U Win Min Zaw Lawyer - ဦးဝင်းမင်းဇော်-ဥပဒေ
အများပြည်သူတို့အတွက် ဥပဒေရေးရာဗဟုသုတများကို ပြန့်ပွားပေးပါမည်။
လွဲမှားနေသော အသုံး(စကားလုံး)-နောက်တိုးသက်သေ ??????
မောင်လိပ်။ ။ အကို…ပြစ်မှုမှာ "နောက်တိုးသက်သေ" ဆိုတာ ဘာပြောတာလဲဗျ.. ဗဟုသုတအနေနဲ့ သိချင်လို့ပါ..ရှင်းပြပေးပါအုန်းဗျ
လိပ်ကြီး။ ။ နေပါအုန်း..မေးပါအုန်းမယ်.. နောက်တိုးသက်သေ လျှောက်ထားတာက ဘယ်ပုဒ်မအရ လျှောက်ထားနေကြတာလဲညီလေး…
မောင်လိပ်။ ။ ညီလေး ကြားခဲ့တာတော့ တရားခံဘက်ကလျှောက်တာဘဲ.."စွဲချက်တင်တုန်းက သက်သေစာရင်းထဲမပါဘဲ အမှုအကြောင်းသိတဲ့သူ..အဲ့အချိန်က ခရီးလွန် နေလို့ သက်သေစာရင်းထဲမထည့်ခဲ့တာ ခုစစ်ဆေးနေတုန်းပြန်ရောက်လာတာနဲ့ သက်သေစာရင်းထည့်ချင်တာဆိုဘဲ..နောက်တိုးသက်သေတဲ့ " ပုဒ်မ မပါဘဲ လျှောက်တာ အကို… အဲ့လို လျှောက်လာရင် ရုံးတော်အနေနဲ့က ဘယ်လိုအမိန့် ချရမလဲ အကို….
လိပ်ကြီး ။ ။ ညီလေးသိချင်မှတော့ ပြောပြပေးရတာပေါ့..
ညီလေးကို အကိုပြန်မေးချင်တာက ဉပမာကွာ…ဝရမ်းမှုစစ်ဆေးနည်းဆိုပါဆို့..
ရာဇဝတ်ကျင့်ထုံးဥပဒေ ဘယ်ပုဒ်မတွေအရ စစ်ဆေးရတာလဲ.
မောင်လိပ်။ ။ ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း ၂၁ မှာပါတဲ့ ပုဒ်မ ၂၅၁ မှ ၂၅၉ အထိ ပြဌာန်းချက်တွေအရ စစ်ဆေးရပါတယ် အကို..
လိပ်ကြီး ။ ။ အေး.. အဲဒါဆိုကွာ ကျင့်ထုံး ပုဒ်မ ၂၅၂ ကို ညီလေးနားလည်သလို ရှင်းပြပါအုန်း…
မောင်လိပ်။ ။ ပုဒ်မ ၂၅၂ မှာက "တရားခံ(စွပ်စွဲခံရသူ) ရုံးရှေ့ရောက်လာရင် တိုင်တန်းသူ (တရားလို) ရှိရင် ၎င်းအား စစ်ဆေးပြီး တရားလိုပြသက်သေများကိုစစ်မေးရန်နှင့် တရားခံအနေနဲ့ ပြန်လှန်စစ်မေးခွင့်ပြုရန်…လို့ မှတ်သားထားမိတယ်အကို.. ရာဇဝတ်ပုံစံ ၇၃ ကို အသုံးပြုရမယ်ဆိုပြီး တရားရုံးများလက်စွဲ၊ အပိုဒ် ၄၄၅ မှာ ပြောထားပါတယ်အကို..
လိပ်ကြိီး။ ။ အင်း… ညီပြောပြတဲ့အတိုင်းဆိုရင် တရားလိုပြသက်သေကို ရုံးတော်အနေနဲ့ မဖြစ်မနေစစ်ပေးရမယ်လို့ အကိုကပြောရင် ညီလက်ခံနိုင်မလား..
မောင်လိပ်။ ။ ပုဒ်မ ၂၅၂ အရဆိုရင်တော့ မှန်ပါတယ်အကို….
လိပ်ကြီး။ ။ ဟုတ်ပြီ…ဆက်ပြီးတော့ ပုဒ်မ ၂၅၆ ကို ညီလေးနားလည်သလိုပြောပြပါအုန်း..
မောင်လိပ်။ ။ ပုဒ်မ ၂၅၆(၁)မှာက စွဲချက်တင်ပြီးနောက် စွဲချက်မတင်ခင်စစ်ဆေးပြီးသော သက်သေများအနက် မည်သည့်သက်သေကို ပြန်ခေါ်စစ်ဆေးလိုခြင်းရှိ/မရှိ ရုံးတော်ကမေးမြန်းရမယ်။ စစ်ဆေးလိုရင် ရုံးတော်က ပြန်ခေါ်ပေးပြီး ပုဒ်မ ၃၄၂(၁)နှင့်အညီ ပြန်လှန်မေးခြင်း၊ ထပ်မံစစ်မေးခြင်းများ ပြုလုပ်ခွင့်ပေးရမယ်။ ပုဒ်မခွဲ(၂)အရ တရားခံက သက်သေအဖြစ်အစစ်ခံလို/မလိုမေးပြီး သက်သေအနေနဲ့ အစစ်ခံခဲ့ရင် တရားခံရဲ့သက်သေခံချက်ကိုယူရမယ်။ ပြီးရင် တရားခံဘက်က တင်ပြတဲ့ သက်သေများ၏ သက်သေခံချက်ရယူရပါမယ်အကို…
လိပ်ကြီး။ ။ ညီလေးပြောပြသွားတဲ့ ထဲမှာ "နောက်တိုးသက်သေ" ဆိုတာပါသလား…
မောင်လိပ်။ ။ မပါ ပါဘူး အကို……
လိပ်ကြီး။ ။ အေးလေ ရှင်းနေတာဘဲ ဥပဒေပြဌာန်းချက်တွေမှာ အတိအလင်းပြောထားတာ ဘဲ.. တရားလိုဘက်က တင်ပြတဲ့သက်သေနဲ့ တရားခံဘက်ကတင်ပြတဲ့သက်သေ ဆိုပြီးရှိတာလေ.. ဘာဖြစ်လို့ " နောက်တိုးသက်သေ" လို့ သုံးနှုန်းနေမလဲ….
မောင်လိပ်။ ။ ဟုတ်တယ်နော် အကို ပြဌာန်းချက်တွေမှာက ရှင်းနေတာဘဲဗျ..
လိပ်ကြီး။ ။ ညီလေးသိချင်တဲ့အပိုင်းကိုရှင်းပြပေးမယ်… ပုဒ်မ ၂၅၆(၂) ပြဌာန်းချက်မှာ "××× the evidence of witnesses for the defence (if any) shall be taken ×××" လို့ပြဌာန်းထားတယ်.. "shall" ဆိုတဲ့စကားလုံးလေးက "မဖြစ်မနေရယူရမည်" လို့ပြောချင်တာဘဲ။ တရားခံဘက်က သူတို့ရဲ့ခုခံရေးလမ်းကြောင်းမှာ အမှုကို အတိအလင်းသိတဲ့သူ(အရေးပါတဲ့သက်သေမျိုး) မည်သူ့ကိုမဆို သက်သေအနေနဲ့ တင်ပြနိုင်တယ်။ နောက်တိုးသက်သေလို့ သုံးနှုန်းမည့်အစား ပုဒ်မ ၂၅၆(၂) အရ "နောက်ထပ်တင်ပြလိုသောသက်သေ" လို့ ပြောပြီး လျှောက်ထားခဲ့ရင် တစ်ဘက်အမှုသည်အနေနဲ့ကလည်း ကန့်ကွက်နေစရာမလိုသလို ရုံးတော်အနေနဲ့လည်း ပုဒ်မ ၂၅၆(၂) အရ လက်ခံကြောင်း အမိန့်ချလိုက်ရင်ရပါပြီ။
မောင်လိပ်။ ။ အကိုရှင်းပြသလိုဆိုရင် တရားလိုဘက်က ပုဒ်မ ၂၅၂(၁)(၂) အရ သက်သေတွေ စစ်ပေးခဲ့သလို တရားခံဘက်အတွက်လည်း ပုဒ်မ ၂၅၆(၂)အရနဲ့ သူတို့နှစ်ဘက်တင်ပြသမျှသက်သေတွေကို စစ်ပေးမယ်ဆိုတော့ ပိုပြီး တရားမျှတမှု ဖြစ်စေ တာပေါ့နော် အကို…
လိပ်ကြီး။ ။ အမှန်ပေါ့ကွာ… ညီလေးမှတ်ထားရမှာက ဥပဒေမှာ "နောက်တိုးသက်သေ" ဆိုတာ မရှိဘူး… တစ်ခုတော့သိထားအုန်း နောက်ထပ်သက်သေထည့်ချင်တဲ့ သူက အမှုဆုံးဖြတ်ရာမှာ တကယ်အရေးပါလားဆိုတာကြည့်ရအုန်းမယ်… အချိန် ဆွဲချင်လို့လျှောက်ထားတာဆိုရင်တော့ မလုပ်သင့်မလုပ်အပ်တာပေါ့…
မောင်လိပ်။ ။ အကို ပြစ်မှုတစ်ရပ်စွဲချက်(ရာဇဝတ်ပုံစံ ၇၉)မှာ စွဲချက်တင်ပြီးအပြစ်မရှိကြောင်း ငြင်းဆိုပြီးရင် စွဲချက်ဒုတိယပိုင်းမှာ တင်ပြလိုတဲ့သက်သေတွေကို ဘာဖြစ်လို့ စာရင်းတောင်းတာလဲ အကို….
လိပ်ကြီး။ ။ အဲ့ဒါ အကို့ အမြင်ကတော့ တရားခံအနေနဲ့ " အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရသလို" သူတင်ပြလိုတဲ့သက်သေတွေကို ကြိုတင်ပြီး စီစဉ်ရလွယ်ကူအောင် ရေးမှတ်ထားတဲ့သဘောလို့ မြင်မိတယ် ညီလေး…
မောင်လိပ်။ ။ ကျေးဇူးတင်ပါတယ်.. အကိုရှင်းပြလို့ နားလည်လာသလိုတော့ရှိလာပါပြီ..
တရားမမှုအကြောင်း နောက်တစ်ပတ်မှလာဆွေးနွေးပါအုန်းမယ်ဗျာ…
လိပ်ကြီး။ ။ အကိုလည်း လေ့လာနေဆဲပါဘဲညီလေး… အကိုပြောလို့ဆိုပြီး မှန်တယ်လို့ မယူဆနဲ့နော် ညီလေးအနေနဲ့လည်း လေ့လာပြီး ပြန်လည်သုံးသပ်ကြည့်အုန်း….
( ကျွန်တော်၏ အမြင်သက်သက်ကိုသာ တင်ပြခြင်းဖြစ်ပါသည်။ )
ဝေဖန်အကြံပြုနိုင်ပါသည်….လေးစားစွာဖြင့်---
U Win Min Zaw(law)
Lape Gyi(law)
JO-4 ဖြေဆိုကြမည့် ညီ/ညီမငယ်များအတွက် ကျွန်တော်၏ PP ထဲမှ ကောက်နုတ်ဖော်ပြချက်များ.................
***ပန်းတိုင် ဥပဒေစာစဥ်***
ဦးဝင်းမင်းဇော် ( ဥပဒေ)
LapeGyi (Law)
၂၀၁၈-၂၀၁၉ ခုနှစ်လောက်က လေ့လာပြီးရေးဖြစ်ခဲ့တာလေး ပြန်တွေ့လို့ တင်ပေးလိုက်သည်။
**** လင်မယားကွာရှင်းရေး****
မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ လင်ခန်းမယားခန်း ပြတ်စဲရန် အဓိက အကြောင်းရင်း−၃ မျိုးရှိသည်။
၁။ နှစ်ဦးသဘောတူ ကွာရှင်းခြင်း
၂။ လင်ဖြစ်သူ ရဟန်းပြုခြင်း
၃။ အိမ်ထောင်ရေး ပြစ်မှုကြောင့် ကွာရှင်းခြင်း
အိမ်ထောင်ရေးပြစ်မှုကို သုံးသပ်ရာတွင် "သာမန်အိမ်ထောင်ရေးပြစ်မှု"နှင့် "ကြီလေးသော အိမ်ထောင်ရေးပြစ်မှု"ဟူ၍တွေ့ရပေမည်။
သာမန် အိမ်ထောင်ရေးပြစ်မှု (၅) မျိုး−
(က)ရက်စက်မှု
(ခ) လင်၏ ဖောက်ပြန်မှု
(ဂ) ဒုတိယ မယားယူမှု
(ဃ) စွန့်ပစ်မှု
(င) လည်ဆယ်မှု တို့ဖြစ်သည်။
ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု (၂) မျိုး−
(က) မယား၏ ဖောက်ပြန်မှု
(ခ) ကြီးလေးသော ရက်စက်မှု တို့ဖြစ်သည်။
နှစ်ဦးသဘောတူကွာရှင်းခြင်း---
လင်နှင့် မယားတို့ နှစ်ဦးသဘောတူညီလျှင် အချိန်မရွေး ကွာရှင်းနိုင်သည်။နှစ်ဦးသဘောတူ ကွာရှင်းသည့် စာချုပ်ကို ရေးရမည်
ဟူ၍ ဓလေ့ထုံးတမ်း ဉပဒေတွင်၄င်း၊ ယခုခေတ် ဉပဒေတွင်၄င်း ပြဌာန်းထားခြင်းမရှိပေ။နှစ်ဦးသဘောတူညီချက်အရ ကွာရှင်းလျှင် လင်ခန်းမယားခန်း
လုံးဝ ပြတ်စဲသည်။(ဒေါ်အမနှင့် ဒေါ်ခင်တင့် ၊၁၉၆၄ မတစ ၃၄၁ နှင့် ဦးစံနှင့် မလှချစ်၊ ၁၉၆၆ မတစ ၅၁၃)
လင်မယား ကွာရှင်းလျှင် ပစ္စည်းခွဲဝေလေ့ ရှိကြသောကြောင့် ကွာရှင်းမှုများကို လူကြီးများအား အသိသက်သေထား၍ ပြုလုပ်လေ့ ရှိသည်။နှစ်ဦးသဘော
တူ ကျေကျေနပ်နပ် ကွာရှင်းလိုလျှင် စာချုပ် မလို၊ အသိသက်သေ မလိုပေ။(မအမိကြီးနှင့် မောင်မှတ်၊ ၂ ယူဘီအာ (၁၈၉၇−၀၁) ၃၇)
သာမန်အိမ်ထောင်ရေးပြစ်မှုများ
(က) ရက်စက်မှု
ရက်စက်မှုဆိုသည် ကိုယ်ခန္ဓာသော်၎င်း၊ကျန်းမာရေးကို ၄င်း၊အသက်ကို၄င်း၊အန္တရာယ်ဖြစ်စေလိမ့်မည်ဟု စိုးရိမ်မကင်းဖြစ်စေမည့် ပြုမူချက်ကို
ဆိုလိုကြောင်း ၁၉၆၇ ခုနစ်တွင် တရားရုံးချုပ်မှ ဆုံးဖြတ်သည့် စီရင်ထုံးများတွင်တွေ့ရသည်။
တခါတရံ စိတ်သဘောချင်း မတိုက်ဆိုင်၍ လင်က မယားကို ရိုက်နှက်ဆုံးမခြင်းမျိုးကို ဉပဒေအရ ရက်စက်မှုဟု မဆိုသော်လည်း မကြာခဏ လင်
က ကိုယ်ထိလက်ရောက် ရိုက်ခြင်း၊ ဆံပင်ဆွဲခြင်း စသည့်တို့ ပြုလုပ်ခဲ့ပါက ရက်စက်မှုကို ကျူးလွန်သည်ဟု မှတ်ယူရမည်။ (မစ္စပါး(လ်)ကျော်နှင့်
ဦးကျော်၊၁၉၆၇ မတစ ၂၄၉)
လင်သည် ထင်ရှားအောင် သက်သေ မပြနိုင်ပဲ မယားအား လင်ငယ်နေသည်ဟု စွပ်စွဲသည်။ထို့ပြင် မယားအား ၄င်း၏မိဘများအိမ်သို့ မသွားအောင်
တားမြစ်သည်။ တားမရလျှင် ရိုက်နှက်သည်။ လင်သည် ရက်စက်မှု ကျူးလွန်သူ ဖြစ်သည်။(မောင်အုန်းကျော်နှင့် မလှမူ၊ ၁၉၃၄၊ ရန်ကုန် ၂၇၂)
(ခ)လင်၏ဖောက်ပြန်မှု
လင်သည် မယားအားတကြိမ်မျှ ပါးရိုက်ပြီနောက် အခြားမိန်းမ တဦးနှင့် ပေါင်းသင်း၍ ကလေးရရှိလျှင် မယား၌ ကွာရှင်းခွင့် ရနိုင်ပေသည်။(မောင်
ငွေစန်းနှင့် မကြီး အေအိုင်အာ ၁၉၂၉ ရန်ကုန် ၆၄)
(ဂ)ဒုတိယမယားယူမှု
ပထမ မယားကြီး ရှိလျှက် ဒုတိယမယားယူခြင်းသည် ရက်စက်ခြင်းဖြစ်ရာ ပထမ မယား၌ကွာရှင်းခွင့်ရှိသည်။(မောင်ဆက်မောင်နှင့် မကြင်သွေး ၁၉၆၃ မတစ ၂၉၅)
(ဃ) စွန့်ပစ်မှု
စီရင်ထုံးများအရ လင်ဖြစ်သူသည် ဇနီးအပေါ်၌ မချစ်မနှစ်သက်၍ အထောက်အပံ့ မပေးပဲ ၃ နှစ်တိုင် စွန့်ပစ်ထားလျှင် ၄င်း(မညွန့်နှင့် မောင်စံသိန်း ၅ ရန်ကုန်
၅၃၇)၊ ထိုနည်းတူ မယားက လင်အား တစ်နှစ် စွန့်ပစ်ထားလျှင်၄င်း လင်ခန်းမယားခန်း အလိုလို ပြတ်စဲကြသည်။ထိုနှစ်ကာလခြားအတွင်း တစ်ဦးနှင့်
တစ်ဦး ဆက်သွယ် ထောက်ပံ့မှု မရှိမှ ပြတ်စဲသည် မည်သည်။
အချုပ်ဆိုရလျှင်−'ကြီးလေးသောရက်စက်မှု' ကို ကျူးလွန်လျှင်၄င်း၊ မယားဖြစ်သူဖောက်ပြန်လျှင်သော်၄င်း၊ခင်ပွန်းများ၌ကွာရှင်းခွင့် ရရုံသာမက ပစ္စည်းခန်း
အခွင့်အရေးများကိုလည်း ကျူးလွန်သူက ဆုံးရှုံးခံရပေမည်။
ဝေဖန်အကြံပြုနိုင်ပါသည်။
U Win Min Zaw (Law)
Lape Gyi (Law)
၂၀၂၃ ခုနှစ်တွင် ပြဌာန်းထားသော လက်နက်ဥပဒေ ၏ သိကောင်းစရာများ
၁။ ယခင် ၁၈၇၈ ခုနှစ် လက်နက်အက်ဥပဒေ တွင် လူသိများခဲ့သော ပြစ်ဒဏ် ပုဒ်မ ၁၉(င)သည် ယခု ၂၀၂၃ ခုနှစ် လက်နက်ဥပဒေတွင် ပုဒ်မ ၂၃(က)(ခ) တို့တွင် ပြဌာန်းထားပေသည်။ ယခင်လက်နက်အက်ဥပဒေပုဒ်မ ၁၃ ပြဌာန်းချက်သည် "မည်သူမျှ လက်နက်တစ်ခုခုကို စွဲကိုင်သွားလာခြင်းမပြုရ" ဟု ပြဌာန်းထားခဲ့ရာ ယခု လက်နက်ဥပဒေပုဒ်မ ၁၅(က)တွင် " မည်သူမျှ လက်နက်တစ်ခုခုကို အများပြည်သူနှင့် ဆိုင်သောနေရာတွင် သယ်ယူခြင်း၊ ကိုင်ဆောင်သွားလာခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ပြသခြင်းမပြုရ" ဟု ပြဌာန်းချက်ကိုသတိပြုသင့်ပေသည်။ ပြစ်ဒဏ်ကိုတော့ ယခင် ပုဒ်မ ၁၉(င)နှင့် ယခု ပုဒ်မ၂၃(က) တို့တွင် ပြောင်းလဲထားခြင်းမရှိပေ။
(ဆိုလိုသည်မှာ ယခုပုဒ်မ ၂၃(က)သည် လက်နက်ကို လက်မှစွဲကိုင်စရာမလိုပေ။ မိမိနှင့်အတူ စီးနှင်းခဲ့သော ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီး၊ လွယ်အိတ်၊ စသည့် ပစ္စည်းတင်ဆောင် /သယ်ဆောင်ရသည့် ကိရိယာ တစ်ခုခုအတွင်း မှ လက်နက်ပါလာလျှင်ကိုက ပုဒ်မ ၂၃ မြောက်ပေသည်။)
၂။ ပုဒ်မ ၁၅(ဂ)ကိုလည်း သေချာလေ့လာသင့်ပေသည်။( ဆိုလိုသည်မှာ လမ်းဘေး၊ စတိုးဆိုင်၊ ဘုရားပွဲဈေး များတွင် အလှပြရောင်းချသော မောင်းချဓါးများ၊ ဓါးအိမ်ပါသောဓါးများကို ရောင်းချရာတွင် ရောင်းချခွင့်လိုင်စင် လိုပေလိမ့်မည်။ လိုင်စင်မရှိပါက ပုဒ်မ ၂၃(ခ)အရ တရားစွဲဆိုခံရနိုင်ပေသည်။
၃။ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေ၏ အခန်း (၈) တွင် ဤလက်နက်ဥပဒေအရ အရေးယူရာတွင် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များကို ပြဌာန်းထားပေသည်။
၄။ လက်နက်ဥပဒေပုဒ်မ ၃၄ တွင် ပုဒ်မ ၂၃ အရ တရားစွဲဆိုခံရပါက သက်သေပြရန်တာဝန်သည် စွပ်စွဲခံရသူ အပေါ်တွင်သာ ကျရောက်သည်။
၅။ တရားရုံးများအနေဖြင့် အထူးသတိထားရမည်မှာ ပုဒ်မ ၄၀ ဖြစ်ပေသည်။(ထူးခြားချက်မှာ(ခ)တွင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟုပြဌာန်းချက်ဖြစ် သည်။ စဉ်းစားစရာ ရှိသည်မှာ- ဥပမာ အရိုးအသွား ၆လက္မ ရှိသော ဓါးကိုင်ဆောင်သောကြောင့် ပုဒ်မ ၂၃(က) ဖြင့် တရားစွဲဆိုခံရပါက သက်သေခံဓါးအားမည်သို့ဆောင်ရွက်သင့်သနည်း။)
၂၀၂၃ ခုနှစ် လက်နက်ဥပဒေမှာ သက်သေပြရန်တာဝန်သည် စွပ်စွဲခံရသူအပေါ်တွင်သာ ကျရောက် ကြောင်းကို ပုဒ်မ ၃၄ တွင် အတည်အလင်းပြဌာန်းထားပေသည်။ အများပြည်သူနှင့်ဆိုင်သောနေရာတွင် လက်နက်ကိုင်ဆောင်သွားလာသည်ကို တွေ့ရှိလျှင် ပုဒ်မ ၁၂(က)အရ မည်သူမဆို ဖမ်းဆီးဆောင်ရွက်နိုင်သည် ဟု ပြဌာန်းထားသည်။ ဤဥပဒေတွင် အမြင့်ဆုံးပြစ်ဒဏ်ကို ပုဒ်မ ၂၇ တွင် သေဒဏ်ဖြစ်စေ ချမှတ်ရမည် ဟုပါရှိပေသည်။
ကျွန်တော်၏ အမြင်သက်သက်ကိုသာတင်ပြခြင်းဖြစ်ပါသည်။
U Win Min Zaw (law)
Lape Gyi (law)
Jo-4 & Lo-4 ဖြေဆိုကြမည့် ညီ/ညီမငယ်များအတွက်.....
၄ နှစ်ကျော်ကြိုးစားလေ့လာပြီး ရေးသားထားတဲ့ မှတ်စုလေး မကြာမီလာမည်.....
တမုဟုတ်ခြင်း ရှင်းလင်းသွားစေရန် နှင့် တမုဟုတ်ခြင်း ဖတ်ရ မှတ်ရ လွယ်ကူစေရန် ရည်ရွယ်ပြီး မှတ်စုပြုထားပါသည်။
U Win Min Zaw (law)
LapeGyi(law)
LAPEGYI-JO(4)သီးသန့်စာစဥ်မှ ကောက်နုတ်တင်ပြသည်။
Jo-4/Lo-4 ဖြေဆိုမည့် ညီ/ ညီမများအတွက်......
၁။ ခိုးမှု၏အင်္ဂါရပ်များကို ရှင်းလင်းချက်များနှင့်တကွ ဖြေဆို၍ ခိုးမှု၏ပြစ်ဒဏ်ကို ဖော်ပြပါ။
ရာဇသတ်ကြီးပုဒ်မ ၃၇၈
တစ်ဦးတစ်ယောက်သောသူ၏ လက်ရှိမှ ထိုသူသဘောမတူဘဲ မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ရွှေ့ ပြောင်းနိုင်သောပစ္စည်းတစ်ခုခုကို ယူရန်ကြံရွယ်၍ ထိုသို့ယူရန် ကိစ္စအလို့ငှာ ထိုပစ္စည်းကို ရွှေ့စေလျှင် ထိုသူသည် ခိုးမှု ကျူးလွန်သည်မည်၏။
ခိုးမှုမြောက်ရန်လိုအပ်သည့်အင်္ဂါရပ်များမှာ-
- တစ်ဦးတစ်ယောက်သောသူ၏ လက်ရှိပစ္စည်းဖြစ်ရမည်။
- ပစ္စည်းသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်ရမည်။
- လက်ရှိဖြစ်သူ သဘောမတူဘဲဖြစ်ရမည်။
- မရိုးအဖြောင့်သောသဘောဖြင့် ပစ္စည်းကိုယူရန်ကြံရွယ်ခြင်းရှိရမည်။
- ပစ္စည်းကိုနေရာမှ ရွှေ့စေခြင်းရှိရမည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၉
မည်သူမဆိုခိုးမှုကို ကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။
ရာဇသတ်ကြီးပုဒ်မ ၃၈၀
လူနေထိုင်ရန်သော်လည်းကောင်း၊ ပစ္စည်းသိုလှောင်ရန်သော်လည်းကောင်း အသုံးပြုသော အဆောက်အအုံ သို့ မဟုတ် တဲ သို့မဟုတ် ရေယာဉ်တစ်ခုခုအတွင်းတွင် မည်သူမဆို ခိုးမှုကို ကျူးလွန်လျှင် ထိုသူကို ခုနှစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
U Win Min Zaw (law)
LapeGyi( Law)
LapeGYI -Jo (4) သီးသန့်စာစဉ်မှကောက်နုတ်တင်ပြသည်။
Jo-4 ဖြေဆိုမည့် ညီ/ညီမ များအတွက်-----[ GK ]မှတ်ချက်-လေ့လာရန်မျှသာဖြစ်ပါသည်။
"အထွေထွေဗဟုသုတဘာသာရပ်မှာ အခုနောက်ပိုင်း အမြဲလိုလိုထည့်မေးတတ်သော မြန်မာ-အင်္ဂလိပ်/ အင်္ဂလိပ်-မြန်မာ မေးခွန်းအား အမှတ်ပြည့်ရမှ အဆင်ပြေနိုင်ပါမည်" ဟု ကျွန်တော်ထင်မြင်ယူဆပါသည်။
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်
Supreme Court of the Union
- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး
Constitutional Tribunal of the Union
- ပြည်ထောင်စုတရားသူကြီးချုပ်
Chief Justice of the Union
- ပြည်ထောင်စုရှေ့နေချုပ်
Attoney General of the Union
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
Anti-Corruption Commission
- အာဆီယံတရားသူကြီးချုပ်ကောင်စီ၏ပဋိညာဉ်စာတမ်း
The charter of the ASEAN
- ဂျီနီဗာသဘောတူစာချုပ်
Geneva Convention
- ကုလသမဂ္ဂ၏ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များ
United Nations Millennium Development Goals
- အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ
Small and Medium
- တရားလွှတ်တော်ချုပ်တရားသူကြီး
Chief Justice of the Supreme Court
- ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့
Non-Aligned Movement
- အာဆီယံပါလီမန်များညီလာခံ
ASEAN-Paeliament Conference
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်
Nationwide Ceasefire Agreement
- ဗဟိုဝန်ထမ်းတက္ကသိုလ်
Central Institute of Civil Service
- လူကုန်ကူးမှုတားဆီးရေးဗဟိုအဖွဲ့
Central Committee for Prevention of Trafficking in Persons
- ပြည်ထောင်စုရာထူးဝန်အဖွဲ့
Union Civil Services Board
LapeGYI-JO[4]သီးသန့်စာစဉ်မှ အနည်းငယ်ကောက်နုတ်တင်ပြပါသည်။
ပြည်သူ့အတွက်ဥပဒေဗဟုသုတ🙏🙏🙏
U Win Min Zaw(ဥပဒေ)
LapeGYI(Law)
JO-4 ဖြေဆိုမည့် ညီ/ညီမ များအတွက်-----အပိုင်း ၂
ဥပဒေဘာသာရပ်
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)
(မှတ်ချက်။ သင်တန်းသား/သင်တန်းသူများအတွက် ၁၅ နှစ်တာမေးခွန်းဟောင်းများသာလေ့လာရန်ဖြစ်ပါသည်။)
၁၅။နိုင်ငံတော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို မည်သို့သတ်မှတ်ထားသနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်းသတ်မှတ်သည်-
(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊လဟယ်မြို့နယ်နှင့်နန်းယွန်းမြို့နယ်တို့ကိုစုစည်းပြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ဂ)ရှမ်းပြည်နယ်ရှိဟိုပုန်းမြို့နယ်၊ဆီဆိုင်မြို့နယ်နှင့်ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီးပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ဃ)ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကိုစုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကိုစုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(စ)ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခုဖွဲ့ပြီး "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။
၁၆။နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရကို မည်သူတို့ဖြင့်ဖွဲ့စည်းထားသနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၀ အရ
နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-
(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒုတိယသမ္မတများ၊
(ဂ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်
၁၇။ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို မည်သို့ဖွဲ့စည်းထားသနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃ အရ
နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်းဖွဲ့စည်းသည်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ နှင့် ဥပဒေအရတည်ထောင်ထားသော အခြားတရားရုံးများ၊
(ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊
(ဂ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး။
၁၈။ နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးကို ဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၄ အရ
စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေ ဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။
၁၉။ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပိုင်ခွင့်ရှိသည့် စာချွန်တော်အမိန့်များကို ဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၆(က)အရ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ပါစာချွန်တော်အမိန့်များထုတ်ပိုင်ခွင့်အာဏာရှိသည်-
(၁)ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(၂)အာဏာပေးစာချွန်တော်အမိန့်၊
(၃) တားမြစ်စေစာချွန်တော်အမိန့်၊
(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(၅) အမှုခေါ်စာချွန်တော်အမိန့်
၂၀။ တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ၏ စီရင်ပိုင်ခွင့်အာဏာများကို ဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၆ အရ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များတွင် ဥပဒေနှင့်အညီ အောက်ပါတရားစီရင်ပိုင်ခွင့်အာဏာများ ရှိသည်-
(က) မူလမှုကိုစီရင်ခြင်း၊
(ခ) အယူခံမှုကိုစီရင်ခြင်း၊
(ဂ) ပြင်ဆင်မှုကိုစီရင်ခြင်း၊
(ဃ) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသောကိစ္စရပ်များကို စီရင်ခြင်း။
၂၁။ ခရိုင်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာများကို ဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁၅ အရ
ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများသည် ဥပဒေနှင့်အ ညီ ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမူလမှုများကိုလည်းကောင်း၊ အယူခံမှုများနှင့် ပြင်ဆင်မှုများကိုလည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ်များကိုလည်းကောင်း စီရင်ပိုင်ခွင့်အာဏာရှိသည်။
၂၂။ မြို့နယ်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာများကို ဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁၆ အရ
မြို့နယ်တရားရုံးများသည် ဉပဒေနှင့်အညီ ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမူလမှုများကိုလည်းကောင်း၊ ဉပဒေတစ်ရပ် ရပ်အရ သတ်မှတ်ထားသောကိစ္စရပ်များကိုလည်းကောင်း စီရင်ပိုင်ခွင့် အာဏာရှိသည်။
၂၃။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် အဖွဲ့ဝင်မည်မျှပါဝင်သနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၀ အရ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဌအပါအဝင် အဖွဲ့ဝင် ကိုးဦးဖြင့်ဖွဲ့စည်းရမည်။
၂၄။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုကို ဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ အရ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်။
၂၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့်အာဏာကိုဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၅(ဃ) အရ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားဥပဒေပါပြ ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်များ ကိုဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာရှိသည်။ ထို့ပြင် အခြားတရားရုံးများကချမှတ်သောစီရင်ချက်များကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံစီရင်ပိုင်ခွင့်အာဏာရှိသည်။
LapeGYI-JO[4]သီးသန့်စာစဉ်မှ ကောက်နုတ်တင်ပြပါသည်။(အပိုင်း-၂)
ပြည်သူ့အတွက်ဥပဒေဗဟုသုတ🙏🙏🙏
U Win Min Zaw(ဥပဒေ)
LapeGYI(law)
JO- 4 ဖြေဆိုမည့် ညီ/ညီမ များအတွက်-----
ဥပဒေဘာသာရပ်
ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်)
(မှတ်ချက်။ သင်တန်းသား/သင်တန်းသူများအတွက် ၁၅နှစ် တာ မေးခွန်းဟောင်းများသာ လေ့လာရန်ဖြစ်ပါသည်။)
ရာထူးဝင်ခွင့်စာမေးပွဲတွင် ဥပဒေဘာသာရပ်မေးခွန်းလွှာမှာ နံပါတ် ၁ မေးခွန်းအနေနဲ့ မဖြစ်မနေ ဖြေဆိုရပြီးအ မှား ပါလို့ (လုံးဝ) မရတဲ့ဘာသာရပ်တစ်ရပ်ဖြစ်ပါသည်။ပေးမှတ်အများဆုံးပေးထားသောဘာသာရပ်လည်းဖြစ်ပေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် အခန်း(၁၅)ခန်းပါရှိပြီး ပုဒ်မ ပေါင်း(၄၅၇)ခု ပါဝင်ပြဌာန်းထားပါသည်။
နှစ်ပေါင်း ၁၅ နှစ်နီးပါး အမေးများခဲ့သောမေးခွန်းဟောင်းများကို ပထမဦးစွာ ကဗျာလေးနှင့် မိတ်ဆက်ပေးလိုက်ပါသည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကဗျာ (Jo-ဖြေဆိုသူများအတွက်သာ)
• ခက်မ ၃ ဖြာ ၁၁ ပါ
• အစိုးရအဖွဲ့ ဖွဲ့ခဲ့တာ ၂၀၀ အရပါကွာ
• တရားစီရင်ရေးမူဝါဒ အဲ့တာ ၁၉ ဗျ
• တရားစီရင်ရေးဆိုင်ရာရုံး အဲ့ဒါ ၂၉၃
• ခရိုင် မြို့နယ်စီရင်တယ် ၃၁၅ ပါကွယ်
• တိုင်းပြည်နယ်စီရင်ခွင့်အာဏာဆက် ၃၀၆ လို့မှတ်
• ခုံရုံးဆုံးဖြတ်အကျိုးသက် ၃၂၄ လို့မှတ်
• နိုင် ၄၇ မူလိုက်နာ ၄၈
• အခြေခံမူများဖြစ်တည်တယ် ၆ အရပါကွယ်
• ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ၅၆ ပါဟ
မေးခွန်းဟောင်းများနှင့် အဖြေများအား သေချာစွာ လေ့လာကျက်မှတ်သင့်ပေသည်။(၂၀ မှတ်တန် မေးလေ့ရှိပါသည်)
၁။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် မည်သူတို့ထံမှ ဆင်းသက်လာသနည်း။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ အရ
နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်။
၂။ နိုင်ငံတော်၏ အခြေခံမူများကိုဖော်ပြပါ။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ အရ
နိုင်ငံတော်သည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊
(ခ)တိုင်းရင်သားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
(ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊
(င) နိုင်ငံတော်၌ တရားမျှတခြင်း၊လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများပိုမိုထွန်းကားရေးနှင့် (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက်ဦးတည်သည်။
၃။ နိုင်ငံတော်သည် မည်သည့်စနစ်ကို ကျင့်သုံးသနည်း။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇ အရ
နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။
၄။ နိုင်ငံတော်ကို မည်သည့်စနစ်ဖြင့် တည်ဆောက်ထားသနည်း။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈ အရ
နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။
၅။နိုင်ငံတော်၏ ခက်မ ၃ ဖြာကိုဖော်ပြ၍ အာဏာများကို မည်သို့ ခွဲဝေသုံးစွဲသနည်း။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ အရ
(က) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီ ရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်။
(ခ) နိုင်ငံတော်အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ အားခွဲဝေအပ်နှင်းသည်။
၆။ တရားစီရင်ရေးအာဏာခွဲဝေအပ်နှင်းပုံနှင့် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးကိုဖော်ပြပါ။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈ အရ
(က) နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားရုံးများ အပါအဝင် အဆင့်ဆင့်သောတရားရုံးများ အားခွဲဝေအပ်နှင်းသည်။
(ခ) ပြည်ထောင်စုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ်ထားရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။
၇။နိုင်ငံတော်၏ တရားစီရင်ရေးမူဝါဒများကိုဖော်ပြပါ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ အရ
(က) ဉပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊
(ခ) ဉပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊
(ဂ) အမှုများတွင် ဉပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေး တို့ဖြစ်ပါသည်။
၈။ တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ နိုင်ငံသားတစ်ဦးကို မည်မျှထက်ပို၍ ချုပ်နှောင်ခွင့်မရှိသနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်ပုံအခြေခံဥပဒေ ပုဒ်မ ၂၁ အရ
(ခ)တရားရုံး၏ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဉီးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့်မရှိစေရ။
၉။ နိုင်ငံတော်သည် မည်သည့်စီးပွားရေးစနစ်ဖြစ်သနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅ အရ
နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။
၁၀။ နိုင်ငံတော်သည် မည်သည့်နိုင်ငံခြားရေးမူဝါဒများကို ကျင့်သုံးသနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁ အရ
နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေးမူများကို စောင့်ထိန်းသည်။
၁၁။ ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အား နောက်ကြောင်းပြန်အာဏာသက်ရောက်စေရန် ပြဌာန်းခွင့်ရှိပါသလား။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃ အရ
မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန်အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ။
၁၂။နိုင်ငံတော်တွင် မည်သည့်ပြစ်ဒဏ်မျိုးပြဌာန်းခွင့် မရှိသနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄ အရ
လူ့သိက္ခာညိှုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဌာန်းခွင့် မရှိစေရ။
၁၃။နိုင်ငံတော် ဆိုသည်မှာ အဘယ်နည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၇ အရ
နိုင်ငံတော် ဆိုသည်မှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပာယ်ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအ ခွင့်အာဏာကို သော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုသည်။
၁၄။နိုင်ငံတော်၏ အခြေခံမူများသည် မည်သည့်ကိစ္စများတွင် လိုက်နာရမည့် လမ်းညွှန့်များ ဖြစ်သနည်း။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၈ အရ
နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဌာန်းရာတွင်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အခြားဥပဒေများပါ ပြဌာန်းချက်များကိုသက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာ ရမည့်လမ်းညွန်များဖြစ်သည်။
LapeGYI-Jo[4] သီးသန့်စာစဉ်မှ ကောက်နုတ်တင်ပြပါသည်။(အပိုင်း - ၁)
ပြည်သူ့အတွက်ဥပဒေဗဟုသုတ🙏🙏🙏
U Win Min Zaw( ဥပဒေ)
LapeGYI( law)
Jo ဖြေဆိုမည့် ညီ/ညီမငယ်တို့ စာမေးပွဲအတွက် "ခိုးမှု" အကြောင်းသိကောင်းစရာ
ရာဇသတ်ကြီး ပုဒ်မ ၃၇၈
တစ်ဦးတစ်ယောက်သောသူ၏ လက်ရှိမှ ထိုသူသဘောမတူဘဲ မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ရွေ့ ပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို ယူရန်ကြံရွယ်၍ ထိုသို့ယူရန်ကိစ္စအလို့ငှာ ထိုပစ္စည်းရွေ့စေလျှင် ထိုသူသည် ခိုးမှုကျူး လွန်သည် မည်၏။
(ဥပမာ- သစ်ပင်သည် မရွေ့မပြောင်းနိုင်သော်လည်း ခုတ်လှဲပြီးနေရာ ရွေ့စေလျှင် ခိုးမှုမြောက်ပေသည်)
ပြစ်မှုမြောက်ရန် လိုအပ်သောအင်္ဂါရပ် (၅) ရပ်ရှိပါသည်-
-တစ်ဦးတစ်ယောက်၏ လက်ရှိဖြစ်ခြင်း
-ထိုသူသဘောတူညီချက် မရှိခြင်း
-မရိုးမဖြောင့်သော သဘောရှိခြင်း
-ရွေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်ခြင်း
-ထိုပစ္စည်းကို ယူရန်ကြံရွယ်၍ နေရာရွေ့စေခြင်း တို့ဖြစ်သည်။
ခိုးမှု၏ ပြစ်ဒဏ်ပုဒ်မ
ရာဇသတ်ကြီး ပုဒ်မ ၃၇၉
မည်သူမဆို ခိုးမှုကိုကျူးလွန်လျှင် ထိုသူကို ၃နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။
ရာဇသတ်ကြီး ပုဒ်မ ၃၈၀
လူနေထိုင်ရန်သော်လည်းကောင်း၊ ပစ္စည်းသိုလှောင်ရန်သော်လည်းကောင်း အသုံးပြုသော အဆောက်အအုံ သို့ မဟုတ် တဲ သို့မဟုတ် ရေယာဉ်တစ်ခုခုအတွင်းတွင် မည်သူမဆို ခိုးမှုကို ကျူးလွန်လျှင် ထိုသူကို ၇နှဈထိထောငျဒဏျ တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(ကားပေါ် ခါးပိုက်နှိုက် မိ ခြင်းလည်းပါဝင်သည်။"ပြင်" ဆိုသည့်စကားလုံးလေးသည် မဖြစ်မနေထောင်ချရမည် ဟု အဓိပ္ပာယ်ရသည်။)
U Win Min Zaw (LapeGYI Jo[4] သီးသန့်စာစဉ်) မှ ကောက်နုတ်တင်ပြသည်။
ပြည်သူ့အတွက် ဉပဒေဗဟုသုတ🙏🙏🙏
LapeGYI-(law)
ရုံးကအပြန် ထမင်းစားပြီး အားတဲ့အချိန်လေး စာဖတ်နေချိန်...လိပ်ကြီးတယောက် မယောင်မလည်နဲ့ ရောက်လာတယ်….
လိပ်ကြီး။ ။ဆရာ… နေကောင်းပါစဗျ…
ကျတော်။ ။ ကောင်းပါ့ကွာ..ကဲ…ဆိုစမ်းပါဦး..လာရတဲ့အကြောင်းလေး…..
လိပ်ကြီး။ ။ဒီလိုပါ..ဆရာရယ်..မနက်ကဈေးထဲရောက်တယ်..ဈေးထဲမှာ ဈေးဝယ်သူနဲ့ရောင်းသူ ရန်ဖြစ်
နေကြတယ်ဗျ..သိချင်တာနဲ့ ဘေးက အန်တီကြီးကိုမေးကြည့်တော့ အလေးမပြည့်လို့တဲ့ ပြ
ဿနာတတ်နေကြတာတဲ့ ဆရာ..အဲ့ကိစ္စကို ဥပဒေမှာ ပြဌာန်းထားတာမရှိဘူးလား..ဆရာ…
ကျတော်။ ။အင်း..မင်းကသိချင်မှတော့..ပြောပြ/ရှင်းပြပေးရတာပေါ့ကွာ……
ရာဇသတ်ကြီးဥပဒေစာအုပ်ရဲ့ အခန်း ၁၃ မှာ မင်းသိချင်တဲ့အကြောင်းအရာအပြည့်အစုံကို ပြဌာန်းထားတယ်ကွ…..အတိုချုပ်လေးပြောပြပေးမယ်..အကျယ်တော့..ရှာဖတ်ကြည့်ကွာ…
တို့ နိုင်ငံအနေနဲ့ စံအလေးချိန်ရယ်လို့ သီးခြားခွဲပြီးပြဌာန်းမထားပေမယ့် ရောင်းသူနဲ့ဝယ်သူ နှစ်ဦးသဘောတူအသုံးပြုရန်ရည်ရွယ်သည့် အလေးချိန်ထက်လျော့နည်းသည့် အလေးချိန်ကို အသုံးပြုလျှင် မမှန်သော အလေး၊ အချိန်အတွယ်ကို သုံးသည်ဟု ဆိုရမည် ဖြစ်သည်။
ပုဒ်မ ၂၆၄ ။ ။ မည်သူမဆို မမှန်ကြောင်းသိသော အချိန်အတွယ် ကိရိယာတစ်ခုခုကို လိမ်လည်လှည့်ဖြား လိုသော သဘောဖြင့် အသုံးပြုလျှင်၊ ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ပြစ်မှုမြောက်ရန် အထောက်အထားကတွေကတော့……..
(၁) တရားခံသည် ကိရိယာ တခုခုကို အသုံးပြုခြင်း။
(၂) ထိုကိရိယာမှာ အချိန်အတွယ်အတွက်ဖြစ်ခြင်း။
(၃) ထိုကိရိယာသည် မမှန်မကန်ခြင်း။
(၄) ထိုသို့ မမှန်မကန်ကြောင်းကို တရားခံသိခြင်း။
(၅) တရားခံသည် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် အသုံးပြုခြင်း။
ရဲအရေးတော့မပိုင်ဘူးကွ…အာမခံတော့ ပေးနိုင်တယ်..ကျေအေးခွင့်တော့မရှိဘူး…
အခန်း ၁၃ မှာ ပါတဲ့ ပုဒ်မ ၂၆၄ ကနေ ၂၆၇ ထိကို မောင်လိပ်ကြီးအနေနဲ့ သေချာလေး ရှာဖတ်ကြည့်စေချင်တယ်…မသိမသာလေး ကွဲလွဲချက်လေးတွေရှိတယ်ကွ… ….
လိပ်ကြီး ။ ။ဈေးထဲမှာ ဖြစ်တဲ့ပြဿနာကမပြော ပ,လောက်ပေမယ့် ရွှေဆိုင်မှာသာဖြစ်ရင်ရော. ဆရာ..
ကျတော် ။ ။မေးခွန်းကောင်းဘဲကွ…ပုဒ်မပြောင်းပြီပေါ့ကွာ……မောင်လိပ်ရ….
မောင်လိပ်တယောက်အတွေးပေါင်းစုံဖြင့် နှုတ်ဆက်ပြီးပြန်သွားလေသည်။ နောက်နေ့လာမေးမှာ သေချာသည်………..
ဆရာကြီးဦးသက်ဖေ၏ပြစ်မှုဆိုင်ရာ သိကောင်းစရာများထဲမှ မှတ်မိသလောက်ပြန်လည်တင်ပြရခြင်း…
Lapegyi(apprentice-law)
ယခုတခါ မိဘပြည်သူညီအစ်ကိုမောင်နှများအတွက်...စီးပွားရေးအဆင်မပြေလို့ ဆိုပြီး လွဲမှားတဲ့လုပ်ရက် မဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး...ဥပဒေ ဗဟုသုတ အနေနဲ့ တင်ပြပေးပါရစေ 🙏
*ခိုးမှု- ပြစ်ဒဏ် #ပုဒ်မ ၃၇၉ #
မည်သူမဆို ခိုးမှုကိုကျူးလွန်လျှင် ထောင်ဒဏ် ၃ နှစ် ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။
ခိုးမှုမြောက်ရန် လိုအပ်သော အင်္ဂါရပ်များမှာ--
-တဦးတယောက်သောသူ၏ လက်ရှိပစ္စည်း ဖြစ်ခြင်း
-ပစ္စည်းသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်ခြင်း
-လက်ရှိဖြစ်သူ သဘောမတူခြင်း
-မရိုးမဖြောင့်သော သဘောပါရှိခြင်း
-မရိုးမဖြောင့်သော သဘောဖြင့် ယူရန် ကြံရွယ်၍ နေရာမှ ရွှေ့စေခြင်း များ ရှိရမည်။
ရဲအရေးပိုင်သည်။အာမခံမရပါဘူးခဗျ..
*ခြောက်လှန့်တောင်းယူမှု -ပြစ်ဒဏ် #ပုဒ်မ ၃၈၄ #
မည်သူမဆို ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင် ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
လိုအပ်သော အင်္ဂါရပ်များမှာ----
-နစ်နာစေမည်ဟု ကြောက်အောင် တမင်ပြုခြင်းရှိရမည်။
-ပစ္စည်းမပေးမီ ကြောက်အောင်တမင်ပြုခြင်း
-ခြောက်လှန့်ခြင်းခံရသူကိုဖြစ်စေ၊ အခြားသူကို ဖြစ်စေ နစ်နာစေမည်ဟု ကြောက်အောင်ခြောက်လှန့်ခြင်း
-ကြောက်အောင်တမင်ပြုခြင်းခံရသူအား ပစ္စည်းတစုံတရာ ပေးအပ်စေရန် မရိုးမဖြောင့်သော သဘောဖြင့် သွေးဆောင်ခြင်း တို့ ဖြစ်ရမည်။
ဥပမာ--ငွေမပေးလျှင် မောင်လိပ်၏ အသရေပျက်စေမည့် စာကို ကြေငြာမည်ဟု မောင်ကြီးက မောင်လိပ်ကို ခြိမ်းခြောက်၏။ဤနည်းဖြင့် မိမိအားငွေပေးစေရန် မောင်ကြီးသည် မောင်လိပ်ကို သွေးဆောင်၏။ မောင်ကြီးသည် "ခြောက်လှန့်တောင်းယူမှု" ကိုကျူးလွန်သည်။
*လုယက်မှု- ပြစ်ဒဏ် #ပုဒ်မ ၃၉၂ #
မည်သူမဆို လုယက်မှုကိုကျူးလွန်လျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ထိချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ လုယက်မှုကို နေ၀င်နှင့် နေထွက်ကြား အများ ပြည်သူသွားလာရာလမ်းတွင် ကျူးလွန်လျှင် ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်သည်။
Lapegyi( apprentice-law)
မိဘပြည်သူညီအစ်ကိုမောင်နှမများ အတွက်-အမေးများသောငွေရေးကြေးရေး ပြသနာ များ /ဟန်ဆောင်စာချုပ် စာတမ်းများ----
---ရာဇသတ်ကြီး ပုဒ်မ ၄၂၀
အပေါင်ခံခြင်းနှင့် ငွေချေးငှားတို့ဟာ ပြည်သူတွေကြားမှာ အခါအားလျှော်စွာရှိနေကြတဲ့အခါမှာ တဖက်နှင့်တဖက် ငွေကြေးနှင့်စပ်လျဉ်းပြီးတော့မှ အငြင်းအခုံဖြစ်ကြတဲ့ အခါ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဘဲဖြစ်စေ၊တရားစွဲဆိုခြင်း၊ အမှုတိုင်တန်းခြင်း၊များလာတာဖြစ်ပါတယ်။ တရားလိုဖက်က လိမ်လည်ရယူခြင်း၊ ယုံကြည်မှု အပ်နှံဖောက်ဖျက်ခြင်း၊ တို့နှင့်အကျိုးဝင်အောင် ဖော်ပြစွပ်စွဲသလို၊ တရားခံဘက်ကလည်း အတိုးနှင့် ငွေချေးယူကြောင်း ဖော်ပြစွပ်စွဲတာတွေရှိပါတယ်၊
ချေးငွေ သို့ ကြွေးမြီအတွက် တရားမကြောင်း၊ရာဇဝတ်ကြောင်းတို့ဖြင့် စွဲဆိုလေ့ရှိပါသည်။ရာဇဝတ်ကြောင်းစွဲဆိုမှုများတွင် သိထားသင့်သော စီရင်ထုံးများထဲမှကျတော့်အနေဖြင့် မိဘပြည်သူတို့အား ဗဟုသုတ အနေဖြင့် လေ့လာထားသမျှထဲက ကောက်နုတ်တင်ပြပေးလိုပါသည်…
တရားခံသည် တရားလိုထံမှ ငွေကို အလီလီချေးယူခဲ့ရာ၌ အတိုးများပေးခဲ့ကြောင်း သက်သေခံချက်များ ရှိသည့်အပြင် ချေးယူ ငွေအတွက် ၄င်း၏ အိမ်ကိုဈေးဖြတ်ယူရန် ညှိုနှိုင်းခဲ့ကြောင်းပေါ်ပေါက်ပေရာ တရားခံများ၏ပြုလုပ်မှုသည် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ အရ လိမ်လည်မှုတွင် အကျိုးဝင်သည်ဟု မဆိုသာချေ။(ဒေါ်သန်းသန်းနွဲ့ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပါ ၂) ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင် စာ ၅၉)
လိမ်လည်မှုနှင့် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုတို့တွင် တရားခံက မရိုးမဖြောင့်သောသဘောဖြင့် ကျူးလွန်ခြင်း ရှိ/ မရှိ မှာ အဓိက ဖြစ်သည်။ ထိုသို့သော သဘော မရှိပါက ပြစ်မှုမမြောက်ပေ/(ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ခင်မောင်လတ် ပါ ၂ အမှု ၁၉၅၂ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး(လွတ်တော်)စာ ၁၁၄)
ငွေကိုလုံးဝပြန်မဆက်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ အရ စွဲဆိုရာ ချေးယူသည့်ငွေကို ပြန်ဆပ်ရန်မရွယ်ဘဲ ပြန်ဆပ်မည်ဖြစ်ကြောင်း ယုံကြည်အောင်ပြုမူလျက် တမင်လှည့်ဖြားပြီး ငွေထုတ်ချေးစေရန် မရိုးမဖြောင့်သောသဘောဖြင့် သွေးဆောင်၍ ငွေကိုရယူလျှင် လိမ်လည်မှု မြောက်ပေသည်။(ဦးချစ်မောင်နှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပါ ၂၊ ၁၉၈၁ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၂၁)
ဟန်ဆောင်စာချုပ်စာတမ်းများ-----
ဟန်ဆောင်အရောင်းအဝယ်စာချုပ်ဖြင့် ငွေချေးငှားမှုများတွင် ငွေချေးငှားသူသည် အမှုပုံစံမှန်ကန်စွာဖြင့် တရားစွဲဆိုခြင်း မပြုပါကအမှုရှုံးမည်ဖြစ်၍ နစ်နာနိုင်ပါသည်။ ငွေချေးသူသည် ကာလစည်းကမ်းသတ်အတွင်း မှန်ကန်သည့် အမှုပုံစံဖြင့် ပြန်လည်တရားစွဲဆိုပြီး ဥပဒေနှင့်အညီ သက်သေထင်ရှား ပြနိုင်ပါက ၄င်း၏နစ်နာမှုကို ပြန်လည်ကုစားပေးနိုင်သည်။
ချေးငွေရလိုမှုအဖြစ် ပြန်လည်စွဲဆိုရာ ဟန်ဆောင်အိမ်မြေ အရောင်းအဝယ် စာချုပ်ကိုအထောက်အထားအဖြစ် ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသက်သေခံအဖြစ် တင်ပြခွင့်ရှိပါသည်။
ဟန်ဆောင်အိမ်မြေအရောင်းအဝယ် စာချုပ်များနှင့် ပက်သက်၍ တရားရုံးများက တပြေးညီ လိုက်နာရန် ဆုံးဖြတ်ထားသော စီရင်ထုံးများထဲမှ ကောက်နုတ်ဖော်ပြပေးပါရစေ…….
(၁) နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် သခင်ပေါ်ညွှန့် အမှု၊၁၉၆၇၊မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၇၀၁
(၂) ဦးပြူး ပါ၂ နှင့် ဦးငွေထွန်း ပါ ၂ အမှု၊ ၁၉၇၅ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၄၉
(၃) ဦးထွန်းချစ်နှင့် ဦးစိုးနိုင် အမှု၊၂၀၀၂ခုနစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ ၃၄၇
(apprentice-law)
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
Yangon
NK Legal Myanmar Company Limited is a well established law firm with qualified lawyers which based i
Yangon
ဥပဒေနှင့်ပတ်သက်သည့် ၀န်ဆောင်မှုအမျိုးမျိုးတို့ကို တာ၀န်ယူလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
No (60), Ground Floor, Mahar Bandula Park Street, Kyaukdata Township
Yangon
38street
Yangon
This Law firm is providing to people Legal Service & Consultant who need legal help.
Room 901, 9 Floor, Tower A, Myaing Hay Woun Condo, 8mile , Mayangone Township
Yangon, 11061
legal consultant
Sabal 7th Street
Yangon
DICA,Tradenet ,FDAနှင့် ပတ်သက်သော ကိစ္စအဝဝအား ဝန်ဆောင်မှုပေးပါတယ်ရှင့်
Building 1, Room 505, Tharyarshwepyi Housing, Tharyarshwepyi Stret, 16 Ward, Yankin Township
Yangon, 11082
အိမ်ခြံမြေ အကျိုးဆောင် နှင့် ဥပဒေဆိ?
Yangon
စာချုပ်စာတမ်း၊ အိမ်ခြံမြေ နှင့် ဥပဒေရေးရာ၀န်ဆောင်မှုများ အတွက်09400874300 THE LAW by THAE PWINT PHYU