Review By Me

Supporting for local products ❣️

Photos from Review By Me's post 25/06/2023

အသိတွေ ပြင်ဦးလွင်က ပြန်လာရင် လက်ဆောင်ဝယ်ပေးနေကျဟာလေး ... အရမ်းစားကောင်းတယ်

တစ်ဘူးနဲ့ဘယ်တော့မှမဝဘူး 😋😋😋 အွန်လိုင်းကနေတကူးတက မှာစားရတဲ့ အထိပါပဲ 😊😊

Photos from Review By Me's post 17/06/2023

ဒီတစ်ပါတ် အစားတလိုင်း Admin ကတော့ Cheese Lava Cake လေးတွေကိုမျက်စိကျနေပါတယ်ရှင့်။ Gold's Mommy ဆိုတဲ့ Page လေးကနေ ကိတ်လေးတွေကို အမြဲမှာစား‌ဖြစ်ခဲ့ ပါတယ် 😋😋😋

ကိတ်သားထက် အထဲမှာပါတဲ့ Cheese Lava အရည်အနှစ်လေးတွေက သူ့အသက်ပဲ 😊

ဒီအမဆီမှာ ရနိုင်တာလေးတွေကတော့

☘️ ဒူးရင်းသီးတွေချည်းပဲပါတဲ့ ဒူးရင်း Lave အဝိုင်းကြီး
☘️ ဒူးရင်း Lava ဘူးသေး
☘️ ချိစ်နဲ့ ချောကလက်ပါ ဘူးသေး
☘️ Cheese Lava ဘူးသေး
☘️ အုန်းစိမ်းကိတ် ဘူးသေး လေး တွေရရှိနိုင်ပါတယ်။ မင်စားဘူးတာတွေပေါ့နော်။

ဒူးရင်းသီးတွေအစ်အယ်ထွက်နေတဲ့ ဘူးကြီးတစ်ဘူးကိုတောင်မှ
၂၂၀၀၀ လားပဲရှိလို့ စားရတဲ့အရသာနဲ့ ပေးရတာ အရမ်း အရမ်းကို တန်ပါတယ်ရှင့် 😋😋😋

အရမ်းမချိုတဲ့အတွက် အချိုရှောင်ချင်တဲ့ သူလေးတွေလည်းစားသုံးနိုင်ပါတယ်။ တို့ကတော့ ဘူးကြီးမကုန်ဘူး၊ ဘူးသေးမှ ဆိုသူလေးတွေအတွက်လည်း တစ်ယောက်စာ ဘူးသေးလေးတွေရှိပါတယ်။

မင်မင်စားချင်သလို လိုက်စားချင်တယ် ဆိုရင်တော့ အောက်မှာပေးထားတဲ့ Link လေးကို နှိပ်ပြီး အသေးစိတ် ဆက်သွယ်စံုစမ်းနိုင်ပါတယ်ရှင့်။

https://m.facebook.com/story.php?story_fbid=484072370407672&id=100064147387460&mibextid=Nif5oz

27/02/2023

ခေါက်ဆွဲစားမယ် 😋😋

23/02/2023

မီးမလို ဟော့ပေါ့ စားကြမယ်

Photos from Review By Me's post 22/02/2023

အကြိုက်တူလေးတွေရှိလား၊ ရှိရင်မန့်ခဲ့ပေး 😋😋

📌 မင်မင်တစ်ယောက် ခုတလော လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မလိုင်ပေါက်စီလေး ဝယ်စားဖြစ်ပါတယ်။ မလိုင်ပေါက်စီလေးရဲ့ နာမည်ကတော့ ဈာန်နဲ့ ဇွဲတဲ့ ။

📌 မလိုင်ပေါက်စီဆိုတာက မန်ထို အလွတ်ကို မလိုင်၊နွားနို့၊ ကျောက်ဖရုံယို၊ သီဟိုစေ့ တို့နဲ့ စားရတာပဲ ဖြစ်ပါတယ်။

📌 သူ့ရဲ့ အရသာက အရမ်းကြီး အချိုကဲ မနေပဲချိုစိမ့်လေးမို့ စားရသူတွေအတွက် အရမ်းကို အဆင်ပြေစေပါတယ်ရှင့်။ မလိုင်ပေါက်စီဆိုတာကျွန်မ မန္တလေးသွားရင် ထမင်းလွတ်ဟင်းလွတ် တစ်နေကုန် ဒါပဲထိုင်စားတဲ့ အဖွဲ့ကပါ 👌👌

📌 အရင်တုန်းကတော့ မလိုင်ပေါက်စီဆိုတာ မန္တလေးမြို့ရဲ့ အိမ်တော်ရာ ဘုရားပွဲရှိမှပဲ စားရတာပေါ့နော်။ အခုတော့ စားချင်တဲ့ အချိန် လိုင်းပေါ်ကနေ အချိန်မရွေး ဝယ်စားလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ရှင်။






#စားမယ်သွားမယ်

20/02/2023

Welcome post
Hello, အားလုံးပဲ မင်္ဂလာပါရှင့်...

ကျွန်မကတော့ Review By Me ရဲ့ founder admin ပဲ ဖြစ်ပါတယ်။ ဒီ page လေးမှာဆိုရင် ကျွန်မ သုံးဖူးသမျှ အလှကုန်၊ သွားဖူးသမျှ နေရာ၊ စားဖူးသမျှ ဆိုင်လေး တွေထဲက အကောင်းဆုံးဆိုတဲ့ အရာများကို ဝေမျှ ပေးသွားမှာပဲ ဖြစ်ပါတယ်။

Owner များအနေဖြင့် မိမိတို့ရဲ့ စားသောက်ဆိုင်ကို ကြော်ငြာ ချင်လို့ ဖြစ်ဖြစ်၊ လာစားပြီး review ရေးပေးစေချင်လို့ ဖြစ်ဖြစ် fees လေးတစ်ခုယူပြီးကြော်ငြာပေးနေပါပြီနော်😊

ကြော်ငြာအတွက် အသေးစိတ် သိရှိလိုပါက messenger မှာ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါပြီ 😋😋😋

#စားမယ်သွားမယ်

Photos from Review By Me's post 20/02/2023

အစားတလိုင်းဆိုရင် ပို့စ်ကို ဆုံးအောင်ဖတ်တယ် 👌👌

အတွဲရှိတဲ့ သူလေးတွေကတော့ ကိုကိုရေ စားချင်တယ်
လို့မန့်ခဲ့ပြီး ဆိုင်ရာပိုင်ရာတွေကို မန်းရှင်းပါ 😋😋
အတွဲ မရှိ သူလေးတွေကတော့ ကိုယ့်ဘာကိုယ် ဝယ်စားကြပေါ့ 🤪..........................................................................

အစားတလိုင်းတို့ရေ ...
ဒီတစ်ခါတော့ တုတ်ထိုးချစ်သူတို့အတွက် အမြတ်နည်းနည်းယူပြီး အရေအတွက်များများရောင်းတဲ့ ဦးရဲနိုင် ဝက်သားတုတ်ထိုး ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 😊

ဦးရဲနိုင်ဝက်သားတုတ်ထိုး ဟာဆိုရင် ရှစ်မိုင်၊Junction 8 နားမှာရှိပြီး အမြဲတမ်း လူမပြတ်တာကို တွေ့ရမှာပါ။ လူမပြတ်ဆို အရသာ ရှိပြီး အရမ်း စားလို့ ကောင်းတာကို 😋😋

📌 တုတ်ထိုး ဈေးလေးတွေကတော့ တစ်ဆစ်ချိုးထားရင်တစ်ရာ ၊ နှစ်ဆစ်ချိုးထားရင် နှစ်ရာဆိုပြီး လေးရာတန်အထိရှိပါတယ်။

📌 အိမ်ကပဲမှာစားမယ်ဆိုရင်လည်း အိမ်အရောက်ပို့ service ရှိပါသေးတယ်။

📌 လက်ဆောင်ပေးချင်တဲ့သူတွေအတွက် တစ်သောင်းတန် ဘူးကနေစပြီး ရှိပါတယ် တဲ့ 😊😊ကိုယ်တိုင်လည်းစား၊ လက်ဆောင်လည်း ပေးချင်တဲ့သူလေးတွေအတွက် အိုကေမှာ စိုပြေတာပေါ့နော်။

အစားတစ်လိုင်းတို့အတွက် ဈေးလည်းသင့်ပြီး စားလို့လည်းကောင်းတဲ့ ဆိုင်လေးကို ညွှန်ပြပေးလိုက်ပြီမို့ အခုပဲ သွားစားကြည့်လိုက်တော့နော် 😋😋😋

PS. လွတ်လပ်စွာ share နိုင်ပါသည်။ ပုံနှင့်စာများကို ကူးယူခွင့် မပြုပါ။

Photos from Review By Me's post 17/02/2023

Hello.... အားလုံးပဲ မင်္ဂလာပါ..

ပထမဆုံး post အနေနဲ့ ဒူးရင်းသီးသရဲလေးတွေအားလုံး အကြိုက်တွေပြီး ဒူးရင်း series တွေ စိတ်ကြိုက် စားလို့ရမယ့် ဆိုင်လေး တစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်မအရမ်းကြိုက်ပြီး ခဏ ခဏ မှာစားဖြစ်တဲ့ ဆိုင်လေးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ သူကတော့ အားလုံးသိထားတဲ့အတိုင်း ဒူးရင်းသီးနဲ့ ပက်သက်တဲ့ မုန့်တွေ အများဆုံးရှိတဲ့ Wake & Bake ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ရှင့်။

(1) Rich Durian Pillow

သူကတော့ အထဲမှာ ဒူးရင်းသီး အစစ်တွေနဲ့ လုပ်ထားပြီး စားလိုက်ရင် လျှာပေါ်မှာ စွဲနေစေမယ့် pillow လေးပဲ ဖြစ်ပါတယ်။ အထဲမှာက ခရင်မ်တွေချည်း ပါတာမျိုး မဟုတ်ပဲ ဒူးရင်းသီး အဖတ် လေးတွေပါ
ဝါးစား မိတာမျိုးပါ။

မစားကြည့်ရသေးတဲ့ သူတွေ အတွက်တော့ ဈေးကြီးမယ် ထင်ရပေမယ့် တကယ်စားဘူးသူတွေ အတွက်ကတော့ Rich Durian Pillow လေးက လုံးဝ လုံးဝကို ဈေးမကြီးပါဘူးရှင်။ သူလေးက တစ်ဗူးမှာ နှစ်ခုပါပြီး ဈေးကတော့ ၅၀၀၀ ကျပ် ပါရှင့်။

(2) Durian Icy

Durian Icy ဆိုတာက ဒူးရင်းသီး ရေခဲမုန့်လေးပါ။ ခွက်ထဲမှာ ဒူးရင်းသီး အဖက်တွေချည်း ပျစ်နှစ်နေပြီး တော့ ရေခဲမုန့်ကို မမြင်ရသလောက်ပါပဲ 😋😋

ဒါပေမယ့် စားကြည့်လိုက်တဲ့အခါမှာတော့ ဒူးရင်းအရသာ တကယ်ရပြီး တစ်ခါစားဘူးထားရင် ထပ်စားချင်နေမယ့် durian Icy လေးပါရှင်။ ရေခဲမုန့် ဖြစ်လို့
Delivery မရှိလို့ ဆိုင်မှာ သွားဝယ်ရတာပါ။ သူ့ရဲ့ ဈေး
နှုန်းလေးကတော့ ဆိုဒ်ကြီးတစ်ခွက်ကို ၁၀၀၀၀ ပါ။
ဆိုဒ်သေးတစ်ခွက်က ၅၀၀၀ ပါရှင့် ။

(3) စတော်ဘယ်ရီ pillow

Strawberry pillow လေးကတော့ အအီပြေလေးပေါ့ရှင်။ သူကတော့ စတော်ဘယ်ရီ အဖက်လေးတွေပါ ပါပြီး စတော်ဘယ်ရီးသီး အစစ် လေးတွေ ပါ ဝါးစားမိပါတယ် 😋😋 အစားတလိုင်းတွေအတွက်က ဒူးရင်းဖာလူဒါတို့ ၊
ဒူးရင်းပီလိုတို့စားပြီး စတော်ဘယ်ရီ ပီလိုလေးစားမယ် ဆိုရင်တော့ လုံးဝ အအီပြေပါပဲ။

စတော်ဘယ်ရီ ပီလိုလေးကတော့ စတော်ဘယ်ရီ ပေါ်တဲ့ ရာသီပဲ ရပါတယ်နော် 🍓🍓🍓သူလေးက ဘူးသေးနဲ့ ဘူးကြီး ဆိုပြီး နှစ်မျိူး ရှိပါသေးတယ်တဲ့။ မင်မင်စားတာကတော့ နှစ်ခုပါတစ်ဘူး ကို ၅၀၀၀ ကျပ်ပါတဲ့။

(4) ဒူးရင်းဖာလူဒါ

စားချင်တာ စားပြီး သောက်စရာလေးပါမှ ဆိုတဲ့ အစားအသောက် ချစ်သူတို့အတွက် ဒူးရင်းဖာလူဒါလေးက စောင့်ကြိုနေပါတယ်။ ဒူးရင်းသီးအဖက်တွေနဲ့ ပျစ်နှစ်နေပြီ ရှယ် ဆို မှ ရှယ် ကြိုက်တဲ့ သူတွေအတွက်
Wake & Bake က ဒူးရင်း ဖာလူဒါကတော့ တကယ့်
နတ်သုဒ္ဓါပါပဲ။

မင်ကတော့ ရိုးရိုးဖာလူဒါ တွေအစား ဒူးရင်း ဖာလူဒါပဲ
သောက်တော့မယ် 🥰🥰🥰 ဒူးရင်း ဖာလူဒါတစ်ခွက်
ဈေး ၅၈၀၀ ပါ ။

(5) ဒူးရင်းမလိုင်

တို့ကတော့ ဘယ်နေရာရောက်ရောက် ဒူးရင်းမလိုင် မှ
ဒူးရင်း မလိုင်ပဲ ဆိုရင်တော့ Wake & Bake က ဒွင်းမလိုင်လေးကို try ကြည့်သင့်ပါတယ်။ ဒီဆိုင်က မုန့်လေးတွေက မင်မင့် အကြိုက်တွေ ချည်းမို့ အစားတလိုင်းတို့အတွက် မမှားပါဘူးနော် 😊😊ဈေးလေးက
တစ်ပွဲ ၆၃၀၀ ပဲရှိတာမို့ စားပျော်ပါတယ်ရှင့်။

အဲဒီဆိုင်လေးမှာက တခြား ဒူးရင်းအလွှာကိတ်တို့၊ စတော်အလွှာကိတ်တို့လိုမျိုး ကိတ်မျိုးစုံလည်း ရနိုင်ပါသေးတယ် 😊 ဒူးရင်းသီးသာ ခဏခဏ မှာစားနေ
ပေမယ့် ကိတ်လိုင်းတော့ မရောက်ဖြစ်သေးပါဘူး။

နောက်တစ်ခါကျရင်တော့ ကိတ်ဘက်ကို try ကြည့်ပါအုံးမယ် 😋😋😋

ကဲ... ဘယ်ဆိုင်ကောင်းလဲဆိုတာ review ကြည့်ပြီးမှ စားချင်တဲ့ အသဲတို့အတွက် မင်ကတော့ review ရေးပေးလိုက်ပြီနော် 😋😋😋 သွားစားပြီးလို့အဆင်ပြေရင် ဒီ ပေ့ခ်ျ လေးကို ညွှန်းပေးခဲ့ကြပါအုံး ။ ။

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ခေါက်ဆွဲစားမယ် 😋😋
မီးမလို ဟော့ပေါ့ စားကြမယ်

Address

InnSein
Yangon
223456

Other Yangon restaurants (show all)
M3 Food Center M3 Food Center
West Shwe Gong Daing Road
Yangon

The official page for M3 Food Center at Bahan Sport Ground, near Shwedagon Pagoda. Feedback and enqui

ဂဏန်းကောင် ဂဏန်းကောင်
Kwet Thit 2 Street, Insein Township
Yangon, 11011

Seafood and Decoration

ဝါးတီးTime ပင်လယ်စာ ဝါးတီးTime ပင်လယ်စာ
No 47, Bayint Naung Road, Yangonthit Quarter, Thuwunna, Thingungyun Township
Yangon

စားလို့လဲကောင်း ဈေးလဲတန်

Htoo Htoo
North Okkalapa 3 Street 1 Quarter
Yangon, .

Spicy Kitchen 香阁里辣 Spicy Kitchen 香阁里辣
No. 1,Dawna Street,near Hanthawaddy Road,Sanchaung Township,Yangon
Yangon

မိုင်းသာမြီးရှည်၊အကင်၊စကောထမင်း၊ဟော့ပေါ့မျိုးစုံနှင့်ရှမ်းတရုတ်အစားအစာများ♥️

Yoon Monti Yoon Monti
Yangon Upper Pazadaung
Yangon

own

Crunchy Crunchy
No. (B, 2), Myanmar Sport Hotel Compond, Lay Daunt Kan Road, Thingangyn Township, Yangon (In Front Of ILBC)
Yangon

ᖴOOᗪ ᗰᗩKEᔕ EᐯEᖇYTᕼIᑎG ᗷETTEᖇ ᕙ(♥̃ ▿♥̃)ᕗ

Seafood Crush Seafood Crush
Bommar 3rd Street
Yangon

သန့်ရှင်းလတ်ဆတ် Seafood Crush

လပ်ကီး လက်ညှစ်မုန့်တီ နှင့် ပင်လယ်စာ လပ်ကီး လက်ညှစ်မုန့်တီ နှင့် ပင်လယ်စာ
No. 30, Ngar Man Aung Paya Street
Yangon, 11821

Healthy, Happy and Delicious

Hurricane Village B.B.Q Bar &Restaurant Hurricane Village B.B.Q Bar &Restaurant
သာကေတတိုင်းရင်းသားကျေးရွာဝင်ပေါက်အနီး၊သာကေတမြို့နယ်။
Yangon

ဆိတ်ငြိမ်အေးချမ်းသောသဘာဝတရားကိုလာ?

Malar Seafood Malar Seafood
Yangon, 11191

Eat with me!

ရခိုင်လက်ရာ ရခိုင်အစားအစာနှင့်သစ်သီးဖျော်ရည် ရခိုင်လက်ရာ ရခိုင်အစားအစာနှင့်သစ်သီးဖျော်ရည်
Yangon

ရခိုင်ထမင်းဟင်း ရခိုင်မုန့်တီနှင့်ပင်လယ်စာဟင်းလျာများ အသုပ်များကို စိတ်တိုင်းကျမှာယူနိုင်ပါတယ်ရှင့်။