UR-Future Vocational School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from UR-Future Vocational School, Education, Padauk 2 Street, Yangon.
Hello မဂ်လာပါ
ပညာဒါန videoလေးတွေမျှဝေပေးဖို့ပြန်လာပါပြီရှင် 😍😍
ဒီအပတ်မှာတော့ ရှမ်းသိုင်းရင်ဖြတ်ဆက်ညှပ်နည်းလေးကိုမျှဝေပေးထားပါတယ်ရှင့် 😘😘
အသုံးဝင်ကြမယ်လို့မျှော်လင့်ပါတယ်
ကြည့်ရှူ့ပေးကြတဲ့ တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်😘😘😘
နောက်ထပ် ဗီဒီယိုအသစ်လေးတွေကိုလည်းဆက်လက်မျှဝေပေးသွားမှာမလို့ ဒီpageလေးကို like&followလေးလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်😍😍😍
hello မဂ်လာပါရှင့်
ဒီအပတ်မှာတော့ ခါး ဒေါက် လည် ဆွဲနည်းအမျိုးမျိုးကို ဆွဲပြထားပါတယ်
😍😍ကြည့်ရှုပေးကြပါအုန်းနော်
Hello မဂ်လာပါ
ပညာဒါန videoလေးတွေမျှဝေပေးဖို့ပြန်လာပါပြီရှင် 😍😍
ဒီအပတ်မှာတော့ ပခုံးပျောက်ညှပ်နည်းလေးကိုမျှဝေပေးထားပါတယ်ရှင့် 😘😘
အသုံးဝင်ကြမယ်လို့မျှော်လင့်ပါတယ်
အဆင်ပြေကြပါစေနော်❤❤
ကြည့်ရှူ့ပေးကြတဲ့ တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်
Hi အားလုံးမဂ်လာပါနော်💚💛💙
မင်မင်က ဒီpage လေးကို ဝါသနာအရ ပညာဒါနပြုဖို့ ဖွင့်ထားတာမို့ အမြဲ active မဖြစ်တာ reply မပြန်နိုင်တာလေးတွေ နားလည်စေချင်ပါတယ်😊😊
ဒီpage လေးအတွက် ရိုက်ထားပြီး မတင်ဖြစ်တဲ့viedo လေးတွေ ပြန်တင်ပေးဖို့လုပ်နေပါတယ်နော်✌
အဆင်ပြေကြပါစေနော်💝
#ဇစ်တပ်နည်းလေး ပြောပြထားပေးတယ်နော်😍😍😍
အဆင်ပြေကြပါစေ
💛💛💛 by Admin
ပညာဒါန viedo လေးလာပါပြီ👍👍
ဒီအပါတ်မှာတော့ ဂါဝန်patternလေးကို #ရေကူးဒေါက်လေးနဲ့ ဆွဲပြထားပါတယ်နော်😍😍
နောက်အပါတ်မှာ ဘာvideoလေး ဖြစ်မလဲ စောင့်ကြည့်ပေးပါဦးနော်
by Admin
ပညာဒါန viedo လေးလာပါပြီ👍👍
ဒီအပတ်မှာတော့ #လက်ဖောင်း အောက်စည်းလေး ဆွဲပြထားပါတယ်နော်😍😍
နောက်အပါတ်မှာ ဘာvideoလေး ဖြစ်မလဲ စောင့်ကြည့်ပေးပါဦးနော်
by Admin
ပညာဒါန viedo လေးလာပါပြီ👍👍
ဒီအပတ်မှာတော့ #မော်တာစက် အသုံးပြုပုံလေးကို တင်ပေးလိုက်ပါတယ်နော်🎓🎓
မော်တာစက်ကြီး သုံးချင်ပေမယ့် မသုံးတတ်မှာ စိတ်ပူစရာမလိုတော့ဘူးနော် ချစ်တို့
ဒီviedoလေးကြည့်ပြီး စမ်းကြည့် လွယ်လွယ်လေး ချုပ်ရအရမ်းသက်သာ ✌✌✌
နောက်အပါတ်မှာ ဘာvideoလေး ဖြစ်မလဲ စောင့်ကြည့်ပေးပါဦးနော်
by Admin
အပါတ်စဉ် Saturday တိုင်း ပညာဒါနviedoလေးတွေ ကြည့်ချင် page လေး like လုပ်ထားပါနော်
🌐🌐🌐Digital sewing pattern
📣📣Digital pattern ဆိုတာဘာလဲ
19 ရာစုနှောင်းပိုင်းမှ စတင်လာသော အ၀တ်အစား ပြုလုပ်နည်းအမျိုးမျိုးသည် ခေတ်မှီ တိုးတက်လာသော နည်းပညာများနှင့်အတူ တဆင့်တဆင့် တိုးတက်ပြောင်းလဲလာပါတယ်။ ဥပမာ ပိတ်များပေါ်တွင် ကိုယ်ခန္ဓာ အတိုင်းအထွာများ မှတ်သား ချုပ်လုပ်ခြင်း ၊ ထိုမှတဆင့် စာရွက် အသုံးပြုကာ ပိုမိုတိကျသော flat pattern အသုံးပြု၍ လည်းကောင်း ၊ ယခုအခါ တစ်နေရာတည်းတွင် ထိုင်ကာ သက်တောင့်သက်သာ computer ဖြင့် pattern ဆွဲခြင်းများ ပြုလုပ်လာကြပါတယ်။ ဤသို့ computer ဖြင့် software အသုံးပြုကာ ပြုလုပ်ထားသော pattern ကို digital pattern ဟု ခေါ်လာကြပါတယ်။
🕭🕭Digital pattern ဘယ်လိုဆွဲကြမလဲ
Adobe ၊ Acrobat ကဲ့သို့ software များအသုံးပြုကာ comupter ဖြင့် ဆွဲလေ့ရှိကြပါတယ်။ဆွဲသားနည်းအဆင့်ဆင့် ကို နောက်မှ ထပ်မံ sharing လုပ်သွားပါမယ်။ မိမိသာဘာ youtube viedo များတွင်လည်း အလွယ်တကူ လေ့လာနိုင်ပါတယ်။
🕭🕭Manual Pattern နှင့် Digital Pattern ဘာကွာလဲ
အလျား 2ပေခွဲ ၊ အနံ 3ပေခွဲ ပုံဆွဲစက္ကူဖြူ စက္ကူဝါ များ အသုံးပြုကာ လက်ဖြင့် manual pattern များ ရေးဆွဲကြပါတယ်။ Digital pattern များကိုတော့ computer ဖြင့် ဆွဲကာ pdf ဖိုင်အဖြစ်သိမ်းဆည်းပြီး A4 ဆိုဒ်စာရွက်များဖြင့် print ထုတ်ကာ page အစဉ်အတိုင်း ပြန်လည် တွဲဆက်အသုံးပြု ကြပါတယ်။
🕭🕭Digital pattern အသုံးဝင်ပုံ
Digital pattern များသည် အလွယ်တကူ သိမ်းဆည်းနိုင်ခြင်း ၊ Edit လုပ်နိုင်ခြင်း၊ pattern ထုတ်ရောင်းသူများအနေဖြင့် တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ပို့ဆောင်နိုင်ခြင်း၊ စာရွက်များ အကြောင်းကြောင်းကြောင့် ပျက်စီးလျှင်လည်း အလွယ်တကူ ပြန် print ထုတ်ကာ အသုံးပြုနိုင်ခြင်းတို့ ဖြစ်ပါတယ်။ tailor made designer များကြားတွင် မထင်ရှားသေးသော်လည်း Garment factory ကြီးများတွင် အသုံးများ လာနေပါပြီ။
အချုပ်ဆိုရရင်ဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးမှုတွင် အထောက်အကူဖြစ်စေကာ ပြည်ပထုတ်ကုန်များနည်းတူ အရည်အသွေးပြည့်မှီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနည်းပညာများပါ သိရှိနိုင်ရန် မျှဝေလိုက်ပါတယ်။
UR-Future မှ 17.7.2021 စတင်ဖွင့်လှစ်မည့် အတန်းသစ်အား ယာယီ ရွှေ့ဆိုင်းလိုက်ပါတယ်။ ပြန်လည်ဖွင့်လှစ်မည့် နေ့ရက်အား page မှ ပြန်လည်ကြေညာပေးသွားပါမယ်နော် 😍😍
Take care you all. Admin wish you all stay safe and healthy.
Revision time👚👗👖👕
📣📣📣 UR-Future vocational schoolမှ 🎓🎓 Level 1 သင်တန်းသစ်ကို 17.7.2021 တွင် စတင်မည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသူများစာရင်းပေးနိုင်ပါပြီ✍✍
သင်တန်းကြေး - 150000
ကြာချိန် - 3လ(ခန့်မှန်းခြေ)
စနေ နှင့် တနဂ်နွေ ( 2pm to 5pm)
သင်ကြားမည့်သင်ခန်းစာများ
ရင်ဖုံးအမျိုးမျိုး
ရင်စေ့အမျိုးမျိုး
နောက်ခွဲအမျိုးမျိုး
ရင်ဖြတ်ဆက်အမျိုးမျိုး
စတစ်ကော်လံ
ဂျပန်လည်ထောင်
ရှပ်အကျီ
ပတ်ထမီ
ချိတ်ထမီ
သုံးလွှာ
လေးလွှာ
ရေသူမစကပ်
အထပ်စကပ်
A စကပ်
အသေးစိတ် စုံစမ်းလိုပါက
☎☎☎09795582472,09258891772
🏠🏠🏠 အမှတ် (471)၊ပိတောက် 2 လမ်း၊ (49) ရပ်ကွက် ၊ မြောက်ဒဂုံ။
သင်တန်းကာလ တစ်လကျော်လာတဲ့ အချိန် ✏✏
အိမ်စာပြတာလေးတွေ 👗👗👗
📣📣📣 UR-Future vocational schoolမှ စက်ချုပ်ပညာနှင့်ပက်သက်၍ ဖွင့်လှစ်ထားသောသင်တန်းများမှာ အောက်ပါအတ်ိုင်းဖြစ်ပါတယ်နော်⬇⬇⬇
🎓 1. ပညာဒါန အခြေခံသင်တန်း
သင်တန်းကြေး - အခမဲ့
ကြာချိန် - 3လ (ခန့်မှန်းခြေ)
သင်ကြားမည့်သင်ခန်းစာများ
ရင်ဖုံးအမျိုးမျိုး
ရင်စေ့အမျိုးမျိုး
နောက်ခွဲအမျိုးမျိုး
ချိတ်ထမီ
-------------
🎓🎓 2. Level 1
သင်တန်းကြေး - 150000
ကြာချိန် - 3လ(ခန့်မှန်းခြေ)
သင်ကြားမည့်သင်ခန်းစာများ
ရင်ဖုံးအမျိုးမျိုး
ရင်စေ့အမျိုးမျိုး
နောက်ခွဲအမျိုးမျိုး
ရင်ဖြတ်ဆက်အမျိုးမျိုး
စတစ်ကော်လံ
ဂျပန်လည်ထောင်
ရှပ်အကျီ
ပတ်ထမီ
ချိတ်ထမီ
သုံးလွှာ
လေးလွှာ
ရေသူမစကပ်
အထပ်စကပ်
A စကပ်
--------------
🎓🎓🎓 3. Level 2 (Myanmar dress class)
သင်တန်းကြေး - 200000
ကြာချိန် - 3လ(ခန့်မှန်းခြေ)
Braless ပွဲတက်မြန်မာဝတ်စုံအမျိုးမျိုး
ရင်ခံအမျိုးမျိုး
Corset နှင့် corset အကျီအမျိုးမျိုး
သတို့သမီး ထမီသိမ်းဝတ်စုံ
--------------
🎓🎓🎓 4. Level 2 (Ready to wear class)
သင်တန်းကြေး - 150000
ကြာချိန် - 3လ(ခန့်မှန်းခြေ)
Blouse အမျိုးမျိုး
စကပ်အမျိုးမျိုး
ဘောင်းဘီအမျိုးမျိုး
ဂါဝန်အမျိုးမျိုး
Jump suite အမျိုးမျိုး
Coat နှင့် coat dress အမျိုးမျိုး
---------------
🎓🎓🎓🎓 5. Full course (ဘာသာစုံ) - 350000
ဆိုင်ဖွင့်နိုင်သည်အထိ အာမခံသင်ကြားပေးပါသည်။
အသေးစိတ် စုံစမ်းလိုပါက
☎☎☎09795582472,09258891772
🏠🏠🏠 အမှတ် (471)၊ပိတောက် 2 လမ်း၊ (49) ရပ်ကွက် ၊ မြောက်ဒဂုံ။
ပညာဒါနအမှတ်စဥ် 2 ရဲ့ ပထမဆုံးထွက်လာတဲ့ ဝတ်စုံလေး😍😍
လက် pattern လေး ဆွဲပြပေးထားပါတယ်နော်
လိုအပ်သော အတိုင်းအထွာများ
1 . ရှေ့ဂျိုင်း(ကိုယ်ထည်ရှိ ချိန်ထားသော တန်ဖိုး)
2 . နောက်ဂျိုင်း (ကိုယ်ထည်ရှိ ချိန်ထားသော တန်ဖိုး)
3 . လက်တိုင် =[ ( ရှေ့ဂျိုင်း + နောက်ဂျိုင်း) ÷4] +2.5cm
4 . လက်ရှည်
5 . လက်ဝ
ကိုယ်ထည် pattern သိချင်ရင် ဒီထဲဝင်ကြည့်လို့ရပါတယ်နော်
https://fb.watch/5GcMbLb8W_/
အဆင်ပြေကြပါစေ😍😍😍
Thai✏✏ cm နည်းဖြင့် ကိုယ်ထည် pattern ဆွဲရန် လိုအပ်သော အတိုင်းအထွာ များ
1 . ပခုံး ( ပခုံးစွန်းနှစ်ဖက်အကွာအဝေး)÷ 2
2 . ရင်ပတ်လည် ÷ 4 ) + 1cm
3 . ရှေ့ရင်ကျယ်(ရင်ပတ်လည်၏အပေါ်ပိုင်း၊ ရှေ့ရင်၏အကျယ်ဆုံးနေရာ) ÷ 2
4 . နို့ဝေး(နို့သီးခေါင်းနှစ်ခုအကွာအဝေး) ÷ 2
5 . လည်နို့ (လည်ပင်းမှ နို့သီးခေါင်း)
6 . ခါးပတ်လည် ÷ 4 )+ 3cm
7 . ဂုတ်မှခါး
8 . နောက်ကျောကျယ်(ကျော၏အကျယ်ဆုံးနေရာ) ÷ 2
9 . တင်ပတ်လည် ÷ 4) + 1cm
10 . တင်မြင့်(ခါးမှတင့်၏အမောက်ဆုံးနေရာ)
11 . လည် ÷ 6)+ 1cm = လည်ကျယ်
လည် ÷ 6)+ 0.5cm = လည်မြင့်
12 . ဂျိုင်း ÷2) - 2.5cm
13 . ရှေ့ခါးရှည်
ကြိုးစားကြလို့ ပင်ပန်းရကျိုးနပ်တယ်😍😍😍
ကိုယ်သုံးကျအရာလေးတွေကို english လိုဘယ်လိုခေါ်လဲ အပျင်းပြေပေါ့✍✍
📣📣📣 သင်တန်းအားလုံးကို အခုဖော်ပြထားသော စျေးနှုန်းများ၏ 50% Discount ဖြင့် အရစ်ကျပေးသွင်းတက်ရောက်နိုင်ပါပြီ
UR-Future vocational မှ စက်ချုပ်ပညာနှင့်ပက်သက်၍ ဖွင့်လှစ်ထားသောသင်တန်းများမှာ အောက်ပါအတ်ိုင်းဖြစ်ပါတယ်နော်⬇⬇⬇
🎓 1. ပညာဒါန အခြေခံသင်တန်း
သင်တန်းကြေး - အခမဲ့
ကြာချိန် - 3လ (ခန့်မှန်းခြေ)
သင်ကြားမည့်သင်ခန်းစာများ
ရင်ဖုံးအမျိုးမျိုး
ရင်စေ့အမျိုးမျိုး
နောက်ခွဲအမျိုးမျိုး
ချိတ်ထမီ
-------------
🎓🎓 2. Level 1
သင်တန်းကြေး - 150000
ကြာချိန် - 3လ(ခန့်မှန်းခြေ)
သင်ကြားမည့်သင်ခန်းစာများ
ရင်ဖုံးအမျိုးမျိုး
ရင်စေ့အမျိုးမျိုး
နောက်ခွဲအမျိုးမျိုး
ရင်ဖြတ်ဆက်အမျိုးမျိုး
စတစ်ကော်လံ
ဂျပန်လည်ထောင်
ရှပ်အကျီ
ပတ်ထမီ
ချိတ်ထမီ
သုံးလွှာ
လေးလွှာ
ရေသူမစကပ်
အထပ်စကပ်
A စကပ်
--------------
🎓🎓🎓 3. Level 2 (Myanmar dress class)
သင်တန်းကြေး - 200000
ကြာချိန် - 3လ(ခန့်မှန်းခြေ)
Braless ပွဲတက်မြန်မာဝတ်စုံအမျိုးမျိုး
ရင်ခံအမျိုးမျိုး
Corset နှင့် corset အကျီအမျိုးမျိုး
သတို့သမီး ထမီသိမ်းဝတ်စုံ
--------------
🎓🎓🎓 4. Level 2 (Ready to wear class)
သင်တန်းကြေး - 150000
ကြာချိန် - 3လ(ခန့်မှန်းခြေ)
Blouse အမျိုးမျိုး
စကပ်အမျိုးမျိုး
ဘောင်းဘီအမျိုးမျိုး
ဂါဝန်အမျိုးမျိုး
Jump suite အမျိုးမျိုး
Coat နှင့် coat dress အမျိုးမျိုး
---------------
🎓🎓🎓🎓 5. Full course (ဘာသာစုံ) - 350000
ဆိုင်ဖွင့်နိုင်သည်အထိ အာမခံသင်ကြားပေးပါသည်။
ဤသင်တန်းမှ ပညာဒါနတန်းပြီးဆုံးထားသူများ Level 2 (myanmar dress class) နှင့် level 2 (ready to wear class) တစ်ခုခုစိတ်ပါဝင်စားပါက level 1 ပြန်တက်စရာမလိုပဲ level 2 တန်းတက်ရောက်နိုင်ရန် မွန်းမံရက်တိုသင်တန်းကို 80000ကျပ်ဖြင့် ဖွင့်လှစ်ထားပေးပါတယ်နော်။
အသေးစိတ် စုံစမ်းလိုပါက
☎☎☎09795582472
🏠🏠🏠 အမှတ် (471)၊ပိတောက် 2 လမ်း၊ (49) ရပ်ကွက် ၊ မြောက်ဒဂုံ။
ပညာဒါနအခြေခံစက်ချုပ်သင်တန်း(အမှတ်စဉ် 2)
ကိုယ့်အကျီင်္ကိုယ်ချုပ်ချင်တာပဲ ဖြစ်ဖြစ်၊ စက်ချုပ်ပညာ ကို တီးခေါက်ကြည့်ချင်တယ် သင်တန်းကြေးအများကြီးလည်း မရင်းနှီးချင်ရင်ပဲ ဖြစ်ဖြစ်၊ အချုပ်အလုပ်ပညာကို တကယ်လုပ်နိုင်ရဲ့လားလို့ မိမိကိုယ်ကို စမ်းသပ်ချင်ရင်ပဲ ဖြစ်ဖြစ် စိတ်ပါဝင်စားသူမည်သူမဆို စာရင်းပေးနိုင်ပါပြီ။
အခြေခံအတန်းဆိုတဲ့အတိုင်း အခြေခံကနေစပီး စနစ်တကျ သင်ကြားပေးသွားမှာဖြစ်လို့ စိတ်ပူစရာမလိုပဲ ခြေလှမ်းသစ်စလိုက်ပါ။
သင်တန်းချိန် ~~ 2:00pm to 5:00pm စနေ၊ တနင်္ဂနွေ
သင်တန်းစမည့်ရက် ~~~ 8.5.2021
ကြာချိန် ~~ 2 လ ခန့်မှန်း
သင်ကြားပေးသွားမယ့် သင်ခန်းစာတွေကတော့
♥️ အခြေခံ စက်နင်းနည်း
♥️ ကိုယ်တိုင်း ယူနည်း
♥️ thai cm ဖြင့် pattern ဆွဲနည်း
♥️ ချိတ်လုံချည်
♥️ ၄လွှာ စကပ်
♥️ ရင်ဖုံး . ရင်စေ့ အင်္ကျီပုံစံ အမျိုးမျိုး
♥️ နောက်ခွဲ အကျီင်္ ပုံစံအမျိုးမျိုး
တစ်တန်းလျှင် သင်တန်းသားဦးရေ 5 ဦးသာ လက်ခံ သွားမည် ဖြစ်လို့ စိတ်ဝင်စားပါက အမြန်ဆုံး စာရင်းပေးနိုင်ပါပြီ။
အမှတ်(471)၊ပိတောက် 2 လမ်း၊49 ရပ်ကွက်၊မြောက်ဒဂုံ။
📞📞📞 09795582472 ,09976649414
စိတ်ဝင်စားရင် တူတူဖွကြရအောင် ဖိတ်ခေါ်ပါတယ်နော်😂😂😂
အကျီင်္တစ်ထည်ရလာဖို့ ဘယ်လို အဆင့်ဆင့် လုပ်ရလဲ လေ့လာကြည့်ရအောင်
1.Pattern making
Pattern ဆွဲခြင်းက အကျီင်္တစ်ထည်ချုပ်ဖို့အတွက် ပထမဆုံးအဆင့်တစ်ခုဖြစ်တယ်။ Body measurment(ရင်၊ခါး၊တင်စသဖြင့်) တွေကတော့ မလွဲမသွေ လိုအပ်တဲ့ ပေးချက်ဖြစ်မယ်။ ready to wear ဆိုလည်း size chart(small size,medium ,large size စသဖြင့်) တွေ အတိုင်းပေါ့ ။ နောက်တစ်ဆင့်က ပုံသေနည်းထဲ body measurment တွေကို အစားသွင်းပြီး pattern ချပ်ပေါ်ထည့်ဆွဲမယ့် တန်ဖိုးတွေ တွက်ချက်မယ်။ကဲ စဆွဲပါမယ်။ လိုအပ်လာပါပြီ စာရွက် ပေတံ ပေကွေး accessories လေးတွေ။ အဲ့ဒီနောက်မှာတော့ pattern လေးတစ်ချပ်ထွက်လာပါမယ်။ နောက်ဆုံးအနေနဲ့ ပြန်စစ်ပြီး စာရွက်ပေါ်က အပိုင်းအစတွေ ညှပ်ထားလို့ရပါပြီ။
2.Cutting
Cutting ပိုင်းစပြီ ဆိုတာနဲ့ အရင်ဆုံးလုပ်ရမှာက ပိတ်ကျောတွေ စစ်ဖို့ပါ။ ပြီးတာနဲ့ ကိုယ်ချုပ်မယ့် အကျီင်္အနေအထားပေါ်လိုက်ပြီး pattern ထုတ်ထားတဲ့ စက္ကူ အပိုင်းအစတွေကို ပိတ်စပေါ် အစီအညီ ချပြီး သူ့ guideline တွေအတိုင်း( ခေါက်ကြောင်းဆို ခေါက်ကြောင်း အနားသတ်ဆို အနားသတ်အတိုင်း) ညှပ်လို့ရပါပြီ။ Tracing (မှင်ခံသဘောမျိုးပါ) လှိမ့် ပြီးတာနဲ့ cutting ပိုင်းကတော့ ပြီးပါပြီ။
3.Sewing
စချုပ်တော့မယ်ဆိုတာနဲ့ ကိုယ်ချုပ်မယ့် ပိတ်စနဲ့ အရောင်တူ ချည်လုံးလိုမယ်။ ပြီးရင် အောက်ချည်ရစ်မယ် အပေါ်ချည်ထိုးမယ်၊ စက်စမ်းထားမယ်။ tracing လှိမ့်ထားတဲ့ အပိုင်းတွေ တစ်ခုခြင်း တွဲစပ်ချုပ်လို့ရပါပြီ။နောက်ဆုံးအနေနဲ့ လက်ချုပ်လိုက်ခြင်း အနုပညာဟာလည်း အရေးပါတဲ့ အခန်းတစ်ခု ဖြစ်ပါတယ်။
ကဲ အကျီင်္လေးရပါပြီ။fitting ချ ကြည့်ရအောင်။
အိမ်မှာနေရင်း📐📏📖📝 pattern လေးတွေဆွဲဖို့ ပေတံလေးတွေနဲ့ မိတ်ဆက်ရအောင်နော်✌✌✌
နှစ်သစ်မှာ ကံကောင်းခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ
နောက်တစ်ခါ ပိုကောင်းအောင် ချုပ်ပါ့မယ်တဲ့🤔🤔🤔
Perfect မဖြစ်သေးပေမယ့် ကြိုးစားကြလို့ ကျေနပ်ရပါတယ်😍😍😍😍
ပညာဒါနအခြေခံစက်ချုပ်သင်တန်း(အမှတ်စဉ်၁)
သင်တန်းချိန် ~~ 1:00pm to 4:00pm စနေ၊ တနင်္ဂနွေ
သင်တန်းစမည့်ရက် ~~~ 2.1.2021
ကြာချိန် ~~ 2 လ
♥️ အခြေခံ စက်နင်းနည်း
♥️ ကိုယ်တိုင်း ယူနည်း
♥️ ချိတ်လုံချည်
♥️ ၄လွှာ စကပ်
Merry Christmas to you all🎉🎉🎉🎉
🎤🎤🎤 အပ်ချုပ်စက်ဝယ်ရင် ဘယ်လိုမျိုး ရွေးချယ်ဝယ်ယူမလဲ ကိုယ်နဲ့ဘယ်လိုစက်မျိုးသင့်လျော် မလဲ ဆိုတာလေး မေးကြတဲ့ သူငယ်ချင်းတွေအတွက် သိသလောက်လေး share ပေးလိုက်ပါတယ်
🤔အပ်ချုပ်စက် ဘာကြောင့်ရှိသင့်ပါသလဲ
အပြဲအစုတ်သေးသေးရှိတာနဲ့ ဝတ်မရပဲပစ်ထားတော့မှာလား။ အထူးသဖြင့် မြန်မာဝတ်စုံလေးတွေ ကျပ်နေလို့ ဝတ်မရ၊ ချောင်နေလို့ သီချင်လို့ ပဲ ဖြစ်ဖြစ် အပ်ချုပ်စက်လေးတစ်လုံး ရှိရင် ဆိုင်ကိုတကူးတကသွားစရာမလိုပဲ ကိုယ့်ဘာသာ အလွယ်တကူ လုပ်နိုင်လို့ ရှိထားသင့်ပါတယ်။ စက်မနင်းတက်လို့ စိတ်ပူနေမလား။ လုံးဝမပူပါနဲ့ အရမ်းအရမ်းလွယ်ပါတယ်။ ဒီတိုင်းမလုပ်တက်လုပ်တက် စက်ပေါ်တက်နင်းရင်း နင်းတက်သွားမှာပါ။ (ကျွန်မကိုယ်တိုင်လည်း ဘယ်မှာမှ မသင်ဘဲ လျောက်နင်းရင်း တက်ထားတာပါ။ အသေးစိတ်သိချင်ရင် you tube viedo ကလည်း သင်လို့ရပါတယ်)
🤔အပ်ချုပ်စက် အမျိုးအစား ဘာတွေရှိပါလဲ
ပုံမှန် အကြမ်းဖျင်း 4မျိုးလောက်ရှိပါတယ်။
1. ရိုးရိုးခြေနင်းစက် ခေါင်းအမဲရောင် (beginner တွေအတွက် အထူးသင့်လျော်ပါတယ်။ မိမိနင်းရင် နင်းသလောက်ပဲ စက်အလုပ်လုပ်တာမို့ ဖြည်းဖြည်းချင်းကိုယ်ထိန်းနိုင်သလောက်ပဲ ချုပ်လို့ရပါတယ်။ ခြေနဲ့ နင်းချုပ်ရတာ ဖြစ်တဲ့အတွက် ခြေညောင်းတက်သူတွေ အတွက်ကတော့ ဒီစက်ရဲ့ အားနည်းချက်ကို သတိပြုရပါမယ်။ ဈေးကတော့ တံဆိပ်အမျိုးအစားပေါ် မူတည်ပြီး 1သိန်းကနေ 1သိန်3း သောင်းလောက် ထိရှိပါတယ်။ ကျွန်မကတော့ လက်ရှိ brother တံဆိပ်သုံးနေပါတယ်။
2.တစ်ကြောင်းချုပ် မော်တာစက်အသေး
ဒီမော်တာစက်လေးကတော့ မော်တာလေးနဲ့ ခေတ်မီမှ ဆိုတဲ့မမတွေအတွက် တော်တော်အဆင်ပြေတဲ့ အိမ်ချုပ်လေးပါ။ အဓိကတော့ မော်တာနဲ့ဆိုတော့ မြန်တယ် လူသက်သာတယ်။ ခုံတစ်ခုပေါ်မှာ အဆင်ပြေသလိုလေး ထားလို့ရမယ်။ နေရာယူ သက်သာမယ်။ လျှပ်စစ်မီး လိုပါမယ်။ မီတာခ တက်တဲ့ ပြသာနာရှိမယ်။ မီးမလာရင် ချုပ်မရတာတွေ ရှိမယ်။ ချုပ်ရတဲ့အပိုင်းရဲ့ အားနည်းချက်က ဥပမာ လက်တပ်တဲ့နေရာတို့လို့ အဝိုက်ချုပ်ကြောင်းတွေမှာတော့ beginnerတွေအတွက် အစမှာ ထိန်းချုပ်နိုင်မှ တော်ကာကြပါမယ်။
ဈေးကတော့ 1သိန်းခွဲ ဝန်းကျင်ရှိတယ်။ တံဆိပ်ထဲမှာ Riccar တို့ Juki တို့ ကောင်းပါတယ်။
3. တစ်ကြောင်းချုပ်မော်တာစက်အသေး ကို ခြေနင်းကြိုးတပ်ပြီးချုပ်လို့ရတယ့် စက်
သူ့ရဲ့ အားသာ ချက်က မီးပျက်သွားရင်လည်း ပူစရာမလိုတဲ့အချက်ပါ။ မီးလာရင် မော်တာစက်သုံးမယ်။ မီးပျက်သွားတဲ့အခါ ခြနင်းခုံနဲ့ ကြိုးjoin ပြီး manual ချုပ်လို့ရမယ်။ အပ်ချုပ်ဆိုင် ဖွင့်မယ့်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ ဈေးကတော့ 2သိန်းဝန်းကျင် ရှိပါမယ်။
4. မော်တာစက်ကြီး
သူ့ကိုတော့ စက်ရုံတွေမှာအသုံးများပါတယ်။ အချို့ ဈေးချုပ်အော်ဒါ တွေ ချုပ်မယ့်သူတွေ အတွက်သင့်လျော်ပါတယ်။ ဝယ်ဖို့ အဆင်မပြေလို့ ငှါးသုံးချင်ရင် လည်း အငှါးဆိုင်တွေ များပါတယ်။ ပုံမှန်အသုံးပြုမယ့် သူတွေ အတွက်ကတော့ ထူးခြားတဲ့ သူရဲ့ အားသာချက်က ချုပ်ကြောင်းလှတယ် ။ အသားထူလည်း အဆင်ပြေတယ် ။ မင်္ဂလာဝတ်စုံ ဂါဝန် အထူကြီးတွေချုပ်ချင်တဲ့ designer တွေအတွက် သင့်လျော်ပါတယ်။ (အပေါ်ကစက်တွေကတော့ မင်္ဂလာဝတ်စုံ ဂါဝန်တွေ ချုပ်တဲ့အခါ စက်မတိုးတဲ့ ပြသာနာတွေ ရှိပါတယ်)ဈေးကတော့ 2 သိန်းကျော်ဝန်းကျင်ဖြစ်ပါတယ်။
🤔ဘယ်မှာဝယ်ရမလဲ
ကိုယ်တိုင်သွားကြည့်ပြီး ဝယ်ချင်ရင် 25 လမ်းမှာ အပ်ချုပ်စက်ဆိုင်တွေ တော်တော်များများရှိပါတယ်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
Yangon
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
Pansodan Road (Middle Block)
Yangon, 11182
ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.