PUI - မျိုးဆက်ပွား ကျန်းမာရေးစင်တာ
Premiere Urgence Internationale is a non-governmental, non-profit, non-political and non-religious in
Our teams are committed to supporting civilian victims hit by natural disasters, wars, and economic collapses. Main sectors providing assistance to around 4 million people in 22 countries in Africa, Asia, Middle East, South Caucasus and France: Health, WASH, Food Security and Nutrition, Shelter and Economic Recovery. PUI has been working for the people of Myanmar on health and related issues since
သူငယ်ချင်းတို့ရေ မင်မင်တို့ Page messenger ကို လာရောက်ဆွေးနွေးမေးမြန်းကြတဲ့ မေးခွန်းတွေထဲမှာ အမျိုးသားရော အမျိုးသမီးရော အမေးများကြတာကတော့ လိင်အင်္ဂါကြွက်နို့ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါဆို လိင်အင်္ဂါကြွက်နို့ဆိုတာ ဘာလဲ?
- ဘာကြောင့်ဖြစ်တာလဲ?
- လက္ခဏာတွေက ဘာတွေလဲ?
- လိင်အင်္ဂါကြွက်နို့ဖြစ်ရင် တို့ကြတဲ့ တို့ဆေးဆိုတာရော ဘာလဲ? အန္တရာယ်ရှိလား?
- ကုသနည်းတွေကဘာတွေလဲ?
အစရှိတဲ့ မေးခွန်းတွေက်ို သားဖွားမီးယပ် ပါမောက္ခဆရာမကြီးနဲ့ တွေ့ဆုံဆွေးနွေးမေးမြန်းထားတာကို တင်ဆက်ပေးထားတာမို့ အတူတူလေ့လာပြီး အမြင်လေးတွေ share လုပ်ပေးပါဦးနော် ….
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
သူငယ်ချင်းတို့ရေ ဒီနေ့မှာတော့ မင်မင်တို့ PUI မျိုးဆက်ပွါးကျန်းမာရေးစင်တာရဲ့ page messenger မှာ လာရောက်အမေးများတဲ့ မေးခွန်းတွေဖြစ်တဲ့
- မျိုးဥကြွေတယ်ဆိုတာ ဘာကိုပြောတာလဲ ?
- အမျိုးသမီးတယောက် မျိုးဥကြွေနေလား မကြွေနေဖူးလားဆိုတာ ဘယ်လို သိနိုင်မလဲ ?
- မျိုးဥကြွေတဲ့ရက်ကို တွက်ချက်လို့ရပါသလား ?
အစရှိတဲ့ မေးခွန်းတွေကို သားဖွားမီးယပ်အထူးကု ဆရာမကြီးနှင့် ဆွေးနွေးထားတဲ့ ဗီဒီယိုလေးကို တင်ပေးထားတာမို့ ဝင်ရောက်ကြည့်ရှုပြီး မှတ်ချက်လေးတွေ ပေးသွားပါဦးနော်..
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
သူငယ်ချင်းတို့ရေ ဒီနေ့မှာတော့
Gonorrhea (ဆီးပူညောင်းကျရောဂါ သို့မဟုတ် ဂနိုရောဂါ) နဲ့ ပတ်သက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
🔍ဆီးပူညောင်းကျရောဂါ (ဂနို) ဆိုတာ
လိင်ဆက်ဆံရာမှ တဆင့်ကူးစက်တဲ့ ရောဂါ ဖြစ်ပြီး Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။ အဲဒီ ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်ရဲ့ပူနွေးစိုစွတ်တဲ့နေရာတွေဖြစ်တဲ့
• လိင်တံ၊
• မိန်းမကိုယ် နဲ့ မွေးလမ်းကြောင်းတလျှောက်
• ဆီးလမ်းကြောင်းတလျှောက်၊
• စအို
• မျက်လုံး၊
• လည်ချောင်း
တို့လိုနေရာမျိုးမှာ အများဆုံး ပေါက်ပွားလေ့ရှိပါတယ် ။
🔍အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိင်တယ်ဆိုပေမဲ့ လိင်ကိစ္စ စိတ်အဝင်စားဆုံးဖြစ်တဲ့ လူငယ်ပိုင်း အသက် ၁၅ ကနေ ၂၄ အတွင်း နဲ့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့ သူတွေ ပိုဖြစ်ပါတယ်။
👉ဂနိုရောဂါကို မကုသပဲထားမယ်ဆိုရင်တော့ ရေရှည် ကျန်းမာရေးထိခိုက်တာတွေ အပြင် တချို့တွေမှာ မျိုးအောင်နိင်ခြင်း မရှိတော့တာတွေထိ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ သေချာကုသလိုက်ခြင်းအားဖြင့် ဒီလို ဖြစ်လာမယ့် ဆိုးကျိုးတွေကို တားဆီး နိုင်ပါတယ်။
👉ဘယ်လို ကူးစက်တတ်တာလဲ။
ဂနို ရောဂါဖြစ်နေတဲ့ လူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိရာကနေ ကူးစက်တတ်ပါတယ်။ မိန်းမကိုယ်နဲ့ လိင်ဆက်ဆံတာပဲ ဖြစ်ဖြစ်၊ ပါးစပ်နဲ့ လိင်ဆက်ဆံတာပဲဖြစ်ဖြစ် စအိုနဲ့ လိင်ဆက်ဆံတာ ဖြစ်ဖြစ် အကုန်လုံးက ကူးစက်နိုင်တဲ့ နည်းတွေပါ။ လိင်ဆက်ဆံရာမှ ကူးတာအပြင် အာသာဖြေရာမှာ သုံးတဲ့ လိင်အထောက်အကူ ပစ္စည်းများ ကို ရောဂါပိုးရှိသူနဲ့ မျှဝေသုံးစွဲရာကနေလဲ ကူးနိုင်ပါသေးတယ်။
👉နောက်တစ်ချက်ကတော့ ဆီးပူညောင်းကျရောဂါဖြစ်နေတဲ့အမေကနေ ကလေးဆီကို မီးဖွားတဲ့အချိန်မှာ ကူးစက်နိုင်ပါတယ်။
ဂနို ရောဂါ ဖြစ်ဖူးတဲ့လူဟာ နောက်တခါထပ်ဖြစ်ဖို့ အလားအလာပိုများပါတယ်။ မကုသပဲ ထားမယ်ဆိုရင် တခြားသော လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ဖြစ်နိင်ချေကို မြင့်တက်စေပါတယ်။
🔍ရောဂါလက္ခဏာတွေကဘာတွေလဲ။
ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက် ကနေ ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ စပြတတ်ပါတယ်။ ရက် ၃၀ ကြာပြီးမှ ရောဂါလက္ခဏာပြတဲ့ သူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ရောဂါပိုးရှိနေပေမယ့် ဘာရောဂါလက္ခဏာမှ မခံစားရတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုရောဂါလက္ခဏာတွေ မပြတဲ့သူတွေက သူတို့မှာ ရောဂါရှိနေမှန်း မသိကြတော့ ဆေးကုသမှု မခံယူကြ တဲ့ အတွက် ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုခံစားရတတ်ပါတယ်။ ဒါ့အပြင် ဒီလူတွေကပဲ အခြားသူတွေကို ကူးစက်စေဖို့ အခွင့်အလမ်းပိုများစေတာပါ။
👨👨🦱အမျိုးသားများဆိုရင်
ပထမဆုံးစတင်သတိထားမိမှာကတော့ ဆီးပူတာနဲ့ ဆီးသွားနေတုန်းနာကျင်တာပဲဖြစ်ပါတယ်။
တခြားတွေ့နိုင်တဲ့ လက္ခဏာတွေကတော့
• ဆီးခနခနသွားခြင်း၊ ဆီးပူဆီးကျင်ခြင်း ၊ဆီးအောင့်ခြင်း
• လိင်တံထိပ်မှ ပြည်ကဲ့သို့သော အရည်များထွက်ကျခြင်း (အရည်ဟာ အဝါ အဖြူ အညို အစိမ်းစသဖြင့် အရောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်)
• လိင်တံထိပ်ဝ တွင် အရောင်ပြောင်းခြင်း၊ ယောင်ရမ်းခြင်း
• ဝှေးစေ့နာခြင်း (သို့) ယောင်ခြင်း
• စအိုအဝမှာ ယားခြင်း၊ နာခြင်း
• စအိုမှ သွေးထွက်ခြင်း (သို့) အရည်ထွက်ခြင်း
• ဝမ်းသွားလျှင် ပုံမှန်ထက်ပို၍ ညှစ်ရခြင်း တို့ဖြစ်ပါတယ်။
👩🧑👩🦱အမျိုးသမီးများဆိုရင်
များသောအားဖြင့် အပျော့စားလက္ခဏာလေးတွေတာ စတွေ့ရတတ်ပါတယ်။ ဒါ့အပြင် ဒီ လက္ခဏာတွေဟာ မိန်းမကိုယ်ကို အခြား ဘက်တီးရီးယားပိုး၊ မှိုပိုး ဝင်တဲ့ လက္ခဏာများနဲ့ အလွန်ဆင်တူတာမို့လို့ သတိမထားမိတတ်ကြပါဘူး။
တွေ့နိုင်တဲ့ လက္ခဏာတွေကတော့
• မိန်းမကိုယ်မှ အဖြူဆင်းခြင်း (အရည်ကြည် (သို့) ခပ်ပျစ်ပျစ် (သို့) အစိမ်းရောင်)
• ဆီးပူ ဆီးကျင်ခြင်း၊ ဆီးအောင့်ခြင်း
• ဆီးခနခန သွားခြင်း
• ရာသီသွေးဆင်းများခြင်း (သို့) ရာသီတစ်ခုနှင့်တစ်ခုကြားတွင် သွေးဆင်းခြင်း
• အမျိုးသားနှင့် အတူနေစဉ်နာကျင်ခြင်း
• ဝမ်းဗိုက်အောက်ပိုင်း ခပ်စူးစူးနာခြင်း
• စအိုတွင် ယားယံခြင်းနှင့် နာကျင်ခြင်း။
• စအိုမှ သွေးထွက်ခြင်း သို့မဟုတ် အရည်ဆင်းခြင်း။
• ဝမ်းသွားလျှင် ပုံမှန်ထက်ပို၍ ညှစ်ရခြင်း တို့ဖြစ်ပါတယ်။
🤰🤰ကိုယ်ဝန်ဆောင်နေစဉ်မှာ ဂနို ရောဂါ ဖြစ်ရင်
• သားပျက်သားလျှောြဖစ်ခြင်း
• လမစေ့ခင်ကလေးစောမွေးခြင်း နဲ့
• မွေးလာတဲ့ကလေးမှာ မျက်မြှေးယောင်ရောဂါ ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
👼မွေးကင်းစ ကလေးများတွင်တွေ့ရ သော ဂနိုရောဂါ
ဂနိုရောဂါဟာမိခင်မှ ကလေးကို မီးဖွားချိန်မှာ ကူးစက်နိုင်ပါတယ်။
မွေးပြီး ၂ပတ်အတွင်းမှာ ကလေးမျက်လုံးမှာ ရောဂါလက္ခဏာတွေပေါ်တတ်ပါတယ်။ မျက်လုံးနီတာ ယောင်တာ နဲ ပြည်ကဲ့သို့ပျစ်သော မျက်ဝတ်ထွက်တာတွေဖြစ်ပါတယ်။
👉အခြားဂနိုရောဂါလက္ခဏာများ
ဂနိုရောဂါဟာ လည်ချောင်းနဲ့ ခံတွင်း မှာလည်းဖြစ်နိုင်ပါတယ်။
👉ခံတွင်းဂနို ရဲ့ ရောဂါလက္ခဏာများ ကတော့
• လည်ချောင်းနာခြင်း၊
• လည်ချောင်းတွင် ယောင်ရမ်းခြင်းနှင့် နီမြန်းခြင်း။
• သင့်လည်ပင်းရှိ အကျိတ် များ ယောင်ရမ်းခြင်း။
• ဖျားခြင်း တို့ဖြစ်ပါတယ်။
👀ဂနိုရောဂါဟာ မျက်လုံးများသို့လည်း ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် လိင်အင်္ဂါ သို့မဟုတ် ရောဂါပိုးရှိတဲ့နေရာကို လက်နဲ့ ထိမိပြီး လက်ကို သေချာမဆေးမီ ထိုလက်နဲ့ မျက်လုံးကို ထိလိုက်ခြင်းအားဖြင့် ကူးစက်ပါတယ်။
👀ဂနိုရောဂါကြောင့် မျက်မြှေးယောင်ခြင်း သို့မဟုတ် မျက်လုံးဂနိုရောဂါရဲ့ လက္ခဏာတွေကတော့
• မျက်စိနာခြင်း၊ ယားယံခြင်း
• မျက်ခွံတွင် ယောင်ရမ်းခြင်း။
• မျက်လုံးနီမြန်းယောင်ရမ်းခြင်း။
• မျက်လုံးတစ်ဝိုက်တွင် အဖြူရောင် သို့မဟုတ် အဝါရောင် မျက်ဝတ်များထွက်ခြင်းတို့ဖြစ်ပါတယ်။
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
သူငယ်ချင်းတို့ရေ ဒီနေ့မှာတော့ နှစ်ရှည်ခံ သားဆက်ခြား နည်းလမ်းတွေအကြောင်းကို မင်မင်တို့က ပြောပြချင်ပါတယ်နော်.... သူငယ်ချင်းတို့အနေနဲ့ နှစ်ရှည်ခံသားဆက်ခြားနည်းလမ်းတွေအကြောင်းကို ပိုမိုပြည့်စုံစွာ သိရဖို့ မင်မင်နဲ့အတူတူ လေ့လာဖတ်ရှုရအောင်နော်...
ကာလရှည်သားဆက်ခြားနည်းလမ်းတွေက ဘာတွေရှိလဲဆိုတော့
❣️သားအိမ်တွင်းထည့် သားဆက်ခြား ပစ္စည်း (IUD) နဲ့
❣️လက်မောင်းတွင်းထည့် သားဆက်ခြား ပစ္စည်း (Implant) ဆိုပြီးရှိပါတယ်။
❤️သားအိမ်တွင်းထည့် သားဆက်ခြား ပစ္စည်း (IUD)
ဆိုတာက သေးငယ်တဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပြီး
ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီး နှစ်မျိုး ရှိပါတယ်။
ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းအကုန်လုံးဟာ levonorgestrel ဟော်မုန်းကို ထုတ်ပေးပြီး သားဥကြွေခြင်းကို တားပါတယ်။
ဟော်မုန်းမပါ တဲ့ IUD Copper IUD ကတော့ အဓိကအားဖြင့် သားဥနဲ့ သုက်ပိုးတွေကို မတွေ့နိုင်အောင်၊ ကိုယ်ဝန်မတွယ်အောင် ဟန့်တားပေး ပါတယ်။
📝အသုံးပြုတဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်ကြိမ်ထည့်ထားရင် (၅) နှစ်မှ (၁၂) နှစ် ကြာထိ ကိုယ်ဝန်တားပေးနိင် ပါတယ်။
🤔 ကောင်းကျိုးများကတော့
---
👍နှစ်နဲ့ချီပြီး ကိုယ်ဝန်တားပေးနိုင်ခြင်း
👍ပြန်ထုတ်ပြီးတာနှင့် အလွယ်တကူ ကလေးပြန်ရခြင်း
👍ဈေးသက်သာခြင်း💸💸
👍အလုပ်ရှုပ်သက်သာခြင်း
👍လိင်ဆက်ဆံသည့် အချိန်မှာလည်း အနှောင့်အယှက် မဖြစ်ခြင်း တို့ အပြင်
ဟော်မုန်းမပါသည့် Cu IUD ဟာဆိုရင်
👍ဟော်မုန်းဆိုင်ရာ ဆိုးကျိုးများမခံရခြင်း
👍ကိုယ်ဝန်တားပေးသည့် အာနိသင် ချက်ချင်းရခြင်း၊ 👩❤️💋👨
👍အကာအကွယ်မယ့် လိင်ဆက်ဆံပြီးပါက ၅ရက်အတွင်း Copper IUD ဖြင့် အရေးပေါ် ကိုယ်ဝန်တားနိုင်ခြင်း👩❤️👨 တို့ ဖြစ်ပါတယ်။
IUD ကို
---
👉ဓမ္မတာလာပြီး ၁၂ ရက်အတွင်း
👉မီးဖွားပြီး ၄၈ နာရီ သို့မဟုတ် ၄ ပတ်အတွင်း
👉ကိုယ်ဝန်ပျက်ကျပြီး ချက်ခြင်း သို့မဟုတ် ၇ ရက်အတွင်းထည့်နိုင်ပါတယ်။
🙂🙂🙂ကိုယ်ဝန်မရှိတာသေချာရင် အမျိုးသမီးရဲ့ ရာသီစက်ဝန်းရဲ့ ဘယ်အချိန်မဆိုထည့်လို့ရပါတယ်။
ဆိုးကျိုးတွေကတော့ 😥😥😥
---
😥ရာသီလာစဉ် ပုံမှန်ထက်နာကျင်ခြင်း
😥 ရာသီမလာခင်နှင့် ရာသီလာစဉ် ခံစားရနိုင်တဲ့ လက္ခဏာတွေကို ပုံမှန်ထက်ပိုမိုခံစားရခြင်း
😥သွေးဆင်းများခြင်း
😥သွေးဆင်းရက်ကြာခြင်း များ ဖြစ်တတ်ပါတယ်။
ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းက တော့ ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးတွေဟာ ဖြေရှင်းလို့ရပါတယ်။
IUD မထည့်သင့်သူတွေကတော့
---
❌လိင်ဆက်ဆံဖော် အများအပြားရှိသည့် အမျိုးသမီးများ
❌လိင်မှတဆင့် ကူးစက်သောရောဂါလက္ခဏာရှိသော အမျိုးသမီးများ
❌HIV နှင့် အခြားသော ကာလသားရောဂါရှိသော အမျိုးသမီးများ
❌လတ်တလော ပုံမှန်မဟုတ်ပဲသွေးဆင်းသည့် အမျိုးသမီးများ
❌ကိုယ်ဝန်ဆောင် သို့မဟုတ် ကိုယ်ဝန်သံသယရှိသော အမျိုးသမီးများ ဖြစ်ပါတယ်။
❤️လက်မောင်းတွင်းထဲ့ သားဆက်ခြား ပစ္စည်း (implant)
လက်မောင်းတွင်းထဲ့ သားဆက်ခြား ပစ္စည်း (implant) ဆိုတာ သေးငယ်သော ဆီလီကွန်ချောင်းလေး ဖြစ်ပြီး တစ်ချောင်း ဒါမှမဟုတ် နှစ်ချောင်းကို ထုံဆေးထိုးပြီး လက်မောင်းထဲကို ထည့်လိုက်တာပဲဖြစ်ပါတယ်။
အဲ့အချောင်းလေးမှာပါတဲ့ ဟော်မုန်းတွေက သားဥကြွေခြင်းကို တားပါတယ်။
📝အသုံးပြုတဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်ကြိမ်ထည့်ထားရင် (၃) နှစ်မှ (၆) နှစ်ကြာထိ ကိုယ်ဝန်တားပေးနိင် ပါတယ်။
🤔 ကောင်းကျိုးများကတော့
---
👍နှစ်နဲ့ချီပြီး ကိုယ်ဝန်တားပေးနိုင်ခြင်း
👍ပြန်ထုတ်ပြီးတာနှင့် အလွယ်တကူ ကလေးပြန်ရခြင်း
👍အလုပ်ရှုပ်သက်သာခြင်း
👍လိင်ဆက်ဆံသည့် အချိန်မှာလည်း အနှောင့်အယှက် မဖြစ်ခြင်း တို့ ဖြစ်ပါတယ်။
Implant ကို
---
👉ရာသီလာပြီးနောက်(ရ) ရက်အတွင်း
👉ကိုယ်ဝန်ပျက်ကျပြီး နောက်(ရ) ရက်အတွင်း
👉နို့တိုက်မိခင်ဆိုပါက ကလေးမွေးပြီး (၆) ပတ်အကြာတွင် ထည့်သွင်းနိုင်ပြီး
မိခင်နို့မတိုက်ပါက🧑🍼 မီးဖွားပြီးပြီးချင်း ထည့်သွင်းနိုင်ပါတယ်
ဆိုးကျိုးတွေအနေနဲ့ ကတော့ 😥😥😥
---
😥ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်အလေးချိန် ပြောင်းလဲတာ (ဝလာတာ၊ ပိန်သွားတာ)၊ ရင်သား နာကျင်တာ၊ စိတ်အပြောင်းအလဲ မြန်တာ၊ ပျို့တာ၊ အန်တာတို့ဖြစ်ပါတယ်။ အများအားဖြင့် လအနည်းကြာရင် အဆင်ပြေသွားလေ့ ရှိပါတယ်။
😥တစ်ယောက်နဲ့ တစ်ယောက်ခံစားရတာချင်းတော့ တူမှာ မဟုတ်ပါဘူး။သားဆက်ခြားပစ္စည်းမှာပါတဲ့ ဟော်မုန်းကိုတုန့်ပြန်ပုံချင်း မတူကြလို့ပါ။ ဥပမာ တချို့ အမျိုးသမီးတွေမှာ ရှိပြီးသား ဝက်ခြံတွေပျောက်သွားကြပြီး တချို့ကတော့ ဝက်ခြံပိုထွက်လာတတ်ပါတယ်။
😥အဖြစ်အများဆုံး ပြဿနာကတော့ ရာသီသွေး မမှန်တာပါ။ ပစ္စည်းထည့်ပြီး ပထမ ၆လ ကနေ ၁ နှစ်အတွင်း ပိုပြီးဖြစ်လေ့ရှိပါတယ်။ တချို့တွေမှာ အတွင်းခံဘောင်းဘီ ပေတယ်စိုရုံလေး တစက်စက်နဲ့ ရက်အကြာကြီး လာနေတတ်ပြီး တချို့မှာတော့ သွေးအများကြီးဆင်းတတ်ပါတယ်။ အများစုမှာ ဖြစ်လေ့ရှိတာက ရာသီသွေးနည်းသွားတာပါ။ ရာသီသွေးလုံးဝမပေါ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
လက်မောင်းတွင်းထဲ့သားဆက်ခြား ပစ္စည်း (implant)ကို မထည့်သင့်သူတွေကတော့
---
❌ကိုယ်ဝန်ဆောင် သို့မဟုတ် ကိုယ်ဝန်သံသယရှိသူများ
❌ကလေးမွေးပြီး ၆ပတ် မကျော်သေးသော နို့တိုက်မိခင်များ
❌ရင်သားကင်ဆာ သည်များ ဖြစ်ပါတယ်။
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
မင်္ဂလာပါ။
ဒီနေ့မှာတော့
ကာလသားရောဂါ (ဆစ်ဖလစ်ရောဂါ) နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ဆစ်ဖလစ်ရောဂါ ဆိုတာ Treponema Pallidum ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပြီး လိင်ဆက်ဆံရာမှ တဆင့် အဓိကကူးစက်ပါတယ်။ ရောဂါရဲ့ လက္ခဏာအစမှာတော့ လိင်အင်္ဂါ၊ စအို၊ ပါးစပ်တဝိုက်မှာ နာကျင်မှုမရှိသောအနာများ ဖြစ်ပွား တာတွေ့ရပါတယ်။ အဲ့ ဒီ အနာတွေကို တစ်ဦးနှင့်တစ်ဦး အရေပြား(သို့)အမြှေးပါး ချင်း ထိတွေ့ခြင်းကနေ ရောဂါ ကူးစက်တာဖြစ်ပါတယ်။
မိခင်မှ ကလေးကိုလဲ ကိုယ်ဝန်ဆောင်နေစဉ် မှာ ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာများ
ဆစ်ဖလစ်ရောဂါမှာ ရောဂါလက္ခဏာတွေက အဆင့်အလိုက်ကွာခြားပါတယ်။
ဒါပေမဲ့ တခါတလေ အဲ့လိုအဆင့်အတိုင်းကြီးပဲပေါ်တတ်တာမျိုးမဟုတ်ပဲ ဘယ်အဆင့်လဲပြောမရအောင် ရောနေတာတွေလဲတွေ့ရတတ်ပါတယ်။ ဘာရောဂါလက္ခဏာမှ မပြပဲလဲရှိနေနိင်ပါတယ်။
ပထမအဆင့်
ဆစ်ဖလစ်ရောဂါ ရဲ့ ပထမဆုံးလက္ခဏာကတော့ chancre လို့ခေါ်တဲ့ အနာသေးသေးလေးစထွက်လာတာ ဖြစ်ပါတယ်၊ ဘက်တီးရီးယားပိုးတွေ ခန္ဓာကိုယ်ထဲကို စဝင်လာတဲ့ နေရာမှာ အနာပေါ်လာတာဖြစ်ပါတယ်။ ဆစ်ဖလစ်ရောဂါကူးစက်ခံရသူအများစုမှာ အဲ့လိုအနာ တစ်နေရာထဲမှာသာ ဖြစ်တတ်တာ တွေ့ရတာများသော်လည်း အချို့တွေမှာ အနာတစ်ခုထက်ပိုတွေ့ရတာတွေလဲ ရှိပါတယ်။
အနာဟာဆိုရင် ပိုးဝင်ပြီး ၃ပတ်ခန့်အကြာမှာ စတင်ပေါ်ပေါက်တတ်ပါတယ်။ အဲ့ဒီ အနာတွေဟာ မနာကျင်တဲ့အပြင် စအိုတွင်း(သို့) မိန်းမကိုယ် အတွင်းနေရာတွေမှာ ကွယ်နေတတ် တာကြောင့် တချို့ ရောဂါရှိနေသူတွေ တောင် သတိမထားမိတတ်ကြပါဘူး။ ဒါ့အပြင် ဒီအနာတွေဟာ ၃ ပတ်မှ ၆ ပတ်အတွင်းအလိုလို သက်သာသွားတတ်ပါတယ်။
ဒုတိယအဆင့်
ပထမအဆင့်အနာကျက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်လုံးပိုင်းမှာ အနီကွက်တွေ စတင်ဖြစ်လာပြီး လက်ဖဝါး၊ခြေဖဝါး အပါအဝင် တစ်ကိုယ်လုံးကို ပြန့်နှံ့သွားတတ်တာတွေ့ရပါတယ်။ အဲ့ဒီ အနီကွက်တွေဟာ ယားယံခြင်း မရှိပါဘူး။ ပါးစပ်နှင့်လိင်အဂါင်္အနီးတစ်ဝိုက်မှာဆိုရင် ကြွက်နို့ကဲ့သို့သော အဖုလေးများပါတွဲ ဖြစ်တတ်ပါတယ်။ အချို့တွေမှာ ဆံပင်ကျွတ်ခြင်း၊ကြွက်သားနာခြင်း၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ လည်ချောင်းနာခြင်း နှင့် ပြန်ရေကြောအကျိတ်များကြီးခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ ဒီ လက္ခဏာတွေဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းပျေက်ကင်းသွားတတ်သလို ခနခန ဖြစ်လိုက်ပျောက်လိုက်ဖြစ်ပြီး တစ်နှစ်လောက်လည်းကြာသွားတတ်ပါတယ်။
ငုပ်လျိုးအဆင့်
အကယ်၍ ကုသမှုသေချာမလုပ်ခဲ့ ရင် ကာလသားရောဂါဟာ ဒုတိယအဆင့်ကနေ ဘာရောဂါ လက္ခဏာမှ မပြတဲ့ ငုပ်လျိုးသောအဆင့်လဲ ပြောင်းသွားတတ်ပါတယ်။ ငုပ်လျိုးအဆင့်ဟာ နှစ်နှင့်ချီကြာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ လုံးဝမပေါ်လာတော့တာ (သို့) တတိယအဆင့် ကိုကူးပြောင်းသွားတာတွေ ဖြစ်နိုင်ပါတယ်။
တတိယအဆင့်
ကုသမှုမခံယူသော ဆစ်ဖလစ်ကူးစက်ခံရသူများ၏ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်ဟာ တတိယအဆင့် ဆစ်ဖလစ် ထိဖြစ်သွားတတ်ပါတယ်။ ဒီအဆင့်မှာ ရောဂါကြောင့် ဦးနှောက်၊ အာရုံကြော၊ မျက်စိ၊ နှလုံး၊ သွေးကြော၊ အသည်း၊ အရိုးများနှင့် အဆစ်များကို ပျက်စီးစေနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး နှစ်အတော်အကြာမှာ ဒီ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
မွေးကင်းစကလေးများတွင် ဖြစ်သော ဆစ်ဖလစ်ရောဂါ
ကာလသားရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်မှ တဆင့် ကလေးဆီကို ကိုယ်ဝန်ဆောင်ချိန် (သို့) ကလေးမွေးဖွားချိန်မှာ ကူးစက်တတ်ပါတယ်။ ဆစ်ဖလစ်ရောဂါပိုးကူးစက်ခံရသော ကလေးအများစုမှာ အစဦးပိုင်း ရောဂါလက္ခဏာမပြတတ် ပေမဲ့ တချို့ ကလေးငယ်များမှာတော့ လက်ဖဝါး ခြေဖဝါးများမှာ အနီကွက်ပေါ်လာတာတွေ ရှိတတ်ပါတယ် ။နောက်ပိုင်းမှာ နားပင်းခြင်း၊ သွားများပုံပျက်ခြင်း၊ နှာခေါင်းရိုးပုံပျက်ခြင်း- မြင်းကုန်းနှီးကဲ့သို့နှာခေါင်းဖြစ်ခြင်း တို့ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆစ်ဖလစ်ရောဂါဖြစ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ဆစ်ဖလစ်ရောဂါကြောင့် ကလေးစောမွေးတာ၊ ဗိုက်ထဲမှာတင်ကလေးသေဆုံးတာ၊ မွေးပြီးခနမှာ ကလေးသေဆုံးသွားတာတွေ ဖြစ်နိုင်ပါတယ်။
စမ်းသပ်စစ်ဆေးခြင်း
-ဆရာဝန်မှ ကျန်းမာရေးရာဇဝင်များ မေးခြင်း နှင့် လက်တွေ့ စမ်းသပ်ခြင်း အထူးသဖြင့် လိင်အင်္ဂါ၊ ပါးစပ်နှင့် စအိုတို့ကို သတိထားကြည့်ခြင်းဖြင့် ရောဂါ အဖြေရှာ အတည်ပြုခြင်း
-သွေးစစ်ခြင်း- ရောဂါပိုးကို တိုက်ဖျက်ရန် ခုခံအားစနစ်မှ ထုတ်ပေးသော antibody ဆိုတဲ့ အရာများပါဝင်မှုကို အတည်ပြုစစ်ဆေးခြင်း
ကုသခြင်း
စောသိလေ ကုသရပိုလွယ်လေပါပဲ။ရောဂါဖြစ်ပြီး အစောပိုင်းမှာ ကုသမှုခံယူမယ်ဆိုရင် အမြစ်ပြတ်ကုသဖို့ ပိုလွယ်ပါတယ်။ဆေးကုသမှုအနေနဲ့ အဓိကကတော့ Penicillin - ပင်နီဆလင်ဆေးပေးပြီး ကုသရတာဖြစ်ပါတယ်။ ပင်နီဆလင်နဲ့ ဓာတ်မတည့်သူတွေအတွက် Tetracycline, Doxycycline အစရှိတဲ့ ပဋိဇီဝပိုးသတ်ဆေးပေးပြီး ကုသလို့ရပါတယ်။ ပိုးကူးစက်ခံရတာကြာလေလေ ရောဂါအဆင့် ပြင်းထန်လေဖြစ်ပြီး ဆေးကုသချိန်ပိုကြာတတ်ပါတယ်။ ကုသနေစဉ်ကာလအတွင်းမှာ လိင်အပျော်အပါးကိစ္စကို လုံးဝရပ်ထားဖို့လိုပါတယ်။
ကာကွယ်ခြင်း
အကာအကွယ်မဲ့လိင်ဆက်ဆံတာကို ရှောင်ပါ။
လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။
ရောဂါပိုးကူးစက်ခံ ရ ပြီလို့ သံသယရှိတဲ့အခါ ကုသမှုခံယူဖို့ လက်မနှေးပါနဲ့။
ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလဲ စစ်ဆေးကုသမှုခံယူစေပါ။
ကိုယ်ဝန်မဆောင်ခင်မှာ မိခင်အနေနဲ့ ရောဂါကင်းစင်နေဖို့၊ ဗိုက်ထဲက ကလေးကို မထိခိုက်စေဖို့ ရောဂါတွေကို ကြိုတင်စစ်ဆေးထားပါ။PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
မင်္ဂလာပါ သူငယ်ချင်းတို့ရေ မင်မင်တို့ကို နေ့စဉ်နဲ့အမျှ လာရောက်မေးမြန်းကြတဲ့ မေးခွန်းတွေထဲမှာ သားသမီးရဖို့ ခက်ခဲနေတာနဲ့ ပတ်သတ်ပြီး မေးမြန်းကြတာကလည်း တခုအပါအဝင်ပါပဲ.
အရင်လတွေက မင်မင်တို့ PUI မျိုးဆက်ပွါး ကျန်းမာရေး စင်တာအနေနဲ့ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားတဲ့ သားသမီးရဖို့ ခက်ခဲနေရခြင်းက ဘာတွေကြောင့် ဖြစ်စေတယ် ပြီးတော့ ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်သင့်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဗီဒီယိုတွေ တင်ပေးခဲ့တာ သူငယ်ချင်းတို့ မှတ်မိကြတယ်ဟုတ်…
ဒီနေ့မှာတော့ သားသမီးရဖို့ခက်ခဲနေတဲ့ စုံတွဲတွေ အသိချင်ကြဆုံး မေးခွန်းဖြစ်တဲ့ “ သားသမီးရဖို့ ခက်ခဲနေရင် ဘယ်လိုမျိုးကုသမှုုတွေ ခံယူသင့်လဲ” ဆိုတဲ့ ဗီဒီယိုတင်ပေးတော့မှာမို့ သူငယ်ချင်းတို့ ဝင်ရောက်ကြည့်ရှုပြီး မိမိအသိမိတ်ဆွေတွေကိုလည်း ကြည့်လို့ရအောင် share ဝေမျှခြင်းလေး လုပ်ပေးပါဦးနော်
ဖြစ်စေသော အကြောင်းရင်းတွေ သိချင်ရင် ကြည့်ရန် ဗီဒီယို link-
https://fb.watch/odzQSldSPI/
ဘာတွေစမ်းသပ်စစ်ဆေးဖို့လိုသလဲ သိချင်ရင် ကြည့်ရန် ဗီဒီယို link-
https://fb.watch/odzPoYT4x9/သူငယ်ချင်းတို့ရေ မင်္ဂလာပါနော်…
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
“ဆေးသောက်ဖို့မေ့သွားပြန်ပြီ ……ကိုယ်ဝန်ရှိသွားတော့မှာလား……ဘယ်လိုတွေလုပ်ရပါ့မလဲ” .......
‼️ဒီမေးခွန်းလေးရဲ့ အဖြေကို
သန္ဓေတားသောက်ဆေး သောက်နေတဲ့ အမျိုးသမီး အတော်များများ သိချင်ကြမယ် ထင်ပါတယ်….
📢ဒါကြောင့် ဒီတစ်ပတ်တော့ ဆေးသောက်ဖို့ မေ့သွားရင် ဘယ်လိုဆက်လုပ်ရမှာလဲဆိုတာ နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်….
🤷♀️🤷♀️🤷♀️ပေါင်းစပ်သန္ဓေတားဆေး သောက်နေရင်း ဆေးသောက်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ.....
အဓိက အသိပေးလိုတာကတော့👇👇👇
• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။
• ပြီးရင် ကျန်ဆေးတွေကို ပုံမှန်သောက်နေကျအချိန်အတိုင်း ဆက်သောက်ပါ။ တစ်နေ့တည်း (သို့မဟုတ်) တစ်ချိန်တည်းမှာ ဟော်မုန်းဆေး (၂) လုံးသောက်ရတာမျိုးလဲ ဖြစ်နိင်ပါတယ်။
👉ဆေးလုံး (၁) လုံး (သို့မဟုတ်) ၂လုံး သောက်ဖို့မေ့နေတာ ၊ ဆေးကဒ်အသစ်စဖို့ ၁ ရက် ကနေ ၂ ရက် လောက်ထိ နောက်ကျနေတာ ဆိုရင်တော့
• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။
• ကျန်ဆေးတွေကို ပုံမှန်သောက်နေကျအတိုင်း ဆက်သောက်ပါ။
👉ဆေးလုံး (၃) လုံးနဲ့ အထက် သောက်ဖို့မေ့နေပြီ ဆိုရင်တော့
ဆေးကဒ်ရဲ့ ဘယ်အတန်းကို ရောက်နေပြီလဲဆိုတာကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။
👉ဆေးကဒ်ရဲ့ ပထမတန်း (ပထမပတ်) ဒါမှမဟုတ် ဒုတိယတန်း (ဒုတိယပတ်) မှာ ဆေး (၃) လုံး နဲ့ အထက်သောက်ဖို့မေ့ပြီ (သို့မဟုတ်) ကဒ် အသစ်စဖို့ (၃) ရက်ထက်ပို နောက်ကျနေပြီ ဆိုရင်တော့
• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။
• ဆေးကဒ်ကိုပုံမှန်အတိုင်း ဆေးကဒ်ကုန်သည်အထိ ဆက်သောက်ပါ။
• နောက် (၇) ရက်အတွင်း အမျိုးသားနဲ့ အတူနေရင် ကွန်ဒုံး အသုံးပြုပါ။
• ဒါ့အပြင် လွန်ခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံခဲ့ရင် အရေးပေါ် တားဆေး ကို သောက်ဖို့လိုပါမယ်။
👉ဆေးကဒ်ရဲ့ တတိယတန်း (တတိယပတ်) မှာ ဆေး ၃လုံး နဲ့ အထက်သောက်ဖို့မေ့နေပြီ ဆိုရင်တော့
• မေ့သွားတဲ့ ဆေးလုံးကို သတိရရချင်း အရင်ဆုံးသောက်ပါ။
• ကဒ်ထဲ မှ ဟော်မုန်းပါသော ဆေးအားလုံး ကုန်အောင်သောက်ပါ။
• ဟော်မုန်းမပါသော အောက်ဆုံးတန်းမှ ဆေး (၇) လုံးအား မသောက်ပဲ လွှင့်ပစ်ပါ။
• နောက်တစ်နေ့မှာ ဆေးကဒ်အသစ် တစ်ကဒ် ကို စသောက်ပါ။
• နောက် (၇) ရက်အတွင်း အမျိုးသားနဲ့ အတူနေရင် ကွန်ဒုံး အသုံးပြုပါ။
• ဒါ့အပြင် လွန်ခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံခဲ့ရင် အရေးပေါ် တားဆေး ကို သောက်ဖို့လို့ ပါမယ်။
👉ဆေးကဒ်ရဲ့ နောက်ဆုံးအတန်း (ဟော်မုန်းမပါတဲ့ဆေးလုံး) သောက်ဖို့မေ့တာ ဆိုရင်တော့
• မေ့သွားတဲ့ဆေးလုံးတွေကို လွှင့်ပစ်လိုက်ပါ။
• ဆေးကဒ်ကို ပုံမှန်အတိုင်း တစ်နေ့တစ်လုံးဆက်သောက်ပြီး ဆေးကဒ်ကုန်လျှင် ကဒ်အသစ်စပါ။
🤮အပြင်းအထန်အန်ခြင်း သို့မဟုတ် 🤫ဝမ်းလျှောခြင်း
• ဆေးသောက်ပြီး (၂) နာရီအတွင်း အန်လိုက်ရင် ဆေးကဒ်ထဲမှ နောက်ဆေးတစ်လုံးကို ယူသောက်လိုက်ပြီး ကျန်ဆေးလုံးများကို ပုံမှန်အတိုင်း ဆက်သောက်ရပါမယ်။
• (၂) ရက်ထက်ပို အန်တာ ဝမ်းလျှောတာ ဆက်ဖြစ်နေရင်တော့ အပေါ်မှာ ပြောပြထားတဲ့ ဆေးလုံး (၃) လုံးထက်ပို ပြီးတော့ သောက်ဖို့မေ့ရင် ဆက်လုပ်ရမယ့် လမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုပါတယ်။
🤷♀️🤷♀️🤷♀️ဟော်မုန်းတစ်မျိုးတည်းပါသော သန္ဓေတားဆေး (POP) သောက်နေတဲ့သူဆိုရင်ရော ဆေးသောက်ဖို့မေ့ရင် ဘယ်လိုလုပ်မလဲ။
ဟော်မုန်းတစ်မျိုးတည်းပါသော သန္ဓေတားဆေး (POP) သောက်နေတဲ့
အမျိုးသမီးတွေဆိုရင် အဓိကမှာချင်တာက
👉• ဆေးသောက်တာပိုအချိန်တိကျဖို့လို ပါတယ်။ တစ်နေ့ကို အချိန်တစ်ခုသတ်မှတ်ပြီး နေ့တိုင်း အဲ့ဒီ အချိန်ကိုပဲ တိတိကျကျ သောက်ရပါမယ်။ အချိန် (၃)နာရီလောက်တောင် ကွာဟလို့မရပါဘူး။ ဒီနေ့ ကို မနက် (၉)နာရီ သောက်ရင် နောက်ရက်ကို မနက် (၉) နာရီ သောက်ကိုသောက်ရပါမယ်။ မေ့ပြီး နေ့လည် (၁၂) နာရီကျော်မှ သောက်မိတာနဲ့ အမျိုးသားနဲ့အတူနေတဲ့အခါကွန်ဒုံး (၂) ရက်သုံးဖို့ နဲ့ လွန်ခဲ့တဲ့ (၅) ရက်အတွင်း လိင်ဆက်ဆံခဲ့ရင် အရေးပေါ် တားဆေး ကို သောက်ဖို့လိုပါမယ်။
👉• မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးများဆိုရင် ကိုယ်ဝန်ဆောင်နိင်ချေ ရှိမရှိဆိုတာ သည် ရာသီသွေးပြန်ပေါ်ခြင်းရှိ မရှိပေါ်မှာ လဲမူတည်ပါတယ်။
👉• လစဉ် ရာသီ ပြန်ပေါ်နေတဲ့အမျိုးသမီး ဆိုရင်တော့ ဆေးသောက်ဖို့နောက်ကျတာ မေ့တာရှိရင် ဘယ်နှစ်လုံးသောက်ဖို့မေ့တာလဲ အမျိုးသားနဲ့ အတူနေရင်ကွန်ဒုံးသုံးရမှာလား အရေးပေါ်တားဆေးလိုမှာလား စတာတွေ ကို အပေါ်ကပြောထားတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့လိုပါတယ်။
👩⚕👩⚕👩⚕ဆေးသောက်မေ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တာတွေ ရှိရင် ဒီ Page ရဲ့ message box ကနေ ဆက်သွယ်မေးမြန်းလို့ ရပါတယ်…….
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
မင်္ဂလာပါ သူငယ်ချင်းတို့ရေ အမျိုးသမီးတယောက် အရွယ်ရောက်လာပြီဆို မလွဲမသွေကြုံတွေ့ရမယ့် ကိစ္စတခုကတော့ လစဉ် ရာသီဓမ္မတာလာခြင်း ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ရာသီဓမ္မတာ ပုံမှန်လာတယ် မလာဖူးဆိုတဲ့ အခြေအနေတွေလည်း တချိန်မဟုတ် တချိန်မှာ ကြုံတွေ့ရနိုင်ပါတယ် ။ ဒါကြောင့် ဒီနေ့မှာတော့ ရာသီဓမ္မတာ ပုံမှန်ဟုတ်လား ပုံမှန် မဟုတ်ဖူးလားဆိုတာရယ် နဲ့ ဘာကြောင့်ဖြစ်စေတယ် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးပေးသွားမှာ ဖြစ်တာကြောင့် သူငယ်ချင်းတို့ ဝင်ရောက်ကြည့်ရှုဆွေးနွေးပေးကြပါဦးနော်...
ရာသီပုံမှန်လာတဲ့ အခြေအနေမျိုး ဖြစ်ဖို့အတွက် မိန်းကလေးတွေအနေနဲ့ သိထားသင့်တာတွေ၊ လုပ်လို့ရတာတွေ ကိုပြောပြ ပေးပါမယ်
၁။ ရာသီ ပုံမှန်မလာဘူးဆိုတာ ဘယ်လိုမျိုးလဲ
ရာသီပုံမှန်မလာဘူးဆိုတာက ပုံမှန်အားဖြင့်ဆိုလို့ရှိရင် ရာသီသည်တခါလာရင် ၄ ရက်ကနေ ၇ ရက်ထိကြာတတ်ပြီးတော့ ရာသီတစ်ခုနဲ့ တစ်ခုကြားရာသီစက်ဝန်းအနေနဲ့ ဆိုရင်တော့ ၂၁ရက် ကနေ ၃၅ ရက်ကြား ကြာတတ်တယ်ပါတယ်။ ပျမ်းမျှအားဖြင့်ပြောရင်တော့ ၂၈ ရက်ကြားတစ်ခါ လာပါတယ်။ အဲ့လို ပုံမှန်မဟုတ်တော့ပဲနဲ့
• ၂၁ ရက်တောင် မခြားသေးပဲ ၃၅ ရက်ကျော်မှလာတာ
• လာတဲ့ အခါမှာလည်းဆင်းတဲ့သွေးက ပုံမှန်ထက် သိသိသာသာများတာ နည်းတာ
• ရာသီတခါလာရင် ၇ ရက်ထက်ပို ကြာနေတာ
• ရာသီမလာတာ ၃ လသို့မဟုတ် ၃ လထက်ပိုကျော်နေတာ
• တလနဲ့ တလ ရာသီစက်ဝန်းကြာချိန် သိသိသာ အပြောင်းအလဲရှိတာ
အဲ့ ဒါတွေ အကုန်လုံးကတော့ အကြမ်းဖျဉ်းအားဖြင့် ရာသီပုံမှန်မဟုတ်တာတွေ ဖြစ်ပါတယ် ။
၂။ ရာသီ ပုံမှန်မလာတာကို ဖြစ်စေတဲ့ အခြေအနေတွေ၊ အကြောင်းအရင်းတွေက ဘာတွေလဲ ?
( အများအားဖြင့် ဖြစ်တတ်တဲ့ အခြေအနေတွေနဲ့ တခြား ကျန်းမာရေး အခြေအနေတွေ)ရာသီပုံမှန်မလာတာကို ဖြစ်စေတဲ့ အကြောင်းချင်းရာတွေက တော့ အစားအသောက် အပြောင်းအလဲနဲ့ စိတ်ဖိစီးမှု များလွန်းခြင်း တွေလို နေ့စဉ်လူနေမှု ပုံစံတွေကနေ ပြင်းထန်သော ရောဂါတွေ အထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
အဖြစ်များတာတွေကတော့
- စိတ်ဖိစီးမှုများတာ- ဒါကတော့ ရေရှည်ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာသိကြတယ်ပေါ့နော်။ ဒီစိတ်ဖိစီးမှုတွေက ဟော်မုန်းအပြောင်းအလဲတွေဖြစ်စေနိုင်ပြီး ရာသီစက်ဝန်းပေါ်လည်း အများကြီးသက်ရောက်မှု ရှိပါတယ်။
- လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာ (သို့) အစားအစာ အလွန်ထိန်းတာ
ရာသီသွေးဆင်းဖို့အတွက် ခန္ဓာကိုယ်ဟာအဆီပမာဏ အနည်းငယ်လိုအပ်ပါတယ်။ အပြင်းအထန် လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ကယ်လိုရီ လျှော့စားခြင်းဖြင့် ကိုယ်အလေးချိန် သိသိသာသာ သို့မဟုတ် ခန္ဓာကိုယ် အဆီ အများအပြား ဆုံးရှုံးပါက ရာသီစက်ဝန်းပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။
- ကိုယ်ဝန်တားဆေးတွေ သုံးနေတာ
- သားဉ အိမ်မှာရေအိတ်အသေးလေးတွေဖြစ်တဲ့ PCOS လိုရောဂါတွေ
- စွဲသောက်နေရတဲ့ ဆေးတွေ နဲ့
- ပြီးတော့ အသက်အရွယ်ငယ်ချိန် ရာသီစပေါ်စ အရွယ်နှင့် အသက်ကြီးရင့်ပြီး ရာသီဆုံးခါနီးအရွယ်တွေမှာလည်း တလနဲ့ တလ ရာသီသွေးက အပြောင်းအလဲအများကြီးဖြစ်နိုင်ပါတယ်။
၃။ ရာသီ ပုံမှန်လာအောင် မိန်းကလေးတွေအနေနဲ့ ဘာတွေလုပ်လို့ရလဲ၊ ဘာတွေသိထားသင့်လဲ (လွယ်ကူပြီး ကုန်ကျစရိတ် မများတဲ့ မိန်းကလေးတိုင်း လိုက်လုပ်လို့ရမဲ့ နည်းတွေ)
အဓိကကတော့ ခုနရောဂါတွေ ရှိနေတာမျိုးဆိုရင်တော့ ဒီရောဂါတွေကို အရင်ကုရပါမယ်။
တခြား အနေနဲ့ လုပ်ပေးနိုင်တာတွေကတော့
• ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်တာ
• ယောဂပုံမှန်ဆော့တာ
• ရှိသင့်တဲ့ ကိုယ်အလေးချိန်အတွင်းရှိအောင် ခန္ဓာကိုယ်ကိုထိန်းတာ
• ဗီတာမင်နဲ့ သံဓါတ်အားဖြည့်ဆေးတွေ ပုံမှန်မှီ”ဝဲ”ပေးတာ
• အိပ်ရေး ဝဝအိပ်တာ
• အပူအပင်တွေ မများအောင်နေထိုင်တာ (စိတ်ပူပင်သောကတွေကတော့ လူတိုင်းမှာရှိတယ်ဆိုပေမယ့် အပြုသဘောဆောင်ပြီးနေထိုင်တာပေါ့နော်)
• အဲ့လိုလေးတွေ လုပ်ပေးပါနော်…
၄။ ဘယ်လိုအခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသင့်လဲ?
ပုံမမှန်တဲ့ ရာသီလာခြင်းအချို့ကို ကိုယ်ဝန်ယူဖို့ အစီအစဉ် မရှိသေးရင် မကုပဲ နေလို့ ရပေမဲ့ ဆက်တိုက်ဖြစ်နေမယ်။ နာတာ ဗိုက်အောင့်တာမျိုးလည်း ရှိမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။
Reference- https://www.newbeginningsobg.com/blog/what-defines-an-abnormal-period https://www.healthline.com/health/womens-health/irregular-periods-home-remedies -line
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
သူငယ်ချင်းတို့ရေ ဒီနေ့မှာတော့ မင်မင်တို့က လိင်အင်္ဂါတဝိုက်မှာ အဖြစ်များတဲ့ Chancroid အနာနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောပြပေးပါ့မယ်နော်. ဆစ်ဖလစ်ရောဂါတို့ ရေယုန်ရောဂါတို့နဲ့ ခပ်ဆင်ဆင်တူတဲ့ ရောဂါတခုဖြစ်တာမို့ ဘာတွေကွာခြားလဲ ဘယ်လိုကုသရမလဲဆိုတာတွေကို ဝင်ရောက်ကြည့်ရှူပေးသွားပါဦးနော်…
Chancroid အနာဆိုတာ လိင်အင်္ဂါတဝိုက်မှာ အနာတွေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ဟေမော်ဖီးလကစ် ဒူခရီရိုင် (Haemophilus ducreyi)လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး လိင်မှတဆင့်ကူးစက်သော ရောဂါတမျိုးဖြစ်ပါတယ်။
ဘယ်လို နည်းလမ်းတွေကနေ တဆင့် ရောဂါကူးစက်စေနိုင်ပါသလဲ?
ရောဂါရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေ တဆင့် အဓိက ကူးစက်စေနိုင်ပါတယ်။
ဒါ့အပြင့် ရောဂါပိုးရှိသူရဲ့ အနာတွေကနေ ထွက်လာသော အရည်တွေကနေတဆင့် အရေပြားခြင်းထိမိရာကနေလည်း ကူးစက်နိုင်ပါတယ်။
ဘယ်သူတွေမှာ ပိုအဖြစ်များပါသလဲ?
- လိင်ဆက်ဆံဖော် တယောက်ထက်မက ရှိသောသူ.
- လိင်တူခြင်း ချစ်ခင်စုံမက်သောသူ
- လိင်အလုပ်သမားများနဲ့ ဆက်ဆံလေ့ရှိသူ
- အန္တရာယ်များသော လိင်ဆက်ဆံမှုဆိုင်ရာ အလေ့အကျင့် ရှိသူ တို့တွင် အဖြစ်များပါတယ်။
ဒါဆိုရင်တော့ ဆက်လက်ပြီး ဒီရောဂါရဲ့ လက္ခဏာတွေကို ပြောပြပေးပါမယ်။ ရောဂါလက္ခဏာတွေဟာ ရောဂါပိုးကူးစက်ခံရပြီး ၄ရက်မှ -၇ရက် အတွင်းမှာ ပြသတတ်ပါတယ်။
ရောဂါရဲ့ လက္ခဏာတွေကတော့
- အမျိုးသားတွေမှာ ဆိုရင်လိင်တံနှင့် ကယ်ပယ်အိတ်တဝိုက်မှာ အနီရောင်အဖုအသေးလေးတွေအနေနဲ့ စတင်ဖြစ်ပေါ်လာပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဒီအဖုတွေဟာ ပွင့်ထွက်သွားတတ်ပြီး အနာအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီအနာတွေဟာ တခုနဲ့တခု ဆက်သွားပြီးတော့ ပိုကြီးတဲ့ အနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ပြည်တည်နာတွေဟာလိင်အင်္ဂါနှင့် ကပ်ပယ်အိတ်အပါအဝင် လိင်အင်္ဂါရဲ့ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်ပြီး အနာများဟာ နာကျင်တတ်ပါတယ်
အမျိုးသမီးတွေမှာ ဆိုရင်တော့ အမျိုးသမီးလိင်င်္အဂါအမြှေးပါးနှင့် စအိုကြား ၊ ပေါင်ခြံတွေမှာ အနီရောင် အဖုတွေ ဖြစ်လာပြီး ထိုအဖုတွေ ပေါက်သွားပြီး အနာဖြစ်သွားလျှင်တော့ နာကျင်မှုကို ခံစားရနိုင်ပါတယိ ။
အမျိုးသားတွေရော အမျိုးသမီးတွေရောမှာပါ ဖြစ်တဲ့ အဆိုပါအနာတွေဟာ ၁-၂ စင်တီမီတာရှိတတ်ပြီး တခါတလေ အဲ့ဒီထက်လည်း ကြီးနိုင်ပြီး ထိရုံနဲ့ သွေးအလွယ်တကူထွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် Chancroid အနာရှိတဲ့ သူတွေဟာ
-လိင်ဆက်ဆံနေစဉ်နဲ့ ဆီးသွားချိန်မှာ နာကျင်မှု ခံစားရခြင်း
- ပေါင်ခြံတွင် အလုံးအကျိတ်များဖြစ်ပေါ်လာခြင်း
- အဆိုပါ အလုံးအကျိတ်တွေကနေတဆင့် ပိုပြီးကြီးမားလာကာ ပြည်တည်နာတွေ ဖြစ်ပေါ်လာခြင်းတို့လည်း ခံစားရနိုင်ပါတယ်။
Chancroid အနာဖြစ်နေပြီဆိုတာ ဘယ်လိုသိနိုင်ပါသလဲ?
ပေါင်ခြံနှင့် လိင်အင်္ဂါတဝိုက်တွင် နာကျင်တဲ့ အနာများ ဖြစ်စေတာအပြင် ပြန်ရည်ကြောအကြိတ်တွေရောင်တာမျိုးကနေတဆင့် သိနိုင်ပါမယ်။ ဒါပေမယ့် Chancroid အနာဟာ ကာလသားရောဂါ ဆစ်ဖလစ်ရောဂါနဲ့ လိင်အင်္ဂါရေယုန်တို့နှင့် ဆင်တူတာကြောင့် တခါတရံ အဆိုပါရောဂါတွေနဲ့ ခွဲခြားရခက်တတတ်ပါတယ်။ Chancroid အနာဆိုတာ သိရှိနိုင်ဖို့ဆို ပြည်တည်နာတွေကနေ ထွက်လာတဲ့ အရည်တွေကို ဓါတ်ခွဲခန်းသို့ပို့ကာ စစ်ဆေးခြင်းမှတဆင့် သိရှိနိုင်ပါတယ်။
ကုသလို့ရပါသလား? ဘယ်လို ကုသရမလဲ?
Chancroid အနာကို ဆေးသောက်ခြင်း ဖြင့် ဖြစ်စေ ခွဲစိတ်ကုသခြင်းဖြင့်ဖြစ်စေ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဆေးကုသမှု ခံယူပြီး ၁-၂ ပတ်အကြာတွင် များသောအားဖြင့် သက်သာသွားတတ်ပါတယ် ။
အဓိကအနေဖြင့်တော့ မည်သည့်နည်းလမ်းဖြင့် ကုသသည်ဖြစ်စေ ရောဂါကို အရှင်းပျောက်ကင်းသည်အထိ သေချာအချိန်ပေး ဂရုစိုက် ကုသရန် လိုအပ်ပါတယ်။
မကူးစက်အောင် ကာကွယ်ရန် ဘာတွေ လုပ်ဆောင်သင့်ပါသလဲ?
အရေးကြီးဆုံးအနေနဲ့တော့ လိင်ဆက်ဆံရာမှာ အကာအကွယ်ကွန်ဒုံး အသုံးပြုသင့်ပါတယ်။
လိင်ဆက်ဆံဖော် အရေအတွက်လျှော့ချပြီး ဘေးကင်းသော လိင်မှုဆက်ဆံခြင်းကို လုပ်ဆောင်သင့်ပါတယ်။
ရောဂါဖြစ်နေပြီဆိုရင်လည်း မိမိ၏ ပါတနာကို ပွင့်ပွင့်လင်းလင်းပြောပြပြီး စမ်းသပ်စစ်ဆေးကုသမှုကို သေချာခံယူပြီး မိမိပါတနာကို ထပ်ဆင့် မကူးစက်စေအောင် ဂရုစိုက်သင့်ပါတယ်။ မိမိ ပါတနာသည်လည်း စမ်းသပ်စစ်ဆေးမှု ကုသမှု ခံယူသင့်ပါတယ်။
အထူးအနေနဲ့ သတိပေးလိုတာက Chancroid အနာသည် HIVပိုး ကူးစက်နိုင်ခြေကိုလည်း မြင့်မားစေပါတယ်။
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
သူငယ်ချင်းတို့ရေ မင်္ဂလာပါနော်…
ပြီးခဲ့တဲ့ အပါတ် သောကြာနေ့က မင်မင်တို့ LGBTQIA+ ဗီဒီယိုလေး တင်ပေးခဲ့တာ မှတ်မိကြတယ်ဟုတ်…
အဲ့ဒီ ဗီဒီယိုလေးက ပထမပိုင်းပဲ ရှိသေးပြီး အခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ မကျော့တယောက် သူမအလိုရှိတဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုရယူသွားနိုင်မလဲ ဆိုတာကတော့ မင်မင်နဲ့အတူ ယခု ဗီဒီယိုလေးကို တူတူကြည့်လိုက်ရအောင်နော်။
ဗီဒီယို ပထမပိုင်း ကြည့်ရန် Link- https://fb.watch/nRXcl8oGyM/
ကြည့်ပြီးသွားပြီ ဆိုရင်တော့ မိမိနဲ့ နီးစပ်တဲ့ အသိတွေထဲမှာ LGBTQIA+ တွေရှိပါကလည်း share မျှဝေပေးခြင်းဖြင့် လမ်းညွှန်ပေးပါဦးလို့ မင်မင်တို့က မေတ္တာရပ်ခံပါရစေနော်….
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
သူငယ်ချင်းတို့ရေ ဗီဒီယိုတွေ မတင်တာ ကြာပြီဆိုတော့ ဒီနေ့မှာတော့ မင်မင်တို့ PUI မျိုးဆက်ပွါးကျန်းမာရေး စင်တာတွေမှာ LGBTQIA+ တွေအနေနဲ့ ဘယ်လို ဝန်ဆောင်မှုတွေ အခမဲ့ ရယူနိုင်မယ်၊ ဘယ်လိုပြသနာအခက်အခဲတွေကြုံလာရင် ဘယ်လိုဆက်သွယ် ဆွေးနွေးနိုင်မလဲဆိုတာကို ဖော်ကျူးရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ကြိုးစားရိုက်ကူးပုံဖော်တင်ဆက်ထားတာမို့ သူငယ်ချင်းတို့ ဝင်ရောက်ကြည့်ရှူပေးကြပါဦးနော်
ကြည့်ပြီးရင်လည်း မိမိနဲ့ နီးစပ်တဲ့ အသိတွေထဲမှာ LGBTQIA+ တွေရှိပါကလည်း share မျှဝေပေးခြင်းဖြင့် လမ်းညွှန်ပေးပါဦးလို့ မင်မင်တို့က မေတ္တာရပ်ခံပါရစေနော်….
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်…..
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
မင်္ဂလာပါ သူငယ်ချင်းတို့ရေ
ဒီနေ့မှာတော့ မင်မင်တို့ messenger chat box မှာ လာရောက်အမေးများတဲ့ မေးခွန်းတခုဖြစ်တဲ့ သုက်လွှတ်မြန်တာ ဘာကြောင့်ပါလဲဆိုတာလေးကို ဆွေးနွေးပေးမှာမို့ မိမိကိုယ်တိုင်က သုတ်လွှတ်မြန်နေတာပဲ ဖြစ်ဖြစ် မိမိသူငယ်ချင်းတွေကထဲက တယောက်ယောက် ဖြစ်နေရင်ပဲ ဖြစ်ဖြစ် အသိပညာပြန်လည် မျှဝေလို့ရအောင်လို့ ဆွေးနွေးတင်ဆက်ပေးလိုက်ပါတယ်နော်.
🍌သုက်လွှတ်မြန်ခြင်း (Premature Ej*******on- PE) ဆိုတာ ဘာလဲ။
သုက်လွှတ်ခြင်းဆိုတာ လိင်စိတ်ခံစားမှု အထွတ်အထိပ်ရောက်ချိန်မှာ လိင်တံကနေ သုက်ရည်ထွက်လာခြင်း ဖြစ်ပါတယ်။ ဒီလို သုက်လွှတ်တာကို သင် (သို့) သင့် အဖော်က ပုံမှန်ထက်ပိုမြန်တယ်လို့ ယူဆခြင်း၊ ကြုံတွေ့ခံစားရခြင်းကို သုက်လွှတ်မြန်ခြင်း (Premature Ej*******on- PE) လို့ ခေါ်တာဖြစ်ပါတယ်။
🍌သုက်လွှတ်မြန်ခြင်း က အဖြစ်များလား။
လေ့လာချက်တွေအရ အသက် ၁၈ ကနေ ၅၉ နှစ်အတွင်း
အမျိုးသား ၃ ယောက်မှာ ၁ ယောက် သုက်လွှတ်မြန်ခြင်း ကို
တချိန်ချိန်မှာ ကြုံရတယ်လို့ ဆိုပါတယ်။
🍌သုက်လွှတ်မြန်ခြင်း ဟာ လိင်မှုဆိုင်ရာစွမ်းဆောင်မှု ချို့ယွင်းချက်တစ်ခုလား။
သုက်လွှတ်မြန်ခြင်း ကို လိင်မှုဆိုင်ရာစွမ်းဆောင်မှုချို့ယွင်းချက် တစ်ခု အဖြစ် ယူဆပါတယ်။
လိင်မှုဆိုင်ရာ စွမ်းဆောင်မှုချို့ယွင်းချက် ဆိုတာ လိင်စွမ်းဆောင်မှုမှာ ကျေနပ်အားရမှု မဖြစ်စေတဲ့ ပြဿနာရပ်များကို ဆိုလိုတာဖြစ်ပါတယ်။
သုက်လွှတ်မြန်ခြင်း နဲ့
လိင်တံထောင်မတ်နိုင်စွမ်း ချို့ယွင်းခြင်း (Erectile Dysfunction- ED) နဲ့ မတူပါဘူး။
လိင်တံထောင်မတ်နိုင်စွမ်း ချို့ယွင်းခြင်း ဆိုတာကတော့ လိင်ဆက်ဆံချိန်မှာ ကျေနပ်မှု အပြည့်အဝရဖို့ လိုအပ်တဲ့ လိင်တံထောင်မတ်နိုင်စွမ်း မရရှိခြင်း ကို ဆိုလိုတာဖြစ်ပါတယ်။
သုက်လွှတ်မြန်ခြင်း ကို လိင်တံထောင်မတ်နိုင်စွမ်း ချို့ယွင်းခြင်း နဲ့ တွဲပြီးတွေ့ကြုံခံစားရသူတွေလည်းရှိပါတယ်။
🍌သုက်လွှတ်မြန်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ။
သုက်လွှတ်မြန်တာ တခါတရံ ဖြစ်ခြင်းဟာ စိုးရိမ်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ ခနခန ဖြစ်နေတာ (သို့) ဖြစ်နေတာကြာပြီဆိုရင်တော့ ကုသမှုခံယူဖို့လိုပါတယ်။
သုက်လွှတ်မြန်ခြင်း ရဲ့ အဓိကလက္ခဏာ ကတော့ လိင်ဆက်ဆံမှု ပြုချိန် တစ်မိနစ်ထက်ပို ကြာအောင်
မထိန်းထားနိုင်ပဲ သုတ်ရည်ထွက်သွားခြင်းဖြစ်ပါတယ်။
🍌သုက်လွှတ်မြန်ခြင်း ဟာ အချိန်တစ်ခုရောက်မှ ဖြစ််ခြင်းလား။ ကာလကြာရှည်ဖြစ်နေခြင်းလား ဆိုပြီး ၂မျိုးရှိပါတယ်။
ကာလကြာရှည်ဖြစ်နေခြင်: ဆိုတာ လိင်မှု ကိစ္စ စပြုလုပ်တဲ့ အရွယ်ကနေ လိင်ကိစ္စပြုချိန်တိုင်း ဒီလို သုက်လွှတ်မြန်တာကို တောက်လျှောက်ကြုံရတာဖြစ်ပါတယ်။
အချိန်တစ်ခုရောက်မှဖြစ်ခြင်း ဆိုတာကတော့ အရင်က သုက်လွှတ်တာနဲ့ ပတ်သက်ပြီးဘာပြဿနာမှ မရှိခဲ့ဘူး။ နောက်မှ ဒါမျိုးသုက်လွှတ်မြန်တာ စဖြစ်လာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
🍌သုက်လွှတ်မြန်ခြင်း ဖြစ်စေတဲ့ အကြောင်းကဘာတွေလဲ။
• ဟော်မုန်းများပုံမှန်မဟုတ်ခြင်း- ဥပမာကျားဟော်မုန်း
• အာရုံကြောရောဂါများ
• ဆီးလမ်းကြောင်းနှင့် ဆီးကြိတ်ဆိုင်ရာရောဂါများ
• ကျားမျိုးပွားလမ်းကြောင်းဆိုင်ရာရောဂါများ
• စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
• ရုပ်ပိုင်းဆိုင်ရာပြဿနာများ ကြောင့်ဖြစ်ပါတယ်။
🍌ဘယ်ချိန် ဆေးခန်းပြဖို့လိုသလဲ။
အကယ်၍ သုက်လွှတ်မြန်ခြင်းဟာ
• ကိုယ့်ရဲ့ လိင်ဆက်ဆံရေးမှာ ပြဿနာတစ်ခု အနေနဲ့ ဖြစ်လာပြီဆိုရင်
• ကိုယ်ကလဲ ဒါကြောင့် စိတ်အခန့်မသင့်ဖြစ်လာပြီဆိုရင်
• ဒီပြဿနာကြောင့် လိင်ဆက်ဆံဖို့ တုံ့ဆိုင်းနေပြီဆိုရင် ဆေးခန်းပြဖို့လိုပါမယ်။
🍌ဆေးခန်းပြတဲ့ အခါမှာလဲ
• ဘယ်တုန်းက စဖြစ်တာ
• ဘယ်အကြိမ်လောက်ဖြစ်တာ
• ဘယ်လောက်ပဲကြာတာ
• လိင်စိတ်ကြွရန်အတွက်ဆေးသုံးတာ တွေရှိမရှိ
• အရင်က သုက်လွှတ်တာပုံမှန် ရှိခဲ့သူဆိုရင် အခု ဒီလိုသုက်လွှတ်မြန်တာ ဖြစ်လာတော့ ဘယ်လိုတွေပြောင်းလဲသွားတာလဲ စသဖြင့် ကို ဆရာဝန်နဲ့ သေချာ ဆွေးနွေးရပါမယ်။
🍌သုက်လွှတ်မြန်တာကို ဘယ်လိုကုသရမလဲ။
လိင်ဆက်ဆံမှုပုံစံပြောင်းလဲခြင်း
တချို့တွေမှာ ပုံမှန်လိင်ဆက်ဆံမှုပုံစံကို အနည်းငယ်ပြောင်းလဲလိုက်တာနဲ့ သက်သာသွားတာမျိုးရှိပါတယ်။
• လိင်ဆက်ဆံမှု မပြုခင် တစ်နာရီလောက်ကြို ပြီး အသာဖြေတာ၊
• လိင်ဆက်ဆံမှုကို ရက်အနည်းငယ်လောက်ရှောင်လိုက်တာ စသဖြင့် ပြုလုပ်လိုက်ခြင်းက အတူနေတဲ့အခါမှာ အထောက်အကူဖြစ်တယ်လို့ဆိုပါတယ်။
🧘♀️🧘♂️လေ့ကျင့်ခန်းပြုလုပ်ခြင်း
လေ့ကျင့်ခန်းအနေနဲ့ တင်ပဆုံကြွက်သားလေ့ကျင့်ခန်း (Kegal Exercise) လုပ်ပေးခြင်းက အထောက်အကူပြုပါတယ်။တင်ပဆုံကြွက်သား လေ့ကျင့်ခန်းဆိုတာ ဆီးသွားနေစဉ် ဆီးအောင့်သလိုလုပ်ကြည့်တဲ့ အခါမှာ အသုံးပြုတဲ့ ကြွက်သားတွေ (သို့) လေလည်တဲ့ အခါမှာ အသုံးပြုရတဲ့ ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်ပါတယ်။ ကီးဂဲလ် လေ့ကျင့်ခန်း (Kegal Exercise) လို့ခေါ်ပါတယ်။ မတ်တပ်ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ အိပ်လျက်ဖြစ်စေ လုပ်နိုင်ပါတယ်။
💁♂️ကီးဂဲလ် လေ့ကျင့်ခန်းလုပ်နည်းကတော့
အပေါ်မှာပြောထားတဲ့ တင်ပဆုံကြွက်သားတွေကို ၁ကနေ ၃ ထိ စိတ်ထဲမှာ မှတ်ပြီး တင်းထားပါ။
ပြီးနောက် ၁ကနေ ၃ ထိ စိတ်ထဲမှာ မှတ်ပြီးပြန်လျှော့ပါ။
တစ်ခါလုပ် ၁၀ကြိမ်နဲ့ တစ်နေ့ကို အနဲဆုံး ၃ ခေါက်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ချိန်မှာ ဝမ်းဗိုက်ကြွက်သား၊ တင်ပါးကြွက်သားမပါဖို့တော့ ဂရုစိုက်ရပါမယ်။
YouTube မှာလဲ Kegal Exercise ဆိုပြီးရိုက်ရှာ ကြည့်လို့ ရပါတယ်။
ဒီလိုကြွက်သားတွေသန်မာအောင် လေ့ကျင့်တာဟာ ရက်သီးတင်းပါတ်ကနေ လပိုင်းလောက်အချိန်ပေးမှ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို ခံစားရတာ ဖြစ်ပါတယ်။
💁♂️အာရုံကြောတုံ့ပြန်မှု ကျဆင်းစေခြင်း။
ကွန်ဒုံးဝတ်ဆင်ခြင်းအားဖြင့် လိင်ဆက်ဆံနေစဉ် လိင်တံရဲ့ အာရုံကြောတုံ့ပြန်မှုကို လျော့ကျစေပြီး လိင်တံထောင်မတ်နိုင်မှုကို ကြာကြာထိန်းထားဖို့ အထောက်အကူပြုတဲ့အပြင် သုက်လွှတ်မြန်တာကို သက်သာစေတယ်လို့လဲ ဆိုပါတယ်။
💁ဇင့်ဓါတ်
ဇင့်ဓါတ်သည် ကိုယ်ခံအားကောင်းစေခြင်း ဆဲလ်များကြီးထွားစေခြင်းများကို အထောက်အကူပြုသည့်အပြင် ကျားဟော်မုန်း တက်စတိုစတီရုန်းထုတ်ခြင်းကိုလဲ ပံ့ပိုးပေးနိုင်တာကြောင့် သုက်လွှတ်မြန်တာသက်သာဖို့လဲ အထောက်အကူပြုပါတယ်။
တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဇင့်ဓါတ်တွေ အများကြီးဖြည့်သောက်မိရင်တော့
ပျို့ချင်အန်ချင်တာ
ဝမ်းလျှောတာ
ကျောက်ကပ် ၊ အစာအိမ်ထိခိုက်တာ
ပါးစပ်ထဲမှာ သတ္ထု အရသာမျိုးကြီးရနေတာတွေ ဖြစ်တတ်ပါတယ်။
💁ဇင့်ဓါတ်အပြင် မဂ္ဂနီဆီယမ်ဓါတ်ကလည်း သုက်လွှတ်မြန်တာအတွက် အထောက်အကူဖြစ်စေပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ တနေ့တာ အစားအစာ တွေမှာ ဒီဓါတ်ကြွယ်ဝတာတွေစားသုံးပေးလို့ရပါတယ်။
ကမာကောင်
ဖရုံစေ့
ပဲပိစပ်
ဒိန်ချဥ်
ဟင်းနုနွယ်ရွက်
ဂျုံစေ့
ဗာဒံစေ့
နှမ်းစေ့
အမဲသားနှင့်သိုးသား
အနက်ရောင်ချောကလက်
ကြက်သွန်ဖြူ
ကုလားပဲ နှင့် ပဲအမျိုးမျိုး စတာတွေမှာ ဇင့်ဓါတ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
💊💊သုက်လွှတ်မြန်ခြင်းအတွက်ဆေးကုသမှုများ
သုက်လွှတ်မြန်ခြင်းကို Tadalafil (သို့) sildenafil ကဲ့သို့သောဆေးများပေး၍ ကုသရသောအခြေအနေများလဲ ရှိပါတယ်။ ဒီဆေးတွေဟာ လိင်တံထောင်မတ်နိုင်မှုကို အထောက်အကူဖြစ်စေပြီးသုက်လွှတ်မြန်တာကိုလဲ သက်သာစေတာဖြစ်ပါတယ်။ဆေးသောက်ပုံသောက်နည်း၊ ဆေးသောက်ရမယ့် ပမာဏ၊ ဆောင်ရန် ရှောင်ရန်နဲ့ ဘေးထွက်ဆိုးကျိုး တွေကဘာတွေရှိတာလဲ စသဖြင့် သိထားပြီး သေချာ လိုက်နာရမှာ ဖြစ်လို့ ဆရာဝန်နဲ့ သေချာဆွေးနွေးပြီးမှ သောက်သင့်တဲ့ဆေးတွေဖြစ်ပါတယ်။
📌📌📌အချုပ်အနေနဲ့ ဆွေးနွေးပေးချင်တာကတော့
📌 သုက်လွှတ်မြန်တာကို ကြုံနေရပြီဆိုရင် ကိုယ့်ရဲ့ လက်တွဲဖော်ကို သေချာ ပြောပြထားဖို့လိုပါတယ်။
📌သုက်လွှတ်မြန်တာသည် ကုသလို့ရတယ်။ အဖြစ်များတယ် ဆိုတာ နားလည်ထားရပါမယ်။
📌ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကို သေချာဆန်းစစ်ပြီး ကုသလိုက်မယ်ဆိုရင် လိင်မှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အပြင် အခြားသော ဟော်မုန်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းချင်းရာ တွေကိုပါ ကုသပြီးသားဖြစ်စေမှာပါ။
PUI မျိုးဆက်ပွါး ကျန်းမာရေးစင်တာရဲ့ Telegram နဲ့ website တွေကို join ထားပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို လေ့လာလို့ ရပါတယ်နော်…
Telegram link - https://t.me/puisrhrclinicmmr
Website - https://srhrclinic.com/
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
Yangon
11041
Opening Hours
Monday | 09:30 - 04:30 |
Tuesday | 09:30 - 04:30 |
Wednesday | 09:30 - 04:30 |
Thursday | 09:30 - 04:30 |
Friday | 09:30 - 03:30 |
No. 993/B, Thu Mingalar Road, South Okkalapa Township
Yangon, 11091
Always in All Ways: Mingalar Care
အမှတ်(၁)၊ ဘုရင့်နောင်လမ်းနှင့် ဗညားဒလလမ်းထောင့်၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်
Yangon, 11411
ဇီ၀သုခ အထွေထွေအထူးကုဆေးခန်းအား နေ့စဥ်နံနက်(၈)နာရီမှ ည(၈)နာရီအထိပိတ်ရက်မရှိဝန်ဆောင်မှုပေးလျက်ရှိပါသည်။
, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်
Yangon
ဆေးကိရိယာ ပစ္စည်း များ လက်လီလက်ကား ဖြန်ချိရေး
327, Shwe Bon Thar Street (Upper Block), Pabedan Township
Yangon
Specialist Clinic
အမှတ်၄၅၅၊ မာန်ပြေ ၁၁လမ်း(အရှေ့)၊ ၃ရပ်ကွက် သာကေတ၊ ရန်ကုန်မြို့
Yangon
သီရိရတနာ အရိုး အကြော အထူးကု တိုင်းရင်းဆေးခန်း
Shwe Bon Thar Road
Yangon
This is the official page of Htet Asia Clinic which is located in the Upper block of Shwe Bon Thar Street. Please let us take care of your health.
အမှတ် ၁၀၀၇/အခန်း ၃၊ ၂ရပ်ကွက် ၊ သုဓမ္မာလမ်းမ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့
Yangon, 11031
Medical Center
G11, Ground Floor, Building A, Pearl Condo, Beside Of Promart , Corner Of Kabar Aye Pagoda Road And Sayar San Road, Bahan Township
Yangon, 11201
Providing Medical Treatment with “Best Quality, Good Service & Reasonable Price.” Health and Wellness for you and your family!