Plants by Khin

Plants by Khin

အဆင်သင့်စိုက်ပျိုးထားတဲ့ အပင်လေးတွ

28/03/2024

Opening Teaser!!!

Hellooo~ အပင်ချစ်သူ​လေးတို့​ရေ~~

သိပ်မကြာခင်အချိန်အတွင်းမှာ
ခင်တို့ အပင်​လေး​တွေ ပြန်ပြီးရောင်းဖြစ်ပါ​တော့မယ်ဆိုတဲ့
အ​ကြောင်း​လေး tease လုပ်ထားတာပါရှင့် 🥰

25/12/2023

MERRY CHRISTMAS 🎄🎅

မိသားစု​တွေ၊ ချစ်ရသူ​တွေနဲ့ သာယာ​အေးချမ်း​သော Christmas အချိန်အခါ​​လေးကို ​ပျော်​ပျော်ရွှင်ရွှင် ကုန်ဆုံးနိုင်ကြပါ​စေရန် ဆု​တောင်း​ပေးလိုက်ပါတယ် ✨️✨️

Merry christmas and may you be able to enjoy the holiday with your loved ones joyfully ✨️✨️

Photos from Plants by Khin's post 09/12/2023

Lucky plants of Feng Shui 🍀

အခုတစ်​ခေါက်မှာ​တော့ ကံ​ကောင်း​စေတဲ့အပင်​လေး​တွေအ​​ကြောင်းကို ​ပြောပြသွားမှာဖြစ်ပါတယ်။ စီးပွား​ရေး ကျန်းမာ​ရေး ကံတရား​ကောင်းမွန်​စေတဲ့ ဒီအပင်​​လေး​တွေအ​ကြောင်းသိထားရင်​တော့ လက်​ဆောင်​ပေးလျှင် ​ရွေးချယ်ရလွယ်ကူ​စေမှာပဲဖြစ်ပါတယ်။ ​တစ်ပုံချင်းဆီ​ရဲ့အောက်မှာ အ​သေးစိတ်​ရေး​ပေးထားသည့်အတွက် တစ်ပုံချင်း​ထောက်ပြီးဖတ်ရှူလို့ရပါတယ်

(အပင်​တွေ ပန်း​တွေအ​ပေါ်မှာအယူသီးခြင်းဆိုတဲ့အယူအဆ​တွေရှိတတ်ကြပါတယ် ဒါ​ပေမယ့် ကံ​ကောင်းခြင်းဆိုတဲ့အရာက​တော့ ဘယ်လိုရှူ​ထောင့်ကကြည့်ကြည့် အပြုသ​​​ဘော​ဆောင်သည့်အရာဖြစ်မယ်လို့ယုံကြည်ပါတယ်။ ထို့အပြင် ဒီအပင်​​လေး​တွေရဲ့ အပြုသ​​ဘော​ဆောင်တဲ့အယူအဆ​လေး​တွေကိုသိထားခြင်းအားဖြင့် လက်​ဆောင်​ပေးတဲ့​နေရာမှာလည်းအသုံးပြုလို့ရပါတယ်။ ဒီ post ​လေးကို​ရေးရသည့်ရည်ရွယ်ချက်​လေး​ကိုသိရ​အောင်​ပြောပြထားရခြင်းဖြစ်ပါတယ်။ 🫶)

Photos from Plants by Khin's post 18/11/2023

Care Tips !!! 🌿

ဒီတစ်​ခေါက်​တော့ monstera series ရဲ့အပိတ်အ​နေနဲ့ သူတို့​လေး​တွေကိုဘယ်လိုဂရုစိုက်​ပေးရမလဲဆိုတဲ့ care tips ​လေး​တွေတင်​ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက​တော့ generalize လုပ်ထားတဲ့ care tips ​လေး​ဖြစ်တာ​ကြောင့်
ကိုယ့်အိမ်မှာရှိတဲ့​အပင်​လေးက ဘယ်​ဒေသကလာတယ် ဘယ်လိုရာသီဥတုနဲ့ရှင်သန်ခဲ့တယ် အခု​​ရောဘယ်လို​နေထိုင်​နေတယ် ဆိုသည့်အချက်​လေး​တွေကို​တော့ apply မလုပ်ခင်သတိပြုရပါမယ်ဗျ 🌱
သာမန်အတိုင်းပဲ ပုံ​လေး​တွေကို​ထောက်ကြည့်ပြီးဖတ်​ပေးပါ။

Photos from Plants by Khin's post 26/10/2023

အပင်ချစ်သူတို့​ရေ~

ဒီ​နေ့မှာလည်း Monstera အပင်​လေး​တွေအ​ကြောင်း တင်​ပေးသွားဦးမှာဖြစ်ပါတယ်
သို့​သော်လည်း အရင်တစ်ခါနဲ့မတူတာက​တော့ ဒီတစ်ခါ​တင်​ပေးသွားမှာက Variegated အမျိုးအစား​လေး​တွေအ​ကြောင်းပဲဖြစ်ပါတယ်

Variegate ဖြစ်​တယ်ဆို​တာက​တော့ အပင်ရဲ့အရွက်တစ်ရွက်မှာ အ​ရောင် ၂ မျိုး သို့မဟုတ် ၂ မျိုးထပ်ပို​ပြီးရှိနေတာမျိုးကို​ပြောတာပါ ထို့​ကြောင့်ပိုပြီးလည်းဆန်းပြားရှားပါးသလို ​​စျေးလည်းကြီးပြီး collect လုပ်ရတာကြိုက်တဲ့ အပင်ချစ်သူ​​တို့ရဲ့ wishlist ထဲမှာအမြဲရှိ​နေတတ်ကြတာ​ပေါ့

ဒီ​နေ့မှာ​တော့ Monstera ရဲ့ Variegated Species ​လေး​တွေအ​ကြောင်း​ပြောပြမှာဖြစ်လို့ ပုံ​လေး​တွေကို​ဖွင့်ကြည့်ပြီး ဖတ်​ပေးပါ​နော်

Photos from Plants by Khin's post 07/10/2023

အပင်ချစ်သူတို့​ရေ ~

ဒီ​နေ့မှာ​တော့ Monstera အပင်​​လေး​အ​ကြောင်းကို​တင်​ပေးသွားမှာဖြစ်ပါတယ် 🌿

Swiss Cheese Plant လို့လည်း​ခေါ်ကြတဲ့ Monstera အပင်​လေး​တွေကို​တော့ အပင်ချစ်သူတိုင်း မြင်ဖူးကြမယ်ထင်ပါတယ်​နော်.... Indoor plant ဖြစ်တဲ့အပြင် outdoor လည်းထားလို့ရပြီး အထူးဂရုစိုက်​ပြီးစောင့်​ရှောက်ရန်မလိုတဲ့အတွက်လည်း သိပ်ကိုလူကြိုက်များတဲ့အပင်​လေး​တွေဖြစ်ပါတယ်

ဒီအပင်​လေးအ​ကြောင်းကို​တော့ ​အောက်ကပုံ​လေး​တွေကို ​​ဖွင့်ကြည့်ပြီးဖတ်​ပေးပါ​နော် 🫶

20/09/2023

Hello ~ 🍀

မေမေ Admin Khin က တခြားအလုပ်တွေ၊ တာဝန်တွေနဲ့မအားလပ်လို့ ရပ်နားထားတာကြာပြီဖြစ်တဲ့ ကျွန်‌တော်တို့ page လေးကို သား Admin Ken ကဆက်လက်တာဝန်ယူပြီးပြန် run ဖြစ်ပါတော့မယ်ခင်ဗျ 😀 !!

ပြန် run တော့မယ်ဆိုပေမယ့် အရင်လို အပင်လေးတွေ ရောင်းဖြစ်ဦးမှာတော့မဟုတ်ပါဘူးခင်ဗျ..
ဘာလို့လဲဆိုတော့ အခုက ကျွန်‌တော်တစ်ယောက်တည်းပဲ ပြန် run ဖြစ်မှာမလို့ပါ...🌸

အဲ‌ဒါဆိုဘယ်လိုမျိုးပါလိမ့်....?🤔

ကျွန်တော့်အနေနဲ့ အပင်လေးတွေရဲ့အကြောင်းတွေ၊ ဂရုစိုက်ရမယ့်ပုံစံတွေနဲ့ မျိုးစုံသော တခြားအကြောင်းအရာတွေကိုပါ တင်ပေးသွားမှာဖြစ်ပါတယ်....🍀
အပင်လေးတွေအကြောင်းပိုသိချင်တယ်ဆိုရင်တော့ အဆက်မပြတ်စောင့်ကြည့်နေသင့်ပါပြီနော်🧐
သိချင်တာတွေရှိရင်လည်း အချိန်မရွေး လာမေးလို့ရပါတယ် 🌿 🌿🌿

အပင်လေးတွေပြန်ရောင်းဖြစ်မယ့်အချိန်ကျရင်လည်း အခုလိုပဲပြန်ပြီး notice လုပ်ပေးပါဦးမယ် 🪴 ☀️
......

Hello ~ 🍀

Our page, which have been on hiatus for a long time because Admin Khin has been busy, will be re-running by Admin Ken 😀-!!

Eventhough I'm going to re-run the page, it doesn't mean we'll be selling plants anytime soon. That's because it'll be only me re-running the page.

Then what does it actually mean....?🤔
I'll be posting about the plants itself, care tips of them and many more topics related to the green. So, keep ur eyes on us if you wanna know more about plants. 🧐
Also, if you have any questions, feel free to inquire.
🌿🌿🌿

We'll notice you, just like now, when we're going to start selling plants again. 🪴☀️

photo crd - pinterest

21/04/2023

Eid Mubarak to my Islam customers 🌸
May Allah's blessings be with you and your loved ones always 😀🍀🩵

09/04/2023

အပင်ချစ်သူလေးတို့‌ရေ...😀

ခင်တို့ အရင်မျှဝေပေးနေကျ အပင်ပြုစုပုံလေး (care tips) တွေကိုမတင်ဖြစ်တာကြာပြီမို့ ရှေ့လျှောက်ဆက်ပြီးတင်ပေးဖို့ကြိုးစားသွားပါမယ်နော်...

ဒီတစ်ကြိမ်မျှဝေပေးမှာက​​တော့ Bamboo Palm လေးရဲ့ care tips ​လေး​တွေပဲဖြစ်ပါတယ်။

🌿 Bamboo Palm အပင်လေးဟာဆိုရင် NASA ရဲ့အသိအမှတ်ပြုလေသန့်စင်ပေးတဲ့ Air Purifying Plant လေး‌တွေထဲကတစ်မျိုးပဲဖြစ်ပါတယ်..

🌿 Bamboo Palm ​ရဲ့ origin ​နေရာက​တော့ Mexico နဲ့ North America ကဖြစ်ပြီး​တော့ နာမည်ကသာ Bamboo Palm ဆို​ပေမယ့် Bamboo အပင်​တွေနဲ့နည်းနည်းမှ​ရောစပ်ထားချင်းမရှိပါဘူး။ တစ်နည်းအားဖြင့် မျိုးမတူပါဘူး။

🌿 Bamboo Palm ဟာဆိုရင်​တော့ စိုက်ရ၊ ပြုစုရ​တာ တော်​တော်လွယ်ကူပြီး​တော့ indoor ​​ရော outdoor ​ရောထားလို့ရပါတယ်။

🌿 တစ်ခုသတိပြုရမှာ​တော့ ​ရေ​လောင်းဖို့ပါပဲ။ စိုရွှဲ​နေ​အောင်​လောင်းဖို့မလို​ပေမယ့် ​မြေကြီးတစ်ဝက်​လောက်စိုအောင်​တော့ ​လောင်း​ပေးရပါမယ်။

🌿 အရိပ်ရတဲ့​နေရာ​တွေကိုကြိုက်​ပေမယ့် ​နေ​ရောင်နည်းနည်းရတဲ့​နေရာ​မှာထားလည်း ကိစ္စမရှိပါဘူး။ သူ့ဘာသာသူ လိုက်​လျောညီ​ထွေဖြစ်​အောင်​နေသွားပါလိမ့်မယ်။

🌿 Bamboo Palm ​တွေကအကြီးမျိုး​တွေပါ။ အပင်ထည့်တဲ့အိုးပေါ်မူတည်ပြီး စုပ်ယူရတဲ့အာဟာရကွာခြားတဲ့အတွက်​​ကြောင့် ​အိုး​ပေါ်မူတည်ပြီး အရွယ်အစားကွာမှာဖြစ်ပါတယ်။ ​မြေကြီး​ပေါ်ချစိုက်ရင်​တော့ ​12 ​ပေအထိ​ရှည်နိုင်ပြီး 8 ​ပေအထိ ကျယ်နိုင်ပါတယ်။

🌿 Non-toxic အပင်ဖြစ်တဲ့အတွက် ခွေးလေးတွေကြောင်လေးတွေစားမိမှာလည်းပူစရာမလိုပါဘူး။ လေထုထဲမှာရှိတဲ့ မကောင်းတဲ့ဓာတ်ပစ္စည်းတွေကိုလည်းဖယ်ရှားပေးတဲ့ တန်ဖိုးကြီးသော purifier plant လေးလည်းဖြစ်ပါတယ်။




--------
🌳 Grow a garden, grow your dreams! 🍀

Photos from Plants by Khin's post 01/04/2023

ခင့်ခြံထဲမှာ တဖြည်းဖြည်းပွားပြီး ချုံကြီးလိုဖြစ်လာတဲ့ Monstera Minima အပင်တွေပေါ်မှာ ငှက်ကလေးတစ်ကောင်အသိုက်ကလေးလာ‌ဆောက်ပြီး ဥလေးတွေဥထားတယ်။ သူအမြဲပဲအသိုက်မှာလာနေတယ်။ လူသံကြားရင်ပျံသွားတယ်။ ညဖက်ဆို ဥလေးတွေကို လာဝပ်ပေးတယ်။

ချစ်စရာလေး 🩵😀🩷🌿

Photos from Plants by Khin's post 25/03/2023

🍀 Monstera အပင်လေးမဲပေါက်သူ
Nang Linn Om
Lucky Number - 15-B

🍀 Aglonema အပင်လေးမဲပေါက်သူ
Aswe Daw
Lucky Number - 13

🍀 Aglonema အပင်လေးမဲပေါက်သူ
May Thinzar Aung
Lucky Number - 31

🍀 Eco Print Shawl လေးမဲပေါက်သူ
Ohnmar Swe
Lucky Number - 27

🍀 Love you all....🩷😀

25/03/2023
22/03/2023

အပင်ချစ်သူလေးတို့ရေ🌸🩵🍀🩷

Comment လေးတွေမန့်ပြီး ချစ်ခင်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်..

တစ်ဦးချင်းစီရဲ့ Lucky Number လေးတွေကိုသုံးပြီး မဲဖောက်ပေးပါမယ်..ထပ်နေတဲ့ number လေးတွေကို ခင်က A, B လို့ ထပ်ပြီးတပ်ထားပေးပါတယ်နော်..နံပါတ်မှားနေရင်၊ ကိုယ်မန့်ထားပြီး စာရင်းမပါရင် ခင့်ကိုပြန်ပြောပေးပါဦးနော်..

လာမယ့် 25.3.2023 စနေနေ့ည 8:00 မှာ live လွှင့်ပြီး မဲဖောက်ပေးပါမယ်ရှင်...

အားလုံးပဲ Good Luck 🌸🍀🩷🩵😀

18/03/2023

Hello! 🩷🌸🩵

🌸အပင်ချစ်သူလေးတို့ရေ...
နေကောင်းကျန်းမာကြပါရဲ့လားရှင့်.. 😀

🌸ခင် တာဝန်ဝတ္တရားတွေ တအားများလို့ Page လေးဆီမရောက်ဖြစ်တာ တောင်းပန်ပါတယ်ရှင်..
အခု Page လေးဆီပြန်လာပြီး အပင်နဲ့ ဆက်စပ်ပစ္စည်း အရောင်းအဝယ်လေးတွေ ပြန်လုပ်တော့မှာမို့ တတ်နိုင်သလောက်လေး ဝယ်ယူအားပေးကြပါဦးလို့ တောင်းဆိုဖိတ်ခေါ်ချင်ပါတယ်ရှင့်...🙏🏻

🌸ခင့် Page လေး အလုပ်ပြန်စလုပ်တဲ့ အထိမ်းအမှတ်အနေနဲ့ ခင် လက်ဆောင်လေး ၃ ခု လုပ်ပြီး မဲဖောက်ပေးပါမယ်ရှင့်...Comment မှာ ၁ ကနေ ၁၀၀ အတွင်း ကြိုက်တဲ့ နံပါတ် တစ်ခုရယ်၊ ပြောချင်တဲ့စကားလေးတစ်ခွန်းရယ် မန့်သွားပေးပါနော်။ မနက်ဖြန် ၁၉.၃.၂၀၂၃ ညနေ ၅နာရီထိ မန့်လို့ရပါတယ်ရှင်...၂၀.၃.၂၀၂၃ တနင်္လာနေ့ ည ၈:၃၀ မှာ live လွှင့်ပြီး မဲဖောက်ပေးပါမယ်ရှင်...မဲပေါက်မဲ့ပစ္စည်းလေးတွေက ဘာလေးတွေဖြစ်မလဲဆိုတာကတော့ ရင်ခုန်စရာ Suprise လေးပါ နော် 😎🌸🩵

Edit **** နောက်ထပ် ၃ရက်ထပ်တိုးပါမယ်ရှင့်...မန့်လို့ရပါတယ် ...

*Photo from google

31/12/2022

အပင်ချစ်သူလေးများအားလုံး...

ဒီနှစ်သစ်ကစ၍ ဘေးကင်းကျန်းမာကြပါစေ...လိုချင်ရချင်တဲ့ အောင်မြင်မှုတွေကိုလည်း အမြန်ဆုံးရရှိပိုင်ဆိုင်နိုင်ကြပါစေရှင် 🌸🍀🧡🌿

1.1.2023

07/11/2022

သူတို့လေးတွေကိုလည်း ချော့ထားရတယ်...🌸🍀
မေမေခင်က မအားလို့ .. 😁

ချစ်သူတို့ရော အဲဒီလို ချော့ဖူးလား? 🤗🤗

22/10/2022

ချစ်သူတို့ရေ...

ဘာတွေပဲဖြစ်ဖြစ်...
ပြုံးနေပေးပါနော်....😊

ခင်
🌸

Photo Credit - Pinterest

12/10/2022

မမြင်ဖူးပေမဲ့ ချစ်ပေးလို့ ကျေးဇူးပါရှင် 🌸🍀💛

04/10/2022

ခင့်လက်ဆောင် အပင်လေးတွေ ရရမဲ့သူတွေဆီ အရောက်ပို့ဆောင်ပြီးပါပြီနော်...💛

ချောချောမွေ့မွေ့ ရောက်ကြပါရဲ့လားရှင် 🍀🌸

သီတင်းကျွတ်ကာလမှာ အားလုံးပဲ ခဏတာမျှပဲဖြစ်ဖြစ် အပူအပင်တွေကင်းဝေးပြီး ချမ်းမြေ့ကြပါစေ 🙏🏻🍀

--------
🌳 Grow a garden, grow your dreams! 🍀

28/08/2022

ခင့် ဆိုင်ကတော့ လုစရာမလိုဘူး...
လက်ဆောင်တွေချည်းပေးပစ်နေတာ..နော့..🤗🤗

Photos from Plants by Khin's post 23/08/2022

ပြီးခဲ့တဲ့တစ်ခေါက် လက်ဆောင်ပေးမဲ့အစီအစဉ်လေးက ရက်ရွှေ့တာလွန်သွားတယ် ကာကာတို့ရေ 😁
ဒီနေ့ဆို တစ်လတင်းတင်းပြည့်သွားပြီ...23 July က အမှတ်တရနေ့လေးတစ်နေ့မို့ လက်ဆောင်ပေးဖို့စီစဉ်လိုက်တာမလုပ်ဖြစ်ဘူးဖြစ်သွားတယ်...အပင်တွေရောင်းဖို့လည်း စိတ်မပါလို့ ပေးပဲပေးတော့မယ်..🤓

အမှန်တော့ လုပ်မဲ့အစီအစဉ်က positive comment လေးတွေမန့်ပေးသူတွေထဲက မဲနှိုက်ပြီးတစ်ယောက်ကိုပဲပေးမလို့...ဒါပေမဲ့ comment စုစုပေါင်း 8ခုပဲရှိလို့ 8ယောက်စလုံးကို တစ်ပင်စီပေးလိုက်တော့မယ်...အပင်ကတော့ အစုံဖြစ်မှာပါ...ဘယ်သူ ဘာအပင်လေးရမယ်ဆိုတာကတော့ ခင့်ရဲ့ Suprise ပေါ့ နော်...💝😀

အပင်ပိုင်ရှင်လေးတွေကတော့...
🍀 Thidar Linn
🍀 Kyaing Hlaing Thinn
🍀 Stella Thet Thet
🍀 Kyaw Zin Tun
🍀 Mya Zar Chi
🍀 Moh Moh San Aye
🍀 Mayzin Oo
🍀 Khin Moe Moe Aye

--------
🌳 Grow a garden, grow your dreams! 🍀

23/07/2022

🌿ဒီနေ့ ၂၃ ဇူလိုင် ၂၀၂၂ နော်...

🌸အပင်လေးတွေကိုချစ်တဲ့ ခင့် customer တွေအတွက် Syngonium Albo လေးတစ်ပင် မဲဖောက်ပြီး လက်ဆောင်ပေးပါမယ်ရှင့် ...😀

🍀Comment Box မှာ ဖတ်ရသူတွေအချင်းချင်း positive vibe ရစေမဲ့..အင်အားဖြစ်စေမဲ့..ပျော်ရွှင်စရာစာသားလေးတွေ မန့်သွားပေးနော်...ခင်က comment picker app နဲ့ မဲပေါက်သူကို ရွေးချယ်ပြီး မနက်ဖြန် ၂၄ ဇူလိုင် ၂၀၂၂မှာ ကြေညာပေးပါမယ်...

🌼မဲမပေါက်ခဲ့ရင်လည်း comment လေးတွေဖတ်ရင်းခွန်အားရစေပြီး..အခြားသူကိုလည်း ခွန်အားပေးရင်းပေါ့..နော်..

✅ ဪ...မနက်ဖြန် နေ့လည်၁၂:၀၀မှာ အချိန်စေ့ပါမယ်နော်...၁၂:၀၀အထိပဲ မန့်လို့ရပါမယ်ရှင် 😀

4:00ထိ မန့်လို့ရပါတယ်ရှင့် 😊



--------
🌳 Grow a garden, grow your dreams! 🍀

20/07/2022

🌳 Photo from Google🍀


--------
🌳 Grow a garden, grow your dreams! 🍀

18/07/2022

🌼ချစ်သောတို့ရေ...

🍀တစ်ခါတရံ ခင်တို့လူသားတွေမှာ ကိုယ့်ကိုပေးအပ်ထားတဲ့တာဝန်၊ ဘယ်သူမှမပေးအပ်ထားသော်လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် ယူထားရတဲ့တာဝန်စတဲ့ တာဝန်အမျိုးအစားတွေအများကြီးနဲ့ နေ့စဉ် ရုန်းကန်ဖြတ်သန်းနေကြရတယ်လေနော်...

🌸ဒီလိုတာဝန်တွေအများကြီးကို ကျေပွန်အောင် ကြိုးစားနေကြရင်းနဲ့ပဲ တာဝန်မကျေရတဲ့အခိုက်အတန့်တွေလည်းရှိနေကြမှာပါ...ခင်ဆိုရင် ရုံးဝန်ထမ်းတစ်ယောက်အနေနဲ့ ရုံးမှာယူထားတဲ့တာဝန်တွေလစ်ဟင်းရတာများပြီ...ဘာကြောင့်လဲဆိုရင် တခြားတာဝန်တွေကို ပိုအားစိုက်လိုက်ရတဲ့အခါမျိုးတွေမှာပေါ့..ကျန်းမာရေးမကောင်းတဲ့အခါမျိုးတွေမှာပေါ့...ဒီလိုပဲ ရုံးတာဝန်တွေဖက်အားစိုက်လိုက်‌ပြန်တော့ တခြားတာဝန်တွေအတွက် အချိန်အပိုမကျန်တော့တဲ့အခါ အားနာရတဲ့စိတ်နဲ့ အဆင်မပြေဖြစ်ရပြန်ရောလေ...

🌷ဒီလိုတွေဖြစ်လာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်အားမရတဲ့စိတ်တွေနဲ့ ရှင်သန်နေရတာက အဆင်မပြေဖြစ်လာတယ်..ထွက်ပေါက်တွေမရှိသလိုခံစားလာရတယ်...ခင့် customer တွေလည်း အနည်းနဲ့အများဒီလိုပဲ ခံစားနေကြရလိမ့်မယ်ထင်ပါတယ်...

🌿ဒီအခါမှာ ခင်ဘာကိုစဉ်းစားမိသလဲဆိုတော့ Dr. Phio Thiha ပြောတဲ့ "ကိုယ်မပျော်ရွှင်တဲ့အခါ တစ်ယောက်ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးလိုက်ပါ..."ဆိုတဲ့စကားလေးပဲ...ဒီစကားလေးအတိုင်း ခင့် customer တွေ ပျော်ရွှင်အောင် လာမယ့် ၂၃.၇.၂၀၂၂ မှာ အပင်လေးမဲဖောက်ပေးမယ်ရှင်..ဘာပင်လေးလဲဆိုတာကိုတော့ အဲဒီနေ့ကျမှ ကြည့်တော့နော်...အပင်‌လေးကြောင့် ပျော်ရွှင်ရမယ်လို့ မျှော်လင့်ပါတယ်ရှင်.. 😊

🍂ပြီးတော့ ခင့်ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေရတာမို့ ဒီအတောအတွင်း မှာထားတဲ့အော်ဒါလေးတွေ အနည်းငယ်နောက်ကျခဲ့ရင်လည်း ခင့်ကို ခွင့်လွှတ်ပေးပါလို့ တောင်းပန်ရင်း... 🙏


--------
🌳 Grow a garden, grow your dreams! 🍀

Photos from Plants by Khin's post 11/07/2022

ခင့်အပင်လေးတွေ ဝယ်ယူအားပေးကြတဲ့ customer တွေကို တကယ်ကျေးဇူးတင်ပါတယ်နော့...🌼

နေမကောင်းတာရယ်..အရှုပ်တွေလုပ်နေတာရယ်ကြောင့် အကြာကြီးနေမှပို့လည်း အေးဆေးသည်းခံပြီးဝယ်ကြလို့ အကြီးကြီးချစ်တယ်နော်...လို့...😁😘

ပို့သမျှပုံတွေ အကုန်မရိုက်လိုက်ရဘူးရယ်..

--------
🌳 Grow a garden, grow your dreams! 🍀

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သူတို့လေးတွေကိုလည်း ချော့ထားရတယ်...🌸🍀မေမေခင်က မအားလို့ .. 😁ချစ်သူတို့ရော အဲဒီလို ချော့ဖူးလား? 🤗🤗

Telephone

Website

Address

North Dagon
Yangon

Other Nurseries & Gardening Stores in Yangon (show all)
Wuuw's garden Wuuw's garden
N. O(561), Loke Thar Street, (35) Quater, North Dagon
Yangon, 11111

Save the plant & luv the world

Z&C Garden Z&C Garden
Hninsi (1st) Street
Yangon

Indoor Plants & Accessories

Le Petit Pot Le Petit Pot
Yangon
Yangon

A place where we love sharing the healthy plants with reasonable price, also the tips how to take care of plants

Plants plant by Kindness Plants plant by Kindness
Bo Yar Nyunt Street
Yangon

It takes COURAGE to be KIND !

Mya Myet Chel Mya Myet Chel
Yangon

Make the world with greens

Nwe Garden Nwe Garden
Yangon

အပင်ချစ်သူများဆုံစည်းရာ

Colorful Pot ရောင်စုံပန်းအိုးလေး Colorful Pot ရောင်စုံပန်းအိုးလေး
406 Bagan Road, Shwe Paukkan
Yangon

For happy gardeners - We are here to supply gardening accessories only at affordable prices.

Ever Green Plant Shop Ever Green Plant Shop
Yangon

အိမ်တွင်းအလှစိုက်ပန်းပင်လက်ကား

M.T.D Nursery & Landscape M.T.D Nursery & Landscape
No(3), Main Road, Pyinmabin Industrial Zone, Mingalardon Township
Yangon

Green Era Green Era
အမှတ်(၈၁၉)၊ ရွာမကျောင်းလမ်း နှင့် ဗဟိုလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကု
Yangon, 11051

Gardening supplies shop - မြေဆွေး၊ သဘာဝမြေသြဇာ နှင့် အပင်ဆက်စပ်ပစ္စည်းများ ရရှိနိုင်ပါသည်။

TK Garden Myanmar TK Garden Myanmar
Yangon, 11111