Hero Preschool

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hero Preschool, Education, Yangon.

Photos from Hero Preschool's post 19/12/2022
Photos from Hero Preschool's post 19/12/2022

One By One Online Learning Class
Zoom Class
KG
Preschool
☎️09960242225
🏡Home Schooling

Photos from Hero Preschool's post 23/10/2022

သငိ့ကလေးကို ဘယ်လို ကလေးမျိုး ဖြစ်စေချင်ပါသလဲ

05/10/2022

Respect To All Teachers

14/09/2022

Caution!!! 🚫🚫🚫
အထူးသတိပေးချက်။

ယခု မြန်မာနိုင်ငံအရုပ်ဈေးကွက် အတွင်းသို့ ကျယ်ကျယ် ပြန့်ပြန့် ဝင်ရောက်လာသည် အရုပ် (character )တစ်ခု ဖြစ်သည့် Huggy Wuggy အရုပ်အား ကလေးများ ဝယ်ယူခြင်း၊ ကြည့်ရှုမှုများ ပြုလုပ်ရန် မသင့်တော်ပါ။

Animated Character တစ်ခုဖြစ်သည့် Huggy Wuuggy သည် horror game တစ်ခု ကို အခြေခံထားပြီး နူးညံ့သိမ်မွေ့သော နာမည် ဖြစ်သည့် Huggy Wuggy အားသုံးထားခြင်းကြောင့် YouTube နှင့် အင်တာနက်များ တွင် ရှိသော Parental controls filters များ အား ‌ကျော်ဖြတ်နိုင်ခဲ့ ပုံရပါသည်။

ထို games တွင် ပါဝင်သော character သည် ကလေးငယ်များအား games ထဲတွင် ဖျား‌ယောင်း၍ စေခိုင်းခြင်းများ၊ နောက်မှ လိုက်၍ ခြောက်လှန့်ခြင်းများ၊ အထီးကျန်နေပါက အဖော်အဖြစ် ဖျားယောင်း၍ နောက်ပိုင်းတွင် ချွန်ထက်သောသွားများကို အသုံးပြု၍ ကိုက်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသော Character မျိုးဖြစ်ပါသည်။

တချို့ ကလေးငယ်များသည် အတုမြင် အတတ်သင် သည့် အတိုင်း character က game ထဲတွင်စေခိုင်းသည့်အတိုင်း တသွေမသိမ်းလိုက်နာကာ မပြုလုပ်သင့်သော အရာများ အား ပြုလုပ်သည်များလဲ ဖြစ်ပေါ်ခဲ့ဖူးပြီဖြစ်ပါသည်။

Beth Buxtonဆိုသူ အမျိုးသမီး၏ သုံးနှစ် အရွယ် သားဖြစ်သူ သည် သူ၏ ဆယ်နှစ်ကျော်အရွယ်ရှိသော အစ်မများနှင့်အတူတူ Huggy Wuuggy အားကြည့်လေ့ရှိရာမှ တရက်တွင် character က game ထဲတွင် ပြောသည့်အတိုင်း အိပ်ခန်း ပြတင်းပေါက်မှ ခုန်ချရန် ကြိုးစားခဲ့ဖူးသည့် အဖြစ်အား Sky News တွင်ဖော်ပြထားဖူးပါသည်။
Character က "သူသေပြီးရင် ပြန်ရှင်လာမယ် " ဟု ပြောခဲ့သည်ကို အဟုတ်ထင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အမေရိကားနိုင်ငံတွင်ရှိသော ကျောင်းအတော်များများတွင်လဲ အသက် ၁၀ နှစ်အောက် ကလေးငယ်များအား ဤ game အား ကြည့်ရှုခြင်း၊‌ေဆာ့ကစားခြင်း၊အတုယူ၍ playground တွင်ကစားခြင်းများ အား မပြုလုပ်ရန် ဆရာ/ ဆရာမများ အနေနှင့် တားမြစ် မေတ္တာရပ်ခံခြင်းမျိုး များ လဲ ရှိပါသည်။

ထို့ကြောင့် မိမိ၏ သားသမီးငယ်များ အသက်အရွယ်နှင့် မသင့်တော်သော Videos များ သို့ exposure မဖြစ်ရအောင် ကလေးများ ကြည့်သော video များအား မိဘများ အနေဖြင့် စိစစ် စောင့်ကြည့် ထိန်းသိမ်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

THET THET MAR
Core Teacher
#ပညာနေအလင်းonlineEducationforkids

16/08/2022

အလိမ်မာ စာမှာရှိ

အမေရိကန်နိုင်ငံမှာ
လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။
သူ့မှာ သားနှစ်ယောက်ရှိတယ်။

ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။
ဒါပေမယ့် ပြဿနာမရှိဘူး။
သူကျွေးထားတယ်။
ကျောင်းထားတယ်။
ရှာကျွေးတယ်။
လူမည်းမကြီးက အိမ်အကူအလုပ်လုပ်တယ်။

သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
အချိန်မရဘူး။ သားနှစ်ယောက်ကလဲ
ဆိုးချင်တိုင်းဆိုး ဖြစ်နေကျတာပေါ့။

တစ်နေ့တော့

လူမည်းမကြီး အလုပ်သွားတယ်။
အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို
သွားပြီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ
သူမ တစ်ခုသတိထားမိလိုက်တယ်။

အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့
သူမတွေးလိုက်တယ်။

" သူတို့တွေများ ချမ်းသာလိုက်တာ
ဖတ်စရာ စာအုပ်တွေမှအများကြီး
ငါတို့မှာတော့ ဆင်းရဲတယ်
ဖတ်စရာစာအုပ် တစ်အုပ်မှမရှိဘူး "

နောက်တစ်အိမ်ရောက်သွားတယ်။
ပထမအိမ်ထက်ချမ်းသာတယ်။
စာအုပ်တွေကလည်း လှေကားတွေမှာပါရှိတယ်။
သူမတွေးပြန်တယ်။

" သူတို့တွေများ ဖတ်နိင်လိုက်ကြတာ
ငါတို့မှာတော့ စာဖတ်ချိန်တောင်မရဘူး "

နောက်တစ်အိမ်ကျတော့
စာအုပ်တွေကပိုများတယ် စာကြည့်ခန်း
စာကြည့်စားပွဲတွေနဲ့ အကျအနပေါ့။

ဒီတစ်ခါတော့ သူမ တစ်မျိုးတွေးတယ်။

" စာဖတ်တာနဲ့ ချမ်းသာတာဟာ
ပတ်သတ်မှု့ ရှိတယ်လား ?
စာများများဖတ်လေ
များများ ချမ်းသာလေသလား " ပေါ့

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။

" ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။
သားတွေကလည်း "ချစ်ပါတယ်" ပေါ့။

" ဒါဆို အမေ ခိုင်းတဲ့အတိုင်းလုပ် "

သားနှစ်ယောက်ကို
စာကြည့်တိုက်ခေါ်သွားတယ်။
သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက
အကြီးကြီးတွေ။
သူတို့လူမျိုးတွေက စာဖတ်ကြတယ်။
အရမ်းလည်းတိုးတက်ကြတယ်။

စာကြည့်တိုက်မှူးဆီကို
သားနှစ်ယောက်စလုံးကိုအပ် တယ်။
သင့်တော်တဲ့ စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း
စိတ်ချလက်ချသာ ထားခဲ့ပေါ့။
အကြီးကောင်ကို ဘာဝါသနာပါလဲမေးတော့

" ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်းတွေကို
လေ့လာချင်တယ် "

သူ့ကို ခန္ခာကိုယ်နဲ့ပတ်သတ်တဲ့
စာအုပ်တွေပေးတယ်။ ရောင်စုံကာလာတွေနဲ့
ဆိုတော့ သဘောကျတာပေါ့။
တစ်အုပ်ပြီး တစ်အုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာဖြစ်ချင်တယ်။
ကားတွေကို ဝါသနာ ပါတယ်တဲ့။
သူ့ကိုလည်း နိုင်ငံမျိုးစုံက ပညာရှင်တွေ
ကားမျိုးစုံအကြောင်း ပေးဖတ်ခိုင်းတယ်။

နှစ်ယောက်စလုံး သဘောကျတာပေါ့။
နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

ကလေးတွေကို စာဖတ်ခိုင်းရင်
သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို
အရင် ဖတ်ခိုင်းမှ စာဖတ်ဝါသနာ
စွဲမြဲလာပေမည်။

ဒီလိုနဲ့

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ
ကျောင်းစာမှာ တော်လာကြတယ်။ ပြင်ပ
ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ
ကျဉ်းမြောင်းသွားတယ်။

အထူးအထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ
ဗဟုသုတစာပေဖတ်ရင် ကျောင်းစာ
နောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ ဘယ်လိုစာအုပ်စာပေမျိုး
ဖတ်လေလေ ကျောင်းစာကို
မှတ်ရလွယ်ကူလေပါပဲ။

လူမည်းမကြီးက
သူ့သားနှစ်ယောက်ကိုမှာထားတယ်။
" သားတို့ဖတ်ခဲ့တဲ့ စာအုပ်တွေ
အကြောင်းကို အိမ်ပြန်ရောက်တော့
အမေ့ကို ပြန်ရေးပြရမယ် " ပေါ့

သားတွေကလည်း နေ့တိုင်းရေးပေးကျတယ်။
သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ
ဖြစ်သွားတယ်။
အကြီးကောင်က ဆရာဝန်ဖြစ်သွားတယ်။
အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့
သူ့တို့သားအမိသုံးယောက် ဆုံကြတယ်။
အငယ်ကောင်က မိခင်ကိုမေးလိုက်တယ်။

" သားတို့ငယ်ငယ်က
အမေစာတွေ ပြန်ရေးခိုင်းပီး
ဘာလို့ မဝေဖန်တာလည်းအမေ "

အမေဖြစ်သူက ထိုင်ရာမှထသွားပြီး
အဝတ်သေတ္တာထဲက လက်ကိုင်ပဝါနဲ့
ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။

" ဒီမှာ သားတို့ရေးထားတဲ့ စာရွက်တွေ
အမေ အမြတ်တနိုးသိမ်းထားပါတယ် "

ပြောပြီး သားနှစ်ယောက်ကိုပြလိုက်တယ်။

" မဝေဖန်ဘူးဆိုတာက
အမေမှ စာမဖတ်တတ်တာ
သားတို့ ရေးထားတာလေးတွေ
မြင်ရယုံသက်သက်ဘဲ
အမေသိမ်းထားတာပါ သားတို့ရယ် "
မျက်ရည်ဝဲပြီး ပြောရှာတာပေါ့။

မိဘဆိုတာ သားသမီးကို
စေတနာထားကြတာချည်းပါ။

ဒါပေမယ့် စေတနာတော့မလွဲကြပါစေနဲ့။

တချို့

ငွေနောက်ကိုလိုက်ပီး
သားသမီးကို ဂရုမစိုက်နိုင်တာတွေ

ချုပ်ချယ်မူ့များစွာနဲ့ အိမ်တွင်း
ချည်နောင်ထားတာတွေ

အလိုလိုက်လွန်းပြီး ပြောဆိုမရတော့တာတွေ

အားလုံးဟာ မိဘတွေပေါ်ဘဲမူတည်တာပါ။

စာပေနဲ့ နီးအောင်ထားရင် သားသမီးတွေ
အောင်မြင်လာမှာပါ။

အနည်းဆုံးတော့ ယဉ်ကျေးလိမ္မာတဲ့
သူတွေဖြစ်လာမှာတော့ သေချာပါတယ်။

ယနေ့ခေတ် မိဘဝတ္တရားထဲမှာ

" သားသမီးကို
စာကြည့်တိုက် နဲ့ နီးအောင်
ဖန်တီးပေးပါလို့ "

အကြံပြုချင်ပါတယ်။

Credit ~ အိမ့်အိမ့်အောင်

Photos from Burmese American Home's post 12/08/2022

Emotional Cup

Photos from Dr. Phio Thiha's post 31/07/2022

Parents are the First Teachers

20/07/2022

ADHD ဖြစ်စေသော အကြောင်းအရင်း

ADHD ဖြစ်စေသော အကြောင်းများ ❗

အာရုံစူးစိုက်မှုနည်း၍ တက်ကြွလွန်းခြင်း(ADHD) သည် ယခုအခါ အဖြစ်များလာသည်ကို တွေ့ရသည်။ ကလေးငယ်များတွင် ADHD ရှိပါက စောစီးစွာ သိရှိပြီး ထိရောက်သော ကုထုံးများ ပေးရန်လိုသည်။ 👶

ADHD သည် မျိုးရိုးလိုက်ခြင်းကြောင့် အဖြစ်များပြီး ခဲသတ္တုများကို ထိတွေ့မိပါကလည်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ 🧬
ADHD ဖြစ်နိုင်ခြေသည် ကိုယ်၀န်ဆောင်ချိန် မိခင်ကျန်းမာရေးနှင့် အမူအကျင့်များပေါ်တွင်လည်း များစွာမူတည်သည်။🤰🏼

၂၀၀၈ ခုနှစ်တွင် ပြုလုပ်ထားသော လေ့လာချက်အရ ကိုယ်၀န်ဆောင်ချိန်တွင် မိခင်ဆေးလိပ်သောက်ပါက မွေးလာသော ကလေးတွင် ADHD ပိုဖြစ်နိုင်ကြောင်း တွေ့ရသည်။ ထို့အတူ ကိုယ်၀န်ဆောင်ချိန်မိခင် အရက်သောက်ခြင်း သည်လည်း မွေးလာသောကလေးတွင် ADHD ပိုဖြစ်စေနိုင်သည်ဟုဆိုသည်။ အာဟာရချို့တဲ့သော မိခင်မှ မွေးလာသော ကလေးတွင်လည်း ADHD ပိုဖြစ်နိုင်သည်။ 🚭🍺🍴

ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း အစရှိသော ဦးနှောက်တွင်း ရောဂါပိုး၀င်သော ကလေးများတွင်လည်း စာသင်ကြားရာ နှင့်အာရုံစူးစိုက်မှုတွင် ပြဿနာရှိနေတတ်သည်။ 🦠

မွေးကင်းစ ဦးနှောက်ထိခိုက်မိခဲ့သော ကလေးအချို့တွင်လည်း ADHD လက္ခဏာများ ရှိနေတတ်သည်။ 🧠

ကိုယ်၀န်ဆောင်မိခင်များအနေဖြင့် ကိုယ်၀န်ဆောင်ချိန်တွင် အာဟာရဓါတ်များ ပြည့်အောင်စားခြင်း၊ ဆေးလိပ်၊ အရက်ရှောင်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ ထို့ပြင်ကလေးတွင် ADHD လက္ခဏာများ ရှိလာပါက စောလျင်စွာ ကုသစောင့်ရှောက်ပေးခြင်းဖြင့် ADHD လက္ခဏာများ လျော့ကျပျောက်ကင်းစေနိုင်မည်ဖြစ်ပြီး အောင်မြင်ပျော်ရွှင်သော မိသားစုဘ၀ကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်သည်။ 👨‍👩‍👧‍👦

10/07/2022

ကျမသားလေးကို မသိဘဲခြိမ်းခြောက်ခဲ့ဖူးတယ် ....
"ထမင်းမစားရင် မုန့်မကျွေးဘူး"
" အရုပ်တွေဖွရင် အကုန်သူများပေးပစ်လိုက်မှာနော်"
"မအိပ်ရင် နက်ဖြန်ကျပေးမဆော့ဘူး"

ဘယ်လောက်ပဲ parenting စာတွေဖတ်ဖတ် တစ်ကယ်နဖူးတွေ့ဒူးတွေ့ ကလေးနဲ့ရင်ဆိုင်ရတဲ့အခါ၊ စကားလုံးဝနားမထောင်တော့တဲ့အခါ နည်းလမ်းပေါင်းစုံထုတ်သုံးပြီး မရတော့တဲ့အချိန် ဒေါသတွေကြီးပြီး ဒီစကားတွေပြောတဲ့သူဖြစ်ခဲ့ပါတယ်။ အခုထိလည်းတစ်ခါတစ်ရံ မှားနေတုန်းပါပဲ...

အမှားထဲကဝန်ခံရရင်တော့ ဒါတွေကို Threat (ခြိမ်းခြောက်မှု) လို့မထင်ပဲ ဘေးပတ်ဝန်းကျင်မှာနားရည်ဝနေကျစကားတွေမို့ ကိုယ့်အလှည့်မှာလည်း ပေါ့ပေါ့တန်တန်ပဲပြောလိုက်မိတယ်ပေါ့။ သို့ပေမဲ့ ဒီလိုပြောလို့ ကလေးကပြောစကားနားထောင်သွားသလားဆို " No" လို့ပဲပြောပါရစေ ...

စကားနားမထောင်တဲ့အပြင် သူဖြစ်ချင်တာမဖြစ်ရတဲ့အတွက် ပိုသောင်းကျန်းမယ်၊ ကိုယ်ကလည်းလေသံတွေမြင့်လာပြီး ကျမနဲ့ကလေးကြားမှာပိုပြီး power struggle တွေ၊ အားပြိုင်မှုတွေဖြစ်လာပါတော့တယ် ...

ကျမစိတ်ငြိမ်တဲ့အခါ သေချာပြန်စဉ်းစားမိတော့ ကလေးတွေဟာလည်း သူတို့စိတ်ဆန္ဒနဲ့အသွေးအသားနဲ့လူသားလေးတွေဖြစ်လို့ တစ်ခြားသူက သူတို့ကို control လုပ်တဲ့အခါ ဘယ်ကြိုက်ကြပါ့မလဲ... သူတို့မစားချင်တဲ့အချိန် ကျမတို့ကစားစေချင်တဲ့အခါ ... မအိပ်ချင်တဲ့အချိန် အိပ်စေချင်တဲ့အခါ ခြိမ်းခြောက်တဲ့ နည်းလမ်းကို အသုံးပြုတာက ကျမတို့ထိန်းချုပ်လို့မရတဲ့အရာတွေကို အတင်းအကြပ် ထိန်းချုပ်ဖို့ကြိုးစားနေတာနဲ့အတူတူပါပဲ ...

မိဘတွေအနေနဲ့ကလည်း ကလေးပြောစကားနားမထောင်တဲ့ အခြေအနေတွေမှာ စိတ်ရောလူရောပင်ပန်းပြီး စိတ်မရှည်တာတွေ ဒေါသထွက်တာတွေဖြစ်ကြတာ နားလည်လို့ရပါတယ်။

ဒါပေမဲ့ကလေးကို ခြိမ်းခြောက်တဲ့ နောက်ဆက်တွဲဟာ ဆိုးကျိုးတွေအများကြီးရှိလို့ဒီစာလေးကြောင့် အမြင်တွေပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်။

ကလေးကိုခြိမ်းခြောက်လိုက်တဲ့အခါ -

1️⃣ မိဘနဲ့ကလေးကြားက ဆက်ဆံရေးကိုပျက်စီးစေပါတယ်။

ကလေးက အဖေအမေဘာလို့ ဒီလိုပြောရလဲဆိုတာနားမလည်ပါဘူး။ မိဘတွေကလည်း သူတို့ပြောစကားနားမထောင်တဲ့အတွက် ကလေးက မခန့်လေးစားလုပ်တယ်၊ ဆိုးတယ်ပဲယူဆကြပါလိမ့်မယ်။ နောက်ဆုံး သူတို့လိုက်လုပ်လိုက်ရတယ်ဆိုရင်တောင် ကလေးရဲ့စိတ်ထဲမှာ "ကြောက်စိတ်"ကလွှမ်းမိုးခံလိုက်ရတာပါ။

2️⃣ ကြောက်စိတ်က ကလေးရဲ့ပင်ကိုယ်လုပ်ချင်တဲ့စိတ်တွေ motivation တွေကိုလျော့နည်းသွားစေပါတယ်။

"ထမင်းဘူးသေချာထည့်ပေးထားတယ်နော် မကုန်လာရင်ရိုက်ခံရမယ်၊ နောက်တစ်ခါကျောင်းကိုထမင်းမထည့်ပေးတော့ဘူး" လို့ပြောခံရတဲ့ကလေးက ရိုက်ခံရမှာကြောက်လို့ ထမင်းကိုကုန်အောင်စားလာပါလိမ့်မယ်။ ဒါပေမဲ့ သူဗိုက်ဆာလို့ သူကိုယ်တိုင်စားချင်စိတ်နဲ့ စားလာတာမျိုးမဖြစ်တော့ပါဘူး။

3️⃣ ကလေးရဲ့ ကိုယ်ချင်းစာစိတ်၊ သူများနေရာကတွေးတတ်တဲ့စိတ်လေးတွေ သင်ယူဖို့ခက်ခဲသွားပါတယ်။

ကလေးတွေက ကျမတို့ရဲ့အပြုအမူကိုအမြဲစောင့်ကြည့်လေ့လာသင်ယူနေတဲ့သူလေးတွေပါ။ ကျမတို့ခြိမ်းခြောက်တဲ့အချိန်တွေက ပင်ပန်းပြီးဒေါသထွက်နေချိန်များကြပါတယ်။ ကျမတို့ကိုယ်တိုင်က ကလေးရဲ့ခံစားချက်၊ ကလေးနေရာက မစဉ်းစားပေးတတ်တဲ့အခါ ကျမတို့ဆီကလေ့လာသင်ယူနေတဲ့ သူတို့လေးတွေကလည်း ကိုယ်ချင်းစာစိတ်ကို သင်ယူဖို့မလွယ်တော့ပါဘူး။

4️⃣ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လျော့နည်းသွားစေပါတယ်။

"စာမေးပွဲမှာ အဆင့် ၁-၃ အတွင်းဝင်အောင်ဖြေနော် မရရင်မုန့်ဖိုးဖြတ်မယ်" ဆိုတဲ့စကားကြောင့် ကြိုးစားဖြေပေမဲ့လည်း မဝင်တဲ့အခါ မိဘကကလေးကိုအပြစ်တင်မယ်။ ကလေးကလည်း သူဟာအသုံးမကျတဲ့သူတစ်ယောက်လို့ခံစားရလာရပြီး ယုံကြည်မှုကျဆင်းလာပါလိမ့်မယ်။

Threats တွေကနေ နောက်ဆက်တွဲတွေက သိပ်များတဲ့အတွက် ကျမကိုယ်တိုင် ကြိုးစားကျင့်သုံးနေတဲ့ နည်းလမ်းလေးကိုပါ ဝေမျှပေးလိုက်ပါတယ်။

❤️Threat ( ခြိမ်းခြောက်ခြင်း) ကို Encouragement ( အားပေးခြင်း) နဲ့အစားထိုးတဲ့နည်းလေးပါ။

"ထမင်းမစားရင် မုန့်မကျွေးဘူး" လို့ပြောမဲ့အစား...
"မေမေတို့ ထမင်းကုန်အောင်စားရအောင်ဟေ့... ပြီးရင် မုန့်ကလေးစားပြီး အချိုတည်းကြမယ်။ ဒီနေ့ဘာမုန့်လေးစားရမှာပါလိမ့် ??? " ဆိုတဲ့ အားပေးတိုက်တွန်းမှုလေးနဲ့အစားထိုးကြည့်ပါတယ်။

"အခုမအိပ်ရင် နက်ဖြန်ကျပေးမဆော့တော့ဘူး." လို့ပြောမဲ့အစား....
" အခုအိပ်ကြမယ်နော် အဲ့တာမှနက်ဖြန်မြန်မြန်ရောက်ပြီး ကစားလို့ရမှာပေါ့" လို့ ပြောပေးဖြစ်ပါတယ်။

စစချင်းတော့ ပြောင်းလဲရတာနည်းနည်းခက်ပါတယ်။ ဒါပေမံ့နောက်ပိုင်းအကျင့်ဖြစ်သွားတဲ့အခါ လွယ်ကူသွားပါတယ်။ ကျမလိုပဲ အမှုမဲ့အမှတ်မဲ့ အနှုတ်သဘောဆောင်တဲ့ threats တွေကို ကလေးတွေကိုမလုပ်မိကြဖို့ အတူတူဆင်ခြင်မိဖို့ မျှော်လင့်မိပါတယ် ....

မေမေမြဘုန်းဆင့်
Early Childhood & Parenting
Executive Dip in Child Psychology (UK)
Executive Dip in Early Childhood Care and Development (UK)
#ခေတ်သစ်မေမေ


စာလေးတွေကို မိမိတို့ရဲ့ကိုယ်ပိုင် page/ account များ၊ online shopping page များတွင် ကူးယူပြန်တင်ခြင်းသည်းခံပါရှင်။
လွတ်လပ်စွာ share နိုင်ပါသည်။ 💕

Photos from Hero Preschool's post 24/06/2022

Schooling
အိမ်မှာရှိနေတဲ့ ပစ်စည်းလေးတွေသုံးပြီး Activity လေး လုပ်ကြမယ်
ရေခွက်
ဇွန်း
ရေ
ရေဘူးအခွံ၊အချိုရည်ဘူးခွံ
Fine Motor Skills Development
Eye Hand Coordination
Concentration
Follow the instructions

Photos from Hero Preschool's post 12/06/2022

Art and Craft 😍😍😍

08/06/2022

ဘယ်လိုမူကြိုကျောင်းကို ပို့မလဲ??????

#မူကြိုရွေးရခက်နေတဲ့ဖေဖေမေမေတို့အတွက်ကလေးနဲ့သင့်တော်တဲ့ Preschool လေးဘယ်လို ရွေးမလဲဆိုတာ ကျမအတွေ့အကြုံအရ မျှဝေပေးလိုက်ပါတယ်။

အခုခေတ်မှာ Preschools တွေ မူကြိုကျောင်းလေးတွေကလည်း အများကြီးပေါ်နေတာဆိုတော့ မူကြိုရွေးတဲ့အခါ ဖေဖေမေမေတွေ တစ်ကယ်ကိုခေါင်းခြောက်ရတာပါ။ မူကြိုဆိုတာလည်း ကလေးလေးတွေ မိဘရင်ခွင်ထဲက ပထမဆုံး တစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုးပြီးသွားရတဲ့နေရာဆိုတော့ ဖေဖေမေမေတို့ကစိုးရိမ်ကြတာ သဘာဝပါပဲ...

ကျမကိုယ်တိုင်လည်း မျိုးစုံအောင်လိုက်ကြည့်တဲ့အခါ တစ်ခုချင်းစီမှာတော့ သူ့ရဲ့အားသာချက်၊ အားနည်းချက်ကိုယ်စီလေးတွေ အနည်းငယ်ရှိတာကိုတွေ့ရပါတယ်... ဒါကလည်း ကိုယ်ကဘယ်အချက်တွေကို ဦးစားပေးရွေးချယ်တာလဲဆိုတဲ့အပေါ်မှာတော့ အများကြီးမူတည်တာပေါ့နော်။

🔶ကျောင်းရဲ့ Facilities တွေကိုကြည့်တာလား?
🔶သင်ကြားရေးပိုင်းကို အလေးထားတာလား?
🔶ဈေးနှုန်း/ နေရာကိုကြည့်တာလား? စသဖြင့်ပေါ့...

ကလေးကျောင်းလေးတွေရွေးတဲ့အခါမှာ စစချင်းတော့ ကျမရော၊ မိဘတွေတော်တော်များများက အပေါ်ကအချက်တွေကို ဦးစားပေးရွေးမိကြတာများတယ်။ ဒါပေမဲ့ တစ်ကယ်တမ်း တက်ရောက်ရမှာ၊ နေ့တိုင်းထိတွေ့သင်ကြားသွားရမှာ ကလေးကိုယ်တိုင်ဖြစ်တဲ့အတွက် ကျမအမြင်မှာ အရေးအကြီးဆုံးလို့ထင်တာကတော့ -

✅ ကိုယ့်ကလေးရဲ့ လိုအပ်ချက်တွေ၊ သင်ယူမှုပုံစံလေးတွေ၊ ပင်ကိုယ်စရိုက်လေးတွေကဘယ်လိုမျိုးလဲဆိုတာကို မိဘတွေအနေနဲ့ အရင်ဆုံးပြန်တွေးကြည့်စေချင်ပါတယ်။

( ဥပမာပြောရရင် - ကျမသား Lynn က ပစ္စည်းအသစ်/ နေရာဒေသအသစ် စသဖြင့်အသစ်တစ်ခုခုဆိုရင် သူနဲ့လိုက်လျောညီထွေဖြစ်ဖို့ အချိန်နည်းနည်းယူရတဲ့ကလေးမျိုးပါ။ သူငယ်ချင်း/ လူမျက်နှာအသစ်ဆိုရင် သူနဲ့ရင်းနှီးဖို့အချိန်ယူရပါတယ်။ လူတွေအရမ်းများရင်/ ဆူညံရင် သူ့အတွက်နေရထိုင်ရခက်တတ်ပါတယ်။ အိမ်မှာ ကျမနဲ့ activities လေးတွေလုပ်ရင် အေးဆေးပြီး ငြိမ်သက်တဲ့ပုံစံနဲ့လေ့လာရတာကိုကြိုက်တတ်ပါတယ်။ )

အခုလို ကလေးရဲ့အပြုအမူ၊ စိတ်နေသဘောထားလေးတွေ၊ အားသာချက်လေးတွေကိုသိထားတဲ့အခါ ကျောင်းရွေးရတာလည်း ကိုယ်လိုချင်တဲ့ပုံစံတိတိကျကျနဲ့ ရွေးရလွယ်ကူစေပါတယ်။ ကျမဆို Lynn အတွက် ကျောင်းရွေးတဲ့အခါ -
❤️ ကျောင်းတက်ရတာ သူ့အတွက် ပျော်ရွှင်တယ်ဆိုတဲ့ခံစားချက်မျိုးရစေတဲ့နေရာလား?
❤️ ကလေးအငယ် ရွယ်တူလေးတွေသီးသန့်ကျောင်းမျိုးလား?
❤️ နွေးထွေးပြီး သူ့အတွက် စိတ်ချလုံခြုံတဲ့၊ စိတ်ဖိစီးမှုမရှိမဲ့နေရာလား?
❤️ လေ့လာချင်စရာ စာသင်ခန်းပုံစံလေးတွေရှိလား?
❤️ အနီးကပ်ဆရာမတွေက နွေးထွေးမှူရှိရဲ့လား?

ဒီအချက်တွေကို ဦးစားပေးပြီးရွေးခဲ့ရပါတယ်။ တစ်ကယ်ကတော့ ကျမတို့ကသာ ကလေးကို အင်္ဂလိပ်လိုတွေအရမ်းပြောတတ်၊ စာတွေတော်တတ်စေချင်ကြတာ ဒီအရွယ်လေးတွေက မူကြိုရွေးတဲ့အခါမှာ စာသင်ဖို့ဆိုတာထက် သူတို့ရဲ့အသက်အလိုက်ဖွံ့ဖြိုးတိုးတက်ရမဲ့ နေရာလေးတွေကို ကစားလိုက်၊ ဆော့လိုက်နဲ့ ပျော်ပျော်ပါးပါး သင်ယူရတဲ့အရွယ်လေးတွေမို့ အရမ်းစိတ်မဖိစီးပါနဲ့နော်။

အပေါ်ကအချက်လေးတွေစဉ်းစားပြီးပြီဆိုရင်တော့ အောက်ကကျန်တဲ့အချက်လေးတွေကိုဆက်စဉ်းစားကြည့်ကြမယ်။

1️⃣ နေရာအနေအထား။

ကလေးက ၁ ပတ်မှာ ၅ရက်သွားရမှာဖြစ်တဲ့အတွက် အိမ်နဲ့အနီးဆုံးဖြစ်ရင်ပိုကောင်းပါတယ်။ ကျောင်းတွေစကြည့်ကတည်းက ကိုယ်နဲ့ဝေးတဲ့နေရာတွေထက် အနီးပတ်ဝန်းကျင်က နေရာလေးတွေကို သွားကြည့်ပြီး တစ်ခါတည်း လမ်းကြောင်းအခြေအနေလေးတွေကိုပါ စဉ်းစားထားပါတယ်။ ကျောင်းပတ်ဝန်းကျင် အနေအထားက တိတ်ဆိတ်ငြိမ်သက်မှုရှိရဲ့လား? လုံခြုံစိတ်ချရလား? ဆိုတာကိုပါကြည့်ထားသင့်ပါတယ်။

2️⃣ ဈေးနှုန်းဘယ်လောက်ခန့်မှန်းလဲ?

ကိုယ့်မိသားစုရဲ့ ဝင်ငွေရယ်၊ ကလေးကျောင်းစရိတ်အတွက် ဝင်ငွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းလောက်သုံးမှာလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ကျောင်းအတွက် ငွေက ၁-၂ နှစ်ပဲ သုံးရမှာမဟုတ်တဲ့အတွက် ကိုယ့်ရဲ့ budget နဲ့ရေရှည်မှာအဆင်ပြေမဲ့နေရာမျိုးလေးရွေးပါတယ်။ ဈေးနှုန်းနဲ့ ကျောင်းရဲ့အရည်အသွေးက အမြဲတမ်းတော့ တစ်သမတ်တည်းထပ်တူမကျလို့ ဝင်ငွေနဲ့လည်းအဆင်ပြေမဲ့ ကျောင်းကောင်းလေးသေချာရှာကြည့်ပါ။

3️⃣ လုံခြုံရေး အခြေအနေ။

ကျောင်းရဲ့နေရာတိုင်းမှာ လုံခြုံရေးကင်မရာတွေတပ်ထားလား၊ ကလေးအရေအတွက်နဲ့ ဆရာမအရေအတွက် ဘယ်လောက်ထားလဲ ကြည့်ပါတယ်။ ကျောင်းမှာထားတဲ့ ပစ္စည်းတွေ၊ ပရိဘောဂ၊ ကစားကွင်းစတဲ့နေရာတွေက kids friendly ဖြစ်လား၊ အန္တရာယ်ရှိစေမလားဆိုတာ ကျောင်းကြည့်ရင်းတစ်ခါတည်းကြည့်သင့်ပါတယ်။ ကလေးကျောင်းပို့/ ကျောင်းကြိုတဲ့အခါ သူများခေါ်သွားတာမျိုးမရှိအောင် ဘယ်လိုကာကွယ်စီစဉ်ထားလဲ မေးကြည့်သင့်ပါတယ်။

4️⃣အရည်အချင်းပြည့်ဝပြီး စိတ်ရှည်၊ ကြင်နာ၊ကလေးချစ်တတ်တဲ့ ဆရာမတွေရှိလား?

ကလေးငယ်လေးတွေရဲ့ early childhood development နဲ့ ဖြစ်တတ်တဲ့စိတ်နေသဘောထားလေးတွေကိုပါနားလည်တဲ့ အတွေ့အကြုံသက်တမ်းရှိ ဆရာမတွေဖြစ်သင့်ပါတယ်။ ကလေးရဲ့စိတ်က အရမ်းနုနယ်တဲ့အတွက် အနီးကပ်ရှိတဲ့ ဆရာမရဲ့နွေးထွေးကြင်နာမှုကနေ သူတို့လုံခြုံတဲ့ခံစားချက်လေးရရှိပြီး ကောင်းကောင်းသင်ယူနိုင်မှာပါ။ ကျောင်းသွားကြည့်တဲ့အခါ ကလေးကိုခေါ်သွားပြီး ဆရာမတွေဆက်ဆံတဲ့ပုံကို သတိထားလေ့လာကြည့်လို့ရပါတယ်။ ကလေးချစ်တတ်လား? ကလေးနဲ့စကားပြောတဲ့အခါ ကလေးနဲ့ eye level ကို ထိုင်ပြီးပြောတတ်လား? ကလေးက ဆရာမနဲ့နေရတဲ့အခါ ပျော်နေရယ်နေတာမျိုးဖြစ်လားဆိုတာကို လေ့လာခဲ့လို့ရပါတယ်။

5️⃣အတန်းတွေရဲ့ သင်ရိုး Curriculum။

ကျမအနေနဲ့တော့ မူကြိုအရွယ်လေးတွေအတွက် UK/US သင်ရိုးဆိုတာထက် သူတို့အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိတဲ့ သင်ကြားမှုပုံစုံဖြစ်လားဆိုတာကို အဓိကထားကြည့်ပါတယ်။ ကလေးငယ်ငယ်လေးတွေကို စရောက်တာနဲ့ ခဲတံကိုင်စာရေးခိုင်းတာမျိုးဆိုရင်တော့ အဆင်မပြေစေပါဘူး။ ကလေး အသက်အရွယ်လေးတွေအလိုက် စာသင်လို့သင်မှန်းမသိ ကိုယ်လက်လှုပ်ရှားမှုလေးတွေ၊ Arts and crafts လေးတွေ၊ ဂီတလေးတွေနဲ့သင်ကြားပေးတာမျိုး၊ သူတို့ကိုယ်တိုင် ယုံကြည်မှုရှိရှိနဲ့ လက်တွေ့ဘဝမှာရော၊ ကျောင်းကြီးတက်ဖို့အတွက်ရော လိုအပ်တဲ့ skills တွေသင်ပေးဖို့အဓိကကျပါတယ်။

6️⃣ ကျောင်းတွင်း ပတ်ဝန်းကျင်၊ facilities များ။

ကလေးငယ်လေးတွေရဲ့ မူကြိုလေးက လုံခြုံပြီးပျော်စရာကောင်းတဲ့ပတ်ဝန်းကျင် safe and nurturing environment ဖြစ်ဖို့အဓိကကျပါတယ်။ စာသင်ခန်းလေးတွေက ကလေးပန်းချီလေးတွေနဲ့ ဝင်လိုက်တာနဲ့ အလင်းရောင်ပြည့်ပြည့်ဝဝရှိတဲ့နေရာမျိုးလေးဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ ကလေးရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် ဘေစင်တွေ၊ အိမ်သာတွေသန့်ရှင်းမှုရှိရဲ့လား ကြည့်သင့်ပါတယ်။ ကျောင်းတွင်း indoor playground ဒါမှမဟုတ် ပြင်ပ outdoor playground လေးတွေ ကလည်းကလေးရဲ့ ကိုယ်လက်လှုပ်ရှားမှု physical development အတွက်အရေးကြီးပါတယ်။ စာဖတ်ပြခြင်းကနေသင်ယူနေတဲ့ကလေးတွေမို့ အသက်အလိုက်ဖတ်ပြဖို့ စာအုပ်လေးတွေစုံစုံလင်လင်ရှိသင့်ပါတယ်။

7️⃣ မိဘနဲ့ ကျောင်း/ ဆရာမကြား ဆက်သွယ်မှု။

ဒီနောက်ဆုံးအချက်ကလည်း ကျမလိုချင်တဲ့အထဲမှာ အရေးကြီးတဲ့အချက်ပါ။ မူကြိုဆိုတာ ကလေးကို မိဘရင်ခွင်ကနေ ပထမဆုံးတစ်ယောက်တည်း လွှတ်လိုက်ရတဲ့နေရာမို့ ကလေးက ကျောင်းမှာဘာတွေလုပ်နေလဲ? ဘယ်လိုတိုးတက်မှုတွေရှိလာလဲ? ဆိုတာအရမ်းသိချင်ကြပါတယ်။ ဒီလိုဆက်သွယ်မှုတွေ၊ ကျောင်းနဲ့ မိဘကြား ဆွေးနွေးပြောဆိုမှုတွေအတွက် ပွင့်လင်းမြင်သာမှုဘယ်လောက်ပေးထားလဲ? ဘယ်လို communicate လုပ်လို့ရနိုင်လဲဆိုတာ ကျောင်းမအပ်ခင် ဆွေးနွေးမေးမြန်းသင့်ပါတယ်။ Parent-Teacher meeting လား? Websites/ application ကတစ်ဆင့်လား? ဒါမှ သာ ကိုယ့်ကလေးရဲ့ activities လေးတွေ၊ အားသားချက်၊ တိုးတက်ချက်လေးတွေကို အချိန်နဲ့အမျှသိနိုင် ပံ့ပိုးနိုင်မှာပါ။

•••••••••••••••••

မိဘတွေရဲ့လိုအပ်ချက်တွေကို စဉ်းစားပြီးပြီဆိုရင် ကျောင်းဖက်က လိုအပ်ချက်လေးတွေကိုပါ ထည့်ပြီးစဉ်းစား မေးမြန်းရပါမယ်။
✅ ကလေးအသက်ဘယ်လောက်ကနေ စလက်ခံတာလဲ? အသက်အလိုက် အတန်းဘယ်လိုခွဲလဲ?
✅ ကလေး အိမ်သာသွားလေ့ကျင့်ထားဖို့လိုလား? ဒိုင်ပါဝတ်ပေးလိုက်ရင် အဆင်ပြေမလား?
✅ မိဘတွေအနေနဲ့ အိမ်ကဘာတွေပြင်ဆင်ထည့်ပေးလိုက်ဖို့လိုအပ်လဲ? ဒီမေးခွန်းလေးတွေကိုပါမေးခဲ့ပါနော်။

ဒီအချက်လေးတွေက သားသားအတွက် မူကြိုရွေးတဲ့အခါ ကျမစဉ်းစားခဲ့တဲ့အချက်လေးတွေပါ။ လိုအပ်ချက်လေးတွေလည်းရှိနိုင်တာမို့ ဖေဖေမေမေတို့အမြင်လည်း ဆွေးနွေးခဲ့လို့ရပါတယ် ❤️

မေတ္တာဖြင့်မျှဝေပါတယ်။ လွတ်လပ်စွာ share နိုင်ပါတယ် ❤️

မေမေမြဘုန်းဆင့်
#ခေတ်သစ်မေမေ

05/06/2022

ဒီနေ့တော့ edu. INTERNATIONAL MYANMAR မဂ္ဂဇင်းဖတ်ရင်း " ပညာရေးထုတ်ဖော်ချက် - သင့်အတွက်
ကလေးငယ်များ၏ ပညာရေးလမ်းညွှန် " ဆိုတဲ့ခေါင်းစဉ်နဲ့ရေးထားတဲ့ ဒီစောင်းပါးလေးကိုတွေ့လိုက်တယ် ဒီထဲမှာတော့ မြန်မာလိုရော အင်္ဂလိပ်လိုရောရေးထားတာတွေ့ရပါတယ်... မဖတ်ရသေးတဲ့ မိဘတွေအတွက် ဒီ post ကို အဲ့မဂ္ဂဇင်းကနေ ကူးပြီးရေးတင်လိုက်ပါတယ်...

❓
EYFS ဆိုတာဘာလဲ။ ကြွက်သားငယ်နှင့် ကြွက်သား မည်သို့ကွာခြားသနည်း။

ကစားနည်းတွေက အရေးပါသော ကဏ္ဍမှာရှိနေပါသလား။

ကလေးသူငယ်ဦးဆောင်တဲ့ သင်ယူခြင်းဆိုတာ ဘယ်လိုအဓိပ္ပါယ်ဆောင်လဲ။

ငယ်ရွယ်နုနယ်သော ကလေးသူငယ်များအတွက် မူလတန်းကြိုပညာရေး သင်ကြားရေးစနစ်များ အများအပြားရှိသကဲ့သို့ ရွေးချယ်စရာကျောင်းများလည်း အလွန်များပြားသည်။ ဤလမ်းညွှန်တွင် အခြေခံသဘောတရားကို သိရှိနားလည်စေရန် လိုအပ်သော အရေးကြီးသည့် ဝေါဟာရများကို ရှင်းလင်းထားသည်။

မြန်မာနိုင်ငံရှိ နိုင်ငံတကာမူလတန်းကျောင်းများတွင် အသုံးပြုလေ့ရှိသော မူလတန်းသင်ရိုးညွှန်းတမ်း၊ နည်းစနစ်များနှင့် ချဉ်းကပ်မှုပုံစံများ

1️⃣ Early Years Foundation Stage (EYFS)

EYFS သည် ယူကေအစိုးရမှ ချမှတ်ထားသော သင်ရိုးညွှန်းတန်းဖြစ်ပြီး မွေးကင်းစအရွယ်မှ အသက်ငါးနှစ်အထိ ကလေးများအတွက် အကျုံးဝင်သည်။ ကစားနည်းများကို အခြေခံထားသော သင်ရိုးညွှန်းတန်းဖြစ်သည်။ သင်ရိုးတွင်အဓိက ၇ ပိုင်းပါဝင်သည်။ ယင်းတို့မှာ ဆက်သွယ်ဆက်ဆံရေးနှင့် ဘာသာစကား၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ စာပေ၊ သင်္ချာ၊ ကမ္ဘာကြီးအကြောင်းသိကောင်းစရာများ၊ အနုပညာဖော်ကျူးမှုများနှင့် ဒီဇိုင်းများဖြစ်ကြသည်။

2️⃣ Singapore Nurturing Early Learners (NEL) framework (iTech)

ဤနည်းလမ်းတွင် ကလေးများသည် စူးစမ်းလိုစိတ်ရှိပြီး တက်ကြွသည့် သင်ယူသူများဖြစ်သည်ဟု သဘောထားကြသည်။ ဤနည်းလမ်းတွင် စည်းကမ်း ခြောက်ချက်ရှိသည်။ ဘက်ပေါင်းစုံသင်ကြားရန်၊ ဆရာ၊ဆရာမများမှ ကူညီပံ့ပိုးသူအဖြစ်ရှိရန်၊ ရည်ရွယ်ချက်ပါသောကစားနည်းများကိုကစားရန်၊ အပြန်အလှန်ဆက်ဆံခြင်းဖြင့် သင်ယူရန်၊ ကလေးများမှ မိမိကိုယ်ကို အသိပညာရှာရန်နှင့် ဘက်စုံဖွံ့ဖြိုးမှုရှိစေရန် စသည်တို့ဖြစ်သည်။

3️⃣ Montessori နည်းလမ်း

Montessori နည်းလမ်းသည် ကလေးများအား ဗဟုသုတများကို လိုချင်စေပြီး သင်ယူရန်အတွက် အသင့်ဖြစ်နေကာ သင်ကြားသူများအဆင်ပြေစေရန် အထောက်အကူပြုသည်ဟု မြင်သည်။ အဆင့်မြင့်သော စာသင်ခန်းများတွင် သင်ယူသူမှဦးဆောင်ပြီး ဆရာ၊ဆရာမများအနေနှင့် အထောက်အကူပြုသူအဖြစ်နဲ့သာရှိသည်။ ကျောင်းသားများအနေဖြင့် မည်သို့လုပ်ဆောင်ရမည်ဟု ပြောသည့်လမ်းညွှန်ချက်များထက် ပစ္စည်းကိရိယာများမှ သင်ယူရရှိမှုပိုများသည်။

4️⃣ Reggio Emilia ချဉ်းကပ်နည်း

ဤချည်းကပ်နည်းတွင် ကလေးများသည် မိမိတို့သင်ယူလိုသည်များကို ကိုယ်တိုင်သင်ယူနိုင်သည့် အရည်အချင်းများရှိသည်ဟုဆိုသည့် အယူအဆကို အခြေခံထားသည်။ သင်ရိုးများကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ သင်ယူသူများမှ ဦးဆောင်သွားသည်။ ဆရာ၊ဆရာမ၏တာဝန်မှာ သင်ကြားမှုအဆင်ပြေစေရန် လုပ်ဆောင်ပေးရန်သာဖြစ်သည်။ ဤချည်းကပ်နည်းထူးခြားချက်မှာ ကလေးစကား ၁၀၀ ဟုခေါ်သည့် ကလေးများမိမိကိုယ်ကို ဖော်ပြသည်ဟု သတ်မှတ်သည့် သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စာရေးခြင်း စသည့် အရာအားလုံးပြုလုပ်နိုင်ရန် အခွင့်အရေးပေးခြင်းဖြစ်သည်။

5️⃣ American Curriculum အမေရိကန်သင်ရိုးညွှန်းတမ်း

အမေရိကတွင် သင်ရိုးတစ်မျိုးတည်းကို စွဲသုံးခြင်းမဟုတ်ပေ။ နိုင်ငံတကာကျောင်းများသည် ပြည်နယ်တစ်ခုမှ သင်ရိုးညွှန်းတန်းကို အခြေခံပြီး အင်္ဂလိပ်နှင့်သင်္ချာ ဘာသာရပ်များကို ဘုံစံညွှန်းများနှင့်ကိုက်ညီအောင် ပြုပြင်ထားသည်။ ဒေသပိုင်အဖွဲ့အစည်းများအနေနှင့် အမေရိကန်သင်ရိုးကို အသုံးပြုသော နိုင်ငံတကာကျောင်းများကို အသိအမှတ်ပြုကြသည်။ အမေရိကန်သင်ရိုးကို အသုံးပြုသော မူကြိုကျောင်းများအနေနှင့် ကစားနည်းအခြေပြုနည်းလမ်းများကို အသုံးပြုကြသည်။

ဘာသာပြန် Sai Thu Rain

Credit - edu. INTERNATIONAL MYANMAR page 26

Photos from Hero Preschool's post 03/06/2022

ကလေးငယ်တို့ problem solving skills တိုးတက်စေမယ့် Maze လေးတွေ တင်ပေးလိုက်တယ်နော်

02/06/2022

Be a Good Listener

ကျမနဲ့ ခင်တဲ့ ကလေးမလေးတစ်ယောက်က ပြောတယ်။ သူ့မှာရှိတဲ့ပြဿနာတွေအကြောင်း သူ့အမေကို ပြောပြရင် "ညည်းပြဿနာတွေက ဘာမှအရေးမကြီးပါဘူး" ဆိုတဲ့ပုံစံမျိုးပဲ ဆက်ဆံတာ ခံရတယ်တဲ့။ အဲဒီအတွက် သူ့မှာ အမေနဲ့ စကားပြောရတာ ခက်ခဲလာတယ်။

ဒီနေရာမှာ ကျမ ပြောချင်တာက လူတစ်ယောက်ဟာ ကလေးလေးပဲဖြစ်ဖြစ်၊ ဆယ်ကျော်သက်ပဲဖြစ်ဖြစ်၊ အရွယ်ရောက်ပြီးသားလူပဲဖြစ်ဖြစ် သူ့မှာရှိနေတဲ့ပြဿနာတွေဟာ သူကြုံတွေ့ဖြတ်သန်းနေရချိန်မှာတော့ (သူ့အတွက်) အမှန်တကယ် ခက်ခဲနေပါလိမ့်မယ်။

ကလေးတွေရဲ့ပြဿနာက မိဘဖြစ်တဲ့ ကျမတို့ရဲ့ပြဿနာနဲ့ယှဉ်ရင် ရယ်စရာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကိုယ့်ပြဿနာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးလို့လည်း ပြောလို့ရနိုင်တယ်။ စားဝတ်နေရေး၊ အိမ်ထောင်ရေး၊ စီးပွားရေးပြဿနာတွေမှ မဟုတ်တာ။ ဒါပေမဲ့ ကျမတို့ရဲ့ စားဝတ်နေရေး၊ အိမ်ထောင်ရေး၊ စီးပွားရေးကမှ "အဓိပ္ပါယ်ရှိတဲ့ ပြဿနာတွေ" မဟုတ်ပါဘူး။

အသက် ၇ နှစ်အရွယ် ကလေးတစ်ယောက်အတွက် သူ့သူငယ်ချင်းက သူ့ကိုမခေါ်ဘူးဆိုတာလည်း ပြဿနာအကြီးကြီး ဖြစ်ချင်ဖြစ်နေမယ်။ အဲဒီအတွက် သူတကယ်နာကျင်ရတယ်၊ ဝမ်းနည်းရတယ်ဆိုတာကိုတော့ ကျမတို့က နားလည်ပေးသင့်ပါတယ်။ သူက ဘဝမှာ ၇ နှစ်ပဲ ရှင်သန်နေထိုင်ရသေးတာကိုး။ သူ့မှာ ၇ နှစ်အရွယ်နဲ့ လိုက်ဖက်တဲ့ ပြဿနာ၊ ၇ နှစ်စာ ဘဝအတွေ့အကြုံ၊ ၇ နှစ်စာ ခံစားမှု၊ ၇ နှစ်စာ ဆင်ခြင်စဉ်းစားနိုင်စွမ်းလေးတွေပဲ ရှိပါလိမ့်မယ်။ အသက် ၇ နှစ်အရွယ် ကလေးတစ်ယောက်ကို နားလည်ဖို့အတွက်ဆိုရင် ၇ နှစ်အရွယ် ကလေးရဲ့ Level ကို ဆင်းပြီး စဉ်းစားပေးဖို့တော့ လိုပါလိမ့်မယ်။

အပျိုပေါက်/လူပျိုပေါက်အရွယ်မှာဆိုရင် သူငယ်ချင်းပြဿနာတွေအပြင် Crush ပြဿနာတွေလည်း ရှိလာနိုင်မယ်။ နည်းနည်းကြီးလာရင် အသည်းကွဲတဲ့ ပြဿနာတွေ ပါလာမယ်။ အလုပ်လုပ်တဲ့အရွယ်ရောက်လာရင် အလုပ်ထဲမှာ ပြဿနာရှိမယ်။ စသဖြင့် အသက်အရွယ်အလိုက် ပြဿနာပုံစံတွေ ပြောင်းသွားနိုင်ပေမယ့် သူတို့မှာရှိတဲ့ပြဿနာတွေဟာ သူတို့အတွက် အကျိုးအကြောင်းရှိပါလိမ့်မယ်။ သူတို့ဖြစ်နေတဲ့ပြဿနာတွေက ကျမတို့အတွက် သေးငယ်ပေမယ့် သူတို့အတွက် လေးပင်တယ်ဆိုတာ ကျမတို့ လက်ခံပေးသင့်ပါတယ်။

သားသမီးရဲ့ ခံစားချက်တွေကို အသိအမှတ်မပြု၊ အလေးအနက်မထားပေးရင် ကလေးကို ဘယ်တော့မှ နားလည်မှာ မဟုတ်သလို အဆင်ပြေတဲ့ မိဘနဲ့ သားသမီးဆက်ဆံရေးရဖို့လည်း ခက်ခဲပါလိမ့်မယ်။

Jessica Mozart
Date : 29 Mar 2016

Photos from Helen Vlogs's post 02/06/2022
Photos from Hero Preschool's post 02/06/2022

home schooling မေမေတို့
တီချယ်တို့အတွက် အသုံးတည့်မယ့်Animal Body Part လေး တင်ပေးလိုက်တယ်နော်

29/05/2022
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.