Yadanar Soe cooking

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yadanar Soe cooking, Kitchen/Cooking, No. 87 Myanmargoanyee Street, Yangon.

Photos from Yadanar Soe cooking's post 20/07/2019

ကွေ့တယိုမှုန့်​ထုတ်​​လေးလက်​​ဆောင်​ရထားလို့ စမ်းချက်​ကြည့်​တာအရမ်းကို​ကောင်းပါတယ်​...
ဟင်းချိုပန်းကန်​လုံးနှစ်​လုံးစာအတွက်​ ​ကွေ့တီယိုမှုန့်​ထမင်းစားဇွန်းတစ်​ဇွန်းမပြည့်​တပြည့်​ထည့်​ပြီးချက်​တာ ဆားတို့အရသာမှုန့်​တို့ဘာမှကိုထပ်​မထည့်​ရ​တော့ပါဘူး ငရုတ်​​ကောင်း​လေးပဲနည်းနည်းခတ်​ရတယ်​ အနံ့အရသာအရမ်း​ကောင်းပါတယ်​....

20/07/2019

အသီးအနှံမစုံတဲ့ပဲကုလားဟင်းအလွယ်​ချက်​နည်း အရမ်းကိုလွယ်​တာ​နော့်​...
ကုလားပဲကိုခဲ​လေး​တွေ​ရွေး ​ရေသုံးထပ်​​လောက်​​ဆေးပြီး ပဲမြုပ်​ရုံ​ရေထည့်​ နူးလွယ်​​အောင်​ဆီ​လေးနည်းနည်းထည့်​ပြီးပြုတ်​ပါတယ်​ ဆားမထည့်​ရဘူး​နော်​...
ပဲမြုပ်​ရုံ​ရေထည့်​ပြုတ်​ပြီး ၃​ရေ၄​ရေ​လောက်​ဆိုပဲနူးပါပြီ ပဲနူးလာတာနဲ့ အိမ်​မှာကဆီချက်​အမြဲချက်​ထားလို့ ဆီချက်​ထမင်းစားဇွန်းတစ်​ဇွန်း (ဆီမ​ရှောင်​သူ​တွေ​တော့ပိုထည့်​ပါ)
ကြက်​သွန်​နီ​ကြော်​ထမင်းစားဇွန်းတစ်​ဇွန်း​မောက်​​မောက်​၊ငရုတ်​အ​ရောင်​တင်​မှုန့်​ မဆလာတို့ခတ်​ပြီး ပဲ​ရေမြုပ်​​အောင်​ထည့်​ပြီး ငရုတ်​အ​ရောင်​တင်​နံ့​ပျောက်​​အောင်​​ရေခန်းချက်​ပါ ​ရေခန်းပြီးအနံ့​မွှေးလာလျှင်​​ရေအ​နေ​တော်​ထည့်​ ဆား၊အရသာမှုန့်​၊မန်​ကျည်းသီးအနှစ်​​ဖျော်​ထည့်​ပြီးချက်​ပါ မဆလာနဲ့ချက်​တဲ့ဟင်းမှာငံပြာရည်​ထည့်​ချက်​လျှင်​မဆလာအနံ့မထွက်​တဲ့အတွက်​ငံပြာရည်​ထည့်​ချက်​လို့မရပါ ငံပြာရည်​ထည့်​မရတဲ့အတွက်​မန်​ကျီးသီးကိုသင့်​ရုံထည့်​ပါ...
အသီးအနှံစုံထည့်​ချက်​မယ်​ဆိုရင်​​တော့ အသီးအနှံနူးမှမန်​ကျီးရည်​ထည့်​ပါ ...
အရမ်းလွယ်​ပြီး ရနံ့​မွှေးကြိုင်​အရသာရှိတဲ့ပဲကုလားဟင်း​လေးကထမင်းမြိန်​​ဆေး​လေးပါ..

20/07/2019

ငါးကင်​နှင့်​ရုံးပ​ဒေသီးကင်​......
ငါးနှင့်​ရုံးပ​ဒေသီးတို့ကို ဆားအနည်းငယ်​၊ဟင်းခတ်​မှုန့်​အနည်းငယ်​၊ငရုတ်​အ​ရောင်​တင်​မှုန့်​၊နနွင်းအနည်းငယ်​၊ကြက်​သွန်​ဖြူ​ထောင်း၊ငရုတ်​​ကောင်းမှုန့်​၊နှမ်းဆီ​မွှေး လက်​ဖက်​စားဇွန်းနှစ်​ဇွန်းခန့်​ဖြင့်​နယ်​နှပ်​ထားပြီး ဂက်​စ်​မီးဖိုမှာမီး​အေး​အေးနဲ့ကင်​ပါတယ်​ အနံ့အရသာက​တော့ရှယ်​ပါလို့...

Photos from Yadanar Soe cooking's post 15/07/2019

အမျှင်​ဓာတ်​ကြွယ်​ဝပြီး အဆီလဲကျတယ်​ဆိုတဲ့ရုံးပ​ဒေသီးကိုစားလဲစားချင်​ပါရဲ့ချွဲချွဲကြီးဖြစ်​လို့မစားချင်​ပါဘူးဆိုသူ​တွေအတွက်​မချွဲ​အောင်​ဘယ်​လိုချက်​ ဒီလိုနည်း​လေးနဲ့ချက်​​လေ 👇👇👇

Photos from Yadanar Soe cooking's post 15/07/2019

မိုးတစိမ့်​စိမ့်​​အေး​နေ​တော့ ​ရှောက်​သီးသုပ်​​လေးကို​ရေ​နွေးပူပူ​လေးနဲ့ မြည်းပြီးအစပ်​​ပြေကြက်​ဥအကာကျက်​​လေးတစ်​လုံးစားလိုက်​​တော့​ဗိုက်​တင်းသွားလို့နေ့လည်​စာထမင်း​တောင်​ထည့်​မစားလိုက်​ရဘူးရယ်​..

ရှောက်​သီးသုပ်​မခါးရ​အောင် နယ်​တဲ့အခါအရည်​​တွေရွှတ်ပတ်​ကြီးဖြစ်​မ​နေ​အောင်​သုပ်​ဖို့အတွက်​​ ​ရှောက်​သီးဖတ်​​လေး​တွေနွှာပုံကိုပုံနဲ့ပြထားပါတယ်​....
ငပိ​လေးကိုမီးကင်​ပြီးအ​အေးခံပါတယ်​ ငပိမ​အေးခင်​အသုပ်​ထဲထည့်​သုပ်​ရင်​ခါးတတ်​ပါတယ်​...
ကြက်​သွန်​နီပါးပါးလှီး၊နွှာထားတဲ့​ရှောက်​သီးဖတ်​​လေး​တွေထည့်​၊ပုဇွန်​​ခြောက်​အမှုန့်​ကျိတ်​ထားတာ​လေးထမင်းစားဇွန်းတစ်​ဇွန်း​မောက်​​မောက်​ထည့်​၊နှမ်းကြက်​သွန်​​ကြော်​​မြေပဲ​ထောင်းထားတာ​လေး​တွေ ထမင်းစားဇွန်းတစ်​ဇွန်းစီထည့်​၊ကြက်​သွန်​နီ​ကြော်​​လေး​​ကြော်​ထားတာခြေထည့်​၊ငပိမီးကင်​၊ငံပြာရည်​အနည်းငယ်​ အသားမှုန့်​အနည်းငယ်​ ငရုတ်​​လှော်​မှုန့်​ဖြူးပြီး နံနံပင်​​လေးပါ​ရောသုပ်​တာ ရှယ်​ပဲဆို....

12/07/2019

ချဉ်​စပ်​ရှူးရှဲ​ဂေါ်ရခါးရုံးပ​ဒေ​ကော်​ရည်​ခရုဆီဟင်း.......
မိုး​အေး​အေးမှာ ​ဂေါ်ရခါးသီးလိုချိုတဲ့အသီးအနှံကိုချဉ်​စပ်​​လေးလုပ်​စားမှစား​ကောင်းမယ်​​လေ​နော့်​...
ဒီ​နေ့မုန်​ညှင်းဟင်းချိုချက်​ဖို့ကြက်​သားကြက်​ရိုး​တွေ​ရောပြုတ်​ထား​တော့ ကြက်​ပြုတ်​​ရေ တူစားထမင်းပန်​ကန်းလုံးတစ်​လုံးစာကိုယူပြီးဆူပွက်​​နေ​အောင်​တည်​ပါတယ်​....
ဂေါ်ရခါးသီးနှင့်​ရုံးပ​ဒေသီးကို​ရေ​နွေး​ဖျောပြီးလှီးဖြတ်​ထားပါ...
ကော်​မှုန့်​ထမင်းစားဇွန်းတစ်​ဇွန်း၊ခရုဆီလက်​ဖက်​စားဇွန်းတစ်​ဇွန်း၊နှမ်းဆီ​မွှေးလက်​ဖက်​စါးဇွန်းတစ်​ဇွန်း၊အသားမှုန့်​၊ဆားအနည်းငယ်​၊ငရုတ်​​ကောင်းအနည်းငယ်​၊ငရုတ်​သီးစိမ်းနုတ်​နုတ်​စဉ်းပြီး​ရော​မွှေထားပါ...
ကြက်​သွန်​ဖြူ​ကြော်​အနည်းငယ်​ကို​ထောင်းထားပါ...
ကြက်​ပြုတ်​ရည်​ဆူပွက်​လာပါက အရသာ​ဖျော်​စပ်​ထားသည့်​​ကော်​မှုန့်​​ဖျော်​ရည်​​လောင်းထည့်​ပါ သံပုရာသီးတစ်​ခြမ်းကိုအရည်​ညှစ်​ထည့်​ကာ ပျစ်​​နေ​အောင်​ကျိုပြီး အသင့်​လှီးဖြတ်​ထား​သော ​ဂေါ်ရခါးသီးနှင့်​ရုံးပ​ဒေသီး​ပေါ်ဆမ်းပြီးပါ ​ထောင်းထား​သောကြက်​သွန်​ဖြူ​ကြော်​နှင့်​နှမ်း​လှော်​ဖြူးပါ....
ချဉ်​ချဉ်​ငန်​ငန်​စပ်​စပ်​​လေးနဲ့​မွှေးကြိုင်​​နေလို့အရမ်းစား​ကောင်းပါတယ်​...

Photos from Yadanar Soe cooking's post 25/06/2019
Photos from Yadanar Soe cooking's post 25/06/2019

ပဲပြား​ပေါင်းခရုဆီ......
ပဲပြားကိုဟင်းခတ်​မှုန့်​၊ငရုတ်​​ကောင်းမှုန့်​၊ဆားအနည်းငယ်​တို့နယ်​ပြီး​ ခွက်​တစ်​ခုထဲထည့့်ပြီး ​အိုးထဲရေခံပေါင်းပါတယ်​...
ရုံးပ​ဒေသီးကို အ​တောင့်​လိုက်​အရသာနယ်​ပြီး​ပေါင်းပါတယ်​...
ပေါင်းထားသည့်​ ပဲပြားနှင့်​ရုံးပ​ဒေသီးများကျက်​လျှင်​ပန်းကန်​တစ်​ခုထဲကိုအတုံး​လေးများတုံးပြီးထည့်​ထားပါ...
အ​ပေါ်မှာဆမ်းဖို့​ဆော့စ်​စပ်​ပါမယ်​....
ခရုဆီထမင်းစားဇွန်းတစ်​ဇွန်း၊ပဲငံပြာရည်​အနည်းငယ်​၊ဟင်းခတ်​မှုန့်​၊ငရုတ်​​ကောင်းမှုန့်​၊ငရုတ်​သီးစိမ်းတို့ကို​ရေအနည်းငယ်​​ရော​ဖျော်​စပ်​ပြီး မီး​နွေး​နွေးဖြင့်​ကျိုပါ တစ်​ပွက်​နှစ်​ပွက်​ဆူလာလျှင်​ ပဲပြားနှင့်​ရုံးပ​ဒေသီးများ​ပေါ်ဆမ်းပါ...
ကြက်​သွန်​​ကြော်​၊နှမ်းဖြူးပြီးစားသုံးလို့ရပါပြီ ဆီတစ်​စက်​မှမပါပဲအရသာလဲရှိ ကယ်​လိုရီလဲအရမ်းနည်းလို့ဝိတ်​ချစာစစ်​စစ်​​လေးပါ​နော်​...

23/06/2019

ဗိုက်​မပူအသားလှ​စေဖို့အိုဘယ့်​ဓာတ်​စာ....
Chanal 9မှာ တနင်္လာ​နေ့က​နေစ​နေ​နေ့ထိ ​နေ့လယ်​၁၂ခွဲဆိုလာတတ်​တဲ့ မြို့မာ့ရိုးရာအဟာရဓာတ်​စာဆိုတဲ့အစီအစဉ်​​လေးကြည့်​ပြီး ဆရာကြီး​ပြောတဲ့အတိုင်းဓတ်​စာ​လေးလို နှစ်​ရက်​တစ်​ကြိမ်​မှီဝဲ​နေတာများအို​ကေမှာစို​ပြေ​နေလွန်းလို့ပြန်​မျှပါတယ်​​နော်​....
ဝမ်းမမှန်​၊ဝမ်းကျန်​၊ဝမ်းချုပ်​တဲ့အခါ ဗိုက်​ပူအဆီတက်​သလိုအစာ​ဟောင်းရဲ့အပူဓတ်​အဆိပ်​အညစ်​အ​ကြေး​တွေ​ကြောင့်​ မျက်​နှာအပူဖုထွက်​၊ဝမ်းအတွင်းကလီစာ​တွေပါထိခိုက်​တတ်​ပါတယ်​တဲ့...
တစ်​ချို့က​ပြောကြတယ်​ အမ​လေးငါ​တော့ဝမ်းမှန်​​နေတာပဲတစ်​​နေ့ဘယ်​နှစ်​ကြိမ်​​တောင်​သွားပါတယ်​​ပြောတတ်​ကြ​ပေမဲ့ ဝမ်းထဲကအစာ​ဟောင်းတစ်​ကယ်​ကုန်​ချင်​မှကုန်​တာပါ ဥပမာ..စားသမျှကိုခန္ဓာကိုယ်​အတွက်​အဟာရအဖြစ်​တစ်​ချို့ကို​ပြောင်းလဲ​ပေးပြီး အစာ​ဟောင်းအဖြစ်​အစာ​ဟောင်းအိမ်​ထဲမှာ တစ်​ပိသာ​လောက်​ရှိ​နေတယ်​ဆိုပါစို့ နှစ်​ကြိမ်​သွားလဲ တစ်​ကြိမ်​နှစ်​ဆယ်​သား​လောက်​ပါသွားရင်​ ​ခြောက်​ဆယ်​သားဟာအစာ​ဟောင်းအိမ်​မှာကျန်​​နေလို့ ပို​နေတဲ့အစာ​ဟောင်းများဟာ အဆီအဖြစ်​အဆိပ်​အဖြစ်​လူကိုဒုက္ခ​ပေး​တော့တာပါပဲ...
အပူများသူအတွက်​ မန်​ကျည်းနှစ်​များများထန်းလျှင်​ချို​လျှော့ ချဉ်​ကျဲကျဲ​သောက်​​ပေးရပါမယ်​...
အ​အေးဓာတ်​​ကြောင့်​အနာ​ရောဂါဖြစ်​​နေသူကို​တော့ ချဉ်​ချိုချိုထန်းလျှက်​များများနဲ့ချိုချဉ်​​လေးတိုက်​​ကျွေးရပါမယ်​တဲ့ ညမှာ​သောက်​ရင်​မနက်​ဆို ဝမ်းထဲရှိသမျှအကုန်​ ဗုတ်​ကနဲဖုတ်​ကနဲ​ပေါ့ပါးသွား​အောင်​ စွန့်​ထုတ်​ပြစ်​လိုက်​လို့ မန်​ကျည်း​ဖျော်​ရည်​ဟာ အ​ကောင်းဆုံးဓာတ်​စာပါတဲ့ရှင်​..
မန်​ကျည်းသီးလဲခနခန​ရေမစိမ်​ရ​အောင်​ ထန်းလျက်​ရည်​လဲခနခနမစိမ်​ရ​အောင်​ဒီလို​လေးလုပ်​ကြည့်​ပါလားရှင်​...
ကျွန်​မတို့ငယ်​ငယ်​က​ကျောင်းကပြန်​တိုင်း ၉၃လမ်းထိပ်​က သ​ပြေရိပ်​ဆိုတဲ့မန်​ကျည်း​ဖျော်​ရည်​ဆိုင်​ဝင်​ပြီးမန်​ကျည်း​ဖျော်​ရည်​တစ်​ခွက်​မှမ​သောက်​ရရင်​​ခေတ်​မမှီဘူးပဲ ခုချိန်​ထိသ​ပြေရိပ်​ဆိုင်​​လေး၉၃လမ်းမှာရှိ​နေတုန်းပါပဲ ဆိုင်​ပိုင်​ရှင်​အဖွားမန်​ကျည်းသီးနဲ့ထန်းလျက်​ကြိုတဲ့နည်း​လေးကိုမှတ်​သားပြီးပြန်​မျှပါတယ်​ရှင်​...
မန်​ကျည်းသီးကိုသန့်​သွား​အောင်​ ဆန်​ကာထဲထည့်​​ရေတစ်​​ရေ​လောင်း​ဆေးပါတယ်​ ​ရေ​လောင်း​ဆေးပြီးတာနဲ့​ရေ​နွေးပူပူမှာစိမ်​ထားပြီး မန်​ကျည်းသီးနူးလာတဲ့အခါဝါးဆန်​ကာခုံးအကျဲ​လေးနဲ့အနှစ်​​တွေတိုက်​ချ​တော့ ဆန်​ကာထဲမန်​ကျည်းအခွံနဲ့အ​စေ့​တွေကျန်​ပြီး မန်​ကျည်းအနှစ်​​တွေကို​တော့ မီး​အေး​အေးနဲ့ပြန်​ကျိုပါတယ်​ ​ရေ​တော်​​တော်​ခန်းပြီးပြစ်​ပြစ်​​လေးရလာရင်​ အ​အေးခံပြီး ဖန်​ပုလင်းကြီးနဲ့သိမ့းပါတယ်​...
ထန်းလျှက်​​တွေကို​ရေစိမ်​ ထန်းလျက်​အရည်​​ပျော်​လျင်​ ​ရေစစ်​နဲ့ခဲသဲစစ်​ပြီး ပြစ်​​နေ​အောင်​ပြန်​ကျိုပြီးအ​အေးခံဖန်​ပုလင်းနဲ့သိမ်းပါတယ်​..
ဖန်​ပုလင်း​တွေထဲက​နေ မန်​ကျည်းအနှစ်​နဲ့ထန်းလျက်​ရည်​ကိုဆီမှုတ်​​လေးနဲ့ခပ်​ပြီး​ရေနဲ့​ရောစပ်​ ခွက်​နှစ်​ခုနှုတ်​ခမ်းခြင်းထပ်​ပြီးရှိတ်​လုပ်​ နှင်းရည်​​လေးဖြန်း​ပေးတဲ့အရသာခုထိမ​မေ့​သေးဘူးရှင့်​...
Chia ​စေ့​လေးထည့်​မယ်​ဆိုရင်​​တော့ Chai​စေ့ကိုအရင်​​ရေသန့်​နဲ့စိမ်​ Chia​စေ့​တွေပွားလာမှ Chia​စေ့စိမ်​​ရေနဲ့မန်​ကျည်း​ရေ​ဖျော်​ပြီး​သောက်​ပါဗျို့ မနက်​မိုးလင်းတာနဲ့​ပေါ့ပါးတဲ့အရသာတစ်​ကယ်​ခံစားရမယ်​ဆိုတာယုံ...
ဝမ်းနှုတ်​​ဆေး​တွေလို ဗိုက်​ရစ်​တာ ဗိုက်​ခနခနနာတာမျိုးမဖြစ်​ပဲ ပုံမှန်​အချိန်​မှာပဲဝမ်းထဲရှိသမျှအကုန်​စင်​​အောင်​သွားတာပါဗျို...
ကျန်းမာလှပ ဗိုက်​ပူဘဝမှလွတ်​ကြပါ​စေရှင်​❤

23/06/2019

ဘူးသီး​လေးလည်းစိမ်းစိမ်းပဲ...
အခွံခရမ်း​ရောင်​နဲ့ခရမ်းသီး​လေး​တောင်​ နနွင်းနယ်​ချက်​ရင်​စိမ်း​သေးတာပဲ​လေ​နော့်​ ဘူးသီးနုနု​လေး​တွေကို အခွံစိမ်း​လေးကုန်​မသွား​အောင်​အခွံကိုလျှပ်​ပြီးခွာ နနွင်းနဲ့နယ်​ထားပြီး ကြက်​သားကိုလုံးချက်​ချက်​ ကြက်​သားလုံးချက်​က​လေးဆီစိမ်းနံ့​ပျောက်​တဲ့အခါ ​ရေထည့်​ပြီးဗွမ်းဗွမ်းဆူ​အောင်​ချက်​ ​ရေဆူဆူထဲဘူးသီးနနွင်းနယ်​​လေး​တွေထည့်​ချက်​​တော့ စိမ်းမြ​နေသကိုး.....
ဒီ​နေ့ ကြက်​ဘူးသီးဟင်းကျန်​​လေးထဲဟင်းစုံပစ်​ထည့်​ပြီးဟင်း​ပေါင်း​လေးလိုထပ်​ချက်​တယ်​ ဟင်းအိုးကိုစားခါနီးတိုင်း​နွှေးတာဖြစ်​လို့ ခနခန​နွှေးထား​ပေမဲ့ ခုချိန်​ထိဘူးသီး​လေးကစိမ်းမြ​နေတုန်းပဲ❤

23/06/2019

မျှစ်​ငါးဖယ်​သုပ်​.....
ဈေးထဲက​နေ ​ဆေးမဆိုးထားတဲ့မျှစ်​ဖြူ​ရော်​​ရော်​​နုဖတ်​ဖတ်​လေး​တွေရလို့အားရဝမ်းသာနဲ့ဝယ်​လာပြီး ​ရေ​ဆေးသန့်​စင်​နနွင်း​လေးခတ်​ပြီး သုံး​ရေ​လောက်​ပြုတ်​ပါတယ်​ အ​ကျောမတက်​ရ​အောင်​တစ်​​ရေပွက်​ပွက်​ဆူတိုင်း​ရေလဲ​ပေးပြီးပြုတ်​ပါတယ်​။
မ​နေ့ကသူငယ်​ချင်းအလှူကအပြန်​ငါးဖယ်​ဟင်း​တွေထည့်​​ပေးလိုက်​​တော့ ဟင်းအနှစ်​​တွေကို​ရေ​ဆေးပြီးငါးဖယ်​​လေး​တွေလှီးထားပါတယ်​။
မျှစ်​ပြုတ်​ရတဲ့အခါ ​ရေပြန်​​ဆေးပြီး​ရေစစ်​ အရည်​​တွေညှစ်​ထုတ်​ပြီး မျှစ်​၊ငါးဖယ်​တို့ကို ကြက်​သွန်​နီ​ကြော်​ထမင်းစားဇွန်းတစ်​ဇွန်း၊ကြက်​သွန်​ဖြူ​ကြော်​ထမင်းစားဇွန်းတစ်​ဇွန်း၊​မြေပဲ​လှော်​​ထောင်းထမင်းစားဇွန်းတစ်​ဇွန်း၊နှမ်းထမင်းစားဇွန်းတစ်​ဇွန်း၊ငံပြာရည်​အနည်းငယ်​၊အရသာမှုန့်​၊သံပုရာရည်​ညှစ်​ထည့်​ပြီးသုပ်​ပါတယ်​ ​ရှောက်​ရွက်​ကုန်​​နေလို့ မထည့်​လိုက်​ရဘူး ​ရှောက်​ရွက်​​လေးသာဖြူးလိုက်​ရင်​ မျှစ်​သုပ်​​လေးကအနံ့ပို​မွှေးပြီးပိုစား​ကောင်းမှာပါ။

23/06/2019

အရမ်းဆိမ့်​တဲ့ပဲပင်​​ပေါက်​ပဲပြားသုပ်​......
ပဲပင်​​ပေါက်​သုပ်​အ​ကြောင်း​လေးမ​ပြောခင်​ ​ဈေးကိုတစ်​ပါတ်​တစ်​ခါသွား ကြသူများအတွက်​ပဲပင်​​ပေါက်​ဝယ်​နည်း​လေး​ပေးချင်​လို့ပါ ချက်​ချင်း​ကြော်​မစားဖြစ်​ရင်​​တောင်​ရိမသွားပဲသုံးရက်​​လေးရက်​အထါးခံပါတယ်​ ပဲပင်​​ပေါက်​ဝယ်​တဲ့အခါ ​ရေ​ခြောက်​​လေးဝယ်​ပါရှင်​ ​ရေ​ခြောက်​ဆိုတာ ပဲပင်​​ပေါက်​အပင်​​ဖောက်​ထားတဲ့​ပဲရဲ့ပဲ​ခေါင်းခွံ​တွေကျွတ်​သွား​အောင်​ ​ရေဖွားဖွားပါ​အောင်​​ရေ​ဆေးပြီးပဲ​ခေါင်း​တွေခါထုတ်​ထား​တဲ့ပဲခွံမည်း​လေး​တွေသန့်​စင်​ဖို့ရေ​ဆေး​ရေစိမ်​ထားတဲ့ပဲပင်​​ပေါက်​မျိုးမဝယ်​ပဲ အပင်​​ဖောက်​ထားတဲ့​တောင်းထဲက ပဲခွံမည်း​လေး​တွေမသန့်​စင်​ရ​သေးတဲ့​ရေမ​ဆေး​ရေမစိမ်​ထားတဲ့အပင်​​ပေါက်​​လေး​တွေကိုဝယ်​ပါရှင်​ ကျွန်​မတို့​ဈေးမှာ​တော့ ​ရေ​ခြောက်​​လေး​ပေးပါလို့​ပြောဝယ်​ရင်​​တောင်းထဲက​နေတိုက်​ရိုက်​ထုတ်​​ရောင်း​ပေးပါတယ်​​ရေမ​ဆေး​ရေမစိမ်​ထားလို့​ဈေးပို​ပေးရပါတယ်​ ဝယ်​လာတဲ့ပဲပင်​​ပေါက်​ကို ကျွတ်​ကျွတ်​အိတ်​ထဲ​လေ​ဖောင်းထည့်​ပြီးပဲပင်​​ပေါက်​ထည့်​သိမ်းရင်​ ​လေးရက်​​လောက်​ထိလုံးဝမရိမနွမ်းပဲလတ်​ဆတ်​ပြီးအထားခံတဲ့ပင်​ပင်​​ပေါက်​​လေး​တွေကို​တွေ့ရမှာပါ။
ရေမဝင်​​အောင်​ ကျွတ်​ကျွတ်​အိတ်​ချည်​ထားတဲ့ဖက်​ကို​အောက်​ကထားသိမ်းရင်​ပို​ကောင်းပါတယ်​။
ပဲပြားတုံး​လေး​တွေကို​တော့ ဗူးတစ်​ခုထဲပဲပြား​ရေမြုပ်​တဲ့ထိ​ရေထည့်​ပြီးအဖုံးပိတ်​ပြီးသိမ်းပါတယ်​ နှစ်​ရက်​တစ်​ခါ​လောက်​​ရေလှယ်​​ပေးရင်​ ငါးရက်​​လောက်​ထိအထားခံပါတယ်​။........
ပဲပင်​​ပေါက်​သုပ်​ဖို့အတွက်​ ပဲပင်​​ပေါက်​​တွေကို ​ရေစင်​စင်​​ဆေးပြီး ပဲ​ခေါင်းအမည်း​တွေသန့်​စင်​ခါထုတ်​ပြီး ​ရေ​နွေးပွက်​ပွက်​ဆူထဲ​ရေ​နွေး​ဖျောပြီး​ရေစစ်​ထားပါ ပဲပြားကိုအတုံး​လေး​တွေတုံးပြီး ဆား၊ဟင်းခတ်​မှုန့်​တို့ဖြင့်​အရသာနယ်​ပြီး ဆီနဲ့မ​ကျော်​ချင်​လို့ ​ရေအနည်းငယ်​ဖြင့်​​ရေခန်းပြုတ်​ပါတယ်​ ​ရေခန်းသွားတဲ့အခါဆယ်​ပြီး​ခြေထားပါ။
ရေ​နွေး​ဖျောထားတဲ့ပဲပင်​​ပေါက်​ရယ်​​ရေခန်းပြုတ်​ထားတဲ့ပဲပြားတို့ထဲကို ကြက်​သွန်​နီ​ကြော်​ထမင်းစားဇွန်းတစ်​ဇွန်း၊ကြက်​သွန်​ဖြူ​ကြော်​ထမင်းစားဇွန်းတစ်​ဇွန်း၊နှမ်းထမင်းစားဇွန်းတစ်​ဇွန်း၊​မြေပဲ​ထောင်းထမင်းစားဇွန်းတစ်​ဇွန်း၊အသားမှုန့်​၊ငံပြာရည်​အနည်းငယ်​၊သံပုရာရည်​ညှစ်​ထည့်​ပြီးသုပ်​စားတဲ့အခါ ပဲပြားရဲ့အဆိမ့်​ဓာတ်​​ကြောင့်​အရသာအရမ်းထူးတဲ့ပဲပင်​​ပေါက်​သုပ်​​လေးကရှယ်​ပဲရှင်​။

Photos from Yadanar Soe cooking's post 20/06/2019

ခရမ်းသီးနှပ်​​လေးဘာ​ကြောင့်​စိမ်း...
ခရီးသီးနှပ်​အ​ကြောင်းမ​ပြောခင်​ ခရမ်းသီး​လေးအ​ကြောင်းနည်းနည်းလျှာရှည်​မယ်​လို့😁
ခရမ်းသီးဟာ အဟာရကြွယ်​ဝအားအင်​ပြည့်​ဖြိုး​စေပါတယ်​...
ကိုရီးယားစားဖိုမှူးကြီး​ပြောတာက​တော့ အမျိုးသားများအတွက်​ခွန်​အားကိုဖြစ်​​စေပါတယ်​တဲ့ရှင်​...
ခရမ်းသီး​ရွေးချယ်​ဝယ်​ယူတဲ့အခါ ​ကောက်​​ကွေး​နေတဲ့အသီးထက်​​ဖြောင့်​စင်း​နေတဲ့အသီးကို​ရွေးချယ်​ဝယ်​ယူရပါမယ်​ ​ဖြောင့်​စင်း​နေတဲ့အသီးက​နေ​ရောင်​ခြည်​ကိုအတိအကျရလို့အဟာရဓာတ်​ပိုကြွယ်​ပါသတဲ့....
သုတ်​ကိုပွား​စေတယ်​၊​လေကိုပွား​စေတယ်​၊ချွဲသလိပ်​ပွား​စေပါတယ်​...
ငယ်​ငယ်​က ​ချောင်းဆိုး​နေတဲ့အခါ အ​မေက​ချောင်းဆိုး​နေရင်​ခရမ်းသီးနှပ်​မစားနဲ့ပိုပြီး​ချောင်းဆိုးမယ်​လည်​​ချောင်းယားမယ်​​ပြောခဲ့သလို...
လေထိုး​လေ​ပွေချိန်​ဆိုရင်​လဲ​လေထိုး​နေတယ်​​ပြောပြီးခရမ်းသီးမစားနဲ့ပိုဆိုးမှာ​ပေါ့ဆိုတဲ့အဖိုးရဲ့စကား​ကြောင့်​ ခရမ်းသီးကို​လေထိုး​လေ​အောင့်​ချိန်​​ချောင်းဆိုးချိန်​မစားရဘူးဆိုတဲ့ဗဟုသုတ​လေးရခဲ့တာ​ပေါ့........
ကဲ ခရမ်းသီးနှပ်​အ​ကြောင်းစပြီ😊
ခရမ်းသီးနှပ်​တိုင်းမည်းသွားရတဲ့အ​ကြောင်းအရင်းမှာ ငံပြာရည်​ထည့်​ချက်​ရင်​မည်းပါတယ်​..
ခရမ်းသီးနှပ်​တဲ့အခါ ဆား၊နနွင်းအရသာမှုန့်​ မနယ်​ပဲဆီသတ်​ပြီးခရမ်းသီး​တွေဒီအတိုင်းပစ်​ထည့်​ချက်​တဲ့အခါလဲမည်းပါတယ်​...
အဓိက မည်းရခြင်းအ​ကြောင်းရင်းခံက နနွင်းမနယ်​လို့ပါ..
နနွင်း​လေးသာ ခရမ်းသီးကိုစုပ်​နယ်​​ပေးပါ ခရမ်းသီးနှပ်​တဲ့အခါစိမ်းမြ​နေမှာပါလို့...
ချက်​နည်း​လေး​တွေကပုံမှာပါရှင်​...

Photos from Yadanar Soe cooking's post 16/06/2019

ပဲပင်​​ပေါက်​သုပ်​.....
ရိုးရှင်းလွယ်​ကူအရသာရှိတဲ့ ပဲပင်​​ပေါက်​သုပ်​​လေး...
ပဲပင်​​ပေါက်​ကို​ရေ​နွေး​ဆူဆူထဲတစ်​မိနစ်​ခန့်​​ရေ​နွေးဖျော​ပေးပြီး ​ရေ​အေးနှင့်​ပြန်​​ဆေး​ရေစစ်​​ပေးထားပါ။
မြေပဲနှင့်​နှမ်း​ရော​ထောင်းထားသည့်​အမှုန့်​ထမင်းစားဇွန်းတစ်​ဇွန်း၊ကြက်​သွန်​​ကြော်​ထမင်းစားဇွန်းတစ်​ဇွန်း၊ပုဇွန်​​ခြောက်​ထမင်းစားဇွန်းတစ်​ဇွန်း၊ကြက်​သွန်​နီ​ကြော်​၊ငရုတ်​သီးစိမ်း၊နံနံပင်​ပါးပါးလှီးထည့်​ပြီး ငံပြာရည်​အနည်းငယ်​၊သံပုရာရည်​ညှစ်​ထည့်​ပြီးသုပ်​ပါတယ်​ ကြက်​သွန်​​ကြော်​နှစ်​မျိုးရဲ့အချိုဓာတ်​နဲ့ပုဇွန်​​ခြောက်​မှုန့်​ရဲ့အချိုကဟင်းခတ်​မှုန့်​ထည့်​စရာမလို​အောင်​စားချိုတယ်​ရှင့်​ ဆီချက်​အရည်​လဲလုံးဝမထည့်​ထားဘူး​နော်​ တစ်​ကယ်​စား​ကောင်းတယ်​လို့။

Photos from Yadanar Soe cooking's post 13/04/2019

နွားနို့နဲ့မုန့်​သားနှပ်​ထားတဲ့နို့မုန့်​လုံး​ရေ​ပေါ်
***************************
ကောက်​ညှင်းမှုန့်​အထုပ်​ကြီးတစ်​ထုပ်
ဆန်​မှုန့်​လုံးဝမထည့်​ပါ...
နွားနို့ဗူးကြီးတစ်​ဗူး၏သုံးပုံနှစ်​ပုံ...
ယိုးဒယား​ကောက်​ညှင်းမှုန့်​အထုပ်​ကြီးတစ်​ထုပ်​ထဲ ဆန်​မှုန့်​လုံးဝမထည့်​ပဲ ဆားအနည်းငယ်​ထည့်​ပြီး နွားနို့နည်းနည်းခြင်း​ကောက်​ညှင်းမှုန့်​ထဲထည့်​နယ်​ပါတယ်​ နယ်​သားကျပြီးမုန့်​သားအ​နေ​တော်​ရလျှင်​ခနနှပ်​ထားပါ...
ထန်းလျှက်​ကိုအ​နေ​တော်​​လေး​တွေညှပ်​ထားပါ...
ရေ​နွေးပွက်​ပွက်​ဆူ​အောင်​တည်​ပြီး ​ရေဆူပါကမုန့်​လုံး​လေး​တွေပစ်​ထည့်​ပြုတ်​ပါ။
ရေ​ပေါ်​ပေါ်လာလျှင်​ဆယ်​ပြီး ​ရေ​အေး​အေးထဲခနစိမ်​ပြီးမှဆန်​ကာနဲ့ဆယ်​​ရေစစ်​ အုန်းသီးဖြူးစားပါ။
ဆန်​မှုန့်​လုံးဝမပါလို့ အိ​ထွေးနူးညံ့သလို နို့နဲ့နယ်​ပြီးနှပ်​ထားလို့ဆိမ့်​​နေတဲ့အရသာမှာထန်းလျက်​ရဲ့အချိုကဲအုန်းသီးစိမ့်​သက်​​လေးနဲ့goodတယ်​ကွာ👍👍👍

03/10/2018

ငါး​မွှေချက်​နည်း...
ငါးဖီးမ..........၄၀သားအ​ကောင်​တစ်​​ကောင်
ကြက်​သွန်​နီ....၃လုံး
ရှမ်းကြက်​သွန်​ဖြူ....၆မွှာ
ဂျင်း..........လက်​တစ်​ဆစ်
စပါးလင်​....၂​ချောင်း

စပါးလင်​ပါးပါးလှီးပြီးညက်​​နေ​အောင်​အရင်​​ထောင်းပါ ပြီးမှကြက်​သွန်​ဖြူနီဂျင်းထည့်​​ထောင်းပါ။
စပါးလင်​ရဲ့အဖျားပိုင်းကိုထုပြီးထုံးထားပါ။
ငါးကိုအ​ကြေးထိုး ဗိုက်​ခွဲ ပါးဟပ်​၊အူကလီဇာထုတ်​ပြီး​ရေ​ဆေးသန့်​စင်​ ၂ပိုင်းပိုင်းထားပါ။
ပိုင်းထားသည့်​ငါးကို ဆား၊နနွင်း၊ငံပြာရည်​၊ဟင်းခတ်​မှုန့်​တို့ဖြင့်​ အရသာနယ်​ထားပါ။
ငါးကိုအရင်​ပြုတ်​ပါမယ်​...ငါးပြုတ်​ဖို့ ငါးမြုပ်​ရုံ​ရေနှင့်​ငံပြာရည်​အနည်းငယ်​ကိုအရင်​ဆူပွက်​​အောင်​ကျိုပါ ​ရေဆူပွက်​လာမှငါးထည့်​ပြုတ်​ပါ ငါးကိုနူး​အောင်​ပြုတ်​ပါ ငါးမနူးလျှင်​ညှီပါတယ်​။
ပြုတ်​ထား​သောငါးနူးလျှင်​ဆယ်​ပြီးအ​အေးခံထားပါ ငါးအ​အေးခံထားချိန်​မှာ ဆီတစ်​ဆယ်​သားကိုဆူ​အောင်​တည်​ပါ ဆီစိမ်းနံ့​ပျောက်​လျှင်​​ စပါးလင်​နှင့်​ကြက်​သွန်​ဖြူနီဂျင်း​ထောင်းထားတာကိုထည့်​ပြီးဆီသတ်​ပါ ကြက်​သွန်​နွမ်းလာလျှင်​ အ​ရောင်​တင်​မှုန့်​ထည့်​ပါ။
ဆီသတ်​ထားတာ​ရွှေ​ရောင်​သန်းလာလျှင်​ အရိုးနွှင်​ထား​သောငါးအသားများထည့်​ပြီးဆီသတ်​ပါ ငါးပြုတ်​ထား​သောငါးပြုတ်​​ရေပါပြန်​ထည့်​ပြီးဆီပြန်​လိတ်​လာတဲ့အထိချက်​ပါ။
အရမ်းကိုစား​ကောင်းတဲ့ငါးဖီးမငါး​မွှေချက်​​လေးရပါပြီ။

Photos from Yadanar Soe cooking's post 27/03/2018

ပြောင်းဖူး​တွေ​ပေါ​နေ​တော့
နှမ်းဆီ​မွှေး​ပြောင်းဖူးထမင်းချက်​စားတယ်
နှမ်းဆီနံ့​လေး​မွှေးပျံ့​နေပြီး​ပြောင်းဖူး​လေးက
ချိုမြ​နေ​ရောပဲ....
ပြုတ်​ပြီးသားဝယ်​ပြီးထမင်းနဲ့နယ်​စားလဲရတာပဲ အပို​တွေလို့​ပြောဦးမလား....ဆိုင်​က​ပြောင်းဖူး​တွေက ​ဆေးသကြားထည့်​ပြုတ်​ထားတယ်​ရှင့်​....
ထမင်းထဲ​ပြောင်းဖူး​လေး​တွေ အစိမပျက်​​ခြွေထည့်​ပြီး နှမ်းဆီ​လေး ထမင်းစားဇွန်းတစ်​ဇွန်းထည့်​ ဆား​လေးနည်းနည်းထည့်​ သာမာန်​ချက်​​နေကြထက်​ ​ရေ​လေးနည်းနည်းပိုပြီးထည့်​ချက်​လိုက်​​တော့ ​ပြောင်းဖူးကိုသက်​သက်​ကြီးအချိန်​​ပေးပြုတ်​စရာမလို တစ်​ချက်​ခုတ်​နှစ်​ချက်​ပြတ်​ မီတခလဲသက်​သာ ဆီ​လေးထည့်​ချက်​ထားလို့ဆန်​​လေးကလဲ​တောင့်​​တောင့်​​လေးနဲ့​မွှေးပြီးစား​ကောင်း​နေ​ရောပဲ....
ထောပတ်​ သကြား​လေးနဲ့ ​ထောပတ်​​ပြောင်းဖူးထမင်းချက်​စားလဲ ​ကောင်းတယ်​လို့...

ခုနှမ်းဆီ​မွှေး​ပြောင်းဖူးထမင်း​လေးကို ဝက်​သားအာလူးချက်​​လေးနဲ့စားလိုက်​တာ စားလို့ချိုချက်​ကွယ်​ ချက်​စားကြည့်​ကြပါလားလို့....

Photos from Yadanar Soe cooking's post 26/12/2016

No bake,No Oven စ​တော်​ဘယ်​ရီချိ​စ်​ကိတ်
အောက်​ခံအတွကြ်​ပုလုပ်​နည်း
*************************
Cookie......................150g
ထောပတ်​...................50g
နွားနို့....................ထမင်းစားဇွန်းနှစ်​ဇွန်း

Cookies များကိုအမှုန့်​​ခြေပြီး ​ထောပတ်​ကိုအရည်​​ပျော်​​အောင်​အပူ​ပေးပြီး၊နွားနို့ပါ​ရော၍​မွှေပါ မုန့်ဗန်း​အောက်​​ခြေတွင်​ ဖိသိပ်​ထည့်​​ပေးပြီး ​ရေခဲ​သေတ္တာထဲ ၁၅မိနစ်​ခန့်
ထည့်​ထားပါ။

အ​ပေါ်ချိစ်​မုန့်​သားအတွက်
**********************
Cream cheese................350g အခန်းအပူချိန်
Icing suger.......................140g
ကြက်​ဥအနှစ်​.....................2ခု
Gelatin powder..............15g(၄ဇွန်းစာဖြင့်​​ဖျော်​ထားပါ)
စ​တော်​ဘယ်​ရီအသီးမရလို့ စ​တော်​ဘယ်​ရီ်​ယို နှစ်​ဇွန်း
ဒိန်​ချဉ်​.............................60g
Whipping cream.........250g

ရေ​နွေးဆူဆူ​ပေါ် တွင်​ဇလုံတင်​ပြီးCream cheeseနှင့်​သကြားကို ​ရော​မွှေပါ။ကြက်​ဥအနှစ်​၂လုံးကိုတစ်​လုံးချင်းစီထည့်​ပြီးသမ​အောင်​​မွှေပါ။
ရေ​နွေးပူပူနှင့်​​ဖျော်​ထား​သော Gelatin ပါ​ရော​မွှေပါ
Whipping creamခရင်​မ်​ကို ခရင်​မ်​သားရတဲ့ထိ​မွှေပြီး
မုန့်​သားထဲ​ရောပါ။
ဒိန်​ချဉ်​ ၊စ​တော်​ဘယ်​ရီယို တို့ပါ ထည့်​​မွှေ​ပေးပြီး မုန့်​ဗန်းထဲ​လောင်းပြီး ၃နာရီ အ​အေးခံပြီး ဘယ်​ရီသီး၊Yo Yo
ဂျယ်​လီ၊စ​တော်​ဘယ်​ရီသီး​ခြောက်​၊နာနတ်​ကွင်းယို​ခြောက်​​လေးများဖြင့်​အလှဆင်​ပါ။ စ​တော်​ဘယ်​ရီ ဂျယ်​လီ
ရေအနည်းငယ်​မုန့်​သား​ပေါ် ​လောင်းပါ။

Photos from Yadanar Soe cooking's post 11/11/2016

#ကြက်ဥအစာသွပ် ကောက်ညှင်းငါးဖယ်ကပ်ကြော်
*******************************************
#ကြက်ဥအစာသွပ် ငါးဖယ်ကပ်ကြော်
********************************
ငါးဟင်းကျွေးရခက်လို့စိတ်ညစ်တယ်ဆိုတဲ့မေမေ
တို့အတွက် ငါးမှာပါဝင်တဲ့ Omega 3နဲ့သံဓာတ်လဲရ
ထမင်းသို့ကောက်ညှင်းရဲ့ကစီဓာတ်လဲရ
ကြက်ဥမှာပါဝင်တဲ့အဟာရဓာတ်လဲရ အဟာရ၃မျိုးကို
ဒီစားမြိန်ဖွယ်ရာသရေစာလေးကပေးစွမ်းနိုင်မှာပါ.......
ကြက်ဥ၂လုံးစာအတွက်
ငါးဖယ်ခြစ်........ထမင်းစားဇွန်း၂ဇွန်းစာ
ကြက်သွန်ဖြူ .......၂တက်
ငရုတ်ကောင်း.......အနည်းငယ်
အသားမှုန့်အနည်းငယ်
ကော်မှုန့်........လက်ဖက်ရည်တစ်ဇွန်းမောက်မောက်
နှမ်းဆီမွှေး.....တစ်စက်နှစ်စက်ခန့်
သကြား.........လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ
ကော်ညှင်း.....ဟင်းရည်သောက်ပန်းကန်လုံးတစ်လုံးစာ
ပေါင်မုန့်ခြောက်မှုန့်....လက်တစ်ဆုပ်စာ
မားသားချွိုက်..မာဂျရင်းထောပတ်ထမင်းစားဇွန်းတစ်ဇွန်း....
ကြက်ဥကိုပြုတ်ပြီးအခွံခွာအအေးခံထားပါ။
ကောက်ညှင်း သို့ ထမင်းကိုချက်ပြီးအအေးခံထားပါ။
ပေါင်မုန့်ခြောက်မှုန့်ကိုမားသားချွိုက်ဖြင့်ရွှေရောင်သန်းလာအောင်ကြော်ထားပါ။
ငါးဖယ်ခြစ်ကိုဆား၊သကြား၊အသားမှုန့်၊ငရုတ်ကောင်း
ကြက်သွန်ဖြူ ထောင်းထည့်၊ကော်မှုန့်၊နှမ်းဆီမွှေး တို့ဖြင့်စေးနေအောင်နယ်ပါ။
ထမင်းသို့ကောက်ညှင်းကိုအသားမှုန့်၊နှမ်းဆီမွှေး
တစ်စက် နှစ်စက်ထည့်ပြီးနယ်ထားပါ။
နယ်ပြီးလျှင်ကြက်ဥကိုကောက်ညှင်း သို့ ထမင်းကိုမံပါ။
ကောက်ညှင်းအပေါ်ငါးဖယ်ခြစ်နယ်ထားတာထပ်မံပြီး
ပေါင်မုန့်ခြောက်မှုန့်လူးပေးပြီး ဒယ်အိုးသေးသေး
ဇောက်နက်နက်တွင် ဆီများများဖြင့်ကြော်ပါ။
ဆီဆူလာလျှင်ကြက်ဥအစာသွပ်ကောက်ညှင်းငါးဖယ်ခြစ်ကပ်အလုံးကိုထည့်ကြော်ပါ။
ကြော်နေစဉ် ဆီဆူဆူကိုအပေါ်ကနေဖြန်းပေးပြီး
ကြော်ပါကမုန့်အကျက်ညီပြီးအရသာရှိတဲ့ကြက်ဥအစာသွပ် ကောက်ညှင်းငါးဖယ်ကပ်ကြော်လေးရပါပြီ။
ကောက်ညှင်းမမံပဲ ငါးဖယ်ခြစ်ပဲမံပြီးပေါင်မုန့်ခြောက်လူးပြီးကြော်ကျွေးရင်ဖြင့်ငါးအကျွေးခက်လှတဲ့ကလေးတို့အတွက်အဟာရ
အပြည့်နဲ့သရေစာလေးရမှာအမှန်ပါ။
ငရုတ်ချဉ်၊မရောနိစ်တို့ဖြင့်တွဲဖက်ပြီးစားရင်အလွန်စားကောင်းပါတယ်ငါးဖယ်အစား ကြက်သား၊ဝက်သားအသားစဉ်းပြီး
မံကြော်လဲရပါတယ်။

Photos from Yadanar Soe cooking's post 17/10/2016

#တော့ပိုကီ #
**********
ဆန်ချောင်း......................အထုတ်သေးတစ်ထုတ်
ဝက်သားကင်..................အနည်းငယ်
CPကြက်အူချောင်း..........၅တောင့်(အသေး)
ကြက်ကျောလုံး...............၅လုံး
ကြက်သားပြားအစပ်......၃ပြား
ပန်းဂေါ်ဖီ..........................လက်တစ်ဆုပ်စာ
ရွှေပဲသီး...........................၁၀တောင့်
ဘိုစားပဲ............................၅တောင့်
မုန်လာဥနီ.......................အတောင့်တစ်ဝက်
ပဲပိစပ်အနှစ်...................ထမင်းစားဇွန်းနှစ်ဇွန်း
ငရုတ်ဆော့စ်...................ဟင်းချက်ဇွန်းခွက်တစ်ခွက်
ကိုရီးယားငရုတ်နှစ်...........ထမင်းစားဇွန်းတစ်ဇွန်း
ငရုတ်ချိုတောင့်.. ..............၂တောင့်
နှမ်းလှော်........................ထမင်းစားဇွန်းနှစ်ဇွန်း
နှမ်းဆီမွှေး......................လက်ဖက်စားဇွန်း၂ဇွန်း
ငရုတ်ကောင်းအနည်းငယ်...........
ပြုလုပ်နည်း
**********
ငရုတ်ဆော့၊ပဲပိစပ်အနှစ်ကိုရီးယားငရုတ်အနှစ်တို့ကို ခရုဆီထည့် ရေအနည်းငယ်ထည့်ပြီး ကျိုပါ။
ပွက်ပွက်ဆူလျှင် အသားကင်(ကျွန်မက ဝက်သားပေါင်း ထည့်ပါတယ် ရိုးရိုးဝက်သားပြုတ်ထားတာလည်း ထည့်လို့ရပါတယ် အသားကင် အသားပေါင်းကတော့ ပိုမွှေးပြီး အရသာရှိပါတယ်)နှင့်CPကြက်အူချောင်း
ကြက်ကျောလုံး၊ကြက်သားပြားထည့်ပြုတ်ပါ။
တော့ပိုကီဆန်ချောင်းထည့်ပါ အသီးအရွက်များထည့်
ဟင်းခတ်အသားမှုန့်အနည်းငယ်ထည့်၊ထန်းလျက်ရည်
ကျို ထမင်းစားဇွန်းနှစ်ဇွန်း၊ငရုတ်ချိုလှီးထည့်ပြီး ငရုတ်ကောင်းခတ်
နှမ်းလှော်ဖြူး၊နှမ်းဆီမွှေးဆမ်း၊ကြက်သွန်မြိတ်ဖြူးပြီး
ပြီးအရသာမြည်းရင်တော့ အရသာရှိလှတဲ့တော့ပိုကီ
လေးရပါပြီ။
စပ်စပ်လေးစားချင်လို့ကျွန်မကတော့မှိုဆီမွှေးငရုတ်
ကြော် ထမင်းစားဇွန်းတစ်ဇွန်းထည့်ပါတယ်ရှင် ပိုစားကောင်းပါတယ်။

Photos from Yadanar Soe cooking's post 02/10/2016

ချဉ်စော်ကားသီးထောင်း
********************
ချဉ်စော်ကားသီး ..............၁လုံး
ပုဇွန်ခြောက်....................ထမင်းစားဇွန်း၅ဇွန်း
ထန်းလျှက်......................၁ခဲ
ကြက်သွန်ဖြူ.....................၅တက်
ငရုတ်သီးစိမ်း...................၅တောင့် စပ်စပ်ကြိုက်လျှင်ပိုထည့်...........
ချဉ်စော်ကားသီးကို အခွံခွာ အတုံးလေးများတုံးထားပါ။
ငပိစိမ်းစားမီးကင်ထားပါ။
ကြက်သွန်ဖြူ ကိုမညက်တညက်ထောင်းပါ ပြီးလျှင်ပုဇွန်ခြောက်ထည့်ထောင်းပါ၊ငရုတ်သီးစိမ်း
ထန်းလျှက်၊ငပိစိမ်းစားမီးကင်၊ချဉ်စော်ကားသီး
တို့ထည့်ထောင်းပါက ချဉ်စပ်မွှေးတဲ့ ချဉ်စော်ကားသီး
ထောင်းလေးရပါပြီ။

Photos from Yadanar Soe cooking's post 01/10/2016

ဒီနေ့မနက်စာလေးကို ထမင်းသုပ်ပဲပြားအစာသွပ် နဲ့တို့ဖူးကြော်လေးကြော်စားတယ်

ထမင်းသုပ်ပဲပြားအစာသွပ်
***********************

ပဲပြား.......................၁ တုံး
ဂေါ်ဖီလှီးပြီးသားလက်တစ်ဆုပ်
ရှောက်ရွက်..........၄ရွက်
ခရမ်းချဉ်သီး..........၁ လုံး
သံပုရာသီး............၁စိတ်
ကြက်သွန်ဖြူ ဆီချက်.....ထမင်းစားဇွန်းသုံးဇွန်း
ထမင်း..................လက်တစ်ဆုပ်စာခန့်

ပဲပြားကို တစောင်းလှီး ပြီးလေးစိတ်စိတ်ပါ ဆား
နနွင်း၊အရသာမှုန့်ဖြူးဖွဖွနယ်ပေးပြီးကြော်ပါ။
ပဲပြားရလျှင် အလယ်ကခွဲထားပါ။
ထမင်းကို ဂေါ်ဖီ၊ခရမ်းချဉ်သီး၊ရှောက်ရွက် ပါးပါးလှီးထည့်၊ဆီချက်
ငံပြာရည်၊ငရုတ်လှော်မှုန့်၊ဟင်းခတ်မှုန့်ထည့်နယ်ပြီး
သံပုရာရည်ညှစ်သုတ်ပါ။
ထမင်းသုပ်ပြီး လက်ဖြင့်ကျစ်နေအောင်ဆုပ်ပြီး
ပဲပြားတွင်အစာသွပ်စားပါ။

Timeline photos 30/09/2016

ငါးဖယ်အစာသွပ်
***************
ငါးဖယ်အစာသွပ် လို့နံမည်တပ်ထားပေမဲ့
တစ်ကယ်တော့ငါးခြစ်ကို ငါးဖယ်လိုစေး
နေအောင် ဘေကင်ဆော်ဒါထည့်နယ်ရတယ်လို့
မမနှင်းနု Tin Lei Lei Ooဆီကနည်းလေး
ရလို့နယ်ကြည့်တော့ ငါးခြစ်ဖွယ်ဖွယ်ကြီးက
ငါးဖယ်လိုစေးအိသွားလို့ ငါးခြစ်လေးနဲ့အစာသွပ်
ထားတာပါ။

ငါးခြစ်........................၁၀သား
ဘေကင်ဆော်ဒါ..........လက်ဖက်ရည်တစ်ဇွန်း
ငရုတ်ကောင်းအနည်းငယ်
ဆားအနည်းငယ်
ဟင်းခတ်မှုန့်အနည်းငယ်
ဂေါ်ဖီလှီးပြီးသား လက်တစ်ဆုပ်စာ
ရှောက်သီးတစ်စိတ်
ရှောက်ရွက် ၄ရွက်ခန့်
ငရုတ်သီးစိမ်းအနည်းငယ်
ကြက်သွန်ကြော်အနည်းငယ်

ငါးခြစ်ကို ဆား၊ဟင်းခတ်မှုန့်၊ကြက်သွန်ဖြူ
ဂျင်းထောင်းထားတာအနည်းငယ်ထည့်၊
ဘေကင်ဆော်ဒါ၊ငရုတ်ကောင်းတို့ထည့်ပြီး
နယ်ပေးပါ ခနလောက်နယ်ပေးရင်ငါးခြစ်
ကငါးဖယ်လိုစေးအိလာပါမယ်။
ငါးခြစ်ကိုကြော်ပြီး အလယ်ကခွဲပါ
ဂေါ်ဖီ၊ရှောက်သီးကိုအမွှာလေးများရအောင်နွှင်
ငရုတ်သီးစိမ်းပါးပါးလှီး၊ရှောက်ရွက်ပါးပါးလှီး
ငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်နယ်ပြီး ငါးခြစ်လုံး
မှာအစာသွပ်ပါ ကြက်သွန်ကြော်ဖြူးပေးပါ။
ချဉ်ငန်စပ်မွှေးပြီး အိအိစေးစေးနဲ့အရသာထူးလှပါတယ်။

Photos from Yadanar Soe cooking's post 30/09/2016

ပေါင်မုန့်ခြောက်ကပ်ပေါင်မုန့်ကြော်
ကိုဘေကွန်လေးနဲ့တွဲစားရအောင်....................
ပေါင်မုန့်...................................၄ချပ်
သုံးထပ်သားပါးပါးလွှာ...............အနည်းငယ်
ကြက်ဥ....................................၃လုံး
ပေါင်မုန့်ခြောက်မှုန့်နှင့်
ကြက်သွန်မြိတ်အရော.................တစ်ပန်းကန်
ထောပတ်ခဲ.........................အနည်းငယ်

ပေါင်မုန့်ကိုဘေးသားများလှီးထားပါ။

သုံးထပ်သားပါးပါးလွှာ ထားသည်ကို မကပ်အိုးတွင်
အိုးကင်းပူတိုက်ကြော်ပေးပါ၊ဆီမထည့်ရပါ ဆီအရမ်းထွက်ပါတယ်။
မကပ်အိုးတွင် ထောပတ် လက်နှစ်ဆစ်ခန့်တစ်ခဲ
ထည့်၍ အပူပေးပြီးကြက်ဥနှစ်လုံးကို
မကျက်တကျက် ကြော်ထားပါ။
ကြက်ဥတစ်လုံးကို ဆားအနည်းငယ်ထည့်၊ရေ
အနည်းငယ်ထည့်ပြီး ခလောက်ထားပါ။
ပေါင်မုန့်ခြောက်မှုန့်နှင့်ကြက်သွန်မြိတ်ပါးပါးလှီးပြီး
ရောမွှေထားပါ။
ကြက်ဥခလောက်ထားသည့်ထဲကို ပေါင်မုန့် မျက်နှာပြင်တစ်ဖက်နှစ်ပြီး ကြက်ဥနှစ်ထား
သည့်ဖက်ကို ပေါင်မုန့်ခြောက်ကြက်သွန်မြိတ်
အရောကိုနှံ့စပ်အောင်လူးပေးပြီး။
မကပ်အိုးတွင် ထောပတ်ဆီအနည်းငယ်သုတ်ပြီး
အိုးပူကပ်ကြော်ပါ ကြက်ဥမလူးထားသည့်
အတွင်းသားဖက်ပါလှန်ပြီးကြော်ပါ။
ပေါင်မုန့်ကြော်များရလျှင် ပေါင်မုန့်အတွင်းသားကို
ထောပတ်အနည်းငယ်သုတ်ပြီး ခရမ်းချဉ်သီး
သုံးထပ်သားကြော်၊ကြက်ဥအကာကျက်ကြော်
တင်ပြီးနောက်တစ်ချပ်ထပ်အုပ်ပြီးသုံးဆောင်ပါ။
မနက်ခင်းစာလေးကို ကော်ဖီပူလေးနဲ့တွဲသုံးဆောင်
ရင်ကြက်သွန်မြိတ်အနံ့လေးတသင်းသင်းနဲ့
လွန်အရသာရှိပါတယ်။

Photos from Yadanar Soe cooking's post 29/09/2016

ပုဇွန်အစာသွပ်ငါးအသားချောင်းကြော်
********************************
ကိုရီးယားငါးအသားချောင်းကြော်လေး
အိမ်မှာလုပ်စားကြမလား ကလေးတွေအတွက်
အန္တရာယ်ကင်းတဲ့အသားချောင်းကြော်လေး
သရေစာအဖြစ်အိမ်မှာပဲလုပ်ကျွေးရအောင်..

ငါးဖယ်ခြစ် သို့ ငါးကြင်းခြစ် နှစ်သက်ရာ..၁၀သား
ဂျုံမှုန့်.......................ထမင်းစားဇွန်း၎ဇွန်း
ပြောင်းကော်မှုန့်......ထမင်းစားဇွန်း၁ဇွန်း
ပုဇွန် ဆယ်ကောင်ခန့် အမြှီးချန်အခွံခွာပြီးကျောခွဲထားပါ၊
ဘေကင်ဆိုဒါအနည်းငယ်
ငရုတ်ကောင်း.........အနည်းငယ်
ငရုတ်သီးစိမ်းနုတ်နုတ်စဉ်းအနည်းငယ်(အစပ်မစားလျှင်မထည့်ပါနှင့်)
ကြက်သွန်မြိတ် အနည်းငယ်
မုန်လာဥနီနုတ်နုတ်စဉ်းအနည်းငယ်

ငါးဖယ်ခြစ်သို့ငါးခြစ်ကို ကြက်သွန်ဖြူ ၊ဂျင်း
ဆား၊နနွင်း၊ဟင်းခတ်မှုန့် အနည်းငယ်ဖြင့် စေးနေအောင်နယ်ပါ။
ငါးခြစ်စေးလာမှ ဂျုံမှုန့်ကော်မှုန့်ထည့်၊ငရုတ်ကောင်း
ကြက်သွန်မြိတ်၊ဥနီ၊ငရုတ်သီးစဉ်းထားသည်တို့
ထည့်ပြီး ရေအနည်းငယ်ထည့်ပြီးနယ်ပါ။
မုန့်သားရလျှင် ပုံတွင်ပြထားသည့်အတိုင်း ဖြန့်ခင်းပြီး
ကျောခွဲထားသောပုဇွန်တင်ပါ၊ပြီးလျှင် ဓားဖြင့်
ငါးဖယ်သားကိုအသာလှိမ့်ပြီးပုဇွန်ပေါ်ပတ်လိပ်ပေးပါ။
အသာအယာလှိမ့်ပေးလျှင် ပုဇွန်ကိုငါးဖယ်အသား
မံပြီးပါပြီ ဇွန်းပြားဖြင့်အသာမပြီး ဆီများများဖြင့်ကြော်ပါ။
အရသာရှိမွှေးပျံလှတဲ့ ပုဇွန်အစာသွပ် ငါးအသားချောင်း
ကြော်လေးရပါပြီး

Photos from Yadanar Soe cooking's post 26/09/2016

မွှေးမွှေးစပ်စပ်လေးနဲ့စေးစေးအိအိလေး
စားကောင်းလှတဲ့
မှို၊ကိုက်လန်နဲ့ဝက်မြေအိုးထမင်းပေါင်း
*********************************
ဝက်သား အနည်းငယ်ကို အတုံးလေးများ
တုံးထားပါ။
ငွေနှင်းမှို လက်တစ်ဆုပ်ကိုသန့်စင်ဆေးကျောပြီး မွှထားပါ။
ကိုက်လန်ကိုရေဆေးလှီးဖြတ်ထားပါ။
ကြက်သွန်ဖြူ ကိုဆီထမင်းစားဇွန်း၂ဇွန်းခန့်ဖြင့်
ဆီသတ်ပါ။
ကြက်သွန်ဖြူရွှေရောင်သန်းလာလျှင်ဝက်သားထည့်
ကြော်ပါ။
ဝက်သားကြော်ပြီးလျှင်ဘမှိုထည့်ကြော်ပါ။
မှိုကြော်ပြီးလျှင် ဆန်နို့ဆီဗူးဝက်ခန့်ရေဆေးပြီး မြေအိုးထဲထည့်ပါ။
ခရုဆီ၊တရုတ်မဆာ၊နာနတ်ပွင့်၊ဆား၊ပဲငံပြာရည်
သကြား၊ငံပြာရည်၊အသားမှုန့်၊ငရုတ်ကောင်း
ငရုတ်သီးစိမ်းတို့ကိုထည့်ပြီးမာဂျရင်း ထမင်းစား တစ်ဇွန်းခန့်ထည့်ုပါ၊ထောပတ်ဆီအနည်းငယ်ထည့်
ရေဆန်အထက်လက်တစ်ဆစ်ခန့်ထည့်ပြီး ရေခန်း
ချက်ပါ၊ဆန်ပွက်လာလျှင် ကိုက်လန်ရွက်ထည့်ပြီး
နှမ်းဆီမွှေးလက်ဖက်စားတစ်ဇွန်းခန့်ထည့်ပြီးနှပ်ပါ။
အနပ်လိုလျှင် ရေနွေးအနည်းငယ်ဖြန်း၍နှပ်ပါ။

ထမင်းပေါင်းကျက်လျှင် ပန်းကန်ထဲထည့်သံပုရာရည် ညှစ် နံနံပင်အုပ်ပြီးသုံးဆောင်ပါ။
မွှေးမွှေးစပ်စပ် စေးစေးအိအိနဲ့အရသာရှိတဲ့မှိုမြေအိုးထမင်းလေးရပါပြီရှင်။
Yadanar Soe

Photos from Yadanar Soe cooking's post 22/09/2016

နိုင်လွန်ဖက်ထုတ်
***************
1.ဂျုံကော်(wheat Stearch )60g
2.ပြောင်းကော်(com Starch)15g
3.ဆားအနည်းငယ်
4.သကြားလက်ဖက်ရည်ဇွန်းဝက်
5.ရေဆူဆူ 60ml
6.ဆီလက်ဖက်ရည်ဇွန်းဝက်

ပြုလုပ်နည်း
**********
1.ပါဝင်ပစ္စည်း 1မှ4ထိကိုသမအောင်မွှေထားပါ။
သမလျှင်ရေပွက်ပွက်ဆူ 60mlလောင်းထည့်ပြီးတူ
သို့မဟုတ် ဇွန်းဖြင့်နယ်ပေးပါ လက်နှင့်နယ်လို့ရအောင်
နွေးနွေးလေးဖြစ်လာလျှင် ဆီထည့်ပြီးလက်ဖြင့်နယ်ပါ။

ချောမွေ့လာလျှင် ဇလုံကိုအဖုံးအုပ်ပြီး ၁နာရီခန့်နှပ်ထား
ပါ။အချိန်စေ့လျှင်အတောင့်ရှည်ရအောင်လှိမ့်ပြီး ၁၂ပိုင်း
အညီအမျှဖြတ်ပြီး ပါးပါးလေးရအောင်ဒလိမ့်တုံးဖြင့် လှိမ့်ပါ။
ဒလိမ့်တုံးဖြင့်မလှိမ့်မှီမုန့်သားတွေမကပ်အောင်အောက်ခံ လှိမ့်မည့်အပြားနှင့်ဒလိမ့်တုံးကို ဂျုံမှုန့်ဖြူးပေးပါ
အဝိုင်းပြား လေးထောင့်ပြား မိမိနှစ်သက်သလိုဖြတ်ပြီး
အဆာသွပ်ပြီး ခေါက်ပါ။

ခေါက်ထားသည့် ဖက်ထုတ်လေးများကို ပေါင်းချောင်
တွင်စီထည့်ပြီး မိနစ် နှစ်ဆယ်ပေါင်းပါ။

2.ပုဇွန် သို့ နှစ်သက်ရာအသားကို ကြက်သွန်ဖြင် ဂျင်း
တို့ဖြင့်ညက်နေအောင် ကျိတ်ပြီး ခရုဆီ၊သကြား၊ဆား၊
အသားမှုန့်၊နှမ်းဆီမွှေး၊ငရုတ်ကောင်း၊ကော်မှုန့်၊ဥနီ
နုတ်နုတ်စဉ်း၊ကြက်သွန်မြိတ်ထည့်နယ်ပြီး ဖက်ထုတ်မှာအစာသွပ်ပါတယ်။

3.ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ ၊နုတ်နုတ်စဉ်း
ငံပြာရည၊် သကြား၊ဟင်းခတ်မှုန့်၊သံပုရာရည်ညှစ်ထည့်
ပြီးဆော့စ်ပြုလုပ်ပါတယ်။

ဖက်ထုတ်ရွက်လေးတွေပြုလုပ်နည်းကို
မမ Nangshwewah Winနည်းလေးနဲ့လုပ်ပါတယ်။

Timeline photos 19/09/2016

ချောကလက်ချိစ်အလွှာကိတ်
************************
အောက်ခံချောကလက်မုန့်နှစ်အတွက်

ထောပတ်.............100g
သကြား...............80g
ဂျုံ........................80g
ကြက်ဥ...............2လုံး
ကိုကိုးမှုန့်............ထမင်းစားဇွန်း2ဇွန်း
ဘေကင်ပေါင်ဒါ...2.5g
နွားနို့..................ထမင်းစားဇွန်း2ဇွန်း

ချိစ်အလွှာအတွက်.........................
Creamချိစ်..........၂၀၀g
သကြား..............50g
ကြက်ဥ..............1လုံး တို့ကို သမနေအောင်ရောမွှေထားပါ။

ပြုလုပ်နည်း...............
ဂျုံ၊ပွဆေးနှင့်၊ကိုးကိုးမှုန့်တို့ကိုဆန်ကာချထားပါ။
သကြားနှင့်ထောပတ်ကိုပွလာအောင်ခလောက်ပါ။
ကြက်ဥကို တစ်လုံးခြင်းဆီသမအောင်ထည့်မွှေပေးပါ။
ဂျုံ၊နို့၊သကြားအရောကိုထည့်မွှေပါ။
မုန့်ဖုတ်ခွက်တွင် ချောကလက် မုန့်နှစ်ရေထည့်ပြီး 170°
ဖြင့် မိနစ်20ခန့်ဖုတ်ပေးပါ၊မုန့်သားကျက်မကျက် သွားကြားထိုးတံဖြင့်ထိုးကြည့်ပြီးမုန့်နှစ်ကပ်ပါမလာလျှင်ရပါပြီ။
မုန့်ကိုအအေးခံပြီးချိစ်ရောမွှေထားသည်ကိုအပေါ်မှတင်ပေးပြီး 160°ဖြင့်နောက်ထပ် မိနစ်20ခန့်ဖုတ်ပေးပါ။
လုံးဝအေးသွားမှလှီး၍သုံးဆောင်ပါ။
တစ်အိမ်နှင့်တစ်အိမ် မီးအားအတက်အကျမတူလို့
အချိန်နှင့်မီးအားကိုချင့်ချိန်သုံးပါ။

မအိ Evy Foodloverရဲ့နည်းလေးနဲ့လုပ်ပါတယ်။

Photos from Yadanar Soe cooking's post 16/09/2016

မက်ဆီကန်ငါးကြော်နှင့်ဆလပ်သုတ်
********************************
ငါးကြင်း သို့ငါးတန်ကိုအသားလွှာပြီးရေစစ်ထားပါ။
ကြက် သို့ဝက်လဲသုံးလို့ရပါတယ်။

၁.ကြက်သွန်ဖျြူ နှင့် ဂျင်းကိုထောင်းပြီး အရေညှစ်ပြီး
ငါးကိုနှံ့စပ်အောင်နယ်ထားပါ။
၂.ကြက်ဥ အကာအနှစ်ရောကို အသားမှုန့်အနည်းငယ် ထည့်ပြီး ခလောက်ထားပါ။
၃.ပေါင်မုန့်ခြောက်မှုန့်ကို ထောပတ်ဖြင့်ရွှေရောင် သန်းလာအောင်ကြော်ထားပါ။
၎.ပြီးလျှင် ငါးကို ကြက်ဥရည်တွင်ခနနှစ်ပါ ပြန်ဆယ်
ပြီး ပေါင်မုန့်ခြောက်ကြော်ထားသည်နှင့်နှံ့စပ်အောင်လူး
ပေးပြီး ပန်းကန်ပြားတွင်စီထည့်ထားပါ။
၅.ငါးများပေါင်မုန့်လူးပြီးလျှင် ဆီကိုအငွေ့ထွက်လာတဲ့ ထိဆူအောင်တည်ပါ ဆီဆူလျှင် မီးအားကိုအလည် အလတ်ထိပြန်လျှော့ပေးပြီး ငါးများကိုရွှေရောင်သန်းလာအောင်ကြော်ပြီး ဆီစစ်
ထားပါ။

ဆလပ်သုတ်
***********
ကြက်သွန်နီ ဖြူ နုတ်နုတ်စဉ်း ၊ခရမ်းချဉ်သီးကို အတုံးလေးများလှီးပါ၊ဂေါ်ဖီကို ခပ်ထူထူလေး လှီးထားပါ၊ဆလပ်ရွက်လေးများလှီးထည့်ပါ၊ငရုတ်သီးစိမ်း၊သံပုရာရည်၊ဟင်းခတ်မှုန့်၊
သံလွင်ဆီ သို့ နှမ်းဆီမွှေး ငံပြာရည်ချို၊နံနံပင်တို့ဖြင့်
ဆလပ်ရွက်ကိုသုပ်ပါ။

ပွဲပြင်ရန်
*******
ဆလပ်ရွက်ခင်းပြီး ဆလပ်သုပ်ထည့် ငါးကြော်တင်
မရောနိစ်ဆမ်း စားပါ။
မရောနိစ်ကို ငရုတ်စိမ်းမှုန့် သံပုရာရည်တို့ဖြင့်ရောစပ်ပြီး
ဆမ်းစားလို့လဲရပါတယ်။

Photos from Yadanar Soe cooking's post 11/09/2016

ပြည်ကြီးငါးနဲ့ကျောက်ပွင့်ရခိုင်သုပ်
မုန့်ဖတ်သုပ်

Photos from Yadanar Soe cooking's post 10/09/2016

ခရမ်းချဉ်သီးအစာသွပ်ဝက်သားပေါင်း
*******************
ငယ်ငယ်ကမေမေချက်ကျွေးခဲ့တဲ့ဟင်းလေးပါ
မေမေ့လက်ရာမမှီပေမဲ့ ကြိုးစားချက်ထားပါတယ်။
ခရမ်းချဉ်သီးကိုထိပ်ဖက်မှဖြတ်ပြီး အတွင်းကအစေ့အသားများထုတ်ပါ။
ဝက်သားကိုနုတ်နုတ်စဉ်းပြီး ဂျင်း၊ကြက်သွန်ဖြူ
နုတ်နုတ်စဉ်း၊ကော်မှုန့်၊ခရုဆီ၊ဟင်းခတ်မှုန့်၊ဆား၊သကြား၊ငရုတ်ကောင်း
၊ကြက်သွန်မြိတ် ဆီအနည်းငယ်တို့ဖြင့် ရောနယ်ပြီး ရေအနည်းငယ်ထည့်ပြီး
အသားကျက်ရုံခနချက်ပါ။
ခရမ်းချဉ်သီးတွင်အသားအစာသွပ်ပြီး ပေါင်းချောင်တွင်ပေါင်းပါ။
ခရမ်းချဉ်သီးရဲ့အချဉ်ဓတ်က ဝက်သားကိုအအီပြေစေပါတယ်။

Timeline photos 05/09/2016

အာလူးကင်မရောနိစ်ဆမ်း
***********************
Wutyee Food Houseရဲ့နည်းလေးနဲ့ကင်တဲ့
အဆာပြေသရေစာ အာလူးမီးကင်လေးပါ။
အာလူးအခွံလေးပါထည့်ကင်ထားလို့ အနံအရသာ
မွှေးမွှေးလေးနဲ့စားလို့ကောင်းလှပါတယ်။
အာလူးအလုံးကြီးကြီး ၄လုံးကို သွားပွတ်တံဖြင့်
အခွံပေါ်မှ မြေကြီးမှုန်များပြောင်စင်နေအောင်ဆေး
ကျောထားပါ။
အာလူးအောက်ခြေထိမထိအောင် အာလူးကိုမွှန်းလှီး
ပေးပြီး ဟင်းခတ်မှုန့်၊ဆားငရုတ်ကောင်းတို့ကို မွှန်း
ထားသည့်အာလူးအလွှာများထဲနှံစပ်အောင် နယ်ပေးပါ။
အရသာနယ်ပြီးလျှင် ဆီအနည်းငယ်သုတ်လိမ်းပေးပြီး Ovenတွင်180°ဖြင့်45မိနစ်ကင်ပါ။
မရောနိစ်ဆမ်းပြီးကြက်သွန်မြိတ်ဖြူးစားပါ။
တစ်အိမ်နဲ့တစ်အိမ် မီးအားအတက်အကျမတူလို့ မီးအားကိုချင့်ချိန်သုံးပါ။

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 87 Myanmargoanyee Street
Yangon
Other Kitchen supplies in Yangon (show all)
အောင်စုမွန် အောင်စုမွန်
No. 852(B), Shu Khinn Thar Road, 4/South Ward, Thakayta Township
Yangon, 11231

- မီးဖိုချောင်သုံး ကြွေထည်၊ ဖန်ထည်ပစ္စည်းများ - Tableswares and Glasswares

Pearl White - Rice & Oil Trading Pearl White - Rice & Oil Trading
Kyaung Kone 2
Yangon

High Quality , Fair Price , Customer Satisfaction

The A-Z Shop The A-Z Shop
Yangon

Everything is beautiful with best quality.

THE HUNDRED - Grilled Chicken THE HUNDRED - Grilled Chicken
No. 1158, Bo Tun Zan Street, Min Ye Kyaw Swar Road, North Dagon Township
Yangon, 11211

Take-Away Shop Address: Gamone Pwint Shopping Mall San Yeik Nyein Bus Stop, Insein Road, Kamaryut Tsp

Sauce Chef Sauce Chef
Yangon

သံလွင် - Japan Domestic Kitchenware သံလွင် - Japan Domestic Kitchenware
Yangon

ဂျပန် ပြည်တွင်း သုံး မီးဖိုချောင်သုံး နှင့် အိမ်သုံးပစ္စည်း များ လက်လီ/လက်ကား အရောင်း

รสทิพย์ น้ำพริกไทย รสทิพย์ น้ำพริกไทย
Yangon, 30130

น้ำพริกกินง่าย สะดวกสบายในยุคเร่งรีบ

Mi Moe Mi Moe
Yangon

Thu Ta Car Accessories Thu Ta Car Accessories
South Dagon
Yangon

အိမ်သုံး ပစ္စည်း လက်လီလက်ကားရောင်းဝယ်ရေး

Papilla Non-Stick Made By Turkey Papilla Non-Stick Made By Turkey
Yangon

တူရကီ မီးဖိုချောင်သုံးပစ္စည်းများ