Professional CV/Resume Builder

Are you searching for a Professional CV/Resume format to apply for your dream job? Create your CV/ Resume with professional CV/Resume Builder.

Photos from Professional CV/Resume Builder's post 21/12/2022
" ဖုန်းနဲ့ Email ပို့နည်း " 21/12/2022

https://www.facebook.com/media/set/?set=a.126405339141568&type=3

" ဖုန်းနဲ့ Email ပို့နည်း "

ရုံးပိုင်းဆိုင်ရာတွေမှာ အလုပ်လုပ်နေတဲ့သူတွေ အနေနဲ့ Email အသုံးပြုရမှာက မလွဲမသွေပါပဲ။ Email ပို့ခြင်းဟာ အချိန်ကုန် သက်သာတဲ့အပြင် သတင်း အချက်အလက်တွေကို မြန်မြန်နဲ့ တိုက်ရိုက် ပေးပို့နိုင်လို့ပါ။ ဒါကြောင့် လုပ်ငန်းခွင်ဝင်မယ့် သူတွေ အနေနဲ့ ဖုန်းနဲ့ email ပို့နည်းလေးကို ပုံနဲ့ တကွ ဖော်ပြပေးထားပါတယ်။

ဒီလို လုပ်ငန်းခွင် အခြေခံဗဟုသုတတွေ တင်ပေးနေတဲ့ Professional CV/Resume Builder Fb Page ကို Like & *See First လုပ်ထားပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်

Professional CV/Resume Builder မှ သင် အလုပ်မြန်မြန်ရဖို့ အရည်အသွေးပြည့်၀ပြီး ဆွဲဆောင်မူရှိစေမဲ့ CV Form ကိုလဲ ဆောင်ရွက်ပေး နေပါတယ်။

CV Form ကို Messanger Chat Box (or) Email ကနေ တိုက်ရိုက် ပို့ ပေးပါမည်။

CV Form မှာ ယူလိုပါက အောက်ဖော်ပြပါ

Zawgyi - https://forms.gle/AZzRARWZbyonyyPn6
Unicode - https://forms.gle/3zGKW4cAPjf6gNYg7 တွင် ကိုယ်ရေး အချက်အလက် ပြည့်ပြည့်စုံစုံ ဖြည့်ပြီး တွင် ဖောင်ဖြည့်မှာယူနိုင်ပါတယ်။

Android Phone ဖြင့် Google/Gmail ဖွင့်နည်း 21/12/2022

https://www.facebook.com/media/set/?set=a.103528174762618&type=3

Android Phone ဖြင့် Google/Gmail ဖွင့်နည်း

နောက်ပိုင်းမှာ Google/Gmail Account ဖွင့်ရတာ အလွန်ကို ခက်ခဲလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် Security ပိုင်းဆိုင်ရာ တိုးမြှင့်လာတဲ့အတွက် ဖုန်းနံပါတ်တွေ တောင်းခံလာခြင်း၊ Location ကို ဖော်ပြရခြင်း စသည်ဖြင့် အခက်အခဲများကို ကြုံတွေ့လာကြရပါတယ်။ ဒါကြောင့် Android Mobile Phone ရှိရုံဖြင့် Google/Gmail Account ဖွင့်လို့ရနိုင်မယ့် နည်းလမ်းကို တင်ပြလိုက်ပါတယ်။

ဒီလို လုပ်ငန်းခွင် အခြေခံဗဟုသုတတွေ တင်ပေးနေတဲ့ Professional CV/Resume Builder Fb Page ကို Like & *See First လုပ်ထားပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်

Professional CV/Resume Builder မှ သင် အလုပ်မြန်မြန်ရဖို့ အရည်အသွေးပြည့်၀ပြီး ဆွဲဆောင်မူရှိစေမဲ့ CV Form ကိုလဲ ဆောင်ရွက်ပေး နေပါတယ်။

CV Form ကို Messanger Chat Box (or) Email ကနေ တိုက်ရိုက် ပို့ ပေးပါမည်။

CV Form မှာ ယူလိုပါက အောက်ဖော်ပြပါ

Zawgyi - https://forms.gle/AZzRARWZbyonyyPn6
Unicode - https://forms.gle/3zGKW4cAPjf6gNYg7 တွင် ကိုယ်ရေး အချက်အလက် ပြည့်ပြည့်စုံစုံ ဖြည့်ပြီး တွင် ဖောင်ဖြည့်မှာယူနိုင်ပါတယ်။

မိမိ Gmail အကောင့်လုံခြုံ​အောင်​ 2 step ခံနည်း 21/12/2022

https://www.facebook.com/media/set/?set=a.132684501846985&type=3

မိမိ Gmail အကောင့်လုံခြုံ​အောင်​ 2 step ခံနည်း

Gmail Account လုံခြုံ​ရေးအတွက်​ 2 step ခံနည်း​လေးကိုတင်​​ပေးလိုက်​ပါတယ်​။
မိမိသုံး​နေတဲ့ Gmail Account ဟက်ခံမထိ​အောငျ​လုပျ​ထားသငျ​့ပါတယျ​။
Online သုံးသူတိုင်း အရေးကြီးဆုံးအချက်​က မိမိသုံး​နေတဲ့ Gmail လုံးခြုံး​မှုရှိဖို့ပါဘဲ။
ဒီနည်း​လေးက​ 2 step ခံနည်းဆို​တော့ ဟက်ကာ​တွေမိမိရဲ့ Gmail password ကိုသိ​တာ​တောင်​မှ ဝင်​လို့ရမှာမဟုတ်​ပါဘူး Gmail ကိုဝင်​လိုက်​တာနဲ့ Google က သင်​့ဖုန်းနံပါတ်​ထဲကိုပို့လာတဲ့ code 6 လုံးကိုထည်​့​ပေးမှသာလျှင်​ Gmail ကိုဝင်​​ရောက်​အသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။
2 step ခံနည်းအဆင်​့ဆင်​့ကို ပုံး​လေး​တွေနဲ့တကွ​သေချာရှင်းပြ​ပေးထားပါတယ်​။
တစ်ပုံခြင်း ဆီဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလို ဗဟုသုတတွေ တင်ပေးနေတဲ့ Professional CV/Resume Builder Fb Page ကို Like & *See First လုပ်ထားပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်

Professional CV/Resume Builder မှ သင် အလုပ်မြန်မြန်ရဖို့ အရည်အသွေးပြည့်၀ပြီး ဆွဲဆောင်မူရှိစေမဲ့ CV Form ကိုလဲ ဆောင်ရွက်ပေး နေပါတယ်။

𝙎𝙚𝙧𝙫𝙞𝙘𝙚 𝙊𝙛 𝙋𝙧𝙤𝙛𝙚𝙨𝙨𝙞𝙤𝙣𝙖𝙡 𝘾𝙑/ 𝙍𝙚𝙨𝙪𝙢𝙚 𝘽𝙪𝙞𝙡𝙙𝙚𝙧
🟩📃 CV or Resume - Mid Level (5,500 MMK)
🟦📃 CV or Resume - Top Level (6,500 MMK)
🟩📃 CV & Resume - Mid Level (8,500 MMK)
🟦📃 CV & Resume - Top Level (9,500 MMK)
♦ Cover Letter (7,500 MMK)

CV Form ကို Messanger Chat Box (or) Email ကနေ တိုက်ရိုက် ပို့ ပေးပါမည်။

CV Form မှာ ယူလိုပါက အောက်ဖော်ပြပါ

Zawgyi - https://forms.gle/AZzRARWZbyonyyPn6
Unicode - https://forms.gle/3zGKW4cAPjf6gNYg7 တွင် ကိုယ်ရေး အချက်အလက် ပြည့်ပြည့်စုံစုံ ဖြည့်ပြီး တွင် ဖောင်ဖြည့်မှာယူနိုင်ပါတယ်။

21/12/2022

facebook.com/watch/?v=973177569816644

Mobile uploads 21/12/2022

https://www.facebook.com/BestCareerService/photos/a.103485451433557/638600954588668/

ဘာလို့အလုပ်မရသေးတာလဲ?

အလုပ်‌တွေလိုက်လျှောက်ပေမယ့် ခုချိန်ထိ ရွေးချယ်မခံရ‌သေးတာဟာ CV form ရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်တယ်လို့ရော စဉ်းစားမိဘူးလား?

အလုပ်လျှောက်တယ်ဆိုတာ ကိုယ့်ရဲ့အရည်အသွေးတွေကို‌အကောင်းဆုံးဖော်ပြပြီး လုပ်ငန်းရှင်တွေဆီမှာ marketing ဆင်းရတာပါ။ အလုပ်ရှင်ရဲ့အမြင်မှာ ကိုယ်က 1st impression ဖြစ်နေဖို့ဆို CV form က အခရာပါပဲ။

အလုပ်လျှောက်တဲ့အခါ CV form သေသေချာချာ မပြင်ဆင်ထားတာရယ်၊ စနစ်ကျမှု မရှိတာရယ်ကြောင့် သင့်တင့်တဲ့ skills တွေရှိပေမယ့်လည်း interview တဲ့အဆင့်ထိမရောက်ဘဲ ပယ်ချခံလိုက်ရတဲ့ CV တွေမှအများကြီးပါ။

CV Form ကောင်းတစ်စောင်မှာ ရှိထားသင့်တဲ့အနှစ်ချုပ်စံသတ်မှတ်ချက်တွေကတော့ ...

ကိုယ့်မှာရှိထားတဲ့ skills တွေကို မျက်ဝါးထင်ထင်မြင်နိုင်ဖို့ ကောင်းစွာစီရင်ရေးသားထားရပါမယ်။

သင့်ရဲ့ experiences၊ ကြိုးစားမှု skills တွေကို detail ကျကျနီးပါး ပြသနိုင်ဖို့လိုပါတယ်။

စွမ်းဆောင်နိုင်စွမ်းတွေ၊ ကိုယ်လိုချင်တဲ့ ရာထူး / မျှော်မှန်းလစာတွေကို စနစ်တကျနဲ့ ပြင်ဆင်တတ်ဖို့လိုပါတယ်။

ကိုယ်တိုင်ရေးချင်တဲ့သူ‌တွေအနေနဲ့ တစ်ချို့ website တွေက အစဆုံး info ဖြည့်ပြီး download လုပ်ခါမှ ပိုက်ဆံ‌တောင်းတာမျိုးတွေကြုံရနိုင်တာမလို့ အလုပ်လျှောက်ဖို့ ကြန့်ကြာနေသူတွေ၊ အချိန်မလောက်ငသူတွေအတွက် ဝန်ဆောင်ခနည်းနည်းနဲ့ သည်ဘက်ခေတ်နဲ့ကိုက်ညီမယ့် up to date CV ဖောင်တွေဖန်တီးပေးဖို့ စဉ်းစားမိပါတယ်။

ခေတ်မီသားနားသပ်ရပ်တဲ့ နောက်ဆုံးပေါ် Resume အမိုက်စားလေးနဲ့ အခြားသူတွေကြားမှာမျက်နှာပန်းလှဖို့ CV/Resume Builder ဆီသာ ဆက်သွယ်လိုက်နော်။ 😍

CV/Resume Builder


Professional CV/Resume Form လေးတွေက အခြားဘယ်သူနဲ့မှမတူ တစ်မူဆန်းသစ်ကွဲပြားနေပြီး အခြားသူတွေထက် အလုပ်ရနိုင်ခြေ %+++ မြင့်မားတာကြောင့် သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေပေးပို့အပ်နှံလိုက်တော့နော်။
မှာ ယူလိုပါက CVအဟောင်းရှိရင် ဒီချက်ဘောက်ကနေပဲဖြစ်ဖြစ် [email protected] ကို ပို့ထားလို့ရပါတယ်ရှင့်
CV မရှိသေးသူတွေအနေနဲ့ လဲ ကိုယ်ရေး အချက်အလက် ပြည့်ပြည့်စုံစုံဖြည့်ပြီး
Zawgyi - https://forms.gle/AZzRARWZbyonyyPn6
Unicode - https://forms.gle/3zGKW4cAPjf6gNYg7
ဖောင်ဖြည့်မှာယူနိုင်ပါတယ်။

ကုမ္ပဏီတိုက်ရိုက် အလုပ်အကိုင်လေးတွေကို တိုက်ရိုက်ဆက်သွယ် လျှောက်ထားချင်သူများ အနေဖြင့် ပုံမှန်တင်ပေးနေတဲ့ Professional CV/Resume Builder ကို Subscribe ရင်း အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ရယူလိုက်တော့နော် ....

👉 https://www.facebook.com/BestCareerService

21/12/2022

“Cover letter ရေးနည်း”
(၁) Cover Letter ဆိုတာ
Cover Letter ဆိုတာဟာ resume သို့မဟုတ် CV တို့နဲ့ တွဲပြီးတင်ရလေ့ရှိတဲ့၊ တစ်နည်းအားဖြင့် အလုပ်ရှင်က ကိုယ့်ကိုအလုပ်ခန့်ချင်လာအောင် ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံ၊ အစွမ်းအစနဲ့ လုပ်ရည်ကိုင်ရည် ပညာအရည်အချင်းတွေကို အက်ဆေးလိုမျိုး ဖွဲ့ကာနွဲ့ကာ အသားပေးရေးရတဲ့ စာဖြစ်ပါတယ်။
အလုပ်ရှင်ထံလိပ်မူတပ်ပြီး အလုပ်လျှောက်သူမြောက်မြားစွာထဲကမှ ကိုယ့်ကိုဘာကြောင့်ရွေးသင့်တယ်၊ ကိုယ်ဟာ သူများတွေထက် ဘာတွေများ ထူးခြားသာလွန်နေတယ်ဆိုတာတွေကို ဒီစာကိုဖတ်မယ့်အလုပ်ရှင်တွေ ဆွဲဆောင်မျောပါသွားနိုင်အောင်၊ ကိုယ့်ကို အင်တာဗျူးချက်ချင်းခေါ်ချင်လောက်အောင် ရေးရတဲ့စာဖြစ်ပါတယ်။
(၂) Format ချပုံ
ယေဘုယျအားဖြင့် cover letter ဟာ အနည်းဆုံး စာပိုဒ် ၃ပိုဒ် သို့မဟုတ် ၄ပိုဒ်တော့ရှိရပါမယ်။ အများဆုံးကတော့ ၂မျက်နှာလောက်ထက်ပိုရေးလို့ မကောင်းပါဘူး။ ကိုယ့်မှာ လုပ်သက်အတွေ့အကြုံတွေ ၁၀နှစ် အနှစ်၂၀ရှိတယ်ဆိုရင်တောင် စာမျက်နှာ၂မျက်နှာထက် ပိုရေးရင် မကောင်းပါဘူး။ လုပ်သက်နုတယ်ဆိုရင်တော့ တစ်မျက်နှာတည်းနဲ့ ကျစ်ကျစ်လစ်လစ် လောက်အောင်ရေးပါ။
Microsoft Word နဲ့ရေးပါ။ စာမျက်နှာရဲ့ ဘယ်ညာအပေါ်အောက် ထောင့်လေးထောင့်ဟာ စာလုံးတွေနဲ့ ၁လက်မအကွာအဝေး 1 inch margin တူညီစွာ ရှိရပါမယ်။ ထိပ်ဆုံးမှာ စာလုံးကြီးကြီးနဲ့ ထင်ထင်ရှားရှား ကိုယ့်အမည်ကို အရင်ဆုံးစာရိုက်ပါ။ အရေးကြီးတာက ကိုယ့်နာမည်ဟာ ထိပ်ဆုံးမှာ တခြားစကားလုံးတွေထက် အနည်းငယ်ပိုကြီးပြီး ရှင်းလင်းပေါ်လွင်နေဖို့လိုပါတယ်။ ကိုယ်ကတော့ စာမျက်နှာရဲ့ ထိပ်ဆုံး အလယ်တည့်တည့်မှာ ဖောင့်ဆိုဒ် ၁၄ သို့မဟုတ် ၁၆လောက်နဲ့ရေးဖို့ အကြံပြုချင်ပါတယ်။ ကျန်တဲ့စာတစ်စောင်လုံးရဲ့ ဖောင့်ကိုတော့ တစ်ခုတည်းနဲ့ပဲရေးပါ။ များသောအားဖြင့် font size 12 နဲ့ရေးသင့်ပါတယ်။ ဖတ်လို့လွယ်ကူရှင်းလင်းတဲ့ဖောင့်ကိုပဲရွေးပါ။ ဥပမာ Times New Roman, Georgia, Calibri နဲ့ Arial ဖောင့်တွေဖြစ်ပါတယ်။
(၃) ပြန်ဆက်သွယ်ရမည့်အချက်အလက်
နာမည်ရဲ့အောက်မှာ ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာကို ရှင်းလင်းစွာဖော်ပြပါ။ ဒါမှ အလုပ်ရှင်က ကိုယ့် cover letter ကိုကြိုက်လို့ ကိုယ့်ကိုအင်တာဗျူးခေါ်ချင်တဲ့အခါ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာကို ထိပ်ဆုံးမှာ လွယ်လွယ်ကူကူ ရှာဖွေဆက်သွယ်နိုင်အောင်လို့ပါ။ နေရပ်လိပ်စာကတော့ ထည့်ရေးချင်လည်းရပါတယ်။ လိုတော့မလိုပါ။
(၄) နေ့စွဲ၊ လိပ်စာနှင့် အလုပ်ရှင်အမည်
အလယ်တည့်တည့်ရဲ့ထိပ်ဆုံးမှာ ဒါတွေဖော်ပြပြီးပြီဆိုရင်တော့ တစ်လိုင်းခြားပြီး စာမျက်နှာရဲ့ ဘယ်ဖက်အခြမ်းကပ်ပြီး နေ့စွဲတပ်ပါ။ နေ့စွဲရဲ့အောက်မှာ တစ်လိုင်းထပ်ခြားပြီး ကိုယ်အလုပ်လျှောက်မယ့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ဗဏီနာမည်ကိုရေးပါ။ Enter တစ်ချက်ခေါက်ပြီး ကပ်လျက်လိုင်းမှာ သူ့ရဲ့ ရုံးလိပ်စာရေးပါ။
တစ်လိုင်းခြားပြီး ဒီစာကိုဖတ်မယ့်သူရဲ့နာမည်ကိုရေးပါ။ ကိုယ့်အလုပ်ရှင်ဘယ်သူဘယ်ဝါ၊ ကုမ္ဗဏီက ဒီစာကိုဖတ်မယ့်လူရဲ့နာမည်ကို ကိုယ်က ကျိန်းသေမုချသိထားပြီးပြီဆိုမှ နာမည်အတိအကျကို ဥပမာ - Dear Mr. Johnson သို့မဟုတ် Dear Ms. Grande စသဖြင့်ရေးပါ။ ဒီစာကို ဘယ်သူကဖတ်မယ်မှန်းမသိ၊ အထီးလားအမလား မသေချာရင် To Whom It May Concern (ဒီစာကိုဖတ်မည့်သက်ဆိုင်သူသို့) လို့ပဲရေးတာ အမှားကင်းပါတယ်။
(၅) နိဒါန်း
နိဒါန်းစာကြောင်းကိုတော့ နှုတ်ဆက်စကားတွေ၊ အလ္လာပသလ္လာပတွေနဲ့ ဘယ်တော့မှ မစပါနဲ့။ ဒါဟာ သူငယ်ချင်းဆီ သတိရကြောင်းရေးတာမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လျှောက်နေတာပါ။ နိဒါန်းရဲ့ ပထမဦးဆုံးအကြောင်းကို “ဒီစာရေးရခြင်းအကြောင်းကတော့ သင့်ရဲ့ ဘယ်ကုမ္ဗဏီ ဘာအဖွဲ့အစည်းက ခန့်အပ်ဖို့ကြေငြာထားတဲ့ ဘာရာထူးကို စိတ်ဝင်စားလို့ ရေးရခြင်းဖြစ်ပါတယ်” ဆိုတာမျိုးနဲ့ အမြဲဖွင့်သင့်ပါတယ်။ ဦးတည်ချက်ကိုရှေ့တန်းတင်တဲ့သဘောမျိုး သက်ရောက်စေပါတယ်။ ဒုတိယစာကြောင်းကိုတော့ ကိုယ့်ရဲ့လက်ရှိရာထူးနဲ့ အလုပ်အကိုင်ကိုရေးပါ။ ကိုယ်ဟာ အလုပ်လက်မဲ့ဆိုရင်တော့ အဲ့ဒီအစား ကိုယ်ဟာ အခုလျှောက်မယ့်အလုပ်အကြောင်းကို ဘယ်လိုမျိုး ဘယ်နေရာက ကြားသိခဲ့ပါတယ်ဆိုပြီး ရေးနိုင်ပါတယ်။
(၆) စာကိုယ်
ဒုတိယနဲ့ တတိယအပိုဒ်တွေဟာ စာကိုယ်ဖြစ်ပါတယ်။ ဒီမှာ လုပ်ငန်းအတွေ့အကြုံကို စာကြောင်းလေးကြောင်းလောက်နဲ့ ကျစ်ကျစ်ကလေးရေးပါ။ စကားပုံတွေ၊ ဗန်းစကားတွေ၊ ရပ်ကွက်သုံးစကားတွေကို အမြဲရှောင်ပါ။ ဒုတိယအပိုဒ်မှာတော့ resume ထဲမှာ ဖော်ပြထားပြီးဖြစ်တဲ့ အချက်အလက်တချို့ကို ထည့်သွင်းပြီး ကိုးကားချဲ့ထွင်ပြီး ရေးနိုင်ပါတယ်။ ရိုးရိုးဗြောင်ကြီးရေးမယ်ဆိုရင် စကားလုံးတွေဟာ တက်ကြွမှုမရှိဘဲ ပျင်းစရာကောင်းနေပါလိမ့်မယ်။ ဒီတော့ ပုံမှန်စာကြောင်းတည်ဆောက်ပုံထဲမှာကိုပဲ ဆွဲဆောင်မှုရှိအောင် သွယ်ဝိုက်ဖမ်းစားရေးတတ်ဖို့ အရေးကြီးပါတယ်။ ထည့်ရေးသင့်တဲ့အချက်များ - လုပ်သက်၊ ရာထူး၊ လုပ်ငန်းခွင်မှာ ကျော်လွှားခဲ့တဲ့အခက်အခဲတစ်ခု၊ အောင်မြင်ဖူးတဲ့ပရောချက်တစ်ခု၊ ရရှိဖူးတဲ့ promotion (ရာထူး/လစာတိုးခြင်း) စသည်။
တတိယအပိုဒ်မှာတော့ ကိုယ်အခုလျှောက်နေတဲ့အလုပ်နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာ၊ တာဝန်တွေနဲ့ပတ်သက်ပြီးတော့ အသားပေးရေးပါ။ အလုပ်လျှောက်လွှာခေါ်တဲ့အခါ ဘာအရည်အချင်းရှိရမယ်တို့ ဘာအတွေ့အကြုံရှိရမယ်တို့ minimum qualifications တွေ အမြဲပါတတ်ပါတယ်။ ဒါတွေကို တုံ့ပြန်ဖြေကြားတဲ့အနေနဲ့ သူတို့လိုချင်တဲ့အဓိကအရည်အချင်းတွေ ကိုယ့်မှာရှိကြောင်း သူတို့အမေးတွေကို တိုက်ရိုက်ဖြေဆိုသလိုပုံစံမျိုးနဲ့ ရေးသားနိုင်ပါတယ်။
(၇) နိဂုံး
လူချင်းစကားပြောခွင့်ရအောင် တောင်းဆိုပါ။ ကိုယ့်အရည်အချင်းတွေကို သူ့စိတ်တိုင်းကျ မျက်လုံးချင်းဆုံပြီး ပိုအသေးစိတ်ပြောဆိုနိုင်ဖို့အတွက် အခွင့်အရေးများရနိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုပြီး သွယ်ဝိုက်ရေးနိုင်ပါတယ်။ ကိုယ့်ကိုအင်တာဗျူးခေါ်ဖို့ ချည်ပြီးတုပ်ပြီးသား လုပ်လိုက်တဲ့သဘောပါပဲ။ အဲ့ဒါပြီးရင်တော့ နောက်ဆက်တွဲအနေနဲ့ ငါ့စာထဲမှာ မင်းမရှင်းလင်းတဲ့အချက်၊ ပိုသိချင်တဲ့အချက်အလက်လေးတွေ၊ မေးခွန်းကလေးတွေများ ပါခဲ့ရင် ငါ့ဆီ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း ထည့်ရေးပါ။ အဆုံးသတ်စာကြောင်းမှာတော့ ကျေးဇူးတင်စကားပြောပါ။ မကြာခင် သူ့ဆီက အလုပ်စကားတစ်ခုခု အကြောင်းပြန်ကြားနိုင်ဖို့ မျှော်လင့်နေကြောင်းတွေကိုရေးပြီး အဆုံးသတ်လိုက်ပါ။ ဘယ်ဘက်အောက်ဆုံးမှာတော့ Sincerely ဆိုပြီး ကိုယ့်နာမည်အပြည့်အစုံကိုရေးပါ။ လက်မှတ်ထိုးဖို့မလိုအပ်ပါဘူး။
CV Form Level မမြှင့်ရသေးသူများအတွက်လဲ
မိမိရဲ့ CV Form ကို အလုပ်ရှင်များ မြင်လိုတဲ့ အချက်အလက်တွေ ပြည့်စုံအောင်ပါဝင်ပြီး Professional ဆန်တဲ့ CV မျိုးဖြစ်အောင် ဖန်တီးဖို့အတွက် Professional CV/Resume Builder က ခေတ်နဲ့ အညီလှပပြီး ဆန်းသစ်တဲ့အမိုက်စား ဒီဇိုင်းတွေကို ဖန်တီးပေးနေပါတယ်။
မှာ ယူလိုပါက သင့်ရဲ့ကိုယ်ရေး အချက်အလက် ပြည့်ပြည့်စုံစုံကို ဒီချက်ဘောက်ကနေပဲ ပေးပို့လိုက်တော့နော်
CV မရှိသေးသူတွေအနေနဲ့ လဲ ကိုယ်ရေး အချက်အလက် ပြည့်ပြည့်စုံစုံဖြည့်ပြီး
Zawgyi - https://forms.gle/AZzRARWZbyonyyPn6
Unicode - https://forms.gle/3zGKW4cAPjf6gNYg7
ဖောင်ဖြည့်မှာယူနိုင်ပါတယ်။
CVအဟောင်းရှိတဲ့ သူတွေအနေနဲ့ ချက်ဘောက်ကနေပဲဖြစ်ဖြစ် [email protected] ကို ပို့ထားလို့ရပါတယ်ရှင့်
ကုမ္ပဏီတိုက်ရိုက် အလုပ်အကိုင်လေးတွေကို တိုက်ရိုက်ဆက်သွယ် လျှောက်ထားချင်သူများ အနေဖြင့် ပုံမှန်တင်ပေးနေတဲ့ Professional CV/Resume Builder Telegram ကို Subscribe ရင်း အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ရယူလိုက်တော့နော် ....

21/12/2022
21/12/2022

𝗛𝗼𝘄 𝘁𝗼 𝗪𝗿𝗶𝘁𝗲 𝗮𝗻𝗱 𝗦𝗲𝗻𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗘𝗺𝗮𝗶𝗹

ရုံးတွင်း Professional ကျတဲ့ Email ရေးသားနည်း အဆင့် ၅ ဆင့် ရှိပါတယ် ...

၁) Greeting နဲ့ Email အဖွင့်လေးကို စရအောင်။
၂) Email ပို့သူကို ကျေးဇူးတင်ကြောင်းပြောပါ။
၃) Email ပို့ရတဲ့ရည်ရွယ်ချက်အကြောင်းအရာကို ရေးသားပါ။
၄) Closing remark ထည့်ပါ။
၅) Email ကို အဆုံးသတ္ပါ။
====

၁) Greeting နဲ့ Email အဖွင့်လေးကို စရအောင်။

အပြင်မှာ လူချင်းတွေ့ရင် နာမည်ခေါ်ပြီး နှုတ်ဆက်ကြသလိုပဲပေါ့… Email ရေးမယ်ဆိုရင်လည်း Greeting လေးနဲ့ စတင်နှုတ်ဆက်ရပါတယ်… ကိုယ် Email ပို့ရမယ့်လူအမည်ကို သိတယ်ဆိုရင် “Dear U Aung Aung”, “Dear Jane”, “Dear Katherine” စသည်ဖြင့် Greeting ရေးသားပါ… ကိုယ်က အလုပ်သဘောအရ Email ပို့ရတာလည်းဖြစ်မယ်၊ ကိုယ့် Email ကို လက်ခံမယ့်လူက ကိုယ့်ထက်ရာထူးကြီးတဲ့လူဆိုရင် သူ့ရဲ့ Family Name ကို အသုံးပြုပြီး “Dear Mrs.Leonard” ဆိုပြီး ရေးသားပေးပို့နိုင်ပါတယ်… ကိုယ် Email ပို့ရမယ့်လူရဲ့နာမည်ကို မသိဘူးဆိုရင် “Dear Sir/Madam” (သို့) “To whom it may concern” ဆိုပြီး Greeting လေးရေးသားနိုင်ပါတယ်…

၂) Email ပို့သူကို ကျေးဇူးတင်ကြောင်းပြောပါ။

ကိုယ်ဆီကို Email ဝင်လာတယ်… ဒါကို ကိုယ်က Email Reply လုပ်ရတော့မယ်ဆိုရင် အရင်ဦးဆုံး ကိုယ့်ကို Email ပို့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါ… ကိုယ့် Company အကြောင်းသိချင်လို့ စုံစမ်းတဲ့ Email ကို ကိုယ်က Reply လုပ်တော့မယ်ဆိုရင် “Thank you for contacting ABC Company” လို့ရေးပြီး ကျေးဇူးတင်စကားပြောနိုင်ပါတယ်… ABC နေရာမှာ ကိုယ့် Company name ထည့်ပေါ့နော်… ကိုယ်နဲ့ သူနဲ့ Email အပြန်အလှန်ပေးပို့ကြ၊ အဲဒီထဲကမှ ကိုယ်မေးထားတဲ့အကြောင်းအရာတစ်ခုကို သူက Email ပြန်ပို့တာကို ကိုယ်က Reply ပြန်ရတဲ့ အခြေနေမျိုးမှာဆိုရင် “Thank you for your prompt reply” or “Thanks for getting back to me” ဆိုပြီး ကျေးဇူးတင် စကားပြောပါ…

၃) Email ပို့ရတဲ့ရည်ရွယ်ချက်အကြောင်းအရာကို ရေးသားပါ။
ကိုယ်က Email စပို့ရတဲ့လူဆိုရင် ကျေးဇူးတင်စကားပြောစရာမလိုဘဲ ကိုယ်က ဒီ Email ကို ဘာကြောင့်ပို့ရတယ်ဆိုတဲ့အကြောင်းကို စတင်ရေးသားနိုင်ပါတယ်… ကိုယ်သိချင်တဲ့အရာကို စုံစမ်းတဲ့ Email ဆိုရင် “I am writing to inquire about …” (သို့) “I am writing in reference to …” စသည်ဖြင့် အစချီရေးသားပါ… ပြီးလျှင် ကိုယ်မေးချင်တဲ့အကြောင်းအရာကို ဆက်ရေးတဲ့အခါ လိုရင်းတိုရှင်းရေးဖို့ မမေ့ပါနဲ့… စာအရှည်ကြီးတွေရေးပြီး လိုရင်းမရောက်တဲ့ Email ဆိုရင် တစ်ဖက်လူက ကိုယ်ပြောချင်တဲ့အဓိပါ္ပယ်ကို မသိတော့ဘဲ နားလည်မှုလွဲနိုင်ပါတယ်…. ရိုးရှင်းတဲ့ဝါကျဖွဲ့စည်းတည်ဆောက်ပြီး မှန်ကန်တဲ့သဒ္ဒါကိုအသုံးပြုမယ်၊ စာလုံးပေါင်းသတ်ပုံမှန်ကန်အောင် ဂရုစိုက်ရေးမယ်ဆိုရင် Professional ဆန်တဲ့ Email တစ်စောင်ဖြစ်မှာပါ…

၄) Closing remark ထည့်ပါ။

ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို Email Body မှာရေးပြီးပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ Closing remark ထည့်ပြီး Email ကို လက်စသတ်လို့ရပါပြီ… “Thank you for your patience and cooperation” (သို့) “Thank you for your consideration” (သို့) “If you have any questions or concerns, don’t hesitate to email me” (သို့) “Please let me know if you have questions” (သို့) “I look forward to hearing from you”. တို့ဟာ ယဉ်ကျေးတဲ့ Closing remark တွေဖြစ်ပြီး Business နယ်ပယ်မှာ အသုံးများပါတယ်… ကိုယ်ပို့မယ့် Email နဲ့လိုက်ဖက်တဲ့ Closing remark ကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်…

၅) Email ကို အဆုံးသတ္ပါ။
နောက်ဆုံးအဆင့်အနေနဲ့ Email မပို့ခင် ကိုယ့်နာမည်နဲ့အတူ “Best regards” (သို့) “Sincerely” (သို့) “Thank you” လို့ရေးလိုက်မယ်ဆိုရင် ပြည့်စုံတဲ့ Professional Email ဖြစ်သွားပါပြီ… အရမ်းရင်းနှီးတဲ့ Partner တွေ၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေမဟုတ်ဘူးဆိုရင် “Best wishes” (သို့) “Cheers”ဆိုတဲ့ အသုံးအနှုန်းကို အသုံးမပြုမိဖို့ ဂရုစိုက်ပါ…

ဒီအဆင့် ၅ ဆင့်အတိုင်းလိုက်နာပြီး သေချာရေးသားမယ်ဆိုရင် ပြီးပြည့်စုံတဲ့ Email တစ်စောင်ရရှိမှာဖြစ်ပါတယ်… နောက်ဆုံး ကိုယ် Email မပို့ခင် စာလုံးပေါင်းအမှားရှိ၊ မရှိ နောက်တစ်ခေါက်ပြန်စစ်ပြီး အောင်မြင်စွာ Email ပို့နိုင်ပါပြီ…

Ref : internet

ဒီလို လုပ်ငန်းခွင် အခြေခံဗဟုသုတတွေ တင်ပေးနေတဲ့ Professional CV/Resume Builder Fb Page ကို Like & *See First လုပ်ထားပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်

Professional CV/Resume Builder မှ သင် အလုပ်မြန်မြန်ရဖို့ အရည်အသွေးပြည့်၀ပြီး ဆွဲဆောင်မူရှိစေမဲ့ CV Form ကိုလဲ ဆောင်ရွက်ပေး နေပါတယ်။

21/12/2022

သိထားသင့်တဲ့ Email များ

Email လို့ဆိုလိုက်တာနဲ့ 2022 မှာမသိသူ အတော်လေးနည်းသွားပါပြီ။ Email နဲ့ Gmail ရောထွေးနေတတ်တဲ့ မြန်မာနိုင်ငံမှာတောင် လူတိုင်း Email ကိုကောင်းကောင်းမွန်မွန် သုံးတတ်လာပါပြီ။ ကျောင်း၊ အလုပ်၊ ရုံးပိုင်းဆိုင်ရာတွေမှာ Email ကိုကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနေပါတယ်။ ဒီထဲကမှ ဘယ်လို Email တွေကို ရွေးချယ်သုံးစွဲသင့်လဲဆိုတာ ဖော်ပြပေးပါမယ်။

1. Gmail
Gmail ကတော့ မြန်မာနိုင်ငံမှာ Email ဆိုတာနဲ့ Gmail ကိုပြေးမြင်တဲ့အထိ အောင်မြင်သလို၊ သူရဲ့ Google Play, Google Drive စတဲ့ Service တွေနဲ့ကင်းလို့မရတဲ့အတွက် မြန်မာနိုင်ငံမှာ အသုံးများဆုံးဖြစ်နေတာပါ။ ဒါ့အပြင် ကြိုက်သလောက် အကောင့်တွေ အခမဲ့ ဖွင့်ခွင့်ရတာဖြစ်ပါတယ်။

2. Yahoo
အရင်အင်တာနက်ဆိုင်ခေတ်မှာ Yahoo ဆိုတာ လူတိုင်းဖွင့်ကြပါတယ်။ Video Call ပြောဖို့၊ Security ကောင်းလို့ အစရှိတဲ့ အကြောင်းပြချက်တွေကြောင့် Yahoo ကိုလည်းအသုံးများကြပါတယ်။ အရင် VZO ခေတ်ကိုလည်း သတိရပါတယ်။

3. Outlook
Microsoft Service တွေသုံးချင်လို့၊ ရုံးအလုပ်တွေသုံးချင်လို့ အစရှိတဲ့ အကြောင်းပြချက်တွေကြောင့် Outlook ကိုလည်း အသုံးများကြပါတယ်။ နောက်ပိုင်း Outlook ကို Rebranding ပြန်လုပ်ထားတာမို့ အတော်လေးလည်း သုံးရတာ ပေါ့ပေါ့ပါးပါးရှိပါတယ်။

4. Proton Mail
ဒီကောင်ကတော့ လုံခြုံရေးကို လုံးဝအသားပေးပြီး အသုံးပြုကြတဲ့ Email ပဲဖြစ်ပါတယ်။ Double Encryption စနစ်တွေပါဝင်သလို လုံခြုံရေးအသားပေးဖြစ်ပါတယ်။ ဒါကြောင့်မို့ ရုံးလုပ်ငန်းတွေ၊ သတင်းသမားတွေနဲ့ အချက်အလက်ပေါက်ကြားမှုကို မလိုချင်တဲ့သူတွေ အများစုအသုံးပြုကြပါတယ်။

ကုမ္ပဏီတိုက်ရိုက် အလုပ်အကိုင်လေးတွေကို တိုက်ရိုက်ဆက်သွယ်
လျှောက်ထားချင်သူများ အနေဖြင့် ပုံမှန်တင်ပေးနေတဲ့ Professional CV/Resume Builder Telegram ကို Subscribe လုပ်ထားပေးကြပါနော်🙏🙏

telegram >> https://t.me/+J1DMviN6BLdiZWFl
FB Page >> https://www.facebook.com/BestCareerService/

Company တိုက်ရိုက် အလုပ်ခေါ်စာများ Group>> https://www.facebook.com/groups/782078786108337

21/12/2022

နိုင်ငံခြားသွားပါ...
1.
နိုင်ငံခြားသွားပါ
ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။

2.
မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်။

3.
ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်။

4.
ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်။

5.
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့
သဘောပေါက်လာမယ်။

6.
မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်။

7.
နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့
စကားလုံးကို နားလည်လာမယ်။

8.
အချိန်ကိုလေးစားတတ်လာမယ်။

9.
ကိုယ့်အားကိုယ်ကိုး တတ်လာမယ်။

10.
ကိုယ့်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာမယ်။

11.
ပတ်ဝန်းကျင် လေ့လာမှုအားပိုကောင်းလာမယ်။

12.
အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်။

13.
မြန်မာယဉ်ကျေးမှုကို
ပိုတန်ဖိုးထားတတ်လာမယ်။

14.
မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်။

15.
သည်းခံခြင်းတရား ကြီးမားလာမယ်။

16.
ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။

17
ပတ်ဝန်းကျင်ကို ရှုမြင်ပုံ
ကွဲပြားလာပါလိမ့်မယ်။

18.
အရေးမကြီးတာ နဲ့ အရေးကြီးတာ
ခွဲခြားတတ်လာလိမ့်မယ်။

19.
အချိန်ကို စီမံခန့်ခွဲတတ်လာမယ်။

20.
လုပ်အားတန်ဖိုး ချစ်မြတ်နိုးနိုင်းလာလိမ့်မယ်။

21.
အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်။

22.
ငွေကို တန်ဖိုးထားတတ်လာမယ်။

23
နိုင်ငံခြားသွားပါ
ကိုယ့်နိုင်ငံ ရဲ့ မတူကွဲပြားနေတာကို
သင့်တွေ့ကြုံသင်ခန်းစားရလာလိမ့်မယ်။





ဒီလို မှတ်သားဖွယ်ဗဟုသုတတွေ တင်ပေးနေတဲ့ Professional CV/Resume Builder ကို Like & * See First လုပ်ထားပြီး စောင့်ကြည့်ဖို့ မမေ့နဲ့နော်
ခေတ်ဟောင်း CV Form လေးတွေကို ပြောင်းလဲပစ်နိုင်ဖို့ ''Pro CV နဲ့ အလုပ်လျှောက်ပါ''
🎯 CV ကောင်းကောင်းမရှိလို့ ခုမှစလုပ်မယ့်သူများ.....
🎯 CV Form ကို ခနခန ဆိုင်​မှာ သွားမဝယ်​ချင်​သူတွေ၊
🎯 CV form ကို ကိုယ့်ဖုန်းထဲမှာ သိမ်းထားချင်သူတွေ၊
🎯 CV form မှာ Font Size တွေညီအောင် အသပ်ရပ်ဆုံး Standard ရှိတဲ့ CV form ဖြစ်ဖို့ ပိုပြီးလိုအပ်တဲ့သူတွေ
🎯 အလုပ်လျှောက်တိုင်း CV Pro တွေကြားမှာ မျက်နှာငယ်ရသူများ....
🎯 CV Form ၁၉၉ခါ တင်တိုင်း ၁၉၉ခါ အငြင်းခံလျစ်လျူရှု့ခံနေရသူများ.....
🎯 ကိုက်ညီတဲ့စကေးတွေကို ထင်သာမြင်သာအောင်
CV / Resume / Cover Letter Style မှာ professional ကျကျဖန်တီးပေးနေတဲ့ Professional CV/Resume Builder ဆီ အပ်နှံနိုင်ပါတယ်....

Photos from Professional CV/Resume Builder's post 21/12/2022

📌Microsoft Word မှာ အသုံးပြုတဲ့ စာကြောင်းတွေရဲ့ အရှေ့မှာ
တူညီတဲ့ပုံလေးတွေ ထည့်တဲ့နည်းလေး ဖြစ်ပါတယ်📌

20/12/2022

#ကွန်ပျူတာသုံး_Shortcut_keysများ_မြန်မာလိုရှင်းလင်းထားမှု

short cut key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှူံ့ပြီး လိုတဲံ့ နေရာ ရောက်အောင် သွားနို့င်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။

အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။

ဖြတ်လမ်း နည်း အနေနဲ့ ကတော့ mouse ကိုင်ဖို့ မလိုဘဲ window ကို click နှိပ်ရင် ပွင့်ပါတယ်။ ဒုတိယ ဖြတ်လမ်း ကတော့ Ctrl နဲ့ Esc ကိုတွဲပြီး နှိပ်ရင် ပွင့်ပါတယ်။ အခု ဖော်ပြ ထားတဲ့ ဖြတ်လမ်း နည်းတွေဟာ window တွေ အတွက်သာ သီးသန့်

ဖော်ထုတ် ထားတာ ဖြစ်လို့ mouse, keyboard, windows စတဲ့ စနစ်နဲ့ hardware တွေအတွက် အကျုံးဝင်ပြီး software တွေရဲ့ short cut key တွေတော့ မပါဝင် သေးပါ။ Short cut key တွေကို သုံးစွဲဖို့ အတွက် ကတော့ အလယ်မှာ ရှိတဲ့ (+) သင်္ကေတကို ‘တွဲဖက် ပေါင်းနှိပ်ရန်’ လို့ မှတ်ထား ရပါမယ်။ ‘start’ ဆိုတာ ကိုလည်း keyboard မှာ ရှိတဲ့ ‘windows’ logo ပုံကလေး button နဲ့ အတူတူ ပဲ ဆိုတာ မှတ်ရ ပါမယ်။

ဥပမာ -start+Ctrl+F ဆို တဲ့ command မှာ start ( window ) logo ပုံကလေး Ctrl ခလုတ်နဲ့ F အက္ခရာ သုံးခုကို တွဲဖက် နှိပ်ပေး ရပါမယ်။ ရလဒ် အနေနဲ့ ‘ ခွေးရုပ် ကလေးနဲ့ window search box ‘ ပွင့်လာ ပါလိမ့်မယ်။ လူသိ အများဆုံး short cut key ဟာ ‘Ctrl+Alt+Del’ ပဲဖြစ်ပါတယ်။

Start + M – ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး task bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။

Start + Shift + M – task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။

Start + E -Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။

Start + R – Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။

Start + F – windows search dialog box ကို ဖွင့် ပေးပါတယ်။

Start + Ctrl + F – search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။

Start + Pause ( Break ) – System properties dialog box ကို ဖွင့်ပေး ပါတယ်။

F1 – အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။

Ctrl + Esc – Start Menu ကို ဖွင့်ပေး ပါတယ်။

Alt + Tab – ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။

Alt + F4 – ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။ှ့

Shift + Del – select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။

Windows program key combination

Ctrl + C – မိတ္တူ ပွားပေး ပါမယ်။

Ctrl + X – တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။

Ctrl + past – မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။

Ctrl + Z – undo လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။

Ctrl +B – document အတွင်းမှာရှိတဲ့ text တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။

Ctrl + U – document အတွင်းမှာရှိတဲ့ text အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။

Ctrl + I – Italic- text တွေကို စောင်းပေးပါတယ်။

Mouse/ Keyboard Modifier

Shift + right click (တစ်ချက်) – Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။

Shift + Left Click (နှစ်ချက်)

Alt + Left Click (နှစ်ချက်) -ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။

General Keyboard

F 10 – menu bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။

Ctrl + Esc – Start Menu ကိုဖွင့်ပေးပါတယ်။

Shift + F 10 -ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ‘short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။

Alt + down arrow – drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။

Alt + Tab – ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီးလုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။

Shift + ? – တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာအသုံးဝင်ပါတယ်။

Alt + Space – Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။

Alt + hyphen – Multiple Document Interface ကို ပြသ ပေးတယ်။

Alt + underlined letter – ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသားလေးကို နှိပ်လိုက်တဲ့့ အခါမှာ အဲဒီ’feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။

Ctrl + F4 – address bar ကိုဖွင့်ပေးတယ်။

Alt + F6 – Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။

Selected objects & shell objects

F2 -ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။

F3 – ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။

Alt + Enter – ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။

ဖိုင်တစ်ခုမိတ္တူပွားရန်- Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။

Shortcut တစ်ခုဖန်တီးရန် – Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။

F4 – object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။

General folder/short cut control

F5(Refresh) -လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။

F6 – Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။

Ctrl + A -အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခုကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။

Shift + Click + close button – ဖွင့်ထားတဲ့ folder တွေမှန်သမျှ pattern folder ကိုရော root folder တွေရော ပိတ်ပေးသည်။

Windows explorer အတွင်း

*(keypad) – ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။

+(keypad) – root folder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။

-(keypad) – root folder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။

Right Arrow – ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Left Arrow – ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Properties control

Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift – Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံ ကျော်လွှား သွားနိုင်တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)

Accessibility Short-cuts – Shift ကိုငါးကြိမ်နှိပ်တဲ့အခါ – Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။

ပြီးရင်တော့ Shift Key ကို save မလုပ်ချင်ရင်cancel လုပ်ပါ။

ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ – ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ်ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။

‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ – Number lock Key ကိုငါးစက္ကန့်ကြာအောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock – PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓ်ိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview – မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။

Keyboard Keys

Start (Windows logo) + D – Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။

Ctrl + Start + F – Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ ရပါတယ်။

Ctrl + Start + Tab – address bar ဆီကို ချက်ချင်း cursor ချပေးတယ်။

Start + Tab – Task bar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။

Start + Pause (Break) – System properties ကိုချက်ချင်း ဖွင့်ပေးတယ်။

Application Key – File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။

Dialog box command

Tab – dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။

Shift + Tab – လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။

Space-bar – ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာEnter နဲ့တူတယ်။

Esc – အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။

Alt + Underline Letter – Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။

Enter – object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။

Credit

Photos from Professional CV/Resume Builder's post 20/12/2022

နှစ်သစ်မှာ အလုပ်သစ်ရှာဖို့ Ready ပဲလား ❓

မကြာခင် ၂၀၂၃ ခုနှစ်ကိုရောက်ရှိပါတော့မယ်နော်။ လက်ရှိထက်လစာပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ ပြင်ဆင်သင့်တာလေးတွေ ပြင်ဆင်ထားမှ အလုပ်ရှာတဲ့အခါအဆင်ချောမှာဖြစ်ပါတယ်။

🎄CV Form Update လုပ်ဖို့မမေ့ပါနဲ့
အရင်က ရှိပြီးသား CV Form တွေကို ပြန်လည်ပြင်ဆင်ထားဖို့ပါ။ လက်ရှိကိုယ်သင်ကြားနေတဲ့ သင်တန်းတွေအကြောင်း၊ ကိုယ်သွားနေတဲ့ career လမ်းကြောင်းနဲ့ ကျွမ်းကျင်မှုတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ချပြနိုင်မှ တန်ရုံကျတာပါ။

🎄Professional လမ်းကြောင်းမှန်ဖို့
ခု marketing တော်ကြာ copy writing ဆိုရင် အချိန်သာကုန်သွားတယ် high level ရောက်ဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အလုပ်လျောက်ပြီဆိုတည်းက ကိုယ့်ရဲ့ career လမ်းကြောင်းမှန်မှန်သွားဖို့ မမေ့ပါနဲ့။

🎄အဝတ်အစားဒီဇိုင်းကလာ
ဖက်ရှင်သည် ယုံကြည်မှုပါ။ သင့်ကိုယ်သင်ပရော်ဖက်ရှင်တစ်ယောက်ပုံဟန်ပေါ်လွင်စေဖို့ အဝတ်အစားတွေကလည်း အရေးကြီးပါတယ်။ ဟိုနားသည်နားသွားတဲ့အဝတ်အစားနဲ့ အလုပ်လျောက်တဲ့အခါဝတ်တဲ့ဖက်ရှင်ဒီဇိုင်းကို ညီမျှခြင်းချထားလို့မရပါဘူးနော်။

🎄ကျန်ပြန့်တဲ့ Social Network
အလုပ်ကောင်းကောင်းရဖို့ အသိုင်းအဝိုင်းကောင်းတစ်ခုတည်ဆောက်ထားဖို့လိုပါတယ်။ နေရာဌာနအသီးသီးမှာ အလုပ်လုပ်နေတဲ့ အပေါင်းသင်းရောင်းရင်းတွေကို သင်အလုပ်ရှာနေကြောင်းပြောပြထားပါ။

🎄လိုအပ်တာတွေကြိုရှာထားပါ
တချို့အလုပ်တွေမှာ သန်းခေါင်စာရင်း၊ ဘွဲ့ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ စသည်ဖြင့် တောင်းခံတတ်ပါတယ်။ သည်အရာတွေကို အလုပ်လျောက်တော့မှ ကသောင်းကနင်းရှာမှာထက် ခုတည်းက အားလုံးပြည့်စုံအောင် ဖိုင်တစ်ခုထဲမှာ စနစ်တကျသိမ်းဆည်းထားသင့်ပါတယ်။

လာမယ့် ၂၀၂၃ မှာအလုပ်ကောင်းတစ်ခုရဖို့ အထောက်အကူဖြစ်စေမယ့် Professional CV Form အမိုက်စားလေးတွေရယူချင်ရင် Professional CV/Resume Builderဆီ နှစ်မကုန်ခင်အမြန်ဆုံးဆက်သွယ်အပ်နှံလိုက်တော့နော်။ 😘

CVအဟောင်းရှိရင် ဒီချက်ဘောက်ကနေပဲဖြစ်ဖြစ် [email protected] ကို ပို့ထားလို့ရပါတယ်ရှင့်

CV/Resume Builder




CV/Resume Builder


ကုမ္ပဏီတိုက်ရိုက် အလုပ်အကိုင်လေးတွေကို တိုက်ရိုက်ဆက်သွယ်
လျှောက်ထားချင်သူများ အနေဖြင့် ပုံမှန်တင်ပေးနေတဲ့ Professional CV/Resume Builder Telegram ကို Subscribe လုပ်ထားပေးကြပါနော်🙏🙏

telegram >> https://t.me/+J1DMviN6BLdiZWFl
FB Page >> https://www.facebook.com/BestCareerService/
Company တိုက်ရိုက် အလုပ်ခေါ်စာများ Group>> https://www.facebook.com/groups/782078786108337

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Other Business Supply Services in Yangon (show all)
Ko Naing Linn Ko Naing Linn
Yangon

Airconများကိုယုံကြည်စိတ်ချစွာအရောင်းအဝယ်လုပ်နိုင်ပါတယ်ခင်ဗျ

Love Win-Shape Your Future Love Win-Shape Your Future
Yangon

စိတ်ကောင်းထားပါ

Data package selling by Yukino II Data package selling by Yukino II
Yangon

Netflix,Spotify, Disney, Prime, Crunchyroll,youtube premium,နဲ့ vpnတွေရဲ့official subscriptions​​ေတွကို စျေးသက်သက်သာနဲ့ဝယ်ယူနိုင်ပါတယ်

Loyverse POS Service - Myanmar Loyverse POS Service - Myanmar
Yangon

Loyverse POS Software နှင့်ပတ်သက်သော ဝန်ဆောင်မှု?

9S Media 9S Media
No(1/F), Padonma Road, North Okkapala Township
Yangon

Help you to Open your Own Shop Business

SCM Online Business Ma Ei SCM Online Business Ma Ei
Yangon, YANGON

Successmore 🧡 ရေရှည်အောင်မြင်ချင်သူတွေအတွက်အခွင့်လမ်း💪🤝

Naung Lin Oo Naung Lin Oo
Pyay Tha Myar/Sein Tha Pyay Street, Mingalardon
Yangon

Luck7 Luck7
Yangon, 11201

2D

ChatbotMM ChatbotMM
Yangon, 11091

eCommerce and Chatbot Business service

PPP Trading PPP Trading
Laeyar 2 Street
Yangon

လက်ကားသီးသန့်သာရောင်းချပါသည်။