EduCare Learning Centre
We care about your education.
Knowledge sharing to the Filipino teachers! Lesson study on task-based lessons: Teaching English Language in Japan!
Education ဆိုတဲ့စကားလုံးက ဘယ်ကနေ
ဖြစ်ပေါ်လာသလဲ??🤔🤔
Education ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်က Latin ဘာသာစကား 'educare' (ēducātiō) ကနေ ဆင်းသက်လာတာဖြစ်ပါတယ်..အဲ့ဒီလက်တင်စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ bringing up, rearing,leading, guiding, nurturing အစရှိသဖြင့်
အဓိပ္ပါယ်ရတဲ့အတွက် ခြုံပြောရရင် . ပညာရေးဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်က ကလေးတွေကို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးခြင်း..လမ်းညွှန်ပြသပေးခြင်း ပဲဖြစ်ပါတယ် .
We care about your education!
EduCare Learning Centre
Flyers,KET, PET ဆိုတာဘာလဲ??❓❓
မင်္ဂလာပါ ဖေဖေမေမေတို့ရေ..
အခု လူတွေပြောပြောနေတဲ့ Flyers, KET ,PET ဆိုတာဘာတွေလဲဆိုတာသိချင်ရင် အောက်မှာဆက်ဖတ်ကြည့်နော်..
ကလေးတွေကို ငယ်စဉ်ကတည်းက အင်္ဂလိပ်စာကောင်းအောင် သင်ကြားလေ့ကျင့်ပေးဖို့အတွက် နိုင်ငံတကာ အသိအမှတ်ပြုနိုင်အောင် Cambridge က ပြုလုပ်ထားတဲ့ အင်္ဂလိပ်စာသင်ကြားခြင်း အဆင့် level တွေပဲဖြစ်ပါတယ်..
ဟိုးးအခြေခံအောက်ဆုံးlevelကနေစပြောရမယ်ဆိုရင် ...
Starters ➡️Movers➡️Flyers⏩KET⏩PET ဆိုပြီး school level အခြေခံကျောင်းနေရွယ်ကလေးတွေအတွက်အဆင့်တွေရှိပါတယ်..Starters➡️Movers➡️Flyersအဆင့်တွေက YLEလို့ အတိုကောက်ခေါ်တဲ့Young Learner English ဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းအောက်ဆင့်ကလေးတွေတက်သင့်ပါတယ်... တစ်ဆင့်ချင်းစီ Flyersကနေစပြောရမယ်ဆိုရင်..
✅Flyers ဆိုတာကတော့ အရှည်က Cambridge English Flyers (YLE Flyers)ဖြစ်ပါတယ်..CEFR (the Common European Framework of Reference) သတ်မှတ်တဲ့ အဆင့်နဲ့ဆိုရင် A2 Level ရှိပါတယ်..တနည်းပြောရရင် elementary level နိုင်ငံတကာသတ်မှတ်တဲ့ မူလတန်းအဆင့်ရှိပါတယ်..အသက်အားဖြင့် 8နှစ်ကနေ 12အရွယ်ကလေးတွေတက်ရောက်ဖို့သင့်ပါတယ် ..ဒီlevelတက်ရောက်ပြီးတဲ့ ကလေးတွေဟာဆိုရင် ကလေးတွေနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်က အကြောင်းအရာ ရိုးရှင်းတဲ့စကားပြောအသုံးအနှုန်းလေးတွေကို သိရှိ ပြောဆိုနိုင်ပြီး နိုင်ငံတကာက ကသတ်မှတ်တဲ့ elementary level မူလတန်းအဆင့် ကျွမ်းကျင်မှု ကို ရရှိသွားမှာဖြစ်ပါတယ်..
✅KET ဆိုတာက Key English Testကိုအတိုကောက်ရေးထားတာဖြစ်ပြီး CEFR (the Common European Framework of Reference) အဆင့်နဲ့ဆို A2 Level ရှိပါတယ်..(နားလည်အောင်ပြောရရင် pre intermediate level, elementary levelအစရှိသဖြင့် ကိုယ်အားသန်ရာအလိုက် အမျိုးမျိုးခေါ်ဝေါ်ကြတာလည်းရှိပါတယ်) ..Levelတွေ ဘယ်လို အဆင့်ဆင့်တက်သွားလဲဆိုတာကို အောက်မှာပုံနဲ့ ရှင်းပြသွားပါမယ်..အသက်အရွယ်အားဖြင့်ဆိုရင် 12နှစ်၊13နှစ် ပတ်ချာလည် ကလေးတွေတက်ရောက်သင့်ပါတယ်..ဒီlevelကိုသင်ယူတတ်မြာက်သွားတဲ့ကလေးတွေဟာ ရိုးရှင်းတဲ့ နေ့စဉ်ဘဝအခြေအနေတွေမှာ အင်္ဂလိပ်လို ပြောဆို ဆက်ဆံနိုင်တဲ့ communication ရလာမှာဖြစ်ပြီး pre intermediate (A2)အဆင့်ကို ရရှိမှာဖြစ်ပါတယ်..
✅PET ဆိုတာကတော့ Preliminary English Testကို အတိုကောက်ခေါ်ဝေါ်ထားတာဖြစ်ပါတယ်.. PETက CEFR အရဆို B1 Level ရှိပါတယ်.. intermediate levelကို လှမ်းဖို့အသင့်ရှိနေတဲ့အဆင့်ဖြစ်ပါတယ်..အသက်ကတော့ 12နှစ်ကနေ 16နှစ်အတွင်း ကလေးတွေ သင်ယူသင့်ပါတယ်..
Levelတစ်ခုပြီးတိုင်းလည်း Cambridge examတွေကို စိတ်ဝင်စားမယ်ဆိုရင် exam centreမှာ registration လုပ်..စာမေးပွဲကြေးသွင်းပြီး သွားရောက်ဖြေဆိုကြည့်လို့လည်းရပါတယ်..
ဒီcourseတွေရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေဟာ နိုင်ငံတကာအဆင့်မီအောင် Cambridge ကသတ်မှတ်ထားတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု skillsတွေကို ရရှိဖို့ဖြစ်တယ်..
✅အခုခေတ်မှာ အင်တာနက်တွေ ရရှိလာပြီဖြစ်တဲ့အတွက် ဟိုးအရင်ကလို သင်ယူဖို့အတွက် မခက်ခဲတော့ပါဘူး နိုင်ငံတကာက ကလေးတွေသင်ယူနေသလိုမျိုး ..နိုင်ငံတကာက ကလေးတွေ ရရှိနေတဲ့ skillsမျိုးတွေကို laptop တစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးရှိရုံနဲ့ အိမ်မှာပဲ သင်ယူနိုင်နေပြီဖြစ်ပါတယ်..
ဒါကြောင့်ဖေဖေ မေမေတို့ရေ.. သားသားမီးမီးတို့ရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်ပညာရေး ခရီးလမ်းကြောင်းမှာ အင်္ဂလိပ်စာက အဟန့်အတားမဖြစ်ရလေအောင် စနေ၊တနင်္ဂနွေပိတ်ရက် သို့မဟုတ် ညနေပိုင်းအားလပ်ချိန်တွေမှာ ကလေးတွေကို တဖက်တလမ်းက သင်ယူနိုင်ဖို့လမ်းကြောင်းဖွင့်ပေးသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ..
❗ကလေးရဲ့ နောက်ခံပါလာတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုအခြေအနေ background knowledge ကလည်းထည့်သွင်းစဉ်းစားရအုန်းမှာဖြစ်တဲ့အတွက် အပေါ်မှာဖော်ပြထားတဲ့အတိုင်း အသက်အရွယ်ကွက်တိဖြစ်နေမှ မဟုတ်ပါဘူး.
We care about your education!
EduCare Learning Centre
🧑🎓EduCare Learning Centreမှ ကလေးများအတွက် Flyers,KET ,PET online အတန်းများဖွင့်လှစ်သင်ကြားပေးနေပါတယ်..🧑🏫🧑🏫
✅Flyers
Duration - 6months
Saturday & Sunday
Fee - 50000ကျပ် (တစ်လလျှင်)
Age - အသက် 8နှစ် မှ 12 နှစ်အရွယ်ကလေးများ
✅KET
Duration - 6 months
Saturday & Sunday
Fee - 50000ကျပ် (တစ်လလျှင်)
Age - အသက် 12နှစ်၊ 13 နှစ် အရွယ်ကလေးများ
✅PET
Duration - 6 months
Saturday & Sunday
Fee - 50000ကျပ် (တစ်လလျှင်)
Age - အသက် 12နှစ်မှ 16နှစ်အရွယ်ကလေးများ
🧑🏫သင်ကြားမည့်ဆရာများ
Saya Naing
MEd (Japan, English Language Teaching)
MEd (Educational Methodology, ELT )
Diploma in English (Japan)
Dr.Thin Zar
PhD (Education)
Diploma in English
တို့နှင့်အတူ ကလေးများရဲ့အသက်အရွယ်အလိုက် သင်ကြားရမယ့်နည်းစနစ်များကို သိရှိပြီး သင်ကြားရေးအတွေ့အကြုံများစွာရှိသော နိုင်ငံတကာဘွဲ့ရ အရည်အချင်းပြည့်မီသောဆရာများမှသင်ကြားပေးမှာဖြစ်ပါတယ်..
💻📱Online မှ zoom appဖြင့်သင်ကြားပေးပါသည်
💵ငွေပေးချေရန်နည်းလမ်း- Kpay, CB pay,
Mobile Banking တို့ဖြင့်ပေးချေနိုင်ပါသည်
သင်တန်းစုံစမ်းရန် သို့မဟုတ် သိရှိလိုသည်များကို page messenger တွင်လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်...
Thank You
We care about your education!
IELTS ဆိုတာဘာလဲ ???
IELTS ဆိုတာ International English Language Testing Systemရဲ့ အတိုကောက်ဖြစ်ပါတယ်.. အင်္ဂလိပ်စကားကိုမိခင်ဘာသာစကားအနေနဲ့ပြောတာမဟုတ်တဲ့နိုင်ငံကသူတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ စာမေးပွဲ တစ်ခုဖြစ်တယ်.. British Council, IDP Education နဲ့ Cambridge Assessment English တို့ကနေပြီး ပူးပေါင်း ပြုလုပ်ထားတဲ့ စစ်ဆေးမှုတစ်ခုဖြစ်တယ် .. IELTS ဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်, 1980ကျော်လောက်ထဲ ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အင်္ဂလိပ်စာ စစ်ဆေးမှု testတစ်ခုလည်းဖြစ်တယ်... Listening, Reading, Writing နဲ့Speakingတို့ကို စစ်ဆေးတာဖြစ်တယ်..Listening: 40 မိနစ်, Reading: 60 မိနစ် ,Writing: 60 မိနစ် နဲ့ Speaking: 11–14 မိနစ်.
စုစုပေါင်း 2 နာရီနဲ့ 55 မိနစ် ဖြေဆိုရတဲ့ test တစ်ခုဖြစ်တယ်.. အမှတ်ပေးမှုက band score -
0 ကနေ 9 အထိ ရှိတယ်၊ စာမေးပွဲကြေးက အမေရိကန် ဒေါ်လာ 250 ခန့်ကျသင့်မှာဖြစ်ပါတယ်..IELTSမှာ Academic နဲ့ General Training ဆိုပြီးနှစ်မျိုးရှိပါတယ်..တက္ကသိုလ် ဝင်ခွင့်အတွက် ပြင်ဆင်တဲ့သူတွေက Academic ကို ပြင်ဆင်ရမှာဖြစ်ပြီး..အခြားသော နိုင်ငံပြောင်းရွှေ့နေထိုင်ဖို့ migrants ရည်ရွယ်ချက် နဲ့ဆိုရင် general Training ကိုပြင်ဆင်ရမှာဖြစ်တယ်.. IELTS ကို နိုင်ငံပေါင်း 140ကျော် က တက္ကသိုလ် ကောလိပ် 10000 ကျော် က အသိအမှတ်ပြုလက်ခံပါတယ်..ဆိုလိုတာက IELTSဖြေဆို အောင်မြင် ခဲ့မယ်ဆိုရင် ရရှိတဲ့ band scoreအလိုက် တက်ရောက်လိုတဲ့ တက္ကသိုလ်တွေမှာ သက်ဆိုင်ရာတက္ကသိုလ်ကသတ်မှတ်ထားတဲ့ ကန့်သတ်ချက်အသီးသီးနဲ့ ကိုက်ညီမယ်ဆိုရင် ဝင်ခွင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်...ဒါကြောင့် နိုင်ငံတကာ ပညာရေး အခွင့်အလမ်းတွေရရှိနိုင်အောင် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုဖြုန်းမနေပဲ IELTS band scoreကောင်းဖို့ ကြိုတင်ပြီး ပြင်ဆင် ကြိုးစားနေသင့်ပါတယ်..အခွင့်အလမ်းရလာတာနဲ့ ဖမ်းဆုပ်နိုင်အောင် ကိုယ့်ဘက်ကနေလိုအပ်တဲ့ အရည်အချင်းအားလုံးကို အဆင်သင့်ပြင်ဆင်ထားသင့်ပါတယ်...
We care about your education!
EduCare Learning Centre.
📣📣EduCare Learning Centre တွင် ပညာသင်ယူလိုသူများအတွက် နိုင်ငံတကာဘွဲ့ရ အရည်အချင်းပြည့်မီသောဆရာများမှ နိုင်ငံတကာ သင်ရိုးများဖြင့် သင်ကြားပေးလျက်ရှိသော သင်တန်းများကို စီစဉ်ဆောင်ရွက်ထားလျက်ရှိပါတယ်...IELTS courseနဲ့ ပတ်သက်တာဆိုရင် IELTS Foundation နဲ့ IELTS Preparation ဆိုပြီး Online Classနှစ်တန်းရှိပါတယ်..
သင်ယူသူရဲ့ လိုအပ်ချက်အလိုက် တက်ရောက်သင့်တဲ့ အတန်းအမျိုးအစားများကို အောက်မှာဖော်ပြထားပါတယ်
✅IELTS (Foundation)
⏰Duration- 2months (တစ်ပတ်လျှင် နှစ်ရက်)
💰Fee - 150000 kyats
တက်ရောက်သင့်သူများ -
IELTS ကိုအခုမှ စတင်၍ အချိန်ယူ လေ့ကျင့်လိုသူများအတွက် IELTSအကြောင်းကို အစမှစ၍ ရှင်းလင်းသင်ကြားပေးပြီး၊ အမှတ်ပေးပုံများမှအစ ဖြေဆိုရမယ့် နည်းစနစ်များကိုပါ လေ့ကျင့်သင်ကြားပေးတဲ့အတွက် foundation classကိုတက်ရောက်သင့်ပါတယ်..အခြေခံမှစ၍ အသေးစိတ် သေချာစွာ လမ်းညွှန်ပြသပေးတဲ့ classဖြစ်ပါတယ်
✅IELTS (Preparation)
⏰Duration - 4 weeks (တစ်ပတ်လျှင် နှစ်ရက်)
💰Fee - 120000 kyats
တက်ရောက်သင့်သူများ -
IELTS ကို ဖြေဆိုတော့မည့်သူများ အနေဖြင့် အနီးကပ်တက်ရောက်သင့်ပါတယ်..ဖြေဆိုရမည့် နည်းလမ်းများ လေ့ကျင့်သင့်သည်များကို အချိန်တိုအတွင်း ထိထိမိမိနဲ့ စနစ်တကျ သေချာလမ်းညွှန်ပြသပေးတဲ့ class ဖြစ်ပါတယ်...
သင်ကြားပြသမည့်ဆရာများ
Saya Naing
MEd (Japan, English Language Teaching)
MEd (Educational Methodology, ELT )
Diploma in English (Japan)
သင်ကြားရေးအတွေ့အကြုံ များစွာရှိသော နိုင်ငံတကာဘွဲ့ရ အရည်အချင်းပြည့်မီသောဆရာများမှသင်ကြားပေးမှာဖြစ်ပါတယ်..
✅One on One တစ်ယောက်ချင်း အေးအေးဆေးဆေး တက်ရောက်လိုသူများ အတွက်လည်း စီစဉ်ထားပေးပါတယ်..
✅examအနီးကပ်ဖြေခါနီး နေ့စဉ် အနီးကပ် တက်ရောက်လိုသူများအတွက်လည်း အချိန် ညှိနှိုင်းသင်ကြားပေးလျက်ရှိပါတယ်..
🖥️Online classဖြစ်ပြီး zoom appဖြင့်သင်ကြားပါသည်..
💵သင်တန်းကြေးများကို Kbz pay, CB payတို့ဖြင့် ပေးချေနိုင်ပါသည်။
📱သင်တန်းချိန်များစုံစမ်းလိုပါက သို့မဟုတ် သိလိုသည်များကိုဆွေးနွေးမေးမြန်းလိုပါက page messenger တွင်လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါသည်
နှစ်သစ်မှာ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပြီး ပညာတွေ ဆတက်ထမ်းပိုး တိုးပွားပါစေလို့ EduCare Learning Centre မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ် ..🤩🤩
For နဲ့ during သုံးနှုန်းပုံကိုလေ့လာကြရအောင်
For ကို ကြာမြင့်တဲ့အချိန်ကာလ ကိုဖော်ပြချင်ရင်သုံးတယ်
For + for a period of time to say how long something goes on.
for two hours, for three weeks, for ages, for five months,..... အစရှိသဖြင့် အသုံးပြုတယ်
ဥပမာ
I watched TV for three hours last night.
I have been waiting for two hours.
Duringကိုတော့ အချိန်ကာလကြာမြင့်တာကိုဖော်ပြတဲ့နေရာမှာ မသုံးဘဲ တစ်စုံတစ်ခုဖြစ်ပျက်နေတဲ့ အချိန်ကိုဖော်ပြချင်တဲ့အခါမှာသုံးတယ်
During+noun to say when something happens (not how long)
During အနောက်မှာNounကိုတွဲသုံးလေ့ရှိတယ်
ဥပမာ
I fell asleep during the movie.
We met some really nice people during the night.
During နဲ့ For သုံးပုံကိုနှိုင်းယှဉ်ကြည့်ရအောင်
I fell asleep during the movie. I was asleep for two hours.
Little နဲ့ a little, few နဲ့ a fewကွာခြားပုံလေးကို ကွဲကွဲပြားပြားနားလည်သွားအောင် လေ့လာကြည့်ကြရအောင် 🧑🏫🧑🏫
Little = not much ဖြစ်ပြီး few= not many ဖြစ်ပါတယ်
Mg Mg is very busy with his job.He has little time for other things. (not much time)
Ma Ma doesn't like living in Yangon.She has few friends there.( not many friends)
A little = some, a small amount အချို့၊ ပမာဏ အနည်းငယ်ဖြစ်ပြီး
A few= some, a small numbers အချို့၊ အရေအတွက်အနည်းငယ်ဖြစ်ပါတယ်
Let's go and have a coffee.We have a little time before the train leaves.အဲ့ဒီစာကြောင်းမှာ a little timeဆိုတာ အချိန်အများကြီးရတယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် ကော်ဖီသောက်ဖို့ လုံလောက်တဲ့ အချိန်ပမာဏ အချို့ရရှိကြောင်းဆိုလိုပါတယ်။
I enjoy my life here. I have a few friends and ew meet quite often.
ဒီစာကြောင်းမှာ a few friends ဆိုတာ သူငယ်ချင်းအများကြီးမရှိပေမယ့် ကောင်းမွန်တဲ့အချိန်တွေကိုဖြတ်သန်းဖို့အတွက် လုံလောက်တဲ့သူငယ်ချင်းအရေအတွက်အချို့ ရှိတယ်လို့ ဆိုလိုပါတယ်
Much, many, little, few , a lot , plenty အသုံးလေး
တွေ ကို လေ့လာကြရအောင် 🧑🏫🧑🏫
Much နဲ့ little ကို uncountable nouns တွေနဲ့တွဲသုံးပါတယ်..
ဥပမာ much time, much luck, little energy
Many နဲ့few ကိုတော့ plural nouns နဲ့တွဲသုံးပါတယ်..
ဥပမာ many friends,many people, few cars
နောက်တစ်ခုက Plenty
Plenty ဆိုတာ = more than enough ပါ
လုံလောက်တာထက်ကိုပိုတဲ့သဘောပေါ့...
a lot of/ lots of/ plenty of တို့ကိုတော့ uncountable nouns နဲ့ရော၊ plural nouns နဲ့ရော တွဲသုံးလို့ရပါရတယ်..
ဥပမာ a lot of luck, a lot of friends, lots of time, lots of people, plenty of money
📖📚စာရှာချင်သူတွေအတွက်
Free Online Library လေးတွေကို googleကရှာထားပေးပါတယ်။ တချို့စာအုပ်တွေက freeမရတော့ libraryများများသိထားရင် ကိုယ်လိုချင်တဲ့ အချက်အလက် မရမချင်း library တစ်ခုပြီးတစ်ခု ဝင်လိုက်ထွက်လိုက် လိုက်ရှာလို့ရတာပေါ့..
နဲနဲသုံးလို့အဆင်ပြေတဲ့ libraryလေးတွေကို ****
ပြထားပေးပါတယ်.. တချို့libraryတွေမှာက Appတွေရှိပါတယ် free 30days သုံးလို့ရတာတွေ
ရှိပါတယ်။ free ကာလကုန်ရင်တော့ မြန်မာငွေတစ်သောင်းကျော် အစရှိသဖြင့် ဈေးနှုန်းအမျိုးမျိုးနဲ့ လစဉ်ကြေးပေးပြီး ဖတ်လို့ရပါတယ်။
1.National Digital Library of India ****
2.Open Library
3.Project Gutenberg****
4.The Online Books Page
5.Read Print
6.Questia
7.ScienceOpen
8.California Digital Library
9.Internet Archive ****
10.World Digital Library ****
11.Authorama
12.The Literature Network
13.LUMS Library
14.Public Literature
15.Universal Digital Library
16.Wikisource
17.Scribd ***
18.Planet Book
19.HathiTrust Digital Library
20Smithsonian Library
21.Librivox
22.Bartleby
23.Bibliomania
24.International Children’s Digital Library
25.ManyBooks.net
26.Europeana
27.New York Public Library
28.Google Books
29.Amazon Books
30.Biodiversity Heritage Library
31.JSTOR ****
32.KOBO.com
33.Electronic Literature Foundation
34.Oregon Digital Library Consortium
35.Directory of Open Access Journals
36.Social Science Research Network
37.OpenDOAR
38.JURN
39.Elsevier
40.Wiley Online Library
41.PDF Books World
42.Libby
43.Scopus
44.PubMed
45.Barnes & Noble Free Nook Books
46.OverDrive ****
47.iBiblio
48.Classic Reader
49.MyPustak.com
50.ERIC
📣📣📣 ဧပြီလတန်းခွဲသစ်အတွက် သင်တန်းသားများ ကြိုတင်လက်ခံနေပါပြီ
လာမည့်ဧပြီလတွင် တန်းခွဲအသစ်များပြန်လည်စတင်မှာဖြစ်တဲ့အတွက် သင်တန်းများကိုကြိုတင်အပ်နှံထားနိုင်ပါပြီ ၊ လူဦးရေကန့်သတ်ထားတဲ့အတွက် ကြိုတင်စာရင်းပေးထားပြီး 📝 waiting listထဲမှာစောင့်နေရင်ပိုစိတ်ချရပါတယ်
ဖွင့်လှစ်မည့်အတန်းများမှာ.........
✅IELTS Foundation Course
✅IELTS Preparation Course
✅IELTS Reading class
✅IELTS Writing Class
✅IELTS Listening and Speaking Classတို့ဖြစ်ပါတယ်
✅IELTS Foundation Course
IELTSကို အခြေခံမှစတင်၍ လေ့လာချဉ်းကပ်မည့်သူများ၊ ဘယ်ကစလေ့လာရမလဲ မသိ၍ နည်းလမ်းရှာနေသူများအတွက် အခြေခံကျကျလေ့လာနိုင်စေရန် IELTS Foundation Course ကိုစီစဉ်ဖွင့်လှစ်ထားပါတယ်
Course ပြီးဆုံးအောင်တက်ရောက်ဖို့ဆိုရင်တော့ သင်တန်းကာလမှာ 2လ ကြာမြင့်မှာဖြစ်ပါတယ် သင်တန်းကြေးများကို တစ်လချင်းပေးသွင်းနိုင်အောင်လည်းစီစဉ်ထားပေးပါတယ်😊
⏰Duration - 2 months
(တစ်ပတ်၂ ချိန် တစ်ချိန်လျှင်နှစ်နာရီ )
Fee - 60000 kyats (တစ်လလျှင်)
✅IELTS Preparation Course
IELTS ဖြေဆိုဖို့အတွက် လေ့ကျင့်လိုသူများ ၊ဆရာနဲ့ အပြန်အလှန် လေ့ကျင့်ပြောဆိုလိုသူများ၊ လိုအပ်သောလမ်းညွှန်မှုများရရှိလိုသူများအတွက် IELTS Preparation Courseကိုစီစဉ်ဖွင့်လှစ်ထားပါတယ်၊Course ပြီးဆုံးအောင်တက်ရောက်ဖို့ဆိုရင်တော့
သင်တန်းကာလမှာ 3လ ကြာမြင့်မှာဖြစ်ပါတယ်သင်တန်းကြေးများကို တစ်လချင်းပေးသွင်းနိုင်အောင်လည်းစီစဉ်ထားပေးပါတယ်😊
⏰Duration - 3 months
(တစ်ပတ်၂ ချိန် တစ်ချိန်လျှင်နှစ်နာရီ )
Fee - 60000 kyats (တစ်လလျှင်)
Skillsတစ်ခုချင်းစီတိုးတက်လိုသူများ၊ ကိုယ့်လိုအပ်ချက်ကိုသိ၍ skill တစ်ခုချင်းစီအလိုက်အသေးစိတ်ထိထိရောက်ရောက်ခွဲ၍ လေ့ကျင့်လိုသူများအတွက် တစ်ခုချင်းစီတက်ရောက်နိုင်အောင်
✅IELTS Reading class
✅IELTS Writing Class
✅IELTS Listening and Speaking Classတို့ကိုဖွင့်လှစ်ထားပါတယ်
သင်တန်းကြေးနဲ့သင်တန်းကာလများမှာ ....
📖 IELTS Reading class
Duration - 2months
(တစ်ပတ်၂ ချိန် တစ်ချိန်လျှင်နှစ်နာရီ )
Fees - တစ်လလျှင် 60000 kyats
🖋️IELTS Writing Class
Duration - 2months
(တစ်ပတ်၂ ချိန် တစ်ချိန်လျှင်နှစ်နာရီ )
Fees - တစ်လလျှင် 60000 kyats
🔈🎧IELTS Listening and Speaking Class
Duration - 2months
(တစ်ပတ်၂ ချိန် တစ်ချိန်လျှင်နှစ်နာရီ )
Fee - တစ်လလျှင် 60000 kyats
တန်းခွဲတစ်ခုချင်းစီတိုင်းမှာသင်တန်းသားဦးရေကန့်သတ်ထားတဲ့အတွက် လူဦးရေနဲနဲနဲ့ထိထိရောက်ရောက် အပြန်အလှန်ဆွေးနွေးသင်ကြားနိုင်မှာဖြစ်ပါတယ်။
🧑🎓🧑🎓အထူးအခွင့်အရေးအနေဖြင့် နိုင်ငံခြားပညာသင်ဆုလျှောက်မည့်သူများအတွက် လိုအပ်သော essay အစရှိသည့် ရေးသားနည်းများကို လမ်းညွှန်စစ်ဆေးပေးမှာဖြစ်တဲ့အပြင် အခြားမိမိတို့တက်ရောက်လိုသည့်ပုံစံ၊ မိမိတို့လိုအပ်ချက်နှင့် တိုးတက်လိုသည့် skillsများအတွက်လည်း လာရောက်ဆွေးနွေးအဖြေရှာ ညှိနှိုင်းပြီး သင်ယူသူ၏ လိုအပ်ချက်နှင့်အညီ သင်ကြားပေးနိုင်ရန် စီစဉ်ထားရှိပေးထားတဲ့အတွက် page messenger သို့မဟုတ် ဖုန်းနံပါတ်သို့ဆက်သွယ်ပြီး လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။😊
🧑🏫သင်ကြားမည့်သူများမှာ
အင်္ဂလိပ်စာ သင်ကြားနည်း မဟာဘွဲ့၊ အင်္ဂလိပ်စာ သင်ကြားနည်း ဒီပလိုမာ ရရှိထားသူ၊ ပညာရေးပါရဂူဘွဲ့ ရရှိထားသူ၊ ပညာရေးမဟာဘွဲ့ ရရှိထားသူများဖြစ်ပြီး international စာတမ်းဖတ်ပွဲအတွေ့အကြုံရှိသူ၊နိုင်ငံတကာသုတေသနစာတမ်းရေးသားခြင်းအတွေ့အကြုံရှိသူ၊ဂျပန်နိုင်ငံရှိကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားရေးအတွေ့အကြုံရှိသူ၊ဖိလစ်ပိုင်နိုင်ငံရှိ ဆရာများကို အင်္ဂလိပ်စာသင်ကြားရေးနည်းလမ်းများ မျှဝေတဲ့အတွေ့အကြုံရှိသူဖြစ်ပြီး သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး၁၀နှစ်ကျော်၊ ၁၅နှစ်ရှိပြီးသူများ ဖြစ်တဲ့အတွက် သင်တန်းများကို စိတ်ချလက်ချတက်ရောက်နိုင်ပါတယ်။
* တစ်တန်းလျှင် လူဦးရေ ၁၀ယောက်အထိသာ ကန့်သတ်ထားပြီး ထိထိရောက်ရောက် သင်ကြားပေးပါမည်။
* သင်တန်းကြေးကို တစ်လချင်းပေးသွင်းနိုင်ပါတယ်။
*သင်တန်းချိန်များကိုလည်း ညှိနှိုင်းနိုင်ပါတယ်။
💻📱Zoom Application ဖြင့် သင်ကြားပါမည်။
💰ငွေပေးချေရန်နည်းလမ်း
Kbz pay
Kbz mobile banking
CB pay တို့ဖြင့်ပေးချေနိုင်ပါသည်။
လက်ရှိမှာတော့ အရှေ့အသုတ်များ အတန်းချိန်ပြည့်နေသည့်အတွက် ဧပြီလတန်းခွဲသစ်အတွက် သင်တန်းချိန်များကို page messenger ၊ ဖုန်းနံပါတ်၊ အီးမေးလ်တို့ဖြင့်ဆက်သွယ် ညှိနှိုင်းနိုင်ပါသည်။ batch တစ်ခုပြီးတိုင်းလူလွတ်သွားသည့် သင်တန်းချိန်များကို ထပ်မံ၍ ကြေညာ ပေးပါမည်။
သင်ကြားမည့်ဆရာများ
Saya Naing
MEd (Japan, English Language Teaching)
MEd (Educational Methodology, ELT )
Diploma in English (Japan)
Dr.Thin Zar
PhD (Educational Theory)
Diploma in English
Educare Learning Centre Team မှအဖွဲ့ဝင်များ
Thank You
We care about your education!
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.