Chit Myittar Pharmacy - ချစ်မေတ္တာ ဆေးဆိုင်

Pharmacy, Retail and Wholesale
USA-Made Supplements and Pharmaceutical Medicines with Reasonable Prices

08/06/2022

🐵“ မျောက်ကျောက်ရောဂါ(Monkey Pox Virus) အကြောင်းသိကောင်းစရာ ”🐵

ပထမဆုံး အနေနဲ့ ပြောပြချင်တာကတော့... မျောက်ကျောက်ရောဂါဆိုတာ Poxviridae အုပ်စုထဲက Orthopox Virus မျိုးနွယ်ဝင်ဖြစ်ပါတယ်။

မျောက်တွေမှာ စတင်ဖြစ်ပွားခဲ့လို့ အခေါ်ဝေါ်က မျောက်ကျောက်ရောဂါဖြစ်ပြီး ၁၉၇၀ခုနှစ်နောက်ပိုင်းမှာတော့ လူတွေကို စတင်ကူးစက်လာခဲ့ပါတယ်။

အဆိုပါ ရောဂါပိုးဟာ အလယ်ပိုင်း နှင့် အနောက်အာဖရိက၏ အပူပိုင်းမိုးသစ်တောဒေသများ မှ တစ်ဆင့် ယခုအခါ အမေရိက ၊ ယူကေ ၊ အီတလီ ၊ ဆွီဒင် ၊ ပေါ်တူဂီ ၊ စပိန် နှင့် ကနေဒါ နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၁၂နိုင်ငံအထိ မျောက်ကျောက်ရောဂါ ကူးစက်မှုရှိနေကြောင်း သိရပါတယ်။

အရင်ကတော့….ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မိလို့ ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခဲ့လို့ ကူးစက်ခံခဲ့ရပြီး ယခုနှစ် မေလ မှစတင်ကူးစက်လာတာကတော့ လိင်မှတစ်ဆင့် Outbreak သဘောမျိုး ကူးဆက်လာတယ်လို့ ခန့်မှန်းသိရှိရပါတယ်။

(22.5.2022) အထိ WHO အဖွဲ့ဝင်နိုင်ငံတွေထဲက နိုင်ငံ (၁၂) နိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ (၉၂) ယောက် ၊ သံသယရှိသူ (၂၈) ယောက်ထိရှိနေပြီဖြစ်ပေမဲ့ ပုံမှန်အနေထားမှာတော့ လူအချင်းချင်း ကူးစက်ပြန့်ပွားနိုင်ခြေ နည်းပါးလွန်းတာကြောင့် တစ်ကမ္ဘာလုံး ပြန့်ဖို့ကတော့ မလွယ်တဲ့အခြေနေပါ။

မတော်တစ်ဆ ကူးစက်ခံခဲ့ရရင်လည်း ပုံမှန်ကျောက်ရောဂါတွေမှာဖြစ်လေ့ ဖြစ်ထရှိတဲ့အတိုင်း...
- ဖျားမယ်
- အရည်ကြည်ဖုပေါက်မယ်
- အနီစက်တွေထွက်မယ်
- နှုံးနေမယ်
ဒါပေမဲ့ စိတ်ပူစရာမလိုပဲ အချိန် ၂ပတ်မှ ၄ပတ်အတွင်း ပြန်လည် ကျန်းမာလာနိုင်ပါတယ်နော်….။

အဆိုးဆုံးအခြေအနေကတော့ အရည်ကြည်ဖု မှတစ်ဆင့် ပိုးဝင်သည့်အခြေအနေ ရောက်သောအခါ ပြည်တည်နာအဖြစ် ပြောင်းလည်းလာနိုင်ပြီး ၂ပတ် မှ ၄ပတ်အတွင်း အနာပြန်လည် ကောင်းမွန်လာနိုင်ပါတယ်...

ဒါပေမဲ့ ကျွမ်းကျင်သော ဆရာဝန်များဖြင့် ကုသမှုကို သေချာစွာခံယူရမယ်နော်...

တစ်ခုရှိတာက ရောဂါပိုးတွေရဲ့ ထုံးစံ အတိုင်း….
- ကလေးငယ်
- ကိုယ်ဝန်ဆောင်
- ကင်ဆာရောဂါသည်
- ကိုယ်ခံအားနည်းလွန်းသူ
- သက်ကြီးရွယ်အို နှင့် နာတာရှည် လူနာ တွေကတော့ မပြေးသော် ကံရာရှိ အထူးသတိထားရပါမယ်နော်…။

ကျွန်တော်တို့အနေနဲ့ ယခု့အခြေနေကို တစ်ဖက်က ပြန်သုံးသပ်ရမယ်ဆိုရင်….🤔🤔🤔

- ရောဂါစဖြစ်ခဲ့တာက ရေရှားပါးလွန်တဲ့ အာဖရိကလို နိုင်ငံကစခဲ့တာဆိုတော့ ကျွန်တော်တို့လို ရေနေ့တိုင်းချိုး ၊ ခဏ ခဏ ချိုး ၊ နွေမိုးဆောင်း သုံးရာသီလုံး ရေချိုးနိုင်တဲ့ နိုင်ငံမှာဆိုရင်တော့ ဒီတစ်ချက်က အားသာချက်ဖြစ်နိုင်ပါတယ်။👍

- ယခုစတင်ဖြစ်ပွားလာတဲ့ အခြေနေမှာ ဥရောပလို နိုင်ငံတွေက စတင်ခဲ့တာဆိုတော့ မြန်မာနိုင်ငံကို ကူးစက်လာနိုင်ခြေ နည်းပါးသေးပါတယ်....

- ရောဂါကူးစက်ပုံကလည်း ထိတွေ့မှုက တစ်ဆင့် ဖြစ်တာဆိုတော့ အရင်လိုပါပဲ…လက်ကိုခဏ ခဏ ဆေးပါ ၊ Mask ကိုသေချာတပ်ပါ ၊ Social Distancing သေချာလုပ်ရင် Covid လိုကောင်ကိုတောင် အံတုနိုင်ခဲ့သေးတော့ Monkey လောက်တော့ အေးဆေးပေါ့ဗျာ….နော့်😛

- နောက်တစ်ခု့တိုးတိုးလေး မှာချင်တာကတော့….WHO ကလေ လိင်ကတစ်ဆင့်စတင်ကူးစက်တယ်လို့ ပြောနေတော့ ( စိတ်အလိုကိုလိုက်ကာ ငယ်သူမို့မသိတက်ခဲ့ပါ 🎤🎤🎤) မလုပ်ပဲ အကာကွယ်(Condom) ကို သေချာသုံးနော်…..။ ထပ်ပြောမယ်နော်…Safe S*x!!!

- နောက်ဆုံးထပ်မှာချင်တာကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးဂရုစိုက်ပါ ၊ အဟာရပြည့်ဝစွာစားပါ ၊ အစားအစာတွေကို သန့်ရှင်းစွာဖြင့် ကျက်အောင် ချက်ပြုတ်စားသောက်ကြပါ ၊ အိပ်ရေးဝအောင် အိပ်ပါနော်…။

ဒါပေမဲ့ ဘာတွေ ဘယ်လိုပဲပြောပြော မျောက်ကျောက်ရောဂါပိုးအတွက် ကာကွယ်ဆေး ၊ ကုသဆေး မရှိသေးတဲ့ အတွက် ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် အားလုံးပဲ ကြိုတင်ကာကွယ်ခြင်းဖြင့် သာယာပျော်ရွင်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး နိုင်ကြပါစေ....။

24/05/2022

သင်…မိုးရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံဖို့စဉ်းစားနေပါသလား….?🤔

ကျွန်တော်တို့မြန်မာနိုင်မှာ ယခု့လို မိုးရာသီရောက်ပြီဆိုရင် ရာသီအကူးပြောင်းကြောင့်ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးရောဂါပိုးဟာ လူကို တော်တော်လေး စိတ်ညစ်စရာကောင်းလောက်အောင် ဒုက္ခပေးတတ်ပါတယ်…။ 😔

ပုံမှန် ကိုယ်ခံအားနည်းတက်တဲ့ သူတွေဆိုရင် အထူးသတိထားရမှာကတော့ ရာသီတုပ်ကွေး ဖြစ်ပြီးနောက် Covid ရောဂါပိုးလည်း ထပ်မံကူးစက်နိုင်ချေ အရမ်းများတာဖြစ်လို့ အထူးသတိထား ရပါမယ်နော်...🙏

🤔 ဟိုး….အရင်တုန်းကတော့ ဒီလိုအခြေဆိုးတွေကို ရင်ဆိုင်ရုံမှ တစ်ပါးအခြားမရှိဘူးဆိုပေမဲ့ ယခု့အချိန်မှာတော့ မိုးရာသီတုပ်ကွေး ကာကွယ်ဆေးဆိုတာ ရှိနေပြီ ဖြစ်တဲ့အတွက် သင်ဟာ ထိုးနှံဖို့စဉ်းစားနေတဲ့ လူတစ်ယောက်ဆိုရင်တော့ ဒီ Post လေးကို အဆုံးထိ ဖတ်ကြည့်ဖို့လိုပါမယ်နော်….!!!

👉 ဘယ်လိုလူတွေ ထိုးနှံသင့်ပါသလဲ…?

- ကိုယ်ဝန်ဆောင် မိခင်များ
- အသက် ၆လ မှ ၅နှစ်အထိ ကလေးငယ်များ
- သက်ကြီးရွယ်အိုများ
- ကိုယ်ခံအားနည်းသူများ
- နာတာရှည်ရောဂါအခံရှိသူများ (ဥပမာ-သွေးတိုး ၊ ဆီးချို ၊ နှလုံးစသည့်)
- အဆုတ်ရောဂါ နှင့် ပန်းနာရင်ဲကပ်ရောဂါရှိသူများ
- နေ့စဉ်လူနာများ နှင့် ထိတွေ့နေရသည့် ကျန်းမာရေး ၀န်ထမ်းများ
- လူအများ နှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေရသော ရုံးသမား ၊ ဆရာ/ဆရာမ ၊ မော်တော်ယာဉ်မောင်း ၊ ဈေးသည် အစရှိသူများ အားလုံးထိုးနှံသင့်ပါတယ်...

👉 ဘယ်လိုလူတွေကရော မထိုးနှံသင့်ဘူးလဲ…?

- ကာကွယ်ဆေးများ ၊ သောက်ဆေးများ ၊ စားဆေးများ နှင့် ဓာတ်မတည့်သူများ
- ကြက်ဥ ၊ ပရိုတိန်းဓာတ် ၊ နီယိုမိုင်စင်ဆေးဝါး (Neomycin) ၊ Formaldehyde ၊ Octoxinol-9 နှင့် ဓာတ်မတည့်သူများ
- ကာကွယ်ဆေး ထိုးမည့်အချိန်တွင် ဖျားနာနေသော လူနာများ
- လွန်ခဲ့သော ရက်ပေါင်း ၃၀ အတွင်း တခြားသော ကာကွယ်ဆေး ထိုးနှံထားသူများ မထိုးနှံသင့်ပါဘူးခင်ဗျာ…

👉 ထိုးနှံပြီးစအခါ ဘေးထွက်ဆိုးကျိုးတွေကရော ဘာတွေ ဖြစ်နိုင်မလဲ….?

- ထိုးနှံပြီး ၃ရက် အတွင်း ထိုးနှံသည့်နေရာ အနည်းငယ် နာကျင်ခြင်း (Injection Site pain)
- နုံးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကြွက်သားများ အားမရှိသလို ခံစားရခြင်း
- ကိုယ်လက် မအီမသာဖြစ်ခြင်း
- အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
- အခန့်မသင့်လျှင် ဖျားတက်ခြင်း
အဆိုပါ လက္ခဏာ ဖြစ်လာရင်လည်း အများကြီး စိတ်ပူရန်မလိုပဲ ၃ရက်အတွင်း နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမား မရှိပဲ ပြန်လည် သက်သာလာနိုင်ပါတယ်ခင်ဗျာ…

👉 ထိုးနှံရမည့်ပုံစံတွေကရော….?

- အသက် ၉နှစ် အောက် ကလေးတွေကတော့ ပထမတစ်ကြိမ်ထိုးပြီး နောက် ၁လ အကြာမှာ နောက်ထပ်တစ်ကြိမ် ထပ်မံထိုးနှံရပါမယ်။
- အသက် ၉နှစ်အထက် ကလေးများ နှင့် လူကြီးတွေကတော့ တစ်ကြိမ်ထိုးပေးရုံ နှင့် လုံလောက်သော ကာကွယ်မှုကို ရရှိနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ထိုးနှံမယ်ဆိုရင်လည်း မွေးဖွားလာမည့် ရင်သွေးလေးကို မွေးဖွားပြီး ၆လအထိ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

မိုးရာသီ တုပ်ကွေး ကာကွယ်ဆေးကတော့ တစ်နှစ်ကို တစ်ကြိမ်သာထိုးနှံသင့်ပြီး ထိုးပြီး ၂ပတ်အကြာတွင် Anti-Body ထွက်သည့်အတွက် စောစီးစွာ ထိုးနှံထားခြင်း အားဖြင့် ပိုမိုကာကွယ်ပေးနိုင်သော အခြေနေကို ရရှိမှာဖြစ်ပါတယ်….။👌

အားလုံးပဲ…မိုးရာသီတုပ်ကွေးရောဂါပိုးကို ကာကွယ်ထားခြင်းဖြင့် မိမိ နှင့် မိမိချစ်သော သူများကို ကာကွယ်လိုက်ကြပါစို့….။👍

တုပ်ကွေးရောဂါ ကာကွယ်ဆေး နှင့်ပါတ်သတ်ပြီး အသေးစိတ် စုံစမ်းလို့ သိချင်တာလေးများ ရှိမယ်ဆိုရင်ဖြင့် အောက်က ဖုန်းနံပါတ်လေးများသို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ…။🙏

Ph- 09-756104048 / 09-982070577
သပြေညိုအဆောင်အအုံ (မြေညီထပ်) , ရန်ကုန်-ပဲခူးလမ်းမကြီးဘေး , ထောက်ကြံ့ ဈေးသစ်အနီး , မင်္ဂလာဒုံမြို့နယ် , ရန်ကုန်တိုင်းဒေသကြီး။

09/05/2022

လူတို့တွင် အရေးအကြီးဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းအင်္ဂါရပ်ဖြစ်သည့် ဦးနှောက်ရှိရာ ဦးခေါင်းကို အထူးဂရုစိုက်သင့်သောကြောင့် ဦးခေါင်းဒဏ်ရာ ရရှိသူများသည် ပေါ့ဆစွာမနေသင့်ပါ။ ထို့ကြောင့်ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် လမ်းညွှန်ထားသည်တို့ကို စနစ်တကျလိုက်နာပြီး ဦးခေါင်းဒဏ်ရာသက်သာပျောက်ကင်းစေရန်အတွက် ဤ"ဦးခေါင်းဒဏ်ရာ ရရှိသူများအတွက်လမ်းညွှန်ချက်"ပို့စ်လေးကို ရေးသားတင်ဆက်လိုက်ရပါသည်။

"ဦးခေါင်းဒဏ်ရာ ရရှိသူများအတွက်လမ်းညွှန်ချက်"

လက်ရှိအချိန်လူနာတွင် ပြင်းထန်သောဦးခေါင်းထိခိုက်လက္ခဏာများ မတွေ့ရှိရပါသော်လည်း ဦးခေါင်းထိခိုက်မိပြီးနောက် နာရီပိုင်း(သို့မဟုတ်) ရက်ပိုင်းအကြာထိတွင် ကြိုတင်ခန့်မှန်း၍မရနိုင်သော၊ မမျှော်လင့်နိုင်သော နောက်ဆက်တွဲဆိုးကျိုးနှင့် ရောဂါလက္ခဏာအသစ်များ အချိန်မရွေးဖြစ်ပေါ်နိုင်ပါသည်။ ထိခိုက်မိပြီးနောက် ပထမ (၂၄) နာရီအတွင်းသည် အလွန်အရေးကြီးသောအချိန်ဖြစ်ပါသည်။ ထိုအချိန်အတွင်းတွင်လူနာကိုယ်တိုင် (သို့မဟုတ်) လူနာစောင့်သည် ဂရုတစိုက်စောင့်ကြည့်ဖို့လိုအပ်ပါသည်။ အောက်ပါရောဂါလက္ခဏာများအနက် တစ်ခုခုဖြစ်ပွားလာပါက ဆေးရုံ၊ ဆေးခန်းသို့ချက်ချင်းပြန်လည်ပြသရန် လိုအပ်ပါသည်။

1. အလွန်အမင်းငိုက်မြည်းခြင်း၊ တဖြည်းဖြည်းလူနာကို နှိုးရပိုမိုခက်ခဲလာခြင်း (လူနာအိပ်နေလျှင် ၂နာရီခြားတစ်ခါ နှိုးကြည့်ပါ။)
2. အလွန်အမင်းမအီမသာဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ပျို့တက်ခြင်း (သို့) မပျို့ဘဲထိုးအန်ခြင်း။
3. လူနာသတိလစ်ခြင်း၊ တက်ခြင်း။
4. နား (သို့) နှာခေါင်းမှသွေးယိုခြင်း၊ ရေကဲ့သို့သော အရည်များထွက်ခြင်း။
5. အလွန်အမင်းပြင်းထန်စွာ ခေါင်းကိုက်ခြင်း။
6. လက် (သို့) ခြေထောက်များ ထုံကျဉ်ခြင်း၊ လှုပ်ရှားရခက်ခဲလာခြင်း။
7. ကယောင်ကတမ်းဖြစ်ခြင်း၊ မူမမှန်သောထူးဆန်းသောအပြုအမူများဖြစ်ပွားခြင်း။
8. မျက်စိသူငယ်အိမ်တစ်ဖက်သည် အခြားတစ်ဖက်ထက်ကြီးနေခြင်း၊ တစ်မူထူးခြားနေသော မျက်စိရွေ့လျားမှုများဖြစ်ပေါ်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်းနှင့် အခြားသော အမြင်အာရုံဆိုင်ရာ ပြဿနာများဖြစ်ပွားခြင်း။
9. သွေးခုန်နှုန်းအလွန်အမင်းနှေးကွေးခြင်း (သို့) အလွန်မြန်ခြင်း/ အသက်ရှူပုံမှန်မဟုတ်ခြင်း။

ထိခိုက်မိသောနေရာတွင် ရောင်ရမ်းနေလျှင်ရေခဲအုံပါ (အဝတ်စ (သို့) တာဝါခံပြီး) ရေခဲအုံသော်လည်း အလွန်အမင်းရောင်ရမ်းပြီး အရွယ်အစားပိုမိုကြီးမားလာလျှင် ဆေးရုံသို့ပြန်လာပါ။

စားသောက်ချင်စိတ်ရှိလျှင်ပုံမှန်စားနေကျအတိုင်း အစားအစာနှင့် ရေများကိုစားသောက်နိုင်ပါသည်။

သို့သော် အရက်နှင့်အရက်ကဲ့သို့မူးယစ်စေတတ်သော ယာမကာများကိုဦးခေါင်းထိခိုက်မိပြီးနောက် ၃ရက်တိတိရှောင်ကြဉ်ရပါမည်။

ထိခိုက်မိပြီးနောက် အနည်းဆုံး ပထမ ၂၄နာရီအတွင်း သာမန်အကိုက်အခဲပျောက်ခြင်း (ပါရာစီတမော) ထက်ပိုမိုအားပြင်းသော အကိုက်အခဲပျောက်ဆေးများ၊ စိတ်ငြိမ်ဆေးများ၊ အိပ်ဆေးများမသုံးစွဲရပါ။

အခြားသိလိုသည်များရှိလျှင် မေးမြန်းနိုင်ပါသည်။

အရေးပေါ်အခြေအနေဖြစ်ပွားလာလျှင် နီးစပ်ရာဆေးရုံသို့ချက်ချင်းသွားရောက်ကုသမှုခံယူသင့်သည်။

ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်။ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာပြည့်စုံကြပါစေရှင်။

Photos from Chit Myittar Pharmacy - ချစ်မေတ္တာ ဆေးဆိုင်'s post 07/04/2022

အားလုံးပဲမင်္ဂလာပါ။ ဒီအပတ်မှာတော့ "နှင်းခူနှင့် သင့်အသားအရေ၏ အဏုဇီဝအဖွဲ့ ဆက်စပ်နေပုံ"ဆိုတဲ့ခေါင်းစဉ်နဲ့ကျန်းမာရေးဗဟုသုတတစ်ခု မျှဝေပေးချင်ပါတယ်။ (English Below)

နှင်းခူနှင့် သင့်အသားအရေ၏ အဏုဇီဝအဖွဲ့ ဆက်စပ်နေပုံ

သင်သင့်၏ အသားအရေကို ပိုးမွှားပေါင်းတရီလီယံများနှင့်ချီဖုံးအုပ်ထားသည်ကို သိခဲ့ပါသလား။ သို့သော်မလန့်သွားပါနှင့်ဦး၊ သင်သူတို့ကိုမမြင်ရသော်လည်း ထိုပိုးမွှားများသို့ မျက်စိဖြင့်မမြင်နိုင်လောက်အောင်သေးငယ်သော သက်ရှိအကောင်များ (micro-organism)၏အများစုတို့သည် သင်ကျန်းမာရေးကောင်းနေစေရန် ရှိနေခြင်းဖြစ်ပါသည်။

ထို micro-organism များသည် သင့်အသားအရေ၏ အဏုဇီဝအဖွဲ့ကိုဖွဲ့စည်းပါသည်။ သူတို့တွေဟန်ချက်ညီပြီး ပျော်ရွှင်နေလျှင် များသောအားဖြင့် သင့်အသားအရေလည်း ဟန်ချက်ညီပြီးပျော်ရွှင်နေပါတယ်။

သင့်အသားအရေရဲ့အဏုဇီဝအဖွဲ့က microorganism တွေနဲ့ပဲဖွဲ့စည်းထားတဲ့သင့်အစာလမ်းကြောင်းရဲ့အဏုဇီဝအဖွဲ့နဲ့ တူညီစွာအလုပ်လုပ်ပါတယ်။ အဲဒီ micro-organism တွေမှာ အစာချေဖျက်ပေးပြီးအာဟာရတွေကိုစုပ်ယူပေးခြင်းအပိုင်းမှာ အဓိကကျတဲ့ ဘက်တီးရီးယားတွေ အများစုပါဝင်ပါတယ်။ ဒါပေမယ့်ကောင်းတဲ့ဘက်တီးရီးယားနဲ့ မကောင်းတဲ့ဘက်တီးရီးယားဆိုပြီးရှိတယ်။

ကျွန်ုပ်တို့ရဲ့ အစာလမ်းကြောင်းဟန်ချက်က အကြောင်းရင်းများစွာကြောင့် ပျက်စီးနိုင်ပါတယ်၊ ဒါဟာ ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေပြီး အဲဒါက ရုပ်ပိုင်းသို့စိတ်ပိုင်းအခြေအနေများဖြစ်ပေါ်စေပါသည်။

သင့်ရဲ့အစာလမ်းကြောင်းလိုပဲသင့်အသားအရေက ဟန်ချက်ပျောက်နေပြီး ဆိုးရွားတဲ့ဘက်တီးရီးယားတွေ စိုးမိုးလာရင် သင့်အသားအရေရောင်ရမ်းလာတတ်ပြီး နှင်းခူနဲ့ အရေပြားနာတို့လို့အဖြစ်များတဲ့ ရောင်ရမ်းခြင်းအခြေအနေများဆီသို့ ဦးတည်သွားပါတယ်။

ဝက်ခြံနဲ့ဗောက်တို့လိုအဖြစ်များတဲ့ အရေပြားအခြေအနေတွေကလည်း သင့်အသားအရေရဲ့အဏုဇီဝအဖွဲ့ဟန်ချက်ပျက်နေပြီဆိုတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

နှင်းခူဆိုတာဘာလဲ?

မျိုးရိုးလိုက်ဖြစ်တတ်သောအရေပြားရောင်ရမ်းခြင်းဟုလည်းအသိများသော နှင်းခူသည်အဖြစ်များသော အသားအရေအခြေအနေတစ်မျိုးဖြစ်ပါသည်။ ၎င်းသည်ကလေးနှင့်လူကြီးကိုပါသက်ရောက်နိုင်သော အရေပြားရောင်ရမ်းသည့် အခြေအနေတစ်ခုဖြစ်ပါသည်။

၎င်းသည်များသောအားဖြင့်ပါးများ၊ တံတောင်ဆစ်အခေါက်များနှင့် ဒူးအနောက်များတွင်အလွန်ယားယံစေသော၊ ကြမ်းခြောက်ခြောက်အဖတ်များလိုက်ကွာထွက်တတ်သော အနီရောင်အကွက်များဖြစ်ပေါ်စေပါသည်။

ကလေးများသည် နှင်းခူပိုဖြစ်နိုင်ချေရှိသော်ငြား သူတို့လူကြီးအရွယ်ရောက်သည်နှင့် များသောအားဖြင့်ထိုအခြေအနေမှ ကျော်လွန်သွားကြပါသည်။

နှင်းခူနှင့်လူများသည် အစိုဓာတ်ကောင်းမွန်စွာမထိန်းသိမ်းပေးနိုင်သောအသားအရေရှိသောကြောင့် ၎င်းသည်ခြောက်သွေ့ပြီး လွယ်ကူစွာသည်းမခံနိုင်အာင်ခံစားရလွယ်လာပါသည်။

ဒါကဓာတုပစ္စည်းတွေကို ထွက်လာစေပြီး သည်းမခံနိုင်သောခံစားရမှုကိုပိုဆိုးစေကာ သင့်ကိုပိုကုတ်စေချင်လာပါတယ်။ ဒါပေမယ့်ကုတ်တာက သင့်ကိုပိုပြီးပဲယားစေမှာဖြစ်ပြီး အဲဒီစက်ဝန်းကသူ့ဟာသူ အပတ်လည်နေပါမယ်။

ကျွန်ုပ်တို့ဘာက နှင်းခူကိုဖြစ်စေမှန်းအတိအကျမသိပေမယ့် ၎င်းကတစ်ခါတစ်လေမှာ မျိုးရိုးလိုက်ဖြစ်တတ်ပြီး မကြာခဏဆိုသလိုပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆွမှုတစ်ခုရှိတတ်တယ်ဆိုတာကိုတော့ သိရှိပါတယ်။ နှင်းခူနဲ့ဆက်စပ်နေတဲ့ ဗီဇဂျင်းန် (gene) တစ်ခုကတော့ ဖေလာဂရင် (filaggrin) လို့ခေါ်ပြီး နှင်းခူဖြစ်တဲ့လူများက မကြာခဏ ထိခိုက်ဒဏ်ရာရကာ သူတို့ရဲ့အသားအရေရဲ့ကိုယ့်ဟာကိုပြုပြင်ကုစားနိုင်စွမ်း လျော့ကျသွားစေတဲ့ ချို့ယွင်းချက်တစ်ခုရှိပါတယ်။

အသားအရေမှာ ခုခံအားဆိုင်ရာလုပ်ဆောင်မှုတစ်ခုရှိတဲ့ အထူးဆဲလ်တွေရှိပါတယ်။ နှင်းခူက အသားအရေရဲ့အကာအကွယ်လုပ်ဆောင်မှုကို ပြိုလဲယိုယွင်းစေပါတယ်။

ဒါကဝတ်မှုန်နဲ့ဆပ်ပြာတို့လို ထိခိုက်ပြီးကသိကအောက်ဖြစ်စေတဲ့ပစ္စည်းများက အသားအရေရဲ့ ပိုမိုနက်ရှိုင်းသောအလွှာများဆီသို့ ဝင်ရောက်နိုင်တယ်လို့ဆိုလိုပါတယ်။ နှင်းခူရှိတဲ့လူများက မြက်သီးနှာစေးဖျား (hay fever) သို့ပန်းနာရင်ကြပ်ကဲ့သို့ တခြားအခြေအနေများလည်း ရှိနိုင်ပါသည်။

တစ်ခါတစ်လေမှာ နှင်းခူရောဂါရှိတဲ့ကလေးများက ဓာတ်မတည့်မှုတွေပိုပေါ်ပေါက်လာနိုင်ချေပိုများပါတယ်။ ပရိုတင်းဓာတ်အဆန်းအသစ်များက ပျက်စီးနေသောအသားအရေမှတစ်ဆင့် ဝင်ရောက်လာပြီး ခုခံအားဆဲလ်တွေကို လှုံ့ဆွလုပ်ဆောင်စေပါတယ်။

နှင်းခူဖြစ်လာဖို့ ဘာတွေကလှုံ့ဆော်ပေးတာလဲ။

နှင်းခူဖြစ်လာအောင်နှင့် ပိုဆိုးသွားအောင်လှုံ့ဆော်ပေးတဲ့ အရာအချို့ရှိပါတယ်။ နှင်းခူခံစားနေရတဲ့လူများစွာအတွက်တော့ မကြာခဏ လှုံ့ဆော်မှုကတစ်ခုထက် ပိုပါတယ်။

များသောအားဖြင့် လှုံ့ဆော်မှုတွေထဲမှာ

-ခြောက်သွေ့တဲ့အသားအရေ
-ထိခိုက်ထားသောနေရာအားကုတ်ခြင်း
-ဗိုင်းရပ်စ်သို့ ဘက်တီးရီးယားပိုးဝင်ခြင်း
-ရေကူးကန်များမှ ဓာတုပစ္စည်းများ
-သဲ၊ အထူးသဖြင့်သဲကျင်းများထဲမှသဲ
-ကော်ဇော သို့မဟုတ် မြက်အမျိုးအစားအချို့
-တိရိစ္ဆာန်များသို့ အိမ်ဖုန်ကမျဉ်းကောင်များ
-ဝတ်မှုန်များကဲ့သို့ အသက်ရှူသွင်းနိုင်သည့် ဓာတ်မတည့်မှုဖြစ်စေသောပစ္စည်းများ
-အရောင်အတုများနှင့် ကြာရှည်ခံထိန်းပစ္စည်းများ
-ရေမွှေးများ၊ ဆပ်ပြာနှင့်ဓာတုပစ္စည်းများ
-သိုးမွှေးသို့လူလုပ်ဓာတုနည်းဖြင့်ထုတ်ထားသောအထည်များ
-အပူဓာတ်သို့ အလွန်ပူသောအခန်းများ
-စိတ်ဖိစီးမှု

နှင်းခူကိုဘယ်လိုကုသရမလဲ။

သင့်၏ "ချစ်မေတ္တာ" ဆရာဝန်က သင့်နှင်းခူရောဂါဖြစ်နေ၊ မနေအဖြေဖော်ထုတ်ပေးပြီး အခြေအနေကို ထိန်းချုပ်နိုင်အောင် သင့်လျော်တဲ့ကုသမှုအစီအစဉ်ကို အကြံပေးနိုင်ပါလိမ့်မယ်။

ဒါမှာသင့်ရဲ့အသားအရေအဏုဇီဝအဖွဲ့ကို ဟန်ချက်ပြန်ညီလာအောင်ကူညီဖို့ ရောင်ရမ်းခြင်းကိုတိုက်ဖျက်ပေးမယ့်ကရင်မ်တစ်ခု ပါဝင်ကောင်းပါဝင်မယ်။

ဒါပေမယ့်လူတိုင်းရဲ့အသားအရေအဏုဇီဝအဖွဲ့ကမတူပဲ တုံ့ပြန်ခြင်းလည်းမတူကြောင်း မှတ်ထားပေးပါ၊ တစ်စုံတစ်ဦးအတွက်အကျိုးသက်ရောက်မှုကောင်းတဲ့ ကုသမှုဟာ အခြားသူတွေအတွက်တော့ မထိရောက်ကောင်း မထိရောက်ပါဘူး။

နှင်းခူလက္ခဏာတွေကိုလျှော့ချပြီး နှင်းခူကိုကုသဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ နေ့စဉ်အသားအရေကိုအနံ့မပါတဲ့အစိုဓာတ်ထိန်းဆေးလိမ်းပေးပြီး ကောင်းစွာအစိုဓာတ်ထိန်းပေးတာပဲဖြစ်ပါတယ်။ အစိုဓာတ်ထိန်းဆေးတွေက လိမ်းဆေး၊ ကရင်မ်သို့လိုးရှင်းတို့ဖြစ်နိုင်ပါတယ်။ သင်သင့်အတွက်အထိရောက်ဆုံး အစိုဓာတ်ထိန်းဆေးကိုတွေ့ဖို့ တံဆိပ်အချို့ကိုစမ်းသပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

အစိုဓာတ်ထိန်းဆေးတွေကအသားအရေရဲ့အကာအကွယ်အလွှာကို ပြုပြင်ပေးပြီး ရေဓာတ်ကိုလျှော့ချပေးခြင်းဖြင့် အလုပ်လုပ်ပါတယ်။

နှင်းခူက ဓာတ်မတည့်တဲ့ပစ္စည်းတွေ အသားအရေရဲ့ပိုမိုနက်ရှိုင်းတဲ့အလွှာတွေဆီ ဝင်ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါက်တာကြောင့် အစားအသောက်ပါဝင်ပစ္စည်းတွေ၊ ဥပမာ ယာဂုတွေ၊ ဆိတ်နို့နဲ့ ဗာဒံဆီတို့ ပါတဲ့အစိုဓာတ်ထိန်းဆေးကိုမသုံးဖို့အရေးကြီးပါတယ်။ အစားအသောက်ပါဝင်ပစ္စည်းတွေပါတဲ့ အစိုဓာတ်ထိန်းဆေးတွေကိုသုံးတာဟာ အဲဒီအစားအသောက်နဲ့ဓာတ်မတည့်ခြင်းကိုဖြစ်လာစေပါတယ်။

ကျွန်ုပ်တို့လုပ်ဖို့ခက်ခဲမှန်းသိသော်ငြားလည်း ရောဂါပိုးဝင်နိုင်ချေကိုတိုးပွားစေတဲ့ အသားအရေပေါက်ပြဲမှုကို လျှော့ချနိုင်ဖို့ နှင်းခူနေရာကိုမကုတ်တာအကောင်းဆုံးပါပဲ။

နှင်းခူဟာ အသားအရေနဲ့ပဲဆိုင်တာ မဟုတ်ပါ။

နှင်းခူလိုဖြစ်တတ်တဲ့အသားအရေအခြေအနေတွေဟာ အသားအရေနဲ့ပဲဆိုင်တာမဟုတ်မှန်း မှတ်မိနေဖို့လည်း လိုပါတယ်။

အစားအသောက်ကိုကောင်းမွန်စွာ စားသုံးခြင်းနှင့်ရေလုံလောက်စွာသောက်သုံးခြင်းတို့ကဲ့သို့ အသားအရည်ရဲ့အစိုဓာတ်ကိုထိန်းပြီး နေဒဏ်ကနေကာကွယ်ပေးထားဖို့အတွက်ကလည်း သင့်အသားအရေရဲ့ အဏုဇီဝအဖွဲ့ကိုကျန်းမာနေစေအောင် ထိန်းသိမ်းဖို့အရေးကြီးပါတယ်။

သင့်မှာထိလွယ်ရှလွယ်တဲ့အသားအရေရှိလျှင်လည်း ဘက်တီးရီးယားချေမှုန်းတဲ့ဆပ်ပြာလိုမျိုး ကြမ်းတမ်းတဲ့ဆပ်ပြာတွေကိုရှောင်တာ သို့ဆပ်ပြာမပါတဲ့ဆေးရည်ကိုသုံးတာကလည်း အသုံးဝင်နိုင်ပါတယ်။

ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်။ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာပြည့်စုံကြပါစေရှင်။

Greetings to all! This week, health knowledge titled "Eczema and Your Skin Microbiome - How Are They Related?" will be shared.

Eczema and your skin microbiome—how are they related?

Did you know your skin is covered in trillions of bugs? Yet don’t be alarmed, while you can’t see them, most of these bugs or micro-organisms are there to help you to stay healthy.

These micro-organisms make up your skin microbiome. When they are balanced and happy your skin usually is too.

Your skin microbiome works similarly to your gut microbiome, which is also made up of micro-organisms. These micro-organisms mainly contain bacteria that play a key role in digesting food and absorbing nutrients. But there’re good bacteria – and bad bacteria.

The ‘balance’ of our gut can be disrupted by several factors, and this can cause inflammation, which can lead to physical or mental conditions.

Just like your gut, when your skin microbiome is out of balance and the bad bacteria takes over, it can become inflamed, leading to the development of common rash conditions like eczema and dermatitis.

Common skin conditions like acne and dandruff can also be a sign that your skin microbiome is unbalanced.

What is eczema?

Eczema, also known as atopic dermatitis, is a common skin condition. It’s an inflammatory skin condition that can affect both children and adults.

It causes very itchy, scaly, red patches of skin, usually on cheeks, in elbow creases and behind the knees.

Children are more likely to suffer from eczema; however, they usually grow out of the condition by the time they reach adolescence.

People with eczema have skin that doesn’t keep the moisture in very well, so it becomes dry and easily irritated.

This causes chemicals to be released, which worsens the irritation and makes you want to scratch. But scratching only makes your skin itchier and so the cycle repeats itself.

We don’t really know exactly what causes eczema, but we do know that it can sometimes be genetic, and often has an environmental trigger. One gene linked to eczema is called filaggrin and people who get eczema often have a defect which reduces their skin’s ability to repair itself after injury.

The skin has special cells that have an immune function. Eczema causes a breakdown in the skin’s barrier function.

This means that irritants, such as pollens and soaps, can enter the deeper layers of the skin. People who have eczema may also have other conditions like hay fever or asthma.

Sometimes, children with eczema are more prone to developing allergies. Foreign proteins make their way through the damaged skin and activate the immune cells.

What triggers eczema?

There are a number of triggers that can cause and make eczema worse. For many eczema sufferers, there is often not just one trigger.

Usual triggers include:

-dry skin
-scratching the affected area
-viral or bacterial infections
-chemicals from swimming pools
-sand, especially from sandpits
-some types of carpet or grass
-animals or house dust mites
-allergens that you can breathe in, such as pollen
-artificial colours and preservatives
-perfumes, soap and chemicals
-woollen or synthetic fabrics
-heat or very hot rooms
-stress

How do you treat eczema?

Your Chit Myittar doctor will be able to diagnose you with eczema and advise a suitable treatment plan to manage the condition.

This may include an anti-inflammatory cream to help bring your microbiome back into balance.

But remember that everyone’s skin microbiome is different and reacts differently – and an effective treatment for one person may not necessarily work for others.

The most effective way to relieve symptoms and treat eczema is to keep the skin well moisturised by using a non-perfumed moisturiser on your skin every day. Moisturisers could be ointments, creams or lotions. You might have to try a few brands to find the most effective moisturiser for you.

Moisturisers work by repairing the skin barrier and reducing water loss.

Because eczema means allergens can enter the deeper layers of the skin, it’s important not to use moisturisers containing food ingredients. e.g. oats, goats’ milk, almond oil. Using moisturisers containing food ingredients can cause an allergy to that food to be developed.

While we know it’s hard to do, it’s best to avoid itching the area to reduce breaking the skin which can increase the chance of infection.

Eczema is more than skin deep

It’s also important to remember that common skin conditions like eczema are not just skin deep.

Eating well and drinking plenty of water is also important to help keep your skin microbiome healthy, as well as keeping your skin moisturised and protected from the sun.

It may also be useful to avoid harsh soaps such as antibacterial soaps if you have sensitive skin or look at using a soap free wash.

Thanks for reading. I hope you all enjoyed this. May everyone attain healthy and perfect lives!

Photos from Chit Myittar Pharmacy - ချစ်မေတ္တာ ဆေးဆိုင်'s post 25/03/2022

အားလုံးပဲ မင်္ဂလာပါရှင်။ ဒီအပတ်မှာတော့ ယခင်အပတ်ကပြောထားတဲ့အတိုင်း အစာမစားပဲနေခြင်း(fasting) နဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတလေးမျှဝေချင်ပါတယ်။ (English Below)

၇၂ကြာ အစာမစားပဲနေခြင်း(fasting) ၏ ကောင်းကျိုးများ

သင်အစာမစားပဲနေခြင်း (fasting) ကို သင့်ကျန်းမာရေးပိုကောင်းဖို့အတွက် နည်းလမ်းတစ်ခုအဖြစ် စဉ်းစားဖူးပါသလား။ သင်အစာမစားပဲအားအင်မည်မျှရှိမည်ကိုစမ်းသပ်ဖူးပါသလား၊ သင်အစာစားရပ်လိုက်မည်ဆိုလျှင် သင့်၏ခန္ဓာကိုယ်က မည်ကဲ့သို့တုံ့ပြန်မည်ဆိုသည်ကို။

သတ်မှတ်ထားသောအချိန်တစ်ခုအတွင်း အစာရှောင်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားသော fasting သည်ဝိတ်ကျခြင်းနှင့် ပိုမိုကောင်းမွန်သော ဦးနှောက်လုပ်ဆောင်ခြင်းအပါအဝင်မြောက်များစွာသော ကျန်းမာရေးဆိုင်ရာကောင်းကျိုးများနှင့်ဆက်စပ်နေပါသည်။ Fasting လုပ်ဖို့နည်းလမ်းများစွာရှိပြီး အလုပ်အများဆုံးနည်းလမ်းများကတော့ ၂၄နာရီကနေ ၇၂နာရီကျော်အထိတွေပါ။ လူကြီးထွားဖွင့်ဖြိုးရေးဟောမုန်းတွေက ၇၂အကြာမှာစလှုပ်ရှားပြီး တိုးတက်လာမှုက ၃၀၀ရာခိုင်နှုန်းလောက်တောင်ရှိနိုင်ပါတယ်။ သင့်ရဲ့အစာတောင့်တခြင်းတွေမရှိတော့ဖို့လည်း နှစ်ရက်ကျော်လိုအပ်ပါတယ်။

၇၂နာရီကြာ fasting အတွက် သင့်ရဲ့အစာစားချင်စိတ်အတွက် ကယ်လိုရီမပါတဲ့ စီမံခန့်ခွဲမှုနည်းဗျူဟာရှိရပါမယ်။ Fastingကာလအတွင်း သင်သိပ်နေလို့ကောင်းနေဖို့အတွက် စပါကလင်ရေ (sparkling water)၊ ကော်ဖီနဲ့ လက်ဖက်ရည်လိုမျိုးကို ဆောင်ထားလိုက်ပါ။

ဘာလို့ Fasting လုပ်ရမှာလဲ။

Fasting ကအထူးသဖြင့်ကိုယ်ခံအားစနစ်အတွက် ကြီးမားတဲ့ကောင်းကျိုးတွေရှိပါတယ်။ ၇၂ကြာ fasting လုပ်ခြင်းကအသစ်ပြန်လည်စတင်ခြင်းသို့ ကိုယ်ခံအားစနစ်အသစ်တစ်ခုဆောက်လုပ်ခြင်း၊ မွေးဖွားခြင်းနှင့်သက်ဆိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်က ကာဗွန်ဟိုက်ဒရိတ်တွေဆီက ဂလူးကို့စ်သကြားထပ်မဝင်တော့တာကြောင့် အဆီဓာတ်တွေကို ဖြိုခွဲပြီး ၎င်းကိုအခြားနည်းနဲ့စွမ်းအင်ထောက်ပံ့တဲ့ ကီတုန်းတွေကိုဖန်တီးဖို့လိုလာပါတယ်။

ဂလူးကို့စ်သကြားအစား ကီတုန်းတွေနဲ့ခန္ဓာကိုယ်လည်ပတ်နေခြင်းက ကောင်းကျိုးများစွာရှိပါတယ်။ ဒါမှာ ကီတုန်းတွေကိုဖြစ်စဉ်မလုပ်ပေးနိုင်သော သင့်ရဲ့ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးခြင်းပါဝင်ပါတယ်။ ကီတိုဂျင်းနစ်စားသောက်ပုံတွေကနတစ်ဆင့် သင့်ရဲ့ခန္ဓာကိုယ် ကီတိုစစ် (ခန္ဓာကိုယ်၌ ကီတုန်းဘော်ဒီ များပြားနေခြင်း) အခြေအနေမှာဆက်ရှိနေအောင်အတွက် အဲဒီကောင်းကျိုးတွေကို ပိုမိုကြာရှည်အောင်ထိန်းသိမ်းနိုင်ပါတယ်။ သင့်မှာအဓိကကီတုန်းတစ်ခုဖြစ်တဲ့ ဘီတာ-ဟိုက်ဒရိုစီဗျူတရိတ် beta-hydroxybutyrate (BHB)ရဲ့သွေးပမာဏက ဝ.၅ မီလီမိုးလ် (mmol) ကိုကျော်နေရင် သင်ကအပျော့စားကီတိုစစ်အခြေအနေတစ်ခုကို ရောက်နေပါပြီ။

Fasting ရဲ့အဓိကကောင်းကျိုးများထဲတွင်
_သွေးဖြူဥများ၊ မက်ခရိုဖေ့ဂျ် (macrophage) နှင့် နျူထရိုဖီးလ် (neutrophil)များ(အမှိုက်သရိုက်များနှင့် ရောဂါ ဖြစ်သောပစ္စည်း၊ ပိုးမွှားများအားရှင်းလင်း၍ ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားပိုးမွှားအား ဝါးမျိုချေဖျက်နိုင်သော ကလာပ် စည်းများ) အားလှုံ့ဆော်ပေးခြင်း။ Fasting သည်သွေးဖြူဥများ၏တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးပြီး ယင်းတို့အားပိုသန်မာစွာ တိုက်ဖျက်နိုင်စေပါသည်။
-ယင်းသည် တီဆဲလ်(T cell)များကိုတိုးတက်စေအောင်လည်း လုပ်ဆောင်ပေးသည်၊ အထူးသဖြင့် အလွန်အကျူးအလုပ်လုပ်နေသောကိုယ်ခံအားစနစ်အား လျှော့ချပေးသည့် လှည့်ပတ်မှုဆိုင်ရာ T cell များအား တိုးမြှင့်ပေးသည်။
-Fasting သည်ရောင်ရမ်းခြင်းကိုလည်း ထိရောက်အားကောင်းစွာ လျှော့ချပေးသည်။
-Fastingသည် ဆိုက်တိုကင်နစမ် (cytokinesm)(သွေးဖြူဆဲလ်များ၏ကြားတွင် ဆက်သွယ်မှုများအား အချက်ပြထုတ်လွှတ်သော ဆိုက်တိုကိုင်းများ)ကိုကူညီထောက်ပံ့သည်။
-၎င်းသည် အင်တီဘော်ဒီ ပဋိပစ္စည်းများဖန်တီးဖြစ်ပေါ်ခြင်းနှင့် ယခင်ရောဂါပိုးမွှားများဝင်ရောက်ခဲ့ခြင်းကြောင့် နောက်တစ်ခေါက်ထပ်ရောဂါပိုးမွှားများဝင်ရောက်ခြင်းအတွက်သင် အသင့်ပြင်ဆင်ထားနိုင်ဖို့ ယခင်ရောဂါပိုးမွှားများဝင်ရောက်ခဲ့ခြင်းမှ မှတ်ဉာဏ်ဖွံ့ဖြိုးဖြစ်ပေါ်လာခြင်းတို့နဲ့ အလွန်သက်ဆိုင်သောဘီဆဲလ် (B Cell) များကိုလည်းထောက်ပံ့သည်။
-Fasting သည်ပင်မကလာပ်စည်း stem cell များအလုပ်လုပ်စေရန် ရပ်ဆိုင်းပေးရန်လိုသော P-K-A ဆိုသည့် ဒြပ်ပေါင်းကိုလျှော့ချပေးသည်။ Stem cell များသည်ကိုယ်ခံအားအသစ်တစ်ခု တည်ဆောက်ရန်အလုပ်လုပ်သည်။
-Fastingသည်ဟောင်းရွင်း၍ ပျက်စီးနေသော ဆဲလ်အဖြူများအား အော်တိုဖေဂီ (autophagy) ဟုခေါ်သောဖြစ်စဉ်မှတစ်ဆင့် ဖျက်စီးသုတ်သင်ပေးသည်။ သင် fast လုပ်လျှင် ဤဖြစ်စဉ်အားစတင်ဖြစ်ပေါ်စေပြီး ၎င်းကမထိရောက်ပဲနှင့် အလုပ်မလုပ်ပဲ နေရာယူထားသော ဆဲလ်အဖြူများအား လိုက်၍သုတ်သင်ရှုင်းလင်းဖျက်စီးပေးသောကြောင့် သင်ကျန်းမာသောဆဲလ်အဖြူအသစ်များအတွက် နေရာဖန်တီးရရှိနိုင်ပါသည်။

ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာပြည့်စုံကြပါစေရှင်။

Greetings to all! This week, like mentioned last week, health knowledge concerning fasting will be shared.

72 Hr Fasting Benefits

Have you ever considered fasting as a means to improve your health? Have you tested how much energy you’d have without eating; how your body would react if you stopped consuming food?

Defined as the abstinence from food for a fixed period, fasting has been linked to several health benefits, including weight loss and better brain function. There are many ways to fast, and most common types are practiced over 24 to 72 hours. Human Growth Hormone levels take off around the 72-hour mark, and the increase can be as huge as 300%. Also, you need more than two days to get rid of your cravings.

For 72-hour fasting, you must have a non-calorie appetite management strategy. Keep sparkling water, coffee, and tea with you to ensure that you feel great during the fasting period.

Why Fasting?

Fasting has immense benefits on the immune system in particular. The benefits of fasting for 72 hours have to do with ‘re-booting- or growing a ‘new’ immune system. As your body has no more incoming glucose from carbohydrates, it needs to break down your body fat and create ketones which provide your body an alternative form of energy.

There are many benefits to your body running on ketones instead of glucose. This includes purging your body of cancerous cells, which are unable to process ketones. Through ketogenic diets these benefits can be extended, in order for your body to remain in ketosis. You are in a state of light ketosis when your blood level of beta-hydroxybutyrate (BHB), a major ketone, exceeds 0.5 mmol.

Key benefits of fasting include:
-Boosting white blood cells, macrophages and neutrophils (the phagocytes that clean up debris/pathogens and kill of viruses and bacteria). Fasting helps enhance the ‘weaponry’ from the white blood cells, allowing them to fight stronger.
-It also enhances your T cells, especially the T regulatory cell which suppresses overactive immune system.
-Fasting can also strongly suppresses inflammation.
-Fasting helps to support the cytokinesm, the cytokines which signal communications between the white blood cells.
-It also supports the B cells, which have a lot to do with creating antibodies and developing memory from an infection you had so you are ready and prepared for the next infection.
-Fasting decreases P-K-A, a compound that needs to be inactivated for the stem cells to be activated. Stem cells work to build a new immune system.
-Fasting kills old and damaged white blood cells, through a mechanism called autophagy. When you fast, you turn on this mechanism and it goes after the white blood cells that are inefficient, aren’t working, that or taking up space and cleans them up so you can create space for the new healthy white blood cells.

Thanks for reading. I hope you all enjoyed this. May everyone attain healthy and perfect lives!’’

Photos from Chit Myittar Pharmacy - ချစ်မေတ္တာ ဆေးဆိုင်'s post 18/03/2022

ကျွန်ုပ်တို့ ကီတိုဂျင်းနစ် သို့ ကစီဓာတ်နည်း စားသောက်ပုံနဲ့ အင်ဆူလင်ကို ဘယ်လိုလျှော့ချရမလဲ။ (English Below)

အားလုံးပဲမင်္ဂလာပါ။ ဒီအပတ်မှာတော့ အထက်ပါခေါင်းစဉ်နဲ့ကျန်းမာရေးဗဟုသုတ မျှဝေပေးပါမယ်။

ကီတိုဂျင်းနစ်စားသောက်ပုံ အစီအစဉ်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွင်း အင်ဆူလင်ကို လျှော့ချရန် ကောင်းမွန်မြန်ဆန်သောနည်းတစ်နည်းဖြစ်ပါသည်။
ဤတွင်သင့်၏ကျန်းမာရေးတိုးတက်ဖို့အတွက် ကီတိုနေထိုင်မှုပုံစံကိုလိုက်စားရန် မသိမဖြစ်အကြံပြုချက်များ မျှဝေသွားပါမည်။

၁။ သကြားကို ပယ်ဖြတ်လိုက်ပါ။

သင့်၏အကောင်းဆုံးကျန်းမာရေးကိုရရှိနိုင်ဖို့လမ်းသည် သင့်၏အစားအသောက်များထဲမှ သကြားမှန်သမျှကို ပယ်ဖျက်ခြင်းဟု ဆိုလိုပါသည်။ သကြားအစား လက်ခံနိုင်သည့် စတီဗီယာ(stevia)၊ ပြုပြင်ပြောင်းလဲထားခြင်းမရှိသော အီရီသရီတောလ် (erythritol)နှင့်ပြုပြင်ပြောင်းလဲထားခြင်းမရှိသော ဇိုင်လီတော်လ် (xylitol)တို့အပါအဝင် အချိုအစားထိုးပစ္စည်းများစွာ ရွေးချယ်ရရှိနိုင်ပါသည်။

အောက်ပါတို့ကိုရှောင်ပါ။

၁။ စားပွဲတင်သကြား (ကြံနှင့် မုန်လာဥ)
၂။ Fructose ဖရက်ခ်တို့စ်သကြား
၃။ ပျားရည်
၄။ သကြားညို
၅။ Agave nectar ( အဂေ့ဖ် ဝတ်ရည်)
၆။ Dextose (ဒက်ခ်စတရို့စ် ဂလူးကို့စ်တစ်မျိုး)
၇။ Maltodextrin (မယ်လ်တိုဒက်ခ်တရင်းန်)
၈။ ဖရက်ခ်တို့စ်သကြားများသော ပြောင်းဖူးရည်
၉။ Maple syrup မေပယ်ရည်
၁၀။ Rice syrup ဆန်ရည်
၁၁။ အချိုရည်
၁၂။ အယ်လ်ကိုဟော်လ် အရက်

၂။ သင့်စားသောက်မှုပုံစံထဲမှ ဝှက်ထားသောသကြားများကို ပယ်ဖျက်ကြပါ။

လူအမြောက်အများမဆင်ခြင်ကြသော ဝှက်ထားသည့် ကာဗွန်ဟိုက်ဒရိတ်လေးမျိုး

စပါးစေ့၊ ပြောင်းစေ့များ
starch စတာ့ချ် အမှုန့်များ
အသီးများ
ပတောင့်ရှည်မျိုးပဲများ

ရှောင်ရှားရမည့်စပါးစေ့၊ ပြောင်းစေ့များအဖွဲ့ ထဲတွင်ပေါင်မုန့်၊ ပါစတာအီတလီခေါက်ဆွဲ၊ စီရီယယ်လ် (oatmeal ယာဂုတောင်ပါဝင်ပြီး)၊ ခရက်ကာများ၊ ဘီစကွတ်များ၊ ပန်ကိတ်ဘိန်းမုန့်များနှင့် ဝါဖယ်လ် ဝေဖာမုန့်များပါဝင်ပါသည်။ တစ်စုံတစ်ခုသည် ကစီဓာတ်မပါဝင်သော်ငြား စပါးစေ့၊ ပြောင်းစေ့အုပ်စုထဲ မပါဝင်ဟု မဆိုလိုပါ။

ကစီဓာတ်အဓိပ္ပါယ်ဖွင့်ဆိုချက်: စပါးစေ့၊ ပြောင်းစေ့များအဖွဲ့ထဲတွင် ပါဝင်သော ပရိုတင်း

ကီတိုဂျင်းနစ်စားသောက်ပုံအစီအစဉ်အရ သင်သည်အစေ့အဆန်များအားလုံးကိုရှောင်ကြဉ်ပါမည်။ ယင်းတို့ထဲတွင် အုတ်ဂျုံ၊ ဂျုံ၊ မုယောစပါး၊ ယေဇကျေလပေါင်မုန့် (Ezekiel bread)၊ အညှောက်မုန့် (sprouted bread) နှင့် ကီနိုယာ (quinoa) တို့ပါဝင်ပါသည်။

ချွင်းချက်: တစ်ခုတွင်ကစီဓာတ် ၄ဂရမ်သာရှိသော နည်းပါးသည့် ကောက်ပေါင်မုန့်ကြွပ် (rye crispbread) ပမာဏများ။ ၎င်းတို့သည်အသားတင်ကစီဓာတ်များသာဖြစ်ပြီး ဖိုက်ဘာအမျှင်ဓာတ်မပါဝင်သော ကစီဓာတ်စုစုပေါင်းကိုဆိုလိုပါသည်။

ရှောင်ကြဉ်ရမည့် ကစီဓာတ်တွေထဲမှာ အာလူးအဖြူနဲ့အနီ၊ ကန်စွန်းဥ၊ ပီလောပီနံ (yam)၊ အာလူးအဖြူနဲ့အနီ၊ ပြောင်းဖူးနဲ့ ပြောင်းဖူးကစီဓာတ်တို့ပါဝင်ပါတယ်။ မည်သည့်ပတ်ဖ်(puff)ပုံစံဆန်မုန့်များမဆိုလည်း ပါဝင်ပါတယ်။

ရှောင်ရမည့်အသီးများထဲတွင် ပန်းသီးများ၊ ပြောင်းဖူးများ၊ နာနတ်သီးများ၊ သစ်တော်သီးများ၊ သဖန်းသီးများ၊ စပျစ်သီးများ (စပျစ်သီးခြောက်များ) နှင့် သစ်သီးဖျော်ရည်များ (လိမ္မော်သီး၊ စပျစ်သီးနှင့် ပန်းသီး နှင့် ခရမ်းချဉ်သီးဖျော်ရည်တောင်မှ) ပါဝင်ပါသည်။

ချွင်းချက်: တစ်နေ့လျှင် ဘယ်ရီသီးခွက်တစ်ဝက် မှတစ်ခွက်စာစီ ပမာဏငယ်။

ပတောင့်ရှည်မျိုးပဲများထဲတွင် ရှောင်ရှားရန် ပဲများပါဝင်ပါသည်။

ချွင်းချက် : ဟမ်းမက်စ်၊ ဒါပေမယ့်အဲဒါက ပဲပိစပ်သို့ကာနိုလာဆီနှင့်လုပ်ထားတာ မဟုတ်မှန်းသေချာပါစေ။

၃။ သကြားနှင့် သန့်စင်ထားသော ကစီဓာတ်များနှင့် ပရိုတင်းများပေါင်းစည်းခြင်းကိုလျှော့ချပါ။

ကာဗိုဟိုက်ဒရိတ်များစားသုံးခြင်းထက် ပိုဆိုးသည်မှာ ဘာရှိမလဲ။ သကြားနှင့် သန့်စင်ထားသော ကစီဓာတ်များနှင့် ပရိုတင်းများပေါင်းစည်းခြင်းသည် အင်ဆူလင်အား ၂၀၀%သို့ပို၍ ထိုးတက်သွားစေနိုင်ပါသည်။

အောက်ပါပေါင်းစည်းခြင်းများကိုရှောင်ပါ။

-ဟန်ဘာဂါနှင့် ဘန်းပေါင်မုန့်
-ဟော့ဒေါ့ခ်နှင့် ဘန်းပေါင်မုန့်
-ပရိုတင်းနှင့်ပေါင်မုန့်အရောအနှောများ ခြုံငုံ၍
-အာလူးချောင်းများနှင့် ဘာဂါ
-ဘာဂါနှင့် ခရမ်းချဉ်သီးဆော့စ် (
Mustard မုန်ညင်းဆော့စ်မှလွဲ၍ ဟင်းခတ်အမွှေးအကြိုင် အများစုမှာ သကြားအမြောက်အများပါဝင်သည်။)
-ဆိုဒါနှင့်ဘာဂါ
-ဝက်သားချိုချဉ်
-ပေါင်မုန့်ပါဝင်သို့ ပေါင်မုန့်ဖြင့်ကြော်ထားသောအသားများ
-အမဲသားတောက်တောက် Beef jerky (သကြားမပါလျှင် ချွင်းချက်)
-အသင့်စားဖွယ်အသားများ Deli meats (သကြားမပါလျှင် ချွင်းချက်)
-စပါဂတီခေါက်ဆွဲနှင့် အသားလုံးများ
-လာဇာညာ Lasagna
-ကြက်ဥနှင့်ပေါင်မုန့်ကင်
-အသားညှပ်ပေါင်မုန့်များ
-အသားကင်
-သကြားကာသုတ်ထားသောကြက်တောင်ပံများ
-ချိစ်နှင့်ခရက်ကာများ (တစ်ခုတွင်အသားတင် ကစီဓာတ် ၄ဂရမ်သာရှိသော နည်းပါးသည့် ကောက်ပေါင်မုန့်ကြွပ် (rye crispbread) ပမာဏများ) မှလွဲ၍

၄။ အမ်အက်စ်ဂျီ (MSG) ကိုပယ်ဖျောက်ပါ။

MSG ဟုသိကြသော မိုနိုဆိုဒီယမ်ဂလူတမိတ်သည် အရသာကိုတိုးမြှင့်ပွားပေးသော ဓာတုပစ္စည်းတစ်ခုဖြစ်ပါသည်။ ၎င်းသည်အစားအသောက်၏ ပင်ကိုယ်အရသာအစစ်အမှန်ထက် ပို၍ကောင်းရန်လုပ်ဆောင်ပါသည်။ ၎င်း၏အလုပ်လုပ်ပုံမှာ သင့်၏အရသာခံဖုများအားပို၍ ကြီးမားလာစေပြီး အရသာကောင်းမြိန်သော ခံစားချက်ပိုလာအောင်လုပ်ခြင်းဖြင့်ဖြစ်ပါသည်။ ၎င်းသည်ကုန်စုံဆိုင်များစွာနှင့် စားသောက်ဆိုင်များစွာတို့တွင်ရှိပါသည်။ ၎င်းကိုတခြားနာမည်များနှင့် ထည့်ထားနိုင်ကြောင်းသတိမူပါ။ ပြုပြင်မွန်းမံထားသောပြောင်းဖူးကစီဓာတ် (modified corn starch)နှင့် ပြုပြင်မွန်းမံထားသောကစီဓာတ် (modified starch) တို့သည် ယင်းနာမည်များထဲမှအချို့ဖြစ်ပါသည်။ ဒါကြောင့်သင်အညွှန်းစာများကိုသေချာဖတ်ပြီး စားပွဲထိုးအားမီးဖိုချောင်ထဲတွင် MSG သုံး၊ မသုံးသေချာမေးပါ။ ပြုပြင်မွန်းမံထားသောပြောင်းဖူးကစီဓာတ်သည် ကော်မာရှယ်မလိုင်ထုတ်ပြီးသောဒိန်ခပျော့ (commercial cottage cheese) တွင်ပင်တွေ့နိုင်ပါသည်။ MSG သည်ကာဘိုဟိုက်ဒရိတ်ကစီဓာတ်မဟုတ်လင့်ကစား အင်ဆူလင်ကို ၃၀၀%ထိုးတက်စေပါသည်။

၅။ တုပပြုလုပ်ထားသောအချိုဓာတ်ပစ္စည်းများကို ပယ်ဖျောက်ပါ။

Aspartame အက်စ်ပါတမီ နဲ့ saccharine စက်ချာရင်း (ပေါင်ဒါသဏ္ဍာန် ဝိတ်ထိန်း diet အချိုဓာတ်ပစ္စည်းတွေမှာ တွေ့ရလေ့ရှိတဲ့) တို့ကိုရှောင်ကြဉ်ပါ။ သူတို့တွေမှာ သကြားမပါဝင်ပေမယ့်လည်း သူတို့ကအင်ဆူလင်ကို ထိုးတက်စေပါတယ်။ သင်ရှာတွေ့သမျှ မည်သည့်သကြားအစားထိုးပစ္စည်းကိုမဆို စားသုံးရန်ကျန်မာရေးနဲ့ကိုက်ညီ၊ မညီ သေချာလေ့လာပါ။

လူတွေအများကြီးက နှစ်ပေါင်းများစွာ ဝိတ်ထိန်းဆိုဒါ (diet soda) တွေကို သူတို့ရဲ့တုပပြုလုပ်ထားသောအချိုဓာတ်ပစ္စည်းများအကြောင်း မသိပဲသောက်သုံးနေကြသည်။ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားခြင်းမရှိသော အီရီသရီတောလ်(erythritol) နဲ့ ဇိုင်လီတော်လ် (xylitol) တို့ကသိပ်ကောင်းတဲ့ အစားထိုးတွေဖြစ်ပြီး ဂလူးကို့စ်အဖြစ်သို့ လုံးဝပြောင်းလဲခြင်းမရှိတဲ့ စတီဗီယာ (Stevia) ကလည်းအကောင်းဆုံးဖြစ်ပါတယ်။ သင်ဆိုဒါအရသာနဲ့လုပ်ထားတဲ့ xylitol ကိုတောင်ရနိုင်ပြီး ရေထဲထည့်ကာ အင်ဆူလင်ထိုးမတက်သွားစေမယ့် အပျော့စားအချိုရည်အရသာ ရရှိနိုင်ပါတယ်။

၆။ အဆီဓာတ်နည်းပရိုတင်းကနေ အဆီဓာတ်များပရိုတင်းဆီသို့ပြောင်းလိုက်ပါ။

သင် သွေးထဲသကြားဓာတ်တက်စေသောအညွှန်း glycemic index ဆိုသည်ကိုတော့ကြားဖူးသည်။ သို့သော် အင်ဆူလင် အညွှန်းဆိုသည်ကိုရော ကြားဖူးပြီးပြီလား။

အင်ဆူလင်အညွှန်း အဓိပ္ပါယ်ဖွင့်ဆိုချက်

သည်အညွှန်းသည် အင်ဆူလင်တက်လာစေသော ကာဘိုဟိုက်ဒရိတ်မဟုတ်သည့် လှုံ့ဆော်စာအားလုံးကို အဆင့်သတ်မှတ်သည်။ အလွန်တက်စေသော လှုံ့ဆော်စာကြီးတစ်ခုမှာ အဆီဓာတ်လုံးဝမပါဝင်သော ပရိုတင်းဓာတ်ဖြစ်သည်။ ဥပမာတစ်ခုမှာ ဝှေးပရိုတင်းပေါင်ဒါ whey protein powder ဖြစ်သည်။

ကျွန်ုပ်တို့က အဆီဓာတ်နည်းပရိုတင်းက ကျွန်ုပ်တို့ရဲ့ကျန်းမာရေးအတွက်ပိုကောင်းတယ်လို့ ပြောပြခံထားခဲ့ရတဲ့အတွက် ဒါကစိတ်ဝင်စားဖို့ကောင်းပါတယ်။ တိရစ္ဆာန်ရဲ့ပရိုတင်းက အဆီပိုများလေလေ ၎င်းရဲ့အင်ဆူလင်အပေါ်သက်ရောက်မှုနည်းလေလေပါပဲ။ ထပ်အသားပေးပြောချင်ပါတယ်၊ တိရစ္ဆာန်ရဲ့ပရိုတင်းက အဆီပိုများလေလေ ၎င်းရဲ့အင်ဆူလင်တုံ့ပြန်မှုနိမ့်လေလေပါပဲ။ ပရိုတင်းကိုစားသုံးတဲ့အခါမှာ အဆီပိုများတဲ့ ပုံစံကိုရွေးပါ။ သူတို့ထဲမှာ ချိစ်၊ နို့ထွက်ပစ္စည်း၊ အသား၊ အဆီပိုများတဲ့ငါး စသည်တို့ပါဝင်ပါတယ်။ ဖြစ်နိုင်ရင်ကြက်သားပေါ်ကအရေခွံကို မဖြုတ်ပဲစားတာလည်းပိုကောင်းပါတယ်။

7. ပရိုတင်းပမာဏအပိုများကိုရှောင်ရှားပါ။

အင်ဆူလင်၏ အခြားလှုံ့ဆော်ပစ္စည်းတစ်ခုမှာ များပြားလှသောပရိုတင်းပမာဏများဖြစ်ပါသည်။ ဒါသည်အတ်ကင်စ်စားသောက်ပုံ (Atkins diet) ၏ ပြဿနာတစ်ခုဖြစ်ခဲ့ပါသည်။ အစာနပ်တစ်ခု၏ အများဆုံးသောပရိုတင်းပမာဏမှာ ၃အောင်စမှ ၆အောင်စလောက်ဖြစ်ပါသည်။ ပရိုတင်းသည် ကြွက်သား၊ တန်ဒွန်အရွတ်၊ အဆစ်အရိုးနု(joint cartilage)နှင့် အရိုးအတွက်ပင် ကုန်ကြမ်းကဲ့သို့အရာများအား ပြုပြင်၍ထောက်ပံ့ပေးရန်လိုအပ်ပါသည်။ ၎င်းအားစွမ်းအင်လောင်စာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ မည်သို့ပင်ဖြစ်ပစေ ပရိုတင်းအလွန်အကျွံဖြစ်သွားရင်တော့ အင်ဆူလင်ကိုလှုံ့ဆော်ပြီး၎င်းကသကြားအဖြစ်သို့၊ နောက်အဆီအဖြစ်သို့ပြောင်းလဲသွားပါသည်။ လူတွေရှိလေ့ရှိတဲ့ မေးခွန်းတစ်ခုက "ကျွန်ုပ်ရဲ့ကြွက်သားတွေကိုတည်ဆောက်ဖို့ ပရိုတင်းတွေအများကြီး စားနေဖို့ မလိုဘူးလား။" အသည်းကပရိုတင်းပမာဏအတိုင်းအတာတစ်ခုအထိသာ လက်ခံနိုင်ပြီး သင်သင့်လျော်ရာအလယ်အလတ်ပမာဏတစ်ခုအထိသာထိန်းသိမ်းဖို့လိုအပ်ပါသည်။ ကြွက်သားတွေတည်ဆောက်ဖို့ အင်ဆူလင်ပုံမှန်ပမာဏလည်းလိုအပ်ပါတယ်၊ အဲဒါကြောင့် ဆီးချိုသမားတွေ မကြာခဏသူတို့ရဲ့ကြွက်သားတွေဆုံးရှုံးရပြီး ပျော့တိပျော့တွဲဖြစ်လာတတ်ပါတယ်။

၈။ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသောပဲပိစပ်ဆီနှင့် ပြောင်းဖူးဆီတို့ကိုရှောင်ကြဉ်ပါ။

ကံမကောင်းစွာနဲ့ သိပ်၍မျောက်မြားစွာသုံးစွဲလေ့ရှိကြသောဆီများဖြစ်သည့် ပဲပိစပ်၊ ကာနိုလာနဲ့ ပြောင်းဖူးဆီတို့က အင်ဆူလင်မတိုးတော့ခြင်း ဖြစ်စေပါတယ်။ ဆီကအော်ဂဲနစ်မဖြစ်လျှင် အဖြစ်နိုင်ဆုံးကတော့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားတာပါပဲ။ အဲဒီဆီတွေမပါတဲ့ အသုပ်ဆမ်းရည်သို့ဟင်းခတ်အမွှေးအကြိုင်ရှာပါ။ ပဲပိစပ်နဲ့ပြောင်းဖူးတွေက မကြာခဏ တိရစ္ဆာန်ကျွေးစာတွေထဲမှာပါတတ်တာကြောင့် သင်ကအသားတွေထဲကနေတစ်ဆင့် တိုက်ရိုက်မဟုတ်သောနည်းလမ်းနဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ဆီတွေစားကောင်းစားမိနေနိုင်ပါတယ်။ ဒါအော်ဂဲနစ်ပဲစားဖို့နောက်အကြောင်းပြချက်တစ်ခုပါပဲ။

၉။ အလွန်အကြူးရံဖန်ရံခါစားခြင်းကိုရှောင်ကြဉ်ပါ။

သင်ယေဘုယျအားဖြင့် အစာစားတာကအင်ဆူလင်ကိုလှုံ့ဆော်ပေးကြောင်း နားလည်သဘောပေါက်ပြီးပါသလား။ တစ်နေ့ကိုအနပ်သေးငါးခေါက်၊ ခြောက်ခေါက်လောက်စားခြင်းဟာ ကောင်းတဲ့အကြံမဟုတ်ပါဘူး။ အဲဒါကအင်ဆူလင်ကို အကြီးအကျယ်ထိုးတက်သွားစေပြီး အင်ဆူလင်မတိုးတော့တာကိုပြင်ဖို့ခက်သွားစေပါသည်။ ညည့်နက်ဘက်တွေမှာ မုန့်စားတာက အဆိုးဆုံးပါပဲ။ ဒါရဲ့ဖြေရှင်းချက်က အပိုင်းအဖြတ်များဖြင့် အစာရှောင်ခြင်းဖြစ်ပြီး ၎င်းကိုနောက်ထပ် ဘလော့ခ်ပို့စ်တစ်ခုမှာ ဆွေးနွေးပါမယ်။

ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာပြည့်စုံကြပါစေရှင်။

How We Lower Insulin with a Ketogenic or Low-Carb Diet

Greetings to all! This week, health knowledge as per the topic will be shared.

A ketogenic diet plan is an efficient way to lower insulin within the body. 
Here are some essential tips for following a keto lifestyle to improve your health:

1. Eliminate the Sugar

Your path to optimal health means eliminating all sugar from your diet. There are acceptable sweet alternatives available including stevia, non-GMO erythritol, and non-GMO xylitol.

Avoid the following:

o Table sugar (cane and beet)
o Fructose
o Honey
o Brown sugar
o Agave nectar
o Dextrose
o Maltodextrin
o High-fructose corn syrup
o Maple syrup
o Rice syrup
o Juice
o Alcohol

2. Eliminate the Hidden Sugars in Your Diet

The four hidden carbohydrates that many people don’t consider:

o Grains
o Starches
o Fruits
o Legumes (beans)

Grains to avoid include bread, pasta, cereal (even oatmeal), crackers, biscuits, pancakes, and waffles. Even if something is gluten-free, it’s still a grain.

Gluten Definition: The protein in grains.

With a ketogenic diet plan you will avoid all grains. This includes oats, wheat, barley, Ezekiel bread, sprouted bread, and quinoa.

Exception: Small amounts of rye crispbread, with about 4 grams of carbohydrates in each. These are net carbs, meaning the total carbohydrate minus the fiber.

Starches to avoid include white and red potatoes, sweet potatoes, yams, white and brown rice, corn, and cornstarch. This also means any puffed rice snacks.

Fruits to avoid include apples, bananas, pineapple, pears, dates, figs, grapes (and raisins), and fruit juices (orange, grape, and apple juice—even tomato juice).

Exception: Small amounts (one-half to one cup) of berries per day.

Legumes to avoid include beans.

Exception: Hummus, but make sure it’s not made with soy or canola oil.

3. Eliminate the Combination of Sugar or Refined Carbs with Protein

What’s worse than consuming carbs? Combining sugar or refined carbs with protein can spike insulin by 200% or more.

Avoid these combinations:

o Hamburger with bun
o Hot dog with bun
o Protein/bread combos in general
o Burger with fries
o Burger with ketchup (most condiments are packed with sugar, except for mustard)
o Burger with soda
o Sweet-and-sour pork
o Breaded meats
o Beef jerky (unless it has no sugar)
o Deli meats (unless they have no sugar)
o Spaghetti and meatballs
o Lasagna
o Eggs and toast
o Sandwiches
o Barbecue
o Chicken wings with sugary coating
o Cheese and crackers (except rye crispbread with about 4 grams’ net carbs in each)

4. Eliminate MSG (Another Hidden Sugar)

Monosodium glutamate, known as MSG, is a flavor-enhancing chemical. It makes food taste better than it actually is. The way it works is by enlarging your taste buds to enhance the perception of the savory taste. It’s in many, many foods at the grocery store and restaurants. Keep in mind it can be listed under other names too, some of these being Modified cornstarch and modified starch. So be sure to read your labels and ask your waiter if the kitchen uses MSG. Modified Cornstarch can even be found in commercial cottage cheese. MSG can spike insulin by 300%, even though it’s not a carbohydrate.

5. Eliminate Artificial Sweeteners

Avoid aspartame and saccharine (commonly found in powdered diet sweeteners). Although these are sugar-free, they can spike insulin. Be sure to research any sugar substitutes you may find to make sure they are healthy to consume.

Many people have been drinking diet soda for years without knowing the effects of the artificial sweeteners. Non-GMO erythritol and xylitol are great alternatives, as well as Stevia being the best since it has a zero glycemic effect. You can even get soda-flavored xylitol that you can add to water to enjoy the taste of a soft drink without the insulin spike.

6. Switch from Lean (Low-Fat) Protein to the Higher-Fat Version

You have already heard about the scale known as the glycemic index (GI), but have you heard of the insulin index?

Insulin Index Definition: This scale rates all the non-carbohydrate triggers of insulin, and the big one is zero-fat protein. One example is in whey protein powder.

This is interesting because we have been told that low-fat or lean protein is healthier for you. The fattier the animal protein, the lower its effect on insulin is. We’ll say that again; The fattier the protein is, the lower the insulin response is. When consuming protein, go for the higher-fat version. These include cheese, dairy, meat, fattier fish, etc. It would also be better to leave the skin on the chicken if possible.

7. Avoid Excess Amounts of Protein

Another trigger of insulin is large quantities of protein. This was one of the issues with the Atkins diet. The optimum amount of protein per meal is about 3 to 6 ounces.

Protein is needed for repairing and providing the raw material for muscle, tendons, joint cartilage, and even bone. It can also be used for fuel. Too much protein, however, triggers insulin, which can be converted to sugar and then to fat. A common question people have is, “Should I not be consuming lots of protein to build my muscles?” The liver can only handle so much protein, and keeping it to a moderate amount is all you need. To build muscle, you also need to have a normal amount of insulin, which is why diabetics oftentimes lose their muscle and become flabby.

8. Avoid GMO Soy and Corn Oil

Unfortunately, very commonly consumed oils such as soy, canola, and corn can trigger insulin resistance. If oil is not organic, it’s likely to be GMO. Try to find a salad dressing or condiment without these oils. Soy and corn are often included in animal feeds, so you could also be getting GMOs indirectly through meats. This is another reason to go organic.

9. Avoid Eating Too Frequently

Did you realize that eating in general triggers insulin? It is not a good idea to eat five to six small meals per day. This spikes insulin big time and prevents you from correcting insulin resistance. Snacking and grazing late at night is the worst. The solution to this is intermittent fasting which we will discuss in another blog post.

Thanks for reading. I hope you all enjoyed this. May everyone attain healthy and perfect lives!

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 65D, Nagaryone Street , Gabaraye Pagoda Road, Mayangone Township
Yangon

Other Yangon clinics (show all)
Aung Pharmacy-ဆေးဝါးမျိုးစုံဖြန့်ဖြူးရောင်းချရေး Aung Pharmacy-ဆေးဝါးမျိုးစုံဖြန့်ဖြူးရောင်းချရေး
Yangon

ဆေးဝါးမျိုးစုံဖြန့်ဖြူရောင်းချခြင?

Krakart လိပ်ခေါင်းကုသဆေး Krakart လိပ်ခေါင်းကုသဆေး
No. 35, YaykyawStreet, PazuntaungTownship
Yangon, 11121

phone - 09452119294

APOLLO Quality Products APOLLO Quality Products
Yangon

APOLLO မှ ဆေးပစ္စည်းကိရိယာမျိုးစုံကို စျေးနှုန်းချိုသာစွာဖြင့် မှာယူနိုင်ပါသည်။

Better Life Supplements Better Life Supplements
Hlaing Township
Yangon, 11062

Better Choice, Better Life, Better Tiens

City Life USA Online Shop City Life USA Online Shop
Yangon, 11161

Experience the premium quality of Electronic Device, Perfume, Pet Supplement & vitamins from USA

Toys For You Toys For You
Yangon

We Deliver Secretly

PM warden pharmacy PM warden pharmacy
No. (51), Warden Street, Lanmadaw Tsp
Yangon, 11131

Local pharmacy with reasonable price. Offers wholesale price for other pharmacies as well as retail. Provide doorstep delivery with the best rate accordingly. Contributes your bett...

Htet-PTT Htet-PTT
Yangon

SGL Trading SGL Trading
, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်
Yangon

ဆေးကိရိယာ ပစ္စည်း များ လက်လီလက်ကား ဖြန်ချိရေး

Zaw Pharmacy Zaw Pharmacy
Dagon Seikkan
Yangon

We supply medical products especially for GP clinics by accepting order via our website.

JAMU- ဒူးနာခါးနာပျောက်ဆေး လက်လီလက်ကား JAMU- ဒူးနာခါးနာပျောက်ဆေး လက်လီလက်ကား
Yangon

#Jamu ဒူးနာခါးနာပျောက်ဆေး (နတ်ဆေး) /ဆေးဝါးမျိုးစုံ ph- 09 793673375 /09 780175825 or cb