Mya Mingalar

Mya Mingalar

Welcome To Mya Mingalar Real Estate

13/12/2023

အရှုပ်အရှင်းကင်း အဆောင် နှင့် ခြံရောင်းမည်။
ပါမစ်မြေ မိတ္ထူ
ရေ(ရေတင်ဖို့ compressor)၊ မီး အစုံ
ဧရိယာ-20'x60'
ရိုးရိုးမီတာ
လစဥ် 1ခန်း ၉၀၀၀၀ကျပ်နဲ့လူပြည့်နေတဲ့ အဆောင်ပါ။ ၁၄’ x ၉’ ပေ ၁၀ခန်း
အိမ်သာ အပေါ် ၂ခန်း အောက်၁ခန်း
အဆောင်မှူးအခန်းက တော့ မျက်နှာစာလေးပေါ့ အင်္ကျီဆိုင်တို့ ဘာတို့ ဖွင့်လို့ရတယ်
ဆောက်ထားတာ ၂နှစ်ကျော်ပဲ ရှိပါသေးတယ်။
အပေါ်ကိုပါ စလပ် လောင်းထား​ပြီး ရေကန်ကိုအုတ်နဲ့ သေချာကန်လုပ်ထားပါတယ် ရေကန်ဘေးမှာ ဝရန်တာလို့ သဘောမျိုးကို စတီးလက်ရန်းတပ်ပေးထားပါသေးတယ်။ သုံးထားတဲ့ သစ်တွေကလည်း ပျဥ်းကတိုးနဲ့ ကျွန်းသက်သက်ပါပဲ။
အပေါ်ထပ် လူနေဆောင်မှာဆိုလည်း လျှာထိုးခင်းထားပါတယ်။
ဝယ်ပြီး အဆင်သင့် ငှားစားရုံပါပဲ။ လက်ရှိလည်း ငှားနေပါတယ်။
ဖုန်း 09787823488
အဆောင်ကြည့်ချင်လျှင် ၃နာရီကြိုပြောပေးပါနော်
လိပ်စာ ဗိုလ်အေးချိုလမ်း လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီး.။
သိန်း၂၀၀၀ (ညှိနှိုင်းနိုင်ပါတယ်)
အကျိုးဆောင်ပါ

15/05/2023

#အကျိုးတူရပါတယ် 1:1
#အရောင်းပါ
#မြောက်ဒဂုံ 35 ရပ်ကွက် နဝဒေးလမ်း

📍တစ်ထပ်တိုက် (အိမ်အရမ်းမကောင်း)
ပတ်ဝန်းကျင်အလွန်ကောင်း ပြီး
📍ဗိုလ်မင်းရောင်လမ်းမ ဒဲ့ပေါက်လမ်း
📍 လောပိတလမ်းမ ဒဲ့ပေါက်လမ်း
📍 40 ပေ* 60ပေ
📍 အရှေ့လှည့်

☑️စျေးနှုန်း - 4600 သိန်း (ညှိနှိုင်း)
09787823488
#ပိုင်ရှင်နဲ့တိုက်ရိုက်စျေးညှိလို့ရပါတယ်

30/11/2022

ဆရာ ကြည်စိုး IC ၏ တစ်ချက် မှ

ချန်၍မရသော ပုံသေနည်း

🙏🙏🙏🙏🙏

27/11/2022

ဒီရက်ပိုင်း မြေကွက်ဝယ်ယူပြီး လက်လွတ်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ
အများကြီးသတင်းတက်လာတာစိတ်မကောင်းစရာတွေတွေ့ရပါတယ်။

မြေကွက်ဝယ်မယ်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ သေချာစစ်ဆေးပါ

မိမိဝယ်မယ့်မြေဟာ လယ်ယာမြေဆိုလည်း အခြားနည်းသုံးစွဲခွင့် လန(လန၃၀)ကျပြီးသားမြေလား
အရင်ကြည့်ရမယ်

…အခြားနည်းသုံးစွဲခွင့် လန- ၃၀ ကျပြီးသားဆိုရင်….ဘာအတွက်ကျတာလည်း
၁။ သာသနမြေအတွက်လား
၂။ စက်ရုံမြေအတွက်လား
၃။ နှစ်ရှည်အတွက်လား
၄။ အိမ်ယာဆောက်လုပ်ခွင့် အတွက်လားဆိုတဲ့…အကြောင်းအရာတွေရှိပါတယ်အခြားနည်းသုံးစွဲခွင့်ရတိုင်း မြေကွက်ရိုက်ရောင်းပြီးဝယ်လို့မရပါဘူးပုံစံ ၁၀၅. ၁၀၆ ရှိရုံနဲ့မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားမဟုတ်ပါဘူး.. မြေနယ်နမိတ်သက်မှတ်ချက်နဲ့မြေရာဇဝင်သာဖြစ်ပါတယ်
နောက်ဆုံးပြောချင်တာကတော့…ကိုယ်ချွေးနဲစာနဲ့ဝယ်ယူမဲ့ မိတ်ဆွေများသည်.ကိုယ်ဝယ်ယူမဲ့မြေအကြောင်းသိရှိနားလည်မှသာဝယ်ယူရန်အကြံပေးချင်ပါသည်။

တစ်လက်စတည်း မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမယ်။

အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ

မြေပိုင်မြေ ။ ။မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်‌ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။

ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က “ဓမ္မဦးချ” ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ ‌မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။
လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀ ၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။
မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။

စကွာတာမြေ ။ ။ “စကွာတာမြေ” ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို” ဆိုလိုပါသည်။

ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံတဲ့မြေ” မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။
ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။

စာတွေ့တင်မကပဲအနီးနားပတ်ဝန်းကျင်မှာ
လည်း ဝယ်ယူမယ့်မြေကွက်အကြောင်း ကိုယ်တိုင်ကွင်းဆင်းပြီး အပင်ပန်းခံ စုံစမ်းဖို့မမေ့သင့်ကြောင်း အကြံပေးပါရစေ။

ဗဟုသုတရရှိစေရန်
ဥပဒေရေးရာ Page မှ ကူးယူဖော်ပြပါတယ် ခင်ဗျာ

Photos from Mya Mingalar's post 16/08/2022

🌸🌲ပြင်ဦးလွင် ရေသယောက်ကုန်း ရွာမြေစစ်စစ်
▶ ရွာလည်ကတ္တရာလမ်းမပေါ်မေးတင်၊
▶ မန်း-လားရှိုး လမ်းမကြီးမှ ပေ (၁၀၀၀) ခန့်အကွာ
▶ နေရာကောင်း စျေးတန် ၊ ရှုခင်းလှလှ ရွာမြေစစ်စစ် နေချင်သူများအတွက်

🏠 ပေအကျယ် နှင့် စျေးနှုန်း
▶ပေ (၄၀×၇၀) = ၃၄၀ သိန်း (ရွာလယ်ကတ္တရာလမ်းမေးတင်)
▶ပေ ၆၀ x ပေ ၆၀ = ၃၈၀ သိန်း (ရွာလယ်ကတ္တရာလမ်းမေးတင်)
▶ပေ ( ၄၀ x ၃၅ ) x ပေ ၆၀ = ၁၈၀ သိန်း
▶ပေ ၄၀ x ပေ ( ၆၀ x ၅၅) = ၁၉၀ သိန်း
▶ပေ ၄၀ x ပေ ၆၀ = ၂၁၀သိန်း
▶ ပေ ၄၀ x ပေ ၆၅ = ၂၂၀ သိန်း
▶ပေ ၄၀ x ပေ (၇၈ x ၇၀) = ၂၄၀သိန်း

🏘 ဝန်ဆောင်မှု
▶ ဒူးပိတ် အုတ်ရိုးခံ၊ သံဇကာခတ်
▶ သံပန်းတံခါး တပ်ဆင်ပေးခြင်း
▶လျှပ်စစ်မီး သွယ်တန်းပေးခြင်း

▶ အရောင်းအဝယ် အလွှဲအပြောင်း ဆက်စပ်စာချုပ် အပြည့်အစုံဖြင့် လွှဲပြောင်းရောင်းချပေးပါမည်

ဆက်သွယ်ရန်
🌸🌲🌸🌲🌸🌲
09787823488

13/07/2022

တာမွေ တိုက်ခန်းအရောင်း
12ပေခွဲ 55ပေ ဟောင်ကောင်၂ထပ်
(၄လွှာမှာပါ)
🙏🙏🙏
သီတာလမ်း ကဝင်ရင် ဒုတိယမြောက်လမ်း
အောင်ဘာလေလမ်း(ဓမ္မာရုံဘေး တစ်တိုက်ကျော်)
အပေါ်ထပ်လေးကလဲ
အခန်းဖွဲ့ထားတော့အေးဆေး နေလို့ရတယ်
ရေစက် - မီး ✅
ဈေး ၃၆၀ သိန်း (Banking Ok 👌)
အိမ်ကြည့်ချင်ရင် ၂နာရီကြိုပြောပေးပါနော်
အကျိုးတူလက်ခံပါတယ်
ဒေါ်မြသဉ္ဇာတင့်
မြမင်္ဂလာ အိမ်ခြံမြေအကျိုးဆောင်
09787823488

11/07/2022

Edit sold out
ရန်ကုန်မြို့ရဲ့အချက်အချာချတဲ့ ဝေဇယန္တာလမ်းအနီး စိတ်ငြိမ်ရက်ကွက်မှာရှိတဲ့ ပေ၆၀x ၆၀ ၂ထပ် RC အိမ်လေးတခုရောင်းပေးချင်ပါတယ်
📌 ခြံအကျယ် _ ပေ၆၀ x ၆၀
📌 အိမ်အကျယ် - ပေ၄၀ x ၄၀
📌 ခြံထဲမှာ ဘာတွေပါလဲ
အဝီစိရေတွင်း (ဂျိုးဖြူရေလဲရ)
ဝန်ထမ်းတွေအတွက်အိမ်သေးသေးလေး
မီတာ ၂လုံး (ရိုးရိုး, စက်မီတာ)
ကားဂိုဒေါင် ( ခြံထဲမှာ ကား၄စီးလောက်ဆန့်)
📌 အိမ်ထဲမှာ ဘာတွေပါလဲ
Air con ၄ လုံး
၁၅ပေ ပတ်လည်Master bedroom ၂ ခု
Single room ၁ ခု
ပရိဘောဂ တချို့ ( အပြောကောင်းရင် ကောင်းသလို ထားခဲ့ပေးမယ်)
အိမ်နံပတ်ပေါင်းခြင်း (၆)
📌 စာချုပ်စာတမ်း
ဂရမ် (သက်တမ်းဝေး)
၄၀ x ၆၀ ဂရမ်တခု
၂၀ x ၆၀ ဂရမ် တခု
နာမည်ပေါက်တူတူပါပဲ
SPရ
📌 ပတ်ဝန်းကျင်
စိတ်ငြိမ်ရက်ကွက်
ခြံကျယ်ကျယ်တွေများ
📌 ဈေး
ယခင်ခေါ်ဈေး ၉၀၀၀သိန်း
ယခုခေါ်ဈေး ၈၆၀၀သိန်း
အလျေ့ာအတင်းရှိပါတယ်
Mobile Bankingရပါတယ်

အိမ်ကြည့်မယ်ဆို အချိန် ၃နာရီကြိုပြောပေးပါနော် လမ်းကြုံကြည့်ခြင်း သည်းခံပါ
အရောင်းကိုင် တစ်ယောက်ပါလို့ တူတူခွဲစားနိုင်ရင် အကျိုးတူရပါတယ်

ဒေါ်မြသဉ္ဇာတင့် ( မြမင်္ဂလာ အိမ်ခြံမြေ)
09787823488

Photos from Mya Mingalar's post 02/07/2022

လှိုင်မြို့နယ် ဓမ္မရုံလမ်းအနီးမျက်နှာပွင့် ပေကျယ်ပြီးသွားရလာရလွယ်ကူတဲ့ခြံလေးတစ်ခုရောင်းပါရစေ ။

🔺 ခြံအကျယ် _ ၈၀× ၅၇ (၂ကွက်တွဲထား)

🔺 နေရာ -ဓမ္မာရုံ ( )လမ်း (လမ်းနည်းနည်းကျဉ်း)

🔺 ခြံထဲမှာ ဘာတွေပါလဲ ❓

✔စက်ရေတွင်း၂ခု
✔ရိုးရိုးမီတာ၄လုံး
✔အုတ်ခံ အိမ် တခု
✔Air con 1လုံး
✔ဂိုဒေါင်ပုံစံ အိမ် (အရမ်းမကောင်း) ၂ခု
✔ကား၃စီးပါကင်

📌 စာချုပ်စာတမ်း
ပေ၄၀× ၅၇ပေ က ဂရမ်ပါပြီးသားပါ
တခြမ်းကတေ့ာ ဘိုးဘွားပိုင် အပ်စာချုပ်
SPရ

📌 ပတ်ဝန်းကျင်
စိတ်ငြိမ်ရက်ကွက်
ခြံကျယ်ကျယ်တွေများ

🏷ဈေး

-တခြမ်းဆီယူလဲရ
-ဂရမ် ပါတဲ့ တခြမ်း (၄၀x ၅၇) - 5500သိန်း
-ဂရမ် မပါတဲ့ တခြမ်း ( ၄၀×၅၇)- 3500သိန်း
-၂ခြမ်းလုံး ယူရင် - သိန်း၉၀၀၀

အလျေ့ာအတင်းရှိပါတယ်
Mobile Bankingရပါတယ်

❕အိမ်ကြည့်မယ်ဆို အချိန် ၃နာရီကြိုပြောပေးပါ။
❕လမ်းကြုံကြည့်ခြင်း သည်းခံပါေနာ် ။

စာရွက်စာတမ်းအရှုပ်အရှင်းအတွက် တာဝန်ယူပါသည် ။

အရောင်းကိုင် တစ်ယောက်ပါလို့ ၃ယောက်ခွဲစားနိုင်ရင် အကျိုးတူရပါတယ်နော် ။

ဒေါ်မြသဉ္ဇာတင့် @ Sweetie
မြမင်္ဂလာ အိမ်ခြံမြေအကျိုးဆောင်
09-787 823 488

15/04/2022

မြေအမျိုးအစား က တော့ကျေးရွာဘုံမြေပါ ။

စာရွက်စာတမ်းတွေအနေနဲ့ ကတော့ရွာကအုပ်ချုပ်ရေးမှူးနဲ့မြေအမျိုး အစား က ကျေးရွာဘုံမြေပါ ။
စာရွက်စာတမ်းအနေနဲ့
ကျေးရွာဘုံမြေဖြစ်ကြောင်းထောက်ခံစာရယ် ၊ ရွာက အုပ်ချုပ်ရေးမှူးနဲ့ချုပ်ထားတဲ့ စာရွက်ရယ် ပါပါမယ်နော် ။

(1) 92 ဧက က
ခေါ်ဈေး ၂၅သိန်းပါ

(2) ၁၁၀ဧက က
ခေါ်ဈေး ၃၅သိန်းပါ

ခွဲမရောင်းပါဘူးချုပ်ထားတဲ့ စာရွက်ရယ် ၊ ကျေးရွာဘုံမြေဖြစ်ကြောင်းထောက်ခံစာရယ် ပါပါမယ်နော် ။

ရပ်ကြည့်လို့အမြတ်မရှိဘူး တွက်ကြည့်လို့အမြတ်များများကျန်နေစေဖို့ phone 📞: 09787823488 ကိုအခုဘဲဆက်သွယ်လိုက်ပါ။

Google mapလေးလိုချင်ရင် CBမှာလာရောက်တောင်းကြည့်လို့ရပါတယ်နော် ။

ပြင်ဦးလွင် ပြင်စာရွာ, ရွှေကျားရွာဘက်မှာ ရွာဘုံမြေ အရှုပ်ရှင်းကင်း သိန်း၃၀ မှ ၄၀ (ညှိနှိုင်း) ဖြင့်် ဧက ၂၀၀ကျော်ရောင်းရန်ရှိပါသည်
09787823488

ဒေါ်မြသဉ္ဇာတင့် @ Sweetie
မြမင်္ဂလာ အိမ်ခြံမြေအကျိုးဆောင်
09-787 823 488

Photos from Mya Mingalar's post 31/03/2022

တစ်သက်တာဘဝမှာ ကွက်လပ် တွေဟာ အရမ်းကိုအရေးပါတဲ့အခန်းကဏ္ဍကရှိနေပါတယ် ။

သင့်ရဲ့ဘဝမှာလိုအပ်နေတဲ့ ကွက်လပ်တွေကိုဖြည့်စည်းနိုင်မှသာ ရှင်သန်ရတာအဓိပ္ပာယ်ရှိနေစေမှာပါ ။

အဲ့ဒီအတွက်ကြောင့် သင်ရှင်သန်နေထိုင်ရတာ လွတ်လပ်ပေါ့ပါးပြီး ၊ အကျိုးစီးပွါးဖြစ်ထွန်းတယ်လို့ခံစားချက်မျိုး ရရှိအောင်စွမ်းဆောင်ပေးမဲ့ ကွက်လပ်လေး တစ်ခုကို မြမင်္ဂလာအိမ်ခြံမြေ အကျိုးဆောင်မှ မိတ်ဆက်ပေးပါရစေ ။

အဲ့ဒီကွက်လပ်လေးကတော့ တစ်ခြားကွက်လပ်လေးမဟုတ်ပါဘူး ၊
နောင်ကာလအတွက်ပါတည်တံခိုင်မာတဲ့ ခြံကွက်လပ်လေးပါ ။

အနာဂတ်အတွက်ရင်နှီးမြှုပ်နှံချင်လို့ပဲဖြစ်ဖြစ် ၊ လူတွေနဲ့ ဝေးရာမှာ မိသားစုတွေကြီးဘဲ သိုက်သိုက်ဝန်းဝန်းနဲ့ နားအေးပါးအေးနေလိုသူများအတွက်ကတော့ တကယ့်ရွှေပါဘဲနော် ။

ခြံရဲ့တည်နေရာလေးကလဲ စစ်ကိုင်းရဲ့အချက်အချာနေရာဖြစ်တဲ့ ဗျူဟာလမ်း ( ခရိုင်ချင်းဆက်လမ်း) ပေါ်မှာတည်ရှိနေတာပါ ။ လမ်းတစ်လျှောက်လုံးကတ္တရာလမ်းခင်းထားတာကြောင့် သွားရေးလာရေးကလည်းအဆင်ပြေချောမွတ်နေစေမှာပါ ။

လျှပ်စစ်မီးဆိုရင်လည်းခြံဘေးမှာ လမ်းမီးတိုင်တွေရှိနေပြီးသားဖြစ်တာကြောင့်လွယ်လင့်တကူ တပ်ဆင်လိုက်ရုံပါဘဲ ။

အချက်အချာနေရာတစ်ခုလို့ဘာလို့ပြောရတာလဲဆိုရင် ရေမြတ်ကြီးအင်းနဲ့ နီးစပ်ပြီး နောက်နောင်မှာအသစ်တည်ဆောက်မဲ့ တက္ကသိုလ်တွေနဲ့အနီးဆုံးဖြစ်တဲ့အတွက်ကြောင့် နေရာကောင်းတစ်ခုမှလို့ နှစ်ရှည် ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်လည်းအကြံကောင်းတစ်ခုပါဘဲနော် ။

ခြံကွက်လပ်လေးဆိုလို့ အထင်တော့ မ small လိုက်ပါနဲ့ မိတ်ဆွေ ။ အကျယ်က မျက်နှာပွင့် ပေ ၈၂၀ ကျော်ရှိပါတယ် ၊ ဧကနဲ့ဆိုရင် ဧကပေါင်း ၈ ဧက ကျော်ရှိပါတယ် ။ ခြံလေးရဲ့အားသာချက်ကတော့ ပုံစံ ၇ ပုံစံကျထားပြီး ၊ စိမ်းလန်းအေးမြမှုတွေအပြင် စီးပွါးရေးအဖြစ်လုပ်နိုင်မဲ့ တောအုပ်လေးတစ််ခုပါ ပါရှိနေတာပါ ။

အဲဒီတောအုပ်လေးထဲမှာ ၁၁ နှစ်သားအရွယ်( ရွှေဟင်္သာသရက် / စိန်တစ်လုံးသရက် ) အပင်ပေါင်း ၄၀၀ ကျော်ပါ ပါတယ် ။ ဒါကိုစီးပွါးရေးအရတွက်ချက်ကြည့်မယ်ဆို တစ်နှစ်ပတ်လုံးမှာ တစ်ပင်ကို၂သိန်းလောက်ထိ ပြန်လည်ရရှိတာမှလို့ တစ်နှစ်ကိုသိန်း ၈၀၀ လောက် အမြတ်ထွက်နေစေမဲ့ အဆီအနှစ်ပြည့်ဝတဲ့ မြေလေးပါ ။

ရပ်ကြည့်လို့အမြတ်မရှိဘူး တွက်ကြည့်လို့အမြတ်များများကျန်နေစေဖို့ phone 📞: 09787823488 ကိုအခုဘဲဆက်သွယ်လိုက်ပါ ။

Google mapလေးလိုချင်ရင် CBမှာလာရောက်တောင်းကြည့်လို့ရပါတယ်နော် ။

ဒေါ်မြသဉ္ဇာတင့် @ Sweetie
မြမင်္ဂလာ အိမ်ခြံမြေအကျိုးဆောင်
09-787 823 488

Photos from Mya Mingalar's post 30/03/2022

🌲ပြင်​ဦးလွင်​အပန်းဖြေမြို့​လေးမှာခြံဝန်းကျယ်​ကျယ်​ကို
ဘန်​ဂလို​လှလှလေး​ဆောက်​လို့အပန်းမ​ဖြေချင်​ကြဘူးလားမိတ်​​ဆွေများတို့​ရေ🌲

👏👏​ရေမီးအသင့်ရှိပြီး ပေ ၄၀x၆၀၊ ပေ ၈၀x၆၀ အစားစားရှိတဲ့ မြေကွက်တွေနဲ့ မိတ်​ဆက်​​ပေးပါရ​စေ​နော်​👏👏

ပြင်ဦးလွင်မြို့ ဒီဇင်ဘာခြံအကျော်ရေသယောက်ကုန်းမှာ💝မန္တလေး-လားရှိုး လမ်းမကြီးကနေ ၃ မိနစ်အကွာအဝေး💝 လောက်သာဝင်ရတဲ့နေရာမှာ ရှိပါတယ်ရှင့် 🥑🌲🌳

မြို့ပြရဲ့မွန်းကြပ်မှု.လေထုညစ်ညမ်းမှု. ဆူညံမှု. ရောဂါထူပြောမှုများနဲ့ဝေးရာအေးချမ်းဆိတ်ငြိမ်ကမ္ဘာလေးမှာ🏡 မနက်ခင်းလေးနိုးထလာပြီးမေမြို့နှပ်ကော်ဖီလေးတခွက်နဲ့.☕
အေးမြတဲ့တောင်ပေါ်လေနုအေးရဲ့အရသာ. သစ်ရိပ်ဝါးရိပ်တွေရဲ့အေးမြငြိမ်းချမ်းမှု 🌳🌲🌿
သစ်ပင်ပန်းမာလ်သီးပင်စားပင်များရဲ့လတ်ဆတ်မွှေးပျံ့သောရနံ့🍓🍇🥝🍒🥑
လှပလွန်းတဲ့မိန်းမောဖွယ်ရာရှုခင်းရဲ့ဖမ်းစားမှုများအားလုံးရဲ့အချက်အချာကျရာကမ္ဘာလေးတခုပါ😍😍

👏👏 စိတ်မပူပါနဲ့ ကိုယ့်ခြံလေးထဲက တောင်ပေါ်ချယ်ရီလမ်းမကြီး, ထင်းရှူးပင်တန်းလေးနဲ့ထင်းရှူးလမ်း🌲, ချယ်ရီပင်တန်းလေးနဲ့ချယ်ရီလမ်း🌸, စိန်ပန်းပင်တန်းလေးနဲ့ စိန်ပန်းလမ်း🌼 စတဲ့အရိပ်အာဝါသအပြည့်နဲ့အေးမြလှတဲ့လမ်းကလေးတွေပတ်လျှောက်လိုက်မယ်ဆိုရင် 👍ကျန်းမာရေးနဲ့လဲညီညွတ်တယ်နော်...

💰​ဈေးနှူန်း💰
ပေ ၄၀×၆၀ 👉 သိန်း ၁၂၀ မှစပြီး
ပေ ၈၀×၆၀ 👉 သိန်း ၂၇၀ အထိ
(🌟​ပေအကျယ်အလိုက်အစားစားရှိပါတယ်​🌟)

🚩​နေရာ🚩
ရေသယောက်ကုန်း
ဒီဇင်ဘာခြံအ​ကျော် လားရှိုးလမ်းမှအတွင်းသို့ ၃ မိနစ်သာ

👌​ငွေ​ပေး​ချေမှူ👌
တလတကြိမ်​​သုံးလ(ညှိနှိုင်း)သွင်းပေးနိုင်​ပါသည်​
📢(Cash down ​ပေး​ချေသူများအတွက်​အထူး​လျှော့​ဈေးရှိပါသည်​)📢

👍 ဝန်ဆောင်မှု 👍
🏵️ အုတ်တံတိုင်း
🎁သံပန်း သံတံခါး
⛑️ မီးတိုင် မီးကြိုး အကွက်ရှေ့အရောက်
🔮 ၂၀ ပေ ကွန်ကရစ်လမ်း

📋စာရွက်စာတမ်း📋
ရေသရောက်ကုန်း ရွာမြေဖြစ်ပြီး အရှုပ်အရှင်းကင်း၊ အလွှဲအပြောင်း အရောင်းအဝယ် စပ်ဆက်စာချုပ်စုံလင်စွာဖြင့် ခိုင်မာစွာချုပ်ဆိုပေးပါမည်

📢 ခြံကွက်နေရာကောင်းအလှလေးတွေလိုချင်ရင်တော့ လက်ဦးအောင်အပြေးသာလှမ်းခဲ့ပါ 📢

မြေပုံနဲ့စျေးနှုန်းကို Comment မှာလေ့လာနိုင်ပါတယ်ရှင့် ❤
❤❤

ဒေါ်မြသဉ္ဇာတင့် @ Sweetie
မြမင်္ဂလာ အိမ်ခြံမြေ
09787823488

Photos from Mya Mingalar's post 22/02/2022

ပြင်ဦးလွင် ပြင်စာရွာ, ရွှေကျားရွာဘက်မှာ ကျေးရွညဘုံမြေအရှုပ်ရှင်းကင်း သိန်း၃၀ မှ ၄၀ (ညှိနှိုင်း) ဖြင့်် ဧက ၂၀၀ကျော်ရောင်းရန်ရှိပါသည် ဧက ၂၀မှ စခွဲရောင်းပေးပါမယ်
လမ်းက စက်ထိုးပြီးသားမို့လမ်းသာပါတယ်
09787823488

13/02/2022

ဤကမ္ဘာမြေဝယ် ရုန်းကန်လှုပ်ရှားနေတဲ့လူတွေတိုင်းမှာ ငြိမ်းချမ်းသော စိတ်ခံစားမှုကိုပေးဆောင်နိုင်မဲ့ နေရာတစ်ခုတော့ ရှိပါတယ် ။

အဲ့ဒီနေရာကတော့အိမ်လေးတစ်လုံးပါဘဲ ။လူတိုင်းဟာဘယ်လောက်ဘဲအဆင်မပြေနေမှုတွေ စိတ်ရှုပ်စရာတွေရှိနေပါစေ အိမ်ဆိုတဲ့ကိုယ့်ရဲ့ မိသားစုအသိုက်အမြုံလေးထဲကို ရောက်ရှိသွားတာနဲ့ အေးချမ်းသွားတာပါဘဲ ။ ဒါဟာ သဘာဝကဖန်တီးပေးထားတဲ့ အသိုက်အမြုံတစ်ခုပါ ။

အဲ့ဒီလိုအသိုက်အမြုံတွေကိုဘဘာဝတစ်ခုတည်းတင်မဟုတ်ဘဲ “ မြမင်္ဂလာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း “ မှလည်း ဖန်တီးပေးနေပါပြီနော် ။

အများအကျိုးဆောင် ကိုယ့်အကျိုးလဲအောင်ဆိုတဲ့ ဆောင်ပုဒ်လေးကိုလက်ကိုင်ထားတဲ့ မြမင်္ဂလာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက လူကြီးမင်းတို့အကျိုးစီးပွါးအတွက်ရွှေဥဥပေးမဲ့ ရွှေငန်းလေးတစ်ကောင်ပါဘဲ ။ အဲ့တာကြောင့်မှလိုအိမ်လေးတွေကို ရောင်းချချင်လို့ဘဲဖြစ်ဖြစ် ၊ ဝယ်ယူချင်လို့ဘဲဖြစ်ဖြစ် ၊လိုအပ်သမျှကိစ္စအဝဝများအတွက် “ မြမင်္ဂလာအိမ်ခြံမြေအကျိုးဆောင် “ ကိုယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်နော် ။

သင်လိုနေတာက ?

လရောင်ဖြာတဲ့ညတစ်ည တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်နဲ့ ရှုခင်းကောင်းတဲ့အိမ််မျိုးလား ၊

ရှေးလူကြီးတွေပြောခဲ့သလို မြေဝယ်မကျ ဆိုတဲ့စကားအတိုင်းဖြစ်မဲ့အိမ်မျိုးလား ၊

စတဲ့အမျိုးစုံသော အိမ်ပေါင်း မြေပေါင်း ခြံပေါင်း မျိုးစုံကို ရောင်း ၊ ဝယ် ၊ ဌား ပြုလုပ်လိုသူများအတွက် ဆက်သွယ်စုံစမ်းနိုင်ရန်
Phone 📞- 09787823488
ဒေါ်မြသဉ္ဇာတင့်( မြမင်္ဂလာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း )။

Photos from Mya Mingalar's post 28/01/2022

အေးချမ်းပြီးနွေးထွေးမှု ၊ ပင်ပန်းနေချိန်မှာ စိတ်လုံခြုံမှုတွေပေးနိုင်မဲ့ အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။

အခုမိတ်ဆက်ပေးမဲ့အိမ်လေးကို ကြည့်ပြီးသွားရင်တော့ လူကြီးမင်းတို့ဆီမှာရွေးချယ်ဖို့အခွင့်အရေးနှစ်ခါ ရှိရင်တောင်နှစ်ခါလုံး ရွေးချယ်မိမဲ့ အိမ်ကလေးတစ်လုံးပေါ့ ။

ဒီအိမ်လေးရဲ့ တည်နေရာကတော့ ကမာရွတ်မြို့နယ် ထဲမှာ ပါ။ ကမာရွတ်ဆိုတော့ သိကျတဲ့အတိုင်းဘဲ ရေခံမြေခံအလွန်ကောင်းပြီး ဆေးရုံကအစ Hot pot ဆိုင်အဆုံး ပတ်လည်ဝိုင်းထားတဲ့ အချက်အချာကျပြီး အကွက်အကွင်းကောင်းတဲ့ နေရာတစ်ခုပါဘဲ ။

လိုတရနိုင်မဲ့ နေရာတစ်ခုဖြစ်တဲ့ လှည်းတန်းကိုလည်း မျက်စိတစ်မှိတ်အတွင်းလမ်းလျှောက်သွားလိုက်ရုံပါဘဲ ။ Bus ကားဂိတ်ကော ၊ international school အထိပါ နီးနီးနားနားမှာရှိနေတာပါ ။ပတ်ဝန်းကျင် အချက်အချာကျနေရုံတင်မက ရေမီးအစုံနဲ့ တန်းနေလိုက်လို့ရတဲ့ အိမ်လေးတစ်လုံးပါဘဲ ။

အိမ်လေးရဲ့ ရောင်းစျေးလေးကတော့ သိန်း 30000 ပါ ။ 💰💰
အဌားလိုချင်ရင်လည်း တစ်လ ကို သိန်း ၅၀ ကျပ် ။
😃
စျေးတွေကိုကြည့်ပြီး “ များလိုက်တာလို့ ” မတွေးလိုက်ပါနဲ့ လူကြီးမင်းတို့ကိုအဆင်ပြေစေပြီးစိတ်တိုင်းကျစေရမဲ့ စျေးနှုန်းအနီးအနားအပြင် ၊ နှစ်ဦးနှစ်ဖက်
အပြန်အလှန်လေး အဆင်ပြေစေတဲ့စျေးဖြစ်စေရအောင် အထူးညှိနှိုင်းဆောင်ရွက်ပေးနေပါတယ် ။ 🥰

အိမ်နေရာပတ်ဝန်းကျင်အရ ဝယ်ပြီးလို့မနေဖြစ်ရင်တောင် စီးပွါးရေးဖြစ် သူများကိုပြန်ပြီးဌားထားရင် ရင်းနှီးထားသလောက် ပြန်ပြီးရနိုင်မဲ့ အချက်အချာကောင်းက အိမ်တစ်လုံးပါဘဲ ။

အပေါ်မှာပြောထားသလိုမျိုးဟုတ်ရဲ့လားဆိုတာ အောက်ပါအချက်အလက်များကိုဖတ်ရှူပြီး သို့မဟုတ် Google map ကတစ်ဆင့်လေ့လာပြီး လူကြီးမင်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။

အိမ်အတွင်းပိုင်း အခန်းနှင့် ခြံအတွင်းဖွဲ့စည်းပုံများ-
✅master bedroomအိပ်ခန်း = ( 4 )ခန်း ၊
✅ဧည့်ခန်း = ( 1 ) ခန်း ၊
✅ထမင်းစားခန်း / မီးဖိုခန်း = ( 1 )ခန်း ၊
✅ရေချိုးခန်း = ( 1 ) ခန်း ၊
✅အိမ်သာ = ( 1 ) ခန်း ၊
✅အိမ်ရှေ့တွင် ကား( 9 )စီးခန့်ရပ်နားနိုင်တဲ့ မြေနေရာ ။

မြေအကျယ်အဝန်း = ပေ ( 73 x 111 )
( ဘိုးဘွားပိုင်မြေ ဖြစ်တဲ့အတွက်ကြောင့် အရှုပ်အရှင်းဖြစ်မှာကိုစိတ်ပူစရာမလိုပါ။ )

Google map ကနေပြီးတော့ ခြံနေရာအနေအထားလေ့လာချင်ပါကလည်း chat box ကိုလာရောက်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်စုံစမ်းနိုင်ရန် Phone 📞- 09787823488
ဒေါ်မြသဉ္ဇာတင့်( မြမင်္ဂလာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း )။

09/06/2021

ရွှေကူရဲစခန်းကို KIA နှင့် PDF တို့ ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်နေ။
=====================
ရွှေကူမြို့ ရဲစခန်းကို ဇွန်လ ၉ရက်နေ့ ယနေ့ ည ၁၀ နာရီဝန်းကျင်တွင် KIA နှင့် ရွှေကူ PDF တို့ ပူးပေါင်းကာ ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Source : : https://www.facebook.com/444548002311615/posts/3550777228355328/

09/06/2021

Attention plz ‼️‼️
လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်နေပါတယ်
လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ပစ်နေတယ်လို့ ကြားသိရပါတယ်
လွိုင်ကော်အတွက်ဆုတောင်းပေးကြပါ 🙏

09/09/2020

လွှမ်းမိုး's the best music 🥺💗

08/09/2020

ခင်မောင်တိုး's the best song 💌
Allegiance ♡

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Address


Mya Mingalar
Yangon
11111
Other Real Estate in Yangon (show all)
Phyo အထည်အလိပ်ရောင်းဝယ်ရေး Phyo အထည်အလိပ်ရောင်းဝယ်ရေး
Yangon

အထည်အလိပ်ရောင်းဝယ်ရေး

Helen Family - Real Estate Helen Family - Real Estate
No. 46(A), Neikbankyaung Street, Bahan Township
Yangon, 111223

Vision Connect all real estate in Myanmar, so our customers can find themselves.

KKN CARE SPAR KKN CARE SPAR
Insein Myothit ကကြီး 4လမ်း
Yangon

Aung Thadoe co ltd Aung Thadoe co ltd
Kanbae
Yangon, KENBAETOWER

Sevilla Residence Rentals Sevilla Residence Rentals
11 Shwe Gon Taing Street 4, Myanmar (Burma)
Yangon, 11201

We offer luxury 1,2 & 3-bedroom(s) rental apartments with resort-inspired amenities.

Amk Seven Property Amk Seven Property
Yangon
Yangon

We care for the best

Popular Plastic Group Popular Plastic Group
Yangon, 1113

Daw Soe Soe အိမ်ခြံမြေအကျိုးဆောင် Daw Soe Soe အိမ်ခြံမြေအကျိုးဆောင်
Yangon

အိမ် ခြံ မြေ ရောင်းဝယ်ရေး

Htun Tauk Real Estate Htun Tauk Real Estate
Bo Aung Kyaw Street
Yangon

No (314),Bo Aung Kyaw Street,Hlaing Tharyar Township

Zo Lo Real Estate Zo Lo Real Estate
Yangon

တိုင်ခန်း၊ အိမ် ခြံမြေ ရောင်းဝယ်ရေး � ပွဲစားမဟုတ် �ပိုင်ရှင် တိုက်ရိုက် ဝယ်ရောင်း

Element air filter Element air filter
Yangon

အားပေးမူ့အတွက် အထူး ကျေးဇူး တင်ရှိပါကြောင်း