Cdrama Mate Sat - တရုတ်ကားမိတ်ဆက်
လစဉ် Update ထွက်နေတဲ့ Cdrama (Series/ Film) တွေရဲ့ ဇာတ?
တကျားကိုပြောချင်တာကတော့
ကိုယ်ကြိုက်တဲ့ မင်းသား/ မင်းသမီးနဲ့ပတ်သက်ပြီး
ကျန်တဲ့အချိန်မှာ ကြိုက်သလိုဂုဏ်ယူလို့ရပါတယ်
ဒါပေမဲ့ ဒီလိုကိုယ့်နိုင်ငံကိုနှိမ်ပြီး
အဖြစ်မှန်ကို လီဆယ်ထားတဲ့
ရုပ်ရှင်မှာတော့ မဟုတ်ဘူးပေါ့
ဒီလိုကိုယ့်နိုင်ငံ အခြေအနေဆိုးနေတဲ့အချိန်မှာ
ဒါမျိုး အချိန်ကိုက်ထွက်လာတာမျိုးဆိုတာ
ရေနစ်သူဝါးကူထိုးတဲ့လုပ်ရပ်ပါ
အဲ့ဒါကို ပေါ်တင်တွေ Support ပြ
ဂုဏ်ယူပြနေတယ်ဆိုတာကတော့
တော်တော့်ကိုရုပ်ပေါက်ပါတယ်
ဒီရုပ်ရှင်မှာပါတဲ့ မင်းသား/မင်းသမီးတွေကိုလည်း
မင်မင်လုံးဝမအံ့ဩပါဘူး သူတို့လည်း သူတို့နိုင်ငံအတွက်
နိုင်ငံသားအလုပ်ကိုလုပ်တာပါ
ဒါပေမဲ့ ဒါကိုကိုယ့်နိုင်ငံက Fan ဆိုတဲ့သူတွေကတော့
မင်းသား/ မင်းသမီးဗန်းပြပြီး ဒါမျိုးရိုက်ထားတာကြီးကို
လိုက်ကာပေးနေတာကြီးကတော့ လုံးဝအဆင်မပြေပါဘူး
တကယ်တော့ No More Bets နဲ့ပတ်သက်ပြီး
စာအရှည်ကြီးရေးချင်တာပါ ဒါပေမဲ့မင်မင်သိသလောက်
ရေးပေးထားကြတဲ့သူတွေလည်းအများကြီးမို့ လောလောဆယ်ကိုယ်ပြောချင်တာလေးတွေပါတာလေးတွေကိုပဲ ပြန် share လိုက်ပါတယ်။
(ဒါမျိုးရေးလို့ မကြိုက်ရင်လည်း ကြိုက်သလိုသာ Unlike/ Block လုပ်သွားကြပါ Admin ရဲ့ပေ့ချ်မှာလည်း အဲ့လို Brain level နဲ့လူတွေကိုအလိုမရှိလို့ပါ)
အခု နာမည်ကြီးနေတဲ့ အကြောင်း
ဒီကားကို မကြည့်နဲ့ မပြောပါဘူး
ကျားဖြန့်တွေအကြောင်း ပိုသိချင်ရင် (pirate site တွေကနေ) ကြည့်လို့ရပါတယ်
မကြည့်လည်း သိနိုင်တာက - လောင်းကစားကို ပေါ့ပေါ့ဆဆ မတွေးဖို့၊ လိုင်းပေါ်က ပိုက်ဆံအများကြီးရမယ်ဆိုတဲ့ အလုပ်မှန်သမျှကို အလွယ်တကူ မယုံကြည်ဖို့ သတိထားရမယ်ဆိုတာပါပဲ
ကျားဖြန့်ရန်ကို တကယ့်တကယ် ခံနေရတာက ငွေဈေးတန်ဖိုးကျလို့ အလုပ်အကိုင်အခွင့်အလမ်း ရှားသထက် ရှားလာလို့ နိုင်ငံတကာသွား၊ ရရာအလုပ်လုပ်နေကြရတဲ့ ကိုယ့်နိုင်ငံက သူတွေပဲဆိုတာ လုံးဝမမေ့ပါနဲ့
သူတို့ ကျုံးကော်သားတွေကပဲ ပြည်မကြီးမှာ လုပ်လို့မရတဲ့ ကိစ္စကို နယ်စပ် ဆင်းလုပ်ကြတာပါ
နှိမ်နင်းတဲ့အခါ ထိုးကျွေးခံရတာ သူတို့လက်အောက်က အမိမဲ့သား ရေနည်းငါး ကိုယ့်နိုင်ငံသားတွေပေါ့
သင်ခန်းစာယူတာပြီးရင် ဒါရိုက်တာ Shen Ao, ထုတ်ဝေသူ Ning Hao, သူ့ရဲ့ Dirty Monkeys production သာမက cast တစ်ခုလုံးကို boycott လုပ်ရပါလိမ့်မယ်
ရုပ်ရှင်က ရုပ်ရှင်ပဲဆိုပေမယ့် ဒီလိုရုပ်ရှင်က ရုပ်ရှင်တစ်ခုထက် အဆများစွာ ပိုပါတယ်
အနုပညာကတစ်ဆင့် ပစ်တဲ့ မြားက ဦးနှောက်ထက် ရင်ကို တန်းတန်းမတ်မတ် စိုက်ပါတယ်
Midsommar တုန်းကဆို စိတ်ကူးယဉ် ဖန်တီးထားတဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုလို့ သေချာပြောထားတာတောင် Sweden မှာ အဲ့လိုအဖြစ်တွေ တကယ်ရှိမှာလို့ တွေးကြတဲ့သူတွေ အများကြီးပါ
ဒါကြောင့်လည်း ကင်ချီမြေက ရိုက်တဲ့ တကယ့်အဖြစ်အပျက် မဟုတ်ပါဆိုတဲ့ စီးရီးတွေတောင် သူတို့နိုင်ငံ ပုံရိပ်ထိမယ်ဆိုရင် ကျုံးကော်သားတွေက အသည်းအသန် ကန့်ကွက်ကြတာပါ
ဒီကားကို သူတို့ ပြင်ဆင်လာတာ သုံးနှစ်သုံးမိုးပါ
အဖြစ်မှန်တွေအခြေခံတဲ့ ဇာတ်လမ်းဇာတ်အိမ်အရရော၊ ဝါဒဖြန့်တဲ့ ကားဖြစ်တဲ့အတွက်ပါ ဘယ်လိုလူနဲ့ ရိုက်ရိုက် သူတို့ဆီမှာ ပေါက်မှာ သေချာပါတယ်
ပေါက်စီမြေနဲ့ ရင်းနှီးတဲ့ သူဆို သိပါတယ်
သူတို့ဆီမှာ အရင်းအမြစ်တစ်ခုရဖို့ ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာကိုပါ
ဒီကားထဲက သရုပ်ဆောင်မှန်သမျှ နေရာတစ်ခုရဖို့ အသေအလဲ ကြိုးစားထားကြမှာချည်းပါပဲ
သူ့ဘာသာ ဘယ်လောက်ပဲ နိုင်ငံတကာမှာ အောင်မြင်ပါတယ်ဆိုနေ ပြည်တော်ပြန်ရင် ဒီလိုကားမျိုး စာတန်းထိုးထဲပါအောင် လုပ်ကြရမှာမို့လို့လေ
ကိုယ့်နိုင်ငံရဲ့ ပုံရိပ်က နိုင်ငံတကာ တံတွေးခွက်ထဲပက်လက်မျောနေပြီးသားပါ
ဒါကို မြောင်းထဲ ရောက်အောင် လုပ်နေကြတာပါ
သူတို့ကတောင် သူတို့နိုင်ငံသားတွေအတွက်ပဲ တွေးပြီး ရိုက်ထားကြချိန်မှာ ကိုယ့်ဘက်က ဖြည့်တွေးပေးစရာတစ်စက်မှ မရှိပါဘူး
ပင်လယ်ထဲမှာ ငါးမရှားပါဘူး
ပေါက်စီမြေမှာ အပေါဆုံးကလည်း လူတွေပါ
ဒီကားထဲက သူတွေနဲ့ မသက်ဆိုင်တဲ့ကားတွေက ဒီတစ်သက် ကြည့်မကုန်ပါဘူး
ကိုယ်လို နိုင်ငံက ကိုယ်လို လူတွေက ဒီကားကို လှမ်း boycott တော့ရော ဘာထူးမှာလဲလို့ မေးစရာရှိပါတယ်
3 idiots ထဲမှာ silencer က Rancho ကို ဘောင်းဘီချွတ်ပြပြီး take that လို့ ပြောခဲ့သလိုမျိုးပေါ့
သူများက မသိလည်း ကိုယ့်ရင်ထဲမှာ နှစ်ရှည်လများ သိမ်းထားရတဲ့ အစိုင်အခဲရဲ့ ဝန်ကို ကိုယ်ပဲ သိတာမှတ်လား
ဒီအစိုင်အခဲရဲ့ ဝန် ခဏလေးဖြစ်ဖြစ် ပေါ့သွားစေမယ့် ကိစ္စဆိုတာ ဘယ်လောက် သေးငယ်ပါစေ၊ လူတွေက ဘယ်လောက် ရူးမိုက်တယ်လို့ မြင်ပါစေ လုပ်သင့်ပါတယ်
ဒီပိုစ့်တင်လို့ unfollow သွားကြလည်း ကိစ္စမရှိပါဘူး
ပေ့ခ်ျက audience မှာ လူငယ်တွေများတာကြောင့် ဒီလိုကိစ္စမှာ ကျိန်းသေ speak out လုပ်သင့်တယ်လို့ ထင်မိလို့ပါ
🦢
ရှန့်လျိုရဲ့ ပေးဆပ်မှုတွေဟာ
တန်တယ် မတန်ဘူး တွက်ဆလို့မရအောင်
ပြန်ရယူလိုမှု အကြွင်းမရှိခဲ့ပါတဲ့
မင်မင် ဒါလေးရေးတာက ဒီ Drama ကို
တကယ်ကြိုက်ပြီးကြည့်မယ့်သူတွေ
Character အကြောင်းတွေကို ပိုနားလည်စေချင်လို့ပါ
ဒီမှာပြောစရာရှိတာက Drama Production ဟာ
လူရွေးအရမ်းတော် အရမ်းမှန်ခဲ့ပါတယ်
Character အားလုံးက ဝတ္ထုထဲကနေ
အသက်ဝင်လာသလိုကို အားလုံးအံဝင်ကြပါတယ်
မင်မင်ကိုယ်တိုင်က Tong Hua ရဲ့
အမာခံပရိသတ်ပါ။ Lost You Forever မှာ
အကြိုက်ဆုံး Character ကလည်း ရှန့်လျိုပါပဲ။
Tan Jianci ရဲ့ ရှန့်လျိုက ဝတ္ထုထဲက
မင်မင်စိတ်ကူးထားတဲ့ ရှန့်လျိုအတိုင်း
100% ထပ်တူကျတဲ့ Perfect ပါပဲ
အကြည့်လေးတွေ မဲ့ပြုံးလေးတွေကအစ
အရမ်းသဘောကျရပါတယ်
Tong Hua ရဲ့ဝတ္ထုတိုင်းမှာပါတဲ့
ဇာတ်ကောင်တွေတိုင်းဟာ လူသနားဖို့သက်သက်
ဇာတ်နာအောင်ရေးထားတာမဟုတ်ပါဘူး
ဇာတ်ကောင်အားလုံးမှာ သူ့ရဲ့ရွေးချယ်မှုတွေရှိပြီး
အဲ့ရွေးချယ်မှုတွေကိုလုပ်ရတဲ့
အကြောင်းအရင်းတွေရှိကြပါတယ်။
ဇာတ်လမ်းကို ကျော်မကြည့်ဘဲ ကြည့်ရင်
Villain တွေရဲ့ဇာတ်လမ်းကအစ
စိတ်ဝင်စားဖို့ကောင်းတာကိုတွေ့ရပါလိမ့်မယ်
ကဲ ဒါကတော့ မင်မင်နားလည်တဲ့
ဝတ္ထုထဲက ရေအောက်ကမ္ဘာရဲ့အရှင်သခင်
ခေါင်း ၉ လုံး မြွေမိစ္ဆာအကြောင်းပေါ့
(Spoiler Alert ပါပါတယ်နော်)
********************************
ချန်ရုံစစ်တပ်အတွက်ပဲ ရှင်သန်ခဲ့တဲ့
ခေါင်း ၉ လုံး မြွေမိစ္ဆာဟာ
အလိမ်အညာတွေ မကြာခဏပြောတဲ့
ညစ်ပေအိုး သမားတော်လေး
ဝမ်းရှောင်လျှို့ကိုမှ ရင်ခုန်မိခဲ့ပါသတဲ့လေ
ရင်ခုန်မိတဲ့ တောရွာက သမားတော်လေးက
ကိုယ့်တိုင်းပြည်ကိုအနိုင်ယူသွားတဲ့
အမျိုးသမီးစစ်သူကြီးရဲ့သမီးတော်
ရန်သူ့နိုင်ငံရဲ့ မင်းသမီးတစ်ပါးဆိုတာ
သိလိုက်ရတဲ့အချိန် သူ့ကိုလိမ်ညာသွားပါလားဆိုပြီး
ရင်နာနာနဲ့ ရယ်မိပြန်တာပေါ့
ဒါပေမဲ့လည်း ဒီကောင်မလေးပြောခဲ့တဲ့
"ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်
အားကိုးစရာတစ်ဦးတစ်ယောက်မှမရှိ
သွားစရာနေရာရယ်လို့မရှိ" ဆိုတဲ့ စကားလေးကတော့
အမှန်ဖြစ်ကြောင်းကို သူရိပ်မိခဲ့ပါတယ်တဲ့
ချစ်ရသူနဲ့အတူ အရာအားလုံးကိုစွန့်ပစ်ပြီး
ထွက်သွားချင်ပေမဲ့ သူ့မှာ ဆပ်လို့မကုန်တဲ့
ကျေးဇူးတရားနဲ့ တာဝန်တွေရှိနေခဲ့ပြန်လို့
ချစ်ရသူက ရှေ့တစ်လှမ်းတိုးလာရင်
နောက်ပြန်ဆုတ်ဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးခဲ့ရတယ်
သူဟာ ချန်ရုံစစ်တပ်ရဲ့ နောက်ဆုံးအင်အား
နောက်ဆုံးကျန်ခဲ့တဲ့ ချန်ရုံစစ်တပ်ရဲ့
သူပုန်စစ်သူကြီးလေ
စစ်သည်တစ်ယောက်အတွက် တိုက်ပွဲမှာ
အသက်စွန့်ရခြင်းကသာ အဓိပ္ပာယ်ရှိတဲ့သေဆုံးခြင်းမို့
သူ့ရဲ့အသက်ကို ချန်ရုံစစ်တပ်အတွက်
ပေးအပ်ဖို့ဆုံးဖြတ်ထားပြီးသား
သူဟာ ချစ်ရသူ ရှောင်ယောင်းအတွက်
အသက်မရှင်ပေးနိုင်ပေမဲ့
"ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်
အားကိုးစရာတစ်ဦးတစ်ယောက်မှမရှိ
သွားစရာနေရာရယ်လို့မရှိ" ဆိုပြီးပြောခဲ့တဲ့
ရှောင်ယောင်းအတွက် သူ့အသက်နဲ့ရင်းပြီး
" ကိုယ်ကိုယ်ကိုယ်ကာကွယ်ဖို့ - လေးအတတ်
မှီတွယ်အားကိုးဖို့ ချစ်ရသူနဲ့
သူမအတွက် ခိုနားစရာနေရာတို့ကို"
လက်ဆောင်အဖြစ်ပေးခဲ့ချင်လေရဲ့
အများအမြင်မှာ ရက်စက်တဲ့
ခေါင်း ၉ လုံးမိစ္ဆာကြီးတစ်ယောက်
သူလိုချင်တာက ရှောင်ယောင်းတစ်ယောက်
အပူအပင်ကင်းကင်းနဲ့ တစ်ဘဝလုံးပျော်ရွှင်ဖို့ပါတဲ့လေ
တန်သလားလို့မေးရင်တော့
တန်ပါတယ် သူလိုချင်တာ
ရှောင်ယောင်းက သူ့ကိုပြန်ချစ်ဖို့လည်းမဟုတ်
ရှောင်ယောင်းနဲ့ အတူရှိနေဖို့လည်းမဟုတ်ဘဲ
ရှောင်ယောင်းတစ်ယောက် ပျော်ရွှင်နိုင်ဖို့ပါတဲ့လေ
ကျေးဇူးတရားအတွက် အသက်နဲ့ခန္ဓာကို
ပေးအပ်ဖို့ ပြင်ဆင်ထားတဲ့သူ့အတွက်
ဇာတ်ပေါင်းခန်းဆိုတာ အစထဲက မရှိခဲ့ပါဘူး
သူ့ရဲ့ပေးဆပ်မှုတွေကို ရှောင်ယောင်းမသိပါစေနဲ့လို့သာ
ဆုတောင်းရင်း သူမတစ်ယောက်ပျော်ရွှင်ပါစေကြောင်း
ရည်ရွယ်ပြီး နောက်ဆုံးလက်ဆောင်လေးချန်ခဲ့လေရဲ့....
Update - Ep 12 ထိရပါပြီ!!
Tears in Heaven (2021 Ongoing Cdrama)
Eng Sub နဲ့တင်ပေးမှာမို့ Official Site/ App တွေကနေ
ဝင်မကြည့်ကြပါနဲ့တော့နော်!
နောက်အပိုင်းတွေလည်း ဒီလင့်မှာပဲဖြည့်ပေးသွားပါမယ်။
Ep 1 >>
https://www.facebook.com/CdramaMateSat/videos/1403037386763505
Ep 2 >>
https://www.facebook.com/CdramaMateSat/videos/4239393759454690
Ep 3 >>
https://www.facebook.com/CdramaMateSat/videos/371426121018398
Ep 4 >>
https://www.facebook.com/CdramaMateSat/videos/4049464235102092
Ep 5 >>
https://www.facebook.com/DouXiao88/videos/770589250280766
Ep 6 >>
https://www.facebook.com/DouXiao88/videos/316897780115958
Ep 7 >>
https://www.facebook.com/DouXiao88/videos/1193477801124711
Ep 8 >>
https://www.facebook.com/DouXiao88/videos/169743551841381
Ep 9 >>
https://www.facebook.com/DouXiao88/videos/182931573796925
Ep 10 >>
https://www.facebook.com/DouXiao88/videos/1878858915620863
Ep 11 >>
https://www.facebook.com/DouXiao88/videos/572112044170915
Ep 12 >>
https://www.facebook.com/DouXiao88/videos/341126384347265
🎬🎬 ဇာတ်လမ်းအကျဉ်း
Du Xiaosu @ တုရှောင်စူးက ချစ်ဖို့ကောင်းတဲ့
သာမန်အနုပညာသတင်းထောက်မလေးဖြစ်ပြီး
မင်းသမီးတစ်ယောက်ကိုသတင်းယူဖို့လုပ်ရင်းနဲ့
ဆရာဝန်လေး Shao Zenrong @ ရှောင်းကျန့်ရုံနဲ့
ရေစက်ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ကံကြမ္မာဟာ ဒီချစ်သူ ၂ဦးကို
မျက်နှာသာမပေးခဲ့ဘဲ သေကွဲကွဲစေခဲ့ပါတယ်။
Lei Yuzhang @ လေယွီကျန်းက
နာမည်ကြီး Media ကုမ္ပဏီရဲ့ဆက်ခံသူဖြစ်ပြီး
ရှောင်းကျန့်ရုံနဲ့ ငယ်ငယ်ထဲက
ညီအကိုအရင်းတွေလို
သံယောဇဉ်ရှိကြသူတွေပါ။
သူ့ရဲ့ညီဖြစ်သူရှောင်းကျန့်ရုံ သေဆုံးရမှုနဲ့
အခြားကိစ္စတွေကြောင့် တုရှောင်စူးကို
အထင်အမြင်လွဲမှုတွေပြည့်နေသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ အချိန်တွေကြာတဲ့အခါ
မာနကြီးပြီး အရာရာကိုလွှမ်းမိုးချင်တဲ့
လေယွီကျန်းတစ်ယောက် တုရှောင်စူးအပေါ်
သံယောဇဉ်တွေပိုလာမိတဲ့အခါ.....
Lei Yuzheng တစ်ယောက်
သူ့ခံစားချက်တွေကိုထိန်းချုပ်နိုင်မှာလား??
Du Xiaosu ကကော သူ့ချစ်သူ
Shao Zhenrong ကိုမေ့ပစ်ပြီး
အချစ်သစ်ကိုရှာဖွေနိုင်မလား??
ဆိုတာကိုဆက်ကြည့်ရမှာပါ။
Main Leads တွေကတော့
💜 Lei Yuzheng အဖြစ် Shawn Dou @ Dou Xiao
(Princess Agents, Tribes & Empires : Storm of Prophecy, From Survivor to Healer, See You Again, Ten Years Late, The Legend of Xiao Chuo)
(ဒီမှာတော့မုန်တိုင်းကြားက ပန်းရိုင်းတစ်ပွင့်ထဲက ရန်ရွှင်လို့သိကြပါလိမ့်မယ်)
💜 Du Xiaosu အဖြစ် Li Qin
(Princess Agents, Joy of Life, The Song of Glory, With You, The Wolf, My Dear Guardian)
💜 Shao Zhenrong အဖြစ် Zhang Yunlong
(Xuan-Yuan Sword: Han Cloud, My Poseidon, In Youth, My Roommate Is a Detective, Drawing Sword 3)
ဒီဇာတ်လမ်းက စာရေးဆရာမ Fei Wo Si Cun ရဲ့ Variety Flowers at Seaside @ 佳期如夢之海上繁花 ဆိုတဲ့နာမည်ကြီးဝတ္ထုကို
Adaptation ယူထားတာမို့ ဇာတ်လမ်းဇာတ်ညွှန်းနဲ့
သရုပ်ဆောင်တွေကတော့ လုံးဝအံဝင်ခွင်ကျပါပဲ။
Update : ဒီ Event လေးကို Join ထားကြနော်။
မင်မင်ဒီထဲမှာတင်ပေးသွားပါမယ်။
https://fb.me/e/1ArWNR140
Hi!! အားလုံးပဲ မတွေ့တာအတော်ကြာပြီနော်!!
ဒီ Tears in Heaven ဆိုတဲ့ Drama လေးက
ဒီလ ၂၃ ရက်ကစပြနေတာပေမဲ့
Chinese Subtitle နဲ့ပဲရသေးတာမို့
လောလောဆယ် မြန်မာစာတန်းထိုးနဲ့လည်း
မင်မင်ရှာကြည့်တာတော့ မတွေ့မိသေးပါဘူး။
China Boycott မို့ App တွေလည်း
uninstall ထားတာမို့ဘယ်ကကြည့်ရမလဲလို့
Chat Box မှာလာမေးကြတဲ့သူတွေအတွက်
မင်မင်က Eng Sub နဲ့တင်ပေးပါမယ်နော်။
ဇာတ်လမ်းအညွှန်းကတော့
လောလောဆယ်ရေးပေးဖို့လုံးဝစိတ်မပါလို့ပါ။
Main Leads တွေကတော့
👨 Shawn Dou @ Dou Xiao
(Princess Agents, Tribes & Empires : Storm of Prophecy, From Survivor to Healer, See You Again, Ten Years Late, The Legend of Xiao Chuo)
(ဒီမှာတော့မုန်တိုင်းကြားက ပန်းရိုင်းတစ်ပွင့်ထဲက ရန်ရွှင်လို့သိကြပါလိမ့်မယ်) နဲ့
👩 Li Qin
(Princess Agents, Joy of Life, The Song of Glory, With You, The Wolf, My Dear Guardian) တို့ပါ။
ဒီဇာတ်လမ်းက စာရေးဆရာမ Fei Wo Si Cun ရဲ့ နာမည်ကြီးဝတ္ထုကို Adaptation ယူထားတာမို့ ဇာတ်လမ်းဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေကတော့ လုံးဝအံဝင်ခွင်ကျပါပဲ။
Song Name - Heavenly Question (or) 天问 @ Tian Wen
(Word of Honor OST)
By Liu Yuning
အမှန်အတိုင်းပြောရင်တော့ လတ်တလောမှာ ဇာတ်ကားမိတ်ဆက်ကော၊ OST Song တွေကောတင်ဖို့အစီအစဉ်မရှိပါ။
ဒါပေမဲ့မနက်က မီးပျက်တော့ လုပ်စရာမရှိဖြစ်နေတာနဲ့ ဘာသာထိုင်ပြန်ဖြစ်သွားလို့ ပေ့ချ်ရဲ့ OST Song Fan များအတွက် တင်ပေးလိုက်ပါတယ်။
နောက်ရက်တွေမတင်ဖြစ်ရင်လည်း နားလည်ပေးကြပါနော်။ လတ်တလောမှာတော့ နိုင်ငံအရေးအတွက် Post တွေပဲတင်ဖြစ်ပါဦးမယ်။
#山河令
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the establishment
Website
Address
Yangon
No 70, 165th Street, Tamwe Township
Yangon, 11211
AFK Hobby Game Store is the first friendly local game store in Myanmar. The one-stop hobby store for