Myanmar Pomelo Producer and Exporter Association - MPPEA

ျမန္မာနိုင္ငံ ကြၽဲေကာ စိုက္ပ်ိဳးထု?

Photos from Myanmar Pomelo Producer and Exporter Association - MPPEA's post 07/11/2023

ပဲခူးတိုင်း ကျွဲကော အစုအဖွဲ့ နှင့် ရန်ကုန်တိုင်း ကျွဲကော အစုအဖွဲ့ ပြန်လည် ဖွဲ့စည်းခြင်း

Photos from Myanmar Pomelo Producer and Exporter Association - MPPEA's post 07/10/2023

မွန်ပြည်နယ်ကျွဲကောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း
၇ရက် အောက်တိုဘာလ၂၀၂၃ မော်လမြိုင်မြို့ မွန်ပြည်နယ်

25/07/2023

"GACC မှ သစ်သီးဝလံတင်ပို့သည့် ကုမ္ပဏီများစာရင်းတောင်းခံလာမှု"

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံ တင်ပို့ခြင်းလုပ်ငန်းများ အဆင်ပြေစွာ ‌ဆောင်ရွက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစားအစာ လုံခြုံရေးဥပဒေ (Food Safety Law of the People’s Republic of China) သတ်မှတ်ချက်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော သစ်သီးဝလံအစိမ်းများ၏ ထုတ်လုပ်ရေး/အချောကိုင်/ထုပ်ပိုးခြင်းလုပ်ငန်းများစာရင်းအား ပြုစုပေးပို့ရမည်ဖြစ်ပါသဖြင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့သူများအနေဖြင့် မိမိတို့၏ခြံအမည်စာရင်းကို ပုံပါအချက်အလက်များအတိုင်း (၂၄.၇.၂၀၂၃) ရက်နေ့ (တနင်္လာနေ့) နောက်ဆုံးထား၍ အသင်းရုံး Viber ဖုန်း-၀၉ ၄၃၁၂၇၆၅၆ (သို့မဟုတ်) [email protected] သို့စာရင်းပေးပို့နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

(တင်ပို့ခွင့်ပြုလျက်ရှိသော ကုန်ပစ္စည်းစာရင်း (တောကြက်မောက်သီး၊ မင်းဂွတ်သီး၊ လိုင်ချီးသီး၊ ကုလားဇီးသီး၊ ဖရဲသီး၊ သခွားမွှေး၊ ကြက်မောက်သီး၊ သရက်သီး)

25/07/2023

မြန်မာနိုင်ငံ၏ အချက်အလက်အခြေပြု အနာဂတ်ကို USAID ပညာသင်ဆုက ထောက်ပံ့အားဖြည့်ပေးလျှက်ရှိ

USAID ရန်ပုံငွေထောက်ပံ့ထားသော လင်ကွန်းပညာသင်အစီအစဥ်မှ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ အွန်လိုင်း သုတေသနအ၀င်းအ၀ိုင်းလေးတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ၎င်း၏ပထမဆုံး Impact Award ကို ပေးအပ်သွားမည်ဖြစ်သည်။ ယခုအစီအစဉ်တွင် ‌အလယ်အလတ်ကျွမ်းကျင်ပညာရှင်များ ဆီသို့ ဦးတည်သည့်ဒေ‌တာကျွမ်းကျင်တတ်မြောက်မှု၊ ပရိုဂရမ်ရေးဆွဲမှု၊ စာရင်းအင်းဆိုင်ရာ လေ့လာသုံးသပ်မှု နှင့် သုတေသနနည်းစနစ်ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲများလည်း ပါဝင်မည်ဖြစ်သည်။ ယခုလုပ်ဆောင်ချက်သည် အထောက်အထားအခြေပြု မူဝါဒချမှတ်ခြင်း၊ ပရော်ဖက်ရှင်နယ်ကွန်ရက်ချိတ်ဆက်ခြင်း နှင့် ပူးတွဲလုပ်ဆောင်ရန် အခွင့်အလမ်းများရှာဖွေခြင်း စသည်တို့တွင်ပါ၀င်လုပ်ကိုင်ကြမည့် ပရော်ဖက်ရှင်နယ် အသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်လာရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည်။ လင်ကွန်းပညာသင်ဆုကျောင်းသားများကွန်ရက်မှတဆင့် မြန်မာနိုင်ငံမှ ပညာတော်သင်များအား အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားစဉ်က ရရှိခဲ့သော အသိပညာနှင့်ကျွမ်းကျင်မှုများကို တိုင်းပြည်ပြောင်းလဲ တိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချနိုင်ရန် USAID မှ ရန်ပုံငွေများထောက်ပံ့ပေးလျက်ရှိသည်။

USAID Scholarship Award Supports Burma’s Data-Driven Future

The USAID-funded Lincoln Scholar Program’s (LSP) will be issuing its first Impact Award to support the development of a virtual public policy research lab. The program will also include a series of online capacity development workshops on data literacy, programming, statistical analysis, and research methodology geared towards mid-career professionals. This activity will help to create a community of professionals engaged in evidence-based policymaking, professional networking, and collaboration opportunities. Through the LSP Alumni Network, USAID provides funding to scholars from Burma to utilize the knowledge and skills acquired during their study in the United States for service activities to promote positive change in Burma.

Photos from Myanmar Pomelo Producer and Exporter Association - MPPEA's post 23/07/2023

ကျွဲကော ရေသွင်းစိုက်ပျိုးခြင်းနှင့် အရည်အသွေးမြင့် ထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် နည်းစနစ်များအကြောင်း (၂)ရက်တာ ကျင်းပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲ အတွက် ကမကထပြုလုပ်ပေးခဲ့သော မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမံ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MFVP) နှင့် Agri Innovation Fund in ASEAN (AIF) တို့ကို အထူးကျေးဇူးတင်ပါသည်။
ထပ်မံ၍ အဖွင့်အမှာစကားပြောကြားပေးပါသော MFVP ၏ ဥက္ကဌ ဦးစိုးသန်းမင်းဒင်၊ နှုတ်ခွန်းဆက်စကား ပြောကြားပေးပါသော AIF မှ Head of Component မပြည့်ပြည့်ပွင့်၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးပေးကြပါသော မြန်မာနိုင်ငံ ကျွဲကော စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MPPEA) ဥက္ကဌ ဦးမြင့်သိန်း၊ MSE ကုမ္ပဏီ ဒါရိုက်တာ ဦးမိုးမြင့်ကျော် နှင့် ATC ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးအောင်မျိုးဦး၊ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသော ဒေသအသီးသီးမှ ခြံလုပ်ငန်းရှင်များ၊ ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

Photos from UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry's post 15/07/2023
10/07/2023

အရည်အသွေးကောင်းတဲ့ ကျွဲကောစိုက်ပျိုးထုတ်လုပ်မယ်ဆိုရင် နည်းစနစ်မှန်ကန်ဖို့ သင့်လျော်သည့်အချိန်ကာလ လိုအပ်သည့် ရေပမာဏတို့ ကိုက်ညီမှသာ အဆင်ပြေမှာပါ🔹🔹🔹
စတင်စိုက်ပျိုးရန်ကြိုးစားနေသူများကို အသိပညာများ ဝေမျှပေးရန် 🔹လက်တွေ့ဆောင်ရွက်နေသူများ အချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်ရန် 💠💠💠
၂၀၂၃ခုနှစ် ဇူလိုင်လ ၂၂-၂၃ ရက်များမှာ တက်ရောက်နိုင်ဖို့ ကြိုတင်စာရင်းပေးသွင်းကြပါ🔷🔹🔷
အကြောင်းအရာနှင့် ဟောပြောဆွေးနွေးမည့်သူများ🟩
1️⃣ အရည်အ‌သွေးကောင်း ကျွဲကောစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းစနစ်များနှင့် အချိန်ကာလအလိုက် ရေလိုအပ်မှု အရေးကြီးခြင်း (ဦးမြင့်သိန်း၊ ဥက္ကဌ၊ မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း)
2️⃣ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ရေအရင်းအမြစ် (ဦးအောင်မျိုးဦး၊ အင်ဂျင်နီယာ၊ ATC Supply)
3️⃣ Automation System (ဦးမိုးမြင့်ကျော်၊ Director, MSE)

18/02/2023

၂၀၂၃ခုနှစ် ဖေော်ဝါရီလ (၁၇)ရက်နေ့က သထုံမြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဥိးစီးဌာနမှ ကြီးမှူးကျင်းပသော ဝဥနှင့် ကျွဲကောသီးနှံ တို့အတွက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဥက္ကဌဦးမြင့်သိန်း တက်ရောက် ဆွေးနွေး တင်ပြခဲ့ပါသည်။

18/02/2023

ကြၽဲေကာပင္ စိုက္ပ်ိဳးျခင္းႏွင့္ ျပဳစုပ်ိဳးေထာင္ျခင္း (၈)

က်ေရာက္တတ္ေသာ ပိုးမႊားမ်ားႏွင့္ ကာကြယ္ႏွိမ္ႏွင္းျခင္းတို႔ကို ဇယားတြင္ ၾကည့္ပါ။

# # #

ကျွဲကောပင် စိုက်ပျိုးခြင်းနှင့် ပြုစုပျိုးထောင်ခြင်း (၈)

ကျရောက်တတ်သော ပိုးမွှားများနှင့် ကာကွယ်နှိမ်နှင်းခြင်းတို့ကို ဇယားတွင် ကြည့်ပါ။

Photos from ႏွစ္႐ွည္ပင္ စိုက္ပ်ိဳးေရး ဝန္ေဆာင္မႈ့ လုပ္ငန္း's post 18/02/2023
17/01/2023

Annual Meeting တွင် လစ်လပ်နေရာများအတွက်အစားထိုးခန့်အပ်ခြင်းများလည်းပြုလုပ်ရန်ရှိပါသဖြင့် အသင်းသားများ စုံညီစွာတက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်

Photos from စိုက်ပျိုးရေး's post 21/12/2022
21/12/2022

🚛 လာမယ့် ၂၀၂၃ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော်စီးပွားရေးမြှင့်တင်သွားနိုင်ဖို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၄ နိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဂိတ်အားလုံးကို ပြန်ဖွင့်ဖို့စီစဉ်နေတယ်လို့ ထိုင်းနိုင်ငံခြား ကုန်သွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

🚒 နယ်စပ်ဖြတ်ကျော်ကုန်စည်သယ်ယူပို့ဆောင်မှုတွေ အဆင်ပြေချောမွေ့စေဖို့ မလေးရှား၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဂိတ် ၉၇ ခုလုံး ပြန်ဖွင့်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာနညွှန်ကြားရေးမှူးချုပ် ရွန်နာရောင်းဖူးပီပက်က ပြောလိုက်တာပါ။

ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့မှာ ကုန်စည်ပြပွဲတွေ ပြုလုပ် သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

🚒 ကုန်စည်စီးဆင်းမှုလွယ်ကူအဆင်ပြေစေဖို့ သက်ဆိုင်ရာဥပဒေတွေကို ခေတ်နဲ့ညီဖို့လုပ်တာ၊ ပို့ကုန် တင်ပို့သူတွေရဲ့မှတ်ပုံတင်ခြင်း၊ ပါမစ်သက်တမ်းတိုးခြင်း စတဲ့ ဌာနဆိုင်ရာဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်တာတွေကို လုပ်ဆောင်သွားမယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ရွန်နာရောင်းဖူးပီပက်က ဆိုပါတယ်။

🚒 ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကနေ ထိုင်းဘတ် ၁ ထရီလျံ လောက် အကျိုးအမြတ်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ တရုတ်၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဆီ ပို့ကုန်တင်ပို့သူတွေကတော့ သင်္ဘော၊ လေကြောင်း တင်ပို့မှုတွေကို ပိုမိုရွေးချယ် လာကြတယ်လို့ သိရပါတယ်။

🚛 ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာနအနေနဲ့ ထိုင်းလယ်ယာထွက်ကုန်တွေကို ဈေးကွက်မြှင့်တင်ဖို့ ရှိပြီးသား နိုင်ငံတကာဈေးကွက်တွေအပြင် ဈေးကွက်အသစ်တွေမှာပါ ပြပွဲတွေပြုလုပ်သွားဖို့ရှိပြီး အထူးသဖြင့် ထိုင်းဆန်ကို ပရိုမိုးရှင်းဆင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း ထိုင်းဆန်ကို ပြည်ပ တင်ပို့မှုအနေနဲ့ တန်ချိန် ၇.၅ သန်း ပစ်မှတ်ထားဆောင်ရွက်ခဲ့ပေမဲ့ ပစ်မှတ်ကိုကျော်လွန်ပြီး တန်ချိန် ၈.၅ သန်းထိ တင်ပို့နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref; https://bit.ly/3Wz0n59

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Green Way app ယူရန်
Android - http://bit.ly/greenwaymyanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/
Channels
Telegram - https://t.me/greenwaymyanmar
Viber - https://bit.ly/3OMSLJo
Fb Group - https://bit.ly/3yeE0sO
Youtube - youtube.com/c/GreenWayapp
#ထိုင်းနယ်စပ်ကုန်သွယ်ရေး

21/12/2022

စိုက်ပျိုးမြေကောင်း🍚မကောင်းစမ်းသပ်နည်း
===============================
ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့ ၄၊ ၅ နေရာကမြေကြီး လက်တဆုပ် ကျုံးပါ။

ရေသန့်ဗူးလွတ်ထဲထည့်ရေအပြည့်ထပ်ဖြည့်ပြီး အဖုံးကို မတင်းမလျော့ ဖုံးပေးပါ။

အရိပ်ရပြီး ခြောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ။
ဗူးကို လုံးဝမလှုပ်စေရပါ။

မြေကြီးကျုံးတဲ့နေရာဟာမြေသြဇာ တိရိစ္ဆာန်ချေး၊ ဘိုကာချီ အီးအမ်၊ အင်ဇိုင်း နဲ့ အမိုင်နို ၊ဟော်မုန်းဆေးတွေ ဖျန်းထားတဲ့နေရာ မဖြစ်ရပါဘူး

(၂၁) ရက် ကျော်ကြာလာရင် ပုံစံပြောင်းလာရပါမယ်။

အောက်ပါတို့ဟာ အဖြေ ဖြစ်ပါတယ်။

၁။ အရောင်မပြောင်းဘူးကြည်လင်နေတယ် ဆိုရင် သင့်ခြံမှာ မြေဆီ မြေနှစ် မရှိတော့သလောက်ဖြစ်နေပါပြီ။

၂။ အနည်းငယ်နောက်ကျိနေမယ်ဆိုရင်
သင့်ခြံဟာ အလယ်အလတ် အဆင့်ပါ။

၃။ နီညိုရောင် စိမ်းပြာပုပ်ရောင်ဆိုရင်တော့ သင့်ခြံ ဟာ GOOD ပါ။

မြန်မာနိုင်ငံ ရဲ့ လယ်မြေတွေကို
စမ်းသပ်ကြည့်လိုက်ရာ ရေအရောင်ဟာ
အကြည်လင်ဆုံး ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်

သစ်တောကြီးတွေရဲ့အောက်ကမြေကို
စမ်းကြည့်ရာ နီညိုစိမ်းပြာမဲပုပ်နေတာတွေ့ရပါတယ်
Credit original uploder

21/12/2022

🌾 ဆန်လက်ကျန်စာရင်းဟာ နှစ်ကုန်ရောက်ရင် တန်ချိန် ၃၂၁၀၀၀ လောက် အပေါင်းပြလာနိုင်ပေမဲ့ ဒီမဆိုစ‌လောက် ပမာဏဟာနိုင်ငံအတွက် ကိုးရက်စာမျှသာ လုံလောက်တယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။
======================================

🌾 ဖိလစ်ပိုင်ထံ ဆန်အများဆုံး တင်ပို့နေတာက ဗီယက်နမ်ဖြစ်ပြီး သူ့နောက်မှာ မြန်မာနဲ့ ထိုင်းတို့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

🌾 ဖိလစ်ပိုင်နိုင်ငံမှာ ဆန်စပါးထုတ်လုပ်မှုကျဆင်းပြီး စားသုံးအား မြင့်တက်ကာ ဆန်ပြတ်လပ်လာနိုင်တာကြောင့် လာမဲ့နှစ်အတွင်း ဆန် တန်ချိန် သုံးသန်းထက်မနည်း တင်သွင်းဖို့ လိုအပ်နိုင်ကြောင်း လွတ်လပ်သောတောင်သူလယ်သမားများအဖွဲ့ (FFF) က ခန့်မှန်းလိုက်ပါတယ်။

🌾 FFF အဖွဲ့ခန့်မှန်းချက်အရ လာမဲ့နှစ် တတိယသုံးလပတ်လောက်မှာ ဖိလစ်ပိုင် ဆန်လက်ကျန်စာရင်းဟာ တန်ချိန် ၄၂၇၀၀ လောက် အနုတ်ပြနိုင်တယ်လို့ သိရပါတယ်။

🌾 ဆန်လက်ကျန်စာရင်းဟာ နှစ်ကုန်ရောက်ရင် တန်ချိန် ၃၂၁၀၀၀ လောက် အပေါင်းပြလာနိုင်ပေမဲ့ ဒီမဆိုစ‌လောက် ပမာဏဟာနိုင်ငံအတွက် ကိုးရက်စာမျှသာ လုံလောက်တယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

🌾 "၂၀၂၃ ဇူလိုင်လလောက်ဆိုရင်တောင် ဈေးနှုန်းအပေါ် ဖိအားသက်ရောက်မှု တိုးလာပါလိမ့်မယ်။ ပထမနှစ်ဝက်ရဲ့ ဆန်လက်ကျန်ဟာ တစ်လစာလောက်သာ လောက်ငတဲ့ပမာဏ ဖြစ်နေမှာကြောင့်ပါ" လို FFF အဖွဲ့ဥက္ကဋ္ဌ Leonardo Montemayor က ပြောပါတယ်။

🌾 ဆန်လက်ကျန်ကျဆင်းလာရတာဟာ ၂၀၂၂ အတွင်းတစ်နှစ်တာဆန်ထုတ်လုပ်မှု နိမ့်ကျခဲ့ခြင်းနဲ့ လာမဲ့နှစ် ပထမနှစ်ဝက်မှာလည်း အလားတူအထွက်နှုန်းသာ ရှိနိုင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ တောင်သူလယ်သမားအဖွဲ့က ထုတ်ပြန်ပါတယ်။

🌾 နိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးပွားလာတာနဲ့အညီ လာမဲ့နှစ် ဆန်စာသုံးမှုဟာ ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ အဖွဲ့က ခန့်မှန်းပါတယ်။

🌾 "ကျွန်တော်တို့ နောက်နှစ်ထဲမှာ ဆန်တန်ချိန် သုံးသန်းကနေ ၃ ဒသမ ၄ သန်းကြား တင်သွင်းဖို့ လိုပါမယ်။ ဒါမှသာ နောက်နှစ်ကုန်မှာ နိုင်ငံအတွက် ရက် ၉၀ စာ ဖူလုံတဲ့ ဆန်လက်ကျန် ဖြည့်တင်းနိုင်မှာပါ" လို့ Montemayor က ပြောပါတယ်။

🌾 အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန USDA က ဓာတ်မြေဩဇာစရိတ်စက ကြီးမြင့်မှုအပြင် စက်တင်ဘာလကုန်ပိုင်းက လူဇွန်ပြည်နယ်မှာ တိုက်ခတ်သွားတဲ့ နိုရူတိုင်ဖွန်းမုန်တိုင်းတို့ကြောင့် ဖိလစ်ပိုင်ဆန်ထုတ်လုပ်မှု နိမ့်ကျနိုင်ပြီး ၂၀၂၃ နှစ်လယ်အထိ ဆန်ပိုမိုတင်သွင်းသွားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

🌾 USDA က ဖိလစ်ပိုင်အနေနဲ့ ၂၀၂၃ အတွင်း ဆန်တန်ချိန် ၃ ဒသမ ၄ သန်း တင်သွင်းရမယ်လို့ အသစ်ထုတ်ပြန်လိုက်တာကြောင့် ယခင်ခန့်မှန်းချက် တန်ချိန် ၃ ဒသမ ၃ သန်းထက်တောင် ပိုများတာ တွေ့ရပါတယ်။

🌾 နိုရူမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံထဲကို ဝင်ရောက်လာကာ နိုင်ငံဆန်အိုးကြီးဒေသလို့ ဆိုကြတဲ့ လူဇွန်ပြည်နယ် အလယ်ပိုင်းက ရိတ်သိမ်းခါနီး စပါးများစွာကို ဖျက်စီးပစ်ခဲ့ပါတယ်။

🌾 တစ်ဖက်မှာတော့ ကြီးမြင့်လှတဲ့ မြေဩဇာဈေးကြောင့် တောင်သူတွေ မြေဆီ မဖြစ်မနေ လျှော့ချသုံးစွဲလာရပြီး စပါးအထွက်နှုန်ကလည်း သုံးရာခိုင်နှုန်းလောက် လိုက်ပါကျဆင်းခဲ့ပါတယ်။

🌾 ဒါကြောင့် USDA က ၂၀၂၂ ဇူလိုင်ကနေ ၂၀၂၃ ဇွန်လအတွင်း ဖိလစ်ပိုင်ရဲ့ ဆန်ထုတ်လုပ်မှု တန်ချိန် ၁၂ ဒသမ ၄၁၁ သန်း ရှိမယ်လို့ ခန့်မှန်းခဲ့ရာကနေ တန်ချိန် ၁၁ ဒသမ ၉၇၅ သန်းသာ ထွက်ရှိတော့မယ်လို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

🌾 ဖိလစ်ပိုင်ဟာ ယခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ ဆန်တန်ချိန် ၃ ဒသမ ၅၄ သန်း တင်သွင်းထားတာကြောင့် မနှစ်က တစ်နှစ်လုံး တင်သွင်းမှု တန်ချိန် ၂ ဒသမ ၇၇ သန်းထက် ၂၇ ဒသမ ၇၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖိလစ်ပိုင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဌာန (BPI) က ထုတ်ပြန်ပါတယ်။

🌾 ဖိလစ်ပိုင် ဆန်မှာယူတင်သွင်းတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြန်မာ၊ ပါကစ္စတန်၊ စင်္ကာပူ၊ စပိန်၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ကြောင်း BPI ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

🌾 ဒီနှစ်ထဲမှာ ဗီယက်နမ်က ဖိလစ်ပိုင်ထံ ဆန်ရောင်းချမှုအများဆုံးအဖြစ် တန်ချိန် ၂ ဒသမ ၉၆ သန်း တင်ပို့ထားပါတယ်။ ဗီယက်နမ်နောက်မှာတော့ မြန်မာနိုင်ငံက ဖိလစ်ပိုင်ထံ တင်ပို့မှု ၂၃၁၇၃၈ တန်၊ ထိုင်းက ၁၇၂၂၄၅ တန်တို့နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Philippines may import 3 million MT rice next year – FFF - PhilStar

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Green Way app ယူရန်
Android - http://bit.ly/greenwaymyanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/
Channels
Telegram - https://t.me/greenwaymyanmar
Viber - https://bit.ly/3OMSLJo
Fb Group - https://bit.ly/3yeE0sO
Youtube - youtube.com/c/GreenWayapp
#ဖိလစ်ပိုင်ဆန်တင်ပို့မှု

21/12/2022

ရေရောင်းရင်တောင်
++++++++++++
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀ ရွှေတိဂုံ ဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့်က ယခု တရုပ်ကုန်သည်ကြီးများအသင်း ယခင် စီးပွားရေးဘဏ်ထဲ အလုပ်ကလေး တစ်ခု အားလို့ နောက်တစ်ခု မသွားခင် ... အားလပ်ချိန်လေး ဧည့်သည်ထိုင်ခုံလေးမှာထိုင် လွယ်အိပ်ကလေးထဲက စာအုပ်ထုတ်ဖတ်နေတုန်း ဘဏ်ကိုလာနေကြ ဝေနေယသုခ ရေချမ်းစင် အသင်းက ဘဘ ကြီးက
ဟိတ် ကလေး မင်းဘာတွေဖတ်နေတာလဲ ကျွန်တော် ဆရာကြီးမင်းသိင်္ခ ရဲ့ စာအုပ်ဖတ်နေတာ ဘဘ .... ဆရာကြီးရဲ့ ဘဝကလည်း ကြမ်းလိုက်တာ ဗျာ ...
အတက်အကျတွေက တအားကြမ်းတာဘဲ ...
အေး ကွ ဘဝဆိုတာ ဒါမျိုးဘဲကွ အတက်အကျ လှိုင်းဒါဏ်ကို ခံနိုင်တဲ့လူ လောကဓံ တရားကို ခံနိုင်တဲ့လူက သာ နောက်ဆုံးလွတ်မြောက်တာကွ ...
မင်းအသက်ကြီးလာရင် တွေ့လိမ့်မယ် ဟိုမှာတွေ့လား ရေခဲရေ သည် ...
မင်း ရေ ဆာရင် ဝယ်သောက်လိုက်ရုံဘဲ သူနဲ့ပါတ်သက်လို့ ဘာမှ မခံစားရဘူး မှလား ....
အေး မင်းကဘဲ မခံစားရတာလေ ... ဒီဘက်က သန့်ပြန်နေတော့ သောက်သူများတာကို ဟိုဘက်က အသည်က ကြည့်နေတယ် တွေ့လား သူက ပေတီးပေစုတ်ဆိုတော့ လူတွေက ဘယ်သောက်မလဲကွ ...
လူဆိုတဲ့အမျိုးက ကိုယ်သာ နေချင်သလို နေမယ် ပိုက်ဆံ ပေးရတဲ့အခါကြတော့ အကောင်းချည်း လိုချင်တာကွ .... လူတွေက လူအလုပ် လူလုပ်တာကွ ...
သူ့မသန့်ဘူး ထင်လို့ လူတွေက မသောက်တာကွ ... သန်ရှင်းအောင်လည်း မပြင်ဆင်ထားဘူးလေ ... သူရောင်းမကောင်းတာ ဟိုဘက်ကအသည် ကြောင့်ဘဲ ထင်နေတာ ... ဟိုအသည်မရှိလည်း သူ့ဆီက မသောက်ဘူးကွ ပုံးကြည့်တာနဲ့ သောက်ချင်စရာမှ မရှိတာ ....
အဲ့ဒါကို ကြည့်ရင်ကို မင်းဖြန့် စဉ်းစားလို့ရတယ် ...
မင်းဘဝအတွက် မင်းအသင့်ပြင်ထား ပညာလည်းသင် အကုန်ပြင်ထားပေတော့ မင်းက ငယ်ပါသေးတယ် အသက်က ၁၅ - ၁၆ ဘဲ ရှိသေးတာဘဲ အများကြီးလုပ်နိုင်သေးတယ် ဘဘ တို့က အသက်ကြီးပြီ အခုဘဲ ခုနှစ်ဆယ်ရောက်နေပြီ ....
ဘေးရန် ကင်းပါစေလို့ ဆုတောင်းတက်ကြပေမယ့် .... ဘေးကင်းရန်ကွာ ကျော်လွှားနိုင်ပါစေ လို့ ငါတော့ မင်းအတွက် ဆုတောင်းပေးလိုက်မယ်ကွ ဒါက ပိုအသုံးတည့်မှာပါ မင်းဘဝအတွက် .
မင်းသိထားဖို့ အသိမလွတ်ဖို့က လမ်းဘေး ရေရောင်းစားရင်တောင် မင်းအတွက် ရန်သူဆိုတာ ရှိတယ်ကွ ... ဒါက ထုံးစံဘဲ ....
လောကမှာ အေးအေးဆေးဆေးဆိုတာ မရှိဘူး ဘာမှ မလုပ်ရဲလို့ တောင်းစားလည်း သူတောင်းစားကို ခွက်စောင်းခုတ်ကြဦးမှာဘဲမို့ .... လုပ်စရာ ရှိတာ လုပ်ကွ ဆော်စရာရှိရင်လည်း ဆော်သာဆော်ပါ
အေးအေးဆေးဆေး ဆိုတာ ဘယ်မှာမှ မရှိပါဘူးကွာ .... သေရင်တောင် နောင်မသေမချာ နဲ့ ဘာမှ ရေရေ ယာယာ မရှိဘဲ ယောက်ယက်ခတ်နေရတဲ့ လူတွေက များပါတယ် ....
ကျွန်တော်က အေးအေးဆေးဆေး ဘဝမျိုး မလိုချင်တော့တာ အသက် ၁၅ - ၁၆ လောက်ကတည်းကပါဘဲ ... ကျွန်တော့် ဘဝတစ်လျှောက် ကိုယ့်အတွက် အများအတွက် လုပ်နိုင်သလောက် ကို အမြဲ လုပ်ခဲ့တယ် ...
နှစ်ပေါင်းများစွာ ကြာလာတော့ အကျင့်လိုကို ဖြစ်နေပြီ ... လက်တန်းပြောတောင် မမှားတော့ဘူး ကျွန်တော့် အသိထဲ​ဘယ်လောက်စွဲနေသလဲဆိုတာ ...
ရေရောင်းရင်တောင် ရန်သူရှိမယ် ဒါက သဘာဝပါဘဲ ...
Ko James ( 17.12.2021 )

Photos from SSS စိုက္ပ်ိဳးေရးဝန္ေဆာင္မႈ လုပ္ငန္း's post 21/12/2022
21/12/2022
21/12/2022

👩‍🌾 တောင်သူလယ်သမားများသည် စိုက်ပျိုးမည့် သီးနှံမျိုးစိတ်နှင့် ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ အချက်အလက်အသေးစိတ်များနှင့် သိကျွမ်းနိုင်စေရန် မြေဖုံးသီးနှံပင်များအဖြစ် အသုံးပြုစိုက်ပျိုးမည့်မျိုးစိတ်များကို တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ မြေပေါ်တွင် စမ်းသပ်စိုက်ပျိုးပြီး အတည်ပြုရန် လိုအပ်ပါသည်။

မြေဖုံးသီးနှံပင်များကို ရွေးချယ်ခြင်းသည် အောက်ပါလက္ခဏာရပ်များပေါ်တွင် မူတည်ပါသည်။

• လစ်နင်နှင့် ဖီနိုလစ်အက်ဆက် များစွာပါဝင်ခြင်း။ (အပင်မျိုးစိတ်များစွာတွင်တွေ့နိုင်သော အော်ဂဲနစ်ဒြပ်ပေါင်းအမျိုးအစားတစ်ခု၊ ခြောက်သွေ့သော အသီးများတွင် ပါဝင်မှုမြင့်မားသည်) ၎င်းတို့သည် အပင်ကြွင်းကျန်များကို ဆွေးမြေ့ပြိုကွဲမှုဒဏ်ခံနိုင်ပြီး ရေရှည်တွင် မြေဆီလွှာကာကွယ်ခြင်းကို ဖြစ်စေသည်။

• စိုက်ပျိုးချိန် - သီးနှံမျိုးစိတ်များစွာတွင် အစေ့ငုတ်ချိန် (အစေ့ငုတ်ချိန် ဆိုသည်မှာ သက်ရှိတစ်ခု၏ ဘဝစက်ဝန်းတစ်ခုတွင် ကြီးထွားမှုနှင့် ဖွံံ့ဖြိုးမှုတို့ ယာယီအားဖြင့် ရပ်တန့်နေသောအချိန်ကို ခေါ်ပါသည်) သို့မဟုတ် နေ့တာတုံ့ပြန်မှု (အပင်၏ အလင်းရောင်နှင့် အမှောင်အချိန်ကာလ အတိုအရှည်ကိုလိုက်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာတုန့်ပြန်မှု) တို့ကို ဖော်ပြပါသည်။ ဆိုလိုသည်မှာ အပင်၏ ဇီဝထုထည်ထုတ်လုပ်မှုသည် ၎င်းစိုက်ပျိုးသည့် နှစ်တစ်နှစ်၏အချိန်ကာလပေါ်တွင် မူတည်ပါသည်။ မျိုးစေ့ချစိုက်ခြင်းကို သင့်တော်သောရာသီတွင် ဆောင်ရွက်ရမည်။ နောက်စိုက်မည့်သီးနှံပင်ကို ထိခိုက်မှုမရှိစေရန် မြေဖုံးသီးနှံစိုက်ပျိုးဖို့ ကောင်းသော အခြေအနေ မဖြစ်မနေလိုအပ်ပါသည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန်>>>>
https://greenwaymyanmar.com/posts/selecting_cover_crops
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Green Way app ယူရန်
Android - http://bit.ly/greenwaymyanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/
Channels
Telegram - https://t.me/greenwaymyanmar
Viber - https://bit.ly/3OMSLJo
Fb Group - https://bit.ly/3yeE0sO
Youtube - youtube.com/c/GreenWayapp
#မြေဖုံးသီးနှံ

20/12/2022

သတင်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးအတွက် ယာဉ်မောင်းများကို ပြောင်းလဲရန် မလိုအပ်တော့ပါ။ တရုတ်-မြန်မာ ကျင်းဆန်းကျောဂိတ်ပေါက်သည် ယာဉ်မောင်းအစားထိုးစနစ်အား ဖျက်သိမ်းလိုက်ပြီ။
ပေါက်ဖော်
credit

Photos from Zaytangyi.com's post 20/12/2022
11/12/2022

ကျွဲကောစိုက်ပျိုးထုတ်လုပ်နေသောတောင်သူများနှင့်နှစ်ရှည်နှစ်တိုစိုက်ပျိုးထုတ်လုပ်နေသောတောင်သူများအတွက်သဘာဝ(organic)ပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း
ယခုအချိန်ခါလိုသွင်းအားစုကုန်ဈေးနှုံးကြီးမြင့်နေသောကာလမျိုးတွင်စိုက်ပျိုးလုပ်ကိုင်နေကြသောတောင်သူများအတွက်ရောစားသုံးသူပြည်သူများအတွက်ပါတန်ဘိုးနဲဝန်ပါအန္တရယ်နဲပါးသောသဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းသည်အများအတွက်အကျိုးပြုနိုင်မည်ဟုယူဆပါသဖြင့်ကျွန်တော်၏ဥယျာဉ်ခြံတွင်ပြုလုပ်သုံးစွဲနေသောဆေးနည်းကိုတင်ပေးလိုက်ပါသည်။
သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း
၁။ဂျင်း.......................၁ပိသာ
၂။စပါးလင်.................၁ပိသာ
၃။ဆင်တုံးမနွယ်...........၁ပိသာ
၄။ပဒဲကောကြီး.............၁ပိသာ
၅။တမာရွက်(သို့)ပွင့်......၁ပိသာ
၆။ငြုပ်သီးစိမ်း(သို့)မှဲ့.....၁ပိသာ
၇။ဆေးရွက်ကြီး.......၅၀ကျပ်သား
၈။တင်လဲရည်(ထန်းလျက်၊ကြံသကာ)၁ပိသာ
၉။ရေသန့်(သန့်ရှင်းသောရေ)သင့်တော်ရုံ
အထက်ပါအမှတ်စဉ်(၁မှ၇ထိ)ပစ္စည်းမျိုးများမှ(ဂျင်း+စပါးလင်)နှင့်အခြားပစ္စည်း(၃)(၄)မျိုးစုစုပေါင်းပါဝင်ပစ္စည်း(၅)မျိုး(သို့)(၆)မျိုးကိုအတုံးငယ်လေးများဖြစ်အောင်လှီးဖြတ်၍စဉ့်အိုး(သို့)ပလပ်စတစ်ပုံးတခုအတွင်းသို့ထဲ့ပါ၊(ဆင်တုံးမနွယ်ပါဝင်ပါကပိုကောင်းပါသည်၊ကြေး၊သံ၊သတ္တုပုံးများအသုံးမပြုရပါ)ထို့နောက်တင်လဲရည်ပါရောစပ်ထဲ့ပြီးရေသန့်ကိုသင့်ရုံ၊အဖတ်များရေမြုပ်ရုံလောင်းထဲ့ပြီးနှံ့စပ်အောင်မွှေပေးပါ၊ပါဝင်ပစ္စည်းများပွလာမည်ဖြစ်၍ပုံးအပြည့်မထဲ့ရပါ၊ပြီးနောက်အဖုံးကိုလေလုံအောင်ဖုံးအုပ်ထားပြီး(၇)ရက်(သို့)(၁၀)ရက်ပြည့်တိုင်းအဖုံးဖွင့်၍အထက်အောက်လှန်မွှေပေးပြီးအဖုံးပြန်ဖုံးထားပါ၊
ပြုလုပ်ချိန်တစ်လ(သို့)တစ်လခွဲအချိန်ပြည့်ပါကအဖတ်များနှင့်အရည်ကိုခွဲခြားစစ်ထုတ်ယူ၍အရည်ကိုလေလုံသောပုံးနှင့်ထဲ့ကာအချိန်(၆)လအထိ‌ထားသိုအသုံးပြုနိုင်ပြီဖြစ်ပါသည်၊အဖတ်များကိုလည်းသဘာဝမြေဩဇာများနှင့်ရောစပ်အသုံးပြုနိုင်ပါသည်၊ဆေးရည်သုံးစွဲရန်အညွှန်းမှာ(ရေ၄ဂါလံလျင်ဆေးရည်(၂၀/၂၅စီစီ)ရောစပ်၍နံက်ပိုင်းနှင့်ညနေပိုင်းနေရောင်ချည်လျော့ကျချိန်တွင်ပက်ဖျန်းအသုံးပြုနိုင်ပါသည်၊တစ်လလျင်(၃)ကြိမ်အထိပက်ဖျန်းနိုင်ပါသည်။

ချက်ခြင်းလုပ်၊ချက်ခြင်းသုံးရန်အတွက်ပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းမှာ
၁။ကြက်သွန်ဖြူ.............၁ပိသာ
၂။ငြုပ်သီးစိမ်း(သို့)မှဲ့......၁ပိသာ
၃။ဆန်အရက်အဆီ.........၁လီတာခွဲ
အထက်ပါကြက်သွန်ဖြူနှင့်ငြုပ်သီးများကိုထုထောင်းပြီးသန်ရှင်း‌သောပုံး(သို့)စဉ့်အိုးတလုံးတွင်ဆန်အရက်အဆီပါရောစပ်မွှေ၍ထဲ့နှပ်ထားကာလေလုံအောင်ဖုံးအုပ်ထားပါ၊အချိန်(၂၄)နာရီပြည့်ပါကအသုံးပြုနိုင်ပြီဖြစ်ပါသည်၊
ရောစပ်ရန်အညွှန်းမှာ
ရေ(၄)ဂါလံလျင်ဆေးရည်(၂၀)စီစီရောစပ်၍နံက်ပိုင်း+ညနေပိုင်းနေရောင်ချည်မပြင်းထန်ချိန်တွင်ပက်ဖျန်းပါ၊အချိန်တလလျင်(၃)ကြိမ်အထိအသုံးပြုနိုင်ပါသည်။

03/11/2022

ရှားစောင်းလက်ပပ်အသုံးပြုပြီး ခြများကို ဖယ်ရှားမယ်

ခြမှာလည်း အပင်များကို ဒုက္ခပေးနိုင်သော အဖျက်ပိုးများဖြစ်ပါတယ်..
ရှားစောင်းက အပင်များကို မသေစေဘဲ ခြများကို ဖယ်ရှားနိုင်ပါတယ်..
ဒါကြောင့် ခြံအတွက် အန္တရာယ်ကင်းတဲ့ သဘာဝနည်းတစ်ခုဖြစ်ပါတယ်..
ဥယျာဉ်ထဲက ရှားစောင်းလက်ပပ်တစ်ခုကို ယူလိုက်ပါ..
အစိတ်အပိုင်းသေးသေးလေးတွေဖြစ်အောင် ရှားစောင်းကို ပိုင်းဖြတ်ပြီး ကျည်ပွေ့ဖြင့် ကြိတ်ခြေလိုက်ပါ..
ထို့နောက် ကြိတ်ခြေထားသော ရှားစောင်းရွက်များကို ရေအနည်းငယ် (၁:၅ အချိုး) ဖြင့် ရောလိုက်ပါ..
သမအောင်မွှေပြီးနောက် ထိုအရောအနှောကို Spray ဘူးထဲသို့ထည့်ပြီး ခြံမှာ ခြစားနေသော နေရာများကို မြန်မြန်ဖျန်းပေးလိုက်ပါ..
သဘာဝနည်းလမ်းဖြစ်တာကြောင့် အာနိသင်ချက်ချင်းမပေးနိုင်လို့ ရက်အတော်ကြာ ထပ်ခါထပ်ခါ ဖျန်းပေးဖို့တော့ လိုအပ်ပါတယ်..
ရှားစောင်းလက်ပပ်မှာ ပါဝင်သော သဘာဝ “Aloin content” ကြောင့် အပင်ကိုယ်တိုင်မှာ အဖျက်ပိုးများ၏ တိုက်ခိုက်ခြင်းမခံရသလို ခြကဲ့သို့အချို့အင်းဆက်ပိုးများအတွက် သဘာဝပိုးပြေးဆေးအဖြစ်အသုံးပြုနိုင်ပါတယ်..
ခြပိုးသာမက အခြားရောဂါနှင့် အဖျက်ပိုးများကို နှိမ်နင်းနိုင်ရန် ဥယျာဉ်ထဲက သေနေသော သစ်ပင်များ၊ ပုပ်ဆွေးနေသော သစ်ကိုင်းများနှင့် အခြားအပုပ်အဆွေး အပျက်အစီးများကို ဖယ်ရှားပေးဖို့လိုပါတယ်..

Source: FameOrganicPharmingProject
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

03/11/2022

ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းသားသစ်များခေါ်ယူခြင်း
*************************************************

14/05/2022

ကျွဲကောနှင့်နှစ်ရှည်သီးနှံစိုက်ပျိုးထုတ်လုပ်သူတောင်သူများအတွက်
ယခုအချိန်ခါသည်မိုးဦးရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက်မိမိတို့စိုက်ပျိုးထားသောနှစ်ရှည်သီးနှံပင်များအားအပင်ခြေပတ်လည်ကိုပေါင်းပင်မြက်ပင်များရှင်းလင်းပေးခြင်း၊ပိုးမွှားများမခိုကပ်စေရန်၊ရောဂါများမကျရောက်စေရန်နှင့်လေဝင်လေထွက်ကောင်းမွန်စေရန်ကိုင်းသိမ်ကိုင်းညှပ်များရှင်းလင်းဖယ်ရှားပေးခြင်း၊နွေရာသီပူပြင်းသောအချိန်တွင်အကာအကွယ်ပြုလုပ်ထားသောအရိပ်များဖယ်ရှားပေးခြင်းများပြုလုပ်ပေးရပါမည်၊အပင်ခြေပတ်လည်ကိုလည်းသင့်တော်သော(ဇီဝ၊ဓါတု)မြေဩဇာများကျွေးခြင်းနှင့်မိုးဦးရာသီတွင်ကျရောက်တတ်သောဖျက်ပိုးများမှိုရောဂါများ၏ရန်မှလည်းကြိုတင်ကာကွယ်ထားကြပါရန်တိုက်တွန်းပါသည်။

Photos from Myanmar Pomelo Producer and Exporter Association - MPPEA's post 08/01/2022

ကျွဲကောစိုက်ပျိုးနေသောတောင်သူများအတွက်
ယခုအချိန်ခါသည်ကျွဲကောသီးထွက်ရှိနေသောအပင်များတွက်ပန်းပွင့်ရာသီ‌နီးကပ်ရောက်ရှိလာပြီဖြစ်သည့်အတွက်ပန်းပွင့်ချိန်တွင်နှောင့်ယှက်ဖျက်ဆီးတတ်သောပိုးမွှားများရန်မှလျော့ချကင်းဝေးစေရန်ကြိုတင်ကာကွယ်ဆေးများပက်ဖျန်းပေးကြပါရန်နှင့်ရေအစိုဓါတ်များနေသောအပင်များအားရေလျော့ပေးခြင်းရေဖြတ်ခြင်းများပြုလုပ်ပေးကြပါရန်လိုအပ်ပါသည်၊အပင်ငယ်များအတွက်လည်းအပင်၏အစို့အရွက်နုထွက်တိုင်းနှောင့်ယှက်ဖျက်ဆီးတတ်သောရွက်ထွင်းပိုး၊ပုရွက်ဆိတ်၊စုပ်စားပိုးများနှင့်အခြားပိုးမွှားများအားကြိုတင်ကာကွယ်ဆေးများပက်ဖျန်းပေးကြပါရန်နှင့်အပင်၏ကြီးထွားနှုံးကိုမူတည်၍(သဘာဝ၊ဓါတု)မြေဩဇာကျွေးခြင်းများပြုလုပ်ပေးရပါမည်၊အပင်အားပြင်းထန်နေရောင်ချည်မကျရောက်စေရန်လည်းအကာအကွယ်များပြုလုပ်ပေးကြပါရန်တိုက်တွန်းပါသည်။

14/10/2021

The Asian Development Bank is inviting young GMS nationals to promote their green and inclusive agri-projects and businesses that address the water-energy-food security nexus. Training and exposure opportunities await the winners.

For more information, visit https://cutt.ly/NE8NgBs.

14/10/2021

The Asian Development Bank is inviting young GMS nationals to promote their green and inclusive agri-projects and businesses that address the water-energy-food security nexus. Training and exposure opportunities await the winners.

For more information, visit https://cutt.ly/NE8NgBs.

Access denied | www.adb.org used Cloudflare to restrict access

04/10/2020

ခု လက္ရွိ ေတာင္သူေတာ္ေတ္ာမ်ားမ်ားကလည္း အေၾကြးေတြနဲ႔ဆိုေတာ့ တစ္ခုခု ဆုံးရွဳံးလုိက္ရင္ အေၾကြးေတြ တင္ၿပီးရင္ တင္ေနရတယ္။
******************************************
ျပည္သူ႔ လႊတ္ေတာ္ စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးနဲ႔ ေက်းလက္လူေနမႈ ဘဝဖံြ႕ၿဖိဳး တိုးတက္ေရး ေကာ္မတီ ဥကၠ႒ ဦးရန္လင္းႏွင့္ ေတြ႕ဆုံျခင္း

ျမန္မာႏိုင္ငံတြင္ ေတာင္သူလယ္သမား ၁၆ သန္းခန္႔ရွိၿပီး သဘာဝေဘးအႏၱရာယ္ကုိ ႏွစ္စဥ္ ဆုိးဆုိးရြားရြား ရင္ဆိုင္ေနရသည္။ သုိ႔ေသာ္လည္း အိမ္နီးခ်င္း ႏိုင္ငံမ်ားတြင္ ေကာင္းစြာ ဖြံ႕ၿဖိဳးေနၿပီ ျဖစ္သည့္ သီးႏွံအာမခံ အေျခအေနမွာ စမ္းသပ္အဆင့္တြင္ သာ ရွိေနဆဲျဖစ္သည္။ သုိ႔ျဖစ္ရာ သီးႏွံ အာမခံ အေကာင္အထည္ေဖာ္ႏိုင္မႈ အေျခအေနႏွင့္ ပတ္သက္ၿပီး ဧရာဝတီတိုင္း ေဒသႀကီး က်ိဳက္လတ္ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္ၿပီး ျပည္သူ႔ လႊတ္ေတာ္ စိုက္ပ်ိဳးေရး ၊ေမြးျမဴေရးနဲ႔ ေက်းလက္လူေနမႈ ဘဝဖံြ႕ၿဖိဳး တိုးတက္ေရး ေကာ္မတီ ဥကၠ႒ ဦးရန္လင္းႏွင့္ Myanmar Insurance News က ေတြ႕ဆုံေမးျမန္းခဲ့သည္။
# ေမး ။ ။ ျမန္္မာနိုင္ငံမွာ လယ္ယာစိုက္ပ်ိဳးသူ ၁၆ သန္း ရွိတယ္ေပါ့ေနာ္။ အေၾကာင္းေၾကာင္းေၾကာင့္ ႏွစ္စဥ္ပ်က္ဆီး ဆုံးရွဳံးမႈတြလည္း မ်ားျပားၾကတယ္။ အဲဒီေတာ့ ေတာင္သူေတြက သူတို႔ကုိ အကာအကြယ္ ေပးႏိုင္ဖို႔ သီးနွံအာမခံစနစ္လို စနစ္မ်ဳိးကုိ လိုခ်င္ၾကတယ္။ ဒါနဲ႔ပတ္သက္ၿပီး ဥပေဒ တစ္ခု အေကာင္အထည္ေပၚလာဖို႔ ဘယ္လို လုပ္ေဆာင္သြားဖို႔ရွိလဲ။
#ေျဖ ။ ။ ဒါကို လြန္ခဲ့တဲ့ ကြ်န္ေတာ္တို႔ိ လြန္ခဲ့တဲ့ ၃ ၊ ၄ႏွစ္ထဲက စျပီးေတာ့ ကြ်န္ ေတာ္တို ႔ေကာ္မတီက ေတာင္သူလယ္သမားမ်ားရဲ႕ ပထမဆံုး သီးနွံအာမခံလုပ္ဖို႔ ကြ်န္ေတာ္တို႔ ေဆြးေႏြးပါတယ္။ ေဆြးေႏြးတဲ့ အခါမွာမွ သီးနွံအာမခံဥပေဒမ်ားရွိမလားဆိုေတာ့မွ ရွာေတာ့ ဥပေဒ သီးသန္႔ရယ္လို႔ မရွိပါဘူး ။ သို႔ေသာ္လည္းပဲ ျမန္မာနိုင္ငံမွာ ျမန္မာ့အာမခံလုပ္ငန္းရွိပါတယ္။ ျမန္မာ့အာမခံလုပ္ငန္းဥပေဒ ရွိပါတယ္ ။ အဲဒီထဲမွာမ်ား ကြ်န္ေတာ္တို႔ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ထည့္သြင္းျပီး အသံုးျပဳလို႔ရွိရင္ေတာ့ ျမန္ျမန္ဆန္ဆန္ ျဖစ္လာမွာ ေပါ့ေနာ္ ။ အဲဒီလိုမဟုတ္ပဲ နဲ႔ သီးျခား သီးႏွံ အာမခံဥပေဒ ဆက္ဆြဲမယ္ ျဖစ္ေပၚလာခ့ဲရင္ ဥပေဒေရးဆြဲေရးေကာ္မတီ ၊ ျပည္သူ႔ လႊတ္ေတာ္ ၊အမ်ိဳးသားလႊတ္ေတာ္ ၊ ျပည္ေထာင္စုလႊတ္ေတာ္ စသျဖင့္ အဆင့္ဆင့္ ႀကာေနမလား စဥ္းစားရပါတယ္ ။ ခုကေတာ့ စမ္းသပ္လုပ္ကိုင္ဖို႔အတြက္ Global World အာမခံ ကုမၸဏီရယ္ကို ကြ်န္ေတာ္တို႔ ေကာ္မတီရယ္ သီးႏွံအာမခံ လုပ္ငန္းေလးေတြကို စသျဖင့္ စမ္းသပ္ပါတယ္ ။ ဧရာဝတီတိုင္းမွာ တခ်ဳိ႕ပဲခူးတိုင္းမွာတခ်ဳိ႕ေပါ့ေနာ္ ။ စမ္းသပ္တဲ့ အခါမွာ ဒီသီးနွံအာမခံနဲ႔ ပတ္သက္တဲ့ ဥပေဒႀကမ္းေလးကိုလည္းပဲ ကြ်န္ေတာ္တို႔က ဆဲြၿပီးေတာ့မွ ပုိ႔ထားတာလည္း ရွိပါတယ္။ ေနာက္ပိုင္းဘာျဖစ္လာလည္းဆိုေတာ့ ကြ်ဲ ၊ႏြားေတြကို အရင္တုန္းက ေမွာင္ခို ပို႔ရာကေန စက္မႈလယ္ယာ စနစ္ကိုေရာက္လာတဲ့ အခါမွာ ကြ်ဲ ၊ႏြားေတြက အရင္ကထက္ ပိုတန္ဖိုးရွိလာတယ္ ။ ဒီ ကြ်ဲ ၊ ႏြားေတြအတြက္လည္း အာမခံလိုအပ္တယ္လို႔ ကြ်န္ေတာ္တို႔ ေကာ္မတီက သံုးသပ္ပါတယ္ ။ ေနာက္ တတိယတစ္ခုအေနနဲ႔ ကြ်န္ေတာ္တို႔ နိုင္ငံမွာ စက္မႈလယ္ယာ လုပ္ငန္း ေဖာ္ေဆာင္တာ ႀကာလွျပီ ။ ေအာင္ေအာင္ျမင္ျမင္ နဲ႔ စိတ္ေက်နပ္ရေလာက္ေအာင္ မရွိဘူး ။ ဘာျဖစ္လို႔လည္းဆိုေတာ့ နံပါတ္ ၁ က ဒီလယ္ယာသံုး ကိရိယာတို႔ ပ်က္လို႔ရွိရင္ ျပင္တက္တဲ့သူ တစ္ေယာက္မွမရွိဘူး ။ ေနာက္တစ္ခ်က္က ျပင္တက္တဲ့သူ ရွိဦးေတာ့ ဒီအစားထိုးလဲရမယ့္ စပါယ္ယာပတ္ အရံ ပစၥည္းေလး ေတြ အလြယ္တကူနဲ႔ မရဘူး ။ မရေတာ့ ဝယ္သြားတဲ့ ေတာင္သူေတြက ပိုက္ဆံ တက္နိုင္လို႔ ဝယ္သြားတယ္ ။ သံုးတယ္ ။ ပ်က္လည္းပ်က္ေရာ ေနာက္ေဖး အိမ္ထဲမွာ ထိုးထားႀကတာ အမ်ားႀကီးပဲရွိတယ္ ။ ကြ်ဲ ၊ ႏြားမ်ား အာမခံထားသလိုေပါ့ ဒီစက္ပစၥည္းကိရိယာေတြ ကားေတြအာမခံ ထားတယ္ ။ ကြ်န္ေတာ္တိ႔ု ထြန္စက္ေတြ ၊ အေျခာက္ထြန္စက္ေတြ ၊ေျခြေလွ႔ရိတ္သိမ္းစက္ေတြ ဒီစက္ေတြကိုလည္း အာမခံထားလို႔မရဘူးလား ။ ဒါကို ကြ်န္ေတာ္တို႔ ေကာ္မတီက စဥ္းစားျပီးေတာ့မွ စိုက္ပ်ိဳးေရးဆိုင္ရာ အာမခံမ်ား ဥပေဒလို႔ ယာယီေပါင္းစည္းျပီးေတာ့ ေပါင္းမယ္လို႔ ဒီလိုပဲ ကြ်န္ေတာ္တို႔ စမ္းသပ္ျပီး ေရြးခ်ယ္တာေပါ့ေနာ္ ။ ဒီထဲမွာတစ္ခါ စမ္းသပ္ေနတဲ့ ကြ်န္ေတာ္တို႔က Yield Base လုိ႔ေခၚတာေပါ့ေနာ္ ။ အထြက္ႏွုန္းကို အေျခခံျပီးေတာ့မွ ပံ့ပိုးတာ အာမခံေလ်ာ္ေႀကးေပးတဲ့ ကိစၥေတြ ။ လြန္ခဲ့တဲ့ နွစ္နွစ္က ေႏြရာသီ ေဆာင္းရာသီရဲ႕ သီးနွံအဝယ္က ဆရာတို႔ ေျပာသလိုပဲ အာမခံကုမဏီနဲ႔ စမ္းသပ္ထား တဲ့အရဆိုရင္ေတာ့ ဒီအထြက္ႏႈန္းကို အေျခခံျပီး ေလ်ာ္ေႀကးေပးေနတဲ့ သီးနွံအာမခံစနစ္ ေတာ္ေတာ္ေလးေအာင္ျမင္တဲ့ အေနထားမွာရွိပါတယ္ ။ ဒါကို တရားေသ ပ်မ္းမ်ွအတိုင္း မိသားစု အားလံုး ပါဝင္ႀကိဳးစားဖို႔ လိုတယ္လို႔ပဲ ကြ်န္ေတာ္က ေျပာခ်င္ပါတယ္ ။
#ေမး ။ ။ အခု အိမ္နီးခ်င္းနိုင္ငံကိုပဲ ႀကည့္ႀကည့္ နိုင္ငံတကာကိုပဲ ႀကည့္ႀကည့္ Government ကေနပဲဲ ျဖစ္ျဖစ္ Authority ပိုင္းဆိုင္ရာကပဲ ျဖစ္ျဖစ္ ႀကီးႀကီးမားမားမ်ိဳးနဲ႔ သြားတာမ်ိဳးရွိတယ္ေပါ့ေနာ္ ။ ဒီနိုင္ငံမွာေရာ အဲဒီ့လို ျဖစ္ဖို႔ ဘာေတြအခက္ခဲရွိေနတာလဲ ။
# ေျဖ ။ ။ ကြ်န္ေတာ္တို႔ သီးနွံအာမခံ ဗဟိုေကာ္မတီပဲေခၚေခၚ ဒီသီးနွံအာမခံ ဥပေဒ ေကာ္မတီပဲေခၚေခၚေပါ့ေနာ္ စိတ္ကူးထားတာရွိပါတယ္ ။ ဒါကိုလည္းလႊတ္ေတာ္အေနနဲ႔ စဥ္းစားေနပါ တယ္။သိပ္ျပီးေကာ္မတီေတြအမ်ားႀကီးဖြဲ႕ၿပီး ေဖာင္းပြေနမယ့္အစား က်စ္က်စ္လ်စ္လ်စ္ေလးနဲ႔ ဥပေဒေလးတစ္ခုထဲမွာ ထိထိေရာက္ေရာက္ လုပ္နိုင္ရင္ ေကာင္းမလားလို႔ ကြ်န္ေတာ္တို႔ ေကာ္မတီကို အႀကံေပးဖို႔ ရွိပါတယ္ ။ ဒါကလည္း ကြ်န္ေတာ္တို႔နိုင္ငံမွာ ေက်းလက္က လူေတြ အမ်ားႀကီး ရွိပါတယ္ ။ တစ္ခါေက်းလက္ကလူေတြ စိုက္ပ်ိဳးထုတ္လုပ္တဲ့ စပါးဆိုတာကေတာ့ ဒီစပါးနဲ႔ပဲ ကြ်န္ေတာ္တို႔ နိုင္ငံက ခုထိ တည္ေဆာက္ေနတာဆိုေတာ့ ဒီလူေတြရဲ့ ဖြံ႕ျဖိဳး တိုးတက္မွုနဲ႔ လုပ္နိုင္စြမ္းရည္ကို နိုင္ငံေတာ္က ဦးေဆာင္ျပီးေတာ့ ဘယ္လုပ္ငန္းကို မဆို ဦးေဆာင္လုပ္မယ့္ ေကာ္မတီအေနနဲ႔ ယူဆပါတယ္ ။ ကြ်န္ေတာ္တို႔လႊတ္ေတာ္မွာ ႀကိဳးပမ္းေနပါတယ္ေပါ့ေနာ္ ။ ဆိုေတာ့ မႀကာခင္က ကြ်န္ေတာ္တို႔ ေကာ္မတီက ေက်းလက္ဖြံ႕ျဖိဳးေရးဥပေဒ ဆိုျပီးေတာ့ ေဆြးေႏြး ထုတ္ျပန္ျပီးပါျပီ ။ ျပီးခဲ့တဲ့ တစ္ပတ္ နွစ္ပတ္ေလာက္ကပဲ ကြ်န္ေတာ္တို႔ ေကာ္မတီက ေနျပီးေတာ့ ဦးေဆာင္ျပီးဆဲြတဲ့ တိရစာၦန္ ေမြးျမဴေရးတိုးတက္ေရးနဲ႔ ဖြံ႕ျဖိဳးေရး ဥပေဒေပါ့ေနာ္ ။ အဲဒီဟာေလးေတြ မႀကာခင္မွာ ထြက္လာဖို႔ရွိပါတယ္ ။ ကၽြန္ေတာ္တို႔က ေက်းလက္ေဒသဖြံ႕ျဖိဳးေရးဟာ တစ္ျပည္လံုးနဲ႔ ဆိုင္တယ္ ။ အေရးလည္းႀကီးတယ္။
#ေမး ။ ။ ကြ်န္ေတာ္ နည္းနည္းေလး တိတိက်က် ေမးးခ်င္တာက လႊတ္ေတာ္သက္တမ္း ကလည္း သိပ္မက်န္ေတာ့တဲ့ အခ်ိန္ဆိုေတာ့ေလ သီးနွံအာမခံကို ဒီလႊတ္ေတာ္ သက္တမ္းအတြင္းမွာ ျပဌာန္းနိုင္တာမ်ိဳးရွိလား ။ ဒါမွမဟုတ္ အာမခံဥပေဒမွာပဲ ထပ္ေပါင္းျဖည့္စြက္ ျပင္ဆင္တာမ်ိဳး ဒီသက္တမ္းအတြင္းမွာ ျဖစ္နိင္ေခ်ရွိလား ။
# ေျဖ ။ ။ ဒါကိုေတာ့ ဒီလႊတ္ေတာ္ သက္တမ္းအျပီးမွာ ဆုိရင္ ရွိၿပီးသား ေပါင္းစပ္ဖို႔ ဆိုတာ ျဖစ္နိုင္ေခ်ရွိပါတယ္ ။ အသစ္လုပ္ဖို႔ဆိုတာကေတာ့ ကြ်န္ေတာ္တို႔ နည္းနည္းခက္ပါတယ္ ။ အသစ္လုပ္မယ္ဆို ကြ်န္ေတာ္တို႔က ဥပေဒႀကမ္း မွာ ေဆြးေႏြးရ ျပည္သူ႔လႊတ္ေတာ္မွာ တင္ရ အမ်ိဳးသားလႊတ္ေတာ္မွာ စီစဥ္ရမယ္ ။ ကြဲလြဲခ်က္ကို ျပည္ေထာင္စု လႊတ္ေတာ္မွာ ေဆြးေႏြးရမယ္ ။ ျပီးရင္ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနကိုတင္ရမယ္ ။ ခြင့္ျပဳခ်က္ေတြရမွ ကြ်န္ေတာ္တို႔က တစ္ခါျပန္ျပီး စီစဥ္ရတယ္ ။ အသစ္ျပင္မယ္ ဆိုရင္ေတာ့ အဆင့္ေတြ အမ်ားႀကီး ၾကာပါမယ္။
#ေမး ။ ။ အာမခံဆိုတာက သိတဲ့အတိုင္းပဲ ။ နိုင္ငံတကာမွာက အရမ္းကို ဖံြ႕ျဖိဳးေနျပီ ။ ကြ်န္ေတာ္တို႔ဆီမွာက အရမ္းကို ေနာက္က်ျပီးေတာ့ အမွီလိုက္ေနရတယ္ ။ ဒီသီးနွံအာမခံ ဖြံ႕ျဖိဳးတိုးတက္ဖို႔ ဘယ္ေလာက္ အေနအထားထိ ရုန္းကန္ရဦးမလဲ ။ ကြ်န္ေတာ္တို႔ ခု လုပ္ေဆာင္ေနတာေတြ ဘယ္အဆင့္ေလာက္မွာ ရွိေနသလဲ ဆိုတာေလး သံုးသပ္ေပးပါဦး ။

# ေျဖ ။ ။ ကြ်န္ေတာ္တို႔အေနနဲ႔ ခုခ်ိန္ စမ္းသပ္လုပ္ေဆာင္တဲ့ အဆင့္ Result ေတြအရ အဆင္ေျပတာလည္း ေတြ႕ရတယ္ ။ ဘာလိုေနေသးလည္းဆိုေတာ့ နံပါတ္ ၁ အေနနဲ႔ ေတာင္သူလယ္သမားအကုန္လံုး ပါဝင္ဖို႔ လိုတယ္ ။ ေတာင္သူလယ္သမားေတြ ပါဝင္နိုင္ဖို႔ ဆိုတာ နွစ္ပိုင္းေတြ႕ရတယ္ ။ တစ္ပိုင္းက ကြ်န္ေတာ္တို႔နိုင္ငံမွာ ရာသီဥတု ေဖာက္ျပန္တာ အမ်ားဆံုးခံေနရတဲ့ နိုင္ငံထဲ မွာ ပါတယ္ ။ ေရႀကီးတယ္ ခုတေလာ ။ မိုးရြာတယ္ ဆန္စပါးေတြ ရတယ္ ။ ဟိုးအရင္ ကြ်န္ေတာ္တို႔ ငယ္ငယ္တုန္းက ေတာမွာေနတဲ့သူေတြလည္း ရွိခ်င္မွ ရွိေတာ့မယ္ ။ ရန္ကုန္ ၊ မႏၱေလးလို ေနရာေတြ က ေျပာင္းလာတာတို႔ နယ္စပ္ထြက္ အလုပ္လုပ္တာတို႔ ရွိႀကတယ္ေလ ။ တြက္ႀကည့္ရင္ ေတာက လူေတြ ပိုမ်ားတာ ေတြ႕ရတယ္ ။ သူတို႔ ဘာလို႔ နိုင္ငံျခားထြက္ တာလည္းဆိုေတာ့ လယ္ယာ ကြ်ဲ ႏြား အာမခံ မရွိလို႔ ။ အဲဒီေတာ့ အေဖ့ကိုလည္း အထင္မႀကီး ။ စိုက္ပ်ိဳးေရး အလုပ္ကိုလည္း အထင္မႀကီး ။ ဆိုလိုတာက ဒီအာမခံ လုပ္ငန္းထဲမွာ ကြ်န္ေတာ္တို႔ေတြ အာမခံေႀကးေပးနိုင္မယ္ဆိုရင္ ေရႀကီးရင္လည္း အာမခံ ရွိရမယ္ ။ မိုးရြာတာလည္း အာမခံ ရွိရမယ္။ ေတာင္သူေတြကစိုက္ပ်ိဳးမထုတ္လုပ္ရေသးဘူး ။ အာမခံေၾကးေပးရမယ္လို႔လုပ္ထားတာမရွိဘူး။အခု လက္ရွိေတာ္ေတာ္မ်ားမ်ားကလည္း အေႂကြးေတြ ဆိုေတာ့ ဒီေတာင္သူ လယ္သမား ေတာ္ေတာ္မ်ားမ်ား လည္းပါတယ္ ။ အခု လက္ရွိစမ္းသပ္ေနတဲ့ ဒီ ဂလိုဘယ္ေဝါရဲ႕ Pilot Project ဆိုရင္ တစ္ဧကကိုမွတစ္ေသာင္း ။ တစ္ေသာင္း ဆိုေတာ့ ကြၽန္ေတာ္တို႔ သီးႏွံစပါးစိုက္မယ္ဆိုအစိုးရက စပါး ပုံမွန္ဆို ၁သိန္းခြဲေပးတယ္။ အဲ့ဒီ ၁သိန္းခြဲထဲက အဲ့တစ္ေသာင္းက္ို ကြၽန္ေတာ္တို႔ ယူထားလိုက္လို႔ ရွိရင္ ၁သိန္း၄ေသာင္းစီရမယ္ ။ ခုေခတ္တစ္ေသာင္းဟာ ဘာမွ အခက္ခဲမရွိဘူးလို႔ ကြၽန္ေတာ္ ယူဆပါတယ္ ။ ယူရင္ အာမခံခ်က္မရဘူး။ က်ေတာ္တို႔ႏိုင္ငံက အဲဒီဲ့လိုမလုပ္တဲ့အတြက္ ႏိုင္ငံေတာ္က ႏွစ္စဥ္ ႏွစ္စဥ္ ေရႀကီးရင္ ေရလွ်ံရင္ ေထာက္ပံ့ေၾကးေပးေနရတယ္။ တကယ္တမ္းၾက မကာမိဘူး ဒီဥစၥာ ကေလ ။ အခု ဒီစနစ္ရွိမယ္ဆိုရင္အစိုးရအေနနဲ႔လည္း သက္သာမယ္။ ေတာင္သူလည္းျပန္ရမယ္ ။ အာမခံ ကုမၸဏီေတြလည္း အားလုံးအဆင္ေျပမယ့္ လုပ္ငန္းတစ္ခုေပါ့ ။ အဓိကအခ်က္ ၃ခ်က္ အေနနဲ႔ တစ္ခုက ေတာင္သူလယ္သမားအားလုံးပါဝင္ႏိုင္ဖို႔ျဖစ္ပါတယ္။ နံပါတ္၂က ပရီမီယံေၾကးကို တစ္ေနရာကေန ကြၽန္ေတာ္တို႔ ဆပ္ၿပီး သြင္းထားၿပီးၿပီ ျဖစ္ရမယ္။ နံပါတ္၃အေနနဲ႔ကေတာ့ ဒါကိုအစိုးရအေနနဲ႔ဥပေဒၾကမ္းထုတ္ေပးပီးေတာ့မွ ပုံစံ ၇ရသူတိုင္း ဒါကို မျဖစ္မေန အာမခံထားရမယ္ဆိုတာမ်ိဳးေလး ဥပေဒအေထာက္အကူေပးလိုက္မယ္ဆိုရင္ အဆင္ေျပသြားမယ္လို႔ထင္ပါတယ္။
#ေမး ။ ။ ဆရာေျပာတဲ့ အခ်က္၃ခ်က္လုံးကို ၾကည့္ရရင္ေတာ့ ကြၽန္ေတာ္တို႔ government Sector မပါပဲ သီးနွံအာမခံ ျဖစ္ဖို႔ဆိုတာ မလြယ္ဘူးလို႔ပဲေျပာရမွာေပါ့ ။
#ေျဖ ။ ။ ဟုတ္ပါတယ္ ။ ခုက အာမခံဥပေဒရွိပီးသားေလ ။ အဲ့အာမခံဥပေဒထဲမွာ ကြ်န္ေတာ္တို႔က ဒါကိုပဲ က႑တစ္ခုအေနနဲ ကြၽန္ေတာ္တို႔ လုပ္မယ္ဆိုရင္ လုပ္လို႔ရပါတယ္ ။

Unicode ....

ခု လက်ရှိ တောင်သူတော်တေ်ာများများကလည်း အကြွေးတွေနဲ့ဆိုတော့ တစ်ခုခု ဆုံးရှုံးလိုက်ရင် အကြွေးတွေ တင်ပြီးရင် တင်နေရတယ်။
******************************************
ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ကျေးလက်လူနေမှု ဘဝဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် တောင်သူလယ်သမား ၁၆ သန်းခန့်ရှိပြီး သဘာဝဘေးအန္တရာယ်ကို နှစ်စဉ် ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည်။ သို့သော်လည်း အိမ်နီးချင်း နိုင်ငံများတွင် ကောင်းစွာ ဖွံ့ဖြိုးနေပြီ ဖြစ်သည့် သီးနှံအာမခံ အခြေအနေမှာ စမ်းသပ်အဆင့်တွင် သာ ရှိနေဆဲဖြစ်သည်။ သို့ဖြစ်ရာ သီးနှံ အာမခံ အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး ၊မွေးမြူရေးနဲ့ ကျေးလက်လူနေမှု ဘဝဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းနှင့် Myanmar Insurance News က တွေ့ဆုံမေးမြန်းခဲ့သည်။
# မေး ။ ။ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးသူ ၁၆ သန်း ရှိတယ်ပေါ့နော်။ အကြောင်းကြောင်းကြောင့် နှစ်စဉ်ပျက်ဆီး ဆုံးရှုံးမှုတွလည်း များပြားကြတယ်။ အဲဒီတော့ တောင်သူတွေက သူတို့ကို အကာအကွယ် ပေးနိုင်ဖို့ သီးနှံအာမခံစနစ်လို စနစ်မျိုးကို လိုချင်ကြတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပဒေ တစ်ခု အကောင်အထည်ပေါ်လာဖို့ ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။
#ဖြေ ။ ။ ဒါကို လွန်ခဲ့တဲ့ ကျွန်တော်တို့ိ လွန်ခဲ့တဲ့ ၃ ၊ ၄နှစ်ထဲက စပြီးတော့ ကျွန် တော်တို့ကော်မတီက တောင်သူလယ်သမားများရဲ့ ပထမဆုံး သီးနှံအာမခံလုပ်ဖို့ ကျွန်တော်တို့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့ အခါမှာမှ သီးနှံအာမခံဥပဒေများရှိမလားဆိုတော့မှ ရှာတော့ ဥပဒေ သီးသန့်ရယ်လို့ မရှိပါဘူး ။ သို့သော်လည်းပဲ မြန်မာနိုင်ငံမှာ မြန်မာ့အာမခံလုပ်ငန်းရှိပါတယ်။ မြန်မာ့အာမခံလုပ်ငန်းဥပဒေ ရှိပါတယ် ။ အဲဒီထဲမှာများ ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းပြီး အသုံးပြုလို့ရှိရင်တော့ မြန်မြန်ဆန်ဆန် ဖြစ်လာမှာ ပေါ့နော် ။ အဲဒီလိုမဟုတ်ပဲ နဲ့ သီးခြား သီးနှံ အာမခံဥပဒေ ဆက်ဆွဲမယ် ဖြစ်ပေါ်လာခဲ့ရင် ဥပဒေရေးဆွဲရေးကော်မတီ ၊ ပြည်သူ့ လွှတ်တော် ၊အမျိုးသားလွှတ်တော် ၊ ပြည်ထောင်စုလွှတ်တော် စသဖြင့် အဆင့်ဆင့် ကြာနေမလား စဉ်းစားရပါတယ် ။ ခုကတော့ စမ်းသပ်လုပ်ကိုင်ဖို့အတွက် Global World အာမခံ ကုမ္ပဏီရယ်ကို ကျွန်တော်တို့ ကော်မတီရယ် သီးနှံအာမခံ လုပ်ငန်းလေးတွေကို စသဖြင့် စမ်းသပ်ပါတယ် ။ ဧရာဝတီတိုင်းမှာ တချို့ပဲခူးတိုင်းမှာတချို့ပေါ့နော် ။ စမ်းသပ်တဲ့ အခါမှာ ဒီသီးနှံအာမခံနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းလေးကိုလည်းပဲ ကျွန်တော်တို့က ဆွဲပြီးတော့မှ ပို့ထားတာလည်း ရှိပါတယ်။ နောက်ပိုင်းဘာဖြစ်လာလည်းဆိုတော့ ကျွဲ ၊နွားတွေကို အရင်တုန်းက မှောင်ခို ပို့ရာကနေ စက်မှုလယ်ယာ စနစ်ကိုရောက်လာတဲ့ အခါမှာ ကျွဲ ၊နွားတွေက အရင်ကထက် ပိုတန်ဖိုးရှိလာတယ် ။ ဒီ ကျွဲ ၊ နွားတွေအတွက်လည်း အာမခံလိုအပ်တယ်လို့ ကျွန်တော်တို့ ကော်မတီက သုံးသပ်ပါတယ် ။ နောက် တတိယတစ်ခုအနေနဲ့ ကျွန်တော်တို့ နိုင်ငံမှာ စက်မှုလယ်ယာ လုပ်ငန်း ဖော်ဆောင်တာ ကြာလှပြီ ။ အောင်အောင်မြင်မြင် နဲ့ စိတ်ကျေနပ်ရလောက်အောင် မရှိဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ နံပါတ် ၁ က ဒီလယ်ယာသုံး ကိရိယာတို့ ပျက်လို့ရှိရင် ပြင်တက်တဲ့သူ တစ်ယောက်မှမရှိဘူး ။ နောက်တစ်ချက်က ပြင်တက်တဲ့သူ ရှိဦးတော့ ဒီအစားထိုးလဲရမယ့် စပါယ်ယာပတ် အရံ ပစ္စည်းလေး တွေ အလွယ်တကူနဲ့ မရဘူး ။ မရတော့ ဝယ်သွားတဲ့ တောင်သူတွေက ပိုက်ဆံ တက်နိုင်လို့ ဝယ်သွားတယ် ။ သုံးတယ် ။ ပျက်လည်းပျက်ရော နောက်ဖေး အိမ်ထဲမှာ ထိုးထားကြတာ အများကြီးပဲရှိတယ် ။ ကျွဲ ၊ နွားများ အာမခံထားသလိုပေါ့ ဒီစက်ပစ္စည်းကိရိယာတွေ ကားတွေအာမခံ ထားတယ် ။ ကျွန်တော်တိ့ု ထွန်စက်တွေ ၊ အခြောက်ထွန်စက်တွေ ၊ခြွေလှေ့ရိတ်သိမ်းစက်တွေ ဒီစက်တွေကိုလည်း အာမခံထားလို့မရဘူးလား ။ ဒါကို ကျွန်တော်တို့ ကော်မတီက စဉ်းစားပြီးတော့မှ စိုက်ပျိုးရေးဆိုင်ရာ အာမခံများ ဥပဒေလို့ ယာယီပေါင်းစည်းပြီးတော့ ပေါင်းမယ်လို့ ဒီလိုပဲ ကျွန်တော်တို့ စမ်းသပ်ပြီး ရွေးချယ်တာပေါ့နော် ။ ဒီထဲမှာတစ်ခါ စမ်းသပ်နေတဲ့ ကျွန်တော်တို့က Yield Base လို့ခေါ်တာပေါ့နော် ။ အထွက်နှုန်းကို အခြေခံပြီးတော့မှ ပံ့ပိုးတာ အာမခံလျော်ကြေးပေးတဲ့ ကိစ္စတွေ ။ လွန်ခဲ့တဲ့ နှစ်နှစ်က နွေရာသီ ဆောင်းရာသီရဲ့ သီးနှံအဝယ်က ဆရာတို့ ပြောသလိုပဲ အာမခံကုမဏီနဲ့ စမ်းသပ်ထား တဲ့အရဆိုရင်တော့ ဒီအထွက်နှုန်းကို အခြေခံပြီး လျော်ကြေးပေးနေတဲ့ သီးနှံအာမခံစနစ် တော်တော်လေးအောင်မြင်တဲ့ အနေထားမှာရှိပါတယ် ။ ဒါကို တရားသေ ပျမ်းမျှအတိုင်း မိသားစု အားလုံး ပါဝင်ကြိုးစားဖို့ လိုတယ်လို့ပဲ ကျွန်တော်က ပြောချင်ပါတယ် ။
#မေး ။ ။ အခု အိမ်နီးချင်းနိုင်ငံကိုပဲ ကြည့်ကြည့် နိုင်ငံတကာကိုပဲ ကြည့်ကြည့် Government ကနေပဲ ဖြစ်ဖြစ် Authority ပိုင်းဆိုင်ရာကပဲ ဖြစ်ဖြစ် ကြီးကြီးမားမားမျိုးနဲ့ သွားတာမျိုးရှိတယ်ပေါ့နော် ။ ဒီနိုင်ငံမှာရော အဲဒီ့လို ဖြစ်ဖို့ ဘာတွေအခက်ခဲရှိနေတာလဲ ။
# ဖြေ ။ ။ ကျွန်တော်တို့ သီးနှံအာမခံ ဗဟိုကော်မတီပဲခေါ်ခေါ် ဒီသီးနှံအာမခံ ဥပဒေ ကော်မတီပဲခေါ်ခေါ်ပေါ့နော် စိတ်ကူးထားတာရှိပါတယ် ။ ဒါကိုလည်းလွှတ်တော်အနေနဲ့ စဉ်းစားနေပါ တယ်။သိပ်ပြီးကော်မတီတွေအများကြီးဖွဲ့ပြီး ဖောင်းပွနေမယ့်အစား ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ဥပဒေလေးတစ်ခုထဲမှာ ထိထိရောက်ရောက် လုပ်နိုင်ရင် ကောင်းမလားလို့ ကျွန်တော်တို့ ကော်မတီကို အကြံပေးဖို့ ရှိပါတယ် ။ ဒါကလည်း ကျွန်တော်တို့နိုင်ငံမှာ ကျေးလက်က လူတွေ အများကြီး ရှိပါတယ် ။ တစ်ခါကျေးလက်ကလူတွေ စိုက်ပျိုးထုတ်လုပ်တဲ့ စပါးဆိုတာကတော့ ဒီစပါးနဲ့ပဲ ကျွန်တော်တို့ နိုင်ငံက ခုထိ တည်ဆောက်နေတာဆိုတော့ ဒီလူတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ လုပ်နိုင်စွမ်းရည်ကို နိုင်ငံတော်က ဦးဆောင်ပြီးတော့ ဘယ်လုပ်ငန်းကို မဆို ဦးဆောင်လုပ်မယ့် ကော်မတီအနေနဲ့ ယူဆပါတယ် ။ ကျွန်တော်တို့လွှတ်တော်မှာ ကြိုးပမ်းနေပါတယ်ပေါ့နော် ။ ဆိုတော့ မကြာခင်က ကျွန်တော်တို့ ကော်မတီက ကျေးလက်ဖွံ့ဖြိုးရေးဥပဒေ ဆိုပြီးတော့ ဆွေးနွေး ထုတ်ပြန်ပြီးပါပြီ ။ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်လောက်ကပဲ ကျွန်တော်တို့ ကော်မတီက နေပြီးတော့ ဦးဆောင်ပြီးဆွဲတဲ့ တိရစ္ဆာန် မွေးမြူရေးတိုးတက်ရေးနဲ့ ဖွံ့ဖြိုးရေး ဥပဒေပေါ့နော် ။ အဲဒီဟာလေးတွေ မကြာခင်မှာ ထွက်လာဖို့ရှိပါတယ် ။ ကျွန်တော်တို့က ကျေးလက်ဒေသဖွံ့ဖြိုးရေးဟာ တစ်ပြည်လုံးနဲ့ ဆိုင်တယ် ။ အရေးလည်းကြီးတယ်။
#မေး ။ ။ ကျွန်တော် နည်းနည်းလေး တိတိကျကျ မေးးချင်တာက လွှတ်တော်သက်တမ်း ကလည်း သိပ်မကျန်တော့တဲ့ အချိန်ဆိုတော့လေ သီးနှံအာမခံကို ဒီလွှတ်တော် သက်တမ်းအတွင်းမှာ ပြဌာန်းနိုင်တာမျိုးရှိလား ။ ဒါမှမဟုတ် အာမခံဥပဒေမှာပဲ ထပ်ပေါင်းဖြည့်စွက် ပြင်ဆင်တာမျိုး ဒီသက်တမ်းအတွင်းမှာ ဖြစ်နိင်ချေရှိလား ။
# ဖြေ ။ ။ ဒါကိုတော့ ဒီလွှတ်တော် သက်တမ်းအပြီးမှာ ဆိုရင် ရှိပြီးသား ပေါင်းစပ်ဖို့ ဆိုတာ ဖြစ်နိုင်ချေရှိပါတယ် ။ အသစ်လုပ်ဖို့ဆိုတာကတော့ ကျွန်တော်တို့ နည်းနည်းခက်ပါတယ် ။ အသစ်လုပ်မယ်ဆို ကျွန်တော်တို့က ဥပဒေကြမ်း မှာ ဆွေးနွေးရ ပြည်သူ့လွှတ်တော်မှာ တင်ရ အမျိုးသားလွှတ်တော်မှာ စီစဉ်ရမယ် ။ ကွဲလွဲချက်ကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးရမယ် ။ ပြီးရင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကိုတင်ရမယ် ။ ခွင့်ပြုချက်တွေရမှ ကျွန်တော်တို့က တစ်ခါပြန်ပြီး စီစဉ်ရတယ် ။ အသစ်ပြင်မယ် ဆိုရင်တော့ အဆင့်တွေ အများကြီး ကြာပါမယ်။
#မေး ။ ။ အာမခံဆိုတာက သိတဲ့အတိုင်းပဲ ။ နိုင်ငံတကာမှာက အရမ်းကို ဖွံ့ဖြိုးနေပြီ ။ ကျွန်တော်တို့ဆီမှာက အရမ်းကို နောက်ကျပြီးတော့ အမှီလိုက်နေရတယ် ။ ဒီသီးနှံအာမခံ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လောက် အနေအထားထိ ရုန်းကန်ရဦးမလဲ ။ ကျွန်တော်တို့ ခု လုပ်ဆောင်နေတာတွေ ဘယ်အဆင့်လောက်မှာ ရှိနေသလဲ ဆိုတာလေး သုံးသပ်ပေးပါဦး ။

# ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ ခုချိန် စမ်းသပ်လုပ်ဆောင်တဲ့ အဆင့် Result တွေအရ အဆင်ပြေတာလည်း တွေ့ရတယ် ။ ဘာလိုနေသေးလည်းဆိုတော့ နံပါတ် ၁ အနေနဲ့ တောင်သူလယ်သမားအကုန်လုံး ပါဝင်ဖို့ လိုတယ် ။ တောင်သူလယ်သမားတွေ ပါဝင်နိုင်ဖို့ ဆိုတာ နှစ်ပိုင်းတွေ့ရတယ် ။ တစ်ပိုင်းက ကျွန်တော်တို့နိုင်ငံမှာ ရာသီဥတု ဖောက်ပြန်တာ အများဆုံးခံနေရတဲ့ နိုင်ငံထဲ မှာ ပါတယ် ။ ရေကြီးတယ် ခုတလော ။ မိုးရွာတယ် ဆန်စပါးတွေ ရတယ် ။ ဟိုးအရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက တောမှာနေတဲ့သူတွေလည်း ရှိချင်မှ ရှိတော့မယ် ။ ရန်ကုန် ၊ မန္တလေးလို နေရာတွေ က ပြောင်းလာတာတို့ နယ်စပ်ထွက် အလုပ်လုပ်တာတို့ ရှိကြတယ်လေ ။ တွက်ကြည့်ရင် တောက လူတွေ ပိုများတာ တွေ့ရတယ် ။ သူတို့ ဘာလို့ နိုင်ငံခြားထွက် တာလည်းဆိုတော့ လယ်ယာ ကျွဲ နွား အာမခံ မရှိလို့ ။ အဲဒီတော့ အဖေ့ကိုလည်း အထင်မကြီး ။ စိုက်ပျိုးရေး အလုပ်ကိုလည်း အထင်မကြီး ။ ဆိုလိုတာက ဒီအာမခံ လုပ်ငန်းထဲမှာ ကျွန်တော်တို့တွေ အာမခံကြေးပေးနိုင်မယ်ဆိုရင် ရေကြီးရင်လည်း အာမခံ ရှိရမယ် ။ မိုးရွာတာလည်း အာမခံ ရှိရမယ်။ တောင်သူတွေကစိုက်ပျိုးမထုတ်လုပ်ရသေးဘူး ။ အာမခံကြေးပေးရမယ်လို့လုပ်ထားတာမရှိဘူး။အခု လက်ရှိတော်တော်များများကလည်း အကြွေးတွေ ဆိုတော့ ဒီတောင်သူ လယ်သမား တော်တော်များများ လည်းပါတယ် ။ အခု လက်ရှိစမ်းသပ်နေတဲ့ ဒီ ဂလိုဘယ်ဝေါရဲ့ Pilot Project ဆိုရင် တစ်ဧကကိုမှတစ်သောင်း ။ တစ်သောင်း ဆိုတော့ ကျွန်တော်တို့ သီးနှံစပါးစိုက်မယ်ဆိုအစိုးရက စပါး ပုံမှန်ဆို ၁သိန်းခွဲပေးတယ်။ အဲ့ဒီ ၁သိန်းခွဲထဲက အဲ့တစ်သောင်းကို ကျွန်တော်တို့ ယူထားလိုက်လို့ ရှိရင် ၁သိန်း၄သောင်းစီရမယ် ။ ခုခေတ်တစ်သောင်းဟာ ဘာမှ အခက်ခဲမရှိဘူးလို့ ကျွန်တော် ယူဆပါတယ် ။ ယူရင် အာမခံချက်မရဘူး။ ကျတော်တို့နိုင်ငံက အဲဒီဲ့လိုမလုပ်တဲ့အတွက် နိုင်ငံတော်က နှစ်စဉ် နှစ်စဉ် ရေကြီးရင် ရေလျှံရင် ထောက်ပံ့ကြေးပေးနေရတယ်။ တကယ်တမ်းကြ မကာမိဘူး ဒီဥစ္စာ ကလေ ။ အခု ဒီစနစ်ရှိမယ်ဆိုရင်အစိုးရအနေနဲ့လည်း သက်သာမယ်။ တောင်သူလည်းပြန်ရမယ် ။ အာမခံ ကုမ္ပဏီတွေလည်း အားလုံးအဆင်ပြေမယ့် လုပ်ငန်းတစ်ခုပေါ့ ။ အဓိကအချက် ၃ချက် အနေနဲ့ တစ်ခုက တောင်သူလယ်သမားအားလုံးပါဝင်နိုင်ဖို့ဖြစ်ပါတယ်။ နံပါတ်၂က ပရီမီယံကြေးကို တစ်နေရာကနေ ကျွန်တော်တို့ ဆပ်ပြီး သွင်းထားပြီးပြီ ဖြစ်ရမယ်။ နံပါတ်၃အနေနဲ့ကတော့ ဒါကိုအစိုးရအနေနဲ့ဥပဒေကြမ်းထုတ်ပေးပီးတော့မှ ပုံစံ ၇ရသူတိုင်း ဒါကို မဖြစ်မနေ အာမခံထားရမယ်ဆိုတာမျိုးလေး ဥပဒေအထောက်အကူပေးလိုက်မယ်ဆိုရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။
#မေး ။ ။ ဆရာပြောတဲ့ အချက်၃ချက်လုံးကို ကြည့်ရရင်တော့ ကျွန်တော်တို့ government Sector မပါပဲ သီးနှံအာမခံ ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလို့ပဲပြောရမှာပေါ့ ။
#ဖြေ ။ ။ ဟုတ်ပါတယ် ။ ခုက အာမခံဥပဒေရှိပီးသားလေ ။ အဲ့အာမခံဥပဒေထဲမှာ ကျွန်တော်တို့က ဒါကိုပဲ ကဏ္ဍတစ်ခုအနေနဲ ကျွန်တော်တို့ လုပ်မယ်ဆိုရင် လုပ်လို့ရပါတယ် ။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

MRTV လူမှုစီးပွါးမြင်ကွင်းအစီအစဉ် နှင့် ကျွဲကောသီး အမေးအဖြေ

Website

Address

Yangon

Other Yangon non profit organizations (show all)
British Council Myanmar British Council Myanmar
78, Strand Road, Kyauktada Township
Yangon, 11182

We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...

MASES - Myanmar Astronomy & Science Enthusiasts Society MASES - Myanmar Astronomy & Science Enthusiasts Society
Yangon

သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။

Internet Society Myanmar Chapter Internet Society Myanmar Chapter
Yangon

We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.

Myanmar Storytellers Myanmar Storytellers
Online
Yangon, 095

ျမန္မာ့လူ႔ေဘာင္အဖြဲ႕အစည္း၏ လူငယ္လူ

Myanmar Monks Group Hacker Anonymous Myanmar Monks Group Hacker Anonymous
ငုဝါလမ်း
Yangon, M.M

White Hat We are Myanmar

Movement during Crisis Movement during Crisis
Yangon

အများပြည်သူရွေးချယ်တင်မြှောက်ထားသ?

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

TMK Philanthropic သန်းမင်းကြွယ် ပရဟိတ TMK Philanthropic သန်းမင်းကြွယ် ပရဟိတ
သုနန္ဒာ(12)လမ်း
Yangon

People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...

ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း ရွှေရောင်အနာဂတ် လူမှုကူညီကယ်ဆယ်ရေးအသင်း
Yangon

ပြည်သူများသို့ကူညီရန် ကျွန်တော်/ကျ?

Astrio Astrio
Yangon

'ASTRIO' is a tech-based community organization which intends to help Myanmar youths. It involves in

Grow Back for Posterity Grow Back for Posterity
7 Pyitawaye Street
Yangon, 11111

community-based solutions for wildlife conservation

B.M.G spt B.M.G spt
ထန်း‌ေြခာက်ပင်
Yangon