MTC Computer

MTC Computer

Computer Training , Sales & Service

02/01/2024

Lenovo ThinkPad i7 4gen
Ram 8GB SSD 128GB Laptop ​လေး ဝယ်ယူအား​ပေးသွားတဲ့ မန္တ​လေး ညီ​လေး ​ကျေးဇူးအထူးတင်ပါတယ်​နော်

အနယ်နယ် အရပ်ရပ်မှ မိတ်​ဆွေများလည်း Laptop ​လေးကို ​စျေးချိုချို​လေး ယုံကြည်စိတ်ချစွာ မှာ ဝယ်ယူလို့ ရပါပြီ​နော်

5.Jan.24 အထိ Promotion ​လေး ရှိပါ​သေးတယ် ခင်ဗျ

စက်ပိုင်းဆိုင်ရာလည်း အာမခံ ၃လပါပါတယ် ခင်ဗျ

Laptopများ👇👇👇
📸 Look at this post on Facebook
https://m.facebook.com/story.php?story_fbid=694823052828970&id=100069038453924&mibextid=ZbWKwL

No.468, Lower Kyimyindine Rd, KyimyindineTsp, Yangon, Myanmar.
Ph_ 09-7924-66044
🚍BUS-94,98,22,41,89,59,117,144 ဝိုက်​တောမှတ်တိုင်

24/12/2023

All Fine (No Error) Laptop ​လေး​တွေကို ၂သိန်းကျပ်မှ စ၍ ​ပျားရည်း​စျေးနဲ့ ​ရောင်းချ​ပေး​နေပါပြီ​နော်

📢🎇New Year Pormotion ​လေး လာပြီ​🎆

🎗ဘက်စုံသုံး Laptop ​လေး​တွေကို တစ်​နေရာထဲမှာ ပျားရည်​စျေးနဲ့ စိတ်ကြိုက် ​ရွေးချယ်လို့ ရပါပြီ။🎗

😱ရန်ကုန်တစ်မြို့လုံးရဲ့ အ​ရောင်းဆိုင်​တွေထဲမှာ ​စျေးအချိုဆုံးဖြစ်​ကြောင်းလည်း အာမခံပါတယ်။😱

စက်ပိုင်းဆိုင်ရာ အာမခံအ​နေနဲ့လည်း
💻👍Hardware 3Months
♥️👍Software Lifetime ​ပေးထားတဲ့အပြင် 👉🎁လက်​ဆောင်၅မျိုးလည်း ​ပေးပါ​သေးတယ်​နော်။🎁

🎀ယခု Promotion ​လေးက​တော့ 5.1.2024 ​​နေ့ ​နောက်ဆုံး ဖြစ်ပါတယ် ခင်ဗျ။🎀

🎄ရန်ကုန်မြို့အတွင်း ပစ္စည်း​ရောက်​ငွေ​​ချေစနစ်ဖြင့် မှာယူလို့ ရသလို၊ နယ်ဘက်က မိတ်​ဆွေ​တွေအတွက်လည်း ယုံကြည်စိတ်ချစွာ မှာယူလို့ ရပါတယ် ခင်ဗျ။🎄

Kpay
U Thein Naing Oo
09-7924-66044

🏡Adress- No.468, Lower Kyimyindine Rd, KyimyindineTsp, Yangon, Myanmar.
Ph_ 09-7924-66044, 09-76214-1801, 09-79967-8869
🚍BUS-94,98,22,41,89,59,117,144 ဝိုက်​တောမှတ်တိုင်

20/12/2023

💻လာမယ့် နှစ်သစ်မှာ အသစ်သစ်တွေနဲ့ စတင်မိတ်ဆက်တော့မယ် Intel®️ processors နောက်ထပ် ဘလိုတွေ ဆက်ကြမ်းလာဦးမလဲပေါ့လေ

💥သေချာတာကတော့ ခုလို နှုတ်ကျိုးအောင်ခေါ်နေကျ
Intel®️i3 / i5 / i7 အနေနဲ့ ဝင်လာတော့မှာမျိုး မဟုတ်ဘဲ

💥Intel®️ Ultra5 / Ultra7 / Ultra9 စသည်ဖြင့် ပြောင်းလဲ ခေါ်ဆိုရတော့မည်ဖြစ်သည်

-လောလောဆယ် လက်ရှိ အနေအထားအရ တရားဝင် မထုတ်ပြန်သေးပေမယ့် သေချာသလောက် 90% ရှိနေပါတယ်

-U series နဲ့ H series ဆိုပီး ဦးဆုံအရင် ထွက်လာဖို့ ရှိနေပါတယ်

-ပီးတော့ နောက်တခုအနေနဲ့ Graphics ပေါ့ သူ့အနေနဲ့ကလဲ အရင်လို Intel®️ UHD / Intel®️ Iris®️ လိုမျိုး မဟုတ်ဘဲ ယခု 2024 ကနေပီး ပါလာမယ့် GPU အနေနဲ့ကလဲ (ပုံပါ) ARC GPU တွဲရက်ဖြစ်သွားမယ့်အလားလားရှိနေပါတယ် ♦️Ryzen လိုပြောရရင်တော့ ♦️AMD Radeon လိုမျိုးပေါ့

-SSD တွေမှာလဲ PCIe Gen 5 လိုထပ်upgrade လာဖို့ရှိမယ်လို့ သိရပါသေးတယ်

-Wi-Fi မှာတော့ Wi-Fi-6e အပြင် Wi-Fi 7 ထိ ထပ်ဆောင်း upgrade မြင့်ပေးထားတယ်လို့သိရပါသေးတယ်

🤷‍♂️ဆိုတော့က လာမယ့် 2024 ကျရင်တကယ်ထွက်လာတော့မှာကို စောင့်မျော်ရင်းဖြင့်……….

19/12/2023
Photos from MTC Computer's post 19/12/2023

📢🎇New Year Pormotion ​လေး လာပြီ​နော်🎆

🎗ဘက်စုံသုံး Laptop ​လေး​တွေကို တစ်​နေရာထဲမှာ ပျားရည်​စျေးနဲ့ စိတ်ကြိုက် ​ရွေးချယ်လို့ ရပါပြီ။🎗

😱ရန်ကုန်တစ်မြို့လုံးရဲ့ အ​ရောင်းဆိုင်​တွေထဲမှာ ​စျေးအချိုဆုံးဖြစ်​ကြောင်းလည်း အာမခံပါတယ်။😱

စက်ပိုင်းဆိုင်ရာ အာမခံအ​နေနဲ့လည်း
💻👍Hardware 3Months
♥️👍Software Lifetime ​ပေးထားတဲ့အပြင် 👉🎁လက်​ဆောင်၅မျိုးလည်း ​ပေးပါ​သေးတယ်​နော်။🎁

🎀ယခု Promotion ​လေးက​တော့ 5.1.2024 ​​နေ့ ​နောက်ဆုံး ဖြစ်ပါတယ် ခင်ဗျ။🎀

🎄ရန်ကုန်မြို့အတွင်း ပစ္စည်း​ရောက်​ငွေ​​ချေစနစ်ဖြင့် မှာယူလို့ ရသလို၊ နယ်ဘက်က မိတ်​ဆွေ​တွေအတွက်လည်း ယုံကြည်စိတ်ချစွာ မှာယူလို့ ရပါတယ် ခင်ဗျ။🎄

🏡Adress- No.468, Lower Kyimyindine Rd, KyimyindineTsp, Yangon, Myanmar.
Ph_ 09-7924-66044
🚍BUS-94,98,22,41,89,59,117,144 ဝိုက်​တောမှတ်တိုင်

15/12/2023
27/11/2023

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”
°°°°°°°°°°°°°°°°°°°💻🌷💻°°°°°°°°°°°°°°°°°°°°

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း
လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို
ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း
လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏
အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”
ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ
အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။

မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည် အသိဉာဏ်
နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို
ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်
ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်
ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ
အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊
ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား
ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်
ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို
လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း
ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို
ပျောက်ကင်းအောင် မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ
အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့်
ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း
မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း
လပြည့် ညအလှကို ကြည့်ရှုခံစားပြီး
“မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်
ကောင်းလှသော ညတစ်ညပါတကား”
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော
ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို
ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော်
ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး
ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ
မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကသေကမ်ဗလဆရာကွီးက နတ်ထိကဝါဒ=
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=
မပြုမပြင် ဝါဒသမား ဖြစ်သည်။
ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ=
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။

ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်
အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ
စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့
သွားရန် စီစဉ်ပေးသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်
ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့
အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်း တော်သို့သွားသောအခါ
-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊
-တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့်
အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး
မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
“တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း
လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
ကြသကဲ့သို့ ဖြစ်သည်။

အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး
သူသိလိုသော အကြောင်းအရာများကို လျှောက်ထား
လေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး
ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်
လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး
တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။
သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍
ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။”
ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်
လက်ငင်းအကျိုးကိုမေးလျှောက်သည်။

ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင်
“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော
အကျိုး” တို့မှာ-

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ
ကင်းလွတ်ရခြင်းအကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊
မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍
မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။
ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌
“ဝိဇိတာဝီ အမည်ြဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို
စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ
သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက
မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း
ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ
ဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။


-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】

24/11/2023

i3,i5,i7, Celeron, Pentium generation ခွဲနည်း

MinThu Aung

15/11/2023

ကွန်ပျူတာ မကျွမ်းကျင်ဘူးဆိုလျှင်

Phyo Phyo Aung

31/10/2023

မိမိ PC မှာ SSD နဲ့လား HDD နဲ့လား

29/10/2023

မင်္ဂလာရှိ​သော သီတင်းကျွတ် အခါသမယ​လေး ဖြစ်ပါ​စေလို့ မှ ဆု​တောင်း​ပေးပါတယ်​နော်😍

#အဘိဓမ္မာအခါတော်နေ့
__________________

မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို သက်တော် ၄၂- နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ပါသည်။ မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို ကျေးဇူးဆပ်လိုခြင်း, နတ်ဗြဟ္မာအပေါင်းတို့အား တရားရစေလိုခြင်းတို့ကြောင့် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။

အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး မြောက်ကျွန်းမှ ရရှိလာသော ဆွမ်းအာဟာရကို ဘုဉ်းပေးသုံးဆောင်ပါသည်။

မြတ်စွာဘုရား ဆွမ်းခံကြွသောအခါ အဘိဓမ္မာတရား ဟောကြားခြင်းကို ရပ်ဆိုင်း၍မထားဘဲ ဘုရားကိုယ်စား တန်ခိုးတော်ဖြင့် ဖန်ဆင်းထားသော “နိမ္မိတ ဘုရားရှင်”က ဆက်၍ ဟောကြားတော်မူပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရား ဟောကြား၍ ပြီးဆုံးခဲ့ခြင်းကြောင့် သီတင်းကျွတ်လပြည့်နေ့ကို "အဘိဓမ္မာအခါတော်နေ့" ဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။

တခြားသော တရားတို့ထက် သာလွန်ထူးခြားသော တရားဖြစ်သောကြောင့် “အဘိဓမ္မာ” ဟု ခေါ်သည်။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊
ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍ ၇- ကျမ်း ရှိပါသည်။

အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ လေ့လာသင်ယူခြင်း, နာကြားကြည်ညိုခြင်း, လိုက်နာကျင့်သုံးခြင်းတို့ကြောင့် ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊ သစ္စာတရားကို ထိုးထွင်း သိမြင်နိုင်ခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းဟူသော အကျိုးထူးများကို ရရှိနိုင်ပါသည်။

အဘိဓမ္မာ ၃- မျိုး
--------------------

က။ မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။

ခ။ မြတ်စွာဘုရားက စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။

ဂ။ ဘုရားဟောကြားသော အဘိဓမ္မာတရားကို
အရှင်သာရိပုတ္တရာ မထေရ်က တပည့်ရဟန်း ၅၀ဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ပြန်၍ ဟောကြားတော်မူပါသည်။

ယနေ့မျက်မှောက်ခေတ် ရဟန်းရှင်လူတို့ သင်ကြားနေသည့် အဘိဓမ္မာတရားမှာ အရှင်သာရိပုတ္တရာ ဟောကြားသော အဘိဓမ္မာတရား ဖြစ်သည်။

သီတင်းကျွတ် မီးထွန်းပွဲ
-------------------------

သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ
သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။

နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌ နတ်ပရိသတ်များက လက်ယာဘက် ရွှေစောင်းတန်း၊ ဗြဟ္မာပရိသတ်က လက်ဝဲဘက် ငွေစောင်းတန်း၊ မြတ်စွာဘုရားက အလယ် ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူပါသည်။

ထိုသို့ ဆင်းတော်မူသောအခါ မာတလိနတ်သားက မြတ်စွာဘုရားအနီး ဝဲဘက်တော်မှ ခစားလိုက်ပါပြီး ပဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း လိုက်ပါပို့ဆောင်ပါသည်။ သိကြားမင်းက ဘုရားနောက်တော်မှ ထီးမိုးလိုက်ပါပြီး သုယာမနတ်သားက ယပ်ခတ်ပူဇော်ပြီး လိုက်ပါလာပါသည်။

မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောအခါ မီးရှူး တန်ဆောင်တို့ဖြင့် ထွန်းညှိပူဇော်ကြပါသည်။

ထိုကဲ့သို့ မီးပူဇော်သည့် ထုံးကို နှလုံးမူ၍ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့တွင် တခန်းတနား မီးပူဇော်ကြခြင်းဖြစ်ပါသည်။ ဘုရားဂုဏ်တော်တို့ကို အာရုံပြု၍ ပူဇော်ကြခြင်း ဖြစ်သောကြောင့် ဗုဒ္ဓါနုဿတိဘာဝနာ ကုသိုလ်ပင် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

27/10/2023

မိမိ PC မှာ CPU ဘယ်နှစ်လုံးပါလဲ?

14/10/2023

Windows Update ပိတ်နည်း
MTC Computer
MinThu Aung

13/10/2023

Computer ဖွင့်ဖွင့်ချင်း Auto ပွင့်လာတဲ့
App တွေ ပိတ်နည်း

MTC Computer
MinThu Aung

11/10/2023

Browser မှာ ကြော်ငြာ ပိတ်နည်း
MinThu Aung

MTC Computer

11/10/2023

အားလုံးပဲ မင်္ဂလာ နံနက်ခင်း​လေးပါခင်ဗျ

မိတ်​ဆွေ ညီအစ်ကို ​မောင်နှ​တွေအားလုံး ကျွန်​တော် ပြန်လာပြီ​နော်

​စောင့်​မျှော်​နေတဲ့ Videos သင်ခန်းစာ​တွေ ပြန်လာပါ​တော့မယ် ခင်ဗျ


Aung

07/07/2023

ဆိုင်ကိစ္စ​တွေနဲ့ အလုပ်များ​နေတာမလို့ MTC Page ကို ပြန်မကြည့်ဖြစ်​နေတာမလို့ မိတ်​ဆွေများ အ​ရေးကြီး အခက်ခဲဖြစ်လျှင် ကျွန်​တော့ အ​ကောင့်မှာ ဆက်သွယ် ​မေးမြန်းနိုင်ပါတယ် ခင်ဗျ

https://www.facebook.com/minthuaungmtc?mibextid=ZbWKwL

မင်္ဂလာရှိ​သော ​နေ့ရက်​လေး ဖြစ်ပါ​စေ ခင်ဗျ

29/05/2023

ယခုလို Post ​တွေ ​တွေ့ရင် လုံးဝ မဝင်မိပါ​စေနဲ့ခင်ဗျ
Facebook အ​ကောင့်ကို ဟတ်ပြီး ​ငွေလိမ်တာ​တွေ လုပ်မှာပါ။ မိတ်​ဆွေများအားလုံး သတိထားနိုင်ပါ​စေ။

Photos from MTC Computer's post 25/04/2023

Dell, Lenovo, Acer

Band အစုံ လက်လီ/လက်ကား ရမယ်
All Fine

#လက်ကား​စျေး
အနဲဆုံး ၃လုံး ယူ​ပေးပါ ခင်ဗျ

i3/i5 gn
Ram 4 (8GB နဲ့ ယူရင် ​စျေး၂​သောင်းပို)
SSD 120
BT 2hr
230000 Ks

i3/i5 2gn
Ram 4 (8GB နဲ့ ယူရင် ​စျေး၂​သောင်းပို)
SSD 120
250000 KS
BT 2hr

i3/i5 3gn
Ram 4 (8GB နဲ့ ယူရင် ​စျေး၂​သောင်းပို)
SSD 120
BT 2hr
270000 Ks

i5 4gn
Ram 4 (8GB နဲ့ ယူရင် ​စျေး၂​သောင်းပို)
SSD 120
BT 1hr to 2hr
330000 KS

🏡Adress- ATK Computer, No.468, Lower Kyimyindine Rd, Kyimyinsine Tsp, Yangon, Myanmar.
Ph_ 09-7924-66044
🚍BUS-94,98,22,41,89,59 ဝိုက်​တောမှတ်တိုင်

Photos from MTC Computer's post 25/04/2023

်မှာလား?💻
#သင်တန်းတက်မှာလား?🖥
#ကွန်ပျူတာပြင်မှာလား?💻
တစ်​နေရာထဲမှာ အစုံ ရပါပြီ ခင်ဗျ

💻Laptop ​လေး​တွေက ၂သိန်း ဝန်းကျင်ကစပြီး ရှိပါမယ်​နော်၊ အာမခံ လည်း ​ပေးပါတယ်။ လက်လီ/လက်ကား ရပါမယ် ခင်ဗျ

💻ကွန်ပျူတာ သင်တန်း အစုံကိုလည်း တစ်​နေရာထဲမှာ တက်လို့ရပါပြီ၊ သင်တန်း​ကြေး ၅​သောင်းပါ ခင််ဗျ

💻ကွန်ပျူတာ Service အ​နေနဲ့လည်း ပျက်ချင်သလိုပျက်၊ ကျိုးချင်သလိုကျိုး ​စျေးနှုန်း သက်သာစွာဖြင့် ပြုပြင်​ပေး​နေပါပြီ

🏡Adress- ATK Computer, No.468, Lower Kyimyindine Rd, Kyimyinsine Tsp, Yangon, Myanmar.
Ph_ 09-79967-8869, 09-7924-66044, 09-762141-801
🚍BUS-94,98,22,41,89,59 ဝိုက်​တောမှတ်တိုင်

🚛 Laptop ဝယ်မယ်ဆိုရင် နယ်မှ မိတ်​ဆွေများလည်း ယုံကြည်စိတ်ချစွာ မှာယူလို့ ရပါတယ် ခင်ဗျ🚛

25/04/2023

Page ပြန်ရပါပြီ ခင်ဗျ

Name ​တော့ Change လို့ မရ​သေးပါဘူး

Photos from MTC Computer's post 06/02/2023

📌​🏷စျေးချိုချိုနဲ့ တန်တန်​လေး​တွေကို မြန်မြန်​လေး ရယူလိုက်ပါ​နော်၊ ပုံ​လေး​တွေ​ထောက်ပြီး Specifications ​​လေး​တွေ ကြည့်လို့ ရပါတယ်😍😍😍🔎

📢😍📷ပထမဦးဆုံ Public ဖြင့် Share ​ပေးသူ အ​ယောက် ၅၀ ကို ဖုန်း​ဘေ တစ်​​ထောင်စီထည့်​​ပေးမှာ ဖြစ်ပါတယ် ခင်ဗျ၊

စည်းကမ်း👇👇👇
Public ဖြင့် Share ထားတဲ့ပုံကို Screen Short ရိုက်ပြီ MTC page Messenger မှာ ပို့​ပေးရပါမယ်ခင်ဗျ၊ ဖုန်း​ဘေ ထည့်​ပေးရမယ့် ဖုန်းနံပါတ်​လေးလည်း ပို့​ပေးပါ ခင်ဗျ

🙏အားလုံးကို ​ကျေးဇူး အထူးတင်ပါတယ် ခင်ဗျ🙏

Photos from MTC Computer's post 26/01/2023

ဆိုင်အထိ လာ​​ရောက် ဝယ်ယူအား​ပေးသွားတဲ့ ညီမ​လေး​ရော၊

မ​ကွေးတိုင်း ​ချောက်မြို့က​နေ မှာပြီး ဝယ်ယူအား​ပေးတဲ့ အကို​​ရော၊

တာချီလိတ်က​နေ မှာပြီး ဝယ်ယူအား​ပေးတဲ့ ညီ​လေး​ရော

​ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ၊

Laptop ​လေး​တွေ ဝယ်ယူအား​ပေးလို့ ရပါတယ်👇👇👇
https://m.facebook.com/story.php?story_fbid=701077621489609&id=101797921417585&sfnsn=mo&extid=a&mibextid=6aamW6

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

All Fine (No Error) Laptop ​လေး​တွေကို ၂သိန်းကျပ်မှ စ၍ ​ပျားရည်း​စျေးနဲ့ ​ရောင်းချ​ပေး​နေပါပြီ​နော်
i3,i5,i7, Celeron, Pentium generation ခွဲနည်းMinThu Aung#MTC
ကွန်ပျူတာ မကျွမ်းကျင်ဘူးဆိုလျှင်
မိမိ PC မှာ SSD နဲ့လား HDD နဲ့လား
မိမိ PC မှာ CPU ဘယ်နှစ်လုံးပါလဲ?
Windows 10/11တွေမှာ မြန်မာစာ ရိုက်နည်းအားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာမင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေနော်#MTCMinThu Aung
Windows Update ပိတ်နည်း
Computer ဖွင့်ဖွင့်ချင်း Auto ပွင့်လာတဲ့ App တွေ ပိတ်နည်းMTC ComputerMinThu Aung
Browser မှာ ကြော်ငြာ ပိတ်နည်း
TeamViewer ‌​​ဒေါင်း​​လောခ်ဆွဲနည်း/ အသုံးပြုနည်း
ကွန်ပျူတာ ​ဆော့ဝဲ ​ဒေါင့်​လော့ခ် ပြုလုပ်နည်းYouTube Channel👇👇👇https://youtu.be/b0aixUx2M_A
ကွန်ပျူနဲ့ပတ်သက်တာ​လေး​​တွေ ဝင်​ရောက်​မေးနိုင်ပါတယ် ခင်ဗျ

Telephone

Address

No 468, Lower Kyimyindaing Road, Kyimyindaing Tps
Yangon
11101

Other Yangon computer & electronics services (show all)
Master Trading Master Trading
အမှတ်၁၇၂, ၃၆လမ်း အလယ်ဘလောက် ကျောက်တံတားမြို့နယ် ရန်ကုန်မြို့။
Yangon, 11182

Laptop နှင့် Mobile Phone များကိုအသက်သာဆုံးဈေးတွေနဲ့ လက်လီလက်ကားရောင်းချပေးနေပါတယ်

Hein Computer Service Hein Computer Service
Yangon, 11221

�အိမ်၊ရုံး အရောက် Computer Service ဝန်ဆောင်မူပေးခြင်း

Window License Key Window License Key
Yangon, 10062

Window လိုင်စင်ကီးများ Office လိုင်စင်ကီးများ Window Server လိုင်စင်ကီးများ ဝယ်ယူရရှိနိုင်ပါသည်။

Code Champs Coding School Code Champs Coding School
Yangon

The School of Computer Science where kids, teens and professionals can learn coding/programming for

Apexx Apexx
Yangon, 11111

Programming Learning Center PLC Programming Learning Center PLC
PaDuMar Street, MinGaLarDon
Yangon

free online programming class in Myanmar

Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား
Yangon
Yangon, 11221

မင်္ဂလာပါ Qualify Technology မှကြိုဆိုပါတယ်

Star Award Star Award
San Chaung
Yangon

NewVersion Laptops Sales and Professional Services NewVersion Laptops Sales and Professional Services
Yangon, 11181

Professional Sales and Professional Services

IT-Hub Myanmar IT-Hub Myanmar
အမှတ်(A+B) ရတနာလမ်းမ မေဥယျာဉ်အိမ်ရာ သင်္ဃန်းကျွန်း။Yangon Ambience မျက်နှာချင်းဆိုင်
Yangon

“ IT ပတ်သက်တဲ့ အခြေခံကောင်းတွေသာမက လုပ်ငန်းခွင် Level အထိပါ ရောက်ရှိဖို့ IT Hub မှာ လေ့လာစို့ ”

Next Gen Computer Training Next Gen Computer Training
အမှတ်(၁၀၅)၊စံပြ(၅)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
Yangon, 11071

Computer Education