Khin Zaw & Associates

Accounting and Financial Analysis Services

21/10/2023

Financial Model တွေ တည်ဆောက်နိုင်ဖို့က
Accounting တွေ Finance တွေ
တတ်သိရုံနဲ့ မပြီးဘူး။
Business အကြောင်း
ကောင်းကောင်း သိဖို့လည်း လိုတယ်။

15/10/2023

Accounting ကို အဓိပ္ပါယ်ဖွင့်တဲ့အခါ language of any business လို့ ပြောကြတယ်။
ဒါပေမယ့်
Numberတွေ figure တွေကို နားလည်ဖို့က
Business Nature နဲ့
Business Operation ကို မသိလို့ မရဘူး။

13/08/2023

Account နဲ့ Finance ဘာကွာတာလဲ။

Photos from Khin Zaw & Associates's post 29/06/2023

အမှတ်တရ မှတ်တိုင် တစ်ခုပါ။
👍👍👍

18/06/2023

Accounting and Financials Analysis Service
လိုအပ်ရင် ဆက်သွယ်ပါ။

13/06/2023

📢📢📢

💠စီးပွားရေး လုပ်ငန်းလည်း လုပ်ကိုင်နေတယ်။
💠စာရင်းတွေကိုလည်း စနစ်တကျ ပြုစုထားချင်တယ်။
💠စာရင်းတွေက ပြောတဲ့ လုပ်ငန်းအကြောင်းကိုလည်း သိချင်နေတယ်။
👇👇👇

သို့ပေမယ့် လုပ်ငန်းက ပုံမှန် စာရင်းကိုင် ခန့်ထားဖို့ မလိုတဲ့ အနေအထားဖြစ်နေတယ်။🤔

စာရင်းကိုင်တော့ ခန့်ထားပေမယ့် လိုအပ်တဲ့ accounting report တွေ မရ ဖြစ်နေတယ်။🤔

Accounting report နဲ့ data အချက်အလက် တွေတော့ ရှိတယ်။ သို့်ပေမယ့် လုပ်ငန်း အခြေအနေကို ခွဲခြမ်းစိတ်ဖြာ သိရှိဖို့ ဘယ်လိုလုပ်ရမလဲ မသိ ဖြစ်နေတယ်။🤔

ဒီလိုအခြေအနေ နဲ့ ကြုံတွေ့ နေရပြီဆိုရင်

💡💡💡
Accounting နဲ့ Financial နယ်ပယ်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိ တဲ့ ကျွန်တော် တို့ ရဲ့ Khin Zaw & Associates ကို ဆက်သွယ် ဆွေးနွေးပြီး ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

👍👍👍

Photos from Khin Zaw & Associates's post 10/06/2023

လုပ်ငန်းတစ်ခုရဲ့ စာရင်းကို တာဝန်ယူရတယ်ဆိုတာ
လုပ်ငန်းတစ်ခုလုံးကို တာဝန်ယူရသလိုပါပဲ။
အကောင်းဆုံး ပံ့ပိုးကူညီ သွားပါမယ်။
ရည်မှန်ချက်တွေကို ရရှိအောင် ဆောင်ရွက်သွားပါမယ်။
တာဝန်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။
🤩🤩🤩

28/05/2023

စနစ်ထဲဖို့ဆိုရာဝယ်

စီးပွားရေး လုပ်ငန်း တိုင်းမှာစနစ်တကျလုပ်ကိုင် လည်ပတ် နိုင်တာက ပိုကောင်းတဲ့ စွမ်းဆောင်ရည် တစ်ခုပါ။ လုပ်ငန်းရှင် အများစုကလည်း ဖြစ်နိုင်ရင် ဖြစ်နိုင်သလောက် စနစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစား ကြပါတယ်။

စနစ်ရှိတာ ကောင်းတယ် ဆိုတာကတော့ လူတိုင်း လက်ခံထားပြီးသားပါ။ ဒါပေမယ့် စနစ်တစ်ခုရဖို့ အရင်းအနှီး ပြုရတာတွေ ကလည်း မသေးပါဘူး။ နောက် ပြီး အချိန်ပေးရပါတယ်။ copy paste လုပ်လို့ မရပါဘူး။ ready made မရပါဘူး။ ကိုယ်တိုင်းနဲ့ ချုပ်ဝတ်ရတဲ့ အဝတ်အထည် လိုပါပဲ။

စနစ်တစ်ခု မထဲ့ခင် လေ့လာ စဉ်းစားစရာတွေ အများကြီးပါ။
စနစ်တစ်ခု ထဲ့တော့မယ်ဆို လပ်တွေ့ စာတွေ့ ရှိတဲ့ ပညာရှင်တွေ နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

စနစ်တည်ဆောက်လိုခြင်း ရည်ရွယ်ချက်
သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်
လုပ်ငန်း အမျိုးအစား
ဈေးကွက် အနေအထား
လက်ရှိလုပ်ငန်း အခြေအနေ
အနာဂတ် လုပ်ငန်းမျှော်မှန်းချက်
အရင်းအမြစ် လိုအပ်ချက်
ငွေကြေးသုံးစွဲနိုင်မှု
အချိန်ကာလ သတ်မှတ်ချက်
လက်ရှိ လုပ်ကိုင် ဆောင်ရွက် နေမှု အနေအထား စသဖြင့်

ဒီခေါင်းစဉ်တွေ ကို ကြေညက်စွာ ဆွေးနွေး တိုင်ပင်ရပါမယ်။

တိုင်ပင်ဆွေးနွေး ပြီးပြီ ဆိုမှ system implementation plan တစ်ခု ပြင်ဆင်ရပါမယ်။

ထို့နောက် ချမှတ် ထားတဲ့ အစီအစဉ် အတိုင်း အကောင်အထည် ဖော်ကြရပါလိမ့်မယ်။

စနစ်တည်ဆောက်ရာ လမ်းမှာ စိန်ခေါ်မှုတွေ ကြုံရ နိုင်ပါတယ်။ သေချာပေါက် ကြုံရပါတယ်။ အဲ့အချိန် မှ ကနဦး ကြိုတင်ပြင်ဆင်မှုတွေ အားနည်းခဲ့လို့ နားလည်သဘောပေါက် မှုတွေ လွဲခဲ့လို့ နောက်ပြန်ကျသွား တဲ့ လုပ်ငန်းတွေလည်း ဒုနဲ့ဒေးပါ။ သဲထဲရေသွန်ပေါ့။ လုပ်ငန်းရှင်တွေအတွက် ငွေကုန် အကျိုးမရှိ ဖြစ်နိုင်ပါတယ်။

ဒီလို မလိုလားအပ်တဲ့ အခြေအနေတွေကို ရှောင်လွှဲ ဖို့က ကြိုတင်ပြင်ဆင်ဆွေးနွေးမှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။

ဖြစ်သလိုစရင်
မျှော်လင့်သလို မဖြစ်ဖို့ များပါတယ်။

မေတ္တာဖြင့်
ခင်ဇော်
၂၈/၅/၂၃

16/05/2023

လုပ်ငန်း အတွက်
စာရင်းရှိဖို့လည်း လိုတယ်။
စာရင်း သိဖို့လည်း လိုတယ်။
စာရင်းကိုင်လည်း
ခန့်မထားချင်
ခန့်ထားလို့လည်း အဆင်မပြေတဲ့ အခါ accounting service တွေ ရယူနိုင်ပါတယ်။

11/05/2023

စံချိန်မီ ဘောင်ချာ

စာရင်းလောက မှာ အသက်မွေး သူတစ်ယောက် အနေနဲ့ ဘောင်ချာပေါင်း ထောင်ပေါင်းများစွာကို မြင်ခဲ့တွေ့ခဲ့ ဘူးပါတယ်။

တကယ်တော့ သာမာန် အပြင်လူတွေလည်း နေ့စဉ်ဘဝ မှာ ဘောင်ချာ တွေ နဲ့ မစိမ်းလှပါဘူး။ ဈေးဝယ် ဈေးရောင်း လုပ်ငန်းတွေမှာ ဘောင်ချာ တွေ အသုံးပြုကြရလို့ လိုချင်မလိုချင်ချင် ဘောင်ချာတွေ လက်ခံရရှိလေ့ ရှိပါတယ်။

အပြင်လူ တစ်ဦးအနေနဲ့ ဘောင်ချာ ဆိုတဲ့ စာရွက်လေးတွေက အရေးကြီးချင်မှ အရေးကြီးနိုင်ပေမယ့် လုပ်ငန်းတွေ မှာတော့ ဘောင်ချာဆိုတာ ငွေကြေးလောက်ကို တန်ဖိုးရှိပါတယ်။ ဘောင်ချာ‌ဆိုတာ ပိုက်ဆံတွေပါပဲ။

ငွေးကြေးသုံးစွဲမှုအတွက် အဓိက အထောက်အထားပါ။ အလုပ်အတွက် လိုအပ်တဲ့ ပစ္စည်းဝယ်တဲ့ အခါ ဘောင်ချာ က မပါမဖြစ်ပါ။ ပါရမယ့် ဘောင်ချာမှာလည်း သတ်မှတ်ချက်တွေ ပြည့်စုံဖို့ လိုပါတယ်။ စံချိန်မီ ဘောင်ချာ တစ်စောင်ရဲ့ အခြေခံ သတ်မှတ်ချက်တွေကတော့

နေ့စွဲ
ရောင်းသူအမည် + လိပ်စာ
ရောင်းချသည့် လုပ်ငန်း အမှတ်တံဆိပ်
ဝယ်သူအမည်
ဝယ်ယူသည့်ပစ္စည်း
အရေအတွက်
ဈေးနှုံး
ကျသင့်ငွေ
စုစုပေါင်း
စရံငွေ ကျန်ငွေ
ငွေလက်ခံသူ လက်မှတ်

စတဲ့ အချက်တွေတော့ ပါရမှာ ဖြစ်ပါတယ်။

ပမာဏ ကြီးတဲ့ အရောင်းအဝယ်တွေ မှာဆို ပိုပြီး ပြည့်စုံဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ အခြေအနေအရ ဘောင်ချာ မရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေ အတွက် make up voucher သို့မဟုတ် internal form တွေ နဲ့ လုပ်ငန်းလိုအပ်ချက်အရ လုပ်ရတာတွေ လည်း ရှိနိုင်ပါတယ်။ အဲ့လို လုပ်ရတဲ့အခါ မှာလည်း အထက်က ပြောခဲ့တဲ့ အချက်တွေ ပါရတာပါပဲ။

ဒီအထောက်အထား စာရွက်လေူတွေက လုပ်ငန်းရဲ့ စာရင်းတွေကို စစ်ဆေးတဲ့ အခါမှာလည်း အဓိက ကျပါတယ်။ သတ်မှတ်ချက်နဲ့ မညီတဲ့ ဘောင်ချာတွေ အတွက် ငွေပေးချေမှုတွေ ရှိရင် စာရင်းကိုင်တွေ အထောင်းခံရနိုင်ပါတယ်။ ဒါကြောင့်လည်း စာရင်း ကိုင်တွေက ဘောင်ချာကို သေချာစစ်ဆေး လက်ခံကြတာပါ။

စတဲ့ စတဲ့ အခြေအနေတွေကြောင့် လုပ်ငန်းနဲ့ သက်ဆိုင်ပတ်သပ်သူတွေက လုပ်ငန်းရဲ့ ငွေတွေကို သုံး တဲ့အခါ ဘောင်ချာကောင်းကောင်း တစ်စောင် ရဖို့တော့ လိုအပ်ကြောင်းပါ။

ခင်ဇော်

16/02/2023

💠Client တွေ စိတ်ကျေနပ်ဖို့ က ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပါပဲ။

💠သူတို့ အဆင်ပြေတယ်ဆို ကျွန်တော်တို့အတွက် ခွန်အား ဖြစ်ရပါတယ်။

💠လုပ်ငန်းတွေ အဆင်ပြေ တိုးတတက် အောင်မြင်ပါစေ ခင်ဗျာ။🙏🙏🙏

Khin Zaw & Associates
Accounting and Financial Analysis Services
Yankin Township, Yangon, Myanmar.
Ph & Viber 09782999901 / 09782999902
https://www.facebook.com/khinzawandassociates

15/02/2023

Accounting concept နဲ့ procedures တွေကို တသမတ်တည်း အသုံးပြုမထားရင် financial information တွေကို ကာလအလိုက် နှိုင်းယှဉ်ဖို့ နယ်ပယ်တူ လုပ်ငန်းတွေနဲ့ ချိန်ထိုးကြည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

24/01/2023

Financial Analysis ကို အုပ်စု ၂ခု အမျိုးအစား အားဖြင့် ၃မျိုး ခွဲခြားထားပါတယ်။

Accounting Analysis အုပ်စုမှာကတော့
Horizontal Analysis လုပ်ဆောင်ခြင်းဖြစ်ပြီး

YoY
နှစ်အလိုက် နှိုင်းယှဉ်ခြင်း
QoQ
၃လပတ် အလိုက် နှိုင်းယှဉ်ခြင်း
MoM
လအလိုက် နှိုင်းယှဉ်ခြင်း စတာတွေကို စီစစ် လေ့လာ အကဲဖြတ်ကြပါတယ်။

Financial Analysis အုပ်စုမှာတော့

Vertical Analysis၊
Variance Analysis နဲ့
Ratio Analysis တို့ ပါဝင်ကြပါတယ်။

Vertical Analysis ဆိုတာ က အထက်က အောက်ကို ဒေါင်လိုက် စီစစ် ခြင်းဖြစ်ပြီး ဥပမာ အားဖြင့် COGS၊ GP Margin၊ Opex Margin၊ EBITDA Margin စသဖြင့် ပါဝင်ပြီး

Variance Analysis ဆိုတာကတော့ Budget နဲ့ Actual ကွဲလွဲချက်ကို စမ်းစစ်ခြင်းဖြစ်ပါတယ်။

Ratio Analysis မှာတော့ Profitability ratios၊ Solvency ratios၊ Liquidity ratios၊ Turnover Ratios နဲ့ Earning Ratios တွက်ချက် အကဲဖြတ်ခြင်းတွေ ပါဝင်ပါတယ်။

အသေးစိတ်တွေ ဆက်ရေးပါအုန်းမယ်။

ချစ်ခင် လေးစားစွာဖြင့်
ခင်ဇော်

22/01/2023

Financial Analysis လုပ်တယ်ဆိုတာ

အဓိက ရည်ရွယ်ချက်ကတော့ လုပ်ငန်း တစ်ခုရဲ့ စွမ်းဆောင်ရည်နဲ့
ဘဏ္ဍာရေး အခြေအနေကို အကဲဖြတ်ဖို့ပါပဲ။

အကဲဖြတ်တယ် ဆိုတဲ့ နေရာမှာ

ပထမအချက်က အတိတ်နဲ့ ပစ္စုပ္ပန် စွမ်းဆောင်ရည်ကို သိဖို့

ဒုတိယအချက်က လက်ရှိ ဘဏ္ဍာရေး အခြေအနေကို နားလည်ဖို့ နဲ့

နောက်ဆုံး တတိယ အချက်ကတော့ အနာဂတ်မှာ ကြုံရနိုင်တဲ့ ဘေးအန္တရာယ် တွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ဆိုတာပါပဲ။

ချစ်ခင် လေးစားစွာဖြင့်
ခင်ဇော်

21/01/2023

လုပ်ငန်းမိတ်ဆက်

စီးပွားရေး လုပ်ငန်း တွေ နှေးကွေး နေတဲ့ ကာလမှာ သင်လုပ်ငန်းရဲ့ အခြေအနေကို မလိမ်မညာ ပြော ပြပေးနိုင်တဲ့ စာရင်း တွေ အစီရင်ခံစာတွေ ပြင်ဆင်ဖို့ ပြုစုဖို့က ပိုပြီး အဓိက ကျလာပါတယ်။

များသောအားဖြင့် တစ်နိုင်တစ်ပိုင် မိသားစု လုပ်ငန်းများ project လုပ်ငန်းများ SME လုပ်ငန်း တွေမှာက လည်း စာရင်းဌာန နဲ့ စာရင်းချုပ်ပေး နိုင်တဲ့ အရည်အသွေးမီ ဝန်ထမ်း တွေကို အမြဲတမ်း ခန့်ထားဖို့ကလည်း အခက်အခဲ ရှိပါတယ်။

ဒါကြောင့် မိမိတို့ လုပ်ငန်းများရဲ့ စာရင်းအခြေအနေ ထိုမှတဆင့် လုပ်ငန်းအနေအထား ယိုပေါက် ဟာကွက် အလေအလွင့် များကို သိရှိပြီး အချိန်မှီ ပြုပြင် ဖာထေး စီမံဆောင်ရွက် နိုင်ဖို့ က စနစ်တကျ ပြင်ဆင်ပြုစု ရေးစွဲထားတဲ့ အရည်အ‌သွေးမှီတဲ့ စာရင်းတွေ လိုအပ်ပါတယ်။

ဒီလိုစာရင်းတွေကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း ရရှိစေပြီး စီးပွားရေး ဘဏ္ဍာရေး နှင့် စာရင်းပိုင်းဆိုင်ရာ အကြံဉာဏ်များကို ရယူ တိုင်ပင်နိုင်စေဖို့ ကျွန်တော်တို့ ရဲ့ Khin Zaw & Associates (Accounting and Financial Analysis Service) ကို စတင် လုပ်ကိုင် နေပြီ ဖြစ်ပါတယ်။

လူကြီးမင်းတို့ အနေနဲ့ မိမိတို့ လုပ်ငန်းရဲ့ စာရင်းကိစ္စ နဲ့ ဘဏ္ဍာရေး ဆိုင်ရာများကို ဆွေးနွေးတိုင်ပင် ချင်တယ်ဆိုရင် ဖုန်းလေး တစ်ချက် ဆက်လိုက်ဖို့ပဲ လိုပါတယ်။

လိုအပ်တာပြောပါ။
လိုချင်တာရစေဖို့
ကျွန်တော် ခင်ဇော်
တာဝန်ယူပါရစေ။

ဖုန်း 09782999901

18/01/2023

ကျွန်တော် Financial Analyst တစ်ယောက်ပါ။

Financial Analyst ဆိုတာ အတိတ် ကိုလေ့လာ ပစ္စုပ္ပန် ရဲ့ လားရာကို ကြည့်ပြီး အနာဂတ်မှာ အောင်မြင်မှု ရစေဖို့ လုပ်ဆောင်ပေးရတာပါ။

စာရင်းကိုင်တွေ စာရင်းကိုင်ချုပ်တွေ CFO တွေ ပြုစု ပြင်ဆင် ထားတဲ့ Financial Report တွေကို အခြေပြုပြီး လုပ်ငန်းရဲ့ အရင်းအမြစ်တွေကို ဘယ်လို အကောင်းဆုံး အသုံးချသင့်သလဲ ဆိုတာ အကြုံပြု မှတ်ချက်ရေးတာတွေကို အဓိကထား လုပ်ရပါတယ်။

စကားပြောသော ကိန်းဂဏန်းများကို ဝေဖန်ပိုင်းခြားဆန်းစစ် လေ့လာရသူ တစ်ဦးပေါ့။

ကိန်းဂဏန်း အချက်အလက်တွေကို ဆန်းစစ်ခြင်း စာရင်းတွေ true and fair ဖြစ်ဖို့ စစ်ဆေးခြင်း နဲ့ financial statement တွေကို အကဲခတ် သုံးသပ်ခြင်း တွေ ကို အထူးပြု လုပ်ဆောင်ရတဲ့ accounting နဲ့ သက်ဆိုင်သော အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုပါပဲ။

လုပ်ငန်း တစ်ခုလုံး အကြောင်းချင်းရာတွေ ကို ခြုံငုံလေ့လာ သိရှိပြီး macro economic နဲ့ ဈေးကွက် အနေအထားတွေ အရ အနာဂတ် ဖြစ်နိုင်ခြေတွေကို ခန့်မှန်းနေရသူပါ။

ကျွန်တော် နိုင်ငံမှာတော့ ဒီရာထူးက သိပ်ပြီး အသုံးများသေးပါဘူး။ ဒါကြောင့် အလုပ်ခေါ်စာတွေ မှာလည်း ဒါမျိုးက တွေ့ရခဲပါတယ်။

Accounting အပြင် business နဲ့ economics တွေကိုပါ ချိတ်ဆက် နားလည် ထားမှ အဆင်ပြေပါတယ်။

အခုလောက်ဆို Financial Analyst တစ်ယောက် အနေနဲ့ ဘာတွေ လုပ်ရလဲ ဆိုတာ နားလည်လောက်ပြီ ထင်ပါတယ်။

ခင်ဇော်
၁၈/၁/၂၃

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Account နဲ့ Finance ဘာကွာတာလဲ။

Telephone

Address


Shwe Thitsar Street, 13 Qtr, Yankin
Yangon
11081

Other Financial Consultants in Yangon (show all)
Forex Mining Myanmar Forex Mining Myanmar
Yangon

Advise for all

YOLO Forex Trading YOLO Forex Trading
Room 905, SoHo Business Tower 9th Floor/Bo Myat Htun Street ( Lower Block), Botahtaung Township
Yangon, 11161

Just follow! To be Financial Freedom

Maximilian Accounting & Taxation Service Maximilian Accounting & Taxation Service
387, 9th Street, 10 Block, South Okkalapa
Yangon

Our Services - Accounting, Taxation, Social Security, Payroll, Company Registration, Annual Returns

Yu Thet - Forex Advisor Yu Thet - Forex Advisor
Yangon

Forex & Commodity Online Trading (Basic to Advanced) သင်တန်းများ ပို့ချသင်ကြားပေးပါသည်

Saw Jeffeary Saw Jeffeary
Bo Myat Tun
Yangon

La Woon - YFA La Woon - YFA
Yangon

EI PHYO KYWE - Life Insurance Advisor EI PHYO KYWE - Life Insurance Advisor
North Dagon
Yangon

Be Happy & Peace of Mind

AIA Su Paung Nyi Nyar AIA Su Paung Nyi Nyar
22nd Floor , Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon, 11143

We provide financial planning advices and agency service for health and life insurance products of A

WuttYi Forex Market Analyst WuttYi Forex Market Analyst
.138/142, White Cloud Condo, , Unit4C, Thein Phyu Road, Botahaung, Township
Yangon, 11161

Strategic Advantage Strategic Advantage
C2 A 04-01, Time Square Condominium, Merchant Road, Botahtaung Township
Yangon, 11161

Strategic Advantage offers a comprehensive range of professional accounting services for newly incor

TRADE WITH TZFX TRADE WITH TZFX
အခန်းနံပါတ်(905), SoHo Business Tower , 9လွှာ/ဗိုလ်မြတ်ထွန်းလမ်း၊ အောက်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်
Yangon, 11161

Bussiness Consultant & Forex Trading