Hero Online Shop
Nearby shops
Nyaung Tone
No. 205, 6th floor , 32nd Street(Upper Block) , Pabetan Tsp
Street Floor
11221
Yangyon
Bayardala Road
Bo Aungkyaw Street
Min Ye Kyaw Swar Street
Thu Mingalar Road South Okkalapa Township
Insein Road
Fast Service, Fast Delivery
Baby လေးတွေအငိုတိတ်စေဖို့နဲ့ မြန်မြန်အိပ်ပျော်စေဖို့ နှိပ်နယ်ပေးနိုင်တဲ့ နေရာ (၈) ခု….
ကလေးတွေကို နှိပ်နယ်ပေးတာနဲ့ လူကြီးတွေကို နှိပ်နယ်ပေးတာက မတူပါဘူး။ ကလေးအသက် ၆ ပတ်မှာ ပိုပြီး တုံ့ပြန်တတ်လာပါပြီ။ အဲဒါကြောင့် အသက် ၆ ပတ်ဆိုရင် နှိပ်နယ်ပေးလို့ ရနေပါပြီ။ အခုဖော်ပြမယ့် နည်းလေးတွေက သင့်ကလေးကို သက်တောင့်သက်သာ ဖြစ်စေမယ့်အပြင် မြန်မြန်လည်း အိပ်ပျော်စေပါတယ်။
၁။ လက်
🔸 အသက် ၂ နှစ်အောက် ကလေးတွေအတွက် အကြိမ် ၁၀၀ ကနေ ၂၀၀ ကြား နှိပ်နယ်ပေးပါ။ အသက် ၂ နှစ်ကနေ ၅ နှစ်ရွယ် ကလေးတွေကို အကြိမ် ၂၀၀ ကနေ ၃၀၀ ကြား နှိပ်နယ်ပေးပါ။
🔸အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ်ကလေးတွေကို အကြိမ် ၄၀၀ ကနေ ၅၀၀ အကြား နှိပ်နယ်ပေးပါ။ ကလေးရဲ့ကျန်းမာရေး ပြဿနာပေါ်မူတည်ပြီး လက်မှာ နှိပ်ရမယ့်နေရာတွေလည်း ကွဲပြားသွားပါတယ်။
- မျက်လုံးအတွက် အစိမ်းရောင်နေရာ
- ဖျားနာခြင်းအတွက် အပြာရောင်နေရာ
- ချောင်းဆိုးတဲ့အခါ အဝါရောင်နေရာ
- ကလေးသွားပေါက်တဲ့အခါ အနီရောင်နေရာ
- အန်တာနဲ့ ကြို့ထိုးတာအတွက် လိမ္မော်ရောင်နေရာ
- ချောင်းဆိုးခြင်းနဲ့ အစာအိမ် ပြဿနာတွေအတွက် ခရမ်းရောင် ပြထားတဲ့နေရာတွေကို နှိပ်နယ်ပေးပါ။
၂။ ခြေထောက်
- နှာပိတ်တဲ့အခါ အပြာရောင်အစက်လေးတွေ ပြထားတဲ့နေရာ
- ရင်ဘတ်အတွက် အဝါရောင်နေရာ
- ရင်ညွှန့်တစ်ဝိုက်နေရာမှာ အဆင်မပြေရင် လိမ္မော်ရောင်အစက် ပြထားတဲ့နေရာ
- ဝမ်းဗိုက်အပေါ်ပိုင်းအတွက် ခရမ်းရောင်နေရာ
- ဝမ်းဗိုက်အောက်ပိုင်းအတွက် ပန်းရောင်နေရာ
- တင်ပါးဆုံရိုးအတွက် အစိမ်းနုရောင်နေရာ
- သက်တောင့်သက်သာနဲ့ မြန်မြန်အိပ်ပျော်စေဖို့ အစိမ်းရင့်ရောင်နေရာ (ခြေဖဝါးအောက်ပိုင်း)
- ဦးခေါင်းနဲ့ သွားအတွက် ခြေချောင်းလေးတွေကို နှိပ်နယ်ပေးပါ။
၃။ ခြေဖဝါးတစ်လျှောက် နှိပ်နယ်ပေးခြင်း
ကလေးရဲ့ခြေဖနောင့်ကနေ စပြီး ခြေမအထိကို သင့်ရဲ့ လက်ညိုးကို အသုံးပြုပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ကလေးက အဆင်မပြေတဲ့ပုံစံ ဖြစ်လာရင်တော့ ဆက်မနှိပ်သင့်ပါဘူး။
၄။ ခြေမ
ကလေးရဲ့ခြေမကို နှိပ်နယ်မယ် ဆိုရင်တော့ အရမ်းကို ညင်သာဖို့ အရေးကြီးပါတယ်။ ခြေမကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။
၅။ မျက်နှာ
ကလေးရဲ့မျက်နှာကို သင့်လက်ချောင်းလေးတွေနဲ့ နူးနူးညံ့ညံ့ နှိပ်နယ်ပေးလို့ ရပါတယ်။ ကလေးရဲ့ နဖူးကနေ ပါး၊ ပါးကနေ နှုတ်ခမ်းနေရာအထိ ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။
၆။ ရင်ဘတ်
ကလေးရဲ့ ပုခုံးပေါ်မှာ သင့်လက်တွေကို ထားပါ။ အဲဒီကနေ ဖြည်းဖြည်းချင်း ရင်ဘတ်အထိ နှိပ်နယ်ပေးပါ။ တချို့ကလေးတွေကတော့ ရင်ဘတ်ကိုနှိပ်ရင် အရမ်းသဘောကျပေမယ့် တချို့ကတော့ မကြိုက်ပါဘူး။
၇။ ဝမ်းဗိုက်
မနှိပ်ခင် ကလေးရဲ့ဝမ်းဗိုက်ကို အရင်ဆုံး စစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဝမ်းဗိုက်က နူးညံ့နေရင်တော့ နှိပ်လို့ရပါတယ်။ ကလေးက လေပွနေရင် ဒါမှမဟုတ် တခြားပြဿနာတွေ ရှိနေရင်တော့ မနှိပ်သင့်ပါဘူး။ ကလေးရဲ့ဗိုက်ကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ချက်နေရာကိုတော့ မနှိပ်သင့်ပါဘူး။ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြားနေရာကိုလည်း အရမ်းကြီး ဖိအားသုံးပြီး မနှိပ်သင့်ပါဘူးနော်။
၈။ ခြေထောက်
ကလေးရဲ့ ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးကနေစပြီး ခြေထောက်အပေါ်ပိုင်းအထိ နှိပ်နယ်ပေးပါ။ ကလေးရဲ့ လိင်အင်္ဂါနေရာကိုတော့ မနှိပ်နယ်မိဖို့ အရေးကြီးပါတယ်။
crd:
ချစ်ရာမရောက် နှစ်ရာရောက်သွားစေသော လွန်ကဲမှုများ(၅)ချက်
🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫🚫
သားသမီးကို သူများထက် ကောင်းအောင် ထားနိုင်တယ်ဆိုပြီး ဂုဏ်တက်နေကြသူများ………❗
ကိုယ့်ကလေးကို ထိရင် ဆရာ၊ ဆရာမပါ မကျန် ဆတ်ဆတ်ထိမခံဘူးဟေ့လို့ ကြွေးကြော်နေသူများ………❗
ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားနိုင်တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ………❗
သားသမီးကို ပိုးမွေးသလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ…………❗
ကိုယ့်သားသမီးများကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေသလားဆိုတာကို မိဘများ စမ်းစစ်နိုင်ဖို့အတွက် အောက်ပါလွန်ကဲမှုများကို ရေးသားလိုက်ပါတယ်။
ဘယ်နှစ်ချက်ငြိနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရအောင်………❗
၁။ အထူး အခွင့်အရေး ပေးလွန်းခြင်း
◼◼◼◼◼◼◼◼◼◼
အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့်အရေးပေးထားတတ်ပါတယ်။ ဒါသားသားလေးစားဖို့၊ ဒါ မီးမီးတစ်ယောက်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မရအောင် တားဆီးထားပါတယ်။
ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်းပတာ အရေးမကြီးဘူး၊ ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ၊ ဒီလိုမိသားစုအတွင်းမှာရှိတဲ့ ခွင့်ထူးခံ သားသမီးများဟာ အတ္တလွန်ကဲလာမှာဖြစ်ပါတယ်။
သူများကို ကိုယ်ချင်းမစာတတ်တော့ဘူး၊ ဂရုလည်း မစိုက်တတ်တော့ဘူး၊ “ငါမှငါ” ဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။
၂။ အကာအကွယ် လွန်ကဲခြင်း
◼◼◼◼◼◼◼◼
တစ်ခုခု မှားလို့ ဖေဖေက ဆုံးမတော့မယ်၊ မေမေက ချက်ချင်းကာဆီးကာဆီးလုပ်တယ်။ မေမေက ဆုံးမတော့မယ်။ ဖိုးဖိုးဖွားဖွားက ချက်ချင်းကာကွယ်ပေးတယ်။
“ ကလေးပဲ၊ သူဘာနားလည်မှာလဲ၊ သူကြီးလာရင် လိမ်မာမှာပါ။” ဒီလိုကလေးမျိုး ကြီးလာရင် ဘယ်လိုအဆင်ပြေနိုင်မလဲ။ ငယ်ငယ်ကတည်းက အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ ဖေဖေက မှားတယ်ပြောလိုက်၊ မေမေက ကာကွယ်လိုက်၊ မေမေက မှားတယ်ပြောရင် ဖွားဖွားက ကာကွယ်လိုက်နဲ့ ကလေးအတွက် ဘာလုပ်လုပ် အမှန်ချည်းပဲ။
ကလေးကို ဒီလိုပျိုးထောင်ရင် နောင်ကလေးကြီးလာတဲ့အခါ ရာဇ၀တ်မူ ကျူးလွန်တဲ့အထိ လွန်ကဲသွားတတ်ပါတယ်။ ဆင်ခြင်ပါလေ။
၃။ ဂရုစိုက် လွန်ကဲခြင်း
◼◼◼◼◼◼
တစ်မိသားစုလုံးက သူ့ကိုဝိုင်းထားတယ်။ သူတစ်ခုခု လုပ်တတ်ပြီဆိုရင် တစ်အိမ်သားလုံးက ဝိုင်းချီးကျူးတယ်။ လက်ခုပ်တီးပေးတယ်။ ရေဆိုရင်ရေ၊ ထမင်းဆိုရင် ထမင်းချက်ချင်းရှေ့ ရောက်လာတယ်။ စားပြီးရင် ချက်ချင်းသိမ်းဆည်းပေးတဲ့လူရှိတယ်။ ဘာအ၀တ်၀တ်ချင်သလဲ၊ ပြောလိုက်ရုံနဲ့ ချက်ချင်းအနီးရောက်လာတယ်။
ကလေးကိုယ်တိုင် လက်မပါတဲ့အတိုင်းပဲ။ ဆယ်တန်းဖြေတဲ့ကလေးကို ထမင်းခွံ့ကျွေးတာ ကျွန်တော်မြင်ဖူးတယ်။ ဒီလိုမျိုးကလေးများဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ကြတယ်။ ပြင်ပလောက ရောက်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ခုခုလုပ်ရင် အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ ပညာထူးချွန်လို့ ကျောင်းပြီးသွားရင်လည်း ဘာမှ အရည်အချင်းမရှိသူများဖြစ်တတ်ကြတယ်။
၄။ အလိုလိုက် လွန်ကဲခြင်း
◼◼◼◼◼◼◼
သူဘာလိုချင်လိုချင်း ၀ယ်ပေးတယ်။ မျက်နာမငယ်အောင်ဆိုပြီး မုန့်ဖိုးအများကြီးပေးတယ်။ ကလေးကလည်း လိုချင်တာအားလုံး ရမှန်းသိတော့ တစ်ခုခု မရရင် ချက်ချင်းဆန္ဒပြတယ်။ အော်ငိုတယ်။ မြေလူးတယ်။ လူကြီးကလည်း ချက်ချင်း၀ယ်ပေးလိုက်တယ်။
ဒီလိုကလေးမျိုးဟာ ဘာကိုမှ တန်ဖိုးမထားတတ်တော့ဘူး။ ပစ္စည်းကိုလည်း မသိမ်းဆည်းတတ်တော့ဘူး။ ရှောက်ပစ်တယ်။ မေ့လွယ်တယ်။ ပျောက်သွားရင် ထပ်၀ယ်လို့ရမှန်းသိတယ်။ ပိုက်ဆံအသုံးအဖြုန်းကြီးတယ်။
ဒီလိုကလေးမျိုးဟာ ဘာကိုမှတန်ဖိုးမထားတတ်တော့ ပျော်ရွှင်မူ ကင်းနေတတ်တယ်။ “ လိုတရ ” ဖြစ်နေတော့ ဘာကိုမှ ကြိုးကြိုးစားစား မလုပ်ချင်တော့ဘူး။ အပင်ပမ်းမခံနိုင်ဘူး။ ဘာကိုမှလည်း တန်ဖိုးမထားတတ်ဘူး၊ အရွယ်သာ တဖြည်းဖြည်းကြီးသွားမယ်။ ဘာမှ မယ်မယ်ရရ အလုပ်ဖြစ်မဲ့ လူစားမျိုး မဟုတ်နိုင်ဘူး။
၅။ အသဲ လွန်ကဲခြင်း
◼◼◼◼◼◼
ကလေးဆိုတာ ဆော့တတ်တဲ့ သဘာ၀ရှိတယ်။ ထိမိခိုက်မိတတ်တဲ့ သဘာ၀ရှိတယ်။ ကလေးက ဆော့ရင်းနဲ့ လမ်းဘေးသစ်ပင်တိုက်မိတော့ သစ်ပင်ခုတ်ပစ်ချင်တဲ့ မိဘတွေ့ဖူးပါတယ်။ ကလေးများ ဆော့ကစားရင်းနဲ့ ချော်လဲတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းက ကလေးကိုယ့်ကိုယ်ကို ပြန်ထခိုင်းရပါတယ်။
အဲဒီလိုမဟုတ်ပဲ နည်းနည်းချော်လဲ လိုက်တာနဲ့ လိုက်ထူပေး၊ နည်းနည်း ထိမိရှမိတာနဲ့ ဘေးကို အပြစ်ရှာနေမယ်ဆိုရင် ကလေးကြီးလာရင် ဘာကိုမှ တာ၀န်မယူရဲတေ့ာပါ။ ဒီလို အသဲလွန်မိသားစု မှပေါက်ဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် ပျော့အိနေတတ်တယ်။ နည်းနည်းလေးမှ စိတ်အနောက်မယှက် ခံနိုင်စွမ်းမရှိတတ်ဘူး။
နောင်ကလေးကြီးလာရင် ပညာရှာရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတဲ့နေရာမှာဖြစ်ဖြစ် တစ်ခုခု အခက်အခဲတွေ့သွားရင် နှလန်မထူနိုင်တော့ပါ။ အခက်အခဲ နည်းနည်းလေးတွေ့ရုံနဲ့ ရေးကြီးခွင်ကျယ်လုပ်ပြီး တွန့်ဆုတ်နေပါတော့တယ်။
လူဆိုတာ သဘာဝလောကကြီးအတွင်းမှာရှိတဲ့ သတ္တဝါဖြစ်တဲ့အလျှောက် ကလေးကို သူ့အရွယ်နဲ့ သူ့သဘာ၀အလျှောက် ကြီးပြင်းစေတာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။
သူငယ်ချင်းဇနီးမောင်နှံ သူတို့ရဲ့ မွေးကင်းစကလေးကို ကျွန်တော်ကို လာပြပါတယ်။ ကလေးငိုရင် ဘယ်လိုလုပ်မလဲလို့လည်း မေးပါတယ်။ ငိုတာလည်း ကလေးကျန်းမာရေးအတွက် ကောင်းတယ်။ အကြာကြီးငိုတာမျိုးမဟုတ်ရင် သင့်တော်တဲ့ အငိုတော့ ခွင့်ပြုရမယ်လို့ ပြန်ပြောလိုက်ပါတယ်။
ထိုနည်းတူပါပဲ၊ ကလေးတွားသွားသင့်တဲ့အချိန်မှာ တွားသွားခွင့်ပေးရမယ်။ လမ်းလျှောက်သင်တဲ့အခါ ချော်လဲခွင့်ပြုရမယ်။ အပြင်မှာ ရောင်းတဲ့ လမ်းလျှောက်လှည်းမျိုးနဲ့ လမ်းလျှောက်သင်စေတာမျိုး မပြုလုပ်သင့်ပါ။ ဒီအကြောင်းတွေကို နောင်မှဆက်တင်ပြမည်။ အသုံးတည့်နိုင်ကြပါစေ။
မေတ္တာဖြင့်
ကလေးတွေကို အချိုကျွေးတာမျိုးကို ဘယ်လို လျှော့သင့်လဲ။
ဖေဖေ မေမေ အများစုက ကလေးငယ်လေးတွေ ကို လူအုပ်ကြားထဲမှာ ငြိမ်အောင်ဖြစ်ဖြစ် ၊ အိမ်မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာအောင် ဖြစ်ဖြစ် အလွယ်နည်းနဲ့ အချိုပါတဲ့ အစားအသောက်တွေကို ကျွေးနေကြတာ တွေ့တွေ့နေရပါတယ်။
ဒါဟာ မှန်ကန်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ အချိုဆိုတဲ့ နေရာမှာ သကြားလုံး၊ ရေခဲမုန့် ၊ သရေစာမုန့်တွေအကုန်ပါပါတယ်။ ဒီအချိုတွေထဲမှာ ပါတဲ့ သကြားဓာတ်တွေ က ကလေးတွေရဲ့ အစာစားချင်တဲ့ စိတ်ကို လမ်းလွဲစေပါတယ်။
အဲ့အတွက်ကြောင့် ကလေးငယ်လေး တစ်ယောက် က အချိုစားများပြီး ပိန်နေတတ် တာကို တွေ့ရနိုင်ပါတယ်။ ဖေဖေ မေမေ တို့စီမှာ ဆီးချိုရှိတယ်ဆိုရင် ကလေးငယ်လေးကို အချိုပိုပြီးမကျွေးသင့်ပါဘူးနော်။ ကလေးက ငယ်ငယ်လေးနဲ့ ဆီးချို ပမာဏ တက်တဲ့ အခြေအနေ တစ်ခု ကို စောစောစီးစီး ခံစားနေရမှာဖြစ်ပါတယ်။
ပြီးတော့ ကလေးငယ်လေးတွေရဲ့ သွားကို လည်း ဒုက္ခ ကောင်းကောင်းပေးနိုင်ပါတယ်။ အဲ့ အတွက် ဘယ်လိုတွေ ပြင်ဆင်ထားရမလဲ။
ကျန်းမာတဲ့ အလေ့အထများ ကိုတည်ဆောက်ပေးပါ
ကလေးငယ်များအတွက် အာဟာရပြည့်ဝသော အစားသောက်များကို စတင် ကျွေးတဲ့ အခါ ခက်ခဲနိုင်တယ်။ သူတို့ကိုဗိုက်သိပ်မစာတဲ့ အခါမျိုးမှာ အချိုပါသောအစားအစာများကိုကြိုက်နှစ်သက်ခြင်းမရှိစေရန် အတင်းအကျပ်မပြုလုပ်ရန်ကြိုးစားဖို့လိုပါတယ်။ ( အဲ့အတွက် အာဟာရပမာဏတူညီသော အစားအသောက်မျိုးကို ထပ်မံ၍ ကမ်းလှမ်းပါ။ အာဟာရကြွယ်သော အစားအစာကိုငြင်းလိုက်လျှင်လည်း စိတ်မပူပါနှင့်စိတ်မဆိုးပါနှင့်။ ကလေးငယ်များအတွက် စားရလွယ် အောင် စားစရာများကိုသေးငယ်အောင်ပြုလုပ်ပေး ထားပါ )
အချိုပါတဲ့ အစားအစာများ ကိုဆုပေးတာမျိုး မလုပ်ပါနဲ့။
အချိုပါတဲ့ အစားအစာများကို ဆုပေးတဲ့ အနေနဲ့ ကျွေးမယ်ဆို ကျန်းမာတဲ့ အစာစားများစားသုံးဖို့ သင်ကြားပေးနေတဲ့ ကာလမှာ အဲ့ အလေ့အထကိုပျက်စီးစေနိုင်ပါတယ်။
သကြားလုံးများ၊ သရေစာမုန့် များ (သို့မဟုတ်) ဆိုဒါများကို ဆုအဖြစ်ပေးအပ်ခြင်းက ကလေးများအတွက် သကြား၊ အဆီနှင့်ကယ်လိုရီများသောအစားအစာများကိုမျိုချမိစေပါတယ်။ ပိုဆိုးသည်မှာကလည်း ကလေးတွေ ရဲ့အစာစားချင်စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါ့အပြင်ကလေးငယ်များက ကျန်းမာရေး အတွက် မကောင်းတဲ့ အစာများကိုစားသုံးဖို့အတွက် ကောင်းတာ တစ်ခုခုလုပ်ခြင်းဖြင့် ရရှိ နိုင်သည်ဟူသော ရောထွေးနေသည့် အတွေးမှားများလည်း ဝင်သွားနိုင်ပါတယ်။
အဲ့ အတွက် ဖေဖေ မေမေတိုက လည်း အစားအစာနှင့်မသက်ဆိုင်သောအခြားဆုများကိုလည်းပေးဖို့ အတွက်စဉ်းစားထားပါ။
စာကြည့်တိုက်၊ တိရစ္ဆာန်ရုံ (သို့မဟုတ်) အခြားအကြိုက်ဆုံးခရီးစဉ်သို့သွားပါ။ ဆေးရောင်စုံ စာအုပ်အသစ်များကို ဝယ်ပေးပါ။
ခဲတံ၊ စတစ်ကာများ (သို့မဟုတ်) ကျောင်းသို့ယူဆောင်နိုင်သောစာရေးကရိယာများ လက်ဆောင်ပေးပါ။
ရေချိုး ခန်းသုံး ကစားစရာဝယ်ပေးပါ။
အိပ်ရာမဝင်ခင်အချိန်ပို ပြီး စာဖတ်ပေးပါ။
သူငယ်ချင်းများ နဲ့ အတူေပးကစားပါ ၊ သူငယ်ချင်းတွေ အိမ်မှာလည်း လည်ပတ်ကစားခွင့်ပေးပါ။
ဖေဖေ မေမေတို့နဲ အတူ အကြိုက်ဆုံးဂိမ်းများကို အချိန်ပေးပြီး ကစားပေးပါ .. အစရှိတဲ့ နည်းလမ်းများနဲ့ ထိန်းပေးနိုင်ပါတယ်။
ကဲဒီလောက်ဆို ကလေးလေးတွေ အချိုစားတာကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်ပြီထင်ပါတယ်နော်။
Credit
ကလေးကိုရိုက်ပြီးဆုံးမတာ မှန်သလား . . .
ရိုက်တတ်ရင် မှန်တယ် . . . မရိုက်တတ်ရင် မမှန်ဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲ ကလေးကို ရိုက်ပြီးဆုံးမတဲ့ ဓလေ့ရှိသင့်သလောက်ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကလေးကို ရိုက်ပြီးဆုံးမတာ ရုပ်ရှင်တွေထဲမှာ တွေ့ရတယ်။ ဒါပေမယ့် ဆုံးမတဲ့ ပုံစံမျိုးမဟုတ်ဘဲ လွန်လွန်ကျူးကျူး ရိုက်တာမျိုးကို ဘေးလူကတွေ့လို့ သက်ဆိုင်ရာကိုတိုင်ရင် ကလေးရိုက်တဲ့ အုပ်ထိန်းသူ အရေးယူခံရတယ်။ ဘာကြောင့် ဒီမေးခွန်းကို မေးရသလဲ -
ကျွန်တော်တို့ငယ်စဉ်က မိဘတွေရဲ့ ရိုက်နှက်ဆုံးမတာကို ခံခဲ့ရတာပဲ။ ကျွန်တော်တို့ မိဘဖြစ်တော့လဲ သားသမီးတွေကို ပြန်ပြီး ရိုက်နှက်ဆုံးမကြတာပဲ။ ဒါပေမယ့် အခု ကျွန်တော်တို့ သားသမီးတွေက သူတို့ရဲ့ သားသမီးတွေကို ရိုက်နှက်ဆုံးမတာ မြင်ရတော့ စိတ်ထဲက တစ်မျိုးခံစားရတယ်။ ဘဝင်မကျသလို၊ မကျေနပ်သလိုဖြစ်ပြီး မမှန်ဘူးလို့ ထင်မိတယ်။
ကိုယ်တိုင်ရိုက်တုန်းက ပွဲကသူ - အခု သူတစ်ပါးရိုက်တာ ကြည့်ရတော့ ပွဲကြည့်သူဖြစ်သွားတယ်။ ပြုလုပ်သူနဲ့ စောင့်ကြည့်သူမှာ စောင့်ကြည့်သူကသာ အမှားအမှန်ကို ပိုပြီး သိနိုင်တယ်။ ပြုလုပ်သူက ကိုယ်တိုင် လုပ်နေတာမို့ အဲဒီအထဲ စိတ်နှစ်နေပြီး မသိနိုင်ဘူး။ အခုသူတို့ ကလေးရိုက်တာကို မရိုက်တတ်ဘူးလို့ စိတ်က ခံစားမိတဲ့အတွက် ကလေးကိုရိုက်ပြီးဆုံးမတာ မမှန်ဘူးဆိုတဲ့ ခံစားချက်ရ လာတာဖြစ်တယ်။
မိဘအုပ်ထိန်းသူများဟာ ကလေးများကို ရိုက်နှက်ဆုံးမ ရတဲ့ အကြောင်းတွေက အများကြီးရှိပါတယ်။ ပထမအချက်က နှမြောလို့ဖြစ်ပါတယ်။ တန်ဖိုးကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ကလေးရဲ့ ပယောဂနဲ့ ပျက်စီးဆုံးရှုံးသွားရင် တန်ဖိုးထားမှုအပေါ်မူတည်ပြီး နှမြောစိတ်ဖြစ်တယ်။ အဲဒါလောဘစိတ်ပဲ။ အဲဒီ လောဘစိတ်က ဒေါသစိတ်ကိ ဖြစ်စေတယ်။ လောဘတို့ ဒေါသတို့ဆိုတာ ဖြစ်စကသေးပေမယ့် တဖြည်းဖြည်း အရှိန်ရပြီး ကြီးလာတာချည်းပဲ။ အဲဒီ အရှိန်အပေါ် မူတည်ပြီး ရိုက်ချက်နဲ့ ရိုက်အားဖြစ်လာတာပဲ။ နောက်မဖြစ်အောင် ဆုံးမတာလို့ ပြောပေမယ့် တကယ်လုပ်နေတာက ဒေါသဖြေနေတာပဲ။ မမှန်ကန်တဲ့ ဆုံးမမှုပဲ။
နောက်တစ်ခုက မကျေနပ်လို့ ရိုက်တာ။ ဖြစ်စေချင်သလို ဖြစ်မလာတဲ့အပေါ် မူတည်ပြီး မကျေနပ်တဲ့အတွက် ရိုက်တာ။ ဥပမာ - ကျောင်းသားဆိုရင် စာမေးပွဲကျလို့။ အများအားဖြင့် တွေ့ရတတ်တာ ပြိုင်ဆိုင်မှုကြောင့်ပဲ။ လူကြီးချင်းပြိုင်သလို လူငယ်ချင်းကိုပါ ပြိုင်စေတယ်။ ကိုယ့်ကလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးကို မလေ့လာတော့ပဲ တစ်ဖက်ကလေးကို ရှုံးရကောင်းလားဆိုပြီး ရိုက်တာမျိုးလည်း ဖြစ်တယ်။ ဒါဟာ မှားယွင်းမှုပဲ။
နောက်တစ်ချက်က မာနကြောင့်ပဲ။ မာနဆိုတာ လူကြီးမှာလည်း ရှိတယ်။ ကလေးမှာလည်း ရှိတယ်။ ကလေးမာနကို ဇွဲ၊ ဇွဲခတ်တယ်လို့ ခေါ်ပြီး။ လူကြီးမာနကို ဇွဲချွတ်တယ်လို့ ခေါ်တယ်။ တွေ့ဖူးကြုံဖူးမှာပေါ့။ တချို့ကလေးများ ပြန်ဖြေရမယ့် စကားကို ဘယ်လောက်ရိုက်ရိုက် မဖြေဘူး။ လူကြီးကလည်းလျှော့ပေးလိုက်ရင် အရှုံးပေးရာကျတယ်ဆိုပြီး ကိုယ့်မာနကို မချချင်တာနဲ့ မဖြေမချင်းရိုက်တယ်။ ဒေါသရဲ့ သဘာဝအတိုင်း တိုးတိုးလာတာပေါ့်။ ဘေးလူတွေက မနေနိုင်လို့ ဆွဲလိုက်မှ ပွဲပြီးသွားတယ်။ ဒါလည်းမှားယွင်းမှုပဲ။
နောက်တစ်ခုက ရှက်လို့ ရိုက်တာ။ သာမန် အချိန်မျိုးမှာ ခွင့်လွှတ်တတ်ပြီး သူစိမ်းရှေ့မှာ ရှက်လို့ ခွင့်မလွှတ်ဘဲ ရိုက်တာမျိုးရှိတယ်။ တစ်နေ့မှာ သာမန်အသိတစ်ဦးဆီ ကိစ္စတစ်ခုနဲ့ သွားတယ်။ ရောက်လို့စကားထိုင်ပြောတော့ အသိရဲ့အမျိုးသမီးက လက်ဖက်သုပ်ပန်းကန်လာချပေးတယ်။ အဲဒီအခါမှာ အနားမှာ ဆော့ကစားနေတဲ့ ၄-၅ နှစ်အရွယ် သူတို့သားလေးဟာ ဝိုင်းကိုလာပြီး လူကြီးတွေမစားရသေးခင် လက်ဖက်သုပ်ကို လက်နဲ့ကြုံးပြီးစားတယ်။ ဒီတော့ သူ့အဖေက ရှက်ပြီး တယ်. . . ဒီကောင်လေးဆိုပြီး တင်ပါးကို ရိုက်တယ်။ ဒီတော့ ကလေးက ခါတိုင်း ဒီလိုပဲ နှိုက်စားနေတာ ဘာမှမပြောဘဲ အခုမှ ရိုက်တယ်။ ဘာကြီးလဲ မသိဘူးလို့ ပြန်ပြောသတဲ့။ အဲဒါလဲ ဆုံးမတာ မဟုတ်ဘူး။
နောက်တစ်မျိုးက အခြားတစ်ယောက်ယောက်နဲ့ အခန့်မသင့်ဖြစ်တုန်း ကလေးက သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ် ပြုလုပ်မိရင် ဒေါသတကြီးနဲ့ မတန်တဆ ရိုက်တော့တာပဲ။ အဲဒါကို မဲပြီးရိုက်တယ်လို့ခေါ်တယ်။ ကျွန်တော်ရွာမှာနေစဉ် ၁၈ နှစ်သားလောက်က အစ်ကိုဝမ်းကွဲတစ်ယောက်အိမ်ကို ပြောစရာရှိလို့သွားတယ်။ ခြံဝမှာ ထွက်လာတဲ့ အစ်ကိုနဲ့တွေ့လို့ လှမ်းနှုတ်ဆက်တော့ ကျွန်တော့ကိုလှည့်မကြည့်ဘဲ ဒေါသတကြီး ထွက်သွားတယ်။ ကျွန်တော်က အခြေအနေမကောင်းဘူးလို့ သိလိုက်ပြီး အိမ်ကိုဆက်သွားခဲ့တယ်။
ကျွန်တော် အိမ်ရှေ့လှေကားကို ရောက်တော့ သူတို့ရဲ့ လေးနှစ်အရွယ် တစ်ဦးတည်းသော သမီးလေးဟာ တံခါးဝမှာ ငိုနေတာကို တွေ့ရတယ်။ ကျွန်တော် ကလေးနားကို မရောက်ခင်မှာပဲ သူ့အမေထွက်လာပြီး နင့်အမေသေလို့ ငိုနေတာလား။ ဒါလောက်ငိုချင်ရင် ထပ်ငိုဦးဟဲ့ - - ဆိုပြီး လက်နဲ့ရိုက်တယ်။ နှစ်ချက်ရိုက်အပြီးမှာ ကျွန်တော်ကလေးကို ချီလိုက်နိုင်တယ်။ လမ်းထိပ်ထွက်ပြီး ဈေးဆိုင်က သကြားလုံးဝယ်ပေးပြီး ဘာလို့ ငိုသလဲလို့မေးတော့ ကလေးက အဖေက အမေကို အော်ပြီး တွန်းလှဲတယ်။ အမေကငိုတယ်။ အဲဒါ အမေ့ကို သနားလို့ သမီးကငိုတာလို့ ပြန်ဖြေတယ်။ ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူ့အမေကို ပြောပြတော့ သူ့အမေကလည်း စိတ်မကောင်းဖြစ်ပြီး သူ့သမီးကို ဖက်ပြီး ငိုတယ်။
ဒါတွေအားလုံးရဲ့ အရင်းခံက ဒေါသပဲ။ လူကြီးတွေရဲ့ မမှန်ကန်တဲ့ ဆုံးမမှုကြောင့် ကလေးတွေမှာ ဆိုးကျိုးသုံးမျိုး ရနိုင်တယ်။ တစ်မျိုးက အကြောက်လွန်ပြီး ပျော့ညံ့သူ၊ နောက်တစ်မျိုးက ထုံထိုင်းသူ၊ နောက်တစ်မျိုးက ဆိုးသွမ်းသူ ဖြစ်သွားနိုင်တယ်။
အခု ကျွန်တော် ပြောခဲ့တာတွေက မိဘနဲ့ အုပ်ထိန်းသူများ အကြောင်းပဲ။ ဆရာအကြောင်းမပါသေးဘူး။ ဆရာကလည်း တပည့်ကို ရိုက်ပြီးဆုံးမတာပဲ။
ရိုက်တဲ့အခါမှာ မျက်နှာဟာ ဂရုဏာ စိတ်ဝင်နေတာမျိုး ဖြစ်တယ်။ ရိုက်တာကတော့ ပုံမှန်ပဲ။ ပြင်းလည်းမပြင်းဘူး၊ ပျော့လည်းမပျော့ဘူး။ လုံးဝဒေါသမပါတယ် ဖြစ်ရမယ်။ အဲဒီလို ရိုက်တာ ကုသိုလ်ရတယ်။ စေတနာကောင်းလို့ပဲ။ အဲဒီလို ဆရာမျိုးတွေ အများကြီးရှိသလို ဆန္ဒ၊ ဒေါသစတာတွေနဲ့ ရိုက်တဲ့ဆရာတွေလည်း ရှိတယ်။ မိဘဖြစ်စေ၊ အုပ်ထိန်းသူဖြစ်စေ၊ ဆရာဖြစ်စေ၊ ကလေးကို ဒေါသနဲ့ရိုက်ရင် ဒေါသစိတ်ဟာ အကုသိုလ်စိတ်ဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်စေတယ်။
နောက်ပိုင်းမှာ ကလေးကိုရိုက်ပြီး ဆုံးမတဲ့နည်းဟာ မမှန်ဘူးလို့ သဘောရလာကြတယ်။ ဒါကြောင့် တခြားနည်းလမ်းတွေ ကြံဆပြီး အသုံးပြုလာကြတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများက ခေတ်ပညာတတ်တွေဟာ ကလေးများကို မရိုက်ဘဲ အခြား နည်းလမ်းများကို အသုံးပြုခဲ့ကြတယ်။ အဲဒါက ဒဏ်ပေးတဲ့ နည်းပဲ ဒဏ်ပေးတာက အမျိုးမျိုးရှိတယ်။ ထိုင်ထ လုပ်ခိုင်းတယ်။ အမှိုက်သိမ်းခြင်း၊ ကြမ်းတိုက်ခြင်း စတဲ့ အလုပ်တွေကို လုပ်ခိုင်းတယ်။
ထိုင်ထ လုပ်ခိုင်းပြီး ဒဏ်ပေးတဲ့ စနစ်ကို စာသင်ကျောင်းတွေမှာလည်း သုံးကြတယ်။ အဲဒီမှာ ဒဏ်ပေးသူက သတိမပြုမိတဲ့အတွက် မထင်မှတ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာတာ တွေ့ရတယ်။ တူညီသော ပြစ်မှုအတွက် ပိန်တဲ့ကလေးနဲ့ ဝတဲ့ကလေးကို အကြိမ်ပေါင်း ညီတူညီမျှထိုင်ထ ဒဏ်ပေးတော့ ပိန်တဲ့ကလေးက ဘာမှမဖြစ်ဘဲ ဝတဲ့ကလေးကျတော့ မလှုပ်နိုင်မယှက်နိုင် ဖြစ်ပြီး ဖျားနာတဲ့အထိ ခံစားရတာ တွေ့ရတယ်။ ဝတဲ့ကလေးဟာ ပိန်တဲ့ကလေးထက် နှစ်ဆမက ပိုလုပ်ရသလိုဖြစ်တယ်။ အဲဒါကို သတိပြုဖို့လိုတယ်။
အချို့ကျတော့ ဥပမာ ပန်းကန်ကွဲရင် သံပန်းကန်နဲ့ သုံးလ၊ ခြောက်လ ထမင်းစားရတဲ့ ဒဏ်မျိုးကို ပေးတယ်။ တချို့ကျတော့ ကလေးနှစ်သက်တဲ့ အမြတ်တနိုးထားတတ်တဲ့ ကစားစရာဖြစ်စေပေါ့။ အဲဒါမျိုးကို သုံးလတန်တယ်၊ ခြောက်လတန်တယ် ခွဲထားတယ်။ ဒါတွေကလည်း အချို့အောင်မြင်ပြီး အချို့မအောင်မြင်ဘူး။ အဲဒီတော့ ကလေးရဲ့ အနေအထားကိုကြည့်ပြီး သူနဲ့ သင့်တော်မယ့် ဒဏ်မျိုးကို အမှန်အကန် ရွေးချယ်နိုင်ဖို့လိုတယ်။ တချို့ နှစ်သက်တဲ့ ပစ္စည်းအသိမ်းခံရလို့ စိတ်ဒဏ်ရာရပြီး စိတ်ရောဂါရသွားတဲ့ ကလေးမျိုးလည်း ရှိတယ်လို့ဆိုတယ်။
ပညာရှင်များ နောက်ဆုံး စမ်းသပ်အသုံးပြုတဲ့ နည်းကတော့ ကလေးကို နားလည်အောင် ရှင်းပြတဲ့ နည်းပဲလို့ဆိုတယ်။ အရွယ်ငယ်ပေမယ့် သူတို့ရဲ့ ဉာဏ်ရည် ဉာဏ်သွေးအရ ရှင်းပြတဲ့လူကြီးရဲ့ ကျွမ်းကျင်မှုအရ သဘောပေါက်လက်ခံနိုင်တယ်လို့ ဆိုတယ်။
အဲဒါတွေက ဘယ်ဟာဘယ်လောက်မှန်တယ်လို့ ကျွန်တော်မသိပေမယ့် ရိုက်ပြီးဆုံးမတဲ့ နည်းကတော့ မမှန်ဘူးလို့သိလာတယ်။ ကိုယ်တိုင် အဲဒီလို လုပ်လာတာကို ပြန်စဉ်းစားတော့ ဒေါသအစ၊ ဒေါသအလယ်၊ ဒေါသအဆုံးနဲ့ပဲ အဆုံးသတ်သွားတယ်ဆိုတာ သိလိုက်ရတယ်။ လိမ္မာဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာ ဘယ်နားနေမှန်းတောင် မသိဘူး။ အခုကိုယ်က ဘေးကကြည့်သူအဖြစ် ကြည့်ရတော့ ဒီသဘောဟာ ပိုပြီး ခိုင်မာတယ်ဆိုတာ သိလာကြတယ်။
Credit : ချောင်းဆုံအုန်းသွင်
Hello သားသားမီးမီးတို့ရေ ...
ကလေးငယ်များဖျားနာခြင်း
---------------------------------
နေထိုင်မကောင်းဖြစ်ပြီး အဖျားရှိနေသည့်အခါ သာမန်ထက်ပို၍ အပူချိန်မြင့်နေတတ်သည်။
ပျမ်းမျှခန္ဓာကိုယ်အပူချိန်မှာ ၃၇ဒီဂရီစင်တီဂရိတ်(၀.၅ဒီဂရီစင်တီဂရိတ်အပြောင်းအလဲရှိနိုင်)သို့မဟုတ် ၉၈.၆ဒီဂရီ ဖာရင်ဟိုက်(၁ဒီဂရီဖာရင်ဟိုက်အပြောင်းအလဲရှိနိုင်)ဖြစ်သည်။ ယေဘုယျအားဖြင့် ခံတွင်းအပူချိန် ၁၀၂ဒီဂရီ ဖာရင်ဟိုက် (၃၈.၈ဒီဂရီစင်တီဂရိတ်) သို့မဟုတ် စအိုတွင်းအပူချိန် ၁၀၃ဒီဂရီဖာရင်ဟိုက် (၃၉.၄ဒီဂရီ စင်တီဂရိတ်) အထက်ရှိသောကလေးကို အဖျားရှိနေသည်ဟု သတ်မှတ်နိုင်သည်။ အပူချိန်သည် ၁၀၃ဒီဂရီဖာရင်ဟိုက်ထက်များနေလျှင် သင့်လျော်သောပြုစု ကုသမှုပြုလုပ်ရန်လိုအပ်သည်။
အဖျားနှင့်ပတ်သက်ပြီးမိဘများသိထားသင့်သည်များ
သင့်ကလေး၌ အဖျားရှိနေချိန်တွင် ခန္ဓာကိုယ်အပူချိန်သည် ပုံမှန်(၃၇ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၉၈.၆ဒီဂရီ ဖာရင်ဟိုက်)ထက်ပိုများနေလိမ့်မည်။ သာမိုမီတာကို အသုံးပြုခြင်းဖြင့် တိကျသောတိုင်းတာမှုကို သိရှိနိုင်သည်။ ဖျားရသည့်အကြောင်းရင်းနှင့် အသက်အရွယ်ပေါ်မူတည်၍ ကလေးတွင် အခြားသောလက္ခဏာရပ်များ တွေ့ရှိနိုင်သည်၊ ဥပမာ ချွေးထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ အစာစားချင် စိတ်မရှိခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း၊ ရေဆာရေငတ်ခြင်း၊ သို့မဟုတ် အားနည်းခြင်း။
အဖျားကြီးသည့် ၁၀၃-၁၀၆ ဒီဂရီဖာရင်ဟိုက် (၃၉.၄-၄၁ ဒီဂရီစင်တီဂရိတ်)အတွင်းတွင် ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုခြင်း သို့မဟုတ် အချို့ကလေးများတွင် တက်ခြင်း (အသက်၅နှစ်အောက် ၂-၅ရာခိုင်နှုန်းသော ကလေးများတွင်တွေ့ရှိနိုင် အထူးသဖြင့် မိဘမျိုးရိုးထဲတွင် တက်တတ်သည့်သူ ရှိတတ်သူများတွင် တွေ့ရနိုင်သည်)။ သင့်ကလေး၏ ကိုယ်အပူချိန်ကို စစ်ဆေးပြီး ၃၈ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၁၀၀ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေပါက ကလေးအားအဖျားကျဆေးကို သင့်တော်သော ပမာဏ အသုံးပြုပေးသင့်ပါသည်။
သံသယရှိပါက ဆရာဝန်ထံမှအကြံဉာဏ်ယူခြင်း သို့မဟုတ် ဆေးခန်းသွားပြခြင်းများက ပိုမိုကောင်းမွန်ပါသည်။ အကယ်၍ကလေး၏အပူချိန်သည် ၁၀၁.၅ဒီဂရီဖာရင်ဟိုက် (၃၈.၅ဒီဂရီစင်တီဂရိတ်)ဖြစ်နေပါက ကလေးငယ်အား ရေနွေးနွေး သို့မဟုတ် အခန်းအပူချိန်ရှိသောရေ ကိုအသုံးပြု၍ ရေမြှုပ်သို့မဟုတ် ရေစိုအဝတ်ဖြင့် ခန္ဓာကိုယ်၊ လည်ပင်း၊ ဂျိုင်းကြား၊ ပေါင်ကြား တို့ကိုရေပတ်တိုက်ပေးပြီး အပူချိန်မြင့်တက်နေမှုကို အနည်းဆုံးမိနစ်၂၀ခန့် လျှော့ချပြီး အပူချိန် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈.၅ဒီဂရီစင်တီဂရိတ်)အောက် ရောက်စေရန် ပြုလုပ်ပေးနိုင်သည်။ မိနစ်၃၀တိုင်း အပူချိန်ကိုစစ်ဆေးပြီး ရေဓါတ်ခန်းခြောက်ခြင်းမဖြစ်စေရန် သစ်သီးဖျော်ရည် သို့မဟုတ် နှင်းရည်ကိုတိုက်ကျွေးနိုင်သည်၊ ကလေးတွင် အရည်ဓါတ်လုံလောက်မှု ရှိနေကြောင်း သေချာရန်လိုအပ်သည်။ အထက်ပါအဆင့်များကို လိုက်နာအသုံးပြုပြီး ကလေး၏အပူချိန် ဆက်လက်မြင့်တက်နေခြင်း သို့မဟုတ် အခြားပြဿနာများပေါ်ပေါက်လာပါက ရောဂါတိုးခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ မထင်မှတ်ပဲငိုကြွေးခြင်း၊ အလွန်အကျွံယားယံခြင်း၊ အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ အန်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊ ဗိုက်နာခြင်း သို့မဟုတ် အခြားပုံမှန်မဟုတ်သည်များဖြစ်ပေါ်ခြင်း ဖြစ်ပါက ဆရာဝန်နှင့်ပြသခြင်း သို့မဟုတ် ဆေးခန်းသွားခြင်းကို ချက်ချင်းပြုလုပ်သင့်သည်။ ၃လထက်ငယ်သော ကလေးငယ်များတွင် စအိုတွင်းအပူချိန်သည် ၁၀၀.၅ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီစင်တီဂရိတ်) သို့မဟုတ် ပိုမြင့်နေပါက အခြား မူမမှန်သည့် လက္ခဏာများမပြသည့်တိုင် ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်။
အဖျားကြီးခြင်းကအန္တရာယ်ဖြစ်စေနိုင်
ကလေးငယ်များတွင် ခန္ဓာကိုယ်အပူချိန် အနည်းငယ်မြင့်တက်ခြင်းဖြင့် ပြင်းထန်သော ရောဂါဝင်ရောက်မှုကို ဖြစ်စေနိုင်သည်။ ကလေးတွင်အဖျားနှင့်အတူ အခြားလက္ခဏာရပ်များရှိနေရခြင်းမှာ အဖျားကြောင့်ဖြစ်သည်။ အဖျားနှင့်အတူ မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်းတို့ဖြစ်ရခြင်းမှာ အူလမ်းကြောင်းကို ရောဂါ ဝင်ရောက်ခြင်းကြောင့် ဖြစ်သည်။ အဖျားနှင့်အတူ ချောင်းဆိုးခြင်းနှင့် အသက်ရှုခက်ခဲခြင်းတို့ ဖြစ်ရခြင်းမှာ နျူမိုးနီးယားကြောင့်ဖြစ်သည်။
ဖျားရခြင်းအကြောင်းရင်းကို အတိအကျမသိရပဲ အဖျားလျော့ကျစေသည့်ဆေးကို ချက်ချင်း အသုံးပြုထားပါက ရောဂါဖြစ်စဉ်ကိုရှာဖွေရန် ပိုမိုခက်ခဲစေသည်။ ကလေး၏အသက်အရွယ်နှင့် ဖျားစေသည့်အကြောင်းရင်းများပေါ်မူတည်၍ ထပ်တိုးအခြေအနေများနှင့် လက္ခဏာများဖြစ်သောချွေးထွက်ခြင်း၊ တုန်လှုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ အစာစားချင်စိတ် နည်းပါးခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းနှင့် အားနည်းခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင်ပါသည်။
ဆရာဝန်ကိုတွေ့ရန်
ဖျားနာခြင်းသည် ကြိုတင်သတိပေးပြီး ရောက်လာမည်မဟုတ်ပါ။ အောက်ပါအချက်အလက်များ ဖြစ်ပေါ်နေပါက ဆေးကုသခြင်းကို ဆောင်ရွက်သင့်သည်:
ကလေး၏အသက်သည်၃လအောက်ငယ်ပြီး စအိုတွင်းအပူချိန်သည် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈ဒီဂရီ စင်တီဂရိတ်) သို့မဟုတ် ထို့ထက်ပိုများသော်လည်း အခြားလက္ခဏာရပ်များမတွေ့ရှိရခြင်း။
ကလေး၏အသက်သည်၃လထက်ပိုကြီးပြီး ကာကွယ်ဆေးအသုံးပြုထားသော်လည်း အပူချိန်သည် ၁၀၂ဒီဂရီဖာရင်ဟိုက်(၃၈.၈ဒီဂရီစင်တီဂရိတ်) သို့မဟုတ် အကြောင်းရင်းမသိရပဲ ထို့ထက်အပူချိန်ပိုများခြင်း ။
ကလေးသည်အကြောင်းရင်းမသိရှိရပဲ အဖျားနှင့်အတူ အိပ်ငိုက်စဉ် သို့မဟုတ် အဝတ်လဲပေးစဉ် သို့မဟုတ် ခန္ဓာကိုယ်အနည်းငယ်လှုပ်ရှားစဉ်အတွင်း ပြင်းထန်စွာငိုကြွေးခြင်းကဲ့သို့သော စိတ်ရှုပ်ထွေးခြင်း၊ စိတ်တိုခြင်းများဖြစ်ခြင်း၊ တက်တက်ကြွကြွမရှိခြင်းနှင့် တုန့်ပြန်မှုနည်းခြင်းများ ဖြစ်ပေါ်တတ်သည်။ သံသယရှိပါက ဆရာဝန်ထံမှအကြံဉာဏ်ရယူခြင်း သို့မဟုတ် ဆေးကုသမှုပြုလုပ်ခြင်းများကို နံနက်အချိန် သို့မဟုတ် အားလပ်ရက် သို့မဟုတ် အလုပ်ပိတ်ရက်များကို စောင့်မနေပဲ ချက်ချင်းလုပ်ဆောင်သင့်သည်။
ငယ်ရွယ်သောကလေးများထက် ပိုကြီးသောကလေးများတွင် အဖျားသည် ငုပ်လျှိုးနေတတ်သည်။ အကယ်၍ ကလေးသည် အစာစားနိုင်ပြီး ကောင်းမွန်စွာကစားနေနိုင်ပါက အဖျားသည်စိုးရိမ်စရာမရှိပါ။ သို့သော် လက္ခဏာရပ်များဖြစ်သော စိတ်တိုခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အန်ခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်းများရှိနေပါက ဆေးဘက်ဆိုင်ရာ အကြံပေးချက်ကို ချက်ချင်းရယူသင့်သည်။ အကယ်၍ ကလေး၏ အဖျားအပူချိန်သည် ၉၉-၁၀၀ ဒီဂရီဖာရင်ဟိုက် (၃၇-၃၈ ဒီဂရီစင်တီဂရိတ်) အတွင်းဖြစ်ပါက ရေပတ်တိုက်ပေးပြီး အဖျားရှိန်ကို စောင့်ကြည့်ပေးရမည်။ ဆေးဘက်ဆိုင်ရာ အကြံပေးချက်မပါပဲ အဖျားလျော့ကျစေသည့် ဆေးများကို ချက်ချင်းမသုံးစွဲသင့်ပါ။
အဖျားရှိသောကလေးကိုပြုစုစောင့်ရှောက်ခြင်း
ဖျားနေစဉ်အတွင်းတွင် လူသည်အရေပြားမှတစ်ဆင့် ရေကိုပိုမိုဆုံးရှုံးတတ်သည်။ ကလေးကို ရေဓါတ်ပြည့်ဝနေစေရန် ဆောင်ရွက်ပေးဖို့ အရေးကြီးသည်။ ကလေးရေကိုလုံလောက်စွာ မသောက်သုံးပါက သစ်သီးဖျော်ရည် သို့မဟုတ် သေးငယ်သောရေခဲတုံးလေးများကို တိုက်ကျွေးသင့်သည်။
အကယ်၍အပူချိန်သည် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈ဒီဂရီစင်တီဂရိတ်)ထက်လျော့နည်းပါက ဆရာဝန်မှ ညွှန်ကြားချက်မပေးမချင်း အဖျားလျော့ကျစေသည့် ဆေးဝါးများကို မတိုက်ကျွေးသင့်ပါ။
ကလေးအား ရေနွေးနွေးဖြင့်ရေချိုးခြင်းနှင့် အဝတ်တစ်ထပ်တည်း ဝတ်ဆင်ပေးထားနိုင်သည်။
အကယ်၍အပူချိန်သည် ၁၀၀ဒီဂရီဖာရင်ဟိုက်(၃၈ဒီဂရီစင်တီဂရိတ်) သို့မဟုတ် ထို့ထက်ပိုပါက ကလေး၏ကိုယ်အလေးချိန်ပေါ်မူတည်၍(၁၀-၁၅ မီလီဂရမ်/ကီလိုဂရမ်/ပမာဏ) အဖျားလျော့ကျစေသော ဆေးဝါးများဖြစ်သော Paracetamol သို့မဟုတ် Ibuprofen ကို တိုက်ကျွေးသင့်သည်။
အကယ်၍သံသယရှိပါက ဆရာဝန်ထံ သင့်တော်သောဆေးပမာဏနှင့် ဆေးအမျိုးအစား (အဖျားလျော့ကျစေသောဆေးများစွာရှိသည်)ကို မေးမြန်းသင့်သည်။ ပမာဏပိုမိုသွားခြင်းဖြင့် အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။
အကယ်၍ကလေးအား အဖျားလျော့ကျစေသည့် ဆေးဝါးများတိုက်ကျွေးပြီးသော်လည်း အပူချိန်ဆက်လက် မြင့်မားနေပါက ဆေးဝါးများနောက်ထပ်မတိုက်ကျွေးပဲ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ရယူသင့်သည်။
အကယ်၍ကလေး၏အပူချိန်သည် ၁၀၁.၅ဒီဂရီဖာရင်ဟိုက်(၃၈.၅ဒီဂရီစင်တီဂရိတ်)ထက်ပိုမိုနေပါက ကလေး၏ကိုယ်အလေးချိန်ပေါ်မူတည်၍ ဆရာဝန်မှညွှန်ကြားထားသည့် အချိန်အပိုင်းအခြားအတိုင်း အဖျားလျော့ကျစေသည့် ဆေးဝါးကို တိုက်ကျွေးသင့်သည်။ကလေးငယ်အား ရေနွေးနွေး သို့မဟုတ် အခန်းအပူချိန်ရှိသောရေ ကိုအသုံးပြု၍ ရေမြှုပ်သို့မဟုတ် ရေစိုအဝတ်ဖြင့် ခန္ဓာကိုယ်၊ လည်ပင်း၊ ဂျိုင်းကြား၊ ပေါင်ကြားတို့ကို ရေပတ်တိုက်ပေးနိုင်သည်။ ရေပတ်တိုက်ခြင်းကိုရပ်တန့်ရန် ကလေး၏ကိုယ်အပူချိန်ကို ၃၈ဒီဂရီစင်တီဂရိတ်(၁၀၀ဒီဂရီဖာရင်ဟိုက်) သို့မဟုတ် ထို့ထက်လျော့နည်းမသွားမချင်း စစ်ဆေးနေရမည်။ ထို့နောက်တွင်အပူချိန်ကို ၃၀မိနစ်တိုင်းစစ်ဆေးရမည်။ ရေပတ်တိုက်ပေးနေချိန်အတွင်း ကလေးတုန်နေပါက ခန္ဓာကိုယ်ကိုခြောက်သွေ့အောင်ပြုလုပ်ပြီး စောင့်ကြည့်သင့်သည်။ အကယ်၍အပူချိန်ဆက်လက်မြင့်တက် နေခြင်း သို့မဟုတ် ရောဂါတိုးခြင်းဖြစ်ပါက ဆေးကုသမှုကိုချက်ချင်း ပြုလုပ်သင့်သည်။
credit
သားသားမီးမီးလေးတွေ သီချင်းလေးနဲ့ လိုက်ကကြမယ် 👯♀️🕺👯♂️
အစာအုပ်စုနှင့် အာဟာရဓာတ်များ
အစာအုပ်စုများ
အစားအစာတို့မှာ ကြွယ်ဝစွာပါဝင် တဲ့ အာဟာရဓာတ်တွေရဲ့ အဓိကအကျိုး ပြုမှုအပေါ်မူတည်ပြီး အစာအုပ်စု သုံးစု ခွဲခြားထားပါတယ်။ အစာအုပ်စု သုံးစုက နေ အစားအစာတွေကို စုံလင်မျှတစွာ ပါဝင်အောင် နေ့စဉ်ပြင်ဆင်စားသုံးရပါမယ်။
အာဟာရဓာတ္ဆိုတာ
အာဟာရဓာတ်က အသွေး၊ အ သား၊ အင်အားတို့ကို ဖြစ်စေတတ်တဲ့ ဩ ဇာဓာတ်ဖြစ်ပါတယ်။ သက်ရှိသတ္တဝါတို့ ခန္ဓာကိုယ် အသက်ရှင်ကျန်းမာရေးအတွက် လိုအပ်တဲ့ ဇီဝဓာတုပစ္စည်းတွေဖြစ်ပြီး အ စားအစာတွေ စားသုံးတာကနေ ရရှိနိုင် ပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးတာ၊ လှုပ်ရှား သွားလာတာ၊ မျိုးဆက်ပွားတာ၊ အင်အား ဖြစ်စေတာနဲ့ ရောဂါကာကွယ်တာတွေ အတွက် အာဟာရဓာတ် အမျိုးမျိုး လိုအပ် ပါတယ်။ အာဟာရလိုအပ်ချက်တွေက အသက်အရွယ်၊ ကျား မ၊ ကိုယ်လက် လှုပ်ရှားမှု၊ ကျန်းမာရေးအခြေအနေတို့အ ရ ကွာခြားပါတယ်။
အာဟာရဓာတ် ခြောက်မျိုး
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာ ဟာရဓာတ် ခြောက်မျိုးက ကစီဓာတ်၊ အ ဆီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်၊ ဗီ တာမင်ဓာတ်နဲ့ ရေဓာတ်တို့ ဖြစ်ပါတယ်။
အာဟာရအုပ်စုနှင့် အာဟာရဓာတ် ကြွယ်ဝသောအစာများ
အစာအုပ်စုမှာ အင်အားဖြစ်စေတဲ့ အစာက ကစီဓာတ်နဲ့ အဆီဓာတ်ဖြစ်ပြီး ကစီဓာတ်ကို ကောက်နှံ (ဆန်၊ ဂျုံ၊ ပြောင်း)၊ သစ်ဥသစ်ဖု (အာလူး၊ ပိန်းဥ)၊ အချိုစာ (ပျားရည်၊ သကြား)၊ အဆီဓာတ် ကို သီးနှံဆီအမျိုးမျိုး (နေကြာဆီ၊ ပဲပိစပ် ဆီ)၊ တိရစ္ဆာန်အဆီ (ဝက်ဆီ၊ အမဲဆီ) တို့ကနေ ရနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီး ထွားစေတဲ့အစာကို အသားဓာတ် (သား၊ ငါး၊ နို့၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး)၊ ရောဂါ ကာကွယ်စေတဲ့အစာကို ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ် (ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံ)၊ ရေဓာတ် (အရည်အမျိုးမျိုး၊ အရည် ရွှမ်းတဲ့အစာ)တွေကနေ ရနိုင်ပါတယ်။
အစာအာဟာရဆိုင်ရာ လိုက်နာသင့်သော အချက်များ
နေ့စဉ်စားသုံးတဲ့ အကြိမ်တိုင်းမှာ အစာအုပ်စု သုံးစုစလုံးပါဝင်အောင် စား ပါ။ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို နေ့စဉ်စားသုံးပါ။ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများ စားပါ။ အိုင်အိုဒင်းဆားကိုသာ သုံးစွဲပါ။ ရေကို လုံလောက်အောင် သောက်ပါ။ အ သင့်စား အစာတွေထက် သန့်ရှင်းလတ် ဆတ်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းတဲ့ သဘာဝအစာတွေကို ရွေးချယ်စားသုံးပါ။ အဆီအမျိုးမျိုး၊ အငန်နဲ့ ချိုတဲ့အစာတွေ ကို ဆင်ခြင်ပြီး စားသုံးပါ။ အချိုရည်တွေ ကို ဆင်ခြင်ပြီး သောက်သုံးပါ။ ကိုယ်ဝန် ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေ အာဟာရ ပြည့်ဝတဲ့အစာတွေ ပိုစားပါ။ အစား မရှောင်ပါနဲ့။ မွေးစကနေ အသက်ခြောက် လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက် ကျွေးပါ။ ကလေးတွေနဲ့ အပျိုဖော်ဝင်အ ရွယ်တွေ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးနိုင် စေဖို့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတဲ့ အ စာတွေကို ပိုကျွေးပါ။ သက်ကြီးဘိုးဘွား ဘဝမှာ အာဟာရဓာတ်တွေကြွယ်ဝတဲ့ အစာတွေကိုသာ ရွေးချယ်စားသုံးပါ။
အဏုအာဟာရဓာတ်များ
ဗီတာမင် အေ အာဟာရ
ဗီတာမင် အေက ကလေးတွေ ပုံမှန် ကြီးထွားဖွံ့ဖြိုးရေးနဲ့ ကျန်းမာကြံ့ခိုင်ရေး၊ မျက်စိကျန်းမာရေးနဲ့ အမြင်အာရုံကောင်း မွန်ရေးအတွက်လည်း အရေးကြီးတဲ့ ဗီတာမင် တစ်မျိုးပါ။
အစားအစာမှ ဗီတာမင် အေ အလုံအလောက် မရရှိပါက ဗီတာမင် အေ ချို့တဲ့နိုင်ခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မလိုအပ်ဘဲ အစားရှောင်တဲ့အခါ ဗီတာ မင် အေ အလုံအလောက် မရရှိနိုင်တော့ ပါ။ အဲဒီမိခင်ကနေ မွေးလာတဲ့ ကလေး တွေမှာလည်း ဗီတာမင် အေ ချို့တဲ့တတ် ပါတယ်။ နို့တိုက်မိခင်တွေ မလိုအပ်ဘဲ အ စားရှောင်တဲ့အခါ ဗီတာမင် အေ အလုံအ လောက် မရရှိနိုင်တော့ပါ။ အဲဒီမိခင်ရဲ့ နို့ စို့ရတဲ့ ကလေးတွေမှာလည်း ဗီတာမင် အေ ချို့တဲ့နိုင်ပါတယ်။ ကလေးငယ်တွေကို ဗီ တာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေ လုံလောက်စွာ မကျွေးပါက အဲဒီကလေး တွေမှာ ဗီတာမင် အေ ချို့တဲ့တတ်ပါတယ်။
ဗီတာမင် အေ ချို့တဲ့လျှင်
ဗီတာမင် အေ ချို့တဲ့ပါက ကလေး တွေ ပုံမှန်မကြီးထွား မဖွံ့ဖြိုးနိုင်ပါ။ ကူး စက်ရောဂါအမျိုးမျိုးကြောင့် မကြာခဏ ဖျားနာတတ်ပါတယ်။ ဖျားနာတဲ့အခါ နာ တာရှည်တတ်ပြီး ပြင်းထန်တတ်ပါတယ်။ ကြက်မျက်သင့်ရောဂါ ခံစားရတတ်ပါတယ်။ မျက်ဖြူသားနဲ့ မျက်ကြည်လွှာတို့ ခြောက် သွေ့ပြီး မတောက်ပြောင်တော့ပါ။ မျက် ကြည်လွှာမှာ အနာဖြစ်နိုင်ပါတယ်။ အနာ ပျောက်ပေမယ့် အပြင်တိမ်စွဲနိုင်ပါတယ်။ မျက်ကြည်လွှာပေါက်ပြီး မျက်စိကွယ်တာ တွေ ဖြစ်တတ်ပါတယ်။ တခြားရောဂါတွေ ဖြစ်ပွားပါက ရောဂါပြင်းထန်ပြီး အသက် အန္တရာယ်ကြုံတွေ့ရတတ်ပါတယ်။
ဗီတာမင် အေ ဓာတ်များများပါသော အစာများကို စားပါ၊ ကျွေးပါ
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဗီတာမင် အေ ကြွယ်ဝတဲ့ အစားတွေ လုံ လောက်စွာ စားသုံးပါ။ မီးဖွားပြီး ပထမ တစ်ရက်၊ နှစ်ရက်မှာ ထွက်တဲ့ နို့ဦးရည်က ဗီတာမင် အေ အလွန်ကြွယ်ဝတာကြောင့် ကလေးကို နို့ဦးရည် တိုက်ဖြစ်အောင် တိုက်ပါ။ ကလေးအသက် ခြောက်လအ ထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေး ပါ။ အသက် ခြောက်လကစပြီး ထမင်းခွံ တဲ့အခါ ဗီတာမင်အေကြွယ်ဝတဲ့ အောက် ပါ အစားအစာတွေဖြစ်တဲ့ အသည်းအ မျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုး၊ အစိမ်း ရင့်ရောင်ဟင်းရွက်၊ နီဝါရောင်ရှိတဲ့ သစ် သီး၊ အဝါရောင်ဟင်းသီး၊ အဝါရောင်နဲ့ အနီရောင်ရှိတဲ့ သစ်ဥသစ်ဖု စတာတွေကို အသက်အရွယ်အလိုက် ထည့်ကျွေးပါ။
အင်အားဖြည့် ဗီတာမင် အေ ဆေးလုံးသောက်ပါ၊ တိုက်ကျွေးပါ
နို့တိုက်မိခင်တိုင်း မွေးဖွားပြီး တစ်လ အတွင်း အင်အားပြည့် ဗီတာမင် အေ ယူ နစ်နှစ်သိန်းပါ ဆေးလုံးတစ်လုံးကို ခြောက် လတစ်ကြိမ် တိုက်ကျွေးပါ။ အသက် ခြောက်လကနေ ၁၁ လအရွယ်အထိ ကလေးတိုင်းကို အင်အားပြည့် ဗီတာမင် အေ ယူနစ်တစ်သိန်းပါ ဆေးလုံး တစ်လုံး တစ်ကြိမ် တိုက်ကျွေးပါ။ အသက် တစ်နှစ် ကနေ ငါးနှစ်အတွက် ကလေးတိုင်းကို အင်အားပြည့်ဗီတာမင် အေ ယူနစ် နှစ် သိန်းပါ ဆေးလုံးတစ်လုံး ခြောက်လတစ် ကြိမ် တိုက်ကျွေးပါ။ ဝက်သက်ပေါက်တဲ့ ကလေးတွေ၊ လတ်တလောပြင်းထန် အာဟာရချို့တဲ့ပြီး ပိန်လှီ(ဒါမှမဟုတ်) ဖောရောင်နေတဲ့ ကလေးတွေကို ဗီတာ မင် အေ ဆေးလုံးတိုက်ပါ။(ပထမနေ့မှာ တစ်လုံး၊ ဒုတိယနေ့မှာ တစ်လုံး၊ ၁၅ ရက်မြောက်နေ့မှာ တစ်လုံးတိုက်ပါ)
ဗီတာမင် ဘီဝမ်း
ဗီတာမင် ဘီဝမ်း ချို့တဲ့တာကြောင့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါဖြစ် နေတဲ့ ကလေးကို အချိန်မီ ကုသမှုမခံရ ပါက သေဆုံးသွားနိုင်ပါတယ်။ အဲဒီက လေးအတွက် ဗီတာမင် ဘီဝမ်း ထိုးဆေး က အသက်ကယ်ဆေးဖြစ်ပါတယ်။
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
ဗီတာမင် ဘီဝမ်းချို့တဲ့ရတာက နို့ တိုက်မိခင် အစားရှောင်လွန်းတာ၊ ဆန်ကို အလွန်ဖြူတဲ့အထိ ကြိတ်ခွဲစားသုံးတာ၊ ဆန်ကို အထပ်ထပ်ဆေးကြောတာ၊ ထမင်းရည်ငှဲ့ချက်တာ စတာတွေကြောင့် ဖြစ်ပါတယ်။
ဗီတာမင်ဘီဝမ်းချို့တဲ့မှုကြောင့်ဖြစ်သည့် သူငယ်နာ ရောဂါ၏ လက္ခဏာများ
ဗီတာမင် ဘီဝမ်းချို့တဲ့တာကြောင့် ဖြစ်တဲ့ သူငယ်နာရောဂါရဲ့လက္ခဏာတွေ က မိခင်နို့စို့နေတဲ့ အသက် တစ်လကနေ ခြောက်လအရွယ် ကလေးတွေမှာ အများ ဆုံးဖြစ်တတ်ပါတယ်။ ကျန်းမာနေတဲ့ ကလေးက ရုတ်တရက် တအင်အင် အ ဆက်မပြတ် ငိုညည်းနေတာ၊ ငိုညည်းရာ ကနေ အသံတိမ်ပြီး ဝင်သွားတာ၊ အသက် ရှူရခက်ခဲတာ၊ ပြာနှမ်းလာတာ၊ အော့ အန်တာ၊ မျက်ဖြူလန်တာ စတာတွေ ဖြစ် တတ်ပါတယ်။
နို့စို့ကလေးငယ်များတွင် ဗီတာမင် ဘီဝမ်း ချို့တဲ့မှု ကြောင့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါမဖြစ် စေရန်
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အာဟာရဖြစ်တဲ့ အစားအစာတွေ စုံလင် လုံလောက်အောင်စားပါ။ အစားမရှောင်ပါ နဲ့။ အလွန်ဖြူအောင် ကြိတ်ခွဲထားတဲ့ဆန် ကို မစားသင့်ပါ။ ထမင်းချက်ဖို့ ဆန်ဆေး တဲ့အခါ ဆန်ကိုရေနဲ့ အထပ်ထပ် ပွတ် သပ်ဆေးကြောတာကနေ ရှောင်ကြဉ်ပါ။ ထမင်းရည်မငှဲ့ဘဲ ရေခန်းချက်စားတဲ့အ ကျင့်ပြုလုပ်ပါ။ တကယ်လို့ ထမင်းရေ ခန်းချက်မစားပါက မိသားစုဝင်အားလုံး ထမင်းရည်သောက်ပါ။
ဗီတာမင် ဘီဝမ်း ကြွယ်ဝသည့်အစားအစာများ
ဗီတာမင် ဘီဝမ်းကြွယ်ဝတဲ့ အစား အစာတွေက ပဲအမျိုးမျိုး၊ အဆီလွတ်ဝက် သား၊ မောင်းထောင်းဆန် (ဆန်လုံးညို)၊ လျှော့ကြိတ်ဆန်၊ ပြုတ်ဆန် (ပေါင်းဆန်၊ စပါးအခွံမချွတ်မီ ရေနွေးငွေ့နဲ့ ပေါင်းထား တဲ့ဆန်) တွေက ဗီတာမင် ဘီဝမ်း ကြွယ် ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
ဗီတာမင် ဘီဝမ်း ဆေးပြား
ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန် ကိုးလကနေ မွေးဖွားပြီး သုံးလအထိ ဗီတာမင် ဘီဝမ်းပါတဲ့ဆေးပြားကို သတ် မှတ်ထားတဲ့ ပမာဏအတိုင်း နေ့စဉ် သောက်ပါ။
သံဓာတ္အာဟာရ
သံဓာတ်ကအရေးကြီးတဲ့သတ္တု အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး သံဓာတ် ချို့တဲ့ပါက သွေးအားနည်းရောဂါ ခံစား ရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်များ သွေးအားနည်းလျှင်
ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွား စဉ်နဲ့ မွေးဖွားပြီးအချိန်တွေမှာ အသက် အန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ လမစေ့၊ ပေါင်မပြည့်တဲ့ကလေး မွေးဖွားတတ်ပါ တယ်။
ကလေးများ သွေးအားနည်းလျှင်
ကလေးတွေမှာ သွေးအားနည်းနေ ရင် ခန္ဓာကိုယ် ပုံမှန်မကြီးထွားနိုင်ပါဘူး။ ကျောင်းသင်ခန်းစာတွေမှာ အာရုံစူးစိုက် မှုမရှိတာကြောင့် ပညာရေးနှောင့်နှေးနိုင် ပါတယ်။ ရောဂါရလွယ်ပါတယ်။
ကလေး၊ လူကြီးမရွေး သွေးအားနည်းလျှင်
ကလေးမှာဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် သွေးအားနည်းရောဂါခံစားရတဲ့အခါ အင်အားချိနဲ့မယ်၊ ကျန်းမာရေးချို့တဲ့မယ်၊ ရောဂါပြင်းထန်ပါက နှလုံးရောဂါဖြစ်တာ၊ ဖောရောင်တာ၊ နှလုံးပျက်ယွင်းတာတွေ ဖြစ်နိုင်ပါတယ်။
သံဓာတ်ကြွယ်ဝသော အစာများ
သံဓာတ်ချို့တဲ့တာကြောင့် သွေး အားနည်းရောဂါဖြစ်တာကနေ ကာကွယ် ဖို့ သံဓာတ်အာဟာရကြွယ်ဝတဲ့ အစား အစာတွေကို နေ့စဉ်စားသုံးရပါမယ်။ အ သား၊ အသည်းနဲ့သွေးခဲတွေက သံဓာတ် အထူးကြွယ်ဝတာကြောင့် တတ်နိုင်သမျှ စားသုံးသင့်ပါတယ်။ ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ချဉ်ပေါင်ရွက်စတဲ့ အစိမ်းရင့်ရောင်ဟင်း သီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးက သံ ဓာတ်အတော်အသင့်ကြွယ်ဝတာကြောင့် နေ့စဉ်စားသုံးသင့်ပါတယ်။ အသားဓာတ် နဲ့ အချဉ်ဓာတ် (ဗီတာမင် စီ) က ဟင်း သီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးက သံ ဓာတ်ကို အစာလမ်းကြောင်းကနေ လွယ် ကူစွာစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
ဆင်ခြင်သင့်သော စားသောက်နည်းများ
ထမင်းမစားမီ တစ်နာရီနဲ့ ထမင်း စားပြီးနှစ်နာရီအတွင်း လက်ဖက်ရည် အချိုသောက်တာ၊ ရေနွေးကြမ်း ဖန်ဖန် သောက်တာ၊ လက်ဖက်သုပ်စားတာတို့ က အစာလမ်းကြောင်းက သံဓာတ်စုပ် ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါ တယ်။
သံဓာတ်ဆေးပြား
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သံဓာတ်ဆေးပြားကို ပထမအကြိမ်ကိုယ် ဝန်စပြချိန်ကစလို့ နေ့စဉ်သတ်မှတ်ထား တဲ့ ပမာဏအတိုင်းသောက်ပါ။
ဒေါက်တာစံထား
Click here to claim your Sponsored Listing.
Hero Online Shop Story
ဒီ Page လေးကို (၁၂.၂.၂၀၂၀) Wed က စတင်တည်ထောင်ခဲ့ပါတယ်။
ဒီ Page လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ .....
သားသား၊ မီးမီးများအတွက် ကလေးကစားပစ္စည်းများကို လျင်မြန်တဲ့ ဝန်ဆောင်မှု၊ လျင်မြန်တဲ့ ပို့ဆောင်မှုမျိုးနဲ့ HERO Online Shop မှအချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဖေဖေ၊ မေမေများအတွက် အချိန်ကုန်၊ လူပင်ပန်းမဖြစ်ရလေအောင် အွန်လိုင်းပေါ်မှာ သားသား၊ မီးမီးများအတွက် အရုပ်များ၊ Education နှင့်သက်ဆိုင်သော ကစားစရာများ၊ ကလေးငယ်များ၏ ဉာဏ်ရည်သွက်လက်စေမည့် ကလေးကစားစရာပစ္စည်းများအားလုံးကို ရရှိနိုင်ပါသည်။
Videos (show all)
Category
Telephone
Website
Address
Yangon
11101
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |
Sunday | 09:00 - 17:00 |
No. 46(A), Neikbankyaung Street, Bahan Township
Yangon, 111223
Vision Connect all fashion brands in Myanmar, so our customers can find themselves.
Yangon, 11071
Box Mod, Mech Mod,Pod System,USA E-Juice, Malay E-Juice,Saltnic,Vape Accessories