Khayae

Khayae

Scents that take you to new places

10/12/2023

Diffuser Machine Oil များစတင်ဝယ်ယူနိုင်ပါပြီ။
ယနေ့ကျွန်မတို့နိုင်ငံမှာ Diffuser machine အမျိုးအစားများစွာကိုနေရာအတော်များများမှာလွယ်ကူစွာဝယ်ယူလို့ရနေပါပြီ။
Diffuser types တွေဟာတော့ပုံမှန်အားဖြင့် ( 5 )မျိုးလောက်ရှိကြပါတယ်။

1. Evaporative diffuser
2. Nebulizing diffuser
3. Ultrasonic diffuser
4. Heat diffuser
5. Natural diffuser တို့ဖြစ်ကြပြီး သူတို့ရဲ့အလုပ်လုပ်ပုံနဲ့ Benefits တွေကလဲမတူကြပြန်ပါဘူး။

ယနေ့ Khayae မှစတင်ရောင်းချမယ့် Diffuser oil များသည် အဆိုပါစက်အားလုံးနဲ့သင့်တော်ပြီး Fragrance များသည်လဲ 100% concentration oil များဖြစ်ပါတယ်။
အနံ့ထွက်နှုန်းကောင်းမွန်သော Fine fragrance များဖြစ်ပြီး အိမ်သုံးမှစပြီး Spa, Hotel, Bank, Hospital အထိအသုံးပြုနိင်ပါသည်။

စတင်ရရှိနိုင်သောအနံ့များ

•Holidays
•Yoga Studio
•Escapade
•Milan
•Tea Garden
•Serenity Spa

စျေးနှုန်း
———-
10 ml - 9800 ကျပ်
100 ml - 49000 ကျပ်

Khayae Home Botahtaung
Khayae Bogyoke, Online တို့မှာစတင်ဝယ်ယူရရှိနိုင်ပါပြီ။

09/12/2023

Boasting both form and function, our new Type-c Rechargeable Waterless Car Aroma Diffuser radiate the perfect amount of fragrance for an elevated driving experience.
The chic design comes in imported aviation aluminum offering a premium modern lifestyle accessory and up to 60 hours long battery life on a single charge of transportive fragrance for your drive.
More thoughtful details soon……
Stay tuned…..

Photos from Khayae's post 05/12/2023

One of the largest shipping companies in the world ဖြစ်တဲ့ Maersk အတွက် Khayae မှ customized logo ဖြင့်ပြုလုပ်ခဲ့တဲ့ 100 ml room spray bottle တွေပဲဖြစ်ပါတယ်။
Maersk အတွက်ဘူးခွံတွေကိုတော့ Maersk ရဲ့ Containers ပုံစံတွေအတိုင်းဖြစ်အောင် Design အားဖြင့်ဖန်တီးပြုလုပ်ထားပြီး
Ribbon artwork လေးမှာတော့ Maersk Company ရဲ့ Lanyard အတိုင်းပြုလုပ်ပေးခဲ့ပါတယ်။
ထူးခြားလိုက်ဖက်လွန်းနေတာက Khayae ရဲ့ The churn of the sea, wrapping the water, sand and salt together into a clean & ozone scent လို့ပုံဖော်ရမယ့် Ngapali Beach Night လို Aromas of waves အနံ့မျိုးရွေးချယ်ထားတာကလဲ Maersk လို Shipping Company အတွက်ပင်လယ်ထဲစီးမျောနေစဉ် သမုဒ္ဒရာလေထုရဲ့သင်းပျံ့လတ်ဆတ်တဲ့မွှေးရနံ့လေးဖြစ်လို့နေပြန်ပါတယ်။
Hang tag လေးတွေအနေနဲ့ Trailer Truck နဲ့ Warehouse ပုံစံလေးတွေဖန်တီးချိတ်ဆွဲထားပြီး လုပ်ငန်းရဲ့သဘာဝကို Product ပေါ်မှာရိုးရှင်းစွာပုံဖော်ဖြစ်ခဲ့ပါတယ်။
ဒီ Order အတွက်ရက်၆၀ နီးပါးအချိန်ယူခဲ့ပြီးယုံကြည်စွာနဲ့ဖန်တီးပြုလုပ်ခွင့်ပေးခဲ့တဲ့ Maersk Myanmar မှတာဝန်ရှိသူများကို Khayae မှများစွာကျေးဇူးတင်ရှိပါတယ်။

Khayae
Scents that take you to new places

29/11/2023

ပျော်ရွှင်ခြင်းတွေကို တိမ်လိုဖြန့်ပြီး ဒီကမ္ဘာမြေအနှံ့ ကြဲချချင်ပါပေါ့

မိုးရေစက်‌တွေအသွင်၊ မြူနှင်းမှုန်စက်တို့လိုအသွင်တွေနဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဒီကမ္ဘာမြေပေါ် သက်ရောက်ပါစေသား

မိုးရေစက်လေးတွေဟာ တစ်စက်ချင်းစီစုပြီး သမုဒ္ဒရာတစ်သင်းဖြစ်လာခဲ့တာပဲမလား

လူတစ်‌ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာ တစ်ဖဲ့စာလောက်ပဲ မျှဝေခဲ့ရင်တောင်

ဒီကမ္ဘာဟာ နေချင်စရာ သိပ်ကောင်းမှာပဲ

လူတွေရဲ့ ဒုတိယဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါစေ 🍃🤍

Khayae
Scents that take you to new places

29/11/2023

Clients gifts featuring your logo (not ours!) that you can order year round on-demand as you need them. We call this our Add-Your-Own-Logo Program. DM or email or call for all the details!

Email: [email protected]
Tel: 959-777780698

27/11/2023

ဆေးပေါင်းခတဲ့ည
တန်ဆောင်မုန်းလပြည့်နေ့နဲ့ ပတ်သက်တဲ့ အမှတ်တရဆိုရင် မယ်ဇလီဖူး သုပ်စားရတာပဲ ဖြစ်ပါလိမ့်မယ်။ ပုံမှန်အချိန်တွေဆို မယ်ဇလီဖူးကို စားလေ့မရှိပေမယ့် ဒီလိုနေ့မျိုးမှ အထူးတလည်း စားရတဲ့အကြောင်းရင်းကတော့ ဆေးဖက်၀င်လို့ပါတဲ့။

တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ကောင်းကင်ယံမှာ နက္ခတ် ၂၇လုံးစုံညီတာကြောင့် ဆေးပေါင်းခဲ့တဲ့ညဖြစ်ပြီး ဒီညမှာ သစ်ပင်သစ်ရွက် ဆေးပင်ဆေးမြစ်အားလုံးတို့ဟာ အာနိသင်အကောင်းဆုံးဖြစ်တယ်လို့ ဖတ်ဖူးမှတ်ဖူးပါတယ်။

သစ်ပင်သစ်ရွက် ၊ အဖူးအပွင့်တွေထဲမှာမှ ဘာလို့ မယ်ဇလီဖူးဖြစ်ရသလဲဆိုတော့ မယ်ဇလီပွင့်ဟာ နတ်တွေအတွက် အသက်ရှည်ဆေးလို့ဆိုနိုင်တဲ့ မဉ္ဇူသကနတ်ပန်းနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ အခြားထင်ရှားတဲ့ ပွဲကတော့ ပံ့သကူပစ်ခြင်းပါပဲ။ ဇာလိနီနတ်သမီးဟာ မထေရ်ကြီးတစ်ပါးကို ကိုယ်တိုင်လှူရင် နတ်၀တ်လက်စားတွေကို လက်မခံမှာစိုးတဲ့အတွက် မထေရ်ကြီးလာမယ့် လမ်းရဲ့အမှိုက်ပုံနားမှာ နတ်၀တ်နတ်စား၃ထည်ကို မသိမသာ ထားခဲ့တာကစပြီး ပံ့သကူပစ်တဲ့ဓလေ့ဟာ စတင်ခဲ့ပါတယ်။

ကိုယ်ရဲ့ စေတနာနဲ့ တတ်နိုင်သမျှ ငွေကြေးပမာဏကို ထိုက်သူတွေရပါစေဆိုပြီး လူခြေတိတ်တဲ့အချိန်၊ လူသူသိပ်မရှိတဲ့‌နေရာတွေမှာ တိတ်တဆိတ်လှူဒါန်းခဲ့တဲ့ အလှူမျိုးပါပဲ။

မဟာပံ့သကူဆိုတဲ့အလှူကိုတော့ လူသိနည်းကြပါတယ်။ မဟာပံ့သကူဆိုတာ ဘုန်းကြီးကျောင်းတွေနားမှာ ရဟန်းသံဃာတွေလိုအပ်တဲ့ သင်္ကန်း၊ ယပ်တောင်၊ သပိတ် (ငွေကြေးမပါ )စတဲ့ လှူဖွယ်ပစ္စည်းတွေကို ပံသကူပစ် လှူဒါန်းခဲ့တာမျိုးကို ဆိုလိုဝာာပါ။

အမည်မဖော်ပဲ၊ ပုဂ္ဂိုလ်စွဲမရှိပဲ လှူဒါန်းရသူဟာ စိတ်ကြည်နူးရသလို မမျှော်လင့်ပဲ ကံထူးသူဟာလည်း ၀မ်းသာ ပျော်ရွှင်ရပါတယ်၊ ဒါဟာလည်း ဘာသာတရားနဲ့ ဆက်နွယ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခုပဲ မဟုတ်လား။

တန်ဆောင်မုန်းလပြည့်နေ့မှာ အားလုံးပဲ ဘေးကင်းရန်ကွာပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။

Photos from Khayae's post 26/11/2023

Last minute Corporate gift?
We got you covered.

Thank you to Zeya & Associates for this opportunity to customize our Khartawme gift sets. ✨✨

26/11/2023

Khayae က business gift တွေအဓိကလုပ်တာလားလို့ အချို့တွေကမေးကြပါတယ်။
ဟိုးအရင်ထဲက Khayae fan တွေကတော့သိပြီးသားလေးဖြစ်မှာပါ။
Khayae ဟာ Home fragrance ထုတ်ကုန် တွေကိုသုံးစွဲသူထံတိုက်ရိုက်ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းငယ်လေးတခုဖြစ်ပါတယ်။
Khayae မှာချည်လိုက်တဲ့ဖဲကြိုးလေးတွေကစပြီး ဖန်တီးမှုအသေးစိတ်တိုင်းကို အနုပညာတခုလိုခံစားပြုလုပ်ပေးခဲ့ပါတယ်။
Khayae ထုတ်ကုန်တွေရဲ့အရည်အသွေးပျံနှံ့မှုအားဟာ 2023 ရဲ့ နောက်ဆုံး ၃ လပတ်လေးမှာပြောင်းလဲမှုများစွာရရှိခဲ့ပြီး
ဒီရက်တွေမှာနေ့ရောညပါ မနားကြရတဲ့ ကာလတခုကိုဖြတ်သန်းနေရပါတယ်။
ငွေကြေးလောဘ နဲ့ စိတ်ဖိစီးမှုဟာ Khayae အမှတ်တံဆိပ်ကိုတည်ဆောက်ထားခဲ့ပုံနဲ့ဆန့်ကျင်ဖက်ဖြစ်နေခဲ့တာမို့ ချိုမြိန်သလိုနဲ့ခါးတဲ့အချိန်လေးတွေပါပဲ !
We think the word here is bittersweet !

A huge thank you to each and every one of you for gifting with us, recommending us, sharing our work, and giving us pep talks when we need it. You make all the time and energy and risk well worth it, and not just today on Small Business Sunday, but everyday. 🤍

Photos from Khayae's post 19/11/2023

အချိန် ၃ နှစ်ကြာမှာ Memories Group မှတဖန်ပြန်လည်ဖွင့်လှစ်တဲ့ Governor’s Residence အတွက် ပြုလုပ်ပေးခဲ့တဲ့ Scented Candles တွေပဲဖြစ်ပါတယ်။
ခရေရဲ့မူ ခရေ ရဲ့အသွင်လေးတွေအတူ Governor’s Residence ရဲ့ Peacock theme🦚 လေးနဲ့ လှပကျက်သရေရှိနေတာပါ။

မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးသော အထင်ကရနေရာတစ်ခုအနေနဲ့ ခမ်းနားထည်ဝါမှုနှင့်အတူ ရန်ကုန်မြို့လယ်ခေါင်မှာ တည်ရှိတဲ့ Governor's Residence ရဲ့သမိုင်းကြောင်းကြွယ်ဝမှု၊ ကိုလိုနီခေတ် အငွေ့အသက်များနဲ့ တမူထူးခြားပြည့်စုံတဲ့ ဧည့်ဝတ်ပြုမှု‌တွေကြောင့် ထင်ရှားခဲ့တာဖြစ်ပါတယ်။

Governor's Residence ကို ပြန်လည်ဖွင့်လှစ်ခြင်းဟာ Memories Group နှင့်အတူ Khayae အတူရှိခွင့်ရတဲ့အတွက်များစွာဂုဏ်ယူမိပါတယ်။

Photos from Khayae's post 10/11/2023

We designed and crafted PR gifts for the instant messaging software application Rakuten Viber for their Connect With Confidence Event. ✔️✔️
Easy Violet on Viber Violet is the perfect color choice to make the brand stands out. 💜

Photos from Khayae's post 03/11/2023

Beauty in simplicity.

Thank you 27 Interior Design Studio for trusting us with your seasonal gifting needs.

Photos from Khayae's post 27/10/2023

MAB GOLD ရဲ့ Slogan ဖြစ်တဲ့ Be Bold Be Gold နဲ့လိုက်ဖက်အောင် idea generation လုပ်ချိန်မှစပြီး product ထွက်လာသည်အထိ အချိန်လေးလကျော်ကြာမြင့်ခဲ့ပြီး ပြီးဆုံးသည်အထိလက်မှုအသေးစိတ်ထုတ်ပိုးများနဲ့အတူ timeline အမီပို့ဆောင်နိုင်ဖို့များစွာကြိုးစားအားထုတ်ခဲ့ရပါတယ်။

Brand Guidelines နဲ့ကိုက်ညီအောင်သာအလေးထားစေခဲ့ပြီး
“ ဖန်တီးမှုအားလုံးကို Khayae ရဲ့လက်ထဲမှာပဲရှိပါစေ “ ဆိုပြီး MAB GOLD မှလွတ်လပ်စွာဖန်တီးခွင့်ပေးခဲ့ပါတယ်။

ဒီ project ရဲ့နောက်ကွယ်မှာ ပျော်ရွှင်ခြင်း၊ တက်ကြွခြင်း၊ မောပန်းခြင်း၊ စိုးရိမ်ပူပန်ခြင်းစရှိတဲ့စိတ်ခံစားမှုများနဲ့အတူအမှတ်တယများစွာ ရှိခဲ့ပြီး Khayae ရဲ့ဖန်တီးမှုလေးကို များစွာအသိအမှတ်ပြုပေးတဲ့ MAB Bank မှတာဝန်ရှိသူများကိုများစွာကျေးဇူးတင်ရှိပါကြောင်းဒီနေရာလေးမှထပ်မံပြီးပြောပါရစေ။
MAB GOLD ရဲ့လက်ဆောင်ရရှိသူများရဲ့စကားသံလေးတွေ နဲ့ Khayae သို့ပေးပို့သော စာများစွာကြောင့်လဲ ထပ်မံပြီးဝမ်းသာပီတိတွေဖြစ်ခဲ့ရပါသေးတယ်။
ဒီမိုးကိုအေးချမ်းစွာနှုတ်ဆက်ပြီး ပျော်စရာသီတင်းကျွတ်ကာလကို စိတ်ချမ်းချမ်းသာသာဖြင့်ကြိုဆိုနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကျေးဇူးတင်ခြင်းများစွာဖြင့်
ခရေအဖွဲ့သားများ
အောက်တိုဘာ ၂၇၊ ၂၀၂၃

22/10/2023

It's officially gift set season! 🪔

Introducing KHARTAWME ( ခါတော်မီ) Gift Set

✉️ Dm to place order
Gift Set contains
🪔1x 50 ml Reed diffusers
🪔1x 2 oz Scented Candle
Price : 37000 mmk / Set

Photos from Khayae's post 22/10/2023

ဆောင်းဦးစခါတော်မီ၊ ရှစ်တိုင်းငယ်ပတ်လည်၊ မြူခြည်ငယ်ရင့်ရော….
ကဗျာတွေစာတွေ စီလို့အကောင်းဆုံးရာသီ…

KHARTAWME ( ခါတော်မီ )
Fragrance Collection Gift Set
——————————————-
အခါကြီးရက်ကြီးအမီထွက်ရှိမှာမို့ KHARTAWME ( ခါတော်မီ ) ဆိုပြီးအမည်ပေးမယ်စဉ်းစားခဲ့လို့လားမသိ…
Khayae ရဲ့ KHARTAWME (ခါတော်မီ) Gift Set လေးဟာသီတင်းကျွတ်ကို မီလုမီခင်အပြေးအလွှားနဲ့ ခါတော်မီထွက်လာရတာပဲဖြစ်ပါတယ်။

ဒီနေ့ 22 October တနဂ်နွေနေ့မှာ စတင်ပြီး order တင်နိုင်မှာဖြစ်ပြီး
-50 ml Reed Diffusers x1
-2 oz Scented Candle x 1 တို့ပါဝင်ပါတယ်။
စျေးနှုန်းအားဖြင့် 1 Set ကို (37000 ကျပ်) နှုန်းဖြင့်ရောင်းချမှာဖြစ်ပါတယ်ရှင့်။

Khayae ရဲ့ Gift Set တွေဟာ နှစ်စဉ်စောစီးစွာရောင်းကုန်တတ်ခဲ့တာမို့ ဒီနှစ်အတွက်သီတင်းကျွတ်ကန်တော့လက်ဆောင်မွန်အဖြစ်မှာယူမှာဆိုကြိုတင်စာရင်းပေးမှာယူထားလို့ရပါပြီနော်။

အားလုံးပဲပျော်စရာသီတင်းကျွတ်အခါသမယကိုဖြတ်သန်းနိုင်ကြပါစေလို့ Khayae Team မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏

📞 DM or Call for order : 09777979135, 09777780688

Reed Diffuser
———————-
Fragrance Notes
Top
Green Leaves, Guava, Camphor, Pineapple
Middle
Jasmine, Gardenia, Lavender, Bamboo
Base
Dark Musk, Vetiver, Amber, Cedar

Scented Candle
————————-
Fragrance Notes
Top
Green Leaves, Citrus, Petitgrain
Middle
Neroli, Jasmine, Orange Blossom
Base
Powder, Patchouli
————————————————————
Store Address:

1)Khayae Home
No 106, 1st floor ,42nd St ( Upper Block) , Botahtaung Township,
Yangon, Myanmar
Tel: 09777780698, 09777979135
Opening hours : 9am- 6pm ( Closed Every Monday)

2)Khayae ( Bogoke Market)
Shop no 153, West Wing, Bogyoke Aung San Market, Pebedan Township, Yangon, Myanmar
11141
Tel: 09777656496
Opening time 9 am-4:30 pm ( Closed Every Monday )

21/10/2023

It was a pleasure to work with such a reputable organization like KBZ Bank in crafting a home fragrance gift for their Thidingyut Gift.
Thank you, KBZ Bank for the opportunity to collaborate on this project!

21/10/2023

ရှမ်းပြည်တောင်ပိုင်းရဲ့လမ်းလေးတွေကိုလျှောက်သွားတဲ့အခါတိုင်း အစိမ်းရောင်သစ်ပင်တွေကို ငေးကြည့်ရင်းလက်ဖက်စိမ်းတခု ရဲ့ ရနံ့လေးတွေတောင် ကျွန်မရဲ့ အနားမှာ မွှေးပျံ့လာသလိုပါပဲ။

ပျော်ရွှင်စရာစနေနေ့လေးဖြစ်ပါစေ 🍃

Green Tea & Lemongrass
Fragrance Notes :
Lemon, Ozone, Lemongrass
Green Tea, Light Musk

18/10/2023

နေ့တနေ့စတင်လိုက်တိုင်းမှာ ကော်ဖီတခွက်၊ Scented Candle တလုံးအသုံးပြုမှုရဲ့လန်းဆန်းပျော်ရွှင်တက်ကြွမှုကိုခံစားဖူးသူတိုင်းသိကြမှာပါ။

Candle နဲ့ ကော်ဖီ✨
ကော်ဖီ နဲ့ Candle✨
သိပ်ကိုလိုက်တဲ့အတွဲအဖက် အတွဲအစပ်၊
ကော်ဖီဆိုင် ကောင်းကောင်းတွေရေတွက်လို့ရတဲ့ရန်ကုန်မြို့မှာ
အထင်ကရ Coffee Lounge တခုအတွက် Khayae မှပြုလုပ်ပေးခဲ့တဲ့ merchandising product များဖြစ်ပါတယ်။

အမြဲတမ်းအတူရှိနေခဲ့တဲ့အတွက် Khayae မှကျေးဇူးတင်ရှိပါတယ်။ 🙏

Photos from Khayae's post 08/10/2023

🌟 NEWLY LAUNCHED 🌟

We are offering these best selling Khayae Reed Diffusers now in a bigger size. Meet our 200ml version. Perfect to create the ultimate luxury experience at your home.

Available in Tea Garden, English Bluebell, Freesia Blossom and White Tea of your favorite scent.

Price : 59000 mmk | 200 ml

08/10/2023

Stay tuned for something special hitting the feed tonight!
Our 200 ml version Reed Diffusers will be launched tonight at 7pm.
We are so excited to launch our new product which we've been perfecting for over a year now will be available in four captivating fragrances.
Perfect to create the ultimate luxury experience at your home.

Khayae
Scents that take you to new places

05/10/2023

Thank you Singapore Airlines for trusting and having confidence in us. 🛫

At Khayae, corporate gifting should be an authentic representation of your company's theme, values, and branding.
Our full customization options give you the creative freedom to curate gifts that leave a lasting impression on your recipients.
From personalized products to custom colors and packaging, each element comes together to craft a meaningful and remarkable gifting experience.
Embrace the power of customization with Khayae Boxes and elevate your corporate gifting to a new level.

Khayae & Gifts
Get it customized

05/10/2023

အနားယူရမယ့်အချိန်ရောက်နေပြီနော် 💤

04/10/2023

Room sprays are a fantastic way to add a little bit of fragrance to any room. Our sprays are a great alternative to traditional methods of scenting a space, such as candles.
One of the biggest benefits of room sprays is their ease of use. Spray a few spritzes into the air and let the fragrance settle. You can also spray them directly onto fabrics such as curtains, bedding, or upholstery to refresh them quickly.
Another advantage of room sprays is their affordability and ease of gifting. They are typically less expensive than our candles or diffusers, and a little goes a long way.
They are easy to use, versatile, affordable, and come in various scents to suit any preference.

10 Scents Available
—————————

-Ngapali Beach Night

Fragrance Notes
Cardamom, Orange Peel,Sea Salt, Palm, Amber, Light Musk

-Modern Musk

Fragrance Notes
Powder, Amaretto,Tonka Bean, Balsam,Rum, Light Musk, Dark Musk, Oud

-Restful Linen

Fragrance Notes
Lemon,Ozone, Linen, Green Floral, Light Musk

-Mosquito Be Gone

Fragrance Notes
Lemongrass, Lemon Peel,
Eucalyptus,Camphor, Geranium, Powder

-Citrus Mint

Fragrance Notes
Lemon, Lemon Peel, Lemongrass, Light musk, Lemon Verbena

-White Tea

Fragrance Notes
Mandarin, Bergamot, Ginger
Jasmine, White Tea, Green Tea

-Green Tea

Fragrance Notes
Lemon, Ozone, Lemongrass
Green Tea, Light Musk

-Freesia Blossom

Fragrance Notes
Citrus, Rose, Pear
Apple, Jasmine, Lily of the valley, Freesia, Ocean, Light musk

-English Bluebell

Fragrance Notes
Sea Water, Lemon, Muskmelon
Campanula, Jasmine, Ambergris, Musk

-Tea Garden

Fragrance Notes
Green Tea, Lemon, Linden, Bergamot
Freesia, Jasmine, Ginger Flower, Rose
Amber, Iris, Jasmine, Musk

Price - 14000 ks /100 ml

04/10/2023

This day is up to you and it can be anything you desire. ✨✨✨

Khayae
Scents that take you to new places

30/09/2023

စျေးမတက်ဖြစ်လိုက်တဲ့ Khayae!
ပြီးခဲ့တဲ့လပိုင်းတွေကငွေစျေးမြင့်မားသွားတဲ့အခြေအနေတရပ်ကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှာ စျေးတက်မယ်ဆိုပြီး Khayae ဟာကြေငြာခဲ့လိုက်ပါတယ်။ သို့သော်လည်းတလလုံးလုံးမှာ စျေးပြန်ကျရိပ်ရှိခဲ့သောကြောင့် ခရေဟာတလလုံးစျေးမပြောင်းလဲသေးပဲဆက်လက်စောင့်ဆိုင်းနေခဲ့လိုက်ပါတယ်။

အချိန်တခုကျော်ဖြတ်ပြီးတဲ့ယနေ့အချိန်မှာမူလစျေးနီးပါး
ပြန်လည်ရောက်သွားသောကြောင့် စျေးမပြောင်းလဲသေးပဲယခင်စျေးများအတိုင်းပင်ဆက်လက်ရောင်းချဖို့ ခရေဟာဆုံးဖြတ်ထားလိုက်ပါတယ်။

တဆက်ထဲမှာပဲ ကြေငြာစရာလေးတခုရှိတာက စျေးမတက်တဲ့ Khayae က
ယခင်ကနဲ့မတူတဲ့ Presentation Packaging အမိုက်စား ၊ Affordable Luxury ဖြစ်တဲ့ပုံစံအရည်အသွေးတွေနဲ့ 200 ml Reed Diffuser Product Launch လဲလုပ်တော့မှာမို့ Khayae ကိုဆက်လက်အားပေးဖို့အသင့်ပြင်ထားလို့ရပါပြီ။

28/09/2023

မိုးရေစက်တွေကတော့ မှန်ချပ်တွေပေါ်ကနေ လျောဆင်းနေဆဲ၊

ဟိုးမြင်နေရတဲ့ ရေစိုနေတဲ့ သစ်ပင်အုပ်လေးတွေ ချမ်းနေမလားလို့ တွေး‌နေမယ်၊ ၀သန်ဟာ တေးသွားတစ်ပုဒ်၊ ၀သန်ဟာ ပန်းချီကားတစ်ချပ်၊ ၀သန်ဟာ ကဗျာတစ်ပုဒ်

ဖတ်လက်စစာအုပ်လေးကို စားပွဲပေါ်မှောက်ထားလိုက်မယ်၊ ကော်ဖီပူပူလေး တစ်ခွက်သောက်လိုက်မယ်၊ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းထားမယ်

လောင်ကျွမ်းမှုတွေကို မကြိုက်ပေမယ့်မိုးရွာနေတာကိုငေးကြည့်ရတာကိုက မြတ်နိုးလွမ်းဆွတ်ကြည်နူးစရာပဲမဟုတ်ပါလား ။

ခရေ
စက်တင်ဘာ ၂၈၊ ၂၀၂၃

LILAC IN BLOOM (Luxe Collection)
Fragrance notes
Mimosa, White Jasmine, Lilac ,Patchouli, Powdery Musk
Price : 69000 ks (8 oz )
110000 ks (14 oz )

27/09/2023

Khayae ဟာ ရန်ကုန်အခြေစိုက် သေးငယ်တဲ့စီးပွါးရေးလုပ်ငန်းလေးတခုဖြစ်ပါတယ်။
Khayae ဟာ အပြုသဘောဆောင်သော positive contribution ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်ခြင်း၊ အနံ့များအကြောင်းပွင့်လင်းစွာဝေမျှခြင်း တို့ကိုပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း စျေးရောင်းရန်တခုထက်မကပိုသော ဖန်တီးမှုတွေ လှပကောင်းမွန်သော အနံ့အရသာတွေ ကိုထိတွေ့စေခဲ့ပြီးပါပြီ။

Khayae ရဲ့ အနှစ်သာရ ၊ Khayae ရဲ့ personality၊ Khayae တို့စဉ်းစားပုံ၊ လုပ်ဆောင်ပုံ တွေဟာ Khayae ရဲ့စီးပွါးရေးပုံစံဖြစ်သလို နေ့စဉ် inspiring, challenging တွေကိုစိတ်နှလုံးခံစားချက်အပြည့်နဲ့ကြိုးစားခဲ့ပါတယ်။

ဒီနေ့မှာ Khayae ဟာ Fragrance Industry ရဲ့ကမ္ဘာ့နံပါတ်တစ်ကုမ္ပဏီကြီးတခု 250-year Odyssey, Rich heritage အစဉ်အလာများနဲ့ကျော်ကြားတဲ့
Khayae အတွက် ပထမဆုံးသော creation အနံ့ဟာ “TEA GARDEN “ ဆိုပြီး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
ဒီ Company ရဲ့ကျော်ကြားမှုအကြောင်းအနည်းငယ်ပြောရရင် သူ့ရဲ့ Fragrance တွေနဲ့ Collaboration လုပ်ကိုင်သော perfumer တွေအများကြီးထဲကမှ တယောက်အနေနဲ့ဆို ကျွန်မတို့ သိပ်သဘောကျရတဲ့ အမျိုးသမီး Perfumer တယောက်ဖြစ်တဲ့ Calice Becker ရဲ့ဖန်တီးမှုတွေ ဖြစ်တဲ့ By Kilian Love Don’t be Shy, Tom ford ရဲ့ Valvet Orchid, By Kilian Back to Black, Dior ရဲ့ J ‘Adore တို့လိုမျိုး famous perfume တွေပဲဖြစ်ပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ Local Brands တွေဟာ ပိုမိုအားကောင်းလာပြီး စိတ်ချအန္တရာယ်ကင်းတဲ့ထုတ်ကုန်တွေကိုကြိုးစားထုတ်လုပ်နေကြပါပြီ။
ဒီထဲမှာ Khayae သည်လဲပါဝင်နေခဲ့ပါတယ်။
Tea Garden အနံ့ရဲ့memory ဟာ Khayae ရဲ့ အပြောင်းအလဲတခုဖြစ်သွားပါပြီ။
Khayae လို လုပ်ငန်းငယ်တခုအတွက် Tea notes များနဲ့ Fragrance profile အသစ်တခုထွက်လာအောင် အကြိမ်ကြိမ် sample ပေးပို့ဖန်တီးပေးပါတဲ့ Asia pacific region မှတာဝန်ရှိသူတွေကိုကျေးဇူးတင်ရပါတယ်။
Tea Garden fragrance ဟာ Khayae မှာ Room & Car interior aromatic spray အနေနဲ့ပထမဆုံးထွက်ရှိလာပြီးအခြားသော home fragrance များလဲဆက်လက်ထွက်ရှိလာဦးမှာပဲဖြစ်ပါတယ်။

From passion to product…
အကောင်းဆုံးအရည်အသွေးတွေဆီသို့မောင်းနှင်ခရီးဆက်နေပါဦးမယ်။

ခရေကိုအားပေးခဲ့ကြသူအားလုံးကိုကျေးဇူးတင်လျက်
Khayae
စက်တင်ဘာ ၂၇၊ ၂၀၂၃

Tea Garden
Fragrance Profile
—————————-
Top Notes:
Green Tea, Lemon, Linden, Bergamot Middle Notes:
Freesia, Jasmine, Ginger Flower, Rose
Base Notes:
Amber, Iris, Jasmine, Musk

25/09/2023

မကြာမီ!
Khayae ရဲ့ Air care product line မှအသစ်ထွက်ရှိမယ့် Tea Garden အနံ့ကိုထုတ်လုပ်ခြင်းအတွက် များစွာအားရကျေနပ်ရတဲ့ နောက်ကွယ်ကအကြောင်းအရာလေးတခုကိုခရေချစ်သူတွေကိုပြောပြဖို့ရှိနေပါတယ်။

Khayae
Scents that take you to new places

18/09/2023

အနံ့တွေမှာ အရသာရှိတယ်လို့ ပြောရင် ကျွန်မဟာ ပိုတယ်လို့ အချို့က ဆိုကြပါတယ် ။ ဆုပ်ကိုင်လို့မရတဲ့ ၊ မမြင်ရတဲ့အငွေ့အသက်တစ်ခုဟာ ဘယ်လိုအရသာရှိသလဲ၊ ချိုသလား ၊ ခါးသလားလို့ မေးကြပါတယ် ။

ဒီတော့ ကျွန်မပြန်ဖြေလိုက်မိတာက
"ပျော်ရွှင်တဲ့အရသာ ၊လန်းဆန်း‌တဲ့အရသာ ၊ အားအင်ပြန်ပြည့်တဲ့ အရသာမျိုးတွေပေါ့ " ။

ခရေ
စက်တင်ဘာ ၁၈၊ ၂၀၂၃

Photos from Khayae's post 18/09/2023

We love finding different ways to serve you with beautiful gifting.
Thank you for continuing to have trust in us!

Corporate gifting - DM
Email- [email protected]

14/09/2023

We love the process just as much as the product.
Khayae fragrances are all hand-poured in Yangon, Myanmar with love and care 🤍

13/09/2023

Scented Room Spray | 9 Scents

မြန်မာအမှတ်တံဆိပ် Khayae ရဲ့ Scented room spray များဟာ Khayae မှာထပ်ခါထပ်ခါဝယ်ယူကြရတဲ့ product တခုဖြစ်လာပါတယ်။

Khayae Room Spray တွေဟာ အမျိုးမျိုးသောမျက်နှာပြင်ပေါ် ဖြန်းနိုင်အသုံးပြုနိုင်သော formula ဖြစ်ပြီး အိပ်ယာခင်း၊ ခေါင်းအုံး၊ လိုက်ကာ၊ pet beds၊ ကားအတွင်းခန်းများပါမကျန်တွင်ကျယ်စွာ အသုံးပြုနိုင်ပါတယ်။

Key Features and Benefits

1. Home and Environment-Friendly
Khayae room spray များသည် သင်အိမ်နဲ့ပတ်ဝန်းကျင်နေရာများကို 100% safe ဖြစ်စေပြီး စိုးရိမ်မှုမရှိသော IFRA certified air care fragrance များနဲ့ ပြုလုပ်ထားပြီး alcohol free formula ဖြစ်ပါတယ်။

2. Precautions for linen
Khayae room spray များဟာ linen ကဲ့သို့သောဖြူဖွေးနူးညံ့သော fine fabric များအပေါ်မှာပင် အရောင်စွန်းထင်းခြင်းအကွက်များကျန်ရှိခြင်းမဖြစ်စေသော formula ဖြစ်သော်လည်းပိုမိုစိတ်ချရအောင် ၁ ပေအကွာမှအသုံးပြုပေးပါ။

အနံ့ အရည်အသွေးကောင်းမွန်မှုနဲ့ကြာရှည်ခံမှုကို air conditioner တပ်ဆင်ထားသော လေလုံသောအခန်းများမှာပိုမိုသိသာစွာခံစားရမှာဖြစ်ပါတယ်။

ရရှိနိုင်သောအနံ့များ
——————————

-Ngapali Beach Night

Fragrance Notes
Cardamom, Orange Peel,Sea Salt, Palm, Amber, Light Musk

-Modern Musk

Fragrance Notes
Powder, Amaretto,Tonka Bean, Balsam,Rum, Light Musk, Dark Musk, Oud

-Restful Linen

Fragrance Notes
Lemon,Ozone, Linen, Green Floral, Light Musk

-Mosquito Be Gone

Fragrance Notes
Lemongrass, Lemon Peel,
Eucalyptus,Camphor, Geranium, Powder

-Citrus Mint

Fragrance Notes
Lemon, Lemon Peel, Lemongrass, Light musk, Lemon Verbena

-White Tea

Fragrance Notes
Mandarin, Bergamot, Ginger
Jasmine, White Tea, Green Tea

-Green Tea

Fragrance Notes
Lemon, Ozone, Lemongrass
Green Tea, Light Musk

-Freesia Blossom

Fragrance Notes
Citrus, Rose, Pear
Apple, Jasmine, Lily of the valley, Freesia, Ocean, Light musk

-English Bluebell

Fragrance Notes
Sea Water, Lemon, Muskmelon
Campanula, Jasmine, Ambergris, Musk

Price - 14000 ks /100 ml
—————————————————————-
Manufactured by Khayae Strength Co.,Ltd
Factory address:
284, RD 7 ,Yangon Industrial Zone, Mingalardone Township, YANGON, MYANMAR,11021
email: [email protected]

Khayae Store Address
———————————-
Khayae Home
No 106, 1st floor ,42nd St ( Upper Block) , Botahtaung Township,
Yangon, Myanmar
Tel: 09777780698
Opening hours : 9am- 6pm ( Closed Every Monday)

Khayae ( Bogoke Market)
Shop no 153, West Wing, Bogyoke Aung San Market, Pebedan Township, Yangon, Myanmar
11141
Tel: 09777656496
Opening hours: 9 am-4:30 pm ( Closed Every Monday )

Website:www.khayae.com

12/09/2023

အိပ်မက်တွေဟာ ရေစိုမခံဘူး လို့ တွေးမိတဲ့ နေ့တွေဆိုရှုပ်ထွေးနေတဲ့ လမ်းမကြီးကို ကြည့်ပြီး ရယ်မိတယ် ။

ဘဝမှာ ပျော်ရွှင်ဖို့အတွက်
တွေးပေးတဲ့ စိတ်ကိုပဲ မြဲမြဲ ဖမ်းဆုပ်ပေးထားပါ ။

သောကတွေ ရတတ်တဲ့ ရက်တွေလဲရှိမယ်
ဘယ်သူကမှ လုံးဝ ဂရုမစိုက်တော့သလို ခံစားနေရတဲ့အခိုက်အတန့်လေးတွေလည်း ကြုံမယ်
ကိုယ့်ကိုယ်ကို မီးစာကုန်နေသလို ဝမ်းနည်းလာရမယ်။

ပျော်ရွှင်ခြင်းကို ခုံမင်တဲ့အခါ ကိုယ်နှစ်သက်တာတွေလုပ်ကြည့်ပါ
အထီးကျန်လာရင် သီချင်းတိုးတိုးလေးဖွင့်ပေးပါ
အလင်းဖျော့ဖျော့ ဖယောင်းတိုင်ငယ်လေးလိုလည်း တစ်ခါတလေ အချိန်တွေကိုကုန်ဆုံးကြည့်ပေးပါ

အရာရာ ကြုံလွယ်နေတဲ့ လောကမို့
မကြာခဏ စိတ်ထိခိုက်တတ်တဲ့ သဘာဝပဲကွယ်

မပျော်ရွှင်ရဖူးလို့လဲ မတွေးပါနဲ့ ။

ခရေ
စက်တင်ဘာ ၁၂ ၊ ၂၀၂၃

10/09/2023

New Product (Hand Sanitizers)

Khayae ရဲ့ အသစ်ထုတ်ကုန်ဖြစ်တဲ့ 80% alcohol-based hand sanitizer ဟာ natural essential oils များ infused လုပ်ထားသော formula ဖြစ်ပါတယ်။ Fragrance oil ပါဝင်မှု 1% သာရှိပေမဲ့ Khayae ရဲ့ ကောင်းမွန်တဲ့အနံ့ကုန်ကြမ်းတွေရဲ့ အရည်အသွေးကိုဒီ hand sanitizer လေးတွေမှာသိသာစွာမြင်တွေ့ခံစားရမှာပါ။
Soothing aromatherapeutic qualities ဖြစ်ပြီး အနံ့ ( ၃ ) မျိုးကိုရွေးချယ်နိုင်ပါပြီ။

Khayae store များနှင့် online မှာစတင်ဝယ်ယူရရှိနိုင်ပါတယ်။

Available Scents
————————-
White Tea
Green Tea
Rose

Net Weight: 50 ml | 1.7 fl oz
Price : 7900 ks

10/09/2023

မိုးစက်‌သံတွေ တဖျောက်ဖျောက်ကြားနေရတော့ ပန်းလေးတွေပြင်ဆင်၊ Candle လေးထွန်း၊ စာအုပ်လေးဖတ်အုန်းမှပဲလို့ တွေးမိတယ်။

"ပန်းများသည် အရောင်စုံသော်လည်း ရန်မဖြစ်ကြပေ"ဆိုတဲ့ သစ္စာနီရဲ့ ကဗျာလေးကို သတိရမိတယ်။ လူတွေဟာ ပန်းလေးတွေကို ဘယ်တော့မှ အတုမခိုးတတ်ဘူးမလား။

ဒါ့ကြောင့် ကိုယ်ဟာ လူတွေကို စကားမပြောချင်တဲ့အခါ ပန်းလေးတွေနဲ့ စကားပြောတယ်။ ပန်းလေးတွေ ပြောတဲ့ ဘ၀ဒဿနတွေကို နားထောင်တယ်။

ပန်းလေးတွေဟာ အချိန်ခဏဖူးဝေပြီးတဲ့အခါ သူ့ရဲ့ပွင့်ဖတ်လေးတွေကို ခြွေချပြီး ပျောက်ကွယ်သွားရတယ်။ ကိုယ်ရဲ့ဘ၀ဟာရော ဘယ်အချိန်မှာ ကြွေမလဲ၊ ပန်းလေးလိုရော မွှေးပျံ့ခဲ့ပါရဲ့လား။

မိုးတွေသည်းလာချိန်မှာ စားပွဲပေါ်က ဖယောင်းတိုင်မီးလေးဟာ လှုပ်လီလှုပ်လဲ့ သောက်လက်စကော်ဖီရနံ့လေးကလည်း သင်းသင်းပျံ့ပျံ့။

တနင်္ဂနွေနေ့လေးမှာ ကြည်နူးစွာတွေးမိတာက ကိုယ့်ဘ၀လေးကို ပန်းပွင့်လေးလို ဝေလည်းမွှေး၊ ကြွေလည်း မွှေးစေချင်မိတယ် ဆိုတာပါပဲ။

Khayae
၁၀ စက်တင်ဘာ ၂၀၂၃

09/09/2023

Getting excited for our hand sanitizers drop!!
Available tomorrow 10/9, our best selling fragrances will be turning into these chic little hand sanitizer. 💕
Quantities are limited so set your alarms 🚨

09/09/2023

Khayae ( ခရေ ) ဆိုတာနဲ့ ခရေပန်းနံ့လေးရမိသလိုလား
ဒါမှမဟုတ် မြန်မာနိုင်ငံမှာ အတွေ့များတဲ့ရနံ့သင်းတဲ့ပန်းသေးသေးလေးကိုမြင်မိတာလား

Khayae ဆိုတာ

ကိုယ့်အတွက်ပဲ ကိုယ်ရှင်သန်ခွင့်မယ်ဆိုရင်

ပင်ပန်းလာတဲ့နေ့တွေဆိုရင် အိပ်ရာပေါ်ရောက်တဲ့အခါ ဘာမှမတွေးပဲ ကိုယ်ဟာ အိပ်မောကျသွားချင်တယ်။

တစ်နေ့တစ်နေ့ ရှင်သန်ရတာတွေများလာတဲ့အခါ ပခုံးပေါ်မှာ ထမ်းထားရတဲ့ ၀န်ထုပ်၀န်ပိုးတွေများလာတယ်၊ အခြားသူတွေရဲ့အိပ်မက်တွေ၊ အခြားသူတွေအတွက် ပူပန်စရာတွေ၊ တာ၀န်ယူစရာတွေ

တစ်ခါတစ်လေတော့ ကိုယ်ဟာ ကိုယ့်အတွက်ကိုယ်ပဲ ရှင်သန်ခွင့်ရရင်ကောင်းမယ်၊ ကိုယ်ကြိုက်တဲ့ကော်ဖီလေး သောက်မယ်၊ ကိုယ်ကြိုက်တဲ့ စာအုပ်လေးဖတ်မယ်၊ ကိုယ်ချစ်တဲ့ပန်းလေးတွေ စိုက်မယ်၊ ကိုယ့်အိပ်မက်လေးကိုယ်မက်မယ်။

ငယ်ငယ်တုန်းကတော့ ကိုယ်သဘောကျတာတွေ လုပ်ဖို့ အလျင်အမြန်အသက်ကြီးချင်ခဲ့တယ်၊ အခုကျတော့လည်း အချိန်တွေဟာအကုန်မြန်တော့ ဖြည်းဖြည်းချင်းစီပဲ ဖြတ်သန်းချင်တယ်။

ကံစီမံရာဆိုပြီး ကိုယ့်ဘ၀ကို ကိုယ်ကြိုးဆွဲခွင့်မရရင်တော့ ရုပ်သေးရုပ်နဲ့ ကိုယ်ဟာ ဘာထူးဦးမလဲ၊
ဒါ့ကြောင့် တစ်နေ့တော့ ကိုယ်အတွက်ကိုယ်ရှင်သန်ဦးမယ်လို့တွေးလိုက်မိတိုင်း Khayae ဆိုတာအမြဲရှိနေပေးမယ့် အရာလေးပါပဲ။

Khayae
၉ စက်တင်ဘာ၊ ၂၀၂၃

07/09/2023

Khayae Reed Diffuser တွေကို စျေးနှုန်းသင့်တင့်ပြီး ပိုမိုကောင်းမွန်တဲ့ အနံ့အရည်အသွေး၊ အနံ့ကြာရှည်ခံမှု၊ လှပတဲ့ထုတ်ပိုးမှုတွေနဲ့ အတူ ပစ္စည်းပြတ်လပ်မှုမရှိအောင် နေ့စဉ်ထုတ်လုပ်ပေးလျက်ရှိပါတယ်။

04/09/2023

Getting ready for our busiest time of year ✨✨

03/09/2023

Every candle needs an accessory or two!!
From our wick trimmers and suffers to glass match cloche, we offer aesthetically pleasing, functional decor pieces to style with your candles!
Each piece is hand blown and fitted with a cork stopper in the bottom. It reminds us of a vintage glass cloche, originally used to protect emerging seedlings in gardens. Once the matches are gone, it can be a curiosity used to display a found specimen.

* 150 match sticks
* 7½“high x 3 ½”wide
* hand blown glass
* strike-on-bottle flint
* cork stopper

Shop now at Khayae
Price | 47000 Ks

Photos from Khayae's post 01/09/2023

Let our candle warmer spruce up your space. Premium Candle Warmers are now available in 2 different colors.

Get Yours Now!
Metal Base Candle Warmer
Color | Black, Yellow Gold
Price | 65000 ks

Videos (show all)

Boasting both form and function, our new Type-c Rechargeable Waterless Car Aroma  Diffuser radiate the perfect amount of...
We designed and crafted a special Thidingyut gift for MAB  GOLD. Let the quality speak ✨The Black & Gold theme, the idea...
It's officially gift set season! 🪔Introducing KHARTAWME ( ခါတော်မီ) Gift Set✉️ Dm to place orderGift Set contains🪔1x 50 ...
It was a pleasure to work with such a reputable organization like KBZ Bank in crafting a home fragrance gift for their T...
ရှမ်းပြည်တောင်ပိုင်းရဲ့လမ်းလေးတွေကိုလျှောက်သွားတဲ့အခါတိုင်း အစိမ်းရောင်သစ်ပင်တွေကို ငေးကြည့်ရင်းလက်ဖက်စိမ်းတခု ရဲ့ ရနံ့လ...
နေ့တနေ့စတင်လိုက်တိုင်းမှာ ကော်ဖီတခွက်၊ Scented Candle တလုံးအသုံးပြုမှုရဲ့လန်းဆန်းပျော်ရွှင်တက်ကြွမှုကိုခံစားဖူးသူတိုင်းသ...
Stay tuned for something special hitting the feed tonight!Our 200 ml version Reed Diffusers will be launched tonight at ...
အနားယူရမယ့်အချိန်ရောက်နေပြီနော်  💤#roomspray #khayae #homefragrance #businessgift #madeinmyanmar #gifts #khayaehome #fra...
This day is up to you and it can be anything you desire. ✨✨✨Khayae Scents that take you to new places #candle #madeinmya...
Is Monday a productive day?
မိုးရေစက်တွေကတော့ မှန်ချပ်တွေပေါ်ကနေ လျောဆင်းနေဆဲ၊ဟိုးမြင်နေရတဲ့ ရေစိုနေတဲ့ သစ်ပင်အုပ်လေးတွေ ချမ်းနေမလားလို့ တွေး‌နေမယ်၊...

Telephone

Address


106, First Floor, 42nd Street (upper Block), Botahtaung Township
Yangon
11161

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00