SFUx

Strategy First University Extension is inclusive education for national and personal development

28/01/2024

🎖 ဖေဖော်ဝါရီလမှာ အတန်းသစ်တွေတက်ပြီး Certificate တွေယူလိုက်ကြရအောင်။

🤓 ဖေဖော်ဝါရီလအတွက် ဖွင့်လှစ်ထားသောအတန်းများအကြောင်းလေ့လာရန်-
https://www.facebook.com/SFUExtension/posts/pfbid02b3bVXBaV2PeBdZwMQm7dg9GxzkATFeyNG8g8oLHbno7tDJ6APcrBMxRA2CUKWjVcl

📱 ဆက်သွယ်ရန်ဖုန်းနံပါတ် - 09400088050~54

27/01/2024

မင်္ဂလာပါခင်ဗျာ။
Android နှင့် IOS ဖုန်းအသုံးပြုသူများအတွက် SFUx Application Version (2.5.9) အသစ်ထွက်ထားပါတယ်ခင်ဗျာ။
📲 နောက်ဆုံး Version Upgrade မလုပ်ရသေးရင် Upgrade လေးလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
SFUx Application Version စစ်ရန် …
👉 Step 1 - SFUx Application
👉 Step 2 – Menu
👉 Step 3 – Delete Account Button အောက်နားလေးမှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
SFUx Application ကို Google Play Store နှင့် App Store များတွင် Upgrade လုပ်နိုင်ပါတယ်။

Photos from SFUx's post 26/01/2024

🗓 ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စတင်မည့်စီးပွားရေးနှင့်စီမံခန့်ခွဲမှု 𝐃𝐢𝐩𝐥𝐨𝐦𝐚 /𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 အွန်လိုင်းသင်တန်းများ

👀 ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများနဲ့ အဖွဲ့အစည်းများအတွင်း စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာများကို ဦးဆောင်နိုင်ဖို လက်တွေ့ကျကျ အသေးစိတ်လေ့လာသင်ယူနိုင်မယ့် Strategy First University Extension- SFUx မှ အွန်လိုင်းသင်တန်းများပဲ ဖြစ်ပါတယ်။ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အရေးများ ရရှိစေဖို့နဲ့ လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက်လည်း SFUx သင်တန်းများက ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။

~~~~~~~~~~~~~~~~

🔎 ဖွင့်လှစ်မည့် သင်တန်းများ နှင့် သင်တန်းကြေး -
🎓 𝐒𝐅𝐔 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 - 395,000 ကျပ်
SFUx Certificate in -
✏️ Advanced Excel – 88,500 ကျပ် (အတန်းသစ်)🌟
✏️ Business English – 88,500 ကျပ်
✏️ Business Essentials and Employability Skills – 59,500 ကျပ်
✏️ Competing Through Logistics and Supply Chain Management – 88,500 ကျပ်
✏️ Computing Skills for Office – 19,500 ကျပ်
✏️ Customer Service Excellence – 59,500 ကျပ်
✏️ Digital Marketing Communications in Practice 2.0 – 88,500 ကျပ်
✏️ Economics for Business – 88,500 ကျပ်
✏️ Entrepreneurship and New Venture Creation – 88,500 ကျပ်
✏️ Event Planning and Management – 88,500 ကျပ်
✏️ Essentials of Management – 59,500 ကျပ်
✏️ Financial Management – 88,500 ကျပ်
✏️ General Management – 88,500 ကျပ်
✏️ General Psychology – 88,500 ကျပ်
✏️ Human Resources Management – 88,500 ကျပ်
✏️ Marketing – 88,500 ကျပ်
✏️ Operation Management – 88,500 ကျပ်
✏️ Pharmaceutical Marketing – 88,500 ကျပ်
✏️ Professional Selling Skill – 59,500 ကျပ်
✏️ Research Methodology – 88,500 ကျပ်
✏️ Soft Skills for Leaders – 59,500 ကျပ်
✏️ Statistical Package for The Social Science – 29,500 ကျပ်
✏️ Warehouse Operations – 88,500 ကျပ်

~~~~~~~~~~~~~~~~~~~~~~~~

🥳 Free Course 🥳
📘 Understanding Capital Markets (Deposit 10,000 ကျပ် ပေးသွင်းပြီး အတန်းလေးကို အခမဲ့တက်ရောက်နိုင်ပါသည်။)

~~~~~~~~~~~~~~~~~~~~~~~~

📥 သင်တန်း အပ်နှံရန် 🔗 https://sfux.strategyfirst.edu.mm/courses
👩‍💻 အသေးစိတ်စုံစမ်းရန် 🔗 https://m.me/SFUExtension

~~~~~~~~~~~~~~~~~~~~~~~~

🔔 အခမဲ့ လေ့လာနိုင်သော သင်ခန်းစာများ 🔔
𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐅𝐢𝐫𝐬𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 တွင် ဆရာကြီး၊ ဆရာမကြီးများနှင့် ထင်ပေါ်ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်များ ဟောပြောပို့ချထားသော 𝐒𝐞𝐦𝐢𝐧𝐚𝐫 များကိုလည်း တစ်စုတစ်စည်းတည်းအခမဲ့ လေ့လာနိုင်ပါတယ်။
သင်ကြားထားသော သင်ခန်းစာ (𝐓𝐞𝐚𝐬𝐞𝐫) 𝐕𝐢𝐝𝐞𝐨 များနှင့် ကျောင်း 𝐚𝐜𝐭𝐢𝐯𝐢ties များကို 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐅𝐢𝐫𝐬𝐭 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥, 𝐒𝐅𝐔𝐱 𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐆𝐫𝐨𝐮𝐩 နဲ့ 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 များမှာ လေ့လာနိုင်ပါသည်။
𝐒𝐅𝐔𝐱 𝐕𝐢𝐛𝐞𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐆𝐫𝐨𝐮𝐩 💬 https://invite.viber.com/...
𝐒𝐅𝐔𝐱 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 💬 https://t.me/strategyfirstuniversityextension
𝐒𝐅𝐔𝐱 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 ▶️ shorturl.at/cnpqB

~~~~~~~~~~~~~~~~~~~~~~~~

💻📱 သင်ကြားပို့ချမည့်ပုံစံ
ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို SFUx Mobile App နှင့် SFUx Website မှတစ်ဆင့် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ Certificate တစ်တန်းတွင် တစ်ပတ်ကို သင်ခန်းစာတစ်ခု လေ့လာနိုင်မှာဖြစ်ပြီး သင်တန်းကာလ (၁၈) ပတ် ကြာမြင့်မှာဖြစ်ပါတယ်။ သင်ခန်းစာပြီးတိုင်းမှာ ‘Unit End Test’ ဖြေဆိုရမှာဖြစ်ပြီး Unit အားလုံးဖြေဆိုအောင်မြင်ပါက ‘Course End Test’ ကို ထပ်မံဖြေဆိုကာ Certificate ရယူနိုင်မှာဖြစ်ပါတယ်။

𝐏𝐫𝐞-𝐫𝐞𝐜𝐨𝐫𝐝𝐞𝐝 သင်တန်းများရဲ့ အားသာချက်ကတော့ သီးသန့်အချိန်ပေးစရာမလိုဘဲ မိမိအားလပ်တဲ့ အချိန်တိုင်း အခါခါလေ့လာသင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ လေ့လာထားတဲ့ သင်ခန်းစာတွေကို ပြန်လည်ဆွေးနွေးနိုင်ဖိုအတွက် အတန်းတွင်း 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐯𝐞 𝐆𝐫𝐨𝐮𝐩 များမှတစ်ဆင့် အချင်းချင်း ဆွေးနွေးနိုင်ပြီး သိလိုတာများ မေးမြန်းနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐀𝐝𝐝𝐫𝐞𝐬𝐬 🔗 https://sfux.strategyfirst.edu.mm/
📱 ဖုန်းနံပါတ် 09400088050~4 သို ဆက်သွယ်နိုင်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~

မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများကို ဝန်ဆောင်မှုမပေးပါ။

24/01/2024

ဒီနေ့ည SFUx နဲ့စာလုပ်ဖို့ မမေ့နဲ့ဦးနော်။

22/01/2024

21/01/2024

Account Management ဆိုတာ ဘာလုပ်တာလဲ?
လုပ်ငန်းခွင်မှာ Key Account Management System ကြောင့် ဘယ်လိုကောင်းကျိုးတွေနှင့် ဆိုးကျိုးတွေ ရနိုင်မလဲ?

လုပ်ငန်းတိုင်းမှာ တစ်ခုခုကိုရောင်းနေရတာပါပဲ။ Service ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် Product ပါပဲ။ ဒါကြောင့် လုပ်ငန်းထဲမှာ အများထက်သာတဲ့ Sales Person တစ်ယောက်ဖြစ်ဖို့အတွက် အရောင်းပညာရပ်ကို
𝐒𝐅𝐔𝐱 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐞𝐥𝐥𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 - 𝐁𝐔𝐒𝟏𝟏𝟏 အတန်းမှာ အခြေခံကျကျလေ့လာလိုက်ပါ။
---------------------------------
သင်တန်းအပ်နှံရန် 📥 https://sfux.strategyfirst.edu.mm/detail/11
---------------------------------
⏳သင်တန်းကာလ - စာသင်ချိန် စုစုပေါင်း (၁၀နာရီ - ၁၂ နာရီ) အထိကြာမြင့်မှာ ဖြစ်ပါတယ်။
💰 သင်တန်းကြေး - ၅၉,၅၀၀ ကျပ်
👨💻 သင်ကြားမည့်ဆရာ၊ ဆရာမများ - 𝐔 𝐀𝐮𝐧𝐠 𝐂𝐡𝐢𝐭 𝐊𝐡𝐢𝐧
---------------------------------
🌐 Website Address 🔗 https://sfux.strategyfirst.edu.mm/
📞 ဖုန်းနံပါတ် : 09400088050~54
မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများကို ဝန်ဆောင်မှုမပေးပါ။

Photos from SFUx's post 19/01/2024

🏆🎉 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐧 𝐘𝐨𝐮𝐫 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐦𝐞𝐧𝐭𝐬 🏆🎉
👏 SFUx Online သင်တန်းများကိုတက်ရောက်ပြီး December လတွင် Diploma နှင့် Certificate ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုအပ်ပါသည်။ 👏
SFUx မှ စီးပွားရေးနှင့် စီမံခန့်ခွဲမှု Online သင်တန်းများကို မြန်မာနိုင်ငံတစ်ဝန်း မှကျောင်းသား၊သူများအပြင် ကမ္ဘာတစ်ဝန်းမှ ပြည်ပရောက်နိုင်ငံသားများ တက်ရောက်လေ့လာသင်ယူနေကြပြီဖြစ်သည်။
📊 မိမိဘဝအတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်လမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် စီးပွားရေးနှင့် စီမံခန့်ခွဲမှုသင်တန်းများကို SFUx တွင် အချိန်မရွေး သင်ယူနိုင်ပါပြီ။
--------------------------
📃Certificate Hard Copy ထုတ်ယူရန်အသေးစိတ် 👇
https://www.facebook.com/groups/677822069721258/posts/1081636429339818/
ဆက်သွယ်ရန် 📱 ဖုန်းနံပါတ် : 09400088050 ~ 54

17/01/2024

SFUx ကျောင်းသားကျောင်းသူတွေ Strategy First University မှာ Professional Diploma တွေတက်ရောက်လေ့လာမယ်ဆိုရင် 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 𝟭𝟬𝟬,𝟬𝟬𝟬 ကျပ် ရရှိမှာဖြစ်တယ်ဆိုတာကို သိကြပါသလား?

January လမှာ ဖွင့်လှစ်မယ့် Diploma တန်းများ
1. SFU Professional Diploma in Marketing and Brand Management
2. SFU Professional Diploma in Marketing and Sales Management
3. SFU Professional Diploma in Project Management
4. SFU Professional Diploma in Strategic Management & Leadership

SFU Professional Diploma တန်းများအကြောင်းလေ့လာရန် - https://bit.ly/47Gjkbg

SFU Professional Diploma တန်းကိုတက်ဖို့စာရင်းပေးတဲ့အခါမှာ မိမိရဲ့ SFUx Student ID ကိုပြောပြပြီး Discount တွေရယူလိုက်ပါ။

~~~~~~~~~~~~~~~~~~~
သင်တန်းစုံစမ်းရန် - https://m.me/StrategyFirstUniversity
ဖုန်းနံပါတ် ☎️ 09-250717166-68

11/01/2024

☃️ အတန်းတစ်တန်းတက် တစ်တန်းလက်ဆောင် New Year အထူးအစီအစဉ်ကြီးကို ဇန်နဝါရီလ (၁၂) ရက်နေ့အထိ ရက်တိုးပေးထားပါတယ်။
တစ်နှစ်တာရဲ့ အကြီးဆုံး Promotion အစီအစဥ်ကြီးကို လက်လွတ်မသွားရအောင် အခုပဲ အတန်းတွေတက်လိုက်ရအောင်နော်။

👉 Promotion အစီအစဥ်အသေးစိတ်ကို ဒီမှာဝင်ရောက်လေ့လာလိုက်ပါ -
https://www.facebook.com/SFUExtension/posts/pfbid0AfXYU6DrBiWevLokRXfPqSyPdYbMP4ZQu1s8p6PXvzwB9aaLFbQ2kVsoybnLnpCCl

09/01/2024

💫 𝐒𝐅𝐔𝐱 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥𝐬 𝐟𝐨𝐫 𝐋𝐞𝐚𝐝𝐞𝐫𝐬
🗣 ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေရန် မရှိမဖြစ် ပိုင်ဆိုင်ထားရမည့် အတတ်ပညာများသာမက နည်းပညာ ဗဟုသုတပိုင်းဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်ပါသည်။ ထို့အပြင် မိမိကိုယ်တိုင်နှင့် အဖွဲ့အစည်းတိုးတက်မှုဖြစ်စေရန် ဆောင်ရန် ရှောင်ရန်များကို နားလည်သဘောပေါက်စေရန်လေ့လာနိုင်ပါသည်။
--------------------------------

✨ မူရင်းစျေး - ၅၉,၅၀၀ ကျပ်
✨ ကျောင်းသားဟောင်း - ၃၉,၅၀၀ ကျပ်

--------------------------------

👉 ဇန်နဝါရီလ (၁၀) ရက်နေ့အထိအတန်းအပ်နှံပါက တစ်တန်းတက် တစ်တန်းလက်ဆောင် ရရှိမည့် Promotion အစီအစဉ် အကြောင်းလေ့လာရန်။
https://www.facebook.com/SFUExtension/posts/pfbid0AfXYU6DrBiWevLokRXfPqSyPdYbMP4ZQu1s8p6PXvzwB9aaLFbQ2kVsoybnLnpCCl

💻 အတန်းအပ်နှံရန်- https://sfux.strategyfirst.edu.mm/detail/8

--------------------------------

💻 Website Address 🔗 https://sfux.strategyfirst.edu.mm/
📱 ဖုန်းနံပါတ်: 09400088050~4 သို့ ဆက်သွယ်နိုင်ပါသည်။

--------------------------------
🙏 အားလုံး ကပ်ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိအိမ်ကနေ ပညာကို စဉ်ဆက်မပျက်လေ့လာ သင်ယူနိုင်ကြပါစေ။
မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများကို ဝန်ဆောင်မှုမပေးပါ။

08/01/2024

📈 𝐒𝐅𝐔𝐱 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠
📊 Marketing ဘာသာရပ်တွင် လုပ်ငန်းအတွက်အရေးအပါဆုံး အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ မားကတ်တင်းပညာရပ်ကို အခြေခံမှစတင်သင်ကြားရမည်ဖြစ်ပြီး မားကတ်တင်း Plan များရေးဆွဲခြင်း၊ မားကတ်တင်း နည်းဗျူဟာများ ချမှတ်ခြင်း၊ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်ပြီး Customer များ လိုအပ်တဲ့ ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန် စီမံခန့်ခွဲခြင်း၊ မားကတ်တင်း Campaign များ လုပ်ဆောင်ခြင်းများအပြင် မားကတ်တင်းသမားများ သိသင့်သိထိုက်သည်များကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။အောင်မြင်သော စီးပွားရေးအတွက် မားကတ်တင်း ၏ အရေးကြီးပုံ၊ မားကတ်တင်း တွင် လိုက်နာရမည့် နည်းကျင့်ဝတ်(Ethics)များနှင့် Customer များအား ထိန်းသိမ်းပုံ စသည့်အခြေခံသဘောတရားများကိုပါလေ့လာသင်ယူနိုင်မည့် Online Certificate အတန်းဖြစ်သည်။

သင်ကြားမည့်ခေါင်းစဉ်များ-
📘 Unit-1 - Introduction to Marketing Concepts
📘 Unit-2 - Marketing Environment
📘 Unit-3 - Marketing Research
📘 Unit-4 - Consumer Behavior - B2B, B2C
📘 Unit-5 - STPD
📘 Unit-6 - Product
📘 Unit-7 - Price
📘 Unit-8 - Place: Distribution
📘 Unit-9 - Retailing
📘 Unit-10 - Promotion I
📘 Unit-11 - Promotion II
📘 Unit-12 - Services Marketing
📘 Unit-13 - Customer Relationship Management - CRM
📘 Unit-14 - Marketing Ethics & Societal Marketing
📘 Unit-15 - Marketing Planning
-----------------------

✨ မူရင်းစျေး - ၈၈,၅၀၀ ကျပ်
✨ ကျောင်းသားဟောင်း - ၆၈,၅၀၀ ကျပ်
✨ Referral Discount - ၁၀,၀၀၀ ကျပ် (For New Student)
(SFUx တွင်တက်ရောက်နေသော မိမိမိတ်ဆွေ၊အသိသူငယ်ချင်းများ၏ SFUx Student ID (ကျောင်းသားကဒ်နံပါတ်) ဖြင့် သင်တန်းအပ်နှံပါက Refer Discount ခံစားနိုင်ပါသည်။)
--------------------------------

👉 ဇန်နဝါရီလ (၁၀) ရက်နေ့အထိအတန်းအပ်နှံပါက တစ်တန်းတက် တစ်တန်းလက်ဆောင် ရရှိမည့် Promotion အစီအစဉ် အကြောင်းလေ့လာရန်။
https://www.facebook.com/SFUExtension/posts/pfbid0AfXYU6DrBiWevLokRXfPqSyPdYbMP4ZQu1s8p6PXvzwB9aaLFbQ2kVsoybnLnpCCl

--------------------------------
သင်ကြားမည့် ဆရာ - ဦးအောင်ချစ်ခင်, Founder/ President, Strategy First University, MBA (Nottingham), PG Dip M, DipM (CIM, UK)​
💻 အတန်းအပ်နှံရန်- https://sfux.strategyfirst.edu.mm/detail/3
--------------------------------

💻 Website Address 🔗 https://sfux.strategyfirst.edu.mm/
📱 ဖုန်းနံပါတ်: 09400088050~4 သို့ ဆက်သွယ်နိုင်ပါသည်။

--------------------------------
🙏 အားလုံး ကပ်ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိအိမ်ကနေ ပညာကို စဉ်ဆက်မပျက်လေ့လာ သင်ယူနိုင်ကြပါစေ။
မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများကို ဝန်ဆောင်မှုမပေးပါ။

07/01/2024

𝐒𝐅𝐔𝐱 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
👥ဒီအတန်းလေးမှာတော့ လုပ်ငန်းအဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှုမိတ်ဆက်များ၊ စီးပွားရေးနဲ့ ဆိုင်တဲ့ ချမှတ်ရမည့်ဆုံးဖြတ်ချက်များ၊ စီမံခန့်ခွဲမှုအခြေခံတွေ၊ Tools နဲ့ နည်းလမ်းများ၊ အဖွဲ့အစည်းတစ်ခုရဲ့ ဖွဲ့စည်းပုံနဲ့ ဒီဇိုင်းများနှင့် အလေ့အထများ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုများ၊ လုပ်ငန်းအတွင်းရှိ၀န်ထမ်းတွေကို နည်းမှန်လမ်းမှန်တွန်းအားပေးပုံများ၊ လုပ်ငန်းအတွင်းရှိ အသင်းအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အလေ့အကျင့်တွေကို နားလည်အောင်ဆောက်ရွက်ပုံများပူးပေါင်းဆောင်ရွက်ခြင်းဗျူဟာများ နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ စသည်တို့ကို လေ့လာရမည်ဖြစ်သည်။
--------------------------------

✨ မူရင်းစျေး - ၅၉,၅၀၀ ကျပ်
✨ ကျောင်းသားဟောင်း - ၃၉,၅၀၀ ကျပ်

--------------------------------

👉 ဇန်နဝါရီလ (၁၀) ရက်နေ့အထိအတန်းအပ်နှံပါက တစ်တန်းတက် တစ်တန်းလက်ဆောင် ရရှိမည့် Promotion အစီအစဉ် အကြောင်းလေ့လာရန်။
https://www.facebook.com/SFUExtension/posts/pfbid0AfXYU6DrBiWevLokRXfPqSyPdYbMP4ZQu1s8p6PXvzwB9aaLFbQ2kVsoybnLnpCCl

--------------------------------

👩‍🏫 သင်ကြားမည့် ဆရာမ - Dr. Daw Nu Nu Lwin (Ph.D (Economics, YIE), M.Sc (ICP) (Ritsumeikan Asia Pacific University, Japan)
💻 အတန်းအပ်နှံရန်- https://sfux.strategyfirst.edu.mm/detail/39

--------------------------------

💻 Website Address 🔗 https://sfux.strategyfirst.edu.mm/
📱 ဖုန်းနံပါတ်: 09400088050~4 သို့ ဆက်သွယ်နိုင်ပါသည်။

--------------------------------

🎁 အခမဲ့ လေ့လာနိုင်သော သင်ခန်းစာများ 🎁
Strategy First University တွင် ဆရာကြီး၊ ဆရာမကြီးများနှင့် ထင်ပေါ်ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်များ ဟောပြောပို့ချထားသော Seminar များကိုလည်း တစ်စုတစ်စည်းတည်းအခမဲ့ လေ့လာနိုင်ပါသည်။
သင်ကြားထားသော သင်ခန်းစာ(Teaser) Video များနှင့် ကျောင်း activity များကို Strategy First University Extension Telegram Channel နဲ့ YouTube Channel များမှာ လေ့လာနိုင်ပါသည်။
SFUx Telegram Channel 🔗 https://t.me/strategyfirstuniversityextension
SFUx YouTube Channel 🔗 shorturl.at/cnpqB

--------------------------------
🙏 အားလုံး ကပ်ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိအိမ်ကနေ ပညာကို စဉ်ဆက်မပျက်လေ့လာ သင်ယူနိုင်ကြပါစေ။
မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများကို ဝန်ဆောင်မှုမပေးပါ။

04/01/2024

ဝန်ထမ်းရွေးချယ်ခန့်ထားတဲ့အခါ သိထားသင့်တဲ့ အင်တာဗျူးအကြောင်းအရာအများ အပိုင်း(၂)
SFUx Certificate in Human Resources Management – Unit 6 Selection Process ကောက်နှုတ်ချက်
ဒေါက်တာ ‌ဒေါ်ဥမ္မာမြင့်, B. Com (Hons, YIE),M. Com,Ph.D (HRM, Delhi)
------------------------------
နောက်တစ်ခုကကျတော့ ဆရာမတို့မေးရင်းမေးရင်းနဲ့ သူက ဖြေတယ်ပေါ့နော် သူဖြေလာတဲ့အခါမှာကိုယ်ကထပ်စစ်မေးဖို့တွေလိုအပ်လာတယ် ဆင့်ပွားမေးခွန်းလေးတွေ မေးတာကိုကျတော့ ဆရာမတို့က probing question လို့ဆရာမတို့ခေါ်ပါတယ် အဲ့ဒီမေးခွန်းလေးတွေဆရာမတို့ မေးတတ်ဖို့လိုပါတယ်
အဲ့တော့ဥပဒေနဲ့မကိုက်ညီတဲ့ ဒီမေးခွန်းဆိုရင်တော့ဆရာမတို့ရှောင်ရမယ် Open ဖြစ်ဖြစ် Closed ဖြစ်ဖြစ်ရှောင်ရမယ်ဥပမာ Union တယ်မလားတို့ဟုတ်လား Union ဝင်ထားလားတို့ဒါမျိုးဆိုတာမမေးဖို့မမေးရပါဘူးဒါသူတို့နိုင်ငံပေါ့လေနိုင်ငံရဲ့ဥပဒေပေါ်တော့အများကြီးမူတည်ပါတယ်နော်ဒီမှာကတော့အပြည့်အစုံကိုမေးတာ မေးလိုက်ပြီဟေ့ဆိုရင် အဖေဘာလုပ်လဲ အမေဘာလုပ်လဲ မောင်နှမဘာလုပ်လဲ ယောက္ခမဘာလုပ်လဲ အကုန်ကိုတစ်ခါတည်း အသေးစိတ်ကိုမေးတာ အဲ့ဒါကို
မြန်မာနိုင်ငံမှာကတော့ Culture အရမေးတာလည်း စိတ်မဆိုးကြသလို Law အရလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ထားတာ မရှိဘူး။ ဒါကြောင့်မို့လို့ မေးနေကြတယ်ပေါ့ သို့သော်ငြားလည်း
International Practice ဆိုရင်တော့ဒါတွေ Personal နဲ့ပတ်သက်တဲ့ဟာတွေဆိုရင် မမေ့ပါဘူးနော်ဒါလေးတွေကိုရှောင်ရမယ်ဆိုတာဆရာမတို့သိထားဖို့လိုပါတယ်အထူးသဖြင့်
International HRMကျင့်သုံးမယ့်မန်နေဂျာတွေဆိုရင်ဒါကိုသိထားဖို့လိုပါတယ်နော်ဒါလေးတွေရှိတယ်အဲ့တော့
ဒါက မေးခွန်း အမျိုးအစားလေးတွေပါ။ နောက်တစ်ခုက ဆရာမတို့အရှေ့မှာလည်းပြောခဲ့တာလေးရှိတယ်
ဒီလူဟာ JD ကိုအောင်မြင်စွာလုပ်ဆောင်နိုင်တဲ့ JS ရှိမရှိပေါ့နော် ဆရာမတို့ ဒီအင်တာဗျူးလုပ်ရင်းနဲ့မေးတော့မယ်ပေါ့ အဲ့တော့မေးတော့မယ်ဆိုတော့ မေးခွန်းအမျိုးအစား Category တွေကိုခွဲလိုက်တဲ့အခါမှာ နံပါတ်တစ်အမျိုးအစားကဘာဖြစ်နိုင်လဲဆိုရင် ကျွန်မတို့ General ပေါ့
သူ့ကို နည်းနည်း Intro အနေနဲ့ မကြောက်သွားအောင် မလန့်သွားအောင် နှုတ်ရဲလျှာရဲ ရှိလာအောင်
General မေးခွန်းလေးတွေမေးလေ့ရှိတယ် ဥပမာအားဖြင့်အဲ နာမည်လေးပြောပါဦးလို့ ကိုယ့်အကြောင်းလေး မိတ်ဆက်ပေးပါဦး ဒါမျိုးလေးတွေပြောသွားတယ် လာရတာအဆင်ပြေရဲ့လား ဘယ်ကလာလဲဟုတ်လား
ဒါမျိုးလေးတွေနဲ့ General မေးပါတယ်။ ပြီးတော့အလုပ်အကြောင်းနဲ့ ပတ်သက်တော့မယ်ဆိုတော့မှ ဆရာမတို့
Job knowledge question တွေကို ဆရာမတို့ မေးရပါတယ် ဥပမာဆိုပါစို့ သူက HR ဌာနမှာ အလုပ်လာလျှောက်တယ် အလုပ်လာလျှောက်တယ်ဆိုရင် သူက Manager ကိုလည်း လျှောက်နေပြီဆို
သူက HR Functions အားလုံးကို သူသိထားဖို့ လိုနေပြီ အဲ့တော့ဆရာမကတော့မေးတော့မယ် အိုကေအဲ့တော့ဆရာမတို့တွေ Recruitment လုပ်တော့မယ်ဟုတ်လားဆိုရင်step ဘာလုပ်ရမလဲပြောပါဦး
ဒါ knowledgeရှိလားပေါ့နော်အဲ့ step တွေကိုသူ ရှင်းပြနိုင်ရပါမယ်။ ပြီးရင်အဲဆရာမကပြောမယ်
HR ဆော့ဖ်ဝဲလ်အမျိုးအစားဘယ်နှမျိုးရှိလဲ ဘာတွေရှိလဲ မြန်မာနိုင်ငံမှာအသုံးများတဲ့ဆော့ဖ်ဝဲလ်တွေအကြောင်းပြောပြပါဦး International ထဲမှာအရမ်းနာမည်ကြီးနေတဲ့
HR Software တွေပေါ့နော် ဘာတွေရှိလဲ ဘာမျိုးသုံးရင်ကောင်းမလဲရင် စသည်အားဖြင့်ဆရာမသူ့ကို
ဆော့ဖ်ဝဲပိုင်းမှာကျွမ်းရဲ့လားလို့လည်းဆရာမမေးကြည့်လို့ရတယ် Job နဲ့ပတ်သက်တဲ့ Knolwdge ပေါ့နော်
နောက်တစ်ခုကကျတော့ကျွန်မက ဒီအတွေ့အကြုံပေါ့ အတွေ့အကြုံမေးချင်တယ်ဆိုရင် ကဲဟုတ်ပြီဘယ်ကုမ္ပဏီတွေမှာအလုပ်လုပ်ခဲ့ဖူးပါသလဲပေါ့နော် ဘယ်ကုမ္ပဏီမှာ ဘယ်နှစ်နှစ်လုပ်ခဲ့တယ်
ဘာရာထူးတွေနဲ့သူလုပ်ခဲ့တယ်ပေါ့ အဲ့ဒီကအတွေ့အကြုံလေးတွေပြောပြပါဦးပေါ့နော် ကုမ္ပဏီတစ်ခုနဲ့တစ်ခုမှာမတူတဲ့အတွေ့အကြုံလေးတွေ ဘာလေးတွေရှိလဲပေါ့ စသည်အားဖြင့် ဆရာမက ဒီ Experience တွေပေါ့နော် အဲ့ဒါတွေကိုဆရာမ မေးပါမယ် ဒုတိယအချက်က တတိယအချက်ကတော့ ဆရာမကသူ့ရဲ့ Behaviour ကိုစစ်ရမယ်လေ သူ့ရဲ့ Attitude တို့သူ့ရဲ့ဟုတ်လား Behaviour တို့ကိုစစ်ရမယ်ဆိုတဲ့အခါကျတော့ ဆရာမကမေးခွန်းလေးတွေအကုန်လုံးမေးတော့မယ် ဥပမာအားဖြင့်အရမ်း Stress ပိတဲ့ ဘယ်လိုအခြေအနေမျိုးဆိုရင် စိတ် ဖိစီးမှုတွေခံရတတ်လဲပေါ့နော် တချို့ကျတော့အလုပ်ကို နင်လားငါလား လုပ်တာလုပ်နိုင်တယ် နားပူတာကိုမခံနိုင်ဘူး နော် Stress က အရမ်းပဲ အမြဲတမ်းဘေးနားကနေဆူပူအော်ဟစ်သောင်းကျန်းနေရင်သူက Stress မိတယ် တချို့ကျတော့ ဒီအလုပ်နည်းနည်းလေးများလာပြီဆိုတာနဲ့ မပြီးမှာ ကြောက်တယ် ဒေါသထွက်တယ် Stress ပိတယ် တချို့ကျတော့အလုပ်ဘယ်လောက်များများ အေးဆေးပဲ ဒါပေမဲ့သူ့ကိုတော့သွားပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ဟုတ်လား သွားဆူပူဆဲဆိုလို့မရဘူးနော် တစ်ယောက်နဲ့တစ်ယောက် Stress ဒဏ်ခံနိုင်ပုံကမတူဘူးနော် အဲ့ဒါလေးတွေကိုဆရာမကကြည့်လိုက်ရင် ဒီလူကဘယ်လိုPersonal ဆိုဒီပဲပေါ့နော်
တချို့ကျတော့ တစ်ယောက်တည်းတကုပ်ကုပ်နဲ့အလုပ်လုပ်နေရရင် Stress ပိတယ် တချို့ကျတော့လူအုပ်နဲ့အလုပ်လုပ်ရစိတ်ရှုပ်တယ် သူ့အတွက်ကလူအုပ်က Stress ကိုဖြစ်စေတယ် အဲ့ဒါမျိုးလေးတွေသိလာရင်ဆရာမတို့ကဪသူနဲ့ကိုက်တဲ့အလုပ်ကဘာဖြစ်မလဲပေါ့နော် ရာမတို့စဉ်းစားလို့ရတယ် နောက်တစ်ခါ Behaviour နဲ့ပတ်သက်လို့ဆရာမတို့ အယ် သူ့ရဲ့ Like တွေ Dis-Like တွေပေါ့နော် အဲ့ဒါကိုလည်းဆရာမကပြောတယ် သူဘာတွေကို အလုပ်ထဲမှာဘယ်လိုအလုပ်မျိုးလေးတွေ
ကြိုက်လဲ ဘယ်လိုလူမျိုးနဲ့ဆက်ဆံရတာကြိုက်လဲ ဒါမျိုးလေးတွေဆရာမတို့ မေးမယ် နောက်တစ်ခါ ဆရာမ မေးတတ်တာကတော့ ဘယ်လိုခေါင်းဆောင်မျိုးကိုလိုချင်လဲ ဘယ်လိုနောက်လိုက်မျိုးကိုလိုချင်လဲ
သူလိုချင်တဲ့ခေါင်းဆောင်နောက်လိုက်ကိုကြည့်လိုက်ခြင်းအားဖြင့်ပေါ့နော် သူရဲ့ Behaviour ကိုဆရာမ နည်းနည်းမှန်းကြည့်တာပေါ့နော် နောက်တစ်ခုကကျတော့ ကျွန်မ ဟို Situation တစ်ခုကို
ဖန်တီးကြည့်တာပေါ့ အစောတုန်းကလည်း ဆရာမပြောခဲ့ဖူးပါတယ် ဒီအလုပ်ထဲမှာ ဘော့စ်ကနေပြီးတော့ Overtime ကို နေ့တိုင်းဆင်းခိုင်းနေတယ် မနက်ကိုး ညကိုးတွေလုပ်နေရပြီ ဒါမှမဟုတ်ညဆယ်နာရီအထိဖြစ်မယ်
အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ရော လုပ်နိုင်ပါ့မလား လိုအပ်ရင်ညအိပ်ရင်တောင်အိပ်ရမယ်ပေါ့နော်
အဲတော့ညလုံးပေါက်အလုပ်လုပ်ရမယ်ပေါ့နော် အဲဒါမျိုးဆိုရင်ရော လုပ်နိုင်ပါ့မလားပေါ့နော်
နောက်တစ်ခါအစောကပြောခဲ့တဲ့ဆရာမ မသမာတဲ့လူတွေ မလုပ်သင့်တာမလုပ်ထိုက်တာတွေလုပ်နေတယ် ဥပမာ အစောကပြောတဲ့ နို့မှုန့်မှာပေါ့နော် မယ်လမင်းတွေထည့်နေတယ် ဒီမယ်လမင်းကြောင့်ကလေးတွေသေတယ် ဒါကိုကိုယ်ကသွားတွေ့နေပြီ ဒီလိုအခြေအနေမျိုးဆိုရင်ကိုယ်က
ဘာလုပ်မလဲပေါ့ နောက်တစ်ခါအမ်အခုအလုပ်တွေမှာ နည်းလာတဲ့အခါမှာဝန်ထမ်းဦးရေလျှော့ချဖို့တွေဖြစ်လာတယ်နော်အဲ့ခါကျရင်အမ်ဝန်ထမ်းတွေထဲမှာမှနော်ရှိသင့်တဲ့လူကိုလည်းရွေးတတ်ရတယ် အလုပ်ကနေယာယီနားတာဖြစ်စေ အပြီးအပြတ် ဝန်ထမ်းလျှော့ချတဲ့ဆေးနဲ့မှ ထည့်ရမယ့်လူကိုဖြစ်စေ ဆရာမတို့ရိုးရာတာတွေရှိတယ် အဲ့လိုလူတွေကို အလုပ်ကနေပြီးတော့
လူပိုလူလျှံအနေနဲ့ အလုပ်လျှော့ချခြင်းခံရတယ်ဆိုတဲ့ News ကို ကိုယ်ကပေးရမယ်ဆိုရင် ဘယ်လိုပေးမလဲပေါ့
အဲ့ဒါမျိုးလေးတွေ ဆရာမတို့မေးကြည့်ပြီးတော့ ဒီလို အခြေအနေအရပ်ရပ်မှာ သူတို့ဘယ်လို Behaviour နဲ့တော့
ကိုင်တွယ်လိမ့်မယ်ဆိုတာကို ဆရာမတို့မှန်းကြည့်ပါတယ် နောက်တစ်ချက် ကတော့ဆရာမတို့က
မန်နေဂျာ Level တွေမှာဆို ဆရာမတို့အမြဲတမ်းပြောတယ်လေ ရှေ့ပိုင်းမှာတွေမှာလည်း ဆရာမပြောဖူးတယ်
အာ construal skill လည်းလိုတယ် နောက်ပြီးတော့မန်နေဂျာတွေရဲ့ဖောင်ရှင်တွေရှိတယ်လေ
Plan တတ်ရမယ် Organize လုပ်တတ်ရမယ် Coordinate လုပ်တတ်ရမယ် Negotiate လုပ်တတ်ရမယ်
Proble Solving ကောင်းကောင်းလုပ်တတ်ရမယ် JD တွေသူတကယ်လုပ်တတ်ပါ့မလားဆိုတာလေးတွေကို
သိချင်ရင်လည်း ဆရာမတို့ ကမေးခွန်းလေး တွေမေးမေးပြီးတော့စမ်းးပါတယ်ဘယ်လိုအချိန်မှာဆိုရင်
ကိုယ်ကဘယ်လို Plan တွေဆွဲမလဲ မိမိဘဝအတွက်ဆိုရင်ရော Personal Develop လုပ်မယ့်Plan ဆွဲထားတာရှိလားဟုတ်လား Professional Development Plan ကိုဆွဲပါသလား မိမိရဲ့အလုပ်ထဲမှာရောဘာ Plan တွေဆွဲဖူးပါသလဲပေါ့နော်ဒါမျိုးတွေ ဆိုဆရာမတို့ဆွဲတယ် problem solving ဆိုရင်လည်း
ဘယ်လိုပြဿနာလေးတွေကိုဆိုရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပြဿနာနမူနာလေးတွေပြပြပြီးတော့ ဆရာမတို့က သူ့ရဲ့ဖြေရှင်းပုံဖြေရှင်းနည်းလေးတွေကို ဆရာမတို့ မှန်းကြည့်တယ်ပေါ့နော်
အဲ့ဒါတွေကတော့ ဒါအထူးသဖြင့် မန်နေဂျာ Level တွေမှာ အဓိက လိုအပ်လာပြီဆိုရင် ဆရာမတို့
လိုအပ်ရင် case study လေးတွေပါ ချပေးတာပေါ့နော် case လေးတွေ ချပေးပြီးတော့ ဖတ်ကြည့်ပါဦး
ဒီလိုအခြေအနေဆိုရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲပေါ့နော် အဲ့ဒါမျိုးလေးတွေနဲ့လည်း ဆရာမတို့ မေးရပါတယ်
ကျွန်မတို့ ဟိုမေးရမယ့်မေးခွန်းတွေကတော့ အများကြီးပါပဲ အဲ့တော့အရေးကြီးတာက ကြိုတင်ပြင်ဆင်ဖို့လိုပါတယ် သေသေချာချာ ကြိုတင်ပြင်ဆင်ထားပြီးတော့ စလာလာခြင်းမှာ
အင်တာဗျူးအတွက် အလွယ်ဆုံးမေးခွန်းကနေစမယ် အလယ်မှာ နည်းနည်း အစောကပြောသလို အလုပ်နဲ့ Related ဖြစ်တဲ့ နော် Knowledge အတွက်စစ်မယ် Experienceကို ဆရာမတို့ စစ်ရမယ် ပြီးတော့သူ့ရဲ့
Behaviour Personality နဲ့ ပတ်သက်လို့ နော် ဒါလေးတွေဆရာမတို့ မေးမြန်းပြီးတော့ တီးခေါက်ပြီးတော့ စစ်ဆေးဖို့လိုပါတယ် နောက်တစ်ချက်ကတော့ အစောကပြောတဲ့ မန်နေဂျာတွေမှာရှိရမယ့် Skills ပေါ့နော်
ဒါတွေရှိမရှိကိုဆရာမတို့ မေးကြည့်ပြီးတော့မှ အင်တာဗျူးလုပ်ဖို့လိုပါတယ် ဒါကြောင့်မလို့ အင်တာဗျူးတစ်ခုလုပ်တယ်ဆိုတာ အချိန်ကြာပါတယ် သေသေချာချာရွေးမယ်ဆိုရင် သေသေချာချာကို
အချိန်များများသုံးရပါတယ် အဲ့တော့ဆရာမတို့က အင်တာဗျူးတစ်ခုမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် First Step ကတော့ အင်တာဗျူး မခေါ်ခင်မှာ ဆရာမတို့ Preparation လုပ်ထားရမယ် ဘာတွေ preparation လုပ်မလဲဆိုတော့ အင်တာဗျူးလုပ်မယ့် Board အဖွဲ့နဲ့ဖြစ်စေ Panel ကိုဖြစ်စေပေါ့နော် ဒါကိုအရင်ဦးဆုံး ဆရာမတို့ ဖွက်ရမယ် ဖွက်ပြီးသွားရင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ဆရာမတို့က အကြောင်းကြားထားရမယ် ဘယ်နေ့ဘယ်ရက်မှာ အင်တာဗျူးလုပ်ပါမယ် နော်
ဆိုပြီးတော့မှ ဘယ်လို အရာရှိ ဘယ်လို ဘယ်လို လယ်ဗယ်တွေကို အင်တာဗျူးလုပ်မှာ ဖြစ်ပါတယ်
အရာရှိလည်း ဖြစ်နိုင်သလို Entry Level လည်း ဖြစ်ချင် ဖြစ်မှာပေါ့နော် အကြောင်းကြားထားရမယ်
ပြီးရင်JD/JS တွေကိုဆရာမတို့က ကြိုပြီးတော့ပေးသိထားရမယ် အဲ့ဒါမှမေးတဲ့လူကလည်း ဒီ JD နဲ့ကိုက်လား
မကိုက်လား ဟုတ်လား ဒီ JD ဒီ JS ရှိလားမရှိလားစစ်ပေးမှာဖြစ်တယ် နောက်ပြီးတော့မေးခွန်းတွေဆရာမကိုကြိုပြင်ထားရပါမယ် အဲ့တော့အဲ့ဒီမေးခွန်းလေးတွေကိုလည်း
ဒီအင်တာဗျူးဘုတ်အဖွဲ့တွေအားလုံးသိရှိနားလည်ထားဖို့လိုပါတယ် အဲ့ဒါမှဟုတ်လားအထဲ ရောက်မှဘာမေးလို့မေးရမှန်းမသိ မေးခွန်းတွေကိုနားမလည် အဲ့ဒါလေးတွေမဖြစ်ရအောင် နောက်ကိုယ့်အဖွဲ့ကကိုယ်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ပြီးသွားရင်ဆရာမတို့အင်တာဗျူးလုပ်မယ့်နေရာပေါ့နော် အဲ့နေရာဟာ Privacy ရှိရမယ်ဟုတ်လားအင်တာဗျူးလုပ်နေရင်းတန်းလန်းနဲ့ဖုန်းလာလို့ဟုတ်လား လက်မှတ်လေးထိုးပေးပါဦးတို့ဟုတ်လားလူကဝင်လိုက်ထွက်လိုက်နဲ့အဲ့လိုမျိုးမဖြစ်ရပါဘူးအဲ့တော့ Privacy
ရှိဖို့ဆိုပြီးတော့အရမ်းသွားရေးလာရေးခက်တဲ့နေရာမှာစီစဉ်ပြန်တော့ အင်တာဗျူးမည့်သူက သွားရတာခက်သွားပြန်ပါတယ် ဒါကြောင့်မလို့ အဲ သူတို့ဘက်ကလည်းသွားရေးလာရေး လွယ်ကူနိုင်တဲ့နေရာလေးကို ဆရာမတို့ရွေးဖို့လိုပါတယ် အဲ့တော့ ပြီးသွားလို့ရှိရင် နေရာလည်းသတ်မှတ်ပြီးပြီဆိုရင် ဆရာမတို့အချိန်ပေါ့နော် အချိန်နဲ့နေ့ရက်ကကျတော့ ဒီ Interviewing တွေလည်း လာလို့သွားလို့အဆင်ပြေမယ့် အချိန်ကိုရွေးသင့်ပါတယ် အဲ့တော့ ဆရာမတို့က များသောအားဖြင့်ကတော့ ဒီ စနေတနင်္ဂနွေမှာရွေးလိုက်ရင်တော့ ကိုယ့်ဘက်ကတော့ရုံးဘက်ကတော့ အိုဗာတိုင်ဆင်းရတာပေါ့နော် အင်တာဗျူးဝင်လာရတဲ့လူအတွက်ကျတော့ တကယ်လို့များ အဲ ကုမ္ပဏီတစ်ခုကနေဒီဘက်ကိုကူးဖို့လာတဲ့လူဆို သူ့အတွက်အဆင်ပြေတယ် စနေ တနင်္ဂနွေဆိုတော့ လွတ်လွတ်လပ်လပ်လာလို့ရတယ် အဲ့လိုလေးတွေရှိတယ် အဲ့တော့ကျွန်မတို့က သူတို့ဘက်အတွက်ရော
ကိုယ့်ဘက်အတွက်ရော ကြည့်ပြီးတော့တော့ အချိန်နဲ့နေ့ရက်ကိုစီစဉ်ပေးဖို့လိုပါတယ် ပြီးသွားရင်ဆရာမတို့ ဒီ အင်တာဗျူးခေါ်တဲ့အခါမှာကြိုတင်အကြောင်းကြားထားဖို့လိုပါတယ် မနက်ဖြန်လိုအင်တာဗျူးကို ဒီနေ့ကပ်ပြီးတော့ပြောရင်တကယ်ကိုဝရုန်းသုန်းကားနိုင်ပါတယ် အဲ့တော့အင်တာဗျူးဝင်တဲ့အခါမှာလိုအပ်တဲ့ Document တစ်ခါတည်းယူလာဖို့ မှာလိုက်ဖို့လိုပါတယ်။
တစ်ခါတစ်ရံဆိုရင်ဆရာမတို့ဘက်ကသေချာမှာရဲ့သားနဲ့ကလေးတွေ Fresh Graduate လေးတွေပေါ့
အာ အင်တာဗျူးမှာစာရွက်စာတမ်းတွေ မစုံဘဲနဲ့လာလို့နော် ဆရာမဆိုရင်
ဆူမိတာတောင်ရှိပါတယ် အဲ့တော့သေသေချာချာ Document ယူလာအောင်လည်းမှာဖို့လိုပါတယ်
ကိုယ့်ဘက်ကနေရာရယ်အချိန်ရယ် Question တွေရယ်နော် အင်တာဗျူးလုပ်မယ့်ဘုတ်အဖွဲ့ရယ်
အကုန်အကုန်သတ်မှတ်ပြီးပြီဆိုလို့ရှိရင်ဆရာမတို့ကဒီ သက်ဆိုင်ရာကာယကံရှင်တွေကိုအကြောင်းကြားရပါမယ်
အကြောင်းကြားပြီဆိုရင် လာလာချင်းမှာတစ်ယောက်ချင်းကိုခေါ်သွင်းလိုက်တဲ့အခါမှာ အရေးအကြီးဆုံးကတော့နာမည်နဲ့တိုက်ဆိုင်စစ်ဆေးဖို့ပါပဲ နာမည်တူတွေရှိတတ်တယ်
အဲ့တော့ဒါဆရာမတို့ကအလှည့်ကျော်ပြီးဝင်လာတာလေးတွေလည်းဖြစ်တတ်တယ် သေသေချာချာနာမည်မေးပြီးတော့မှ အင်တာဗျူးလုပ်ဖို့ လိုတယ် နော် အဲ့ဒါလေးတွေလုပ်ပါမယ်
နောက်မေးတဲ့အခါမှာ စဝင်ဝင်လာခြင်းမှာ ဆရာမတို့က လွယ်ကူတဲ့မေးခွန်းလေးတွေနဲ့မေးပေးပါနော်
တစ်ဖက်သားကိုကြောက်လန့်သွားအောင်မလုပ်ပါနဲ့ အင်တာဗျူးထိုင်ခုံ setting က
ကလည်းဟိုတရားခံကိုတရားသူကြီးကစစ်တဲ့ပုံစံမျိုးနဲ့တော့မဖြစ်ဖို့အရေးကြီးပါတယ် ပျူပျူငှာငှာ ရင်းရင်းနှီးနှီးနဲ့နော် မေးနိုင်တဲ့အနေအထားမျိုးလေးပဲ လုပ်ပေးရပါမယ် ပြီးရင် အင်တာဗျူး process တစ်လျှောက်လုံးမှာလည်း တစ်ခါတလေ ဖြစ်တတ်တယ် နော် Interviewing ပေါ့ လာဖြေတဲ့လူက အပြောသိပ်ကောင်းတယ် နော် အပြောသိပ်ကောင်းတော့ သူပြောတဲ့နောက်ကို မျောပြီးတော့
ကိုယ်မေးသင့်တဲ့ မေးခွန်းတွေ မမေးမိဘူး ဟုတ်လား ကျန်ခဲ့တာမျိုးလေးတွေလည်း ရှိတတ်တယ်
အဲ့ဒါမျိုးလေးတွေ မဖြစ်အောင် အထူးသတိထားရပါမယ် အင်တာဗျူးအချိန်တစ်ခုလုံးဟာ ကိုယ့်ရဲ့ control အောက် ထဲမှာ ရှိနေဖို့ လိုပါတယ် ဆရာမတို့ကတော့ အင်တာဗျူးလာသွားတဲ့အတွက်ကြောင့်မို့လို့ ကျေးဇူးတင်တဲ့အကြောင်းဆက်စပ်ပြောပေးရပါမယ် ပြီးရင်အင်တာဗျူးဟို လာဖြေတဲ့လူကိုလည်း
သူသိချင်တဲ့မေးခွန်းလေးတွေမေးပါလို့နောက်ဆုံးမှာဖွင့်ချပေးရပါမယ်အဲကိုယ့်ဘက်ကလည်းမေးချင်တာတွေမေးပြီးပြီဆိုရင် ဒီဘက်ကကောဘာများမေးစရာရှိပါသလဲဆိုပြီးတော့သူတို့မေးသင့်မေးထိုက်
တာတွေသူတို့မေးလာပြီဆိုရင်ကျွန်မတို့ဖြေပေးရပါမယ် ပြီးသွားရင်အဲဒီအင်တာဗျူးဟာ First အင်တာဗျူးလား Second အင်တာဗျူးလားဆိုတာတစ်ခါတည်းပြောထားရပါမယ် အဲ့တော့အင်တာဗျူးရဲ့ Result
နှစ်ပတ်အတွင်း တစ်ပတ်ဆိုလည်းတစ်ပတ် နှစ်ပတ်ဆိုလည်းနှစ်ပတ်အတွင်း အကြောင်းပြန်ပါမယ်ဆိုတဲ့အကြောင်း ဆရာမတို့ပြောလိုက်ဖို့လိုပါတယ် နောက်အင်တာဗျူးလာဖြေပေးတဲ့လူကိုလည်း ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုတော့ ဆက်ဆက်မပျက်မကွက် ပြောကြားပေးစေချင်ပါတယ်။

03/01/2024

ဝန်ထမ်းရွေးချယ်ခန့်ထားတဲ့အခါ သိထားသင့်တဲ့ အင်တာဗျူးအကြောင်းအရာအများ အပိုင်း(၁)
SFUx Certificate in Human Resources Management – Unit 6 Selection Process ကောက်နှုတ်ချက်
ဒေါက်တာ ‌ဒေါ်ဥမ္မာမြင့်, B. Com (Hons, YIE),M. Com,Ph.D (HRM, Delhi)
----------------------------
“ ဝန်ထမ်းရွေးချယ်တဲ့အခါ သိထားသင့်တဲ့ အင်တာဗျူးအကြောင်းအရာအများကိုဆရာမ ဆွေးနွေးပြောပြချင်ပါတယ်။ ဆွေးနွေးတင်ပြချင်ပါတယ်အဲ့တော့အင်တာဗျူးကတော့အားလုံးလည်းများများဝင်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။တချို့အင်တာဗျူးဝင်တဲ့အခါမှာမေးခွန်းတွေကို ကြိုတင်ပြင်ဆင်ပြီးတော့မေး
တာတွေလည်းတွေ့ဖူးပါလိမ့်မယ်တချို့ကျတော့ ကြိုတင်ပြင်ဆင်ထားတာမရှိဘဲနဲ့လျဉ်းသင့်သလိုမေးခွန်းလေး
တွေကိုမေးမေးသွားတာလေးတွေလည်းတွေ့မှာဖြစ်ပါတယ်အဲ့တော့ ဆရာမတို့က ဘယ်ဟာကောင်းလဲ
Unstructured Interview လို ခေါ်ပါတယ် အဲ့ဒါကတော့ဘာလဲဆိုရင် ဝင်လာတဲ့ အင်တာဗျူးလာဖြေတဲ့
ပုဂ္ဂိုလ်ပေါ်မှာအခြေခံပြီးတော့မှ ဆရာမတို့ကမေးခွန်းတွေကိုအဆင်ပြေသလိုမေးသွားတာလေးတွေဖြစ်ပါတယ်
အဲ့ဒီဟာရဲ့ကောင်းတဲ့အချက်ကတော့ ဒီ အင်တာဗျူးပေါ်မှာ အခြေခံပြီးတော့ ကိုယ်လိုတာလေးတွေကိုပဲ
ဆွဲထုတ်မေးသွားတာဖြစ်တဲ့အတွက် လိုချင်တာလေးတွေကို ကွက်မေးနိုင်တယ် အချိန်ကုန်လည်း
သက်သာပါတယ်။ အဲ့တော့မကောင်းတဲ့အချက်ကလေးကကျတော့သူက အရေးကြီးတဲ့
အချက်တွေ ကိုမေးဖို့မေ့သွားနိုင်တယ် နောက်ပြီးတော့ Fair သိပ်တော့မဖြစ်ဘူးပေါ့နော် တချို့လူကိုမေးခွန်း
လေးတွေကို လွယ်ကူရိုးရှင်းတဲ့မေးခွန်းလေးတွေမေးမယ် တချို့လူကိုခက်တာလေးတွေမေးမယ်တချို့လူကျတော့
မေးခွန်းကိုဆယ်ခုလောက်မေးပြီးတော့ တချို့ကိုကျတော့ငါးခုလောက်ပဲမေးမယ် ဒါမျိုးလေးတွေဖြစ်တတ်တယ်
အဲ့တော့ အဲ့လိုဖြစ်မှာစိုးလို့ စိတ်ပူပြီးတော့ ရှိသမျှမေးခွန်းတွေအားလုံးကိုတစ်ကနေတစ်ဆယ်ချရေးလိုက်မယ်
ပြီးသွားရင် အဲ့မေးခွန်းစာရွက်ကိုကိုင်ပြီးတော့ အင်တာဗျူးလာဖြေတဲ့လူအားလုံးကို ဘယ်သူ့ကိုမဆို ဒီ တစ်ကနေ
တစ်ဆယ်အတွင်းမှာပဲ အစီအစဉ်တစ်ကျမေးကိုမေးမယ်ဆိုပြီးတော့ မေးလိုက်တယ်ဆိုရင်အဲ့ဒါမျိုးကိုကျတော့ ဆရာမတို့က Structured interview လို့ခေါ်ပါတယ် အဲ့တော့ အဲ့လိုလုပ်လိုက်တဲ့အခါမှာ ကောင်းတာကတော့ ဆရာမတို့ Fair ဖြစ်တယ်။ လူတိုင်းကိုဆယ်ခုဆိုဆယ်ခုဆယ်ခုမေးတယ်အဲ့တော့မေးလိုက်တဲ့အတွက် နံပါတ်တစ်မေးခွန်းကို Interviewer တွေဘယ်လိုများဖြေသွားလဲဆိုတာ ဆရာမတို့နှိုင်းယှဉ်လေ့လာ လို့လည်း
ရတယ်အဲ့တော့နောက်ပြီးတော့မေ့သွားစရာအကြောင်းမရှိတော့ဘူး နော် မေးခွန်းမေ့သွားတယ်ဆိုတာ မရှိတော့
ဘူးသို့သော်ငြားလည်းမကောင်းတဲ့အချက်ကကျတော့ဘာလဲဆိုတော့မဖြစ်မနေတစ်ကတစ်ဆယ်မေးရမယ်ဆို
တဲ့ အခါကျတော့ ဒီမေးခွန်းကို မေးစရာမလိုတဲ့လူမျိုးလည်းပါလာ ပါလာရင်ပါလာနိုင်တယ် အဲ့လိုလူမျိုးကိုလည်း
ဒီမေးခွန်းပဲထပ်မေးရမယ် ဒါမျိုးတွေရှိတဲ့အတွက် အချိန်သက်သာတယ်လို့တစ်ဖက်မှာပြောနိုင်သလို
တစ်ဖက်မှာလည်း အချိန်ကုန်ပါတယ် ဒါလေးတွေလည်း ဆရာမတို့ရှိပါတယ်
တစ်ခါဘယ်လောက်ထိတချို့များလဲဆိုရင် ဒီမေးခွန်းဆယ်ခုအပြင်ကိုပေါ့နော်လိုအပ်လို့ထပ်မေးရတဲ့မေးခွန်းလေး
တွေရှိလာတာ တောင်မှဒီမေးခွန်းစာရင်းထဲမှာမပါတာ မမေးတော့ဘူးဆိုပြီးထားလိုက်ရင်လည်းသိသင့်
သိထိုက်တဲ့အချက်ကိုဆရာမတို့မသိလိုက်တော့ပါဘူး ဒါကြောင့်မလို့ဒါလည်း အစွန်းတရား နောက်တစ်မျိုးဖြစ်သွားပါတယ်။အဲ့အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်နိုင်အောင်ဆိုပြီးတော့ ဆရာမတို့ဘာလုပ်ကြလေ့ရှိလဲဆိုရင် Semi-structured အရမ်းကိုအရေးကြီးတဲ့ မေးခွန်းငါးမျိုးဆိုရင် ငါးမျိုးကိုဆရာမတို့ ချရေးထားလိုက်တယ် ပြီးတော့မှ အဲ့ဒီငါးမျိုးကိုဆရာမတို့က မေးဖြစ်အောင်လူတိုင်း
ကိုမေးပါတယ် ပြီးတော့ကျန်တဲ့အချက်တွေကတော့ လူပုဂ္ဂိုလ်ပေါ်မှာ အခြေအနေပေါ်မှာကြည့်ပြီးတော့မှ ဆရာမတို့က လိုတဲ့မေးခွန်းလေးတွေကိုမေးမြန်းသွားတာလေးတွေရှိပါတယ် အဲ့ဒါမျိုးကိုတော့ ဆရာမတို့က
Semi-structured လို့ ခေါ်ပါတယ်။ ဒါဆိုရင် ဆရာမတို့ဘယ်နည်းတွေ အသုံးများလဲပေါ့နော် ဆိုရင်တော့
ဆရာမတို့ အသုံးများတဲ့ Method ကတော့ Semi-structured Method ကို ဆရာမတို့ အသုံးများပါတယ်
နောက်တစ်ခါ အင်တာဗျူး အမျိုးအစားလေး တွေရှိပါသေးတယ်။ အဲ့ဒါကတော့ အရှေ့ပိုင်းမှာဆရာမပြောခဲ့တဲ့
အင်တာဗျူးတဲ့သူကလည်းတစ်ယောက်တည်းမေးတဲ့လူကလည်းတစ်ယောက်တည်း အဲ့လို Face to Face
တစ်ယောက်ချင်းစီတွေ့တဲ့ အင်တာဗျူးကို One by one အင်တာဗျူးလို့ခေါ်ပါတယ် အဲ့ဒါမဟုတ်ဘဲနဲ့ ဆရာမတို့ ဘာရှိနိုင်သေးသလဲဆိုရင် Group အင်တာဗျူးလေးဆိုတာရှိပါတယ် Group အင်တာဗျူးလို့ပြောလိုက်လို့ရှိရင် ဆရာမရဲ့သင်တန်းသားတွေက ရုတ်တရက်လွဲချော်တာလေးတွေမှာ သူတို့လေးတွေ နည်းနည်းလေးတွေ အမှတ်မှားတာလေးတွေ ရှိပါတယ် Group အင်တာဗျူးလို့ ပြောလိုက်ရင် သူတို့စိတ်ထဲမှာ ဘယ်လိုထင်လဲဆိုရင် အာ ဖြေတဲ့လူကတော့ တစ်ယောက်ပဲ အင်တာဗျူးခံရသူကတော့ ကတော့တစ်ယောက်ပဲ မေးတဲ့လူတွေက လေးငါးယောက်ပေါ့နော် စုပြီးတော့ တစ်ယောက်တစ်ခွန်းဝိုင်းမေးကြတယ်ပေါ့နော် အဲ့တော့အဲ့ဒါမျိုးကို Group အင်တာဗျူး အဲ့လိုထင်ကြတယ်။ အမှန်တကယ်ကပြောင်းပြန်ပါ ဒီဂရုအင်တာဗျူးဆိုတာဆရာမတို့က ဖြေဆိုမယ့်လူတွေကို လေးငါးယောက် တစ်ပြိုင်နက်တည်း သွင်းလိုက်တာပါ တစ်ပြိုင်နက်တည်း သွင်းပြီးတော့
အကဲဖြတ်တဲ့လူကလည်း တစ်ယောက်တည်းဖြစ်ချင်လည်းဖြစ်မယ် လေးငါးယောက်ဖြစ်ချင်လည်းဖြစ်မယ်
သုံးလေးယောက်ပေါ့နော် စောင့်နေမယ် ပြီးတော့မှ မေးခွန်းတစ်ခုကိုဆရာမတို့က ချပြလိုက်တယ်
ချပြလိုက်တော့ ဖြေဆိုတဲ့လူ သုံးလေးယောက်ကနေပြီးတော့ အဲ့မေးခွန်းကိုနားထောင်ပြီးတော့
တစ်ယောက်တစ်မျိုးစီပေါ့နော် သူတို့ထင်မြင်ယူဆချက်တွေကိုသူတို့ကနေပြီးတော့ဖြေပါတယ်
အဲ့လိုလုပ်တာဘာကြောင့်လဲလို့ပြောရင်ဆရာမတို့ကတစ်ယောက်ကိုတစ်ယောက်နှိုင်းယှဉ်လို့လည်းရတယ်ဟုတ်လားဟိုအဖြေတွေကိုဘယ်သူကပိုပြီးတော့ စဉ်းစားနိုင်စွမ်းပိုမြင့်လဲဆိုတာချက်ချင်းမြင်ရတယ်။
အချိန်ကုန်လည်းသက်သာတယ်နောက်ပြီးတော့တစ်ယောက်နဲ့တစ်ယောက် Interaction လုပ်တဲ့
အခါမှာအဟိုတစ်ယောက်ကိုတစ်ယောက်ဘယ်လိုတုံ့ပြန်ပြီးပြောဆိုလဲဆိုတဲ့ပုံသဏ္ဍာန်ကိုလည်းဆရာမတို့အကဲဖြတ်လို့ရပါတယ်ဒါကြောင့်မို့လို့ဆရာမတို့က Group အင်တာဗျူးကိုခေါ်ပြီးတော့သေသေချာချာသူတို့ရဲ့ Behaviourတွေဟုတ်လားသူတို့ရဲ့ပြောပုံဆိုပုံလေးတွေဆင်ခြင်သုံးသပ်ပုံလေးတွေရွေးပြီးတော့ဘယ်သူကတော့ဖြင့်အက်တစ်ဖြစ်တယ်ဘယ်သူကတော့လူနည်းနည်းကြောက်တယ်ဟုတ်လားစတာလေးတွေကြည့်ပြီးတော့ဆရာမတို့အကဲဖြတ်အမှတ်ပေးလေ့ရှိပါတယ်အဲ့ဒါကိုဆရာမတို့ဂရုအင်တာဗျူးလို့ခေါ်ပါတယ်
နောက်တစ်ခုကတော့မေးတဲ့လူက များပြီးတော့ဖြေတဲ့လူကတစ်ယောက်တည်းပါပဲ နော်
အင်တာဗျူးခံရသူကတစ်ယောက်တည်းပဲ အင်တာဗျူးတဲ့သူကသုံးလေးယောက်ရှိတယ်နော် သုံးလေးယောက်ရှိ
ပြီးရင် သူတို့ကနေပြီးတော့တစ်ယောက်ကိုမေးခွန်းတစ်ခုစီဝိုင်းမေးကြတယ်ပေါ့နော်
အဲ့ဒါမျိုးမေးတာကိုဆရာမတို့က နော် Panel interview အင်တာဗျူးလို့ခေါ်ပါတယ် အားလုံးလည်းခဏခဏ
မြင်ဖူးနေတဲ့ဟာတွေရှိပါလိမ့်မယ် Panel Discussion ဆိုတာမျိုးပါ စတိတ် ပေါ် မှာ ပညာရှင်လေးယောက်လောက်ကနေပြီးတော့ မေးခွန်းတစ်ခုချင်းစီကို ဆွေးနွေးသွားတာမျိုးကိုတွေ့ပါလိမ့်မယ်
အဲ့ဒါကို Panel Discussion လို့ခေါ်တယ် အဲ့တော့ Panel လို့ပြောလိုက်ရင် သူက Group လေးနဲ့ရှိနေတာ
မေးတဲ့လူက သုံးလေးယောက်က တစ်ယောက်တစ်လှည့်စီဝိုင်းမေးမယ် ဖြေတဲ့လူကတော့သေချာတယ်
အင်တာဗျူးဖြေတဲ့လူကတစ်ယောက်တည်းပဲရှိတယ် အဲ့ဒါကို Panel အင်တာဗျူးလို့ခေါ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ Panel ထက်များသွားပါပြီ ငါးယောက်ထက်အထက်ကဝိုင်းပြီးတော့
လူတစ်ယောက်တည်းကို အင်တာဗျူးလုပ်တယ်ဆိုရင် အဲ့ဒါကို Board အင်တာဗျူးလို့ခေါ်ပါတယ်
ဘုတ်အဖွဲ့နဲ့စစ်တာပါ ဥပမာ ဆရာမတို့ဒီအယ်တက္ကသိုလ်ဆရာမအတွက်ပေါ့နော်
အရေးဖြေတွေအောင်ပြီဆိုတဲ့အခါကျတော့ ဆရာမတို့နှုတ်ဖြေဖြေရတယ် နှုတ်ဖြေဖြေတဲ့အခါမှာ
ဆရာမတို့ကို ဘုတ်အဖွဲ့ကနေပြီးတော့ အင်တာဗျူးလုပ်တာပါ တက္ကသိုလ်ပေါင်းစုံက ပါမောက္ခချုပ်တွေ
ညွှန်ချုပ်တွေ ဟုတ်လား အဲဒါတွေကနေ ဝိုင်းပြီးတော့ ဆရာမတို့ကို တစ်ယောက်တစ်ခွန်းမေးတယ်
သူတို့ရဲ့ အဲဒီ ဘုတ်အင်တာဗျူးအောင်မှပဲ အဲ ဒါဆရာမတို့ ရွေးချယ်ခံရတယ်ပေါ့နော် ဒါရှိတယ်
အဲ့ဒီလိုပဲ နိုင်ငံခြားပညာတော်သင်သွားတော့လည်း ဒီလိုပါပဲ ဘုတ်အဖွဲ့နဲ့ရွေးချယ်တာပါ နောက်ဆုံးပြောမယ် ဆေးပင်စင်တင်တဲ့အခါတောင်မှ ဒီဝန်ထမ်းဟာ တကယ်ကို ဆေးနဲ့အနားပေးဖို့သင့်တသင့်တော်ပြီလားဆိုတာကို
ဆေးဘုတ်အဖွဲ့ကနေပြီးတော့ နော် ဆေးစစ်ထားတဲ့စာရွက်တွေကိုကြည့်ပြီးတော့ အင်တာဗျူးလည်းလုပ်ရင်းနဲ့မှနောက်ဆုံးမှာ ဟုတ်တယ် အနားပေးသင့်တယ်ဆိုတော့မှသူတို့ကနေပြီးတော့
ဒါဆေးပင်စင်ပေးတာပါ ဆိုတော့ကာ ဒါဟာ ဘုတ်အင်တာဗျူးပေါ့နော် မေးတဲ့လူက ငါးယောက်နဲ့အထက်ရှိမယ် ဖြေတဲ့လူကတော့ တစ်ယောက်တည်းပဲရှိမယ်ပေါ့နော် ဒါမျိုးလေးတွေရှိပါတယ်
အဲ့တော့ဒါတွေကဆရာမတို့တွေ နောက်တစ်ခုကကျတော့လေ အစောကပြောခဲတဲ့
ဟုတ်လား step by step step တစ်ခုပြီးတစ်ခုပေါ့နော် interview လုပ်တာဟာတစ်ယောက်က
အင်တာဗျူးလုပ်တယ် Pass ဖြစ်တယ်ဆိုရင် နောက်တစ်ယောက်ကဆက်မေးမယ် နောက်တစ်နေ့ထပ်ချိန်းတာပေါ့နော် အဲ့မှာအင်တာဗျူးနောက်တစ်ကြိမ်လုပ်တယ် နောက်တစ်ကြိမ်တစ်ခါ
တတိယအကြိမ်ထပ်လုပ်တယ် အစရှိတဲ့ အဲ့လိုအင်တာဗျူး Step များစွာနဲ့သွားတဲ့ အင်တာဗျူး ကိုတော့ဆရာမ
တို့က Successive အင်တာဗျူးလို့ခေါ်ပါတယ် အဆင့် အဆင့် သုံးလေးဆင့်နဲ့ ဆရာမတို့သွားတာလေးတွေရှိပါတယ် အဲ့တော့ ဆရာမတို့ HR ဌာနက selection ပေါ့နော် selection အဖွဲ့ကနေပြီးတော့ ဟုတ်ပြီအင်တာဗျူးကို ဘယ်လိုအင်တာဗျူးနဲ့သွားမလဲပေါ့နော် အဲ့တော့ကျွန်မတို့အများဆုံးအားဖြင့်ကတော့ နော် ဗိုင်းရပ်စ်တွေလည်းမရှိရအောင် တစ်ယောက်တည်းကနေ ဝိုင်းပြီးတော့ အကဲဖြတ်တဲ့အခါမှာလည်း မှားသွားမှာစိုးလို့ပေါ့နော် တစ်ယောက်တည်းရဲ့အမြင်နဲ့ဆိုရင်
မှားသွားမှာစိုးလို့ ဆရာမတို့ ဘာလုပ်လေ့ရှိလဲဆိုရင် Panel or Board နဲ့ဆရာမတို့ အင်တာဗျူးလုပ်လေ့ရှိပါတယ်
One to one ကတော့ အတော်ကိုရှားပါတယ် Group အင်တာဗျူးကတော့ ဆရာမတို့ အချို့သောကိစ္စရပ်တွေမှာ ဆရာမတို့လည်း သုံးပါတယ် အင်တာဗျူးလေးတွေရှိတယ် အဲ့တော့ Successive interview လည်း သုံးပါတယ် ဆရာမတို့ အဲ့တော့အဲ့လိုအင်တာဗျူးလုပ်တဲ့အခါမှာ ဆောင်ရန်ရှောင်ရန်လေးတွေရှိပါတယ် အဲ့တော့ဆောင်ရန်ရှောင်ရန်ကဒီမေးခွန်းလေးတွေပေါ့ မေးခွန်းလေးတွေ အဲ့မှာ မေးသင့်တဲ့မေးခွန်း
မမေးသင့်တဲ့ မေးခွန်းလေးတွေရှိတယ် ဥပမာ ဆိုရင် ဟို သူများနိုင်ငံတွေမှာဆိုရင် ပိုပြီးတော့ ဟိုကန့်သတ်ထားတာအရမ်းမြင့်ပါတယ် ဥပမာအလုပ်လာလျှောက်တယ် အလုပ်နဲ့ပတ်သက်တဲ့ကိစ္စကပဲသူ့ကိုအင်တာဗျူးလို့ရပါတယ် အာသူ့ကိုပါ Personal တွေဆရာမတို့မေးလို့မရဘူး
မြန်မာနိုင်ငံမှာတော့မြန်မာ့ယဉ်ကျေးမှုအရ အာအကုန်လုံးကို မေးမြန်းတတ်တဲ့အကျင့်ရှိတယ်လေ
ပွင့်ပွင့်လင်းလင်းပြောရရင်စပ်စုတယ်ပေါ့နော် သူ့အလှည့်ကိုယ့်အလှည့်အကုန်လုံးမေးကြတာပဲ
အဲ့ဒါမျိုးကမြန်မာနိုင်ငံမှာမေးရပါမယ် နိုင်ငံခြားမှာမရပါဘူး အဲ့တော့ဥပမာအားဖြင့်ဆိုရင် သူ့ကိုမေးလိုက်တဲ့အခါလေးမှာ အိမ်ထောင်ပြုဖို့အစီအစဉ်ရှိလားတို့ ကလေးယူဖို့အစီအစဉ်ရှိလားတို့
အဲ့ဒါတွေမေးတာဟာနော် မေးပြီးတော့မှသူ့ကိုဪကလေးယူမှာမို့လို့ မခန့်တော့ဘူးဆိုရင်ဒါတွေဟာ
သူများနိုင်ငံမှာဆိုရင်ဒါတရားစွဲလို့တောင်ရပါတယ် ဒါကြောင့်မလို့ဆရာမတို့ အမ်းမေးလို့မရပါဘူး
နောက်တစ်ခုက Union ဝင်ထားလားလို့လည်းသွားမေးလို့မရပါဘူး ယူနီယံကြောင့်မို့လို့ ပြဿနာရှာမှာစိုးလို့
သူ့ကို မခန့်ပါဘူးဆိုရင် သူတို့တိုင်လို့ရပါတယ် ဒါကြောင့်မို့လို့ဆရာမတို့တွေ မေးသင့်မေးထိုက်တဲ့မေးခွန်း ဟုတ်လား ဥပဒေနဲ့ မေးစေ့မေးလိုက်တဲ့မေးခွန်း ရေးထားရမယ်
အဲ့တော့ဒါဆိုရင်မေးခွန်းလေးတွေမှာဘယ်လိုမေးခွန်းလေးတွေမေးမလဲလို့ ကြည့်လိုက်ရင် အများဆုံးကတော့
သူ့အကြောင်းကိုယ်သိချင်တာဖြစ်တဲ့အတွက် သူ့ကိုစကားများများပြောစေမယ့် မေးခွန်းမျိုးပဲမေးရပါမယ်
အဲ့ဒီမေးခွန်းက ဘာတွေလို့လဲပြောလဲဆိုရင်Open question တွေလို့ခေါ်ပါတယ် ဆရာမတို့ အိုးပန်းကွပ်ရှင်ဆိုတာသူစကားများများပြောလောက်အောင် လုပ်ထားတဲ့မေးခွန်းပေါ့နော် ဥပမာအားဖြင့်ဆိုရင် အလွယ်ဆုံးမေးခွန်းလေးဆိုရင် Tell me about yourself ကဲကိုယ့်အကြောင်းလေးကိုယ်ပြောပြပါဦးဆိုရင်
ဒါသူကသူ့အကြောင်းတွေကို စီကာစင်ကာနဲ့သူပြောတော့မယ် အဲ့တော့ပြောရတဲ့ ရည်ရွယ်ချက်ကတော့ သူ့အကြောင်းလေးကိုလည်းသိချင်သလို နောက်တစ်ချက်က စလာလာချင်းမှာခက်တဲ့မေးခွန်းနဲ့မေးလိုက်လို့ရှိရင်
သူက လန့်သွားတတ်တယ်။ အဲ့တော့ ဝင်ဝင်ချင်းမှာ အလွယ်ဆုံးမေးခွန်းလေးလည်းဖြစ်တယ် နာမည်ဘယ်လိုခေါ်ပါလဲ ဟုတ်လား ကိုယ့်အကြောင်းလေးကိုယ်ပြောပြပါဦး အဲ့ဒါလေးနဲ့ ဆရာမတို့ Intro လေးတွေဝင်လေ့ရှိပါတယ် ဒါက Open Question ရဲ့ နောက်ပိုင်းမှာတော့ ဆရာမတို့က သိချင်တာလေးတွေကိုလည်း အသေးစိတ်မေးမယ် ဟုတ်လား အဲ့တော့ မေးတဲ့အခါမှာ သူများများဖြေဖို့အတွက်ဆိုရင် အဲ သူ့ရဲ့ထင်မြင်ယူဆချက်ကိုမေးတာပေါ့နော် ဒီကိစ္စဆိုရင် ခင်ဗျားဘယ်လိုထင်မြင်ပါသလဲ ဒီလိုမျိုးလေးမေးလိုက်ရင် သူ့ရဲ့ထင်မြင်ယူဆချက်တွေထွက်လာလိမ့်မယ်
အခြေအနေတစ်ခုကိုချပြလိုက်ပြီးပြီဆိုဥပမာအားဖြင့်ဆိုရင်ကိုယ့်ကုမ္ပဏီမှာအထက်အရာရှိကမဟုတ်တာလုပ်နေတယ် အဲတော့အဲဒါတွေလုပ်နေတာဘယ်သူမှမသိဘူး ကိုယ်ပဲသိတယ် အဲအဲဒါဆိုရင်ရောအဲဘယ်လိုလုပ်မယ်လို့စိတ်ကူးထားလဲဆိုရင် အဲဒါသူသူ့စိတ်ကူးပေါ့နော် သူလုပ်ချင်တာလေးတွေသူပြောလိမ့်မယ် ဟုတ်လား အစရှိသဖြင့် Open Question ပေါ့ များသောအားဖြင့်ကတော့အဲ နောက်ပြီးရင်ဘာကြောင့်ဒီကုမ္ပဏီကိုလာလျှောက်တာလဲ “Why” အဲ့ဒါလေးတွေပြီးရင်ဒီကုမ္ပဏီကိုရောက်လာလို့ရှိရင် ကုမ္ပဏီကိုဘယ်လိုများအကျိုးပြုမလဲပေါ့ “How” ပေါ့နော်
အဲ့ဒါလေးတွေကိုဆရာမတို့ကများများမေးရပါတယ် ဖြေမယ် အဲတော့မှသူ့ရဲ့ စကားလည်းနားထောင်မယ်
သူ့ရဲ့ Behaviour ကိုလည်းဆရာမတို့ စောင့်ကြည့်ပြီးတော့အမှန်တွေပြောနေတာလား လိမ်နေတာလား
ဟုတ်လား အဲ သူဆိုရင် ဘယ်လိုအလုပ်နဲ့ကိုက်မှာလား သူ့ရဲ့အကျင့်စရိုက်နဲ့ဆိုရင်ဒါဆရာမတို့အကဲဖြတ်ပါတယ်
နောက်တစ်ခု Open Question နဲ့ ဆန့်ကျင်တဲ့ Question ကတော့ Closed Question သူကတော့ Yes or No တစ်လုံးတည်းနဲ့ တိုတိုတုတ်တုတ်ဖြေလို့ရအောင်ဆရာမတို့မေးတာပါ Open Question ကကျတော့ ရှည်ရှည်လျားလျား ဖြစ်အောင်ကိုမေးတာ ဘာကြောင့်လဲ? ဘယ်လိုဖြစ်လဲ? ဘယ်လိုထင်သလဲ?
စသည်အားဖြင့်လေ ဆရာမတို့မေးတာပေါ့ အဲ့ဒါတွေကို ဆရာမတို့က ဘယ်အချိန်အခါမှာသုံးသလဲဆိုရင်
သူပြောတဲ့စကားကိုအတည်ပြုချင်တအခါမျိုးမှာ သုံးပါတယ်။ နောက်တစ်ချိန်ကကျတော့ Confirmation ဆိုတာထက် ကိုယ်ကိုယ်တိုင်မရေရာဘူးပေါ့နော် သေသေချာချာ ပြတ်ပြတ်သားသားသိချင်တဲ့ အချက်ကလေးတွေဆို ဆရာမတို့အဲ့လိုလုပ်ပါတယ် ဥပမာ ဆရာမကနားကြားလွဲသွားတယ်ဆိုပါစို့ နော် သူက
ဒီအလုပ်ကိုလာလျှောက်တယ် သိန်းငါးဆယ်လစာကို မျှော်မှန်းလစာ သိန်းငါးဆယ်ပါလို့ပြောလိုက်တယ်
အဲဆရာမက သေချာစေချင်တယ်။ ဒါဆိုဆရာမက Paraphrasing လုပ်မယ် သူပြောတဲ့အတိုင်းလိုက်မေးမယ် သိန်းငါးဆယ် မျှော်လင့်တယ် ဟုတ်လား ဒါဆိုရင် Yes or No အဲဒါဆိုရင်ကလွယ်သွားပြီနောက်တစ်ခါဆရာမမေးကြည့်တယ်အရင်အလုပ်ကဘာကြောင့်ထွက်လာတာလဲနော်”Why” လို့ဆရာမမေးလိုက်တယ်အဲဒါအာအဲဒီမှာအထက်အရာရှိကဘယ်လိုဆက်ဆံရေးမကောင်းလို့ သူဖြေမယ်ဆိုပါစို့အဲဒါဆိုဆရာမသေချာချင်တယ်ဆိုရင်နော်အထက်အရာရှိတဲ့ဆက်ဆံရေးမကောင်းလို့ဟုတ်လား ဆိုဒါဆိုရင်လည်းသူက Yes or No ပဲ ဖြေမယ်။ ကိုယ်ကတိတိကျကျ ပြတ်ပြတ်သားသားနဲ့ရှင်းရှင်းလင်းလင်းသိချင်တဲ့ကိစ္စလေးတွေဆို ဆရာမတို့က Closed Question လေးနဲ့ပြန်မေး ဖို့လိုပါတယ်။ သို့သော်လည်း တတ်နိုင်သမျှကတော့ ဆရာမတို့ Closed Question နဲ့မမေးဖို့ နော် ထားရပါတယ်
သူ့ကိုများများပြောအောင် Open question တွေထားပေးရပါတယ် နောက်တစ်မျိုးကတော့ ရှောင်ရမယ့်ဟာတွေပေါ့နော် ပထမတစ်မျိုးက closed ကို တတ်နိုင်သမျှရှောင်မယ် ဒုတိယရှောင်ရမှာက
Leading ပါ အဲ့ဒါကတော့ Leading questions ဆိုတာ နိမိတ်ပြမေးခွန်းလေးတွေလို့ခေါ်ပါတယ် နော်
သူဒီလိုဖြေချင်လာအောင်ပေါ့နော် ဆရာမတို့က နှစ်ကြောင်းပေးတာပေါ့နော် နှစ်ကြောင်းပေးတယ်
ဆရာမတို့ကနေပြီးတော့ တို့ကုမ္ပဏီမှာတော့ ဝင်ပြီဆိုလို့ရှိရင်ရာထူးနည်းနည်းမြင့်လာတာနဲ့ ဝန်ထမ်းတိုင်းဝန်ထမ်းတိုင်းကလေ နယ်သွားရတယ် Transfer ဆိုရင်လည်း သွားရတယ်ပေါ်လစီရှိတယ် နယ်သွားမယ်မလား ဒါလေ့လာ့လိုက်တာပေါ့ ဪဟုတ်ကဲ့သွားမှာပါပေါ့နော် အဲ့ဒါမျိုးလေးတွေဖြေလာအောင်
တမင်နှစ်ကြောင်းပေးလိုက်တာပေါ့ ဆိုရင် အဲ့လို leading question လည်းမမေးရပါဘူး။ နယ်ကိုသွားနိုင်လားမသွားနိုင်ဘူးလား ဘယ်လိုထင်ယူဆပါသလဲ ဒါသူ့ကိုပဲ သူ့ခံစားချက်ကိုပဲ ဆရာမတို့မေးရမှာ
ဟုတ်ပါတယ် သွားပါ့မယ်ဆိုတာကို အတင်းကြီးဆွယ်ပြီးတော့ အဲ မေးရတာမျိုးမလုပ်ရပါဘူး
ဒီ့ထက်ပိုဆိုးတဲ့ question ရှောင်ရမယ့် question ရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ Loaded question လို့ခေါ်တယ်
load ပေါ့နော် load ပေါ့ အဲ့တော့ အဲကုန်တင်ကုန်ချမှာတော့ loading လုပ်တယ်ဆိုတာကုန်တင်ကုန်ချလုပ်တယ်ဟုတ်လား passenger တွေကိုအတင်အချလုပ်တယ်ပေါ့
စစ်တပ်မှာကျတော့ဒီ အဲ လုပ်တတ်လုပ်တယ်ဆိုတာကကျတော့ သေနတ်ပြောင်းထဲမှာကျည်ဆန်မရှိဘူး
ကျည်ကပ်ထဲမှာပဲကျည်ဆန်ကရှိတယ် အဲ့ဒီကျည်ခတ်ထဲက ကျည်ဆန်တစ်တောင့်ကို ပြောင်းထဲကို
မောင်းထိုးပြီးတင်လိုက်တယ်ပေါ့ အဲ့ဒါကိုဆရာမတို့က Loaded လုပ်တယ်လို့ခေါ်တယ်
အဲ့တော့လုပ်တတ်လုပ်လိုက်ပြီဆိုသူဘာလုပ်စရာပဲရှိတော့လဲဆိုရင် မောင်းတံ ကိုညှစ်ချလိုက်ရုံပဲရှိတော့တယ်။ အဲ့တော့လူတစ်ယောက်ကရှေ့မှာ Loaded တာမြင်သွားပြီဆိုတော့ သူကနည်းနည်းတော့အနည်းနဲ့အများတော့ကြောက်ကြတယ်။ ပစ်ချလိုက်ရင်ဒုက္ခ လက်ညှိုးလေးကွေးဖို့ပဲလိုတော့တယ်ပေါ့နော် ဆိုတော့ တစ်နည်းအားဖြင့်ပြောရင်လုပ်တဲ့ကွက်ရှင်ဆိုတာ သူ့ကိုခြောက်တာ ထောက်ပြီးတော့မှ ကိုယ်လိုချင်တဲ့အဖြေရအောင် လုပ်တာကိုလုပ်တဲ့ question လို့ဆရာမခေါ်တယ်။ ဆိုပါစို့ ဆရာမက promotion အတွက် interview တွေခေါ်တယ်ပေါ့နော် ဝန်ထမ်းတွေကိုပါ Performance Appraisal လည်းလုပ်တယ်နောက် Promotion ကလည်းကပ်နေပြီပေါ့နော်အဲ့မှာအဲ့ဝန်ထမ်းကိုဆရာမအင်တာဗျူးလုပ်လိုက်တယ်ဟုတ် လုပ်လိုက်ပြီးတော့မှ ကဲသမီးရေ ဆရာမတို့အခုပါ Performance ကတော့ လတ်တလောမှာတိုင်းထားတဲ့ပါ Performance အရဆိုရင်တော့ကောင်းတယ် အခုပရိုမိုးရှင်းကလည်းကပ်နေပြီ ။ ဆရာမတို့က ဒီ Performance ကောင်းတဲ့လူတွေထဲကနေပြီးတော့ အသင့်တော်ဆုံးလူတွေကိုရွေးပြီးတော့မှ ပရိုမိုးရှင်းပေးမှာ ဒါပေမဲ့သမီးရေ ပေါ်လစီတော့ရှိတယ်နော် အဲ့ဒီပရိုမိုးရှင်းရချင်တယ်ဆိုလို့ရှိရင်တော့ နယ်သွားဖို့ဆိုတာရှိတယ် နော် နယ်သွားမှဆရာမတို့က ပရိုမိုးရှင်းပေးမှာ သွားမယ်မို့လားသမီး အေးအဲ့လိုမျိုးမေးလိုက်ပြီဆိုရင် ဒါ
နယ်မသွားရင် promotion မရဘူးလို့ နည်းနည်းအမှန်တရားတော့ဖြစ်တော့ဖြစ်တယ် ဒါပေမဲ့နည်းနည်းတော့ခြောက်သံပါသွားတယ်ပေါ့နော် ဆိုရင်အဲ့တစ်ယောက်က သူစဉ်းစားသွားပြီဟုတ်လား
စဉ်းစားပြီးတော့မှသူ အာဟုတ်ကဲ့သွားပါမယ်လို့ဖြေရင် ဒါနည်းနည်းတော့ Loaded Questions ဖြစ်သွားတယ်
အဲ့တော့ တတ်နိုင်သမျှကတော့ဆရာမတို့က ကာယကံရှင်ရဲ့ ရင်ထဲကလာတဲ့ သူ့ဘာသာသူဆုံးဖြတ်တယ်ကွာကို လိုချင်တာဖြစ်တဲ့အတွက် Leading တို့ Loaded တို့ကို ဆရာမတို့က တတ်နိုင်သမျှရှောင်ရပါမယ်။ နောက်တစ်ခုကဆရာမအစောကပြောခဲ့တယ် တစ်ဖက်လူပြောတဲ့အတိုင်းလိုက်ပြောပြီးတော့ Paraphrasing လုပ်တာပေါ့နော် အဲ့ဒါမျိုးတွေကမရေရာမသေချာဘူးဆိုရင် နှစ်ခါသုံးခါပြန်မေးဖို့လိုပါတယ် တချို့ကဟာ ကျွန်မကတော့ နယ်သွားဖို့ဆိုရင်တော့ ရန်ကုန်နဲ့နီးတဲ့နေရာဆိုရင်တော့သွားနိုင်တယ် တချို့ကျတော့လည်း နှစ်နှစ်လောက်ဆိုရင်တော့သွားနိုင်တယ် နှစ်နှစ်ထက်ကျော်ရင်တော့ကျွန်မမသွားနိုင်ဘူး အဲလိုပြောလိုက်ရင်သေချာအောင်ဆရာမတို့ကပြန်မေးရပါတယ် ရန်ကုန်နဲ့နီးရင်တော့သွားမယ်ဟုတ်လား ဒါမျိုးလေးတွေနော် ဒါမှမဟုတ်ရင်နှစ်နှစ်လောက်ဆိုရင်တော့သွားနိုင်တယ်ဟုတ်လား စသည်အားဖြင့်သေချာအောင် Confirm လုပ်တဲ့နေရာမှာမေးပါတယ် အဲ့ဒီမေးခွန်းမျိုးကို Mirror Question လို့ခေါ်တယ် နော် ကြေးမုံပြင်လိုပဲပေါ့နော် သူပြောရင်ပြောတဲ့အတိုင်း ဆရာမတို့ပြန်မေးတယ် Mirror Question လို့လည်းခေါ်သလို Paraphrasing လို့လည်းဆရာမတို့ခေါ်ပါတယ် အဲ့ဒါမျိုးလေးတွေကိုဆရာမတို့မေးပါတယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

SFUx shorts - Key Account Management (PSS)
SFUx shorts - Exit Plan Steps (ENVC)
SFUx New Year Promotion
SFUx shorts - How to ask for a customer or a client's name (BE)
SFUx shorts - Leadership Definition (SSL)
SFUx Shorts - Complaint Handling (BEES)
SFUx shorts - Value Added Services (Warehouse)
SFUx - Controlling (Management Function)
How Can Logistics Costs Be Represented
Creative Thinking & Dominant Design (BEES)
သီတင်းကျွတ် ဆုမွန်ကောင်း
Brief (Digital Marketing)

Category

Telephone

Address

9A Baho Road
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.