Burbrit Tea House
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burbrit Tea House, Cafe, D16, North Dagon Industrial Zone, 34 Quarter, U Wisara Road, North Dagon, Yangon.
၂၀၂၄ ခုနှစ် ဧပြီလ (၁၇) ရက်နေ့ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် Burbrit Tea House (၉မိုင်၊ The Central Boulevard) ဆိုင်ခွဲများအားလုံးပိတ်မည်ဖြစ်ပြီး ဧပြီလ (၁၈)ရက်နေ့မှစ၍ ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။
ဘားဘရစ်တီးဟောက်(စ်)ရဲ့ တော်ဝင်လမ်း ၉မိုင် ဆိုင်ခွဲရှိ 𝗟𝗼𝗶 𝗦𝗮𝗺 𝗦𝗶𝗽 ရဲ့ ရှမ်း အစားအစာများအားလုံးကို ဧပြီလ (၆)ရက် မှ (၂၀)ရက် နေ့အထိ (𝙎𝙤𝙧𝙧𝙮 𝐖𝐄'𝐑𝐄 𝐂𝐋𝐎𝐒𝐄𝐃) ခတ္တရပ်နားထားမည်ဖြစ်ပါတယ်။
ဘားဘရစ်တီးဟောက်(စ်)ရဲ့ မီနူးတွေဖြစ်တဲ့ Dim Sum မြန်မာ အစားအစာတွေနဲ့ Craft Coffee၊ Fresh Juice နှင့် Soft Drink များကို ဆက်လက်ရောင်းချပေးနေတာကြောင့် လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
လူကြီး ၊ လူငယ် မရွေး နှစ်သက်ကြတဲ့ ဝက်မှိုလုံးလေးတွေကို ဆီချက်ချိုချိုလေးနဲ့ တွဲစားဖူးလား ?
မစားဖူးသေးဘူးဆိုရင်တော့ ဘားဘရစ်တီးဟောက်စ်မှာ မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
တစ်ကိုက် ကိုက်လိုက်တိုင်းမှာ မွှေးတက်လာတဲ့ ဝက်သားနဲ့ မှိုရဲ့ ရောစပ်ထားတဲ့ အရသာနဲ့
ဆီနည်းနည်းနဲ့ ချက်လုပ်ထားတဲ့ ဆီချက်ခေါက်ဆွဲရဲ့ ထိမိတဲ့ အရသာ ပေါင်းစပ်မှုကို ဘာနဲ့မှ
လဲနိုင်မှာ မဟုတ်ဘူးနော်။
ငယ်ငယ်က အမေကိုယ်တိုင် ပြင်ပေးတဲ့ ပဲပြုတ်ထမင်းဆီစမ်း အရသာကို သတိရလား ?
သတိရတယ်ဆိုရင် ဘားဘရစ်မှာ ကြက်ကြော် ၊ အမဲကြော် ၊ ကြက်ဥကြော် နဲ့ ပူပူနွေးနွေး ပဲပြုတ်ထမင်းဆီစမ်းလေးတစ်ပွဲ မှာစားကြည့်နော်။ အချိန်ကုန်လည်းသက်သာ ၊ ခွန်အားလည်း ဖြစ် ၊
ဗိုက်လည်း ၀ ၊ စားလို့လည်း ကောင်းတဲ့ မနက်စာ ပဲပြုတ်ထမင်းဆီစမ်းက မြန်မာလူမျိုးတွေရဲ့
မနက်စာတိုင်းမှာ မပါမဖြစ် မဟုတ်လား။
ရန်ကုန်နွေရဲ့ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဘားဘရစ်က ဘဘာဝစစ်စစ် သစ်သီးဖျော်ရည်များ
ကိုယ်ခံအားကောင်းစေပြီး ၊ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ သင်္ဘောသီးဖျော်ရည်ချိုမွှေးလေး သောက်မလား ?
ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် ကင်းပြီး ၊ ညစ်နွမ်းသမျှကို လန်းဆန်းစေတဲ့ သံပုရာရည် ချိုချိုချဉ်ချဉ်လေး သောက်မလား ?
နှလုံး အားကောင်းစေပြီး ၊ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အပြည့်ရတဲ့ ပန်းသီးစိမ်းဖျော်ရည် သောက်မလား ?
ရေဓာတ်အပြည့်အ၀ ရပြီး နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖရဲသီးဖျော်ရည် သောက်မလား ?
အဆီကျပြီး ၊ ဗီတာမင် C ဓာတ် အပြည့်အ၀ ရလို့ ၊ တစ်နေ့တာလုံး လန်းရွှင်နေစေမယ့် ဆန်းကစ် ဖျော်ရည် သောက်မလား ?
အလွန်ပူမယ့် ရန်ကုန်နွေကို ကြံ့ကြံ့ခံနိုင်ဖို့ ဘားဘရစ်ရဲ့ ဘဘာဝစစ်စစ် သစ်သီးဖျော်ရည်တွေက မနက်ခင်းတိုင်းမှာ မပါမဖြစ် ဖြည့်စွက်စာတွေပဲနော်။
ဘားဘရစ် မနက်စာ ဘာထူးကဲသလဲဆိုတော့ …..
အေးဆေးငြိမ်သက်တဲ့ ပတ်၀န်းကျင် ရှိတယ်၊ ဟင်းပွဲစုံပြီး အရသာ ထူးကဲတယ်၊
မီးဖိုချောင်ထဲ အလုပ်မရှုပ်ပဲ အကောင်းဆုံး မနက်စာ စားရတယ်၊ ဆိုင်ခွဲနှစ်ဆိုင်ရှိတော့ ကိုယ်နဲ့ နီးစပ်ရာ ရွေးချယ်နိုင်တယ်၊ ရှမ်းအစားအစာလား ၊ မြန်မာ အစားအစာလား ၊
အကြော် အလှော်လား ၊ အပြုတ် အသုပ်လား ကိုယ် စားမယ်လို့ တွေးထားသမျှ အကုန်ရနိုင်တဲ့ ဘားဘရစ်တီးဟောက်စ်လေးနော်။
ဒီလို စုံတာထက်ပို စုံ ၊ တန်တာထက် ပိုတန် ၊ ကောင်းတာထက် ပိုကောင်းတဲ့ မနက်ဆိုင်မျိုးကတော့ -
𝟏) 𝗕𝘂𝗿𝗯𝗿𝗶𝘁 𝗧𝗲𝗮 𝗛𝗼𝘂𝘀𝗲 (ကိုးမိုင်)
အမှတ် 3/A-13, တော်ဝင်လမ်း၊ ကိုးမိုင် Ocean အနီး၊ မရမ်းကုန်းမြို့နယ်။
☎️ 09 444 820 177, 09 781 599 199 Opening Hours: 7 am - 2 pm
(𝟮) 𝗕𝘂𝗿𝗯𝗿𝗶𝘁 𝗧𝗲𝗮 𝗛𝗼𝘂𝘀𝗲 (ရန်ကင်း)
The Central Boulevard၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်။
☎️ 09 758 600 880 Opening Hours: 7 am - 2 pm မှာပဲ ရှိနိုင်မှာဗျို့။
ဘားဘရစ်မှာ မုန့်ဟင်းခါး မှာစားတော့မယ်ဆို ၊ စားဖူးသမျှ မုန့်ဟင်းခါး အရသာတွေကို မေ့ထားလိုက်တော့နော်….
ရန်ကုန်မုန့်ဟင်းခါးကိုပဲ ဘာမှ မဆန်းသစ်ထားပေမယ့် ၊ စေတနာတွေ ၊ ကျွမ်းကျင်မှုတွေနဲ့ အိမ်သူအိမ်သားတွေအတွက် ရည်ရွယ်ပြီး ချက်သလိုချက် ထားတာမို့ စားဖူးသမျှ မုန့်ဟင်းခါးတွေကို မေ့လို့ရပြီလို့ ပြောနိုင်တာပါ။
ငါးကြင်းနဲ့ ငါးခူ ရောစပ်မှုနဲ့အတူ ချိုပြီး မုန့်ဟင်းခါအရသာ ပေါ်လွန်လွန်းတဲ့ဟင်းရည် ၊ နူးညံ့ပြီး အရသာရှိတဲ့ မုန့်ဖတ်ကို ကိုယ်ကြိုက်နှစ်သက်ရာ ပဲကြော် ၊ ငါးဖယ် ၊ အိုးဘဲဥတို့နဲ့ တွဲစားလိုက်ရင်တော့ ဗဲရီးဂွတ်ပေါ့ဗျာ။
ပုဇွန်ဆီထမင်းဆိမ့်ဆိမ့် ဘားဘရစ်လာရင် အ၀ကြိတ်
ပုဇွန်တစ်ကောင်လုံးမှာ အရသာအရှိဆုံးက သူ့ရဲ့ အဆီပဲ ဟုတ်?
ဒီလို အရသာအရှိဆုံး ၊ အမွှေးဆုံး ၊ အဆိမ့်ဆုံး ပုဇွန်ဆီကို ထမင်းပူပူလေးနဲ့ အရသာဝင်နေအောင် နယ်ထားတဲ့ ပုဇွန်ဆီထမင်းသုပ်လေးကို ဘားဘရစ် တီးဟောက်စ်မှာ မြည်းစမ်းကြည့်နိုင်ပါြပီ။ မနက်စာစားရင် ထမင်းလေးနဲ့မှ တင်းတိမ်တဲ့သူတွေအတွက်တော့ တစ်ပွဲနဲ့ ဗိုက်ကို ကယ်နေတော့မှာနော်။
Right Person, Right Time, Right Coffee ☕☕ နဲ့ဆို မနက်စာစားပွဲဝိုင်းလေးက ပြည့်စုံပြီပေါ့။
ရှမ်းပြည်အလွမ်းပြေ အိအိထွေးထွေး ခေါပုတ်ဆိမ့်ဆိမ့်လေး
ရှမ်းပြည်တစ်ခေါက် အလည်မရောက်ဖြစ်သေးပေမယ့် ဒေသထွက်အစားအစာလေး စားဖြစ်ရင်တော့ ရောက်ခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်လွမ်းလို့ရပါတယ်။ ရှမ်းပြည် ဒေသထွက်
လတ်လတ်ဆတ်ဆတ် ခေါပုတ်ဆိမ့်ဆိမ့်လေးကို ဘားဘရစ်မှာ အရသာရှိရှိ သုံးဆောင်နိုင်ပြီနော်။ တစ်ကိုက်စီတိုင်းမှာ အရသာ စိမ့်ဝင်နေတာမို့ စားပြီးရင်းစားချင် ၊ လွမ်းပြီးရင်း လွမ်းချင်နေတော့မှာပါပဲ။
ရန်ကုန်ဆောင်းက ထင်တာထက် ပိုအေးလို့ ကွေးနေကြပြီလား ဘားဘရစ် ပရိတ်သတ်တို့ရေ။
အိပ်ယာထဲက မထချင်လောက်အောင် အအေးဓာတ်က ဆွဲဆောင်နေလို့ မနက်စာ ထ ပြင်ဆင်ဖို့ တုံ့နှေးနေကြပြီထင်ပါတယ်။
အကွေးလွန်ပြီး မနက်စာကောင်းကောင်းတစ်နပ် လွတ်သွားမှာတော့ စိတ်မပူပါနဲ့ ၊ ဘားဘရစ် တီးဟောက်(စ်)ကိုသာ ကြွခဲ့ပါ ။ အာဟာရပြည့်၀ပြီး အရသာရှိတဲ့ မနက်စာတွေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုနေမယ်နော်။
ဘာလာလာ ဒီအရသာ မဟုတ် ၊ ထူးကဲတဲ့ အရသာ ဘားဘရစ်ရဲ့ မနက်စာ
မနက်စာကို အလေ့အကျင့်နဲ့ စားပြီး အာဟာရ ကြွယ်၀အောင် စားရုံနဲ့ မပြည့်စုံသေးပါဘူး။ အရသာ ရှိရှိ စားတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဒါမှ စိတ်နှလုံး ကြည်ရွှင်ပြီး တစ်နေ့တာကို အကောင်းမြင်စိတ် အပြည့်အ၀နဲ့ ဖြတ်သန်းနိုင်မှာပါ။
ဘားဘရစ်ရဲ့ မနက်စာ မီနူးတွေကတော့ အရသာ ရှိတာထက်ပိုပြီး အရသာ ထူးကဲလို့ မနက်ခင်းတိုင်းမှာ မနက်စာကို တစိမ့်စိမ့် အရသာခံရင်း အတွေးအာရုံသစ်တွေ စိတ်ကူးဖို့ အကောင်းဆုံး ပါပဲ။ ပေးနိုင်တာထက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ထူးကဲတဲ့ အရသာတွေနဲ့ မနက်ခင်းတိုင်းမှာ ဘားဘရစ်က သင့်ကို စောင့်မျှော်နေမှာပါ။
ငါးဟင်း မကြိုက်တဲ့သူတွေတောင် ဘားဘရစ် ရောက်တိုင်း မှာကြတဲ့ ဖက်ဖယ်ရွက်နံ့ မွှေးမွှေးနဲ့ ရှမ်းငါးအုံး
ရှမ်းငါးအုံးဆိုတာ တစ်နည်းအားဖြင့် ရှမ်းငါးပေါင်း ထုပ် ကို ဆိုလိုတာပါ။ ဟင်းထုပ်ကြိုက်တတ်သူတွေနဲ့ သိပ်မစိမ်းတဲ့ အရသာမျိုးပါ။ ဖက်ရွက်ထဲမှာ ငါးကို ဖက်ဖယ်ရွက်တွေ ၊ ကြက်သွန်ဖြူတွေ ၊ နံနံပင်တွေ ၊ ငရုတ်သီးစိမ်းတွေနဲ့ စနစ်တကျ ပေါင်းခံထားတာ ဖြစ်ပါတယ်။
ငါးဟင်း မကြိုက်တဲ့ သူတွေတောင် ကြိုက်ရတဲ့ လှို့ဝှက်ချက်ကတော့ ငါးရဲ့ အနံ့ပျောက်သွားပြီး ငါးရဲ့ ချိုတဲ့ အရသာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ
ပေါင်း စပ် ထွက်လာတဲ့ အရသာကို အကြိုက်တွေ့ကြလို့ပါပဲ။
တခါတလေ မနက်စာကို အဆီ၊အစိမ့်တွေ စားမယ့်အစားဒီလို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပေါင်းခံထားတဲ့ အစားအသောက်တွေကိုလည်း ရွေးချယ်သင့်ပါတယ်။
မနက်စာကို ကော်ဖီတစ်ခွက် မုန့်တစ်ချပ်နဲ့ ပြီးနေတုန်းလား ?
ဒါဆိုရင်တော့ တစ်နေ့တာ လည်ပတ်ဖို့ ခွန်အားတွေ တစ်၀က်လောက်
လျော့သွားနိုင်တယ်နော် ။ မနက်စာကို ဘုရင်တစ်ပါးလို အာဟာရ စုံစုံလင်လင် ဖွယ်ဖွယ်ရာရာ ပြင်ဆင် စားသောက် ရတယ်တဲ့။
ဘားဘရစ်ရဲ့ မနက်စာ မီနူးထဲက စားသောက်ဖွယ်ရာတွေကတော့ အရသာရှိရှိစားသုံးမယ့် မနက်စာတစ်နပ်ကို အာဟာရ မျိုးစုံ ဖြည့်တင်းပေးဖို့ ဆင်သင့်ပါပဲ ။
မနက်စာကို အချိန်ပေးပြီး စနစ်တကျ စားကြည့်ပါ။ လုပ်ရလွယ်သလောက်
ခန္ဓာကိုယ် ကျန်းမာရေးကော ၊ စိတ် ချမ်းသာရေးအတွက်ပါ အကျိုးထူးတဲ့ အရာမို့ပါ။
အီပေမယ့် မအီဘူးလို့ ဆိုကြတဲ့ ဘားဘရစ်က ကြက်သားပလာတာ
အရည်အသွေးကောင်းမွန်တဲ့ ကုန်ကြမ်းတွေပဲ သုံးပြီး Portion များများ ထည့်ပေးတာကြောင့် ဘားဘရစ်ရဲ့ မနက်စာ ပရိသတ်တွေ အီသယောင်ယောင် ခံစားရတာပါ။
တကယ်တော့ စားကောင်းလွန်းလို့ ပလာတာကို အာလူးဟင်းရည်ထဲနှစ်ပြီး ကြက်သားလေးနဲ့ တွဲဖက် ဝါးရင်း ၊ အချဉ်လေးကို မြုံရင်း အီတာတွေ ဘယ်ပျောက်လို့ ပျောက်မှန်းမသိ တစ်ပန်းကန်လုံး ပြောင်သလင်းခါ သွားဖူးတယ် မလား ?
၂၀၂၄ နှစ်သစ်ရဲ့ ပထမဆုံးရက် ( ၁.၁.၂၀၂၄ ) မှာ ဘားဘရစ် တီးဟောက် နှစ်ဆိုင် ပိတ်ပါမယ်။ နှစ်သစ်မှာ စိတ်သစ် ၊ လူသစ် နဲ့ ကောင်းခြင်းမင်္ဂလာတွေပဲ ဆုံတွေ့ကာ အလိုရှိရာ ဆန္ဒ ပြည့်၀ကြပါစေလို့ ဘားဘရစ် မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ အရသာအသစ်တွေ ၊ ဟင်းပွဲအသစ်တွေနဲ့ ၂၀၂၄ နှစ်သစ်မှာ ကြည်ကြည်နူးနူး မနက်စာ စားရင်း ပြန်လည် ဆုံတွေ့ကြပါစို့လား။
#
#ဘားဘရစ_တီးဟောက်(စ်)
၂၀၂၃ ခုနှစ်ကို ချစ်တဲ့မိသားစုနဲ့ အတူ ဘားဘရစ်တီးဟောက်စ် ရဲ့ မီးခိုးတိတ် Sunday ပရိုရှင်းနဲ့ အတူ ဖြတ်သန်းလိုက်ကြရအောင်...
🎄𝗛𝗔𝗣𝗣𝗬 𝗡𝗘𝗪 𝗬𝗘𝗔𝗥🎄
Burbrit Tea House မှာ လာစားတိုင်း မမှာမဖြစ် customer အများဆုံး မှာယူစားသုံးရတဲ့ item လေးတစ်ခုဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲကို (၂ပွဲ) ဝယ်ယူစားသုံးပါက နောက်ထပ် (၁ပွဲ) 𝗕𝗨𝗬 𝟮 𝗚𝗘𝗧 𝟭 𝗙𝗥𝗘𝗘 ရရှိမှာဖြစ်ပါတယ်။ 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 လေးကတာ့ 31.12.23 (Sunday) 7AM~2MP အထိဖြစ်ပါတယ်။ အရောင်းရဆုံး item ဖြစ်တာကြောင့် ကုန်သွားလို့ မစားလိုက်ရ မဖြစ်ရလေအောင် စောစောလာထားမှ စိတ်ချရမယ်နော်........
#မီးခိုးတိတ်_𝐒𝐮𝐧𝐝𝐚𝐲
ဘားဘရစ် ရောက်တိုင်း အမြဲ စားပေမယ့် စားတိုင်းလည်း မရိုးနိုင်တဲ့ ပုဇွန်ငါးသားလိပ်ကြော်
ပူပူနွေးနွေး ၊ ကြွပ်ကြွပ်ရွရွ နဲ့ ပုဇွန်ငါးသားလိပ်ကြော်ကို အချဉ်နဲ့ အားရပါးရ တို့စားလိုက်ရတာထက် ပိုပြီးပြည့်စုံတဲ့ မနက်စာအဖွင့်ကတော့ ရှိမှာ မဟုတ်တော့ဘူး။ ထမင်းဆီဆမ်းနဲ့ တွဲဖက် စားမလား ၊ ကော်ဖီနဲ့ပဲ သောက်မလား ၊ အသီးဖျော်ရည်လေး သောက်လိုက် ပုဇွန်ငါးသားလိပ်ကြော်လေး ဝါးလိုက် အရသာခံမလား။ ဘာနဲ့ တွဲစပ်စပ် ထိမိနေရောပဲ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
D16, North Dagon Industrial Zone, 34 Quarter, U Wisara Road, North Dagon
Yangon
11421
Opening Hours
Monday | 07:00 - 14:00 |
Tuesday | 07:00 - 14:00 |
Wednesday | 07:00 - 14:00 |
Thursday | 07:00 - 14:00 |
Friday | 07:00 - 14:00 |
Saturday | 07:00 - 14:00 |
Sunday | 07:00 - 14:00 |
9/13, 50th Street, Botahtaung Township
Yangon, 11162
We're proud to be named the Best Sports Bar in Yangon for 2016!
275 A/4 Yankin Road, Yankin Township (Opposite Of Golden City Condo)
Yangon, 11801
Garden vibe and Modern decoration will please your heart to its content . Be mesmerized by the authentic Shan noodles and Burmese foods .
Yangon, 11031
ဇေယျာကောင်း ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့်လုပ်ငန်း 09-258 989 413 09-768 212 546
No. 31, Late Kan Lane, Pazundaung
Yangon
Chinese food and Thai food with flavoursome and fair price dishes in Town. Serve on call and free delivery for neighborhood.