Orasel
ORASEL is Oral Rehydration Salt formulated with New WHO recommended formula. Orasel can be used by adults & children to encounter rehydration.
သင်းပျံ့တယ့် သံပရာ ရနံ့ နဲ့ Orasel Lemon လေး ပြန်ရနေပါပြီ
W.H.O. new formula နဲ့ ဖော်စပ်ထားလို့ ဆီးချို၊ သွေးတိုးသမားများအတွက် အဆင်ပြေပြီး သာမန် ဓာတ်ဆားများထက် ရေဓာတ်ကို ပိုမိုထိရောက်စွာ ဖြည့်တင်းပေးပါတယ်။
လူကြီး ကလေးမရွေး ကြိုက်ကျတယ့် စွဲမက်စရာ စတော်ဘယ်ရီ အရသာနဲ့ Orasel Strawberry လေးလာပါပြီ။
W.H.O. new formula နဲ့ ဖော်စပ်ထားလို့ ဆီးချို၊ သွေးတိုးသမားများ အတွက် အဆင်ပြေပြီး သာမန် ဓာတ်ဆား များထက် ရေဓာတ်ကို ပိုမို ထိရောက်စွာ ဖြည့်တင်းပေးနိုင်ပါသည်။
Orael Strawberry ကို နီးစပ်ရာ ဆေးဆိုင် စတိုးဆိုင်ကြီးများတွင် အလွယ်တကူ ၀ယ်ယူနိုင်ပါပြီနော်။
ရာသီအကူးအပြောင်းကာလမှာ အော်ရာစဲချစ်သူတွေလည်း ကျန်းမာရေးကို ပုံမှန်ထက်ပိုပြီး ဂရုစိုက်ကြမယ်နော်။
🛌🏼 အိပ်ရေးဝအောင်အိပ်မယ်
🍜 အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက်မယ်
💪 ကိုယ်လက်လေ့ကျင့်ခန်းနဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်မယ်
💧အချိန်တိုင်း ရေဓာတ်ပြည့်ဝနေဖို့ ဂရုပြုပါနော်။
ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်ကြပါစို့။
"ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့" ဆိုတဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့မှာ ဒုက္ခဝေဒနာအပေါင်းမှ ကင်းဝေးပါစေကြောင်းနှင့် ကဆုန်ရေလောင်းခြင်းအကျိုးနဲ့အတူ အေးမြလန်းဆန်းပါစေကြောင်း အော်ရာစဲမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။
ရေဓာတ်ခန်းခြောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်တယ်ဆိုတာ သိရဲ့လား။ 🥵ရေဓာတ် မပြည့်ဝရင် ခန္ဓာကိုယ်က နွမ်းနယ်လွယ်လာပြီး စိတ်လည်း မကြည်လင်နိုင်တော့ဘူးလေ။ ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာတွေ မခံစားရစေဖို့ နေ့စဉ် ဘယ်လိုနေရမလဲ သိချင်ရင် အောက်က ဗီဒီယိုလေးကို ကြည့်လိုက်ရအောင်လေ။🤩🤩
ရာသီဥတုအပူရှိန်ကြောင့် ကလေးတွေမှာ ဆော့ကစားပြီးချိန်တိုင်း ချွေးထွက်များပြီး ပုံမှန်ထက် ပိုနုံးခွေသွားတတ်တယ်လေ။ ဒီလိုအချိန်မှာ ရေဓာတ်ခန်းခြောက်ပြီး အားအင်ကုန်ခန်းတာမျိုး မဖြစ်ရအောင် ဒီလိုနည်းလမ်းလေးတွေနဲ့ ဂရုစိုက်ပေးကြရအောင်နော်။
👉🏻ပေါ့ပါးတဲ့ အဝတ်ပွပွတွေကို ဝတ်ပေးပါ။
နွေရာသီမှာ အပူစုပ်တဲ့ အရောင်ရင့် အဝတ်အစားတွေထက် ချွေးစုပ်လွယ်တဲ့ ချည်သားအင်္ကျီမျိုး၊ ပေါ့ပါးတဲ့ ခပ်ပွပွ အဝတ်မျိုးတွေကို ဝတ်ဆင်ပေးတာက ကလေးတွေကို ချွေးထွက်သက်သာစေမှာပါ။ ဒါ့အပြင် ဆော့ကစားတဲ့အခါမှာလည်း လွတ်လပ်ပေါ့ပေါးပြီး သက်သောင့်သက်သာ ရှိစေမယ်လေ။
🍍🍉အရည်ရွှမ်းတဲ့ အသီးတွေ ကျွေးပါ။
ရာသီဥတု အပူရှိန်ကြောင့် နည်းနည်းလေး လှုပ်ရှားတာနဲ့ ချွေးထွက်လွယ်တာမို့ ရေဓာတ်ပြည့်ဝပြီး ကျန်းမာလန်းရွှင်နေအောင် အရည်ရွှမ်းတဲ့ အသီးတွေကို ကျွေးပေးပါ။ ဥပမာ - ရေဓာတ်ကို ဖြည့်ပေးနိုင်တဲ့ ဖရဲသီး၊ နာနတ်သီး၊ စပျစ်သီးနဲ့ သင်္ဘောသီးလို အသီးအနှံမျိုး။
💧ရေဓာတ်ဖြည့်ဓာတ်ဆား တိုက်ပေးပါ။
ဓာတ်ဆားကို ဝမ်းပျက်ဝမ်းလျှောဖြစ်မှပဲ တိုက်ရမယ်လို့ မထင်လိုက်ပါနဲ့။ အပူချိန် မြင့်တဲ့ နွေရာသီလို ကာလမှာ ကလေးတွေကို ရေကို ပိုသောက်ခိုင်းတာအပြင်ကိုမှ ရေဓာတ်ကို အထိရောက်ဆုံး ပြန်ဖြည့်ပေးနိုင်တဲ့ ဓာတ်ဆားကိုလည်းရွေးချယ်သောက်သုံးနိုင်ပါတယ်
ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် ခန္ဓာကိုယ်မှာ hormone အပြောင်းအလဲနဲ့ အာဟာရလိုအပ်ချက် ပြောင်းလဲမှုတွေကြုံတွေ့ရပါတယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့်ပုံမှန်ထက် ရေဓာတ်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။
👉ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းမှာဆိုရင် morning sickness ကိုခံစားရတတ်ပြီး မူးဝေပျို့အန်ခြင်းတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုခံစားရပြီဆိုလျှင် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။
👉ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏက သိသိသာသာ တိုးလာပါတယ်။ သွေးရဲ့ ပါဝင်မှုထဲက plasma လို့ခေါ်တဲ့ သွေးရည်ကြည်မှာလည်း ရေဓာတ်ပါဝင်မှုများပါတယ်။ ဒီအချက်ကလည်း ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ပုံမှန်ထက် ရေဓာတ်ကို ပိုလိုအပ်စေပါတယ်။
👉 မွေးခါနီး မိခင်လောင်းတွေ အနေနဲ့လည်း ပုံမှန်အချိန်ထက်ရေဓာတ်ကို ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တက်လာတဲ့ကိုယ်အလေးချိန်ရဲ့ သုံးပုံ နှစ်ပုံဟာဆိုလျှင် ရေဓာတ်ဖြစ်ပါတယ်။ ဒီအတွက် သန္ဓေသားလေးတွေကျန်းမာဖို့အတွက် ရေဓာတ်ကို ပြည့်ဝနေဖို့လိုအပ်ပါတယ်။
👉 ကလေးမွေးပြီးအချိန်မှာလည်း အထူးသဖြင့်နို့တိုက်မိခင်တွေမှာဆိုလျှင်လည်း ရေဓာတ်ကို ပိုလိုအပ်ပါတယ်။ မိခင်နို့မှာဆိုလျှင် ရေဓာတ်က အဓိကပါဝင်ပါတယ်။ ဒါကြောင့်နို့တိုက်မိခင်တွေ အနေနဲ့ ရေဓာတ်ပြည့်ဝဖို့ကို အထူးအလေးထားသင့်ပါတယ်။
ရေမသောက်ဖြစ်တာနဲ့ ခြေကုန်လက်လက်ပန်းကျလာသလို လေးလံထိုင်းမှိုင်းပြီး ရေသောက်လိုက်မှ အားပြည့်သွားတာမျိုး ခံစားဖူးကြမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် ရေဓာတ်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ 𝐎𝐫𝐚𝐬𝐞𝐥 ချစ်သူတွေ သိရဖို့ မျှဝေပေးလိုက်ပါတယ်။
💧ရေဓာတ်က ခန္ဓာကိုယ်အတွက် ဘယ်လောက် အရေးကြီးသလဲ
လူ့ခန္ဓာကိုယ်ကို ရေဓာတ် ၇ဝ% နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ကိုယ်တွင်းကလီစာတွေ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ဖို့နဲ့ နေ့စဉ်ဘဝမှာ ကျန်းမာလန်းဆန်းစွာ နေထိုင်နိုင်ဖို့အတွက် ရေဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။
💧 ဘယ်လိုအချိန်တွေမှာ ရေဓာတ်ကို ဆုံးရှုံးလေ့ရှိသလဲ
ပုံမှန် အပေါ့အလေးသွားခြင်း ၊ ချွေးထွက်ခြင်းနဲ့ မျက်ရည်ထွက်ခြင်းကြောင့် ရေဓာတ်ကို ဆုံးရှုံးရတတ်ပါတယ်။ ဒါ့အပြင် အားကစားလုပ်ချိန် ၊ ဖျားနာတဲ့အချိန် ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တဲ့ အချိန်တွေမှာတော့ ရေဓာတ်ကို အများအပြား ဆုံးရှုံးပြီး မဖြစ်မနေ ပြန်လည်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
💧ရေဓာတ်ဆုံးရှုံးရင် ဘာတွေ ဖြစ်လာနိုင်သလဲ
အာခေါင်ခြောက်ခြင်း ၊ ခံတွင်းအနံ့ မကောင်းခြင်း ၊ ခေါင်းကိုက်ခြင်း ၊ မောပန်းမူးဝေခြင်း ၊ ဝမ်းချုပ်ခြင်းနဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ရေသောက်နည်းတာကြောင့် အစာခြေစနစ်မှာ ပြဿနာဖြစ်လာနိုင်လို့ ပုံမှန် ရေသောက်ပေးတဲ့ အကျင့်ကို မွေးမြူသင့်ပါတယ်။
💧တစ်နေ့ကို ရေဘယ်လောက် သောက်သုံးပေးသင့်လဲ
ခန္ဓာကိုယ်အလေးချိန်ပေါ် မူတည်ပြီး ရေ (၈) ဖန်ခွက်ကနေ (၁၂) ဖန်ခွက်အထိ သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေချည်းသက်သက် သောက်ဖို့ ခက်နေရင်တော့ ရေထဲ သံပုရာသီးနဲ့ ပူစီနံ အနည်းငယ် ထည့်ပြီးသောက်သုံးနိုင်သလို အငန်ဓာတ်ကို လျှော့ချပြီး သံပုရာရနံ့နဲ့ ဖော်စပ်ထားတဲ့ 𝐎𝐫𝐚𝐬𝐞𝐥 (အော်ရာစဲ) လို ရေဓာတ်ဖြည့် ဓာတ်ဆားကိုလည်း ဖျော်စပ်သောက်သုံးနိုင်ပါတယ်။
ဒီလောက်ဆို ခန္ဓာကိုယ်အတွက် ရေရဲ့အရေးကြီးပုံကို သိရှိသွားပြီး ရေကို မမေ့မလျော့ ပုံမှန်သောက်ပေးတော့မယ် ဟုတ်။ ဒါနဲ့ ဒီနေ့ရော ရေသောက်ပြီးသွားပြီလား 🧐🧐
ရေဓာတ်ခန်းခြောက်လို့ နွမ်းနယ်တာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ ဓာတ်ဆားက ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဒီလိုတွေ အကျိုးပြုပေးနေတယ်ဆိုတာ သိရဲ့လား။
💧 သွေးတွင်းအက်ဆစ်ပမာဏကို ထိန်းညှိပေးတယ်
💧 အာရုံကြောနဲ့ နှလုံးကျန်းမာရေးကို ကောင်းစေတယ်
💧 ကြွက်သားတွေရဲ့ ကျုံ့ဆန့်အားကို ကောင်းမွန်စေတယ်
💧 ရေဓာတ် ညီမျှစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်
ဒါကြောင့်လည်း ဝမ်းပျက်ဝမ်းလျှောချိန် ၊ အော့အန်ချိန်နဲ့ ချွေးထွက်များချိန်တွေမှာ ဓာတ်ဆားကို မဖြစ်မနေ သောက်ပေးဖို့ လိုအပ်တာပေါ့။
#ကျန်းမာလှပမိသားစုဘဝအော်ရာစဲနဲ့ရေဓာတ်ဖြည့်ကြ
WHO ဖော်မြူလာအဟောင်းနဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်ဆားနဲ့ WHO ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်ဆားက ဘာတွေ ကွာတာလဲတဲ့။ အမေးများတဲ့ ဒီမေးခွန်းလေးရဲ့ အဖြေကတော့ -
👍 ဖော်မြူလာအသစ်မှာ ဂကူးကို့စ်နဲ့ ဆိုဒီယမ်ကလိုရိုက် ဓာတ်တွေကို ပိုလျှော့ချထားလို့ ဖော်မြူလာအဟောင်းထက် ရေဓာတ်ကို ပိုမြန်ဆန်ထိရောက်စွာ ဖြည့်ပေးနိုင်တယ်။
👍 သွေးတိုးဆီးချိုဝေဒနာရှင်တွေအတွက်ဆိုရင်လည်း ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ ဓာတ်ဆားက အငန်ဓာတ် လျော့ထားတာမို့ ဖော်မြူလာအဟောင်းနဲ့ ထုတ်လုပ်ထားတဲ့ဓာတ်ဆားထက် ပိုပြီးသင့်တော်တယ်လေ။
ဒါကြောင့် ရေဓာတ်ခန်းခြောက်တိုင်း WHO ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ Orasel (အော်ရာစဲ)ဓာတ်ဆားနဲ့ ရေဓာတ်ပြန်ဖြည့်ပြီး ရွှင်လန်းတဲ့ နေ့ရက်တွေကို ပြန်လည်ဆောင်ကျဉ်းလိုက်နော်။
ဘယ်အချိန်တွေဓာတ်ဆားသောက်ကြရမလဲ 😉😉
ဝမ်းပျက်ဝမ်းလျှောဖြစ်မှ ဓာတ်ဆားသောက်ရတယ်လို့ အမှတ်မှားနေကြလား။ တကယ်တမ်း ဖျားနာချိန်၊ အော့အန်ချိန်၊ ချွေးထွက်များချိန်တွေမှာ ရေဓာတ်ကို ဆုံးရှုံးနိုင်လို့ ရေဓာတ် ပြန်ဖြည့်ဖို့ လုံးဝမေ့လို့မဖြစ်ဘူး။ ရေဓာတ်ဖြည့်တဲ့အခါမှာလည်း ထိရောက်မှု ရှိဖို့ အငန်ဓာတ် လျှော့ထားပြီး WHO ရဲ့ ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ 𝗢𝗿𝗮𝘀𝗲𝗹 (အော်ရာစဲ)ဓာတ်ဆားကို အိမ်က ဆေးသေတ္တာထဲမှာ မပြတ်ဆောင်ထားဖို့ လိုမယ်နော်။
🛒𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး အွန်လိုင်းကနေ မှာယူလိုပါက
🛍 My-Medicine - https://bit.ly/3HAnUf0
🛍 KBZ Pay Market - https://bit.ly/3oDhoN9
🛍 Pacific AA - https://cutt.ly/Ej4sRSq
🛍 Shop.com - https://bit.ly/2Xwpdtk
#ကျန်းမာလှပမိသားစုဘဝအော်ရာစဲနဲ့ရေဓာတ်ဖြည့်ကြ
နှစ်တစ်နှစ်ရဲ့အစရောက်ပြီဆိုတော့ ဆေးဆိုင်နဲ့ အိမ်သုံးဆေးသေတ္တာလေးထဲက ကုန်သွားတဲ့ ဆေးတွေကို ဝယ်ထည့်ဖို့ အလုပ်များရပြီလေ။
မိသားစုကျန်းမာရေးအတွက် လိုအပ်တဲ့ 𝗢𝗿𝗮𝘀𝗲𝗹 (အော်ရာစဲ) ဓာတ်ဆားလည်း မပါမဖြစ်ပဲပေါ့။ 𝗢𝗿𝗮𝘀𝗲𝗹 က WHO နဲ့ ဖော်မြူလာအသစ်နဲ့ ဖော်စပ်ထုတ်လုပ်ထားပြီး ဝမ်းပျက်ဝမ်းလျှောချိန် ၊ ဖျားနာချိန်နဲ့ ချွေးထွက်များချိန်တွေမှာ ကုန်ခမ်းသွားတဲ့ ရေဓာတ်နဲ့အားအင်တွေကို အမြန်ဆုံး ပြန်ဖြည့်ပေးနိုင်လို့ အိမ်တိုင်း ၊ ဆေးဆိုင်တိုင်းမှာ မရှိမဖြစ် ဆောင်ထားရာပဲလေ။
အိမ်က ဆေးသေတ္တာထဲမှာ ဓာတ်ဆားထုပ် ကုန်နေပြီလားဗျို့။ ဒါဆိုရင်တော့ အချိန်ကိုက်ပဲနော်။ WHO ရဲ့ ဖော်မြူလာအသစ် (Low- Osmolarity Formula)နဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အကောင်းဆုံး ရေဓာတ်ဖြည့်ဓာတ်ဆား 𝐎𝐫𝐚𝐬𝐞𝐥 (အော်ရာစဲ)ကို 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 ဆေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူလို့ ရနေပြီတဲ့။ ရေဓာတ်ခန်းခြောက်တာကို ချက်ချင်း ကုသနိုင်ဖို့ ကဲ အခုပဲ ပြေးဝယ်ထားလိုက်ပါဦး။
𝐎𝐫𝐚𝐬𝐞𝐥 ချစ်သူတွေအတွက် သတင်းကောင်း 😉
ရေဓာတ်ခန်းခြောက်တာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ 𝐎𝐫𝐚𝐬𝐞𝐥 ဓာတ်ဆားကို City Care ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်နော်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော၊ ပျို့အန်၊ ချွေးထွက်များတာနဲ့ ချက်ချင်း ဖျော်သောက်နိုင်ဖို့ နီးစပ်ရာ City Care ဆေးဆိုင်တွေမှာ သွားဝယ်ပြီး ကိုယ်နဲ့မကွာ ဆောင်ထားလိုက်ပါလို့။
#ကျန်းမာလှပမိသားစုဘဝအော်ရာစဲနဲ့ရေဓာတ်ဖြည့်ကြ
ဆောင်းရာသီမှာ ရာသီဥတုက အေးလို့ အမြဲတမ်း ရေသောက်ဖို့ မေ့တတ်ကြတယ်ဟုတ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးတာမို့ ရာသီဥတုအေးလည်း ရေများများသောက်ဖြစ်အောင် ဒီလိုနည်းလမ်းတွေနဲ့ ပြင်ဆင်လို့ ရတယ်နော်။
ဘာတွေလဲ သိချင်ရင် ဟောဒီမှာ ကြည့်။ 🤩🤩
𝐎𝐫𝐚𝐬𝐞𝐥 ကို ဒီဆိုင်မှာ ရပြီလား၊ ဟိုဆိုင်မှာရပြီလားလို့ ခဏခဏလာမေးကြတဲ့ 𝐎𝐫𝐚𝐬𝐞𝐥 ချစ်သူတွေအတွက် သတင်းကောင်းက ဒီမှာပါရှင်။ အကောင်းဆုံး ရေဓာတ်ဖြည့်ဓာတ်ဆား 𝐎𝐫𝐚𝐬𝐞𝐥 ကိုနီးစပ်ရာ ဆေးဆိုင်တွေအပြင်
🏥Medicare
🏥City Care
🏥Life Plus
🏥Capital Hypermarket
🏥One Stop Mart
🏥City Express ဆိုင်တိုင်းမှာ စိတ်တိုင်းကျ ဝယ်ယူရရှိနိုင်ပါပြီလို့ သတင်းကောင်းပါးပါရစေနော်။
ဝယ်ခါနီးမှ ပြန်ရှာမနေရအောင်လို့ ဒီပို့စ်လေးကို ရှဲသွားလိုက်ပါဦး 😍😍
အသက်ရှင် ကျန်းမာဖို့အရေးမှာ အဓိက အလုပ်လုပ်ပေးတဲ့ နှလုံးသားလေးကို အထိအခိုက်ခံလို့ ဘယ်ဖြစ်ပါ့မလဲ ဟုတ်။ ဒါဆို နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို ဂရုစိုက်ပေးရမလဲ။ သိချင်ရင် 𝐎𝐫𝐚𝐬𝐞𝐥 (အော်ရာစဲ)ရဲ့ chatbot (https://m.me/OraselMyanmar)မှာ ဝင်ရောက်ဖတ်ရှုနိုင်တယ်နော်။
🛒𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး အွန်လိုင်းကနေ မှာယူချင်ပါက
🛍 My-Medicine - https://bit.ly/3HAnUf0
🛍 KBZ Pay Market - https://bit.ly/3oDhoN9
🛍 Pacific AA - https://cutt.ly/Ej4sRSq
🛍 Shop.com - https://bit.ly/2Xwpdtk
🌏 𝐎𝐫𝐚𝐬𝐞𝐥 ရှိတဲ့ ကမ္ဘာနဲ့
🌑 𝐎𝐫𝐚𝐬𝐞𝐥 မရှိတဲ့ ကမ္ဘာ
ဘာတွေ ကွာခြားနေလဲ ပုံလေးက သက်သေပဲနော်။
ဒါကြောင့် 𝐎𝐫𝐚𝐬𝐞𝐥 မရှိတဲ့ ကမ္ဘာလို ခြောက်ကပ်ညှိုးရော်နေတာမျိုး မဖြစ်ရအောင် 𝐎𝐫𝐚𝐬𝐞𝐥 (အော်ရာစဲ) ရေဓာတ်ဖြည့်ဓာတ်ဆားနဲ့ ကြိုတင်ကာကွယ်လိုက်ရအောင်။ 😍😍
အချစ်နဲ့ တွေ့တဲ့အချိန် ရင်တုန်ပန်းတုန် ဖြစ်ပြီး နှလုံးခုန်မြန်တာပဲ ကောင်းတယ်။
ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်လို့ ရင်ထဲတလှပ်လှပ် ဖြစ်နေပြီဆိုရင်တော့ ရေဓာတ်ဖြည့်ဓာတ်ဆား 𝗢𝗿𝗮𝘀𝗲𝗹 (အော်ရာစဲ) ကို ဖျော်သောက်ဖို့ လိုပြီနော်။ 🥵
ဘာလို့လဲဆိုတော့ ဒီလိုရောဂါဝေဒနာတွေ ခံစားရနိုင်လို့လေ။
ကျန်းမာရေးနဲ့ပက်သတ်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို အမြဲဖတ်ချင်ရင်တော့ အော်ရာစဲရဲ့ Telegram channel ( https://t.me/OraselMyanmar ) ကို Join ဖို့ မမေ့နဲ့နော်။
🛒𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး အွန်လိုင်းကနေ မှာယူချင်ပါက
🛍 My-Medicine - https://bit.ly/3HAnUf0
🛍 KBZ Pay Market - https://bit.ly/3oDhoN9
🛍 Pacific AA - https://cutt.ly/Ej4sRSq
🛍 Shop.com - https://bit.ly/2Xwpdtk
👩💼 နိစ္စဓူဝ ရုံးပဲ သွားသွား
🚵♂️ မြို့ပတ်ပြီး စက်ဘီးပဲ စီးစီး
🧘♀️ အိမ်မှာ ယောဂပဲ ကျင့်ကျင့်
🏋️♀️ Gym မှာ လေ့ကျင်ခန်းပဲ လုပ်လုပ် ဘာအတွက်ကြောင့်မှ ရေဓာတ်ခန်းခြောက်ပြီး ပင်ပန်းနွမ်းနယ်နေလို့ မဖြစ်ဘူး မဟုတ်လား။ ဒါကြောင့် WHO ရဲ့ ဖော်မြူလာအသစ်နဲ့ ဖော်စပ်ထားတဲ့ 𝐎𝐫𝐚𝐬𝐞𝐥 (အော်ရာစဲ) ရေဓာတ်ဖြည့်ဓာတ်ဆားရည်က သွားလေရာ မပါမဖြစ်ပဲလေ။
ဟိတ် ... Telegram မှာလည်း 𝗢𝗿𝗮𝘀𝗲𝗹 ရှိနေတာ သိပြီးပြီလား။
အော်ရာစဲ တယ်လီဂရမ်ချန်နယ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ ရေဓာတ်ဖြည့်ဓာတ်ဆား 𝗢𝗿𝗮𝘀𝗲𝗹 အကြောင်း သတင်းနဲ့ ပရိုမိုးရှင်းတွေကို အမြဲတင်ပေးမှာမို့ အော်ရာစဲချစ်သူတွေ မြန်မြန်လေးJoin ထားလိုက်နော်။
Telegram Channel - https://t.me/OraselMyanmar
ဝမ်းပျက်ဝမ်းလျှောချိန်ဆို လူက ဘာအားအင်မှ မရှိတော့သလို နုံးချိသွားတတ်တယ် ဟုတ်။ ဒါကို ဂရုမစိုက်ရင် မူးမေ့တဲ့အထိ ဖြစ်နိုင်တာမို့ ပေါ့ဆလို့ မဖြစ်ဘူးနော်။
ကဲ ... သံပုရာရနံ့ သင်းသင်းလေးနဲ့ WHO ဖော်မြူလာအသစ်နဲ့ ဖော်စပ်ထားတဲ့ ရေဓာတ်ဖြည့်ဓာတ်ဆား 𝗢𝗿𝗮𝘀𝗲𝗹 (အော်ရာစဲ)ကိုသာ ချက်ချင်း ဖျော်သောက်လိုက်။
အားအင်ပြန်ပြည့်ပြီး လန်းဆန်းသွားမှာ အသေအချာ။ 💪💪
🛒𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး အွန်လိုင်းကနေ မှာယူချင်ပါက
🛍 My-Medicine - https://bit.ly/3HAnUf0
🛍 KBZ Pay Market - https://bit.ly/3oDhoN9
🛍 Pacific AA - https://cutt.ly/Ej4sRSq
🛍 Shop.com - https://bit.ly/2Xwpdtk
မိုးရာသီမှာလည်း ထိုင်းမှိုင်းခြင်း ကင်းဝေးပြီး ကျန်းမာလန်ဆန်းနေရတဲ့ အကြောင်းအရင်းကို သိချင်လား။ ချွေးထွက်များတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ မူးဝေအော့အန်တာတွေ ဖြစ်တာနဲ့ ချက်ချင်း ဖျော်သောက်လို့ရတဲ့ ကျန်းမာခြင်းဆုလာဘ် အော်ရာစဲ ရေဓာတ်ဖြည့် ဓာတ်ဆားလေးကို အမြဲဆောင်ထားလို့ပေါ့။
🛒𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး အွန်လိုင်းကနေ မှာယူချင်ပါက
🛍 My-Medicine - https://bit.ly/3HAnUf0
🛍 KBZ Pay Market - https://bit.ly/3oDhoN9
🛍 Pacific AA - https://cutt.ly/Ej4sRSq
🛍 Shop.com - https://bit.ly/2Xwpdtk
အချိန်မရွေး ဖြစ်နိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောတာ၊ မူးဝေတာ၊ ပင်ပန်းနွမ်းနယ်တာတွေကို ကုသဖို့ အိမ်တိုင်းရဲ့ ဆေးသေတ္တာလေးထဲမှာ ဘာကို မရှိမဖြစ် ဆောင်ထားရမလဲ 🤔
သိချင်တယ်ဆိုရင် ဒီဗီဒီယိုလေးကို ဖွင့်ကြည့်မှ ဖြစ်မယ်နော်။ ဒါ့အပြင် မိသားစုကျန်းမာရေးအတွက် ဆေးသေတ္တာထဲမှာ အရေးပေါ် ဆောင်ထားရမယ့် ဆေးတွေကို သိချင်ရင်လည်း 𝐎𝐫𝐚𝐬𝐞𝐥 page ရဲ့ chat bot (https://m.me/OraselMyanmar) မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
မိုးရေစက်တွေနဲ့ အေးချမ်းမှုကို ဆောင်ကြဉ်းပေးတဲ့ မိုးရာသီက အတော် နေလို့ကောင်းတဲ့ ရာသီဥတုလေးပါပဲ။ ခြင်ကိုက်တာကြောင့် ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကြီးသာ ရှိမနေရင်ပေါ့လေ။
ကဲ ... ဒါဆို နေထိုင်ကောင်းတဲ့ မိုးရာသီလေး ဖြစ်ဖို့ အဲ့ဒီသွေးလွန်တုပ်ကွေးရောဂါကို ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ 🤗
အောက်က ပုံလေးကို တစ်ချက် ရှိုးလိုက်နော်။ 😍
ရေဓာတ်ခန်းခြောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်တယ်ဆိုတာ သိရဲ့လား။ 🥵ရေဓာတ် မပြည့်ဝရင် ခန္ဓာကိုယ်က နွမ်းနယ်လွယ်လာပြီး စိတ်လည်း မကြည်လင်နိုင်တော့ဘူးလေ။ ဒါကြောင့် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာတွေ မခံစားရစေဖို့ နေ့စဉ် ဘယ်လိုနေရမလဲ သိချင်ရင် အောက်က ဗီဒီယိုလေးကို ကြည့်လိုက်ရအောင်လေ။🤩🤩
#ကျန်းမာလှပမိသားစုဘဝအော်ရာစဲနဲ့ရေဓာတ်ဖြည့်ကြ
မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်သဘောတွေနဲ့ ရာသီခွင်အုပ်စုအလိုက် ဓာတ်ဆားကို ဘယ်လိုသောက်တတ်ကြလဲဆိုတာ သိချင်ကြလား။ သိချင်ရင် အောက်မှာ တစ်ချက်လောက် ရှိုးလိုက်လေ။
🟤 Earth Signs (Ta**us, Virgo, Capricon)
သည်းခံနိုင်စွမ်းမြင့်ပြီး ခေါင်းမာတတ်တဲ့ မြေကြီးဓာတ်သဘာဝ ရာသီခွင်တွေက ရေဓာတ် လိုအပ်နေပြီဆိုရင်တော့ ဓာတ်ဆားရည်သောက်ဖို့ အချိန်ဆွဲနေမယ့် သူတွေ မဟုတ်ပါဘူး။ ရေဖြန်းမှ လန်းဆန်းစိုပြည်မယ့် မြေကြီးသမားလေးတွေဆိုတော့ ချွေးလေး နည်းနည်းထွက်တာနဲ့ ဓာတ်ဆားသောက်မယ် တကဲကဲနဲ့ပေါ့။ ဝမ်းပျက်ဝမ်းလျှောမှ မဟုတ်ဘဲ မူးဝေလာရင်လည်း ချက်ချင်း ဖျော်သောက်ဖို့ အော်ရာစဲ ဓာတ်ဆားထုပ်ကို သွားလေရာကို ဆောင်သွားကြတဲ့ လူလိမ္မာလေးတွေလေ။
🔵 Water Signs (Cancer, Scorpio, Pisces)
အလှအပကို ဂရုစိုက်တတ်တဲ့ ရေရာသီခွင်လေးတွေကတော့ အသားအရေခြောက်သွေ့မှာ၊ နေထိုင်မကောင်းဖြစ်မှာ သိပ်စိုးရိမ်တတ်သူလေးတွေပါပဲ။ အသားအရေ ကြည်လင်လှပဖို့အတွက်ဆို ရေများများ သောက်ဖို့၊ အပူအစပ်ရှောင်ဖို့ သိပ်ပြောနေစရာ မလိုသူလေးတွေပေါ့။ ဝမ်းပျက်ဝမ်းလျှောပြီဆိုရင်လည်း အော်ရာစဲဓာတ်ဆားထုပ်ကို ချက်ချင်း ပြေးဝယ်၊ ဖျော်သောက်တတ်ကြသေးတာ။ "ကျန်းမာပြီး လှပရေး တို့အရေး" ဆိုတာ သူတို့လေးတွေရဲ့ လက်ကိုင်ဆောင်ပုဒ်ပါပဲ။
⚪ Air Signs (Gemini, Libra, Aquarius)
လေရာသီခွင်လေးတွေကတော့ လေလိုအလျင်နဲ့ စိတ်မြန်လက်မြန် ရှိတတ်ပေမဲ့ တစ်ခါတစ်ခါကျရင် ဂရုစိုက်ခံချင်တာနဲ့ပဲ လုပ်စရာရှိတာ မလုပ်ဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်တာ။ ဒါကြောင့် ချွေးထွက်များလို့ပဲဖြစ်ဖြစ်၊ ဝမ်းပျက်ဝမ်းလျှောလို့ပဲဖြစ်ဖြစ် အော်ရာစဲ ဓာတ်ဆားကို သောက်ဖို့ ခဏခဏ ပြောနေရသူလေးတွေပေါ့။ ပြောတာ နားမထောင်ဘူးမလား။ ကိုယ်တိုင် ဖျော်တိုက်ကြည့်လိုက်။ ဘာမှမပြောဘူး၊ တစ်ခါတည်း သောက်ချပစ်လိုက်တာ။ အဲ့ဒီလိုပါဆို။
🔴 Fire Signs (Aries, Leo, Sagittarius)
ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ တက်ကြွနေတဲ့ မီးရာသီခွင်လေးတွေကတော့ နဂိုကတည်းက ခန္ဓာကိုယ်အပူဓာတ် များတတ်တာမို့ ခဏခဏ အာခြောက်တတ်တယ်လေ။ ရေဘူးတစ်ဘူးကတော့ အနားမှာ အမြဲရှိနေဖို့ လိုအပ်သူလေးတွေပေါ့။ ချွေးထွက်များပြီး ခဏခဏ နုံးခွေပင်ပန်းနေတတ်လို့လည်း အော်ရာစဲ ဓာတ်ဆားဆို ဘူးလိုက် ဝယ်ဆောင်ထားရတယ်တဲ့လေ။ ဒါကြောင့် ဓာတ်ဆား လိုရင် မီးရာသီခွင်လေးတွေကိုသာ မေးကြည့်လိုက်။ သူတို့မှာ အဆင်သင့် ရှိပြီးသား။
ခန္ဓာကိုယ် ရေဓာတ်ပြည့်ဖို့အရေး အခွင့်အခါမနှေး ဂရုစိုက်သင့်တာမို့ ကိုယ့်ရာသီခွင်အပြင် သူငယ်ချင်းတွေ သိရအောင်လည်း မန်းရှင်းခေါ်သွားနော်။
#ကျန်းမာလှပမိသားစုဘဝအော်ရာစဲနဲ့ရေဓာတ်ဖြည့်ကြ
မိုးရာသီ ရောက်ပြီဆိုတော့ ချွေးသိပ်မထွက်လို့ ရေဓာတ်မဆုံးရှုံးတော့ဘူး မထင်လိုက်နဲ့နော်။ ခန္ဓာကိုယ်က အချိန်တိုင်း ချွေးထွက်နေပြီး ရာသီဥတုအေးတာနဲ့အမျှ ရေသောက်ဖို့လည်း သတိမေ့တတ်တာကြောင့် ရေဓာတ်ဆုံးရှုံးမှန်းမသိ ဆုံးရှုံးနိုင်တာပေါ့။
ဒီလိုမဖြစ်စေဖို့ WHO ရဲ့ ဖော်မြူလာအသစ်နဲ့ စီမံဖော်စပ်ထားတဲ့ 𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်လေးကို သွားလေရာ သယ်သွားလိုက်နော်။ ရေသန့်(၁)လီတာရှိရုံနဲ့ အလွယ်တကူဖျော်လို့ရတဲ့ သံပုရာနံ့ 𝗢𝗿𝗮𝘀𝗲𝗹 နဲ့အတူ ရေဓာတ်ပြည့်ဝတဲ့ မိုးရာသီကို အတူဖြတ်ကျော်စို့လေ။
🛒𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး အွန်လိုင်းကနေ မှာယူချင်ပါက
🛍 My-Medicine - https://bit.ly/3HAnUf0
🛍 KBZ Pay Market - https://bit.ly/3oDhoN9
🛍 Pacific AA - https://cutt.ly/Ej4sRSq
🛍 Shop.com - https://bit.ly/2Xwpdtk
#ကျန်းမာလှပမိသားစုဘဝအော်ရာစဲနဲ့ရေဓာတ်ဖြည့်ကြ
ဝမ်းပျက်ဝမ်းလျှောဖြစ်မှ ဓာတ်ဆားသောက်ရတယ်လို့ အမှတ်မှားနေကြလား။ တကယ်တမ်း ဖျားနာချိန်၊ အော့အန်ချိန်၊ ချွေးထွက်များချိန်တွေမှာ ရေဓာတ်ကို ဆုံးရှုံးနိုင်လို့ ရေဓာတ် ပြန်ဖြည့်ဖို့ လုံးဝမေ့လို့မဖြစ်ဘူး။ ရေဓာတ်ဖြည့်တဲ့အခါမှာလည်း ထိရောက်မှု ရှိဖို့ အငန်ဓာတ် လျှော့ထားပြီး WHO ရဲ့ ဖော်မြူလာအသစ်နဲ့ ထုတ်လုပ်ထားတဲ့ 𝗢𝗿𝗮𝘀𝗲𝗹 (အော်ရာစဲ)ဓာတ်ဆားကို အိမ်က ဆေးသေတ္တာထဲမှာ မပြတ်ဆောင်ထားဖို့ လိုမယ်နော်။
🛒𝗢𝗿𝗮𝘀𝗲𝗹 ဓာတ်ဆားထုပ်ကို နီးစပ်ရာ ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး အွန်လိုင်းကနေ မှာယူလိုပါက
🛍 My-Medicine - https://bit.ly/3HAnUf0
🛍 KBZ Pay Market - https://bit.ly/3oDhoN9
🛍 Pacific AA - https://cutt.ly/Ej4sRSq
🛍 Shop.com - https://bit.ly/2Xwpdtk
#ကျန်းမာလှပမိသားစုဘဝအော်ရာစဲနဲ့ရေဓာတ်ဖြည့်ကြ
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Website
Address
16, West Shwe Gone Dine 4th Street
Yangon
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |