ဗေဒင်
Nearby arts & entertainment
Mawlamyine
Mar la Mying
Botahtaung Pagoda Road
North Bridge Road
South Okkalapa Tsp
Tarmwe
Thamine Lansone
11051
South Okkalapa
Bahan Township
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဗေဒင်, Betting Shop, Yangon.
လူတိုင်း လူတိုင်း မိမိတို့ တစ်နှစ်တာ အကောင်းအဆိုး ကို သိလိုလျှင်
ရောက်ဆဲ အသက်ကိုတည်
၈ နဲ့စား အကြွင်းကိုကြည့်
၁ ကြွင်း ပရိဝါရ
၂ ကြွင်း အာယု
၃ ကြွင်း နာဂရ
၄ ဘုမ်မိ
၅ ဂဟပတိ
၆ တေဇ
၇ ဌာန
၈ သီရိ
၁ ပရိဝါရ
အခြံအရံ လာဘ်ပေါများမယ့်နှစ်
၂ အာယု
ကျန်းမာရေးအတွက်ဆေးတွေ့မည် ။ အနာရောဂါကင်းမည်
၃ နာဂရ
ဂုဏ်ဒြပ်မြင့်မည်။ ရေမြေခြားသို့ အလည်အပတ်သွားရတတိသည်။
၄ ဘုမ်မိ
ကျန်းမာရေးချူချာ။ ရန်ပေါ်မည်။စီးပွားရေးထိခိုက်မည်။
၅ ဂဟပတိ
ဆန်စပါး ရတနာများ ပေါများမည်။ လုပ်ကိုင်ရှာဖွေမှု အဆင်ပြေမည်။
၆ တေဇ
ဩဇာအရှိန်အဝါထက်မြက်မည်။ကောင်းမှုကုသိုလ်ပြုရမည်။
၇ ဌာန
ရာထူး လုပ်ငန်း နေရာဌာန မြဲမည်။
၀ သီရီ
ကျက်သရေတိုးပြီး ကိုယ်စိတိနှပါးချမ်းသာမည်။ ရည်ရွယ်ချကိပြည့်၀မည်။
မှတ်ချက် ။ မိမိမွေးနံနှင့် အကြွင်း ကိုလိုက်၍ မိတ်ရန် ဆင်ခြင်၍ ကြည့်ပါလေ
နေမကောင်းတဲ့အခါ ဆရာဝန်ဆီ သွားကြတယ်၊
ရှင်ခြင်း သေခြင်းကတော့ ကိုယ့်ကံပဲ။
အမှုကြုံတဲ့အခါ ရှေ့နေဆီ သွားရတယ်၊
နိုင်ခြင်းရှုံးခြင်းကတော့ ကိုယ့်ကံပဲ။
အကြောင်းတစ်စုံတစ်ရာရှိတဲ့အခါ
ဗေဒင်ဆရာဆီမှာ ယတြာတောင်းကြတယ်၊
အောင်ခြင်း မအောင်ခြင်းကတော့ ကိုယ့်ကံပဲ။
အဓိကကတော့ ကိုယ့်ကံကလေး ကောင်းနေဖို့ပါပဲ၊
ကိုယ့်ကံကို မြှင့်နိုင်ကြပါစေ . . .
ဝါတွင်း (၃)လ ရက်ပေါင်း (၉၀)စိပ်တဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး
📿📿📿📿📿📿📿📿📿📿📿
စိပ်ရမဲ့ ရက်လေးကတော့ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာနေ့)မှ သီတင်းကျွတ်လပြည့်နေ့ထိ ဖြစ်ပါတယ်။ သက်သတ်လွတ်လည်း စားစရာမလိုပါဘူး။ အချိန်လည်း တိတိကျကျ စိပ်စရာမလိုပါဘူး။ နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်။
စိပ်ရမဲ့ နေ့ရက်များ
(၉)ပါးစလုံးကို နေ့တိုင်းတစ်ပတ်စီ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
1. 8 . 2023 မှ 9. 8. 2023 အထိ
အရဟံ သိဒ္ဓိ (၉)ပတ်
10. 8. 2023 မှ 18. 8. 2023 အထိ
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
19. 8. 2023 မှ 27. 8. 2023 အထိ
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
28. 8. 2023 မှ 5. 9. 2023 အထိ
သုဂတော သိဒ္ဓိ (၉)ပတ်
6. 9. 2023 မှ 14. 9. 2023 အထိ
လောကဝိဒူ သိဒ္ဓိ (၉)ပတ်
15. 9. 2023 မှ 23. 9. 2023 အထိ
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
24. 9. 2023 မှ 2. 10. 2023 အထိ
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
3. 10. 2023 မှ 11. 10. 2023 အထိ
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
12 . 10. 2023 မှ 20. 10. 2023 အထိ
ဘဂဝါ သိဒ္ဓိ (၉)ပတ်
21. 10. 2023 မှ 29. 10. 2023 အထိ
Credit 🙏🙏🙏🙏🙏
ငွေကြေးအခက်ခဲဖြစ်နေသူများ
ငွေကြေးရရန်ကြန့်ကြာနေသူများ
ငွေကြေးကြောင့်သောကရောက်နေသူများ
ငွေအဝင်နည်းငွေအထွက်များနေသူများ
ငွေကြေးမစုဆောင်းမိရသမျှကုန်နေသူများ
အဓိဌာန်ပါဝင်လိုသူများ အနေဖြင့် ....
သာမညတောင်ဆရာတော်ဘုရား၏ နေ့စဉ်
မုဆိုးရွှေရကိန်းအချိန်များတွင် အဓိဌာန်ပြုလုပ်ပါမယ်။
လာမည့် မိမိမွေးနေ့မှ စ၍ နေ့ရက်အလိုက် ....
အောက်ပါအချိိန်များတွင် ......
( ဥုံအရဟံလာဘံသိဒ်ဓိ )
၁၀၈ လုံး ပုတီးဖြင့် သုံးပတ်စိပ်ပါမယ်။
အလုပ်မှာ အဆင်မပြေပါက တာလီဖြင့် စိပ်ပါမယ် ။ အနည်းဆုံး ၉ ရက်ပြုလုပ်ရပါမယ်။
ရက်ပျက်ခဲ့သော် မွေးနေ့မှ ပြန်စရပါမယ်။ ရက်ပြည့်ခဲသော် နား၍ရသည်။
နောက်တစ်ကြိမ်ပြန်စသော် မွေးနေ့မှစပြီး အဓိဌာန်ပြုလုပ်နိုင်သည်။ ဤကျင့်စဥ်ကို ရာသက်ပန် ပြုလုပ်နိုင်ပါသည်။
ယုံကြည်စွာနဲ့ပြုလုပ်ပါက အကျိုးပေးမြန်စေသည်။
အတိတ်ကံကြောင့် ညံ့နေသူများအတွက်
ကံကြွေးချေ ဆုတောင်းနည်း...........................
"ကံချေ ကန်တော့ခြင်း"
သံဗုဒ္ဓေသည်းခြေဂါထာတော်
အဋ္ဌဝီသတိ သံဗုဒ္ဓေ မမ ပုရတော အာဂစ္ဆန္တု၊
ပဉ္စ ဗုဒ်ဓါ မဟာတေဇာ မမ သိသေ နိစ္စေ ဌိတာ။(၃)ခေါက်
အဋ္ဌဝီသန် သုံးပါးဘ၀ သုံးလောကတွင်ဉာဏရောင်ဖိတ် အောင်ဘိသိက်ဖြင့် ပွင့်တော်မူပြီးကြကုန်သော သံဗုဒ္ဓေစ တန်ဆောင်ပမာဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိအပေါင်းတို့သည်၊မေ မမ ဘုရား တပည့်တော်၏ ပုရတော ရှေ့ရပ်ဒီသာ ဤဝိဟာရ၌ ရွှင်ပြုံးစံပါယ် သီတင်းသုံးတော်မူကြပါကုန် အရှင်မြတ်အပေါင်းတို့ဘုရား....။
ကောက္ကသန်ဂုံ ၊ ကောဏဂုံ ၊ ကဿပ ၊ ဂေါတမ လေးဆူကုန်သော သဗ္ဗညုထွဋ်ထား ၊ ရှင်တော်မြတ်များနှင့် တကွ အရိမေတ္တယျ ဘုရားလောင်းတော်နတ်သား၏ တန်းခိုး
တေဇော် မေတ္တာတော် ၊ ကရုဏာတော် အစုံတို့သည်လည်း မေ မမ ဘုရားတပည့်တော်၏ သီသေ ဦးခေါင်းရတနာ မြတ်အင်္ဂါထက်၌ ကိန်းဝပ်စံပယ် သီတင်းသုံး ရွှင်ပြုံးစွာဖြင့် အလှူခံယူတော်မူကြပါဘုရား....။
ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ ပါရမီတော်အနန္တ စကြာဝဠာကမ္ဘာမြေမိုးဖျန်းဖျန်းကျိုးမျှ တန်ခိုးတော် အနန္တအပေါင်းတို့နှင့် ပြည့်စုံတော်မူပေတတ်ထသော
*ဘုရားတည်းဟူသော အမြတ်ဆုံးရတနာ
*တရားတည်းဟူသော အမြတ်ဆုံးရတနာ
*သံဃာတည်း ဟူသော အမြတ်ဆုံးရတနာ
ထိုရတနာတော် မြတ်သုံးပါး နှင့် နန္တာအနန္တငါးပါး၊ခင်ပွန်းကြီးဆယ်ပါးဂိုဏ်းဝင်ကျေးဇူးရှင် ဟူသမျှတို့နှင့် အတူတကွ ဘုရားတပည့်တော်၏ ဖခင် ဦး------------ နှင့်ဘုရားတပည့်တော်၏ မိခင် ဒေါ်------------ ကို ဦးထိပ်ထား၍ နုမာငါးရာရင့်မာတစ်ကျိပ် အလောင်းတော်မြတ် အပေါင်းတို့ နှင့် အတူ (-----------) (ဤကွက်လပ်နေရာတွင် မိမိအထူးပြုလိုသူ များထည့်သွင်းနိုင်သည်)
သီလဝန္တပုဂ္ဂိုလ် ၊ ပညာ၀န္တပုဂ္ဂိုလ် ၊ ဂုဏ၀န္တပုဂ္ဂိုလ် ဟုဆိုအပ်သော မပြစ်မှားသင့်၊ မပြစ်မှားအပ်သော လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ဝေနေယျအပေါင်းတို့အပေါ်တွင် ဘုရားတပည့်တော်သည် ကာယကံ၏ ပြစ်မှားခြင်း၊ ဝစီကံ၏ ပြစ်မှားခြင်း၊ မနောကံ၏ ပြစ်မှားခြင်းတို့ဖြင့် ကြိမ်ဖန်များစွာ ကျူးလွန်ပြစ်မှား စော်ကားမိခဲ့ပါသည် ။ ဤ အပြစ်တို့သည် သာမန် လောကီအကျိုးစီးပွားကို မဆိုထားဘိ မဂ်ဖိုလ်ကိုပင် တားဆီးနိုင်ကြောင်းသိမြင်မိပါသည်။ သို့ဖြစ်၍ ထိုအပြစ်တို့ မှခွင့်လွှတ်ကျေအေးပပျောက်ရပါစေခြင်း အကျိုးငှာ ဤမည်သော(------------)( မိမိဘုရားလှူသော လှူဖွယ်များကို ဤနေရာတွင် ဖြည့်ပါ ) တို့ဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်ကန်တော့လျက် ကာယ ၀စီ မနောချီပြီး သုံးလီဒွါရ ပဏမဖြင့် ဦးချညွှတ်ကျိုး မာန်ကိုချိုး၍ တောင်းပန်၀န်ချ ကန်တော့အပ်ပါသည် အရှင်မြတ်အပေါင်းတို့ဘုရား....။
နှုတ်ကျွံစကားကျွံများရှိခဲ့ပါကလည်းဝန်ချတောင်းပန်ပါ၏။ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် ဘုရားတပည့်တော်၏ပြစ်မှားမိခြင်းကြောင့် ကျရောက်ခံစားနေရဆဲဖြစ်သော ကျရောက်ခံစားရန်ရှိသော အပြစ် ၊ ဘေးဒဏ် ၊ ရန် ၊ မာန်အပေါင်းတို့သည် ပိန်းကြာဖက်ပေါ်တွင် ရေမတင် သကဲ့သို့ ကင်းစင်ခွင့် လွင့်ပျောက်ခွင့် ကျေအေးခွင့်ကို ပြုပေးသနားတော်မူကြပါကုန် အရှင်မြတ်အပေါင်းတို့ဘုရား...။
ဘုရားတပည့်တော်အပေါ်၌လည်း သိလျက်နှင့်ဖြစ်စေ ၊မသိဘဲနှင့်ဖြစ်စေ ကျူးလွန်ပြစ်မှားစော်ကားခဲ့မိသူများ ရှိခဲ့ပါမူ အပြစ်ဟူ၍မြူမျှမယူ ခွင့်လွှတ်ပါ၏ အရှင်မြတ် အပေါင်းတို့ဘုရား...။.....
Credit Original Uploader.....................................
"ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး"
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
၁။ သူတစ်ပါးတို့ ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။
၄။ နောင်ဘုရားနှင့် တွေ့သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။ ၆။ သူတစ်ပါးတို့၏ အရိုအသေအပြုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အဂါင်္နှင့် ပြည့်စုံခြင်း။
၈။ အဆင်းလှခြင်း။
၉။ ကိုယ်အနံ့မွှေးခြင်း။
၁၀။ ခံတွင်းအနံ့မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၅။ ရွှင်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၆။ ဆန်းကြယ်သော ဥာဏ်ပညာနှင့် ပြည့်စုံရခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။
တို့ဖြစ်ကြပါတယ်။
ကျမ်းမာ၊ချမ်းသာကြပါစေ။
မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်။
#ကုသိုလ်ယူ
12.7.2023 ဒီနေ့ဟာ နံပါတ် ( 5 ) လွှမ်းမိုးသောကြောင့် ကံကောင်းစေမယ့် ဂဏန်းကတော့ 5️⃣ပါ။
ယတြာ - နွမ်းပါးသူတို့အား ခေါင်းလျှော်ရည် ဒါနပြု၍ လှူဒါန်းပါလေ။
ခန္ဓာပျက်ကိန်း ကြုံမကြုံ တွက်နည်း
*************************
စာချစ်သူ ပရိသတ်များအတွက် စာရေးသူ ဖတ်ရှုမိသော လက်တွေ့အသုံးချ မြန်မာ့ကုထုံး ဆေးပညာကျမ်းထဲမှ ထုတ်နှုတ်၍ ခန္ဓာပျက်ကိန်း ကြုံမကြုံတွက်နည်းကို ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေလိုက်ရပါသည်။
ခန္ဓာပျက်ကိန်း ရှိမရှိကို တွက်ချက်လိုလျှင်
ရောဂါဖြစ်သူ၏ အသက်ကို တည်ကိန်းပြု၍ ယင်းပုဂ္ဂိုလ်၏ မွေးနံ ဂြိုဟ်သက်ကို ပေါင်းထည့်ပြီး
၃-ဂဏန်းနှင့်မြှောက်ကာ ၉-ဂဏန်းနှင့်စားရသည်။
ယင်းကဲ့သို့ စားပြီးနောက် ၆-ဂဏန်းဖြစ်စေ၊
(၀) သုညဖြစ်စေ ကြွင်းခဲ့လျှင် ခန္ဓာပျက်ကိန်းကြုံသူဟု သတ်မှတ်ရပါမည်။
ထို့ကြောင့် ခန္ဓာပျက်ကိန်း ကြုံမကြုံ တွက်နည်းကို ရှေးပညာရှင်တို့က အောက်ပါအတိုင်း လင်္ကာစီကုံး ရေးသားထားခဲ့သည်။
"" ခန္ဓာပျက်ကိန်း တွက်နည်းလင်္ကာ""
၁။အာယုဒီဃံ၊မသွေမှန်၊ဇီဝဂြိုဟ်နံနှော။
၂။တြိသုံးတန်၊မြှောက်တုံပြန်၊ကိုးတန်းဘုဉ္ဇကော။
၃။ဆနှင့်သုညာ၊ကြွင်းသောခါ၊ခန္ဓာပျက်မည်ဟော။
မကျန်းမာသော သုတစ်ယောက် ခန္ဓာပျက် ကိန်း စသည်နှင့် ကြုံကြိုက်နေခဲ့လျှင် ဗုဒ္ဓယတြာ စသော ယတြာနည်း ပြုလုပ်ပေးရပါမည်။
🙏 ဗုဒ္ဓယတြာနည်း🙏
ဗုဒ္ဓယတြာနည်းဆိုသည်မှာ ၇-ရက်သာ အသက်ရှင်ရမည့် ဒီဃာယု သတို့သားအား သံဃာ တော်များနှင့် ဘုရားရှင်တော်တို့က ပရိတ်တရား တော်ကို ရွတ်ဖတ်ပေးတော်မူကြ၍ အသက်မသေဘဲ အသက် ၁၂၀-ထိ နေရသည့် အလားတူရောဂါ ပျောက် ၍ အသက်ရှင်စေရန် ပရိတ်တရားတော်ကို ရွတ်ဆို ကြားနာစေခြင်းကိုလည်းကောင်း၊
မြတ်စွာဘုရားရှင်၏ လက်ယာရံ၊လက်ဝဲရဲ များဖြစ်ကြသည့် အရှင်မဟာကဿပ, အရှင်မဟာ မောဂ္ဂလာန်တို့ မကျန်းမာသည့်အခါ ဘုရားရှင် ကိုယ် တော်တိုင် ကြွရောက်၍ ဟောကြားသည့် ဗောဇ္စျင်သုတ် ကို ရွတ်ဆို ကြားနာစေခြင်းကိုလည်းကောင်း၊
ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် မကျန်းမာသည့်အခါ အရှင်စုန္ဒမထေရ် ရွတ်ဆို လျှောက်ထားသည့် ဗောဇ္စျင် သုတ်ကို ရွတ်ဆို ကြားနာစေခြင်ကိုသော်လည်းကောင်း ပြုလုပ်သင်ပေသည်။
ထို့အပြင်....အောက်ပါ သစ္စာစကားကိုလည်း ဆိုသင့်ပေသည်။
``အရှင်စုန္ဒမထေရ် ရွတ်ဆို လျှောက်ထားအပ်သော ဗောဇ္စျင်သုတ်ကို ကြားနာရသောကြောင့် မြတ်စွာဘုရား ရှင်၏ သဏ္ဍာန်တော်၌ ဖြစ်ပေါ်ကျရောက်သော ရောဂါ ဝေဒနာတို့သည် ကင်းစင်ပပျောက်ခဲ့ဖူးကုန်၏။
ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊
ဤဗုဒ္ဓ ဗောဇ္စျင်သုတ်၏ တန်ခိုးတေဇော် အာနုဘော် တော် ကြောင့်လည်းကောင်း
ဦး........သို့မဟုတ် ဒေါ်..........၏ သဏ္ဍာန်၌ ဖြစ်ပေါ် ကျရောက်နေသော ရောဂါဝေဒနာ တို့သည် ပိန်းကြာဖက်တွင် ရေမတင် လျောကျဘိသကဲ့ သို့ ကင်းစင်ပပျောက်ပါစေသတည်း၊
ကင်းစင် ပပျောက်ပါ စေသော်၊ ကင်းစင် ပပျောက် ပါစေသား´´ ဟု သစ္စာဆို ဆုတောင်းရမည်။
လောကီ ယတြာနည်း
~~~~~~~~~~~~~
နာဖျားမကျန်းရှိသူသည် ရောဂါကလည်း ပြင်းထန်၊ ခန္ဓာပျက်ကိန်းလည်း ကြုံကြိုက်နေပါက လောကီယတြာနည်းများကိုလည်း ပြုလုပ်ပေးသင့် သည်။
ဥပမာ-ညောင်ထောက်ခြင်း၊တံတားခင်းခြင်း၊တံတားအို၊ ကျောင်းအို၊ဇရပ်အိုတို့ကို ပြုပြင်ခြင်း၊
မကျန်းမမာသူ၏ အာယုအရပ်၌ မွေးနံပင်များ စိုက်ပျိုးခြင်း၊ မွေးနံတူဖြစ်သည့် သက်ရှိသတ္တဝါများကို ဘေးမဲ့လွှတ်ပေးခြင်း၊
မွေးနံအသားကို မကျန်းမမာသူနှင့် တညထား၍ ဘုမ္မိအရပ်၌ မြှုပ်နှံသဂြိုဟ်ခြင်း၊ဆန်မှုန့်၊ဂျုံမှုန့်တို့ဖြင့် အရုပ်ပြုလုပ်၍ လူနာကိုယ်စား ဘုမ္မိအရပ်၌ မြှုပ်နှံခြင်း စသော ယတြာတို့ကိုလည်း ပြုလုပ်ပေးသင့်သည်။
~~~~~~~~~~~~~
ညောင်ထောက်ခြင်း
~~~~~~~~~~~~~
ညောင်ထောက်ခြင်းဆိုသည်မှာ ဗောဓိညောင်ပင်၏ အောက်သို့ နိမ့်ကျနေသော ညောင်ကိုင်းများကို ဝါးလုံးဖြင့် မကျန်းမမာသူ လူမမာ ကျန်းမာစေကြောင်း ဆုတောင်းလျှက် ထောက်ပေးရပါသည်။
~~~~~~~~~~~~
တံတားခင်းခြင်း
~~~~~~~~~~~~
လူသွားလမ်းပေါ်ရှိ မြောင်းငယ်များ ဖြတ်ကူးသော နေရာ၌
ဝါးဖြင့်ဖြစ်စေ၊ သစ်သားဖြင့်ဖြစ်စေ ဖြတ်ကူးတံတားပြုလုပ် လှူဒါန်းရပါသည်။ ယင်းသို့ လှူဒါန်းသည့်အခါ ဤကုသိုလ်ကြောင့် လူမမာ၌ ကျရောက်နေသော ရောဂါများ ပျောက်ကင်းပါစေသတည်း ဟု ဆုတောင်းရပါမည်။
~~~~~~~~~~~~~~~~~~~~
အဆောက်အအုံဟောင်း ပြုပြင်ခြင်း
~~~~~~~~~~~~~~~~~~~~
လူအများ နှင့် သက်ဆိုငိသော ဟောင်းနွမ်း ပျက်စီးစေသည့် တံတားအို၊ ဇရပ်အို ၊ကျောင်းအို၊ဘုရားအို တို့အား
လူမမာကိုယ်စား ကျန်းမာစေကြောင်း ဆုတောင်း လျှက် တတ်စွမ်းနိုင်သမျှ ပြုပြင်ပေးရပါမည်။
ဟောင်းနွမ်းသော ကန်ကို တူးဖော်ခြင်း၊ ရေတွင်း ရေကန် ပြုပြင်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~
အာယုအရပ်၌ မွေးနံပင်စိုက်ပျိုးခြင်း
~~~~~~~~~~~~~~~~~~~~
တစ်ဦးတစ်ယောက်သောသူ ရောဂါကင်း၍ အသက်ရှင်စေလိုသော် လည်းကောင်း၊ ပြင်းထန်စွာ ရောဂါခံစားနေရသော် လည်းကောင်း ထိုသူ၏ မွေးနံ အရပ်မှ နှစ်ခုမြောက်ဖြစ်သော အာယုအရပ်၌ မွေးနံပင် ကို ဆုတောင်းမေတ္တာပို့လျှက် စိုက်ပျိုးပေးရပါသည်။
နောင်လည်း ဆုတောင်းလျက် ရေချမ်းများကိုလည်း သွန်းလောင်းပေးရပါသည်။
~~~~~~~~~~~~~~~~~~~
စိုက်ပျိုးပုံ နည်းစနစ်က
~~~~~~~~~~~~~~~~~~~
(၁) တနင်္ဂနွေသား သမီးဖြစ်လျှင် အရှေ့အရပ်၌
အုန်းပင်ကို စိုက်ပျိုးရ၏။
(၂)တနင်္လာ သား သမီးဖြစ်လျှင် အရှေ့တောင်ထောင့်
အရပ်၌ ကံ့ကော်ပင် စိုက်ပျိုးရ၏။
(၃)အင်္ဂါသား သမီးဖြစ်လျှင် တောင်အရပ်၌ စကားစိမ်း
ပင်ကို စိုက်ပျိုးရ၏။
(၄)ဗုဒ္ဓဟူးသား သမီးဖြစ်လျှင် အနောက်တောင်ထောင့်
အရပ်၌ ဝါးပင် စိုက်ပျိုးရ၏။
(၅)ကြာသပတေးသား သမီးဖြစ်လျှင်အနောက်မြောက်
ထောင့်အရပ်၌ သပြေပင် စိုက်ပျိုးရ၏။
(၆)သောကြာသား သမီးဖြစ်လျှင်အရှေ့မြောက်ထောင့်
အရပ်၌ သီးပင် စိုက်ပျိုးရ၏။
(၇)စနေသား သမီးဖြစ်လျှင် အနောက်အရပ်၌ ထန်းပင်၊ သို့မဟုတ် တည်ပင် စိုက်ပျိုးရ၏။
(၈)ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း၌ မွေးဖွားသော ရာဟု သား
သမီးဖြစ်လျှင် မြောက်အရပ်၌ ရှားပင် စိုက်ပျိုးရ၏။
မှတ်ချက်။ ။
အထက်ပါ နေ့နံအလိုက် သစ်ပင်များကို စိုက်ပျိုးရာ၌ သက်ရှိအရင်း ၊သက်မဲ့ အဖျား ဆိုသည့် အတိုင်း သစ်ပင်အမည်၏ အဖျားနာမ်ကိုသာ နံသင့် အဖြစ် ကောက်ယူရမည်။
ဥပမာ.......
စံပယ်ပင်ဆိုလျှင် ``စ´´ကိုမယူ၊ `` ပယ် ´´ကိုယူ၍ ကြာသပတေးနံဟု မှတ်ယူရမည်။
ဘေးမဲ့လွှတ် ယတြာချေရာ၌
~~~~~~~~~~~~~~~~~
တစ်ဦးတစ်ယောက်သောသူ မကျန်းမာလျှင် ကျန်းမာလာစေရန် ယတြာချေသည့်အနေဖြင့်
မကျန်းမာသူ၏ မွေးနံဖြစ်သော သက်ရှိသတ္တဝါ တစ်ကောင်ကိုဖြစ်စေ၊ လွယ်ကူသော သတ္တဝါဖြစ်လျှင် မကျန်းမာသူ၏ သက်စေ့အရေအတွက်ကို ဖြစ်စေ ကျန်း မာ စေကြောင်း ဆုတောင်း၍ ဘေးမဲ့လွှတ်ပေး ရသည်။
~~~~~~~~~~~~~~~~~~~
နေ့နံသင့် သက်ရှိသတ္တဝါများ
~~~~~~~~~~~~~~~~~~~~~
(၁)တနင်္ဂနွေသား သမီးဖြစ်လျှင် ဥသြငှက် သို့မဟုတ်
တနင်္ဂနွေနံဖြစ်သော သတ္တဝါတစ်မျိုးမျိုးကို လွှတ်
ပေးသင့်၏။
(၂)တနင်္လာသား သမီးဖြစ်လျှင် ကြက်ကိုဖြစ်စေ၊ငါးကို
ဖြစ်စေ လွှတ်ပေးသင့်၏။
(၃)အင်္ဂါသား သမီးဖြစ်လျှင် စာကလေးကိုလွှတ်သင့် သည်။
(၄)ဗုဒ္ဓဟူးသား သမီးဖြစ်လျှင် လင်းယုန် သို့မဟုတ် ယုန်ကို လွှတ်ပေးသင့်၏။
(၅)ကြာသပတေးသား သမီးဖြစ်လျှင် ဖားကိုဖြစ်စေ၊
ဘဲကိုဖြစ်စေ လွှတ်ပေးသင့်၏။
(၆)သောကြာသား သမီးဖြစ်လျှင်ဟင်္သာငှက်ကိုဖြစ်စေ၊
သိန်းငှက်ကိုဖြစ်စေ လွှတ်ပေးသင့်၏။
(၇)စနေသား သမီးဖြသ်လျှင် ဒီးဒုတ်ငှက်ကို လွှတ်ပေး သင့်၏။
(၈)ရာဟုသား သမီးဖြစ်လျှင် ယုန်ကို ဘေးမဲ့
လွှတ်ပေးသင့်၏။ သို့မဟုတ် ဇရက်ကို ဘေးမဲ့
လွှတ်ပေးသင့်၏။
~~~~~~~~~
မွေးနံသား
~~~~~~~~~
ခန္ဓာပျက်ကိန်း စသည်နှင့်ကြုံကြိုက်ခိုက် လွန်မင်းစွာ မကျန်းမမာဖြစ်လျှင် ထိုသူ၏ နေ့နံသင့်ဖြစ် သော သစ်သားကို ကိုယ်နှင့်တိုင်းဖြတ်၍
ချည်ထားခြင်း၊ အဖျားပိုင်း၌ ဆံပင်ကိုဖြတ်၍ ချည်ထားခြင်း။ အရင်းပိုင်း၌ ခြေသည်းကိုဖြတ်၍ ထုတ် ဆွဲထားခြင်း၊ အထက်ပိုင်း၌ လက်သည်းကိုဖြတ် ၍ ထုပ်ဆွဲထားခြင်း၊
မကျန်းမာသူ၏ လုံချည်စ,အင်္ကျီစများကို ဆိုင်ရာအပိုင်း၌ ဝတ်ဆင်ရသကဲ့သို့ ရစ်ပတ်ထားခြင်း ကို ပြုလုပ်ပြီးနောက် မကျန်းမာသူ၏ အိပ်ရာဘေး၌ တစ်ညတာမျှ ယှဉ်တွဲထား၍ နောက်တစ်နေ့ မွန်းလွဲချိန် ၌ မကျန်းမာသူ၏ ဘုမ္မိအရပ်၌ မြေမြှုပ်သဂြိုဟ်ပစ်ရ မည်။
မွေးနံသား........
(၁)တနင်္ဂနွေသား သမီးအတွက် ..အုန်းလက်။
(၂)တနင်္လာသား သမီးအတွက်...ကံ့ကော်။
(၃)အင်္ဂါသား သမီးအတွက်...ညောင်သား။
(၄)ဗုဒ္ဓဟူးသား သမီးအတွက်...ဝါး။
(၅)ကြာသပတေးသား သမီးအတွက်.....ယင်းမာ။
(၆)သောကြာသား သမီးအတွက်...သီးသား။
(၇)စနေသား သမီးအတွက် ..ထန်းလက်၊ဓနီးလက်။
(၈)ရာဟုသား သမီးအတွက်...ရှားသား။
အထက်ပါ နည်းများကို မိမိတို့ကျန်းမာရေး အတွက် သော်လည်းကောင်း၊ အခြားသူများအတွက် အကျိုးရှိရှိ အသုံးချ ကူညီပေးနိုင်ရေးအတွက် လည်း ကောင်း စာရေးသူ ဖတ်ရှုမိသော ဗဟုတလေးကို ပြန် လည်မျှဝေပေးရခြင်း ဖြစ်ပါသည်။
Crd..
အလုပ်သစ်ရှာနေသူများ၊ အလုပ်မရသေးသူများ
အတွက် အစီအရင်ယတြာများ
(က) အလုပ်ရစေ သက်စေ့စေဂါထာ
ဥုံ တာပုန္န ဂဗ္ဘိမာတာတေ ကတွာ ဟေတွာ
ဗလံ ဝိဇ်ဇာရိတံ ပုတ်တံ သုခနေစ။
မည်သူမဆို အလုပ်မရှိသေး၍ အလုပ် တစ်ခု ကို အမြန်ဆုံးရှာနေသောသူများ ယခုအစီအရင် အတိုင်း ဆောင်ရွက်ကြပါ။ ထိုအစီအရင်သည် အလုပ် အမြန်ရစေသော အစီအရင်ပင်ဖြစ်ပါသည်။ ဒီဂါထာကလေးကို လက်ရေးဖြင့် ကူးယူပြီးလျှင် ဖယောင်းတိုင် တစ်တိုင်လျှင် ဂါထာစာရွက် တစ် ရွက်ကပ်ပါလေ။ ပြီးလျှင် နံနက်ကိုးနာရီတိုင်း ထို ဖယောင်းတိုင်ကို မီးထွန်း၍ ဘုရားပူဇော်ပြီး ဆု တောင်းပါလေ။ ဖယောင်းတိုင် မကုန်မီ အလုပ်သစ် ကို ရပေလိမ့်မည်။ အသက်(၄၀)ရှိသော လူ အလုပ် ရှာလိုလျှင် ဖယောင်းတိုင် အတိုင် ၄၀ လုပ်ရမည်။ အသက် ၂၀ ရှိသောလူ အလုပ်ရှာလိုလျှင် အတိုင် ၂၀ လုပ်ရပါမည်။
(ခ) ကလေးတစ်ယောက်ကို လွယ်အိတ်တစ်လုံး လက်ဆောင်ပေးရင်း “အလုပ်ရအောင်” ဆုတောင်းပါ။
(ဂ) အလုပ်ရစေ ယတြာ
ကြွေပန်းကန်ပြားတစ်ချပ်ထဲတွင် သဲအနည်း ငယ် ထည့်ပါ။ သဲပေါ်တွင် အာလူးတစ်လုံး တင် ထားပြီး အာလူးပေါ်တွင် အောင်လံလေးလက် စိုက် ထူပြီး နေအိမ်ဘုရားတွင် မီးပူဇော်၊ အလုပ်အတွက် လိုရာဆုတောင်းပါ။ “၁၀ ယောက်တွင် ရှစ်ယောက် အောင်မြင်ခဲ့သော အလုပ်ရစေယတြာ” ဖြစ်ပါသည်။
(ဃ) ပဉ္စပွတ်ဆောင်၍ အလုပ်ရစေ
တနင်္ဂနွေသားသမီးများ ကြာသပတေး ထောင့်၌လည်းကောင်း၊ တနင်္လာသားသမီးများ သောကြာထောင့်၌ လည်းကောင်း၊ အင်္ဂါသားသမီး များ စနေထောင့်၌လည်းကောင်း၊ ဗုဒ္ဓဟူး သားသမီး များ တနင်္ဂနွေထောင့်၌လည်းကောင်း၊ ကြာသပ တေး သားသမီးများ တနင်္လာထောင့်၌လည်းကောင်း၊ သောကြာသားသမီးများ အင်္ဂါထောင့်၌လည်းကောင်း၊ စနေသားသမီးများ ဗုဒ္ဓဟူးထောင့်၌လည်းကောင်း တန်ခိုးကြီးဘုရား တစ်ဆူဆူထံ သွားရောက်ကာ ဆီမီး၊ ဖယောင်းတိုင်နှင့် ပန်း ခုနစ်မျိုးကိုပူဇော်လျက် အလုပ်အကိုင်ရရန် ဆုတောင်းပါ။ ထူးခြားမှုရှိလာကာ အလုပ်အကိုင်များ ရရှိအဆင်ပြေပါလိမ့်မည်။
credit... မူရင်း
မဟာဘုတ် ဟောကိန်းများ
မိမိ၏မြန်မာမွေးသက္ကရာဇ်ကိုတည်၍၇နှင့်စားပါအကြွင်းကိုကြည့်ပါ
၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးဆိုအဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင်ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေးဖြစ်လျှင်မရဖွား
၂ ခုကြွင်းသောကြာ ဖြစ်လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
၄ ခုကြွင်းလျှင်
၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်းကြာသပတေးဆိုလျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
Sayama May Bhone Myat
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
ဧရာလမ်း
Yangon, 2D
နေစဉ် နေလည်...2:00 Live ည...6:30 Live အားလုံးကံကောင်းကြပါစေအတုပသတိပြု 09/257849213 တစ်လုံးပဲကိုင်တယ်