STS Learning Hub

Where Learning Begins with Fun! 🤩

21/01/2024

🌈✨ Lunchtime Adventures at preschool! 🍎🥪

သားသား မီးမီးတွေကို မနက်ကျောင်းလာပို့ချိန်တိုင်းမှာ မိဘတွေ မှာလေ့ ရှိတဲ့စကားတစ်ခုကတော့ 🍎🥪
“ထမင်းလေး ကုန်အောင်ကျွေးပေးပါ တီချယ်”
“သားသား/ မီးမီးက ထမင်းတွေလည်း မကုန်လာဘူး တီချယ်” ဆိုတာမျိုးပါ
ကလေးများအတွက် တစ်နေ့တာမှာရှိတဲ့ မိနစ်တိုင်းဟာ အရေးကြီးတာမို့ STS အနေနဲ့ သားသား မီမီးတို့ပြုလုပ်ရသမျှ activities အားလုံး အကျိုးရှိစေဖို့ အမြဲရှေးရှုလေ့ရှိပါတယ်။
တကယ်တော့ မူကြိုကျောင်းရဲ့ Lunch time ဆိုတာ activity-based ကျောင်းအနေနဲ့တော့ ကလေးတွေ သင်ယူစရာ များလှတဲ့ activity တစ်ခုပါပဲ။
Lunch time activities ကနေ သင်ယူခွင့်ရရှိမှာတွေကတော့ -
👭 Social Development: တကယ်တော့ နေ့လည်စာစားချိန်ဟာ သားသား မီးမီးတို့ရဲ့ လူမှု ဆက်ဆံရေးစွမ်းရည် တိုးတက်လာစေဖို့ အခွင့်အလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ မိမိရဲ့ အစားအစာကို‌‌ေ၀မျှတတ်စေခြင်း၊ သူငယ်ချင်းများနဲ့ စကားစမြည်ပြောဆိုခြင်း စတဲ့အလေ့အထကောင်းကြောင့် လူမှုဆက်ဆံရေး တိုးတက်စေမှာဖြစ်ပါတယ်။

🌱 Nutrition Education: နေ့လည်စာစားချိန် Lunch time activities ဟာ ပျော်စရာကောင်းရုံသာမက၊ မိမိနဲ့ သူငယ်ချင်း တွေဆီက ပါလာတဲ့ ဟင်း‌နဲ့ အသီးအနှံများကနေတဆင့် သဘာ၀တရားကို ရင်းနှီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။

🚀 Imagination Boost: နေ့လည်စာစားချိန်ဟာ ကလေးများအတွက် Imagination Games လို့ခေါ်တဲ့ စိတ်ကူးယဥ်ဆော့ကစားနိုင်တဲ့ အကောင်းဆုံးအချိန်တစ်ခုလည်းဖြစ်ပါတယ်။ ဥပမာ - 🥕 မုန်လာဥနီလေးတွေကို 🚀ဒုံးပျံကြီးတွေလို Imagination လုပ်နိုင်သလို အသီးအနှံလေးတွေကနေတဆင့် ကိုယ်ပိုင် ပုံပြင်များဖန်တီးနိုင်လို့ ကလေးငယ်များရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်ကို မြင့်တက်စေမှာပဲဖြစ်ပါတယ်။

🚀 Self Control: အိမ်မှာလို လူကြီးတွေက လိုက်ခွံ့ကျွေးတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် စားရတာမို့ ကိုယ့်အား ကိုယ်ကိုး နိုင်လာမယ်၊ သတ်မှတ်ထားတဲ့ အချိန်တစ်ခုထိ လျှောက်သွားတာ ပြေးလွှားကစားတာမျိုး မလုပ်ဘဲ နေရာအတည်တကျ ထိုင်စားရတာရယ်၊ ထမင်းစားပြီး ဖိတ်စင်တာလေးတွေ ကိုယ်တိုင်ပြန်သိမ်းရတာမို့ စည်းကမ်းတကျ ဖြစ်လာဖို့အတွက် ရည်ရွယ်လေ့ကျင့်ပေးနေတာပဲဖြစ်ပါတယ်။

🥕 ထမင်းနဲ့ အသားငါး အသီးအရွက်တွေကို ထမင်းကုန်ရင် ပြီးရော သဘောမျိုး စုပေါင်း နယ်ဖတ် ရောနှောတာမျိုး လုံးဝ မလုပ်ဘဲ တမျိုးချင်းကို အရသာ၊ အရောင် နဲ့ texture ကအစ ရှင်းပြပေးတာမို့ မူကြိုကျောင်းရဲ့ Lunch time ဟာ ထမင်းဘယ်လောက်စားကုန်သလဲဆိုတာထပ်ပိုတဲ့ ကလေးငယ်အတွက်
ပျော်ရွှင်စေမယ့် အချိန်လေး ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

-ဒါကြောင့် မိမိတို့ရင်သွေးငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေဖို့ activity-based learning ကို အခြေခံပြီး ပြုစုပျိုးထောင်ပေးနေတဲ့ STS Learning Hub မှာ လာရောက် လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

မကြာခင်မှာလည်း 2024-2025 ပညာသင်နှစ်အတွက် အတန်းအသစ်တွေကိုဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်လို့
အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့
Page Messenger ကိုပဲဖြစ်ဖြစ်
09 798883171 , 09 798883172
တို့ကိုဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်
ဆက်သွယ်စုံစမ်းလိုက်ပါနော် …..

Photos from STS Learning Hub's post 14/01/2024

STS Learning Hub ရဲ့ သာကေတ Campus အသစ်ကြီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Open House ပွဲရဲ့ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်ရှင်….

လာရောက်ခဲ့ကြတဲ့ မိဘတွေအနေနဲ့ ကလေးငယ်တို့ပညာသင်ယူဖို့အတွက် ပျော်စရာပတ်ဝန်းကျင်ဖြစ်အောင် အထူးပြင်ဆင်ထားတဲ့ STS ရဲ့ Campus အသစ်ကြီးကို အနီးကပ်လေ့လာနိုင်ခဲ့ကြသလို သားသားမီးမီးတို့နဲ့အတူ ပျော်ရွှင်စရာ Activity လေးတွေကို အတူတကွလုပ်ဆောင်ခဲ့ကြပါတယ်….

STS ရဲ့ Campus အသစ်ကြီးကို သားသားမီးမီးလေးတို့နဲ့အတူလာရောက်ခဲ့ပြီး Activity လေးတွေမှာပါဝင်ခဲ့ကြတဲ့ မိဘတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်….

မကြာခင်မှာလည်း 2024-2025 ပညာသင်နှစ်အတွက် အတန်းအသစ်တွေကိုဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်လို့

အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့
Page Messenger ကိုပဲဖြစ်ဖြစ်
09 798883171 , 09 798883172
တို့ကိုဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်
ဆက်သွယ်စုံစမ်းလိုက်ပါနော် …..

13/01/2024

STS Learning Hub မှာ တာဝန်ထမ်းဆောင်ဖို့ အောက်ပါ‌နေရာတွေအတွက် ဝန်ထမ်းခေါ်ယူနေပါတယ်ရှင်...

သာကေတမြို့နယ်မှာအလုပ်ဆင်းရမည်…..

👉🏻Senior Sale

-ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေနဲ့ လက်ခံတွေ့ဆုံရမှာပါ…
-သွက်လက်တက်ကြွပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။
-အများနဲ့ဆက်ဆံရာမှာ ချိုသာပြေပြစ်စွာနဲ့ စကားပြောတတ်ဖို့လိုပြီး Microsoft Office နှင့် Computer ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမယ်…
-ကျောင်းအပ်ဖို့စုံစမ်းသူများထံမှ Appointment များရယူပေးရပါမယ်…
-Senior Sale ရာထူးဖြင့်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂နှစ်ရှိသူဖြစ်ရပါမယ် (Preschool တွင် Sale အတွေ့အကြုံရှိလျှင်ပိုအဆင်ပြေပါမယ်)
-Event များ Sales Target များကို ပြည့်မှီအောင် လုပ်ဆောင်နိုင်ရန်။
-sat and sun ဆင်းပေးနိုင်သူဖြစ်ရမည်။
-ရိုးသားကြိုးစားသူဖြစ်ရမည်။
>>>>>>>>>>

ဒါတွေကို လျှောက်ထားဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ [email protected] ကို CV Form နဲ့အတူ မျှော်မှန်းလစာ ထည့်သွင်းဖော်ပြပြီး လျှောက်ထားနိုင်ပါတယ်။ ရွေးချယ်ခံရသူများကိုတော့ ဖုန်း (သို့မဟုတ်) email ဖြင့် ပြန်လည်အကြောင်းကြားပေးသွားပါမယ်။

📲09798883171

10/01/2024

သားသားမီးမီးလေးတို့ကို ငယ်စဉ်ကတည်းကနိုင်ငံတကာအဆင့်မှီ ပညာရေးနဲ့ ထိတွေ့စေဖို့ ပြင်ဆင်ပေးချင်တဲ့ ဖေဖေမေမေတို့အတွက် STS Learning Hub ရဲ့ Open House ပွဲလေးကိုလာရောက် လေ့လာဖို့
ဖိတ်ခေါ်လိုက်ပါတယ်…. 🤗

ဒီ Open House ပွဲလေးကို လာမယ့်စနေနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာမနက် (၉) နာရီကနေ ညနေ (၃) နာရီအထိ သာကေတမြို့နယ်ကအသစ်ဖွင့်လှစ်ထားတဲ့ STS ရဲ့ Campus အသစ်ကြီးမှာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်….🥰🥰🥰

❤️သားသားမီးမီးလေးတို့နဲ့အတူတူလာပြီး STS ရဲ့ Campus ကြီးကိုလေ့လာမယ်

❤️STS ရဲ့ နိုင်ငံတကာအဆင့်မီ School Facilities တွေမှာ ကလေးတို့နဲ့အတူတူကစားကြမယ်

❤️ပြီးတော့ အထူးအစီအစဉ်အနေနဲ့ “Bear Hunting Day” ဆိုတဲ့ Activity လေးကိုလည်း ပြင်ဆင်ပေးထားပါတယ်…

🐻ဒီ Activity လေးမှာ ကလေးငယ်တွေအနေနဲ့ We are going on the bear hunt ဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ကြပြီး စိတ်ဝင်စားဖွယ်ရာ Activity လေးတွေကိုပါဝင်လုပ်ဆောင်သွားကြရမှာပါ….🐻

ဒီတော့ STS ရဲ့ Campus အသစ်ကြီးကိုလေ့လာပြီး ကလေးတို့နဲ့အတူတူပျော်စရာ Activity တွေမှာပါဝင်ရအောင် STS Learning Hub ရဲ့ Open House လေးကိုဆက်ဆက်အရောက်လာခဲ့လိုက်ပါနော် 😍😍😍

Details :

Date 📆 : 13.1.2024
Location 📌: No.16, 10/South Quarter, Nawarat Main Road, Tharkayta Township, Yangon.
Time ⏰ : 9 AM - 3 PM

📞 09 798883171 , 09 798883172

01/01/2024

𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐄𝐯𝐞𝐫𝐲𝐨𝐧𝐞!!

နှစ်သစ်မှာ သားသားမီးမီးလေးတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပြီး အနာရောဂါကင်းဝေးလို့ ကျန်းမာရွှင်လန်းကြပါစေကြောင်း 𝐒𝐓𝐒 𝐋𝐄𝐀𝐑𝐍𝐈𝐍𝐆 𝐇𝐔𝐁 မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်....

မိသားစုတွေအားလုံးလည်း ပျော်ရွှင်စရာနှစ်သစ်အချိန်အခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏

Photos from STS Learning Hub's post 15/12/2023

Ho Ho Ho 🎅🏻🎁
Spark holiday joy with a magical preschool activity!
Encourage little ones to write heartfelt letters to Santa, expressing their festive wishes and dreams.
What an exciting and festive December!! 🎅✨


Early Years Foundation Programme for 2 to 5 years old students!
Half Day (9:00 AM to 12 noon)
Full Day (9:00 AM to 3:00 PM)

STS LEARNING HUB

📍Bahan Branch
No. 97/B, 1st Floor, Nandawon Street, Bahan Township, Yangon.

📍Tharkayta Branch
No.16, 10/South Quarter, Nawarat Main Road, Tharkayta Township, Yangon.

Contact : 09 405669411

10/12/2023

သာကေတမြို့နယ်မှာ ဖွင့်လှစ်သွားမယ့် STS Learning Hub ရဲ့ Campus အသစ်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် Teacher တွေလိုအပ်နေပါတယ်….😍

စိန်ခေါ်မှုအသစ်တွေကိုစိတ်ဝင်စားပြီး တက်ကြွနွေးထွေးတဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်ကိုင်လိုတဲ့ Teacher တွေအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်…🤗

𝐌𝐚𝐢𝐧 𝐓𝐞𝐚𝐜𝐡𝐞𝐫 - 𝟐 𝐩𝐨𝐬𝐭𝐬

အသက် (၂) နှစ်ကနေ (၅) နှစ်အရွယ်ကလေးငယ်တွေကို တာဝန်ယူသင်ကြားပေးရမှာဖြစ်ပါတယ်…

🔹 ECCD Diploma သို့မဟုတ် Certificate ရရှိပြီးသူဖြစ်ရပါမယ်..
🔹 အင်္ဂလိပ်စာကို အရေးရော၊ အပြောရော ကျွမ်းကျင်ဖို့လိုအပ်ပါမယ်..
🔹 Computer ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမယ်…

🌟 စိတ်ရှည်ပြီးကလေးများအပေါ်ကြင်နာတတ်သူဖြစ်ဖို့ကတော့ မပါမဖြစ်ပါ…

🔹 အနာဂတ်မှာ လိုအပ်တဲ့ Training တွေဆက်ပြီးယူနိုင်အောင် အမြဲစီစဉ်ပေးနေမှာဖြစ်လို့ ပညာရပ်အသစ်တွေကို အမြဲတမ်းလေ့လာဆည်းပူးချင်သူဖြစ်ရပါမယ်…

𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐓𝐞𝐚𝐜𝐡𝐞𝐫 - 𝟐 𝐏𝐨𝐬𝐭𝐬

အဓိကလုပ်ဆောင်ရမှာကတော့ ကလေးငယ်တွေကို Main Teacher တွေနဲ့ တွဲဖက်ပြီး ကူညီသင်ကြားပေးသွားရမှာပါ…

ကလေးငယ်တို့ရဲ့ အတန်းတွင်းမှာ Activity တွေပြုလုပ်ချိန်မှာ ကူညီထိန်းကျောင်းပေးရပါမယ်..

ကလေးငယ်များကို ချစ်ခင်ယုယစွာ ပြောဆိုပြီး နှစ်သိမ့်ခြင်းများပြုလုပ်ပေးရပါမယ်..

လိုအပ်ချက်တွေကတော့

🔹 ကလေးငယ်တွေအပေါ် စိတ်ရှည်ပြီး ကလေးချစ်တတ်သူဖြစ်ရပါမယ်…
🔹 Computer အခြေခံတတ်ကျွမ်းသူဖြစ်ရပါမယ်…
🔹 စကားအပြောအဆိုပြေပြစ်ပြီး ပညာရပ်အသစ်တွေကို ထပ်မံဆည်းပူးလိုသူဖြစ်ရပါမယ်..
🔹 ECCD Diploma သို့မဟုတ် Certificate ရရှိပြီးသူဖြစ်ရပါမယ်..

Main Teacher - 1 Post

ဒီ Position လေးကတော့ အသက် (၁) နှစ် က‌နေ (၂) နှစ်အထိ ကလေးငယ်တွေအတွက် Mommy and Me အတန်းကို သင်ဖို့အတွက်လိုတာဖြစ်ပါတယ်…

🔸 ကလေးငယ်တွေကို ဂီတတွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးသင်ကြားပေးရမှာဖြစ်လို့ ဂီတ ဒါမှမဟုတ် အနုပညာနဲ့ ပတ်သက်တဲ့ ‌Background ရှိရင်ပိုပြီးအဆင်ပြေပါတယ်….

🔸 ECCD Diploma သို့မဟုတ် Certificate ရရှိပြီးသူဖြစ်ရပါမယ်..

🔸 Energetic ဖြစ်မယ်၊ အကောင်းမြင်စိတ်များမယ်၊ ပညာရေးနဲ့ပတ်သက်ပြီး စိတ်အားထက်သန်မယ်၊ ကလေးချစ်တတ်မယ်ဆိုရင်တော့ အကောင်းဆုံးပါ…

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

အပေါ်က Position တွေအားလုံးကို လျှောက်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ [email protected] ကို CV Form နဲ့အတူ မျှော်မှန်းလစာ ထည့်သွင်းဖော်ပြပြီး လျှောက်ထားနိုင်ပါတယ်။

ရွေးချယ်ခံရသူများကိုတော့ ဖုန်း (သို့မဟုတ်) email ဖြင့် ပြန်လည်အကြောင်းကြားပေးသွားပါမယ်နော်…

🌟 STS LEARNING HUB 🌟

No.16, Nawarat St, 10 Ward (South), Tharketa Township, Yangon

Contact: 09 405669411

09/12/2023

မကြာခင်မှာ Campus အသစ်ဖွင့်လှစ်တော့မယ့် STS Learning Hub မှာ တာဝန်ထမ်းဆောင်ဖို့ အောက်ပါ‌နေရာတွေအတွက် ဝန်ထမ်းများခေါ်ယူနေပါတယ်ရှင်...

သာကေတမြို့နယ်မှာအလုပ်ဆင်းရမှာပါ....

🌟 School Manager

✅ School Manager တစ်ဦးအနေနဲ့ STS မှာတက်ရောက်တဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကို စီမံခန့်ခွဲတဲ့နေရာမှာ အဓိကတာဝန်ယူရမှာဖြစ်ပါတယ်…

✅ အဖွဲ့အစည်းအတွင်း ဝန်ထမ်းများကို စီမံခန့်ခွဲရမှာဖြစ်သလို Sales Management ကိုလည်း တာဝန်ယူပေးရမှာဖြစ်ပါတယ်..

✅ အတွေ့အကြုံအများကြီးရှိဖို့မလိုပဲ လုပ်ချင်ကိုင်ချင်စိတ်ရှိတယ်၊ အလုပ်ကိုအာရုံစူးစိုက်မှုအပြည့်နဲ့ တက်တက်ကြွကြွလုပ်နိုင်တယ်ဆိုရင်ရပါပြီ….

✅ အလုပ်နဲ့ပတ်သက်တာတွေကို အတွေ့အကြုံရှိ စီနီယာတွေကနေ ဆရာစားမချန်ပဲ ပြန်သင်ပေးသွားမှာပါ…

✅ လစာအပြင်ကိုမှ ကိုယ်လုပ်နိုင်တဲ့အပေါ်မူတည်ပြီး ထိုက်တန်တဲ့ ခံစားခွင့်တွေကိုလည်း ပြန်ပေးဦးမှာလည်းဖြစ်ပါတယ်…

🌟 School Receptionist

✅ School Receptionist အနေနဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေနဲ့ လက်ခံတွေ့ဆုံရမှာပါ…

✅ အများနဲ့ဆက်ဆံရာမှာ ချိုသာပြေပြစ်စွာနဲ့ စကားပြောတတ်ဖို့လိုပြီး Microsoft Office နှင့် Computer ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမယ်…

✅ ‌‌ကျောင်းအပ်ဖို့စုံစမ်းသူများထံမှ Appointment များရယူပေးရပါမယ်…

✅ ဝန်ဆောင်မှုလုပ်ငန်းအပေါ်စိတ်ပါဝင်စားသူဖြစ်ပြီး Sales အတွေ့အကြုံ (၁) နှစ်လောက်ရှိရင်တော့ပိုကောင်းပါတယ်…

>>>>>>>>>>

ဒါတွေကို လျှောက်ထားဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ [email protected] ကို CV Form နဲ့အတူ မျှော်မှန်းလစာ ထည့်သွင်းဖော်ပြပြီး လျှောက်ထားနိုင်ပါတယ်။ ရွေးချယ်ခံရသူများကိုတော့ ဖုန်း (သို့မဟုတ်) email ဖြင့် ပြန်လည်အကြောင်းကြားပေးသွားပါမယ်။

08/12/2023

ချစ်ရတဲ့ ကလေးလေးတို့ ငယ်စဉ်ကတည်းက အကောင်းဆုံးပညာရေးအခြေခံရှိစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ…. 🌟

ဒါကြောင့်လည်း ကလေးငယ်တို့အတွက် အကောင်းဆုံးဖြစ်စေမယ့် သင်ကြားရေးနည်းလမ်းတွေ၊ Activity လေးတွေနဲ့ STS Learning Hub စနစ်တကျသင်ကြားပေးနေတာပေါ့…. 📚🎓

တက်ရောက်တဲ့ ကလေးငယ်တို့အနေနဲ့ ပညာရေးမှာခိုင်မာတဲ့ အခြေအခံကောင်းတွေ ရရှိနိုင်စေဖို့ STS က အမြဲတမ်းကြိုးစားနေတာပါ… 🏫✨

အခုဆိုရင်လည်း ကလေးငယ်တို့ကို လက်ရှိထက်ပိုကောင်းအောင် သင်ကြားပေးနိုင်ဖို့အတွက် STS Learning Hub ကို Campus အသစ်ကြီးကို ပြောင်းရွှေ့ပြီးဖွင့်လှစ်တော့မှာဖြစ်ပါတယ်…🏢🚀

မကြာင်ခင်ဖွင့်လှစ်တော့မယ် Campus အသစ်ကြီးအကြောင်းတွေ၊ ထပ်တိုးပြီးဖွင့်လှစ်သွားမယ့် Program အသစ်တွေ၊ တန်းခွဲအသစ်တွေအကြောင်းကိုလည်း ထပ်ပြီးတင်ဆက်ပေးနေမှာဖြစ်လို့ Page လေးကို အမြဲတမ်း စောင့်ကြည့်နေဖို့ တိုက်တွန်းလိုက်ပါတယ်နော်…. 👀📢

Stay tuned for more details!

Photos from STS Learning Hub's post 31/10/2023

Creepy and eerie games galore at our Halloween extravaganza!
🎃🕷️👻

Photos from STS Learning Hub's post 31/10/2023

Special thanks to our supportive and creative Moms for the Spooky Treats!

We love them so much! 💜💜💜

Creepy crawly snacks and ghoulish giggles at our preschool Halloween bash!
🕷️🍪🎃

Photos from STS Learning Hub's post 28/09/2023

🥕🍗 Exploring the world of flavors with our little chefs! The children had a blast making their own Vitamin ABC chicken noodle soup! 👩‍🍳👨‍🍳
A fun-filled day of learning and delicious cooking! 🌟

20/09/2023

𝙀𝙢𝙚𝙧𝙜𝙚𝙣𝙘𝙮 𝘼𝙣𝙣𝙤𝙪𝙣𝙘𝙚𝙢𝙚𝙣𝙩 📣 ‼️

မိဘများရှင့်

လက်ရှိ နေ့လည် ၂နာရီခွဲ အချိန်တွင် မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေပါသည်။

သို့ပါ၍ ကျောင်းသားများ အန္တရာယ်ကင်းရှင်းရေးနှင့် သွားလာရေး အဆင်ပြေစေရန်
ယနေ့ ကျောင်းချိန်ကို ညနေ ၄နာရီအထိ ဖွင့်ပေးထားမှာ ဖြစ်သောကြောင့် ရေကျချိန်မှသာ ကျောင်းကြိုပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

အသေးစိတ်ကို 09405669411 သို့ ဆက်သွယ် နိုင်ပါသည်။

Photos from STS Learning Hub's post 19/09/2023

𝘽𝙖𝙣𝙖𝙣𝙖 𝙔𝙤𝙜𝙪𝙧𝙩 𝘽𝙡𝙞𝙨𝙨 🍌
👩🏻‍🍳🥄 Our preschoolers are whipping up some delicious banana yogurt creations today! 🥣👧👦


Early Years Foundation Programme for 2 to 5 years old students!
Half Day (9:00 AM to 12 noon)
Full Day (9:00 AM to 3:00 PM)

STS LEARNING HUB
No. 97/B, 1st Floor, Nandawon Street, Bahan Township, Yangon.
Contact : 09 405669411

08/09/2023

ကလေးတွေရဲ့ ပုံလေးတွေ social media မှာ တင်ဖို့ သင့်တော်ပါ့မလား ⁉️

Virtual Privacy အကြောင်း ဆွေးနွေးရင်း

မိဘတွေအနေနဲ့ တွေးစရာ တစ်ခု ရှိလာနိုင်ပါတယ်

🤔🤔 ကလေးတွေ photos လေးတွေ videos လေးတွေကို social media မှာ တင်သင့် မတင်သင့် ⁉️

📲 တကယ်တမ်းကတော့ data မှန်သမျှကို limit လုပ်နိုင်လေ ကောင်းလေပါပဲ Public ပဲတင်တင် friends only ပဲ တင်တင် နောက်ဆုံး only me နဲ့တင်တင် data ပါပဲ

📲 သို့သော်လည်း technology ကို တအားကြောက်ပြီး မလုပ်ရဲ မကိုင်ရဲတော့ ဖြစ်နေစရာ မလိုတာကြောင့် လိုတိုး ပိုလျော့ကတော့ မိဘတွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ဖို့ အကြံပေးချင်ပါတယ်

📲 Ryan’s World တို့လို ဘီလီယံနာ ဖြစ်လောက်တဲ့အထိ ကလေးက ကံပါလာရင်လည်း ဖြစ်လာမှာပဲမို့ ကလေးရဲ့ ကံကို တားလို့ မရပါဘူး

📲 ကျမကတော့ သမီးလေးကို Infants အရွယ်ကျော်လို့ မူကြိုအရွယ်ရောက်တာနဲ့ သူ့ ခွင့်ပြုချက်ရမှ သူ့ပုံလေးတွေ social media မှာ တင်ပေးပါမယ် ဆယ်ကျော်သက်အရွယ်ရောက်လို့ သူကိုယ်တိုင် social media သုံးရင်လည်း အသိပညာ ကောင်းကောင်းပေးပြီး parental controls နဲ့ ပေးသုံးမှာပါ

📲 အဓိကကတော့ technology ဆိုတာ လူက ဖန်တီးတာမို့ အကျိုးရှိအောင် သုံးတတ်ဖို့ပဲ လိုပါတယ်ရှင်

07/09/2023

Virtual Privacy for children 🚨

𝙏𝙝𝙖𝙩’𝙨 𝙢𝙮 𝙥𝙧𝙞𝙫𝙖𝙘𝙮❗️🚨

ဒီရက်ပိုင်း AI နဲ့ပတ်သတ်လို့ ကလေးတစ်ယောက်ရဲ့ Virtual Privacy အကြောင်း awareness video လေး မိဘတွေ စိတ်ဝင်စားကြတာ စိတ်ပူကြတာနဲ့ပတ်သတ်လို့ ဆွေးနွေးချင်ပါတယ်ရှင်

ကျမတို့ ဒီနေ့ခေတ်က တအားကို ခေတ်မှီလာတာမို့ product advertisement တစ်ခုကိုတောင် voice command ပေးရုံနဲ့ ChatGPT က ပြည့်ပြည့်စုံစုံ ဖန်တီးပေးနိုင်တာကိုး။

သို့သော်လည်း AI က ကောင်းကျိုးနဲ့ ဆိုးကျိုး အတူ တွဲလာတဲ့ သဘော ရှိနေပါတယ်
ကျမတို့ ကိုယ်တိုင်နဲ့ မိသားစုရဲ့ data တွေဟာ ပွင့်လင်းမြင်သာလွန်းပြီး လုံခြုံမှု မရှိတော့ပါဘူး
ကိုယ့်အကြောင်း ကိုယ့်မိသားစုအကြောင်းကို ကိုယ့်ထပ် Google တို့ facebook တို့က ပိုသိနေတာမျိုးပေါ့

🚨 သမီးမှာ ဒိုင်ဘာလေးကုန်နေပီလို့ ပါးစပ်ပြောရုံပဲ ရှိသေး Diaper Ad တက်လာတာမျိုး

🚨 သူငယ်ချင်းနဲ့ ဖိနပ်အကြောင်းလေး ပြောမိရင် shopping page ad တွေ ချက်ချင်းတက်လာတာမျိုး

Data တွေက ပွင့်လင်းမြင်သာမှု ရှိလာတဲ့ အကြောင်းရင်းကတော့ Algorithm တွေကြောင့်ပါ
ကျမတို့ နေစဉ် ပြောဆိုနေတာတွေ ဖုန်းနဲ့ အသုံးပြုနေတာတွေကနေတဆင့် Algorithm ကို input တွေ များများပေးမိလေ ကိုယ့်ဒေတာတွေ တဖက်က ချုပ်ကိုင်လာနိုင်လေ ပါပဲ

🤔 အနာဂါတ်အတွက်တော့ Privacy နဲ့ပတ်သတ်လို့ AI ဟာ threat တခုရော ဖြစ်လာနိုင်သလား??

❗️ AI ကို အသုံးပြုတဲ့အခါ အနာဂါတ်မှာ ကိုယ့်ရဲ့ data တွေဟာ ပွင့်လင်းမြင်သာ ပိုပြီး ဖြစ်လာမှာတော့ အမှန်ပါပဲ

🤔 ဘာတွေ ကာကွယ်ထားသင့်လဲ??

❗️ Social media မှာ ကိုယ့်ရဲ့ personal data တွေကို တတ်နိုင်သမျှ limit လုပ်ပြီး share နိုင်ဖို့ လိုပါတယ်

❗️ ကလေးငယ်အတွက်ဆိုရင်တော့ သူတို့သုံးတဲ့ phone, tablet, apps တွေကို parental controls လုပ်ထားသင့်ပါတယ်

❗️ကိုယ့်ရဲ့ acc password တွေကို ခက်ခဲရှုပ်ထွေးတာမျိုး ပြောင်းထားသင့်ပါတယ်

❗️ ကလေးနဲ့ မိဘ ကြားမှာ ၂ ဦးထဲသိတဲ့ passcode တခု သင်ပေးထားသင့်ပါတယ်
(ဥပမာ- Are you thirsty? လို့ မေးရင်
Yes! Broccoli and cheese please ဆိုတာမျိုး၊ ကိုယ်တွေပဲ အထာသိပီး အပြင်လူ နားမလည်တဲ့ code မျိုးပေါ့)

❗️safety awareness နဲ့ပတ်သတ်လို့ ပုံတိုပတ်စ ဖြစ်ရပ်မှန်အစုံ နားရည်ဝအောင် ပြောပြထားပေးပါ အန္တရာယ်နဲ့ ကြုံတဲ့အခါ အမှားအမှန် ခွဲခြားတတ်ပါစေ ဘာဆက်လုပ်သင့်လဲဆိုတာမျိုး သိပါစေ (ဥပမာ- ဖေဖေ့အသံနဲ့ တပုံစံထဲ တူတဲ့ သူက ဖုန်းလှမ်းဆက်ပြီး ကျောင်းဆင်းရင် ဘယ်နေရာကို လာခဲ့ ဆိုတာမျိုး ကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာမျိုးပေါ့)

Technology ဆိုတာ သုံးတတ်ရင် အလွန် အသုံးဝင်သလောက် မသုံးတတ်ရင် ဘေးဖြစ်တတ်တာမို့ ကျမတို့ အားလုံး ဂရုပြုဖို့ သေချာလိုအပ်ပါတယ်ရှင် 📲

Photos from STS Learning Hub's post 06/09/2023

𝗦𝗰𝗵𝗼𝗼𝗹 𝗔𝗱𝗺𝗶𝘀𝘀𝗶𝗼𝗻𝘀 𝗢𝗽𝗲𝗻 𝗳𝗼𝗿 2nd Semester!

STS Learning Hub ရဲ့
Early Years Foundation Programme
2023-2024 Academic Year - 2nd semester အတွက်
ကျောင်းအပ်လက်ခံနေပါပြီရှင့်

🌻What is EYFP?

Early Years Foundation Programme မှာ UK curriculum ဖြစ်တဲ့ EYFS - Early Years Foundation Stages framework အတိုင်း ကလေးငယ်တွေ အသက်အရွယ်အလိုက် လိုအပ်တဲ့ ဖွံ့ဖြိုးမှုများကို Child-Led activities များဖြင့် လစဉ် Theme အလိုက် သင်ကြားပေးမှာ ဖြစ်ပါတယ်

STS ရဲ့ မူအတိုင်း child centred approach ဖြစ်တဲ့အတွက် Early Years Foundation Programme မှာ ကလေးများ စိတ်ဝင်စား ပျော်ရွှင်စွာနဲ့ သင်ယူနိုင်မယ့် activities လေးတွေကို ပြင်ဆင်ပေးသွားမှာပါ

🌻 What kinds of activities are included in this course?

EYFP class ဖြစ်တဲ့အတွက်
early years stages မှာ ကလေးငယ်တွေအတွက် လိုအပ်တဲ့ developmental stages တွေ ဖွံ့ဖြိုးတိုးတက်လာစေမယ့် activities တွေ ပါဝင်မှာ ဖြစ်ပါတယ်
✔️ Free Choices of Learning Corners
✔️ Music and Movement
✔️ Creative Arts & Crafts
✔️ Early Literacy & Math
✔️ Science Exploration
✔️ The World and Us
✔️ Practical Life Skill
✔️ Oxford Phonics World
✔️ P.E and Kids Yoga
✔️ Myanmarsar class on every Thursdays and Fridays
✔️ Field Trips

🌻 အသက် ၂ နှစ်မှ ၅နှစ်အရွယ် ကလေးများအတွက် အသက်အရွယ်အလိုက် အတန်းများ ဖွင့်လှစ်ထားပါတယ်

💜 Nursery (2 to 3 years old)
💜 EYFP Year-1 (3 to 4 years old)
💜 EYFP Year-2 (4 to 5 years old)

Early Years Foundation Stage မှာ အခြေခံကောင်းကောင်းနဲ့ ပျော်ရွှင်စွာ ကစားရင်း လေ့လာသင်ယူနိုင်ဖို့အတွက်ဆိုရင် EYFP အတန်းလေးတွေကို လေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်

Full day (9:00 AM to 3:00 PM)
Half day (9:00 AM to 12:00 Noon)

📣 2nd Semester starting date - 1st September 2023‼️

Please join our Community Group for more information and activities!

https://www.facebook.com/groups/443830993833555/?ref=share_group_link

Note : If you like to make a visit to our school please make an appointment one day ahead.

STS LEARNING HUB
No. 97/B, 1st Floor, Nandawon Street, Bahan Township, Yangon.
Contact : 09 405669411, 09 777327116

06/09/2023

🌈🍽️ 𝙈𝙖𝙠𝙞𝙣𝙜 𝙇𝙪𝙣𝙘𝙝𝙩𝙞𝙢𝙚 𝙁𝙪𝙣 𝙞𝙣 𝙋𝙧𝙚𝙨𝙘𝙝𝙤𝙤𝙡! 🧒👧

ကျွန်မတို့ မူကြိုဆရာမတွေကို မနက်ကျောင်းပို့ချိန်မှာ ဖေဖေမေမေတို့ အမှာများတဲ့လေ့ရှိတဲ့စကားက
“ထမင်းလေး ကုန်အောင်ကျွေးပေးပါ တီချယ်”
“သားသား/ မီးမီးက ထမင်းတွေလည်း မကုန်လာဘူး တီချယ်” ဆိုတာမျိုးပါ

တကယ်တော့ မူကြိုကျောင်းရဲ့ Lunch time ဆိုတာ activity-based ကျောင်းအနေနဲ့တော့ ကလေးတွေ သင်ယူစရာ များလှတဲ့ activity တစ်ခုပါပဲ

😋 ဘာတွေ သင်ယူလို့ရမှာလဲ ?

🥕 အချင်းချင်း စကားပြောရင်း စားကြတာမို့ လူမှုဆက်ဆံရေးမှာ ပိုကောင်းလာမယ်

🥕 သူငယ်ချင်းတွေ ပါလာတဲ့ ဟင်းတွေ အသီးအနှံတွေပါ လေ့လာရင်း အသစ်အဆန်းတွေ သင်ယူကြမယ်

🥕 အိမ်မှာလို လူကြီးတွေက လိုက်ခွံ့ကျွေးတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် စားရတာမို့ ကိုယ့်အား ကိုယ်ကိုး နိုင်လာမယ်

🥕 သတ်မှတ်ထားတဲ့ အချိန်တစ်ခုထိ လျှောက်သွားတာ ပြေးလွှားကစားတာမျိုး မလုပ်ဘဲ နေရာအတည်တကျ ထိုင်စားရတာရယ်၊ ထမင်းစားပြီး ဖိတ်စင်တာလေးတွေ ကိုယ်တိုင်ပြန်သိမ်းရတာမို့ စည်းကမ်းတကျ ဖြစ်လာမယ်

🥕 ထမင်းနဲ့ အသားငါး အသီးအရွက်တွေကို ထမင်းကုန်ရင် ပြီးရော သဘောမျိုး စုပေါင်း နယ်ဖတ် ရောနှောတာမျိုး လုံးဝ မလုပ်ဘဲ တမျိုးချင်းကို အရသာ၊ အရောင် နဲ့ texture ကအစ ရှင်းပြပေးတာမို့ မူကြိုကျောင်းရဲ့ Lunch time ဟာ ထမင်းဘယ်လောက်စားကုန်သလဲဆိုတာထပ်ပိုတဲ့ ကလေးငယ်အတွက်
ပျော်ရွှင်စေမယ့် အချိန်လေး ရရှိစေနိုင်မှာ ဖြစ်ပါတယ်ရှင် 🥰

05/09/2023

Artificial Autism ❗️

👉Artificial autism #အော်ဒီစင်အတုဘာကြောင့်ဖြစ်တာလဲဆိုရင် ကလေးရဲ့ဦးနှောက်အသိဉာဏ်ပုံမှန်အလုပ်မလုပ်နိုင်တာမျိုးကြောင့် ဖြစ်ရတာမဟုတ်ပဲ မိဘရဲ့ ကလေးပျိုးထောင်မှုမှားယွင်းတဲ့ အားနည်းချက်ကြောင့် ဖြစ်လာတာဖြစ်ပါတယ်။

👉အရွယ်လိုက် ရသင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်လာအောင် လှုံဆော်သင်ကြားပေးနိုင်မှုမရပဲ ကလေးကို ငြိမ်နေရင်ပြီးရော ဆိုပြီး ဂျီကျလိုက် ငိုလိုက်တိုင်း ဖုန်းပေးလိုက်ရင် အငိုတိတ်သွားတယ်။

👉အလုပ်လုပ်နေချိန် အမေအဖေခေါ်နေတဲ့ အသံတိတ်သွားအောင် တီဗီဖွင့်ပြတယ် အလုပ်များလို့ကလေး
လာနှောက်ယှက်လို့မရအောင် ဖုန်းပေးလိုက်တယ် အချိန်တေ‌ွကြာကြာကြီး နေ့စဉ်ရက်ဆက် တစ်ယောက်ထဲ ဖုန်း တီဗီပဲကြည့်နေတယ်။

🦥ကြွက်သားတွေအားကောင်းဖို့ တစ်ခြားကစားနည်းတွေ လှုပ်ရှားပြေးလွှာဆော့ကစားသင့်တဲ့အရွယ်မှာဖုန်းနဲ့ငြိမ်နေတယ်။

👉ထမင်းခွံ့မှ စားတော့တယ် ရေချိုးတဲ့အချိန်တောင် ငြိမ်ပြီးရပ်နေတာမျိုး အကျီဝတ်ဖို့မတတ် ဖိနပ်စီးမတတ် ဘာဆိုဘာမှ လုပ်ခွင့်မပြုပဲ မိဘကပဲ အစိုးရိမ်‌ေတွလွန်ပြီးအကုန်လိုက်လုပ်ပေးနေတာကြောင့် ရေဆာရင်တောင် ရေခပ်မသောက်တော့ဘူး ရေဆာတယ်လို့တောင် မပြောရသေးဘူး ရေတိုက်နေပြီ ဆိုတဲ့အခါ🤷🏼‍♀️

🙉🙊ကလေးကို မထိနဲ့ မကိုင်နဲ့ မသွားနဲ့ မလုပ်နဲ့ မပြေးနဲ့ ငြိမ်ငြိမ်နေ ဘာမှကို လုပ်ခွင့်မရှိတဲ့ကလေးမျိုးအကုန်တားမြစ်တယ်။

🤷🏼‍♀️အရွယ်လိုက်လုပ်သင့်တဲ့ သင်ယူမှု ကို သင်ယူခွင့်မပြုပဲ အကုန်လုံး လိုလေသေးမရှိ ကလေးကို ထားထားတဲ့ မိဘမျိုးက ပုံမှန်ဖြစ်နေတဲ့ကလေးကို ပုံမှန်မဟုတ်တဲ့ အော်ဒီစင်အတုဖြစ်အောင် လုပ်လိုက်တာကိုတောင် မသိလိုက်တဲ့ မိဘဖြစ်နေတာ အခု လူ့အသိုင်းဝိုင်း လူ့ပါတ်ဝန်းကျင်မှာ မြင်တွေ့နေရပါတယ်။အရမ်းပြည့်စုံတဲ့ မိသားစုတွေ အဖြစ်များတယ်လို့လည်း သိရပါတယ်။

👉အော်ဒီစင်အတုရဲ့ လက္ခဏာက ကလေး နာမည်ခေါ်ရင်တောင်လှည့်မကြည့်ဘူး

👉လူကြီးနဲ့ အကြည့်ချင်းမဆုံဘူး လူပုဂ္ဂိုလ်ကို စိတ်မဝင်စားဘူး ကြည့်ချင်ရာကြည့်နေတယ်။

👉အများနဲ့ သူငယ်ချင်းနဲ့ ကစားဖို့ စိတ်မဝင်စားဘူး။

👉စကားကို သီချင်းစာသားလို ထပ်ခါ ထပ်ခါ ထပ်ခါပြောနေပေမဲ့ ပြောနေတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူး။

👉တစ်ယောက်တည်းကစားတယ် ကစားနည်းမပြောင်းဘူး ပြေးလွှာဆော့ကစားတာမျိုး မရှိဘူး ဂနာမငြိမ်ဘူး

👉နေ့စဉ်ရက်ဆက် screen time ရဲ့ဆိုးကျိုးကြောင့် အော်ဒီစင်အတုဖြစ်သွားရတော့တာပါပဲ။

👉ဒီလိုလက္ခဏာတွေ ဖြစ်နေပြီဆိုရင် ကလေးပျိုးထောင်မှု ပုံစံအသစ် ပြန်လည်စတင်ပါ။ဆရာဝန်နဲ့ ဆွေးနွေးပါ။

✅မဖြစ်အောင်ဘယ်လိုကာကွယ်မလဲဆိုရင် မိဘရဲ့ အချိန်ပေးဂရုစိုက်မှု နှစ်နှစ်မပြည့်ခင် No Screen Time ကလေးရဲ့ စားချိန် အိပ်ချိန် ကစားချိန် စာဖတ်ပြချိန်လေးတွေကို ပုံမှန်လည်ပါတ်ပေးရင် အော်ဒီစင်အတု မဖြစ်နိုင်တော့ပါဘူး။

🥰မေမေတွေ Chat box မှာ အမေးများဆုံးမေးခွန်းကို အတတ်နိုင်ဆုံး ရေးပေးထားပါတယ်ရှင့်။


#အော်ဒီစင်အတု
#ဖုန်းပေးကြည့်တဲ့ဆိုးကျိုး
#မိဘတွေရဲ့ပုံမှန်ဖြစ်တဲ့ကလေးကိုပုံမှန်ပဲပျိုးထောင်ကြပါလေ့လာသင်ယူခွင့်ပြုပါ


ကိုးကား Googel
✍️💖 Mommy of 3

Crd photo

Photos from STS Learning Hub's post 27/08/2023

🌟 𝑼𝒏𝒍𝒐𝒄𝒌𝒊𝒏𝒈 𝑪𝒓𝒆𝒂𝒕𝒊𝒗𝒊𝒕𝒚 𝑻𝒉𝒓𝒐𝒖𝒈𝒉 𝑷𝒍𝒂𝒚-𝑩𝒂𝒔𝒆𝒅 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈! 🌈

Our preschool is all about joyful exploration, where curious minds flourish and imaginations take flight. 🚀

Join us in nurturing a love for learning that lasts a lifetime. Enroll now and give your child the gift of play-infused education! 🎉

Learn more about our preschool and schedule a tour today!

Early Years Foundation Programme for 2 to 5 years old students!
Half Day (9:00 AM to 12 noon)
Full Day (9:00 AM to 3:00 PM)









STS LEARNING HUB
No. 97/B, 1st Floor, Nandawon Street, Bahan Township, Yangon.
Contact : 09 405669411, 09 777327116

Photos from STS Learning Hub's post 25/08/2023

Cultivating curiosity! 🌼
Our preschoolers are getting their hands dirty while exploring the wonderful world of flowers and plants. 🌱🌸





Early Years Foundation Programme for
2 to 5 years old students!
Half Day (9:00 AM to 12 noon)
Full Day (9:00 AM to 3:00 PM)

STS LEARNING HUB
No. 97/B, 1st Floor, Nandawon Street, Bahan Township, Yangon.
Contact : 09 405669411

Photos from STS Learning Hub's post 17/08/2023

Science activities are important for preschoolers for a number of reasons.

🧪 Foster curiosity and a love of learning.
🧪Develop critical thinking and problem-solving skills.
🧪Encourage creativity and imagination.
🧪Build STEM skills.
🧪Promote teamwork and collaboration.
🧪 Enhance academic achievement.

Activities :
🧬 Sink or Float
🧬 How to grow a bean sprout?
🧬 Rainbow Walking Water
🧬 Candle under the glass

14/08/2023

ကလေးက မလုပ်နိုင်သေးတာ အပြစ်မဟုတ်ပါ 👍🏼

𝐓𝐡𝐚𝐭’𝐬 𝐧𝐨𝐭 𝐦𝐲 𝐟𝐚𝐮𝐥𝐭! 😔
ကလေးက မလုပ်နိုင်သေးတာ အပြစ်မဟုတ်ပါ

အရင်တစ်ခေါက်က Red chair (Punishment) နဲ့ ပတ်သတ်ပြီး ပို့စ်လေးတင်တာတောင် သိပ်မကြာသေးဘူး

ကျောင်းတစ်ကျောင်းမှာ Goodbye song မရလို့ ကလေးကို emergency လှေကားနားမှာ ထုတ်ထားပြီး အပြစ်ပေးတယ်တဲ့ 😔

ကြားရတာ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်

❌ ❌သီချင်း မဆိုနိုင်တာ အပြစ်တစ်ခု လုံးဝ (လုံးဝ) မဟုတ်ပါ ❌❌

ထိုနည်းတူ

❌ ကလေးက ထမင်းကို မဖိတ်မစင်ပဲ သပ်ရပ်အောင် မစားနိုင်တာ အပြစ်မဟုတ်ပါ

❌ မတော်တဆ ရေဘူးမှောက်သွားတာ အပြစ်မဟုတ်ပါ

❌ ပုံဆွဲချင်တဲ့ ဇောနဲ့ နံရံတွေမှာ လျှောက်ခြစ်လိုက်မိတာ အပြစ်မဟုတ်ပါ

❌ စာမရေးနိုင်တာ၊ လက်ရေးမလှတာ၊ စာမရတာ အပြစ်မဟုတ်ပါ

❌ ကလေးမို့ အလွဲအချော်လေးတွေ ရှိနိုင်ပေမယ့် အပြစ်မဟုတ်ပါ

တကယ်လို့ ကလေးတစ်ယောက်က အလွဲအချော်လေးတွေ ရှိခဲ့ရင်
🌼 ကလေးငယ်က သင်ယူနေဆဲ ဖြစ်လို့ပါ
🌼 သူ တစ်ယောက်ထဲ လုပ်နိုင်ဖို့ ခက်ခဲနေလို့ပါ
🌼 လူကြီး ရဲ့ အကူအညီကို လိုအပ်နေသေးလို့ပါ
🌼 လူကြီးတွေ သင်ပေးတဲ့ နည်းလမ်းက သူ သင်ယူနိုင်တဲ့ နည်းလမ်း မဟုတ်လို့ပါ
(ကျွန်မတို့ရဲ့ Teaching Method and Approach ကို ပြောင်းကြည့်လို့ရပါတယ်)
🌼 ကလေးတွေက တစ်ယောက်နဲ့ တစ်ယောက် သင်ယူနိုင်စွမ်း မတူကြလို့ပါ

ဒါကြောင့်မို့ ကလေးငယ်တွေ မလုပ်နိုင်သေးတာ အပြစ် လုံးဝ မဟုတ်ပါဘူးရှင် 💜

Photos from STS Learning Hub's post 11/08/2023

𝚁𝚎𝚍𝚞𝚌𝚎, 𝚁𝚎𝚞𝚜𝚎 & 𝚁𝚎𝚌𝚢𝚌𝚕𝚎 ♻️

ဒီတစ်ပတ်မှာတော့ ဖိုးမောင်လေး နှင့် သူငယ်ချင်းများ ပုံပြင်လေးကို ဖတ်အပြီး

ကျွတ်ကျွတ်အိတ်တွေ လျော့သုံးဖို့ကို သားသားမီးမီးတို့နဲ့ အတူတူ ဆွေးနွေးခဲ့ကြပါတယ်

အရင်က သားသားမီးမီးတို့ နေ့စဉ် ကျောင်းမှာ အင်္ကျီလေးတွေ လဲကြတဲ့အခါ အင်္ကျီအဟောင်းတွေကို တစ်ခါသုံး ကျွတ်ကျွတ်အိတ်လေးတွေနဲ့ အိမ်ကို ပြန်ထည့်ပေးလေ့ရှိပါတယ်

အဲ့ဒီအစား နောက်ထပ်ပြန်သုံးလို့ရအောင် Zip Lock Plastic Bag လေးတွေ အစားထိုးပေးခဲ့ပါတယ်

ဖေဖေမေမေတို့ အနေနဲ့လည်း အိမ်မှာ အဝတ်ဟောင်းလေးတွေ ပြန်ထုတ်ပြီးရင် Zip lock အိတ်လေးတွေ ကျောပိုးအိတ်ထဲ ပြန်ထည့်ပေးလိုက်ဖို့ မေတ္တာရပ်ခံပါရစေ

အခုလို activity လေးကနေတစ်ဆင့် ကလေးငယ်တို့ကို Environmental awareness လည်း ရစေပြီး သတ္တဝါလေးတွေကိုလည်း ချစ်တတ်လာဖို့အပြင် မိမိ အဝတ်ဟောင်းများကို စနစ်တကျ သိမ်းဆည်းတတ်လာစေဖို့အတွက် ရည်ရွယ်ပါတယ်ရှင်

♻️ လက်ရှိမှာ ကျောင်းအနေနဲ့ Reusable Bags လေးတွေ မထုတ်နိုင်သေးပေမယ့် သားသားမီးမီးတို့ကို Reduce, Reuse, Recycle ဆိုတဲ့ 3Rs ကို awareness လေးပေးရင်းမှ plastic အစား အဝတ်အိတ်လေးတွေ သုံးနိုင်အောင်လည်း ထပ်ပြီး ကြိုးစားပါဦးမယ်ရှင် 💚

ပုံပြင်လေးကို နားထောင်ချင်တယ်ဆိုရင်တော့
Community group မှာ Join ပြီး နားထောင်လို့ရပါတယ်ရှင်

👉🏻 https://www.facebook.com/groups/443830993833555/?ref=share_group_link

Photos from STS Learning Hub's post 09/08/2023

𝑳𝒐𝒗𝒆 𝑳𝒂𝒏𝒈𝒖𝒂𝒈𝒆𝒔 𝒊𝒏 𝑪𝒍𝒂𝒔𝒔𝒓𝒐𝒐𝒎𝒔 ❤️📚🖍️

မူကြိုကလေးငယ်တွေကို ဘယ်လို ချစ်ပြကြမလဲ?

ကလေးငယ်တွေဟာ မူကြိုကျောင်းကို စတက်ရတဲ့အချိန်မှာ အိမ်က မိသားစုနဲ့ ခွဲခွါပြီး ကျောင်းဆိုတဲ့ ပတ်ဝန်းကျင်အသစ်မှာ နေသားကျ ပျော်ရွှင်လာဖို့အတွက် ကြိုးစားကြရပါတယ်

ဒီလို ကြိုးစားနေတဲ့အချိန်မှာ ကျောင်းက ဆရာ ဆရာမတွေ အနေနဲ့ ကလေးငယ်တို့ စိတ်လုံခြုံမှု ရှိလာစေဖို့၊ ကျောင်းပျော်လာစေဖို့၊ သူတို့ ကိုယ်တိုင်အတန်းထဲမှာ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ပါဝင်တယ်လို့ ခံစားလာစေဖို့အတွက် classroom love languages လေးတွေနဲ့ ဖော်ပြပေးရပါတယ်

💜 နှုတ်က ဖွင့်ထုတ်ပြီး ချီးမွမ်းပါ၊ ချစ်ပါ

ကလေးငယ်တွေက သူတို့အချစ်ခံရတယ်ဆိုတာကို သိဖို့အတွက် နှုတ်က ပြောပြပေးဖို့လည်း လိုအပ်ပါတယ်၊ တီချယ်က သားသား၊ မီးမီးတို့ကို ချစ်တယ်နော် ၊ သားသား ပုံဆွဲတာ တော်လိုက်တာ၊ မီးမီးက အရုပ်လေးတွေ သိမ်းတတ်နေပြီ တော်လိုက်တာ စသဖြင့် သူတို့ လုပ်နိုင်တာလေးတွေကို ဂုဏ်ယူနိုင်ဖို့ ပြောပြ ချီးမွမ်းပေးလို့ရပါတယ်

💜 အချိန်ပေးပြီး စကားပြောပါ၊ နားထောင်ပါ

ကလေးတွေက နေ့စဉ် အိမ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ၊ ကစားစရာ အသစ်၊ သွားခဲ့တဲ့ နေရာ၊ သူငယ်ချင်းအသစ်ရဲ့ အကြောင်း စသဖြင့် ဆရာမကို ပြောပြချင်တာလေးတွေ အများကြီး ရှိတတ်ပါတယ်၊ ဒါကြောင့် free play အချိန်မျိုး ၊ ထမင်းစားတဲ့အချိန်မျိုးမှာ ကလေးတစ်ဦးချင်းကို အချိန်လေးပေးပြီး သူတို့ပြောတာလေးတွေ နားထောင်ပေးတာမျိုး၊ စာအုပ်လေးတွေ အတူတူ ဖတ်ပြပေးတာမျိုး လုပ်ပေးသင့်ပါတယ်

💜 နွေးနွေးထွေးထွေး ထိတွေ့ဆက်ဆံပါ

မူကြိုကလေးငယ်တို့ကို physical touch ပေးတဲ့အခါ မလုပ်သင့်တာတွေလည်း ရှိပါတယ်
❌ ဥပမာ- ပေါင်ပေါ်မှာ ထိုင်ခိုင်းတာ၊ ပါးကို နမ်းတာ၊ ဆရာမ ပါးကို နမ်းခိုင်းတာ မျိုးတွေဟာ လုံးဝ မလုပ်သင့်ပါဘူး ❌
ဝမ်းနည်းနေတဲ့ကလေးကို ကျောလေး ညင်ညင်သာသာ ပုတ်ပေးတာမျိုး၊ ဒေါသထွက်နေတဲ့ ကလေးကို ခပ်ဖွဖွ ဖက်ပေးရင်း တီချယ်ရှိတယ်နော်လို့ တိုးတိုးလေး ပြောပေးတာမျိုး၊ high-five လုပ်တာမျိုး စသဖြင့် နည်းလမ်းများဖြင့် နွေးနွေးထွေးထွေး ဆက်ဆံပေးလို့ရပါတယ်

💜 လိုအပ်တဲ့အချိန်မှာ ကူညီပေးပါ

မူကြိုဆိုတဲ့နေရာဟာ Practical life skills တွေကို သင်ကြားပေးတဲ့နေရာ ဖြစ်ပါတယ်၊ ကိုယ်တိုင် ထမင်းစားတတ်ဖို့၊ အရုပ်သိမ်းတတ်ဖို့၊ ဖိနပ်စီးတတ်ဖို့၊ အဝတ်လဲတတ်ဖို့၊ အိမ်သာ သွားတတ်ဖို့ စသဖြင့် ကိုယ်တိုင်လုပ်တတ်အောင် လေ့ကျင့်ကြရပါတယ်
သို့ပေမယ့် ကိုယ်တိုင်လုပ်ဖို့ ခက်ခဲနေသေးတဲ့ ကလေးကို ဘေးနားကနေ လိုအပ်တာလေးတွေ ကူပေးရင်း ဖေးမဖို့လည်း တခါတရံ လိုအပ်ပါတယ် သူတို့အတွက် အရမ်းခက်ခဲလွန်းတဲ့အရာမျိုးကိုပဲ ထပ်ခါထပ်ခါ ကြိုးစားရရင် motivate မဖြစ်တော့ဘဲ စိတ်ညစ်လာနိုင်ပါတယ်

💜 လက်ဆောင်လေးတွေ ပေးပါ

ဆု လက်ဆောင်လို့ ပြောရင် ဆရာမတွေ အနေနဲ့ daily routines ထဲမှာ stickers တွေ ပေးကြတာမျိုးထပ် ကလေးတွေရဲ့ မွေးနေ့မှာ birthday card လေးတွေ ပေးတာမျိုး၊ World Children Day မှာ မုန့်တွေ ပေးတာမျိုး၊ Christmas Present ပေးတာမျိုးလေးတွေက ပိုပြီး meaningful ဖြစ်ပါတယ်
ဒီလို နေ့ထူးနေ့မြတ်မှာ သားသားမီးမီးတို့ကို ချစ်လို့ ပေးတယ်ဆိုရင် ကလေးငယ်တွေ အရမ်း ပျော်ကြပါတယ်

ကလေး တစ်ယောက်နဲ့ တစ်ယောက် love language လည်း မတူကြပါဘူး
တချို့က သူတို့ပြောတာလေး နားထောင်ပေးတာ ကြိုက်ပေမယ့် တချို့က ဆရာမ ချီးမွမ်းရင် ပျော်တာမျိုးပါ
တစ်ဦးချင်းစီကို သေချာနားလည်ပြီး ချစ်ပေးနိုင်တဲ့ ပတ်ဝန်းကျင်အသစ်မှာဆို ကျောင်းပျော်တဲ့ ကလေးငယ်တွေ ဖြစ်လာကြမှာပါရှင်

Love Languages လေးတွေကို မူကြိုကျောင်းမှာတင် မဟုတ်ဘဲ အိမ်မှာလည်း ဖေဖေမေမေတို့ပါ အသုံးပြုလို့ ရပါတယ်နော် 🥰🥰

Photos from STS Learning Hub's post 09/08/2023

𝘼𝙘𝙩𝙞𝙫𝙞𝙩𝙮 𝙏𝙖𝙗𝙡𝙚𝙨 📚🖍️🍎

Child-led learning corners are a great way to engage and inspire preschoolers. They allow children to learn at their own pace and explore their interests in a fun and creative way.
The children are having a great time exploring and learning at our Sensory Tables, Science Tables, Art Corner, Construction Corner and Literary Corner.

31/07/2023

Holiday Announcement!

ဩဂုတ်လ ၁ရက်နေ့၊ အင်္ဂါနေ့ သည်
ဓမ္မစကြာနေ့ (ဒုတိယဝါဆို လပြည့်နေ့) ဖြစ်သောကြောင့် STS Learning Hub ၏ အတန်းချိန်များအားလုံး ပိတ်ထားမည် ဖြစ်ကြောင်း လေးစားစွာဖြင့် အကြောင်းကြားအပ်ပါတယ်ရှင်။

ပျော်ရွှင်စရာ အားလပ်ရက်လေး ဖြစ်ပါစေရှင်။

********************************

Please kindly be informed that our classes will be closed on 1st August for Second Full Moon Day of Warso.

Have a great holiday ☘️

Photos from STS Learning Hub's post 28/07/2023

Making pizza with preschoolers is a great way to teach them about following directions, teamwork, and creativity.
We had so much fun making pizza with the children at school today! They were so excited to learn how to make their own pizzas, and they did a great job.
They loved learning about the different ingredients, how to measure them, and how to roll out the dough. We even got to decorate them with all sorts of fun toppings. We all agreed that the pizzas were delicious! We had a blast, and we can't wait to do it again soon!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သားသားမီးမီးတို့အတွက် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် မြန်မာစာ အတန်းချိန်လေး ကလေးငယ်တို့ကို မြန်မာစာ မြန်မာစကားနဲ့ စတင်မိတ်ဆ...
Hello Boys and Girls Here comes a new song for you! 😍Three Little Men in a flying saucer Flew around the world one day.....
Hello Boys and Girls ‼️ 💜It’s Story Time!Tonight let’s read the Story of “The Smartest Gaint in Town” !* "The Smartest G...
Hello Boys and Girls 💓💓Teacher Sandy နဲ့ story လေးတွေ တူတူဖတ်ကြမယ်နော်အပတ်စဉ် story လေးတွေ တင်ပေးနိုင်အောင်လည်း ကြိုးစား...
မင်္ဂလာပါရှင့် 🌹STS Learning Hub မှ သားသားမီးမီးတို့အတွက် အိမ်မှာနေရင်း သင်ယူလေ့လာနိုင်ဖို့ learning pack လေးတွေ လက်ဆောင...

Category

Telephone

Website

Address

Nawarat Main Road, Shwe Tha Pyay Housing/1, TharKayta Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.