Yokkaso

Discover a greener lifestyle with Yokkaso 🌿🌱

27/06/2023

ရုက္ခစိုးမှာ သစ်သား Pallet လေးတွေ ပစ္စည်းပြတ်နေပါတယ်။
စက်ရုံမှာပစ္စည်းပြတ်နေတာရယ်၊ Delivery အခက်အခဲရှိတာကြောင့် ဇိုးတို့ အရောင်းရပ်ထားကြောင်း ချစ်ခင်စွာအသိပေးအပ်ပါတယ်။ ဝယ်ယူအားပေးမှုတွေအတွက် အမြဲကျေးဇူးတင်လျှက်ပါ 💚

Photos from Yokkaso's post 30/05/2023

ဇိုးဆီမှာရောင်းဖို့ရှိနေတဲ့ တောင်ကြာဥကလေးများပါ 🥔

ဆိုဒ်နဲ့စျေးနဲ့ကို ပုံမှာရေးထားတာမို့တစ်ပုံချင်းဖတ်ပေးပါနော်။ မွ(စ်) 😘

#တောင်ကြာဥ #ရုက္ခစိုး

11/03/2023

အထာကျကျ အင်္ကျီချိတ်ဖိုတိုရှုမယ်ပေါ့

အရိုးစုနဲ့တူလို့ ဖိုတိုရှုပျက်သွားသော
ရုက္ခစိုးတို့ပါပဲ 🤌😫😫

#အင်္ကျီချ်ိတ် #သစ်သားချိတ် #သစ်သားအင်္ကျီချိတ်

Photos from Yokkaso's post 07/03/2023

ဟောဒီက သစ်သားချိတ်ပူပူလေး အဲ မဟုတ်ပါဘူး၊ သစ်သားချိတ်လှလှလေးတွေရပါပြီ အချစ်ကလေးတို့ရေ 🤭

အောက်တန်းပါတဲ့ Polish တင်ပြီးသား အရည်အသွေးမြင့် သစ်သားချိတ်လေးတွေပါ 😎

သယ်ယူပို့ဆောင်စရိတ်နဲ့စျေးတက်တာကြောင့် တစ်ချောင်း ၂၀၀၀ နဲ့ရောင်းရလို့ ဇိုးစိတ်မကောင်း 🥺

ဒါပေမယ့် ဒီအရည်အသွေးနဲ့ဒီအဆင်ကို စျေးကွက်ထဲမှာ စျေးအသင့်ဆုံးဖြစ်အောင် ဇိုးကြိုးစားထားလို့ ဇိုးကျေနပ် 😌

တစ်ချောင်း ၂၀၀၀ ကျပ်
အချောင်း ၁၀၀ နဲ့အထက်ဆို ၁၈၀၀ ကျပ်ပါ အချစ်ကလေးတို့ရေ 🥳

အင်္ကျီလှလှလေးတွေကို အထာကျကျချိတ်ဖို့ ဇိုးရဲ့ Cb ကိုလာကြစို့ 😛😍

#သစ်သားချိတ်

Photos from Yokkaso's post 29/01/2023

( သစ်သားချိတ်လေးတွေ Sold out ပါ အချစ်ကလေးတို့ရေ။ တစ်ခဲနက်အားပေးမှုအတွက် ဇိုးတို့ အမြဲကျေးဇူးတင်ချစ်ခင်လျက်ပါ။ ပစ္စည်းထပ်ဝင်ရင် လက်တို့လိုက်မယ်နော် 💚)

ရုက္ခစိုးကတော့ အပင်တွေခုတ်ရောင်းနေပြီမထင်လိုက်ပါနဲ့နော် 🤭

ဇိုးအိမ်မှာ အင်္ကျီလေးတွေချိတ်ဖို့ လုပ်တော့ အမြင်မလှတဲ့ပလတ်စတစ်ချိတ်တွေသုံးမယ့်အစား သစ်သားချိတ်လှလှလေးတွေသုံးဖို့ စဉ်းစားရင်း အချစ်ကလေးတို့ရော သုံးချင်မလားလို့ ရောင်းပါပြီ ဟိဟိ 😁

မီးပူတိုက်ပြီးသားအင်္ကျီလေးတွေကို အဆင်သင့်ချိတ်ထားမလား။ ဆိုင်အတွက် လှလှလေးသုံးမလား။ ချစ်ရခင်ရသူတွေကို အသုံးဝင်တဲ့ပစ္စည်းလေး လက်ဆောင်ပေးမလား။

ပလတ်စတစ်လျှော့သုံးရာလည်းရောက်၊ သဘာဝပတ်ဝန်းကျင်လည်းထိန်းသိမ်းပြီးသားဖြစ်၊ ချစ်စရာလည်းကောင်းတဲ့ သစ်သားချိတ်လေးတွေပါ။

ပေါ့ပါးခိုင်ခန့်ပါတယ်။ ပေါင်းပြီးသားသစ်ဖြစ်လို့ မှိုမတက်ပါဘူးနော်။

တစ်ချောင်းကို ၁၂၀၀ ကျပ်ပါ။ ၅ ချောင်းကို ၆၀၀၀ ကျပ်ပါ။ ပို့ခနဲ့တန်အောင် အများကြီးသာယူ 🤭Pallet လေးတွေနဲ့တူတူ တစ်ခါတည်း မှာချင်လည်းရပါတယ်။

#အင်္ကျီချိတ် #သစ်သားချိတ် #သစ်သားအင်္ကျီချိတ်

Photos from Yokkaso's post 28/01/2023

Pallet လေးတွေနဲ့အိပ်ရာလှလှ၊ အိပ်ခန်းလှလှလေးလုပ်ဖို့ idea လေးတွေပါ အချစ်ကလေးတို့ 😍

21/01/2023

GENTLE REMINDER

အချစ်ကလေးတို့​ရေ

ဇိုးတို့ Pallet တွေဟာ တစ်ချပ်ကို ၁၄ ပိသာ လောက်လေးပါတယ်။။ဇိုးတို့ဆီမှာ Delivery ကားမောင်းတဲ့ ဦးလေးကြီးပဲရှိတာကြောင့် မြေညီမှာပဲချပေးနိုင်ပါတယ်။ အထပ်တင်ပေးဖို့ အဆင်မပြေလို့ပါနော်။

ယူထားတဲ့ပို့ခက ပစ္စည်းရဲ့ဝန်ကျယ်မှု၊ အလေးချိန်နဲ့ယှဉ်ရင် အနည်းဆုံးဖြစ်အောင်ယူထားတာပါ။ တခြား Deliveryတွေက ပစ္စည်းသေးသေးလေးတွေယူတဲ့စျေးနဲ့ယှဉ်ကြည့်ပါနော်။

ရုက္ခစိုးကိုချစ်ခင်စွာအားပေးနေတဲ့ အချစ်ကလေးတွေကိုလေးစား၊အားနာလို့ အားမနာတတ်တဲ့တစ်ယောက်တလေအကြောင်းကို
တစ်ခါမှ Blacklist မတင်ခဲ့ဖူးပါဘူး။

အဲ့ဒါကြောင့် ခုလည်း( ပို့ခ ၅၀၀၀ နဲ့ ၅ လွှာကိုမတင်ပေးလို့ဆိုပြီး ရောက်ကာမှမယူတော့တဲ့ပထမဆုံး ကာကာဇိုးလေးတစ်ယောက်ကိုလည်း မတင်တော့ပါဘူးနော်) 🥲

အချစ်ကလေးတို့ တစ်ယောက်ချင်းစီရဲ့ အားပေးမှုအတွက် အမြဲတမ်းကျေးဇူးတင် မေတ္တာပို့သလျက်ပါ 💚

25/12/2022

အေးချမ်းတဲ့ ခရစ်စမတ် အခါသမယလေး ဖြစ်ပါစေ အချစ်ကလေးတို့ရေ
🎄💚

ရုက္ခစိုးမှာ ဒီတစ်ခေါက်ဝင်တဲ့ Pallet လေးတွေကဒီဇိုင်းလှလှသပ်သပ်ရပ်ရပ်လေးမို့ စဉ်းစားမနေပါဘဲ ခုပဲလာဝယ်လိုက်ပါတော့ 🥳

လကုန်ရင် စက်ရုံစျေးတက်မှာမို့ instock ရှိသလောက်ကို ဒီနှစ်အတွင်းကုန်အောင်ရောင်းသွားမှာမို့ စျေးမတက်ခင် အမြန်လေးနော် 😬

တစ်ချပ်ကို ၁၆၀၀၀ ကျပ်ပါ။
တစ်ချပ်တည်းဆို ၄ပေ x ၃ပေ၄လက်မနဲ့ အမြင့် ၆ လက်မ ရှိပါတယ်။

တစ်ယောက်အိပ်ဆို ၂ချပ်သုံးရမှာဖြစ်ပါတယ်။( ၄ပေ x ၆ပေ၈လက်မ)

နှစ်ယောက်အိပ်ဆို ၄ချပ်သုံးရမှာဖြစ်ပါတယ်။ (၈ပေ x ၆ပေ၈လက်မ)

ရုက္ခစိုးကနေ
အချပ်ရေ ၂သောင်းကျော် ရောင်းခဲ့ပြီးပြီမို့ အရည်အသွေးကိုတော့ စိတ်ချပါနော်။

မြို့နယ်အလိုက်ပို့ခလေးတွေရှိပါမယ်။ Pallet လေးတွေကို မြေညီအထိချပေးပါတယ်။

#သစ်သားပဲလက် #ပဲလက် #သစ်သားခုံ #ရုက္ခစိုး

24/12/2022

Merry Christmas & Happy New Year

ပျော်စရာခရစ္စမတ်အခါသမယ နဲ့ ကြည်နူးဖွယ်နှစ်သစ်ကူးကာလလေးဖြစ်ပါစေ။

ဒီတစ်နှစ်တာလုံး ရုက္ခစိုးမှာ အားပေးဝယ်ယူခဲ့တဲ့ အချစ်ကလေးတွေရဲ့
မေတ္တာတွေကို ရရှိခံစားခဲ့ရတဲ့အတွက် ကျေးဇူးတင်လျှက်ရှိနေပါတယ်။

ပျော်ရွှင်ကျန်းမာပြီး လုံခြုံတဲ့၊ သဘာဝနဲ့သဟဇာတဖြစ်တဲ့နှစ်သစ်လေးကို မျှော်လင့်ကြိုဆိုကြရအောင်နော် 💚

21/11/2022

ဟင် ဇိုးမပါပါဘူး

26/10/2022

ကိုယ့်ဘာသာစင်လေးတွေ၊ ခုံလေးတွေပြန်ရိုက်ချင်တယ်၊သစ်သားအချောင်းလိုက်လိုချင်တယ်ဆိုတဲ့အချစ်ကလေးတွေအတွက် အစည်းပါ💁🏻‍♀️

တစ်စည်းမှာ သစ်သား ၁၀ချောင်းပါပါတယ်။ အရှည်က ၄ပေ၊ ဗြက်အကျယ် ၃လက်မ၊ သစ်သားပြားအထူ လက်မဝက်ပါ။

တစ်စည်းကို ၁၃၀၀၀ ကျပ်ပါ။
မြို့နယ်အလိုက် delivery ခလေးတွေကျသင့်ပါမယ်။

ပစ္စည်းမပြတ်ခင် မြန်မြန်ယူပါ အချစ်ကလေးတို့ 😚

Photos from Yokkaso's post 26/10/2022

Yokkaso get back on track 💚✅

Pallet လေးတွေပြန်ရပါပြီ အချစ်ကလေးတို့။

💚 တစ်ချပ်ကို ၁၆၀၀၀ ကျပ်ပါ 💚

Pallet လေးတွေ စျေးလည်းတက်၊ ပစ္စည်းလေးလည်းမလှသေးလို့ ဇိုးတို့အရောင်းရပ်ထားတာကြာပါပြီ။ အခုတော့ အသားလေးတွေကောင်း၊ အရောင်လေးလည်းလှလို့ ပြန်ရောင်းပါပြီဗျို့။

အရွယ်အစားကတော့ ၃ပေ၄လက်မ x ၄ပေပါ။ အမြင့်ထု ၆လက်မပါ။ ဒီတစ်ခေါက်ဝင်တဲ့ဒီဇိုင်းလေးကလည်း မစိပ်မကျဲလေးနဲ့ တော်တော်လှတဲ့ထဲပါတယ်။ ပုံလေးတွေတစ်ပုံချင်းကြည့်ပေးဦး မွမွ 😚😚

လိုတဲ့အချစ်ကလေးတွေ အမြန်ယူထားပေးပါနော်။ မရတော့မှ ဇိုးကို ဂျီမကျရဘူးနော် 😘

ပို့ခက ၂ချပ်ကနေ ၄ချပ်ထိကို ၅ထောင်ပါ။ တိုက်မြေညီထိချပေးပါတယ်။ နယ်သမားတွေအတွက်လည်း ကုန်ကားနဲ့ပို့ပေးလျှက်ရှိပါတယ်။

ရုက္ခစိုးကိုရွေးချယ်တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် 😘

#ပဲလက် #ပဲလက်ခုံ #သစ်သားခုံ #အိပ်ရာ #ကုတင်

Photos from Yokkaso's post 05/08/2022

မိုးတွင်းကာလ အေးအေးစိမ့်စိမ့်ကြီးကို ကြမ်းပြင်ပေါ်မှာ အိပ်နေတုန်းပဲလား 🧏‍♀️
သမံတလင်းပေါ်မှာ၊ ကြမ်းပေါ်မှာ ဒီအတိုင်းအိပ်တာက ကိုယ်ကအေးတာကို မခံစားရရင်တောင် ကြာလာတဲ့အခါ ချောင်းဆိုး၊အအေးမိတာမျိုး မကြာခဏဖြစ်လာတတ်ပါတယ် အချစ်ကလေးတို့ရေ။

စျေးနှုန်းသက်သက်သာသာနဲ့ အထာကျကျအခန်းလေးဖြစ်ဖို့ ရုက္ခစိုးက သစ်သား Pallet လေးတွေက ဖြေရှင်းပေးမှာပါ။ ပုံလေးတွေတစ်ပုံချင်းကြည့်ပေးပါနော်။ (ဪ ပုံလေးတွေက ဇိုးတို့ကိုယ်တိုင်ဖုန်းနဲ့ရိုက်ထားတဲ့ အပြင်ပုံလေးတွေနဲ့ ဇိုးတို့ကာကာလေးတွေရိုက်ပို့ထားတဲ့ပုံလေးတွေပါ)

ကုတင်တွေလိုလည်းစျေးမကြီးဘူး၊ အိပ်ရာခင်းလှလှလေးဝယ်ပြီး သက်တောင့်သက်သာအိပ်ရာလေး ဖန်တီးဖို့ ဇိုးတို့ဆီလာခဲ့ပါ။

ဒီအတောအတွင်းမှာပို့စ်တွေပုံမှန်မတင်ဖြစ်တာတောင် နေ့စဉ်အမြဲဝယ်ယူအားပေးလျှက်ရှိတဲ့ ဇိုးလေးတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်😍😍

Pallet အရေအတွက်ကနည်းနည်းလေးပဲရှိလို့ အမြန်မှာပေးကြပါနော်။

ပစ္စည်းကတော့ လောလောဆယ် အကျဲပုံစံလေးတစ်မျိုးပဲရှိပါမယ်။

အကျယ်အဝန်းကတော့
၃ပေ၄လက်မ x ၄ပေ ပါ။
အမြင့်ထုကတော့ ၅လက်မပါ။
စျေးနှုန်းက တစ်ချပ်ကို ၁၂၀၀၀ ကျပ်ပါ။

#ပဲလက် #သစ်သားခုံ

Photos from Yokkaso's post 15/05/2022

လက်လီအားပေးတဲ့အချစ်ကလေးတွေရော၊ နယ်ကနေ လက်ကားမှာတဲ့ ပုံမှန်ဖောက်သည်လေးတွေကိုရောကျေးဇူးအများကြီးတင်ပါတယ်။နယ်အော်ဒါလေးတွေ အချပ် ၁၀၀ နဲ့အထက်ဆို အခမဲ့ပို့ပေးနေပါတယ်။
ဇိုးတို့နဲ့အတူ ရောင်းကောင်းကြပါစေ 💚

Photos from Yokkaso's post 15/05/2022

မင်္ဂလာပါ အချစ်ကလေးတို့ရေ

ရုက္ခစိုးရဲ့ ရောက်တာနဲ့ကုန်တဲ့ Pallet အကျဲဖြူဖြူသန့်သန့်လေးတွေ ပြန်ရပါပြီ။

တစ်ချပ်ကို ၁၁,၀၀၀ ကျပ်ပါ။

တစ်ယောက်အိပ်ဆို ၂ ချပ်
နှစ်ယောက်အိပ်ဆို ၄ ချပ် ခင်းပြီးကုတင်လေးအနေနဲ့သုံးလို့ရပါတယ်။

ရန်ကုန်မြို့နယ်အစုံနဲ့ နယ်ကိုပါပို့ပေးပါတယ်။

Messenger ကနေမှာလို့ရသလို 0943184041 ကိုလည်းဆက်လို့ရပါတယ်။

💚💚

Photos from Yokkaso's post 10/05/2022

ဝယ်သူတွေလာမေးတိုင်း
အပင်လေးတွေပို့စ်တင်ပေးမယ်ဆိုပြီး မတင်ဖြစ်တာ ဇိုးတို့လည်း အားနာလှပါပြီ။ ခုလောလောဆယ် ခြံလေးကို ပြန်ပြင်ဆင်နေလို့ မကြာခင် Yokkaso ပြန်လာခဲ့ပါမယ် 🥰

ချောင်ထဲမှာတိုးဝှေ့ပြီးကြီးနေရတဲ့အပင်လေးတွေကလည်း အပြင်ထွက်ချင်နေပါပြီလို့ပြောပါတယ် အချစ်ကလေးတို့ရေ💚🐣

Photos from Yokkaso's post 12/03/2022

စက္ကူခရမ်းရောင်လေး ၂ပင် ရောင်းရန် 💜🥰
ဆိုဒ်နဲ့စျေးကို ပုံမှာကြည့်ပေးပါနော် 💜

Photos from Yokkaso's post 07/03/2022

Pallet အစိတ်လေးတွေပြန်ရပါပြီ အချစ်ကလေးတို့ရေ

(ပုံလေးတွေက ဇိုးတို့ကိုယ်တိုင် အိမ်မှာရိုက်ထားတဲ့ အပြင်ပုံလေးတွေပါ)

သူ့အတိုင်းပဲ အိပ်အိပ်၊ ဖျာချောလေးပဲခင်းအိပ်အိပ် အဆင်ပြေတဲ့ ပျဉ်ပြားအစိတ်လေးတွေပါ။

စက်ရုံကဈေးတက်နေတာကြာပေမယ့် ဇိုးတို့ဈေးမတက်ဘဲရောင်းခဲ့တာ အခုတစ်ခါတော့ ဆီဈေးတွေပါတက်လို့ တစ်ချပ် ၁၁,၀၀၀ နဲ့ရောင်းပါရစေနော်။

ဖယ်ခိုင်းထားတဲ့အချစ်ကလေးတွေကိုပို့ပြီးရင် အချပ်ရေ အများကြီးမရှိလို့ Chat Box ကို မြန်မြန်လေးလာမှာလိုက်တော့နော်။

တစ်ချပ်ကို ၃'၄" x ၄' x ၆" ရှိပါတယ်။

သစ်အမာသားပါ။

အတန်အသင့်ရေစိုခံပါတယ်။

တစ်ယောက်အိပ်ဆို ၂ ချပ်၊ နှစ်ယောက်အိပ်ဆို ၄ ချပ်ခင်းရင်ရပါပြီ။

0943184041 ကိုဆက်ပြီးလည်းမှာလို့ရပါတယ်။

အားပေးမှုကြမ်းကြမ်းတွေကို ဇိုးတို့က ရမ်းရမ်းကျေးဇူးတင်ပါတယ်လို့ 💚

Photos from Yokkaso's post 06/03/2022

ဂျုံရိုးတောင်းကလေးတွေ 🌾💛
-----------------------------

ရုက္ခစိုးလေးပြန်လာပါပြီ။

စိတ်ကျန်းမာရေးအတွက် အိမ်မှာလည်း အပင်လေးတွေရှင်း၊ ပစ္စည်းလေးတွေ နေရာပြန်ချရင်း ဂျုံရိုးတောင်းလေးတွေသုံးဖို့ စဉ်းစားမိတာနဲ့ အချစ်ကလေးတို့ရော လိုချင်မလားလို့။

💛ကိုယ့်မှာရှိတဲ့ပန်းအိုးလေး​တွေ အကောင်းအတိုင်းရှိသေးပေမယ့် သိပ်မလှဘူးလို့ ခံစားရရင် ဒီခြင်းလေးတွေနဲ့ စွပ်ထားလို့ရပါတယ်။ သပ်သပ်ရပ်ရပ်ကလေးနဲ့ ကိုယ့်အပင်လေးတွေကို jacket လှလှလေးထပ်ဝတ်ပေးလိုက်ရသလိုလေးပါ။

💛အခန်းထဲမှာပွနေတဲ့ တိုလီမုတ်စမှန်သမျှ ကောက်ထည့်ထားလို့လည်းရတယ်။ ရှာရလည်းလွယ်သွားရော။ dryer တွေ၊ lotion ဘူးတွေ၊ ဖတ်လက်စ ရေးလက်စ စာအုပ်ကလေးတွေ၊ bra တွေ၊ underwear လေးတွေပါထည့်လို့ရတယ် ခစ်ခစ် 😛

💛ချစ်ခင်ရသူတွေကို လက်ဆောင်လေးတွေစုထည့်ပေးချင်ရင်လည်းအဆင်​ပြေတယ်။

💛လက်ကိုင်ကိုင်းကလေးတွေပါတော့ မ ရတာလည်းလွယ်တယ်။

အပင်လေးတွေနဲ့ တွဲလိုချင်တဲ့အချစ်ကလေးတွေအတွက် အပင်လေးတွေလည်း မကြာခင် တင်ပေးသွားပါမယ်။

အိုးပုံစံအဝိုင်းလေး
(ပန်းအိုးပုပုကြီးကြီးလေးတွေ၊ ပစ္စည်းတိုလီမုတ်စလေးတွေထည့်ရင်ပိုလှ)
M Size အဝအကျယ် ၉လက်မ x အမြင့် ၇လက်မ
၆၀၀၀ ကျပ်
L Size အဝအကျယ် ၁၀လက်မ x အမြင့် ၈လက်မ
၆၅၀၀ ကျပ်

ခြင်းတောင်းပုံလေး
(ပန်းအိုးရှည်ရှည်၊ ထောင်ထားရမယ့်ပစ္စည်းလေးတွေထည့်ရင် ပိုလှ)
အမြင့် ၁၁လက်မ x အဝ ၁၁လက်မ
၆၅၀၀ ကျပ်

မြို့နယ်အလိုက်ပို့ခကျသင့်ပါမယ်။ Bank transfer, cash အဆင်ပြေသလို ပေးချေလို့ရပါတယ်။
ရွေးချယ်အားပေးမှုအတွက် အမြဲကျေးဇူးတင်လျှက်ရှိနေပါတယ်

ချစ်တဲ့ရုက္ခစိုး 💚

28/12/2021

ငြိမ်းချမ်း​အေးမြခြင်း​တွေယူ​ဆောင်လာမယ့်နှစ်သစ်​လေးဖြစ်ပါ​စေ အချစ်က​လေးတို့​ရေ 💚

Yokkaso Team က အင်တာနက်လိုင်းမရတဲ့​နေရာကို ခဏ​ရောက်​နေမှာမို့ order အမှာစာက​လေး​တွေကို လိုချင်တဲ့ပစ္စည်း၊ အ​ရေအတွက်နဲ့လိပ်စာ​လေးပို့ထား​ပေးပါ​နော်၊ လိုင်းရတဲ့အခါပြန်​ဖြေထားမှာမို့ ​reply နောက်ကျ​​နေရင် စိတ်မရှိပါနဲ့လို့ 😘

အခုအချိန်ထိမှာထားတဲ့​order တွေကို မနက်ဖြန်ပို့​ပေးမှာဖြစ်ပြီး ​နောက်ပိုင်း​ order တွေကို ၉ရက်​နေ့မှပြန်လည်ပို့​​ပေးမှာဖြစ်ပါတယ်။

​ရွေးချယ်ဝယ်ယူအား​ပေးတဲ့​မေတ္တာများအတွက် အမြဲ​ကျေးဇူးတင်လျှက်ရှိ​နေပါတယ်။

ချစ်တဲ့ရုက္ခစိုး 💚

Photos from Yokkaso's post 11/12/2021

|11 Dec, 2021
Update|

အပင်စိုက်ပါ 💚
သဘာဝနဲ့နီးနီးကပ်ကပ် ထိ​တွေ့ပါ 💚
ရုက္ခစိုးက ​မြေအိုးဝယ်ပါ 🧡

ဆိုင်ဆိုင်မဆိုင်ဆိုင်ကွာ 😝
တစ်ပုံချင်းစီမှာဆိုဒ်နဲ့​စျေး​ရေး​ထားတာမို့ ဝင်ဖတ်​ပေးဦး​နော် အချစ်က​လေးတို့ 😚

Photos from Yokkaso's post 11/12/2021

|11 Dec, 2021 Update|

Pallet ​လေး​တွေ ခုံ အစိတ်​ရော၊ အကျဲ​ရော၊ သစ်သား​ချောင်း​လေး​တွေ​​ရော ပြန်ဝယ်လို့ ရပါပြီ အချစ်က​​လေးတို့ 💚

​စျေးနှုန်းအ​ပြောင်းအလဲရှိတာမို့ ​စျေးနှုန်းနဲ့ ပစ္စည်းတစ်ခုချင်းစီအ​ကြောင်းကို ပုံ​လေး​တွေ​ထောက်ကြည့်​​ပေးပါ​နော်။ 🤗🥰

Customer ​လေး​တွေ ရဲ့ပုံ​လေး​တွေကို ဒီိမှာကြည့်ပါ 👉
https://m.facebook.com/yokkasomyanmar/albums/343221684196344/?ref=content_filter

Pallet နဲ့ပတ်သတ်တဲ့ အ​သေးစိတ်အချက်အလက် 👉https://m.facebook.com/story.php?story_fbid=376793190839193&id=100055255462074

Photos from Yokkaso's post 25/11/2021

ရုက္ခစိုးမှာ လက်ရှိ instock ရနိုင်မယ့် Pallet နဲ့သစ်သားစည်း​လေး​တွေပါ။

(အကျဲ​လေး​တွေက​​​လော​လောဆယ်ပစ္စည်းပြတ်​နေလို့ ​စောင့်​ပေးကြပါဦး​နော် 🥺)

အရည်အ​သွေးကို​သေချာပြချင်တာမို့ ပုံ​လေး​တွေမှာ effect မသုံးထားပါဘူး။ ​

​စျေးနှုန်းနဲ့ အတိုင်းအတာ​တွေကို တစ်ပုံချင်းဝင်ကြည့်​ပေးပါ​နော် 💚😚

15/11/2021

ဟိတ်
အပင်လည်းဝယ်ကြဦး​လေ 🙄

ဇိုးက ပို့စ်မတင်ဖြစ်တာလည်းပါတယ်။ တင်မယ်​နော်။ ဝယ်ကြပါဦး 😂

Photos from Yokkaso's post 15/11/2021

သစ်သားအ​ချောင်းလိုက်​လေး​တွေဝယ်ချင်တဲ့အချစ်က​လေး​တွေအတွက် ခဏခဏ​မေး​နေတဲ့ Pallet သစ်သား​ချောင်း​လေး​တွေရပါပြီလို့ 🥳🥳

သစ်အရိုင်းအကြမ်း​တောင် ၁​ပေ ၈၀၀၊ ၁၀​ပေ တစ်​ချောင်းကို ၈၀၀၀ ​ပေး​နေရတဲ့​​ခေတ်မှာ မ​လေးရှားပိ​တောက်သားအမာဖြူဖြူ​ဖွေး​ဖွေး​လေးကို ၁၀​ချောင်း တစ်စည်းကို ၉၀၀၀ ကျပ်နဲ့ ရုက္ခစိုးမှာ ဝယ်လို့ရပါပြီ။

ကိုယ်ကြိုက်သလို စင်​လေး​တွေ၊ ခုံ​လေး​တွေ၊ ဗီဒိုလေး​တွေ၊ ခုတင်​လေး​တွေ စိတ်ကူးဉာဏ်ရှိသ​လောက် ပြန်ရိုက်လို့ရပါတယ် 💚💚

Pallet ပြားကနေပြန်ဖြုတ်ထားတာမို့ ထိပ်မှာ သံချက်လေးတွေနည်းနည်းပါပါမယ်။ ဒါ​ပေမယ့် သံတစ်​ချောင်းချင်း ​သေချာပြန်ဖြုတ်​ပေးထားတာ​လေးပါ။

တစ်​ချောင်းချင်းအတိုင်းအတာက​တော့ အရှည် ၄ ပေ
အကျယ် ၃ လက်မ
အထူ လက်မဝက်
(4' x 3" x 0.5") ဖြစ်ပါတယ်။

အများလိုချင်တဲ့သူ​တွေအတွက်လည်း လက်ကား​စျေးရှိတာမို့ ဇိုးတို့ကကြိုဆိုလျက်ရှိပါတယ်​နော် 🥰

အရည်အ​သွေးကို​သေချာပြချင်တာမို့ ပုံ​လေး​တွေမှာ effect မသုံးထားပါဘူး။ ​

အိမ်အ​ရောက်မြို့နယ်အလိုက် delivery လည်းရှိတာမို့ ခုပဲလာဝယ်လိုက်ပါ 🤗😁

Photos from Yokkaso's post 09/11/2021

မင်္ဂလာပါ😍 🌿

ရုက္ခစိုးမှာ Pallet ဝယ်တဲ့အချစ်က​လေး​တွေ ​မေး​လေ့ရှိတဲ့​မေးခွန်း​လေး​တွေကို ​ဖြေပြီး စုထား​ပေးပါတယ်။ Pallet ဝယ်ဖို့ စဥ်းစား​နေတဲ့သူများရှိရင် ဖတ်​ပေးပါဦး​နော် 💚

💚 Pallet ဘယ်နှစ်မျိုးရှိတာလဲ။ ​စျေး​တွေက​ရော။
- ရုက္ခစိုးမှာ Pallet က အကျဲ နဲ့ အစိပ်၂မျိုးရှိပါတယ်။ အကျဲက ၉၀၀၀၊ အစိပ်က ၉၅၀၀ ပါ။

💚 အရွယ်အစားကဘယ်​လောက်ရှိတာလဲ။
- အစိပ်​ရောအကျဲ​ရောက တစ်ချပ်ကို တစ်ဖက်က ၃​ပေ ၄လက်မနဲ့ တစ်ဖက်က ၄​ပေရှိပါတယ်။ အမြင့်ထုက အစိပ်ဆို ၆လက်မ၊ အကျဲဆို ၅လက်မပါ။

💚 ဘာအသားနဲ့လုပ်ထားတာလဲ။
- မ​လေးရှားပိ​တောက်သားပါ။ မာပါတယ်။ ထူပါတယ်။ ​ချောပါတယ်။

💚တစ်​ယောက်အိပ်ဆို ဘယ်နှစ်ချပ်သုံးရမလဲ။ နှစ်​ယောက်အိပ်ဆိုရင်​ရော။
- တစ်ယောက်အိပ်ဆို ၂ချပ်ပါ။ နှစ်​ယောက်အိပ်ဆို ​၄ချပ်ပါ။ ​

💚သစ်သား​ချောင်းဘယ်နှစ်​ချောင်းပါတာလဲ။
- အ​ပေါ်ပိုင်းခင်းထားတဲ့သစ်သား​ချောင်းက အကျဲဆို ၉​ချောင်း၊ အစိပ်ဆို ၁၃​ချောင်းရှိပါတယ်။

💚အစိပ်နဲ့အကျဲ ဘယ်ဟာယူရမလဲ။
- အိပ်ဖို့အတွက်
​မွေ့ယာနဲ့ဆို အကျဲဖြစ်ဖြစ်၊ အစိပ်ဖြစ်ဖြစ် အဆင်​ပြေပါတယ်။ ​အောက်ကဖျာပဲခင်းမယ်ဆို ရုက္ခစိုးက အစိပ်ကိုယူ​​စေချင်ပါတယ်။ ဒါ​ပေမယ့် အကျဲကလည်း အကျဲကြီးမဟုတ်ပါဘူး။ တစ်​ချောင်းနဲ့တစ်​ချောင်းကြား လက်နှစ်ဆစ်​လောက်သာကွာပါတယ်။ အကျဲက တန်း​​လေး​တွေခြားထားတာမို့ ပိုလှသလိုထင်ရပါတယ်။ အစိပ်ကိုတော့ အပြည့်ရိုက်ထားတာမို့ လူကြီး​တွေအကြိုက်များပါတယ်။

💚အိမ်ကိုပို့​ပေးလား။
- ရုက္ခစိုးမှာ ရန်ကုန်မြို့တွင်းမြို့နယ်အလိုက် Delivery ရှိပါတယ်။ ​အခြားမြို့များကို အ​ဝေး​ပြေးကား၊ကုန်ကားများနဲ့တင်​ပေးပါတယ်။

💚 အထပ်မြင့်တင်​ပေးလား။
- ​မြေညီအထိပဲချ​ပေးပါတယ်။

💚ဘာလို့မတင်​ပေးတာလဲ။
- ရုက္ခစိုးမှာ Pallet သယ်ဖို့အလုပ်သမားသပ်သပ်မရှိလို့ Deliveryခပဲယူထားပါတယ်။ တစ်ပတ်ကို အချပ်​ရေ ၆၀၊ ၇၀ ဝန်းကျင်ပို့ပြီးတင်ချရတာမို့ အ​ပေါ်ထိပါမတင်​ပေးနိုင်တာ နားလည်​ပေးပါ​နော်။

💚 Delivery ခက ဘယ်လိုယူတာလဲ။
- မြို့နယ်အလိုက် ပို့ခ ၄၀၀၀ ကစယူပါတယ်။ အချပ်​ရေများရင် ပို့ခပိုကျနိုင်ပါတယ်။ (၁ချပ်ပဲယူသူများ ပို့ခ ၃၀၀၀ ​ပါ။)
တောင်ဒဂုံ၊ လှိုင်သာယာ၊ ​ရွှေပြည်သာနဲ့ အခြားမြို့နယ်များ ပို့ခအ​ပြောင်းအလဲရှိနိုင်ပါတယ်။

💚 Delivery ခက မများဘူးလား။
- ပစ္စည်း​သေး​သေး​လေး​တောင် Delivery က ၂၅၀၀၊ ၃၀၀၀ ​ပေးရပါတယ်။ ရုက္ခစိုးက pallet ​တွေက တစ်ချပ်ကို ၁၃ပိသာ​လေးပါတယ်။ တက္ကစီနဲ့ဆို ၄ချပ်ပဲဆန့်တာမို့ တစ်​နေရာ​လောက်ပဲသွားလို့ရပါတယ်။ ကားအကြီးသုံးရတာများပါတယ်။

💚 အိမ်မှာသယ်ဖို့လူမရှိဘူး။ ဘယ်လိုလုပ်ရမလဲ။ အ​ရမ်း​လေးလား။
- နီးစပ်ရာ ဆိုက်ကားဆရာ​တွေလိုမျိုးကို ​ခေါ်သယ်ခိုင်းကြပါတယ်။ တစ်ချပ်ဆို မိန်းက​လေးဆို၂​ယောက်၊ ​ယောက်ျား​လေးဆို ၁​ယောက်သယ်ရင်ရပါတယ်။ တစ်ချပ်ကို ၁၃ပိသာ​လေးပါတယ်။

💚 စင်​လေး​တွေ၊ ခုံ​လေး​တွေ​ရောရလား။ Pallet ကိုဖြတ်​ပေးလား။ ​ဆေးသုတ်​ပေးလား။
- Pallet အချပ်လိုက်ပဲ​ရောင်းပါတယ်။ ရုက္ခစိုးမှာ အဲ့ဒါ​တွေသီးသန့်လုပ်​​ပေးဖို့ အလုပ်သမားမရှိ​သေးလို့ပါ။

💚 Pallet နဲ့ဘာ​တွေလုပ်လို့ရ​သေးလဲ။
- အချပ်လိုက်ဆို အိပ်ရာခင်း၊ တစ်ခုခုတင်ဖို့ စင်၊ တစ်​ချောင်းလိုက်ဖြုတ်ပြီး ခုံ​လေး​တွေ၊ စင်​လေး​တွေ ကိုယ်အကြံဉာဏ်ရှိသလို ပြန်ရိုက်လို့ရပါတယ်။ သစ်ဆိုင်မှာ သစ်အရိုင်းသားဝယ်တာထက် သက်သာပါတယ်။

💚 သစ်သားအ​ချောင်းလိုက်​ရော​ရောင်းလား။
- ​ရောင်းပါတယ်။ တစ်ခါတ​လေပစ္စည်းပြတ်တတ်တာမို့ ကြိုမှာ​ပေးပါ​နော်။

💚 ခြစားလား၊ မှိုတက်လား။ ​ဆွေးလား။
- ကျွန်းသစ်မဟုတ်တာမို့ ​​စျေးနှုန်းနဲ့သင့်​လျော်တဲ့သူ့ခံနိုင်ရည်နဲ့သူရှိပါတယ်။ တစ်နှစ်​၊ နှစ်နှစ်လောက်နဲ့မပျက်စီးသွားနိုင်ပါ။ အ​ရောင်တင်​ဆေး၊ အိမ်သုတ်​ဆေးဆီ​ဆေး​လေး​တွေသုတ်​​ပေးနိုင်ရင်၊ ​ရေမစို​အောင်ထားရင် နှစ်ရှည်သုံးလို့ရပါတယ်။

💚 ​ ဘယ်မှာဆို ၃၅၀၀ပဲရှိတယ်၊ ဘယ်​မှာဆို ဘယ်လောက်ပဲရှိတယ်၊ ​စျေးမများဘူးလား။
- ရုက္ခစိုးက Pallet ​တွေက အသားက​အ​ချောသားပါ၊ ကျစ်ပြီး ​လေးပါတယ်။ ဆိုဒ်ကြီးပါ။ ကြိတ်သားမပါပါ။ အတတ်နိုင်ဆုံး ဖြူပြီးသန့်တာကို​ရွေး​ပေးပါတယ်။ အိမ်အ​ရောက် delivery ကို ဝယ်သူလိုချင်တဲ့ရက် ညှိနှိုင်းပြီး ပို့​ပေးပါတယ်။ အရည်အ​သွေး၊ ဝန်​ဆောင်မှုနဲ့သင့်တင့်တဲ့​စျေးနှုန်းဖြစ်ပါတယ်။

💚 လာယူလို့ရလား။ လာကြည့်လို့ရလား။
- လာယူမယ်ဆို ၉မိုင်ကအိမ်မှာလာယူရပါမယ်။ ဖုန်းကြိုဆက်​ပေးပါ။ လိပ်စာကို CB မှာ​မေးနိုင်ပါတယ်။

💚 အိမ်စီးကားအ​သေးနဲ့လာသယ်လို့ဆန့်လား။
Probox တို့၊ Caldina တို့နဲ့ဆို အကျဲဆို၅ချပ်၊ အစိပ်ဆို ​လေးချပ်ထိဆန့်ပါတယ်။ အဲ့ဒီထက်​သေးတဲ့ ကားများနဲ့မဆန့်ပါ။ ၃​ပေ ၄လက်မနဲ့ ၄​ပေရှိပါတယ်။

သယ်ယူပို့​ဆောင်ခ၊လူအင်အားအခက်အခဲ​၊ မူရင်းစက်ရုံ​စျေးတက်တာ​တွေ​ကြောင့် ရုက္ခစိုးမှာ Pallet ​လေး​တွေကို အ​ရောင်းရပ်ထားဖို့ လုပ်ခဲ့ပါတယ်။ နယ်မှာပြန်​ရောင်းတဲ့လက်ကားသမား​တွေကို​တော့ ပို့​နေဆဲမို့ ရန်ကုန်တွင်းလက်လီမှာတဲ့ အချစ်က​လေး​တွေကိုလည်း လက်ရှိမှာ​တော့ ရုက္ခစိုးက ​​​အော်ဒါ​တွေ​ပေါင်းပို့​ပေး​နေပါတယ်။

ရုက္ခစိုးက​နေ ဝယ်ယူသူ​တွေ ပြန်ပို့ထားတဲ့ပုံ​လေး​တွေကို Page က Customers' Feedbacks ဆိုတဲ့ album ​လေးမှာ
ကြည့်လို့ရပါတယ်။

​ရွေးချယ်ဝယ်ယူအား​ပေးမှုကို အမြဲ​ကျေးဇူးတင်လျက်ရှိ​နေပါတယ် 😍

Yokkaso - ရုက္ခစိုး

#ပဲလက် #သစ်သားအခင်း

Photos from Yokkaso's post 07/11/2021

မြေအိုး​​လေး​တွေနဲ့အပင်စိုက်တဲ့အခါ...

🧡 ​သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်​စေဘူး။

🧡အိုးမျက်နှာပြင်မြေသားက​နေ ​​လေဝင်ထွက်နိုင်တာ​ကြောင့် အမြစ်က​လေး​တွေကျန်းမာ​စေတယ်။

🧡 ပို​နေတဲ့​ရေ​တွေကို အိုးက​နေစုတ်ထားပြီး အပြင်ကို​ရေ​ငွေ့အ​နေနဲ့ထုတ်​ပေးတာ​ကြောင့် ​ရေ​လောင်းများမှာကို မပူရဘူး။

🧡​မြေကြီးနဲ့လုပ်ထားတဲ့အိုးသားထူထူ​လေးကအပြင်ကရာသီဥတုဒဏ်အ​ပြောင်းအလဲကို အပင်​လေး တိုက်ရိုက်မခံရ​အောင်ကာကွယ်​ပေးပြီး သဟဇာတဖြစ်တဲ့ပတ်ဝန်းကျင်​လေးကိုဖန်တီး​ပေးထားနိုင်ပါတယ်။

ပုံက​လေး​တွေက​တော့ ရုက္ခစိုးမှာ ​ဝယ်လို့ရတဲ့မြေအိုး​လေး​​တွေပါ အချစ်က​လေးတို့ 💚

စျေးနဲ့ဆိုဒ်ကိုတစ်ပုံချင်း​သေချာကြည့်​ပေး​နော် 😚

Photos from Yokkaso's post 06/11/2021

Stephania Venosa 🥔💚​
မြန်မာမျိုးရင်း တောင်ကြာဥ​လေးတွေလည်း မလှဘူးလို့ဘယ်သူ​ပြောလဲ၊ လှပါတယ်​နော် 🥺

သူက ဥကြီးရင် အပွင့်​လေး​တွေပွင့်​တယ်၊ လိ​မ္မော်​ရောင်နုနုထွတ်ထွတ်က​လေး🧡

ဥက​လေး​တွေက ဆိုဒ်အစုံပဲမို့ အိုးအပါကို ၈​ထောင်က​နေ ၂၀၀၀၀ ​လောက်ထိရှိတယ်။ ပျိုးအိုးနဲ့ဆို ၅၀၀၀ ကစရှိပါတယ်။ အရွက်ထွက်လည်း သိပ်မြန်တာမို့ စိုက်ရတာတန်တယ်။ ခဏ​လေးနဲ့ နွယ်​လေး​​တွေလုပ်လို့ရတယ်။ အရွက်အကြီးကြီး​တွေရတယ် 💚💚💚💚

Photos from Yokkaso's post 06/11/2021

Stephania Erecta ထိုင်းမျိုး အရွက်ဝိုင်း​လေး၊ ပုစိ​ကွေး​လေး၂ဥ ​ရောင်းဖို့ရှိပါတယ်။
​မြေအိုး​လေးနဲ့ တစ်အိုး ၁၀၀၀၀ ကျပ်ပါ။

ယူပြီးရင် ပို့​ပေးဖို့ အချိန်နည်းနည်း​စောင့်​ပေးပါ​နော်။ ဥက​လေး​တွေကို နှုတ်ဆက်စကား​ပြောရဦးမှာမို့၊ အရမ်းချစ်လို့ 🥺

Photos from Yokkaso's post 28/10/2021

Baby Blue Sawara Cypress 🐰🤍

အစိမ်း​ပေါ်မှာ အဖြူ​​ရောင်​ပြေး​လေး​​တွေနဲ့ အ​မွှေးပွပွ​လေးမို့ယုန်​မွှေး​လို့​ခေါ်ကြပါတယ်။ ခရစ်စမတ်မှာအလှဆင်လို့လည်းရတယ်​။ လက်​ဆောင်​ပေးရင်လည်း ချစ်ဖို့​ကောင်း 🐰🤍

​နေ​ရောင်တစ်​နေ့ ၅နာရီ​လောက်အနည်းဆုံးရဖို့လိုပါတယ်။ ​မြေ​ခြောက်မှ​ရေကိုရွှဲ​နေ​အောင်​လောင်းပါ။

ခြံထဲမှာ အသားကျပြီး သားအပင်​လေးပါ။ အပင်​ရေအများကြီးမရှိလို့ အမြန်ဝယ်​ပေးပါ​နော်။

၉၅၀၀ ကျပ် 🐰🤍

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Other Nurseries & Gardening Stores in Yangon (show all)
Wuuw's garden Wuuw's garden
N. O(561), Loke Thar Street, (35) Quater, North Dagon
Yangon, 11111

Save the plant & luv the world

Z&C Garden Z&C Garden
Hninsi (1st) Street
Yangon

Indoor Plants & Accessories

Le Petit Pot Le Petit Pot
Yangon
Yangon

A place where we love sharing the healthy plants with reasonable price, also the tips how to take care of plants

Plants plant by Kindness Plants plant by Kindness
Bo Yar Nyunt Street
Yangon

It takes COURAGE to be KIND !

Mya Myet Chel Mya Myet Chel
Yangon

Make the world with greens

Nwe Garden Nwe Garden
Yangon

အပင်ချစ်သူများဆုံစည်းရာ

Colorful Pot ရောင်စုံပန်းအိုးလေး Colorful Pot ရောင်စုံပန်းအိုးလေး
406 Bagan Road, Shwe Paukkan
Yangon

For happy gardeners - We are here to supply gardening accessories only at affordable prices.

Ever Green Plant Shop Ever Green Plant Shop
Yangon

အိမ်တွင်းအလှစိုက်ပန်းပင်လက်ကား

M.T.D Nursery & Landscape M.T.D Nursery & Landscape
No(3), Main Road, Pyinmabin Industrial Zone, Mingalardon Township
Yangon

Green Era Green Era
အမှတ်(၈၁၉)၊ ရွာမကျောင်းလမ်း နှင့် ဗဟိုလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကု
Yangon, 11051

Gardening supplies shop - မြေဆွေး၊ သဘာဝမြေသြဇာ နှင့် အပင်ဆက်စပ်ပစ္စည်းများ ရရှိနိုင်ပါသည်။

TK Garden Myanmar TK Garden Myanmar
Yangon, 11111

Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး
Yangon

အလှစိုက်ပန်းပင်ရောင်းဝယ်ရေး