ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း, House Painting, No. 289, Thidanwe Street, Nweaye, Dawbon, Yangon.
#အိမ်သုတ်ဆေးများ၏ အကျဉ်းချူပ်သမိုင်း
ယနေ့တွင် ကျွန်တော်တို့သည် အိမ်သုတ်ဆေးများကိုသုံးစွဲရာတွင် အရောင်မျိုးစုံအသွင်မျိုးစုံ ဖြင့်လွယ်လွယ်ကူကူရရှိနေပါသည်။ အိမ်သုတ်ဆေးရောင်းချနေသာ ဆိုင်များကို သွားလိုက်သည်ဆို လျှင်ဖြင့် သက်တံ့ရောင်တွင်ပါဝင်သော အရောင်မျိုးစုံ၏ အနက်အမှောင် မျိုးစုံကိုရရှိနိုင်ပါသည်။ ယခု ဆိုလျှင် အရောင်ပါရှိသော မျက်နှာပြင်အသေးစားကိုယူလာလျှင် ကွန်ပျူတာများကိုအသုံးပြု၍ လိုချင် သောအရောင်ဖြင့် အိမ်သုတ်ဆေးပုံးများကို မိနစ်ပိုင်းအတွင်းရရှိနိုင်ပြီဖြစ်သည်။ သို့သော် ယခုလို တိုးတက်မှုများသည် ရှေးခေတ်က အခြေအနေများနှင့် များစွာမှကွားခြားလှပေသည်။
ကျောက်ခေတ်လူသားများသည် ကျောက်နံရံများပေါ်တွင် ပုံမျိုးစုံခြယ်သရာတွင် မည်မျှ အခက်အခဲတွေ့မည်ကို မှန်းကြည့်လို့ရပါသည်။ နှစ်ပေါင်းလေးသောင်းကျော်ကပင် လူသားများသည် နေထိုင်ရာမျက်နှာပြင်များကို ဆေးသုတ်ခြယ်သထားသည်ဟု သက်သေမြောက်များစွာတွင် မြင်တွေ့ နိုင်ပါသည်။ ထိုခေတ်ကအသုံးပြုသော သုတ်ဆေးများသည် တစ်မူထူးခြားသည်မှာ All Natural ခေါ် သဘာဝ ပစ္စည်းများဖြင့်သာ ပြုလုပ်ထားသော ဆေးများဖြစ်နေပါသည်။
နှစ်ပေါင်းနှစ်ထောင်ကျော်လောက်တွင်လည်း အီဂျစ်နိုင်ငံမှာရှိသောမြို့တစ်မြို့ဖြစ်သည့် Dendera တွင်တောက်ပသော အရောင်များ ခြယ်သထားသည်မှာ ယနေ့တိုင် မြင်တွေ့နိုင်သည် ဖြစ်သည်။ ယခုခေတ်အသုံးပြုသော အိမ်သုတ်ဆေးများသည် ထိုသို့ နှစ်ပေါင်းထောင်ချီ ကြာရှည်ခိုင်မြဲမည်ဟု မည်သူမှအာမခံနိုင်မည်မဟုတ်ပါ။ အီဂျစ်လူမျိုးများသည် အရောင် ၆ ရောင်အား ဆီ နှင့် အသား ဆီ၊ ပြဒါး၊ မြေကြီး၊ တိရိစ္ဆာန်သွေး၊ မှန်စများ၊ သို့မဟုတ် တန်ဘိုးရှိသော ကျောက်တုံးများကို အသုံးချ၍ ဖော်စပ်ကြသည်။ ပါဝင်သော အရောင်များမှာ အဖြု၊ အဝါ၊ အနီ၊ အစိမ်း၊ အမဲ နှင့် အပြာတို့ဖြစ်သည်။ ယခုသုတ်ဆေးများသည် ပြောင်မြောက်သော ပန်းချီကားများတွင်လည်းကောင်း၊ Pharaoh ခေါ် အီဂျစ်ဘုရင်များ၏ အသုံးအဆောင်ပစ္စည်းနှင့် နေထိုင်သောအခန်းများအား ခြယ်သမွန်းမံခဲ့သည်။ အလွန်မှ ကောင်းလှသော ပန်းချီကားများသည် Pharaoh များ၏ အုတ်ဂူများတွင် နောင်ဘဝအတွက် အသုံးပြုရန်ဟုရည်ရွယ်ချက်ဖြင့် ထိန်းသိမ်းထားတက်သည်။
အိမ်သုတ်ဆေးအဖွဲ့များသည် 1200 ခုနှစ်ကတည်းက စတင်လုပ်ကိုင်ဆောင်ရွက် နေသည်ဟု ယူဆရသည်။ သို့သော် 1440 ခုနှစ်မှ ပုံနှိပ်စက်များကို တီထွင်လာသဖြင့် မည်သည့် စာအုပ်များပေါ်တွင်မှ အိမ်သုတ်လုပ်ငန်းပြုလုပ်သော အဖွဲ့များအား မှတ်တမ်းပြုထားခြင်းမရှိပေ။
ရာစုနှစ် ၁၄ ခု အင်္ဂလန်တွင် အိမ်သုတ်ဆေးသုတ်သူများ သည်စုပေါင်းအဖွဲ့စတင်ဖွဲ့ လိုက်ကြသည်။ ထိုအချိန်မှစ၍ မှန်ကန်သော စံနှုန်းများအားထား၍ အိမ်သုတ်ဆေး လုပ်ငန်းများသည် တွင်ကျယ်လာသည်။ တစ်ခုသတိပြုရမည်မှာ ထိုအချိန်ရှိ အိမ်သုတ်ဆေးအဖွဲ့များသည် မိမိတို့ကိုယ် တိုင်ဆေးများအားဖော်စပ်ပြီး မိမိတို့ကိုယ်တိုင်ဆေးသုတ်ခြင်းဖြစ်သည်။ သူတို့သည် အဖွဲ့အစည်းထဲ တွင်ဆေးဖော်စပ်နည်းများ နှင့် ဆေးသုတ်နည်းများအား ပြင်းပြင်းထန်ထန်လျှို့ဝှက်၍ သူတို့၏ စီးပွားရှာနည်း အား သူတစ်ပါးအတုမယူနိုင်ရန် ဆောင်ရွက်ကြသည်။
အမေရိကားစတင်အခြေချသောအချိန်တွင် အိမ်သုတ်ဆေးအသုံးပြုသည့်ဓလေ့ကို ချမ်းသာမှု နှင့် အရှက်သရားကင်းမဲ့မှုကို ဖော်ကြူးသည်ဟုဆိုကာ ရှုတ်ချကန့်ကွက်ကျသည်။ 1630 ခုနှစ်တွင် Charlestown တွင်ရှိသော တရားဟောဆရာတစ်ယောက်၏နေအိမ်အား အိမ်သုတ်ဆေးသုတ်သော ကြောင့် ဘာသာရေးဆိုင်ရာ စော်ကားခြင်းဟုဆိုကာ စွပ်စွဲခံခဲ့ရပါသည်။ ထိုကဲ့သို့ အစွန်းရောက် အယူသီးမှုများကြားကပင် အိမ်သုတ်ဆေးများသည် ပိုမိုတွင်ကျယ်လာပြီး ပစ္စည်းမျိုးစုံအားအသုံးပြု၍ ထုတ်လုပ်လာကြသည်။ အိမ်များရှိ နံရံများ၊ မျက်နှာကျက်များတွင်အဆိုပါ သုတ်ဆေးများအား အသုံးပြု၍ အလှဆင်ခြင်းသည် ဓလေ့တစ်ခုလိုဖြစ်လို့လာပါသည်။ သို့သော် ထိုအချိန်စျေးကွက် အတွင်းရှိသော သုတ်ဆေးများသည် ဆေးပြစ်သောကြောင့် ယနေ့ခေတ်မှ အိမ်သုတ်ဆေးများလို လွယ်လွယ်ကူကူ သုတ်လို့ရသည်မဟုတ်ပါ။
၁၇ရာစုနှစ်နောက်ပိုင်းမှစတင်၍ အိမ်သုတ်ဆေးထုတ်လုပ်သည့် နည်းပညာများ စတင်တိုး တက်လာပြီး ယနေ့အချိန်တွင် ရွေးချယ်စရာများစွာနှင့် အိမ်၏အတွင်းအပြင်များအား ရောင်စုံဖြင့် အလှဆင်လာနိုင်ပြီဖြစ်သည်။ မိမိ၏ ဆန္ဒအပေါ်မူတည်၍ ပုံသဏ္ဍာန်များစွာအားဖန်တီးပြီး အိမ်ကလေး များကို အလှဆင်နိုင်ခြင်းသည် လူသားတို့၏ တီထွင်ကြံဆမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
☎📞09 444855539
☎📞09 955597798
ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း
&after
💁♂️ သုဝဏVipဆိုဒ်က ခြံဆီးရိုးလေးကတော့ အိမ်ရှင်စိတ်တိုင်းကျ ဆေးFinalသုတ်ပြီး အပ်နှံလိုက်ပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း
💁 ကျွန်တော်တို့ ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း မှ
ဒီနေ့ စဝင်ဖြစ်တဲ့ #သုဝဏVip ဆိုဒ်လေးကတော့ နံရံဆီလာသုတ် ပတ္တီး1ကုဒ်ရိုက်ပြီး မျက်နှာကျက် EC ပတ္တီးရိုက်နေပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
#ဆေးသုတ်လုပ်ငန်း
&Polishing
လှိုင်သာယာဆိုဒ်လေးကတော့
အတွင်းပိုင်း မျက်နှာကျက် နံရံ ဆေး1ကုဒ်သုတ်နေပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
#ဆေးပေါလစ်လုပ်ငန်း
ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း
ဆိုတာဘာလဲ
Sealer အကြောင်းကို ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။
Sealer ဆိုတာ ဆေးသုတ်မယ့်မျက်နှာပြင် Substrate နှင့် Topcoat ရဲ့ကြား Bonding Effect အဖြစ်ဆောင်ရွက်ပေးတဲ့ Layer တခုပါ။
Sealer ကိုသုံးစွဲခြင်းကြောင့်ငွေကြေးအနည်းငယ်ပိုကုန်ကျသော်လည်း ဆေးသားတာရှည်ခံခြင်း၊ အစွန်းအထင်းအညစ်အကြေးများကို ဖုံးအုပ်ပေးခြင်း၊ ဆံချည်မျှင်ကဲ့သို့ အက်ကြောင်းများကို ဖုံးအုပ်ပေးခြင်း ဆေးသားအရောင်တောက်ပခြင်း၊ကျင်းအရေအတွက် ပိုရရှိစေခြင်း(သာမန်မျက်နှာပြင်မှာဆေးသုတ်မယ်ဆို မျက်နှာပြင်က ဆေးသားစုပ်ယူခြင်းကြောင့် ဆေးပိုကုန်ကျနိုင်ပြီး Sealer သုံးခြင်းကြောင့် ဆေးသားမျက်နှာပြင်ဧရိယာ ပိုကျယ်ကျယ်ပြန့်ပြန့်သုံးလို့ရပါတယ်)၊ Moisture ရေငွေ့ နှင့် ဘိလပ်မြေဓာတုပစ္စည်းများကြောင့်ဖြစ်နိုင်မည့် Efflorescence ဆေးသားများတွန့်ခြင်း၊ အဖြူအစင်းကြောင်းများနှင့်ကွက်ခြင်းများကိုကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများရှိခြင်းကြောင့် ကုန်ကျမယ့်ငွေထက် ပြန်ရရှိမယ့်အကျိုးကျေးဇူးပိုများပါတယ်။
Sealer ၂မျိုး၂စားရှိပါတယ်။ Water Base Sealer (ရေဆေး) နဲ့ Solvent Base Sealer (ဆီဆေး) တို့ဖြစ်ပါတယ်။
ကျနော်တို့မြန်မာပြည်ရာသီဥတုအနေနဲ့က သာမန်မျက်နှာပြင်အမျိုးအစားများအတွက် Water Base Sealer ကလုံလောက်ပြီး၊ Moisture များတဲ့ မျက်နှာပြင် (သို့မဟုတ်) Chalking များတဲ့မျက်နှာပြင်မျိုးအတွက်တော့ Solvent Base Sealer ကပိုပြီးသင့်တော်ပါတယ်။
ဆေးမသုတ်ခင် ဆီလာခံပေးဖို့လိုအပ်ပါတယ်
လူကြီးမင်းရဲ့ အိမ်မှာကောင်းမွန်တဲ့ဆေးသားရရှိဖို့ဆို
ဆီလာ (သို့) primer ခံဖို့မဖြစ်မနေလိုအပ်ပါတယ်
ဆီလာခံခြင်းကြောင့်
အစိုဓာတ် ကိုကာကွယ်ပေးခြင်း
alkali ခေါ် ထုံးဓာတ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးခြင်း
ဆေးသားဆွဲမြဲခြင်း စတဲ့အားသာချက်တွေ ရရှိမှာပဲဖြစ်ပါတယ်
နံရံကြမ်းကို ဆေးစမသုတ်ခင် အရင်ဆုံး
သန့်ရှင်းရေးလုပ် ခံဆေးချုပ်
ခံဆေးခြောက်သွေ့အောင်ထားပြီးမှ
ပတ်တီးရိုက် ကော်ပတ်တိုက် ခံဆေးပြန်ချုပ်ပြီးမှ ဆေးသုတ်ခြင်းက ဆေးနဲ့ပတ်တီးသားကို ပိုမို၍ ဆွဲကပ်အားကောင်းစေပါတယ် ခင်ဗျာ
ဆေးသုတ်ခြင်းမှာ ပစ္စည်းကွာလတီအရည်အသွေး ကောင်းဖို့လိုအပ်သလို
နည်းစနစ်မှန်ကန်ဖို့လည်း အဓိက လိုအပ်ပါတယ် ခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း
❤ ပန်းရောင်ကြိုက်တဲ့ အိမ်ရှင်များအတွက် ❤
💁 လူကြီးမင်းတို့ နေအိမ်အဆောက်ဦးများကို ပန်းရောင်ဆေးလေးနဲ့ အလှဆင်တော့မယ် ဆိုရင်တော့ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း
#ရွှေပေါက်ကံအိမ်ရှင်ရဲ့ Feedback လေးပါခင်ဗျာ💪
💁♂️ ခုလိုကျွန်တော်တို့အဖွဲ့ကို ယုံကြည်စွာဖြင့် လုပ်ငန်းများအပ်နှံပေးတဲ့၊အိမ်ရှင်များ၊ဆောက်လုပ်ရေးCompanyမျာ
အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
#ဆီလာဂုဏ်သတ္တိများ
ဆေးသားများကောင်းမွန်စွာရရှိစေဖို့အတွက် ဆီလာ ( primer) ခံပေးဖို့အရေးကြီးပါတယ်နော်
ဆီလာခံခြင်းကြောင့်
အစိုဓာတ်ကို ကာကွယ်ပေးခြင်း
alkali ခေါ်ထုံးဓာတ် ဖြစ်ပေါ်မူ့ကို ကာကွယ်ပေးခြင်း
နံရံနဲ့ပတ်တီးကြားကုတ်အားကောင်းခြင်း
ဆေးသာစွဲ မြဲခြင်းစတဲ့ အားသာချက်တွေရရှိစေပါတယ်ခဗျာ
ဒါကြောင့် မိမိရဲ့ အိမ်နံရံအဟောင်းကိုပဲ ဖြစ်ဖြစ် ၊ အိမ်အသစ်ကိုပဲ ဖြစ်ဖြစ် ၊ ဆေးမသုတ်ခင် ၊ ပတ်တီးမရိုက်ခင် ဆီလာ ( primer) ခံပေးဖို့မမေ့ပါနဲ့ခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
#ရေဆေး_ဆီဆေး_ပေါလစ်လုပ်ငန်း
#တိုက်ဆေးသုတ်လုပ်ငန်း
Unique Paint & Polish Service
#သုဝဏVip ဆိုဒ်ခြံဆီးရိုးလေးကတော့ Sealer သုတ်ပြီး ပတ္တီး2ကုဒ်ရိုက်နေပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
#ဆေးသုတ်လုပ်ငန်း
Unique Paint & Polish Service
လှိုင်သာယာဆိုဒ်လေးကတော့ ပတ္တီး2ကုဒ်ရိုက်ပြီး ကော်ပတ်တိုက်နေပါပြီ
ခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
#ဆေးသုတ်လုပ်ငန်း
Unique Paint & Polish Service
😍 အားလုံးဘဲမင်္ဂလာပါခင်ဗျာ 😍
💁♂️ ကျွန်တော်တို့ အဖွဲ့မှတာဝန်ယူဆောင်ရွက်ပေးနေသော မြေနီကုန်းဆိုဒ်လေးကတော့ ဆေးလေးသုတ်ပြီး
အိမ်ရှင်စိတ်တိုင်းကျ အပ်နှံပြီးစီးခဲ့ပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
#ဆေးသုတ်လုပ်ငန်း
Unique Paint & Polish Service
😍 မြေနီကုန်း အခန်းပြင်လေးကတော့ ဆေး1ကုဒ်သုတ် ပြီးပါပြီ ခင်ဗျာ။
Unique Paint & Polish Service
😍 ဒီနေ့စဝင်ဖြစ်တဲ့ သုဝဏအိမ်ယာ ခြံဆီးရိုးလေးကတော့
ရေညှီတိုက် ကော်ပတ်စား သန့်ရှင်းရေးလုပ်နေပါပြီခင်ဗျာ။
Unique Paint & Polish Service
😍 ကျွန်တော်တို့ Unique Paint & Polish အဖွဲ့မှ
ဒီနေ့စဝင်ဖြစ်တဲ့ မြေနီကုန်းဆိုဒ်လေးကတော့ နံရံဆေးဂျိုးတွေခွာပြီး သန့်ရှင်းရေးလုပ်နေပါပြီခင်ဗျာ။
☎📞 09 955597798
☎📞 09 444855539
Unique Paint & Polish Service
😍 အိမ်အတွင်းပိုင်းDecorationကို အဖြူရောင်လေးနဲ့အလှဆင်ထားတဲ့အိမ်လေးပါခင်ဗျာ။ မိမိရဲ့အိမ်အတွင်းပိုင်းလေးကို အဖြူရောင်လေးနဲ့အလှဆင်ဆေးသုတ်ဖို့ စဥ်စားနေရင်တော့ဖြင့် ကျွန်တော်တို့အဖွဲ့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
☎📞09 955597798
☎📞09 444855539
#ဆေးပေါလစ်လုပ်ငန်း
Unique Paint & Polish Service
😍 ရွှေပေါက်ကံဆိုဒ် ထပ်တိုး ပေါလစ်တံခါး၊ကုတင်၊ထမင်းစားပွဲများ ဆေးFinalသုတ်ပြီး အိမ်ရှင်စိတ်တိုင်းကျ
အပ်နှံပြီးစီးခဲ့ပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
Unique Paint & Polish Service
😍 ကျွန်တော်တို့ အဖွဲ့မှ ဒီနေ့စဝင်ဖြစ်တဲ့ လှိုင်သာယာဆိုဒ်လေးမှာ ဆိုရင်တော့ဖြင့် ဇကာတိတ်ကပ်ပြီး EC ပတ္တီးရိုက်နေပါပြီခင်ဗျာ။
💁♂️ လူကြီးမင်းတို့ နေအိမ်အဆောက်ဦးများ ဆေးပေါလစ်သုတ်ဖို့ လိုအပ်ပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
09 444855539
09 955597798
Unique Paint & Polish Service
😍 ကျွန်တော်တို့ အဖွဲ့မှ ဒီနေ့စဝင်ဖြစ်တဲ့ လှိုင်သာယာဆိုဒ်လေးမှာ ဆိုရင်တော့ဖြင့် ဇကာတိတ်ကပ်ပြီး EC ပတ္တီးရိုက်နေပါပြီခင်ဗျာ။
💁 လူကြီးမင်းတို့ နေအိမ်အဆောက်ဦးများ ဆေးပေါလစ်သုတ်ဖို့ လိုအပ်ပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
Unique Paint & Polish Service
😍 ရွှေပေါက်ကံဆိုဒ် ထပ်တိုး ပေါလစ်တံခါးလုပ်ကွက်လေးတွေပါခင်ဗျာ။Easy bleach (သစ်အရောင်ညှိဆေး)
သုတ်ပြီး 131 Filler သုတ်နေပါပြီခင်ဗျာ။
Unique Paint & Polish Service
😍 သင်္ဃန်းကျွန်းမြို့နယ် သုဒသနလမ်းက အိမ်လေးကတော့ အိမ်ရှင်စိတ်တိုင်းကျ ပြန်လည်ပြင်စင် အပ်နှံပေးခဲ့ပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
Unique Paint & Polish Service
😍 တောင်ဥက္ကလာဆိုဒ်လေးကတော့ Sealer သုတ်ပြီး
ဆေးfinalသုတ်နေပါပြီခင်ဗျာ။
Unique Paint & Polish Service
😍 ဒီနေ့စဝင်ဖြစ်တဲ့ တောင်ဥက္ကလာပမြို့နယ် သုဒသနလမ်းကအိမ်လေးကတော့ အပြင်ဘေးနှစ်ခြမ်း ဆေးပြန်သုတ်မှာဘဲဖြစ်ပါတယ်ခင်ဗျာ။
Unique Paint & Polish Service
😍အားလုံးဘဲမင်္ဂလာပါခင်ဗျာ😍
👌 ကျွန်တော်တို့အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးနေသော
ရွေပေါက်ကံ 15 ရပ်ကွက် စေတနာလမ်းက အိမ်လေးကတော့ ဆေးfinalသုတ်ပြီး အိမ်ရှင်စိတ်တိုင်းကျလေး
အပ်နှံလိုက်ပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
Unique Paint & Polish Service
😍
Coming Soon 💪💪💪
Unique Paint & Polish Service
💁♂️ ရွေပေါက်ကံဆိုဒ်လေးကတော့ ဆေးFinalသုတ်နေပါပြီခင်ဗျာ။😍
Unique Paint & Polish Service
#အိပ်ခန်းထဲမှာဆေးသုတ်ဖို့_ဘယ်အရောင်က_အသင့်တော်ဆုံးဖြစ်မလဲ
🤔 စာဖတ်သူတို့ရဲ့ အိပ်ခန်းထဲမှာ သုတ်ထားတဲ့ဆေးရောင်က ဘာအရောင်များဖြစ်နေမလဲ။ အိပ်ခန်းရဲ့အရောင်ဟာ အိပ်စက်မှုနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတာကိုကော ကြားဖူးပါသလား။
✅ သုတေသနပညာရှင်တွေကတော့ အိပ်ခန်းအရောင်က အိပ်စက်မှုအပေါ်အကျိုးသက်ရောက်နေတာကို စူးစမ်းဖို့အတွက် အမျိုးသား၊ အမျိုးသမီးပေါင်း ၂၀၀၀ ကျော်ရဲ့အိမ်တွေဆီသွားရောက်လေ့လာပြီး သုတေသနပြုခဲ့ကြပါတယ်။ အဲဒီနောက် သုတေသနရလဒ်တွေအရ သိလာခဲ့ရတဲ့ အိပ်ခန်းအရောင်နဲ့ အိပ်စက်ချိန်ဆက်စပ်မှုတွေက အောက်ဖော်ပြပါအတိုင်းပါပဲ။
အိပ်ခန်းအရောင် တစ်ညလျှင်ပျမ်းမျှအိပ်စက်ချိန်ပမာဏ
✅ အပြာရောင် ၇ နာရီ ၅၂ မိနစ်⏰
✅ အဝါရောင် ၇ နာရီ ၄၀ မိနစ်⏰
✅ အစိမ်းရောင် ၇ နာရီ ၃၆ မိနစ်⏰
✅ ငွေရောင် ၇ နာရီ ၃၃ မိနစ်⏰
✅ လိမ္မော်ရောင် ၇ နာရီ ၂၈ မိနစ်⏰
✅ အနီရောင် ၆ နာရီ ၅၈ မိနစ်⏰
✅ ရွှေရောင် ၆ နာရီ ၄၃ မိနစ်⏰
✅ ခဲရောင် ၆ နာရီ ၁၂ မိနစ်⏰
✅ အညိုရောင် ၆ နာရီ ၅ မိနစ်⏰
✅ ခရမ်းရောင် ၅ နာရီ ၅၆ မိနစ်⏰
💁 လူကြီးမင်းတို့ ဇိမ်ရှိရှိအိပ်ဆက်နိုင်ဖို့ ဆေးသုတ်တော့မယ်ဆိုရင်တော့ဖြင့် ကျွန်တော်များအဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
Unique Paint & Polish Service
ရွေပြည်သာဆိုဒ်လေးကတော့ အတွင်းအပြင်ပတ္တီး1ကုဒ်ရိုက်ပြီးပါပြီခင်ဗျာ။ 😍
Unique Paint & Polish Service
😍 အာလုံးဘဲမင်္ဂလာပါခင်ဗျာ😍
💁 ဒီနေ့စဝင်ဖြစ်တယ့် ရွေပြည်သာမြို့နယ် ကံကော်လမ်းကဆိုဒ်လေးကတော့ နံရံသန့်ရှင်းရေးလုပ် ကော်ပတ်စားပြီး
ပတ္တီး1ကုဒ်ရိုက်နေပါပြီခင်ဗျာ။
☎📞 09 444855539
☎📞 09 955597798
Unique Paint & Polish Service
🤔 အဆောက်အဦးအဟောင်း ဆေးပြန်သုတ်မယ်ဆိုရင်...
အဆောက်အဦး အသစ်များကို ဆေးသုတ်လျှင် လွယ်ကူလျင်မြန်သလောက် အဆောက်အဦးအဟောင်းဖြစ်ပါက ရှေ့ဦး ဆောင်ရွက်ရမည်လုပ်ငန်းများကို သေချာလုပ်ဆောင်မှသာ အဆင်ပြေပါမယ် ။
တိုက်ဟောင်းများဆေးသုတ်မည်ဆိုလျှင် ဆေးဟောင်းများကို သေချာစွာခြစ်ထုတ်ပြီး သံbrush ဖြင့် တိုက်ပြစ်ပါ။ အောက်က ပတ်တီးပါ ပြောင်အောင် တိုက်နိုင်လျှင် ပိုကောင်းပါတယ်။
ဖုန်များ သဲများ ကင်းစင်အောင် သန့်ရှင်းရေးပြုလုပ်ပါ။
လိုအပ်ပါက နံရံကို ရေဖြင့် ပတ်ဖြန်း သန့်စင်စေပြီး ခြောက်သွေ့အောင်ထားပါ။
နံရံခြောက်သွေ့မှုမရှိလျှင် ဆေးသုတ်လုပ်ငန်း ဆောင်ရွက်၍ မရပါ။
နံရံများတွင် ရေငွေ့ရိုက်လေ့ရှိသောနေရာများ ရေအသုံးများပါက ရေစိမ့်လေ့ရှိသောနေရာများအား သေချာကြည့်ရှု့ စစ်ဆေးပြီး လိုအပ်လျှင် ရေငွေ့မရိုက်အောင် ရေမစိမ့်အောင် ပြုပြင်ဆောင်ရွက်ရပါမယ်။
တစ်ခါ တရံတွင် ပန်းရံလုပ်ငန်းများဆောင်ရွက်ပေးပြီးမှ ဆေးသုတ် ရတာမျိုးလည်းရှိပါတယ်။
ရေစိမ့်သည့် အကြောင်းအရင်းကို မပြင်ပဲ ဆေးသုတ်ပါက မကြာခင်မှာပဲ ဆေးတွေ ဖောင်းကြွလာပြီး၊ ကွာကျ တက်ပါတယ်။
ဆေးသုတ်ထားတဲ့ ဆေးသားက အပြင်က ရေကိုသာ ခံနိုင်ရည် ရှိပြီး၊ အတွင်းကရေကဆေးသားကို တွန်းတုတ်တဲ့ အတွက် နံရံ ဆေး မှာ ဆေးသား ဆွဲမနေတော့ပါဘူး။
ရေသုံးတဲ့ နေရာ ဆိုရင်တော့ Epoxy ဆေး သုတ်သင့်ပါတယ်။
👌 လူကြီးမင်းတို့ နေအိမ်အဆောက်ဦးများ ဆေးသုတ်ဖို့ လိုအပ်ပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
☎📞 ၀၉ ၄၄၄၈၅၅၅၃၉
☎📞 ၀၉ ၉၅၅၅၉၇၇၉၈
Unique Paint & Polish Service
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
No. 289, Thidanwe Street, Nweaye, Dawbon
Yangon
No. 146, Bohmu Ba Htoo Road, Ward 42, North Dagon Tsp
Yangon
အိမ်သုတ်ဆေးမျိုးစုံရောင်းသည်။ Jotun, UPG, NIPPON, TOA, BHI, INCHEM, ATM, SIKA, STO
Yangon
လူကြီးမင်းရဲ့ အိမ်လေး 🏠 သေသပ်လှပစေဖို့အတွက်😘 ကျွန်နော်တို့ အကောင်းဆုံးတာဝန်ယူ ဆောင်ရွက်ပေးပါရစေ😍
Building 37, Room 2, Wailuwon Housing, Sanchaung Township
Yangon, 11181
အိမ်အလှဆင်ခြင်း မီးပြုပြင်ခြင်းမျာ