CIY.Club Myanmar
No.1 Tech Education for 7-17 years old Kids in Myanmar!
ကလေးဘဝတည်းက စိတ်ဓာတ်လေးတွေ သန်မာအောင် လေ့ကျင့်ပေးထားဖို့လိုတယ်...။
မဟုတ်ရင် အခက်အခဲနဲ့ တွေ့တိုင်း ဖြေရှင်းဖို့ထက် ရှောင်ပြေးဖို့ စဉ်းစားတတ်တာ
တစ်ခုခုလုပ်ဖို့ကို လိုတာတတ် ကြောက်တာ၊ စိုးရိမ်တတ်တာတွေ ကြီးတဲ့အထိ ပါလာနိုင်တယ်...။
ဒီလို မဖြစ်အောင် ငယ်ငယ်တည်းက ကလေးအတွက် ကိုင်တွယ်နိုင်လောက်တဲ့ ပြဿနာ၊ ပုစ္ဆာလေးတွေကို ဖြေရှင်းခိုင်းတာ
ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပိုင်ခွင့်နဲ့ တာဝန်ယူခွင့်ပေးတာမျိုးတွေနဲ့ လေ့ကျင့်ပေးလို့ရပါတယ်...။
Coding မှာဆိုရင် ကလေးတွေအတွက် ကိုယ်တိုင်တွေး ကိုယ်တိုင် စဉ်းစားပြီး ဖြေရှင်းရမယ့် ပြဿနာလေးတွေ ပေးထားတယ်...။
ကလေးတွေ ဖြေရှင်းနိုင်လောက်တဲ့ ပြဿနာလေးတွေကို ကလေးတွေကိုယ်တိုင် တဆင့်ချင်းစီ ဖြေရှင်းလာနိုင်တဲ့အခါ
ပြဿနာတစ်ခုမြင်တာနဲ့ ရှောင်ပြေးမယ့်အစား ဘယ်လို ဖြေရှင်းမလဲဆိုတာကို တဆင့်ချင်းစီ စဉ်းစားတတ်တဲ့ အလေ့အကျင့်လေးတွေ ရစေတာပဲ ဖြစ်ပါတယ်...။
ဒီလိုမျိုးသာ ကလေးဘဝထဲက စိတ်ဓာတ်ခိုင်မာခဲ့မယ်ဆိုရင် ဘဝမှာ ဘယ်လိုပဲ မုန်တိုင်းတွေ ထန်ပါစေ၊ လေလှိုင်းတွေ ဘယ်လောက်ပဲ ကြီးပါစေ....
ကျွန်တော်တို့ ကလေးတွေက အခက်အခဲကြားထဲက ဘယ်လိုရုန်းထွက်မလဲ ဆိုတဲ့ အဖြေရှာတတ်တဲ့ စိတ်ဓာတ်လေးတွေနဲ့
လောကကြီးကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာ အသေအချာပါဘဲ...။
ဖေဖေမေမေတို့ရော ကိုယ့်ကလေးကို စိတ်ဓာတ်သန်မာအောင် ဘယ်လို လေ့ကျင့်ဖြစ်နေတာမျိုး ရှိလဲ...?
Comment မှာ ဆွေးနွေးပေးသွားပါဦးနော်...။
တောင်ကြီးမြို့က သားသားမီးမီးလေးတွေအတွက် "Taunggyi Creator Bootcamp - Batch 1" ✨
နည်းပညာကို စိတ်ဝင်စားတဲ့ တောင်ကြီးမြို့က သားသားမီးမီးလေးတွေအတွက် CIY.Club Myanmar ကနေ"Taunggyi Creator Bootcamp" လေးကို ဒီဇင်ဘာ (၂)ရက်နေ့နဲ့ (၃)ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပြီး နည်းပညာနဲ့ အခမဲ့ထိတွေ့ပေးခဲ့ပါတယ်။
မောရှမ်းက သားသားမီးမီးတွေ အတွက်ပဲ တဲ့ 😮
သင်ဟာ မြန်မာပြည်ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မောရှမ်းမြေမှာ
လက်ရှိ နေနေတဲ့ မိဘ တစ်ယောက်ဆိုရင်တော့
December နဲ့အတူ ကံကောင်းခြင်း အခွင့်အရေးကြီးတစ်ခု
CIY.CLUB က ယူဆောင် လာပါပြီ။ 🫨
အိမ်က ကလေးကို ဖြစ်စေချင်လွန်းလို့
ကျောင်းတွေ ၊ ကျူရှင်တွေ ထားပေးနေတဲ့ မိဘတို့တွေ သတိထားမိလား ?
လူတိုင်း ဖုန်းနဲ့ အင်တာနက် သုံးနေကြတဲ့ ခေတ်ကြီးမှာ
ဒီနေ့ခေတ်ကလေးတွေအတွက် အရေးတကြီး လိုအပ်လာတာက
နည်းပညာကို နားလည် တတ်မြောက်ပြီး
တီထွင်ဖန်တီးမှု ဆိုတဲ့ ပညာရပ်တစ်ခုက လိုအပ်လာပါတယ်။
ဒါကြောင့် Australia နိုင်ငံမှာ အခြေစိုက်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၉ နိုင်ငံမှာပါရှိတဲ့
CIY.CLUB က အခုဆိုရင် မြန်မာနိုင်ငံရဲ့ တောင်ကြီးမြို့မှာ
Physical Campus အသစ်နဲ့အတူ 🤩
တောင်ကြီးမြို့က သားသားမီးမီးတိုင်းကို
သာမန် နည်းပညာသုံးစွဲသူ အဖြစ်နေ
ကိုယ်တိုင် တီထွင်ဖန်တီးမှုတွေလုပ်နိုင်အောင်
"Taunggyi Creator Bootcamp" တစ်ခုကို
၂ ပတ်တိုင် အခမဲ့ ဖွင့်လှစ်လိုက်ပါတယ်။ 🥳
ဟုတ်ပါတယ်... သင့်ကလေးကို
နည်းပညာ နဲ့ စတင်ထိတွေ့ မိတ်ဆက်ပေးဖို့
အခကြေးငွေ လုံးဝ မလိုပါဘူး ...
ဒီ Taunggyi Creator Bootcamp ဟာဆိုရင်
Batch တစ်ခုဆီကို နှစ်ရက် ၊ တစ်ရက်ကို နှစ် နာရီ
ကြာမြင့်မှာ ဖြစ်ပြီး
ဒီနေ့ခေတ်ရဲ့ အရေးတကြီး လိုအပ်နေတဲ့ ပညာရပ်တွေဖြစ်တဲ့
ကလေးတွေရဲ့ Coding အခြေခံပညာရပ် Scratch Coding
စိတ်ကူးတွေ လက်တွေ့မှာ ချပြနိုင်ဖို့ 3D Designing
စတဲ့ ခေတ်မီ နည်းပညာ ဘာသာရပ်တွေကို Batch တစ်ခုစီတိုင်းမှာ
သားသားမီးမီးတွေကိုယ်တိုင် လေ့လာပြီး ကိုယ်တိုင် ဖန်တီးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
👉🏻 ဘယ်လိုသူတွေ တက်ရောက်သင့်လဲ ?
အနာဂတ်မှာ သူများနောက်ကျ မကျန်ခဲ့ပဲ နှာတဖျား အမြဲ သာချင်တဲ့ သားသားမီးမီးတိုင်း တက်ရောက်သင့်ပါတယ်။
👉🏻 ဘယ်နေ့တွေ တက်ရမှာလဲ ?
Weekends ( Sat , Sun )
မနက် 9:00-11:00AM
မနက် 1:00-3:00PM
Wednesday 4:30-6:00PM
Thursday 4:30-6:00PM
တွေမှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
👉🏻 ဘယ်သူတွေက လေ့ကျင့်သင်ကြားပေးမှာလဲ ?
CIY.CLUB က နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ International Certified Coach တွေကိုယ်တိုင် "နည်းပညာကို ဘာသာရပ်တစ်ခုထက် ကလေးကိုယ်တိုင် စဥ်းစားတွေးခေါ်ရတဲ့ ပညာရပ်တစ်ခုလို" လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။
👉🏻 ဘယ်လို စာရင်းပေးသွင်း ပါဝင် ရမှာလဲ ?
အခု post comment အောက်မှာ "TCB" လို့ ရေးခဲ့ပြီး CIY Team မှ page messenger ပြန်လည်ဆက်သွယ်လာပါလိမ့်မယ်။
ဒီ အစီအစဥ်က တောင်ကြီးမြို့က သားသားမီးမီးတိုင်းအတွက် ဖြစ်တာမို့လို့
လူဦးရေနဲ့ အချိန်လည်း ကန့်သတ်ထားတာမို့လို့
နောက်မကျခင် ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေကိုပါ
ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါ။
ကျွန်တော်သာဆိုရင်
ကိုယ့်ကလေး ပညာရေးအတွက်
အကုန်သုံးပြီး သူ့အနာဂတ်အတွက်
ရင်းနှီးမြှုပ်နှံပေးဖြစ်မှာ..။
“ပညာရွှေအိုး လူမခိုး” တဲ့..။
ကလေးရဲ့ ပညာရေးမှာ
ရင်းနှီးမြှုပ်နှံပေးတာက
ဘယ်တော့မှ
ဆုံးရှုံးမှုရှိမှာ မဟုတ်ဘူး..။
မိဘတော်တော်များများက
ကလေးကြီးလာတဲ့အခါ
သုံးဖို့၊ ဖြုန်းဖို့ ဆိုပြီး
အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ငွေ တွေ
ဝယ်စုထားပေးတတ်ကြတယ်။
ဒါပေမယ့်
သူတို့ကလေးရဲ့ အနာဂတ်
သူတို့ကလေးရဲ့ ပညာရေးအတွက်
ဖြည့်ဆည်းပေးဖို့ကို
တခါတလေ့ မေ့လျော့သွားတတ်ကြတယ်။
ဆင်ခြင်တွေးခေါ်မှု
အားနည်းတဲ့ကလေးတစ်ယောက်ကို
တိုက်တွေ၊ ကားတွေ ချန်ခဲ့လည်း
အခန့်မသင့်ရင်
ကုဋေရှစ်ဆယ် သူဌေးသားလိုပါ
ဖြစ်သွားနိုင်တယ်။
ဒါ့ကြောင့်
ကလေးရဲ့ အနာဂတ်အတွက်
သူ့ပညာရေးမှာ ရင်းနှီးမြှုပ်နှံပေးပါ။
ပညာရွှေအိုးက ဘယ်သူမှ မခိုးနိုင်သလို
ဘယ်သူ့မှလည်း လာဖျက်ဆီးလို့မရနိုင်ပါဘူး..။
ဖေဖေမေမေတို့ရော
ဒါကို လက်ခံရဲ့လား..??
လက်ခံရင် Comment မှာ
“YES” လို့ ရေးပြီး
အခြားမိဘတွေ မြင်အောင် မျှဝေပေးသွားပါဦး..။
တောင်ကြီးမြို့က သားသားမီးမီးလေးတွေအတွက် "Taunggyi Creator Bootcamp - Batch 1" ✨
နည်းပညာကို စိတ်ဝင်စားတဲ့ တောင်ကြီးမြို့က သားသားမီးမီးလေးတွေအတွက် CIY.Club Myanmar ကနေ"Taunggyi Creator Bootcamp" လေးကို ဒီဇင်ဘာ (၂)ရက်နေ့နဲ့ (၃)ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပြီး နည်းပညာနဲ့ အခမဲ့ထိတွေ့ပေးခဲ့ပါတယ်။
"ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း"
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ (အမျိုးသားနေ့) သည် အများပြည်သူဆိုင်ရာပိတ်ရက်ဖြစ်ပါသဖြင့် CIY.Club အတန်းများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
CIY.CLUB
Code It Yourself
"သင့်ကလေးအနာဂတ်အတွက် တံခါးတစ်ချပ်"
သားသမီးဆိုတာ မိဘတိုင်းရဲ့ တန်ဖိုးဖြတ်မရတဲ့ ရင်နှစ်သည်းခြာ ရတနာလေးတွေပါ...။
ကိုယ့်သားသမီးလေးတွေအတွက် ချစ်ခင်တွယ်တာမှု၊ ဂရုစိုက်မှု၊ လုံခြုံမှုတွေ ပေးနိုင်ဖို့ အချိန်တိုင်း ကျွန်တော်တို့ ကြိုးစားနေရတာပေါ့...။
ဒီရတနာလေးတွေ ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာပြီး အနာဂတ်မှာ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်တယ်ဆိုရင်ဘဲ ကျွန်တော်တို့ ကြိုးစားရကျိုးနပ်ပါပြီ...။
ဒါဆိုရင် ကျွန်တော်တို့ သားသမီးလေးတွေရဲ့ အနာဂတ်အတွက် ဘယ်လို အာမခံချက်တွေ လုံခြုံမှုတွေ ပေးနိုင်ဖို့ လိုအပ်လောက်မလဲ...?
"ပညာရွှေအိုး လူမခိုး" ဆိုတဲ့အတိုင်း ကလေးတွေရဲ့ အနာဂတ်ကို အာမခံချက်ပေးနိုင်တာက ပညာရေးဘဲ ဖြစ်မှာပါ။
ဒါပေမယ့် ပညာရေးမှာ ကျွန်တော်တို့ ငယ်ငယ်တုန်းကလိုဘဲ အင်္ဂလိပ်စာ၊ အရေးအဖတ်နဲ့ အတွက်အချက် ပိုင်ရင် အဆင်ပြေပြီလို့ ထင်နေတုန်းလား ...?
တစ်နေ့ထက်တစ်နေ့ ကျွန်တော်တို့ မျက်စိရှေ့တင် တိုးတက်လာနေတာက နည်းပညာလို့ပြောရင် မမှားပါဘူး...။
နည်းပညာကြောင့် တိုးတက်ပြောင်းလဲလာမယ့် လူနေမှု ဘဝနဲ့ အလုပ်အကိုင်တွေကို အမီလိုက်နိုင်ဖို့ နည်းပညာကို ကလေးဘဝတည်းက လေ့လာခွင့်ရရှိရပါမယ်...။
မိဘတစ်ယောက်အနေနဲ့ သားသမီးတွေအတွက် အကောင်းဆုံးတွေပေးနိုင်ဖို့ အခွင့်အလမ်းကောင်းတွေက ကျွန်တော်တို့ဆီ တံခါးခေါက်လာတဲ့ အခါ
ဒီ အခွင့်အလမ်းကောင်း တံခါးချပ်တွေကို ဖွင့်ဟပေးဖို့ လိုအပ်ပါတယ်...။
အခုဆိုရင်တော့ ကိုယ့်ကလေးရဲ့ အနာဂတ်အာမခံချက်တွေ ပေးနိုင်မယ့်
နည်းပညာ သင်ယူလေ့လာခွင့် တံခါးချပ်ကို တောင်ကြီးမြို့က ဖေဖေမေမေတို့အတွက်
Australia အခြေစိုက် CIY.Club Myanmar က ယူဆောင်လာပြီ ဖြစ်ပါတယ်...။
ကိုယ့်ကလေးအတွက် အနာဂတ်အာမခံချက်ပေးနိုင်မယ့် နည်းပညာတံခါးလေးကို အမြန်ဆုံး ဖွင့်ပြီးတော့ နည်းပညာ အမွေကို လက်ဆင့်ကမ်းပေးလိုက်ပါ...။
မြန်မာနိုင်ငံလုံးဆိုင်ရာ အကြီးအကျယ်ဆုံး National Coding Tournament - Mind Hack 2023
မြန်မာ တနိုင်ငံလုံးက အသက် ၇ နှစ်ကနေ ၁၇ နှစ်အရွယ်
သားသားမီးမီးတိုင်း
🔹 3D Designing and Modeling
🔹 Scratch Coding
🔹 Electronic / Robotics
စတဲ့ Categories အောက်မှာ အကြိတ်အနယ် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး
စကာတင် အဆင့် ( Preliminary Stage ) ကို တီထွင်ဖန်တီးသူ Creator ပေါင်း ၃၀၀ ကျော် တက်လှမ်းနိုင်ခဲ့ပြီး
အမိုက်စား Project များစွာနဲ့ Final Stage ကို Creator ပေါင်း ၁၀၆ ယောက်
တက်ရောက် ယှဥ်ပြိုင်ခဲ့ရာမှ
🏆 Best Innovation award
🏆 Best 3D design
🏆 Best Coding Award
🏆 Champion Wizard
🏆 Champion Heroes
🏆 Champion Master
🏆 Social Impact
🏆 Rising Star
တီထွင်ဖန်တီးသူ အဖွဲ့ ၈ ဖွဲ့ ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာ နိုင်ငံက သားသားမီးမီးတွေကို သာမန် ဖုန်းသုံး ဂိမ်းဆော့တဲ့ Screen Time User အဖြစ်ကနေ
ကိုယ်ပိုင် စိတ်ကူးတွေ အိပ်မက်တွေကို လက်တွေ့မှာ ကိုယ်ပိုင် နည်းပညာသစ်တွေအဖြစ်
တကမ္ဘာလုံးချပြနိုင်ဖို့
တနိုင်ငံလုံး အကြီးအကျယ်ဆုံးသော အရွေ့တစ်ခုကို
Australia နိုင်ငံ အခြေစိုက် CIY.CLUB Myanmar မှ ဦးဆောင်ကျင်းပခဲ့ပါတယ်။
နည်းပညာသုံးစွဲသူ အဖြစ်ကနေ ဖန်တီးသူဖြစ်စေတဲ့ ဒီ Mind Hack အရွေ့တစ်ခုမှာ
မြန်မာနိုင်ငံရဲ့ latest Apple Authorized Reseller XtraSure ,
လန်းဆန်းတက်ကြွ ပျော်ရွှင်သော ဘဝအတွက် အောင်မြင်မှု လျှို့ဝှက်ချက် Betex Stres
လည်း အတူ ပါဝင် အားဖြည့်ရင်း
သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် ကြီးမားတဲ့ ပင့်တင်အား တစ်ခု ဖြစ်စေခဲ့ပါတယ်။
2023 မှာ တီထွင်ဖန်တီးသူလေးများစွာကို ပံ့ပိုး ပျိုးထောင် ပေးဖြစ်ခဲ့ပါတယ်။
ဖေဖေမေမေ သားသားမီးမီးတို့လည်း Mind Hack 2023 နဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေလည်း ရှိမယ်လို့ ယုံကြည်ပါတယ်။
"Trend နောက် လိုက်နေတိုင်းလည်း မကောင်းဘူး.. ကိုယ့်ကလေးနဲ့ အဆင်ပြေမှဖြစ်မှာ"
အသစ် အသစ်တွေကို ရှာဖွေနေတဲ့ မေမေတစ်ယောက်ဖြစ်တဲ့ Daw Khaing War Aung အနေနဲ့
- CIY.Club ကို ဘယ်လိုစသိခဲ့တာလဲ?
- ကလေးတွေ နည်းပညာကို ဘာလို့သင်သင့်တာလဲ?
- CIY.Club တောင်ကြီးကို ရောက်လာတဲ့အခါ ဘယ်လိုခံစားရလဲ?
စတာတွေကို ဒီ Video လေးထဲမှာ ဖြေကြားပေးထားပါတယ်။
တောင်ကြီးမြို့က ဖေဖေမေမေတို့လည်း ကိုယ့်ကလေးကို နည်းပညာတီထွင်ဖန်တီးသူ ဖြစ်စေချင်ရင်တော့ အခမဲ့ပါဝင်လို့ရမယ့် Bootcamp လေးတစ်ခု စီစဉ်ထားပေးပါတယ်။
ဒီ Bootcamp လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ Comment မှာ “TCB” လို့ အခုပဲ ရေးခဲ့လိုက်ပါနော်..။
လူတိုင်းနဲ့ အတူတူ၊ သာမန်ပဲ ဖြစ်နေမယ်ဆို အဆင်မပြေတော့ဘူး...။
ကျွန်တော်တို့ ကိုယ်ပိုင် စီးပွားရေး တစ်ခု လုပ်ချင်တယ်လို့ စဉ်းစားကြည့်ရအောင်...
ကိုယ့်ရဲ့ ကုန်စည်က တခြားသူတွေထက် ပိုသာတာ၊ ထူးခြားနေတာမျိုး ရှိမနေရင်
တကူးတက ဝယ်ဖို့အတွက် ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး...။
အလုပ်လျှောက်ဖို့ အင်တာဗျူးမှာ သူများတွေနဲ့ မတူတဲ့ ကိုယ့်အရည်အချင်းတွေကိုမှ
မပြောပြနိုင်ဘူးဆိုရင် အလုပ်ရမှာ မဟုတ်ပါဘူး...။
ဒီနေ့ခေတ်မှာ ဘယ်လို အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်းဘဲ လုပ်လုပ်
သူများနဲ့တန်းတူ သာမန် ဖြစ်မနေဘဲ ရပ်တည်နိုင်ဖို့ လိုလာတဲ့ အရာဆိုရင်
လူတိုင်းတွေးသလို မတွေးဘဲ တီထွင်ဖန်တီးရှင်လို စဉ်းစားတတ်တဲ့ အတွေးအခေါ်ပါ။
ဒါကို နည်းပညာနဲ့ ကိုယ်ပိုင် ပရောဂျက်တွေကို တီထွင်သူ Mindset နဲ့
သူများတွေးသလို မတွေးဘဲ အသစ်သစ်သော နည်းပညာတွေ ဖန်တီးနေတဲ့
ကလေးတွေကတော့ အလေ့အကျင့်ရနေကြပါပြီ...။
ကျွန်တော်တို့ သားသားမီးမီးတွေအတွက် အကောင်းဆုံးသော ပညာရေးပေးတာက အခွင့်အလမ်းကောင်းတွေကို လမ်းဖွင့်ပေးသလိုပါဘဲ...
ဒါပေမယ့် ဒီအခွင့်အလမ်းကောင်းတွေကို အသုံးချပြီး ရပ်တည်နိုင်ဖို့အတွက်ကတော့ တီထွင်ဖန်တီးရှင်လိုမျိုး သူများနဲ့ မတူအောင် တွေးတတ် လုပ်တတ်ဖို့ပါ...။
ကိုယ့်ကလေးအတွက် သူများနဲ့ မတူအောင် တွေးတတ်ဖို့ နည်းပညာ သင်ပေးရင်းဖြစ်ဖြစ်
အခြားသော နည်းလမ်းတွေနဲ့ဖြစ်ဖြစ် လေ့ကျင့်ပေးဖြစ်ပြီလား...?
Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ ရပါတယ်...။
Juice Stall တွေ ၊ Bar တွေတော့ မျက်ခုံးလှုပ်ရတော့မယ် 🤨
ကိုယ့် အနားမှာ အဖျော်ဆရာ တစ်ယောက် အမြဲရှိနေမယ်ဆိုရင် ရော …
ဆိုတဲ့ အိပ်မက် မက်ခဲ့ဖူးတယ်
ဘာလို့ဆို Beverage နှစ်သက်တဲ့ သူတစ်ယောက်အတွက် ..
ကိုယ်တိုင် ဖျော်ဖို့ဆိုလည်း မလွယ်သလို
ဆိုင်တွေမှာ သွားသောက်ရင်လည်း
စိတ်တိုင်းက မကျပြန်ဘူး …
အဲ့လို လူတွေရှိမှာပေါ့ …
ဒါကြောင့် Coder Mandy က
မြန်မာနိုင်ငံလုံးဆိုင်ရာ Naitonal Coding Tounrnament Mind Hack 2023 မှာ
နည်းပညာ ( Coding , Electronic ) ကို အသုံးချပြီး
နည်းပညာ အဖျော်ဆရာ တစ်ဦးကို ကိုယ်ပိုင် စိတ်ကူးနဲ့ ဖန်တီးယှဥ်ပြိုင်ခဲ့ပြီး
“Best Innovation Award” ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ထုံးစံအတိုင်း ပေါ့
ကိုယ်ပိုင် စိတ်ကူး နဲ့ အိပ်မက်တွေကို နည်းပညာ လက်နက် အသုံချပြီး
ကိုယ်ပိုင် တီထွင်ဖန်တီးမှု အဖြစ် ပြောင်းလဲနိုင်တဲ့
Innovative Creator Mandy ပေါ့ …
ဒါဆိုရင် ဖေဖေမေမေတို့လည်း ကိုယ့်ကလေးရဲ့ စိတ်ကူးတွေကို
ဒီလိုမျိုး လက်တွေ့မှာ ဖန်တီးမှု အဖြစ်ပျိုးထောင် ပေးဖို့ ဆန္ဒရှိတယ်ဆိုရင်
Comment မှာ “yes” လို့ ရေးခဲ့လိုက်ပါ။
တနေ့ တနေ့ ကိုယ့် ကလေးနဲ့ ပတ်သက်ပြီး
စိတ်ပူ ၊ ခေါင်းကိုက် ရတဲ့ အရာဆို
ဘာများ ဖြစ်မလဲ ? ဖေဖေမေမေတို့ ...
ကိုယ့်ကလေးမှာ
ဘယ်လိုမျိုးသော လှပတဲ့ အိပ်မက်တွေ
ဆန်းသစ်တဲ့ အိုင်ဒီယာတွေ
ရှိနေတာ သတိထားမိထားလဲ...?
လကမ္ဘာပေါ်ကို ခြေချဖူးတဲ့
ပထမဆုံး လူသားဖြစ်လာမယ့်
ကလေးလေးက ညတစ်ညမှာ
လမင်းကြီးကို ကြည့်ရင်း
လပေါ်ကို သွားချင်တယ်ဆိုပြီး
သူ့ရဲ့ မေမေကို ပြောခဲ့တာပါ
ဒါကိုကြားတဲ့ အမေဖြစ်သူကလည်း
ကလေးစကား၊ ကလေးအတွေး ဆိုပြီး
လက်လွတ်စပယ် မထားခဲ့ပါဘူး။
ဒီလို လှပလွန်းတဲ့ အိပ်မက်အတွက်
အာကာသ နည်းပညာရပ်တွေကို
ထိတွေ့ခွင့်၊ လေ့လာခွင့်တွေ ပေးပြီး
အိပ်မက်ကနေ လက်တွေ့ ဖြစ်အောင်
ပျိုးထောင်ပေးခဲ့လို့
ကျွန်တော်တို့ ခေတ်မှာဆိုရင်
လကမ္ဘာပေါ် သွားတယ်ဆိုတာ
အရမ်း မထူးဆန်းတော့တဲ့
အခြေအနေ ဖြစ်လာတဲ့အထိပါ...။
ဒါဆိုရင် ဖေဖေမေမေတို့ရေ...
ကိုယ့်ကလေးက ကိုယ့်ကို တခါတရံ
ပြောပြဖြစ်တဲ့ သူတို့ အိပ်မက်၊ ဆန္ဒလေးတွေကို
ကလေးအတွေးပါဆိုပြီး မေ့မေ့ပျောက်ပျောက်
နေနေတုန်းပဲလား...?
ဒီဘက်ခေတ်မှာ နည်းပညာနဲ့သာဆိုရင်
အိပ်မက်တိုင်းကို လက်တွေ့
အကောင်အထည် ဖော်နိုင်နေပါပြီ။
ဖေဖေမေမေတို့အနေနဲ့ရော...၊
ကိုယ့်ကလေးရဲ့ အိပ်မက်တွေကို
ဘယ်လောက် ရာခိုင်နှုန်းဖြည့်ဆည်းပြီးပြီလဲ...?
Comment မှာ ပြောပြပေးသွားပါဦးနော်...။
တောင်ကြီးမြို့က ကလေးတွေရဲ့ အနာဂတ်ကို အကောင်းဆုံးပံ့ပိုးပေးဖို့ CIY.Club Myanmar ကတော့ အဆင်သင့် ဖြစ်နေပါပြီ ✨
💁 တောင်ကြီးမြို့က ဖေဖေမေမေတို့ရော
ကိုယ့်ကလေးအနာဂတ်ကို အကောင်းဆုံးပံ့ပိုးပေးဖို့
Ready ပဲလား?
ဒါဆိုရင်တော့
အခုပဲ ဒီ Video ကို ကြည့်လိုက်တော့နော်…။ ✨
CIY.Club
Code it Yourself
တကယ်လို့ သင်က
ရန်ကုန်မှာနေထိုင်တဲ့
မိဘတစ်ယောက်ဖြစ်တယ်..
ကိုယ့်ကလေးအတွက်လည်း
သေချာရေရာတဲ့ အနာဂတ်တစ်ခုကို
ဖန်တီးပေးချင်တယ်.. ဆိုရင်တော့
City Mall (St.John) မှာ
ဒီဇင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ
The Yangon Book & Education Fair မှာ
CIY.Club Myanmar ရှိနေပါမယ်။
ဒီပွဲမှာ ကလေးတွေရဲ့
အနာဂတ်ပညာရေးအတွက်
ကျွမ်းကျင်တဲ့ Education Consultant တွေနဲ့
ဆွေးနွေးနိုင်မယ်..
ကလေးတွေ တီထွင်ထားတဲ့
ဂိမ်းတွေကို ဆော့ကစားနိုင်မယ့်အပြင်
လက်မလွှတ်သင့်တဲ့ အခွင့်အရေးတွေနဲ့
စောင့်ကြိုနေတာမို့
ကိုယ်တိုင်လာရောက် လေ့လာဖို့
ဖိတ်ခေါ်လိုက်ရပါတယ်...။
ကိုယ့် ကလေး အနာဂတ်ရဲ့ နေထိုင်ခွင့်
Passport အတွက် အကောင်းဆုံးပြင်ဆင်ထားပေးဖို့
မြန်မာနိုင်ငံမှာပဲ နေပြီး နည်းပညာသစ်တွေ တီထွင်ဖန်တီးနိုင်ဖို့
ဒီနေ့ ဒီချိန်မှာတော့ …
ကမ္ဘာ့ နိုင်ငံပေါင်း ၉ နိုင်ငံ မှာရှိပြီး Australia နိုင်ငံ အခြေစိုက် CIY.Club Myanmar ရှိနေပါပြီ
ကိုယ့်ကလေး အနာဂတ်မှာ မျက်နှာမငယ်ရစေဖို့
ဒီနေ့ခေတ် ကလေးတွေရဲ့ ကွက်လပ်ကို
မိဘတစ်ယောက်အနေနဲ့ ဖြည့်ဆည်းပေးဖို့
m.me/ciy.clubmyanmar ကို
ကိုယ်နေထိုင်ရာ မြို့နဲ့ ကလေးနာမည် ပေးပို့ပြီး
စာရင်ပေးသွင်း ဆက်သွယ် စုံစမ်းနိုင်ပါပြီ။
09 790 959 190
09 78 76 75 444
ကို ဆက်သွယ်ပြီးလည်း စုံစမ်းနိုင်ပါပြီ။
ကလေးကို အကောင်းဆုံး ဖြစ်စေချင်တာတော့ မိဘတိုင်းရဲ့ ဆန္ဒပါ။
အထူးဝမ်းနည်းကြေကွဲခြင်း
—————————————
CIY.Club Myanmar ရွှေမိုးကောင်း Campus (Education Hub) တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတာဝန်ခံ ဦးဇေယျာမွန်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဘဝတစ်ပါးကူးပြောင်းသွားပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့်အတူတကွ CIY.Club Myanmar မိသားစု တစ်ခုလုံးမှ ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။
CIY.Club Myanmar
နည်းပညာတွေတိုးတက်လာတဲ့ နောက်မှာ စာအုပ်တွေကို အင်တာနက်ပေါ်ကနေ အလွယ်တကူဖတ်ရှုလို့ရလာတယ်...
ဒါပေမယ့် စာအုပ်တွေကို လက်နဲ့ကိုင်ဖတ်ရတဲ့ အရသာကိုတော့ မမီနိုင်သေးပါဘူး။
ဒါကြောင့်လည်း ကလေးအရွယ်ကနေ လူကြီးအရွယ်ထိ ဖတ်ရှုနိုင်မယ့် genre မျိုးစုံ၊ စာအုပ်ပေါင်းစုံရောင်းချပေးသွားမယ့် The Yangon Book & Education Fair 2023 ကို ပံ့ပိုးရင်း CIY.Club Myanmar လည်းအတူပါ၀င်သွားမှာပါ။
ဒီပြပွဲကို လာရောက်တဲ့ ကလေးငယ်တွေ၊ ဖေဖေမေမေတွေအတွက် CIY.Club က Coach တွေကနေ 3D Design, Scratch Coding စတဲ့ နည်းပညာတွေနဲ့ မိတ်ဆက်ပေးသွားမယ့်အပြင် စိတ်လှုပ်ရှားဖွယ်လက်ဆောင်တွေပါဝင်တဲ့ Spin Wheel လည်း စီစဥ်ပေးထားမှာဖြစ်ပါတယ်။
ဒါ့အပြင် December 3 ရက်နေ့ ညနေမှာလည်း CIY.Club ရဲ့ Regional Coordinator ဖြစ်တဲ့ ကိုခန့်ဇော်ဟိဏ်းကနေ မိဘတွေအတွက် အကျိုးရှိစေမယ့် Coding and Your Kids' Future ခေါင်းစဥ်နဲ့ ဟောပြောသွားမှာ ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်....။
Date - December 01-03, 2023
Time - 9:00am to 7:00pm
Location - St. John City Mall(Main Concourse, No.6, Corner of Pyay Rd and Min Ye Kyaw Swar Rd, Yangon)
ငယ်ငယ်က
ကျွန်တော့်အမေ အမြဲဆုံးမနေကျ
စကားတစ်ခု ရှိပါတယ်...။
"ငါ့သား မချမ်းသာ၊ မအောင်မြင်ရင်တောင်
လောကကြီးကို အကျိုးပြုတဲ့
လူတစ်ယောက်ဖြစ်အောင် ကြိုးစားရှင်သန်ပါ" တဲ့...။
ဒီစကားကို အမြဲကြားယောင်ရင်း
လောကကြီးအတွက် တန်ဖိုးရှိတဲ့
လူသားတစ်ယောက် ဖြစ်အောင်
နေထိုင်ခဲ့တာ ခုထိပါ။
ဒီနေ့ခေတ် နည်းပညာဆိုတာ
နေ့စဉ်ဘဝရဲ့ ပြဿနာတွေ ဖြေရှင်းပြီး
လောကကြီးကို အကျိုးပြုရတဲ့
အနုပညာတစ်ခုပဲ ဖြစ်ပါတယ်...။
နည်းပညာနဲ့
မြို့ မတူရင် ဆက်သွယ်ဖို့ ခက်တဲ့ ပြဿနာ
တနေရာက တနေရာ ငွေလွှဲငွေပို့ရခက်တဲ့ ပြဿနာ
စားချင်တာရှိရင် ဆိုင်ထိ သွားဝယ်ရတဲ့ ပြဿနာ
ဒီလိုမျိုး နေ့စဉ်ဘဝနဲ့ ပတ်ဝန်းကျင်ရဲ့
ပြဿနာပေါင်းစုံကို ဖြေရှင်းပေးနေတာပါ...။
သင့်ကလေးကို နည်းပညာ သင်ပေးတာက
ကလေးရဲ့ အနာဂတ် အတွက်
အာမခံချက် ပေးပြီးသား ဖြစ်သလို
နေ့စဉ်ဘဝ ပြဿနာတွေကို ဖြေရှင်းရင်း
လောကကြီးကို တထောင့်တနေရာက
ကူညီရာလည်း ရောက်စေပါတယ်
လူဖြစ်တဲ့ ဘဝမှာ ဥစ္စာချမ်းသာဖို့ထက်
လူ့ ပတ်ဝန်းကျင်အတွက်
တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့က
ပိုအရေးကြီးတာ ဖြစ်လို့
ပိုကောင်းတဲ့ ကမ္ဘာလောကကြီးအတွက်
နည်းပညာနဲ့ အကျိုးပြုပေးနေတဲ့
ကလေးတစ်ယောက်ရဲ့ မိဘဖြစ်ရခြင်းက
ဘယ်လို ဆုလာဘ်နဲ့မှ
လဲဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး...။
မိဘတို့ရော ကိုယ့်ကလေးက
ချမ်းသာအောင်မြင်တဲ့ လူသားဖြစ်စေချင်လား...?
လောကကြီးအတွက် တန်ဖိုးရှိတဲ့ လူ ဖြစ်စေချင်လား...?
"Comment" မှာ ဆွေးနွေးပေးသွားပါဦးနော်...။
“ဖန်တီးမျှဝေမှု အစ CIY က” တဲ့
တီထွင်ဖန်တီးမှုဆိုတာကလေ
စိတ်ကူးနဲ့ နည်းပညာကို ပေါင်းစပ်ထားတဲ့
အနုပညာရပ်တစ်ခုပါ ✔️
အနုပညာဆိုတာကလည်း
မျှဝေခံစားရတဲ့ အရာမျိုးပဲ မဟုတ်လား ?
ပြီးတော့ ဒီနေ့ခေတ်မှာ နည်းပညာဆိုက အိုင်တီကို စိတ်ဝင်စားမှ လေ့လာထားရမယ့် အရာ တော့ မဟုတ်တော့တာ အားလုံး မျက်မြင်ပါ 💯
လုပ်ငန်းတိုင်းမှာ နည်းပညာ လိုအပ်လာသလို
နည်းပညာ လှိုင်းလုံးလောက် မလိုက်နိုင်လို့
နောက်ကျကျန်ခဲ့တဲ့ လုပ်ငန်းတွေဆိုတာလည်း ဒုနဲ့ ဒေး …
ဒီနေ့ခေတ်မှာ လုပ်ငန်းတွေရဲ့ လိုအပ်ချက် ဖြစ်လာရင်
နောက်လာမယ့် ၁၀ နှစ် ကိုယ့်ကလေးလုပ်ငန်းခွင် ရောက်တဲ့အချိန်မှာ
ဘယ်လောက်တောင် အရေးကြီး လိုအပ်ချက်ဖြစ်လာမယ် ဆိုတာ ဖေဖေမေမေတို့ ကြိုတွေးထားသင့်ပါတယ်❗️
အဲ့လိုဆိုလို့လည်း နည်းပညာကို
အခုကျက် ၊ အခုမှတ် ဆိုပြီး ဘာသာရပ်တစ်ခုလို ကလေးကို မလေ့လာခိုင်းမိစေနဲ့ ‼️
ကလေးတွေရဲ့ အတွေးတွေ စိတ်ကူးတွေက ကျွန်တော်တို့ လူကြီးတွေထက်ပိုပြီး ဆန်းသစ် ကြတယ် မဟုတ်လား ? ( ဘယ်လိုပဲ ကလေးဆန်ဆန်ပေါ့ )
လျှပ်စစ်မီး လေယာဉ်ပျံ စတဲ့ ဘယ်ဖန်တီးမှု မဆို ဘယ်သူမှ မတွေးဘူးတဲ့ ကလေးဆန်ဆန် အတွေးကပဲ ဖြစ်လာခဲ့တာ မဟုတ်လား ? ❔
နည်းပညာ ဆိုတာက
ကလေးရဲ့ စိတ်ကူးအတွေးတွေကို လက်တွေ့ဆန်ဆန် တီထွင်ဖန်တီးမှု အဖြစ်ချပြနိုင်အောင် လိုအပ်တဲ့ လက်နက်ကိရိယာ တစ်ခုပါပဲ
ဒါကြောင့် မြန်မာဒီနေ့ခေတ်ကလေးတွေ
အနာဂတ်မှာ Elon Musk တို့လို လျှပ်စစ်ကားတွေ ထုတ်မလား
အနာဂတ်ရဲ့ Bill Gates တို့ Steve Jobs တို့ ဖြစ်မလားတော့
သူတို့လေးတွေ ရွေးချယ်မှုပေါ်မှာ မူတည်ပေမယ့်
အနာဂတ်မှာ မရှိမဖြစ်လိုအပ်ချက် ဖြစ်လာမယ့် နည်းပညာ နားလည်တတ်မြောက်မှု အတွက်
ပံ့ပိုးပြင်ဆင်ထားပေးသင့်တာကတော့ မိဘတိုင်းရဲ့ တာဝန်ပါ။
ဒီအတွက်လည်း Australia အခြေစိုက် CIY.CLUB က မြန်မာနိုင်ငံက သားသားမီးမီးတိုင်းအတွက်
“ဖန်တီးမျှဝေ Creator တွေ” အစီအစဉ်ကို ယူဆောင်လာပါတယ်။ 💯
ဒီ အစီအစဉ်မှာဆိုရင် အသက် ၇-၁၇ အရွယ် သားသားမီးမီးတိုင်း
စိတ်ကူးတွေ ကို နည်းပညာ အကူအညီနဲ့ ကိုယ်ပိုင် တီထွင်ဖန်တီးမှု အဖြစ် ပြောင်းလဲ ချပြနိုင်မှာပဲ ဖြစ်ပါတယ်။
ဖန်တီးမျှဝေ Creator အစီအစဉ်က မြန်မာနိုင်ငံရဲ့ တောင်ကြီးမြို့မှာ စတင်မှာဖြစ်ပြီး
CIY.CLUB physical campus မှာ
🔹 အခုလာမယ့် December 2 ရက်နေ့ကစလို့
🔷 “CREATOR BOOTCAMP” တွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။
☑️ ဖန်တီး မျှဝေဆိုတဲ့ စကားအတိုင်း ဒီအစီအစဉ်မှာ ပါဝင်ဖို့က အခကြေးငွေ လုံးဝ မလိုအပ်ပဲ
ကိုယ့်ကလေးကို ပါဝင်စေချင်တယ်ဆိုရင် သားသားမီးမီးတို့ရဲ့ သူငယ်ချင်းကိုပါ ဖိတ်ခေါ် မျှဝေရမှာပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး အနေနဲ့ တောင်ကြီး မြို့က ကိုယ့်ကလေး အနာဂတ်အတွက် အခုကတည်းက အကောင်းဆုံးပြင်ဆင်ပေးချင်တဲ့ ဖေဖေမေမေတို့ရေ
ကိုယ့်ကလေးကို အနာဂတ်မှာ နှာတဖျား သာစေချင်ရင်တော့
Comment မှာ “TCB” လို့ ရေးခဲ့ပြီး ကိုယ်တိုင်လည်း ကလေးအတွက်
ဖန်တီးမျှဝေလိုက်ပါ။ ‼️
နိုင်ငံတစ်နိုင်ငံကနေ အခြားတစ်နိုင်ငံကို
သွားချင်ရင် Passport လိုတယ်..။
Passport ရှိမှ အဲ့နိုင်ငံမှာ သွားနေလို့ရမှာ..
ဒါက ကျွန်တော်တို့ သိပြီးသား အရာတစ်ခု...။
‼️ ဒါပေမယ့် ကျွန်တော်တို့ မသိသေးတဲ့အရာတစ်ခုရှိသေးတယ်..။
ဒါက ကလေးတွေအနေနဲ့လည်း
နောက် (၁၅) နှစ်အကြာ ဒီကမ္ဘာမြေပေါ်မှာ
နေထိုင်ဖို့ဆိုရင် Passport လိုအပ်လာပြီဆိုတာပဲ...။
ဘာ Passport လဲဆိုတော့
"ပညာတတ်မြောက်ခြင်း" ဆိုတဲ့ Passport...။
အရင်တုန်းကတော့
ပညာတတ်မြောက်ခြင်းဆိုတဲ့နေရာမှာ
အရေးအဖတ်၊ အတွက်အချက် လောက်ဆိုရပြီ..
အခုခေတ်မှာတော့ အဲ့လောက်နဲ့ မရတော့ဘူး.
အင်္ဂလိပ်စာလိုလာပြီ၊ အတွေးအခေါ်လိုလာပြီ
အတွက်အချက်ကလည်း မပါမဖြစ်ပေါ့...
ဒီနောက်မှာ ထပ်လိုအပ်လာတာက
အင်တာနက်နဲ့ အိုင်တီ....။
တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ
"အ" (၅) လုံး ကို ကောင်းကောင်းမတတ်မြောက်ထားရင်
သင့်ကလေးက နောက် (၁၅) နှစ်အတွက်
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်နိုင်ဖို့မသေချာဘူး...။
ဒါကြောင့် သင့်ကလေးကို
ငယ်စဥ်ကတည်းက
"အင်္ဂလိပ်စာ၊ အိုင်တီ၊ အင်တာနက်၊
အတွေးအခေါ်၊ အတွက်အချက်" စတဲ့
"အ" (၅) လုံးကို သင်ထားပေးဖို့ လိုအပ်တယ်..။
ဒါကိုလက်ခံတယ်ဆိုရင်
Comment မှာ "yes" လို့ ရေးသွားပါအုံး...။။
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)မှာ ဖေဖေမေမေတို့နဲ့ ကလေးငယ်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆေးပေါင်းခတဲ့ညလေးတစ်ညကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း CIY.Club Myanmar မှ ဆုတောင်းပေးလိုက်ပါတယ်။
CIY.Club
Code it yourself
မောရှမ်းမြေမှာ နေပြီး ဒါကို မသိသေးရင်တော့‼️
မောရှမ်းမြေက သဘာဝ အလှတရား အေးချမ်းသာယာမှုတို့က
ကိုယ့် ကလေးကို ဖြစ်ထွန်းစေချင်တဲ့ မောရှမ်းမြေက မိဘတို့ရဲ့
စေတနာနဲ့ ပိုပြီးတင့်တယ်နေပါတယ် ... ✨
မိဘတို့ အရေးမကြီးဘူးလို့ ထင်နေတဲ့ ပညာရပ်တစ်ခုက
ဒီနေ့ခေတ် သားသားမီးမီးတွေအတွက်
ဘယ်လောက်တောင် အရေးတကြီး လိုအပ်နေပြီလဲဆိုတာကို
မသိသေးရင်တော့ ... 🧐
Australia နိုင်ငံ အခြေစိုက် CIY.CLUB က အခု တောင်ကြီးမြို့နဲ့
အေးချမ်းလှတဲ့ မောရှမ်းမြေ တောင်ပိုင်းကို
လုံးဝ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုကို
ဒီနေ့ပဲ ယူဆောင်လာပါပြီ ...
ကိုယ့်ကလေးကို နှာ တဖျား သာပြီး
နိုင်ငံတကာက ကလေးတွေလို အနာဂတ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့
"နည်းပညာနားလည်တတ်မြောက်မှု" အတွက်
အကောင်းဆုံး စတင် ပျိုးထောင်ပေးချင်တယ်ဆိုရင်
အခကြေးငွေ မလိုပဲ ကလေးတို့ရဲ့ သူငယ်ချင်းတွေနဲ့ အတူ
ဖုန်းသုံး ဂိမ်းဆော့နေတာကနေ နည်းပညာစတင် တီထွင်ဖန်တီးတတ်ဖို့
အခုလာမယ့် Dec 2 ရက်နေ့မှ စတင်တော့မယ့်
"ဖန်တီးမျှဝေ Creator တွေ" "Taunggyi Creator Bootcamp"
အစီအစဥ် ကို ရယူဖို့
comment မှာ "TCB" လို့ ရေးခဲ့ပြီး
သူငယ်ချင်းတွေကိုပါ အခုပဲ ဖိတ်ခေါ်လိုက်ပါ။
လူအချင်းချင်း ဆက်သွယ်တဲ့အခါ
သက်ဆိုင်ရာ ဘာသာစကားနဲ့ ဆက်သွယ်ကြသလို
ကွန်ပြူတာတွေကို ဆက်သွယ်ခိုင်းစေချင်ရင်တော့
ကွန်ပြူတာတွေ နားလည်နိုင်တဲ့
Coding ဘာသာစကားနဲ့ ဆက်သွယ်ရပါတယ်။
ဒီလို နည်းပညာ ဘာသာစကားကို သုံးပြီး
နေ့စဥ်ဘဝရဲ့ ပြဿနာတော်တော်များများကို
ဖြေရှင်းလာနိုင်ကြတယ်။
နည်းပညာ မတိုးတက်ခင်နဲ့ တိုးတက်လာချိန်မှာ
ရေပန်းစားခဲ့တဲ့ အလုပ်အကိုင်တွေက
လုံးဝကို မတူတော့ပါဘူး
လက်ရှိအချိန်နဲ့ နောက် ၁၀နှစ် အနှစ် ၂၀
အနာဂတ်တွေမှာလည်း ပြောင်းလဲလာမယ့်
အလုပ်အကိုင်တွေက မတူနိုင်တော့ပါဘူး
ဒီအတွက်ကြောင့် ဖေဖေမေမေတို့ရေ.....
ကိုယ့်ကလေးကို နောက် အနာဂတ်
လုပ်ငန်းခွင် ဝင်ရမယ့် အရွယ်မှာ
ဘယ်လို အလုပ်အကိုင်တွေကို
လုပ်နေစေချင်လဲ လုပ်နေမယ်လို့
ထင်ပါသလဲ?
တကမ္ဘာလုံးမှာ တပြေးတည်း သုံးနေတဲ့
ဘာသာစကားကတော့ Coding
ဘာသာစကားပဲ ဖြစ်လာနေပါပြီ
တကမ္ဘာလုံးသုံး Universal Language ကိုသာ
ကိုယ့်ကလေးအတွက် ငယ်ငယ်တည်းကသာ
သင်ပေးထားမယ်ဆိုရင်
နောက် အနှစ် ၂၀လောက်ကြာတဲ့အခါ
တိုးတက်ပြောင်းလဲမှုတွေ ကြားမှာ
အလုပ်အကိုင် အခွင့်အလမ်း
အာမခံချက်တွေနဲ့ ရပ်တည်နိုင်ခဲ့လို့
ဂုဏ်ယူစွာနဲ့ ကျေးဇူးအတင်ခံရတာက
ဖေဖေမေမေတို့ ကိုယ်တိုင်ပဲ ဖြစ်မှာပါ
တောင်ကြီးမြို့က ကလေးတွေအတွက်
လက်ဆောင်ကြီးကြီးမားမား စီစဥ်ပေးထားတာရှိပါတယ်..။
ဒီလက်ဆောင်ကို ရယူဖို့
အဆင်သင့်ဖြစ်နေပြီလား... ဖေဖေမေမေတို့ရေ???
၂၀၂၀ - ကိုဗစ် တွေဖြစ်ပြီးနောက်မှာ
အသေးစားနဲ့ အလတ်စား
စီးပွားရေးလုပ်ငန်းတွေအများစု
ပျောက်ကွယ်သွားကြတယ်..။
Corporate တွေလိုမျိုး
စီးပွားရေးလုပ်ငန်းအများစုလည်း
အနည်းနဲ့အများ အကျပ်အတည်းတွေနဲ့
ရင်ဆိုင်ခဲ့ကြရတယ်..။
အကြောင်းကတော့
မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက်
ကြိုတင်ပြင်ဆင်မှုမရှိတာနဲ့
Digital Transformation လို့ခေါ်တဲ့
ဒီဂျစ်တယ်အသွင်ကူးပြောင်းဖို့
နည်းပညာနဲ့ပတ်သက်တဲ့
အသိပညာ၊ဗဟုသုတတွေရှိမနေလို့ပဲ..။
ဒါပေမယ့် အဲ့အချိန်မှာ
ဒီဂျစ်တယ်အပေါ် တက်လာနိုင်တဲ့
စီးပွားရေးလုပ်ငန်းတွေက
အရင်ကထက် (၁၀)ဆလောက်
ပိုမိုအောင်မြင်လာတယ်..
အမြတ်ငွေတွေပိုရလာတယ်...
တနည်းအားဖြင့်
နည်းပညာကို ကောင်းကောင်းနားလည်ပြီး
တတ်ကျွမ်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက
ပိုအောင်မြင်လာတယ်လို့ ဆိုရမှာပေါ့..။
အခုခေတ်မှာ မိဘတော်တော်များများက
ကိုယ့်ကလေးက IT ကို စိတ်ဝင်စားမှ
နည်းပညာကို သင်ယူသင့်တယ်လို့ ထင်နေကြတုန်းပဲ.။
ဒါက တကယ်တော့ အမှားကြီးပါ..
ကိုယ့်ကလေးအနေနဲ့ IT လမ်းကြောင်းကို
လျှောက်သည်ဖြစ်စေ.. မလျှောက်သည်ဖြစ်စေ..
နည်းပညာတတ်မြောက်ထားဖို့က မဖြစ်မနေလိုအပ်တယ်..။
ကလေးက အနာဂတ်မှာ
စီးပွားရေးလုပ်ငန်းရှင်ပဲ လုပ်လုပ်
ဂီတပညာရှင်၊ အနုပညာရှင်၊ အားကစားသမား
ဒါမှမဟုတ်
ဆရာဝန်၊ အင်ဂျင်နီယာ
ဘာပဲဖြစ်ချင် ဖြစ်ချင်
နည်းပညာတတ်မြောက်ထားဖို့ လိုအပ်တယ်..။
သေချာတာကတော့
နည်းပညာတတ်မြောက်ထားတဲ့ကလေးက
နည်းပညာမတတ်မြောက်ထားတဲ့ကလေးထက်
အမြဲတစ်ပန်းသာနေမှာပဲ..။
ဒါငြင်းမရတဲ့ အမှန်တရားပဲ...။
ကလေးဘဝထဲက
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့နဲ့
ကိုယ့်အားကိုယ်ကိုးတတ်အောင်
ပျိုးထောင်ပေးဖို့ကို ဖေဖေမေမေတို့
တော်တော်များများ မေ့နေတတ်ပါတယ်
Coding ဆိုတာ ကိုယ့်ရဲ့
အတွေးတွေကို ဆန်းသစ်ပြီးတော့
ကိုယ်တိုင် လက်တွေ့တီထွင်ဖန်တီးရတဲ့
ပညာရပ်တစ်ခုပါ။
ကလေးဘဝတည်းကသာ
စိတ်ကူးအိုင်ဒီယာတွေကို
လက်တွေ့ဖြစ်အောင်
နည်းပညာတွေ တီထွင်ဖန်တီးရင်း
ကိုယ့်ကိုကိုယ် ယုံကြည်မှု
တည်ဆောက်နိုင်မယ်
ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနဲ့
နည်းပညာ ပရောဂျက်လေးတွေကို
ကိုယ့်အားကိုယ်ကိုးပြီး ဖန်တီးနိုင်အောင်သာ
ပျိုးထောင်ပေးနိုင်ခဲ့မယ်ဆိုရင်
ကလေးဘဝထဲက ပိုင်ဆိုင်နိုင်ခဲ့တဲ့
ယုံကြည်မှု၊ ကိုယ့်ဒူးကိုယ်ချွန် စွမ်းရည်နဲ့
ကိုယ့်ရဲ့ သားသမီးက
ပညာရေးမှာပဲ ဖြစ်ဖြစ်
နည်းပညာမှာ ဖြစ်ဖြစ်
ဘယ်လောက်သော အမြင့်တွေထိကို
ပျံသန်းနိုင်မယ်လို့
ဖေဖေမေမေတို့ ထင်ပါသလဲ ?
နည်းပညာတတ်မြောက်ထားတဲ့
ကလေးတစ်ယောက်က
နည်းပညာ မတတ်မြောက်ထားတဲ့
ကလေးတစ်ယောက်ထက်
အရာတိုင်းမှာ ပိုမို သာလွန်ကြတယ်..။
ဥပမာ -
ဂီတကိုဝါသနာပါတဲ့
ကလေးနှစ်ယောက်ထဲမှာတောင်မှာ
နည်းပညာတတ်ခြင်း မတတ်ခြင်းက
သူတို့ရဲ့ဖန်တီးမှုအပေါ်
အများကြီးသက်ရောက်စေပါတယ်။
ပထမကလေးဆီမှာ
ဂီတာတစ်လက် ရှိပေမယ့်
piano တွေ drum တွေမရှိရင်
ဒီအသံတွေအကုန်လုံးကို
ပေါင်းစပ်ဖန်တီးဖို့ခက်ခဲပါတယ်....
ဒါပေမယ့်
ဒုတိယကလေးကတော့
နည်းပညာကိုအသုံးချပြီး
FL Studio ကဲ့သို့သော Software တွေနဲ့
တူရိယာသံစုံပါတဲ့ သီချင်းတစ်ပုဒ်ကို
အလွယ်တကူ ဖန်တီးနိုင်ပါတယ်..။
ဒါ့ကြောင့် ကိုယ့်ကလေးက အခြားကလေးတွေထက်
ပိုသာလွန်နေတာကို မြင်ချင်တယ်ဆိုရင်တော့
နည်းပညာကို သင်ကြားပေးသင့်ပါပြီ..။
တောင်ကြီးမြို့ကိုသာ CIY ရောက်လာမယ်ဆိုရင် 🧐
သေချာပေါက်ကတော့ ...
ဒီလို သာယာအေးချမ်းတဲ့ မောရှမ်းမြေရဲ့
ကလေးတွေ အနာဂတ်အတွက် လိုအပ်ချက်တစ်ခုကို
မိဘ တွေ အနေနဲ့ အကောင်းဆုံး ပံ့ပိုး ဖြည့်ဆည်းပေးနိုင်တော့ မှာပေါ့ ...
ArrManThit Clinic ရဲ့ CEO Dr. Win Htut Aung လည်း
ကိုယ်တိုင် သားသမီးရဲ့ အနာဂတ်ကို ဖန်တီးသူ ဖြစ်အောင် ပျိုထောင်ပေးနေတဲ့
ဖခင် တစ်ယောက် အနေနဲ့ အပြင် တောင်ကြီးမြို့ခံ တစ်ယောက် အနေနဲ့
Australia နိုင်ငံ အခြေစိုက် CIY.CLUB သာ ရောက်လာမယ်ဆို ရင်
ဘာတွေ ဖြစ်လာနိုင်မှာလဲ???
ဆော့ကစားခြင်းက ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဖွံဖြိုးတိုးတက်လာစေပြီး ဉာဏ်ရည်မြင့်မားလာစေသလို Coding သင်ခြင်းကလည်း ကလေးတွေရဲ့ တီထွင်ဖန်တီးမှုကို မြင့်မားလာစေပါတယ် ✨
ဒါ့ကြောင့် ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံဖြိုးတိုးတက်လာစေပြီး ဉာဏ်ရည်မြင့်မားလာအောင် ပံ့ပိုးပေးနေတဲ့ နေပြည်တော်မြို့ရဲ့ အကြီးဆုံး Indoor Playground ဖြစ်တဲ့ Ranger Camp နေပြည်တော်မှာ အသက် (၇-၁၇) ကလေးတွေရဲ့ အနာဂတ်အတွက် နည်းပညာသင်ပေးနေတဲ့ CIY.Club Myanmar ကလည်း အတူရှိနေမှာပါ။
ဒီ Ranger Camp နေပြည်တော် ကစားကွင်းကို လာရောက်လည်ပတ်တဲ့ ကလေးငယ်တွေနဲ့ ဖေဖေမေမေတို့ကို CIY.Club ကနေ အနာဂတ်ရဲ့ ဘာသာစကားဖြစ်လာမယ့် Coding နည်းပညာတွေအကြောင်းမိတ်ဆက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် CIY.Club က ကလေးတွေကိုယ်တိုင်ဖန်တီးထားတဲ့ ဂိမ်းတွေဆော့ကစားနိုင်ပြီး Discount Coupon တွေပါ ရရှိနိုင်မယ့် Spin Wheel ကိုလည်း စီစဉ်ထားပေးမှာ ဖြစ်ပါတယ်။
ဒါနဲ့ Ranger Camp Nay Pyi Taw မှာ CIY.Club က နိုဝင်ဘာ 26 ရက်နေ့နဲ့ 27 ရက်နေ့ နှစ်ရက်ထဲ ရှိနေမှာဖြစ်လို့ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်…
Date : Nov (26-27) , 2023
Time : 9:30AM - 4:00PM
Location : Ranger Camp Nay Pyi Taw (နေပြည်တော် အဝင် တိုးဂိတ် အနီး ၊(360 ဆီဆိုင် )အနီး ၊ ရွှေပြည်တော်ဝင် လမ်းမကြီးဘေး)။
CIY.Club Myanmar နဲ့လက်တွဲလုပ်ကိုင်နိုင်မယ့် အခွင့်အရေး ✌️
✨ Job Opportunities from CIY.CLUB MYANMAR
We are Hiring‼️
🔸 Sales and Student Service Intern
🔸 Student Service
✨ Sales and Student Service Intern (For Nay Pyi Taw, StarCity & North Dagon Campus)
အကယ်၍ မိတ်ဆွေက
❕ ကျောင်းသား၊ မိဘ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်စွာ ဆက်ဆံနိုင်မယ်လို့ ယုံကြည်တယ်။
❕ မတူညီတဲ့ နောက်ခံတွေကနေလာတဲ့ ကျောင်းသားတွေကို ကောင်းကောင်းဝန်ဆောင်မှုပေးနိုင်မယ်။
❕ လူတွေနဲ့ ပြောဆို ဆက်ဆံရတာကို နှစ်သက်တယ်။
❕ ကလေးတွေကို ပိုကောင်းတဲ့ အနာဂတ် တည်ဆောက်ပေးချင်တယ်။
❕Sale & Marketing ကို ကောင်းစွာ နားလည် သဘောပေါက်ထားတယ်။
❕Open Mindset ရှိပြီး တက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။
ဆိုရင်တော့ ဒီ Sales and Student Service Intern Position လေးက မိတ်ဆွေအတွက်ပါ။
✨ Student Service (For Mandalay & Time City Campus)
အကယ်၍ မိတ်ဆွေက
❕ကလေးချစ်တတ်တယ်။
❕ ကျောင်းသား၊ မိဘ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်စွာ ဆက်ဆံနိုင်မယ်လို့ ယုံကြည်တယ်။
❕ မတူညီတဲ့ နောက်ခံတွေကနေလာတဲ့ ကျောင်းသားတွေကို ကောင်းကောင်းဝန်ဆောင်မှုပေးနိုင်မယ်။
❕ လူတွေနဲ့ ပြောဆို ဆက်ဆံရတာကို နှစ်သက်တယ်။
❕ ကလေးတွေကို ပိုကောင်းတဲ့ အနာဂတ် တည်ဆောက်ပေးချင်တယ်။
❕Open Mindset ရှိပြီး တက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။
ဆိုရင်တော့ ဒီ Student Service Position လေးက မိတ်ဆွေအတွက်ပါ။
Positions အကုန်လုံးအတွက် အစမ်းခန့်ကာလက (၃) လဖြစ်ပြီး
လျှောက်ထားလိုသူတွေအနေနဲ့ (3) မိနစ်စာ Self-introduction video လေးနဲ့အတူ CV form နဲ့ လိုအပ်တဲ့ information တွေကို
[email protected] ကို နိုဝင်ဘာ (၃၀)ရက်နေ့ နောက်ဆုံးထားပေးပို့ပြီး အမြန်ဆုံး လျှောက်ထားနိုင်ပါပြီ။
CIY.Club Myanmar is managed by Learnovate Education Group and established in 2020 with a mission to empower kids, pre-teens and teens to stay competitive globally.
CIY.CLUB
Code it yourself
"ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း"
၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့ နှင့် (၂၇) ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) သည် အများပြည်သူဆိုင်ရာပိတ်ရက်ဖြစ်ပါသဖြင့် CIY.Club အတန်းများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
CIY.CLUB
Code It Yourself
“မိဘတွေအတွက်
အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက
ကလေးတွေရဲ့ ပညာရေးမှာ
ရင်းနှီးမြှုပ်နှံခြင်း” တဲ့..။
ဖေဖေမေမေတို့အနေနဲ့
အနာဂတ်မှာ ကိုယ့်ကလေးကို
အောင်မြင်ချင်တယ်၊ ဖြစ်ထွန်းချင်တယ်
ပညာရေးနဲ့ ပက်သတ်ပြီး
တော်နေစေချင်တယ်ဆိုရင်တော့
သူတို့ ပညာရေးမှာ အားထည့်ပြီး
ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်..။
ဖေဖေမေမေတို့ရော
ကိုယ့်ကလေးကို တကယ်ပဲ ဖြစ်ထွန်းချင်ရဲ့လား..?
CIY.Club မှ Team Leader တွေအတွက် Leadership Excellence Training ✨
မြန်မာနိုင်ငံမှာရှိတဲ့ အသက် (၇-၁၇) အရွယ်ကလေးငယ်တွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးပံ့ပိုးပေးနေတဲ့ CIY.Club Myanmar မှ Team Leader တွေ ပိုမိုကောင်းမွန်တဲ့ Leader တွေ ဖြစ်လာစေရန်အတွက် Gift-Ed ရဲ့ CEO & Founder ဖြစ်တဲ့ ဆရာမ ရည်မွန်ကျော်မှ Leadership Excellence Training ပေးခဲ့ပါတယ်။
ဒီ Training လေးမှာ ဆရာမ ရည်မွန်ကျော်ကနေ CIY.Club က Team Leader တွေအတွက် Leader တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေအကြောင်း မျှဝေပေးခဲ့ပြီး Leader တွေရဲ့ Personality နဲ့ပတ်သတ်တာတွေ၊ Teamwork ကိုကောင်းကောင်းအသုံးချပြီး Team Members တွေကို feedback ကောင်းကောင်းပေးတတ်ဖို့တွေအပြင် လုပ်ငန်းခွင်မှာ ကြုံတွေရတတ်တဲ့ Communication Conflict တွေအကြောင်း ရှင်းပြသွားပေးခဲ့ပါတယ်။
ဒီ Training (၂) ရက်အတွင်းမှာ ပါဝင်ခဲ့တဲ့ Team Leader တွေကလည်း ပါဝင်ဆွေးနွေးခဲ့သလို Leadership နဲ့ပတ်သက်ပြီး အဖွဲ့လိုက် Presentation တွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
အခုလို Training လေးဖြစ်မြောက်အောင် စီစဉ်ပေးခဲ့သူများ၊ လာရောက် Training ပေးခဲ့တဲ့ ဆရာမ ရည်မွန်ကျော်နဲ့အတူ တက်ရောက်ပေးခဲ့ကြတဲ့ Team Leader တွေအားလုံးကို CIY.Club Myanmar အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
Yangon
11041-11044
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.