Lukoil Lubricants in Myanmar With Pivot Trading Co Ltd
TOP QUALITY RUSSIAN LUBRICANTS
အေရအေသြးအဆင့္အျမင့္ For Myanmar language, pls call 095086350 or 09970223124. For English pls call 09441526305
URGENT RECRUITMENT :
Promotion Girl required for Workshop promotion.
2 in Yangon and 2 in Mandalay
For Mandalay pls phone to +95 9 259 770 194
https://m.facebook.com/story.php?story_fbid=1337382990353263&id=192363108188596
Dicen que un hilo rojo conecta a aquellos que están destinados a encontrarse... nosotros creemos que sí. ¡Feliz día del amor y la amistad! Etiqueta a tu persona favorita en los comentarios. 🥰❤️
Grupo LUKOIL es actualmente la compañía más grande de Rusia y una de las petroleras más grandes del mundo, con puntos de exploración, producción y operaciones en más de 12 países a nivel mundial. Llámanos y únete a nuestra amplia red de distribuidores.
https://www.facebook.com/105688244524658/posts/461326235627522/
Grupo LUKOIL es actualmente la compañía más grande de Rusia y una de las petroleras más grandes del mundo, con puntos de exploración, producción y operaciones en más de 12 países a nivel mundial. Llámanos y únete a nuestra amplia red de distribuidores.
Our LUKOIL GENESIS products provide rapid lubrication, especially during cold starts of the vehicle in winter. ❄️
Unsere LUKOIL GENESIS Produkte sorgen für eine schnelle Schmierung, auch beim Kaltstart eines Fahrzeugs im Winter. ❄️
https://www.facebook.com/830136820433802/posts/4774471396000305/
Our LUKOIL GENESIS products provide rapid lubrication, especially during cold starts of the vehicle in winter. ❄️
Unsere LUKOIL GENESIS Produkte sorgen für eine schnelle Schmierung, auch beim Kaltstart eines Fahrzeugs im Winter. ❄️
https://m.facebook.com/story.php?story_fbid=1303592580398971&id=192363108188596
Presentamos nuestro totalmente nuevo Genesis Advanced API SP: especialmente formulado para proteger al máximo los componentes clave de motores modernos, optimizando su eficiencia. Fabricados bajo estrictos estándares de calidad que cumplen y exceden las especificaciones de los más importantes organismos internacionales"
https://www.facebook.com/105688244524658/posts/451197579973721/
Presentamos nuestro totalmente nuevo Genesis Advanced API SP: especialmente formulado para proteger al máximo los componentes clave de motores modernos, optimizando su eficiencia. Fabricados bajo estrictos estándares de calidad que cumplen y exceden las especificaciones de los más importantes organismos internacionales"
https://www.facebook.com/830136820433802/posts/4650539318393514/
LUKOIl has stepped up in the TPI (Transition Pathway Initiative) international climate change rating by one notch, which resulted from developing the Company’s carbon management system.
TPI is an international initiative that assesses companies’ preparedness for the transition to a low carbon economy.
LUKOIL hat sich im internationalen TPI-Rating (Transition Pathway Initiative) zum Klimaschutz um eine Stufe verbessert. Die Entwicklung ist auf die Implementierung des Kohlenstoffmanagementsystems des Unternehmens (Carbon Management System) zurückzuführen.
TPI ist eine internationale Initiative, die analysiert, wie gut Unternehmen auf den Übergang zu einer kohlenstoffarmen Wirtschaft vorbereitet sind.
Did you know that LUKOIL has more than 1200 approvals from the world's leading manufacturers of motor vehicles, equipement and machinery? 💪🤩
Schon gewusst, dass LUKOIL über 1200 Freigaben von namhaften Herstellern von Fahrzeugen, technischem Equipment und Maschinen hat? 💪🤩
Do you miss travelling? We definitely do! 🥺 So let's have a throwback to FIA WTCR race in Morocco in 2019. ☀😎
Wer vermisst das Reisen auch so sehr wie wir? 🥺 Um die Zeit bis zur nächsten Reise zu überbrücken, schauen wir zurück zum FIA WTCR Rennen in Marokko in 2019. ☀😎
¡Te estamos esperando!
Acércate con nosotros al stand 1909.
ချောဆီစားနှုန်း များရခြင်းအကြောင်း
Engine များတွင် fuel consumption (လောင်စာဆီစားနှုန်း) နှင့် lubricating oil consumption (ချောဆီစားနှုန်း) ဟူ၍ (၂) မျိုးရှိရာတွင် ၊ ချောဆီစားနှုန်း လိုအပ်သည်ထက်များနေပါက သုံးစွဲသူအတွက်လည်း ကုန်ကျစရိတ် မထောင်းသာလှသလို ၊ engine ၏ သက်တမ်းကိုလည်း ကျဆင်းစေနိုင်ပါသည်။
Engine တလုံးတွင် lubricating oil consumption (ချောဆီစားနှုန်း) များနေပါက ၊ အဓိက သက်ဆိုင်သည့် အပိုင်းကြီး (၂) ပိုင်းရှိပါမည်။ ၄င်းမှာ
(၁) Lubricating system (ချောဆီစနစ်) အပိုင်းနှင့်
(၂) Mechanical system (စက်မှုပိုင်းဆိုင်ရာ စနစ်) ဟူသည့် အပိုင်း (၂) ပိုင်းနှင့် ဆက်စပ်ပတ်သက်နေပါသည်။
အပိုင်း(၁) Lubricating system (ချောဆီစနစ်) အပိုင်း
၄င်းအပိုင်းနှင့်ပါတ်သက်သည့် အချက်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်။
၁။ ချောဆီလိုင်း၏ တနေရာရာတွင် ယိုစိမ့်နေသောကြောင့် (ဥပမာ - ပိုက်အဆက်နှင့် nut ခေါင်းများ မလုံသဖြင့် ယိုစိမ့် ထွက်ကျနေခြင်း)
၂။ Cylinder oil control ring ချို့ယွင်း/ပျက်စီး နေသောကြောင့်
၃။ ရာသီဥတုနှင့် မကိုက်ညီသော ချောဆီအမျိုးအစားကို သုံးစွဲနေသောကြောင့် (ဥပမာ - ပူပြင်းသောရာသီဥတုတွင် viscosity နဲသော ချောဆီ grade ကို သုံးစွဲနေသောကြောင့်).....ချောဆီကျဲလျင် engine ၏ ချောဆီစားနှုန်း များလာတတ်ပါသည်။
၄။ ချောဆီ level များစွာ ထည့်သွင်းထားသောကြောင့်
စသည့် ချောဆီစနစ်ပိုင်းဆိုင်ရာ အချက်(၄) ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ဒါတွေက Lubricating system နဲ့ သက်ဆိုင်သည့်အပိုင်းတွေပါ ။
အပိုင်းနှင့် (၂) Mechanical system (စက်မှုပိုင်းဆိုင်ရာ စနစ်) အပိုင်း
၁။ piston ring ကျိုးနေခြင်း(သို့) ပွန်းစားနေခြင်း။
၂။ engine အား Overhaul ပြုလုပ်ရမည့် အချိန်ကာလထက်ကျော်လွန်ပြီး သုံးစွဲနေခြင်း။
၃။ liner ပွန်းစားနေခြင်း (သို့) piston ပွန်းစားနေခြင်း။
စသည့် စက်မှုပိုင်းဆိုင်ရာ အချက်(၃) ချက်ကြောင့် ဖြစ်နိုင်ပါတယ်။
ချောဆီစားနှုန်း များနေသည့် engine တလုံးအား အောက်ပါအတိုင်း စစ်ဆေးလုပ်ဆောင်ပေးရပါမည်။
1. engine ၏ ပြင်ပတွင်ရှိသော ချောဆီနှင့်သက်ဆိုင်သည့် ပိုက်နှင့်အဆက်များ ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပါ။
2. ချောဆီစားနှုန်း အားပြန်လည်စစ်ဆေးပါ။ engine တိုင်းသည် ချောဆီ အနဲနှင့်အများ စားတတ်ကြသည်။ ထုတ်လုပ်သူအပေါ်မူတည်၍ ဆီစားနှုန်း ကွဲပြားသွားသည်သာ ရှိသည်။
3. ချောဆီလဲလှယ်ရမည့် သက်တမ်း ကျော်လွန်နေခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေးပါ။
4. Crankcase ventilation system ပိတ်ဆို့နေခြင်း ရှိ/မရှိ စစ်ဆေးပါ။ ၄င်းကို breather(ဘရိသာ) ဟုလည်း ခေါ်ဆိုသုံးနှုန်းကြသည်။ ၄င်း breather တွင်ပါရှိသော filter နှင့် breather pipe အကွေးနေရာများအား ဆေးကြောသန့်စင်ပေးပါ။
5. Crankcase pressure များနေခြင်း ရှိ/မရှိ စစ်ဆေးပါ။ breather(ဘရိသာ) အပေါက်မှ အခိုးအငွေ့များ ဖိအားများစွာဖြင့် ထွက်နေခြင်း ရှိ/မရှိ စစ်ဆေးပါ။ အခိုးအငွေ့များ ဖိအားများစွာဖြင့် ထွက်ရှိနေလျင် ၄င်း engine တွင် blowby ဖြစ်နေပြီဟု သတ်မှတ်ရပါမည်။ blowby ဖြစ်ခြင်းသည် piston rings များ ပွန်းစားသွားမှုကြောင့် ဖြစ်ပါသည်။ ထို blowby ဖြစ်စဉ်ကို စောစီးစွာသတိမထားမိလျင် engine အား ကြီးမားစွာ ပျက်စီးစေနိုင်ပါသည်။
6. Turbocharger မှ sealing ring အား စစ်ဆေးပါ။ ၄င်း rings ပျက်စီးနေလျင် turbocharger အတွက် cooling ပေးနေသော ချောဆီသည် အဆိုပါ sealing ring မှ ကျော်လွန်ဖြတ်သန်း၍ exhaust manifold ပေါက်မှ exhaust နှင့်အတူ ပြင်ပသို့ ထွက်သွားတတ်ပါသည်။
7. ချောဆီ အအေးခံ cooler မှ ချောဆီ ယိုစိမ့်နေခြင်း ရှိ/မရှိ စစ်ဆေးပေးပါ။
8. သုံးစွဲထားသည့် ချောဆီအရည်အသွေးသည် engine နှင့် ကိုက်ညီမှုရှိ/မရှိ ပြန်လည်စစ်ဆေးပါ။ (ချောဆီ grade မှန်ကန်မှု ရှိ/မရှိ ပြန်လည်စစ်ဆေးပါ။)
9. Lubricating oil dipstick (ချောဆီတိုင်းတံ) အထိုင်ကျမှု မှန်/မမှန် ပြန်လည် စစ်ဆေးပါ။
10. ချောဆီ၏ ပျစ်/ကြဲမှုအား စစ်ဆေးပါ။ ချောဆီ ကျဲနေလျင် ချောဆီစားနှုန်း များတတ်ပါသည်။ ချောဆီကျဲရခြင်းမှာ အကြောင်းအချက် ၂ချက်ရှိပါတယ်။ (a) engine အပူလွန်ကဲနေသောကြောင့် (b) ချောဆီအတွင်း ဒီဇယ်ဆီ ရောနေသောကြောင့် ။ ဒီဇယ်ဆီရောရခြင်းမှာ injector(သို့) nozzle ကြောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။ injector(သို့) nozzle cup ကွဲနေခြင်း...ဒါမှမဟုတ် tip ပြတ်ထွက်နေခြင်းတို့ကြောင့် ဖြစ်ပါသည် ။
11. Engine အတွင်းပိုင်းတွင် တစုံတခု ပျက်စီးနေခြင်းကြောင့် ။ ၄င်းတွင် ပျက်စီးနိုင်သည့် အကြောင်းအချက် များစွာရှိပါသည်။
ဥပမာ....piston rings များ ကျိုးနေသောကြောင့်...piston ပွန်းစားပျက်စီးနေသောကြောင့်...liner ပွန်းစားပျက်စီးနေသောကြောင့်...valve guide seal များ ပွန်းစားပျက်စီးနေသောကြောင့်...စသည့် အချက်တို့ကြောင့် ဖြစ်ရပါသည်။
Rings များနှင့် blowby ဖြစ်စဉ်
Engine တလုံးတွင် blowby ဖြစ်စဉ်သက်ရောက်ခံရခြင်းသည် ထို engine အတွက် ကြီးစွာသောပျက်စီးမှုများကို ကြုံတွေ့စေရနိုင်ပါသည်။ blowby ဖြစ်စဉ်ကို မြန်မာမှုပြုရပါလျင် (လေအန်ခြင်း) ဟု မြန်မာမှုပြုရပါလ်ိမ့်မည်။ engine တလုံးတွင် engine ၏ အသက်ရှူ ပေါက်ဟု ခေါ်ဆိုရမည့် brearher ပါရှိကြသည်။ blowby ဖြစ်စဉ်ဖြစ်ပေါ်လျင် အဆိုပါ breather(အသက်ရှူ ပေါက်)မှ လေများ အလွန်အကျွံ အန်ထွက်လာတတ်သည်။ တခါတရံ စီးကရက်မီးခိုးငွေ့ကဲ့သို့သော အဖြူ ရောင်အငွေ့များပါ ပါရှိလာတတ်သည်။ သာမန် engine တလုံးတွင် အဆိုပါ breather မှ လူတယောက်အသက်ရှူ ထုတ်သလိုမျိုးသာ gas များ သာမန်ထွက်ရှိနေရပါမည်။ အကယ်၍ ထိုသို့မဟုတ်ပဲ ဖိအားများစွာဖြင့် လေများထွက်ရှိလာခြင်း ၊ အခိုးအငွေ့ အဖြူ များ ပါရှိလာခြင်း စသည့် လက္ခဏာများ ပြသလာပါက engine တွင် blowby ဖြစ်စဉ် ဖြစ်ပေါ်နေပြီဟု သတိပြုမိနိုင်ပါသည်။
blowby (လေအန်ခြင်း) ဆိုသည်မှာ combustion chamber(မီးလောင်ပေါက်ကွဲခန်း)ထဲမှ gas များ crankcase ထဲသို့ ယိုစီးခြင်းကို ခေါ်သည်။ ထို gas များသည် rings များ၏ နေရာအသီးသီးမှ ယိုစီးကြသည်။ (a) piston rings gap ကြားမှ (b) rings များ၏မျက်နှာပြင် (liner နှင့်ထိစပ်နေသောနေရာ) နှင့် (c) rings groove ကြားတွင် ရှိသော rings ၏နောက်ကြောဘက်ခြမ်းတို့မှ ယိုစီး၍ထွက်လာကြသည်။ ထိုပူသော gas များကြောင့် piston နှင့် rings များ၏ အပူချိန်ကိုတိုးစေသည်၊ ထို့ပြင် ထို gas များသည် crankcase အတွင်းရှိ ချောဆီအတွင်းသို့ တိုးဝင်ပြီး ချောဆီ၏အရည်အသွေးကို ကျဆင်းစေသည်။ ထို blowby ဖြစ်စဉ်ကြောင့် engine စွမ်းရည်ကို ကျဆင်းစေသည်။ ထို blowby gas စီးဆင်းခြင်း ဖြစ်စဉ်သည် အထူးသဖြင့် thrust side ၏ဆန့်ကျင်ဘက်အခြမ်း anti side thrust ဘက်အခြမ်းတွင်အများဆုံးဖြစ်ပေါ်သည်။ ပုံ ( 3 ) ၊ ပုံ ( 4 ) ၊ ပုံ ( 5 ) နှင့် ပုံ ( 6 ) တွင် ပြသထားပါသည်။တနည်းအားဖြင့်ပြောရလျင် piston pin ရှိသည့်ဘက်အခြမ်းသည် ထို blowby gas များကို crankcase အတွင်း များစွာစီးဝင်စေသည်။ ring gap clearance များလေ များစွာယိုစီးလေဖြစ်သည်။ ထို့ကြောင့် ring gap များအား အဆိုပါ piston pin ရှိသည့်နေရာကို ရှောင်၍ ထည့်ရခြင်းဖြစ်သည်။ 1985 မတိုင်မီခေတ်ကာလ များဆီက engine တလုံးတွင် ချောဆီစားနှုန်းများရခြင်းသည် rings များနှင့်သက်ဆိုင်သည်ဟု မယူဆခဲ့ကြ ၊ ထို့အပြင် ring gap များကြောင့်လည်း blowby ဖြစ်စဉ် ဖြစ်နိုင်သည်ဟု မယူဆခဲ့ကြ ၊ ထို့ကြောင့် ထိုခေတ်များဆီက ring gap များကို piston pin ရှိသည့်ဘက်အခြမ်းတွင်ထား၍ တပ်ဆင်ခဲ့ကြသေးသည်။ engine တလုံးတွင် blowby ဖြစ်စဉ် ဖြစ်ပေါ်နေလျင် breather ထဲမှ gas များမှုတ်ထုတ်နေသည်ကို သတိပြုခြင်းဖြင့်သိရှိနိုင်သည်။ ဆိုးရွားသော blowby ဖြစ်စဉ်များတွင် breather ထဲမှ ချောဆီထွက်စေသည်အထိ မှုတ်ထုတ်နေပေလိမ့်မည်။ engine တလုံးတွင် ထို blowby ဖြစ်စဉ် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါက စောလျင်စွာ ပြု ုပြင်ပြင်ဆင်မိရန် အရေးကြီးသည် ။ သို့မဟုတ်ပါက engine အား ဆိုးရွားစွာ ပျက်စီးစေပေလိမ့်မည်။ engine တလုံးတွင် blowby ဖြစ်စဉ် ဖြစ်ပေါ်နေပါက combustion chamber
( မီးလောင်ပေါက်ကွဲခန်း )ထဲမှ gas များသည် crankcase ထဲသို့ တိုးဝင်ရောက်ရှိလာသောကြောင့် crankcase ထဲရှိ ချောဆီများသည် အပူကြောင့် ကျဲလာမည်။ တနည်းအားဖြင့် ပြောရလျင် ချောဆီကျဲလာသဖြင့် ချောဆီဖိအားကျဆင်းပြီး bearings များကိုပါ ဒုက္ခပေးနိုင်သည်။ bearings များ ပွန်းစားမှုကြောင့် ထွက်လာသော အခိုးအငွေ့များသည်breather မှ မှုတ်ထုတ်နေသည့် လေထဲတွင် အဖြူ ရောင်အငွေ့အနေဖြင့့် ပါရှိလာတတ်သည်။ မသင်္ကာ၍ နမ်းကြည့်လျင် သတ္တု အညှော်နံ့ ( သို့ ) ခဲ အညှော်နံ့အဖြစ် ရရှိတတ်သည်။ engine တလုံးတွင် ထို blowby ဖြစ်စဉ် ဖြစ်ပေါ်နေသည်ကို သိလျက်နှင့် ဆက်လက်သုံးစွဲနေလျင် ထို engine အား ထိုးခွဲပစ်စေသည်အထိ ပျက်စီးမှု အကျိုးသက်ရောက်စေနိုင်သည်။
အထက်ဖော်ပြပါ blowby ဖြစ်စဉ်သည် engine တလုံးအတွက် ချောဆီစားနှုန်း များစေသော အကြောင်းအချက် တခုပင် ဖြစ်သည်။ ထို့အပြင် mechanical ဖြင့် သက်ဆိုင်သော ချို့ယွင်းမှု တခုရှိသေးသည်။ ၄င်းမှာ valve guide ပွန်းစား၍ ချောင်နေခြင်းနှင့် valve stem တွင် တပ်ဆင်ထားသော valve stem seal (သို့) valve guide seal ချို့ယွင်း ပျက်စီးခြင်းပင် ဖြစ်သည်။ အဆိုပါ valve stem seal (သို့) valve guide seal ချို့ယွင်း ပျက်စီးလျင် ၊ ချောဆီများသည် အဆိုပါ seal မှ ဖြတ်သန်းကျော်လွန်၍ combustion chamber (မီးလောင်ပေါက်ကွဲခန်း) အတွင်းသို့ ဝင်ရောက်လာနိုင်ပါသည်။ ထိုအခါ ချောဆီ + လောင်စာဆီ + လေ + အပူ တို့ ပေါင်းစပ်၍ လောင်ကျွမ်းပြီ ၊ ထွက်ရှိလာသည့် exhaust အရောင်မှာ ပြာလဲ့လဲ့ သမ်းနေတတ်လေ့ရှိသည်။ exhaust အငွေ့ အပြာရောင်သမ်းစေခြင်းသည် ၊ combustion chamber (မီးလောင်ပေါက်ကွဲခန်း) အတွင်းသို့ ချောဆီ ဝင်ရောက်နေသောကြောင့် ဖြစ်သည်။ valve guide ချောင်နေလျင်လည်း combustion chamber (မီးလောင်ပေါက်ကွဲခန်း) အတွင်းသို့ ချောဆီ ဝင်ရောက်လာနိုင်ပါသည်။ valve guide အသစ် အစားထိုးတပ်ဆင်ရာတွင် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
valve guide ကို များသောအားဖြင့် cast iron နှင့် bronze ဆိုသော သတ္တု အမျိုးအစားများနှင့် ပြုလုပ်၍ ထုတ်လုပ်ကြပါသည်။bronze (ကြေးညို )
သည် ကြေးနီနှင့် သံဖြူ ကို အချိုးကျရောစပ်၍ ပြုလုပ်ထားသော alloy (သတ္တုစပ်)တမျိုးဖြစ်ပါသည်။ များသောအားဖြင့် ကြေးဟု ဆိုလိုက်လျင် ပျော့သည်ဟု ထင်မြင်ယူဆတတ်ကြသည်။ကြေးဆိုသောသတ္တုတွင် ကြေးဝါ (brass) ၊ ကြေးနီ (copper) ၊ ကြေးညို (bronze) စသဖြင့် အမျိုးမျိုးရှိကြသည်။ bronze (ကြေးညို) သည် သတ္တုစပ် အရောတမျိုးဖြစ်သည်။ ၄င်းတွင် tin ( သံဖြူ ) 10% - 12% အထိ ရောနှောပါဝင်ပေါင်းစပ်ထားသည်။ ထို့ကြောင့် tensile strength ( ဖိအားကြောင့် ဆန့်ထွက်နိုင်မှု ခံနိုင်ရည်အား ) နှင့် yield strength ( ဖိအားကြောင့် ပုံပျက်နိုင်မှု ခံနိုင်ရည်အား ) ကောင်းမွန်သည်။
Cast iron (သွန်းသံ) တွင်လည်း အမျိုးအစား (၆) မျိုး ရှိပါသည်။
၁။ သွန်းသံပျော့ ( Grey Cast Iron )
၂။ သွန်းသံမာ ( White Cast Iron )
၃။ အပြားခတ်သွန်းသံ ( Malleable Cast
Iron )
၄။ နန်းဆွဲခံသွန်းသံ ( Ductile Cast
Iron or Nodular Cast Iron )
၅။ ကွန်ပက်တက်ဂရက်ဖိုက်သွန်းသံ ( Comp-
acted Graphite Iron )
၆။ သတ္တုစပ်သွန်းသံ ( Alloy Cast Iron )
ဟူ၍ Cast Iron ( ၆ ) မျိုးရှိပါသည်။
Cylinder head အား Cast Iron ၊ Aluminum စသည့် သတ္တုများဖြင့်ထုတ်လုပ်ကြပါသည်။ ထို့ကြောင့် မိမိတပ်ဆင်မည့် Cylinder head သည် မည်သည့် သတ္တု အမျိုးအစားတွင်ပါဝင်မည်လဲ ဟု သုံးသပ်ရပါမည်။ အကယ်၍ Aluminum ဖြင့်ပြုလုပ်ထားသော Cylinder head တွင် Cast Iron ဖြင့်ပြုလုပ်ထားသည့် valve guide အား အကြမ်းထည် ရိုက်ထည့်မိလျင် အဆိုပါ Cylinder head ကွဲအက်သွားနိုင်ပါသည်။
Cylinder head တွင် valve guide အား တပ်ဆင်ရာတွင် နည်းစနစ် ကျ န ရေးသည်လည်း အရေးပါပါသည်။ များသောအားဖြင့် valve guide အား တပ်ဆင်ရာတွင် cylinder head အတွင်း အကြမ်းထည် ရိုက်ထည့်နေကြသည်က များပါသည်။ နည်းစနစ်တကျ တပ်ဆင်ရာတွင် valve guide အား အရင်ဦးစွာ အအေးခံပေးရပါသည်။ deep frezzer ထဲတွင်ထား၍ အလွယ်ကူဆုံး အအေးခံပေးနိုင်ပါသည်။ သို့မဟုတ်လျင် Nitrogen အရည်အား ဖြန်း၍သော်၄င်း ၊ Nitrogen အရည်ထဲတွင် စိမ်၍သော်၄င်း အအေးခံပေးနိုင်ပါသည်။ ထို့အတူ ထည့်သွင်းတပ်ဆင်မည့် cylinder head အားလည်း အပူပေးပေးရပါမည်။ အပူပေးရမည့် အနဲဆုံးအပူချိန်မှာ 150° C သာ ရှိရပါမည်။ သတ္တု ၏ သဘောသည် ပူလျင်ပွမည် - အေးလျင် ကျုံ့ပါမည်။ ထို့ကြောင့် အပူပေးထား၍ ပွနေသော cylinder head အတွင်းသို့ အအေးခံ၍ ကျုံ့နေသော valve guide အား အလွယ်တကူထည့်၍ ရနိုင်ပါသည်။ သို့မှသာ cylinder head နှင့် valve guide အား အကြမ်းရိုက်သွင်း၍ထည့်ခြင်းကြောင့်ဖြစ်ပေါ်မည့် ပွန်းစားမှုဖြစ်ခြင်းမှ ကာကွယ်နိုင်ပါမည်။
cylinder head မှ valve guide bore ( အထိုင်ပေါက်အကျယ် )နှင့် ထည့်သွင်းမည့် valve guide တို့၏ clearance အားဖော်ပြပေးထားပါသည်။
cylinder head သည် cast iron သတ္တု အမျိုးအစားဖြစ်ပြီး valve guide သည် cast iron (or) bronze သတ္တု အမျိုးအစားဖြစ်ခဲ့လျင် clearance ခြားနားချက်သည်
0.0010"- 0.0015"
( 0.025 mm - 0.038 mm )
အကယ်၍ cylinder head သည် aluminium သတ္တု အမျိုးအစားဖြစ်ပြီး valve guide သည် cast iron (or) bronze သတ္တု အမျိုးအစားဖြစ်ခဲ့လျင် clearance ခြားနားချက်သည်
0.0015"- 0.0020"
( 0.038 mm - 0.051 mm )
ရှိသင့်ပါသည်။
ထိုအတူ အထူးသတိပေး မှာလိုသည်မှာ
cylinder head မှ valve guide အဟောင်းအား မထုတ်ယူမှီတွင် cylinder head အပြင်ဘက်သို့ ထွက်နေသည့် valve guide အမြင့်နှင့် cylinder head အတွင်းသို့ ဝင်နေမည့် valve guide အမြင့်တို့အား ပထမဦးစွာ တိုင်းတာမှတ်သားထားဖို့ လိုပါသည်။ အကယ်၍ အသစ်ထည့်သွင်းမည့် valve guide သည် cylinder head အပြင်ဘက်သို့မြင့်တက်နေပါက ၊ အပေါ်မှ ဖိချမည့် valve spring သည် အဆိုပါ valve guide အား လာ၍ ရိုက်ခပ်မိပါမည်။ ထို့အတူ cylinder head အတွင်းသို့ ဝင်နေမည့် valve guide သည်လည်း ရှည်လျားနေပါက ထိုရှည်လျားသော valve guide area မှ အပူများအား ပိုမိုစုပ်ယူစေသလိုဖြစ်စေပြီး valve guide ၏ အပူချိန်အား မြင့်မားစေနိုင်ပါမည်။ ပုံတွင် ( A ) အမှတ် ( B ) အမှတ်နှင့် ဖော်ပြပေးထားပါသည် ၊ ပုံတွင်ကြည့့်ရှုပါ။
အောက်တွင် valve stem နှင့် valve guide အကြား ထားရှိပေးရမည့် clearance
တန်ဘိုးများအား မိုက်ခရိုမီတာ ယူနစ်ဖြင့် ဖော်ပြပေးလိုက်ပါသည်။
valve stem diameter >>> 6 mm - 7 mm
Inlet valve -----> 10 µm - 40 µm
Exhaust valve -------> 25 µm - 55 µm
valve stem diameter >>> 8 mm - 9 mm
Inlet valve -----> 20 µm - 50 µm
Exhaust valve -------> 35 µm - 65 µm
valve stem diameter >>> 10 mm - 12 mm
Inlet valve -----> 40 µm - 70 µm
Exhaust valve -------> 55 µm - 85 µm
10 µm = 0.01 mm
20 µm = 0.02 mm
25 µm = 0.025 mm
30 µm = 0.03 mm
35 µm = 0.035 mm
40 µm = 0.04 mm
50 µm = 0.05 mm
55 µm = 0.055 mm
65 µm = 0.065 mm
70 µm = 0.07 mm
85 µm = 0.085 mm
combustion chamber (မီးလောင်ပေါက်ကွဲခန်း) အတွင်းသို့ ချောဆီ ဝင်ရောက်စေသော နောက်အကြောင်းတမျိုးမှာ turbochager ၏ shaft တွင်ပါရှိသော sealing ring ပျက်စီးချို့ယွင်းပျက်စီးခြင်းပင်ဖြစ်သည်။ turbochager တလုံးတွင် အဆိုပါ sealing ring သည် turbocharger ၏ turbine side ဘက်နှင့် compressor side ဘက်တွင် အသီးသီးပါရှိကြပါသည်။ compressor side ဘက်တွင် ပါရှိသော sealing ring ပျက်စီးနေလျင် ချောဆီများသည် အဆိုပါ sealing ring မှကျော်လွန်၍ inlet manifold မှတဆင့် combustion chamber (မီးလောင်ပေါက်ကွဲခန်း) အတွင်းသို့ ချောဆီများဝင်ရောက်သွားနိုင်ပါသည်။ turbocharger တလုံးအား ဖြုတ်ချစစ်ဆေးရာတွင်
turbine side ဘက်နှင့် compressor side ဘက်တွင် ခြောက်သွေ့၍ နေရပါမည်။ ထိုသို့မဟုတ်ပဲ ချောဆီများဖြင့် စိုရွှဲနေပါက sealing ring ပျက်စီးနေပြီဟု ယူဆ သတ်မှတ်နိုင်ပေသည်။
Piston rings ပျက်စီးချို့ယွင်းမှုနှင့်ပါတ်သက်၍ ယခင်ကရေးသားပြီးသော post များတွင် ရှာဖွေဖတ်ရှု၍ လေ့လာမှတ်သားကြပါရန်......။
ပညာရှင်အားလုံးအားလေးစားလျက်
အောင်မြင်သူ
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
Lukoil Lubricants in Myanmar
https://www.facebook.com/105688244524658/posts/201972028229612/
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
5th Floor, Union Business Center, Nat Mauk Street, Bahan TSP
Yangon
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |
Saturday | 09:00 - 17:00 |