Kabarkyaw Solar Energy

Official page of KaBarKyaw Solar Energy

Photos from Kabarkyaw Solar Energy's post 31/12/2023

2023 အတွက် နောက်ဆုံးအနေဖြင့် Battery လေး တွေ ဆိပ်ကမ်းထုတ်ပြီးပါပြီ။
Order ပေးထားပြီး ပစ္စည်းအစုံရမှ လာယူမယ်ဆိုသူများ လာမယူနိုင်သေးရင်လည်း ငွေပေးချေထားကြပါ။
Kabarkyaw မှာ လက်ရှိအနေအထားက ငွေပေးချေထားတဲ့ Customer တွေကိုတောင် ပစ္စည်းနိုင်အောင် မပေးနိုင်တာ ဖုန်းလေးနဲ့ယူမယ် ပြောထားတဲ့ ဘယ်သူ့အတွက်မှ ဖယ်ထားပေးလို့မရပါနော်။
ပုံမှန်အချိန်မှာ ပုံမှန်ဝယ်ရင် Custom Right အပြည့်အဝရပြီး အထက်စီးက ဝယ်လို့ရပေမယ့် ဒီလိုအချိန်မှာ ဝယ်သူများ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ရပါတယ်။
‌အခုမဝယ်ရလို့ မဖြစ်ဘူး။ ဘာဖြစ်ဖြစ်ဝယ်မှာဆိုသူများနှင့် ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာအငယ်ခံနိုင်သူများသာ ဝယ်ကြပါ။

အကောင်းဆုံးပဲ လိုချင်တယ် ဈေးမကြည့်ဘူး ဆိုသူများအတွက် 51.2V Battery ထဲတွင် ဈေးအကြီးဆုံး Growatt AXE C1 - 39 သိန်း
EVE (World Best Selling Top 10 စာရင်းဝင် LiFePO4) Battery Cells များ အသုံးပြုထားပါတယ်။

Cell အမျိုးအစား ကောင်းရမယ်။ ဈေးလည်း သက်သာချင်တယ်။ Design လေးလည်း လှချင်တယ်။ OEM တံဆိပ်ကပ်တွေလည်း မဖြစ်ရဘူး။ ပြောချင်တာပြောပြီး အချိန်တန်ရင် ပျောက်ပျောက်သွားတဲ့ Brand ဖြစ်မှာ ကြောက်သူများ အသစ်တွေ အစစ်တွေ ဖြစ်ကြောင်း QA Report ပါသည့်
Guoxuan (Gotion High Tech)
(World Best Selling Top 10 စာရင်းဝင် LiFePO4) Battery Cells များ အသုံးပြုထားသော
Sorotec PowerWall 51.2V 200Ah - သိန်း 50

ရှေ့လတွင် ဒီထက်သက်သာသော ဈေးနှင့် Psmart Battery (Svolt Cell) များလည်း ဝင်လာဦးမှာပါ။
QA Report ပေးနိုင်သော အမှန်အကန် ပစ္စည်းများကို EV ကားတွေက Reject ထွက်သော Cell, Used Cell များနှင့် ဘာတံဆိပ်မှန်းကို မသိသော Cell တွေကို Battery Casing လေးတွေ လှအောင်စွတ်ပြီး အသစ်ပြောရောင်းတဲ့ Battery များနှင့် ဈေးမကွာအောင် အမြတ်အနည်းဆုံးဖြင့် ရောင်းချပေးနေပါတယ်။

Kabarkyaw မှာ Solar Import Lice‌‌‌‌‌‌‌‌‌‌‌‌‌‌nse အနေဖြင့် 15.6.2023 အထိပုံမှန်ရခဲ့ပြီး 28.11.2023 အထိ တစ်စောင်မှ မရခဲ့သဖြင့် September နှင့် November လတွင် တင်သွင်းထားသော Solar ပစ္စည်းအကုန် ဆိပ်ကမ်းတွင် ပိတ်မိခဲ့ပါတယ်။ 28.11.2023 တွင် License အသစ်များ ပြန်လည်ရရှိခဲ့သည်နှင့် ဈေးများချက်ချင်း လျော့ချပေးသလို တစ်ပတ်အတွင်း ဝယ်ပြီး ဖြစ်တဲ့ ပစ္စည်းအားလုံးကိုပါ Cash Back ပြန်ပေးခဲ့ပါတယ်။ ဆက်တိုက်လည်း ဈေးနှုန်းရရင် ရသလိုထပ်လျော့ပေးမှာပါ။

မြန်မာပြည်က Solar တင်သွင်းသူ အများစုက မှောင်ခိုတင်သွင်းကြတာများလို့အခုလို လမ်းကြောင်းတွေ ပိတ်နေချိန် လောဘတွေတက်ပြီး ဝင်လာတဲ့ ပစ္စည်းအကုန်အုပ်နေကြပါတယ်။ တရားဝင်လမ်းကြောင်းများမှာလည်း အကန့်အသတ်ဖြင့်သာ တင်သွင်း‌နေရပြီး အကုန်လုဝယ်‌နေကြသောကြောင့် Kabarkyaw မှာ ပစ္စည်းအားလုံး Order တွေပြည့်နေပါတယ်။

Kabarkyaw မှ ပစ္စည်းများဈေးက China က ဈေးနှင့် သယ်ယူစရိတ်၊ အခွန်အခတွေကိုသာ အခြေခံတွက်ပြီး မှောင်ခိုလမ်းတွေပိတ်တာကို အကြောင်းပြုပြီး ဈေးတင်မရောင်းတော့ ဈေးတင်‌ရောင်းချင်သူများက လောဘတွေတက်ပြီး အကုန်အုပ်နေကြတာပါ။
Kabarkyaw မှာ တစ်ခါမှ လာမဝယ်ဖူးတဲ့ နာမည်‌‌တွေနဲ့တောင်
Inverter အလုံး 2000 / 3000
Solar Container 3 လုံး / 4 လုံး Order လာတင်နေကြလို့သာ အခုလို လက်လီဈေး၊ လက်ကားဈေး မခွာဘဲရောင်းနေရချင်းဖြစ်ပါတယ်။

ယခင်အပတ်က အရောင်းမနိုင်လို့ Service ခဏရပ်ပြီး ပစ္စည်းတွေနိုင်အောင် ပို့ပေးခဲ့ရသလို
ရှေ့အပတ်မှာတော့ အရောင်းခဏရပ်ပြီး Service သီးသန့်နိုင်‌အောင် လုပ်ပေးပါမယ်။
Sorotec နှင့် Growatt စက်ရုံတို့မှ Chinese Service Engineer များပါ လာရောက် ကူညီဆောင်ရွက်ဖို့ ခေါ်ထားပါတယ်။
အဝယ်တွေနိုင်အောင် ရောင်းပြီးရင်၊ Service တွေ နိုင်အောင် လုပ်ပြီးရင် Eitai Golden Paduak ကဲ့သို့ မဟုတ်မမှန် လိမ်လည်ရောင်းချနေသော Company များကိုလည်း တစ်ခုချင်းစီတရားစွဲဆိုသွားပါမယ်။
Eitai တွေမှာ BMS ကို Software Update လုပ်တာနဲ့ လက်ရှိပြဿနာနဲ့က ဘာပတ်သတ်ပါလဲ? စဉ်စားကြည့်ပါ။
Kabarkyaw က ရောင်းခဲ့ဖူးတဲ့ Brand ဖြစ်လို့ရယ်၊
Warranty Contract အတိအကျပေးထားပြီး ဘာတစ်ခုမှ ကတိမတည်လို့ရယ် တရားစွဲဆိုမှာ ဖြစ်ပါတယ်။ စက်ရုံက Used Cell ပါလို့ မှန်မှန်ကန်ကန် ပြောပြီးရောင်းလို့ Kabarkyaw က မတင်သွင်းခဲ့တဲ့ Brand တွေကို မြန်မာပြည်မှာ အသစ်ဆိုပြီး လိုက်ရောင်းနေကြတာတွေကတော့ ကိုယ့်ဘာသာ ချင့်ချိန်ဝယ်ကြပါ။
lPBF48200/300/350

Growatt AXE C1 Battery : 39 သိန်း
Growatt SPF5000ES : 13.5 သိန်း
Jinko Tiger Neo 575W @ 8 ချပ် : 33.6 သိန်း
Total = 86.1 သိန်း

Growatt AXE C1 Battery : 39 သိန်း
Growatt SPF6000ES Plus : 15.2 သိန်း
Jinko Tiger Neo 575W @ 10 ချပ် : 42 သိန်း
Total = 96.2 သိန်း

Sorotec PowerWall SL51.2200 : သိန်း 50
Sorotec Revo VMII Pro 5.5kW : 8.7 သိန်း
Jinko Tiger Neo 575W @ 9 ချပ် : 37.8 သိန်း
Total : 96.5 သိန်း

Kabarkyaw Page မှာက တစ်ခုချင်းဈေးပဲ အမြဲရေးထားတယ်။ အစုံလိုက်ဆို ဘယ်လောက်ကျမလဲ ခဏခဏ မေးနေကြလို့ပါ။
တပ်ဆင်ခ တွေ၊ Accessories တွေ 5-15 သိန်း ထပ်ပေါင်းပါ။ သိန်း 30/ 40 ဖိုးလောက်နဲ့ Budget အကန့်အသတ်ဖြင့် Solar တပ်ရင်သာ ကိုယ်သုံးမယ့် Load နဲ့ ဝယ်မယ့်ပစ္စည်း နိုင်မနိုင်ကြည့်ရတာပါ။ သိန်းရာကျော်သုံးသူများက ကိုယ်အစားထိုးမှာက ဘယ်လို Meter လဲ (အိမ်သုံး၊လုပ်ငန်းသုံး/Single, 3 Phases)နှင့် မီတာခ ဘယ်လောက်ကျလဲ၊ Solar တပ် မယ့် နေရောင်ရတဲ့ နေရာဘယ်လောက်ရှိလဲ သိရင်ကို ကိုယ့်ဘာသာတွက်လိုက်ပါ။ Stellite က Survey, မြေပြင်က Survey တွေနဲ့ ခေါင်းစဉ် ပေါင်းစုံတပ်ပြီး ဘာမှန်းမသိတဲ့ ကုန်ကျစရိတ်တွေနဲ့ ဂျင်းထည့်မယ့် Company မဟုတ်ရင် ဒီလိုအချိန်မှာ ဘယ် Company မှ အချိန်ပေး ရှင်းပြနိုင်မှာ မဟုတ်ပါ။
Kabarkyaw မှာက ကိုယ်ဘယ်ပစ္စည်း ဘယ်လိုဝယ်မယ် သိတဲ့လူလာဝယ်ရင်တောင် invoice ထုတ်ပေးတာ၊ ငွေလက်ခံရတာ၊ ပစ္စည်းပေးရတာမနိုင်တာမို့ ဟိုဟာလေး ဒီဟာလေး တွက်ပေးပါ‌‌ဦး ပြောမယ့်အစား အပေါ်မှာ တွက်ပြပေးထားတာ တွေကိုသာ ကြည့်ကြည့်လိုက်ပါနော်။

ရောင်းမလောက်တဲ့ Company တွေမှာလည်း ထပ်ကို မရောင်းပေးနိုင်တော့လို့ ဝယ်သူလာရင်ကို စိတ်ညစ်စရာလို ဖြစ်နေသလို ရောင်းမထွက်တဲ့ Company တွေမှာလည်း လှည့်ကွက်ပေါင်းစုံနှင့် ဂျင်းထည့်ဖို့ စောင့်နေပါတယ်။
Kabarkyaw မှာလည်း ဘာပစ္စည်းမှ နိုင်အောင်ကို မပေးနိုင်တော့ပါ။ ဘာဝယ်ချင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လာဝယ်တာထက်၊ ဘာကျန်‌သေးလဲ အကုန်အုပ်၊ အကုန်ဖြတ်၊ အကုန်ဝယ်နေကြတာမို့ ဘာမှကို မကျန်တာပါ။ စရန်မပေးထားတဲ့ Order တွေ၊ စရန်ပေးထားပြီး ငွေအကြေမပေးထားတာ တွေကို Order Cancel ရသလောက်လုပ်ပြီး နောက်လူရအောင် ဆောင်ရွက်ပေးပါမယ်။ Kabarkyaw မှာ December တစ်လတည်း ရောင်းထားတဲ့ပမာဏက 2022 တစ်နှစ်လုံး ရောင်းထားတဲ့ ပမာဏထက် 10 ဆ မကတောင် ရောင်းထားပြီးပါပြီ။ ဒါကိုမလောက်မင ဖြစ်နေတာပါ။

Kabarkyaw Solar Energy
အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from Kabarkyaw Solar Energy's post 24/12/2023

Kabarkyaw မှာ မနှစ် 2022 တုန်းက တစ်နှစ်လုံးပေါင်းတောင် Growatt Inverter အလုံးရေ ရာဂဏန်းပဲ တင်သွင်းနိုင်ခဲ့သော်လည်း Customer များရဲ့ အားပေးမှုကြောင့် ယခုဆို December တစ်လထဲမှာ‌တင် Container 4 လုံး (DRYU6071241, HASU4203912, MRKU3853870, MRKU4262070)
တင်သွင်းရောင်းချနိုင်ခဲ့ပါတယ်။

ဒီရက်ပိုင်း တချို့ဆိုင်တွေမှာ Growatt တစ်လုံး 3/4 သိန်း ဈေးတင်ရောင်းနေကြပေမယ့်
Kabarkyaw မှာ Solar ပစ္စည်းအားလုံး
2023 တစ်နှစ်လုံး တစ်ကြိမ်မှ ဈေးမတက်ခဲ့ဖူးပါ။
ရောင်းဈေးလည်း 1 လ တစ်ကြိမ်ထက် ‌ပိုမပြောင်းခဲ့ဖူးပါ။
အဝယ်တအားများလို့ ပစ္စည်းကုန်သွားခဲ့ရင်တောင် Pre-order လက်ခံပေးသောကြောင့် ဈေးတက်မှာ ကြောက်ပြီး လုမဝယ်ကြဖို့ လိုသလောက်သာ ဝယ်ကြဖို့ အကြံပြုလိုပါတယ်။
အရင်းသက်သာရင် သက်သာသွားသလောက် ဈေးတောင် ဆက်တိုက် ထပ်လျော့သွားဖို့ရှိပါတယ်။

တောမီးလောင်‌ တောကြောင် လက်ခမောင်းခတ်လေ့ရှိပါတယ်။
Customer များ Panic Buying ဖြစ်နေကြလို့သာ Inverter 1 လုံး 3/4 သိန်း မတန်တဆ အမြတ်တင်ရောင်းနိုင်နေကြခြင်း ဖြစ်ပါတယ်။
အဝယ်‌လျော့သွားရင် Kabarkyaw က ပေးထားတဲ့ ဈေးတွေနဲ့ မတိမ်းမယိမ်း ပြန်ဖြစ်လာပါလိမ့်မယ်။
အဝယ်လျော့ယုံတင်မကဘဲ ဗိုက်တွေပါနာလာပြီး ဣန္ဒြေမဆည်နိုင်‌တော့ရင်တော့ *** Myanmar, ဘာ Myanmar, ညာ Myanmar ဆိုပြီး page တွေထောင်ပြီး ဝေဖန်သံတွေပါ ထွက်လာပါလိမ့်မယ်။
အရေးမကြီးဘဲ ဈေးတက်မှာကြောက်လို့ ကြိုဝယ်သူများ အဲ့လိုအချိန်မျိုးစောင့်ပြီးသာ စိတ်ကြိုက်နင်းဝယ်ကြပါ။
ပုံမှန်အချိန်မှာ ပုံမှန်ဝယ်ရင် Custom Right အပြည့်အဝရပြီး အထက်စီးက ဝယ်လို့ရပေမယ့် ဒီလိုအချိန်မှာ ဝယ်သူများ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ရပါမယ်။

China စက်ရုံမှာ တစ်ဦးတည်း ကိုယ်စားလှယ်ရချင်လို့၊ လက်ဝါးကြီးအုပ်ချင်လို့၊ စာချုပ်အရေအတွက်နဲ့‌ ဈေးသတ်မှတ်ချက်ပြည့်အောင်လို့၊ ဟိုအပေးအယူရှိလို့ ဒီအပေးအယူရှိလို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် Order အသစ်ထပ်တင်ချင်လို့ Order အဟောင်းကုန်အောင် ဖြတ်နေရသူများ၊ အရေအတွက်တွေ အများချည်း Order တင်ထားပြီး ကုန်အောင်မယူနိုင်‌သေးသူများ၊ License စောင့်နေသူများ၊ မြဝတီနယ်စပ်၊ မူဆည်နယ်စပ်မှာ ပစ္စည်းပိတ်မိနေသူများ ဒါတွေလည်း တစ်ရက်ရက်တော့ စုပြုံဝင်လာဦးမှာပါ။

Kabarkyaw က ရောင်းဈေးတွေက China စက်ရုံရောင်းဈေး + သယ်ယူကုန်ကျစရိတ် + 5%-20% အမြတ် ဖြစ်ပါတယ်။ အမြတ်ကြီးစားရောင်းနေတာ ဘာတစ်ခုမှမရှိသလို အရှုံးခံရောင်းပေးနေတာလည်း ဘာတစ်ခုမှ မရှိပါ။ Kabarkyaw က ဈေးတွေထက် အများကြီး ကွာဟလာပြီဆို ဆိုင်သမားများအနေနဲ့ သတိထားကြပါတော့။
End User များ Panic Buying ဖြစ်ရင် နိုင်အောင် လိုက်ရောင်းပေးနိုင်ပေမယ့် ဆိုင်သမားများကပါ ရောင်းထားတဲ့ အရေအတွက်ထက် ဆတိုး (တစ်လုံးရောင်းပြီး Kabarkyaw မှာ 10 လုံး Order ပြန်တင်၊ 10 လုံးရောင်းပြီး Kabarkyaw မှာ အလုံး 100 Order ပြန်တင်) ဝယ်နေကြရင်တော့ ဘယ်လိုနည်းနဲ့မှ နိုင်အောင်ရောင်းပေးနိုင်မှာ မဟုတ်သလို တချိန်ချိန် အပေါ်က အကြောင်းရင်း တစ်ခုခုကြောင့် ဝင်မလာသေးသော ပစ္စည်းများ စုံပြုံဝင်လာတဲ့နေ့ သေချာပေါက်ရှုံးရုံတင်မက ဈေးကွက်ပါ ပျက်ကုန်ပါလိမ့်မယ်။

Kabarkyaw မှာ အရင်က Order Cancel လုပ်လည်း ငွေအကြေပြန်ပေးခဲ့တော့ လောဘတွေ တအားတက်ပြီး Order တွေ စွတ်တင်သည့် ပြဿနာအား ကာကွယ်သည့် အနေဖြင့် Kabarkyaw မှာ Pre-Order များအား Inverter 1 လုံး 1 သိန်း၊ Solar 1 ချပ် 1 သိန်း ပေးသွင်းမှသာ လက်ခံပါတော့မည်ဖြစ်ပြီး Order Cancel လုံးဝပေးမလုပ်တော့ပါ။
Pre-Order လက်ခံတာက ဈေးတက်ဖို့အစီအစဉ်မရှိပါဘူးလို့ နှုတ်ဖြင့်တင်မက လက်တွေ့ သက်သေပြခြင်းသာ ဖြစ်ပြီး 4/5/10 သိန်းလောက်ရင်းပြီး Kabarkyaw မှာ Order တင် သိန်းရာချီအမြတ်နဲ့ မိနစ်ပိုင်းအတွင်း စရန်ပြန်ရောင်းစားလုပ်ဖို့ မဟုတ်ပါ။
မြန်မာပြည်မှာ လုပ်စရာ စီးပွားရေးတွေ အများကြီးရှိပါတယ်။ မီးဘေးဒုက္ခသည်တွေ ကြားမှာ‌တော့ မီးဘေးလောဘသည်တွေ မလုပ်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

Kabarkyaw မှာ
မနှစ်က လက်လီဈေး 15 သိန်း ရောင်းခဲ့တဲ့ Growatt SPF5000ES က အခုဆို 1,350,000 ဖြစ်နေပါပြီ။
မနှစ်က လက်လီဈေး သိန်း 20 ရောင်းခဲ့တဲ့ Growatt SPF6000ES+ က အခုဆို 1,520,000 နဲ့ ရောင်းပေးနေပါတယ်။
ဈေးတက်လာတာလား။ ဈေးကျလာတာလား ကွဲကွဲပြားပြားသိစေချင်လို့ပါ။

2024 မှာလည်း Kabarkyaw မှ တင်သွင်းခွင့်ရရင် ရသလောက် ယခုထက် အရေအတွက် တိုးမြင့်တင်သွင်းသွားပါမယ်။
Solar ပစ္စည်းတွေကို အခုထက်တော့ တင်သွင်းခွင့်တွေ ပိုမတင်းကြပ်တော့ဘူးလို့ ယူဆပါတယ်။
သန်းခေါင်ထပ်မှ ပိုညမနက်နိုင်တော့တာ။
"အသေချာဆုံး အာမခံနိုင်တာကတော့ Kabarkyaw မှာ Inverter Import License တစ်စောင်ကျတာနဲ့ Inverter အားလုံး အခုထက် တစ်လုံးကို အနည်းဆုံး 20000 မှ 1 သိန်း ထပ်လျော့ပေးမှာပါ။"

လက်ရှိမှာ‌တော့ တင်သွင်းထားတဲ့ ပစ္စည်းတွေ အမြန်ဆုံး ဆိပ်ကမ်းထုတ်ပြီး ဝယ်သူလက်ထဲ အမြန်ဆုံးအပ်ဖို့ Kabarkyaw ဝန်ထမ်းအားလုံး 24 နာရီ မနားမနေ ကြိုးစားဆောင်ရွက်နေရတာ 3 ပတ်ရှိလာပါပြီ။
အခက်ခဲဆုံး အခြေအနေမှာ မနိုင်မနင်းဆောင်ရွက်နေရတာဖြစ်ပေမယ့် နယ်စပ်က အခကြေးငွေနဲ့ တင်သွင်း‌ပေးနေတဲ့ Company များရဲ့ ဝန်ဆောင်ခလောက်တောင် အကျိုးအမြတ်မယူထားလို့ အဆင်မပြေမှုများရှိရင်‌တောင် မတော်လောဘအမှားများမဟုတ်လို့ သည်းခံခွင့်လွှတ်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။

Kabarkyaw Solar Energy
အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from Kabarkyaw Solar Energy's post 16/12/2023

Kabarkyaw မှာ သွင်းကုန် License မှအစ Delivery လုပ်ပေးဖို့ ကားတွေအတွက် ဓာတ်ဆီ၊ ဒီဇယ် အဆုံး ဘယ်အရာမှ အထူးအခွင့်အရေး မရခဲ့ပါ။
Solar ပစ္စည်းအားလုံးကို စတင်တင်သွင်းချိန်မှ ယနေ့အချိန်ထိ နှိုင်းယှဉ်ကြည့်ရင် ယခုအချိန်မှာ တင်သွင်းရ အခက်ခဲဆုံး အခြေအနေသို့ ရောက်ရှိနေပါတယ်။
ကုန်ကျစရိတ် (အရင်းများ) တက်လာသည့်တိုင် ဈေးတင်မရောင်းဘဲ အမြတ်လျော့၍ ဈေးတောင်ထပ်ခါထပ်ခါ လျော့ပေးနေပါတယ်။
အရေအသွေးမမီတဲ့ ဂျင်းပစ္စည်းတွေ ရောင်းမထွက်လို့ ဈေးလျော့‌ရောင်းတာလား? ရောင်းမလောက်တဲ့ အမှန်အကန်ပစ္စည်းတွေကို Customer တွေ ဈေးသက်သက်သာသာနဲ့ သုံးစေချင်လို့ ဈေးလျော့ပေးထားတာလားတော့ ကွဲကွဲပြားပြား သိစေချင်ပါတယ်။
ဘယ်အာဏာပိုင် အဖွဲအစည်းကမှ ဈေးနှုန်းဘယ် လောက်နဲ့ရောင်းဖို့ ညွှန်ကြားထားခြင်းမရှိပေမယ့် လူတိုင်းခက်ခဲနေချိန်မှာ အကျိုးအမြတ်မကြည့်ဘဲ တင်သွင်းခွင့်ရရှိသလောက် လိုအပ်နေသူများထံ မရှုံးရင်ပြီးရောဆိုတဲ့ ဈေးတွေနဲ့ ရောင်းချပေးနေပါတယ်။
November နှင့် December လ (2)လ အတွင်း မြန်မာပြည်သို့ တင်သွင်းသမျှ Growatt Inverter များ၊ Sorotec Inverter များ၊ Jinko Tiger Neo Solar Panel များ အားလုံး၏ 90% အထက်သည် Kabarkyaw မှ တင်သွင်းထားခြင်း ဖြစ်ပါတယ်။
Inverter 1 လုံး 3 သိန်း ဈေးတင်ရောင်းရင် အလုံး 1,000 ဆို သိန်း 3,000
Battery 1 လုံး 10 သိန်း ဈေးတင်ရောင်းရင် အလုံး 1000 ဆို သိန်း 10,000
Solar 1 ပြား 1 သိန်း ဈေးတင်ရောင်းရင် အချပ် 10,000 ဆို သိန်းပေါင်း 10,000 အမြတ်ကွာဟပါတယ်။
ဘယ်လိုရောင်းရောင်း မလောက်ဖြစ်နေတာ။ အရေးအကြောင်းဆို ဘယ်ဆိုင်က ဘယ်လို ဈေးနှုန်းတင်ရောင်းပြီး ဘယ်လိုလုပ်လဲ သိသိလျက်နဲ့ အဲ့ဈေးတင်ရောင်းတဲ့ နေရာတွေမှာတော့ ပြဿနာသွားမရှာကြဘဲ အမြတ်အစွန်း ဂဏန်းတွေတောင် ဘေးချိတ်ပြီး အားလုံးအဆင်ပြေအောင်ပဲ ဦးစားပေး ဆောင်ရွက်နေတဲ့ Kabarkyaw မှာပဲ ပစ္စည်းမရလိုက်တဲ့လူတွေကလည်း ပစ္စည်းရဖို့ ပစ္စည်းရမယ့်လူတွေကလည်း အမြန်ရဖို့ နားပူနားဆာလုပ်နေကြတာ တကယ်ကိုအဆင်မပြေပါ။

ညပိုင်းဆို ဆိပ်ကမ်းက ထုတ်တဲ့ Container တွေချ၊ မိုးမလင်းခင် Project ကြီးတွေအတွက် Delivery လုပ်၊ မိုးလင်းပြီဆိုတာနဲ့ လာဝယ်တဲ့ Customer တွေနဲ့ နိုင်‌သလောက် Delivery ပို့ပေး၊ မိုးချုပ်တာနဲ့ ဆိပ်ကမ်းကထုတ်တဲ့ Container တွေ ရောက်လာတာနဲ့ပဲ 24 နာရီလုံး နားချိန်မပြောနဲ့ အိပ်ချိန်စားချိန်မရှိဘဲ နေ့စဉ်ရက်ဆက် အလုပ်လုပ်နေကြရတာ 2 ပတ်နီးပါးရှိလာပြီမို့ Kabarkyaw မှာ လူတွေတင်မကဘူး စက်ကိရိယာတွေပါ မခံနိုင်တာ့ပါ။ Forklift တွေ၊ Crane တွေတောင် Pressure ပိုက်တွေပေါက်၊ ကြိုးတွေပျက်ကုန်ပါပြီ။

ပို့ပေးရမှာတွေက နှစ်ကုန်အထိ ဆက်တိုက်ပို့ပေးရင်တောင် မနိုင်နင်းလောက်အောင် ရောင်းထားပြီး ဖြစ်လို့ လက်ကားအရောင်းများအား 1 ပတ် အရောင်းပိတ်ထားပါမယ်။
လက်လီများ အင်းစိန်၊ မင်းကြီးလမ်း ဆိုင်မှာလာဝယ်ရင် ရောင်းပေးပါမယ်။
ကျန်သောဆိုင် 2 ခု ပိတ်ထားပါမယ်။
အဝေးမှဝယ်ရသူများ Comment တွင် ဖော်ပြထားသော Bank Account သို့ ငွေပေးချေပြီးမှသာ ပစ္စည်းဖယ်ပေးပါတော့မယ်။ Invoice ကြိုပို့ မပေးတော့ပါ။
ယူမယ် ပြောပြီး Invoice ပို့ခိုင်းတယ်။ ပြီးရင် ငွေမလွှဲဘူး။ Kabarkyaw ဆိုင်မှာက လာဝယ်တဲ့လူတွေကို စောင့်နိုင်မှရမယ်ပြောတော့မှ သူတို့ဆီမှာ အမြန်ရမယ်ဆိုပြီး ပြန်ရောင်းတယ်။ တချို့ဆို Kabarkyaw က ပစ္စည်းက ဘယ်လိုညံ့တာ သူတို့ဟာက ဘယ်လို ပိုကောင်းတာဆိုတာက ပါသေးတယ်။ ရောင်းပြီးတော့မှ Kabarkyaw ကို ပို့ခိုင်းတယ်။ ပိုက်ဆံကသာ ရှင်းမထားတာ 1 နာရီခြားတစ်ခါလာက် ဖုန်းဆက်လောတယ်။
ဒါမျိုးတွေ များလာလို့ပါ။
အရောင်းပိတ်ထားစဉ် (1) ပတ်အတွင်း ပို့ပေးရန်ကျန်များကို ပြီးအောင်ပို့ပေးပါမယ်။

ဝယ်သူအားလုံးကို ဝယ်ယူအားပေးတာ ကျေးဇူးတင်ပေမယ့် အဆင်မပြေတာလေးတွေကို နားလည်ပေးဖို့ တတ်နိုင်သလောက် သည်းခံပေးဖို့ မေတ္တာရပ်ခံပါတယ်။
လူတိုင်း အလွယ်တကူ တင်သွင်းပြီး အပြိုင်အဆိုင် ရောင်းနေကြချိန်မှာ Kabarkyaw မှာ ပုံမှန်ဝယ်ယူအားပေးခဲ့ကြတဲ့ Customer များရဲ့ ကျေးဇူးကြောင့်‌‌သာ အခုလို ခက်ခဲချိန်မှာ အခုလောက် အရေအတွက် များများ တင်သွင်းနိုင်ခြင်း ဖြစ်ပါတယ်။
Jinko Tiger Neo 575W/620W
Deye 12kW/ 50kW
Growatt SPF6000ES Plus/ SPF5000ES
Sorotec 3kW/ 5.5kW
(Growatt, Sorotec, Psmart, Deye) LiFePO4
ဒါတွေ Kabarkyaw မှာ အလုံအလောက် တင်သွင်းထားပါတယ်။ ရန်ကုန်ဆိပ်ကမ်းမှာ ပိတ်မိနေတဲ့ ပစ္စည်းအားလုံးလည်း ဆိပ်ကမ်းက ထွက်ပါပြီ။
တင်သွင်းရာမှာ အခက်အခဲတစ်ခုခု တွေ့တိုင်း ကူညီပေးခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Kabarkyaw Solar Energy

အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from Kabarkyaw Solar Energy's post 05/12/2023

Kabarkyaw မှာ Inverter အားလုံး ပစ္စည်းကုန်‌သွားပါပြီ။ Order ပေးချင်ရင်‌တော့ အမြန်ဆုံးရနိုင်မယ့် Inverter 4 မျိုးရဲ့ ဈေးနှုန်းများ

Deye Hybrid 12kW 3 Phase
SUN-12K-SG04LP3-EU
Dealer Price - 6,700,000 ကျပ်
Wholesale Price - 6,800,000 ကျပ်
Retail Price - 6,900,000 ကျပ်

Growatt SPF6000ES Plus Full Accessories
Dealer Price - 1,480,000 ကျပ်
Wholesale Price - 1,500,000 ကျပ်
Retail Price - 1,520,000 ကျပ်

Growatt SPF5000ES Full Accessories
Dealer Price - 1,310,000 ကျပ်
Wholesale Price - 1,330,000 ကျပ်
Retail Price - 1,350,000 ကျပ်

Sorotec Revo VMII Pro 5.5kW
New Design, New Specification
Dealer Price - 830,000 ကျပ်
Wholesale Price - 850,000 ကျပ်
Retail Price - 870,000 ကျပ်

18 ရက်နေ့က ရန်ကုန်ဆိပ်ကမ်းရောက်ရှိထားသော Growatt Inverter များ ဆိပ်ကမ်းက ထုတ်ပါ‌တော့မယ်။ နောက်ထပ် Growatt Inverter Container 3 လုံးလည်း ဆက်တိုက် ထွက်လာမှာပါ။

Kabarkyaw Solar Energy

အမှတ် ၄၈၊ လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်၊ 56 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။

အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from Kabarkyaw Solar Energy's post 01/12/2023

Growatt SPF6000ES+ Container 1 လုံးနှင့်
Jinko Tiger Pro Container 1 လုံး၊ Jinko Tiger Neo Container 2 လုံး Order ပေးထားသော Customer များထံ အပ်နှံလို့ ပြီးစီးပါပြီ။
ဆိပ်ကမ်းမှထုတ်ယူရန် နောက်ထပ် Solar Container 7 လုံးသာ ကျန်ရှိပါတော့မယ်။
Solar Container 3 လုံးစလုံး အကောက်ခွန်တွင် ဒဏ်ကြေးမ‌ဆောင်ရဘဲထုတ်ယူခွင့်ရရှိခဲ့တဲ့အတွက် ယခင်အတိုင်း ဈေးနှုန်းလေးတွေ ထပ်‌လျော့ပေးပါပြီနော်။
10 Pallets အထက် ဝယ်ယူထားသူများ ယခင်အပတ်က ဝယ်ယူထားမှုများမှ စ၍ ဈေးနှုန်းအသစ် အကြုံးဝင်ပါမယ်။ လက်လီဝယ်ယူသူများ December 1 ရက်နေ့ကစပြီး

Jinko Tiger Neo 570 Watt
Monofacial/ Bifacial
1 ချပ်မှ 9 ချပ်: 415,000 ကျပ်
10 ချပ် အထက်: 395,000 ကျပ်
1 Pallet မှ 9 Pallets: 375,000 ကျပ်
10 Pallets မှ 20 Pallets: 355,000 ကျပ်
20 Pallets အထက်: ညှိနှိုင်း

Jinko Tiger Neo 575 Watt
Monofacial/ Bifacial
1 ချပ်မှ 9 ချပ်: 420,000 ကျပ်
10 ချပ် အထက်: 400,000 ကျပ်
1 Pallet မှ 9 Pallets: 380,000 ကျပ်
10 Pallets မှ 20 Pallets: 360,000 ကျပ်
20 Pallets အထက်: ညှိနှိုင်း

ဒီ Model 2 ခု Instock ချက်ချင်းရပါမယ်။

Jinko Tiger Pro 550W နှင့် Jinko Tiger Neo 615W/620W Order ပေးထားသော Solar ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် Solar မြစ်ရေတင်စီမံကိန်းအားလုံးကို အချိန်မီ ပေးအပ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသည့်ကြားမှ နောက်ကျမှုများ ဖြစ်ပေါ်‌နေခြင်းအပေါ် အနူအညွတ် တောင်းပန်အပ်ပါတယ်။
Order လက်ခံစဉ် ပေးထားသော Container Tracking Data များမှာ Real Time Information များ ဖြစ်ပါတယ်။
Unloaded at Port of Discharging သာ Actual Time ပေါ်ပြီး Gate Out to Consignee မှာ Estimate ဖြစ်နေတာ ဆိပ်ကမ်းထုတ်မရသေးလို့ပါနော်။
Gate Out မှာ Actual Time ပေါ်ပြီး 1 နာရီလောက် ကြာရင် Kabarkyaw မှာ ပစ္စည်းလာထုတ်လို့ရပါပြီ။ ပို့ပေးရမယ့် Solar ပြားအားလုံးကိုလည်း သက်ဆိုင်ရာ စီမံကိန်း Site အရောက် အမြန်ဆုံးပို့ဆောင်ပေးနေပါတယ်။

ရှေ့အပတ်အတွင်း Container 3 လုံး (သို့) 4 လုံး အကောက်ခွန်ရှင်းလင်းပြီးစီးနိုင်မည်ဖြစ်ပြီး ကြိုတင် Order ပေးချင်ရင်တော့ ဈေးနှုန်းလေးတွေက

Jinko Tiger Neo 620 Watt
Monofacial/ Bifacial
1 ချပ်မှ 9 ချပ်: 450,000 ကျပ်
10 ချပ် အထက်: 430,000 ကျပ်
1 Pallet မှ 9 Pallets: 410,000 ကျပ်
10 Pallets မှ 20 Pallets: 390,000 ကျပ်
20 Pallets အထက်: ညှိနှိုင်း

Growatt SPF5000ES Full Accessories
Dealer Price - 1,310,000 ကျပ်
Wholesale Price - 1,330,000 ကျပ်
Retail Price - 1,350,000 ကျပ်

Growatt SPF6000ES Plus Full Accessories
Dealer Price - 1,480,000 ကျပ်
Wholesale Price - 1,500,000 ကျပ်
Retail Price - 1,520,000 ကျပ်

Growatt SPF6000ES+ လေးတွေက ဆိပ်ကမ်းထုတ်တဲ့နေ့ လာဝယ်သူတိုင်း သေချာပေါက်ရမှာ အာမခံသလို 3 ရက်အတွင်း ရောင်းကုန်မှာလည်း သေချာပါတယ်။
ရန်ကုန်ဆိပ်ကမ်း မရောက်သေးတဲ့ နောက်ထပ် Growatt Inverter နှင့် Battery Container 4 လုံး ဝင်လာဦးမှာ ဖြစ်သလို ဈေးနှုန်းလည်း ပြောင်းလဲဖို့ အစီအစဉ်မ‌‌ရှိသေးလို့ အချိန်‌စောင့်နိုင်သူများ နောက်အသုတ်များမှသာ ဝယ်ကြပါ။
ဝယ်တာနှေးနေလို့ မရလိုက်သူများလည်း အပြစ်မတင်ကျပါနဲ့နော်။ တင်သွင်းထားတဲ့ အရေအတွက်နဲ့ ဝယ်လိုအားမမျှလို့ လက်သွက်သူများသာရမယ့် အနေအထားဖြစ်နေလို့ပါ။
SPF5000ES တွေကတော့ SPF6000ES+ တွေလောက် ဝယ်လိုအား များများမရှိလို့ အေးဆေးမှ လာဝယ်လည်း ကျန်မှာပါ။

လက်ရှိ Kabarkyaw က ရောင်းနေတဲ့ Solar ပစ္စည်းတွေက နယ်စပ်ကနေ အခကြေး‌ငွေဖြင့် သွင်းပေးနေတဲ့ Company တွေယူတဲ့ 1 CMB ဘယ်လောက်၊ 1 Kg ဘယ်လောက် ဆိုတာတွေလောက်ကို အမြတ်မယူထားတဲ့အပြင် Service ပိုင်းကိုလည်း Warranty Claim Form တစ်ခါပို့လိုက်ရင် 1 လ နေလည်း ရောက်မလာ၊ 2 လ နေလည်း ရောက်မလာတဲ့ စက်ရုံကပေးတဲ့ Warranty Spare Parts များ စောင့်ဆိုင်းရမယ့်အစား ပစ္စည်းဝယ်စဉ်ပါလာတဲ့ Spare Parts 2% ကို Retail Unit အဖြစ် မရောင်းစားဘဲ Spare Parts ဆောင်ထားတဲ့အပြင် နောက်ထပ် 5% - 8% လောက် Spare Parts အပိုထပ်ဝယ်ဆောင်ထားပေးပြီး ခေတ်မီ Diagnosis Tools များ၊ Servicing Tools များ အသုံးပြု၍ အခမဲ့ Service ဆောင်ရွက်ပေးနေပါတယ်။

Solar ပစ္စည်းတွေ ဈေးကျစေချင်လွန်းလို့သာ ရောင်းမလောက် ဖြစ်‌‌နေချိန်မှာကို ဆက်တိုက်ဈေးလျော့ပေးနေ‌သော်လည်း လက်တွေ့မှာ အခက်ခဲဆုံးအခြေအနေကြားမှ တင်သွင်းနေရတာမို့ မနိုင်နင်းဖြစ်နေပါတယ်။
ယခင်ဈေးနဲ့တောင် နိုင်နင်းအောင် မရောင်းနိုင်တာ ယခုထပ်လျော့ထားတဲ့ ဈေးနဲ့ဆို ပို၍မနိုင်မနင်း ဖြစ်လာမှာဖြစ်သောကြောင့် Customer များ Kabarkyaw မှာ ဝယ်ရတာ အဆင်မပြေတာလေးတွေရှိခဲ့ရင်တောင် ရောင်းနေတဲ့ဈေးက နယ်စပ်က 1 CBM ဘယ်လောက် 1 kg ဘယ်လောက် ဆိုတဲ့ Company တွေလောက်ကို အမြတ်မယူထားတာကို ငဲ့ကွက်ပြီး သည်းခံနားလည်ပေးကြပါ။

Kabarkyaw Solar Energy

အမှတ် ၄၈၊ လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်၊ 56 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။

အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

အမှတ် ၂၃၆၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်း (ကမ်းနားလမ်း) လမ်းဆုံ၊ GTI ကျောင်းနှင့် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) မီးပွိုင့်အနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

14/11/2023

ရန်ကုန် MIP ဆိပ်ကမ်းသို့ ရောက်ရှိနေသော Growatt SPF6000ES Plus Full Accessories များ မနက်ဖြန် အကောက်ခွန် ရှင်းလင်းပြီးစီး၍ ဆိပ်ကမ်းမှ ထုတ်ပါမယ်။ ညနေပိုင်းမှ ဆိပ်ကမ်းထုတ်မှာပါ။ အရေးကြီးသူများ အင်းစိန် Kabarkyaw ဆိုင်မှာ Container ကားအား လာရောက် စောင့်ဆိုင်းထုတ်ယူနိုင်ပါတယ်။

Growatt SPF6000ES Plus Full Accessories
Dealer Price - 1,480,000 ကျပ်
Wholesale Price - 1,500,000 ကျပ်
Retail Price - 1,520,000 ကျပ်

ရှိတုန်းမဝယ်ဘဲ ကုန်သွားတော့မှ "တကယ်လည်း ရောင်းပေးနိုင်တာ မဟုတ်ဘဲ ဈေးကွက်ဖျက်ချင်လို့ ဈေးတွေ လျှောက်တင်ထားတာတို့၊ တကယ်လည်း ဝယ်လို့ရတာ မဟုတ်ဘူး" တို့ မပြောကြပါနဲ့နော်။
Container 1 လုံး အပြည့်မို့ မနက်ဖြန်သာ တကယ်လာဝယ်ရင် မရစရာ မရှိပါ။
မြန်မာပြည်သို့ နိုဝင်ဘာလအတွင်း SPF6000ES+ တရားဝင်တင်သွင်းထားတာ Container 2 လုံးသာ ရှိပြီး နောက်တစ်လုံးမှာ လကုန်ပြီးမှသာ ဝင်တော့မှာမို့ ဆိုင်သမားများ Supply & Demand ချင့်ချိန် ဝယ်ယူထားကြပါ။

Kabarkyaw Solar Energy
အမှတ် ၄၈၊ လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်၊ 56 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
အမှတ် ၂၃၆၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်း (ကမ်းနားလမ်း) လမ်းဆုံ၊ GTI ကျောင်းနှင့် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) မီးပွိုင့်အနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from Kabarkyaw Solar Energy's post 03/11/2023

ယခင်က ဝယ်သူအားလုံးကို Solar ပစ္စည်းအားလုံး နောက်ကျမှ ဝယ်လေ ဈေးပိုသက်သာလေ။ ဘယ်နေရာမှာ ဘယ်လို ဈေးတက်တက် Kabarkyaw မှာတော့ လစဉ် ဈေးလျော့ဖို့ပဲရှိတယ်လို့ ပြောခဲ့ပေမယ့် တင်သွင်းခွင့် အခက်အခဲများကြောင့် မကြာမီဈေးတက်ဖို့ ရှိလာပါတော့မယ်။

Permit သက်တမ်းမကုန်ခင် အချိန်မီရောက်တဲ့ နောက်ဆုံး Solar Container လေးတွေ ဆိပ်ကမ်းက ထုတ်ပြီးပါပြီ။

Jinko Tiger Neo 575 Watt
Monofacial/ Bifacial
1 ချပ်မှ 9 ချပ်: 430,000 ကျပ်
10 ချပ် အထက်: 420,000 ကျပ်
1 Pallet မှ 9 Pallets: 410,000 ကျပ်
10 Pallets အထက်: 400,000 ကျပ်

Jinko Tiger Neo 615 Watt
Bifacial Only
1 ချပ်မှ 9 ချပ်: 465,000 ကျပ်
10 ချပ် အထက်: 455,000 ကျပ်
1 Pallet မှ 9 Pallets: 445,000 ကျပ်
10 Pallets အထက်: 435,000 ကျပ်

ပစ္စည်းကုန်သည်အထိတော့ ယခင်ဈေးအတိုင်း ရောင်းချပေးမှာပါ။ Permit အသစ်များ ပြန်ရချိန်အထိ နောက်ထပ်တင်သွင်းမှုများ ရပ်တန့်ထားမည်ဖြစ်သော‌ကြောင့် Solar Pre-Order များတော့ လက်မခံတော့ပါ။

သင်္ဘောနောက်ကျ၍ Permit သက်တမ်းကုန်ပြီးမှ ရောက်ရှိသောကြောင့် ဆိပ်ကမ်းထုတ်မရသော Solar Container 40'HC (10) လုံးတော့ ကျန်ပါဦးမယ်။
Permit သက်တမ်းတိုး ရရှိစေရန် ကြိုးပမ်းနေပြီး မရရှိပါက ဒဏ်ကြေးပေးဆောင်ရမှုပေါ် မူတည်၍ ရှေ့လတွင် ဈေးနှုန်းတိုးမြှင့် ရောင်းချရပါတော့မည်ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးပါရစေ။
ဥပမာ - Jinko 575W 1 ချပ် ရဲ့ AV Valve မှာ $128 ဖြစ်သဖြင့် 1/180AV ပေးဆောင်ရပါက $0.71 ဝန်းကျင်သာ ဖြစ်သဖြင့် ဈေးမပြောင်းဘဲ ဆက်လက် ရောင်းချပေးနိုင်သော်လည်း 1AV သာ ဒဏ်ကြေးပေးဆောင်ရပါက ဒဏ်ကြေးသီးသန့် $128 ဖြစ်သဖြင့် Solar Panels အားလုံး 2 ဆ ဝန်းကျင် ဈေးတက်ရောင်းချရပါတော့မယ်။

Solar ဆိုတာ အခြားသော သွင်းကုန်ပစ္စည်းများကဲ့သို့ အကောင်းအဆိုး ဒွန်တွဲနေခြင်းမျိုးမဟုတ်ဘဲ အကျိုးကျေးဇူး သီးသန့် ပေးသောကြောင့် တင်သွင်းခွင့်များ ပြန်လည် ဖြေလျော့ပေးလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။
ဥပမာ - EV ကားများတင်သွင်းမှုကြောင့် ဆီကားများတင်သွင်းခြင်းထက် လောင်စာဝယ်ယူမှု လျော့ကျ၍ ပတ်ဝန်းကျင် ညစ်ညမ်းစေမှုကို လျော့ချပေးသော်လည်း ယခင်ကတည်းက မလောက်ငသော လျှပ်စစ်စွမ်းအင်ကို ပိုမို၍ မလောက်မင ဖြစ်စေပါတယ်။
Inverter နှင့် Battery တင်သွင်းခြင်းသည် Solar နှင့် တွဲစပ်အသုံးပြုပါက ပြဿနာမရှိသော်လည်း Solar မတပ်ဘဲ Grid (EPCမီး) ဖြင့် အားသွင်းပြီး မီးပျက်ချိန်တွင် အားပြန်ထုတ်သုံးခြင်းဖြစ်ပါက ဝယ်ယူထားသူများအတွက်အဆင်ပြေစေသော်လည်း Battery မရှိသူများ EPC မီးသာ စောင့်သုံးနေရသူများအတွက်မူ မီးရရှိမှု ပို၍ နည်းသွားစေပါတယ်။

နေမှလာသော Photon များ အရာဝတ္ထုများအပေါ် ရိုက်ခတ်ပါက Side Effect - အပူအဖြစ် ပြောင်းလဲသွားရမည့်အစား Solar ပြားများအပေါ် ရိုက်ခက်ပါက လျှပ်စစ်အဖြစ် ပြောင်းလဲသွားသောကြောင့် ဝယ်ယူသုံးစွဲသူများအတွက် လျှပ်စစ်ရရှိစေယုံသာမက ပတ်ဝန်းကျင်ကိုပါ အပူသက်သာစေပါတယ်။ ပိုက်ဆံကုန်တာက လွဲရင် ဘာဆို ဘာမှမကောင်းတာမရှိသော၊ ဘယ်သူ့ကိုမှ ဒုက္ခမပေးသော ပစ္စည်းများ ဖြစ်ပါတယ်။

Solar Inverter များလည်း သွင်းကုန် Permit ကျန်သလောက် ဆက်တိုက် တင်သွင်းထားပါတယ်။
ရှေ့အပတ်ထဲ Growatt SPF6000ES+ Container 1 လုံး အပြည့် ရန်ကုန်ဆိပ်ကမ်းဝင်ပါမယ်။

Growatt SPF6000ES Plus Full Accessories
Dealer Price - 1,480,000 ကျပ်
Wholesale Price - 1,500,000 ကျပ်
Retail Price - 1,520,000 ကျပ်

ယခင်လကထက် 20,000 ဈေးလျော့ပေးထားပါတယ်။
တင်သွင်းခွင့် ရရင်ရ‌‌သလာက် ဆက်လက်တင်သွင်းမှာ ဖြစ်ပြီး ကုန်ကျစရိတ်သက်သာသွားရင် သက်သာသွားသလောက် ယခုလိုပဲ ဈေးလျော့ပေးမှာ ဖြစ်ပါတယ်။
Growatt စက်ရုံဘက် Data များအရ ယခုလအတွင်း မြန်မာပြည်ကိုတိုက်ရိုက်ပို့ဆောင်ထားတာ Kabarkyaw ရဲ့ Container 2 လုံးပဲ ရှိပါတယ်။ ပြိုင်ဘက်ရှိလို့ ဈေးလျော့တာမဟုတ်ဘဲ ပြိုင်ဘက်လုံးဝ မရှိတောင် အရင်းသက်သာရင် သက်သာသလောက် Kabarkyaw မှာ ယခင်ကရော၊ ယခုရော ဆက်တိုက် ဈေးလျော့ပေးခဲ့သလို $ exchange Rate 4000 ဝန်းကျင် ဖြစ်ခဲ့ချိန်မှာတောင် ပစ္စည်းကုန်သည်အထိသာမက အဝယ်ရှိသလောက် Pre-Order လက်ခံခဲ့ပြီး ဈေးမတက်ဘဲ ဈေးတောင်လျော့၍ ရောင်းချပေးခဲ့တာ မှတ်မိကြမှာပါ။

Growatt AXE C1 Battery များနှင့် SPF5000ES များလည်း ဝင်ဖို့ရှိပါသေးတယ်။

Growatt AXE C1 Modular Battery
1 Unit Price - 39 သိန်း
5 Units Price - 39 သိန်း (Free - Battery Base)
10 Units Price - 39 သိန်း (Free - Cable Set)
20 Units Price - 39 သိန်း (Full Accessories)

Growatt SPF5000ES Full Accessories
Dealer Price - 1,350,000 ကျပ်
Wholesale Price - 1,370,000 ကျပ်
Retail Price - 1,400,000 ကျပ်

Kabarkyaw က ရောင်းချထားတဲ့
Growatt SPF5000ES
Growatt SPF6000ES+
Sorotec Revo VMII Pro 3kW
Sorotec Revo VMII Pro 5.5kW
Model 4 ခုအတွက် Spare Parts လုံလုံလောက် လောက် ကျန်ရှိသလို Battery Cell များနှင့် BMS များလည်း Spare Parts ကျန်ရှိပါတယ်။

Kabarkyaw မှ ရောင်းချသော Jinko Tiger Neo Solar Panels များရဲ့ Warranty Claim % သည် 0.001% တောင် မရှိသောကြောင့် Warranty အတွက် ပစ္စည်းမဖယ်ထားဘဲ ပစ္စည်းကုန်သွားချိန်တွင် Warranty Claim များရှိလာပါက ဈေးကွက်အတွင်း အလားတူပစ္စည်း ပြန်ဝယ်ယူ၍ အစားပေးခြင်းဖြစ်စေ၊ ငွေပြန်အမ်းခြင်းဖြင့်ဖြစ်စေ ဖြေရှင်းပေးပါမည်။
အတိအကျ ပြောရရင် ယနေ့အချိန်အထိ Warranty Claim % က 0% ပါ။

Kabarkyaw တွင် လက်ရှိ တရားဝင်တင်သွင်းထားသော Solar ပစ္စည်းများနှင့် ထပ်ဝင်မယ့် Solar ပစ္စည်းများ အခြေအနေကို အားလုံးသိရှိအောင် ကြေညာပေးခြင်း ဖြစ်ပါတယ်။
Official Importer, Distributor, Dealer, Reseller , Channel Partner စသဖြင့် ဘာမှန်းမသိတာတွေ မရှုပ်ရှုပ်အောင်ပြောပြီး ဘယ် Company က သွင်းလို့ သွင်းမှန်း မသိတဲ့ မူဆည်၊ မြဝတီနယ်စပ်ပေါက်များမှ တရားမဝင် ခိုးသွင်းသူများရဲ့ ပစ္စည်းများကတော့ စစ်ပွဲလုံခြုံရေး တည်ငြိမ်ရင် တည်ငြိမ်သလို၊ အစစ်အဆေးအဖမ်းအဆီး လျော့ရင်လျော့သလို ဆက်ဝင်နေမှာပါ။
ပစ္စည်းအတုမဟုတ်သ၍ သုံးစွဲသူများရရှိမည့် Quality တော့ ထူးထူးခြားခြား ကွာခြားစရာမရှိပါ။
Kabarkyaw တွင်တော့ သွင်းကုန် Permit အသစ်များ ပြန်ပေးချိန်အထိ Solar ပစ္စည်း နောက်ထပ်တင်သွင်းမှုများ အားလုံးရပ်နားလိုက်ပါပြီ။

Kabarkyaw Solar Energy
အမှတ် ၄၈၊ လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်၊ 56 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။

အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

အမှတ် ၂၃၆၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်း (ကမ်းနားလမ်း) လမ်းဆုံ၊ GTI ကျောင်းနှင့် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) မီးပွိုင့်အနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from Kabarkyaw Solar Energy's post 29/10/2023

Warranty 2 Years ရရှိမယ့် Design အသစ် နှင့် SOROTEC REVO VMII Pro 3kW လေး တွေ ရောက်ရှိလို့လာပါပြီ။

1. AC Output
Battery သာ Current နိုင်အောင် ထုတ်ပေးနိုင်မယ်ဆို 3kW အပြည့်သုံးလို့ရပါမယ်။
လူအများစု နားလည်လွယ်အောင် ပြောရရင် ပုံမှန် 1HP AC နှစ်လုံး (သို့) Inverter Type 1.5HP AC နှစ်လုံးတစ်ပြိုင်တည်း သုံးလို့ရပါတယ်။

2. AC Charging
Solar မတပ်ထားတောင် AC သီးသန့် 60A အထိ အားသွင်းနိုင်သောကြောင့် 24V, 200Ah Battery တစ်လုံးကို 3 - 4 နာရီဖြင့် 0 - 100% ပြည့်အောင် သွင်းနိုင်ပါတယ်။ Budget အနည်းဆုံးဖြင့် Solar မပါဘဲ Fast Charging လုပ်ချင်သူများ၊ Lithium Battery နှင့် Air Con သုံးချင်သူများအတွက် အကောင်းဆုံး ရွေးချယ်မှု။

3. Solar Charging
Voc : 500V, Operation Range : 60V - 450V
3000 W အပြည့် Solar ကနေ Output ထုတ်ပေးနိုင်သလို MPPT Operation Range ကျယ်သောကြောင့် Solar အမျိုးအစားအားလုံး Series သွယ်တန်းနိုင်သောကြောင့် Efficiency လည်း ကောင်းသလို Budget လည်း သက်သာမှာပါ။

ဈေးနှုန်းသက်သာတဲ့ Inverter တွေမှာ ကြုံရလေ့ရှိတဲ့ Voc အမြင့် လက်မခံနိုင်လို့ Parallel တွေသွယ်ရ၊ A တွေတက်၊ ကြိုး Size အကြီးတွေ သုံးရ၊ ကြိုးထဲမှာတင် Load တွေ ပျောက်ကုန်တဲ့ ပြဿနာတွေ ဒီ Inverter နဲ့ဆို မေ့ထားလို့ရပါပြီ။

4. Efficiency
MPPT High Voltage လက်ခံနိုင်သော Inverter များတွင် PV လုံလောက်အောင်ပေးနိုင်ပါက PV (Solar) to AC Output Direct ထုတ်ပေးနိုင်သည့်အတွက် Efficiency ကောင်းပါမည်။
PV လုံလောက်အောင် မရရှိချိန်တွင်တော့ အခြားပုံမှန် Inverter များကဲ့သို့ပင် PV ကနေ DC Low Voltage (Battery Voltage) Step Down အရင်ဆင်း၊ ပြီးရင် DC Step Up တင်ပြီးမှ AC ပြောင်းပေးပါမည်။ Efficiency ကျပါမည်။

5. Without Battery Mode
PV (Solar) မှ စွမ်းအင်လုံလောက်အောင် ရရှိပါက Battery လုံးဝ မတပ်ထားဘဲ PV to AC Output ထုတ်ပေးနိုင်ပါတယ်။
Battery နှင့် AC Input လုံးဝ တပ်မထားဘဲ PV သီးသန့်ဖြင့် 2000 Watt Hot Air Gun အသုံးပြုပြထားသည့် Video တင်ပေးထားပါတယ်။

PV မှ စွမ်းအင် လုံလောက်အောင် မရရှိချိန်တွင်လည်း AC Input (EPC မီး) ရှိပါက Battery မပါဘဲ Solar နှင့် EPC မီးအား (မီတာခသက်သာစေရန်) Hybrid အသုံးပြုနိုင်ပါတယ်။
Inverter များသည် တန်ခိုးရှင်များ မဟုတ်၍ PV မှ စွမ်းအင် လုံလောက်အောင်လည်း မရရှိ၊ AC Input လည်း မရှိ၊ Battery လည်း မတပ်ထားရင်တော့ Overload ပြပြီး စက်ပိတ်သွားပါလိမ့်မည်။

Solar, Inverter နှင့် Battery (3) ခုတွင်
Inverter များသည် အပျက်တတ်ဆုံး ပစ္စည်းဖြစ်သော်လည်း ပျက်လာခဲ့ရင် စနစ်တကျပြုပြင်ပြီးပါက အသစ်အတိုင်းပြန်ဖြစ်သော သက်တမ်းမရှိသော ပစ္စည်းဖြစ်ပါတယ်။
Solar ဆိုသည်မှာလည်း လူ့တစ်သက်တမ်းနီးပါး အသုံးပြုနိုင်သောပစ္စည်း ဖြစ်ပါတယ်။
(Warranty တောင် နှစ် 30)
Inverter + Solar ကုန်ကျစရိတ်ထက် အမြဲပိုလေ့ရှိသော ပစ္စည်းမှာ Battery ဖြစ်ပါတယ်။
ဘယ်လောက်ကောင်းတဲ့ Battery ဖြစ်ဖြစ် သက်တမ်းရှိပါတယ်။
ပျက်ပျက်၊ မပျက်ပျက် သုံးရင် သုံးသလောက် သက်တမ်းတိုပါတယ်။
နောင်တစ်ချိန် တစ်နေ့နေ့မှာ မီးတွေ လုံးဝသာ မပျက်တော့ရင် Solar တပ်ခဲ့တာများ မှားသွားလေမလား ရှာကြံတွေးသူများ Without Battery အသုံးပြုနိုင်သော Inverter များသာ ဝယ်ယူပါ။
မီးတွေ လုံးဝ မပျက်‌‌တော့ဘူးဆို Battery ဖြုတ်သုံးပါ။
Battery သာ တပ်စရာမလိုရင် လက်ရှိ EPC မီတာခနှင့် လက်ရှိ Solar + Inverter ဈေးနှိုင်းယှဥ်လျှင် 4 နှစ်ဆို အရင်းကျေပါပြီ။

6. Warranty - 2 Years
Warranty ပေးပုံပေးနည်းကတော့ Kabarkyaw က ရောင်းတဲ့ အခြား Inverter များနဲ့ အတူတူပါပဲ။ Kabarkyaw မှာ REVO VMII Series အတွက် အဆင်သင့်ပြင်ဆင်ထားတဲ့ Spare Parts တွေတော့ ပုံထဲမှာသာ ကြည့်ကြည့်လိုက်ပါ။

7. ဈေးနှုန်း
ဈေးတန်တန်နဲ့ ရမယ်ဆိုလို့ စောင့်ဆိုင်း နေသူများအတွက် စိတ်မပျက်စေရမယ့်ဈေးနှုန်း
Dealer Price - 480,000 ကျပ်
Wholesale Price - 490,000 ကျပ်
Retail Price - 500,000 ကျပ်
စက်ရုံရဲ့အနည်းဆုံးဈေးကိုမှ 5% လောက် ထပ်လျော့ပေးပါ။ Kabarkyaw က 5% အောက် အမြတ်နဲ့ ရောင်းပေးပါမယ်ဆိုပြီး ခက်ခက်ခဲခဲ ညှိနှိုင်းပြီးမှ ရရှိသောဈေး ဖြစ်ပါတယ်။

Kabarkyaw Solar Energy
အမှတ် ၄၈၊ လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်၊ 56 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
အမှတ် ၂၃၆၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်း (ကမ်းနားလမ်း) လမ်းဆုံ၊ GTI ကျောင်းနှင့် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) မီးပွိုင့်အနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Photos from Kabarkyaw Solar Energy's post 25/10/2023

လက်ရှိအမှန်အကန် တရားဝင်တင်သွင်းနေတဲ့ Importer Company များရဲ့ အခက်အခဲများ
- Import Permit လွယ်လွယ်ပေးတဲ့အချိန် China ဘက်က ပစ္စည်းဝယ်မရတဲ့ သောက
- ပစ္စည်းဝယ်ရတဲ့အချိန် Permit မရတဲ့ သောက
- Permit လည်း ရှိတယ်။ China ဘက်မှာလည်း စာချုပ်ချုပ်ပြီး သူတို့ ပစ္စည်းပို့တာ နောက်ကျတာဖြစ်ဖြစ်၊ သင်္ဘောအချိန်ဇယား ပြောင်းတာ ဖြစ်ဖြစ် နောက်ကျမှ ရောက်လာလို့ ရှိတဲ့ Permit သက်တမ်းတိုးမရတဲ့ သောက
- ပစ္စည်းပို့တာ နောက်ကျလို့ ပိုက်ဆံ Refund ပြန်တောင်းပြန်ရင်လည်း ကိုယ်လွှဲတုန်းက ကာလ‌ပေါက်ဈေးနဲ့ ပြန်ရမှာက ရည်ညွှန်းဈေးနဲ့ အချီကြီးရှုံးမယ့် သောက
- Solar တွေဆို သယ်ယူပို့‌ဆောင်ရင်း ကွဲတဲ့ သောက
လူနှင့်သယ်ရင် ခရီးမတွင်ဘဲ အပျက်အစီးနည်းပေမယ့် စက်ယန္တယားတွေ သုံးပြီးသယ်ရင် မြန်သလောက် အကွဲအပြုလည်းများပါတယ်။
- ကိုယ့်ဘက်က Customer တွေအပေါ် စေတနာနဲ့ ပိုက်ဆံမတောင်းဘဲ Free Delivery သာ ပို့ပေးတာ ကွဲသွားရင် အိတ်စိုက် လျော်ရတဲ့ သောက
- ဘယ်လို နေရာဖြစ်ဖြစ် အထိအခိုက်အနည်းဆုံးနဲ့ တပ်မဲ့နေရာနဲ့ အနီးဆုံး ပို့ပေးနိုင်အောင် ယန္တယားတွေ၊Forklift တွေ၊ Crane ကား တွေ Size စုံအောင် ဝယ်ထားရတာ Solar ကရတဲ့ အမြတ်နဲ့တွက်ရင် အနုတ်တွေ ပြနေတဲ့ သောက

အဲ့သောကတွေ နဲ့ယှဉ်ရင် Warranty ဆိုတာ Kabarkyaw အတွက် ပြဿနာကို မဟုတ်တဲ့အရာပါ။

Solar Warranty
Jinko Tiger Neo တွေရဲ့ Warranty က နှစ် 30 ပါ။
Kabarkyaw က အချပ်ရေ သိန်းကျော် ရောင်းချထားတဲ့ထဲမှာ Warranty Claim 1 ချပ်တောင် လာတောင်းထားတာ မရှိပါ။ နောက် နှစ် 30 ဆိုတာ အဲ့ Solar တပ်ဆင်ထားတဲ့ အောက်ခံ သံ Frame တောင် အဲ့လောက် သက်တမ်းမရှိပါ။ နောက်ပြီး နောက် နှစ် 30 အထိလည်း Jinko စက်ရုံက ဒီ Series တွေ ဆက်ထုတ်မှာ မဟုတ်ပါ။ Cheetah, Tiger, Tiger Pro, Tiger Neo, ... စသဖြင့် နှစ်အလိုက် နည်းပညာအသစ်တွေ ပေါ်လာလို့ Series အသစ်တွေ ပေါ်လာတာနဲ့ နည်းတူ Series အဟောင်းတွေ ထုတ်လုပ်မှုရပ်သွားတာတွေ ချည်းပါပဲ။ Solar ဆိုတာ ပြုပြင်လို့ရတဲ့ ပစ္စည်းတွေ မဟုတ်လို့ Warranty လာ Claim လည်း အလားတူ Solar ပြား တစ်ခု အစား ပေးတာနဲ့ ငွေပြန်အမ်းတာနဲ့ အဖြေ 2 ခု ပဲ ရှိ‌‌တာကို သူတို့ဆီက ဝယ်ရင် Warranty က ဘယ်လို၊ ဟိုကဝယ်ရင် ဘယ်လိုနဲ့ တိုက်ခိုက်နေကြတာ မြင်ကို မကောင်းပါ။

Inverter Warranty
Inverter တွေအတွက် Warranty ဆိုတာ
1. ကျွမ်းကျင်တဲ့ ပညာရှင်ရယ်
2. စစ်ဆေးရာမှာ သုံးတဲ့၊ ပြုပြင်ရာမှာ သုံးတဲ့ Tools တွေရယ်
3. Spare Parts တွေရယ်
အစုံအလင်ရှိရင် 2 Years Warranty မပြောနဲ့ Lifetime တောင် ပေးရတာ အပန်းမကြီးပါ။
1 နဲ့ 2 က Kabarkyaw မှာ ပြဿနာ မရှိပေမယ့် 3 ကတော့ Import Permit တွေ ယခုထက် မတရား ကန့်သတ်လာရင် ပြဿနာ ရှိလာနိုင်ပါတယ်။
Warranty အတွက် ကိုယ့်ဘာသာ ဘာမှမပြင်ဆင်ထားဘဲ စက်ရုံကပို့ပေးတဲ့ ပစ္စည်းစောင့်လို့ကတာ့ Customers တွေရဲ့ အဆဲမှာ ပက်လက်မျောဖို့ပဲ ရှိတယ်။
Inverter ဆိုတာ Solar လို မဟုတ်ပါ။ Solar ဆိုတာ အလွယ်တကူ ပျက်တက်တဲ့ ပစ္စည်းမဟုတ်လို့ အချပ်ရေ သိန်းချီ ရောင်းဖူးတဲ့ Kabarkyaw တောင် တစ်ချပ် အပျက် မကြုံဖူးပေမယ့် Inverter ဆိုတာ အလွယ်တကူ ပျက်တတ်တဲ့ပစ္စည်းပါ။ ဘယ်လိုကောင်းပါတယ်ဆိုတဲ့ Inverter မဆို ပျက်တတ်ပါတယ်။ ပျက်လာရင် အမြန်ဆုံး၊ အကောင်းဆုံး ဖြေရှင်းပေးဖို့ပဲ လိုတာပါ။ ဘာကြောင့်ပျက်တာလဲ လေ့လာရင်လည်း သုံးစွဲပုံနှင့် တပ်ဆင်ပုံ ကြောင့်ဖြစ်တာ များပါတယ်။ ဒါပေမယ့် အဲလိုမပျက်အောင် အကာအကွယ်စနစ်တွေ ထည့်ပေးရမှာ စက်ရုံရဲ့တာဝန်ပါ။ ဥပမာ - Overload ကြောင့် ပျက်နိုင်ရင် Overload Protection ထည့်ပေးထားလို့ရပါတယ်။ အဲ့ဒါကို Factory Fault, User Fault ပြောပြီး ငြင်းလို့ကတာ့ ဘယ်တော့မှ အဖြေထွက်လာမှာကို မဟုတ်ပါ။
Deye, Growatt, Sorotec နှင့် Must တံဆိပ် တွေထဲက Kabarkyaw က လက်ရှိ ရောင်းချနေတဲ့ Model တွေထဲမှာ အားနည်းချက် ကြီးကြီးမားမား ရှိတဲ့ Model, Kabarkyaw မှာ နိုင်နိုင်နင်းနင်း မပြင်နိုင်တဲ့ Model မရှိလို့ဘယ်စက်ရုံကိုမှ ခေါင်းပြန်ရောင်း လွှဲချစရာကို မရှိပါ။ စက်ရုံများရဲ့ Warranty ပေးမှုကလည်း အဲ့ Company 4 ခုစလုံး သဘောကျစရာကို မရှိသေးပါ။

Battery Warranty
Kabarkyaw မှာတော့ ကိုယ်လက်မခံနိုင်တဲ့ Quality နဲ့ Battery ဆို အစကတည်းက မရောင်းပါ။
Acid (အစို, အခြောက်, GEL, AGM, Tabular) ဘာမှမရောင်းခဲ့ဘဲ အစကတည်းက LiFePO4 ပဲ ရောင်းခဲ့တာ ဒါကြောင့်ပါ။
ခက်တာက Customer တွေက အလွယ်တကူ နားလည်နိုင်တဲ့ Design နဲ့ ဈေးပဲ သိကြတော့ တကယ်သွင်းချင်တဲ့ ပစ္စည်းမသွင်းရဘဲ ဈေးသက်သာပြီး လှတာ ပတ်သွင်းနေရတာ ခက်တာ။ ပိုဆိုးတာက တချို့ Customers တွေက ဘယ် Brand က စက်ရုံက Warranty လုံးဝ အဆင်မပြေဘူး။ ပစ္စည်းတွေက ဘယ်လိုကွာတယ် ရှင်းပြတာတောင် Kabarkyaw က မကောင်းဘူးပြောတဲ့ Battery က အခြားဆီမှာ ကောင်းပါတယ် ပြောတဲ့ Battery ထက် အပုံကြီးသာသေးတယ် ပြောပြီးဝယ်သွားတာ အခက်ဆုံးပဲ။ ဒီလို Customers တွေကြောင့်လည်း သူများ 58 သိန်းနဲ့ ရောင်းတဲ့ Eitai တွေ Kabarkyaw မှာ သိန်း 60 နဲ့ကို 126 လုံး ရောင်းမလောက်ဘဲ တန်းကုန်သွားခဲ့တာ။ အဲ့လိုပြောလို့ သူ့ဘာသာ အဆင်မပြေတာက မပြေတာပဲ Kabarkyaw က Eitai စက်ရုံနဲ့ စာချုပ်ချုပ်ထားတာ 10 Years Warranty သူများတကာလို 5 Years တောင် မဟုတ်။
အဲ့သလိုပဲ အခြားဘယ်စက်ရုံက ဘယ်လောက် Warranty ညံ့ညံ့ Kabarkyaw မှာ Warranty လျော့ပြီး ဝယ်ထားတာ ဘယ်ပစ္စည်းမှမရှိပါ။

Kabarkyaw ကို Spare Parts တွေ အဆင်ပြေအောင် ပေးပေးရင် အဲ့စက်ရုံကထွက်တဲ့ ပစ္စည်းအားလုံး ဘယ် Importer ကပဲ မြန်မာပြည်သွင်းထားသွင်းထား Kabarkyaw က Service Free လုပ်ပေးပါမယ်ဆိုတာကို ဘယ် Brand မှ အဲ့လို ညှိမရတဲ့အတွက် Kabarkyaw မှ ဘယ် Brand ကိုမှ အယုံအကြည်မရှိသလို ကိုယ်စားလည်း မပြုနိုင်ပါ။

Facebook မှာ Kabarkyaw ကို လာတိုက်ခိုက်နေကြတဲ့ သူတွေကြည့်လိုက်ရင် Warranty သာ သူတို့ ကိုယ်တိုင် မဖြေရှင်းပေးနိုင်တာ ပြောလိုက်ရင် Authorized Importer ရဲ့ Distributor ရဲ့ Dealer ရဲ့ Reseller ရဲ့ Channel Partner တို့ ဘာတို့ သပွတ်အူတောင် သူတို့လောက်မရှုပ်ဘူး။
ပြီးတော့ သွားကြည့်လိုက်ရင် ဆိုင်ခန်းတောင် မရှိ။
နှစ် 30 Warranty, 12 နှစ် Warranty ဆိုတာမျိုးကြီးကိုင်ပြီးပြောဖို့ဆို ဆိုင်ကိုလည်း ဘိုးဘပိုင်မြေ မဟုတ်ရင်‌တောင် အနည်းဆုံး နှစ် 60 ဂရန် လောက်မှာ ဖွင့်ထားမှ ယုတ်တိရှိမှာပေါ့။
6 လ အငှားဆိုင်ခန်းကနေ သက်တမ်း‌‌ပြည့်လို့ မကိုက်ရင် နောက်တစ်နေရာရွှေ့ပြီး နောက်နာမည်ပြောင်းမယ့်သူတွေကို နောက် နှစ် 30 မှာ သူတို့ပေးထားတဲ့ Warranty အတွက် ဘယ်လိပ်စာမှာ လိုက်ရှင်းရမှာလဲ။
ကိုယ့်နာမည် ကိုယ့် Company နာမည်နဲ့ ကိုယ်ရောင်းတဲ့ သူတို့က တော်သေးတယ်။ # # # Myanmar, ဘာ Myanmar, ညာ Myanmar နဲ့ Facebook Account သစ်တွေ စွတ်ဖွင့်ပြီး ကိုယ့်နာမည်/ ကိုယ့် Company နာမည်တောင် မဖော်ပြနိုင်ဘဲ ရောင်းသူတွေဆို ပိုဆိုးသေး။ ဟိုတစ်ခါက်က Kabarkyaw ကို တိုက်ခိုက်ပြီး အခုတော့ page ပါ ဖျက်ပြေးသွားတဲ့ " Growatt New Energy _ Myanmar Branch " ဆိုတာမျိုးပေါ့။

လူသိရှင်ကြား Container No, BL No, ID No, Permit No, Invoice No. ဘာမှ မပြနိုင်ဘဲ Facebook မှာ Authorized Importer ရဲ့ Distributor ရဲ့ Dealer ရဲ့ Reseller ရဲ့ Channel Partner တို့ ဘာတို့ ညာတို့ အကြီးကြီးပြောပြီး ရောင်းနေသူ အများစုက 1 Cbm ဘယ်လောက်၊ 1 kg ဘယ်လောက်၊ ခြင်းကား 1 စီး ဘယ်လောက် ဆိုပြီး Logistics လုပ်ပေးနေသူတွေ အပ်ပြီး တရားမဝင် ခိုးသွင်းနေကြတာပါ။ ဒါကြောင့်လည်း နယ်စပ်မှာ အစစ်အဆေး အဖမ်းအဆီး များတယ်ဆို သူတို့တွေဆီ ပစ္စည်းအကုန်ပြတ်၊ လမ်းကြောင်းချောင်ရင် အကုန်ပြုံ ရောက်လာပြီး အပြိုင်အဆိုင် ဈေးတွေ ဖြိုရောင်း ဖြစ်နေကြတာပါ။

နောက်ပြီး အဆိုးဆုံးက
မနေ့တစ်နေ့ကပဲ Kabarkyaw မှာ သက်တမ်းလွန် Growatt Inverters တွေ ရောင်းပါတယ်လို့ ပြောတဲ့လူဒီနေ့ Growatt Inverter ဝယ်ချင်ပါတယ်ဆိုတဲ့ Post တစ်ခုမှာလည်းကျရော Growatt Inverter လက်ဟောင်းလေးတွေ ရမယ်။ လက်ဟောင်းလေးတွေက ဘယ်လိုပိုကောင်းတာဆိုတာက ရှိသေး။
တော်တော်လည်း မြန်မာစကားတတ်တဲ့လူတွေ။
တိုက်ဆွေး၊ သက်တမ်းလွန် ပြောတာလဲ ဒီပါစပ်။ မူလ လက်ဟောင်းလေးပါ ဘယ်လို ပိုကောင်းပါတယ်ဆိုပြီး ပြောတာလည်း ဒီပါစပ်။ ရွှေကွပ်ထားရမယ့် ပါးစပ်။

Kabarkyaw မှာတော့ Growatt Inverter တွေ ဘယ်လောက် အရေအတွက်ပဲ သွင်းလိုက် သွင်းလိုက် ဆိပ်ကမ်းထုတ်ပြီး 1 လ မပြည့်ခင် ကုန်ခဲ့တာချည်းပဲမို့ လတ်လတ်ဆတ်ဆတ်များသာ ရပါမယ်။
1 နှစ် ထက် 1 နှစ် ပိုပိုညံ့အောင် ထုတ်တဲ့ ဘယ် Brand ကိုမှ ဆက်ရောင်းဖို့ စိတ်ကူးမရှိသလို ရွှေပါးစပ်တွေရဲ့ အပြောအောက်မှာ မျောပြီး ရောင်းမထွက် တိုက်ဆွေးမှိုတက်တွေ လိုချင်ရင်တာ့ အခြားဆီမှာပဲ ဝယ်ပေးပါ။

Kabarkyaw မှာ Growatt SPF6000ES နှင့် Jinko Tiger Neo 620W Bifacial Order ပေးထားသူများအားလုံး 23 ရက်နေ့ ညနေမှာ Container လေးတွေဆိပ်ကမ်းထုတ်ပြီး 24 ရက်နေ့မှာ အကုန်ပစ္စည်းအပ်ပြီးပါပြီ။

Growatt SPF6000ES Plus Full Accessories
Dealer Price - 1,500,000 ကျပ်
Wholesale Price - 1,520,000 ကျပ်
Retail Price - 1,550,000 ကျပ်

Jinko Tiger Neo 620 Watt
Monofacial/ Bifacial
1 ချပ်မှ 9 ချပ်: 470,000 ကျပ်
10 ချပ် အထက်: 460,000 ကျပ်
1 Pallet မှ 9 Pallets: 450,000 ကျပ်
10 Pallets အထက်: 440,000 ကျပ်

ပစ္စည်းမရှိဘဲ တကယ်မရောင်းနိုင်ဘဲ သက်သက် ဈေးကွက်ဖျက်တာဆိုသူများ ခင်ဗျာ။ 24 ရက်နေ့ ည 9 နာရီခွဲထိ Kabarkyaw မှာ SPF6000ES ရော Jinko 620W ရော Showroom မှာ လာဝယ်သူအားလုံးနဲ့ ငွေလှမ်းလွှဲပေးပြီး ပစ္စည်းမရလိုက်သူ တစ်ယောက်မှ မရှိပါ။
နှစ်ရက်လုံး မနက် 9 နာရီကနေ ည 10 နာရီအထိ ပစ္စည်းအပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်နှေးနေလို့ မရလိုက်တာတော့ Kabarkyaw ကို အပြစ်မတင်ကြပါနှင့်။

SPF6000ES Plus များ November လ 6 ရက်နေ့တွင် Container တစ်လုံး အပြည့် ရန်ကုန် MIP ဆိပ်ကမ်းကနေ ထပ်ဝင်ပါမယ်။
Inverter တစ်လုံးကို အခုဈေးထက် 20000 / 30000 ကျပ် ဈေး ထပ် လျော့ပေးမှာ ဖြစ်ပါတယ်။ Import Permit ရရှိပြီး Container တင်ပြီးဖြစ်လို့ Container No. ဖြင့် Pre-Order လက်ခံနေပါပြီ။ Solar Panel များကတော့ Import Permit အဟောင်းများကုန်ပြီး အသစ်ထပ်မရရှိမှုကြောင့် တင်သွင်းမှုများ ရပ်တန့် နေပါတယ်။

အပြိုင်အဆိုင် အကြီးအကျယ်သွင်းတဲ့ Importer အချင်းချင်း မဟုတ်တာပြောရင် တရားစွဲရတာ ကြားကောင်းပေမယ့် 1kg ဘယ်လောက် 1Cbm ဘယ်လောက်နဲ့ နယ်စပ်က ခိုးသွင်း‌နေရသူလေးတွေကို တရားစွဲရင်လည်း ကြားမ‌ကောင်းပါ။
တင်သွင်းခွင့် အလွယ်တကူ ပေးနေချိန်မှာ ဝေဖန်မှု‌တွေများလို့ Kabarkyaw က နာမည်ကြီးပြီး ရောင်းအားတက်တာ အကျိုးရှိပေမယ့် အခုလို Permit အခက်အခဲများကြာင့် တိုင်ပတ်နေချိန် နာမည်ကြီးတာ အကောင်းထက် အဆိုးပဲ များလို့ Kabarkyaw ကို အတင်းပြော ဝေဖန်ရေးလုပ်နေကြတာတွေ ခဏလောက် ရပ်ပေးပါ။ မနေနိုင်လို့ ပြောချင်ရင်လည်း Kab‌arkyaw နာမည်လေးတော့ မပါအောင်ပြောကြပါ။

Solar Panel Import Permit ကို Jinko Tiger Neo ထဲက ရှိရင် ရောင်းလို့ရရင်လည်း ရောင်းပေးကြပါ။
အသစ်လိုက်လို့ရမယ်ဆိုလည်း ကူညီပေးကြပါ။ 6 လ ပိုင်းကတည်းက Import Permit တွေ အသစ်မရတော့လို့ နောက်လတင်သွင်းစရာ Permit မရှိတော့လို့ပါ။

Kabarkyaw Solar Energy
အမှတ် ၄၈၊ လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်၊ 56 ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။
အမှတ် ၁၀၉၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
အမှတ် ၂၃၆၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်း (ကမ်းနားလမ်း) လမ်းဆုံ၊ GTI ကျောင်းနှင့် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) မီးပွိုင့်အနီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။
09 500 1525
09 500 1572
09 540 3941 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Jinko Tiger Neo 615W Order ပေးထားသူများအားလုံးထံ ပစ္စည်းများ ပေးအပ်နေပါပြီ။ ဆက်သွယ်ဖို့ မေ့ကျန်ခဲ့ရင် Comment မှ ဖြစ်စေ၊...
SOROTEC REVO VMII PRO 5.5kW လေးတွေ အလုံးရေ (200) ထပ်ရောက်ပါတယ်။Kabarkyaw မှာ Stock ကုန်ပြီ ကြားတာနဲ့ ချက်ချင်း ဈေးတင်ရော...
လက်​ရှိမြန်​မာပြည်​ရှိ သိန်း 200 ​ကျော်​တန်​ SUV ​ကား​တွေထဲမှာ ​ပေးရတဲ့​ငွေနဲ့ ရရှိတဲ့ကား အတန်​ဆုံးဖြစ်​တဲ့ Brilliance ...

Category

Telephone

Website

Address


No. 109, Min Gyi Road, Insein Township
Yangon
11011

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Other Energy Companies in Yangon (show all)
BEST SOLAR POWER BEST SOLAR POWER
Shwetamar (2) Street
Yangon, 11401

Move to Green

Power King Power King
ကျောင်းလမ်း၊ အလုံ ။ရန်ကုန်
Yangon

We provide energy storage solution in Myanmar such as solar, inverters , battery and power station.

AKP Petroleum Distribution AKP Petroleum Distribution
No.2 Road
Yangon

Star Shine - Battery, Tyres & Inverter Star Shine - Battery, Tyres & Inverter
Thein Phyu Street
Yangon, 11171

Battery, Inverter, Solar & Tyre No.270, Thein Phyu Street, Front Sein Paul Bus Stop, Yangon , M

Twinz Twinz
No. 9(C), Wanna Theingi Street, Myittar Nyunt Township
Yangon, 11141

Twinz is a project which aims to generate electricity by burning down the trashes.And generate the emitted carbon dioxide into clean air by filteration system. We aim this project ...

Solar TaYar Solar TaYar
Yangon

Khine Khine Phyo Internatiol Trading Co.,Ltd. Khine Khine Phyo Internatiol Trading Co.,Ltd.
No. 350/352, Anawrahta Road, Lanmadaw Township
Yangon, 11131

ပြည်ပမှတင်သွင်းသော စက်သုံးဆီ အမျိုးမျိုးအား လက်လီလက္ကား ရောင်းချပေးပါသည်

Lux Energy Solar Power Lux Energy Solar Power
No. 220, Anawyahtar Road, 10. Ward, East Dagon
Yangon

Solar Energy, Solar System, Solar Panel Installation and Services, Solar Powered Lights and Accessories.

Green Land Energy Co., Ltd Green Land Energy Co., Ltd
Yangon

LPG Distribution Company

𝐅𝐚𝐧𝐑𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐢𝐫𝐦 𝐅𝐚𝐧𝐑𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐢𝐫𝐦
G-23, Thiriyadanar Wholesale Market, Mingaladon Township
Yangon, 11031

We served you with the best Quality of Solar, Exhaust Fan and Cooling pads system

CF Energy Myanmar - Energy Solution Channel One CF Energy Myanmar - Energy Solution Channel One
No. 697, Bayint Naung Street, North Dagon Township
Yangon

Professional services provider of new energy storage system, solar energy & micro-grid system