတွေ့ရှိခဲ့တဲ့ Sara Seager အကြောင်းကို ပြောပြပေးပါမယ်ရှင့်။
🔗 Sara Seager သည် လက်ရှိ Massachusetts Institute of Technology (MIT) တွင် ရူပဗေဒနှင့် ဂြိုလ်ဗေဒဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်ပြီး ကနေဒါ-အ မေရိကန် နက္ခတ္တဗေဒပညာရှင်နှင့် ဂြိုဟ်ဆိုင်ရာသိပ္ပံပညာရှင်တစ်ဥ◌ီးလည်းဖြစ်ပါတယ်ရှင့်
🔗 သူမသည် ကျွန်မတို့၏ နေအဖွဲ့အစည်းအပြင်ဘက်ရှိ ဂြိုလ်များဖြစ်သည့် exoplanets များကို ရှာဖွေတွေ့ရှိမှု၊ အသွင်အပြင်နှင့် စံပြလုပ်ဆောင်မှုများကြောင့် လူသိများသည်။
🔗 Seager သည် exoplanet လေထုနှင့် ဇီဝလက္ခဏာများကို ခွဲခြမ်းစိတ်ဖြာခြင်းအတွက် ဆန်းသစ်သောနည်းလမ်းများ တီထွင်ခြင်းအပါအဝင် exoplanet characterization နှင့် detection နယ်ပယ်တွင် သိသာထင်ရှားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ သူတစ်ဥ◌ီးလည်းဖြစ်ပါတယ်ရှင့်
🔗TOI-700 d ကို Seager ၏ Transiting Exoplanet Survey Satellite (TESS) မှ 2020 ခုနှစ် ဇန်နဝါရီလတွင် ရှာဖွေတွေ့ရှိခဲ့သည်။
🔗 TOI-700 သည် Dorado ကြယ်စုတန်းတွင် ကမ္ဘာမှ အလင်းနှစ် 100 ခန့်အကွာတွင်ရှိသော လူပုနီကြယ်ဖြစ်သည်။
🔗 TESS သည် ကြယ်သုံးလုံးကို လှည့်ပတ်နေသည့် ဂြိုလ်များကို တွေ့ရှိခဲ့ပြီး TOI-700 d သည် ကမ္ဘာပတ်လမ်းကြောင်းတွင် ၃၇.၄ ရက်ဖြင့် စနစ်အတွင်း အပြင်ဘက်ဆုံးဂြိုဟ်ဖြစ်သည်။
🔗TOI-700 d ၏ မျက်နှာပြင်ပေါ်ရှိ အရည်များအတွက် အပူချိန်များ ပေးနိုင်သည့် သူ၏ ကြယ်၏ နေထိုင်နိုင်သော ဇုန်အတွင်း တည်ရှိသောကြောင့် အထူးစိတ်ဝင်စားဖွယ်ဖြစ်သည်။
🔗ကျွန်မတို့၏ နေအဖွဲ့အစည်းထက် ကျော်လွန်၍ နေထိုင်နိုင်သော ကမ္ဘာများကို ရှာဖွေရာတွင် နောက်ထပ်လေ့လာမှုအတွက် အလားအလာအရှိဆုံး exoplanet ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးဖြစ်လာစေသည်။
🔗TOI-700 d သည် လူသားများအတွက် အသုံးဝင်နိုင်သော ဂြိုလ်တစ်ခုဖြစ်နိုင်မှုရှိမရှိကို NASA's နေပြီးတော့ ဆက်လက်စုံစမ်းလျက်ရှိပါသည်။
😊 နောက်နေ့တွေမှာလည်း စိတ်ဝင်စားစရာကောင်းသော Eposide များနဲ့အတူ ပြန်လည်တွေ့ဆုံကြပါစို့

Photos from PKK Myanmar Travel & Tour's post 24/02/2023

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရန်

Online Appointment
ပြုလုပ်ခြင်း

Online Appointment စနစ်ဖြင့် ရက်ချိန်းရယူခြင်းဆိုင်ရာ ကြေငြာချက်
၁။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်များလျှောက်ထားမှု အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ဦးဆောင်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်လိုသူများ များပြားလာပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားသူ များပြားလာသဖြင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် လူထူထပ်စွာ တိုးကြိတ်လျှောက်ထားမှုကြောင့် လျှောက်ထားသူများ အချိန်ကြာမြင့်စွာတန်းစီရခြင်း၊ ကိုဗစ်ရောဂါကူးစက်နိုင်ခြင်း စသည့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
၃။ သို့ဖြစ်၍ ၂၁-၃-၂၀၂၂ ရက်နေ့မှစ၍ www.passport.gov.mm website တွင် Online Booking စနစ်ဖြင့် ရုံးဖွင့်ရက် ၀၉:၀၀ ချိန်တွင် QR Code ဖြင့် ရက်ချိန်းရယူစေပြီး သတ်မှတ်ထားသည့် နေ့ရက်/အချိန်တို့တွင် လာရောက်လျှောက်ထားရန် စီစဉ်ဆောင်ရွက်ခဲ့ရာ လုံခြုံရေး၊ ကျန်းမာရေးအတွက် စနစ်တကျရှိခဲ့ပါသည်။
၄။ သို့သော် QR Code ဖြင့်ရက်ချိန်းရယူရာတွင် အချို့ပြည်သူများသည် Online Booking မတင်တတ်ခြင်း၊ ၀၉:၀၀ အချိန် စနစ်စတင်ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အဆပေါင်းများစွာသော ရက်ချိန်းရယူသူများမှ တစ်နေ့စာခွင့်ပြုနိုင်သည့် သတ်မှတ်လူဦးရေအရေအတွက်ထက် များစွာကျော်လွန် ကြိုးစားရယူကြရာတွင် လိုင်းကျပ်ခြင်း၊ မကျွမ်းကျင်ခြင်း၊ သည်းခံနိုင်စွမ်းမရှိခြင်းတို့ကြောင့် ပွဲစားများကိုအပ်နှံခြင်း၊ Online ပေါ်ရှိ ပွဲစားကြေညာ များကို အားကိုးခြင်းတို့ကြောင့် လိမ်လည်သူများ၊ QR Code အတုပြုလုပ်သူများ၊ အခမဲ့ QR ရယူနိုင်သည့်အတွက် ကိုယ်ရေးအချက်အလက် အမှားများဖြင့် လူဦးရေများစွာ QR Code လျှောက်ထားပြီး ရုံးသို့လာရောက်ခြင်းမရှိသူများနှင့် ကြုံတွေ့ပြီး ပြည်သူများအနေဖြင့် မလိုလားအပ်သော ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပါသည်။
၅။ ယင်းပြဿနာများပြေလည်စေရန်အတွက် Online Booking စနစ်သစ်တွင် ပြည်သူတစ်ရပ်လုံး နေ့စဉ်/အချိန်မရွေး ကိုယ်တိုင်လျှောက်ထားနိုင်သည့်စနစ်၊ Online မှ ငွေပေးချေနိုင်သည့် စနစ်ကို ပြင်ဆင်ဆောင်ရွက်သွားရခြင်း ဖြစ်ပါသည်။
၆။ ယခုစနစ်သစ်အား ရှင်းလင်းလွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ရာတွင် ချက်ခြင်းဖြည့်သွင်းရန် အခက်အခဲရှိပါက ကိုယ်ရေးအချက်အလက်(၁)ကိုသာလျင် ချက်ခြင်းဖြည့်သွင်းရန်လိုအပ်ပြီး ကျန်အချက်များအား ကိုယ်ရေးအချက်အလက်ပုံစံကို Download ဆွဲယူ၍ လက်ရေး(သို့မဟုတ်)ကွန်ပျူတာစီပြီး ရက်ချိန်းပေးသည့်ရက်တွင် ကိုယ်တိုင်ယူဆောင်လာနိုင်ပါသည်။ (Download ဆွဲယူနိုင်ရန်အတွက် သီးခြားဖော်ပြထား ပါသည်။)
၇။ စနစ်ဟောင်းတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ ဘဏ်ငွေသွင်းချိန်များကို လျှော့ချနိုင်ရန်အတွက် ယခုစနစ်သစ်တွင် Online မှ တစ်ပါတည်းငွေသွင်းနိုင်ရန် စီစဉ်ထားရှိပါသည်။ ကျသင့်ငွေပေးသွင်းပြီးမှသာလျှင် ရက်ချိန်းရရှိနိုင်မည်ဖြစ်သည့်အတွက် ပွဲစားများ၊ မသက်ဆိုင်သူများမှ အရေအတွက်များပြားစွာ လျှောက်ထားမှုများကို လျော့နည်းပပျောက်စေမည် ဖြစ်ပါသည်။
၈။ ယခုစနစ်သစ်တွင် ကိုယ်တိုင်လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားခြင်းဖြစ်၍ ပွဲစားများ၊ အကျိုးဆောင်ကုမ္ပဏီများ၊ အကျိုးဆောင်များ၊ အကျင့်ပျက်ဝန်ထမ်းများအား ငွေပေး၍ဆောင်ရွက်ခြင်းကို စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည် ဖြစ်သည့်အပြင် Black list စာရင်းတွင် ထည့်သွင်းခံရမည်ဖြစ်၍ နောင်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်မည် မဟုတ်တော့ပါ။
၉။ ငွေပေးသွင်းမှုစနစ်အနေဖြင့် ယခုအချိန်တွင် KBZPay နှင့် MPU ဘဏ်ကတ်များဖြင့်သာ ပေးသွင်းရန် စီစဉ်ထားသော်လည်း မကြာမီအချိန်တွင်းမှာပင် အခြား Payment စနစ်များဖြင့် ပေးသွင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၁၀။ ယခု Online Booking စနစ်တွင် ငွေပေးသွင်းပြီးပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မည်သည့်ငွေကြေးမှ ပေးဆောင်ရန် မလိုအပ်တော့ဘဲ သက်ဆိုင်ရာဝန်ထမ်းများမှ ငွေကြေးတောင်းခံလာပါက ရုံးတွင်ဖော်ပြထားသည့် တိုင်ကြားရန်ဖုန်းနံပါတ်များဖြင့် အမြန်ဆုံး တိုင်ကြားနိုင်မည်ဖြစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၁၁။ ပြည်ပသို့အချိန်မီသွားရောက်ရမည့်သူများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များဖြင့် နိုင်ငံကူးလက်မှတ် အမြန်ရရှိရေး Green Channel ဖြင့် လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပါသည်။

Green Channel ဖြင့် လျှောက်ထားခြင်း
(ဝန်ကြီးဌာနများမှတဆင့် လျှောက်ထားသူများသာ)

Green Channel ဖြင့် လျှောက်ထားခြင်းအတွက် လမ်းညွှန်ချက်

၁။ Green Channel သည် အရေးကြီး/ အရေးပေါ်ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။
၂။ Green Channel ဖြင့် လျှောက်ထားရာတွင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့် သူများအနေဖြင့် အချက်အလက် ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုး ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးသို့ စာဖြင့် ကြိုတင်လျှောက်ထားပြီးပါက Online Appointment ပြုလုပ်ခြင်းဖြင့် ရက်ချိန်းရယူရန် မလိုအပ်ဘဲ Green Channel အဖြစ် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၃။ ဥက္ကဋ္ဌရုံးသို့ ထောက်ခံတင်ပြပေးရမည့် ဝန်ကြီးဌာနများအနေဖြင့် မိမိသွားရောက်မည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများဖြစ်ပြီး ဥပမာ- MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/ သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေးကိစ္စများအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရကိစ္စ/ ပညာသင်ကိစ္စများအတွက် လုပ်ငန်း ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့်များ ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။
၄။ ဥက္ကဋ္ဌရုံးမှ ယင်းထောက်ခံချက်နှင့်အတူ စိစစ်ခွင့်ပြုချက်များကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ ကြိုတင်စာရင်းပေးသွင်းထားမည် ဖြစ်ပါသည်။ Online Appointment စနစ်မှ ရုံးသို့လာရောက်ရမည့်ရက်ချိန်းကို ထုတ်ပေးမည်မဟုတ်ဘဲ ဥက္ကဋ္ဌရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံး(ရန်ကုန်)သို့ အမြန်ဆုံးစိစစ်ပေးပို့သွားမည်ဖြစ်၍ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် ဆက်သွယ်ဆောင်ရွက် သွားရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ဥက္ကဋ္ဌရုံး၊ ဖုံးနံပါတ် ၀၉၈၈ ၂၁၅ ၆၆၃၃၊ ၀၆၇-၃၄၁ ၂၈၃၀၊ ၀၆၇-၃၄၁ ၂၈၃၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Online Booking ပြုလုပ်ခြင်းလမ်းညွှန်

၁။ ပုံမှန်ရက်ချိန်းရယူသူများမှ Online Appointment ပြုလုပ်ခြင်းခလုတ် (သို့မဟုတ်) အရေးကြီး/ အရေးပေါ်ကိစ္စရပ်များအတွက် ဝန်ကြီးဌာနထောက်ခံစာဖြင့် လျှောက်ထားသူများမှ Green Channel ဖြင့် လျှောက်ထားခြင်း (ဝန်ကြီးဌာနများမှတဆင့် လျှောက်ထားသူများသာ) ခလုတ်ကို နှိပ်၍ စနစ်အတွင်း ဝင်ရောက်ပါ။
၂။ မိမိနှင့်အတူ နိုင်ငံကူးလက်မှတ် ပူးတွဲလျှောက်ထားလိုသည့် လူဦးရေကို ရွေးချယ်ပါ။ လျှောက်ထားသူအားလုံးအတွက် ငွေလက်ခံနှင့် ရက်ချိန်းအတည်ပြုချက် လက်ခံရယူမည့် Email အား ဖြည့်သွင်း၍ Continue ခလုတ်ကို နှိပ်ပါ။
၃။ ကိုယ်ရေးအချက်အလက်(၁)ရှိ အချက်အလက်များအားလုံးကို ဖြည့်သွင်းပါ။ ကိုယ်ရေး အချက်အလက်(၂)နှင့် မိသားစုဝင်နှင့် ညီအစ်ကိုမောင်နှများ၏ အချက်အလက်များကိုလည်း Online မှ တစ်ပါတည်းဖြည့်သွင်း လျှောက်ထားနိုင်သကဲ့သို့ အခက်အခဲရှိပါက ယင်း အချက်အလက်များကို နိုင်ငံကူးလက်မှတ်လျှောက်လွှာဖောင်တွင် လက်ရေးဖြင့် ရေးဖြည့်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ တင်ပြလျှောက်ထားနိုင်ပါသည်။
၄။ တစ်ဦးထက်ပိုသော လျှောက်ထားသူများမှ လျှောက်ထားသူတစ်ဦးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးလျှင် အချက်အလက်ဖြည့်စွက်ပြီးသည့် လျှောက်ထားသူအား စာရင်းသွင်းရန် Add to List ခလုတ်ကို နှိပ်ပါ။ ထို့နောက် အခြားလျှောက်ထားသူ၏ အချက်အလက်များကို ဆက်လက်ဖြည့်သွင်းပါ။
၅။ လျှောက်ထားသူအားလုံးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးမှသာ မျက်နှာပြင် ညာဘက်အပေါ်ထောင့်ရှိ Review and Submit ခလုတ်ကိုနှိပ်ပါ။ တစ်ဦးချင်းစီစစ်ဆေးပြီး မှန်ကန်လျှင် 'အချက်အလက်များစစ်ဆေးပြီး အားလုံးမှန်ကန်ပါသည်' စာသားရှေ့တွင် အမှန် ခြစ်ပါ။ ကွဲလွဲချက်ရှိနေပါက Edit ခလုတ်ကို နှိပ်၍ ကွဲလွဲသည့်အချက်အလက်ကို ပြင်ဆင်ပါ။ အားလုံးမှန်ကန်ပါက Submit Form ကို နှိပ်ပါ။
၆။ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီးပါက ငွေပေးသွင်းရပါမည်။ ငွေပေးသွင်းခြင်းကို KBZ-Pay ဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးချေနိုင်ပါသည်။ သို့ရာတွင် MPU ဘဏ်ကတ်သည် E-commerce အသုံးပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီးသည့် ဘဏ်ကတ်ဖြစ်ရပါမည်။ ပေးချေရာတွင် လျှောက်ထားသူတစ်ဦးချင်းစီ၏ Invoice No. ကို ရွေးချယ်၍ ငွေပေးချေမည့်စနစ်ကို ရွေးချယ်ပေးချေနိုင်ပါသည်။ လျှောက်ထားသူအမျိုးအစားအလိုက် အသစ်လျှောက်နှင့် သက်တမ်းတိုးအတွက် ၃၅၀၀၀ ကျပ်၊ ပျောက်ဆုံး/ပျက်စီးအတွက် ၇၅၀၀၀ ကျပ်တို့ ပေးသွင်း ရပါမည်။ သက်တမ်းတိုး လျှောက်ထားသူများအနေဖြင့် မိမိလက်ဝယ်ရှိ နိုင်ငံကူးလက်မှတ် စာအုပ်သည် ရေစိုပျက်စီးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေပါက ဌာနမှ ပျက်စီးစာအုပ်အဖြစ် သတ်မှတ်မည်ဖြစ်သည့်အတွက် ၇၅၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းထားရန်လိုအပ်ပြီး ၃၅၀၀၀ ကျပ် နှုန်းဖြင့်သာ ပေးသွင်းထားပါက ရုံးတွင်းရောက်ချိန် ကျန်ဒဏ်ကြေးငွေ ၄၀၀၀၀ ကျပ်ကို ထပ်မံပေးသွင်းရန် အခက်အခဲ ကြုံတွေ့နိုင်ပါသည်။
၇။ ငွေပေးချေပြီးသည်နှင့် ပုံမှန်ရက်ချိန်းရယူသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား စနစ်မှအလိုအလျောက် သတ်မှတ်ပေးပါမည်။ Green Channel ဖြင့် လျှောက်ထားသူများအတွက်ကိုမူ စနစ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား ထုတ်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ရုံးသို့လာရောက်ရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ကုန်ကျမည့်ငွေ

အသစ်လျှောက်ထားရန်
၃၅,၀၀၀ ကျပ် (အသစ်လျှောက်
သက်တမ်းတိုး)

ပျောက်ဆုံး/ပျက်စီးလျှောက်ထားရန် ၇၅,၀၀၀ကျပ်
(ပြည်တွင်းပျောက်
သက်တမ်းကျန်/ရေစို
စွန်းထင်း/စုတ်ပြဲ/ရေးခြစ်မှုများ)

ပြည်ပပျောက်ဆုံးကုန်ကျငွေ
အမေရိကန်ဒေါ်လာ ၇၅ဒေါ်လာနှင့် ညီမျှသောမြန်မာကျပ်ငွေ


မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ

အလည်အပတ် (PV) (Passport for Visit)
အလည်သွားရောက်ရန်အတွက်ဖြစ်ပါသည်။
သင်္ဘောသား (PS) (Passport for Seaman)
သင်္ဘောပေါ်တွင် အလုပ်လုပ်ရန်အတွက်ဖြစ်ပါသည်။
စီးပွားရေး (PB) (Passport for Business)
ကုမ္ပဏီလုပ်ငန်းများနှင့်ပတ်သက်၍လေ့လာခြင်း၊ အစည်းအဝေးများ တက်ရောက်ခြင်းအတွက်ဖြစ်ပါသည်။
ပညာရေး (PE) (Passport for Education)
သင်တန်းများ၊ ကျောင်းများတက်ရောက်ရန်အတွက် ဖြစ်ပါသည်။
အလုပ် (PJ) (Passport for Job)
ကုန်းပေါ်၌အလုပ်လုပ်ရန်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများ ရရှိရန်အတွက်ဖြစ်ပါသည်။
ဘာသာရေး (PR) (Passport for Religious)
ပြည်ပနိုင်ငံများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ပါသည်။
မှီခို (PT) (Passport for Dependent)
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူအား မှီခိုနေထိုင်ရန် လိုက်ပါမည့်မိသားစုဝင်များအတွက် ဖြစ်ပါသည်။
လျှောက်ထားသူတွင်ပါရှိရမည့်အထောက်အထားများ
လျှောက်ထားသူအားလုံးတွင် ပါရှိရမည့် အထောက်အထား
- နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် မိတ္တူ(၂)စုံ
- အိမ်ထောင်စုစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
- အသက်(၁၀)နှစ်အောက်ဖြစ်လျှင် မွေးစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
သင်္ဘောသားများ
စီးပွားရေးမနလလျှောက်ထားလိုသူများ
ကျောင်း/သင်တန်းများတက်ရောက်လိုသူများ
ပြည်ပအလုပ်အကိုင်အတွက်လျှောက်ထားလိုသူများ
မှီခိုလျှောက်ထားလိုသူများ
ရဟန်းသံဃာများ၊ သီလရှင်များ
နိုင်ငံဝန်ထမ်းများ
ပြစ်ဒဏ်ကျခံဖူးသူများ
လျှောက်ထားသူမှစာအုပ်ထုတ်ယူရန် Slip ရရှိပါကစိစစ်ရမည့်အချက်များ
အမည် အင်္ဂလိပ်စာလုံးပေါင်း မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်
မွေးသက္ကရာဇ် မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်
ကျား/မ ရေးသွင်းချက် မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်
မွေးရပ်ဇာတိ မှန်ကန်မှုရှိ/မရှိ တို့အား

Slip ရရှိချိန်တွင် လျှောက်ထားသူကိုယ်တိုင် စိစစ်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း

[email protected]

01 546624

© Copyright 2021. All Rights Reserved

Website : www.passport.gov.mm

05/02/2023

ကဲ…
ဘာလိုသေး လဲ

🎄🎄Educare Global Academy (Singapore)မှ၈လ စာသင် + ၆လ အလုပ်အတွေ့အကြုံယူရင်း လစာရမယ့် အခွင့်အရေး 🎄🎄

🌐နိုင်ငံတကာမှ ကျောင်းသားများနှင့် အတူတူသင်ယူ
နိုင်မယ့် အခွင့်အရေး

🌐နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိနိုင်မယ့် အခွင့်အရေး သင်တန်းကြေးသင့်တင့်ပြီး

🇸🇬စင်္ကာပူနိုင်ငံစံနှုန်းများနှင့်အညီ သင်ယူလေ့လာနိုင်မယ့် အခွင့်အရေး ဒီ အခွင့်အရေးတွေကို အမြန်ဆုံးဆုပ်ကိုင်နိုင်ဖို့ PKK ကိုဆက်သွယ်လိုက်ပါ။

March 2023 intake မှာ တက်ရောက်နိုင်ဖို့ ယခုစတင်လျှောက်ထားနိုင်ပါပြီ။ အသေးစိတ်သိလိုပါက

Hello PKK 📲09-9755-31471, 09-7958-84090
.com

17/01/2023

🏆 Congratulations Aung Kaung Sett🏆

ထိုင်းနိုင်ငံ SIAM UNIVERSITYမှာ International Business Management (IBM) ပရိုဂရမ်တွင် စီးပွားရေး စီမံခန့်ခွဲမှုဘွဲ့ (Bachelor of Business Administration) ကို January 2023 Intake တွင် အောင်မြင်စွာ တက်ရောက်ခွင့်ရရှိသွားအတွက် PKK Education Academy မှ အထူး ပင်ဂုဏ်ယူမိပါတယ်ရှင့်🏆

PKK Education Academy ကိုယုံကြည်စွာဖြင့်ရွေးချယ်ပေးသည့် အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။

နောက်ထပ် Semester 02 (Intake 2) Early January to Early May များ အတွက်လည်း ကျောင်းသားသစ်များ
စာရင်းပေးသွင်းနိုင်ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက

Education Academy
📱 09795884090, 09425276073,09441324755

09/01/2023

ခေတ်နှင့်အညီဖွံဖြိုးတိုးတက်လာသည်နဲ့အမျှ Fashion Design များလည်များစွာတိုးတက်လျက်ရှိသည်။
Fashion Design အမျိုးမျိုးများစွာဖန်းတီးပြီး ကမ္ဘာအဆင့်မှီ Designerကောင်းတစ်ယောက်ဖြစ်ဖို့ Raffles InternationCollage Bangkok မှ Diploma ကနေပြီးတော့ Bachelor of Fashion Design (Honours) Degree
ထိ တက်ရောက်နိုင်မဲ့ အခွင့်အရေးကိုလက်လွှတ်ခံလို့မဖြစ်ဘူးနော်
အသေးစိတ် စုံစမ်းလို့ပါက
PKK Education page ကနေစုံစမ်းလို့ရသလို
Hello PKK Education
095077562, 09978587396,09795884090

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address

6A, 504, Yadanar Hninsi Residence, Dagon Seikkan Twonship
Yangon
11441

Opening Hours

09:00 - 17:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.