Burmese Echo Media

Your Gateway to Wonders

Photos from Burmese Echo Media's post 07/09/2024

MPT က ဂိမ်းချစ်သူများအတွက် MPT MLBB Pro Pack အသစ် စတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်) – MPT သည် Mobile Legends: Bang Bang (MLBB) ဂိမ်းချစ်သူများအတွက် အထူးရည်ရွယ်ပြုလုပ်ထားသော MPT MLBB (Mobile Legends: Bang Bang) Pro Pack အသစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဂိမ်းချစ်သူများအနေဖြင့် Diamond ၄၀ အထိရရှိ မည် ဖြစ်ပြီး ဝယ်ယူသည့်ငွေပမာဏ၏ ၂ဆ (၂၀၀%) ကို ပြန်အမ်းငွေအဖြစ်ရရှိမည့် အထူးအစီအစဉ်များကိုပါ အသုံး ပြုနိုင်မည် ဖြစ်ပါသည်။
MPT MLBB Pro Pack အသစ်သည် ပမာဏများပြားသည့် Diamond များပေးအပ်ထားသည့်အတွက် ဂိမ်းကစားသူများအနေဖြင့် ဂိမ်းအတွင်းရှိ ပစ္စည်းများ နှင့် Skins များကို လွယ်ကူစွာ ဝယ်ယူနိုင်မည် ဖြစ်ပါ သည်။ ပက်ကေ့ချ်တစ်ခုချင်း၏ ဒေတာပမာဏများကို Mobile Legends ဂိမ်းကစားခြင်း အတွက်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး ပြန်အမ်းငွေကို မိမိနှစ်သက်ရာဒေတာအသုံးပြုမှုတိုင်းအတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ၎င်းတို့ကြိုက်နှစ်သက်တဲ့ ဂိမ်းပက်ကေ့ချ်တွေ ရွေးချယ်ဝယ်ယူနိုင်တဲ့ MLBB Pro pack ကို ၂၀၂၃ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဂိမ်းချစ်သူတွေရဲ့ လိုအပ်ချက်နဲ့ ပိုမိုကိုက်ညီစေဖို့အတွက် Diamond များစွာနဲ့ ပြန်အမ်းငွေ အပါအဝင်အထူးခံစားခွင့်တွေ ပေးအပ်ထားတဲ့ MPT MLBB Pro Pack အသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဂိမ်းချစ်သူတွေအနေနဲ့ MPT MLBB Pro Pack အသစ်နဲ့အတူ မိမိရဲ့ ဂိမ်းကစားခြင်း အတွေ့အကြုံတွေကို မြှင့်တင်ပြီး မိမိရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ” ဟု‌ ပြောကြားခဲ့ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

05/09/2024

MPT က မဟာအက်ပလီကေးရှင်းမှာ မြန်မာရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများကို စိတ်ကြိုက်ကြည့်ရှုဖို့ Mahar Data Pack ကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်) – MPT က ရုပ်ရှင်ချစ်သူများ မြန်မာရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုရာတွင် ပိုမိုကောင်းမွန်သော ခံစားမှုရသအတွေ့အကြုံကောင်းများကို ဈေးနှုန်းသက်သက်သာသာဖြင့် ‌ကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ Mahar Data Pack ကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ သုံးစွဲသူများသည် ပြည်တွင်းမှ မိမိတို့နှစ်သက်ရာ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများကို ဒေတာကုန်ကျစရိတ်အတွက် စိုးရိမ်စရာမလိုဘဲ ၄၉၉ ကျပ်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

Mahar Data Pack ဖြင့် ရုပ်ရှင်ပေါင်း ၃,၀၀၀ ကျော်ကို ကြည့်ရှုနိုင်ပါသည်။

Mahar Data Pack များကို မဟာအက်ပလီကေးရှင်းအတွက်သာ သီးသန့်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် MPT သည် သုံးစွဲသူများ Mahar Data Pack များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဝယ်ယူသူများထဲမှ တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်စီ လစဉ် ကံထူးရှင် (၁၀) ဦးကို ရွေးချယ်သွားမည် ဖြစ်ပါသည်။ ကံထူးရှင်များကို မဟာမှ တိုက်ရိုက်ဆက်သွယ်ပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “Maha Data Pack နဲ့ ဆိုရင် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ မြန်မာရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို အချိန်မရွေး၊ နေရာမရွေး နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ဒီအစီအစဉ်က ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပြည်တွင်းက ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို သက်သာတဲ့နှုန်းထားနဲ့ ပေးအပ်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်” ဟု‌ ပြောကြားခဲ့ပါသည်။

မဟာမိုဘိုင်း အက်ပလီကေးရှင်းကို အန်းဒရွိုက်ဖုန်းအသုံးပြုသူများအနေဖြင့် Play Store နှင့် အိုင်ဖုန်းအသုံးပြုသူများအနေဖြင့် App Store တွင် ဒေါင်းလုတ်ပြုလုပ်၍ ရယူနိုင်ပါသည်။ ထို့အပြင် ဝက်ဘ်ပေါ်တယ်ဖြစ်သည့် https://www.maharmovie.com/browse မှတစ်ဆင့်လည်း တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။

Play Store : https://play.google.com/store/search?q=mahar+mobile+app&c=apps&hl=en&gl=US

App Store: https://apps.apple.com/us/app/mahar-mobile/id1437972773

ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ အများပြည်သူ၏ နေ့စဉ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေရန်အတွက် ခေတ်မီ နည်းပညာများနှင့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Photos from Burmese Echo Media's post 03/09/2024

ဒီဈေးနှုန်းဝန်းကျင်မှာ အသုံးဝင်ပြီး စုံလင်တဲ့ AI လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနိုင်တဲ့ တစ်ခုတည်းသော AI ဖုန်း OPPO Reno12 Series ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ဝယ်ယူရရှိနိုင်ပြီ

OPPO Reno12 5G ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၂,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ဝယ်ယူပြီး အထူးလက်ဆောင်များ ရယူနိုင်ပါပြီ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း OPPO ဟာ ဩဂုတ်လ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Official Consumer Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ “Your First AI Phone” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ရောက်ရှိလာတဲ့ OPPO Reno12 Series ထဲက OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်တို့နဲ့ အသီးသီး စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ OPPO Reno12 Series ကို မြန်မာနိုင်ငံတစ်ဝန်းမှာ စတင်ဝယ်ယူရနိုင်ပြီဖြစ်ပြီး AI လုပ်ဆောင်ချက်တွေပါဝင်လာမဲ့ OPPO Reno12 5G နဲ့ OPPO Reno12 F ဆိုပြီး မတူညီတဲ့ ဖက်ရှင်အမြင်နဲ့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

OPPO Reno12 Series ဝယ်ယူသူတိုင်းအတွက် 20,000mAh Power Bank ၊ မှန်ကွဲအာမခံ ၆ လ နဲ့အတူ ထပ်ဆောင်း ATOM Package တွေအပြင် အထူး အခွင့်အရေးအနေနဲ့ after sale service တွေဖြစ်တဲ့ VIP hotline မှတစ်ဆင့် Online Customer Service Team ထံမှ မြန်ဆန်သောတုံ့ပြန်မှုရရှိခြင်း ၊ နှစ်စဉ် တစ်နှစ်လျှင် မှန်ကပ်အခမဲ့ 2 ကြိမ်ကပ်ခွင့်ရှိခြင်း ၊ ဖုန်း အနေနဲ့ တစ်ခုခု ချို့ယွင်းမှုရှိလို့ Service Center မှာ ဖုန်းလာပြုပြင်မယ်ဆိုရင် ဖုန်းပြုပြင်နေစဉ်အတွင်း ဖုန်းသုံးခြင်း အဆက်မပြတ်သွားအောင် High-end Backup Phone များကို ပံ့ပိုးပေးခြင်း ၊ ဖုန်း ပြုပြင်ဖို့ အတွက် အသွားအပြန် Delivery ခ အခမဲ့ ထားရှိပေးခြင်း၊ ပရော်ဖက်ရှင်နယ် မိုဘိုင်းလ်ဖုန်း ပိုးသတ်ခြင်းနှင့် ဖုန်းသန့်ရှင်းရေး ဝန်ဆောင်မှုများကို ခံစားနိုင်ခြင်း ၊ အခမဲ့ software upgrade ဝန်ဆောင်မှုများခံစားခွင့်ရှိခြင်း အစရှိတဲ့ အထူးခံစားခွင့်တွေပါ ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်။

OPPO Reno Series တွေရဲ့ အဓိက အားသာချက်ကတော့ Portriat ဖြစ်သလို ဒီတစ်ခေါက် OPPO Reno12 Series မှာဆိုရင် OPPO က “Portrait Expert” ဆိုတဲ့ဆောင်ပုဒ်ရဲ့ အားသာချက်တွေကို သေချာအသုံးချရင်း “AI Portrait Expert” အဖြစ် စတင်ပြောင်းလဲခဲ့ပါတယ်။ ဒီတစ်ခေါက် OPPO Reno12 Series မှာ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းအသွင်တစ်မျိုးစီနဲ့ ဖန်တီးထားပါတယ်။

Reno12 Series အတွက် Battery ကိုတော့ 5000mAh Battery နဲ့အတူ Reno12 5G မှာတော့ 80W SUPERVOOC Charge ၊ Reno12 F မှာတော့ 45W SUPERVOOC Charge ဆိုပြီး အသီးသီး ပါဝင်လာမှာ ဖြစ်ပါတယ်။ Reno12 5G က 4nm MediaTek Dimensity 7300-Energy mobile Platform ကို အသုံးပြုလာတဲ့ ပထမ ဦးဆုံးသော စမတ်ဖုန်း ဖြစ်ပါတယ်။ MediaTek နဲ့ OPPO တို့ရဲ့ ပေါင်းစည်းမှုက ပိုပြီးကောင်းမွန်လာတဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးပို့နိုင်ဖို့ ဖြစ်တာကြောင့် အသစ်စက်စက်သော octa-core platform မှာ OPPO နဲ့ MediaTek တို့ရဲ့ လေးနက်တဲ့အတွင်းကျကျ ပေါင်းစည်းမှုအရ နောက်ဆုံးပေါ် ColorOS Trinity Engine မှတဆင့် Dimensity 7300-Energy က SoC ၊ Memory နဲ့ Storage Performance တွေမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ AI model တွေကို အသုံးပြုရင်း လက်ရှိ သုံးစွဲသူတွေရဲ့ အနေအထားအတွက်လဲ Trinity Engine ရဲ့ အဆင့်မြှင့်တင်ထားတဲ့ CPU-Vita engine က စနစ်တစ်ခုလုံးကို တည်ငြိမ်ပြီး ချောမွေ့အောင် SoC အရင်းအမြစ်တွေကို တိတိကျကျ နေရာချထားပေးကာ စွမ်းအင် သုံးစွဲမှုကို လျော့ပါးအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

Memory သိမ်းဆည်းမှု အတိုင်းအတာ အတွက် Reno12 5G မှာ 12GB RAM ကိုမှ RAM Expansion 12GB ၊ Reno12F မှာ 8GB RAM ကိုမှ RAM Expansion 8GB အသီးသီး ပါဝင်လာတဲ့အပြင် ROM အတွက်တော့ 256GB ပါရှိလာမှာ ဖြစ်ပါတယ်။ Android 14 နဲ့အတူ ColorOS 14.1 ပါဝင်မှုကြောင့် အသုံးပြုသူတွေ အဆင်ပြေချောမွေ့စေမှာဖြစ်ပြီး Dual-Stereo Speaker ပါဝင်မှုဟာလဲ Reno12 Series ရဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်မှာပါ။ ဖုန်ဒဏ် ၊ အထူးသဖြင့် ရေစိုမှုဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ IP Rating တွေ ပါဝင်လာပြီး Reno12 5G အတွက် IP65 Rating ၊ Reno12 F အတွက် IP64 Rating တို့အသီးသီးဖြင့် Splash Touch ထပ်လောင်းပါရှိမှုကြောင့် ရေဘယ်လောက်စိုစို ဖုန်းကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

02/09/2024

“ဒေတာတန်တန် ပွိုင့်တန်တန်” ပရိုမိုးရှင်းမှာ ထိပေါက်ကစားပြီး ပွိုင့်(၁၀၀) ယူ (၁၀) နှစ်ပြည့်အထိမ်းအမှတ်နဲ့အတူ!
MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၁ ရက် မှ ၂၀ ရက်အတွင်း *0103 # (သို့) MPT4U မှတစ်ဆင့် 400MB ဒေတာနဲ့ Special ထိပေါက် ကစားခွင့် (၁) ကြိမ်ကို ၁,၀၀၀ ကျပ်တည်းနဲ့ဝယ်ယူပြီး ထိပေါက်ကစားကာ MPT Club ပွိုင့် (၁၀၀) ကံထူးရယူနိုင်ပြီနော်။
ဒါ့အပြင် ပွိုင့်လဲလှယ်နိုင်မယ့်ကာလဖြစ်တဲ့ စက်တင်ဘာလ ၂၁ ရက် မှ ၂၇ ရက်အတွင်း စုဆောင်းထားတဲ့ ပွိင့်တွေနဲ့ 10 GB ဒေတာကို စိတ်ကြိုက်လဲလှယ်နိုင်ဦးမှာနော်။ ဒေတာတွေ စိတ်ကြိုက်လဲလှယ်နိုင်ဖို့ စက်တင်ဘာလ ၁ ရက် မှ ၂၀ ရက်အတွင်း Special ထိပေါက် ပက်ကေ့ချ်တွေများများဝယ်ပြီး ထိပေါက်ကစားကာ MPT Club ပွိုင့်တွေများများစုထားဖို့တော့လိုမယ်နော်။
Special ထိပေါက် ပက်ကေ့ချ်ကို အကြိုက်ဝယ်ယူနိုင်တာဖြစ်လို့ အခုပဲ *0103 # (သို့) MPT4U မှတစ်ဆင့် ဝယ်ယူပြီး ထိပေါက်ကစားကာ ပွိုင့်တွေစုထားလိုက်တော့နော်။
USSD တိုက်ရိုက် နှိပ်၍ ဝယ်ယူရန် - https://bit.ly/4dySXYv
MPT4U App အခမဲ့ ဒေါင်းလုတ်ရယူရန် - http://lotayamm.com/mpt4u.apk
MPT4U မှ ဝယ်ယူရန် - https://bit.ly/40JN5Gp

Photos from Burmese Echo Media's post 28/08/2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) မှ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေငြာလိုက်တဲ့ မျောက်ကျောက်ရောဂါ (Mpox) အကြောင်း

❝ မျောက်ကျောက်ရောဂါ ❞သည် တစ်ဦးနဲ့တစ်ဦး ကူးစက်တတ်သည့်ရောဂါဖြစ်သည့်အတွက် ကာကွယ်ဖို့ Mask တပ်ပါ။ ခဏခဏ လက်ဆေးပါ။ လူစုလူဝေး ရှောင်ကြဉ်ပါ။

Credits - World Health Organization Myanmar

#မျောက်ကျောက်ရောဂါ
#ကျန်းမာရေးသတင်း

Photos from Burmese Echo Media's post 23/08/2024

ဖက်ရှင်ကျပြီး ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်း ကို တွေ့ကြုံခံစားရစေမဲ့ Your First AI Phone ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO Reno12 Series ကို မြန်မာနိုင်ငံမှာ မကြာခင် မိတ်ဆက်တော့မည်

OPPO Reno12 Series ဟာ ဈေးနှုန်းတူ ဖုန်းတွေအကြား Flagship Level AI Function တွေ ပါဝင်လာတဲ့ တစ်ခုတည်းသော ဖုန်းဖြစ်ပါတယ်။

ယနေ့ခေတ်မှာ နည်းပညာနဲ့ ပတ်သက်လို့ သိသိသာသာ တိုးတက်ပြောင်းလဲ လာသလို ခေတ်မီနည်းပညာဖွံ့ဖြိုးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ AI နည်းပညာကိုပါ လူတိုင်းအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဖုန်းတွေမှာလဲ နည်းပညာတိုးတက်ပြောင်းလဲမှုတွေကြောင့် AI နည်းပညာတွေကို စမတ်ဖုန်းတွေမှာပါ ထည့်သွင်းဖို့ ကြိုးစားနေကြပါပြီ။ ဒါကြောင့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကလဲ အခုတစ်ခေါက်မှာ Flagship Level AI Function တွေကို Reno Series မှာ ထည့်သွင်း အဆင့်မြှင့်တင်လာမှာဖြစ်ပြီး Your First AI Phone ဆိုတဲ့ ဆောင်ပုဒ်နဲ့ OPPO Reno12 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း မကြာမီ စတင်မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလက The Portrait Expert ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ စတင်ထုတ်လုပ်ခဲ့တဲ့ OPPO Reno Series ဟာ “The Portrait Expert” ရဲ့ အားသာချက်တွေကို အသုံးပြု၍ ခေတ်မီတိုးတက်ပြီး ဖန်တီးမှုအား ပိုမိုကောင်းမွန်လာစေနိုင်တဲ့ ခေတ်မီ မျိုးဆက်သစ် AI နည်းပညာတွေကို လူတိုင်း အလွယ်ကူဆုံး အသုံးပြုစေနိုင်မဲ့ ရည်ရွယ်ချက်ကြောင့် အခုမိတ်ဆက်လာမဲ့ Reno12 Series မှာ Flagship Level ရှိတဲ့ AI function တွေကို ထည့်သွင်းကာ “AI Portrait Expert” ဆိုပြီး ပြောင်းလဲအဆင့်မြင့်လာခဲ့တာ ဖြစ်ပါတယ်။

တောက်ပြောင်ပြီး မာကျောတဲ့ ဒီဇိုင်းနဲ့ Reno12 Series
OPPO Reno12 Series မှာဆိုရင် စနစ်တကျ သေသေသပ်သပ်ရှိပြီး ဒေါင်လိုက်ပုံစံ ကင်မရာ ဒီဇိုင်း 3D Curved Screen နဲ့ OPPO Reno12 5G ၊ Cosmo Ring ပါရှိတဲ့ Flagship ဒီဇိုင်း ပုံစံ နဲ့အတူ ခေတ်ဆန်ဆန် Halo Light ပါဝင်လာတဲ့ OPPO Reno12 F 4G ဆိုပြီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။ OPPO Reno12 5G မှာဆိုရင် Futuristic Fluid Design ၊ OPPO Reno12 F 4G မှာဆိုရင် Flagship ပုံစံ ဒီဇိုင်းတို့နဲ့အတူ အားကောင်းတဲ့ သတ္တုစပ် ကိုယ်ထည် High-Strength Alloy Farmework နဲ့ All-round Armour ပါဝင်ပြီး ရေစိုဒဏ်ကို ခံနိုင်တဲ့အထိ ကြံ့ခိုင်အောင် ပုံဖော်ထားတာကြောင့် သုံးစွဲသူတွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။ Reno12 နဲ့ Reno12 F နှစ်မျိုးစလုံးဟာဆိုရင် အရင် Reno Series တွေနဲ့ မတူ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းအသီးသီး နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့အပြင် မတူညီတဲ့ အလှတရားနဲ့ အတူ မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်အောင် ဖန်တီးပေးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိရဲ့ အကြိုက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

တိကျရှင်းလင်းစွာ အသေးစိတ် ဖယ်ရှားနိုင်ပြီး သဘာဝဆန်ဆန် ပြန်လည်ဖြည့်စွက်ပေးနိုင်မဲ့ AI Eraser 2.0 ဒီတစ်ခေါက် OPPO Reno12 Series မှာ နေ့စဉ်ဘဝမှာ အလွယ်တကူ လူတိုင်းအသုံးပြုနိုင်တဲ့ AI Eraser လုပ်ဆောင်ချက် ပါဝင်လာပြီဖြစ်ပါတယ်။ မိမိရိုက်ကူးမဲ့ပုံရဲ့ နောက်ခံမှာ ရှုပ်ထွေးနေလို့ပဲဖြစ်စေ ၊ လူတွေ အရာဝတ္ထုတွေနဲ့ တအားရှုပ်ယှက်ခတ်နေလို့ပဲဖြစ်‌စေ OPPO Reno12 5G မှာ ပါရှိတဲ့ AI Eraser 2.0 ရဲ့ One-click Auto-recognition နဲ့သာဆိုရင် တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ ရှုပ်ယှက်ခတ်နေတဲ့လူအားလုံးကို တစ်ခါတည်း ဖယ်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိ မလိုချင်တဲ့ အရာဝတ္ထုတွေအတွက်လဲ ဝိုင်းလိုက်ရုံနဲ့ ဖယ်ထုတ်ပေးနိုင်တာဖြစ်သလို ဘယ်လိုအရာတွေကို ဖယ်ရှားပစ်ပါစေ ၊ နောက်ခံက လစ်ဟာသွားတဲ့ နေရာတွေကို ပြန်လည်ဖြည့်ပေးတဲ့အခါ သဘာဝအဆန်ဆုံး ဖြည့်တင်းပေးတာကြောင့် OPPO Reno12 Series ဟာ AI ချစ်သူ ၊ AI ကို စမ်းသပ်သုံးစွဲလိုသူတွေအတွက် နိစ္စဓူဝ အသုံးဝင်လာမဲ့ AI လုပ်ဆောင်ချက်တွေ ပါဝင်လာမဲ့ ဖုန်းဖြစ်ပါတယ်။

တစ်ပုံတည်းနဲ့ ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ဖန်တီးနိုင်မဲ့ AI Studio OPPO Reno12 Series မှာ သုံးစွဲသူတွေအကြိုက်တွေ့လာဦးမဲ့ AI လုပ်ဆောင်ချက်တွေထဲက တစ်ခုကို ဖော်ပြပါဆိုရင်တော့ AI Studio ပါဝင်လာမှာဖြစ်ပါတယ်။ AI Studio ဆိုတာ ကိုယ့်ရဲ့ Selfie ပုံတစ်ပုံရှိနေရုံနဲ့ မတူညီတဲ့ ဒီဇိုင်းပုံစံများစွာကို ပြောင်းလဲပေးနိုင်မဲ့ AI လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တစ်ယောက်တည်း ပဲဖြစ်ဖြစ်၊ နှစ်ယောက်တွဲပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ ပုံကို ပြုပြင်ဖန်တီးနိုင်မှာဖြစ်ပြီး AI Studio မှာဆိုရင် အာကာသယာဉ်မှူးပုံစံက စလို့ ရိုးရာ ဝတ်စားဆင်ယင်မှုနဲ့ ဒီဇိုင်းတွေအထိ ဘီလီယံချီတဲ့ ဒီဇိုင်းပေါင်းများစွာ ထဲကမှ မိမိ ကြိုက်နှစ်သက်ရာ ဒီဇိုင်းပုံစံကို ဖန်တီးပြုပြင်နိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက သာမန် Application တွေမှာလို ကြော်ငြာတွေ အထူးတလည် ကြည့်နေစရာ မလိုတဲ့အပြင် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက်လဲ အထူးစိတ်ချရမဲ့ Built-in ပါဝင်လာတဲ့ AI လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

လူငယ်တွေအားလုံးအတွက် လုပ်ငန်းသုံး ကျောင်းသုံး ကြိုက်ရာသုံးနိုင်မဲ့ AI Toolbox
အသံသွင်းယူမှုတွေနဲ့ အသံသွင်းထားတဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ ပြောကြားထားတဲ့အကြောင်းအရာတွေအတွက် အထိမိဆုံး ပြန်လည်အတိုချုံ့ကာ စာဖြင့် ဖော်ပြပေးနိုင်တဲ့ လက်ရှိမြန်မာဈေးကွက်ထဲမှာ ရှိနှင့်ပြီးသား AI Recording Summary က OPPO Reno12 5G မှာ ပါရှိလာမှာ ဖြစ်ပါတယ်။
ဒါတင်သာမက လေ့လာရေး အတွက် အထူးသင့်တော်ပြီး သုံးရလွယ်ကူစေတဲ့ AI လုပ်ဆောင်ချက်အဖြစ် AI Tool Box ကို OPPO Reno12 5G မှာ ထည့်သွင်းလာပါတယ်။ AI Toolbox မှာမှ မိမိ ဖတ်ချင်တဲ့ စာတွေ အားလုံးကို ဖတ်နေစရာ မလိုဘဲ အကုန်လုံး ရွတ်ပြဖတ်ပြပေးတဲ့ AI Speak ပါဝင်လာမှာ ဖြစ်ပြီး ဖတ်ပြတဲ့ အသံကိုလဲ အမျိုးသား အသံ နဲ့ အမျိုးသမီး အသံဆိုပြီး မိမိကြိုက်နှစ်သက်ရာ အသံအဖြစ် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ စာပိုဒ်အရှည်ကြီးတွေ၊ ရှည်လျားတဲ့ စာမျက်နှာတွေကို ထိထိမိမိ အကျဉ်းချုပ်ဖြစ်အောင် ချုံ့ပေးကာ စာဖြင့် ပြန်လည်ဖော်ပြပေးတဲ့ AI Summary လဲ ထပ်မံ ပါဝင်လာပါတယ်။

ဈေးနှုန်းတူ ဖုန်းများအကြား ရေစိုဒဏ်ခံနိုင်တဲ့ AI ဖုန်း
OPPO ရဲ့ Splash Touch နည်းပညာက သုံးစွဲသူတွေရဲ့ လက် သို့မဟုတ် စိုစွတ်နေတဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မျက်နှာပြင်လုပ်ဆောင်ချက်တွေကို လွဲ‌ချော်မှု မရှိဘဲ မှန်မှန်ကန်ကန်နဲ့ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO A60 မှာဆိုရင် U.S Military Grade Shock-Resistance လက်မှတ်ရရှိထားသည့်တိုင်အောင် ထုတ်လုပ်လာခဲ့ပြီး A60 နောက်ပိုင်းကနေ စတင်ကာ OPPO ဟာ Durability ပိုင်းမှာ သေချာဂရုစိုက် လာသလို Splash Touch နည်းပညာကိုလဲ ဂရုတစိုက် ထည့်သွင်းလာတာ ဖြစ်တဲ့အတွက် ရေစိုမှုနဲ့ ပတ်သက်လို့ အခုအချိန်ထိ ဘယ်လို လုပ်ဆောင်ချက်မျိုးကိုမဆို ထိခိုက်ပျက်စီးစေခြင်း မရှိသေးတာကိုလဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ IP65 rating ပါဝင်လာမှုကြောင့် Reno12 5G မှာ ရေစိုမှုဒဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်ကာ ဖုန်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ အားသွင်းပေါက် ၊ Speakers ၊ USB-C Port နဲ့ SIM card အပေါက်တွေကိုလဲ ခါတိုင်းထက် ပိုပြီး ရေစိုခံနိုင်စေဖို့အတွက် ထောက်ပံ့ပေးထားပါတယ်။

OPPO Reno12 Series ကို လာမဲ့ ဩဂုတ်လ ၂၄ ရက်နေ့၊ Junction City မှာ Consumer Launch အနေနဲ့ တရားဝင်မိတ်ဆက်မှာ ဖြစ်ပြီး အဆိုပါပွဲမှာ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ Lu Hpring ၊ ဧငြိမ်းဖြူ ၊ ရှိန်းတင်ထူး တို့နဲ့ အတူ Lara Devora ၊ ပြည်ညိမ်းဟန် နှင့် Rian တို့ အားလုံး ပါဝင်မဲ့ ပျော်ရွှင်စရာ အစီအစဉ်တွေ ရှိနေမှာဖြစ်ပါတယ်။

Photos from Burmese Echo Media's post 20/08/2024

MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၈၃) မြို့နယ်တွင် အသုံးပြုနိုင်ပြီ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်က MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို မြို့နယ်(၈) မြို့နယ်တွင် အသစ်ထပ်မံ တိုးချဲ့ဆောင်ရွက်လိုက်ပြီး ယခုအခါတွင် အဆိုပါဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၈၃) မြို့နယ်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း MPT က ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါဒေသများရှိ သုံးစွဲသူများသည် MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို ကနဦးတပ်ဆင်ခ ကင်းလွတ်ခွင့်နှင့်အတူ 3GB အထိ မိုဘိုင်းဒေတာများ၊ MPT အချင်းချင်း မိနစ် ၂၀၀ အထိ ဖုန်းခေါ်ဆိုခွင့် နှင့် MPT မိုဘိုင်းနံပါတ်များသို့ အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များပါဝင်သည့် ထပ်ဆောင်း အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဖြင့် သုံးစွဲသူများသည် မိမိတို့၏ နေအိမ်များတွင် အဆင်ပြေလွယ်ကူ၍ ယုံကြည်စိတ်ချရသော အင်တာနက်ချိတ်ဆက်မှု အတွေ့အကြုံများကို အချိန်မရွေး ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက် ဘေလ်ကို ၃ လ၊ ၆ လ (သို့မဟုတ်) ၁၂ လ ကြိုတင်ပေးချေခြင်းဖြင့် သုံးစွဲသူများသည် ၂ သိန်းကျပ် အထိ လျှော့စျေးများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

သုံးစွဲလိုသူများအနေဖြင့် အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို MPT ၏ အရောင်း ကိုယ်စားလှယ်များမှ တစ်ဆင့်သော်လည်းကောင်း၊ နီးစပ်ရာ MPT ရုံးများ၊ MPT ၏ Franchise ဆိုင်များ၊ Own shop များနှင့် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/dome-pyan-mm/ တို့မှ လည်းကောင်း လျှောက်ထားရယူနိုင်ကာ ဝန်ဆောင်မှု ရရှိနိုင်သည့်မြို့နယ် (၁၈၃) မြို့နယ်တို့၏ အချက်အလက်များကိုလည်း သိရှိနိုင်မည်ဖြစ်ပါသည်။

MPT သည် သုံးစွဲသူများအတွက် လွယ်ကူရိုးရှင်းသော အွန်လိုင်းငွေပေးချေမှုကိုလည်း ဆောင်ရွက်ပေးထားပါသည်။ သုံးစွဲသူများအားလုံးအနေဖြင့် လွယ်ကူစွာ ငွေပေးချေနိုင်သည့်နည်းလမ်းများ နှင့် အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/payment-channels-mm/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် E-invoice ငွေတောင်းခံလွှာဝန်ဆောင်မှုအတွက် https://einvoice.mpt.com.mm/ #/Einvoice တွင် စာရင်းပေးသွင်းရယူနိုင်ပြီး မိမိတို့၏ ဖုန်းနံပါတ်နှင့် အီးမေးလ်ကို E-invoice Form တွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် အင်တာနက်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက hotline *2800 # (သို့မဟုတ်) 18652800 သို့ခေါ်ဆိုပြီး (သို့မဟုတ်) 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

16/08/2024

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် မရမ်းကုန်းအိတ်ချိန်းရှိ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲပါမည်

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မရမ်းကုန်း အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီ ဖုန်းနံပါတ်များကို နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်အရ ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီ ဖုန်းနံပါတ်အသစ်များဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်မှစတင်၍ ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ အများပြည်သူ သုံးစွဲသူများအတွက် (၆) လ နှင့် အစိုးရဌာနများအတွက် (၁) နှစ် အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

Photos from Burmese Echo Media's post 13/08/2024

၂၀၂၄ခုနှစ် ၊ ဩဂုတ်လ ၇ ရက်နေ့က ပန်းလှိုင်ဆေးရုံ မှာ မွေးဖွားခဲ့တဲ့
“အိချောပို”ရဲ့သမီး‌‌လေး Izzy < Izabelle Mone >

#အိချောပို

< Izabelle Mone >

13/08/2024

လုံခြုံသော နေရာတစ်ခုကို ဖန်တီးခြင်း - TikTok မှ သုံးစွဲသူ၏ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကို အလေးထားအာမခံပုံ

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူများသည် TikTok ကို ဖန်တီးရန်၊ မျှဝေရန်၊ ရှာဖွေတွေ့ရှိရန်နှင့် ချိတ်ဆက်ရန်အတွက် အသုံးပြုလျက်ရှိကြပါသည်။ ထို့ကြောင့် TikTok သည် လူတိုင်းအတွက် ဘေးကင်းပြီး စိတ်အပန်းပြေစေသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ရည်ရွယ်ပါသည်။ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးရန်နှင့် ပျော်ရွှင်မှုဆောင်ကြဉ်းရန်ဆိုသည့် TikTok ၏ မစ်ရှင်သည် သုံးစွဲသူဘေးကင်းရေးနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိစေရန်ဆိုသည့် ကတိကဝတ်တွင် အလေးထားနေပြီး အကောင်းဆုံး အလေ့အကျင့်များကို မျှဝေရန်၊ ဘေးကင်းရေးမူဝါဒများနှင့် Tool များ ဖန်တီးရန်နှင့် ဘေးကင်းရေးနှင့် ပတ်သက်သော အကြံဉာဏ်များ ဖလှယ်ပြီး အားလုံးအတွက် လုံခြုံနွေးထွေးသည့် အသိုက်အဝန်းတစ်ခုဖြစ်စေရန် ကျွမ်းကျင်သူများ၊ NGO များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

အကောင့်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်း
မိမိ၏ TikTok အကောင့်လုံခြုံရေးသည် အရေးကြီးပါသည်။ ၎င်းအတွက် အသုံးပြုသူများအနေဖြင့် အောက်ပါ အချက်များကို လုပ်ဆောင်နိုင်ပါသည်။
၁။ ခိုင်မာပြီး ထူးခြားသော စကားဝှက်များ ဖန်တီးပါ
- အနည်းဆုံး စာလုံး ၁၂ လုံး သုံးပါ။
- နံပါတ်များနှင့် သင်္ကေတများ ပါ၀င်ပါစေ။
၂။ နှစ်ဆင့်အတည်ပြုခြင်း (2-Step Verification) ပြုလုပ်ပါ။
- ထိုသို့ပြုလုပ်ပြီး အကာအကွယ်တစ်ခု ထပ်ထည့်ပါ။
၃။ လုံခြုံရေးသတိပေးချက်များကို စောင့်ကြည့်ပါ။
- လုံခြုံရေးသတိပေးချက်များကို ပုံမှန်စစ်ဆေးပါ။
- ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ချက်မှန်သမျှကို ရှာဖွေတွေ့ရှိရန် အကောင့်ကို အသုံးပြုနေသည့် Device များကို စစ်ဆေးပါ။
၄။ ဖြားယောင်းတိုက်ခိုက်မှုများကို သတိထားပါ။
- အမည်မသိ ရင်းမြစ်များမှ အခမဲ့ မက်လုံးများ သို့မဟုတ် လင့်ခ်များကို ပေးပို့လာသည့် ပြင်ပကုမ္ပဏီ ဝဘ်ဆိုက်များကို မယုံကြည်ပါနှင့်။
- TikTok မှ ပေးပို့သော တရားဝင် အီးမေးလ်များသည် စကားဝှက်ကို ဘယ်သောအခါမှ တောင်းမည်မဟုတ်ပါ။
၅။ သံသယဖြစ်ဖွယ်အကြောင်းအရာများကို သတင်းပို့ (Report) ပါ။
- Spam သို့မဟုတ် ဖြားယောင်းတိုက်ခိုက်မှုဟု ထင်ရသော ဗီဒီယို သို့မဟုတ် မက်ဆေ့ချ်များကို သင်တွေ့ပါက ဗီဒီယိုကို ဖိထားပြီး ပေါ်လာသည့် 'Report' ကို နှိပ်၍ သတင်းပို့ပါ။

ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် လုပ်ဆောင်ချက်များ
TikTok သည် သုံးစွဲသူများကို ၎င်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်မူဝါဒများကို နားလည်စေရန်အတွက် မူ၀ါဒများအား ဖတ်ရှုရန် အားပေးပါသည်။ TikTok မှ အဓိက စုဆောင်းသော အချက်အလက်များတွင် အကောင့်မှတ်ပုံတင်ခြင်းအတွက် ဖုန်းနံပါတ်များ သို့မဟုတ် အီးမေးလ်များနှင့် အသက်အတည်ပြုရန် မွေးနေ့များ ပါ၀င်သည်။ အသုံးပြုသူနှင့် သက်ဆိုင်သည့် အကြောင်းအရာဗီဒီယိုများကို အကြံပြုပြီး ပလက်ဖောင်းစွမ်းဆောင်ရည် အကောင်းဆုံးဖြစ်ရန်အတွက် Likes၊ Shares နှင့် အက်ပ်အတွင်း ရှာဖွေမှုမှတ်တမ်းတို့ကိုလည်း စုဆောင်းပါသည်။ အသုံးပြုသူဒေတာကို US၊ Malaysia နှင့် Singapore ရှိ ကာကွယ်ထားသော ဒေတာစင်တာများတွင် သိမ်းဆည်းထားပြီး အိုင်ယာလန်တွင်လည်း ဒေတာစင်တာတစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်ထားရှိပါသည်။

လုံခြုံရေးအတွက် ကတိကဝတ်ပြုခြင်း
TikTok သည် သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်ရန်နှင့် အဆင့်မြင့်လာသည့် လုံခြုံရေး ခြိမ်းခြောက်မှုများထက် ရှေ့ရောက်ပြီး ကာကွယ်နိုင်အောင် ဝီရိယရှိရှိ လုပ်ဆောင်နေပါသည်။ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဖွဲ့သည် ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ခြင်းကို တားဆီးရန် နောက်ဆုံးပေါ် နည်းပညာများနှင့် အလွှာပေါင်းစုံ ကာကွယ်ရေးများကို အသုံးပြုထားပြီး အခြေခံလုပ်ဆောင်ချက်များနှင့် လုပ်ငန်းစဉ်များကို စမ်းသပ်ရန်အတွက် ပြင်ပကျွမ်းကျင်သူများနှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်နေပါသည်။ TikTok သည် HackerOne ၏ ကမ္ဘာလုံးဆိုင်ရာ ချို့ယွင်းချက်နှင့် အားနည်းချက်ကို ထုတ်ဖော်ခြင်းပရိုဂရမ်ကဲ့သို့ မိတ်ဖက်ပူးပေါင်းမှုများမှ တစ်ဆင့် နောက်ဆုံးပေါ် တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်အောင် စဉ်ဆက်မပြတ် တိုးတက်လုပ်ဆောင်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ဘေးကင်းရေး ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံရှိ သုံးစွဲသူများကို အကာအကွယ်ပေးရန်အတွက် TikTok သည် ဒစ်ဂျစ်တယ်အသိပညာစင်တာပေါ်တွင် "Be Safe with Soe" ဗီဒီယိုစီးရီးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စီးရီးမှ တစ်ဆင့် တိုက်ရိုက်စာတိုပေးပို့ခြင်း၊ ကိုယ်ရေးကိုယ်တာလုံခြုံရေးနှင့် Family Paring ကဲ့သို့သော ဘေးကင်းရေး လုပ်ဆောင်မှုများနှင့် Feature များအကြောင်း မြန်မာအသုံးပြုသူများ သိရှိနားလည်စေရန် ကူညီပေးခဲ့ပါသည်။

ဒစ်ဂျစ်တယ်အသိပညာစင်တာ

သုံးစွဲသူများ၏ ဘေးကင်းရေးကို ရှေးရှုသည့် TikTok ၏ မယိမ်းယိုင်သော ကတိကဝတ်များကြောင့် TikTokသည် တီထွင်ဖန်တီးမှုနှင့် ဖျော်ဖြေရေးအတွက် ယုံကြည်စိတ်ချရသော ပလက်ဖောင်းတစ်ခုအဖြစ် တည်ရှိနေပါသည်။ ဆန်းသစ်သော ချဉ်းကပ်မှုများနှင့် ဖြေရှင်းချက်များကို စဉ်ဆက်မပြတ် ရှာဖွေခြင်းဖြင့် TikTok သည် သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ရန် ကြိုးစားလျက်ရှိပါသည်။ ထို့အပြင် ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ ပြီးပြည့်စုံသော ဘေးကင်းရေးလုပ်ဆောင်ချက်များကို မိတ်ဆက်ခြင်းဖြင့် TikTok သည် အထူးသဖြင့် မြန်မာနိုင်ငံရှိ သုံးစွဲသူအားလုံးအတွက် လုံခြုံပြီး အပြုသဘောဆောင်သော နေရာတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

12/08/2024

MPT က ဒီဂျစ်တယ်ပိုင်းဆိုင်ရာ နည်းလမ်းသစ်များနှင့်အတူ အနာဂတ်၏ ခေါင်းဆောင်လူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြု

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်‌ေန့က အနာဂတ်ကိုပုံဖော်ရာတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို နှစ်စဉ် သြဂုတ်လ (၁၂) ရက်နေ့တိုင်း ကမ္ဘာတစ်ဝန်း၌ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ခေတ်တွင် လူငယ်များအား စွမ်းဆောင်ရည် မြင့်မားလာစေရန် နှင့် ကဏ္ဍအသီးသီးတွင် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးကြောင်း အလေးပေး ဖော်ပြလျက်ရှိပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒီဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဖြစ်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုများကို ဆောင်ရွက်ရာတွင် ဒီဂျစ်တယ်နှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို ဖော်ပြထားပါသည်။

ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT အနေဖြင့် ဆန်းသစ်သော ဒီဂျစ်တယ် နည်းလမ်းများနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များမှ တစ်ဆင့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ MPT သည် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လိုအပ်သော နည်းလမ်းများ၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် အောင်မြင်ပြီး ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။

MPT သည် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များအတွက် သင်ကြားရေး အခွင့်အလမ်းများကို‌ ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် CSR E-Learning အစီအစဉ်မှ တစ်ဆင့် ပညာရေးကဏ္ဍကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KMD၊ Center for Vocational Training Ltd Gty ၊ စိုးစံ ဂျပန်ဘာသာစကားသင်တန်းကျောင်း နှင့် သန်းတိုးအောင် မိုဘိုင်းဖုန်းဆော့ဖ်ဝဲပြုပြင်ရေးတို့နှင့် ပူးပေါင်းကာ အိုင်တီနည်းပညာသင်တန်း ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်း၊ ဂျပန်ဘာသာစကား သင်တန်း နှင့် မိုဘိုင်းဖုန်းဆော့ဖ်ဝဲပြုပြင်ရေး နည်းပညာသင်တန်း များကို ပေးအပ်လျက်ရှိပါသည်။

လေ့လာသင်ယူလိုသူများအနေဖြင့် ဘာသာရပ်များအကြောင်းကို CSR E-Learning Program home page တွင် ဝင်ရောက်လေ့လာနိုင်ပြီး https://rb.gy/2a87on မှတစ်ဆင့် အခမဲ့လျှောက်လွှာဖြည့်သွင်းကာ စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။

MPT သည် ရွှေအိပ်မက်အစီအစဉ်၊ MasterChef All Stars Myanmar အစီအစဉ် နှင့် The Voice Myanmar ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် လူငယ်များကို ပံ့ပိုးပေးလျက်ရှိပြီး အဆိုပါအစီအစဉ်များသည် လူငယ်များ၏ အိပ်မက်များကို အကောင်အထည်ဖော်ဆောင်ရန် အထောက်အပံ့ပြု ဆောင်ရွက်ပေးခြင်းသည် မြန်မာလူငယ်များကို ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာ နှင့်အတူ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် ထားရှိသည့် MPT ၏ ကတိကဝတ်ကို ထင်ဟပ်စေပါသည်။

MPT အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များအောက်တွင် MPT ၏ အီလက်ထရွန်းနစ်နည်းပညာသုံး ပညာရေးအစီအစဉ်၊ နိုင်ငံတစ်ဝန်းလုပ်ငန်းခွင်လေ့လာရေးနှင့် သင်ကြားရေးအစီအစဉ်၊ မြန်မာလူငယ်နည်း ပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် နှင့် သူနာပြုတက္ကသိုလ်၊ရန်ကုန်၏ သူနာပြုတက္ကသိုလ်ကျောင်းပြင်ပ အဝေးသင် အစီအစဉ်တွင် အထောက်အပံ့ပြုခြင်းစသည့် အစီအစဉ်များမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားပေါင်း (၂) သိန်းကျော်ကို အထောက်အပံ့ပြု ဆောင်ရွက်ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “ လူငယ်တွေဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေ တယ်ဆိုတာ ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒီဂျစ်တယ် ပလက်ဖောင်း တွေက တစ်ဆင့် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ အသိပညာဗဟုသုတတွေကို လူငယ်တွေဆီမှာရရှိစေနိုင်ဖို့ ရည်ရွယ် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ အထောက်အပံ့ပြု ပေးသွားမှာဖြစ်ပြီး အနာဂတ်မှာလည်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင် သွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပေးအပ်နေတဲ့ အစီအစဉ်တွေကတစ်ဆင့် လူငယ်တွေရဲ့ အနာဂတ်မှာ စဉ်ဆက်မပြတ် တိုးတက်မှုကို ဆောင်ကျဉ်းနိုင်ပြီး သူတို့ရဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့ အခွင့်အလမ်းတွေကို ပေးအပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့ ပါသည်။

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

06/08/2024

MPT က “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ ဇူလိုင်လအတွက် ငွေသားဆု သိန်း ၁၀၀ ဆုရှင် (၁၀) ဦးကို ထုတ်ပြန်ကြေညာ

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT သည် ငွေသားကံစမ်းဆုလက်ဆောင်များ အပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်များကို ၂၀၂၄ ခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလအတွင်း ပေးအပ်လျက်ရှိပြီး “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်မှ ဇူလိုင်လအတွက် ကံထူးရှင်များစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါသည်။

MPT က ဇူလိုင်လအတွက် စုစုပေါင်းငွေသားဆု သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ပထမဦးဆုံး ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦး ကို MPT ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဩဂုတ်လ (၂)ရက် တွင် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။

ကံထူးရှင်များစာရင်းကို MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများတွင် ဩဂုတ်လ (၂)ရက် နေ့က ဖော်ပြပေးခဲ့ပြီး ၎င်းတို့၏ ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT မှ ကံထူးရှင်များကိုတိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ယခု “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”ငွေသားကံစမ်းမဲ အစီအစဉ်သည် MPT သုံးစွဲသူများအား စိတ်ကျေနပ်ပျော်ရွှင်မှု ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။

သုံးစွဲသူများအနေဖြင့် သြဂုတ်လ နှင့် စက်တင်ဘာလတို့တွင် ကျန်ရှိနေသေးသည့် အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆု (၁) ဆု၊ လစဉ်တိုင်းအတွက် ကျပ် သိန်း (၁၀၀) ဆု (၁၀) ဆု နှင့် အခြားကံထူးဆုများကို ရရှိခံစားနိုင်ရန်အတွက် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူခြင်းဖြင့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်တွင် ပါဝင်ကြရန်တိုက်တွန်း လိုက်ရပါသည်။

ထို့အပြင် ၁,၀၀၀ ကျပ်ဖြင့် ဒေတာအသုံးပြုမှုအားလုံးအတွက် 10GB ဒေတာ (သက်တမ်း ၃ ရက်) ရရှိနိုင်မည့် MPT၏ ၁၀ နှစ်ပြည့် ဒေတာပက်ကေ့ချ်များကို ပေးအပ်လျက်ရှိပြီး အသေးစိတ်အချက်အလက်ကို https://rb.gy/s221du တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT သည် သုံးစွဲသူများအား စိတ်ကျေနပ်မှု နှင့် ပျော်ရွှင်မှုအပြည့်အဝပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “(၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” အစီအစဉ်နှင့် အထူးပရိုမိုးရှင်းများအကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/mpt-10th-year-promotion/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ထောပတ်သီးကို ဒီအတိုင်းချည်းစားရတာရိုးတယ်ဆို အနှစ်လေးလုပ်၊ ဝက်ပေါင်ခြောက်လေးရောပြီး အခုလိုလေးလုပ်စားရလို့ရတယ်ဆိုတာ မေမေဂူ...
နွေနေပူမှာ ရင်အေးစေမယ့် ဖရဲသီးဂျယ်လီကျောက်ကျောလေး မေမေဂူချီနဲ့ အတူတူ လုပ်စားကြည့်ကြရအောင် #ဖရဲသီး #ကျောက်ကျော
နေခြည်ဦး ...... Sold out 🫢#crd_to_owner
မေမေဂူချီနဲ့ ရှင်းရှင်းတို့ရဲ့ တနေ့တာအတွက် ငွေအကုန်အကျနည်းနည်းနဲ့ အရသာရှိရှိချက်စားနိုင်တဲ့ တမူးဒေသ ရှမ်းဟင်း
ကန်စွန်းရိုးသုပ်
အသက် ၈၁နှစ်ရှိတဲ့ တမီလ်နာဒူပြည်နယ်၊ ချန်နိုင်းရောက် မြန်မာပြည်မှ  အင်္ဂလိပ်စာနှင့် သင်္ချာသင်တဲ့ ဆရာမဒီဗီဒီယိုကိုမြင်တဲ့...
တောတောင်တွေထဲ ဘာလို့တစ်ယောက်ထဲမသွားသင့်တာလဲ❓ပဲခူးရိုးမတောထဲက တစ်နေရာရေတံခွန်တစ်ခုရဲ့အောက်ဘက် ကျောက်ညှပ်တွေကြား ရေထဲလမ်းလ...
အိန္ဒြာကျော်ဇင် ပရိသတ်တွေအတွက်အလွမ်းပြေ... Samsung Galaxy Z Flip ကြော်ငြာရိုက်ကွင်းနောက်ကွယ်...#samsunggalaxy #zflip5 #e...
သူ့လို့ eyeliner ဆွဲတတ်ပြီလား 😂
မိဘ/အုပ်ထိန်းသူများအနေနဲ့ TikTok အသုံးပြုတဲ့ ဆယ်ကျော်သက် လူငယ်များ အွန်လိုင်း အသုံးပြုချိန် လိုအပ်သလို ကန့်သတ်နိုင်ဖို့၊...

Website

Address


Yangon
11501

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Media/News Companies in Yangon (show all)
Mega Star TV Mega Star TV
Bahan 3rd Street
Yangon, 11201

knowledge,funny, sports, education, documentary, lifestyle and fashion

Cele House Cele House
Yangon

Celebrity News & Celebrity Lifestyle

Devoship Journal Devoship Journal
Yangon

Myanmar Christian Journal

ရတနာပုံ ရတနာပုံ
Bahan
Yangon

F***y

Idol celebrity Idol celebrity
မင်းလမ်း
Yangon

myanmar celebrity news

Wise Man Property Wise Man Property
Yangon, 11031

ပညာ၏ရည်ရွယ်ချက်မှာ ဗဟုသုတစုရန်မဟုတ် စုပြီးသားဗဟုသုတကို အသုံးချရန်ပင်ဖြစ်သည်။

A Sone Thote A Sone Thote
Yangon

အစုံသုပ်…

BURMA ART MEDIA BURMA ART MEDIA
Yangon

This Page is " BURMA ART MEDIA ".

Neo Care Neo Care
Yangon
Yangon

Health Education for the Newborn

The Ethics News Agency The Ethics News Agency
Yangon

The Ethicsသတင်းဌာနသည် ပြည်သူ့များအတွက် သတ?

Pabedan News Pabedan News
Pabedan Township
Yangon