Washi Japanese Language Center

IT + Japanese

07/09/2023

သင်မသိသေးတဲ့ あります နဲ့ います အကြောင်း

みなさん こんにちは Washi Japanese Language Center မှ ကြိုဆိုပါတယ်

ဒီနေ့မှာတော့ みなさんတို့မသိသေးတဲ့ あります နဲ့ います အကြောင်းလေး ပြောပြထားပါတယ်

သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းမေးလို့ရပါတယ်

ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

#あります  #います

31/08/2023

みなさん!!

ဒီ page ရဲ့ admin ဖြစ်တဲ့ Su sensei က ဂျပန်မှာ master တက်ရောက်ဖို့ပြင်ဆင်ခဲ့ရတာဖြစ်တဲ့အတွက် ဒီကြားထဲမှာ page လေးကို ခေတ္တခဏ ရပ်နားခဲ့ရပါတယ်

သင်တန်းလာမေးကြတဲ့လူတွေကိုလည်း အများကြီး အားနာပါတယ်ရှင့်

မနက်ဖြန်ဆိုရင် admin ရဲ့ ကျောင်းဝင်ခွင့်ပွဲဖြစ်ပါတယ်
Admin က scholar လေးကိုပါရထားတဲ့အတွက်နောက်ပိုင်းမှာ scholarship နဲ့ပတ်သတ်တာလေးတွေပါတင်ပေးမှာမို့လို့ စောင့်ကြည့်ပေးပါဦးနော်

အဲ့ဒီနောက်ပိုင်းကိုတော့ မကြာမကြာ ဂျပန်စာနဲ့ပတ်သတ်တာလေးတွေတင်ပေးနိုင်အောင်ကြိုးစားပါ့မယ်
❤️❤️

21/06/2023

ဂျပန်မှာရှိတဲ့ တက်တူး

ဂျပန်နိုင်ငံဟာဆိုရင်တက်တူးနဲ့ပတ်သတ်ပြီး ကန့်သတ်ချက်များရှိတဲ့နိုင်ငံအဖြစ် လူသိများကြပါတယ်

ဒီနေ့မှာကတော့ tattoo (タトゥー) နဲ့ 刺青(いれずみ) ဘာကွာလဲဆိုတာပြောပြပေးသွားမှာပါ

いれずみ ဆိုတာဟာ ဂျပန်လူမျိုးတွေအတွက် ကြောက်စရာကောင်းတဲ့တက်တူးဆိုတဲ့ အဓိပ္ပာယ်ကိုပုံဖော်ပါတယ်
ကျောဖက်မှာရှိတဲ့နဂါးရုပ်၊ကျားရုပ် အကြီးကြီးတွေက いれずみ ဖြစ်ပါတယ် ရာကူဇာတွေရေးထိုးကြတဲ့အရုပ်တွေကို ဖော်ညွှန်းရာမှာလည်း いれずみ လို့ဖော်ညွှန်းပါတယ်

タトゥー ဆိုတာကတော့ အနောက်နိုင်ငံမှာရေးထိုးကြတဲ့ ဒီဇိုင်းလှလှ တက်တူးလေးများကိုခေါ်ဆိုရာတွင်အသုံးပြုကြပါတယ် ပန်းပုံ၊လိပ်ပြာပုံ အစရှိတဲ့တက်တူးတွေဟာဆိုရင် ဂျပန်လူငယ်တွေကြားမှာလည်း ခေတ်စားနေလျက်ရှိပါတယ်

ဒါဆိုရင် တက်တူးထိုးထားရင်ဂျပန်သွားလို့ရလား?

ရ မရကတော့ မိမိလုပ်မဲ့အလုပ်နှင့် agency အပေါ်မူတည်ပါတယ်
ဘိုးဘွားစောက်ရှောက်ရေးလိုအလုပ်များမှာတော့ ကြောက်စရာကောင်းတဲ့တက်တူးရှိသူများကိုလက်မခံတာများပါတယ်

ဆောက်လုပ်ရေး၊ငြမ်းစင်အစရှိတဲ့အလုပ်တွေမှာတော့ တက်တူးရှိလည်းသွားလို့ရခဲ့သူများရှိပါတယ်

Work visa မှာကတော့ tattoo နှင့်ပတ်သတ်ပြီး မေးမြန်းခြင်းများရှားပါးသည့်အတွက် tattoo ရှိလည်းရနိုင်ချေပိုများပါတယ်

အားလုံးပဲကျေးဇူးတင်ပါတယ် 🤩 Washi Japanese Language Center ဖြစ်ပါတယ်❤️


#タトゥー
#刺青  #いれずみ

04/05/2023

FYI

21/01/2023

ဂျပန်အင်တာဗျူး တွေမှာ သူများတွေထက်သာဖို့ ℹ️
-ဂျပန်အင်တာဗျူးမှာသူများတွေထက်သာဖို့၊ အရေးကြီးတဲ့အချက်လေးတွေ၊သတိထားရမဲ့အချက်လေးတွေကို အဓိကပြောပြပေးထားပါတယ်
IT နဲ့ engineering အလုပ်တွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေမဲ့လူတွေအတွက် ပိုအကျိုးရှိပြီး အခြား visa နဲ့သွားမဲ့လူတွေအတွက်လည်း ကြည့်ထားရင် သူများထက်ပိုသာစေမှာပါ
မရှင်းတာရှိရင် comment မှာ မန့်ခဲ့ပေးလို့ရပါတယ်

အမတို့သင်တန်းကျောင်းကို သာကေတ ၂တောင်ရပ်ကွက် ဇောတရုံလမ်းမှာဖွင့်လှစ်ထားပြီး online မှ တယောက်ချင်းသင်ပေးတဲ့အတန်းလေးတွေလည်းရှိပါတယ်

Photos from Washi Japanese Language Center's post 07/01/2023

သာကေတမှာ တသောင်းထဲနဲ့ဂျပန်စာသင်ကြမယ်
၂၅ ရက်နေ့က အမ မွေးနေ့မို့လို့ တလကိုမှ တသောင်းပဲကျတဲ့ ဂျပန်စာအတန်းလေးတွေဖွင့်ပေးခဲ့ပါတယ် အဲ့နေ့က ဖွင့်တဲ့ speaking class လေးက ၃ ရက်ထဲနဲ့ အယောက်၄၀ ပြည့်သွားပြီး ထပ်တက်ချင်တယ်ဆိုပြီးမေးတဲ့လူတွေများတဲ့အတွက် အမ နောက် တတန်း ထပ်ဖွင့်ပေးပါ့မယ်

၁။ speaking class (N5)
ဘယ်လိုလူတွေတက်သင့်လဲဆိုတော့ N5 ပြီးထားပြီး speaking မလုပ်ဖူးတဲ့လူ၊ N5 သင်ခန်းစာတွေကို စာတွေ့ပဲရပြီး လက်တွေ့မရတဲ့လူတွေအတွက် ရည်ရွယ်ပြီးဖွင့်ပေးတာဖြစ်ပါတယ်
အုပ်စုလိုက် Presentation လုပ်တာတို့ ဂျပန်ဘာသာကိုအသုံးပြုပြီး စကားပြောတာတို့လုပ်ရပါမယ်
တယောက်ချင်းစီ ထွက်ပြီးပြောခိုင်းတာတွေလည်းရှိမှာဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်သင်ရမဲ့အတန်းလေးပဲဖြစ်ပါတယ်
ℹ️ကာလ - ၂လကြာမှာပါ (ပထမလ တသောင်း၊ ဒုတိယလ တသောင်း နဲ့ စုစုပေါင်းမှ ၂လပြတ် ၂သောင်းပဲကျမှာဖြစ်ပါတယ် သင်တန်းစတဲ့နေ့မှ ၂ သောင်းသွင်းလို့ရပါတယ် ) ✅online တန်းမဟုတ်ပါ
ℹ️အချိန် - စနေ တနင်္ဂနွေ (မနက် ၁၁ နာရီမှ ၁ နာရီ အထိဖြစ်ပါတယ် ) 14.1.2023 စပါမယ်
သင်ရိုးကတော့ အပြင်သင်ရိုးအတိုင်းသင်မှာပါ いろどり စာအုပ်လည်းအသုံးပြုမှာဖြစ်ပြီး ဖတ်စာအုပ်ဝယ်စရာမလိုပါဘူးနော် အဲ့ဒါကြောင့် လိုအပ်တဲ့စာရွက်စာတမ်းလေးကိုတော့ မိတ္တူဆွဲပေးရပါမယ် အမတို့ကျောင်းဖက်က ဆွဲပြီးရောင်းတာမျိုး အပိုပိုက်ဆံကောက်တာမျိုး မရှိပါ မိတ္တူမဆွဲချင်တဲ့လူက လက်ရေးနဲ့ အတန်းမစမီ ရေးလာမယ်ဆိုလည်းရပါတယ်
အမတို့ဒီ class ပြီးရင်တော့ လာပူစာကြလည်း N5 speaking နောက်တတန်းဖွင့်ဖို့ မသေချာတော့ပါဘူးနော် အခြားအတန်းတွေပဲဆက်ဖွင့်မှာပါ

၂။ N5 revision class
N5 ကို revision လုပ်ချင်တယ် စာမရသေးလို့ပါဆိုတဲ့သူတွေအတွက် N5 revision class ကိုတက်မယ်ဆိုရင်ကျိန်းသေနောင်တမရပါဘူးနော်
ℹ️ကာလ - ၂လ (ဒီအတန်းလေးကတော့ တလ ၁၀၀၀၀ နဲ့ ၂ လအတွက် ၂၀၀၀၀ ပေးရမှာဖြစ်ပါတယ်) ✅ online တန်းမဟုတ်ပါ
ℹ️အချိန် - ကြာသပတေး သောကြာ( နေ့လည် ၃ နာရီမှ ၅ နာရီအထိဖြစ်ပါတယ်) ၁၄.၁.၂၀၂၃ စပါမယ်
N5 ပြီးပေမဲ့ စာမရသေးတဲ့လူတွေကို စာကူကျက်ပေးပြီး စာမေးမဲ့အတန်းဖြစ်ပါတယ်
အပတ်စဉ်အိမ်စာပေးပြီး စာမေးမှာပါ စာလိုက်လုပ်ဖို့တော့ကျိန်းသေလိုပါတယ်နော် ၂လအတွင်း test 5ခုဖြေရမှာဖြစ်ပြီး နောက်ဆုံးလမှာတော့ မေးခွန်းဟောင်း၃စုံလေ့ကျင့်ပေးမှာပါ
တခုသတိထားရမှာက ဒီအတန်းလေးက စာပြန်မသင်ပါဘူးနော် စာသေချာပြန်နွှေးပေးပြီး စာမေးမဲ့ အတန်းလေးပါ kanji အတွက်လည်း တူတူပြန်ကျက်ပေးဦးမှာပါ အပတ်စဉ်ကျက်ရမှာကိုခွဲပေးပြီး test တွေထုတ်ပေးမှာပါ ဒီအတန်းပြီးသွားတဲ့အထိ စာလိုက်လုပ်မယ်ဆိုရင် N4 တက်ဖို့အရည်အချင်းပြည့်မှီမှာ သေချာပါတယ် N5 みんな စာအုပ်နဲ့ challenge kanji စာအုပ်လိုပါတယ်

သင်တန်းကြေးသက်သက်သာသာနဲ့ သင်မှာဆိုတော့ သင်မဲ့လူတွေကအရည်အချင်းရောရှိရဲ့လားဆိုတဲ့မေးခွန်းအတွက် သင်မဲ့ ဆရာမရဲ့ profile လေးကိုရှင်းပြပေးပါမယ်
ဆရာမက N5 ကနေ N3ထိကို ကွန်ပျူတာတက္ကသိုလ်မှာ ဂျပန်လူမျိုးတွေဆီက တိုက်ရိုက်သင်ယူခဲ့သူဖြစ်ပါတယ်။ IT work visa နဲ့ ကျောင်းပြီးထားပေမဲ့ ယခုအခြေအနေများကြောင့် သွားရမဲ့အစီအစဉ်ကိုရွှေ့ထားတာဖြစ်ပါတယ်။ အဲ့ဒါအပြင် N2 ပြီးထားပြီး N1 လေ့လာနေဆဲလည်းဖြစ်ပါတယ်နော်
စာသင်သက်၂ နှစ်ကျော်ရှိနေပြီး ဂျပန်မှာ PhD တက်နေတဲ့ နိုင်ငံခြားသားကျောင်းသားများကိုလည်း N5 to N3 သင်ပေးခဲ့ဖူးပြီး လက်ရှိလည်းသင်ပေးနေဆဲဖြစ်ပါတယ်နော် ဒါ့အပြင် Japan Foundation ကနေလည်း speaking class training အတွက် certificate ရထားပါသေးတယ်နော်🥳

ဒါ့အပြင် ဆရာမနဲ့အတူသင်မဲ့ဆရာကလည်း N3 passed N2 လေ့လာနေဆဲဖြစ်တဲ့အပြင် စာသင်သက်အတွေ့အကြုံ ၁ နှစ်ကျော် ရှိသူဖြစ်ပါတယ်နော်

သင်တန်းနေရာ - အမှတ်၇၀၁၊ ဇောတရုံလမ်း ၊ ၂တောင်ရပ်ကွက် သာကေတမြို့နယ် ရန်ကုန်မြို့
(မြင်တော်သာလမ်း၊ စာတိုက်မှတ်တိုင်မှာဆင်းရင် ၁ မိနစ်ပဲလမ်းလျှောက်ရမှာပါ)

အတန်းတက်ချင်ရင်တော့
09794539435 ကိုဆက်သွယ်ပြီးစာရင်းပေးနိုင်တဲ့အပြင် page cb မှာလည်း ဆက်သွယ်လို့ရပါတယ်
သင်တန်းကျောင်းမှာကိုယ်တိုင်လာအပ်မယ်ဆိုရင်လည်းရပါတယ် ဖုန်းလေးကြိုဆက်ပြီးလာခဲ့လို့ရပါတယ်နော်
ကျောင်းအပ်ရင် အမတို့ဖက်က speaking အတွက် သင်ထောက်ကူလေးတွေပြင်ပေးထားမှာမို့လို့ စာရင်းပေးပြီး cancel လေးတော့မလုပ်ကြ
ပါနဲ့နော်

Photos from Washi Japanese Language Center's post 06/01/2023

Dating Reality Show ကြိုက်တဲ့လူတွေရှိလားဟင်
ဥပမာ EXchange တို့ love catcher in Bali တို့ကြိုက်တယ်ဆိုရင်တော့ listening လည်းကောင်းအောင် Terrace House ကိုကြည့်ဖို့ အကြံပြုပေးချင်ပါတယ်

အမြည်းလေးပြောပြပေးရရင် သူစိမ်းတွေဖြစ်တဲ့အမျိုးသားသုံးယောက် အမျိုးသမီးသုံးယောက်ဟာ အိမ်တအိမ်ထဲမှာနေပြီး အချင်းချင်းလေ့လာရင်း ပျော်စရာရော အချစ်ရော ရှာဖွေသွားမဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် ကြည်နူးဖို့လည်းကောင်းသလို admin တို့လို နှာဘူးလေးတွေအတွက် ကောင်လေး ကောင်မလေးချောချောလေးတွေလည်း ပါပါတယ် 😆
ပုံစံအနေအထားတော်တော်များများက EXchange နဲ့တူပါတယ် ဒါလေးတွေကတော့ EX အကြောင်းမဟုတ်ဘူးပေါ့နော်

တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီး reality show ဆို ကိုရီးယားပဲကြိုက်တဲ့ admin တောင် ဒီ terrace house ကိုကြိုက်ပါတယ်

သူက five season ရှိပါတယ် season က အဆက်တွေမဟုတ်လို့ ဘယ် season ကြည့်ကြည့် ရပါတယ်
Admin ကြည့်ထားတာကတော့ Tokyo- Boys and Girls in the city ပါ ကျန်တာကတော့ ခုမှစကြည့်နေလို့ ကောင်းမကောင်းမသိရသေးပေမဲ့ admin ကြည့်တဲ့ Boys and Girls in the city က လူကြိုက်အများဆုံးပါ တော်တော်လေး fun ဖြစ်ပါတယ်
ဝမ်းနည်းစရာကောင်းတာကတော့ telegram link မရှိပါ
Netflix မှာတော့တင်ထားပါတယ် Youtube မှာလည်းတွေ့ပါတယ်
နောက်ထပ်လည်း review လေးတွေဆက်လုပ်ပေးပါဦးမယ်နော်

06/01/2023

Speaking တန်း အတွက် အပ်ထားသောကလေးများ

မနက်ဖြန် ၉ နာရီ ကနေ ၁၁ နာရီ အထိဖြစ်ပါတယ်

ကား၊စက်ဘီးယူလာပြီးထားလို့ရပါတယ် ထားလို့ရတဲ့နေရာကျယ်ကျယ် အိမ်ရှေ့မှာရှိပါတယ် ခြံပြင်မို့လို့သော့တော့ခတ်ရမယ်နော် အမ အိမ်မှားမှာစိုးလို့ အိမ်လေးပါ ပြထားပါတယ် ဆိုင်းဘုတ်မထောင်ရသေးလို့ပါနော်

အမ မနက်ဖြန် လိုအပ်တဲ့စာရွက်တွေဝေပေးပါမယ်

သင်တန်းကိုရောက်ရင် အရင်ဆုံး လူနာမည် ဖုန်းနံပါတ်ကို ပြန်ပြီး စစ်ပါမယ်နော်

အမှတ် ၇၀၁၊ ဇောတရုံလမ်း၊ ၂ တောင်ရပ်ကွက် သာကေတမြို့နယ်
မြင်တော်သာလမ်းကို သွားတဲ့ 5, 89, 34, 70 ကား တွေစီးလို့ရပါတယ်
နံပါတ် ၁၀ စီးလာမယ်ဆိုရင်တော့ ရုပ်ရှင်ရုံမှာဆင်းပြီး တစ်မှတ်တိုင်လမ်းလျှောက်ရပါမယ်
စာတိုက်မှတ်တိုင်မှာ ဆင်းပြီး အရှေ့တည့်တည့်လမ်းကို ၁ မိနစ်လျှောက်ရင်ရောက်ပါပြီနော်
09794539435 ကိုဆက်ပြီး မေးလို့ရပါတယ်

01/01/2023

ဂျပန်စာ + IT နဲ့ပတ်သတ်တဲ့ free knowledge sharing

ဒီနေ့ နှစ်သစ်ကူးမို့ အမတို့ တကယ့်ကိုထူးထူးခြားခြားအစီအစဉ်လေးတခု လုပ်ပေးပါမယ်
Zoom ကနေ လုပ်မဲ့ online knowledge sharing လေးဖြစ်ပါတယ်ရှင့်
အမက ကွန်ပျူတာတက္ကသိုလ် final year ဖြစ်ပြီး အခုလက်ရှိကျောင်းတော့ဆက်တက်မနေပေမဲ့
University of Greenwich (kmd) မှာ computing နဲ့ final ဆက်တက်နေတာပါ ပြီးတော့အမ 2020 မှာ IT work visa နဲ့ ဂျပန်ကိုသွားဖို့ job offer letter ရခဲ့ပါတယ် ကွန်ပျူတာတက္ကသိုလ်မှာဘွဲ့မယူဖြစ်လိုက်လို့ ဂျပန်မသွားဖြစ်တာပါ ဒါတွေက အမ လိုလို့ထည့်ပြောထားတာပါ အမ IT နဲ့ပတ်သတ်ပြီး လိုအပ်တဲ့ training တွေကို ဂျပန်လူမျိုးတွေဆီက သေချာသင်ထားပြီး ဂျပန်လူမျိုးတွေဆီမှာပဲ interview ကို အစမ်းအနေနဲ့ အများကြီးဖြေပြီးမှ အစိန် interview မှာ ဝင်ဖြေပြီးအောင်မြင်ခဲ့လို့ interview အတွေ့အကြုံတွေရှိပါတယ်နော်

ဒီနေ့ အစီအစဉ်မှာတော့
၁။ IT CV form (履歴書 ကိုဂျပန်လိုရေးနည်းရှင်းပြပေးပါမယ်)
၂။ဂျပန်ရဲ့ IT interview မှာ မေးခွန်းနဲ့ပတ်သတ်ပြီး ပြင်ဆင်ရမဲ့ပုံစံ အကြမ်းဖျင်းရှင်းပြပါ့မယ်
၃။ IT နဲ့ ဂျပန်သွားချင်တဲ့လူတွေ ဘာတွေလိုအပ်မလဲဆိုတာရှင်းပြပေးချင်ပါတယ်
၄။ ဂျပန် interview တွေမှာ ဝတ်ဆင်နေထိုင်ရမဲ့ပုံစံတွေကိုပြောပြပါ့မယ်

နေ့ရက် - ၇.၁.၂၀၂၃ (စနေနေ့)
ညနေ ၅ နာရီ မှ ၆နာရီထိ (၁ နာရီဝန်းကျင်လို့ခန့်မှန်းထားပေမဲ့ အဲ့ထက်လည်း ကြာနိုင်ပါတယ်)

ဘယ်လိုလူတွေ join လို့ရမလဲဆိုတော့ IT နဲ့ ဂျပန်သွားချင်တဲ့စိတ်ဝင်စားတဲ့ဘယ်သူမဆို join လို့ရပါတယ်
ဂျပန်စာ N5 အလယ်လောက်ရောက်နေတဲ့လူကစပြီး join လို့ရပါတယ်
အမ ဒီအစီအစဉ်လေးကို နှစ်သစ်မို့ free လုပ်ပေးတာဖြစ်ပါတယ်

ပါဝင်ချင်တဲ့မည်သူမဆို
1. အမတို့ page ကို like and follow
2. ဒီ post လေးကို like and public share ပြီး comment မှာ မန့် ထားပေးရင် အမ တယောက်ချင်းစီ zoom link လိုက်ပို့ပေးပါမယ်

Photos from Washi Japanese Language Center's post 31/12/2022

နှစ်သစ်ကူးမှာဂျပန်လို Happy New Year လို့ လိုက်နှုတ်ဆက်ကြရအောင်

ဒီနေ့မှာတော့ New Year နဲ့ဆိုင်တဲ့ စကားလုံးလေးတွေ လေ့လာကြည့်ရအောင်နော်

၁။ 新年おめでとうございます㊗️🎉 
Hiragana- しんねんおめでとうございます
Happy New Year!!!

၂။ 良いお年をお迎えください㊗️🎉
Hiragana- よいおとしをおむかえください
Have a good year !!!

၃။ 明けましておめでとうございます⛩🎉
Hiragana - あけましておめでとうございます
Happy New Year!!

၄။ あけおめ 🎉🎉
Happy New Year
ဒါကသူငယ်ချင်းတွေ မိသားစုတွေမှာပဲသုံးတယ်နော် အထက်လူကြီးတွေမသုံးပါရှင် (နံပါတ် ၃ မှာရေးထားတဲ့ဟာလေးရဲ့ အတိုကောက်လေးပါ )

၅။ また来年
Hiragana- またらいねん
See you next year
အမကတော့ သူငယ်ချင်းတွေကိုစပြီးလိုက်ပို့ပြီးပါပြီ 😆😆 12 မထိုးခင်မြန်မြန်လေးလိုက်ပို့နော်

၆။ 今年もよろしくお願いします🤲
Hiragana- ことしもよろしくおねがいします
I look forward to working with you this year
ဆရာ၊ဆရာမတွေ အထက်လူကြီးတွေ team member တွေကို ပို့ဖြစ်အောင်ပို့နော် 👌

၇။ countdown - カウントダウン

၈။ ညနက်သန်းခေါင် - 真夜中
Hiragana- まよなか

၉။ အရက်သောက်ခြင်း - 飲酒
Hiragana- いんしゅ

Washi Japanese Language School လေးကို
အမှတ် ၇၀၁၊ ဇောတရုံလမ်း၊ ၂တောင်ရပ်ကွက် သာကေတမှာဖွင့်လှစ်ထားပြီး အရည်အချင်းပြည့်ဝတဲ့ဆရာ၊ဆရာမတွေဦးဆောင်ကာ သင်ကြားပေးလျက်ရှိပါတယ်

Photos from Washi Japanese Language Center's post 31/12/2022

ဂျပန်မှာ စက်ဘီးစီးတော့မယ်ဆိုရင် 👉👉👉
ဂျပန်ကိုသွားတော့မယ်ဆိုရင် စက်ဘီးစီးတတ်ဖို့တော့လိုပါတယ်နော်
စူပါမားကတ်မှာဈေးဝယ်ဖို့ part time သွားဖို့ အလုပ်သွားဖို့ဆိုရင် ရထားနဲ့လည်းသွားလို့ရပေမဲ့ rush hour အချိန်လေးတွေဖြစ်တဲ့ မနက် ၇နာရီကနေ ၉ နာရီထိရယ်
ညနေ ၅ နာရီကနေ ၇ နာရီထိမှာတော့ ရထားတွေဟာအရမ်းကျပ်ပါတယ် admin ကိုယ်တိုင် မတော်တဆခြေထောက်အနင်းခံရဖူးပါတယ် 😨 ဒါ့အပြင် ဘူတာနဲ့ဝေးတဲ့နေရာတွေမှာနေတဲ့လူတွေအတွက် စက်ဘီးလေးကမရှိမဖြစ်ပါ
ကဲ ဒါဆိုရင်ဂျပန်မှာ စက်ဘီးစီးတော့မယ်ဆိုရင်တော့ ဂျပန်ရဲ့စည်းကမ်းချက်လေးတွေအတိုင်း စီးမှရပါမယ်နော်
စည်းကမ်းမလိုက်နာရင် ဒဏ်ငွေကောက်ခံတာတွေရှိတဲ့အတွက် မလိုက်နာလို့မရပါဘူး

၁။ စက်ဘီးရဲ့ကယ်ရီခုံမှာ လူတင်စီးခြင်း

မြန်မာမှာတော့ ကိုယ့်ရဲ့ချစ်သူကိုစက်ဘီးပေါ်တင်ပြီး နင်းတာက ရိုမန့်တစ်ဆန်ပေမဲ့ ဂျပန်မှာကတော့ ဒဏ်ငွေဆောင်ရနိုင်ပါတယ်
ဒါပေမဲ့ အထူးခွင့်ပြုချက်အနေနဲ့ အသက်၆ နှစ်အောက်ဖြစ်တဲ့ကလေးတွေကိုတော့ helmet ဆောင်းထားရင်စက်ဘီးအနောက်မှာ ကလေးထိုင်ခုံလေးတပ်ပြီး စီးခွင့်ပြုပါတယ်

၂။ စက်ဘီးနှစ်စီးဘေးချင်းယှဉ်စီးခြင်း

သူငယ်ချင်းနှစ်ယောက်စကားပြောပြီး ဘေးချင်းယှဉ်စီးတဲ့ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာဆိုရင်တော့မထူးဆန်းပါဘူး ဒါပေမဲ့ သင်အခုနေတာဂျပန်နိုင်ငံသာဆိုရင်တော့ ဒီကိစ္စဟာထူးဆန်းသွားပါပြီ ဒီလိုစက်ဘီးစီးခြင်းကိုဂျပန်မှာ ခွင့်ပြုမထားပါဘူး

၃။ နားကြပ်တပ်ရင်း (သို့မဟုတ်) ဖုန်းပြောရင်း စက်ဘီးစီးခြင်း

ရုပ်ရှင်တွေထဲမှာလို နားကြပ်လေးတပ်ရင်း စက်ဘီးစီးချင်တယ်ဆိုရင်တော့ ဂျပန်ဟာသင့်အတွက်မဟုတ်ပါဘူး ဂျပန်မှာအီလက်ထရောနစ်ပစ္စည်းတွေသုံးရင်း စက်ဘီးစီးခြင်းကို တားမြစ်ထားပါတယ်

၄။ ထီးကိုလက်တဖက်ကကိုင်ပြီး စက်ဘီးစီးခြင်း

မိုးရွာနေတုန်းစက်ဘီးစီးမယ်ဆိုရင်တော့ ထီးအစား မိုးကာကိုသုံးမှ အဆင်ပြေမှာပါ မဟုတ်ရင်တော့ ဒဏ်ငွေဆောင်ရနိုင်ပါတယ်

၅။ အရက်သောက်ရင်း စက်ဘီးစီးခြင်း

နိုင်ငံတော်တော်များများမှာ ကားမောင်းမဲ့သူတွေကိုသာ အရက်မသောက်ဖို့ တိုက်တွန်းနေကြပေမဲ့ ဂျပန်နိုင်ငံမှာတော့ ကားဖြစ်ဖြစ် စက်ဘီးဖြစ်ဖြစ် မောင်းတော့မယ်ဆိုရင် အရက်မသောက်မှ အိုကေမှာပါ

၆။ စက်ဘီးစီးမည့်နေရာမရှိသည့်လမ်းတွေစက်ဘီးစီးခြင်း

ဂျပန်မှာဆိုရင် စက်ဘီးစီးဖို့လမ်းသက်သက်မပေးထားတဲ့လမ်းမကြီးတွေရှိတတ်ပါတယ် အဲ့လိုနေရာတွေမှာကတော့ လမ်းရဲ့ဘယ်ဖက်ခြမ်းလေးကို ကပ်ပြီးနင်းရမှာဖြစ်ပါတယ်

ဒီလောက်ဆိုရင်တော့ ဂျပန်နဲ့ရဲ့စက်ဘီးနဲ့ဆိုင်တဲ့ law တွေအကြောင်း တော်တော်များများနားလည်သွားပြီလို့ထင်ပါတယ်

Washi Japanese Language School လေးကို
အမှတ် ၇၀၁၊ ဇောတရုံလမ်း၊ ၂တောင်ရပ်ကွက် သာကေတမှာဖွင့်လှစ်ထားပြီး အရည်အချင်းပြည့်ဝတဲ့ဆရာ၊ဆရာမတွေဦးဆောင်ကာ သင်ကြားပေးလျက်ရှိပါတယ်

Photos from Washi Japanese Language Center's post 30/12/2022

ဂျပန်မှာပဲရှိတဲ့ ထူးခြားတဲ့ sticker များ
အားလုံးပဲမင်္ဂလာပါ
ဒီနေ့မှာတော့ ဂျပန်ကကားတွေပေါ်မှာတွေ့ရလေ့ရှိတဲ့ ထူးခြားတဲ့ sticker လေးတွေအကြောင်းကို
မသိသေးတဲ့လူတွေအတွက် sharing လုပ်ပေးချင်ပါတယ်
ဒီStickers လေးတွေကတော့ အကြမ်းဖျင်းအားဖြင့်လေးမျိုးရှိပါတယ်

၁။ wakaba / shoshinsha (Beginner Mark)
ဒီ sticker လေးဟာဆိုရင် အခုမှ ယဉ်မောင်းလိုင်စင်ရထားတဲ့လူတွေ ကပ်ရတဲ့ sticker လေးပါ
(Sticker ၏ အဓိပ္ပာယ်မှာ - သက်တမ်းနုသေးသည်၊ အခုမှယာဉ်စမောင်းတာပါ) ဟူသော အဓိပ္ပာယ်ရပြီး
၁ နှစ် တိတိ ကား၊ ဆိုင်ကယ်ရဲ့ အရှေ့နှင့်အနောက်တွင်ကပ်ထားရပါတယ်

၂။ Koreisha / Momiji/ Yotsuba Mark
Senior Driver Sticker
ဒီ sticker လေးကို အသက်အရွယ်ကြီးတဲ့ယာဉ်မောင်းနှင်သူတွေ ကပ်ရပါတယ်
အသက် ၇၀ နှင့်အထက် ဆိုရင် ဒါလေးကပ်ရပါမယ်နော်
2011 မတိုင်ခင်မှာတော့ မျက်ရည်ပုံစံ design လေး အသုံးပြုခဲ့ပေမဲ့ အဲ့နောက်ပိုင်းမှာတော့ clover အရွက်ပုံစံလေးကို အစားထိုးအသုံးပြုလာပါတယ်

၃။ Choukaku Shougai Mark
Hearing Impaired Driver Sticker
ဒီ sticker လေးကိုတော့ နားမကြားရတဲ့လူတွေ၊ နားနဲ့ပတ်သတ်ပြီး ချို့ယွင်းချက်ရှိတဲ့လူ၊ နားသိပ်မကောင်းတဲ့ ယာဉ်မောင်းဆရာကြီးတွေ ကပ်ရပါတယ်

၄။ Shintai Shougai Mark - Handicapped Driver Sticker
ဒီ sticker လေးကိုတော့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့သူတွေအတွက် ကပ်ရန်ဖြစ်ပါတယ်

ဒီ Mark လေးတွေကတော့ ဂျပန်မှာ ခဏခဏတွေ့မြင်ရမဲ့ အမှတ်ကလေးတွေပဲဖြစ်ပါတယ်
ဒါဆိုရင်တော့ ဒီဟာလေးတွေနဲ့ပတ်သတ်ပြီး နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်

ကျေးဇူးတင်ပါတယ်ရှင်

28/12/2022

Speaking class ကို လူ အယောက် ၄၀ တိတိမှာ စာရင်းပိတ်လိုက်ပါပြီ
နောက် အတန်းအတွက် အမ မနက်ဖြန် ကြေငြာပေးမှာဖြစ်တဲ့အတွက် ဒီအတန်းမမှီလိုက်တဲ့သူငယ်ချင်းတွေကို နောက်တတန်းအတွက် စောစောစာရင်းပေးဖို့ပြောပေးကြပါဦးနော်
အားလုံးအတွက် အကောင်းဆုံး အမတို့ဖက်က ပြင်ဆင်ထားပါ့မယ်

こんばんは
အမတို့ speaking class အတွက် အယောက် ၃၀ ပဲသင်ဖို့စဉ်းစားထားထားပါ
ဒါပေမဲ့ သူငယ်ချင်းညွှန်းပေးလို့ လာအပ်ကျတာနဲ့တင် ၂၄ ယောက်ဖြစ်နေပါပြီ ညွှန်းပေးလိုက်တဲ့သူငယ်ချင်းကိုလည်းတကယ်ကျေးဇူးတင်ပါတယ်နော် သေချာသင်ပေးလိုက်ပါ့မယ် အမကိုတက်မယ်ဆိုပြီး စာရင်းမပေးရသေးဘဲ ကျန်နေသူများ စာရင်းပေးကြပါနော်

နောက်ထပ် နဲနဲလက်ခံပြီးတာနဲ့ စာရင်းလေးပိတ်ခွင့်ပြုပါ

နောက်တတန်းကိုတော့ ရက်မစီစဉ်ရသေးပေမဲ့ အမ ထပ်ဖွင့်ပေးဦးမှာပါ fees လေးကတော့ ဒီ batch လိုမရတော့ဘူးပေါ့နော်

အမတို့အခုဖွင့်ထားတဲ့အတန်းများသည် offline ဖြစ်ပါတယ် သင်တန်းကျောင်းမှာသင်မှာပါနော် ၇ရက်နေ့ မနက် ၉ နာရီ စမှာဖြစ်ပါတယ်

လောလောဆယ် ဘာမှယူလာစရာမလိုပါဘူး
ရေးမှတ်မဲ့ note စာအုပ် ခဲတံ ယူလာရင်ရပါပြီ

တခုလောက်ထပ်ပြောချင်တာက အမတို့ နှစ်လစာပေါင်း ၁၅၀၀၀ ပါနော် သင်တန်းတက်တဲ့နေ့မှပေးလို့ရပါတယ်

အမ သင်ထောက်ကူပစ္စည်းတွေ သင်ရိုးတွေပြင်ထားပါ့မယ်

Revision class အတွက်လည်းသင်ရိုးတွေ test တွေ အကုန် ပြင်ဆင်ထားပြီးပါပြီ စာကူကျက်ပေးပြီး စာမေးမဲ့အတန်းလေးဖြစ်ပါတယ် စာတွေကို အစအဆုံး မသင်ပေးပါဘူးနော် မရတဲ့ဟာရှင်းပေးပြီး စာတွေလုပ်ခိုင်းမဲ့အတန်းဖြစ်ပါတယ် သင်မဲ့ဆရာကလည်း စည်းကမ်းကြီးလို့ စာမလုပ်လို့မရပါဘူး kotoba တွေ kanji တွေ grammar တွေကို အတန်းချိန်တိုင်းမှာ test စစ်ပါမယ် ု

အမတို့သင်တန်းကို YBS 89, 70, 34, 5 ရောက်ပါတယ်
အောက်ဆိုဒ်ကားတွေလည်း ပေါပါတယ်နော်
မြင်တော်သာလမ်း စာတိုက်မှတ်တိုင် မှာ ဆင်းပြီး မျက်နှာချင်းဆိုင်လမ်းထဲကို ၁ မိနစ်လမ်းလျှောက်ရင် သင်တန်းကျောင်းကိုရောက်ပါပြီနော်
ကားထားလို့ရတဲ့ parking လည်းရှိသလို စက်ဘီးတွေလည်း ထားလို့ရတဲ့နေရာကျယ်ကျယ်ဝန်းဝန်းရှိပါတယ်
သော့လေးတော့ခတ်ခဲ့ရပါမယ်နော်

27/12/2022

こんばんは
အမတို့ speaking class အတွက် အယောက် ၃၀ ပဲသင်ဖို့စဉ်းစားထားထားပါ
ဒါပေမဲ့ သူငယ်ချင်းညွှန်းပေးလို့ လာအပ်ကျတာနဲ့တင် ၂၄ ယောက်ဖြစ်နေပါပြီ ညွှန်းပေးလိုက်တဲ့သူငယ်ချင်းကိုလည်းတကယ်ကျေးဇူးတင်ပါတယ်နော် သေချာသင်ပေးလိုက်ပါ့မယ် အမကိုတက်မယ်ဆိုပြီး စာရင်းမပေးရသေးဘဲ ကျန်နေသူများ စာရင်းပေးကြပါနော်

နောက်ထပ် နဲနဲလက်ခံပြီးတာနဲ့ စာရင်းလေးပိတ်ခွင့်ပြုပါ

နောက်တတန်းကိုတော့ ရက်မစီစဉ်ရသေးပေမဲ့ အမ ထပ်ဖွင့်ပေးဦးမှာပါ fees လေးကတော့ ဒီ batch လိုမရတော့ဘူးပေါ့နော်

အမတို့အခုဖွင့်ထားတဲ့အတန်းများသည် offline ဖြစ်ပါတယ် သင်တန်းကျောင်းမှာသင်မှာပါနော် ၇ရက်နေ့ မနက် ၉ နာရီ စမှာဖြစ်ပါတယ်

လောလောဆယ် ဘာမှယူလာစရာမလိုပါဘူး
ရေးမှတ်မဲ့ note စာအုပ် ခဲတံ ယူလာရင်ရပါပြီ

တခုလောက်ထပ်ပြောချင်တာက အမတို့ နှစ်လစာပေါင်း ၁၅၀၀၀ ပါနော် သင်တန်းတက်တဲ့နေ့မှပေးလို့ရပါတယ်

အမ သင်ထောက်ကူပစ္စည်းတွေ သင်ရိုးတွေပြင်ထားပါ့မယ်

Revision class အတွက်လည်းသင်ရိုးတွေ test တွေ အကုန် ပြင်ဆင်ထားပြီးပါပြီ စာကူကျက်ပေးပြီး စာမေးမဲ့အတန်းလေးဖြစ်ပါတယ် စာတွေကို အစအဆုံး မသင်ပေးပါဘူးနော် မရတဲ့ဟာရှင်းပေးပြီး စာတွေလုပ်ခိုင်းမဲ့အတန်းဖြစ်ပါတယ် သင်မဲ့ဆရာကလည်း စည်းကမ်းကြီးလို့ စာမလုပ်လို့မရပါဘူး kotoba တွေ kanji တွေ grammar တွေကို အတန်းချိန်တိုင်းမှာ test စစ်ပါမယ် ု

အမတို့သင်တန်းကို YBS 89, 70, 34, 5 ရောက်ပါတယ်
အောက်ဆိုဒ်ကားတွေလည်း ပေါပါတယ်နော်
မြင်တော်သာလမ်း စာတိုက်မှတ်တိုင် မှာ ဆင်းပြီး မျက်နှာချင်းဆိုင်လမ်းထဲကို ၁ မိနစ်လမ်းလျှောက်ရင် သင်တန်းကျောင်းကိုရောက်ပါပြီနော်
ကားထားလို့ရတဲ့ parking လည်းရှိသလို စက်ဘီးတွေလည်း ထားလို့ရတဲ့နေရာကျယ်ကျယ်ဝန်းဝန်းရှိပါတယ်
သော့လေးတော့ခတ်ခဲ့ရပါမယ်နော်

27/12/2022

အခြားဘယ်ကျောင်းမှာမှမရနိုင်တဲ့ ဝန်ဆောင်မှုလေးတွေကိုအသိပေးချင်ပါတယ်
၁။ အလုပ်လျှောက်ခြင်း
အမတို့ကျောင်းမှာ ဂျပန် work visa (IT and engineering) အတွက် လိုအပ်တဲ့ CV form 履歴ပြင်ဆင်ရာမှာဂရုစိုက်ရမဲ့အချက်လေးတွေကိုဆွေးနွေးစစ်ဆေးပေးပါတယ်
ဆွေးနွေးပေးမဲ့သူများကတော့ (အခုလက်ရှိ Japan မှာ work visa နဲ့အလုပ်လုပ်နေသူ၊ work visa နဲ့ job offer letter ) ရထားပြီးသူများမှ ဆွေးနွေးပေးမှာပါ
ဆွေးနွေးခလေးကိုတော့ cb မှာ လာရောက်တိုင်ပင်နိုင်ပါတယ်

၂။ scholarship အတွက် ပြင်ဆင်ခြင်း
ဂျပန်နိုင်ငံမှာ scholarအတွက် ဂျပန်ဘာသာနဲ့ရော eng ဘာသာအရည်အချင်းနဲ့ပါလျှောက်နိုင်ပါတယ်
Scholar အတွက် လိုအပ်တဲ့စာရွက်စာတမ်းပြင်ဆင်မှုဆိုင်ရာများ၊ master thesis plan အကြံပေး၊ final documents တွေကို စစ်ဆေးပေးပါတယ်
အကြံပေးစစ်ဆေးမဲ့သူကတော့ 2017 ခုနှစ်မှာ ဂျပန်နိုင်ငံ ရဲ့ master တန်းအတွက် MEXT scholarship ရထားပြီး 2020 မှာ PhD တန်းအတွက် iwatani scholarship ထပ်ရထားတဲ့ ဂျပန်မှ အမက စစ်ဆေးပေးမှာပါ အမက အခုလက်ရှိ PhD final year engineering ကိုတက်ရောက်နေတာဖြစ်ပါတယ်
ဒီနေရာမှာတော့ English နဲ့ပတ်သတ်တဲ့ grammar checking တွေကို စစ်ပေးတာလည်းပါပါတယ် တခုရှိ
တာကတော့ အစအဆုံးရေးပေးမှာမဟုတ်ဘဲ စစ်ပေးတာပဲလုပ်မဲ့ service လေးဖြစ်ပါတယ်နော်
ကိုယ့်အမလိုသဘောထားပြီး တိုင်ပင်လို့ရမဲ့အမပါနော်

၃။ interview အတွက် ပြင်ဆင်ခြင်း
ကျောင်း (undergraduate or graduate) interview အတွက် ပြင်ဆင်ထားသင့်တဲ့မေးခွန်းတွေ၊ IT or engineering အလုပ် interview တွေမှာ မေးတတ်တဲ့ မေးခွန်းလေးတွေကိုလေ့ကျင့်ပေးမှာပါ
(ဂျပန်ဘာသာ interview ဒါမှမဟုတ် eng ဘာသာ interview ကြိုက်နှစ်သက်ရာနဲ့လေ့ကျင့်လို့ရပါတယ်)

၄။ interview အစမ်းဖြေဆိုခြင်း
ဒါကတော့ဂျပန်မှာရှိတဲ့ ဂျပန်လူမျိုး native တွေဆီမှာ မိနစ် ၂၀ စာ interview အစမ်းဖြေခွင့်ရမှာဖြစ်ပါတယ် ဒါ့အပြင် eng လိုဖြေချင်ရင်လည်း အတွေ့အကြုံရှိတဲ့ eng စာ ဆရာတွေဆီမှာ စမ်းဖြေကြည့်လို့ရပါတယ် interview ပြီးသွားတဲ့အခါ လိုအပ်ချက်တွေကိုပါပြောပြပေးမှာပါနော် ဒါလေးက ကိုယ်သွားချင်တဲ့ visa အပေါ်မူတည်ပြီး fees အပြောင်းအလဲရှိပါတယ်

အပေါ်က service တွေကို အမတို့နဲ့ လုပ်ချင်တယ်ဆိုရင်တော့ နှစ်ပတ်ကြိုတင်ပြီး cb မှာ booking လုပ်ပေးရပါမယ် ကျောင်းသားတွေရဲ့အချက်အလက်များ 100% ပေါက်ကြားခြင်းမရှိစေရပါနော်
Essay-checking အစရှိတဲ့ အလုပ်သေးသေးလေးအပ်မယ်ဆိုရင်တောင် အမတို့ဘက်ကဆရာမအချိန် အဆင်ပြေရင် ချိတ်ပေးပါတယ်
Booking ညှိပြီးတာနဲ့ အလုပ်လက်ခံမဲ့ ဆရာ၊ဆရာမတွေရဲ့ portfolio ကိုပို့ပေးသွားမှာပါ fees ကို အရင်ပေးချေပြီး ဆွေးနွေးလို့ရပါပြီနော်

ဒီ services လေးတွေကတော့ online ကနေဘဲ လုပ်လို့ရမှာဖြစ်ပါတယ်
Fees ကတော့ MMK, yen နှစ်ခုလုံးလက်ခံပါမယ်
အမရဲ့ကျောင်းသားတွေထဲက ဒီ service တွေလုပ်ချင်တဲ့သူတွေဆိုရင်တော့
အမနဲ့အရင်အကြမ်းဖျင်း free တိုင်ပင်လို့ရပါတယ်
Professional တွေနဲ့တိုင်ပင်မယ်ဆိုရင်တော့ 5% off ပေးမှာဖြစ်ပါတယ်

အမကိုယ်တိုင် IT work visa interview, ကျောင်း interview အစရှိတာတွေကိုဖြေဖူးပြီး အောင်မြင်ခဲ့ဖူးတဲ့အတွေ့အကြုံတွေကို အခြေခံပြီး ဒီ services လေးတွေကို စတင်လိုက်တာဖြစ်ပါတယ် ပိုက်ဆံလိုချင်တာစတင်တာမဟုတ်ဘဲ ဒုက္ခရောက်နေတဲ့လူတွေ မေးရမဲ့ senior မရှိတဲ့သူတွေအတွက် တကယ်ကို support လုပ်ချင်လို့ စတင်လိုက်တဲ့ အမတို့ကျောင်းမှာပဲရနိုင်မဲ့ services များပဲဖြစ်ပါတယ် အားနာစရာမလိုဘဲမေးလို့ရမှာဖြစ်ပါတယ်
အမတို့ကျောင်းမှာ training နဲ့ tokutei agency များနဲ့လည်းချိတ်ပေးပါတယ် အခုလက်ရှိ အမတို့ဘက်က အချက်အလက်ပြည့်စုံတာနဲ့အသိပေးသွားပါမယ်

Booking အတွက်မေးချင်တာများ 09794539435 အမဖုန်းကိုဆက်သွယ်လို့ရသလို
အမှတ် ၇၀၁၊ ဇောတရုံလမ်း ၊ ၂တောင်ရပ်ကွက်၊သာကေတ သို့လာပြီးလည်း booking အတွက် ညှိလို့ရပါတယ် အမရှိတဲ့အချိန်လာချင်ရင်တော့ကြိုပြီး ဖုန်းလည်းဆက်ထားပေးနော်

Photos from Washi Japanese Language Center's post 26/12/2022

N5 and N4 books တွေအတွက် ကံထူးသွားတဲ့နှစ်ယောက်ပါရှင့် 🍀🍀
အမ အလုပ်ရှုပ်နေလို့ နဲနဲနောက်ကျသွားပါတယ်

မဲပေါက်သွားတဲ့နှစ်ယောက်က မနက်ဖြန် ည ၈ နာရီနောက်ဆုံးထားပြီး page cb ကိုလာပေးပါရှင့်
Page cb မှာ လာရောက်မဆက်သွယ်ထားရင်တော့ နောက်တယောက်ကိုမဲဖောက်သွားမှာဖြစ်တဲ့အကြောင်းအသိပေးပါရစေနော် 🍀
Giveaway post ကို public share ထားပြီး N5 speaking or revision class တက်ချင်ရင်တော့ 10% discount နဲ့တက်ခွင့်ရမှာဖြစ်ပါတယ်

Photos from Washi Japanese Language Center's post 25/12/2022

ဂျပန်စာကို တစ်သောင်းထဲနဲ့ သင်ကြမယ်
ဒီနေ့က admin ရဲ့မွေးနေ့မို့လို့ ဂျပန်စာသင်တန်းလေးတွေကို ၁၀၀၀၀ ကျပ်ထဲနဲ့ တက်ခွင့်ရမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ 👇
၁။ speaking class (N5)
ဘယ်လိုလူတွေတက်သင့်လဲဆိုတော့ N5 ပြီးထားပြီး speaking မလုပ်ဖူးတဲ့လူ၊ N5 သင်ခန်းစာတွေကို စာတွေ့ပဲရပြီး လက်တွေ့မရတဲ့လူတွေအတွက် ရည်ရွယ်ပြီးဖွင့်ပေးတာဖြစ်ပါတယ်
ဒီ class က အမ online မှာသင်ရင် တလ 35000 နဲ့မှ တက်လို့ရမဲ့အတန်းလေးပါ ဒါပေမဲ့ ဒီတခါပဲ 10000 နဲ့ အားလုံးကိုတက်စေချင်လို့ဖွင့်ပေးတာဖြစ်ပါတယ်
ℹ️ကာလ - ၂လကြာမှာပါ (ပထမလကို ၁၀၀၀၀ ပဲကျမှာဖြစ်ပြီး ဒုတိယလမှာတော့ ၅၀၀၀ ပဲယူမှာဖြစ်ပါတယ်) ၂ လ လုံးမှ ၁၅၀၀၀ ဆိုတာ အရမ်းတန်ပါတယ်နော်
ℹ️အချိန် - စနေ တနင်္ဂနွေ (မနက် ၉ နာရီမှ ၁၁ နာရီ အထိဖြစ်ပါတယ် )
သင်ထောက်ကူလေးတွေနဲ့သင်ရမဲ့အပြင် presentations လုပ်တာတို့ အုပ်စုလိုက်စကားပြောတာတို့လုပ်ရမှာဖြစ်ပါတယ် သင်ရိုးကတော့ အပြင်သင်ရိုးအတိုင်းသင်မှာပါ ဘာဖတ်စာအုပ်မှမလိုပါဘူးနော်

၂။ N5 revision class
N5 ကို revision ပြန်လုပ်ချင်တယ် စာမရသေးလို့ပါဆိုတဲ့သူတွေအတွက် N5 revision class ကိုတက်မယ်ဆိုရင်ကျိန်းသေနောင်တမရပါဘူးနော်
ℹ️ကာလ - ၃လ (ဒီအတန်းလေးကတော့ တလ ၁၀၀၀၀ နဲ့ ၃လအတွက် ၃၀၀၀၀ ပေးရမှာဖြစ်ပါတယ် ၃၀၀၀၀ လုံး တခါထဲပေးရင် 10% ရဦးမှာပါ)
ℹ️အချိန် - စနေ တနင်္ဂနွေ ၁၁ နာရီမှ ၁ နာရီထိဖြစ်ပါတယ်) N5 ပြီးပေမဲ့ စာမရသေးတဲ့လူတွေကို စာကူကျက်ပေးပြီး စာမေးမဲ့အတန်းဖြစ်ပါတယ်
အပတ်စဉ်အိမ်စာပေးပြီး စာမေးမှာပါ စာလိုက်လုပ်ဖို့တော့ကျိန်းသေလိုပါတယ်နော် ၃လအတွင်း test 5ခုဖြေရမှာဖြစ်ပြီး နောက်ဆုံးလမှာတော့ မေးခွန်းဟောင်း၃စုံလေ့ကျင့်ပေးမှာပါ

ဒါ့အပြင် revision + speaking class တက်မယ်ဆိုရင်တော့ နှစ်ခုပေါင်းလေးသောင်းခွဲတန်အတန်းကို လေးသောင်းနဲ့သင်လို့ရမှာဖြစ်ပါတယ်နော်

သင်တန်းကြေးသက်သက်သာသာနဲ့ သင်မှာဆိုတော့ သင်မဲ့လူတွေကအရည်အချင်းရောရှိရဲ့လားဆိုတဲ့မေးခွန်းအတွက် သင်မဲ့ ဆရာမရဲ့ profile လေးကိုရှင်းပြပေးပါမယ်
ဆရာမက N5 ကနေ N3ထိကို ကွန်ပျူတာတက္ကသိုလ်မှာ ဂျပန်လူမျိုးတွေဆီက တိုက်ရိုက်သင်ယူခဲ့သူဖြစ်ပါတယ်။ IT work visa နဲ့ ကျောင်းပြီးထားပေမဲ့ ယခုအခြေအနေများကြောင့် သွားရမဲ့အစီအစဉ်ကိုရွှေ့ထားတာဖြစ်ပါတယ်။ အဲ့ဒါအပြင် N3 passed N2 ဖြေထားပြီး N1 လေ့လာနေဆဲလည်းဖြစ်ပါတယ်နော်
စာသင်သက်၂ နှစ်ကျော်ရှိနေပြီး ဂျပန်မှာ PhD တက်နေတဲ့ နိုင်ငံခြားသားကျောင်းသားများကိုလည်း N5 to N3 သင်ပေးခဲ့ဖူးပြီး လက်ရှိလည်းသင်ပေးနေဆဲဖြစ်ပါတယ်နော် ဒါ့အပြင် Japan Foundation ကနေလည်း speaking class training အတွက် certificate ရထားပါသေးတယ်နော်🥳

ဒါ့အပြင် ဆရာမနဲ့အတူသင်မဲ့ဆရာကလည်း N3 passed N2 လေ့လာနေဆဲဖြစ်တဲ့အပြင် စာသင်သက်အတွေ့အကြုံ ၁ နှစ်ကျော် ရှိသူဖြစ်ပါတယ်နော်

သင်တန်းနေရာ - အမှတ်၇၀၁၊ ဇောတရုံလမ်း ၊ ၂တောင်ရပ်ကွက် သာကေတမြို့နယ် ရန်ကုန်မြို့
(မြင်တော်သာလမ်း၊ စာတိုက်မှတ်တိုင်မှာဆင်းရင် ၁ မိနစ်ပဲလမ်းလျှောက်ရမှာပါ)

အတန်းတက်ချင်ရင်တော့
09794539435 ကိုဆက်သွယ်ပြီးစာရင်းပေးနိုင်တဲ့အပြင် page cb မှာလည်း ဆက်သွယ်လို့ရပါတယ်
သင်တန်းကျောင်းမှာကိုယ်တိုင်လာအပ်မယ်ဆိုရင်လည်းရပါတယ် ဖုန်းလေးကြိုဆက်ပြီးလာခဲ့လို့ရပါတယ်နော်
ကျောင်းအပ်ရင် အမတို့ဖက်က speaking အတွက် သင်ထောက်ကူလေးတွေပြင်ပေးထားမှာမို့လို့ စာရင်းပေးပြီး cancel လေးတော့မလုပ်ကြ
ပါနဲ့နော်
အမတို့ဒီအတန်းပြီးသွားရင်တော့နောက်အတန်းတွေက ပုံမှန် သင်တန်းကြေးနဲ့ပဲဖွင့်မှာမို့လို့ လူမပြည့်ခင်ကြိုပြီး စာရင်းပေးထားဖို့တော့လိုပါတယ်နော်

Photos from Washi Japanese Language Center's post 11/12/2022

Special Giveaway လေးလာပါပြီရှင်
အမတို့ရဲ့ Washi ဂျပန်စာသင်တန်းကျောင်းလေးကို online ကနေသင်ကြားပေးနေရာက အပြင်သင်တန်းအဖြစ် သာကေတ ၂ တောင်ရပ်ကွက်မှာ ဖွင့်လွှင့်သွားတော့မှာဖြစ်ပါတယ်ရှင့် …
သင်တန်းကျောင်းစဖွင့်ခြင်းအမှတ်တရအနေနဲ့ special giveaway ပေးသွားမှာဖြစ်ပါတယ်

၁။ ပထမဆုံး မဲဖောက်ပေးမှာကတော့ ဂျပန်စာစာအုပ်လေးတွေဖြစ်ပါတယ်
setAအနေနဲ့ N5 အတွက် အလိုအပ်ဆုံးဖြစ်တဲ့ စာအုပ်တွေကို beginner တွေအတွက်လေ့လာဖို့ပေးမှာပါ

set B အနေနဲ့လည်း N4 အတွက် မပါမဖြစ်စာအုပ်လေးတွေထည့်ပေးထားပါတယ်
စာအုပ်တွေအကုန်လုံးက 100% အသစ်ဖြစ်ပြီး အိမ်တိုင်ရာရောက် ပို့ပေးမှာဖြစ်ပါတယ်
👉ပို့ဆောင်ခကိုတော့ မဲပေါက်တဲ့လူဖက်မှရှင်းပေးပါနော်

၂။ ဒုတိယ special item လေးကတော့ ဒီသုံးလအတွင်း သင်တန်းကျောင်းကို လာအပ်မဲ့သူတွေအတွက် 10% discount ပေးမှာပါ ဒီdiscount လေးကတော့ ဘယ်အတန်းအတွက်မဆိုရမှာဖြစ်ပါတယ်

ဒါဆို ဒီ giveaway မှာပါဝင်ဖို့ဘာတွေလိုမလဲဆိုတော့ …
၁။ ဒီ page လေးကို like လုပ်ထားပေးပါ
၂။ ဒီ post လေးကို like and public share လေးလည်းလုပ်ရမယ်နော်
၃။ လိုချင်တဲ့စာအုပ် N5 ဒါမှမဟုတ် N4ကို comment လေးမှာမန့်ပေးရပါမယ်👇
အားလုံးပြည့်စုံတဲ့လူကို ဒီ ၂၅ ရက်နေ့ Christmas အမမွေးနေ့လေးမှာမဲနိူက်ပေးသွားမှာပါ
edit: 26ရက်နေ့လေးပြောင်းထားပါတယ်နော် ၂၅ရက်နေ့ အမ မအားမှာစိုးလို့ပါ

10% discount အတွက်ကတော့ public နဲ့ share ထားတာလေးကိုပြပေးပြီး ဒီသုံးလအတွင်း သင်တန်းလာအပ်ရင် လျှော့ပေးပါမယ်နော်
အားလုံးပဲကျန်းမာပျော်ရွှင်ပြီးဂျပန်စာကိုစာမေးပွဲအောင်ရုံတင်မဟုတ်ဘဲ လက်တွေ့အသုံးချတဲ့အထိတတ်မြောက်နိုင်ကြပါစေရှင်

11/12/2022

အားလုံးပဲ မင်္ဂလာပါရှင့်
ဒီနေ့မှာတော့ Dictionary application လေးနဲ့ပတ်သတ်ပြီး sharing လုပ်ပေးချင်ပါတယ်
Application နာမည်က Shirabe Jisho ဖြစ်ပါတယ်
ဒီ application လေးကတော်တော်လေးစုံပြီး ဂျပန်စာသင်နေတဲ့ ဆရာ၊ဆရာမတွေရော ကျောင်းသားတွေပါအသုံးပြုဖို့တိုက်တွန်းပေးချင်ပါတယ်
Video ထဲမှာတော့ application နဲ့ပတ်သတ်ပြီး စုံလင်အောင်ရှင်းပြပေးထားပါတယ်

11/12/2022

အားလုံးပဲ မင်္ဂလာပါရှင့်

အမတို့ရဲpage လေးကို Meji Japanese Language Center မှ Washi Japanese Language Center အဖြစ် နာမည်ပြောင်းထားပါတယ်

ဒီနာမည်လေးနဲ့ပဲ သင်တန်းကျောင်းတွေဆက်လက်ဖွင့်လှစ်ပြီး knowledge sharing တွေ ဆက်လုပ်ပေးသွားမှာပါ
🎄🎄🎄🎄
ဒါ့အပြင် ဒီညနေမှာ အကုန်လုံးအတွက် giveaway post လေးတင်မှာမို့လို့ စောင့်ကြည့်ပေးကြပါဦးနော်
ကျေးဇူးတင်ပါတယ်ရှင့်

Học tiếng nhật online, luyện thi tiếng nhật online, thi thử tiếng nhật online 04/12/2022

Edit : JLPT အဖြေ link တွေအကုန်ထပ်ထည့်ပေးထားပါတယ်
JLPT အဖြေတိုက်ချင်ရင် အောက်က link မှာ တိုက်လို့ရပါတယ်

https://www.luyenthitiengnhat.edu.vn/mod/page/view.php?id=3490&fbclid=IwAR3AFZ-oQK3enCIOFmdG2-gwqixwHx3H3Oz7iEYfb06WICY2qXFQplbzO2E

https://unojapano.com/category/jlpt-answers/

Update လုပ်နေတုန်းမို့ အကုန်မမြင်ရသေးပါဘူးနော် ဒီညလောက်ဆို တော်တော်များများတိုက်လို့ရပါပြီ
ဒါက official အဖြေမဟုတ်တော့ လွဲကောင်းလွဲနိုင်ပေမဲ့ တော်တော်များများမှန်ပါတယ် အဖြေနံပါတ်ပဲပါလို့ အဖြေမှတ်လာတဲ့လူတွေဆို ပိုအဆင်ပြေပါတယ်

Youtube မှာလည်း မေးခွန်းရော အဖြေရော ပါတဲ့ video တွေ မကြာခင်ရတော့မှာပါနော်
Listening လည်း script နဲ့အတူတင်တာတွေ တဖြည်းဖြည်းချင်း စုံလာပါလိမ့်မယ် ဖြေထားတာလေးတွေ မမေ့လိုက်နဲ့ဦးနော် …😸

Học tiếng nhật online, luyện thi tiếng nhật online, thi thử tiếng nhật online học tiếng nhật online miễn phí, luyen thi tieng nhat, jlpt n5, n4, n3, n2, n1, thi thu tieng nhat luyen thi nat test, tọp, j test

03/12/2022

JLPT နဲ့ပတ်သတ်ပြီးမေးခွန်းတွေအများကြီးတွေ့လို့ သိသလောက်အတွေ့အကြုံအရဖြေပေးပါ့မယ်
❓နာမည်မှားနေတယ် ၊ ခုံနံပါတ်မှားနေတယ်?
ဖြေပြီးတာနဲ့ရုံးခန်းသွားပြီးပြင်လို့ရပါတယ် မသိရင်အခန်းစောင့်ဆရာမကိုမေးလို့ရပါတယ်

❓2B နဲ့ HB ပဲရတာလား အခြားဟာမရဘူးလား
ဘယ်သူမှ 2B လား HB လား မစစ်ပေမဲ့ အခြားဟာတွေဝယ်ရင် ခဲဆံ နက်တာမှိန်တာကွာမှာဖြစ်တဲ့အတွက် 2B တို့ HB တို့ပဲရွေးဝယ်ပါ ဈေးသက်သာပါတယ်

❓ခဲဖျက်တို့ ပေတံတို့ ခဲတံချွန်စက်တို့ မလိုဘူးလား?
ခဲဖျက်နဲ့ ခဲတံချွန်စက် လိုပါတယ် ပေတံမလိုပါ

❓သူငယ်ချင်းမရှိဘူး တယောက်ထဲဖြေရမှာ အဆင်ပြေပါ့မလား ?
私လည်း တယောက်ထဲဖြေလာတာပါ ကြောက်စရာမလိုပါဘူး ကျောင်းထဲဝင်ရင် အရင်ကိုယ့်ခုံနံပါတ်ကြည့်ပါ သက်ဆိုင်ရာ ကျောင်းအထပ်ကိုတက်ပါ ကိုယ့်အခန်းကိုတွေ့ရင် အခန်းစောင့်ဆရာမကို ကိုယ့် voucher လေးပြပြီး မှန်မမှန်စစ်ပါ

❓test voucher က print ထုတ်ကိုထုတ်ရမှာလား
ဖုန်းနဲ့ပြလည်းရပါတယ်

❓ဖုန်းယူလို့ရလို့လား
အရင်ကတော့ ကိုယ်ဖြေတဲ့အခန်းရဲ့အစောင့်ဆရာမဆီမှာအပ်လို့ရပါတယ် ဆရာမက နံပါတ်လေးတွေနဲ့ သိမ်းပေးထားပါလိမ့်မယ် ကျန်တဲ့ပိုက်ဆံအိတ်ဘာညာတော့ ကိုယ့်ဟာကိုယ် အခန်းအပြင်မှာထားခဲ့ရမှာပါ

❓နားတဲ့အချိန်မုန့်စားလို့ရလား
ဗိုက်ဆာတတ်ရင်မုန့်ထည့်သွားပါ အရင်ကတော့ကျောင်းထဲမှာဆရာမတွေရောင်းပါတယ်

❓အိမ်ကလိုက်စောင့်လို့ရလား
ရပါတယ် ဒါပေမဲ့ မိဘတွေက ကျောင်းထဲလိုက်လို့မရပါဘူး ကျောင်းအပြင်မှာပဲနေခဲ့ရမှာပါ ဖုန်းကိုထားခဲ့မယ်ဆို လာကြိုမဲ့လူတွေနဲ့ ပြန်ဆုံဖို့နေရာချိန်းထားခဲ့ပါ

❓အိမ်သာသွားလို့ရလား
ဖြေနေရင်းနဲ့တော့ အိမ်သာသွားရဖို့ခက်ပါတယ်
ဖြေပြီးလို့ 30 မိနစ်နားရတဲ့အချိန်သွားပါ လူအများကြီး အိမ်သာမှာတန်းစီနေတတ်လို့ မြန်မြန်ပြေးပြီးတန်းစီပါ

❓စာအုပ်တွေယူပြီး နားချိန်ကျက်လို့ရလား
ရပါတယ် ယူလာရင်ပျောက်လည်းပျောက်သွားနိုင်ပါတယ်နော်

❓မှတ်ပုံတင် မိတ္တူပဲရှိတယ် မူရင်းပျောက်နေတယ်
မရပါဘူး မူရင်းပဲစစ်တာပါ မရှိရင် ကားလိုင်စင်၊ passport၊ ကျောင်းသားကဒ်စတာကိုတော့ရတယ်လို့ MAJA page မှာရေးထားပါတယ် အသေးစိတ်သိချင်ရင်သွားဖတ်ကြည့်လို့ရပါတယ်

❓အောင်စာရင်းဘယ်တော့ထွက်မလဲ
ဒီလ ၄ ရက်နေ့ဖြေရင် နောက်လကုန်နီးပါးလောက်မှာ အဖြေပြန်ထွက်ပါတယ် စာမေးပွဲမှာဆရာမတွေလာပေးမဲ့ မူရင်းစာရွက်လေးကိုသိမ်းထားပေးပါ

03/12/2022

မနက်ဖြန် JLPT ဖြေမဲ့ကလေးတွေကို မှာချင်တာလေးတခုကတော့ နာရီ ကိုယူသွားကြပါနော်
ဖြေမဲ့အခန်းထဲမှာ ရှိချင်မှရှိမှာပါ
နာရီမရှိရင် reading ဖြေတဲ့အချိန် အရမ်းဒုက္ခရောက်ပါတယ် ကိုယ်တွေ့ပါနော်
မြည်တဲ့နာရီတွေရယ် BABY-G တို့ G-SHOCK တို့
Smart watch တွေ မရပါဘူးနော်
ရိုးရိုးနာရီလေးတွေရှာပြီးဝယ်လိုက်လို့ရပါတယ်
အကုန်လုံးအဆင်ပြေပြေဖြေနိုင်ကြပါစေနော်

Photos from Washi Japanese Language Center's post 22/11/2022

NAT TEST October အတွက် N5 သင်လို့မပြီးသေးတာတောင် သွားဖြေလာတဲ့ကလေး နှစ်ယောက် おめでとうပါ
စာမေးပွဲကြေးလေးတွေဆုံးမှာစိတ်ပူနေကြတာ 😆

N4 ကိုတော့ ပြီးအောင်သေချာသင်ပြီးမှ JLPT ဝင်ဖြေကြမယ်နော် ❤️
အခြားကလေးတွေလည်း JLPT ဖြေလို့ result ထွက်ရင်ပြကြပါနော်

21/08/2022

みなさん こんにちは🙋‍♀️
ဒီနေ့ 私က N5 chapter 8 ရဲ့ grammar လေးကို အကျဉ်းချုပ်လေးပြောပြပေးချင်ပါတယ်
နားမလည်တဲ့လူတွေပဲဖြစ်ဖြစ် စာပြန်နွှေးချင်တဲ့လူတွေဖြစ်ဖြစ်ကြည့်လို့ရပါတယ်
ထပ်ပြီးနားမလည်တာမသိတာရှိရင် comment မှာဝင်ရေးသွားလို့ရပါတယ်
ဘယ်အခန်းတွေကိုထပ်ပြီး sharing လုပ်ပေးရမလဲဆိုတာကိုလည်းပြောပြသွားလို့ရပါတယ်ရှင်🙆‍♀️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သင်မသိသေးတဲ့  あります နဲ့ います အကြောင်း  みなさん こんにちは Washi Japanese Language Center မှ ကြိုဆိုပါတယ် ဒီနေ့မှာတော့ みなさんတို့မသိသ...
ဂျပန်အင်တာဗျူး တွေမှာ သူများတွေထက်သာဖို့ ℹ️-ဂျပန်အင်တာဗျူးမှာသူများတွေထက်သာဖို့၊ အရေးကြီးတဲ့အချက်လေးတွေ၊သတိထားရမဲ့အချက်လ...
အားလုံးပဲ မင်္ဂလာပါရှင့် ဒီနေ့မှာတော့ Dictionary application လေးနဲ့ပတ်သတ်ပြီး sharing လုပ်ပေးချင်ပါတယ် Application နာမည်...
みなさん こんにちは🙋‍♀️ဒီနေ့ 私က N5 chapter 8 ရဲ့ grammar လေးကို အကျဉ်းချုပ်လေးပြောပြပေးချင်ပါတယ် နားမလည်တဲ့လူတွေပဲဖြစ်ဖြစ် စာပြန်...
ℹ️Phone မှာ Photo jpg တွေကို pdf ပြောင်းနည်းပါရှင့် လိုက်လုပ်ကြည့်ပါနော် မသိတာရှိရင် comment ပေးခဲ့ပါအဲ့ထဲမှာဝင်သွားတဲ့ ...

Website

Address


No 701 Zawtayone Street Tharkayta
Yangon
11231

Other Education & Learning in Yangon (show all)
Xiao Yu Chinese Online Learning Xiao Yu Chinese Online Learning
Yangon, YANGON

欢迎来到我的学院�

Vocabulary Boost Vocabulary Boost
Yangon

Don't give up!

Taw Win Preschool Taw Win Preschool
Yangon

"မိဘ၊ဆရာ လက်တွဲကူ ရင်သွေးထူးချွန်သူ"

CSKM Global Education Center CSKM Global Education Center
No. 90, Hlaing Myinmo 1st Street, 10-Ward, KanRoad Condo, Room-7A, Hlaing Township
Yangon

Taiwan Study Abroad Program

Kidz Pro Garden Learning & Development Centre Kidz Pro Garden Learning & Development Centre
Aung Chan Thar Street
Yangon

2020

PDBC- Possible Dreams Business College PDBC- Possible Dreams Business College
Yangon

Towards Our Better Society

Jungle Class Quality Virtual House Jungle Class Quality Virtual House
11-B Pyi Htaung Su Lane (Union Lane/Sayar San Rd) Bahan Township YANGON , , , 16°49'12. 9"N 96°09'37. 9"E, Https://maps. App. Goo. Gl/nzKyRhwbYC5EQgkX9?g_st=ic
Yangon

The quality-time "Virtual Classes" for Kids and Teachers by Sar Thin Kyaung Myanmar Kids Edu House.

Online English Grammar Yangon Online English Grammar Yangon
Yangon, 11111

The students are focused to be expert with basic English grammar and able to write grammartically.

Autumn Learning Hub Autumn Learning Hub
Yangon

Heal the rift of your incompetence by picking Autumn Learning Hub.

PURIN プリン『Japanese online class』 PURIN プリン『Japanese online class』
Yangon, 11201

皆さん、おはようございます。ミキとハルです。 Hello guys! We're Miki and Haru. Let's have fun and study together with us.

Fun and Free Online English School Fun and Free Online English School
Yangon

လစဥ် English 4 Skills ပညာဒါနအတန်းနှင့် Lifetime Class များဖွင့်လှစ်ပေးလျက်ရှိပါသည်။

စတင်ရာ စတင်ရာ
64/1, Shwe Pyi Soe Street, 14/2 Ward, South Okklapa Township
Yangon

A non-profit community-led enterprise to support and develop for the community and youth in Myanmar