Zaw engineering group

Zaw engineering group air con sales & service မှ ကြိုဆိုပါတယ် ။

Photos from Zaw engineering group's post 09/03/2023

Customer ကြီးများ မဂ်လာပါ ။

ကျွန်တော်တို့ Zaw Engineering Group co., ltd မှ

ကျွမ်းကျင်သော အင်ဂျင်နီယာများ ၊ Technician များဖြင့်

အဲကွန်း ၊ ရေခဲသေတ္တာ ၊ Freezer ၊ Chiller ၊ အဝတ်လျှော်စက် အမျိုးမျိုးအား

* Selling ( ရောင်းချပေးခြင်း )
* Installation ( တပ်ဆင်ပေးခြင်း )
* Repairing ( ပြုပြင်ပေးခြင်း )
* Servicing ( ဆေးကြောပေးခြင်း )
* Buying ( ဝယ်ယူပေးခြင်း )
* Change down ( လဲလှယ်ပေးခြင်း )

များ ပြုလုပ်ပေးနေပါသည် ။

အထူးအာမခံဖြင့် အိမ်အရောက် ဝန်ဆောင်မှုပေးနေပါသည် ။

☎ 09403508501, 09256428228

ဖုန်းလေးသာ တစ်ချက်ဆက်ပေးပါ ။ လူကြီးမင်းတို့အိမ်မှာ ကြုံတွေ့နေရတဲ့ နည်းပညာအခက်အခဲများအား ကျွန်တော်တို့အဖွဲ့မှ
အကြံပေးခြင်း တာဝန်ယူဖြေရှင်းပေးခြင်းများ ပြုလုပ်ပေးနေပါသည် ။

Photos from Zaw Engineering Group 2's post 08/03/2023

Good second hand များကိုတော့ အောက်ပါ page ကနေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ ။

Zaw Engineering Group co., ltd.

Air con,Refrigerator, Freezer, Chiller, Washing machine and spare parts
Sale & services
M & E service team

☎ 09403508501 , 09256428228

https://m.facebook.com/story.php?story_fbid=113183431716232&id=100090737261495&mibextid=Nif5oz

Photos from Zaw engineering group's post 14/01/2023

Zaw Engineering Group

Air con ,Refrigerator ,Freezer ,Chiller & Washing machine ပြုပြင်တပ်ဆင်ရေး နှင့် Good second hand အမျိုးမျိုး ရောင်းဝယ်ရေး

☎ 09264549784 , 09256428228

Photos from Zaw engineering group's post 02/06/2022

Ceiling cassette type air con servicing at Insein.

29/05/2022

📢 📢 ''အဆင်မပြေမှုတွေအားလုံးတွက်" 📢 📢

☎️ ☎️''Hello..!! ☎️ ☎️လေးသာလုပ်ပေးပါ....

လူကြီးမင်းများနေအိမ်၊ရုံးခန်း၊shopping mall၊စားသောက်ဆိုင်များ၊KTVများတွင် တပ်ဆင်ထားသော aircon များရေကျနေပါသလား?....အအေးပေါ့နေပါသလား?....

📞📞 ''hello" လေးသာလုပ်ပေးပါခင်ဗျ 😍😍

❄️ အဲယားကွန်း, ပြုပြင်ခြင်း၊တပ်ဆင်ခြင်း၊ဆေးကြောခြင်း များကို customer စိတ်တိုင်ကျစေရန်နှင့် အတတ်နိုင်ဆုံး customer complain မရှိစေရန်ကျွမ်းကျင်သော👷 engineer 👷များ👷 technician👷များကိုယ်တိုင်စနစ်ကျသော၀န်ဆောင်မှုကောင်းများကိုပေးနေပါသည်။

❄️ repaired ပြုလုပ်တဲ့အခါ material accessories များကိုလည်းစစ်မှန်သော💯 💯 အရည်သွေးပြည့်ပစ္စည်းများကိုသာအသုံးပြုပေးပါသည်။အာမခံပြုပြင်ခြင်းများဖြင့်လည်း၀န်ဆောင်မှုပေးနေပါတယ်ခင်ဗျ😘..😘.

❄️ installation များပြုလုပ်ရာတွင်လည်းတပ်ဆင်မည့်အခန်းတွင်းတပ်ဆင်ရမည့်အကောင်အရေတွက် HP မျှတမှုရှိစေရန် Btu တွက်ချက်ပေးခြင်း၊....air con unit price များကိုလည်း​စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ 💯 💯 စစ်မှန်သောစက်ပစ္စည်းမှန်ကန်မှုရှိစေရန်အတွက်လည်းတာ၀န်ယူပေးပါသည်။...👍

❄️ Good second hand air con များကိုလည်းအာမခံချက်အပြည့်တပ်ဆင်၀န်ဆောင်မှုပေးခြင်း၊👍👍၀ယ်ယူသောစက်နှင့်ပတ်သတ်၍ customers ဘက်မှစိတ်ကျေနပ်မှုအပြည့်ရရှိစေရန်တာ၀န်ယူမှုတာ၀န်ခံမှုအာမခံချက်ဖြင့်အကောင်းဆုံး၀န်ဆောင်မှုပေးနေပါတယ်ခင်ဗျာ...💯💯💯

❄️ Air Con Servicing Contract များအတွက်လည်းAir Con အလုံးအရေအတွက် package prices ဈေးနှုန်းများကိုလည်းသတ်မှတ်ပေးထားပါသည်။

လူကြီးမင်းများ၏အခက်ခဲများအဆင်မပြေမှုများအားလုံးအတွက် ကျွန်တော်တို့ Zaw engineering group Air Con Sales & Services အဖွဲ့မှတာ၀န်ယူဖြေရှင်းပေးပါရစေခင်ဗျာ...🙏 🙏 🙏

👉 Air con တလုံးနှင့်အထက်ဆေးကြော၊ပြုပြင်ခြင်းများအတွက် transportation charges မယူပဲ door to door services အထူး၀န်ဆောင်မှုပေးနေပါသည်။ 👍👍

☎️ ☎️ Hello!! လေးလုပ်ဖို့မမေ့နဲ့နော်...😍

☎️ : 09459693759, 09256428228

28/05/2022
Photos from Zaw engineering group's post 28/05/2022
28/05/2022

‼️မိတ်ဆွေတို့ရဲ့ Air con တွေ ပြုပြင် တပ်ဆင် ဆေးကြောဖို့လိုအပ်နေပြီလား⬅️

‼️ပြုပြင်ဖို့အတွက် အာမခံချက်အပြည့်အဝပေးတဲ့ စိတ်ချယုံကြည်ရတဲ့serviceကို ရှာနေပါသလား⬅️

‼Air Con servicing လုပ်တိုင်း gas တွေအများကြီးဖြည့်လိုက်ရပြီးမလိုအပ်ပဲကုန်ကျစရိတ်တွေများလို့စိတ်ညစ်နေပြီလား😊😊😊

‼️ Air con အသစ်တပ်ဆင်ဖို့အတွက် လက်ရာသေသပ်ပြီး သင့်တင့်မျှတသော စျေးနှုန်းးတဲ့ အဖွဲ့ကို မိတ်ဆွေတို့အနေနဲ့ စိတ်ရှုပ်ခံပြီး လိုက်ရှာနေရပါသလား⬅️

‼️ဘယ် Service အဖွဲ့မှ မိတ်ဆွေတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အချိန်မှီ အရောက်မလာနိုင်တော့ဘူးဆိုရင်တော့☺️☺️

engineering group air con sale & services ကို သတိရလိုက်ပါခဗျ 🤗🤗

လူကြီးမင်းတို့ရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ ဝန်ဆောင်မှုပေးဖို့ ကျွန်တော်များ engineering group air con sale & services အဖွဲ့ မှ အသင့်ရှိနေပါပြီခင်ဗျာ 🤗🤗

‼️Hotel / ရုံးခန်း/ စက်ရုံ/ Project /နေအိမ်တွေမှာ
Aircon (4လုံး)နှင့်အထက် Special Discount/ ညှိနှိုင်းဈေးနှုန်းတွေရရှိနိုင်ပါတယ် ✅✅

❌မလိုအပ်ပဲ Gas လုံးဝမဖြည့်ပါ (လိုအပ်တယ်ဆိုရင်လည်း ဘယ်လောက်လိုအပ်ပါတယ် ပြသပြီးမှ ဖြည့်ပေးပါတယ်)
ပြသချင်းမရှိပဲ ဖြည့်လိုက်ရင် gasဖိုးလုံးဝ(လုံးဝ)မပေးပါနဲ့ ❌
👉Aircon ဆေးကြောပြီးနောက် ဖြစ်ပေါ်လာတဲ့
❗မအေးတော့ခြင်း
❗ရေကျခြင်း
❗gasလျော့နည်းသွားခြင်းတွေအတွက် အာမခံကာလ(3)လအတွင်းဖြစ်ခဲ့ရင် ဘာကုန်ကျစရိတ်မှမရှိပဲ free ပြန်လည် လုပ်ဆောင်ပေးပါတယ်ခဗျ 👈

engineering group Air Con Sale & Services

☎️ 👉👉👉09 459693759, 09256428228

28/05/2022

🤗 ဖတ်ရ၊ မှတ်ရ၊ သိမ်းရ၊ share ရ လွယ်ကူ စေဘို့ ၃ ပိုင်းစလုံး စုစည်း တင်ပြ ပေးလိုက် ပါတယ် ခင်ဗျာ။ 🤗

🛑 အဲကွန်း ပညာ လေ့လာစရာ
🛑 အပိုင်း ( ၁ ) ( ၂ ) ( ၃ )

✳️ ပို့ချချက်ကလေးတွေ မစခင်
⚙️ အဲကွန်းပညာရပ်အတွက် မဖြစ်မနေ သိထားသင့်တဲ့ အဲကွန်းရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ကလေး တစ်ခု အရင်ဆုံး ပြောပြ ချင်ပါတယ်။

🛑Air Conditioner ဆိုတာ ဘာလဲ ❓

အလွယ် တစ်ကူ အတိုကောက် ခေါ်လိုက်တော့ အဲကွန်း ဖြစ်သွားရော။ ထားပါတော့။

🛑 အဲကွန်း ဆိုတာ ဘာလဲ ❓
⛔ အဲကွန်း ဆိုတာ လေအေးပေးစက်လေ။ ဒါတောင် မသိဘူးလား၊ ဘာတွေ လာမေးနေတာလဲ ⁉️

⛔ လူအများက ဒီလိုပဲ
🚫 ( လေအေးပေးစက် ) လို့ပဲ ပြီးစလွယ် ခေါ်ဝေါ် သုံးစွဲ တတ်ကြပါတယ်။

❌ အဲဒီမှာ စလွဲတာပါ။
❌ လေအေးတွေကို ထုတ်ပေးတဲ့စက် မို့ လေအေးပေးစက်လို့ ခေါ်တာပဲ ဆိုတဲ့ အမြင်ပါ လွဲသွား စေပါတယ်။

❌အမှန်တော့ လေအေးပေးစက် မဟုတ်ပါဘူး။

✅ လေရဲ့ အခြေအနေကို ပြုပြင် ပြောင်းလဲပေးတဲ့ စက်ပါ။

( Air conditioner ကို အတိအကျ ဘာသာ ပြန်ကြည့်ပါ။ )

✅ ဒါကြောင့် Air conditioner လို့ပဲ ခေါ်မှသာ သူ့ရဲ့ အဓိပ္ပါယ်ကို ပေါ်လွင် စေတာပါ။
✅ ဒီမှာတော့ နှုတ်ကျိုး နေပြီ ဖြစ်လို့ အဲကွန်း လို့ ပဲ ဆက်သုံး ပါမယ်။

✅ အခန်းထဲမှာ ရှိနေတဲ့
✅ လေရဲ့ အပူချိန် (Temperature )
✅ စိုထိုင်းစ (Humidity ) စတာတွေကို ပြုပြင် ထိန်းသိမ်း ပြောင်းလဲ ပေးတဲ့ စက်ပါ။

✅ အခန်းထဲမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ အပူချိန် ရရှိအောင် ချိန်ညှိ အသုံးပြုနိုင် သလို၊ အခန်းတွင်း အလွန်စိုထိုင်းနေခြင်း၊ အလွန်ခြောက်သွေ့နေခြင်းမျိုး မဖြစ်အောင်လည်း ချိန်ညှိ အသုံးပြုနိုင်ပါတယ်။

✅ မိမိ အခန်းတွင်းမှာ မိမိနဲ့ ကိုက်ညီတဲ့ ရာသီဥတု ဖြစ်အောင် ဖန်တီး နိုင်ဖို့ အဲကွန်းတွေကို တင်ဆင် အသုံးပြုရခြင်း ဖြစ်ပါတယ်။
အေးဖို့ တစ်ခုတည်းအတွက် အသုံးပြုတာ မဟုတ်ပါဘူး။

✅ ဒါ့ကြောင့် အဲကွန်း ဆိုတာ လေအေးပေးစက် လို့ သိထား မှတ်ထား မိခဲ့တယ် ဆိုရင် အခုကစပြီး ပြောင်း မှတ်လိုက်ပါ။

✅ အဲကွန်း ဆိုတာ လေရဲ့ အခြေအနေကို ပြုပြင် ပြောင်းလဲပေးတဲ့ စက်ပါ။
✅ Air con; ကို ဘာအတွက် အသုံးပြုရလဲ ဆိုရင် မိမိ အခန်းထဲမှာ မိမိနဲ့ ကိုက်ညီတဲ့ ရာသီဥတု ဖြစ်အောင် ဖန်တီးနိုင်ဖို့ အတွက် အသုံး ပြုရခြင်း ဖြစ်ပါတယ်။

✳️ အဲကွန်းတွေမှာ အပူချိန် ထိန်းညှိ ခလုတ် ( temperature control ) တွေ၊ Auto, Cool, Dry, Heat, Fan only စတဲ့ function control ( mode ) တွေ၊ Timer တွေ စသည်ဖြင့် ချိန်ညှိ အသုံးပြုနိုင်ရန် ပါရှိ ပါတယ်။

✳️ အဲဒါတွေကို စနစ်တကျ ချိန်ညှိ အသုံးပြုနိုင်မှ မိမိ အခန်းတွင်းမှာ မိမိနဲ့ ကိုက်ညီတဲ့ ရာသီဥတု ဖြစ်အောင် ဖန်တီး နိုင်မှာ ဖြစ်ပါတယ်။

🛑 ဒါတွေကို ဘယ်လို ချိန်ညှိ အသုံးပြုရမယ် ဆိုတာကို အဲကွန်း တပ်ဆင်သူတွေ ကိုယ်တိုင် ကျွမ်းကျင်စွာ နားလည်ထားဖို့ လိုအပ် ပါတယ်။
🛑 ကိုယ်သိ သလို သုံးစွဲသူကိုလည်း ဒီခလုတ်တွေ ကို ဘာကြောင့် ဘယ်လို သုံးသင့်ကြောင်း နားလည်အောင် ရှင်းပြ ပြောပြ ပေးဖို့ လိုအပ် ပါတယ်။

🛑 အဲကွန်း အသုံးပြုသူများ အနေနဲ့လည်း ဒါတွေကို နားလည် ထားမယ် ဆိုရင် အဲကွန်းတွေကို မိမိ အခန်းထဲမှာ မိမိနဲ့ ကိုက်ညီတဲ့ ရာသီဥတုမျိုး ဖြစ်အောင် ဖန်တီး အသုံးပြု နိုင်လာမှာ ဖြစ်ပါတယ်။

✅ ဒါ့ကြောင့် အဲကွန်း remote control တွေမှာပါတဲ့ ခလုတ်လေးတွေအကြောင်း ပြောပြ ပေးပါမယ်။
🛑 အသေးစိတ် ပြောပြပေးမှာ ဖြစ်လို့ စာတော့ ရှည် ပါမယ်။ 😅😅😅

✳️ အဲကွန်းပညာ လေ့လာသူများ၊
🛠️ အဲကွန်း အလုပ်သင် လူငယ်များ၊
❇️ အဲကွန်း တပ်ဆင် အသုံးပြု နေသူများအတွက် ရည်ရွယ် ပါတယ် ခင်ဗျာ။

✅ အခု နမူနာ ပြပေးထားတာလေးက General 1Hp split type အဲကွန်းလေးရဲ့ remote control လေးပါ။ အဲဒီ remote လေးမှာ

1. START/STOP
2. SET TEMP
3. FAN
4. MODE
5. SWING
6. SET SWING
7. ECONOMY
8. POWERFUL
9. SLEEP TIMER
10. TIMER ON
11. TIMER OFF
12. TIMER CANCEL
13. TEST RUN
14. RESET စသည်ဖြင့် ပါရှိ ပါတယ်။
ခလုတ် တစ်ခုချင်းစီရဲ့ အသုံး ပြုပုံ လေးတွေကို အသေးစိတ် ရှင်းပြ ပေးပါမယ်။

🛑 1. START/STOP
အခြား အဲကွန်းတွေမှာဆို ON/OFF လို့ ရေးပါတယ်။
ဒီခလုတ်လေး ကတော့ အများစု သိပြီးသား ဖြစ်တဲ့ ပါဝါ အဖွင့်/အပိတ်ပါ။

🛑 2. SET TEMP
ဒါလေးကတော့ Temperature setting ခလုတ်လေးပါ။ အပူချိန် အတိုးအလျော့ ပြုလုပ်ဖို့ အသုံးပြုပါတယ်။
တစ်ချို့ လုံဝ မသုံးပဲ အနိမ့်ဆုံး 16 မှာ ထားသုံးကြပါတယ်။
အဲဒါ မျိုး မလုပ်သင့်ပါဘူး။
ကျမ်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။
မိမိ အတွက် လိုသလောက် အပူချိန်မှာ ထား သုံး ရမှာ ဖြစ်ပါတယ်။
အအေး များလွန်းလျှင်လည်း သွေးလှည့်ပတ်မှု နှေးကွေးခြင်းကို ဖြစ်ပေါ်စေသလို မနက် အိပ်ယာထရင် အကြောတွေ ဆိုင်းပြီး မကြည်မလင်၊ ခေါင်းတွေ အုံ၊ အိပ်ယာက မထချင် နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အချို့ နှလုံးအားနည်းတဲ့ ရောဂါသည်တွေ အအေးများလွန်းလို့ နှလုံးရပ် သေဆုံးတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။
အချို့ လူကြီးတွေ ဆိုရင်
"" ငါတို့က အဲကွန်းနဲ့ မတည့်ဘူး၊ အဲကွန်းနဲ့ နေရင် ရောဂါ ဖြစ်တတ်တယ် "" ဆိုတာ အခုထိ ပြောနေကြတဲ့ လူတွေ ရှိပါတယ်။
အဲကွန်းနဲ့ မတည့်တာ မဟုတ်ပါဘူး။
အဲကွန်း အသုံးပြုပုံ မမှန် လို့ပါ။
အပူချိန်ကို လိုသလို ချိန်ညှိ အသုံးမချလို့ ဖြစ်တာပါ။
ကိုယ်နဲ့ သင့်တော်မယ့် အပူချိန်ကို ချိန်ညှိ သုံးစွဲဘို့ အထူး အရေးကြီးပါတယ် ခင်ဗျ။
အပူချိန် 24, 25 ဒီဂရီ ဆဲလ်စီးရပ် လောက်ဆိုရင် လူကြီးရော ကလေးပါ သင့်တော်တဲ့ အပူချိန်ပါ။
ချိန်ဖို့ကလည်း လွယ်ပါတယ်။ အပေါ်အောက် ခလုတ်ကလေးနဲ့ ကစား ပေးရုံပါ။
အပေါ်က display အကွက်လေးထဲမှာ ကိုယ်ချိန်ထားတဲ့ အပူချိန်ကို ပြပေးထားမှာပါ။
အအေး လျှော့ချင်ရင် အပူချိန် တင်ပေးပါ။ ( 16 to 30 )
ပိုအေးချင်ရင် အပူချိန် လျှော့ပေးပါ။ ( 30 to 16 )
တစ်ချို့ဆိုရင် အပူချိန်ကို 16 ထိ ချထားပြီး အိပ်တယ်။ တစ်ရေးနိုးတော့ အရမ်းအေး နေလို့ ထပိတ် ရတယ်။ ခဏနေတော့ ပြန်ပူလာလို့ ထ ဖွင့်ရပြန်ရော။ တစ်ညလုံး လိုလို ဖွင့်လိုက် ပိတ်လိုက်နဲ့ ကောင်းကောင်း မအိပ် ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အဲလိုမျိုးတွေ မဖြစ်ရအောင်လို့ အပူချိန်ကို ချိန်ညှိ သုံးစွဲ စေတာ ဖြစ်ပါတယ်။
ဥပမာ 24 လောက်မှာ ချိန်ထားပြီး အိပ်မယ် ဆိုပါစို့၊ အခန်းထဲမှာ အပူချိန် 24 ဒီဂရီ ထိ အေးလာတာနဲ့ စက်ကို ရပ်ပေးမယ်၊ 24 ဒီဂရီထက် ပိုပူလာရင် ပြန် run ပေးမယ်။ ဒီလို အလိုအလျောက် လည်ပေး/ရပ်ပေးခြင်းဖြင့် အခန်းထဲမှာ ကိုယ်ချိန်ထားတဲ့ အပူချိန် 24 ဒီဂရီ မှာပဲ အမြဲရှိနေမှာ ဖြစ်ပါတယ်။ အေးလွန်းလို့ ထပိတ် စရာ မလို သလို ပူလို့ ပြန်ထဖွင့် စရာ မလိုတော့ပါဘူး။
ဒါကြောင့် ဒီခလုပ်လေးတွေဟာ သုံးတတ်ရင် အလွန် အသုံးတည့် အရေးပါတဲ့ ခလုပ် လေးတွေ ဖြစ်ပါတယ်။

🛑 3. FAN
ဒါလေးကတော့ Indoor unit ထဲမှာပါတဲ့ ပန်ကာရဲ့ လည်နှုန်း အနှေး/အမြန် ထိန်းကြောင်း ပေးရတဲ့ ခလုတ် ဖြစ်ပါတယ်။
အပူချိန်ပြတဲ့ အကွက်လေးရဲ့ ညာဘက်မှာ
AUTO, HIGH, MED, LOW, QUIET ဆိုပြီး ပါ ပါတယ်။ သူတို့ ဘေးမှာရှိတဲ့ မြားငယ်လေးကို အပေါ်အောက် ရွှေ့ ပေးခြင်းဖြင့် အဲဒီ ၅မျိုးထဲက မိမိကြိုက်ရာ နေရာမှာ ထား သုံးနိုင်ပါတယ်။ HIGH မှာ ထားရင် အမြန်ဆုံး လည်မယ်၊ MED ထားရင် အသင့်အတင့် မြန်မယ်၊ LOW မှာထားရင် အနှေးဆုံး လည်မယ်၊ QUIET မှာ ထားရင် အသံငြိမ်သက်စွာ ငြိမ့်ငြိမ့် ညောင်းညောင်းလေး လည်နေမယ် ဆိုတာတွေ ကတော့ အများ သိပြီး ဖြစ်ပါတယ်။
AUTO မှာ ထားမယ် ဆိုရင်တော့ အမြန်နှုန်းကို စက်က သတ်မှတ် ပေးမှာ ဖြစ်ပါတယ်။ အခန်းထဲမှာ ပူနေရင် အမြန်ဆုံးနှုန်းနဲ့ လည်ပေး နေစေပြီး အေးလာရင် လည်နှုန်း လျှော့ပေး စေခြင်းဖြင့် ပိုအေးလေ လည်နှုန်းလျော့ လာလေ ဖြစ်အောင် စက်က အလိုအလျောက် ပြုလုပ် ပေးမှာ ဖြစ်ပါတယ်။

🛑 4. MODE

ဒါလေးကတော့ function control ခလုတ် ပါ။ အဲကွန်းကို ဘယ်လို function မျိုးနဲ့ စေခိုင်း မောင်းနှင် ချင်လဲ ဆိုတာ ရွေးချယ် နိုင်တဲ့ ခလုတ် ဖြစ်ပါတယ်။

အပူချိန်ပြတဲ့ အကွက်လေးရဲ့ ညာဘက်မှာ
( a ) AUTO
( b ) COOL
( c ) DRY
( d ) FAN ဆိုပြီး function ၄မျိုး ပါ ပါတယ်။

သူတို့ ဘေးမှာရှိတဲ့ မြားငယ်လေးကို အပေါ်အောက် ရွှေ့ ပေးခြင်းဖြင့် အဲဒီ ၄မျိုး ထဲက မိမိကြိုက်ရာ နေရာမှာ ထား သုံးနိုင်ပါတယ်။ MODE ခလုတ် ကို နှိပ်ပြီး ရွေးချယ် ရမှာပါ။
တစ်ခုခြင်းစီရဲ့ အလုပ်လုပ်ပုံကို သေချာရှင်းပြ ပေးပါမယ်။
အချို့ အဲကွန်းတွေမှာ စာနဲ့ မပြပဲ သင်္ကေတ တွေနဲ့ ဖော်ပြ တတ်တာမို့ သင်္ကေတ လေးတွေပါ ပြောပြ ပေးထား ပါတယ်။

✅ ( a ) AUTO
သင်္ကေတ က မြားလေးတွေ လေးထောင့် ပတ်နေတဲ့ ပုံလေးပါ။
ဒီ AUTO MODE မှာ ရွေးထားမယ် ဆိုရင် အခန်း အပူချိန်တွေ၊ indoor ပန်ကာလည်နှုန်းတွေ အားလုံးကို စက်က အလိုအလျောက် ထိန်းညှိ ပေးမှာ ဖြစ်ပါတယ်။
အခန်း အပူချိန်ကို 24 နဲ့ 25 ဒီဂရီ ဆဲလ်စီးရပ်မှာပဲ ထိန်းထားပေးမှာပါ။ ဒီ AUTO MODE မှာ ရွေး ထားရင် ဒီထက် ပိုအေးအောင် Temperature control တွေ၊ Fan control တွေနဲ့ ချိန်လို့ မရတော့ပါဘူး။ standard temperature အတွင်းမှာပဲ အမြဲ ရှိနေအောင် ထားပေးတဲ့ သဘောပါ။ ကလေးတွေ၊ အသက် ၆၀ ကျော် လူကြီးတွေနဲ့ နာမကျန်း ဖြစ်နေသူတွေ အတွက် သင့်တော် ပါတယ်။

✅ ( b ) COOL
သင်္ကေတ က နှင်းပွင့် ပုံလေးပါ။
ဒီ COOL MODE ကတော့ Temperature control တွေ Fan control တွေနဲ့ တွဲသုံး ရမှာပါ။
အအေးအရမ်းကြိုက်တဲ့ သူတွေ အတွက် ကောင်း သလို အအေး သိပ် မခံနိုင်တဲ့ သူတွေ အတွက်လည်း ကောင်းပါတယ်။ temperature control ကို သုံးပြီး ကိုယ် ကြိုက်တဲ့ အပူချိန် ကိုယ် ကြိုက် သလို ချိန်ညှိနိုင်ပါတယ်။ Fan control ကို သုံးပြီး Fan speed အနှေး အမြန်လည်း စိတ်ကြိုက် ချိန် ညှိ နိုင်ပါတယ်။
အအေးကြိုက်တဲ့သူကတော့ Temperature ကို အနိမ့်ဆုံး 16 မှာထား Fan speed ကို High မှာထား၊ အအေး မခံနိုင် သူတွေ ကတော့ Temperature ကို 27 လောက်ထား Fan speed ကို MED လောက် ထားပေါ့။ အားလုံး အတွက် အဆင်ပြေ ပါတယ်။

✅ ( c ) DRY
သင်္ကေတ က မိုးရေစက် ပုံလေးပါ။
ဒီ DRY MODE လေးကတော့ အခန်းထဲမှာ စိုထိုင်းစ အရမ်းများ နေရင် စိုထိုင်းစ လျှော့ချပေးဖို့ အသုံးပြု ရ တာပါ။ မိုးတွင်းလို ရာသီမျိုးမှာ နေသိပ်မထိုးတဲ့ အတွင်းဘက် ကျတဲ့ အခန်း တွေမှာ စိုထိုင်းထိုင်းနဲ့ အနံ့ အသက်တွေ မကောင်း၊ မှန်တွေမှာ ရေငွေ့တွေ ရိုက် နေတာမျိုး တွေ ကြုံဘူး ကြမှာပါ။ အဲဒီလို အချိန်မျိုးတွေမှာ ဒီ DRY MODE ကို သုံးပေး ရမှာပါ။
DRY MODE ကို သုံးလိုက်တဲ့ အချိန်မှာ အဲကွန်း က အဲကွန်း အလုပ် မလုပ်တော့ဘဲ Dehumidifier စက် တစ်လုံးလို အလုပ် လုပ် ပေးမှာပါ။
အချို့ အဲကွန်းတွေမှာတော့ Dehumidifier လိုရော အဲကွန်းလိုရော အလုပ် လုပ်ပါတယ်။

စိုထိုင်းစ များတဲ့ ရာသီ မျိုးတွေမှာ တစ်လ တစ်ခါလောက် သုံးပေး သင့်ပါတယ်။ တစ်ခါ သုံးရင် တစ်နာရီ ခန့်သာ အသုံး ပြု သင့်ပါတယ်။

✅ ( d ) FAN
သင်္ကေတ က ပန်ကာ ပုံလေးပါ။
ဒီ FAN MODE ကတော့ အဲကွန်းကို ပန်ကာလို အသုံးပြု လိုတဲ့ အခါမျိုးမှာ သုံးတာပါ။ indoor unit ထဲက ပန်ကာ တစ်ခုပဲ လည်မှာပါ။ out door unit လုံးဝ မလည်ပါဘူး။ Fan control ကိုသုံးပြီး Fan speed အနှေး အမြန် ချိန်ညှိ ပေးနိုင် ပါတယ်။

🛑 5. SWING

ဒါလေးကတော့ အဲကွန်း indoor unit မှာ ရှိတဲ့ လေအေး ထွက်ပေါက်က shutter အရွက် ကလေး အပေါ်/အောက် အလိုအလျောက် ရွေ့လျား နေအောင်၊ အခန်းထဲက နေရာ အနှံ့အပြားကို လေအေးတွေ အမြန် ပြန့် စေချင်ရင် သုံးရတာပါ။

🛑 6. SET SWING

ဒါလေးကတော့ အဲကွန်းက ထွက်လာတဲ့ လေအေးတွေကို မိမိ လိုချင်တဲ့ တစ်နေရာကိုပဲ ရောက်နေအောင် ချိန်ပေးရတာပါ။ တစ်ချက်ခြင်းနှိပ်ပြီး နေရာ ပြောင်းနိုင်ပါတယ်။

🛑 7. ECONOMY

အချို့ အဲကွန်းတွေမှာ ECO လို့ ပဲ ရေးပါတယ်။
ဒါကတော့ စီပွားရေး အရ တွက်ခြေ ကိုက်အောင်၊ မီတာခ သက်သာအောင် သုံးတာပါ။ ရိုးရိုး အဲကွန်း တွေမှာတော့ Inverter type air-con; တွေလို သိသာအောင် မသက်သာ စေပါဘူး။

🛑 8. POWERFUL

ဒါလေးကတော့ အရမ်းကို အအေးကြိုက်တဲ့ သူတွေ သုံးတာပါ။ သူ့ကို နှိပ်လိုက်တာနဲ့ FAN ကို HIGH speed နဲ့ လည်ပေးပြီး အမြန်အေးအောင် လုပ်ပေးတာပါ။ အပြင်က ပြန်ရောက် လာချိန် အခန်းထဲမှာ အရမ်း ပူနေတဲ့ အခါ မျိုးမှာ အမြန် အေးအောင် သုံးတာပါ။

✳️ TIMER Setting မှာ SLEEP, Timer ON, TIMER OFF, CANCLE ဆိုပြီး ၄ ခု ပါ ပါတယ်။ Timer တွေမှာ အချို့ real time နဲ့ ချိန်ညှိနိုင်တာတွေ ရှိသလို အချိန်တွက်ပြီး ချိန်ညှိ နိုင်တာတွေလည်း ရှိပါတယ်။

🛑 9. SLEEP ကတော့ အိပ်တဲ့ အချိန်မှာ သုံးတာပါ။ အများစု အဲကွန်းတွေမှာ အိပ်ပျော် သွားမယ့် အချိန် ( 2နာရီ/ 3နာရီ ချိန်ညှိ၍ ) စက်ကို ရပ်သွားအောင် လုပ်ပေး ပါတယ်။ TIMER OFF လုပ် သလိုပါပဲ။ အချို့ အဲကွန်းတွေမှာ တော့ ဒီထက်ကောင်းတဲ့ အစီအစဉ်နဲ့ တည်ဆောက် ထားတာလည်း ရှိပါတယ်။

🛑 10. TIMER ON ကတော့ ဘယ် အချိန်မှာ စက်ကို စလည် စေချင်လဲ ဆိုတဲ့ နာရီ သတ်မှတ်ပေး ရတာပါ။ ဥပမာ မိမိ ညနေ ၅ နာရီ မှာ အပြင် သွားမယ်။ ၉ နာရီ ပြန်ရောက်မယ် ဆိုပါစို့။ ပြန်မရောက်ခင် နာရီဝက်လောက် ကြို run နေ စေချင်တယ် ဆိုတဲ့ အခါ မျိုးမှာ သုံးတာပါ။ မသွားခင် TIMER ON ကို နှိပ်ပြီး ၃ နာရီခွဲလောက် ကို ချိန်ထားခဲ့ရ ပါမယ်။ ဒါမှ ၈ နာရီခွဲ လောက်မှာ အဲကွန်း စတင် လည်ပတ်မှာ ဖြစ်ပြီး ကိုယ် ပြန်မရောက်ခင် နာရီဝက်လောက် စောပြီး run နေမှာ ဖြစ်တဲ့ အတွက် အခန်းထဲမှာ အဆင်သင့် အေးပြီး ဖြစ်နေမှာ ဖြစ်ပါတယ်။

🛑 11. TIMER OFF ကတော့ စဖွင့်ချိန်က စပြီး ဘယ်လောက် အကြာမှာ ပိတ်ချင်လဲ နာရီ သတ်မှတ်ပေး ရတာပါ။

🛑 12. TIMER CANCLE ကတော့ TIMER ချိန်ထား တာတွေ ပြန် ဖျက်ချင်ရင် သုံးရတာပါ။

🛑 13. TEST RUN ကတော့ စမ်းသပ် မောင်းနှင်တဲ့ အခါမျိုးတွေ မှာ ဘာ control မှ မပါပဲ စမ်းသပ် မောင်းနှင် နိုင်ဘို့ သုံးရ မှာပါ။

🛑 14. RESET ကတော့ remote မှာ ချိန်ထားတဲ့ setting အားလုံး ဖျက်သိမ်းပြီး အသစ် ပြန်ချိန်ဘို့ အတွက် အသုံးပြုပါတယ်။

ကဲ... ဒီလောက် ဆိုရင်တော့ အဲကွန်း remote တစ်လုံးမှာ ပါတဲ့ ခလုတ် လေးတွေရဲ့ အသုံးပြုပုံ တွေ ကို ပြည့်ပြည့် စုံစုံ သိပြီး ဖြစ်သွားပါပြီ။

အဲကွန်း ပညာ လေ့လာသူများ၊
အဲကွန်း အလုပ်သင် လူငယ်များ၊
အဲကွန်း အသုံးပြုသူများ အားလုံးအတွက် အကျိုး တစုံတရာ ရရှိမယ်လို့ မျှော်လင့် ပါတယ်။

အဲကွန်းတွေကို အေးရုံ တစ်ခုတည်း အတွက် အသုံးပြုချင်းမျိုး မဟုတ်ပဲ အသုံးပြု ပစ္စည်းတစ်ခုလိုံ အကျိုးရှိစွာ လိုသလို အသုံးပြု နိုင်ကြ ပါစေ ခင်ဗျာ။ ။ ။

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင် ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ ခင်ဗျာ။

အဲကွန်း ပညာရပ်များကို လေ့လာလိုသူ လူငယ်များ Page ကို Like and Share လုပ်ပြီး see first လုပ်ထားခြင်းဖြင့် စောင့်မျှော် ကြည့်ရှု လေ့လာ နိုင်ပါတယ် ခင်ဗျာ။

မည်သူ မဆို
စိတ်ကြိုက် share နိုင်ပါတယ်။
copy ယူပြီး credit မပေး ဘာမပေးနဲ့ သူရေးသလိုလို ဘာလိုလို လုပ်နေသူများ အရှက်တရား အသိတရား ရှိကြပါစေ။

❇ ကို ထိုက် ( မေတ္တာအိမ် )

💜 မေတ္တာအိမ် electronics
✳️ Short Way Air-con; Training
23. 04. 2020

Zaw engineering group 27/05/2022

😰😰😰 AirCon ကလည်းမအေးတော့ဘူး....😵😵😵 အသံလည်းအရမ်းမြည်တာပဲ......
ရေတွေကလည်း ကျလိုက်လိုက်တာ....
AirCon အသုံးပြုသူတွေထံက အမြဲကြားနေလို့..
ဒီ post လေးကို ကျော်မသွားနဲ့နော်.......🙅🙅🙅
ရေယိုစိမ့်နေခြင်း😢
Power ဖွင့်၍မရခြင်း😢
မအေးခြင်း😢
အေးလိုက်မအေးလိုက်ဖြစ်ခြင်း😢
Air Con မှ အသံမျိုးစုံ ဆူညံနေခြင်း😢
မီးမှိတ်တုတ်မှိတ်တုတ် လင်းနေခြင်း😢
Error Code များပေါ်နေခြင်း😢

AirCon အသုံးပြုသူများအနေနဲ့... ဒါမျိုးအခက်အခဲတွေ မကြုံချင်ဘူးဆိုရင်တော့.......

၁။ အနည်းဆုံး ၆ လ ၁ ကြိမ် Servicing ပြုလုပ်ပေး ရပါတယ်( gas ဖြည့်ခြင်းများအပါအဝင်)

၂။ စက်ရုံ office တည်းခိုခန်း ktv hotel beauty salon
များဆိုလျှင် အနည်းဆုံး ၃ လ ၁ ကြိမ် Servicing ပြုလုပ်ပေးရပါတယ် ( gas ဖြည့်ခြင်းများအပါဝင်)

ဒီအချက်တွေအတိုင်း ပြုလုပ်မယ်ဆိုရင်တော့
မိမိတို့ အသုံးပြုနေသော AirCon တွေ ပုံမှန်ထက်
ကြာရှည်အသုံးခံပြီး အသစ်တိုင်းပဲ အမြဲအေးမြနေမှာပါ

Air Con ပြုလုပ်ခြင်းရဲ့ ကောင်းကျိုးက ဘာတွေလဲ
အအေးနှုန်း လျော့မသွားခြင်း
အသံဆူညံမှု နည်းပါးခြင်း
ရေသီးခြင်း ရေကျခြင်း မရှိခြင်း
မီးတာစားသက်သာခြင်း

AirConများ ကို Servicing ပြုလုပ်ပေးခြင်းက ဘယ်လောက်
အကျိုးကျေးဇူးများလည်းဆိုတာ သိပီးပီဆိုတော့
အခုပဲ engineering group Air_Con_Sale_and_Service ကို
ဆက်သွယ်ပီး ဝန်ဆောင်မှု ရယူလိုက်တော့နော်

😯ရန်ကုန်မြို့မည်သည့် နေရာကိုမဆို ကားခလုံးဝပေးစရာမလိုပါဘူးခင်ဗျာ

အလုပ်များပြီး လုပ်ဖို့ သတိမေ့နေတဲ့ Customer တွေ
လည်း ပထမတစ်ကြိမ် Register လုပ်ထားရုံနဲ့ engineering group ကသတိတရ ဆက်သွယ်ဆောင်ရွက်ပေးမှာမို့ စိတ်ပူစရာမလိုတော့ဘူး

engineering group

Zaw engineering group Zaw engineering group air con sales & service မှ ကြိုဆိုပါတယ် ။

27/05/2022

(a) အဲကွန်း သိပ်မအေးဘူးလား?

(b) အဲကွန်းရေယိုနေလား?

(c) အဲကွန်း အသံထွက်နေလား?

(d) အဲကွန်း အနံ့ဆိုးတွေထွက်နေလား?

(e) အဲကွန်းတွေ ရွေ့ ပြောင်းဖို့လိုလား?

(f) အဲကွန်း အသစ်ဆင်ချင်တာလား?

(g) Gas ဖြည့်ဖို့လိုလား?

သင့် အဲကွန်းဘာပဲ ဖြစ်ဖြစ် Zaw engineering group ကိုသာ ဖုန်းဆက်လိုက်ပါ

ဘယ်ဝန်ဆောင်မှုက ကောင်းလဲဆိုတာ လိုက်ရှာပြီး စိတ်ရှုပ်နေစရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ Zaw engineering group က စိတ်အချရဆုံးနဲ့ စျေးနှုန်း မှန်ကန်တဲ့ အတွက် အရမ်းအစဉ်ပြေတယ်နော်။

ဝါရင့်အင်ဂျင်နီယာများကိုယ်တိုင် တပ်ဆင်ပြုပြင် ပေးမှာဖြစ်ပါတယ် ။
လိုအပ်ရင် ဖုန်း No. ချန်ခဲ့ ပြန်ဆက်သွယ်ပေးတယ်နော်
ဆက်သွယ်ချင်လျှင် Ph -09 459693759,
09 256428228

Message Box/CB ကလဲ booking တင်လိုရတယ်နော်

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon
Yangon

Other Yangon home improvement businesses (show all)
Natmauk Construction - Since 1985 Natmauk Construction - Since 1985
Yangon, 11191

Construction

အောင်စုမွန် အောင်စုမွန်
No. 852(B), Shu Khinn Thar Road, 4/South Ward, Thakayta Township
Yangon, 11231

- မီးဖိုချောင်သုံး ကြွေထည်၊ ဖန်ထည်ပစ္စည်းများ - Tableswares and Glasswares

Unity Home - Electronics, Home Appliances & Sanitary Ware Unity Home - Electronics, Home Appliances & Sanitary Ware
No. 5 140th Street , In Front Of Yuzana Plaza , Tarmwe Townshop
Yangon, 11211

Unity Home - ALWAYS LOW PRICES (TRUST IN UNITY HOME)

Cham Myae Tha Luxury Furniture Cham Myae Tha Luxury Furniture
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061

CMT provides lavish interior decoration experiences. We specialize in production and more.

Bon Bon Bon Bon
Yangon

baby memory collection

Min Yu Swe Min Yu Swe
Yangon

Selling the goods

Aung Brothers Aircon, Refrigerator and Washing Machine Service Aung Brothers Aircon, Refrigerator and Washing Machine Service
78လမ်းဆုံ မြောက်ဒဂုံ
Yangon

Pearl White - Rice & Oil Trading Pearl White - Rice & Oil Trading
Kyaung Kone 2
Yangon

High Quality , Fair Price , Customer Satisfaction

CLINE Design & Furniture CLINE Design & Furniture
Dhamayone Street
Yangon, 11017

CLINE for you to create your home , apartment , office and shop be modernized and updated in 21st Century. We develop all updated designs, Structures and material every seconds an...

The A-Z Shop The A-Z Shop
Yangon

Everything is beautiful with best quality.