DarkStic

စာပေချစ်မြတ်နိုးသူများ

08/03/2023

အနာဂတ်အတွက်

အကောင်းဆုံး ပြင်ဆင်ပါ

ဒါပေမဲ့ အများကြီးတော့ တွေးမပူပါနဲ့

ဘဝဆိုတာ

တစ်ခဏသာ ရတဲ့အချိန်လေးမို့

အေးအေးချမ်းချမ်း

နေတတ်ဖို့လည်း လိုပါတယ် !!

#ပုရစ်

07/03/2023

စဉ်းစားတက်လာပြီ
********************
အရင်တုန်းက တစ်ခုခုဒေါသထွက်ရင်
ချက်ချင်းမစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တက်ပေမဲ့
အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကို
အချိန်မီ ပြန်မျိုချတက်လာတယ်.....

အရင်တုန်းကတော့ သူများဝေဖန်ရင်
အိပ်ရေးပျက်တဲ့အထိ ခံစားတက်ပေမယ့်
အခုတော့ တစ်ဖက်နားကဝင်ပြီး
အခြားတစ်ဖက်က ပြန်ထွက်သွားတယ်....

အရင်တုန်းက လူတစ်ယောက်ကို
လွယ်လွယ်ကူကူ ယုံကြည်တက်ပေမယ့်
အခုတော့ အချိန်အတိုင်းအတာ တစ်ခုထိ
စောင့်ကြည့်ပြီးမှ ယုံတက်လာတယ်......

အရင်တုန်းကတော့ ချစ်ရင် ချစ်တယ်
မုန်းရင် မုန်းတယ် နေလို့ရခဲ့ပေမယ့်
အခုတော့ မုန်းတဲ့လူကို ပြုံးပြပြီး ချစ်တဲ့လူကို
ဥပေက္ခာပြုတဲ့ အလေ့အကျင့်တွေလည်း ပိုင်ဆိုင်လာတယ်..

အမှန်တိုင်းပြောရရင် ငယ်စဉ်က
စိတ်ထဲရှိသလို နေရတဲ့ဘဝလေးကို သတိရတယ်......

ဒါပေမယ့် ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်ဆိုတဲ့
စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ
ပြောင်းလဲလာရတယ်......

အမှားတစ်ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ်
တစ်ချို့အမှားတွေက ပြင်းထန်လွန်းလို့
အမာရွတ်တွေ ကျန်ခဲ့တယ်....

ဒါပေမယ့် အဲ့ဒီအမာရွတ်တွေကို ဆုတံဆိပ်တွေအဖြစ်
ဂုဏ်ယူစွာ တပ်ဆင်ထားတယ်.....
ခက်ခက်ခဲခဲနဲ့ တိုက်ခိုက်ခဲ့ပြီး
ဒီအခြေနေထိရောက်လာတယ် ဆိုတာကို
ဖော်ပြနေတဲ့ အမှတ်အသားတွေမို့ တန်ဖိုးထားတယ်...

အသက်ကြီးလို့ လူကြီးဖြစ်နေတာထက်
အသိကြီးလို့ လူကြီးဖြစ်တာကို ပိုသဘောကျတယ်
ပိုပြီးမြတ်နိုးတယ် ပိုပြီးတန်ဖိုးထားတယ်...

crd::k.t.m

05/03/2023

အရာရာတိုင်းမှာ သူ့အလှနဲ့သူရှိပီးသားပါ...🌿🖤

04/03/2023

ဆရာကိုသျှား ရဲ့ကဗျာဖတ်ရင်းလှူလို့ရပါပြီရှင်။

https://readpoemtodonate.blogspot.com/2023/03/blog-post_4.html

Note : VPN ကို US/ UK ထားပြီးလင့်တစ်ခုထဲမှာ ၁၀ စက္ကန့်လောက်နေပေးပါ။

#ကိုသျှား
#ကဗျာဖတ်ရင်းလှူ

04/03/2023

မပျော်ရတဲ့ ကာလမှာ
ပျော်ရမယ့် တစ်နေ့ကို မျှော်လင့်ရင်း
အသက်ဆက်ရတဲ့ ဒီလိုရက်တွေဟာ
ဘယ်လောက်ပဲ အားတင်းနေနေ
အချို့ရက်တွေ အဆင်ကို ပြေမနေဘူး

“ငါရတယ်
ငါရတယ်” ဆိုပြီး အားတင်းဖြေနေရတာတွေလည်း မဖြေချင်တော့ဘူး

“တကယ်ကို ပြိုလဲနေတာဟ” ဆိုပြီး
စိတ်ရှိ လက်ရှိ ငိုချပစ်ချင်တဲ့ နေ့တွေ ညတွေ
မနည်းပါပဲ

ဖြေသာအောင် တွေးရမယ့်အရာ
ဘာမှ မရှိတဲ့ ဘဝ
အချိန်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေရမှတော့
ခုထိ တောင့်ခံနိုင်နေတာတောင် ဟုတ်လှနေပါပြီ

“ငါရှေ့ဆက်နိုင်မှာပါ” လို့
အားတင်းရင်းနဲ့ မျက်ရည်သာ ကျရင်ကျတာ
မွန်းကြပ်နေသမျှ ဖြေသာတဲ့အထိ
ဒီနေ့ကာလမှာ လှိုက်လှိုက်လှဲလှဲ ငိုခွင့်မရခဲ့ပါဘူး

ငါတွေးထားတယ် သိလား
မပျော်ရတဲ့ နေ့တွေကို
ဒီလောက်တောင် ကြံ့ကြံ့ခိုင်ပြီးမှတော့
ပျော်ရတဲ့နေ့အထိ ရောက်အောင်သွားမယ်

ငါငိုချင်လည်း
အဲ့ဒီ့နေမှ စိတ်ပေါ့သွားအောင် အားရပါးရ ငိုချမယ်
ရယ်ချင်ရင်လည်း ဟားတိုက်ပြီး ရယ်ချလိုက်မယ်

အလဲလဲ အကွဲကွဲနေ့တွေမှန်း သိနေပေမဲ့
ငါ အားတင်းထားတယ်
ပျော်ရမယ့်နေ့တွေတော့ အမြန်ရောက်ချင်တယ်…။

ဆြာချစ်
(၂၀၂၃ ဖေ ၂၆)

04/03/2023

အကြောင်းပြချက်မရှိပဲ မုန်းနေတတ်တာဟာ
မနာလိုခြင်းကြောင့် ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ သည်းခံနိုင်တာ
မေတ္တာတရားကြောင့် ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ စောင့်ထိန်းခြင်းဟာ
သူတော်ကောင်းစိတ်ဓာတ်ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ စိတ်ချမ်းသာနေတာဟာ
အကောင်းမြင်တတ်လို့ ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ ရိုးသားခြင်းဟာ
ကိုယ့်ရဲ့ စိတ်ရင်းမှန်ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ ချစ်မိသွားတာဟာ
အချစ်စစ်ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ ယုံကြည်ပေးတာဟာ
ရင်ဘတ်ချင်းနီးလို့ ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ သံသယများတာဟာ
ကိုယ်တိုင်စိတ်မလုံလို့ ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ ပျော်ပျော်နေတတ်တာဟာ
ဘဝနေနည်းကိုသိလို့ ဖြစ်တယ် ...

How do you live before you die ?
ဘဝဆိုတာ အသက်ရှင်နေတုန်းသာအဓိပ္ပာယ်ရှိတာ ...
ခုန်နေတဲ့ နှလုံးရပ်သွားတာနဲ့ ဘာမှမရှိတော့ဘူး ....
ဒါကြောင့် အသက်ရှင်နေတုန်းအချိန်ဟာ ဘဝမှာ အကောင်းဆုံးပါ ...
ကိုယ့်ကိုကို ချစ်ဖို့၊ကောင်းကောင်းဆက်ဆံဖို့
စိတ်ချမ်းသာအောင်ထားဖို့
လုံးဝမမေ့ပါနဲ့ ...
အကြောင်းပြချက်မလိုပဲ
ကျွန်တော်တို့ ကောင်းကောင်းရှင်သန်ကြရမယ် ..

👉 လေးစာစွာဖြင့် ..
👉 ပန်းပျိုးလက်
#နှလုံးသားအဟာရစာစုလေးများ

04/03/2023

❣️

04/03/2023

သင်ယူလေ့လာမှုဆိုတဲ့အရာကို
ကျွန်တော်တို့ဘဝမှာ ချစ်တတ်ဖို့အရမ်းအရေးကြီးတယ်။

ကျွန်တော်တို့တွေကျောင်တွေကသင်​ပေးလိုက်တဲ့ပညာရေးတွေနဲ့ပဲတင်းတိမ်နေမယ်ဆိုရင်တော့
တိုင်ပက်ပြီး သာမာန်ဘဝကနေ
ဘယ်တော့မှရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။

သာမာန်လုပ်ရပ်နဲ့ပဲကျေနပ်နေရင်တော့
ဘဝကသာမာန်အတိုင်းပဲဖြစ်နေမှာအသေအချာပါပဲ။

တစ်ခါလောက်သာမာန်လုပ်ရပ်တွေက​နေရုန်းထွက်ကြည့်ဖို့လိုတယ်။

ကျွန်​တော်ခဏခဏပြောဖူးပါတယ် ပိုတော်တဲ့သူဆိုတာမရှိပါဘူး ပိုပြီးလေ့လာတဲ့သူပဲ ရှိပါတယ်။

Dr. Suess ပြောခဲ့တာလေး​တစ်ခုရှိတယ်။

"များများစာဖတ်တော့ များများသိလာတယ်။
များများလေ့လာတော့ သူများထက်ပို
အရှေ့ရောက်တယ် " တဲ့.....

ဒါကြောင့်သင်ယူမှုကိုအသက်ကြီးတဲ့အချိန်ထိ ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့သင်ယူမှုကိုရပ်တန့်လိုက်တဲ့နေ့ဟာ ကိုယ့်ဘဝနောက်ဆုံးအချိန်မှသာဖြစ်ပါစေ။

NyanHtet
တိမ်မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားကို လှုပ်နှိုးလိုက်ပါ။

04/03/2023

လူတိုင်းမှာ ....
ကိုယ်ပိုင် ဘဝ
ကိုယ်ပိုင် အတွေ့အကြုံ
ကိုယ်ပိုင် ခံယူချက်
ကိုယ်ပိုင် အမူအကျင့်
ကိုယ်ပိုင် အကျင့်စရိုက် နဲ့
ကိုယ်ပိုင် ဗီဇဆိုတာ ရှိတယ် ။

အဲ့ဒီတော့
စာနာနားလည်တာတွေ
ရင့်ကျက်တည်ငြိမ်တာတွေ
ဖော်ရွေပျူဌာတာတွေ
ဒါတွေ အားလုံး ရှိနေပေးဖို့ မလိုအပ်သလို
အတင်းကြီး ကြိုးစားဖန်တီး နေဖို့လည်း မလိုအပ်ဘူး ။

အဓိက လိုအပ်တာက သူတပါးအပေါ်မှာ
အလွန်အကျွံ ထိခိုက်အောင် ခဏ ခဏ မလုပ်မိဖို့ပဲ ။

ဒါဆိုရင် ဘယ်လိုလူမျိုးနဲ့မဆို အဆင်ပြေပါတယ် ။

-မနောသီရိ-
-အတွေးနဲ့အမြင်စာစုလေးများ-

04/03/2023
26/09/2022

စိတ္မခ်ရဘူး😂😂

06/09/2022

နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများ နွေဦးထီဝယ်ယူအားပေးနိုင်ရန် နိုင်ငံတကာရှိ နွေဦးထီကိုယ်စားလှယ်များ ကိုဖော်ပြအပ်ပါတယ်။

စာရင်းမဖော်ပြပေးထားသောကိုယ်စားလှယ်များလဲ ကျန်ရှိနေပြီး၊ လက်ရှိအချိန်တွင်

USA 🇺🇸
UK 🇬🇧
Germany 🇩🇪
New Zealand 🇳🇿
Switzerland 🇨🇭
Ireland 🇮🇪
Japan 🇯🇵
Canada 🇨🇦
Thailand 🇹🇭
Singapore 🇸🇬 နိုင်ငံများတွင် နွေဦးထီ တရားဝင်ကိုယ်စားလှယ်များထားရှိထားပြီးဖြစ်ပါတယ်။

Singapore 🇸🇬

Nyein Khant
SL106
wa.me/6591095410

We Pledge CDM
SL108
https://www.facebook.com/WePledgeCDM/

တော်လှန်ရေး ကုန်စုံဆိုင်
SL128
https://www.facebook.com/တော်လှန်ရေး-ကုန်စုံဆိုင်-_-RG-106980915212458/

Nyi Lay SL107
https://www.facebook.com/nyilaymyint

နောက်မဆုတ်တမ်း
Windy
SL103
https://www.facebook.com/WeWillEasilyNeverGiveUp/

Ruby (နွေဦးရောင်ခြည်အဖွဲ့)
SL139
https://www.facebook.com/profile.php?id=100069715943687
https://www.facebook.com/SGKURDAF

SL 138
https://t.me/SL138Trz

Bangkok 🇹🇭
Amethyst (WhatsApp/Line/Signal)
SL109
+66 807 343 343
https://www. Spring Flowers Network

SL 146
Theon Than Soe
https://www.facebook.com/Humanitarhttps://www.facebook.com/mef.canada.119 MEF Canada
SL110
​( Myanmar Emergency Fund - Canada )
https://wwwhttps://www.facebook.com/One-Day-We-Success-102728171985128/92 3417

Japan 🇯🇵
Win.Y.M
SL104
https://www.facebook.com/One-Day-We-Success-102728171985128/

Switzerland 🇨🇭
1. International Association of Myanamar-Switzerland
💬 m.me/InternationalAssociationMyanmarSwitzerland

2. ဆွစ်-မြန်မာမိသားစု
💬 m.me/burmeseswisshttps://www.facebook.com/crphsupportteamgermanym username -

Germany 🇩🇪
ID SL 121
https://www.facebook.com/crphsupportteamgermany

31/05/2022

✅✅✅

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
Other Sport & Recreation in Yangon (show all)
Hlegu Mara Football Club Hlegu Mara Football Club
Yangon

Hlegu MARA Fc

Selena Fiona Selena Fiona
မြန်မာ
Yangon

ฝากติดตามด้วยงับ

မယ်သီ မယ်သီ
North Okkalapa
Yangon

လူဆိုတာဟာ ကြိုးစားရင် ဘာမဆိုပဲဖြစ်နိုင်တယ်🥰

iGOLF iGOLF
No 131, Dhamazadi Road, Kamaryut Township
Yangon, 11041

Lucky Infinity sports Lucky Infinity sports
Baho Street
Yangon

l give me interesting sports happy smile

𝙆𝙎 𝙎𝙥𝙤𝙧𝙩𝙨 𝙆𝙎 𝙎𝙥𝙤𝙧𝙩𝙨
Pyi Road
Yangon

ဝါသနာအရအွန်လိုင်း ဘောလုံးကစားတဲ့မိတ်ဆွေများအတွက် KS SPORTS နဲ့လက်တွဲပြီး ဝင်ငွေ များ ရှာ‌ဖွေလိုက်ပါ

𝐌𝐫 𝐏𝐲𝐚𝐞 Online Betting Services 𝐌𝐫 𝐏𝐲𝐚𝐞 Online Betting Services
Yangon

နေ့စဉ်follow ပွဲများနှင့်အောက်ကြေးရွေးချယ်ပေးပါတယ်Since 2019 Tipster & Now AgentService

FotBal vidz FotBal vidz
Yangon

welcome from my page.. our page will upload latest talent in sport ,highlights and some awesome vid

Tin Mg Mg Win golf page Tin Mg Mg Win golf page
196/29, Myathida Street, Thuwanna Township
Yangon

Baw Dar FC Baw Dar FC
Yangon

Football Team

Nanda gaming Nanda gaming
Yangon

MYAN PLAY PRO MYAN PLAY PRO
Yangon

Myanplay was founded on a simple observation. People living in daily stress life and still love to play to refresh the mind. We create the opportunities to play the sport that peop...