Universal Academy Myanmar

To provide an international standard education for different levels, ranging from preschool to university, all in one place.

Photos from Universal Academy Myanmar's post 07/09/2023

Universal Academy Myanmar မှ Preschool ကလေးငယ်များရဲ့ Art Time မှာ ရေဆေး ၊ ကော်ရည်၊ ဆားတို့ကို အသုံးပြု၍ ပန်းချီဆွဲခြင်းကို ပြုလုပ်ခဲ့ပါတယ်။
ရေဆေး အရောင်များကို ဆား ပုံဆောင်ခဲများမှ စုပ်ယူသည့် ဖြစ်စဉ်( Hygroscopic Absorption) ကို လေ့လာခဲ့ကြပြီး ကလေးများ နှစ်သက်ရာ ပန်းချီ များကို ရေးခြယ်ခဲ့ကြပါသည်။
ကလေးများ အနေဖြင့် မိမိတို့သင်ကြားခဲ့ပြီးသော သချႅာ ဂဏန်းများကို ပြန်လည် ရေးဆွဲခြင်း ၊ နှစ်သက်ရာ ပန်းချီ ရုပ်ပုံများကို ရေးဆွဲခြင်းဖြင့် စိတ်ကူးစိတ်သန်းများ ပိုမို ကောင်းမွန် လာမည်ဖြစ်ပါသည်။
လက်ချောင်း ကလေးများ ပိုမိုသန်မာလာပြီး အရောင်များကိုလည်း သေချာစွာ ခွဲခြားလာနိုင်မည် ဖြစ်ပါသည်။

Universal Academy Myanmar
အခန်း ၄၀၂ /၄၀၃ Times City Complex
ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်
ရန်ကုန်မြို့
ဖုန်း- ၀၉၈၈၀၉၁၂၂၂၈ -၂၂၂၉

Universal Academy Myanmar, Bringing Your Future to You!

Photos from Universal Academy Myanmar's post 07/09/2023

UAM International School မှ
လက်ရှိ ခေါ်ယူနေသော အလုပ်အကိုင်များ

1. Subject Teacher (Lower Primary )-3 posts
2. Science Teacher (Secondary )-3 posts
3. Special Education Needs Teacher-3 Posts
4. Preschool Teacher-3 posts
4. IGCSE Mathematics Teacher-2 posts
5. Chinese Teacher-2 posts
6. Assistant Teacher- 3 Posts
7. Lab & Library Assistant-2 posts
8. Receptionist -2 posts

စိတ်ပါဝင်စားသူများအနေဖြင့်
[email protected] သို့ email ပေးပို့
လျှောက်ထားနိုင်ပါသည်။

Please send your CV to [email protected]
Phone: 09 898 333633
www.uamedu.com
Address: No 48, Inya Myaing Street, Bahan.

31/08/2023

Job Vacancies at UAM

👉Any graduate with teaching experience can apply for Subject Teacher and Preschool Teacher position

👉Any graduate with teaching experience to special needs students can apply for Subject Teacher (SEN) position

👉Any graduate with good command of English can apply for Assistant Teacher position

# With training Opportunities and Leave benefits

Please send your CV to [email protected]
Phone: 09 898 333633
Address: No 48, Inya Myaing Street, Bahan.

25/08/2023

IGCSE အပြီးမှာ......

IGCSE Exam result တွေထွက်ခဲ့ပြီးပြီမို့ ဘယ်ပညာရေးလမ်းကြောင်းပေါ်လျှောက်လမ်းရမယ်ဆိုတာလေး မိဘများအတွက် စဉ်းစားစရာတစ်ခုပါ။

အခုခေတ်မှာ ပညာရေးလမ်းကြောင်းများစွာ ပွင့်လင်းလာတာကြောင့် iG ပြီးသွားတဲ့အခါ ရွေးချယ်စရာထဲမှာ

(၁) University Foundation Program
(၂) International A Level
(၃) Other Pathways like OSSD စသဖြင့် ရှိပါတယ်။

(၁) Foundation Program

နိုင်ငံခြားတက္ကသိုလ်တစ်ခုခုကနေ ဖွင့်လှစ်ပေးတဲ့ Foundation Program ကို တက်ရောက်ခွင့်ရရှိပြီး ၁၀ လ - ၁ နှစ်သင်တန်းပြီးချိန်မှာ ထိုတက္ကသိုလ်မှာ ပထမနှစ် ဆက်လက် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Foundation Program အနေနဲ့က အချိန်ကုန်သက်သာပြီး ကိုယ်တက်ရောက်ချင်တဲ့ University ကို တိုက်ရိုက်လျှောက်လှမ်းနိုင်မယ့် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

အားနည်းချက်ကတော့ ကိုယ်မျှော်မှန်းတဲ့ တက္ကသိုလ်က University Foundation Program လိုမျိုး မဖွင့်လှစ်ပေးနိုင်တာ၊ တက်ရောက်နိုင်တဲ့ Foundation Program ကနေ ရယူနိုင်မယ့် Pathway ဟာ ကိုယ့်ဘဝမျှော်လင့်ချက်နဲ့ မကိုက်ညီနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

(၂) International Advanced Level (A Level)
IGCSE ရဲ့ UK အခြေပြု ပညာရေးလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဆိုပါက International Advanced Level ဟာ ဆက်လက် တက်လှမ်းနိုင်မည့် လမ်းကြောင်းဖြစ်ပါတယ်။

အစဉ်အလာကောင်းမွန်ခဲ့တဲ့ A Level ပြီးမြောက်ပြီးရင်တော့ နိုင်ငံတကာက တက္ကသိုလ်များစွာကို စိတ်ကြိုက် ရွေးချယ်ခွင့် ရရှိ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

International Advanced Levelမှာ Modular စနစ်နဲ့ တစ်နှစ်ပတ်လုံး ၃ ကြိမ်ခွဲ စာမေးပွဲ ကျင်းပပေးတာဖြစ်ပြီး စာမေးပွဲဖြေဆိုနိုင်မှာဖြစ်ပါတယ်။
Foundation Program လို အချိန်တိုအတွင်းမှာ မပြီးနိုင်ပဲ အချိန်အားဖြင့် ၁ နှစ်ခွဲ ၂ နှစ်ကြာမြင့်နိုင်ပါတယ်။

Universal Academy Myanmar သည် International Advanced Level တက်ရောက် သင်ယူ စာမေးပွဲ ဖြေဆိုနိုင်သော Edexcel Approved Center တစ်ခုဖြစ်ပါသည်။

Universal Academy Myanmar တွင် တက်ရောက်နေကြသော ကျောင်းသားကျောင်းသူများအတွက် International Advanced Level အပြီး နိုင်ငံတကာ တက္ကသိုလ်များတွင် ကျောင်းလျှောက်ထားရာ၌ အထောက်အကူဖြစ်စေရန် IELTS preparing များလည်း တပါတည်း လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။

(၃) Other Pathways
IGCSE ပြီး တခြားသော Pathway များထဲမှ လူအများ စိတ်ဝင်စားကြသော Pathway များထဲမှ တစ်ခုဖြစ်သည့် OSSD လို Candana Grade 12 Program ကိုလည်း ဆက်လက်တက်လှမ်းနိုင်ပါတယ်။
OSSD Program တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ Credits (ဘာသာရပ်များ) အကြောင်းကို လည်း သက်ဆိုင်ရာ Counsellor နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
OSSD Program ကို Universal Academy Myanmar တွင် တက်ရောက်သင်ကြားနိုင်ပါသည်။

မည်သည့်လမ်းကြောင်းကို ရွေးချယ်သည်ဖြစ်စေ သက်ဆိုင်ရာ လမ်းကြောင်းတိုင်းမှာ အားသာချက်များ နှင့် ဖြည့်ဆည်းပေးရမည်များ ရှိကြတာမို့ မိဘများအနေနဲ့ တိုင်ပင်ဆွေးနွေးကြည့်လိုပါက

Universal Academy Myanmar(Times City Campus)
အခန်း ၄၀၂ /၄၀၃ Times City Complex
ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်
ရန်ကုန်မြို့
ဖုန်း- ၀၉၈၈၀၉၁၂၂၂၈ -၂၂၂၉

Universal Academy Myanmar, Bringing Your Future to You!

Photos from Universal Academy Myanmar's post 22/08/2023

Preschool ကလေးငယ်များ ဟာ ကာယ ၊ ဥာဏ ဖွံ့ဖြိုး တိုးတက်မှု များ ဖြစ်ပေါ်စေဖို့အတွက် ကစားခြင်းမှ တဆင့် သင်ယူလေ့လာကြရပါတယ်။ သင်ကြားပေးတဲ့ ဆရာ ၊ ဆရာမများဟာ ဆိုရင်လည်း ကလေးငယ်များ နေရာ ပေါင်းစုံ ၊ ဘက်ပေါင်းစုံမှ လေ့လာ သင်ယူခွင့်ရနိုင်ဖို့ အခွင့်အရေးများကို ဖန်တီးကြရပါတယ်။ ကလေးငယ်များရဲ့ စိတ်ပါဝင်စားမှု တိုးစေရေးအတွက်လည်း အချိန်နှင့်တပြေးညီ teaching methods များ ၊ teaching resources များ ခေတ်မီမှု ၊ ထိရောက်မှု ရှိစေရေးဟာ ဆရာ ၊ဆရာမ များရဲ့ အဓိက တာဝန်ဖြစ်ပါတယ်။

Universal Academy Myanmar ရဲ့ Preschool စာသင်ခန်းများ မှာ Learning Corner အနေနဲ့ ၆ ခု ဖန်တီးထားပါတယ်။
၁။ ဉာဏ်ရည် ကစားရန် နေရာ
၂။ ရုပ်ပုံကြည့်ရှုရန် နေရာ
၃။ တည်ဆောက် ကစားရန်နေရာ
၄။ အတုယူ ကစားရန် နေရာ
၅။ တီထွင်ဖန်တီး ကစားရန်‌ နေရာ
၆။ တူရိယာ ပစ္စည်းများဖြင့် ကစားရန်နေရာ စသည်တို့ပဲ ဖြစ်ပါတယ်။
Universal Academy Myanmar မှ ကလေးငယ်များ သူတို့ရဲ့ learning corner များမှာ ကစားရင်းနဲ့ လေ့လာ သင်ယူနေကြပုံများကို ဖော်ပြပေးလိုက်ပါတယ်။

မိဘတို့ရဲ့ အဖိုးတန် ရတနာလေးများကို ပျော်ရွှင် ကျန်းမာပြီး လေ့လာ သင်ယူဖို့ အသင့်ဖြစ်နေတဲ့ ကလေးငယ်များ အဖြစ် ပုံဖော်ပေးနေတဲ့ Universal Academy Myanmar ကို စိတ်ချ ယုံကြည်စွာ အပ်နှံလိုက်ပါ။

ကျောင်းကို လာရောက်လေ့လာရင်းနဲ့ အစမ်း တက်ရောက်ခွင့် တစ်ပတ် ရယူလိုက်ပါလို့ ဖိတ်ခေါ်ပါတယ်။

Universal Academy Myanmar (Preschool)
အခန်း ၄၀၂ /၄၀၃ Times City Complex
ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်
ရန်ကုန်မြို့
ဖုန်း- ၀၉၈၈၀၉၁၂၂၂၈ -၂၂၂၉

Universal Academy Myanmar, Bringing Your Future to You!

Photos from Universal Academy Myanmar's post 08/08/2023

ဒီကနေ့ က မိုးအေးတဲ့ နေ့လေးဆိုတော့ ကျောင်းက ကလေးငယ်တို့ရဲ့ Assembly Time မှာ ကိုယ်လက်လှုပ်ရှားမှုလေးတွေ ရရှိစေဖို့အတွက် Kids Yoga အကြောင်းကို မျှဝေ ရှင်းပြပေးပါတယ်။
Yoga ကစား ကွက်များကို သင်ယူ လေ့ကျင့်ကြပါတယ်။
Yoga ကစားရင်းနဲ့ သချႅာ ကိန်းဂဏန်းများကို ရေတွက် ကြပါတယ်။ ဒီနည်းအားဖြင့် ကလေးများဟာ number များကို ပိုမိုမှတ်မိလာပါတယ်။
နောက်ထပ် Yoga သင်ကြားတဲ့ သီချင်းထဲမှာ Shape အကြောင်းကို လေ့လာခဲ့ပါတယ်။ ပုံစံတူ ပြုလုပ်ခြင်းဖြင့် Shape အကြောင်းကို ပြန်လှန် လေ့ကျင့်ခြင်း ဖြစ်ပါတယ်။
Yoga ကစား ခြင်းဖြင့် ကလေးများရဲ့ ကာယ ၊ ဉာဏ ကို ပိုပြီး ဖွံ့ဖြိုးတိုးတက်စေပါတယ်။
အာရုံစူးစိုက်မှုကို တိုးတက်စေပြီးတော့ အဖွဲ့အစည်း အလိုက် ပြုမူနေထိုင်ခြင်းကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။
လှုပ်လှုပ်ရှားရှား၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီကနေ့ရဲ့ မနက်ခင်းလေးကို ကုန်ဆုံးခဲ့ပါတယ်။

Today was a cool and rainy day, we shared our knowledge about Kids Yoga with the school children. We explained the benefits of Yoga Practice so that children can get interest in some physical activities.The children were happy to learn and practice yoga moves.
While practicing yoga, the children counted certain numbers in order to remember them. In the other yoga teaching song, they learnt about Shapes. This was their revision time for remembering different shapes.
The children's physical and mental development will be improved by practicing yoga. It helps them to have self- control, organizational behaviour and to reduce stress and anxiety. It also trains them to have fine and gross motor skills.
The children spent their morning happily.

Universal Academy Myanmar( Times City Campus)
Room 402/ 403 ,
Times City Complex
Hantharwaddy Road,
Kamayut Township, Yangon
09880-912228
09880-912229

03/08/2023

Education history မှာ IGCSE / “O”level GCSE, အခြေပညာ အထက် တန်း အဆင့် ( Grade 10,11,12 )တက်ရောက်နေသော ကျောင်းသားများ အတွက်
International Universities များကို တက်လှမ်းရန် ကြံ ရွယ်နေကြသော အသက် ၁၆ နှစ်မှ ၁၈ နှစ် ဝန်းကျင် ကျောင်းသား ကျောင်းသူများအတွက် International Advanced Level ( IAL) အကြောင်းမိတ်ဆက်ပေးလိုပါတယ်။

IAL or A level qualification ပြီးဆုံးသွားပြီဆိုရင်တော့ Basic Education Level ပြီးဆုံးသွားပြီဖြစ်တာမို့ International Universities များကို တက်ရောက်နိုင်ဖို့အတွက် တိုက်ရိုက် လျှောက်ထားလို့ရပါပြီ။
IGCSE / “O”level GCSE, အခြေပညာ အထက်တန်း အဆင့် ( Grade 10,11,12 )တက်ရောက်နေသော ကျောင်းသားများ အတွက် International Education ကို ရွေးချယ်မယ် ဆိုရင်တော့ အထူး သင့်လျော်သော ပညာရေးလမ်းကြောင်းဖြစ်ပါတယ်။

ဘာသာရပ်အနေနဲ့ မိမိ တက်ရောက်လိုသော ပညာရေးလမ်းကြောင်းပေါ်မူတည်ပြီး (၃) ဘာသာ သင်ယူ ရမှာဖြစ်ပါတယ် ။ စာမေးပွဲကို module အလိုက် modular စနစ်ဖြင့် တစ်နှစ်ကို ၂ ကြိမ်မှ ၃ ကြိမ် ခွဲပြီး ဖြေဆိုလို့ ရပါတယ်။ IGCSE မှာတုန်းကလို ၆ ဘာသာ ၇ ဘာသာ ယူပြီး linear exam အတိုင်းဖြေစရာမလိုတော့ပဲ ကိုယ်သဘောကျရာ လမ်းကြောင်းအလိုက် သင်ယူရမယ့် ဘာသာရပ် ၃ ဘာသာခန့် သာ ရွေးချယ်ပြီး unit by unit - modular exam system ဖြင့် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

UAM ကျောင်းရဲ့အထူး စီစဥ်ထားမှု အနေနဲ့ ကတော့ ကျောင်းသား ကျောင်းသူများ အတွက် သင်ကြားရေး သင်ယူရေး အထူး အဆင်ပြေစေရေးရန် International Advanced Level တက်ရောက်နေဆဲမှာပဲ International Universities များကို လျောက်ထားရန် အတွက် လိုအပ်တဲ့ English Skill တခု ဖြစ်တဲ့ IELTS qualification အတွက် တပါထဲ သင်ကြားလေ့ကျင့် ပေးသွားမှာဖြစ်ပါတယ်။
International Universities များ ကို လျောက်ထားရာမှာ သေချာသော ပညာရေးလမ်းကြောင်းတစ်ခု ဖြစ်တဲ့ International Advanced Level qualification and IELTS qualification နှစ်ခုကို တပြိုင်တည်း ရရှိနိုင်မည့် UAM ကျောင်း ကို ရွေးချယ်ကြဖို့အတွက် အကြံကောင်းပေးပါရစေ။

ကလေးများ အတွက် ရွေးချယ်သင့်သောဘာသာတွဲများကို အကြံပြုပေးနိုင်ဖို့အတွက် UAM ကျောင်း မှ Education Counsellorက ကူညီဖို့ အဆင်သင့် ရှိနေပါတယ်။ မိဘများနဲ့ ကျောင်းသားကျောင်းသူများကို နွေးထွေးစွာကြိုဆိုပါတယ်။

Universal Academy Myanmar( Times City Campus)
Room 402/ 403 ,
Times City Complex
Hantharwaddy Road,
Kamayut Township, Yangon
09880-912228
09880-912229

Photos from Universal Academy Myanmar's post 31/07/2023

Universal Academy Myanmar မှ preschool ကလေးငယ်များ Physical Education သင်ခန်းစာများကို ပျော်ရွှင်စွာ သင်ကြားနေကြပုံ ကို ဖော်ပြပေးလိုက်ပါတယ်ရှင်။
ငယ်ရွယ်သော ကလေးငယ်များ အတွက် Physical Education သင်ခန်းစာများ သင်ယူခြင်းဖြင့် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသော ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကြီးထွား တိုးတက်မှုအတွက် အကူအညီပေးပါတယ်။
Physical Education သင်ခန်းစာများ သင်ကြားခြင်းဖြင့်
• ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ သန်စွမ်းခြင်း
• အသိဥာဏ် ဖွံဖြိုးစေခြင်း
• စိတ်ခံစားမှု ကောင်းမွန်စေခြင်း
• လူမှုဆက်ဆံရေး နယ်ပယ် ကျယ်ပြန့်လာစေခြင်း
• ကြွက်သားများ သန်မာ ဖွံ့ဖြိုးစေခြင်းတို့ ဖြစ်ပါတယ်။

မိဘများ ၊ ဆရာ / ဆရာမများနှင့် လူမှုပတ်ဝန်းကျင်တို့ဟာ ကလေးငယ်များရဲ့ ကိုယ်လက်လှုပ်ရှား ကစားခြင်းကို ကူညီအားပေးရန်နှင့် ကလေး တစ်ဦးချင်းစီအတွက် လိုအပ်ချက် ၊ စိတ်ပါဝင်စားမှုတို့နှင့် ကိုက်ညီသော ဘေးကင်းလုံခြုံသည့် ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်တို့ကို ဆောင်ရွက်ပေးရန် ၊ တိုက်တွန်းပေးရန် အရေးကြီးပါသည်။

Here is children from Universal Academy Myanmar are happily learning Physical Education lessons.

Physical activity plays a crucial role in child development, contributing to the growth and development of a child's physical, cognitive, and emotional well- being.

Benefits of physical activity for children include :
• Physical Health
• Cognitive Development
• Emotional Well – being
• Social Development
• Motor Development
It is important for parents, teachers, and communities to encourage and support children's physical activity, providing opportunities for safe and enjoyable physical activities that meet their individual needs and interests.

Universal Academy Myanmar( Times City Campus)
Room 402/ 403 ,
Times City Complex
Hantharwaddy Road,
Kamayut Township, Yangon
09880-912228
09880-912229

Universal Academy Myanmar, Bringing Your Future to You!

28/07/2023

မိဘများရဲ့ အသက် ၃နှစ်မှ ၅ နှစ်အရွယ် ရင်သွေးငယ်လေးများ အတွက် preschool ကောင်းကောင်းတခု ရှာဖွေနေပါသလာ?
ကလေးကကျောင်းစစတက်ချင်း အဆင်ပြေပါ့မလား စိတ်ပူနေရပါသလား?

Universal Academy Myanmar Times City campus မှာ preschoolers သားသားမီးမီးတွေအတွက် ကျောင်း တပတ် အစမ်းတက်ရောက်ပြီး ဆရာမတွေ နဲ့ ကလေးအကြောင်း ဆွေးနွေးပြီးမှ ကျောင်းအပ် လို့ရပါတယ်ရှင့်

Universal Academy Myanmar( Times City Campus)
Room 402/ 403 ,
Times City Complex
Hantharwaddy Road,
Kamayut Township, Yangon
09880-912228
09880-912229

26/07/2023

Second Language Acquisition in Childhood

Preschool တက်ရောက်နေကြတဲ့ သားသား ၊ မီးမီးတို့ရဲ့ မိဘတွေမှာ ဆိုရင် တစ်ခါ တစ်ရံ မိမိကလေးရဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး တော့ မိဘများရဲ့ ရင်ထဲမှာ သိလိုတဲ့ မေးခွန်းလေးတွေရှိတတ်ကြပါတယ်။

၁။ ကိုယ့်ရဲ့ ကလေးကို အစောကြီး စာတွေသင်မိနေသလား?

၂။ ကိုယ့်ကလေးဟာ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လေ့လာ သင်ယူစရာတွေ ကောင်းကောင်းရှိနေရဲ့လား?

၃။ ကလေးဟာ သူ ထိတွေ့၊ ကိုင်တွယ် ၊ မြင်ကြား နေရတဲ့ အရာတွေ အပေါ် ကောင်းကောင်း လေ့လာ သင်ယူနေသလား။................. စသဖြင့် မေးခွန်းများကို စဥ်းစားမိတတ်ကြပါတယ်။



ကျွန်မတို့ Universal Academy Myanmar အနေနဲ့ ကလေးငယ်တွေရဲ့ ပထမပိုင်း ၃ နှစ်မှ ၅ နှစ်တာ ကာလ အတွင်း သူတို့ သင်ယူရမယ့် learning area များကို ကောင်းစွာ သိရှိပြီးတော့ ဖြည့်ဆည်း ပေးနိုင်ဖို့ ကို အစဉ်တစိုက် ကြိုးစားလျှက်ရှိပါတယ်။

ဒီကနေ့မှာတော့ ကလေးငယ်တွေရဲ့ Language Proficiency တိုးတက်ကောင်းမွန်ရေး အတွက် ဆရာမများ ၊ မိဘများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း ဖော်ပြလိုပါတယ်။

ပြီးခဲ့သော Term 1 ရဲ့ Parents Teachers Meeting မှာ Parental Collaboration Program အနေနဲ့ Second Language Acquisition in Childhood ဆိုတဲ့ ခေါင်းစဉ်ကို မိဘများထံကို မျှဝေခဲ့ပါတယ်။

ဒီ Program မှာ ကလေးငယ် တွေဟာ Preschool ကို စတင်တက်ရောက်တဲ့ အချိန်မှာပဲ ဘာသာစကားအသစ်တွေကို သင်ယူနိုင်စွမ်းရှိကြောင်း ၊

ကလေးငယ်တွေ အနေနဲ့ ပင်ပင်ပန်းပန်း အားထုတ်စရာမလိုဘဲ ဘာသာစကားကို လေ့လာမှတ်သားနိုင်ပြီး မှတ်မိနိုင်ကြောင်း

ဥပမာ အားဖြင့် အခြားနိုင်ငံတစ်ခုကို ပြောင်းရွှေ့နေထိုင်တဲ့ ကလေးငယ်တွေဟာ ဘာသာစကား တစ်ခုကို အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာ ပဲ တတ်မြောက်နိုင်ကြကြောင်း အချက်အလက်များကို ဝေမျှခဲ့ပါတယ်။

အဲဒီနောက် ကျောင်းမှာ အသုံးပြုနေတဲ့ Classroom Language နဲ့ ဆက်နွယ်နေတဲ့ စကားလုံး (Vocabulary) များကို မိဘများ အား ပြသပြီး မိမိတို့ရဲ့ အိမ်မှာလည်း ကလေးငယ်များကို တတ်နိုင်သရွေ့ English Language အသုံးပြု ပြောကြားပေးခြင်းဖြင့် ကလေးရဲ့ သင်ကြား ၊ သင်ယူမှု ပတ်ဝန်းကျင်ကို ပိုမို ချဲ့ထွင်နိုင်မှာ ဖြစ်ကြောင်း ရှင်းပြပေးခဲ့ပါတယ်။

ဒါကြောင့်မို့ မိဘများ အနေနဲ့ ကလေးရဲ့ သင်ယူမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှု တွေကို ဖယ်ထားလိုက်ပါ။

Universal Academy Myanmar မှာ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဧရိယာ အားလုံးကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနေတာဖြစ်တဲ့အတွက် ယုံကြည်စွာနဲ့ ကျောင်းအပ်နှံလိုက်ပါရှင်။


ကျောင်းတည်နေရာလေးနဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကတော့



အခန်း ၄၀၂ /၄၀၃ Times City Complex

ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်

ရန်ကုန်မြို့

ဖုန်း- ၀၉၈၈၀၉၁၂၂၂၈ -၂၂၂၉ ပဲဖြစ်ပါတယ်။



Universal Academy Myanmar, Bringing Your Future to You!

25/07/2023

OSSD ဆိုတာဟာ ကနေဒါနိုင်ငံရဲ့ အထက်တန်း ပညာရေး အသိအမှတ်ပြု ဒီပလိုမာ ဖြစ်ပြီး OSSD ပြီးဆုံးတဲ့ အခါမှာ ကျောင်းသား ၊ ကျောင်းသူများအနေနဲ့ မိမိတို့ နှစ်သက်ရာ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် များမှာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အခုအချိန်မှာ သင့်ကလေးဟာ အသက် ၁၆ နှစ်ခန့်ရှိပြီးတော့ နိုင်ငံတကာ ပညာရေးကို လက်လှမ်းမှီဖို့ ကြိုးစားနေတာ ဆိုရင် အသင့်တော်ဆုံးဖြစ်တဲ့ OSSD Program နဲ့ မိတ်ဆက်ပေးလိုပါတယ်။

OSSD ဟာ Grade 9 – Grade 12 Program ဖြစ်ပြီးတော့ တက်ရောက်လိုတဲ့ ကျောင်းသား / ကျောင်းသူရဲ့ နောက်ခံ ပညာအရည်အချင်း (Education Background) ပေါ်မှာ မူတည်ပြီး တက်ရောက်ရမယ့် အတန်း ကွာခြားနိုင်ပါတယ်။

ဥပမာ- ကျောင်းသား / ကျောင်းသူ ဟာ Grade 11 (သို့) Year 11 အောင်မြင်ပြီးသူ ဖြစ်ရင် Grade 12 အတန်းကို တက်ရောက်ရမှာ ဖြစ်လို့ စာသင်နှစ် ၁၀ လ မှ ၁၂ လ ခန့်သာ ကြာမြင့်နိုင်ပါတယ်။
ပြီးတဲ့နောက် တက္ကသိုလ် သို့မဟုတ် ကောလိပ်ကို တိုက်ရိုက်တက်ရောက်နိုင်တာ ဖြစ်တဲ့ အတွက် ကုန်ကျစရိတ်လဲ သက်သာ ၊ အချိန်ကုန်လဲ သက်သာစေပါတယ်။

Universal Academy Myanmar မှာ OSSD Program တက်ရောက်မယ့် ကျောင်းသား / ကျောင်းသူများအတွက် အဓိက အားသာချက်တွေကတော့၁။ ကနေဒါ ပညာရေး ဝန်ကြီး ဌာနမှ ပေးအပ်တဲ့ Graduation ကို ရရှိဖို့ လိုအပ်တဲ့ ဘာသာရပ်တွဲများ ရွေးချယ်ရာတွင် ကနေဒါနိုင်ငံရှိ ကျောင်းတာဝန်ရှိသူမှ တစ်ဦးချင်းစီ ဆွေးနွေး ဆောင်ရွက်ပေးခြင်း
၂။ ဘာသာရပ်တွဲများ ရွေးချယ်ရာမှာ ကျောင်းသား / ကျောင်းသူရဲ့ စိတ်ဝင်စားမှုပေါ် အခြေခံကာ တက္ကသိုလ်တက်ရောက်ချိန်အထိ ရည်ရွယ် ဆွေးနွေးပေးခြင်း
၃။ OSSD Program တက်ရောက်သည်နှင့် ကနေဒါနိုင်ငံရှိ ကောလိပ်များ ၊ တက္ကသိုလ်များ၏ ဝင်ခွင့် စနစ်တွင် စာရင်း ပေးသွင်း၍ မိမိတို့ ရွေးချယ်တက်ရောက်လိုသည့် ကောလိပ်များ ၊ တက္ကသိုလ်များ ကို ကိုယ်တိုင် လေ့လာ၍ လျှောက်ထားနိုင်ခြင်း
၄။ OSSD Program ဟာ ကျောင်းသား / ကျောင်းသူရဲ့ Attendance, Chapter End Test, Homework, Assignment , Team Work, Presentation Skill စသည်တို့ အပေါ်မှာ အခြေခံပြီး တစ်နှစ်ပတ်လုံး ရမှတ်များကို စုဆောင်း သိမ်းဆည်းထားတာဖြစ်ပါတယ်။
ဒါကြောင့် ပေးအပ်တဲ့ အိမ်စာ ၊ Assignment ၊ Presentation စသဖြင့် တစ်နှစ်ပတ်လုံး မှန်မှန် လုပ်ဆောင်သွားမယ်ဆိုရင် စာမေးပွဲ ဆိုတာ ကြောက်စရာမဟုတ်ဘဲ ကောင်းစွာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အသေးစိတ် သိလိုတာတွေကို ထပ်မံမေးမြန်းရင်းနဲ့ Universal Academy Myanmar ကျောင်းကိုလဲ လာရောက် လေ့လာဖို့ ဖိတ်ခေါ်လိုပါတယ်။

Universal Academy Myanmar( Times City Campus)
Room 402/ 403 ,
Times City Complex
Hantharwaddy Road,
Kamayut Township, Yangon
09880-912228
09880-912229
Universal Academy Myanmar, Bringing Your Future to You!

23/07/2023

Second Language Acquisition in Early Childhood

မွေးကင်းစမှ ၆နှစ်ထိ ကလေးငယ်များဟာ ဥာဏ်ရည်အဖွံ့ဖြိုးဆုံး အရွယ်ဖြစ်တာကြောင့် ဘာသာစကားသင်ယူရာတွင်လဲ မိခင်ဘာသာစကားအပြင် အခြားဘာသာစကား၂မျိုးလောက်ကို အလွယ်တကူ သင်ယူနိုင်စွမ်းရှိကြပါတယ်။

မိမိတို့ရဲ့ရင်သွေးများကို အသက် ၂နှစ်ခွဲမှစပြီး international preschool သို့ပို့ပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် English Language ကို အခက်အခဲ မရှိ သင်ယူတတ်မြောက်နိုင်မှာဖြစ်ပါတယ်။

Universal Academy Myanmar International Preschool မှာ ကလေးများ Second Language Acquisition အတွက် English အပြင် Chinese (Mandrin) ဘာသာစကားကိုပါ ဝါရင့်ဆရာဆရာမများက စနစ်တကျ သင်ကြားပေးနေပါတယ်။ မိမိတို့ရဲ့ ရင်သွေးငယ်များကို UAM Preschool မှာ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

UAM International Preschool
Inya Myaing Campus
No 48, Inyamyaing Road, Bahan Township

09/07/2023

Universal Academy Myanmar ကျောင်းခွဲများမှာ အောက်ပါ
ရုံးပိုင်းရာထူးများကို လာရောက်လျှောက်ထားရန် ဖိတ်ခေါ် ပါတယ်နော်။📢
🖌️
စိတ်ပါဝင်စားသူများအနေဖြင့် CV ကို Email - [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက Phone Number : 09 898 333 633 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞
လျှောက်ထားသူများထဲမှ ‌ေရွးချယ်ခံရသော လျှောက်လွှာများကို လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

09/07/2023

Universal Academy Myanmar ကျောင်းခွဲများမှာ အောက်ပါ
သင်ကြားရေးရာထူးများကို လာရောက်လျှောက်ထားရန် ဖိတ်ခေါ် ပါတယ်နော်။📢
🖌️
စိတ်ပါဝင်စားသူများအနေဖြင့် CV ကို Email - [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက Phone Number : 09 898 333 633 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞
လျှောက်ထားသူများထဲမှ ‌ေရွးချယ်ခံရသော လျှောက်လွှာများကို လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

02/07/2023

မဂႅလာပါ။

မိဘများ၏ ရင်နှစ်သည်းချာ သားသား ၊ မီးမီးတို့ အတွက် အကောင်းဆုံး Preschool Learning Experience ကို ပြည့်စုံစွာ ဖြည့်ဆည်းပေးဖို့အတွက် Universal Academy Myanmar မှအဆင်သင့်ရှိပါသည်။

ကလေးငယ်များ စူးစမ်းလေ့လာတတ်သည့်အချိန် ၊ ငယ်ရွယ်သောကာလမှ စတင်ပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေမည့် ကောင်းမွန်သော ပညာရေး စနစ်ကို ထိတွေ့ စေခြင်းဖြင့် ကလေးငယ်များ၏ လှပသော အနာဂတ်များ ကို ဖန်တီးပေးနိုင်ပါပြီ။

Universal Academy Myanmar သည် မြန်မာနိုင်ငံတွင် အဆင့်မြင့် ပညာရေးကို သင်ကြားပို့ချပေးနေသည့် ရှေ့ဆောင် ကျောင်းများအနက်မှ နိုင်ငံတကာ သင်ရိုးညွှန်းတမ်း အတွေ့အကြုံ ၁၀ နှစ်ကျော် ရှိသည့် ကျောင်းတစ်ခုဖြစ်သည်။ သင်ရိုး ညွှန်းတမ်းများကိုလည်း ကလေးငယ်များ၏ learning area များကို ဖြည့်ဆည်း ပေးနိုင်မည့် အစီအမံများဖြင့် ရေးဆွဲထားသောကြောင့် သင့်ကလေးငယ်၏ ပညာရေး အတွက် ယုံကြည် စိတ်ချရသော ကျောင်းတစ်ခုလည်း ဖြစ်ပါသည်။

Universal Academy Myanmar တွင် သားသား ၊မီးမီးတို့ အတွက် သင့်လျော်ကျယ်ဝန်းသော အဆောက်အဦး ၊ ပြည့်စုံသော သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ ၊ အရည်အချင်းပြည့်ဝသည့် ဆရာ / ဆရာမ များ ဖြင့် သင်ကြားရေး ဆိုင်ရာ အထောက်အကူပြု ပတ်ဝန်းကျင် ကောင်း တစ်ခု အဖြစ် ဖွဲ့စည်းထားပါသည်။

မိဘတို့ရဲ့ ကောင်းမွန်သော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ဖို့ Universal Academy Myanmar မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။

စိတ်ဝင်စားတဲ့ မိဘများအနေနဲ့ အောက်ဖော်ပြပါ လိပ်စာများမှာရှိတဲ့ ကျောင်းများကို လည်း အခုပဲ လာရောက်လေ့လာနိုင်ပါသည်။

1. Universal Academy Myanmar ( Inya Myaing Campus)
No.48, Inya Myaing Street
Bahan Township , Yangon
Ph: 098940-83344
098940-83377

2. Universal Academy Myanmar( Times City Campus)
Room 402/ 403 ,
Times City Complex
Hantharwaddy Road,
Kamayut Township, Yangon
Ph : 09880-912228
09880-912229

Universal Academy Myanmar, Bringing Your Future to You!

29/06/2023

UAM iSecondary Classes

UAM iSecondary Class များတွင် တက်ရောက်သင်ယူရမယ့် ကျောင်းသားကျောင်းသူများဟာ သင်ရိုးညွှန်းတမ်းအနေဖြင့် English, Maths, Science, Computing, Global Citizenship အစရှိသည့်ဘာသာရပ်များကို အဓိကသင်ကြားရမှာ ​ဖြစ်ပါတယ်။

English ဘာသာရပ်တွင် Fluency အတွက် native speaker မှ four skills competency ကို အဓိက လေ့ကျင့်သင်ကြားပေးပြီး Literacy အတွက် ကျောင်းသားကျောင်းသူများ reading, writing နှင့် language devices များကို ကျွမ်းကျင်ပိုင်နိုင်စေရန် သင်ကြားမှုအတွေ့အကြုံများစွာရှိသော ဝါရင့် ဆရာ/ ဆရာမကြီးများမှ စနစ်တကျ လေ့ကျင့်သင်ကြားပေးပါတယ်။

Mathematics ဘာသာရပ်အနေဖြင့် seondary level မှာ equations, graph and probability, power and roots, collecting and analysing data, accuracy and measures အစရှိတဲ့ သင်ခန်းစာများကို သင်ယူလေ့လာပြီး လက်တွေ့ဘဝနဲ့ လိုက်လျောညီစွာ လေ့လာတွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

Science ဘာသာရပ်တွင် Biology, Chemistry, Physics စသည့် ဘာသာရပ်များကို (observation, asking questions, making guesses, doing experiment, teacher’s explanation and conclusion) စတဲ့ scientific inquiry method များဖြင့် သင်ကြားပေးပြီး individual and group project, presentation, poster များ ဖန်တီးတင်ပြနိုင်သည်အထိ လေ့ကျင့်ပေးလျက်ရှိပါတယ်။

Global Citizenship ဘာသာရပ်အား သင်ကြားပေးခြင်းဖြင့် ကလေးများ ကမ္ဘာနှင့်ရင်ဘောင်တန်း တွေးခေါ်မြော်မြင်တတ်လာပြီး မိမိတို့အတွက် အပြုသဘောဆောင်သည့် အတွေးအခေါ်များ ဖြစ်ပေါ်လာစေမယ့် သော့ချက်တခုအဖြစ် အသုံးချနိုင်မှာဖြစ်ပါတယ်။

Computing ဘာသာရပ်တွင်လည်း internet protocol and binary, programming, processing and analysing data, web authoring စတဲ့ ခေါင်းစဉ်များကို iSecondary level မှာ သင်ကြားကြရမှာ ဖြစ်ပါတယ်။

အနာဂတ်မှာ ထွန်းလင်း‌တောက်ပတဲ့ ကြယ်ပွင့်လေးများဖြစ်လာစေဖို့ ဘာသာရပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်သော ဝါရင့်ဆရာဆရာမများနဲ့ စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးနေတဲ့ UAM iSecondary Classes များကို admission ဖွင့်ထားဆဲဖြစ်တာမို့ အမြန်ဆုံးလာရောက်အပ်နှံနိုင်ပါကြောင်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

26/06/2023

နိုင်ငံတကာ အဆင့်မှီဖြစ်သည့် ကနေဒါနိုင်ငံ၏ အထက်တန်းပညာရေး ၊ OSSD Program (Grade 12) ကို မိဘများနှင့် မခွဲမခွာဘဲ သင်ရိုး ညွှန်းတမ်း အပြည့်အစုံ၊ Facility ပြည့်စုံစွာဖြင့် ကျောင်း အသစ်တွင် လေ့လာသင်ယူနိုင်မည့် အခွင့်အရေးကို Universal Academy Myanmar တွင် ရရှိနိုင်ပါပြီ။
သွားလာရန် လွယ်ကူပြီး ရန်ကုန်မြို့ရဲ့ အချက်အချာ ဖြစ်တဲ့ Times City Complex မှာ တည်ရှိတဲ့ Universal Academy Myanmar မှာ အသက် ၁၆ နှစ်မှ ၁၈ အထိ ကျောင်းသား ၊ ကျောင်းသူ များ အတွက် OSSD Program ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ကျယ်ဝန်းသော စာသင်ခန်းများ
အရည်အချင်းပြည့်ဝ၍ အတွေ့အကြုံမြင့်မားသော ဆရာ၊ ဆရာမများမှ အနီးကပ်စောင့်ကြပ်ကြည့်ရှု ပေးခြင်း
ခေတ်မီ ပြည့်စုံသော Laboratory နှင့် စာကြည့်တိုက်
လျှပ်စစ်မီး အပြည့်အဝ ရရှိနိုင်ခြင်း
ကားရပ်နားရန် နေရာများ ကျယ်ဝန်းခြင်း
မြေအောက် ကားပါကင် မှ ကျောင်း ပရဝုဏ်သို့ တိုက်ရိုက်ရောက်ရှိနိုင်ခြင်း
Wifi Access
Table Tennis Court
Reading Area
စသည်တို့နှင့်အတူ Basement အပါအဝင် မြေညီထပ်မှ စပြီး rooftop အထိ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်း သက်သာစွာ ပညာသင်ယူနိုင်စေဖို့ စနစ်တကျ စီစဥ်ထားပေးပါတယ်။

OSSD Program ဟာ နိုင်ငံတကာမှ အသိအမှတ်ပြု ထားတဲ့ ကနေဒါနိုင်ငံရဲ့ ထင်ရှားသော အထက်တန်း ပညာရေး စနစ် တစ်ခုဖြစ်တာကြောင့် OSSD Program ကို သင်ကြားတတ်မြောက်ပြီးကြတဲ့ ကျောင်းသား၊ ကျောင်းသူများဟာ ကမ္ဘာ အနှံ့အပြားမှာ ရှိတဲ့ မိမိတို့ တက်ရောက်လိုတဲ့ တက္ကသိုလ်များမှာ Foundation Year အနေနဲ့ မလိုအပ်တော့ဘဲ တိုက်ရိုက်လျှောက်ထား တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူ များ လက်ရှိရောက်ရှိနေတဲ့ ပညာရေး လမ်းခရီးကနေ Secondary Diploma ပြီးဆုံးသည် အထိ ဝါသနာပါ ရာ ဘာသာရပ်များ ကို ရွေးချယ် တက်‌ရောက်နိုင်ရန် လမ်းအတိုဆုံး ဖြစ်မယ့် Credit point များ တွက်ချက်၍ အကောင်းဆုံး အကြံဉာဏ်ပေးခြင်း များကိုလည်း Universal Academy Myanmar မှ ပြုလုပ်ပေးပါတယ်။

အသေးစိတ် လေ့လာဆွေးနွေးလိုတယ်ဆိုရင်တော့ Times City ရဲ့ ရေပန်း အနားကို သာ အရောက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။

ကျောင်းတည်နေရာလေးနဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကတော့

အခန်း ၄၀၂ /၄၀၃ Times City Complex
ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်
ရန်ကုန်မြို့
ဖုန်း- ၀၉၈၈၀၉၁၂၂၂၈ -၂၂၂၉ ပဲဖြစ်ပါတယ်။

Universal Academy Myanmar, Bringing Your Future to You!

19/06/2023

Universal Academy Myanmar ကျောင်းခွဲများတွင်
IGCSE (Computer Science) Teacher ရာထူးကို လာရောက်လျှောက်ထားနိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါတယ်နော်။⏰
📲
လျှောက်ထူးသူများအနေဖြင့် Computer Science သင်ကြားရေးအတွေ့အကြုံ (၂)နှစ် အနည်းဆုံးရှိရပါမည်။
📃
ပညာအရည်အချည်းအနေဖြင့် BSc Computer Science, BE.IT, BE.Tech, Post Graduate Diploma in Computer Science, MSc Computer Science တစ်ခုခုကို ရရှိထားသူ ဖြစ်ရပါမည်။
🤝
စာသင်နှစ် တစ်နှစ်ကို ပြီးဆုံးအောင် တာဝန်ယူသင်ကြားနိုင်သူဖြစ်ရပါမည်။
🔦
Pearson (Edexcel) ၏ Computer Science သင်ရိုးကို သင်ကြားရမှာဖြစ်ပါတယ်။
✉️
စိတ်ပါဝင်စားသူများအနေဖြင့် CV ကို Email - [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက Phone Number : 09 898 333 633 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞
လျှောက်ထားသူများထဲမှ ‌ေရွးချယ်ခံရသော လျှောက်လွှာများကို လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

13/06/2023

"Stop Dreaming Start Doing"

ကလေးများရဲ့ ပညာခရီးလမ်း
ရွှေကြာပန်းလို
ပွင့်လန်းစေကြောင်း
ရေလောင်းပေါင်းသင်
မေတ္တာရှင် ဖြစ်လိုပါသလား?

ဟုတ်ပါတယ်ဆိုရင်တော့.....
ပညာရှင်ဆရာ၊ ဆရာမတို့အနေဖြင့်
🤗
Universal Academy Myanmar ကျောင်းခွဲများမှာ အောက်ပါ ရာထူးများကို လာရောက်လျှောက်ထားရန် ဖိတ်ခေါ် ပါတယ်နော်။📢
🖌️
စိတ်ပါဝင်စားသူများအနေဖြင့် CV ကို Email - [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက Phone Number : 09 898 333 633 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📞
လျှောက်ထားသူများထဲမှ ‌ေရွးချယ်ခံရသော လျှောက်လွှာများကို လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

07/06/2023

Life Skills Classes for Students at UAM

မင်္ဂလာပါရှင်
UAM International School မှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူများအား ဇွန်လ ၅ရက်နေ့နှင့် ၆ ရက်နေ့တွင် Life Skills ဘာသာရပ်အဖြစ် Baking CLass များကို Athena Community College မှ နည်းပြဆရာမ ဒေါ် ချစ်ဆုကျော် (T Su)မှ လာရောက်သင်ကြားပို့ချပေးခဲ့ပါတယ်။

Baking Class တွင် KG မှ Year 9 ကျောင်းသားများကို Muffin နှင့် Brownie ပြုလုပ်နည်းများကို သင်ကြားပေးခဲ့ပြီး ကျောင်းသားများမှ အတူတကွလက်တွေ့လုပ်ဆောင်ခြင်းဖြင့် ကြိုးစားသင်ယူခဲ့ကြပါတယ်။

Universal Academy Myanmar
Bringing Your Future to You!

03/06/2023

Effective Communication Skills Training

ယနေ့ ဇွန်လ ၃ရက်နေ့တွင် ကျောင်းမှ ဆရာ ဆရာမများ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်စေရန်အတွက် Effective Communication Skills ခေါင်းစဥ်အား ဆွေးနွေးပို့ချပေးခဲ့သော UAM ကျောင်း၏အတိုင်ပင်ခံ School Psychologist ဆရာမကြီး ဒေါ်သက်ထားဝင်းနှင့် စိတ်ဝင်တစားတက်ရောက်ခဲ့ကြတဲ့ ဆရာဆရာမများအား ကျေးဇူးအထူးတင်ရှိပါတယ်။

Universal Academy Myanmar
Bringing Your Future to You!

24/05/2023

မိဘများ၏ ယုံကြည်စွာအပ်နှံမှုနှင့် အတူ Universal Academy Myanmar (Times City Campus) ကို ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ဖြစ်ပါသောကြောင့် မိဘများအားလုံး၏ ပံ့ပိုးကူညီမှုကို ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။

Universal Academy Myanmar မှာ အသက် ၂ နှစ်ခွဲမှ ၅ နှစ်အတွင်း ၊ မူကြိုအရွယ် သားသား ၊မီးမီး တို့အတွက် ကျောင်းအပ်လက်ခံနေပါပြီ။

Universal Academy Myanmar မှာမူကြိုအရွယ် သားသားမီးမီးတို့အတွက် အဓိကသင်ကြားမှုနယ်ပယ် ၆ခု ဖြစ်တဲ့(Aesthetics and Creative Expression, Discovering the World, Language and Literacy, Motor Skills Development, Numeracy, Social and Emotional Development) စတာတွေကို Fun and Learn Activities များနဲ့ သင်ကြားပေးပြီး သားသား၊မီးမီးများ ကာယ၊ဉာဏ၊စာရိတ္တ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အရည်အချင်းပြည့်၀သော ECCD သင်တန်းဆင်း ဆရာမများမှ နွေးထွေးစွာ ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။

အသက် - ၂ နှစ်ခွဲမှ မှ ၅ နှစ် အထိ
ကျောင်းချိန် - မနက် ၉ နာရီမှ နေ့လည် ၃ နာရီ အထိ
သင်ခန်းစာများ - English, Maths, Music ,Dance, Physical Education, Science / Life Skills, Phonics, Arts and Chinese

စိတ်ပါဝင်စားတဲ့ မိဘများ အနေဖြင့် ကျောင်းတည်ရှိရာ အောက်ပါလိပ်စာ အတိုင်း ကိုယ်တိုင်ကိုယ်ကျ ကျောင်း ခန်းများ ကို လာရောက်ကြည့်ရှုနိုင်သလို ဖုန်း- ၀၉၈၈၀၉၁၂၂၂၈ -၂၂၂၉ တို့ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

မေလ မကုန်မီ ကျောင်း စောစော အပ်ရင်းနဲ့ 5% Discount ကိုလည်း ရယူလိုက်ပါရှင်။ (Times City Campus Only)

Universal Academy Myanmar (Times City Campus)
အခန်း ၄၀၂ /၄၀၃ Times City Complex
ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်
ရန်ကုန်မြို့

19/05/2023

FAQ for Universal Academy Myanmar Preschool (Times City Campus)

Universal Academy Myanmar ကို ဆက်သွယ်ပြီး မေးမြန်းကြတဲ့ မိဘများရဲ့ မေးခွန်းများထဲမှ အမေးများသော မေးခွန်းများကို ပြန်လည် လက်ဆင့်ကမ်းပါရစေ။ မိဘများအနေဖြင့် သိလိုသမျှကို ထပ်မံပြီး မေးမြန်းနိုင်ပါတယ်။

Q 1: ဘယ်အတန်းကနေ ဘယ်အတန်း အထိဖွင့်ပြီလဲ။
A : Preschool တွင် Nursery A, Nursery B နှင့် Pre-KG အတန်းများကို (၂)နှစ်ခွဲမှ (၅)နှစ်အထိကလေးများကို သင်ကြားပေးနေပါတယ်။

Q2: ဘယ်ဘာသာရပ်တွေ သင်ကြားပေးနေလဲ။
A: Preschool တွင် ကလေးများအား English, Maths, Science, Chinese, Phonics စတဲ့ဘာသာရပ်တွေကို သင်ကြားပေးပြီး Art and Craft, IT, Dance, Music, PE စတာတွေကိုလဲ Fun and Learn Activities များနဲ့ သင်ကြားပေးပါတယ်။

Q3: သင်ကြားပို့ချပေးမယ့် ဆရာ/ဆရာမများရဲ့ အရည်အချင်း ကို ပြောပြပေးပါဦး ။ အတန်းတွင်း သင်ကြားပေးမယ့် ပုံစံကရော ဘယ်လိုမျိုးလဲ။ ကလေးစိတ်ဝင်စားအောင်သင်မယ့် နည်းလမ်းလေးတွေရှိရဲ့လား။
A: Universal Academy Myanmar Preschool တွင် ငယ်ရွယ်တက်ကြွပြီး ကလေးငယ်များအား သင်ကြားမှုအတွေ့အကြုံရှိသော၊ ကလေးငယ်များအား ချစ်မြတ်နိုးသော၊ စိတ်ရှည်စွာဂရုစိုက်သင်ကြားတတ်သော ECCD သင်တန်းဆင်း Preschool ဆရာ၊ ဆရာမများကို ရွေးချယ်ခန့်အပ်ထားပါတယ်။ ကလေးငယ်များအတွက် အဓိကသင်ကြားမှုနယ်ပယ် ၆ခု ဖြစ်တဲ့(Aesthetics and Creative Expression, Discovering the World, Language and Literacy, Motor Skills Development, Numeracy, Social and Emotional Development) စတာတွေကို Fun and Learn Activities များနဲ့ သင်ကြားပေးပါတယ်။

Q 4: ကလေးများ ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို ဘယ်လိုသိရမလဲ
A: ဆရာဆရာမများက ကလေးတစ်ဦးချင်းစီကို သေချာစွာ ဂရုစိုက်သင်ကြားပေးမည်ဖြစ်ပြီး ကလေးများကို အပတ်စဥ် အကဲဖြတ်ခြင်း၊ Term အလိုက် အကဲဖြတ်ခြင်းများကို ပြုလုပ်ပေးခြင်း၊ မိဘဆရာတွေ့ဆုံပွဲများ ပြုလုပ်ပေးပြီး ကလေးရဲ့အကြောင်းကို မိဘများနှင့် သေချာစွာဆွေးနွေးခြင်းများကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Q5 : ကျောင်းအပ်လက်ခံနေပါသလား။
A: Preschool က တော့ တစ်နှစ် ပတ်လုံး ကျောင်းအပ်လက်ခံ ပါတယ် ဆိုပေမယ့် အခု မေလ ဆန်းမှာတော့ Term 1 လေး စဖွင့် နေပါပြီ၊ သူငယ်ချင်းတွေ လဲ ရှိနေပြီမို့ သားသားမီးမီးများ ကို နွေးနွေးထွေးထွေး စောင့်ကြိုပါတယ်။
ကျောင်းတည်နေရာနဲ့ ပတ်ဝန်းကျင်၊ စာသင်ခန်း၊ကလေးများ သင်ကြားရမည့်စာအုပ်များ စတာတွေကို လေ့လာကြည့်ရှုပြီး အသေးစိတ်ဆွေးနွေးလိုပါကကျောင်းသို့ ရုံးချိန်အတွင်း ကိုယ်တိုင်လာရောက်ဆွေးနွေးနိုင်ပါတယ်။

Q6 : ကျောင်းရဲ့တည်နေရာကရော???
ရန်ကုန်တိုင်း ကမာရွတ်မြိုနယ် မှာ တည်ရှိတဲ့ နာမည်ကျော် Times City complex မှာ ဖွင့် လှစ်ထားတာဖြစ်ပြီး basement အပါအဝင် မြေညီထပ်မှ စပြီး rooftop အထိ ကလေးများ ပျော်ရွှင် စွာသင်ယူနိုင်စေဖို့ စနစ်တကျ စီစဥ်ထားပေးပါတယ်။
မိဘများ လာရောက်လေ့လာလိုပါက Times City ရဲ့ ရေပန်းနားကိုသာ လာခဲ့ကြပါရှင်။ ဟံသာဝတီလမ်းမပေါ် နဲ့ကပ်လျက်မှာ တည်ရှိပါတယ်ရှင်။
Times City Complex ဝန်း ထဲ က Universal Academy Myanmar Preschool ကို သားသားမီးမီးလေးတွေ ကို ကျောင်း လာပို့ရင်း ဖေဖေမေမေတွေလဲ shopping ထွက် မုန့်စား Jewellery Mall နဲ့ မှန်တံတားတွေ မှာ ပျော်ရွှင် စရာ အချိန် လေး တွေ ကုန်ဆုံးနိုင်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ရပါတယ်။
ကျောင်းတည်နေရာလေးနဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကတော့
အခန်း ၄၀၂ /၄၀၃ Times City Complex
ဟံသာဝတီလမ်း ၊ ကမာရွတ်မြို့နယ်
ရန်ကုန်မြို့
ဖုန်း- ၀၉၈၈၀၉၁၂၂၂၈ -၂၂၂၉ ပဲဖြစ်ပါတယ်။

Universal Academy Myanmar, Bringing Your Future to You!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Second Language Acquisition in ChildhoodPreschool တက်ရောက်နေကြတဲ့ သားသား ၊ မီးမီးတို့ရဲ့ မိဘတွေမှာ ဆိုရင် တစ်ခါ တစ်ရံ မိ...
မဂႅလာပါ။မိဘများ၏  ရင်နှစ်သည်းချာ သားသား ၊ မီးမီးတို့ အတွက် အကောင်းဆုံး Preschool Learning Experience ကို ပြည့်စုံစွာ ဖြည...
နိုင်ငံတကာ အဆင့်မှီဖြစ်သည့် ကနေဒါနိုင်ငံ၏ အထက်တန်းပညာရေး ၊ OSSD Program (Grade 12) ကို မိဘများနှင့် မခွဲမခွာဘဲ သင်ရိုး ည...
ပြေီလ ၃၀ ရက်နေ့ Times City တွင် ကျင်းပခဲ့သော Education Fair 2023 တွင်UAM ကျောင်းPre-KG Honesty အတန်းမှ ကျောင်းသားကျောင်း...
Universal Academy Myanmar International School
နှစ်သစ်ကူးဆုတောင်း🙏🙏🙏နှင့်နှစ်သစ်ကူး အထူးအစီအစဥ် 💦💦💦မကြာခင်ကျရောက်တော့မည့် မဟာသင်္ကြန်အခါသမယနှင့် ၁၃၈၅ခုနစ် မြန်မာ့နှစ်သ...
Universal Academy Myanmar ရဲ့ ပထမအကြိမ် Parent Teacher Meeting ကျင်းပခဲ့တဲ့ မှတ်တမ်းပုံရိပ်များဖြစ်ပါတယ်။Preschool မှ မိ...
Universal Academy Myanmar

Category

Telephone

Address


No. (48), Inyamyaing
Yangon

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00

Other Private Schools in Yangon (show all)
Aung Academic Centre Aung Academic Centre
Yangon

AUNG ACADEMIC CENTRE

J-PRO Vocational School J-PRO Vocational School
No15/17(5B), MTP Tower, Insein Road, Hledan, Kamarut Tsp
Yangon, 11401

ITPEC(IP/FE),IT+ Japanese,IT+ English, Japanese Language Course စတဲ့သင်တန်းများကို စနစ်တကျ သင်ကြားလျက်ရှိနေပါတယ်ရှင်

EBENEZER MINISTRY EBENEZER MINISTRY
Yangon

CHILDREN MISSION

Genius Mathematics Course Genius Mathematics Course
Baukhtaw Pyi Thar Yar, Yankin Township
Yangon

Learner-centred approach program

N3 Private School N3 Private School
No. 1058, Bo Min Yaung Street, 35 Quarter, North Dagon Township
Yangon

N3privateschool

Yangon Real Star ကိုယ်ပိုင်အလယ်တန်းကျောင်း Yangon Real Star ကိုယ်ပိုင်အလယ်တန်းကျောင်း
အမှတ် ၂၀၄ (၅)ရပ်ကွက် ပင်းယမှတ်တိုင် တောင်ဥက္ကလာ ပါရမီလမ်းမပေါ်
Yangon

KG မှ Grade 9 အထိ

Master Brain Chess Academy Master Brain Chess Academy
Yangon, Myanmar (Burma)
Yangon, MASTERBRAIN2022

Master Brain Chess Academy

Destiny Academy English Medium Destiny Academy English Medium
Nawe Ni 2 Lane
Yangon

The best choice for your child's future.

Kings Yangon - International School Kings Yangon - International School
No(24), Inya Myaing Road, Bahan Township
Yangon, 11201

Kings Yangon provides comprehensive educational programmes to international students

Opec Opec
Yangon

သာယာပျှော်ရွှင်ဖွယ်ရာ ကလေးတို့ကမ္ဘ

SHARP & SMART International Preschool - Yankin Branch SHARP & SMART International Preschool - Yankin Branch
No. 11, Coner Of Maggin Street And Min Ye' Kyaw Zwar Street, Yankin Township
Yangon, 11091

Our goal is to support children's desires to be lifelong learners.