Sayar Aung Khant Paing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sayar Aung Khant Paing, Astrologist & Psychic, Yangon, Yangon.
ပြိုင်ချင်ရာပြိုင် နိုင်ဖို့လိုတယ်၏ဟေ့
"မာန်မတက်နဲ့ ကိုယ်ပိုင်တာမဟုတ်ဘူး"
***************
ပယောဂတွေ တစ်ပွဲပြီး တစ်ပွဲကုရတယ်
တစ်ပွဲကုပြီးတိုင် ငါကွ ဆိုပြီး မာန်မတတ်နဲ့
ကိုယ်စွမ်းအစနဲ့ ရလာတဲ့ ကိုယ်ပိုင်ပညာနဲ့ ကုတာမဟုတ်သလို
လူနာရဲ့ကံ ဆရာနဲ့ပဋ္ဌာန်ဆက် ပါလို့
ပျောက်တာ ဘာမှ မာန်တက်စရာမရှိဘူး
စုတ်တော်ဆေးတော်လေး ကျလာလို့
ကိုင်ရပြီ တပြည့်မွေရပြီ ဆိုတာနဲ့
မာန်မတက်နဲ့
ပညာအကုန်ရပြီလား
နည်းမှန်လမ်းမှန် တပြည့်မွေးနိုင်ပြီလား
ကိုယ်ပိုင်တဲ့ ပညာကိုပေးရတာလား
အဘတို့ပညာနဲ့ ကိုယ်စားပေးရတာလား စဉ်းစား
ဘာမှ မာန်တက်စရာ မရှိဘူး
ပညာအဆင့်တွေတိုးမှ လူရာဝင်တယ်
လုပ်တာတွေ ဖြစ်နိုင်မယ်မထင်နဲ့
ကိုယ်ရထားတဲ့ အဆင့်တွေက ကိုယ်ပိုင်တဲ့
အဆင့်တွေမဟုတ်ဘူး
ဟုတ်တယ်ဆိုရင်ပြောမယ်
ပညာတစ်ဆင့်နဲ့ပဲ အရင်တိုင်းတာမယ်
ဝမ်းထဲတိုက်တဲ့ စေတီစမရဲ့ ဖြစ်တည်ပုံက
မဂ္ဂင်၈ပါးအခြေပြုပြီး
ရုပ်နာမ်နှစ်ပါးခန္ဓာငါးပါး အစပြုကာ
ပရမ္ပတ၈၁ပါးကို မြင်အောင် လုပ်ခိုင်းထားတဲ့
ဓမ္မစေတီ
ဥုံ ကာမကာမ သေ ဆိုတဲ့
ကီလေသာ ကာမဂုဏ် တဏှာကို သေအောင်သတ်
ခိုင်းထားတဲ့ ဝိပသနာအလုပ်
ဥုံ ထကာထကာ သေ ဆိုတဲ့
မသိခြင်းကနေ ဒေါသတွေ လောဘတွေ မောဟတွေ
မာန်မာနတွေကို အဝိဇ္ဇာတရားကို သေအောင်သတ်ခိုင်းထားတဲ့ ဝိပသနာအလုပ်
ဒီအလုပ်တွေကို လုပ်နိုင်အောင်
ပညာစယူခါစမှ သီလဆောက်တည်တတ်အောင် သင်ပေးတယ်
သမာဓိရှိအောင် ကမ္မဋ္ဌာန်းတရားတွေကို အားထုတ်ဖို့ တိုက်တွန်းတယ်
တစ်ဆင့်ထဲက ဝိပသနာကို လုပ်ဖို့ညွှန်ပြတယ်
ဒါတွေကို လုပ်နိုင်ပြီလား
အပြည့်ဝ လုပ်နိုင်မှ တစ်ဆင့်ဆိုတာ ကိုပိုင်မှာ
ဒီတော့ ကျန်တဲ့ အဆင့်တွေ မပြောတော့ဘူး
အဆင့်နဲ့အကျင့် ကို လက်သမားလုပ်ငန်နဲ့
ခိုင်းနှိုင်းပြရအောင်
ကျွမ်းကျင်တဲ့ လက်သမားဆရာက
ပလပ်ယာပဲယူယူ တူတစ်ချောင်းပဲယူယူ
သံတူရွင်းပဲယူယူ ရဲဒင်းပဲယူယူ
တစ်ခုတည်းရပါစေ
သူ့လုပ်ငန်းကိုတွင်အောင် သံဝင်ဖြောင့်အောင်
ရိုက်တတ်နေတယ်
မကျွမ်းကျင်တဲ့ လက်သမားကြတော့
ပစ္စည်းပေါင်းစုံကိုင်ပြီး မကျွမ်းကျင်တော့
သံဖြောင့်အောင်လဲ မရိုက်နိုင်
ပစ္စည်းပေါင်းစုံနဲ့ အလုပ်ရှုပ်ကာ လုပ်ငန်းလဲ
မတွင်ကျယ်ဘူး
ဒီတော့
အဆင့်ဘယ်လောက်များများ
အကျင့်မကောင်းရင် မကျွမ်းကျင်ရင်
အလကားပဲ ဘာမှမာန်တတ်စရာမရှိဘူး
အဆင့် စုတ်တော် ဆေးတော်
စတာတွေဟာ ကိုယ်ပိုင်တာ ဘာတစ်ခုမှ မရှိဘူး
ပိုင်တယ်ဆိုရင်
အကျင့်ဖြစ်တဲ့ သစ္စာသုံးချက် ဖောက်ကြည့်လိုက်လေ
အဆင့်တွေ စုတ်တွေ ဆေးတွေ သုံးလို့ရသေးသလားလို့ ဆိုတာ
ဘာမှပိုင်တာ မရှိပဲ မာန်လုပ်လို့မရဘူးပေါ့
ဆရာပေါ်လဲ မာန်မတက်နဲ့
တပြည့်တွေပေါ်လဲ မာန်မတက်နဲ့
ပညာညီကိုခြင်းလဲ မာန်မတက်နဲ့
လူနာပေါ်လဲ မာန်မတက်နဲ့
မာန်တက်ရင် သူတော်ကောင်းအလုပ်မှာ
အကုသိုလ်ပါသွားမှာမို့ သူယုတ်မာဖြစ်လေ့မယ်
ကူးယူဖော်ပြသည်
မူရင်းရေးသူအားလေးစားလျက်
#ဆရာအောင်ခန့်ပိုင်
ညပိုင်း ဓါတ်ခန်းပိတ်ချိန်ရောက်နေပေမယ့်လဲ ၇ရက်သားသမီးများ အရေးပေါ်လိုအပ်သည့်အခါ ပင်ပန်းနေပေမယ့် မပင်ပန်းပါဘူးဗျာ။
#ဆရာအောင်ခန့်ပိုင် #ပယောဂ
မနက်စောစော ကိစ္စလေးရှိလို့ ကျိုက္ကဆံက ဘယက္ခညီနောင်ဆီသို့
#ဆရာအောင်ခန့်ပိုင်
နေထိုင်မကောင်းဖြစ်နေသူများအတွက် ယတြာ 🔯
မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာဟု ကျွန်ုပ်အမည်ပေးထားသော ကျွန်ုပ်၏ခြံအတွင်းသို့ နံနက်ငါးနာရီထိုးလောက် တွင် မော်တော်ကားတစ်စီး ဝင်၍လာလေ၏။ ကားမှာ ပါဘလစ်ကာကား ဖြစ်၏။ ကားပေါ်ပါလာသူများသည် ရယ်ကာမောကာ၊ ပြောကာဆိုကာ ဆူဆူ ညံညံဖြင့် ဆင်းလာကြလေတော့၏။ ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း တစ်ယောက်
သောသူက. . .
မနက်သုံးနာရီကျော်ကျော်ကတည်းက ထွက်လာခဲ့ရတာနော်၊ ဘာမှ မစားရသေးဘူး”
ဟု ပြောလေ၏။
ထိုသူတို့သည် ရန်ကုန်တွင် နေထိုင်သော ကျွန်ုပ်၏မိတ်ဆွေများ ဖြစ်ကြ၏။ ကျွန်ုပ်သည် ၎င်းတို့အား သီဟိုဠ်ပင်အောက်ရှိ အုတ်ခုံပေါ်တွင် ပလတ်စတစ်ဖျာများခင်း၍ နေရာချထားပြီးနောက် ကျွန်ုပ်၏တပည့်ကလေး မောင်အောင်ညွန့် အား မီးမွှေးခိုင်းရလေ၏။
ထို့နောက် ကျွန်ုပ်သည် ထမင်းကြမ်းများကို ဇလုံအတွင်း ထည့်၍ ချေရ၏။ ပြီးလျှင် ငံပြည်ရည်တွင် ငါးပိစိမ်းစားအနည်းငယ်ထည့်၍ ဖျော်ကာ ထိုထမင်းကြမ်းကို နယ်ရ၏။ နယ်ပြီးသောအခါ၌ လက်ဖက်အစိုများထည့် ကာ ထပ်၍ နယ်ရလေ၏။ မှော်ဘီစုပေါင်းရုံးအနီးတွင် ရောင်းသော စားတောပဲ ပြုတ်ကိုပါ ထည့်၍ ထမင်းကြော်ရလေတော့၏။ ထမင်းကြော် ရင်းနှင့်ပင် လက်ဖက်ရည်အချို့ခြောက်ကို နှပ်ရ၏။ ထို့နောက် ကျွန်ုပ်၌ မိတ်ဆွေများကို လက်ဖက်နှင့်ကြော်ထားသော ထမင်းကြော်နှင့် လက်ဖက် ရည်အချိုကို တိုက် ကျွေးဧည့်ခံရလေတော့၏။
ထမင်းကြော် စားရသောသူ များသည် တစ်ဦးမျက်နှာကို တစ်ဦးလှမ်း ၍ကြည့်ကြ၏။ အဓိပ္ပာယ်မှာ ဘယ်လိုထမင်းကြော်လဲ လက်ဖက်နံ့လည်းရတယ်‘ဟု အချင်းချင်း မျက်လုံးဖြင့်မေးနေကြခြင်းဖြစ ်၏။ ထို့နောက် ကိုဘအေး ဆိုသူက. . .
ဆရာသမား၊ ခင်ဗျားထမင်းကြော်က လက်ဖက်နံ့ရနေပါလား၊ ဘယ်လိုဟာလဲ”ဟု မေးလေ၏။
‘လက်ဖက်နဲ့ကြော်ထားတာပါ၊ အဆင်ပြေတယ်မဟုတ်လား”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းကိုဘအေးက. . .
‘အသက်လည်း ခြောက်ဆယ်ကို တော်တော်ကျော်ပါပြီဗျာ၊ လက်ဖက် နဲ့ကြော်တဲ့ ထမင်းကြော်ကိုတော့ စားဖူးတာ ဒါပထမဦးဆုံးပါပဲ၊ စားလို့လည်းကောင်းပါရဲ့”
ဟု ဆိုကာ လက်ဖက်ရည်အချိုကို တစ်ကျိုက်မော့လေ၏။ ထိုသို့မော့ပြီးနောက် ၎င်းကိုဘအေးက. . .
‘လက်ဖက်ရည်ပေါ်မှာ ဆီဥလေးတွေ ဝေ့နေတာကိုတော့ မမေး တော့ပါဘူးဗျာ၊ ထောပတ်တစ်ဇွန်းထည့်ပြီး မွှေထားတယ် မဟုတ် လား၊ သောက်လို့ကောင်းပါ့ဗျာ၊ တစ်ခုတော့ ပြောပါရစေဗျာ၊ ခင်ဗျားဟာ ခင်ဗျား ယတြာလေးချေ၊ စာလေးဘာလေးရေးပြီး စားပါဗျာ၊ ထမင်းကြော်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တော့ မဖွင့်လိုက်ပါနဲ့” ဟု အတည်အလိုလို၊ ငေါ့သလိုလိုစကားမျိုး ပြောလေ၏။
‘မဖွင့်ပါဘူးဗျာ၊ ဘာဆိုင်မှ မဖွင့်ပါဘူး၊ ကျုပ်က ကျုပ်ဆီကိုလာတဲ့ မိတ်ဆွေတွေကို ထမင်းချက်ကျွေးချင်တာပါ ဟင်းကဘာချက်တယ်၊ ဟင်းချိုက ဘာချက်မယ်၊ တို့စရာက ဘာတို့ခိုင်းမယ်ဆိုပြီး ဟင်းစပ် ကို စိတ်ကူးရတာ ပျော်လို့ဗျ၊ တကယ်တမ်း ရောင်းစားဖို့ ထမင်း ချက်ပါဆိုရင် မချက်ချင်တာ အမှန်ပါပဲ”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုစံသိန်းဆိုသူက. . .
‘မဟုတ်ပါဘူး အာစရိရယ်၊ ခင်ဗျားက လက်ဖက်ရည်အဖျော်လည်း ကောင်းပါတယ်၊ ခင်ဗျား လက်ဖက်ရည်သောက်ပြီးရင် လျှာမှာစွဲ သွားတာပဲ”ဟု ပြောလေ၏။
‘မှန်တာပေါ့ ကိုစံသိန်းရယ်၊ လက်ဖက်ရည်ကြိုက်တယ်ဆိုတာ ချို တာကို ကြိုက်တာ မဟုတ်ဘူးနော်၊ ချိုတာသက်သက် ကြိုက်ရင် တော့ ထန်းလျက်စားမှာပေါ့ဗျာ၊ ခါးတာကြိုက်တာလည်း မဟုတ် ဘူး၊ ခါးတာကို သက်သက်ကြိုက်ရင်လည်း ကြက်ဟင်းခါးသီးစားဖို့ ပဲ ရှိတယ်၊ ဆိမ့်တာသက်သက်ကြိုက်တာလည်း မဟုတ်ဘူး၊ ဆိမ့်တာ သက်သက်ကြိုက်ရင်တော့ နွားနို့ခဲတို့၊ ကိုင်းဥတို့ စားမှာပေါ့ဗျာ၊ မြား လက်ဖက်ရည်ကြိုက်တယ်ဆိုတာက အဲဒီအရသာသုံးမျိုး ဟာမိုနီ ဖြစ်အောင် ဆက်စပ်နေတာကို ကြိုက်တာဗျ၊ လက်ဖက်ရည်ကြိုက် တဲ့လျှာဟာ နည်းနည်းနောနော အဆင့်အတန်းမဟုတ်ဘူးနော်၊ ဖျော်တဲ့ လူလက်ရာ နည်းနည်းလေးပြောင်းတာနဲ့ လက်ဖက်ရည် သောက်သမားက သိတယ်ဗျ၊ အဲဒီတော့ လက်ဖက်ရည်ကြိုက်တဲ့ လျှာနဲ့ လက်ဖက်ရည်ဖျော်တဲ့လက်ဟာ တစ်ဦးကိုတစ်ဦး စိန်ခေါ်နေ ကြတာပဲဗျို့၊ အလှူအိမ်မှာချက်တဲ့ မိုးပြဲဒယ်ကြီးနဲ့ ဟင်းတစ်အိုး ချက်လိုက်ချင်သေးတယ်၊ နို့ဆီခွက်လေးတစ်ခွက်စာ လက်ဖက်ရည် မဖျော်ချင်ဘူးဗျ၊ သိပ်ပြီး တာဝန်ကြီးတယ်”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုစံသိန်းက. . . ဟုတ်ပါ့ဗျာ. . . ဟုတ်ပါ့ဗျာ”
ဟု ဝန်ခံလေတော့၏။
ထို့နောက် ကိုငွေစိုး ဆိုသူသည် ထမင်းစား စားပွဲပေါ်တွင် ထွန်း ထားသော ဖယောင်းတိုင်ကို ကြည့်ပြီး. . .
ဘယ်လိုလဲ အိုင်ဆေးရဲ့၊ ဖန်ခွက်ထဲရေထည့်ပြီး ဖယောင်းတိုင် ထွန်းထားတာ တစ်မျိုးကြည့်လို့ကောင်းသလိုပဲ၊ ယတြာလား” ဟု မေးလေ၏။
‘ရေနဲ့မီးဟာ ဆန့်ကျင်တယ်ဗျာ၊ ဆန့်ကျင်ဓာတ် အကျိုးပြုတာကို လည်း ယတြာသဘောယူတယ်၊ ပြီးတော့ ရေကို (၄)လို့ယူတယ်၊ မီးကို (၅)ယူတယ်၊ ပေါင်းလိုက်တော့ (၉)ပေါ့ဗျာ၊ အဲဒါလေးကိုလည်း သဘောကျတယ်၊ ရေထဲမှာ မီးလင်းနေရင် ကြည့်လို့သိပ်ကောင်း တာဗျ၊ နောက်တစ်ခုကတော့ တိုက်မိလို့ လဲသွားလည်း အဲဒီရေက မီးကိုငြိမ်းပြီးသားဗျ၊ မီးမလောင်နိုင်ဘူးလေ၊ ဖယောင်းတိုင်တိုသွားရင် အောက်ကရေဟာ ပင့်ပေးတော့ ဖယောင်းတိုင်ကလေးဟာ သူ့ဟာ သူ အပေါ်ကို တက်တက်လာတယ်၊ ဖယောင်းတွေကုန်သွားတော့ မလေလွင့်တော့ဘူးပေါ့၊ ညစ်လည်း မညစ်ပတ်တော့ဘူးပေါ့ဗျာ၊ ဘုရားစင်မှာ ထွန်းထားပြီး ကျုပ်တို့ မြတ်စွားဘုရား ရေ၊ မီးအစုံ တန်ခိုးပြခဲ့တာကို အာရုံပြုရင်လည်း အတော့်ကို ကုသိုလ်ရတာပေါ့
ဗျာ”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းကိုငွေစိုးက. . .
ခင်ဗျားထွင်ထားတာလား”ဟုမေးလေ၏။
မဟုတ်ရပါဘူးဗျာ၊ ရွှေတိဂုံဘုရားသွားရင်း ကိုသိန်းဝင်း ပန်းပုဆိုင် မှာ ထွန်းထားတာကိုတွေ့လို့ သဘောကျတာနဲ့ မေးတော့ အဲဒီပန်းပု ဆရာကိုသိန်းဝင်းက ဘုရားပေါ်က မီးသတ်အရာရှိကလေး ကိုစိန်ထွန်း နဲ့ တွေ့ ပေးတယ်၊ အဲဒီကိုစိန်ထွန်းက စမ်းသီတာဆိုတဲ့ နာမည်နဲ့ မီးသတ်ဌာနက ထုတ်လုပ်တာလို့ ပြောတယ်၊ အဲဒါနဲ့ ကျုပ်က အဲဒီ ကိုစိန်ထွန်းဆီကနေပြီး (၂)ဒါဇင်လောက် တောင်းပြီး ဝယ်လာခဲ့တယ်၊ မိတ်ဆွေတွေပေးဖို့ပေါ့ဗျာ၊ ဖန်ခွက်လုပ်ထားပုံ ရော၊ အထဲက ဖန်ပြွန်လေးစိုက်ထားပုံရော သပ်ရပ်တယ်ဗျ၊ ဖြစ်ကတတ်ဆန်းလုပ် ပြီး ရောင်းတာမဟုတ်ဘူး၊ စက္ကူဘူးတွေ ဘာတွေနဲ့ အကျအနထုတ် လုပ်ရောင်းချတာ၊ မီးဘေးကြိုတင် ကာကွယ်လိုတဲ့ သဘောလည်း ပါမယ် ထင်ပါတယ်”
ဟု ကျွန်ုပ်က ရှင်းပြလိုက်လျှင် ၎င်းကိုငွေစိုးက“ခင်ဗျားသာ ကြော်ငြာပြီးရောင်းရင် ဒီပစ္စည်းတွေ တော်တော်တွင် ကျယ်မယ်ဗျ၊ အခု ခင်ဗျားပြောတာနဲ့ ကျုပ်တောင် သဘောကျလာ ပြီ၊ ကျုပ်ကို တစ်ခုလောက်ပေးလိုက်စမ်းပါ”ဟု ပြောလေ၏။
ပေးပါ့မယ်ဗျာ. . . ပေးပါ့မယ်၊ ခင်ဗျားတို့လို အလကား တောင်း မယ့်လူတွေကိုပေးဖို့ နှစ်ဒါဇင်လောက် ဝယ်လာပါတယ်”
ဟု ကျွန်ုပ်ကပြောပြီး မီးသတ်ဦးစီးဌာနမှ မီးဘေးကင်းဝေးရမည်ဆိုသော စာဖြင့် ထုတ်လုပ်ရောင်းချသည့် စမ်းသီတာ ရေစိုဖန်အလင်းတိုင်အိမ်ကိုတစ်ယောက်တစ်လုံး လက်ဆောင်ပေးလိုက်လေ၏။
ထိုအခါ ကိုမောင်မှီဆိုသောသူက. . . နောက်ထပ် ဘာလက်ဆောင်ပေးဦးမလဲ”
ဟု မေးလေ၏။
စစ်ကြိုခေတ်က ကျုပ်တို့ ကျောက်မြောင်းရပ်ကွက်၊ ကျောက်တော လမ်းမှာ ဆေးဆရာကြီးတစ်ယောက် ရှိတယ်ဗျာ၊ သူ့နာမည်က ဆရာမှဲ့တဲ့၊ ဂန္ဓာရီဘက်မှာလည်း အတော်ကိုလိုက်စားပုံရတယ်၊ အဲဒီဘက် မှာ လိုက်စားတဲ့သူတွေက အဲဒီဆရာကြီးကို မသိတဲ့လူ မရှိပါဘူး ကျုပ်တို့ ကိုယ်တိုင်လည်း ညအိပ်ရာဝင်တိုင်း ရှိခိုးအိပ်ရင် ဆရာကြီး တစ်ဆူပေါ့ဗျာ၊ သူရဲ့ဆေးနည်းတစ်ခုမှာ ရှောက်သီး ယိုထိုးပြီး လုပ်တဲ့ဆေးနည်း ရှိတယ်ဗျ၊ ထမင်းစားပြီးတိုင် အချို့တည်းတဲ့ သဘောမျိုးနဲ့လည်း စားနိုင်တယ်၊ အကြောတက်တ သက်သာတယ်၊ လေကိုနိုင်တယ်ပေါ့ဗျာ၊ အဲဒီဆေးကို ‘ဝင်းသိဒ္ဓိ‘လို့ ခေါ်တယ်၊ ခင်ဗျား တို့ကို တစ်ဘူးစီ လက်ဆောင်ပေးလိုက်မယ် အစာလည်းဆေး ဆေးလည်းအစာ ဆိုတာမျိုးပေါ့ ကြိုက်သွားရင်တော့ ကျောက်မြောင်း လမ်း၊ (၁၁၆)ဟာ ပင်ရင်းပဲ၊ အဲဒီကိုသွားပြီး အားပေးကြပေတော့”
ဟု ကျွန်ုပ်က ပြောလိုက်ပြီး "ဝင်းသိဒ္ဓိ’ရှောက်သီးယိုကို တစ်ယောက်တစ်ဘူး လက်ဆောင်ပေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်၏မိတ်ဆွေ ကိုစံသိန်းက ဒီတစ်ခေါက်လာရတာ ဇာတ်လမ်းကနည်းပြီး ကြော်ငြာက များနေ ပါလား၊ ကျုပ်တို့လာတဲ့ကိစ္စက အာစရိရယ် ခင်ဗျားလည်း သိပါတယ်၊ ကျုပ်တို ့မိတ်ဆွေကြီး ကိုစိုးသိန်း အခြေအနေက အတော်ပဲ ဆိုးနေတယ်၊ စကားတောင် မပြောနိုင်တော့ဘူး၊ သူ့အတွက်ယတြာ လေး လိုချင်လို့ဗျ”
ဟု ပြောလိုက်လေ၏။
အဲဒါက ဒီလိုလုပ်ရတယ်ဗျ၊ ကြေးဖလားသေးသေးတစ်လုံး အသစ် ဝယ်ရမယ်၊ ပြီးတော့ ဖလားရဲ့ အပြင်ဘက် ဖလားနှုတ်ခမ်း နားမှာ ကပ်ပြီး ရွှေတစ်ပြားချရတယ်၊ ပြီးတော့ ဖလားထဲမှာ ထောပတ် အပြည့် ထည့်ရတယ်၊ အဲဒီဖလားကို လူမမာ ကိုစိုးသိန်း ကိုပြပြီး သူရဲ့ခေါင်း ရင်းမှာ ညနေ (၆)နာရီလောက်မှာ ထားရတယ်၊ မနက် ကျတော့ သူ့ကို ပြလည်းမပြရဘူး၊ မြင်လည်း မမြင်စေ ရအေင် အဲဒီဖလားကို မနက် (၅)နာရီလောက်မှာ ထုတ်သွားရတယ်၊
ပြီးတော့ ဘုရားတစ်ဆူကိုသွားပြီး ကိုစိုးသိန်းရဲ့မွေးနံ အင်္ဂါထောင့်မှ ဖလားရော၊ ထောပတ်ရော၊ အပြီးလှူပစ် လိုက်ရတယ်” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုစံသိန်းလည်း လိုက်လံရေးမှတ်လေ၏။ ထို့နောက် ၎င်းတို့သည် ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားကြလေတော့၏၊ ကျွန်ုပ်လည်း ခြံဝအထိ ၎င်းတို့အား လိုက်၍ပို့၏။ ၎င်းတို့၏ ကားပေါ်သို တက်သောအခါ၌ ကျွန်ုပ်အား ကျေးဇူးစကား ပြောကြားကုန်၏။ လက်ဖက်နှင့် ထမင်းကြော်ကတော့ ဘယ်တော့မှ မမေ့ပါဘူးဗျာ”ဟု ကိုစံသိန်းက ပြော၏။
စမ်းသီတာ ဖယောင်းတိုင်ထွန်းတဲ့ ဖန်ခွက်ကလေးကိုလည်း ထပ်ပြီး ဝယ်ဦးမယ်ဗျာ၊ (၉)ခုပြည့်အောင်ဝယ်မယ်” ကိုငွေစိုးက ပြောလေ၏။
ကျန်တစ်ယောက်ကလည်း. . .
ကျုပ်က ခြေတွေလက်တွေ ထုံနေတယ်ဗျ၊ ခင်ဗျားပေးတဲ့ ရှောက် သီးယိုဆေးကို မှီဝဲရမှာပဲ၊ အဲဒီဆရာကြီး ဆရာမှဲ့ဆိုတာ ကျုပ် ကောင်း ကောင်း သိတယ်ဗျ၊ သူကိုးကွယ်ခဲ့တဲ့ ဘုရားကို သင်္ကြန်အတက်နေ့ တိုင်း ကျုပ်သွားသွားပြီး ပူဇော်ရတာပေါ့၊ နှယ်နှယ်ရရပုဂ္ဂိုလ်ကြီး တော့ မဟုတ်ဘူး၊ သူ့ဆေးက ကျုပ်နဲ့တည့်လိမ့်မယ်၊ အခြားလူပေး တာဆိုရင်တော့ ဒီလောက်မဟုတ်ဘူးဗျာ၊ ခင်ဗျားကိုယ်တိုင်က မြန်မာ ဆေးဆရာဖြစ်လေတော့ အဲဒီဆေးကို ပိုပြီးအားကိုးသွားတာပေါ့၊ ကဲ. . . ကဲ. . . သွားမယ်၊ နောက်တစ်ခေါက်ကျရင် တစ်မျိုးချက် ကျွေးဦးနော်၊ ဒီတစ်ခါ ထမင်းကို လက်ဖက်နဲ့ကြော်တယ်ဆိုတော့ နောက်တစ်ခေါက်ဆိုရင် ချင်းနဲ့ကြော်ဗျာ”
ဟု ပြောလေ၏။
ချင်းကို ထမင်းနဲ့ကြော်လို့တော့ မရဘူးဗျ၊ လက်ဖက်ရည်ထဲ ထည့် ဖျော်လို့တော့ရမယ်၊ နောက်တစ်ခေါက်လာရင် ခင်ဗျားတို့ကို ချင် လက်ဖက်ရည် တိုက်မယ်”ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ မိတ်ဆွေများလည်း ရယ်မောပျော်ရွှင်စွာပြန်သွားကြလေတော့သတည်း။
အဘဆရာကြီးမင်းသိင်္ခ၏မနောမယထမင်းဝိုင်းကောက်နုတ်ဖော်ပြအပ်ပါသည်။
#လက်ဖက်နှင့်ကြော်သောထမင်းကြော်
၁၃/၃/၂၀၂၃ တနင်္လာနေ့မှာ ငွေဝင် လာဘ်ရွှင်ပြီး အစစအရာရာ အဆင်ပြေချောမွေ့စေရန်
တနင်္ဂနွေ သားသမီးများ ပေါက်ပေါက်နဲ့ ဆွမ်းတော်ကပ်လှူပေးပါ။
တနင်္လာ သားသမီးများ သစ်သီး တစ်မျိုးမျိုးနဲ့ ဆွမ်းတော်ကပ်ပါ။
အင်္ဂါသားသမီးများ နို့ထမင်း ကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီးများ အုန်းထမင်း လှူဒါန်းပါ။
ကြာသပတေး သားသမီးများ ကျောက်ကျော ကပ်လှူပေးပါ။
သောကြာသားသမီးများ ဇီးယိုနှင့် ဆွမ်းတော်ကပ်လှူပါ။
စနေ သားသမီးများ ယာဂုဆွမ်း ကပ်လှူပေးပါ။
၁၃ရက်၃လ၂၀၂၃ မှာ ၇ ရက်သားသမီးအပေါင်း လာဘ်လာဘရွှင်လန်းပြီး လုပ်ဆောင်ကြံစည်သမျှ အောင်မြင်ဖြစ်ထွန်းပြီး ကံဇာတာအထောက်အပံ့ကောင်းများ ရရှိ စံစားရပါစေ။
#ဆရာအောင်ခန့်ပိုင်
#ပယောဂနှင့်ဗေဒင်ယတြာ
#တစ်နေ့တာကံတတ်ရန်ယတြာများ
ပွဲထိုး+ထီးဖြူ+ထီပေါက် ကဲ....ဓာတ်ဆိုတာမိအောင်ဆင်ရတယ် ဓာတ်ရိုက်ရင်လဲ ထိအောင် မိအောင် ရိုက်ရတယ် ဓာတ်ရိုက် ဓာတ်ဆင်လုပ်တဲ့အခါမှာ အရေးကြီးတဲ့ အချက်အလက်တွေ အချိန်နာရီ အခါတွေ မမှန်ကန်ရင် ကြိုက်သလောက်ဓာတ်ဆင် ကြိုက်သလိုဓာတ်ရိုက် အစီအရင်ဆေးဝါး အင်းအိုင်လက်ဖွဲ့အဆောင်တွေဟာ မစွမ်းပါဘူး ဂမ္ဘီရလောကနဲ့အစီအရင်တွေမှာ ထိမိဖို့လိုအပ်တယ်၊ထိမှမိ မှာပေါ့ဗျာ မထိပဲနဲ့တော့ ဘယ်မိမလဲ မိချင်ရင်ထိအောင်လုပ် ဒါဆိုစွမ်းပြီ အကျိုးဖြစ်ပြီ။ ငွေလဲကုန် လူလဲပန်း စိတ်လဲရှုပ်ရပြီး အစီအရင်မထက် ဆေးကမစွမ်းဆိုရင် မတန်ဘူးလေဗျာ၊ငွေကုန်ရကျိုး လူပင်ပန်းစိတ်ပင်ပန်းရကျိုးနပ်ဖို့အတွက်.......ကျွန်တော်ခင်ဗျားတို့လိုအပ်ချိန်မှာ ရှိနေပေးဦးမှာပါ။
#ဆရာအောင်ခန့်ပိုင် #သဗ္ဗဇေယျသိဒ္ဓိဓာတ်ခန်းတော်မင်္ဂလာ #ဂမ္ဘီရအဆောင်များ #ပွဲအပ်လှူဒါန်းခြင်း #ဗေဒင်ယတြာဓာတ်ရိုက်ဓာတ်ဆင် #သဗ္ဗဇေယျသိဒ္ဓိဓာတ်ခန်းတော် #အဆောင်အစီအရင် #အင်းပညာ #ပီယဆေး
ညာဏ်ပူဇော်ခ
**************
ပယောဂ
ကုသတဲ့အခါကြရင်
ဆရာက ညာဏ်ပူဇော်ခ
ဘယ်လောက်ယူပါသလဲတဲ့
အခုတလော
အဲဒီလိုအမေးမျိုး
မကြာခဏအမေးခံရပါတယ်
ဒီကိစ္စက
အင်မတန်မှပြောရခက်တဲ့ကိစ္စပါ
အသပြာယူပြန်တော့လည်း
ဆရာက အသပြာဆရာလားတဲ့
အသပြာမယူဘဲကုပြန်တော့လည်း
ဆရာက အလကားဆရာလားတဲ့
အဲဒီတော့ကား
ကိုယ်က
အသပြာဆရာလည်းမဟုတ်သလို
အလကားဆရာလည်းမဟုတ်တာမို့
ဒီလိုလေးတော့ပြောပါရစေ
ပယောဂကုသမယ့်သူများခင်ဗျ
ငွေကြေးချို့တဲ့သူဖြစ်ပါက
တပြားမှမပေးပါနဲ့
တပြားမှမကန်တော့ပါနဲ့
ပညာဒါနအနေနဲ့ကုသပေးပါမယ်
ချေးဌားပေါင်နှံပြီး
ကန်တော့တဲ့ငွေကို မယူရက်လို့ပါခင်ဗျာ
ငွေကြေး
အဆင်ပြေသူများဖြစ်ရင်တော့
ကြိုက်သလောက်သာကန့်တော့ကြပါ
သောင်းဂဏန်း
သိန်းဂဏန်းကနေ
ကုဌေချီပြီးလှူရင်လည်း
ဝမ်းမြောက်ဝမ်းသာ
လက်ခံပေးပါ့မယ်ခင်ဗျာ
ကိုင်း
ပယောဂ
ကုလိုသူ ကုခြင်သူများ
ကျွန်ုပ်ထံ
အမြန်သာလှမ်းလာခဲ့ပေတော့
အသပြာဆရာမဟုတ်သလို
အလကားဆရာလည်းမဟုတ်တဲ့
ာစိုး #ဆရာအောင်ခန့်ပိုင် #သဗ္ဗဇေယျသိဒ္ဓိဓာတ်ခန်းတော်မင်္ဂလာ
မင်းသိင်္ခ Application ကိုအခုပဲ ဒေါင်းလော့ဆွဲပီး မိမိတို့ရဲ့ ကံကြမ္မာအဆိုးအကောင်းများ မိမိတို့ရဲ့ အချစ်ရေး အိမ်ထောင်ရေး ပညာရေး ကျန်းမာရေး လူမှု့ရေး အစရှိတဲ့အကြောင်းအရာ စုံစုံလင်လင်နဲ့ ကလေးအမည်ပေး လုပ်ငန်းအမည်ပေးနဲ့ တစ်ပတ်စာအခမဲ့ဗေဒင်ယတြာကဏ္ဍနဲ့ အစီအရင်ကဏ္ဍများ ဗဟုသုတရစရာအစီအရင်တွေအပြင် အခြားသောယတြာဆိုင်ရာအစုံအလင်တွေကိုပါ တစ်နေရာထဲမှာ သိနိုင်ဖို့ အခုပဲဒေါင်းလော့ဆွဲထားကြဖို့ သတင်းကောင်း ပါးပါရစေ။
#ဆရာအောင်ခန့်ပိုင်
ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပေါင်းလပြည့်နေ့ တနင်္ဂနွေနေ့ အဖေများနေ့ အခါသမယမှာ သတ္တဝါများစွာ ဘေးရန်ကွာချမ်းသာကိုယ်စိတ်မြဲပါပါစေ။
ယနေ့ တပေါင်းလပြည့်နေ့ အခါသမယမှာ ကျွန်ုပ်၏ သဗ္ဗဇေယျသိဒ္ဓိ ဓါတ်ခန်းတော်တွင် သစ်သီးစုံပွဲစုံဖြင့်ဆက်ကပ်လှူဒါန်းခြင်းနှင့် အဆောင်ယတြာများစီမံ သိဒ္ဓိတင်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပြီး ဓါတ်ခန်းသို့ ကြွရောက်လာသူမိတ်သင်္ဂဟ အပေါင်းတို့အား လက်တွေ့အသုံးချ ကံပွင့်လာဘ်ပွင့်စန်းပွင့်ဆေးတော်ပုလင်းများ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်မည်ဖြစ်ပြီး မည်သူမဆို နံနက် 10နာရီမှညနေ5နာရီအထိ လာရောက်၍ ရယူနိုင်ပါသည်။
အမှတ် ၁၁၉ ဒုတိယထပ် ဗဟိုလမ်း BRB မှတ်တိုင်၊
ကမာရွတ်မြို့နယ်၊ရန်ကုန်။09-403563006/09-766658638
သင်တန်းဆင်းပွဲဖိတ်ကြားလွှာ
----------------------------
မင်းသိင်္ခဗေဒင် Application မှ ကျင်းပပြုလုပ်ပေးသော "လက်တွေ့အသုံးချ ဗေဒင်ပညာများသင်တန်း" အမှတ်စဉ် (၁) - သင်တန်းဆင်းပွဲအား FORTUNE TELLING HOUSE တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။
ပွဲကျင်းပမည်မည့်အချိန် - (၁၁) ရက်၊ (၂ )လပိုင်း၊ ( ၂၀၂၃ ) ခုနှစ် ၊ မနက် (၁၀) နာရီ တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သင်တန်းသူ သင်တန်းများအနေဖြင့် မနက် (၁၀) နာရီမတိုင်ခင် လာရောက်ပေးကြဖို့ ဖိတ်ကြားလိုက်ပါတယ်ခင်ဗျာ။
လိပ်စာ - အမှတ် ၁၄ ၊ ကျောက်ရေတွင်းလမ်း (ကျောက်မြောင်း) ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ။
#လက်တွေ့အသုံးချဗေဒင်ပညာများသင်တန်း
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
Yangon
Yangon
ဇာတာကိုစစ်ပြီးမှ တယောက်ချင်းစီအတွက် ဖယောင်းတိုင် အဆောင်ပစ္စည်းများကို စီရင်ပေးပါသည် ပြင်ပတွင် မဟောပါ