DT Bathhouse
Natural products that help replenish the body and provide nourishment for a healthier lifestyle.
DT pop up လေး လာမဲ့ Friday/ Saturday 2 ရက် Wyndham Grand Night Market လေးမှာ 3pm-8pm ထိ
ရှိနေပါမယ်ရှင့် 💕🌸
#မြန်မာပြည်တွင်ပြုလုပ်သည်
အို..အိုးး🫣😍😍 luxury feeling တဲ့💓
ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻😘😘
✨DT ရဲ့ Body Polish လေးနဲ့ shower လေးအရမ်းကြိုက်တာဆိုပြီး pop up လေးမှာ support ပေးသွားတဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ညီမလေးမြတ် Myat Yadanar Kyaw လေးနဲ့🩷
#မြန်မာပြည်တွင်ထုတ်လုပ်သည်
The Central က Sunset Bazzar ပွဲလေးမှာ ရှိတဲ့ DT ရဲ့local ဆိုင်လေးကို လာလည်ပြီးအားပေးသွားတဲ့ မားဝင်း၊ မထက်၊ ညီမလေးမို့, ညီမလေးသီရိစိုး, Rachel, Penny တို့နဲ့ အမှတ်တရလေး 😍
📍: The Central
🕛: 2 pm to 9 pm
🗓️: 11/12 November 2023
Hello👐 မင်မင်တို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ The Central မှာရောက်နေပါပြီချစ်ရသူလေးတို့ရေ. ည ၉ နာရီ (9pm) ထိရှိနေမှာမို့ ပိတ်ရက် 11.11 လေးမှာ shopping ထွက် လည်လည်ပတ်မယ်ဆို The Central ကိုလာလည်ကြပါဦးလို့🌿💓
#မြန်မာပြည်တွင်ထုတ်လုပ်သည်
👐မနက်ဖြန်ကစ Sat & Sun နှစ်ရက်လုံး (2pm-9pm) ထိရှိနေပါမယ်နော်.
📣နောက်ပြီးတော့..ပွဲမှာ 20% promotion အစီအစဉ်လေးလဲရှိသေးတယ်တဲ့..🤩
💸အဲ့ဒါလေးက My Oreedoo App က M-ပိုက်ဆံနဲ့ ပေးမယ်ဆိုရင် 20% (အများဆုံး ခံစားခွင့် ၃၀၀၀ထိ) လဲပေးထားတာဆိုတော့ ပိတ်ရက်လေးမှာ အပန်းဖြေ shopping ထွက်ရင်းလာလည်ဖို့ဖိိတ်ခေါ်ပါတယ်နော်🩷🩷
ကဲ..DT ချစ်ရတဲ့ ကာကာလေးတွေအတွက် membership reward လေးလုပ်ထားပေးတယ်နော်📣
သွားလေရာ member card သယ်ဖို့မလို ပျောက်မှာစိတ်မပူရပဲ Piti app လေးကတဆင့် DT Bathhouse လို့ရိုက်ရှာပြီး member လုပ်ထားလို့ရနေပါပြီ..😉
နီးစပ်ရာ ဘယ်ဆိုင်/reseller ကမဆို DT ပစ္စည်းလေးတွေဝယ်တိုင်း voucher လေးကို page admin တွေကိုပြလိုက်တာနဲ့ point လေးတွေစုပေးပြီး လက်ဆောင်ပစ္စည်းလေးတွေပြန်လဲပေးနေပြီမို့ ခုပဲ member လေး join ထားလိုက်တော့နော်. ☺️
#မြန်မာပြည်တွင်ပြုလုပ်သည်
ကဲ... Local product တွေထဲက quality လည်းအကောင်းဆုံးထဲကမှ လိုချင်တယ်ဆိုတဲ့ customer တွေအတွက် လူကြိုက်လည်းများတဲ့ health & Beauty product brand ဖြစ်တဲ့ DT Bathhouse မှာ စျေးဝယ်ပြီး Point တွေစုလို့ရပါပြီနော်..
Point တွေဘယ်လိုစုကြမလဲ?
DT မှ အမြဲအားပေးနေတဲ့ customer တွေအတွက်ရော customer အသစ်တွက်ပါ အခုကစပြီး point တွေစုဖို့အတွက် Piti App ကို download အရင်လုပ်ပေးဖို့လိုမယ်နော်..
Piti App - https://piti.app/get-piti-member-app/
App ကို download ပြီးရင်တော့ DT Bathhouse ကိုရှာပြီး member join လို့ရပါပြီ..
အသေးစိပ်ကိုတော့ DT Bathhouse ရဲ့ page မှာလည်း
ဘာ product လေးတွေရလည်း လေ့လာရင်း စုံစမ်းနိုင်ပါတယ်ရှင်
😍ညီမလေးမို့CaterpillarMaybee လေးက အနံ့လေးတွေသဘောကျတဲ့အပြင် Shower လေးကိုလဲ Bath & Body Works က အနံ့လေးနဲ့ဆင်တယ်လို့ပြောသွားတော့ ပျော်လိုက်တာရှင်💓ကျေးဇူးတင်ပါတယ်ညီမလေးရေ🙏🏻
လာမဲ့ Sat & Sun “The Central” ပွဲကိုညီမလေးလဲ လာလည်မှာဆိုတော့ ရင်တွေခုန်ပျော်နေပါပြီ😍
Hello👐 ဒီလာမယ့် weekend NOVEMBER (11.11.2023 နှင့် 12.11.2023 ) ၂ ရက်လုံး Central မှာလုပ်မဲ့ SUNSET BAZAAR ပွဲလေးမှာ DT လေးလဲရှိနေပါမယ်နော်.
Thai ကနေတစ်ကူးတစ်ကလှမ်းမှာတော့ အဆင်မပြေမှာစိုးရိမ်နေခဲ့တာ. ခုတော့ အဆင်ပြေပြီး ဆံပင်ကျွတ်တာလဲ အရမ်းသက်သာတယ်ဆိုတော့ မင်မင်တို့အတွက် ဝမ်းသာပီတိပေါ့ရှင်🥰🥰
#မြန်မာပြည်တွင်ထုတ်လုပ်သည်
DT ရဲ့ bye bye smell လေးနဲ့🩷😍😍
🙌💓Hello!! ပိတ်ရက် Sunday လေးမှာ တစ်ပတ်တာ stress တွေကိုဖြေဖျောက် ပြီး စိတ်ရောကိုယ်ပါ ကြည်လင် လန်းဆန်းမှု့အပြည့်အဝပေးနိုင်ဖို့ဆို…
DT ရဲ့ product လေးတွေအပြင်မရှိဘူးပေါ့ 😉🌿
🧴သဘာဝအသီးတွေပေါင်းစပ်ပါဝင်ထုတ်လုပ်ထားတဲ့ Pumpkin Shower လေးရယ်နဲ့ရေချိုးပြီး….
✨အသားအရေအတွက် nourishing အပြည့်ပေးမယ် light weight oil နဲ့ Essential Oil တွေပါတဲ့ DT ရဲ့ Citronella and Lemon Body Polish လေးနဲ့ ခန္တာကိုယ်အနှံ့ စက်ဝိုင်းပုံ ညင်သာစွာနှိပ်နယ်ရင်း ထွက်လာတဲ့ အနံ့လေးကြောင့် စိတ်အပန်းပြေပြီးအသားအရည်ရော စိတ်ပါကြည်လင်လန်းဆန်း အားပြည့်စေပါတယ်🩷
💧ပြီးရင်တော့ ရနံ့ငြိမ်ငြိမ်လေး နဲ့ တမူထူးခြားပြီး Essential Oil ပါဝင် formulate လုပ်ထားထားတဲ့ စေးကပ်မှု့လုံးဝမရှိတဲ့ light weight Body Oil လေးနဲ့ ဆောင်းမဝင်ခင် အသားခြောက်ခြင်းမှကာကွယ်ရင်း သူမတူ စိုပြေဝင်းမွတ်စေတဲ့အသားအရေလေးပိုင်ဆိုင်ဖို့လိမ်းမယ်…
🌊🌴နောက်ဆုံးမှာတော့ အနံ့မွှေးပြီး တစ်ဘူးရှိရုံနဲ့ တစ်ကိုယ်လုံးသုံးလို့ရတဲ့အပြင် multiuse လေးဖြစ်တဲ့ DT ရဲ့ Hair and Body Mist လေးဖျန်းမယ်💦
Alcohol လုံးဝမပါဝင်ပဲ Alcohol Free Formula နဲ့ထုတ်လုပ်ထားတာ မို့ ဆံသားနဲ့ အသားအရေ ပျက်စီးမှာ အတွက် စိုးရိမ်စရာမလိုပဲ အခြားလိုအပ်တဲ့နေရာတွေပါ odor remover အနေနဲ့ ဖျန်းပေးနိုင်ပါတယ်.
#မြန်မာပြည်တွင်ထုတ်လုပ်သည်
ကိုယ်လေးစားရတဲ့ Latte ရဲ့ “Favorite Argan Oil Hair Serum Collection”လေးထဲ DT လေးပါတော့ ပျော်လိုက်တာ🩷..ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻
📣Bangkok မှာရှိတဲ့ DT ချစ်သူလေးတို့ရေ…
Taste of Bangkok Farmer market ပွဲလေးမှာ DT ရဲ့ Hair Serum, Bye Bye Smell, Soy Wax Candle, Conditioner Bar, Sulfate Free Shampoo လေးတွေကို ကိုယ်တိုင်လာရောက်ဝယ်ယူအားပေးလို့ရတဲ့အပြင်….
အခြား အမိုက်စား Local brands အမြောက်အမြားလဲ လေးပါဝင်တာမို့ လာရောက်ဖို့ပွဲလေးကိုဖိတ်ခေါ်ပါရစေနော် 🥰❤️🌸
#မြန်မာပြည်တွင်ပြုလုပ်သည်
✨⭐ Hello, a special event is coming!⭐✨
We are excited to announce a unique opportunity to support local artisans from Myanmar and Thailand and indulge in a vast array of handcrafted products at our upcoming market event in Bangkok.
This occasion seeks to boost the global recognition of Myanmar handicrafts and uplift the country’s creators on the overseas market. Moreover, our goal is to ensure equal opportunities for local Thai individuals. We plan to feature products from creators in the southernmost part of Thailand, bringing them to the spotlight in Bangkok.
By attending, you will have the opportunity to explore a diverse selection of handcrafted items ranging from handmade jewelry, bags, and textiles to intricate woodwork, artwork, delicious traditional food from ethnic groups of Myanmar and many more.
You all are cordially invited to participate in our event.
"When you support a small business, you are supporting a Dream."
✨⭐ မင်္ဂလာပါ အထူးအစီအစဉ်တစ်ခု လာပါပြီ⭐✨
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ လက်မှုပညာရှင်များကို အားပေးပံ့ပိုးနိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စျေးပွဲတော်တစ်ခု မကြာမှီ ပြုလုပ်မှာဖြစ်ကြောင်းအသိပေးအပ်ပါတယ်။
ဒီအစီအစဉ်ပြုလုပ်ရခြင်းဟာ မြန်မာ့လက်မှုပညာများကို နိုင်ငံတကာက အသိအမှတ်ပြုမှုကို တိုးတက်မြင့်မားစေဖို့နဲ့ နိုင်ငံရပ်ခြားဈေးကွက်မှာ မြန်မာ့ဖန်တီးရှင်များကို အားပေးမြှင့်တင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံ ထိုင်းနိုင်ငံသားတစ်ဉီးချင်းစီအတွက်လဲ တန်းတူအခွင့်အရေးရရှိစေဖို့ရည်ရွယ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ တောင်ဘက်စွန်းရှိ ဖန်တီးရှင်များရဲ့ ထုတ်ကုန်များကိုလဲ ဒီပွဲမှာ ခင်းကျင်းပြသဖို့ စီစဉ်ထားပါတယ်။
ဒီပွဲမှာ လက်ရာမြောက် လက်မှုပစ္စည်းများဖြစ်တဲ့ လက်ဝတ်ရတနာ၊ အိတ်နဲ့အထည်အလိပ်အမျိုးမျိုး၊ သစ်သားဖြင့်ပြုလုပ်ထားတဲ့လက်မှုလက်ရာများနဲ့ အခြားလက်မှုပစ္စည်းအမျိုးမျိုးကို စူးစမ်းလေ့လာခွင့်ရရှိမှာ ဖြစ်သလို မြန်မာ့တိုင်းရင်းသားရိုးရာအစားအစာများကိုလဲ မြည်းစမ်း အားပေးနိုင်မှာဖြစ်ပါတယ်။
ဒီပွဲမှာ လာရောက်အားပေးကြဖို့ အားလုံးကို လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား။
သင်က အသေးစားစီးပွားရေးလုပ်ငန်းများကို အားပေးခြင်းဟာ သူတို့ရဲ့အိပ်မက်ကို ကူညီဖြည့်ဆည်းပေးရာရောက်ပါတယ်။
ဒီလမှာလဲ ပြင်ဦးလွင်က Ei Local Skin Care Collection ဆိုင်လေးမှာ ရောင်းအားအကောင်းဆုံးစာရင်းဝင်လို့ ပျော်လိုက်တာ. အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်🙏🏻🩷🩷
🤩 " The best 10 Selling brands for October at Ei Local " 🫰⤵️
❄️ ရှမ်းမဈေးခြင်း- ShanMa Zay Chin
❄️ The Mix By Su
❄️ C I E L
❄️ N A N N
❄️ MEGA BEAUTY CARE
❄️ Kaido Myanmar & Lina’s Paradise
❄️ A Moe - အမိုး
❄️ Aroma By Lorna
❄️ DT Bathhouse & Sapindus Mandalay
❄️ Just Natural. & Be Still By Irene
🤗 အရင်လကထက် ရောင်းအားတိုးလာတဲ့ brand လေးတွေကတော့ ⤵️
❄️ Gorgeous by Moe
❄️ Myat's Creations
❄️ DermaSuri
❄️ NDW Organic Products
💨☺️ " ဆောင်းလေအေးတွေ နဲ့အတူ ကံကောင်းခြင်းအဖြာဖြာ ရောက်ရှိလာမယ့် November လလေးဖြစ်ပါစေလို့ " Ei Local မှ ဆုတောင်းပေးရင်း ...
❄️ Be Healthy, Wealthy & Happy for all ပါရှင်
🫶 Ei Local ကိုဝန်းရံပေးနေတဲ့ လေးစားရတဲ့ customer များအတွက် creations အသစ် အသစ်လေးတွေလည်း ယူလာခဲ့ပါအုန်းမယ်
☺️ Quality local skincare product collected by EI
𝑯𝒂𝒑𝒑𝒚 𝑯𝒂𝒍𝒍𝒐𝒘𝒆𝒆𝒏 🎃👻🖤
🎃👻Halloween ပွဲလေးမှာ အများကြားထဲ လင်းလက်ထင်းထွက် နေစေဖို့ DT ရဲ့ Pumpkin Shower လေးနဲ့ ရေချိုးသွားဖို့မမေ့နဲ့ဦးနော်✨✨✨
#မြန်မာပြည်တွင်ထုတ်လုပ်သည်
📣 DT ရဲ့ ချစ်ရသူလေးတွေထဲမှာ သီတင်းကျွတ်မုန့်ဖိုးမရသေးတဲ့သူရှိလား🫶DT ကပေးမယ်နော်😁
DT ကိုအမြဲစောင့်ကြည့်အားပေးနေကြတဲ့ ချစ်ရသူလေးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဖိုးပေးချင်လို့ pw ကိုနောက် 9:45pm ကျရင် comment မှာမန့်ပေးမယ်နော်.🩷
Good Luck🫶🍀
Trick or treat yourself because beautiful skin is no ghost story! 👻
DT ချစ်သူလေးတို့ရေ halloween အတွက် costume party လေးတွေ သွားမယ်ဆို DT ရဲ့ multipurpose Bye Bye smell လေးကို မမေ့ပါနဲ့နော် 💐💛
Halloween makeup look အတွက် 2nd face ဖြစ်စေနိုင်မယ့် Silky smooth hair လေးအတွက် Greentea shampoo နဲ့ conditioner bar လေးရယ် Hair serum လေးရယ်က မရှိမဖြစ်ပါပဲနော် 💛
Costume လှလှလေးနဲ့ ပေါ်လွင်ထင်ရှားတဲ့ အလှတရားအတွက် အသားအရေကို glow up လုပ်ပေးမယ့် exfoliating body polish လေးနဲ့ Body oil လေးကို တွဲဖက်သုံးပြီး Bewitching radiance လေးတွေ အပြည့်နဲ့ လှပနိုင်ကြပါစေ
Happy Halloween 👻🎃💛
#မြန်မာပြည်တွင်ထုတ်လုပ်သည်
သီတင်းကျွတ်လက်ဆောင် ကံထူးရှင်လေး ၅ ယောက်ပါရှင်😍🙈 Congratulations ပါနော်. 🩷
အမှန်ဆို မင်မင် မန့်ပေးတဲ့သူတွေ အားလုံးကိုပေးချင်တာပါ.🥰မပေါက်တဲ့သူတွေလဲ စိတ်မကောင်းမဖြစ်ပါနဲ့နော်. ပါဝင်ပေးလို့ မင်မင်တို့အရမ်းကိုကျေးဇူးတင်ချစ်ရပါတယ်.
ဒါကြောင့်မလို့ giveaway မပေါက်တဲ့မန့်ပိုင်ရှင်လေးတွေကိုလဲ သီတင်းကျွတ် အမှတ်တရအနေနဲ့ မန့်ထားတဲ့ ss လေးပြပေးရင် 𝟏𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 ပေးမယ်နော်🩷
ကံထူးရှင်လေးတွေကလဲ page cb မှာ လိပ်စာနဲ့ ဖုန်းလေးပေးပေးပါဦးနော်🫶🫶
အားလုံးပဲ ပျော်ရွှင်စရာသီတင်းကျွတ် အခါသမယလေးဖြစ်ပါစေရှင်🙏🏻🪔
#မြန်မာပြည်တွင်ထုတ်လုပ်သည် #သီတင်းကျွတ်လက်ဆောင်
ကဲ..မနက်ဖြန် သီတင်းကျွတ်လက်ဆောင်လေးဘယ်သူတွေကံထူးမလဲ…🙈
မင်မင်ကတော့ အမှတ်တရ မန့်လေးတွေဖတ်ပြီး အရမ်းကိုအားရှိဝမ်းသာရပါတယ်ရှင်. 🥰မန့်တစ်ခုချင်းစီတိုင်းက ရင်ကို heart 💘ထိတာမို့ အကုန်လုံးကိုလဲပေးချင်တယ်ပေါ့နော်.
ဒါကြောင့်မလို့ giveaway မပေါက်တဲ့မန့်ပိုင်ရှင်လေးတွေကိုလဲ သီတင်းကျွတ် အမှတ်တရအနေနဲ့ 𝟏𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 ပေးမယ်နော်🩷ကဲ..လိုချင်တာလေးတွေရှိရင် မန့်ထားတဲ့ ss လေးနဲ့ cb ကိုလာခဲ့လာခဲ့လိုက်တော့နော်.
မင်မင့်တို့ရဲ့ ချစ်ရတဲ့ customer လေးတွေအတွက် သီတင်းကျွတ်လက်ဆောင်ပေးချင်လို့🎁
DT ရဲ့ ဘယ်product ကိုအကြိုက်ဆုံးလဲ? ဘာလို့အကြိုက်ဆုံးလဲဆိုတာရယ်၊ သတင်းကျွတ်လက်ဆောင်အနေနဲ့ ဘယ်ဟာလေးလိုချင်လဲဆိုတာ အမှတ်တရ မန့်သွားပေးနော်.😊 မင်မင်တို့ 29 ရက်နေ့ညကျရင် အထက်ပါ အချက်အလက်ပြည့်ပြည့်စုံစုံ မန့်ထားတဲ့ထဲက ၅ ယောက်ကို မဲဖောက်ပေးသွားမယ်နော်🩷🩷
#မြန်မာပြည်တွင်ထုတ်လုပ်သည် #သတင်းကျွတ်လက်ဆောင်
📣DT ရဲ့ Pop-up Shop လေး မနက်ဖြန်ကစပြီး တနင်္လာထိ ၃ ရက်တိတိ ဝန်ကြီးများရုံးမှာရှိနေပါမယ်နော်🫶ပိတ်ရက်လေးမှာအပန်းဖြေရင် လာရောက်လည်ပတ်ဖို့ဖတ်ခေါ်ပါတယ်နော်🩷
Date : 28th, 29th, 30th, October, 2023
Time : 11:00 AM to 7:00 PM
Venue : The Secretariat Yangon(ဝန်ကြီးများရုံး)
⚠️ ဝင်ကြေး အခမဲ့ (အခမဲ့)
🎶🪔“သီတင်းကျွတ်ညလေး တစ်ညပြန်လည်ကာအမှတ်ရမိပါတယ်”🎵
သီတင်းကျွတ်လဲသိပ်မကြာခင်ရောက်တော့မှာဆိုတော့
-လူကြီးမိဘဆွေမျိုးတွေကိုကန်တော့မယ်..
-ဆရာဆရာမများ လက်ဆောင်ပေးမယ်..
စတဲ့ ကိုယ်ချစ်ရတဲ့ သူတွေအတွက် အမှတ်တရလက်ဆောင်ပေးဖို့ဆို DT မှာကိုယ်ကြိုက်တဲ့ product လေးတွေနဲ့ ခြင်းလေးစီစဉ်ပေးတာမို့ မျက်နှာပန်းလှတဲ့ ဂါရဝလက်ဆောင်ခြင်းလေးရှာနေတယ်ဆိုရင်တော့ DT လေးကိုသတိရလိုက်နော် ချစ်ရသူလေးတို့ရေ🫶☺️
#မြန်မာပြည်တွင်ထုတ်လုပ်သည် #သီတင်းကျွတ်လက်ဆောင်
Review မဖတ်ခင် ဒီ Body Polish ထုတ်ဖြစ်သွားရတဲ့ story အရင်ပြောပြမယ်နော်☺️
ဒီ polish လေးမထုတ်ခင် မင်မင်လေ သုံးနေကျ Singapore က Dead Sea Premier Arometic Salt Scrub လေးကိုအရမ်းကြိုက်တာ.
အဓိက သူ့နဲ့တိုက်ပြီးရင် အသားလေးက ချောမွတ်အိစက်ပြီးကျန်ခဲ့တဲ့ feeling နဲ့ result ကိုသိပ်သဘောကျတာ.☺️
ဒါပေမဲ့ သူ့ရဲ့ဆီအနံ့ကိုတော့ သိပ်မကြိုက်ခဲ့တာကတစ်ကြောင်း၊ Price အရလဲ S$100 ကျော်ဆိုတော့ အမြဲတမ်းသုံးဖို့ရာ effortable price ဟုတ်မနေတာရယ် ကြောင့် ကိုယ့်ဟာကိုယ်အနီးစပ်ဆုံး သူနဲ့တူတဲ့ result ရပြီး အနံ့ကအစတိုက်ပြီးရင် စိတ်ပါလန်းဆန်းသွားရမယ်ဆိုတဲ့ အနေအထားထိရအောင်စမ်းရင်း စိတ်ကြိုက်ဖြစ်တဲ့အချိန်ထုတ်ဖြစ်သွားခဲ့တာ ခုဆို ၃ နှစ်နီးပါးရှိပြီပေါ့. 😊
ဒါပေမဲ့ ခုချိန်မှာ ကိုယ်ရည်ရွယ်ပြီးထုတ်ခဲ့တဲ့အတိုင်း တစ်ထပ်တည်းခံစားမိတဲ့ သုံးစွဲသူစကားသံ feedback လေးပြန်ကြားရတော့ တကယ်အတိုင်းမသိပျော်ပြီး အသိအမှတ်ပြုပေးသလိုခံစားရတယ်. 😇😍
တကယ်ကျေးဇူးတင်ပါတယ် မသိမ့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ feedback review လေးပါပဲရှင်🫶🫶🫶
#မြန်မာပြည်တွင်ပြုလုပ်သည်
ညီမလေး Penny က Hair Serum နဲ့ Bye Bye Smell လေးသုံးပြသွားတယ်. ပျော်လိုက်တာ. ကျေးဇူးတင်ပါတယ်ရှင်😍😍😍
မင်္ဂလာပါရှင့်🪔
မင်မင်တို့ ဒီနေ့ စနေ နဲ့ တနင်္ဂနွေ (အောက်တိုဘာလ ၂၁၊၂၂ / ၂၀၂၃) မှာ DT လေး She Creates မှာရောက်နေပါပြီရှင့်.
သီတင်းကျွတ်ကာလမှာ မိမိချစ်ခင်ရတဲ့ လူကြီး၊ သူမများကို ကန်တော့ဖို့ လက်ဆောင်ပစ္စည်းလေးတွေလည်း ရှာဖွေရင်း တနေရာထဲမှာပဲ တပတ်တာ ပင်ပန်းမှုတွေကိုလည်း အနုပညာဖျော်ဖြေမှုများ၊ ရိုးရာအစားအစာများ နှင့် သီတင်းကျွတ်အခါ ဆီမီးထွန်းခြင်းများ၊ ဆီမီးကွက်အကဖျော်ဖြေမှုများ Unplugged Music Performance များလဲ ပါဝင်တာကြောင့်
သူမလက်ရာအိမ်ကလေးဆီသို့ ပိတ်ရက်လေးမှာ အပန်းဖြေရင်း လှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်။
Date : 21,22 October 2023 [Saturday, Sunday]
Time: 10am to 7pm
📍 SheCreates သူမလက်ရာ ပြခန်း
အမှတ် ၂၈၃၊ ဦးဝိစာရလမ်းပေါ်၊ ရှမ်းကုန်းလမ်းနှင့် မပို့လမ်းကြား က ခြံစည်းရိုးပန်းရောင်လေးပါရှင့်၊ KBZဘဏ်မျက်စောင်းထိုးလေးမှာပါ။
No.283, U Wisara Road, Sanchaung Tsp, Yangon, Myanmar (Burma).
ူမလက်ရာ
မနက်ကလေးတင် ပေးပို့လာတဲ့ ပီတိအားဆေးလေး💊🍀🩷
#မြန်မာပြည်တွင်ထုတ်လုပ်သည်
လာမယ့်စနေ၊တနင်္ဂနွေ(အောက်တိုဘာ၂၁၊၂၂)တွင် She Creates သူမလက်ရာ ရဲ့ Festival of Lights အစီအစဉ်လေးမှာ DT လေးလဲရှိနေပါမယ်ရှင့်။
တခြားတခြားသော စိတ်ဝင်စားစရာအစီအစဉ်နဲ့အတူ အမိုက်စားlocal brands လေးတွေလည်း ရှိနေမှာမို့ ဒီတစ်ခေါက်စနေ၊တနင်္ဂနွေအတွက်တော့ လာဖြစ်အောင်လာခဲ့လိုက်တော့နော်❤️
ဆရာကန်တော့ပွဲအတွက် ပြင်ဆင်ပေးခဲ့ရတဲ့ Pumpkin Shower လေးတွေ💛
ဆရာကန်တော့ပွဲအတွက်ဆိုပြီး DT products လေးတွေကိုအမြတ်တနိုး တန်ဖိုးထားရွေးချယ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻💛
သီတင်းကျွတ်မှာ ကိုယ်ချစ်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ Client & Business Partner တွေကို ခုလိုမြန်မာ့ထုတ်ကုန်လေးကို လက်ဆောင်အနေနဲ့ဖြစ်ဖြစ်၊ corporate gift အနေနဲ့ဖြစ်ဖြစ် ပေးချင်တယ်ဆိုရင်တော့ DT Bathhouse လေးကိုဆက်သွယ်ံပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်🩷🥰
#မြန်မာပြည်တွင်ပြုလုပ်သည် #သီတင်းကျွတ်လက်ဆောင်
ချစ်လိုက်တာ😍😍 Local လေးကို support လုပ်ပေးတဲ့အပြင် DT လေးကိုပါယုံယုံကြည်ကြည်သုံးစွဲပြီး sharing လုပ်ပေးတာကျေးဇူးတင်ပါတယ်ချစ်သောဖွေးရေ💛🫶
ဝမ်းသာရ ကျေးဇူးလဲတင်ရပါတယ်ရှင်🩷🩷🙏🏻
မင်မင့်တို့ရဲ့ ချစ်ရတဲ့ customer လေးတွေအတွက် သီတင်းကျွတ်လက်ဆောင်ပေးချင်လို့🎁
DT ရဲ့ ဘယ်product ကိုအကြိုက်ဆုံးလဲ? ဘာလို့အကြိုက်ဆုံးလဲဆိုတာရယ်၊ သတင်းကျွတ်လက်ဆောင်အနေနဲ့ ဘယ်ဟာလေးလိုချင်လဲဆိုတာ အမှတ်တရ မန့်သွားပေးနော်.😊 မင်မင်တို့ 29 ရက်နေ့ညကျရင် အထက်ပါ အချက်အလက်ပြည့်ပြည့်စုံစုံ မန့်ထားတဲ့ထဲက ၅ ယောက်ကို မဲဖောက်ပေးသွားမယ်နော်🩷🩷
#မြန်မာပြည်တွင်ထုတ်လုပ်သည် #သတင်းကျွတ်လက်ဆောင်
Omg!! Thank you ချစ်ရတဲ့ညီမချောလေးရေ🩷🩷🩷
𝑪𝒐𝒓𝒑𝒐𝒓𝒂𝒕𝒆 𝒈𝒊𝒇𝒕𝒔 🎀🎁
Thanks 🙏🏻
GGP ❤️😍
GGP ဆေးကုမ္ပဏီတစ်ခုအတွက် ပြင်ဆင်ပေးခဲ့ရတဲ့ GreenTea Shampoo, Pumpkin Shower, Hair Serum, Conditioner Bar & Soy Candle လေးတွေပါရှင့်💛
Corporate Gift အတွက် Local product လေးဖြစ်တဲ့ DT လေးကို ရွေးချယ်ပြီးအများကြီးရာချီအားပေးတဲ့ GGP ဆေးကုမ္ပဏီအား ကျေးဇူးအထူးပဲတင်ရှိပါတယ်🩷ဒီထပ်မက လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေတိုးတက်အောင်မြင်ပါစေ. 🙏🏻
Thank you GGP for trusting and having confidence in us💛
သီတင်းကျွတ်မှာ ကိုယ်ချစ်ရတဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ Client & Business Partner တွေကို ခုလိုမြန်မာ့ထုတ်ကုန်လေးကို လက်ဆောင်အနေနဲ့ဖြစ်ဖြစ်corporate gift အနေနဲ့ဖြစ်ဖြစ် ပေးချင်တယ်ဆိုရင်တော့ DT Bathhouse လေးကိုဆက်သွယ်ံပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်🩷🥰
Elevate your business relationship and show appreciation by choosing our products as Corporate gifts🎁
#မြန်မာပြည်တွင်ပြုလုပ်သည်
ပျော်လိုက်တာရှင်. ကျေးဇူးပါညီမလေးရယ်.🫶🫶
Bye Bye Smell လေးက alcohol မပါလို့ ဂျိုင်းချွေးနံ့လေးပါပျောက်ချင်ရင်လဲသုံးလို့ရတယ်နော်. 🩷🩷
DT Bathhouse : Body and Hair mist - Local [REVIEW]
ဒါလေးက ကိုယ်ကတစ်ဘူးဝယ် ကျန်တဲ့တဘူးက မသိမ့်လက်ဆောင်ပေးလိုက်တာ။ Body Mist တခြား brand သုံးနေတာရှိတယ်။ ယှဉ်ပြီး ပြောရရင် သိပ်မသိသာပေမဲ့ local brand ကပိုပြီးအနံ့စွဲတယ်။ ကဲနောက်မှ ယှဉ်ပြတော့မယ်နော်။
ဇူးအွန်က ခုတလော အပြင်ထွက်ရတာများတော့ lotion လိမ်းရင်ပူလို့ ရေမွှေးစွတ်ရင်လဲခေါင်းတွေမူးလာရော အဘွားကြီးရောဂါလေ 🥹 ဆိုတော့ Body Mist တွေပိုသုံးဖြစ်တယ်။ ဒါတောင် အနံ့က မွှန်ပြီး ခေါင်းကိုက်မှာကြောက်သေးတယ်။ ဒါပေမဲ့ DT bathhouse က Body mist 2 မျိူးလုံးက အနံ့ note လေးတွေသေချာလုပ်ထားတယ်လို့ခံစားမိတယ်။ Hotpot စားပြီး ခေါင်းကဝက်သားနံ့ရနေရင် ရွှီးရွှီး …. ပျင်းလို့ရေမချိူးချင်လဲ ရွှီးရွှီး အာ🤣 ပြောရမယ်ဆို ကို့လိုငပျင်းတွေအတွက် တော်တော် အံကိုက်တဲ့ product လေး။ ပြီးတော့ ကောင်လေးကချိုင်းအနံ့ထွက်လွန်းတော့ သူ့ကိုလဲဖြန်းပေးလိုက်တယ် မွှေးနေတာဘဲ အနံ့တွေကခေါင်းမကိုက်ဘူး။ ပန်းရောင်ဘူးလေးက Road trip : အဲ့တာက feminist ဆန်တယ်။ မိန်းကလေးတွေအတွက်ပိုသင့်တော်တယ်။ အပြာရောင်ဘူးလေးက Beach Day : သူကယောကျာ်းလေးတွေအတွက် အနံ့အေးအေးလေးနဲ့ ဆွဲဆောင်စေနိုင်တဲ့အနံ့၊ ရေမွှေးလို အနံ့မစွဲပေမဲ့ အင်ကျီပေါမှာဖြန်းထားတာတို့ ခေါင်းလျှော်ပြီးဖြန်းထားတာတို့ဆို တနေကုန်ခံပြီး တချက်တချက်ရတယ်။ ရေမွှေးဆို ဇူးအွန်က ခေါင်းမူးလို့ ဒါလေးတော့အသေကြိုက်တယ်။ 😙 Hair Serum လဲကြိုက်တယ်။ Local brand ထဲက support သင့်တဲ့ brand တခုနော်။ ဘယ်နေရာသွားသွား တချိန်လုံးသယ်လို့ အဖုံးတွေတော့မရှိတော့ဘူး။ 🥹
🛒: DT Bathhouse
Be your love Zueoun-up ✨
❗️Disclaimer: All my opinion above are based on my personal experience and not influence by the brand or its affiliates. It may work different with other people though, so use it with your own risk.
ဒီ Sat & Sun White Cottage Restaurant & Beer Garden ဆိုတဲ့ဆိုင်လှလှလေးမှာတွေ့ကြမယ်နော်ချစ်ရသူလေးတို့ရေ🩷🩷
ဒုတိယ Vendor လေးကတော့
သဘာ၀ထုတ်ကုန်တွေနဲ့အတူ ကောင်းမွန်တဲ့ ရနံ့တွေနဲ့ သိသာတဲ့ အာနိသင်ရဖို့ ဖန်တီးထားတဲ့ DT Bathhouse ဆိုတဲ့ Local Brand လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ✨
DT Bathhouse ဟာ ပြည်တွင်းဖြစ် ဓါတုလျော့ချ အလှကုန် နဲ့ လူသုံးကုန်ပစ္စည်းများကို ၂၀၁၈ ဒီဇင်ဘာမှာ စတင်တည်ထောင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး
ဖန်တီးမှုတိုင်းမှာ အတတ်နိုင်ဆုံးပြည်တွင်းမှာထွက်တဲ့ အသီး၊ အရွက်၊ ဆေးဘက်ဝင် သစ်ဥ သစ်ဖုများမှရတဲ့ အာနိသင်၊ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ရနံ့တွေနဲ့ ရောစပ်ပြီး နိုင်ငံတကာ အရည်အသွေးမှီ ထုတ်ကုန်လေးဖြစ်အောင်ကြိုးစားထုတ်လုပ်နေတဲ့ brand လေး တစ်ခုဖြစ်ပါတယ်.
ကျန်းမာပြီး အာဟာရဖြည့်စွမ်းပေးနိုင်တဲ့ ဆံပင်၊ အသားအရည်နဲ့ ခန္ဓာကိုယ်တွေ ဖြစ်လာအောင် DT Bathhouse ထုတ်ကုန်တွေကို အားထားအသုံးပြီးနိုင်ပြီး ပျော်ရွှင်ဖွယ်ဘဝတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
ကုန်ကြမ်းကောင်းမှ ထုတ်ကုန်ကောင်းမည်ဆိုတဲ့အတိုင်း ဖန်တီးမှုတိုင်းရဲ့ ကုန်ကြမ်းကို အရေအသွေးစစ်မှန်ကောင်းမွန်တဲ့ ကုန်ကြမ်းကိုသာ အဓိကထား အသုံးပြုထားတဲ့အပြင် အနံ့ အရည်အသွေး၊ သေသပ်ခတ်မှီတဲ့ ထုတ်ပိုးမှုတွေနဲ့ ပေါင်းစပ်ဖန်တီးထားပြီးပတ်ဝန်းကျင်ကြီးကို အကောင်းဆုံးထိန်းသိမ်းပေးနိုင်ရန် ထုပ်ပိုးမှုကိုလဲ eco-friendly နှင့် biodegradable ဖြစ်စေရန် အတတ်နိုင်ဆုံးကြိုးစား ပြင်ဆင်နေပါတယ်။
DT products လေးတွေကို နေ့တစ်နေ့ရဲ့ ပင်ပန်းနွမ်းနွယ်မှုတွေကို ပယ်ပျောက်ဖို့ အားထားအသုံးပြုနိုင်တဲ့နိုင်တဲ့အပြင် Corporate Gift, မွေးနေ့လက်ဆောင်မှ မင်္ဂလာဆောင်လက်ဆောင်များအထိ မည်သည့်အခါသမယအတွက်မဆို ပြီးပြည့်စုံသောလက်ဆောင်ကို ရှာဖွေနေတယ်ဆိုရင်တော့ DT လေးကသင့်အတွက်ပါ🤍
🟨GreenTea Shampoo
🟨Keratin Sulfate-Free Shampoo
🟨Silky Hair Serum
🟨Conditioner Bar
🟨Pumpkin Body Shower
🟨Exfoliating Body Polish
🟨Body Treatment Oil
🟨Soy Wax Candle
🟨Hair and Body Mist (Odour Remover)
📞09 446 432 977
ဘယ်တော့မှ review မပျက်တဲ့ Hair Serum လေးကြောင့် အားရှိရသောလေး🩷🩷🩷
#မြန်မာပြည်တွင်ထုတ်လုပ်သည်
မကြာခင်ကျရောက်တော့မဲ့ သီတင်းကျွတ်မှာ ဆီမီးပူဇော်ဖို့၊ လူကြီးမိဘတွေကိုကန်တော့ဖို့🙏🙏🙏
DT Soy Wax Candle လေးကို အရည်အသွေးမြင့် သဘာဝ ပဲဖယောင်း Soy Wax ဖြင့်ပြုလုပ်ထားပြီး Environmental friendly ဖြစ်တဲ့အပြင် မီးခိုးမှိုင်းနည်းပါးပြီး ရွေးချယ်စရာ ရနံ့ ၃ မျိုးထုတ်လုပ်ထားပါတယ်.
1.🍋🌱Citrus Explosion (Citronella+Lemon)
▪️For clear mind
ဒါလေးကတော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ အားလုံးလည်း ကြိုက်ပြီးတောင်းဆိုကြတဲ့ DT ရဲ့ Body polish အနံ့လေးပါပဲရှင့်။ Citronella+Lemon ရနံ့တို့ရဲ့ ပေါင်းစပ်မှုကြောင့် စိတ်ကို ကြည်လင်လန်းဆန်း အညောင်းအညာပြေကာ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး SPA ရောက်သွားတဲ့ခံစားချက်မျိုးရရှိစေမှာဖြစ်ပါတယ်။ သေချာလေး ရနံ့တွေကို ပေါင်းစပ်ထုတ်လုပ်ထားလို့ တနေ့တာမောပန်းနွမ်းနယ်သမျှကို ဖြေဖျောက်ပေးနိုင်ပြီး စိတ်ကလေးရှင်းသန့်ကြည်လင်စေဖို့ Citrus Explosion လေးက ကူညီပေးပါလိမ့်မယ်နော် ✨
2.🌹💜Confident Booster (Rose+Lavender)
▪️ For Calming & Soothing Anxiety
နှင်းဆီရဲ့ နှစ်သက်မြတ်နိုးခြင်း နဲ့ လဗင်ဒါ ရနံ့ရဲ့ စိတ်ဓါတ်ကျမှုကို တားစီးပေးနိုင်စွမ်းတို့ကို ပေါင်းစီးပေးလိုက်တဲ့အခါ စိုးရိမ်ပူပန်မှု stress တွေနဲ့ ထိတ်လန့်ကြောက်ရွံ့ခြင်းမျာကို လျော့ကျ သက်သာစေမယ့်အပြင် confident booster ဆိုတဲ့နာမည်လေးအတိုင်း စိတ်အားတက်ကြွ ကြည်နူးနွေးထွေးစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုတိုးစေမှာပါ အသေချာပဲမလို့ Depression လေးများ၀င်မယ်ကြံရင် Confident Booster လေးက ချစ်တို့အတွက် အသင့်ရှိနေပါ့မယ်နော် ✨
3.🪵💛Twilight Wood (Frankincense+ Sandalwood)
▪️ For calming & relaxing to support mindfulness and Meditation
Grounding ဖြစ်တဲ့ Frankincense EO, Sandalwood EO နဲ့ Cedarwood ရနံ့တို့ရဲ့ပေါင်းစပ်မှုကြောင့် relaxing and balancing ဖြစ်စေပြီး တောအုပ်ကြီးထဲရောက်သွားသလို စိတ်ရဲ့တည်ငြိမ်အေးချမ်းမှုကိုခံစားရစေမှာဖြစ်ပါတယ်။ ဘုရားပူဇော်ဖို့ဖြစ်ဖြစ် ၊တရားထိုင်၊ YOGA ဆော့ရင်းဖြစ်ဖြစ် စိတ်ကြည်လင်စေဖို့အသုံးပြုနိုင်ပါတယ်။ စိတ်လှုပ်ရှားစရာကိစ္စတွေနဲ့ ရွေးချယ်ရခက်တဲ့အခြေအနေတွေကို ကြုံနေရရင် ချစ်တို့ရဲ့စိတ်ကလေးကို အေးချမ်းတည်ငြိမ်သွားစေဖို့ Twilight Wood လေးက အကူညီပေးပါလိမ့်မယ်နော် ✨
🕯ဒါ့အပြင် DT ရဲ့ soy wax candle လေးက သစ်သားမီးစာလေးတွေကို အသုံးပြုထားတာဖြစ်ပါတယ်။ သစ်သားမီးစာတွေရဲ့ထူးခြားချက်က ထွန်းထားလိုက်တဲ့အချိန်မှာ သူတို့စီက ညင်သာတဲ့ တစ်ဖျောက်ဖျောက် တီးလုံးသံလေးရယ် လှပတဲ့မီးတောက်ရယ်နဲ့အတူ သစ်သားမီးစာနဲ့ scented wax တို့ပေါင်းပြီးထွက်လာတဲ့ ပိုမိုအားကောင်းတဲ့ မွှေးရနံ့လွင်လွင်လေးရယ်အပြင် မီးခိုးငွေ့မထွက်တဲ့အတွက် clean burn လဲ ဖြစ်စေပါတယ်. သေချာ ဂရုစိုက်ပေးပါက နာရီပေါင်းများစွာပို အထွန်းခံစေပါတယ်။
ဒါဆိုရင်တော့ သတင်းကျွတ်မှာ ဘုရားပူဇော်ဖို့ဖြစ်စေ၊ လူကြီးမိဘတွေကို ကန်တော့ဖို့ပဲဖြစ်စေ၊ တရားထိုင်၊ YOGA ဆော့ရင်းဖြစ်ဖြစ် စိတ်ကြည်လင်စေဖို့အတွက်အသုံးပြုဖို့ဖြစ်စေ ရွေးချယ်ဖို့ဆို DT ရဲ့ Soy Wax Candle လေးကိုသတိရလိုက်နော်. 🩷
#မြန်မာပြည်တွင်ထုတ်လုပ်သည် #ဆီမီးတစ်ထောင် #ပဲဖယောင်း
ကဲ..ချစ်ရတဲ့ ကာကာပြောသလိုပဲ DT ရဲ့ Body Oil သုံးပြီးရင် Lotion တောင်မသုံးချင်တော့ဘူးဖြစ်သွားမယ်နော်😁🩷
#မြန်မာပြည်တွင်ထုတ်လုပ်သည်
Click here to claim your Sponsored Listing.
DT Bathhouse
ကျွန်မချစ်ရတဲ့ DT Bathhouse-Organic shampoo,shower, body polish လေးတွေအကြောင်း
သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့အေးလေးနဲ့ Organic ဆိုတဲ့အတိုင်း သဘာဝအသီးအနှံတွေနဲ့ပြုလုပ်ထားတာမို့
ဘေးထွက်ဆိုးကျိုးလုံးဝမရှိစေဘဲ ကျန်းမာရေးထောက်ခံချက်လည်းရရှိထားပြီးဖြစ်တဲ့
DT Bathhouse ရဲ့ Organic shampoo,shower, body polish လေးတွေကို အမြို့မြို့အနယ်နယ်ရှိ Agent လေးတွေဆီမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်
Videos (show all)
Category
Telephone
Website
Address
90C4, Shwe Taung Gyar 1 Street, Bahan
Yangon
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Thudama Road, Thiri Yadanar Wholesale Market , North Okkalarpa
Yangon, 11031
အသားရေ ကြည်လင် ဖြူဝင်စေပီး တင်းတိတ် အမဲစက် ဝက်ခြံကို သက်သာပျောက်ကင်းစေတဲ့ MANA Brand
ကျန်စစ်သားလမ်း, (၁၀၈)ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်
Yangon, HARMONY
We are selling Thailand & Korea cosmetic, skin care