Shwe Myanmar Online Pharmacy

Shwe Myanmar Online Pharmacy

LIke လုပ်ထားပါ

13/08/2020

Formula 41မှ အထူးကောင်းမွန်းသော
2020 NewUpdate Formula 41 USA
ဘေးထွက်ဆိုးကျိုးမရှိတဲ့ အရည်အသွေးမြင့်ယောက်ျားအားဆေး ရှာနေတဲ့ ညီအကိုတို့အတွက် ကျားမှန်သမျှ အားသန်စေမယ့် အမေရိကန်ထုတ်စစ်စစ် Formula 41 (2020-Update) လာပါပြီခင်ဗျ…

((အထူးအခွင့်အရေး))

[တဗူးဝယ် တဗူးလက်ဆောင်]

ဈေးနှုန်း - ၆၅၀၀၀ကျပ်

Phone . 09 - 445236664

Formula 41 (2020-Update) သည် ယခင်လက်ဟောင်း ဖိုတီဝမ်း ကို နိုင်ငံတကာ အရည်အသွေးနဲ့အညီ ပြောင်းလဲထုတ်လုပ်ထားတာဖြစ်လို့ ဆေးသောက်ပြီး ခေါင်းမူးတာ၊ ခေါင်းကိုက်တာနဲ့ ကိုယ်လက်မအီမသာ ဖြစ်တာမျိုးတွေ "လုံးဝ" မရှိတော့ပါဘူး။ ဆေးအာနိသင်လဲ ယခင်လက်ဟောင်း ဖိုတီဝမ်းထက် များစွာ ပိုကောင်းလာပါတယ်။

Formula41(2020-Update) သည်...
ပန်းသေ/ပန်းညှိုးရောဂါဖြစ်ခြင်း
ဆီးချိုရောဂါကြောင့် ကျားအားလျော့နည်းခြင်း
အိပ်ယာထဲမှာအချိန်တိုအတွင်းအပြီးမြန်ခြင်း
စိတ်ဆန္ဒရှိပေမယ့် ခေါင်းမထောင်နိုင်ခြင်း
ငယ်ပါ သေးငယ်၍ဖြစ်စေ အားမရခြင်းတို့ကို
ထိရောက်မှုအရှိဆုံး လွယ်ကူလျှင်မြန်စွာ
ဖြေရှင်း ပေးပါတယ်..။

ဖော်မြူလာရဲ့ ၁ နာရီအတွင်း ထူးခြားတဲ့ အာနိသင်တွေကတော့...
အကြောပြိုင်းပြိုင်းထ၍ ထောင်မက်နေခြင်း
အချိန်ကြာမြင့်စွာ ဆက်ဆံနိုင်ခြင်း (သုတ်ထိန်းနိုင်ခြင်း)
တစ်ကြိမ်ပြီးလျှင်လည်း နောက်တစ်ကြိမ် စွမ်းဆောင်နိုင်ခြင်း
အသက်အရွယ်ကြောင့်သော်၎င်း၊ ဆီးချို,သွေးချိုနဲ့ သုတ်အားနည်းသောကြောင့်သော်၎င်း၊ ကောင်းကောင်း မထောက်မက်နိုင်သူများ၊ စွမ်းဆောင်ရည် လျော့ကျနေသူများ ကျောက်တုံးကဲ့သို့ မာကြောလာပြီး ထောင်မက်နေတဲ့ စွမ်းရည်ကို ၁ နာရီအတွင်း မျက်ဝါးထင်ထင် တွေ့မြင်ရပါမည်။
ပန်းသေ,ပန်းညှိုးနှင့် သုတ်လွှတ်မြန်ခြင်းများကို
အထူးပျောက်ကင်းစေပါသည်။

ဆေးသုံးပြီးနောက်ပိုင်း လိင်တံအမြဲတမ်း နိုးကြွ
တင်းမတ်နေစေပြီး သုတ်အားအထူးကောင်းစေမည်။
ပန်းသေနေသူများ အကြောအားနည်းသူများ အိမ်မက်ထဲသုတ်လွှတ်တတ်သူများနှင့် သုတ်ထွက်မြန်သူများ ဤဆေးစားပြီး ပြန်လည်သန်စွမ်းလာစေရမည်။

ဖော်မြူလာဖိုတီဝမ်းသည် ဘေးထွက်ဆိုးကျိုးမရှိကြောင်း ၂၀၁၅ ခုနှစ်တွင် U.S.A မှာ ရွှေတံဆိပ်ဆုရယူပြီး သက်သေပြခဲ့တဲ့ဆေးပါ။သို့သော်လည်း အချို့သောသူများကို ဒီဆေးသောက်ဖို့ ကန့်သက်ထားပါတယ်။

!!! မသောက်သင့်သူများ !!!
( A ) သွေးတိုး ၁၆၀ နဲ့အထက် ရှိသူများ
( B ) ကျောက်ကပ်ဆေးထားသူများ
( C ) နှလုံးရောဂါ ပြင်းပြင်းထန်ထန် ရှိသူများ
( D ) အသက် ၁၈ နှစ်အောက် ကလေးများ လုံးဝ မသုံးစွဲရ

အရမ်းတန်တဲ့ ပရိုမိုးရှင်း ကာလလေးပါ

ပရိုမိုးရှင်းကာလလေး အတွင်းပဲ
ဒီဈေး ဒီလက်ဆောင်မျိုးရမာနော်

Phone - 09-445236664
ကို ဆက်သွယ်ပေးပါ...

viber no - 09-445236664ကနေလည်း
မှာယူလို့ရပါတယ်
မြို့နယ်အလိုက်ပို့ခပေးဆောင်ရပါမည်။

13/08/2020

အားလုံးအတွက် Biflora
--------------------------------
Probiotics ဟာ လူကြီးများအတွက် အာဟာရဖြည့်စွက်စာ တစ်မျိုးဖြစ်တာကို သိရှိကြပြီး ဖြစ်ပါတယ်။ Probiotics များဟာ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများနှင့် ကိုယ်ခန္ဓာခုခံအား​ကောင်း​စေဖို့ အသုံးပြု​လေ့ ရှိပါတယ်။ လူကြီးများအတွက် ဘေးအန္တရာယ်မရှိဘဲ သုံးစွဲနိုင်ပါတယ်။ ကလေးများဆိုရင်တော့ အဆင်ပြေနိုင်ပါ့မလား မိဘများက တွေးပူကြပါတယ်။ 🦠

ဘက်တီးရီးယားလို့ ကြားလိုက်တာနှင့် ကျွန်တော်တို့က ရောဂါပိုးနှင့် တွဲနေတယ်လို့ ထင်မိပါတယ်။ တကယ်တော့ လူအကျိုးပြု ဘက်တီးရီးယားများစွာဟာ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ အတူ ယှဉ်တွဲနေထိုင်လျက်ရှိပါတယ်။ အဲဒီ ဘက်တီးရီးယား​တွေကို အရေပြား၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနှင့် တံတွေးများတွင် တွေ့ရနိုင်ပါတယ်။ အူလမ်းကြောင်းရှိ အကျိုးပြု ဘက်တီးရီးယား​တွေဟာ တကယ်​တော့ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ မဖြစ်အောင် ခုခံကာကွယ်ပေးတဲ့ တမံတတိုင်းသဖွယ် သက်ရှိနံရံတစ်ချပ်လိုပါပဲ။ ကျွန်တော်တို့ ပဋိဇီဝပိုးသတ်ဆေး​တွေ သောက်ကြတဲ့အခါ သူတို့ပါ သေ​​ကြေပျက်စီးရပါတယ်။ အဲဒီအခါ ဝမ်းပျက်ဝမ်းလျှောခြင်း ကြုံရနိုင်ပါတယ်။ 🚽

ကလေး​တွေတွင် Probiotics သုံးစွဲခြင်းက ဗိုက်နာခြင်း၊ အူရောင်ရမ်းခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းချုပ်ခြင်းများကို ​လျော့ချကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။ သို့သော် ကလေးအချို့မှာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရှိမြဲရောဂါ လက္ခဏာများ ပိုဆိုးလာခြင်းတို့ကိုလည်း တွေ့ရနိုင်ပါတယ်။ အဲသလိုလက္ခဏာ​တွေ ကြုံ​တွေ့လာရပါက Probiotic သုံးစွဲတဲ့ပမာဏကို ချိန်ညှိနိုင်ပါတယ်။ လက်တို့စ် သကြား မတည့်သူများ၊ မှိုတဆေး မတည့်သူများ၊ မွေးရာပါ G6PD အင်ဇိုင်းချို့တဲ့သူများမှာ Probiotics ကို သတိပြု ရွေးချယ်သင့်ပါတယ်။ Biflora ကို အသက် ၂နှစ်အရွယ်မှ စတင်သုံးစွဲနိုင်ပါတယ်၊ ⚕

👉Biflora တွင်ပါဝင်တဲ့ Saccharomyces Boulardii သည် ဝမ်းပျက်ဝမ်းလျှောရောဂါကို သဘာဝအတိုင်း ကာကွယ်ပေးနိုင်သည့်အပြင် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အစာမကြေဖြစ်ခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေပါသည်။

👉Lactic Acid Bacillus သည် Yeast မှအခြေခံ၍ထုတ်လုပ်ထားသောကြောင့် အစာအိမ်အူလမ်းကြောင်း အတွင်းရှိ ဘက်တီးရီးယားများကို သဘာဝအတိုင်းထိန်းညှိပေးပြီး အစာအိမ်အူလမ်းကြောင်း၏ ကိုယ်ခံစွမ်းအားစနစ်မြှင့်တင် ပေးသောကြောင့်အစာအိမ်အူလမ်းကြောင်းကျန်းမာရေးစနစ်ကို ကောင်းမွန်စေပါသည်။

👉ဒါ့အပြင် Biflora မှာ "Zinc"ကို ထဲ့သွင်း​ဖော်စပ်ထားပါတယ်။ Zinc သောက်သုံးခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောခြင်းကြောင့် ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုကို ကာကွယ်ပေးရုံသာမက၊ ဝမ်းပျက်ဝမ်းလျှော​ရောဂါကို လျင်မြန်စွာ သက်သာ​ပျောက်ကင်း​စေနိုင်ပါသည်။ 🧻

Biflora တွင် ပါဝင်သော အကျိုးပြု ဘက်တီးရီးယားများကို အစာခြေလမ်းကြောင်းမှာ မချေဖျက်နိုင်သဖြင့် ရည်ရွယ်ထားတဲ့ ကောင်းကျိုးများ အပြည့်အ၀ ရရှိစေနိုင်ပါတယ်။ Biflora တွင် Zinc ဓါတ် ပါဝင်သောကြောင့်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါကို ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်ပါသည်။ ✔

12/08/2020

💥အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ💥

အစားအသောက်က စွမ်းအားပေးတယ် ဆိုတာထက်ပိုပါတယ်။ နေ့စဉ် စားသုံးမှုက ရောဂါတွေကို တိုက်ဖျက်ပေးသလို သန်စွမ်းကျန်းမာမှုကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စားလိုက်တိုင်း ကျန်းမာရေးနဲ့ သင့်တော်တာမဟုတ်ဘူးဆိုတော့ အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေကို အဓိကထား စားကြမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေ စားကြမလဲ………..❗👀👀

အမျိုးသားတစ်ယောက် ကျန်းမာစေဖို့ စားသုံးရတဲ့ အစားအစာတွေက အမျိုးသမီးတွေနဲ့ မတူနိုင်ပါဘူး။ အများစုက တူနိုင်ပေမယ့် မတူကွဲပြားတာတွေ ရှိနိုင်ပါတယ်။
အနီရောင်အသား
အဆီမပါဖို့တော့ သတိထားရပါမယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပရိုတင်း ပိုမိုစားသုံးကြသလို သူတို့က ပရိုတင်း လိုအပ်ချက်လည်း ပိုမြင့်ပါတယ်။ ကြွက်သားတက်ဖို့ကစလို့ သင့်တင့်တဲ့ ကိုယ်အလေးချိန် နဲ့အရပ်အမြင့် ရစေဖို့လည်း ပရိုတင်းကို လိုအပ်မှာပါ။

ဒါကြောင့် အမျိုးသားတွေအနေနဲ့ အဆီပါဝင်မှုမရှိတဲ့ အနီရောင်အသားကို တစ်ပတ်ကို ၃ ကြိမ်နဲ့ အထက် စားသုံးပေးဖို့လိုပါမယ်။

✅ချယ်ရီသီး
ချယ်ရီသီးက စားရတာ အရသာရှိသလို ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ချယ်ရီသီးမှာပါတဲ့ဓာတ်တွေက နာကျင် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။
ဂေါက်ရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျိုးသားတစ်ဦးအနေနဲ့ တစ်နေ့ကို ချယ်ရီသီး ၁၀ လုံးခန့် စားပေးသင့်ပါတယ်။
အနက်ရောင် ချောကလက်
ချောကလက်မှာ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာနိသင်များစွာ ပါဝင်နေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်။
အမျိုးသားတစ်ဦးအနေနဲ့ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့ကို ချောကလက် တစ်အောင်စ စားသုံးပေးသင့်ပါတယ်။ ဒီပမာဏထက်တော့ ပိုမစားသင့်ပါဘူး။
✅ကမာ
ဂဏန်း၊ ခရု၊ ကမာ စတာတွေက အဆီပါဝင်မှု၊ ကယ်လ်လိုရီ ပါဝင်မှုနည်းပြီး၊ ပရိုတင်း ပါဝင်မှု မြင့်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဇင့်ဓာတ် ပါဝင်နေပါတယ်။

အမျိုးသားတစ်ဦးအနေနဲ့ ဇင့်ဓာတ်ကို တစ်နေ့တာမှာ ၃ အောင်စလောက် စားသုံးသင့်ပါတယ်။ ဒါမှ သုက်ပိုးတွေ ကျန်းမာမှာ ဖြစ်သလို ကျားဟော်မုန်းလည်း တိုးစေမှာပါ။ ဆီးကျိတ် ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။

✅ထောပတ်သီး
ထောပတ်သီးက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ အစားအစာ တစ်ခုပါ။ ထောပတ်သီးက အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ omega 3 fatty acid ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

✅ငါး
အမျိုးသား အများစုဟာ နှလုံးရောဂါကြောင့် သေဆုံးနေကြရပါတယ်။ ဒီအခြေအနေကနေ ကာကွယ်ဖို့ဆိုရင် ဆယ်လ်မွန်၊ ဆာဒင်းတို့လိုမျိုး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ omega-3 fatty acids ကြွယ်ဝတဲ့ ငါးတွေကို ပုံမှန် စားသုံးဖို့လိုပါမယ်။
✅ချင်း (ဂျင်း)
လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ကြွက်သားတွေ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီနာကျင်နေတဲ့ ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေဖို့ဆိုရင် နာကျင်မှုတွေကို သက်သာစေနိုင်တဲ့ ချင်း ကို စားပေးသင့်ပါတယ်။
ချင်း (ဂျင်း) ကသဘာဝ အကိုက်အခဲပျောက်ဆေးတစ်မျိုး ဖြစ်ပြီး ဆီးကျိတ်ကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါတွေအပြင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီး၊ အုတ်ဂျုံ၊ ဘယ်ရီသီး၊ အစေ့အဆန်တွေကိုလည်း ပုံမှန်လေး စားသုံးပေးသင့်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ် ။

Photos from Shwe Myanmar Online Pharmacy's post 10/08/2020

ဆေးဖက်ဝင်ကြောင်လျှာပင်

(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။

(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။

(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။

(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊ ၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။

(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။

(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏။

(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

(ဈ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏ ။

(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။

(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏။

(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊ ဒေါသသုံးပါးကို ငြိမ်းစေ၏။

(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊ တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ သက်သာပျောက်ကင်း၏။

(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂ ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့် သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆ ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။

(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့် လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။

(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏

(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက် တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော အစာမကြေရောဂါ ပျောက်ကင်း၏

(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်
ဘိန်းဆိပ်သင့်သူများ သက်သာပျောက်ကင်းသည်

(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျြော်ပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ အတွက် ပျောက်ကင်း ၏

credit -original uploader

Photos from Shwe Myanmar Online Pharmacy's post 10/08/2020

အသဲရောင်အသားဝါ
Bပိုးcပိုးအသဲကြီးအဆီဖုန်း
အသဲခြောက်ရေဖျင်းစတဲ့
အသဲရောဂါအပြင်အူလမ်းကြောင်း
အူနဲ့ပတ်သက်သောရောဂါတို့ကိုပါ
ပျောက်ကင်းနိင်သော
အသဲအူလဲလူဆိုရိုးစကားအတိုင်း
လဲလူအမြစ်အရွက်တို့ကအမှန်တကယ်ပျောက်ကင်းနိင်ပါသည်

05/08/2020

#ရေချိုးချိန်

#ရေဘယ်အချိန်ချိုးရမလဲ ?
#ရေဘယ်လိုချိုးရမလဲ?
#ရေချိုးတဲ့ကိစ္စ က အရေးကြီးသလား ?
#ရေချိုးတာ စနစ်တကျရှိဖို့လိုအပ်
သလား ?
#ရေချိုး တာ ကအရေးကြီးလို့လား ?
#ကျန်းမာရေးနဲ့ရေချိုးတာ ဘယ်လောက်ဆက်နွယ်နေ ပါသလဲ?

#သင်သိချင်ပါသလား?
#သိချင်ရင် ယုံယုံကြည်ကြည်ဖြင့်
စာကိုဆုံးအောင်ဖတ်ပေးပါ။

#ရေချိုး ခြင်းသည် ကျန်းမာရေးအတွက်
အလွန်အရေးပါ ပါသည်။
#ပေါ့တီးပေါ့ဆ ဖြင့် လူပိန်းလို လူမိုက်လိုထင်မြင်ပြီး ရေချိုး ခြင်းကိစ္စ ကို များ ကြီးကြီးကျယ်ကျယ်ပြောနေတာလိုက်တာဟု မထင်စေချင်ပါ။

#လူသည် သွေးနွေး သတ္တဝါ ဖြစ်ပါသည်
blood type
#ထို့ကြောင့် တောင်ဝင်ရိုးစွန်းတွင်ရှိ
သောဝက်ဝံဖြူများရေခဲတမျှအေးနေ
သောရေထဲတွင် ကူးခတ်နေနိုင်သော်
လည်း တိုင်တန်းနစ် သင်္ဘောမြှပ်သော်
လူတို့ပင်လယ်ရေထဲတွင်သွေးခဲ ၍
သေခဲ့ကြရပါသည်။
#လူသားတွင် ကိုယ်အပူချိန်ရှိပါသည်။
ယင်းအပူချိန်ပျက်ပြားသွားအောင်
မပွုလုပျရပါ။
#အစဉ် စောင့်ရှောက်ထိန်းသိမ်းရမည်
ဖြစ်ပါသည်။
#ပူတိုင်း အိုက်တိုင်းရေချိုးနေလို့မရပေ။
ရေချိုးချိန်
#နေ့လယ် ၁၂ ::၀၀ နာရီ မတိုင်မှီ
ရေချိုး သင့် ပါသည်။
#ရေချိုး ခါနီး သောက်ရေတခွက် ဝ ဝ
သောက်သင့် ပါသည်။
#ရေချိုးသည့် အခါ ဆီးအိမ်ထဲတွင်ရေ
ရှိဖို့လိုပါသည်။အိမ်ရှင်မ များ တမနက်
လုံး မီးနဲ့ချက်ပြုတ်နေကြပြီး ချက်ချင်း
ရေမချိုးသင့်ပါ။ချွေးတိတ်အောင်စောင့်
ပြီးသောက်ရေတခွက် ကြိုသောက်ထား
သင့်ပါသည်။
#ရေချိုးသည့်အခါ ချက်ချင်း ခေါင်း
ပေါ်မှ ရေမလောင်းသင့်ပါ။
#တဖြည်းဖြည်း ကိုယ်အောက်ပိုင်းမှသာ
အပေါ်သို့ တက်ပြီး ချိုးသင့်ပါသည်။
#အကောင်းဆုံး နည်း လမ်းတခု မှာ
ရေစချိုး စဉ်ကတည်း က ပါးစပ်ထဲတွင်
ရေ ငုံ ထား ပါ။ရေချိုး သည့် ကိစ္စ ပြီးမှ
သာယင်းရေကို ထွေးထုတ်ပစ်ပါ။
#ရေချိုး ပြီး မှ သာ ခေါင်းလျှော်ပါ။
#ရေချိုးနေစဉ် ဆီး မသွားရပါ။
#ရေကို အကြာကြီးစိမ် မချိုးရပါ။
#ရေချိုး သည့် အခါ သွက်သွက်လက်
လက်ဖြင့်ချိုးတာ ကောင်းပါသည်။
#ညနေ ဘက် ညဘက်တွေရေမချိုးသင့်ပါ
#မျက်နှာသစ်လို့ရပါသည်။
#ခြေလက်ဆေးလို့ရပါသည်။
#အိမ်ထောင်ရှင်များ ချွေးစော်နံ၍
မိမိ ကြင်ဘက်သက်လျာများအနား
မကပ် ခံသည့်အတွက်ရေချိုးရပါသည်
ဟူသော ဆင်ခြေ ကို လက်ခံပါသည်။
#သို့သော် မိမိ ချွေးနံသည် မိမိကိုယ်ထဲ
မှာ မသေခင် ကပင် ပုတ်ပွနေသော
ဓာတုဗေဒ အဆိပ်အတောက်များ
များနေပါသည် ဆိုတာကိုတော့ လက်ခံ
လိုက်ပါ။
#ဆိုလိုသည်မှာ မိမိသည် နံစော်နေသောကြောင့် အဆိပ်ထုတ်ဖို့လိုအပ်နေပြီ
ဆိုတာ သတိ ပြုဖို့ ကောင်းပါသည်။
သဘာဝအသီးအနှံများ ကို များများစား
၍ အဆိပ်ထုတ်နိုင်ပါသည်။
ရယ်ဒီမိတ် အစားအစာများရှောင်ပါ။
ခဏ ခဏ ရယ်ဒီမိတ်တွေစားပြ
ဖေ့ ဘုတ် ပေါ်မတင်စေချင်ပါ။
ယင်း အစား အစာများ Junk Food
အမှိုက် နှင့် တူသော အစားအစာတွေပါ
လေ့ကျင့်ခန်း လုပ်၍ ထွက်သော
အဆိပ် သည် ရဲယို သောက်၍ ထွက်
သောအဆိပ် မှာ မိုးမြေပမာကွာခြားပါ
သည်။ရဲယို ကို ပရိုမိုးရှင်းလုပ်နေခြင်း
မဟုတ်ပေ။ရှားစောင်းလက်ပတ်
မင်းဂွတ်သီး သင်္ဘောဖို ရွက်
ကြက်သွန်နီ ကျေက်ဖရုံ သီး ကင်ပွန်းချဉ်
ဒါတွေ လည်း အဆိပ်ထုတ်နိုင်ပါသည်။
မုန်လာဥနီ ပန်းသီး အာလူးဖျော်ရည်
လည်း အဆိပ်ထုတ် နိုင်ပါသည်။
အား ကစား လုပ်တာသွေး လည်ပတ်
စီးဆင်းမှုကောင်းသော်လည်း
အဆိပ် ကို သိပ်မထုတ်နိုင်ပါ။
ဒီအချက် ကို လူအများစုမသိကြပါ။
လေ့ ကျင့် ခန်း လုပ်ပြီး ညနေဘက်
ရေပြန်ချိုး လိုက်သည့် အခါ
မိမိ လုပ်ထားသောလေ့ကျင့်ခန်းများ
အကျိုးယုတ်သွားပါသည်။
ရေချိုး လိုက်သဖြင့် သွေးထဲကအက်ဆစ်
များ ထွက် လို့မရတော့ပေ။
လူအများ ရေချိုး တတ် ကြစေရန်
ရည်သန်လျက် ဤ ပညာပေးစာကို
စေတနာရှေ့ထား ၍ ရေးသားလိုက်ပါ
သည်။

29/07/2020

လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Cl****is) ရဲ့ လုပ်ဆောင်ချက်

အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်းထဲမှာ အရှုပ် ထွေးဆုံး အစိတ် အပိုင်းတစ် ခု ကို ပြောပါဆိုရင် အမျိုးသမီး လိင် အင်္ဂါ အ စေ့လို့ ပြောရမှာ ဖြစ် ပါတယ် ။ အမျိုးသမီး လိင် အင်္ဂါ အ စေ့ Cl****is ဟာ နှစ် ပေါင်းများစွာကတည်းက လူအများ လွဲမှားစွာ နားလည် ထားကြတဲ့ အင်္ဂါ အစိတ် အပိုင်းတစ် ခုလည်း ဖြစ် ပါတယ် ။ နို့တိုက် သတ္တဝါ အမသတ္တဝါ တွေအားလုံး၊ ငှက် အမနဲ့ တွားသွားသတ္တဝါ တစ် ချို့ နဲ့ မြွေတစ် ချို့တို့မှာ Cl****is လို့ ခေါ်တဲ့ အမျိုးသမီး လိင် အင်္ဂါ အ စေ့ ရှိကြပါတယ် ။

လူသား တွေမှာ တော့ Cl****is လို့ ခေါ်တဲ့ အမျိုးသမီး လိင် အင်္ဂါက လိင် ပိုင်းဆိုင် ရာ သာယာမှု အတွက် တော် တော် အ ရေးပါတဲ့ အင်္ဂါ တစ် ခုဖြစ် ပါတယ် ။ တကယ်တော့ ဒီအင်္ဂါအစိတ်အပိုင်းဟာ ကမ္ဘာလူဦးရေ တစ်ဝက်ခန့်ရှိ အမျိုးသမီးတွေမှာ ရှိကြတဲ့ အင်္ဂါတစ်ခု ဖြစ်ပေမဲ့ လူအများစုက ဒီအင်္ဂါအကြောင်း အသေးစိတ် မသိသေးကြပါဘူး။ ကျွန်တော် ဒီဆောင်းပါးလေးထဲမှာတော့ Hello ဆရာဝန် ကျန်းမာရေး ပရိတ်သတ်များအတွက် Cl****is လို့ခေါ်တဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ရဲ့ ဖွဲစည်းပုံ၊ ကျန်းမာရေးနဲ့ အိမ်ထောင်ရေး အပေါ် ဘယ်လောက်သက်ရောက်မှု ရှိလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ဟာ အစေ့လေး တစ်ခုသာ မဟုတ်ပါဘူး။

အမျိုးသမီး လိင် အင်္ဂါ အ စေ့ Cl****is ရဲ့ သဘာဝ ကို သူ့ရဲ့ နာမည် မှာ တင် အရှင်းသားမြင် ရနိုင် ပါတယ် ။ Cl****is ရဲ့မူရင်းစကားဟာ ရှေး ဟောင်းဂရိစကား Kleitoris မှ ဆင်းသက် လာတာ ဖြစ် ပြီး အဓိပ္ပါယ် က တော့ တောင် ကုန်းက လေး လို့ အဓိပ္ပါယ် သက် ရောက် ပါတယ် ။ ဒါ့အပြင် Kleitoris ဆိုတဲ့ စာလုံးထဲက Kleis ရဲ့ အဓိပ္ပါယ် ကလည်း သော့ လို့ အဓိပ္ပါယ် ရပါ သေးတယ် ။ တကယ် တော့ ဒီအင်္ဂါ လေးဟာ အမျိုးသမီး တွေလိင် ပိုင်းဆိုင် ရာ သာယာမှု အတွက် သော့ချက် အင်္ဂါ တစ် ခု ဖြစ် ပါတယ် ။ ဒါ ပေမဲ့ အမျိုးသမီးလိင် အင်္ဂါအ စေ့ Cl****is ဟာ ကျွန် တော် တို့ ထင် ထားသလို အပြင် က နေ မြင်တွေ့ရတဲ့ အင်္ဂါ အစေ့လေး တစ်ခုပဲ မဟုတ် ပါဘူး။ ဒါဟာ Cl****is ရဲ့ အစိတ် အပိုင်း သေး သေး လေးတစ် ခုသာ ရှိပါ သေးတယ် ။ ကျွန် တော် တို့ မျက် စိနဲ့ မြင် ရတဲ့ အစေ့လေး ကို အမျိုးသမီး လိင် အင်္ဂါ အ စေ့ ထိပ်ခေါင်း (g***s cl****is) လို့ ခေါ်ပါတယ် ။ ဒီအစိတ် အပိုင်းကိုပဲ ကျွန် တော် တို့ မျက် လုံးနဲ့အလွယ် တစ် ကူ မြင် ရတာဖြစ် ပါတယ် ။ တကယ့် အမျိုးသမီး လိင် အင်္ဂါ အ စေ့ဟာ ဒီထက် ပိုကြီးပြီး ဒီ လို ကျွန် တော် တို့ မျက် စိနဲ့ မြင် ရတဲ့ အစိတ် အပိုင်းဟာ Cl****is တစ် ခုလုံး မဟုတ် ကြောင်း လူအများ သိရှိလာတာ နှစ် ပေါင်း အနည်းငယ် သာ ရှိပါ သေးတယ် ။

Cl****is မှာ အဓိ အစိတ် အပိုင်း ၃ ခုရှိပါတယ် ။ အဲ့ဒါ တွေက တော့

(၁) g***s cl****is။

ဒီအစိတ် အပိုင်းက မျက် လုံးနဲ့ မြင် ရတဲ့ တစ် ခုတည်း တော့ အပိုင်း ဖြစ် ပြီး အင်္ဂါ အစိတ် အပိုင်းတစ် ခုလုံးရဲ့ ၅ ပုံတစ် ပုံ (သို့မဟုတ် ) ဒီထက် ပို သေးပါတယ် ။

(၂) Cl****is ဘေးအလွှာ ၂ ခု။

ဒီ Cl****is ရဲ့ ဘေးအလွှာ ၂ ခုဟာ စောင် လိုပဲ Cl****is ခေါင်းမှ ဖျာစင်းသွားပြီး V***a လို့ ခေါ်တဲ့ အမျိုးသမီး အင်္ဂါ နှုတ် ခမ်းသားတစ် ရှုး တွေအတွင်းပိုင်းအထိ တစ် ဖက် တစ် ချက် စီ ဆင်းသွားပါတယ် ။

(၃) မွေးလမ်းကြောင်း ဝင်ပေါက် ဘေးနားက အဖု (၂) ခု။

မွေးလမ်းကြောင်း အဝင်ပေါက် ဘေး ၂ ဘက် ၂ ချက်မှာ တည်ရှိနေတဲ့ အဖု ၂ ခုဟာ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Cl****is) ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေ ဖြစ်ပြီး အမျိုးသမီး အင်္ဂါနမိတ်ဝက ကြည့်ရင် မြင်ရမှာ မဟုတ်ပါဘူး။ ဒီအဖု နှစ်ခုဟာ အမျိုးသမီး အင်္ဂါ နှုတ်ခမ်းသားရဲ့ နောက်မှာ ရှိကာ ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း တို့ကို ဘေးက ဖြတ်သွားတာ ဖြစ်ပါတယ်။ ဒီအဖု (၂) ခုနဲ့ Cl****is ဘေးအလွှာ ၂ ခု (crura) မှာ ထောင်မတ်တစ်ရှုးတွေ ပါဝင်ပြီး လိင်စိတ် လှုံ့ဆော်ခံရတဲ့ အချိန်မှာ သွေးများပြည့်တင်းလာပြီး ဖောင်းကားလာပါတယ်။ မွေးလမ်းကြောင်း တစ်ဖက်တစ်ချက်မှာ ဖောင်းကားလာခြင်းဖြင့် မွေးလမ်းကြောင်း အတွင်း ချောဆီပိုထွက်စေလာနိုင်ပြီး အာရုံခံစားမှုနဲ့ လိင်ခံစားမှုကို ပိုတိုးတက်လာစေနိုင်ပါတယ်။

အစိတ် အပိုင်းတစ် ခုလုံးဆိုရင် Cl****is ဟာ စုစု ပေါင်း ၇ စင် တီမီတာ လောက် ရှိနိုင် ပါတယ် ။ Cl****is ထိပ် ခေါင်းတစ် ခု တည်းက ကို ၄-၇ မီလီမီတာ လောက် အထိ ရှိ ပါတယ် ။ အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်း ထိပ် ခေါင်းမှာ နာဗ် ကြောထုံး တွေ အများဆုံးပါဝင် နေတဲ့ အတွက် လိင် ပိုင်းဆိုင် ရာ သာယာမှုကို ဖြစ် ဖို့ အတွက် အဓိက အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေတာပါ။

၂။ လိင်ပိုင်းဆိုင် ရာ ခံစားချက်အတွက် အဓိကအကျဆုံး နေရာ အစိတ် အပိုင်းတစ်ခု။

အာရုံခံနိုင် စွမ်း မြင့်မားတာ ကြောင့် အမျိုးသမီး လိင် အင်္ဂါ အစိတ် အပိုင်းဟာ အမျိုးသမီး လိင် ခံစားမှု အထွတ်အထိပ် ရောက် ခြင်းမှာ အဓိက ကျတဲ့ နေရာတစ် ခု ဖြစ် ပါတယ် ။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ရဲ့ ထိပ်ခေါင်းမှာ နာဗ်ကြောထုံး ၈၀၀၀ ခန့် ပါဝင်တဲ့အတွက် အာရုံခံစားမှု အမြင့်မားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီနာဗ်ကြောပမာဏဟာ အမျိုးသား လိင်တံမှာ ပါဝင်တဲ နာဗ်ကြောထုံး ပမာဏရဲ့ ၂ ဆ ခန့်ရှိပါတယ်။ အပြာကား တွေကြောင့် လူအများက အမျိုးသမီး လိင် ခံစားမှု အထွတ် အထိပ် ရောက် ခြင်းဟာ လိင် အင်္ဂါ ထိုးသွင်းဆက်ဆံခြင်းမှသာ ရတာ ဖြစ် တယ် လို့ မှားယွင်းစွာ သိထားကြပါတယ် ။ ဒါ ပေမဲ့ သိပ္ပံပညာအရ တော့ ဒီလိုဟုတ် ပါဘူး။ အမျိုးသမီးတော်တော်များများဟာ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ကို လှုံ့ဆော်မှသာ လိင်ဆက်ဆံချိန် ခံစားချက် အထွတ်အထိပ်ရောက်တတ်လေ့ ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) အမျိုးသမီးတွေ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ဖို့ အတွက် အဓိက အကျဆုံးနေရာတစ်ခုလို့ခေါ်ရမှာပါ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်း Va**na ဟာ ဆေးပညာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အမျိုးသမီး အင်္ဂါ နမိတ်ဝ (V***a) နဲ့ သားအိမ်ခေါင်းကို ဆက်သွယ်ပေးထားတဲ့ မျိုးပွားအင်္ဂါ ပြွန်ချောင်းတစ်ခုသာ ဖြစ်ပြီးလိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းကို ဖြစ်စေနိုင်တဲ့ ဖွဲ့စည်းပုံမရှိဘူးလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ ဒီတော့ အမျိုးသမီးတွေ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းဟာ နာဗ်ကြောဆုံးတွေ တစ်စုတစ်စည်းတည်းတည်ရှိနေတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ကြောင့်သာ ရောက်ရတာ ဖြစ်ပါတယ်။

၃။ အမျိုးသား လိင်အင်္ဂါ (P***s) နဲ့ ဖွဲ့စည်းပုံတူတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ။

အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ဟာ အမျိုးသားတွေရဲ့ လိင်တံ (P***s) နဲ့ ဖွဲ့စည်းပုံဆင်ပါတယ်။ အမိဝမ်းတွင်း သန္ဓေသားဘဝမှာ သန္ဓောသားတွေအားလုံးက ခန္ဓါကိုယ် အစိတ်အပိုင်းတွေ အတူတူဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ ဖွဲ့စည်းပုံခြင်း ကွာသွားလို့သာ ကျား၊ မကွဲသွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေလိုရင်သွေးတွေကို နို့တိုက်စရာမလိုတဲ့ အမျိုးသားတွေမှာတောင် ရင်သားထိပ်ခေါင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ရင်သားထိပ်ခေါင်းတွေပါဝင်နေပေမဲ့ ဒီရင်သားတွေဟာ သန္ဓေသား အဆင့်တုန်းကလိုပဲ ဆက်လက်မကြီးထွားတော့ပါဘူး။ ဒီလိုပုံစံပဲ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) နဲ့ အမျိုးသားလိင်တံက တူနေတာ ဖြစ်ပါတယ်။ သန္ဓေအောင် မျိုးဥက သားအိမ်ထဲမှာ တွယ်ကပ်အပြီး ၆ ပတ် အကြာမှာ အမျိုးသား သဘာဝ ဟော်မုန်းတွေက သန္ဓေသားကို သက်ရောက်ပါတယ်။ အဲ့အချိန်မှာ သန္ဓေသား အမျိုးသားဆဲလ် တွေက ဒီဟော်မုန်းတွေကို အမျိုးသား ခန္ဓါကိုယ် ဖွဲ့စည်းပုံတွေ ဖြစ်တဲ့ လိင်တံ၊ဝှေးစေ့ နဲ့ ကပ်ပယ်အိတ်တွေ ဖြစ်ပေါ်ခြင်းဖြင့် တုံ့ပြန်ပါတယ်။ အမျိုးသမီး သန္ဓေသားဆဲလ်တွေကတော့ ဒီဟော်မုန်းတွေကို မတုံ့ပြန်ဘဲ ပုံမှန် လိင်အင်္ဂါ ဖွဲ့စည်းပုံဖြစ်တဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့၊ မျိုးဥအိမ်နဲ့ အမျိုးသမီး အင်္ဂါ နှုတ်ခမ်း အဖြစ် ဖွဲ့စည်းဖြစ်ပေါ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) မှာ G***s လို့ခေါ်တဲ့ ထိပ်ခေါင်း ၊ Hood လို့ခေါ်တဲ့ ထိပ်ငုံအရေပြား၊ ထောင်မတ်တစ်ရှုးတွေနဲ့ သေးငယ်တဲ့ အတံလေးတစ်ခုပါ ပါဝင်ပါတယ်။ ဒီအရာတွေအားလုံးဟာ အမျိုးသား လိင်တံမှာလည်း ပါဝင်နေပါတယ်။

၎။ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ရဲ့ အခန်း ကဏ္ဍက ဘယ်လောက်ရှိနေသလဲ။

အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) နဲ့ အမျိုးသား လိင်တံက ပုံစံခြင်း ဆင်တူတယ်ဆိုပေမဲ့ အမျိုးသား လိင်တံမှာက လိင်ပိုင်းဆိုင်ရာ ခံစားမှု၊ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ ဆီးစွန့်ထုတ်ခြင်းကို ပါ လုပ်ဆောင်နိုင်ပေမဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) အစေ့မှာတော့ လုပ်ဆောင်ချက်က တစ်ခုတည်း ရှိပါတယ်။ အဲ့ဒါကတော့ လိင်ပိုင်းဆိုင်ရာ ခံစားမှုကို လှုံ့ဆော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ခန္ဓါကိုယ်ဖွဲ့စည်းပုံရဲ့ လက်ဆောင်တစ်ခုလို့လည်း ဆေးပညာရှင်တွေက ခေါ်ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ လိင်ပိုင်းဆိုင်ရာ ခံစားချက် အထွတ်ထိပ် ရောက်သွားပြီဆိုရင် သုက်ထွက်ခြင်း ဖြစ်ပေါ်ပါတယ်။ သုက်ထွက်ခြင်းဟာ မျိုးပွားခြင်းအတွက် အရမ်းအရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အမျိုးသမီး တွေမှာကျတော့ မျိုးဥကြွေခြင်းဟာ လိင်ဆက်ဆံခြင်းနဲ့ မဆိုင်ဘဲ သူ့ဘာသာ အမှီအခို ကင်းစွာနဲ့ လုပ်ဆောင် နေတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တာကြောင့် ဆေးပညာရှင်တွေကတော့ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရာက်ခြင်းဟာ မျိုးပွားခြင်းနဲ့ မဆိုင်ဘဲ ခံစားချက်ကောင်းစေရန်အတွက်သာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

(၅) လူအများစု မသိကြသေးတဲ့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ။

ခေတ်မှီတိုးတက်နေတဲ့ အနောက်နိုင်ငံတွေမှာတောင် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is)အကြောင်းကို ၂၀၀၉ ခုနှစ်မှ သေချာလေ့လာပြီး တိတိကျကျ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) ရဲ့ တစ်ခုတည်းသော လုပ်ဆောင်ချက်ဟာ လိင်ပိုင်းဆိုင်ရာ ခံစားချက်အတွက်သာ ဖြစ်တဲ့ အတွက်ကြောင့် မိဘများနဲ့ ကျွမ်းကျင်သူ ဆေးပညာရှင်များကပါ အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) အကြောင်းကို ထုတ်မပြောတတ်ကြပါဘူး။ ဒီလို အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်အကြောင်း လျစ်လျူရှုထားခြင်းက အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာ ဘဝတွေကိုပါ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါ အ စေ့ (Cl****is) အကြောင့် သေသေချာချာနားလည်ထားမယ်ဆိုရင် အမျိုးသမီးတွေကို သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုအကြောင်း ပိုမိုသိရှိလာစေနိုင်ပြီး သာယာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာစေနိုင်မှာ ဖြစ်ပါတယ်။

Hello ဆရာဝန်

ယခု ပိုစ့်ကို ကြိုက်နှစ်သက်ပါက share ပီး နောက်အသစ်တွေ ဖတ်ရအောင်လို့ like and follow လုပ်ထားနိုင်ပါတယ်

25/07/2020

"ကြွက်နို့နှင့်ငါးမျက်စိ" အလွယ်ကူဆုံးနဲ့အကုန်အကျသက်သာပျောက်ကင်းစေမယ့်နည်း
==============================================
ကွမ်းစားထုံး (ဖေါက်ထုံး) ကွမ်းသီးတစ်လုံးစာ
ဂျင်း (၁)ကျပ်သား တစ်တက်
ကြက်သွန်ဖြူဥ (၁)ဥ
အိမ်တွင်းလွယ်လွယ်ကူကူရရှိစေသော အမယ်(၃) မျိုးဖြစ်ပါသည်။
ထိုသုံးမျိုးကို ညက်အောင်ထောင်းပြီး ငါးမျက်စိ (သို့)၊ကြွက်နို့ပေါ်သို့ အုံ၍ ပတ်တီး စည်း ထားရ ပါသည်။
(၁၀)မိနစ်ကြာလျှင် ငါးမျက်စိ ၊ ကြွက်နို့ သည် အသား ပေါ်သို့မသိမသာကြွ ၍ တက်လာပါ သည်။
ထိုအခါ လက်ဖြင့်ကိုင်ကာဆွဲနုတ်လိုက်ပါက အမြစ်အုံပါ ကျွတ်၍ ပါလာမည်ကိုကိုယ်တိုင်ကိုယ် ကျမြင်ရမည်ဖြစ်ပါသည်။
ကြွက်နို့၊ငါးမျက်စိသတ်နည်းများလည်းများစွာရှိ ပါသည်)။
တင်ပြပါနည်းမှာ ကိုယ်တိုင်ကြုံကြိုက်ဖူးသော ဆေးနည်းဖြစ်ပါသည်။

25/07/2020

အူနှင့်အစာလမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှု
==============================
🍍 နာနတ်သီးသည် ကျွန်ုပ်တို့၏ အူနှင့်အစာလမ်းကြောင်းကို ကောင်းမွန်အောင် လုပ်ဆောင်ပေးရာတွင် အလွန်အစွမ်းထက်သော သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါသည်။ ပါဝင်သောဘရိုမယ်လိန်း (Bromelain) များက ပရိုတင်းဓာတ်များကို ချေဖျက်ပေးသည့်အပြင် ပရိုတင်းမဟုတ်သောအင်ဇိုင်းများမှာလည်း အခြားအာဟာရဓာတ်များကို ချေဖျက်ပေးသည့်အတွက် အစားအစာမရွေး ချေဖျက်ရာတွင် များစွာအထောက်အကူပြုပါသည်။

🍍 အထူးသဖြင့် အသည်းအဆီဖုံးရောဂါ (Fatty liver)၊ သည်းခြေအိတ်တွင် ကျောက်တည်သည့်ရောဂါ (Gallstones)၊ ပန်ကရိယမှ အစာခြေရည်ထုတ်လုပ်မှုအားနည်း၍ အစာမကြေဖြစ်နေသူများ၊ နာတာရှည်အစာအိမ်ရောဂါကြောင့် အစာမကြေဖြစ်နေသူများ အတွက် နာနတ်သီးသည် အလွန်သင့်တော်သော သဘာဝအစားအစာတစ်ခုဖြစ်သည်။

🍍 နာနတ်သီးတွင် ပါဝင်သော အမျှင်ဓာတ်များက ဝမ်းမချုပ်စေရန် ကာကွယ်ပေးသည့် အတွက် ဝမ်းချုပ်တတ်သောသူများ နာနတ်သီးကို ပုံမှန်စားလျှင် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာ ကာကွယ်ရေးအတွက် များစွာအထောက်အကူပြုပါသည်။ နာနတ်သီး၏ အမျှင်ဓာတ်များက အူထဲတွင်ရှိသော မကောင်းသည့်ဓာတ်ပစ္စည်းများ၊ ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်း (Carcinogen) များကို တံမြက်စည်းလှည်းသကဲ့သို့ တိုက်ချသွားနိုင်သည့်အတွက် အလွန်အကျိုးရှိပါသည်။

24/07/2020

ပျိုမဒီများ နှင့် ဟော်မုန်း ♥️

အမျိုးသမီးတွေရဲ့ဟော်မုန်း ကို ဒီပိုစ့် လေး ကနေ
ပြောပြပေးသွားမှာ ဖြစ်ပါတယ် နော်
ပထမ ဦးဆုံး ဟော်မုန်း

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း

အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်ပါတယ်
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာပါတယ်
တို့ဟူး တို့ ပဲနို့ရည် တို့သောက်ပေးလို့ရပါတယ်နော်
ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း ကြီးထွားစေတဲ့ ဟော်မုန်း

သူကတော့သွေးထဲကဟော်မုန်း ဖြစ်ပါတယ်
သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့
ကြည့်ရဆိုးလာတတ်ပါတယ်
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပေးပါ နော် ✌️

♥DEHA ဟော်မုန်း

အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပေးရပါမယ်နော်

♥Melatonine

အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တတ်ပါတယ်
ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင် ပေးပါ၊အိပ်ရေးဝအောင်အိပ်ပါနော်

♥Cortisol

Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်
ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ နော်
ဒီ ဟော်မုန်း က စိတ် နက် ပို သက်ဆိုင်တာမို့
စိတ်ဖိစီးမှု သိပ်မခံပါနက်နော်

♥Insulin

သွေးထဲကသကြားဓာတ် များလာရင် လည်း
အရွယ်ကျမြန်တတ်ပါတယ် နော်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာတတ်ပါတယ်
အချိုလျော့ ရပါမယ်
၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပေးပါ
နော်

ကဲ ပျိုမဒီ တို့ရေ ဒီဟော်မုန်း ၆ မျိုး အ ကြောင်း
သိပီ ဆို ဘာလုပ်ရမလဲ
ဘာကြောင့် အဆီပို တွေ ဖြစ် တာလဲ မှဲ့ခြောက်တွေ
ဖြစ် တတ်တာ လဲ ဆိုတာ
သိသင့်သလောက်သိပီ ထင်ပါတယ်နော် ♥️
ချစ် ခြင်းများစွာ ဖြင်.



#ကောက်ကြောင်းလှဝတ်စုံ 😍

19/07/2020

"အကြည်ညိုဆုံးလူသား"
================

ထိန်လင်းတဲ့လား …၅နှစ်သားမှစ……… သီလလုံခဲ့သူ…… အမေ ညာကာ…… စပါးရောင်းရာမှာ…… ဆိတ်အဆွဲခံကာ……… မှန်ရာကို ချစ်တတ်ခဲ့လေသူ………။

ဂျပန်ကိုသွား စစ်ပညာသင်ကြား…… ပြန်ဖို့အလိုည……… ဂျပန်မနဲ့………… နှစ်ယောက်သား…… ပျော်ပါးဖို့ရာ ……… ပေးခဲ့ပါလည်း……… "ငါ့လူပျိုဘဝ"……… "မင်္ဂလာဦးညမှ"……… "စွန့် လွှတ်ရမည်"……… ယောက်ျားကောင်းပီပီ ……… သစ္စာတည်ခဲ့လေသူ…………။

ဗိုလ်ချုပ်တဲ့လား ပဲပြုတ်နဲ့ နံပြား…… ဖြစ်သလိုစားရင်း…… ဆင်းရဲခြင်းကိုမမှု…… ပြည့်သူ့အတွက်…… လုံ့လကိုပြု …… ဘာတစ်ခုမှ…… မတရား မယူခဲ့လေသူ………။

အချစ်တဲ့လား ရည်းစားစကား…… လူကြီးတွေက…… တဆင့်ပြောကြား…… မိသားဖသားနဲ့ ……… ကြည်ကြည်ဖြူဖြူ……… တောင်းရမ်းသွားခဲ့လေသူ ………။

မင်္ဂလာဆောင်မှာ "ဦးကျော့မောင်ဟာ"…… ရွှေကြိုးတားတော့…… ဆွဲလို့လွှင့်ပစ် …… ဘာဖြစ်လို့ထင်လဲ………? အပိုဇယားတွေအား…… နောင်လာနောင်သားများ…… အတုယူမှာစိုးကား……… အပိုဆာလာကို ………… နှစ်သက်မပြခဲ့လေသူ………။

သစ္စာတရားလား ရွှေဘိုကိုသွားတဲ့ည……… သူဌေးတွေကဆုချ……… ငွေ၅၀ ရလို့……… ညိုညိုစိန် အငြိမ့်သမ…… ဗိုလ်ချုပ်အနားကပ်လို့ သွား……… လက်ချင်းချိတ်ဖို့ကြိုးစား…… ညိုညိုစိန်ကျက်သီးဖျန်းလို့ သွား…… "ပြောလိုက်တဲ့စကားက"…… "ရီးတီးရားတားနဲ့……" "ထိမယ် တို့မယ်မကြိုးစားနဲ့" {"ကျုပ်မှာ ကာမပိုင်နဲ့"…………} ၃၃နှစ်နားမှာ ဒီစကားပြောသွားနိုင်ခဲ့လေသူ……။

သမီးမွေးတော့ နတ်မောက်ကိုသွား…… အမွေတောင်းခဲ့ပုံများ…… သနားစရာကောင်းလိုက်ပါဘိ…… "ဖြစ်နိုင်ရင် အမ ရွှေတစ်ပဲမျှ" "အမွေပေးပါဗျ" သူစကားစ……… "အဖွားစုက"…… "ငါမသေသမျှ ဘာအမွေမှမရ" ပြောချလိုက်တော့……… ရထားစီးကာ ပြန်ခဲ့ရလေသူ……………။

ဝက်အူချောင်းနဲ့ ထမင်းအဖြူအား…… သားသမီးတွေကြားမှာ…… "မဝတဝစားလို့" ရုံးသွားကာ…… ဒေါ်ခင်ကြည်အား…… သာမန်လူတန်းစား…… ဒုက္ခကြားမှာ ……… ချို့တဲ့စွာထားကာ…… လွတ်လပ်ရေးကို ယူသွားပေးခဲ့သူ………။

တပ်မတော်ရဲ့ စစ်သေနာပတိ…… သူထက်ကြီးသူ…… တစ်ယောက်မှမရှိ…… (ရာထူးအသက်မဟုတ်) ဒီလိုလူသားက…… ရွှေတစ်ပဲသားလေးအတွက်…… အခက်တွေ့ ရတာ…… ရင်နာစရာမဖြစ်ရတော့ဘူးလား……… ဘာတစ်ခုမှ မသမာစွာ ယူမထားခဲ့သူ………။

လွတ်လပ်ရေးရ နိုင်ငံရေးမှ…… အနားယူရင်…… ခြံစိုက်ချင်သူ…… စာရေးချင်သူ……… သူ့ရဲ့ဆန္ဒပြည့်ဝဖို့ရာ…… လက်တစ်ကမ်းအလိုမှာ…… "ကျဉ်ဆန် ၁၃ တောင့်က"…… သူ့ရင်ဝမှာ စိုက်လို့ဝင်ကာ……… ဒို့ကမ္ဘာမှ စွန့်ခွာသွားရသူ………။

တွေးမိလေတိုင်း မျက်ရည်ဝိုင်းရုံမက……… ရာဇဝင်ရိုင်းလှတဲ့…… ငါတို့သမိုင်းမှ……… အမှတ်တရနေ့ ရက်မျိုး……… July 19 (10:37) ဟာ……… ဘယ်သောအခါမှ……… မေ့လို့မရတာ……… ဒီတစ်ခါနဲ့ဆို ……… ၇၃ ကြိမ်ပေါ့လေ……… မြန်မာပြည်သား ညီနောင်ဖွားတို့ ရေ…… "ကမ္ဘာမကြေပေါ့လေ"…………။

ဗိုလ်ချုပ်မသေပါဘူးလေ… … ငါ့တို့ နှလုံးသားမှာ အမြဲရှင်သန်လို့နေ…………။

#ကိုဇေ(Thanlyin Technological Mechanical)

လေးစားလျှက်
ပြန်လည်မျှဝေပါသည်

#သုတလေး

19/07/2020

မျက်​​ရေသွန်​လို့ ဘဝင်​ညိုးJuly 19 ဗိုလ်​ချုပ်​​အောင်းဆန်းနဲ့တကွကြဆုံး​လေပြီ​သောအာဇာနည်​​ခေါင်း​ဆောင်​ကြီးများကို အာဇာနည်​​နေမှာ အားလုံပဲအ​တူတူအလေးပြုကြရ​အောင်​🙏🙏🙏

Photos from Shwe Myanmar Online Pharmacy's post 19/07/2020

ယနေ့(၁၉.၇.၂၀၂၀)

အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ အစိုးရအဖွဲ့အကြီးအကဲနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖခင်၏ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုကန်တော့ပါသည်။

19/07/2020

"(၇၃) နှစ်မြောက် အာဇာနည်နေ့ကို အလေးအမြတ်ဂါရဝပြုအပ်ပါသည်"

(၇၃) နှစ်မြောက် အာဇာနည်နေ့ကို အလေးအမြတ်ဂါရဝပြုခြင်း။

တိုင်းပြည်အကျိုးကို ဦးဆောင်ထမ်းရွက်ရင်း အသက်ပေးခဲ့ကြရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ဦးညွတ်ရင်း (၇၃) နှစ်မြောက်အာဇာနည်နေ့ကို အလေးအမြတ်ဂါရဝပြုအပ်ပါသည်။

Photos from Shwe Myanmar Online Pharmacy's post 19/07/2020

ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံ:လေပီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရဝပြုပါသည်။

19/07/2020

ဗိုလ်ချုပ်ကို ကျည်ဆံ(၁၃)ချက်မှန်ခဲ့တာ မဟုတ်ဘူး
===================

ကျောင်းဆရာကစာသင်ခန်းထဲက
ကျောင်းသားတွေကို
မေးခွန်းလေးတစ်ခု မေးလိုက်တယ်။

ဗိုလ်ချုပ်ကို ကျည်ဆံ ဘယ်နှစ်ချက် မှန်ခဲ့လဲ ?
သိပ်ကို လွယ်တဲ့ မေးခွန်းပါ။

မြန်မာနိုင်ငံသားတွေ ဟာ ကမ္ဘာကြီး ဘယ်ဘက်ကို ဘယ်လောက် ဒီဂရီ တိမ်းစောင်းနေလဲဆိုတာ မသိတဲ့သူ ရှိရင် ရှိမှာ။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ် ရင်ဘတ်ထဲကို
ကျည် ၁၃ ချက်ဝင်ခဲ့တာတော့ အတိအကျ
ကောင်းကောင်းသိကြပါတယ်။
ဆိုလိုချင်တာကတော့ မြန်မာတွေအတွက်
ကမ္ဘာကြီးထက်
ဗိုလ်ချုပ်က ပိုပြီး အရေးကြီးတယ်ဆိုတာကိုပါ။

တစ်ခန်းလုံး က ကျောင်းသားတွေက ၁၃ ချက် လို့ အော်တယ်။

ဒါပေမဲ့ မောင်ဝေယံကတော့ တစ်ချက်မှ
မမှန်ပါဘူး လို့ဖြေလိုက်တယ်။

၁၃ ချက် ကြားထဲ တစ်ချက်မှ မမှန်ပါဘူးက သဲသဲကွဲကွဲ ထွက်လာတယ်။

ကျောင်းဆရာက နားကြားလွဲလား ဆိုပြီး တစ်ချက်မှ မမှန်ပါဘူး လို့ ဖြေတဲ့ သူရှိလားလို့မေးလိုက်တဲ့အချိန်။

မောင်ဝေယံက လက်ကလေးထောင်ပြီး
သူဖြေတာပါလို့ ဝန်ခံလိုက်တယ်။
ဆရာက မျက်ခုံး ၂ ဖက် ပင့်တင်သွားပြီးနောက်။
မောင်ဝေယံ ကိုမေးလိုက်တယ်။

” သား ဗိုလ်ချုပ် ရဲ့ ခန္ဓာကိုယ်ထဲကို ကျည် ၁၃ ချက် နစ်ဝင်ခဲ့တယ်ဆိုတာ တစ်တိုင်းပြည်လုံးသိတယ် သားက ဘာဖြစ်လို့ တစ်ချက်မှ မမှန်ပါဘူးလို့
ဖြေတာလဲ ပြောပါဦး ကွယ် ?”

မောင်ဝေယံ က လက်ကလေးပိုက်ပြီး မတ်တပ်ရပ် ဆရာ့ကို ရိုရိုသေသေ ပြန်ဖြေတယ်။

” ဗိုလ်ချုပ်ကို ပစ်တဲ့ ၁၃ ချက်လုံး ဗိုလ်ချုပ်ကို
မမှန်ပါဘူး။ အဲ့ဒီ ၁၃ ချက်လုံး က
တိုင်းပြည် ရဲ့ နှလုံးသား ၊ တိုင်းပြည် ရဲ့ ဦးနှောက် ၊တိုင်းပြည် ရဲ့ ပညာရေး ၊
ကျွန်တော်တို့ ကလေးတွေ ရဲ့ အနာဂတ်က
ိုလာမှန်တာပါ ဆရာ ”

ဆရာလေးဟာ မိုးရေ ယိုကျနေတဲ့
ကျောင်းခေါင်မိုးကို မော့ကြည့်ရင်း

” ဟုတ်တယ် သိပ်မှန်တယ် အဲ့ဒီကျည်ဆံတွေ
အခုထိ မနှုတ်ရသေးဘူး မောင်ဝေယံ ”

တိုးညင်းစွာ ရေရွတ်လိုက်တဲ့ ဆရာလေးရဲ့
စကားသံ နဲ့ အတူ မလုံ့တလုံ ကျောင်းခေါင်မိုး
အလယ်တည့်တည့် က မိုးရေစက်ကလေး
ကြွေကျလာသံ တောက်ခနဲ မြည်သွားတော့တယ်။

ဗိုလ်ချုပ်ရင်ဘတ်က ကျည် ၁၃ ချက် ဆွဲနှုတ်ခွင့်ပေးပါ။

crd #ငမိုက်သားမောင်သုည
via---MKO
K T M Mar

Videos (show all)

FORMULA 41

Telephone

Address


Yangon
11143