Leicester City F.C -Myanmar

Leicester City F.C -Myanmar

Leicester City FC - Myanmar pageမှ‌ နွေးထွေးစွာကြိုဆိုပ?

07/02/2021

သရေတစ်မှတ်သာရရှိခဲ့တဲ့မြေခွေးပြာများ

07/02/2021

ပထမပိုင်းပြီးဆုံးချိန်မှာတော့2သင်းလုံးဘဲဥမကွဲသေးပါဘူးခင်ဗျာ။

07/02/2021

Away match at Wolverhampton🐺

07/02/2021

Belgium ပြုံးချိုကိုသက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မည်ဟုအတည်ပြုလိုက်တဲ့ Brendan Rodgers
မြေခွေးပြာတို့သည် Belgiumကွင်းလယ်လူ Youri Teilemansအား သက်တမ်းတိုးစာချူပ်ချုပ်ဆိုရန်ကြိုးပမ်းနေပြီဖြစ်ကြောင်းသိရသည်။
မြေခွေးပြာတို့ရဲ့ စံချိန်တင်‌ကြေးအကြီးဆုံးခေါ်ယူမှုဖြစ်သည့် Youri Teilemans သည် တစ်ရာသီလုံးခြေစွမ်းပြကစားနေနိုင်ပြီး လွန်ခဲ့သည့်လက Brentfortအား ၃-၁ဖြင့်အနိုင်ရခဲ့သည့် FAဖလားပွဲတွင်လည်း ပထမဆုံးအကြိမ်အဖြစ် Captainအဖြစ်တာဝန်ယူကစားခဲ့သည်။
Youri Teilemansသည် မြေခွေးပြာတို့နှင့်စာချုပ် ၂နှစ်သက်တမ်းကျန်ရှိသေးသော်လည်း Manchester United အပါအဝင် ဥရောပထိပ်သီးအသင်းများ၏စိတ်ဝင်စားမှုကိုခံလာရသောကြောင့် စာချုပ်သက်တမ်းတိုးရန်အပြင်းအထန်ကြိုးစားနေခြင်းဖြစ်သည်။
Youri Teilemansနှင့်ပတ်သတ်၍ Brendan Rodgersမှ
-" ကျွန်တော်တို့သူ့ကို (Youri) အသင်းမှာပိုကြာကြာဆက်ရှိစေချင်တယ်ဆိုတာထင်ရှားပါတယ်"

-"သူလွန်ခဲ့တဲ့ ၂ရာသီလောက်ကစရောက်ခဲ့ပြီး သူဘယ်လောက်ထိ တိုးတက်‌နိုင်တယ်၊ဘယ်လောက်ထိ အရည်အချင်းရှိတယ်ဆိုတာသက်သေပြထားပြီးဖြစ်ပါတယ်။သူကအရမ်း၊အရမ်းကို ‌အရေးပါတဲ့ကစားသမားပါ"

-"သူနဲ့အလုပ်လုပ်ရတာလဲပျော်တယ်၊ငယ်ရွယ်ပေမယ့်အရမ်းရင့်ကျက်‌တယ်၊ပြီးတော့ သူဘယ်လောက်အသင်းလိုအပ်ချက်နဲ့ကိုက်ညီအောင်ကစားနိုင်လဲဆိုတာကိုသူ့ကစားပုံကိုကြည့်ပြီးသိနိုင်ပါတယ်။"

-"ဘောလုံးကိုင်ထားတဲ့အချိန်မှာလည်းစွမ်းရည်မြင့်မြင့်ကစားနိုင်တယ်။ဆုံးဖြတ်ချက်ချတဲ့အပိုင်းလည်းကောင်းပြီး၊ဘယ်သူ့ကိုပို့ရမယ်၊ဘယ်လိုဆွဲယူသွားရမယ်၊ဘယ်နားမှာဘယ်လိုနေရာလွတ်တွေဖန်ပေးရမယ်ဆိုတာကောင်းကောင်းသိနေရာလွတ်တွေဖန်ပေးရမယ်ဆိုတာကောင်းကောင်းသိနားလည်ပါတယ်။ပွဲတစ်ပွဲအပေါ် management ပိုင်းအရမ်းကောင်းပါတယ်"

-"သူကခုဒီတစ်နှစ်လုံးလည်းခြေစွမ်းပြကစားနေပါတယ်။အသက်က၂၃နှစ်နဲ့ခုလိုမျိုး ပွဲတစ်ပွဲအပေါ်နားလည်နိုင်တဲ့စွမ်းရည်နဲ့အရည်အချင်းကိုအဆင့်တစ်ဆင့်ရောက်နေပါပြီ။ကျွန်တော့်အသင်းမှာသူ့လိုကစားသမားရှိတဲ့အတွက်အရမ်းဝမ်းသာပါတယ်။" ဟုပြောကြားခဲ့ပါတယ်။
Youriကိုယ်တိုင်ကလည်း အသင်းမှာပျော်ရွှင်နေပုံရပြီး Monacoတုန်းကလို မိသားစုဆန်ဆန်ဆက်ဆံရေးမျိုး မြေခွေးပြာတို့တွင်လည်းရရှိနေကြောင်းပြောကြားခဲ့ဖူးပါတယ်။
Youriကိုယ်တိုင် လွန်ခဲ့သည့်လက အသင်းနှင့်ပတ်သတ်၍ခုလိုပြောဖူးပါတယ်။
-"အရမ်းကို specialဖြစ်ပါတယ်။ ကျွန်တော့်ကတော့ Leicester ကFamily typeအသင်းမျိုးလို့ထင်ပြီး လူတိုင်းကတစ်ယောက်နဲ့တစ်ယောက်အရမ်းနီးစပ်ကြပြီး လူတိုင်းဆီကအချစ်ကိုလည်းခံစားရမှာပါ"

-"ကျွန်တော်ရောက်ရောက်လာခြင်းကတည်းကခံစားခဲ့ရပြီး ခုထိလည်းခံစားရဆဲပါ။အရမ်းကို specialဖြစ်ပြီး အထူးသဖြင့်ခု လေ့ကျင့်ရေးကွင်းသစ်ကြီးနဲ့ဆိုကျွန်တော်တို့ကိုယ်ကျွန်တော်တို့ပိုတိုးတက်အောင်လေ့ကျင့်နိုင်တော့မှာပါ"
Youri Teilemansသည်ယခုရာသီမြေခွေးပြာတို့အတွက်ပြိုင်ပွဲစုံ၂၉ပွဲလုံးကစားပေးထားပြီး ၆ဂိုးသွင်းယူကာ၃ဂိုးဖန်တီးပေးထားပါတယ်။
ယခုသတင်းကို Leicester City FC - Leicestershire Live မှဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

04/02/2021

https://twitter.com/LCFCMyanmar?s=09

ကျွန်တော်‌တို့နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်။

01/02/2021

လိုင် 800ကျော်ကျော် ပေ့ခ်ျကလေး‌ကိုတော့ မဟက်လောက်ကြပါဘူးမလား? လိုရမယ်ရကျွန်တော်တို့ ကြာသပတေးမှပို့စ်ပြန်တင်ပါမယ်။ everyone stay safe

01/02/2021

အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာချက်

ဇန်နဝါရီ ၃၁၊ ၂၀၂၁။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နှောင့်နှေးသွားစေမည့် အခြေအနေကို ဦးတည်စေသော တပ်မတော်၏လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းများ အပေါ် အမေရိကန် ပြည်ထောင်စုမှ စိုးရိမ်မကင်း ဖြစ်မိပါသည်။ သတင်းများ အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် အရာရှိများအားလည်း ဖမ်းဆီးထားကြောင်း သိရပါသည်။
ဤအခြေအနေနှင့် ပတ်သက်၍သမ္မတ Joe Biden အား အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းကျ အုပ်ချုပ်ရေး လုပ်ငန်း အဖွဲ့အစည်းများကို ဒေသတွင်းရှိ မိတ်ဖက်နိုင်ငံများနှင့် အတူ ပူးပေါင်း၍ အမေရိကန် ပြည်ထောင်စုမှ ခိုင်မာစွာ ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပါသည်။
တပ်မတော် အပါအဝင် အခြားအဖွဲ့အစည်းများ အားလုံး အနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ဥပဒေ စိုးမိုးရေးကို အလေးအနက်ထား လိုက်နာပြီး ယနေ့ ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုပါသည်။ အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ရလဒ်များကို တစုံတရာ ပြောင်းလဲရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို ချိုးဖျက်ရန် ကြိုးပမ်းခြင်း စသည့် ကိစ္စမှန်သမျှကို ဆန့်ကျင်ပါသည်။
ဤသို့ ဆောင်ရွက်သည့် တာဝန်ရှိသူများ အပေါ်တွင်လည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်နေခဲ့ရသည့် မြန်မာ ပြည်သူများနှင့် အတူ ထပ်တူ ရပ်တည်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

----------------------------------------------------------------------
(Zawgyi)
အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာချက်
ဇန်နဝါရီ ၃၁၊ ၂၀၂၁။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နှောင့်နှေးသွားစေမည့် အခြေအနေကို ဦးတည်စေသော တပ်မတော်၏လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းများ အပေါ် အမေရိကန် ပြည်ထောင်စုမှ စိုးရိမ်မကင်း ဖြစ်မိပါသည်။ သတင်းများ အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် အရာရှိများအားလည်း ဖမ်းဆီးထားကြောင်း သိရပါသည်။
ဤအခြေအနေနှင့် ပတ်သက်၍သမ္မတ Joe Biden အား အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းကျ အုပ်ချုပ်ရေး လုပ်ငန်း အဖွဲ့အစည်းများကို ဒေသတွင်းရှိ မိတ်ဖက်နိုင်ငံများနှင့် အတူ ပူးပေါင်း၍ အမေရိကန် ပြည်ထောင်စုမှ ခိုင်မာစွာ ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပါသည်။
တပ်မတော် အပါအ၀င် အခြားအဖွဲ့အစည်းများ အားလုံး အနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ဥပဒေ စိုးမိုးရေးကို အလေးအနက်ထား လိုက်နာပြီး ယနေ့ ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုပါသည်။ အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ရလဒ်များကို တစုံတရာ ပြောင်းလဲရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို ချိုးဖျက်ရန် ကြိုးပမ်းခြင်း စသည့် ကိစ္စမှန်သမျှကို ဆန့်ကျင်ပါသည်။
ဤသို့ ဆောင်ရွက်သည့် တာ၀န်ရှိသူများ အပေါ်တွင်လည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်နေခဲ့ရသည့် မြန်မာ ပြည်သူများနှင့် အတူ ထပ်တူ ရပ်တည်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

Credit To

Joe Biden ကိုပဲ အားကိုးရ​တော့မှာ​ပေါ့

P.S -နိုင်ငံရေးအ​ကြောင်း စိတ်မဝင်စားပါ။ သိူ့​ပေမယ့် လူဖြစ်​နေသ၍ အမှန်တရားကို လိုလားရမည်မှာ Ciper Men Team ၏ နှလုံးသားထဲတွင်ပင်ရှိသည်။

https://www.whitehouse.gov/briefing-room/statements-releases/2021/01/31/statement-by-white-house-spokesperson-jen-psaki-on-burma/

31/01/2021

Well done Leeds

31/01/2021

It's over with defeat at King Power.

31/01/2021

ပထမပိုင်းပြီးဆုံးချိန်မှာတော့ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်နေပါတယ်။
Fighting Foxes👊👊

31/01/2021

Harvey Barnes keep on 🔥🔥 (12')
We are Leading 👊

31/01/2021

Our starting 11 against Leeds at King Power Tonight 👊🦊

31/01/2021

ကျွန်တော်တို့ရဲ့ Belgiumပြုံးချိုသည် လွန်ခဲ့သည့် ၂နှစ်မှာ အငှားဖြင့် ပထမဦးဆုံးအကြိမ်ပူးပေါင်းခဲ့ပါသည်။

30/01/2021

Captainကြီး Wes Morganသည် မြေခွေးပြာတို့နှင့်ပူးပေါင်းခဲ့သည်မှာ ၉နှစ်ပြည့်ပြီဖြစ်သည်။
ဤရက်ပိုင်းpostသိပ်မတင်ဖြစ်တာခွင့်လွတ်ပါ။ကျွန်တော်က အိမ်ကိစ္စတစ်ခုကြောင့်အလုပ်ရှုပ်နေပြီး ချီးထုပ်ကသူ့အပိုင်းမဟုတ်တာတွေမတင်လို့ပါ။

27/01/2021

A Draw at Goodison Park, although we deserved better than this..

27/01/2021

Goal!!!!!!💥
Youri gets us Level!!!!
Get in Foxes🦊👊

27/01/2021

ပထမပိုင်းပြီးဆုံးချိန်မှာမြေခွေးပြာတို့ ရှုံးနိမ့်နေပါတယ်။ဒုတိယပိုင်းကိုရင်ခုန်စွာဆက်လက်အားပေးကြရအောင်။

27/01/2021

ဒီနေ့မနက်အတွက်မြေခွေးပြာတို့ရဲ့ Fantastic 11
Come on Foxes🦊💙!!

27/01/2021

Adminချီးထုပ်၏ပွဲကြိုခန့်မှန်းချက်
မြေခွေးပြာတို့သည်ယနေ့မနက် ၂:၄၅တွင် Evertonအသင်းကိုGoodison Park ၌သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြေခွေးပြာတို့ဘက်ကကြည့်လျှင်တိုက်စစ်မှူး Jamie Vardyမပါနိုင်သည်မှာကြီးမားသည့်ထိုးနှက်ချက်ဖြစ်လာနိုင်ပြီး Everton ကဲ့သို့အသင်းမျိုးနှင့်ယှဉ်ပြိုင်ကစားရာမှာ Maddison, Barnes တို့ဦးဆောင်နိုင်ပါ့မလားလို့သံသယဖြစ်မိပါတယ်။
မြေခွေးပြာတို့သည်နောက်ဆုံး ၆ပွဲတွင်လုံးဝရှုံးနိမ့်ခြင်းမရှိဘဲ ၄ပွဲထိနိုင်အောင်ကစားထားနိုင်ပါတယ်။မြေခွေးပြာတို့ရဲ့ယခုရာသီအဝေးကွင်းရလဒ်များမှာကောင်းမွန်လျှက်ရှိပြီး ၉ပွဲတွင် ၇ပွဲအထိနိုင်ပွဲရရှိထားတာဖြစ်ပါတယ်။
Everton တို့ဘက်ကတော့လူစုံတက်စုံပါဝင်လာမှာဖြစ်ပြီး Lucas Digneနှင့် Alex Iwobiတို့လဲ ပြန်လည်ပါဝင်လာနိုင်မည်ဟုအတည်ပြုထားပြီဖြစ်သည်။
The Toffeesတို့မှာလည်းနောက်ဆုံး၅ပွဲတွင်၄ပွဲထိအနိုင်ရထားပြီး၁ပွဲသာအရေးနိမ့်ထားပါတယ်။တိုက်စစ်ပိုင်းကဂိုးအရမ်းမသွင်းပေမယ့်နိုင်ပွဲရသေချာအောင်ကစားထားနိုင်ပါတယ်။
အကျဉ်းချုပ်ရလျှင် နှစ်သင်းစလုံးမှာနောက်ဆုံး ၅ပွဲဆက် ခံစစ်ကောင်းမွန်နေပြီး နှစ်သင်းစလုံးတိုက်စစ်တွေရုန်းကန်ရနိုင်ပါတယ်။ Richarlison, Dominic တို့အပြင် Iwobiတို့ပါဝင်လာမယ့်တိုက်စစ်ကြောင်းက Barnes, Pérez, Maddisonတို့ထက်ပိုမိုတိုးအားကောင်းနိုင်ပြီးကျဉ်းမြောင်းသည့်ရလဒ်ဖြင့်မြေခွေးပြာတို့အရေးမလှဖွယ်ရှိနေပါတယ်။
Adminချီးထုပ်၏ ခန့်မှန်းရလဒ် Everton 1-0 Leicester

27/01/2021

Norwichကွင်းလယ်လူအားနွေရာသီတွင်ခေါ်ယူရေးချိတ်ဆက်နေတဲ့ Leicester City
မြေခွေးပြာတို့သည် England U-21နှင့် Norwichကွင်းလယ်လူတစ်ဦးဖြစ်သူ Todd Cantwell အားနွေရာသီတွင်အရခေါ်နိုင်ရေးကြိုးစားလျှက်ရှိကြောင်းသိရသည်။
Cantwellသည်လွန်ခဲ့သည့်ရာသီက Premeir Leagueတွင်လည်းခြေစွမ်းပြကစားခဲ့ပြီး ယခု Championshipတွင်လည်း Norwichတို့ဇယားထိပ်ဦးဆောင်နေရာတွင်‌အကောင်းဆုံးခြေစွမ်းပြပါဝင်ထားနိုင်သူလည်းဖြစ်သည်။
၂၂နှစ်သားသည် ကွင်းလယ်အထိုင်ရော၊ကွင်းလယ်တိုက်စစ်အဖြစ်ပါကစားနိုင်သူဖြစ်ပြီး Tottaham Hotspursတို့၏စိတ်ဝင်စားမှုကိုလည်းခံနေရသည်ဟု Football League World မှသတင်းများအရသိရသည်။
သိုပေမယ့် လန်ဒန်ကြက်ဖတို့သည် ဈေးပြိုင်ခေါ်လိုခြင်းမရှိတာကြောင့် Norwich Academyထွက်ကုန်ဖြစ်သူအား မြေခွေးပြာ တို့ခေါ်ယူနိုင်ရန်ပိုမိုအလေးသာလျှက်ရှိသည်။
Norwichသည်ယခုရာသီတွင် ဇယားထိပ်တွင် ၆မှတ်ဖြတ်ကာရပ်တည်နေနိုင်ပြီး နွေရာသီတွင်အဓိက ကစားသမားများရောင်းချရဖွယ်ရှိနေသည်။
Cantwellကဲ့သို့ ကွင်းလယ်တိုက်စစ်မှူး Emi Buendiaနှင့် Full-Back Max Aronတို့ကိုလည်း Premeir League ကလပ်များစိတ်ဝင်စားနေကြသည်။
Arsenalသည် Buendiaအားခေါ်ယူလိုနေသောအသင်းများထဲမှတစ်သင်းဖြစ်ပြီး Spursတို့ကတော့ Aronနှင့်ပိုမိုချိတ်ဆက်မှုလုပ်နေပါတယ်။
ယခုသတင်းကို Leicester City FC - Leicestershire Live မှဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

27/01/2021

ကြာသပတေးမနက် ၂:၄၅ (GT 8:15 P.M)Liverpoolမြို့တွင် လက်စားချေပွဲ ရှိသည်👊👊

26/01/2021

၂၀၁၅ခုနှစ်: ‌မြေခွေးပြာတို့ Chelseaကိုအနိုင်ရရှိခဲ့သည်။၃ရက်အကြာတွင် José Mourinhoထုတ်ပယ်ခံခဲ့ရသည်။ထိုရာသီအကုန်တွင်မြေခွေးပြာတို့ Premeir League Champion ဖြစ်ခဲ့သည်။
၂၀၂၁ခုနှစ်: ‌မြေခွေးပြာတို့ Chelseaကိုအနိုင်ရရှိခဲ့သည်။ ၆ရက်အကြာတွင် Frank Lampardထုတ်ပယ်ခံခဲ့ရသည်။ယခုရာသီတွင်လည်းလက်ရှိအဆင့်၃တွင်ရပ်တည်နေသည်။ဘယ်လိုထင်ကြသလဲဗျ?။ မြေခွေးပြာတို့ ဒုတိယအကြိမ် Championဖြစ်နိုင်မလား???
ယခုစာသားအားလုံးကို IGအား creditပေးပါသည်။

26/01/2021

ယနေ့မြေခွေးပြာတို့ရဲ့ပဲ့ကိုင်ရှင်ကြီး
Brendan Rodgers ၏ ၄၈နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။မြေခွေးပြာတို့ကိုဆက်လက်ပြီးအကောင်းဆုံးဦးဆောင်‌နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။
Lá breithe shona duit Brendan Rodgers
🎉🥳🎂

26/01/2021

မြေခွေးပြာတို့အတွက်နှစ်ပေါင်း ၄၂နှစ်ကြာအောင် အဝတ်လျှော်တာဝန်ထမ်း‌ဆောင်ခဲ့တဲ့ Sheila Kent သည်မနေ့ည (Englandတွင်ဆိုယနေ့)ဆုံးပါးသွားခဲ့ပါသည်။
R.I.P ပါSheila💔

24/01/2021

ဒုတိယပိုင်းခြေစွမ်းနဲ့အတူFAဖလား ပဉ္စမအဆင့်ကိုတက်လှမ်းသွားတဲ့မြေခွေးပြာများ
ယနေ့ပွဲမှာမြေခွေးပြာတို့သည် Chelseaပွဲက လူစာရင်းကို ၈နေရာအထိအပြောင်းအလဲလုပ်ခဲ့ပြီး ဒဏ်ရာကပြန်သက်သာလာတဲ့ Söyüncüနဲ့ Ricky Pတို့ပွဲထွက်စာရင်းမှာပါဝင်လာခဲ့ပါတယ်။ ပျားတို့ဘက်ကလဲ Luton Townနဲ့ကလူစာရင်းကို ၆နေရာထိအပြောင်းအလဲလုပ်ပြီး ၄-၂-၃-၁ပုံစံအတိုင်း၂သင်းစလုံးပွဲထွက်လာခဲ့ပါတယ်။
ပထမပိုင်းအစမှာတင် ပျားတို့အရင်တုပ်နိုင်ခဲ့ပြီး ၆မိနစ်တွင်ထောင့်ကန်ဘောမှတစ်ဆင့် Denmarkနောက်ခံလူ Bech Sørensenမှသွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းတစ်ပိုင်းလုံးမြေခွေးပြာတို့တိုက်စစ်ပျက်နေခဲ့ပြီး ပျားတို့ခံစစ်နှင့် ဂိုးသမား Danielတို့အခက်အခဲသိပ်မရှိဘဲကာကွယ်နိုင်ခဲ့ပါတယ်။
မြေခွေးပြာတို့နတ်ရေကန်ထဲဒိုင်ဗင်ဆင်းလိုက်သလိုအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပြီး ၄၈မိနစ်တွင် Maddison မှ Brentfordနောက်ခံလူနှစ်ဦးကိုကျော်ဖြတ်ပြီး markingလုံးဝလွတ်သွားတဲ့ Ünderကိုချပေးရာ Ünderကအမှားအယွင်းမရှိသေသေသပ်သပ်ကန်သွင်းယူနိုင်ခဲ့ပါတယ်။
ခြေပဂိုးရရှိပြီးနောက်မြေခွေးပြာတို့တိုက်စစ်တောက်လျှောက်ဆင်လာပြီး ၅၁မိနစ်မှာ penaltyမှတစ်ဆင့် Teilemansဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။နောက်ပိုင်းမိနစ်တွေမှာမြေခွေးပြာတို့ထိန်နောက်ပိုင်းမိနစ်တွေမှာမြေခွေးပြာတို့ထိန်းကစားခဲ့ပြီး Brentfordတို့ရဲ့
ခြေပဂိုးရရှိရေးကြိုးစားမှုများမှာသိပ်အရာမထင်ခဲ့ပါဘူး။
၇၁မိနစ်မှာ Barnes ရဲ့ကန်ချက်ကို Danielဖမ်းတာမသေသပ်တာကြောင့်ပြန်ကျလာတဲ့ဘောလုံးကို တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ Maddisonကသွင်းယူပေးခဲ့ပြီး မြေခွေးပြာတို့ကိုအနိုင်သေချာစေခဲ့ပါတယ်။
အကျဉ်းချုပ်ပြောရလျှင် တစ်ပွဲလုံးခြေစွမ်းအရ Brentfordတို့ကစားပုံမဆိုးခဲ့ဘဲ မြေခွေးပြာတို့ကိုအကောင်းဆုံးတုံ့ပြန်ကစားသွားနိုင်ခဲ့ပြီး ၎င်းတို့ခြေစွမ်းကိုလည်းအသိအမှတ်ပြုရမှာဖြစ်ပါတယ်။မြေခွေးပြာတို့ကတော့ ဒုတိယပိုင်းမှော်ဝင်ခြေစွမ်းနဲ့ ပြန်လာနိုင်ခဲ့ပြီး ပထမပိုင်းအဆုံးသတ်အားနည်းခဲ့တာကလွဲရင်ထူးထူးခြားခြားအားနည်းချက်မရှိခဲ့ဘဲ ထိုက်တန်စွာဖြင့် FAဖလားနောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး Brightonအသင်းနှင့်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

24/01/2021

ပွဲပြီးဆုံးချိန်မှာတော့ မြေခွေးပြာတို့ဟာ 3ဂိုးပြန်သွင်းပြီး Come Back နိုင်ခဲ့ကာ FAဖလားနောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါပြီ။
ပွဲပြီး Reviewလာမည်။

24/01/2021

Madders has done it again!!(71')
Get in 👊👊👊

24/01/2021

Teilemans gave us lead from the Spot⚽(51')
We are Leading!!

24/01/2021

Ünder equalized for Foxes!💥(48')
Get in👊!!!

24/01/2021

ပထမပိုင်းပြီးဆုံးချိန်မှာတော့ Brentfordအသင်း အနိုင်ရရှိနေပါတယ်။ ဆက်လက်အားပေးကြလိုက်ရအောင်လား?
FOXES NEVER QUITE 🦊🦊

23/01/2021

ဒီနေ့ဟာ မြေခွေးပြာတို့ဂန္ဓဝင်တစ်ဦးဖြစ်သူ Steve Lynex ရဲ့ ၆၃နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။
Happy Birthdayပါ Lynex🥳🎉

23/01/2021

Vardyနားရပေမယ့် တိုက်စစ်မှူးအသစ်ခေါ်ယူဦးမည်မဟုတ်ကြောင်းရှင်းပြလိုက်တဲ့ Brendan Rodgers
Jamie Vardy၏နေရာအတွက်လူအသစ်ခေါ်ယူမည်မဟုတ်ကြောင်း Brendan Rodgersမှပြောကြားလိုက်ပါသည်။မြေခွေးပြာတို့ boss၏အဆိုအရ လက်ရှိအသင်း၏လိုအပ်ချက်ကိုဖြည့်နိုင်မည့်ကစားသမားမရှိသေးဘဲ Ayoze Pérezနှင့် Iheanachoတို့ Vardy၏ကွက်လပ်ကိုဖြည့်စည်းပေးနိုင်ရန်မျှော်လင့်ထားကြောင်းထပ်မံရှင်းပြထားပါသည်။
မြေခွေးပြာတို့၏ကျောနံပါတ် ၉ သည် အူကျဒဏ်ရာကြောင့်ခွဲစိတ်မှုခံယူရမည်ဖြစ်ပြီးရက်သတ္တပါတ်အနည်းငယ်အနားယူရတော့မှာဖြစ်ပါသည်။
တိုက်စစ်မှူးထပ်မံဖြည့်တင်းမည်လားဟုမေးမြန်းချက်ကို Rodgersမှ အောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။
-"ငါတို့ပြဿနာကိုဖြေရှင်းနိုင်မယ့်ကစားသမားမရနိုင်ပါဘူး။အဲ့တာကအမှန်တရားဖြစ်ပြီးငါတို့ရှိတာကိုသုံးရမှာပါ။ Vardyလည်းမကြာခင်ပြန်ကစားနိုင်မှာပါ"
အခုသတင်းကြောင့် Edouard Odsonne နှင့်ထွက်နေသောသတင်းများမှာအားနည်းသွားပြီဖြစ်ပြီး ကာလရှည်အနားယူရမည့် Dennis Praetနေရာကိုယခုအပြောင်းရွှေ့ကာလလက်ကျန် ၁၀ရက်အတွင်းမည်သို့ဖြည့်တင်းသွားမည်ကိုသာစောင့်ကြည့်ရတော့မည်ဖြစ်သည်။
ယခုသတင်းကို Leicester City FC - Leicestershire Live မှဘာသာပြန်တင်ပေးလိုက်ရပါတယ်။

Photos from Leicester City F.C -Myanmar's post 23/01/2021

Leicester City သမိုင်းတလျှောက်အကောင်းဆုံး ကစားသမား (၁၀)ဦး
လက်လှမ်းမှီရသလောက်အထိဆိုလျှင် ၂၀၁၅-၁၆တွင် မြေခွေးပြာတို့ Premeir League ဖလားကိုအောင်မြင်ခဲ့ပြီး ထိုအချိန်လူစာရင်းတွင် Mahrez, Konte, Okazaki, Vardy, Morgan အစရှိသဖြင့်ကစားသမားအများအပြားခြေစွမ်းပြနိုင်ခဲ့ကြသည်။ယခုဖော်ပြမည့် မြေခွေးပြာတို့သမိုင်းတလျှောက်အကောင်းဆုံးကစားသများထဲတွင်သူတို့ထဲက ဘယ်နှယောက်ပါမလဲကြည့်လိုက်ကြရအောင်။
ပုံထောက်ပြီးဖတ်ပေးပါရန်။
ယခုသတင်းကို မှာဘာသာပြန်တင်ပေးလိုက်ရပါတယ်။ Shareပေးကြပါဦးဗျာ။

22/01/2021

Credit to instagram

22/01/2021

အူကျတာအတွက်ခွဲစိတ်ကုသရမယ့် Jamie Vardy
မြေခွေးပြာတို့၏ဝါရင့်တိုက်စစ်မှူး‌ Jamie Vardy သည် အူကျသောကြောင့်ခွဲစိတ်ခန်းဝင်ရမည်ဖြစ်ပြီးပွဲစဉ်အချို့ကိုလွဲချော်ဖွယ်ရှိနေသည်။
Brendan Rodgers၏ပြောကြားချက်မှာ
-"သူ Hernia(အူကျ)တာကြောင့် minor operationဝင်ရပါမယ်။ဒီရက်ပိုင်းသူကစားနိုင်မှာမဟုတ်ပါဘူး"
-"သူဒီဒဏ်ရာကြောင့်ခဏထွက်ရပေမယ့်အရမ်းမကြာပါဘူး။အဲ့ဒီ hernia နေရာတစ်ဝိုက်လေးဘဲခွဲရမှာပါ။"
ဟုပြောကြားသွားခဲ့ပါတယ်။
တနင်္ဂနွေနေ့တွင် FAဖလား စတုထ္တအဆင့်ပွဲစဉ်အဖြစ် Brentfordအသင်းနှင့်ယှဉ်ပြိုင်ကစားရမည့်ပွဲတွင် Jamie Vardy အပြင် Dennis Praetနှင့် Wes Morganတို့ပါလွဲချော်မည်ဟုသိထားရပါသည်။
ယခုသတင်းကို Leicester City Football Club မှဘာသာပြန်တင်ပေးလိုက်ရပါတယ်။

21/01/2021

Real Madridကွင်းလယ်လူ Martin Odegaard အားခေါ်ယူနိုင်ရေးကြိုးပမ်းလာတဲ့ Leicester City
မြေခွေးပြာတို့သည် ‌Norwayကွင်းလယ်လူ Odegaard အားခေါ်ယူရန် Real Madrid အားတံခါးခေါက်လိုက်ကြောင်း ဥရောပသတင်းမီဒီယာ များကဖော်ပြနေကြသည်။
‌မြေခွေးပြာတို့သည် အငှားထွက်ရန်အလားအလာရှိသည့် ကွင်းလယ်လူများအားစောင့်ကြည့်နေပြီး၊ Sky Sports၏ဖော်ပြချက်အရ မြေခွေးပြာတို့သည် Norway လက်ရွေးစဉ် နှင့်ပတ်သတ်၍ Real Madrid နှင့်အကြိုဆွေးနွေးမှုများပြုလုပ်ထားပြီး ဖြစ်သော်လည်း ဆက်လက်ရှေ့ဆက်မတိုးသေးကြောင်းသိရသည်။
Odegaard သည် Arsenal, Ajax, Real Sociedad တို့၏ပစ်မှတ်ထားခြင်းကိုခံနေရပြီး မနှစ်က
Real Sociedad တွင်အငှားကစားခဲ့ရာ ၇ဂိုးသွင်းယူ၊၉ဂိုးထောက်ပံ့ပေးခဲ့ပြီး Europa Leagueဝင်ခွင့်နှင့်
Copa del Rey Finalရောက်အောင်ကူညီနိုင်ခဲ့ပါတယ် ။
ယခု ရာသီ Madridသို့ပြန်လည်ရောက်ရှိပြီးနောက် ၂၂နှစ်သားသည်ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရပြီး တစ်ရာသီလုံးပြိုင်ပွဲစုံ ၅ပွဲသာဝင်ရောက်ကစားခွင့်ရသေးတာဖြစ်ပါတယ်။
Odegaardသည် အငှားထွက်ကစားလိုနေပြီး Real Madridကလည်း ၎င်းအားယာယီလွတ်ပေးဖို့ဆန္ဒရှိနေကာ ခေါ်ယူရန်စိတ်ဝင်စားနေတဲ့အသင်းတွေကလည်းများပြားနေတာဖြစ်ပါတယ်။
အသက်ငယ်သေးသော်လည်း Odegaardသည် ဘောလုံးကစားခဲ့သည်မှာကြာပြီဖြစ်ပြီး အသက်၁၅နှစ်ကတည်းက Norwayလက်ရွေးစဉ်အသင်းတွင်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
Odegaardသည် ၎င်း၏ငယ်အသင်း Stromsgodset မှပြောင်းရွှေ့ရန်အသင်း ရွေးရာ၌ Brenden Rodgersလက်အောက်တွင်၂၀၁၄ခုနှစ် Decemberက Liverpool အသင်းနှင့်အတူ လာရောက်လေ့ကျင့်ဖူးပြီး ၂၀၁၅ Januaryတွင် Real Madridသို့ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
မြေခွေးပြာတို့ကလည်း Dennis Praetနေရာတွင်ယာယီအစားထိုးရန်ကွင်းလယ်လူတစ်ယောက်အလိုရှိနေခြင်းဖြစ်ပါတယ်။
ယခုသတင်းကို Leicester City FC - Leicestershire Live မှဘာသာပြန်တင်ပေးလိုက်ရပါတယ်။

21/01/2021

ယနေ့မှာ မြေခွေးပြာတို့ရဲ့ Cpatainကြီး Wes Morgan ဟာ ၃၇နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
Happy birthdayပါ Nathanရေ🥳🎉

Photos from LCFC Women's post 20/01/2021

💙🦊💙🦊

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Sports Events in Yangon (show all)
World Snooker - Myanmar World Snooker - Myanmar
Yangon

မြန်မာပြည် တွင် စနူကာ အားကစားလောက တိုးတက်စေရန် ရည်ရွယ် သည်

𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥 𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥
Yangon

⚽မဂ်လာရှိသောနေ့ရက်လေးဖြစ်ပါစေ⚽ Online Football Services (24/7 -hours)

JJJ/Page JJJ/Page
Yangon, 333

2d3dနေ့စဥ်တိုက်ရိုက်LivePage

Mo Jo Sniper Mo Jo Sniper
Yangon

Betinum Special Tip Betinum Special Tip
Yangon
Yangon

Tipsterသက်တမ်း ၇နှစ်ရှိ BETINUM Tipster

Kyaw Kyaw
Kanbu
Yangon, KYAW

good

Aladin Aladin
Yangon

Aladin

Football Cycle & Sports Football Cycle & Sports
Yangon

A Lovely Paradise for every Fashion Taste. Find your stunning favorite outfits with affordable price from Hidden Treasures.

Yangon City Run Yangon City Run
Yangon

Connect with Yangon City Run 2020

သူ့ ဆီသို့ သူ့ ဆီသို့
Myayadanar 5 Street
Yangon

i love you

MBF Referee MBF Referee
U Chit Mg Street & East Min St Corner
Yangon

HYPE Event & Entertainment HYPE Event & Entertainment
Yangon, 11211

Dive into Hype where Dreams Come Alive ! ✨