Khin Kalyar Htun
Education
(A & A - Addition & Alternation) Project Tender for M & E
A & A Project တွေ တွက်တဲ့အခါမှာ Scope of Work ကို ကွဲကွဲပြားပြား သိဖို့ အရေးကြီးပါတယ်။
Electrical မှာဆိုရင်-
DB Panels တွေ Existing DBs ကိုပဲ ပြန်သုံးမှာလား? (Or)
DBs အသစ် လဲမှာလား? (Or)
လက်ရှိနေရာမှာပဲလား (Or) Relocate (နေရာရွှေ့) မှာလား?
Cableကရော existing cable တွေ ကောင်းနေသေးလား? Or အသစ်လဲမှာလား?
Lighting Fixtures တွေ အကုန် အသစ် လဲမှာလား? (Or) ကောင်းတဲ့ Existing Fixtures တွေကို ပြန်သုံးပြီး မကောင်းတဲ့ Fixtures လောက်ပဲ အသစ်လဲမှာလား?
Points အသစ်တွေ ဘယ်နှစ်ခု တိုးလဲ?
Existing Materials တွေမှာ ဘာ Brand တွေ သုံးထားလဲ?
Spects: စစ်ရမယ်။ Existing Emergency & Exist Light တွေမှာ battery back up ဘယ်လောက်လဲ (e.g 30mins,1hr or 2hrs?)
Replace လုပ်ဖို့ Existing Fixtures နဲ့ Brand တူ ဝယ်လို့ ရနိုင်မလား?
Brand တူတာ မရနိုင်ရင် ပုံစံတူဆိုရင်ရော အဆင်ပြေလား?
Client က ဘယ် brand အမျိုးအစားတွေ လိုချင်တာလဲ?
အခြား ELV System တွေဖြစ်တဲ့ CCTV/ PABX/...စသည့် system တွေအတွက်လည်း ယူဆပုံက အတူတူပဲမို့ အကျယ်တဝင့် မရှင်းတော့ပါဘူး။
အထက်ပါအချက်တွေကို သေချာ check ရပါမယ်။
Existing DB ကို Modification လုပ်တဲ့အခါ အဲ့ DB ကနေ power supply ပေးထားတဲ့ - ရုံးချိန်အတွင်း မီးပျက်လို့မရတဲ့ Server Room တွေ၊ တစ်ထပ်က ပြင်နေပေမယ့် အခြားတစ်ထပ်က အလုပ်လုပ်နေတဲ့သူတွေ.... ရှိခဲ့မယ်ဆိုရင် Temporary Power Supply ပေးဖို့အတွက် Cost တွေ ထည့်တွက်ရပါမယ်။
Existing DB ကိုပဲ Modification လုပ်မယ်ဆိုပါစို့။ Circuit တွေ ပြန်ခွဲ၊ Circuitအသစ်တွေ၊ Breaker အသစ်တွေ တိုးမယ်ဆိုရင် အဲ့အတွက် modification cost အပြင် တိုးလာတဲ့ Circuits အတွက် Additional Cost တွေ ထည့်တွက်ရပါမယ်။
Existing DB ကို Relocate လုပ်ရင်တော့ ရွှေ့တဲ့ location ဝေးရင် main cable ဆက်တာ လက်မခံတဲ့အတွက် Existing DB ဖြုတ်ခ၊ နေရာရွှေ့ပြီး ပြန်တပ်ခအပြင် New Wiring Cost ပါ ထည့်တွက်ရပါမယ်။
New DB သုံးမှာဆိုရင်တော့ New DB Cost တွက်ရပါမယ်၊ existing cable ပြန်သုံးမယ်ဆိုရင် wiring cost ထည့်တွက်စရာမလိုပါ။
Source (EPC) ကနေ Supply ပေးထားတဲ့ Existing MSB(Main Switch Board) ကို အသစ်လဲမယ် ၊ပြုပြင်မယ်ဆိုရင်တော့ အသစ်လဲခ၊ ပြုပြင်ခတွေအပြင် Shut Down & Turn on Cost ပါ ထည့်တွက်ရပါမယ်။
Lighting Points တွေမှာဆိုရင် ကောင်းတဲ့ fixturesတွေကို ဒီအတိုင်းထားပြီး မကောင်းတော့တဲ့fixturesတစ်ချို့ပဲ replace လုပ်မှာဆိုရင်တော့ replaceလုပ်မယ့် fixtures အတွက် supply & fitting install cost ပဲ တွက်ရပါမယ်၊
wiring cost တောင်းစရာ မလိုပါဘူး။
Lighting Point အသစ်တွေ ထပ်ထည့်မယ်ဆိုရင်တော့ ထပ်တိုး points တွေအတွက် piping, wiring, fitting supply & install cost တွေ ထည့်တွက်ပေးရမှာ ဖြစ်ပါတယ်။
S.S.O Points တွေ နေရာရွှေ့မယ်၊ level change မယ်ဆိုရင် အဲဒါအတွက် relocate cost နဲ့ ၊ New Furniture Plan အရ New S.S.O Points တွေ install လုပ်မယ်ဆိုရင်တော့ piping,wiring, fitting supply & install cost တွေ ထည့်တွက်ပေးရမှာ ဖြစ်ပါတယ်။
အိမ်သုံး၊ ရုံးသုံး split type/ Cassette type Aircon တွေမှာဆိုရင် Existing Aircon Units တွေကိုပဲ Servicing လုပ်ပြီး ပြန်သုံးမှာလား? သုံးမှာဆိုရင် အဲ့ဒါတွေအတွက် Servicing Cost တွက်ရမယ်။
နေရာရွေ့မယ်၊ pipe အသစ်လဲမယ်ဆိုရင်တော့
ရွှေ့တဲ့ points တွေအတွက် ဖြုတ်ခ၊ ပြန်တပ်ခအပြင်၊ new refrigerant pipe, drain pipe, support & accessories cost တွေ ထည့်တွက်ရမယ်။
Points အသစ်တွေ တိုးမယ်ဆိုရင် တိုးတဲ့pointsတွေအတွက် new refrigerant pipe, drain pipe, support & accessories, fittings supply & install cost, wiring cost, testing cost တွေ ထည့်တွက်ရပါမယ်။
P & S System မှာဆိုရင် Existing Sanitary Wares (Basin, EWC, IWC, Sink, Shower, etc.) ကိုပဲ ပြန်သုံးမှာလား? အသစ် လဲမှာလား?
လက်ရှိနေရာမှာပဲလား (Or) Relocate (နေရာရွှေ့) မှာလား?
Pointsအသစ်တွေ ဘယ်နှစ်ခု တိုးလဲ?
တိုးတဲ့ Points တွေအတွက် cold water & hot water supply pipe/ drainage pipe/ Hacking/ Coring cost တွေ တွက်ရမယ်။
Piping ကရော ရေပူ၊ ရေအေး လိုချင်တာလား? (အများအားဖြင့် existing buildings တွေမှာ cold water နဲ့ သုံးထားပြီး Basin, Shower တွေအတွက် hot water ပါ ထည့်ပေးဖို့ request လုပ်လေ့ရှိတယ်)
Existing Materials တွေမှာ ဘာ Brand တွေ သုံးထားလဲ?
Client က ဘယ် brand အမျိုးအစားတွေ လိုချင်တာလဲ? သေချာ check ရပါမယ်။
Fire Alarm & Fire Fighting System မှာဆိုရင်
Existing heat detector, smoke detector, manual call point, alarm bell, strobe light... တွေကို လဲမှာလား? လဲမယ်ဆိုရင် Fixtures တပ်ဆင်ခပဲ ထည့်တွက်ရပါမယ်။
Point အသစ်တွေ တိုးရင် တိုးတဲ့pointsတွေအတွက် Piping/ Wiring/ Fitting Cost တွေ ထည့်တွက်ရမယ်။
Point တွေ တိုးတဲ့အတွက် Fire Alarm Panel Upgrading Cost တွေ ထည့်တွက်ရပါမယ်။
တချို့ အဆောက်အဦးတွေမှာ မူလက Fire Fighting System မပါတဲ့အတွက် FF systems တွေဖြစ်တဲ့ Dry Riser/ Wet Riser/ Fire Extinguisher/Fire Hosereel System... စသည်ဖြင့် new supply and install လုပ်မယ်ဆိုရင် အဲ့ဒီအတွက် Coring/ Pipe and accessories/ Hanger Support and accessories/ Painting/ Fire Pump / Pump Control Panel /Supply & Install Cost /Testing Cost တွေ ထည့်တွက်ရပါမယ်။
မျိုးဆက်သစ်အင်ယာများ အဆင်ပြေကြပါစေ🙏
ဆရာသမားများကို လေးစားဦးညွတ်လျှက်🙏
လိုအပ်ချက်တွေရှိရင် ဖြည့်စွက်သင်ပြပေးစေလိုပါတယ်။
Khin Kalyar Htun
7.July.2021
& Accessories တွက်ချက်ပုံကို သိရှိစေရန် မျှေဝပါမယ်။
Pipe Length ကို Plan ပုံပါ လမ်းကြောင်းအတိုင်း တိုင်းပါ။ ပြီးရင် အတက်အဆင်း Length ထည့်ပေါင်းပါ။ Extra 5 or 10% ထည့်ပေါင်းပါ။ Conduit Pipe တစ်ချောင်းရဲ့ အရှည်ဟာ 2.9m ဖြစ်ပါတယ်။ ရလာတဲ့ Length ကို 2.9 နဲ့ စားပါ။
1. PVC Conduit Pipe = (Plan + အတက်အဆင်း Length) x 1.1 (If Extra%= 10%)
=--- m / 2.9
=---- Nos
2. Socket
Pipe Qty အတိုင်းယူပါတယ်။
e.g-Pipe က 10 Nos ဆိုပါစို့။ Socket = 10 Nos
3. Saddle
3ft or 1m ခြား saddle တစ်ခု ဆွဲပါမယ်။
Saddle=Total Pipe Length(m)÷1m =--- Nos
saddle တစ်ခုဆွဲတိုင်း wall plug တစ်ခု၊ black screw တစ်ခု။ Circular junction box တစ်ခုဆင်တိုင်း wall plug တစ်ခု၊ black screw တစ်ခု။
3" x 3" base cup တစ်ခုဆင်တိုင်း wall plug 4 ခု black screw 4 ခု တွက်ရပါမယ်။
4. PVC Wall Plug = ----Nos
5. 1” Black Screw = ----Nos
base cup နဲ့ pipe နဲ့ အဆက်၊ trunking နဲ့ pipe နဲ့ အဆက်၊ DB နဲ့ pipe နဲ့ အဆက် နေရာတွေမှာ ရေတွက်ပါ။ 6. Adaptor = ----Nos
Junction box or joint box -Drawing အရ Pipe အချိုးအကွေ့အပေါ် မူတည်ပြီး Qty ကောက်ရန်။
(End point တွေမှာ 1 way box /
90 ထောင့်ချိုးတဲ့နေရာတွေမှာ 2 Way 90/
2 နေရာ strait (တဖြောင့်ထဲ) သွားတဲ့နေရာတွေမှာ 2 Way 180/
direction 3 နေရာကို သွားတဲ့အခါမှာ 3 Way Box/ direction 4 နေရာကို သွားတဲ့အခါမှာ 4 Way Box)
7. Junction Box with lid cover= ----Nos
8. Dome Cover
Lighting point qty အတိုင်းဖြစ်ပါတယ်။
If Lighting Point=10Nos, Dome Cover = 10 Nos
9. Flexible Pipe
e.g - If Slab to Ceiling H=0.7m ဆိုပါစို့။ Lighting Point ကို အနည်းငယ် ရွှေ့ပြောင်း adjust လုပ်လို့ရအောင် အပိုဆောင်းပြီး 1M လို့ တွက်မယ်။
Lighting 1 point ကို 1m အရှည်နဲ့ total 20 Points ဆိုပါစို့။
Flexible Pipe = 1 m x 20 Points = 20 m
(Accessories တွေ တွက်တဲ့အခါ cover ဖြစ်အောင် အပိုဆောင်းတွက်ပါ။ Tender တွက်တဲ့အခါမှာတော့ Accessories ကို 1 Lot နဲ့ပဲ ပြပါတယ်)
Sharing is caring😘
Khin Kalyar Htun
7.July.2021
Labour & Material Rate/
Overhead Cost/
Preliminaries Cost for M&E/
Tax (C.T & W.T) အကြောင်း Sharing လုပ်ပါမယ်။ (Not for Government Tender)
✅ Rate
Labour Rate ကတော့ company တွေမှာ standard unit rate ရှိကြပါတယ်။company တစ်ခုနှင့်တစ်ခု စျေးနှုန်းယူပုံချင်း မတူကြပါဘူး။Standard rate မရှိတဲ့ company တွေမှာဆိုရင် အများအားဖြင့် Yangon ဆိုရင် ရန်ကုန်တိုင်းဒေသကြီးစျေးနှုန်း ၊ Mandalay ဆိုရင် Mandalay တိုင်းဒေသကြီးစျေးနှုန်းကို Reference ယူပြီး ထည့်ပါတယ်။
✅ Rate
Material Rate အတွက်ကတော့ Market Rate ကို ထည့်ရပါမယ်။ Supplier ဆီကနေ Material Quotation အချိန်မှီရဖို့ လိုပါတယ်။ Site အရောက် Material Delivery Cost ပါ ထည့်တွက်ရပါမယ်။ အနည်းဆုံး Supplier 3ဦးစီ Quotation တောင်းပါ။ Material Comparison လုပ်ရပါမယ်။ Material အတွက် rate ဖြည့်တဲ့အခါမှာ မြန်မာကျပ်ထက် USD နဲ့ ပြတာ ပိုအဆင်ပြေပါတယ်။ Currency rates fluctuations ကို ထည့်စဥ်းစားရပါမယ်။ Materials တွေက dollar( $)အတက်အကျ ပေါ် မူတည်ပြီး စျေး အတက်အကျ ရှိတတ်တယ်။ Client ကို Quotation တင်ပြီးတဲ့အခါမှ Supplier ဆီက ရတဲ့စျေးက ဒီလောက်ပါ။ dollar($) စျေးတက်လို့ ဘာညာဆိုရင် Client မကြိုက်ရင်၊ ညှိလို့မရရင် မျက်နှာပျက်ရပါမယ်။ Contract ချုပ်ပြီးရင်တော့ သွားပါပြီ။
တကယ်တော့ Q.S တစ်ယောက်အနေနဲ့ B.Q တွက်တတ်ရုံနဲ့လည်း မပြီးပါဘူး။ Project တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကိုပါ Cost Estimate တွက်ချက်ပေးရမှာ ဖြစ်ပါတယ်။
ဥပမာ Project Duration က 1 Year ဆိုပါစို့။
Project အပေါ်မူတည်ပြီး-
တနေ့ Workers ဘယ်နှစ်ယောက်သုံးမယ်?
တရက်စာ Total Workers Cost က ဘယ်လောက်?
တနှစ်ဆိုရင် Total Workers Cost က ဘယ်လောက်?
Project က ဝေးလံတဲ့နေရာမှာဆိုရင် Workers တွေအတွက် နေစရိတ် ၊ စားစရိတ်၊ သွားလာစရိတ်တွေပါ ထည့်တွက်ပေးရပါမယ်။ Other Risksတွေအတွက် တက်လာနိုင်မယ့် costလည်း ထည့်စဥ်းစားရမယ်။ ဥပမာ- သတ်မှတ်ထားတဲ့ Project Duration အတွင်း မပြီးခဲ့ရင် Contract အရ L.D (ဒဏ်ကြေး) တွေ လာမယ်။ အဲ့ဒါဆိုရင် O.T(Overtime) cost တွေ တက်လာမယ်။
Sub-com ပေးမယ်ဆိုရင်လည်း Sub-com ၃ဖွဲ့လောက် Price Comparison လုပ်ပြီး ရာထားပါ။
✅ Cost
Project အတွက် Project Manager, Project Engineer, Site Q.S, Site Engineer,safety officer,…စသဖြင့် ဘယ်နှစ်ယောက် ထည့်မယ်။ သူတို့ရဲ့ လစာ + အထွေထွေစားရိတ် ထည့်တွက်ပါ။
✅ Cost for M&E
*Site Facilities and equipments
Temporary Site Office နဲ့ site office အတွက် Printer, Computer, Table, Chair, connection fees, stationery cost (A4, A3 Paper,etc.) တွေအပြင် Temporary worksတွေဖြစ်တဲ့ Water, Site Toilets and Temporary Electricity Cost including Generator Rental fee & Fuel / Temporary DBs & Cable Supply & installation cost တွေ ထည့်တွက်ရပါမယ်။
*Scaffolding
Scaffolding and other necessary machines for site….အတွက် ထည့်စဥ်းစားရပါမယ်။ ငှားရမယ်ဆိုရင် Rental fee ထည့်တွက်ပါ။
*Site Safety & Security
Safety Signs for site, Personal protective equipment (PPE) for all workers, engineers, all site persons အတွက် Safety Cost နှင့် Project Security Cost ပါ ထည့်တွက်ရပါမယ်။
Cleaning
Site သန့်ရှင်းရေးအတွက် နာရီပိုင်းနဲ့ ငှားမယ်၊ or ရက်နဲ့ ငှားမယ်။ သန့်ရှင်းရေးခ ထည့်တွက်ပါ။
Insurance
Client request အပေါ် မူတည်၍ Insurance company နဲ့ ချိတ်ပြီး လုပ်ငန်းခွင်အတွင်း တစုံတခု ထိခိုက်မှုအန္တရာယ်အတွက် Insurance Cost တွေလည်း ထည့်တွက်ဖို့ လိုပါတယ်။
Factory Visit (Local or Oversea)
အကယ်၍ Material ထဲမှာ ပစ္စည်းရဲ့ အရည်အသွေးကို စက်ရုံသို့ သွားရောက်စစ်ဆေးဖို့ လိုအပ်ခဲ့လျှင် အဲ့ဒီ Factory Visit အတွက် သွားဖို့လာဖို့ အထွေထွေစားရိတ်ပါ ထည့်တွက်ချက်ပေးရပါမယ်။
Submittal of Documents and Handover Documents
Project ကာလတစ်လျှောက် Submit လုပ်ရမယ့် Forms တွေ၊ Drawings တွေနှင့် C.D & Handover Documents (3 Sets) တွေအတွက် စာရွက်စာတမ်းကြေးတွေကလည်း မနည်းလှပါဘူး။ အဲ့ဒီ Cost တွေအတွက်ပါ ထည့်တွက်ရပါမယ်။
Authority Permit Fee
*Electrical shut down & turn on fee အပြင် Final inspection အတွက် Electrical ဆိုရင် E.I, P&S အတွက်ဆိုရင် Y.C.D.C, Fire Fighting အတွက်ဆိုရင် Fire Department လာစစ်တဲ့အခါ Authority Permit Fee အပြင် သွားခလာခ... အဲ့ဒါလည်း အကြမ်းဖျင်း ထည့်တွက်ထားပါ။
✅ Tax (C.T) (ကုန်သွယ်ခွန်) 5%
* 5% Commercial Tax ထည့်ပေါင်းရပါမယ်။
C.T 5% က လုပ်ငန်းအပ်နှံသူ Client ဘက်က ကျခံရတာပါ။ လုပ်ငန်းလက်ခံသူContractor company က လုပ်ငန်းအပ်နှံသူClientဘက်ကို C.T 5% တောင်းခံပြီး အခွန်ရုံးကို ပေးသွင်းပေးရပါတယ်။ ပြီးရင် ပေးသွင်းပြီးတဲ့ C.T Form မူရင်းကို လုပ်ငန်းအပ်နှံသူClientဘက်ကို ပေးရမှာပါ။
✅ Tax (W.T) (၀င်ငွေခွန်) 2%
* 2% Withholding Tax က လုပ်ငန်းလက်ခံသူContractor company ဘက်က ကျခံရတာပါ။ လုပ်ငန်းအပ်နှံသူ Client ဘက်က Contractor ရဲ့ Contract Amount မှ 2% ဖြတ်တောက်ပြီး အဲ့ 2% ကို Contractor အမည်ဖြင့် အခွန်ရုံးကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ ပြောရရင် Contractor company က 98% ပဲ ကျန်မှာပါ။ Local Company ဆိုရင် W.T 2% အခွန် ပေးဆောင်စရာ မလိုပါ။
Project တစ်ခုလုံးရဲ့ Cost Estimate သိရပြီဆိုရင် Profit အတွက် ဘယ်လောက်% Mark up လုပ်ပြီး Client ဘက်က စျေးစစ်တဲ့အခါတွင်လည်း မိမိရဲ့ boss မှာ ဘယ်လောက် % Discount လျှော့နိုင်မလဲဆိုတာ ချိန်လို့ရမှာ ဖြစ်ပါတယ်။
Project တခုရဲ့ Profit & Loss က Q.S အပေါ် မူတည်နေတယ်။ Project အတွက် ကုန်ကျနိုင်မယ့် စရိတ်တွေအကုန်လုံးကို cover ဖြစ်အောင် တွက်ချက်တတ်ရမယ်။ Cost ကလည်း သင့်တင့်ရမယ်။ များလွန်းပြန်ရင်လည်း project မရနိုင်ဘူး။ tender award ဖြစ်ပြီးတဲ့အခါ Q.S ကလည်း ဟာကွက်မရှိ တွက်ထားတယ်။ Project Site Run တဲ့ သူကလည်း labour, material, quantity, time, quality control လုပ်နိုင်တယ်ဆိုရင် အဲ့ project က ok ပါပြီ ☺
မိမိရေးသားသော sharing post တွေမှာ အမှားပါရင်ဖြစ်ဖြစ်၊ လိုအပ်ချက်ရှိရင်ဖြစ်ဖြစ် ဖြည့်စွက်သင်ပြပေးစေလိုပါတယ်🙏
ဆရာသမားများကို လေးစားဦးညွတ်လျှက်🙏
Khin Kalyar Htun
3.July.2021
& Breakers
DB & Breaker အတွက်ဆိုရင် Single Line Drawings သေချာဖတ်ပါ။
Plan Drawings မှာ DB Location တွေ သေချာကြည့်ပြီး Quantity ကောက်ပါ။
Supplier ဆီကို Single Line Drawing နှင့်တကွ Quotation တောင်းရပါမယ်။
Supplier ဆီက Quotation ပြန်ရတဲ့အခါမှာလည်း အောက်ဖော်ပြပါအချက်တွေနဲ့ မှန် မမှန် ၊ စုံ မစုံ check လုပ်ရပါမယ်။
DB ဘယ်နှစ်လုံးလဲ?
Main Breaker Size ဘယ်လောက်လဲ...
DB တခုချင်းစီမှာ Breakers ဘယ်နှစ်ခု ပါလဲ...
Breaker အမျိုးအစားတွေ (MCB, MCCB, RCCB, RCBO, etc...) &
Brand & Country of Origin?
1Pole, 2 Poles, 3 Poles or 4 Poles ... &
MCCB တွေမှာဆိုရင် AT (Ampere Trip), AF (Ampere Frame) rating ... &
Breaker တစ်ခုချင်းစီရဲ့ Current Rating တွေ (eg. 1P 10A, 1P 20A, 3P 32 A, ...) &
Breaking Capacity (kA) rating - 6kA or 10kA ?
Tripping Curve Type - B (or) C (or) D,.... ?
Class of MCB, ELCB, RCCB (e.g sensitivity က 30mA or 100mA,....) ?
A.T.S (Auto Transfer Switch) or C.O.S (Change Over Switch) ရဲ့ Ampere Rating
စသည်တို့ကို Single Line Drawings နဲ့ check ရပါမယ်။
Supplier ဆီက DB Panel Quotation အချိန်မှီ ရဖို့ကလည်း အရေးကြီးပါတယ်။
အဲ့လောက်ဆိုရင် Fresher တွေ အနေနဲ့ Panel Quotation မှာ စစ်ရမယ့်အရာတွေနဲ့ Single Line ကို အကြမ်းဖျင်း ကြည့်တတ်သွားမယ်လို့ ထင်ပါတယ်။
Sharing is caring 💛
Khin Kalyar Htun
30.June.2021
Protection System (L.P.S) အတွက် sharing လုပ်ပါမယ်။
- Air Rod စ ကောက်ပါမယ် (L.P.S Plan ပုံတွင် ကြည့်၍ ကောက်ပါ။)
1. Air rod c/w air rod base = --- Nos
- Down Conductor (D.C) Length ကို တိုင်းရန်အတွက် L.P.S Drawing မှာ
👉D.C ဘယ်နှစ်ချောင်း ဆင်းထားလဲ။
👉 Size ဘယ်လောက်လဲ။
👉ဘာအမျိုးအစားသုံးထားလဲ (Copper or Aluminium) စသည်ဖြင့် စစ်ရပါမယ်။
👉 Roof မှာ MV Fan, Pumps, MATV Antenna, MATV Dish တွေ ရှိခဲ့ရင် bounding လုပ်ရပါမယ်။
Fresher တွေ အနေနဲ့ တွက်ဖို့ မြင်လွယ်စေရန် Project တစ်ခုရဲ့ Detail Drawing လေးကို Reference အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ပုံ-၁ အရ Roof ကနေ Test Link Box အထိကို 25mm x 3mm Aluminium Tape သုံးထားပြီးတော့ Test Link Box to Earth Pit အထိကို 70 mm2 Bare Copper Wire သုံးထားပြီး D.C တစ်ချောင်း ဆင်းထားပါတယ်။
Test Link Box to Earth Pit ကို သွားတဲ့ Copper ရဲ့ Length အရှည်အတိုင်း 50mm PVC Pipe Length ကို ထည့်ပါ။ (Drawing အရ Length တိုင်းပြီးထည့်ရန်)
2. 25mm x 3mm Aluminium Tape = ---m
3. 70mm2 Bare Copper Wire. = ---m
4. 50mm PVC Pipe = ---m
👉တစ်ချို့ Project တွေမှာ D.C ကို structure rebar bond ပြီးပါ ဆင်းခိုင်းရင် Rebar Length ကို Drawingအရ တိုင်းပြီး ထည့်ပါ။ joint ဆက်တဲ့အခါ thermo weld or Rebar clip ဘယ်ဟာသုံးခွင့်ပြုလည်း check ပါ။ တစ်ချို့ Projects တွေမှာ Rebar Clip နဲ့ ဆက်တာကို လက်ခံပေမယ့် တစ်ချို့ကျ Thermo Weld ဆက်တာပဲ လက်ခံပါတယ်။
Tape Clip
👉CP 33 (Table-3.6-Page-38) အရ D.C ကို Vertical ဆင်းရင် 1m,
Vertical conductors over 20m ဆိုရင် 0.75m, Vertical conductor over 25m ဆိုရင် 0.5m, Horizontal conductors on horizontal surfaces ဆိုရင် 1m,
Horizontal conductors on vertical surfaces ဆိုရင် 0.5m ဟူ၍
Project ရဲ့ building height နဲ့ Vertical & Horizontal D.C ဆင်းတာအပေါ် မူတည်ပြီး 0.5m, 0.75m, 1m ခြား Clip တစ်ချက်ဖမ်းဆိုပြီး ဖော်ပြထားတဲ့အတွက် Q.S တွေ အနေနဲ့ D.C ကို 0.5m (500mm) ခြား clip တစ်ချက်ဖမ်းနဲ့ တွက်ရင် cover ဖြစ်ပါတယ်။ (Site မှာတော့ အများအားဖြင့် ၂ပေ or ၃ပေ clip တစ်ချက်ဖမ်းနဲ့ install လုပ်ကြပါတယ်)
5. Tape Clip = D.C Length ÷ 0.5m = ---Nos
6.Test Link Box = ---Nos (D.C အရေအတွက်အတိုင်း ထည့်ပါ။
(eg. D.C 2Nos ဆင်းရင် Test Link Box=2Nos)
👉CP 33 အရ Test Link Box ရဲ့ height ကို မြေပြင်အထက် minimum 1500 mm (centre) မှာ ထားပါတယ်။
👉Bi-metallic connector (Aluminium နဲ့ Copper နဲ့ ဆက်တဲ့အခါမှာ သုံးပါတယ်။
Test Link Box အရေအတွက်အတိုင်း ထည့်ပါ။ Copperချင်း ဆက်ရင်တော့ ထည့်တွက်စရာ မလိုပါ။)
7. Bi-metallic connector= ---Nos
8. Earth Pit or Earth Inspection Chamber =--- Nos (L.P.S Plan ပုံတွင် ကြည့်၍ ကောက်ပါ။)
👉 Earth Pit က Concrete Earth Pit or Heavy Duty Earth Pit? - Drawing မှာ check ပါ။
9.Earth Pit တစ်ကျင်းစီကို- Earth Rod 2Nos, Coupling 1No, Rod to Tape Clamp or Clip 1No.
👉Lightning ကို Less than 10 ohms ရအောင် ရိုက်ပေးရမှာ ဖြစ်ပါတယ်။
Earth ရိုက်တဲ့အခါ length တိုင်းရင် earth တစ်ကျင်းနဲ့တစ်ကျင်းအကွာအဝေးကို တစ်ကျင်းမှာရိုက်ထားတဲ့ total earth rod ရဲ့ length အရှည်အတိုင်းယူပြီး တွက်ပါတယ် (ဥပမာ - earth rod 1Nos ရဲ့ Length က 1.8m ပါ။ earth pit တစ်ကျင်းမှာ earth rod 2Nos ဆင့်ရိုက်ရင် 2 x 1.8 m= 3.6 m )
Sharing is caring 💛
လိုအပ်ချက်တွေရှိရင် အကြံပြုပေးစေလိုပါတယ်🙏
Khin Kalyar Htun
29.June.2021
အခန်းတစ်ခုရဲ့ Circuit အတွက် Cable Length တွက်ချက်ပုံကို Sharing လုပ်ပါမယ်။
Lighting Circuit အတွက် တွက်တဲ့အခါမှာ Wiring Connection ကို သိထားမှ တွက်လို့ရမှာပါ။ project တွေမှာ အသုံးများတဲ့ 2Way, 3Way Wiring Connection Diagrams တွေကိုပါ လေ့လာနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ပါတယ် (Attached Photos are reference from u-tube.) Other switch အမျိုးအစားတွေကိုလည်း လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ u tube ကပဲ ဖြစ်ဖြစ် ဆက်လက်လေ့လာပါ။
ပုံ ၁ ( Plan Drawing for reference ) ကို ကြည့်ပါ။ ပုံ အရ Lighting 3 Points ကို 3Gang Switch နဲ့ သွားထားပါတယ်။
ပုံ -၂ ကို ကြည့်ပါ။ DB ရဲ့ Lighting Breaker ကနေ Switch ဆီကို Line တကြိုးဝင်ပါတယ်။ အဲ့ဒါကို Supply ကြိုးလို့ ခေါ်ပါတယ်။ Switch ကနေ Lighting point ဆီ သွားတဲ့ Line ကြိုးကိုတော့ site အခေါ် - ခတ်ကြိုး လို့ ခေါ်ပါတယ်။ 3 Gang Switch ဖြစ်တဲ့အတွက် ခတ်ကြိုး 3ခု ဖြစ်ပါတယ်။ အကယ်၍ 1Gang ဆိုရင် ခတ်ကြိုးက 1ကြိုးပဲ ရှိမှာပါ။ အဲ့လောက်ဆိုရင် 1Gang to 5Gang ဖြစ်ခဲ့ရင်လည်း တွက်တတ်မယ် ထင်ပါတယ်။ Neutral ကတော့ DB ရဲ့ Lighting Breaker ကနေ Load လို့ ခေါ်တဲ့ မီးပွိုင့်ဆီကို တန်းသွားမှာပါ။ B.Q တွက်တဲ့အခါမှာ Line ကြိုးအတွက် Length ရရင် 2 နဲ့ မြှောက်ပြီး Neutral ကို Line ကြိုးနဲ့ ဆတူ ယူပါတယ်။ Earth ပါခဲ့ရင် 3 နဲ့ မြှောက်ပါတယ်။ ( Neutral ကို အတိအကျ တွက်ကြည့်ချင်ရင်လည်း ပုံ -၁ နှင့် ၂ ကို ကြည့်ပြီး တွက်နိုင်ပါတယ်။)
နမူနာအနေနဲ့ ပုံ-၁ plan ပုံအရ တွက်ပြပါမယ်။
As per Plan,
Lighting Breaker to Switch = 0.5 M,
Switch to Light 1 = 2 M,
Switch to Light 2 = 4 M,
Switch to Light 3 = 6 M,
Plan drawing length = (0.5 + 2 + 4 + 6) = 12.5 M (ပုံ - ၁ ကို ကြည့်ပါ။)
အတက်အဆင်း Length = 1.7M + (4 x 2.3) + (3 x 0.3) = 11.8 M
(မြင်လွယ်စေရန် ပုံ - ၂ နှင့် ပုံ - ၃ ကို ကြည့်ပါ။)
Line = (Plan Drawing Length + အတက်အဆင်း Length) x Extra 10%
= (12.5M + 11.8 M) x 1.1
= 26 M
L & N = 26 M x 2 = 52 M
So 1C x 1.5mm2 Cu/PVC Cable = 52 M
Sharing is caring 💛
Khin Kalyar Htun
28.June.2021
Page ကို သိပ်မသုံးတတ်သေးတာမို့ စမ်းသုံးကြည့်နေဆဲကာလမို့ ကြည့်ရ အဆင်မပြေတာ၊ မရှင်းလင်းတာရှိရင် comment ချန်ခဲ့နိုင်ပါတယ်။
Sharing post တွေမှာ လိုအပ်ချက်တွေရှိရင်လည်း အကြံပြုပေးစေလိုပါတယ်။
ပိုစ့် တိုင်းကို ခွင့်တောင်းစရာမလိုပဲ share နိုင်ပါတယ်။
အခုလိုကာလကြီးမှာ Senior အင်/ယာတွေတောင် အလုပ်အကိုင် ရှားပါးနေတာမို့ Junior တွေ အနေနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါ မျက်နှာမငယ်အောင်၊ လစာ မနှိမ်အောင်၊ ကိုယ်လည်း အချိန်ပေးနိုင်တုန်း တတ်နိုင်သလောက်လေး sharing လုပ်ပေးရခြင်း ဖြစ်ပါတယ်။
System ကို Detail B.Q & Estimateတွက်တက်ဖို့ကလည်း လိုအပ်သလို Tender Process တွေ၊ Contract Documentsတွေ၊ Construction Stage စတဲ့ အချိန်ကနေ Handover အပ်တဲ့အထိ process တွေကို သိဖို့ကလည်း အရေးကြီးပါတယ်။
M&E ပိုင်း / Electrical ပိုင်းကို Q.S နဲ့ လုပ်မယ့်သူတွေ၊ site engineer/ site Q.S လုပ်မယ့်သူတွေအတွက် sharing ပို့စ်တွေကို ဖြည်းဖြည်းချင်း လေ့လာသွားခြင်းဖြင့် လုပ်ငန်းခွင်မှာအထောက်အကူရပါစေနော်💛
ကြိုးစားပြီး ရေးပါ့မယ်😊
Edit- Nobody is perfect မို့ M&E System အစုံတော့ မကျွမ်းကျင်နိုင်ပါဘူး။ ကိုယ်လုပ်နေရတဲ့ System အနည်းငယ်ထဲက ကိုယ်အားသာတဲ့အပိုင်းကို sharing လုပ်သွားမှာ ဖြစ်ပါတယ်။
အင်/ယာ အားလုံး အလုပ်အကိုင်တွေ အဆင်ပြေကြပါစေ🙏
System အတွက် တွက်ချက်ပုံကို မျှဝေပါမယ်။
Earthing System တွေမှာ အများအားဖြင့်
*Transformer Earth (Body Earth, Neutral Earth, Disconnect Switch Earth, L.A Earth)
*Generator Earth (Body Earth, Neutral Earth)
* Main LV Panel Earth
* Clean Earth [Server Room equipments such as PABX Panel, CCTV Rack, MAP Panel] & Earth for Mechanical Equipments.
* Lift Earth
* Lightning Earth စသဖြင့် တောင်းပါတယ် ။
ဥပမာအနေနဲ့ မြင်လွယ်အောင် Clean Earth အတွက် တွက်ပြပါမယ်။
👉စ တွက်တော့မယ်ဆိုရင် 1st step အနေနဲ့ Plan Drawing မှာ PABX Panel, CCTV Rack, MAP Panel တွေရဲ့ Location နဲ့ Earth Bar တွေရဲ့ Location သေချာ ကြည့်ပါ။ ပြီးရင် Length စ တိုင်းလို့ရပါပြီ။
👉PABX Panel to Earth Bar, CCTV Rack to Earth Bar, MAP Panel to Earth Bar and Earth Bar to Earth Pit Length, Earth Pit to Earth Pit Length ကို တိုင်းပါ။ ((Please see Fig:1 as Reference.) Fig-1 အရ PABX Panel, CCTV Rack, MAP Panel to Earth Bar ကို 1C x 16mm2 Earth Cable, Earth Bar to Earth Pit ကို 1C x 95mm2 Earth Cable သုံးထားပါတယ်။)
👉Earth Cable ပြေးရန်အတွက် Cable Support Length တိုင်းပါ။
👉 Earth Pit Quantity ကောက်ပါ။
👉Earth Pit တစ်ခုချင်းစီကို Earth Rod 2Nos, Coupling 1No, Rod to Cable Clamp 1No လို့ တွက်ပါ။ (Please see Fig:2 as reference)
👉Clean Earth အတွက်က Less than 1 Ohm ရအောင် လုပ်ရမှာ ဖြစ်ပါတယ်။
(Tender မှာတော့ Detail မတွက်ပြဘဲ 1 Lot နဲ့ပဲ ပြပါတယ်။)
Other Earths တွေ အတွက်လည်း တွက်ကြည့်ပါ။ တွက်နည်းက အတူတူပါပဲ။
👉 [လိုချင်တဲ့ resistance ရအောင် - e.g Main LV Panel Earth အတွက်ဆိုရင် Cover ဖြစ်အောင် Earth Pit ကို 4 nos ယူပြီး တွက်ပါတယ်။ လိုချင်တဲ့ resistance မရတဲ့ အခါမှာ Earth Plate ပါ ထည့်ရိုက်ပေးရတတ်ပါတယ်။]
Sharing is caring ❤
Khin Kalyar Htun
26.June.2021
Project တစ်ခုမှာ Handover Documents ကလည်း အရမ်းအရေးကြီးပါတယ်။
Documents For M&E
I. Authority Permit
1. EI Certificate
(လျှပ်စစ်သွယ်တန်းတပ်ဆင်အသုံးပြုမှူများကို စစ်ဆေးပြီးမှ ထုတ်ပေးတာပါ)
2. Fire Safety Certificate
( မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်ပါ။ ကိုယ့် Project အတွက် Fire Department က Approved Drawing နဲ့ တိုက်စစ်ပြီး fire protection system တွေ Testing လာစစ်ပြီးရင် Maintenance Training တွေ လုပ်ပြီးမှ ထုတ်ပေးတဲ့ဟာပါ။ အဲ့ထောက်ခံချက်မှာ နှစ် ကန့်သတ်ထားပါတယ်။ ၃နှစ်အတွင်းသာ အကျုံးဝင်ပါသည် ရေးထားပါတယ်။ ထပ်မံစစ်ဆေးတဲ့အချိန်မှာ မီးဘေးလုံခြုံရေးဆိုင်ရာ ပြဌာန်းချက်တွေကို လိုက်နာခြင်းမရှိရင် ထောက်ခံချက် ပြန်သိမ်းပြီး အရေးယူပါတယ်)
3. YCDC Certificate
(Waste water တွေ public drain ထဲ စွန့်တဲ့အခါ မြောင်းပိတ်ဆို့တာတွေ နံတာတွေကြောင့် waste water ကို စစ်တာပါ။ စက်မှုဇုန်တွေမှာ စစ်တာများပါတယ်။ အမProjectမှာတော့ Treatment System ပါတဲ့ အတွက် အဲ့ဒါအတွက်စစ်စရာ မလိုခဲ့ဘူး)
BCC လျှောက်ရင် အဲ့ဒါတွေလိုပါတယ်ရှင်။
II. Warranty Letter
1. Warranty Letter from Contractor (Completion and Handover Certificate from Contractor လို့လည်း ခေါ်ပါတယ်။ warranty period က ပုံမှန်အားဖြင့် ၁နှစ်ပါ။ warrany ကာလအတွင်း တခုခု error တက်ခဲ့ရင် Contractor မှာ တာဝန်ရှိပါတယ်။ အဲ့ဒီအတွက်လည်း Final Retention Feeကို 5 % or 10% ချန်ပါတယ်။ Contract အရ completion certificate ထုတ်ပေးတဲ့နေ့ကစပြီး တနှစ်နေမှ ကျန်ငွေ 5% or 10% ရမှာပါ။ အမ project မှာတော့ Amount များတဲ့အတွက်ရော၊ Client က contractor ကို ငဲ့တဲ့အတွက်ရော၊ ယုံကြည်တဲ့အတွက်ရော completion certificate ထုတ်ပေးပြီးတဲ့အခါမှာ ၂.၅% ထုတ်ပေးပြီး warranty period အတွက် ၂.၅% ပဲ ချန်ပါတယ်။
2. Warranty Letter for Materials (အဲ့ဒါက suppliers တွေဆီကရတာပါ။ မူရင်းကို Main Contractor ကပဲ သိမ်းပြီး Client က copy ပဲ ယူပါတယ်။ တချို့ warranty 3 or 5years ရတဲ့ Materials တွေ ရှိတဲ့ အတွက် 1နှစ်ပြည့်တဲ့အခါမှ contractor က မူရင်းကို Client ဆီ အပ်ပါတယ်။ Aircon, Pumps(for P&S and Fire), Treatments, UPS, Fixtures, etc. တွေအတွက် Warranty Card တွေ material supplier ဆီ တောင်းဖို့ မမေ့ပါနဲ့နော်)
III. Maintenance & Emergency Contact (ဆက်သွယ်ရမယ့် contact တွေက သိဖို့ အရေးကြီးပါတယ်နော်၊ မဟုတ်ရင် နောက်မှ ဘယ်ဆက်လို့ ဆက်ရမှန်းမသိ ဖြစ်မယ်)
IV. Spare Material Lists & Suppliers Contact ( တချို့ Materials တွေက spare ထားရပါတယ် ။ eg. M&E ဆို Lighting Fixtures တွေ၊ Sprinklers etc. C&S ဆို Wall and Floor Tiles ၊ Paint တွေ etc. တခုတလေပျက်တဲ့အခါ တူတာ ရှာမရတဲ့အခါ တိုင်ပတ်ပါမယ်နော်)
V. Approved Materials & Catalogues (Material Submission Form တင်တဲ့အခါ တချို့ဟာတွေကို Samples အနေနဲ့ တင်ပါတယ်၊ အဲ့ samples တွေပါ အပ်ပါတယ် (project တခု တူချင်မှတော့ တူမှာပါ တချို့ မအပ်တာတွေလည်း ရှိမှာပါ)။
VI. As-built Drawings (အဲ့ဒါတော့ အကျယ်တဝင့် မရေးတော့ပါဘူး)
VII. QA/QC Documents ( RFI-Request for information, Request for inspection Form/ inspection check lists , RFA-Request for Approval, Method of statement, Material Submission Approval Form) စသည်ဖြင့် Construction State မှာ လုပ်ခဲ့တဲ့ Forms တွေအားလုံးပါ တင်ပေးဖို့ လိုပါတယ် ။
VIII. Punch List Clearance & Completion Form (Site Handover အပ်တဲ့အခါ Client က လာစစ်ပြီး ပြင်စရာရှိတာတွေ ပြင်ခိုင်းပါတယ်။ အဲ့ဒါတွေ အကုန် ပြင်ပြီးသွားတဲ့အခါ Before and after ပုံနှင့်တကွ ပြန်တင်ပေးရပါမယ်။ နောက်တခါ ပြန်စစ်ပြီးလို့ အကုန်အဆင်ပြေရင် အဲ့ Form မှာ Client / PM က လက်မှတ်ထိုးပေးပါတယ်ရှင်)
IX. Operation and Maintenance Manual ( တချို့ဟာတွေ Material Supplier ဆီက တောင်းလို့ရပါတယ်နော်၊ တချို့ကိုတော့ contractor က ရေးပြီး တင်ပေးပါတယ်)
X. Handing Over of Key Lists ( project ကြီးရင် သော့တွေများပါတယ် ဆင်ပြီးတဲ့အခန်းတွေမှာ တခါထဲ သော့တွေ ခတ်ထားတာပါ )
XI. Transmital Form ကလည်း record အနေနဲ့ အရေးကြီးပါတယ်နော် (Handover က အပေါ်က file တွေ အကုန် soft copy with CD ရော Hard Copy ပါ ၃ စုံ အပ်ရမှာပါ။) soft copy နဲ့ ပေးတဲ့အခါမှာလည်း ကြည့်ရလွယ်အောင် အစဥ်လိုက် စီထားပေးပါ။ ပြီးရင် paper portrait,landscape တွေပါ သတိထားပါ မဟုတ်ရင် ပုံတွေကြည့်ရတာ မူးတော့ client complaint တက်ပါတယ် ။
File တွေ များတာမို့ Contents နဲ့ Fileတိုင်းရဲ့အဖုံး မှာ နံပါတ်စဥ်လေးတွေနဲ့ file folder စနစ်တကျ ရေးရပါမယ်။ lists နဲ့ တိုက်စစ်တဲ့အခါ ရှာရလွယ်အောင်လို့ပါ။
ပြီးရင် QS ဆိုရင်တော့ project closed out လုပ်ဖို့ပါ VO တွေပါ စစ်ပြီး တခါထဲ Final Account ပါ တင်ထားပါ။
(12.Jan.2021 က ရေးထားတဲ့ ပို့စ် လေး ပြန်လည် share လိုက်ပါတယ်။)
Sharing is caring.
Khin Kalyar Htun
Size Calculation တွေ ပြီးပြီဆိုတော့ ဒီနေ့မှာတော့ သူ့နေရာနဲ့သူ ရွေးချယ် သုံးတတ်စေရန် Trunking, Tray & Ladder တွေအကြောင်းကို အကြမ်းဖျင်း ဖော်ပြပေးလိုက်ပါတယ်။
Trunking
Trunking တွေမှာ အဖုံး ပါဝင်ပါတယ်။ အလုံပိတ် type ဖြစ်တဲ့အတွက် heat ထုတ်တာ နည်းတဲ့ Lighting, Power, Telecommunication, Data Line တွေ အတွက် အသုံးပြုပါတယ်။ Metal Trunking တွေဟာဆိုရင် တောင့်တင်းခိုင်မာပြီး ကြာရှည်ခံပါတယ်။ Plastic Trunking တွေဟာဆိုရင် ပေါ့ပါးပြီး တပ်ဆင်ရလွယ်ကူတဲ့အပြင် low cost ဖြစ်ပါတယ်။
Tray
Tray တွေရဲ့ bottom မှာဆိုရင် အပေါက်တွေများစွာ ပါဝင်တဲ့အတွက် moisture ကြောင့် ရေစုပြုံခြင်းမှ ကင်းဝေးစေပါတယ်။ Cable ပြေးတဲ့အခါမှာလည်း Cable tie နဲ့ အစီအရီ ခွဲချည်ထားနိုင်ပါတယ်။ လေဝင်လေထွက်ကောင်းမွန်တဲ့အတွက် heat ပိုထွက်တဲ့ cable တွေသုံးရန်အတွက် သင့်တော်ပါတယ်။
Ladder
Ladder တွေဟာ တောင့်တင်းခိုင်မာတဲ့အပြင် free air flow ဖြစ်တဲ့အတွက် heavy cable size တွေ အတွက် သင့်တော်ပါတယ်။
* Trunking size တွေကို အရင်ပို့စ်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။
*Cable Tray & Cable Ladder Width များမှာ-
75 mm ( Tray ) 150 mm ( Ladder )
100 mm ( Tray) 200 mm ( Ladder )
150 mm ( Tray) 300 mm ( Ladder )
200 mm ( Tray) 400 mm ( Ladder )
225 mm ( Tray ) 500 mm ( Ladder )
250 mm ( Tray ) 600 mm ( Ladder )
300 mm ( Tray ) 700 mm ( Ladder )
350 mm ( Tray ) 800 mm ( Ladder )
400 mm ( Tray ) 900 mm ( Ladder )
500 mm ( Tray ) 1000 mm ( Ladder )
600 mm ( Tray )
700 mm ( Tray )
750 mm ( Tray)
800 mm ( Tray )
900 mm ( Tray )
1000 mm ( Tray )
Tray Height. - 50mm, 75mm, 100mm
Ladder Height – 75mm, 100mm,
Length – 2.44m
Trunking, Tray, Ladder joints တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။
(Above Letters reference from u-tube and trunking, tray, ladder Size & Joints Photo reference from supplier catalogue.)
Sharing is caring.
Khin Kalyar Htun
24.June.2021
Size Calculation
1C x 25mm2 Cu/XLPE/PVC Cable x 8Nos အတွက် Tray Size တွက်ကြည့်မယ်။
Ans:
1. Total Overall Diameter Value ရှာပေးရပါမယ်။
Total Overall Diameter = No of Cables x Overall Diameter of each Cable
= 8 Nos x 11.3 mm
= 90.4 mm
(Overall Diameter တန်ဖိုးကို ကိုယ်သုံးမယ့် Cable Catalogue မှာ ကြည့်ပါ။)
2. အစွန်းနှစ်ဖက် နှင့် Cable 1Set ခြားစီမှာ minimum of one Cable Diameter (Cable တစ်လုံးစာစီ) Space ထည့်ပေါင်းပါ။
So, 90.4 mm + (11.3*3) mm
= 124.3 mm
Future expansion အတွက် Spare Capacity 20% ထည့်ပေါင်းမယ်ဆိုရင်
124.3 mm x 1.2 = 149.16 mm
အနီးစပ်ဆုံး ရနိုင်တဲ့ Tray Size ဖြစ်တဲ့ 150 mm (width) x 50 mm (height) ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
(*Cable Ladder ကိုလည်း ဒီတွက်နည်းဖြင့် တွက်နိုင်ပါတယ်။)
-----------------------------------------
*electricalnotes.wordpress.com မှ tray size တွက်နည်း
(တွက်ချက်ပုံ အဆင့်ဆင့်ကို ပြထားတဲ့ PDF File နှင့် Tray ထဲမှာ ပြေးမယ့် Cable အရေအတွက် ၊ Cable Size, Overall diameter of each cable, Weight of each cable ရိုက်ထည့်တာနဲ့ Tray size ကို သိနိုင်မယ့် Formula ထည့်ထားတဲ့ excel format file) ကိုပါ တစ်စုတစ်စည်းထဲ လေ့လာနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ ကြိုက်ရာနည်းဖြင့် တွက်နိုင်ပါတယ်။
(Excel Format 👇)
https://electricalnotes.wordpress.com/2014/12/02/calculate-size-of-cable-tray/
-----------------------------------------
အကယ်၍ Cable Trench နဲ့ ပြေးမယ်ဆိုပါစို့။
အနေအထား- Flat or Trefoil…
Cable Type - 1Core, 2Cores, or 3Cores,
Method Type – e.g Cable Trench နဲ့လား...
စသည်တို့အပေါ် မူတည်ပြီး -
Trench Wall ကနေ Space ဘယ်လောက်ခွာမလဲ…
Cable 1Set နှင့် 1Set ကြား Space ဘယ်လောက်ခြားမလဲ…သိစေရန် Cable Installation Method တွေကို သိထားရမှာ ဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(Cable Installation Methods are extracted From CP-5.)
တစ်ချို့ Cable Catalogue တွေမှာလည်း Cable Installation Method တွေ ဖော်ပြထားတဲ့အတွက် Cable Catalogue မှလည်း လေ့လာနိုင်ပါတယ်။
Sharing is caring💛
Khin Kalyar Htun
24.June.2021
#အခန်းတခုရဲ့ Power Circuit အတွက် cable length တွက်ချက်ပုံကို sharing လုပ်ပေးလိုက်ပါတယ်။
1. Scale စစ်ပြီး Line အတွက် Plan Drawing မှ Length ကို အရင် တိုင်းပါမယ်။ အတက်အဆင်း Length ပေါင်းပါမယ်။ ပြီးရင် Extra 5 or 10% ထည့်ပေါင်းပါ။
2. L, N, E အတွက် 3 နဲ့ မြှောက်ပါမယ်။
ဥပမာ အနေနဲ့ တစ်ခန်းစာအတွက် တိုင်းပြပါမယ်။ (Please see the below attached Plan Drawing and Wiring Connection Diagram of Multi Sockets.)
As per Plan,
DB to S-1= (2 + 3) = 5M,
S-1 to S-2 = 4M,
S-2 to S-3 = 4M,
S-3 to S-4 = 4M,
Plan drawing length = (5+4+4+4) = 17M
အတက်အဆင်း Length = 1.2M + (7 x 2.55)
= 19.1 M
Line = (Plan Drawing Length + အတက်အဆင်း Length) x Extra 10%
= (17M + 19.1 M) x 1.1
= 40 M
L ,N, E = 40 M x 3 =120 M
So 1C x 2.5mm2 Cu/PVC Cable = 120 M
Sharing is caring 💛
Khin Kalyar Htun
20.June.2021
Support & accessories detail တွက်ချက်ပုံကို sharing လုပ်ပေးလိုက်ပါတယ်။
(အရင် ပို့စ့်မှာ photo နည်းနည်း ဝါးနေပါသဖြင့် ပြန်တင်ပေးလိုက်ပါတယ်)
* Support တွက်တဲ့အခါမှာ အသုံးများတဲ့ - Slab ကနေ M.S Wall Plug, Thread Rod, Angle bar နဲ့ ဆွဲတဲ့ Support Type နဲ့ တွက်ပြထားတာ ဖြစ်ပါတယ်။ Angle Bar နေရာမှာ Channel Type သုံးထားတဲ့ ပုံကိုလည်း reference အနေနဲ့ ထည့်ပေးထားပါတယ်။ အကယ်၍ Wall ကနေ ကပ်ပြီး Tray ပြေးမယ်ဆိုရင် building အနေအထားအရ အသုံးပြုမယ့် bracket ကို ထည့်တွက်ပေးရမှာ ဖြစ်ပါတယ်။ တွက်ရလွယ်/ မြင်လွယ်စေရန် Wall mounted cable tray detail ပုံကို reference အနေနဲ့ ထည့်ပေးထားပါတယ်။ တွက်ချက်ပုံက အတူတူပါပဲ။
(Please see the below attached photos.)
Sharing is caring.
Khin Kalyar Htun
17.June.2021
Click here to claim your Sponsored Listing.
Category
Website
Address
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.